Royal Health Center

Healthy Spa / Nail art / Body Spa / Facial/ Foot massage / Tattoo / Oil Massage

02/12/2023

🦶Foot Massage ဆိုတာ..👉ကွန်ပျူ တာ ရှေ့မှာ တနေကုန်ထိုင်ပြီး အလုပ်လုပ်နေရတဲ့သူတွေ
👉ခန္ဓာကိုယ် လှုပ်ရှားမူ အားနည်းတဲ့သူတွေ
👉အသက်ကြီးပိုင်းလူတွေ လူလတ်ပိုင်းတွေ
👉စိတ်ဖိစီးမူ များတဲ့သူတွေ
👉မကြာခဏဆိုသလို ဇက်ကြောတတ်တဲ့သူတွေ
👉လေဖြန်းထားတဲ့သူတွေ နှင့် အပူနဲ့ပတ်သတ်ပြီး ရောဂါဖြစ်ဖူးတဲ့သူတွေ အတွက် သင့်လျော်ပါတယ်။
တစ်ပါတ်မှာ ၂ကြိမ် ပုံမှန် လုပ်ရင် လေဖြတ်နိုင်ခြေကို 70% လျှော့ချပေးနိုင်ပါတယ်။
👍Royal Health Center မှာ ခြေထောက်ဆေးရည်စိမ်ခြင်းနှင့် Foot Massageကို အကောင်းမွန်ဆုံးဝန်ဆောင်မှုပေးလျှက်ရှိပါတယ်နော်...
Royal_Health_Spa(Yi Link)
Lathar Shop: No.709/713, Maharbandoola Rd, Top of 18 St, Lathar Township. Yangon
Hotline: ☎ 09955168880

26/11/2023

တစ်ရက်တာ အလုပ်တွေကြောင့် ပင်ပန်းတဲ့အခါ
SPA တွေသွားပြီး ပင်ပန်းတာတွေဖြေရပါတယ်💁🏻
ဒါပေမဲ့ SPA သွားဖို့ တကယ်ပဲ အချိန်ပေးသင့်ရဲ့လား ဆိုတဲ့မေးခွန်းကရှိနေပြန်ရော🤔
အဖြေကတော့ တကယ်အချိန်ပေးသင့်ပါတယ်😍
SPA သွားရတာဟာ
✅အချိန်တိုတွင်း ပင်ပန်းတာတွေကိုပျောက်သွားစေတယ်
✅လူ့ခန္ဓာကိုယ်က အဆိပ်တောက်တွေဖြေဖျောက်နိုင်လို့ နေလို့ထိုင်လို့အဆင်ပြေတယ်
✅ညောင်းညာနေတာတွေပြေစေပြီး လန်းဆန်းစေမှာမို့ အချိန်ပေးပြီး SPA သွားခြင်းဟာ တကယ်အကျိုးရှိပါတယ်
အချိန်အများကြီးပေးစရာမလိုဘဲ ညောင်းညာပြေစေပြီး ကျန်းမာလန်းဆန်းစေဖို့ SPA ကိုအချိန်ပေးပြီး သွားသင့်ပါတယ်☑️
ပင်ပန်းတာတွေဖြေဖျောက်ဖို့ SPA ကောင်းကောင်းလိုက်ရှာနေရင် အချိန်ပေးရတာနဲ့တန်တဲ့
Royal Health Center ရှိတယ်နော်❤️
No. K-7, FMI City, Upper Padatharpin Road, Hlaing Thar Yar Tsp, Yangon.
09-666697878, 09-666687979

24/11/2023

🔸🔸နေ့စဉ်လှုပ်ရှားမှုတိုင်းမှာ အတူတူ ပင်ပန်းနွမ်းနယ်နေတဲ့ ခြေဖဝါးလေးတွေကို ဂရုစိုက်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ -
ခြေဖဝါးလေးတွေကို နှိပ်နယ်ပေးခြင်း (Foot Massage) ဖြစ်ပါတယ်💝
🔹🔹Foot Massage ပြုလုပ်ပေးခြင်းကြောင့် ရရှိလာမယ့် အကျိုးကျေးဇူးတွေကို ဖော်ပြပေးပါရစေ ရှင်။
☑️ သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။
☑️ ခန္ဓာကိုယ်ကြွက်သားနာကျင်မှုကို သက်သာစေပါတယ်။
☑️ အာရုံကြောတုံ့ပြန်မှုကို ကောင်းမွန်စေပါတယ်။
☑️ နှစ်ခြိုက်စွာအိပ်ပျော်စေပါတယ်။
☑️ အသည်းရဲ့ စွမ်းရည်ကို တိုးတတ်စေပါတယ်။
☑️ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။
စသည့်အကျိုးကျေးဇူးတွေကိုရရှိမှာဖြစ်တဲ့အတွက် ကိုယ်ရောစိတ်ပါ လန်းဆန်းကျန်းမာစေဖို့ တစ်လကို နှစ်ကြိမ်လောက် Foot Massage ပြုလုပ်ပေးသင့်ပါတယ်နော်။
Royal_Health_Spa(Yi Link)
Lathar Shop: No.709/713, Maharbandoola Rd, Top of 18 St, Lathar Township. Yangon
Hotline: ☎ 09955168884

18/11/2023

🔷ဆီလိမ်းနှိပ်နယ်ခြင်း၏ အကျိုးကျေးဇူးများ🔷
🔸 အရေပြားများနူးညံ့ပျော့ပျောင်းစေခြင်း၊
🔸အရေပြားရှိမွှေးညှင်းပေါက်အခေါင်းများပွင့်သွားစေခြင်း၊
🔸 ကြွက်သားများတောင့်တင်းရာမှပျော့ပျောင်းသွားစေခြင်း၊
🔸 ကြွက်သားအတွင်းရှိသွေးကြောများအတွင်းသွေးလေညီညွတ်စေခြင်း၊
🔸 အဆစ်အဆက်များကြပ်နေသည်ကိုချောင်စေခြင်း၊
🔸 အဆီဓာတ်အားနည်းနေသည့်အဆစ်များကိုအဆီဓာတ်ပြည့်စေခြင်း၊
🔸 အကွေးအဆန့်ခက်ခဲနေသည်ကိုသက်သာစေပါသည်
💆Royal Health Center မှာ..
*Body Spa
*Facial
*Eye Liner
*Eyebrow
*Foot Massage
*Nail Art
*Lip Balm စသည့် ကျန်းမာရေးနှင့်အလှအပဆိုင်ရာများကို အကောင်းမွန်ဆုံးဝန်ဆောင်မှုပေးလျက်ရှိပါတယ်နော်။

05/11/2023

တပတ်လုံးပင်ပန်းခဲ့သမျှ ပိတ်ရက်လေးမှာအေးဆေးအနားယူမယ်ဆို Royal Health Center ကိုလှမ်းလာခဲ့ပါနော်။
Royal Health Center မှာ ကျန်းမာရေးနှင့်အလှအပဆိုင်ရာများကို အကောင်းမွန်ဆုံးဝန်ဆောင်မှုပေးလျက်ရှိပါတယ်။

ပင်ပန်းတာတွေဖြေဖျောက်ဖို့ SPA ကောင်းကောင်းလိုက်ရှာနေရင် အချိန်ပေးရတာနဲ့တန်တဲ့
Royal Health Center ရှိတယ်နော်❤️

No. K-7, FMI City, Upper Padatharpin Road, Hlaing Thar Yar Tsp, Yangon.
09-666697878, 09-666687979

28/10/2023

🎊 သီတင်းကျွတ်ဆုတောင်း 🎊
🎉 ဝါလကင်းလွတ် သီတင်းကျွတ်
အချိန်အခါသမယတွင်
ချစ်ခင်လေးစားတန်ဖိုးထားရပါသော
ချစ်မိတ်ဆွေလူကြီးမင်းများ အားလုံး
ကိုယ်စိတ်နှလုံးကျန်းမာခြင်းနှင့်
ချမ်းသာခြင်း မင်္ဂလာအဖြာဖြာ ပြည့်စုံလျှက်
ဘေးအန္တရာယ်ဟူသမျှကင်းဝေး၍
အခက်အခဲဟူသမျှအောင်မြင်စွာ
ကျော်လွှားနိုင်ပြီးစီးပွါးလာဘ်လာဘများ
ဒီရေအလား တိုးတက်ကြီးပွါးပါစေကြောင်း Royal Health Center မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ် 🙏🙏🙏

21/10/2023

တစ်ရက်တာ အလုပ်တွေကြောင့် ပင်ပန်းတဲ့အခါ
SPA တွေသွားပြီး ပင်ပန်းတာတွေဖြေရပါတယ်💁🏻
ဒါပေမဲ့ SPA သွားဖို့ တကယ်ပဲ အချိန်ပေးသင့်ရဲ့လား ဆိုတဲ့မေးခွန်းကရှိနေပြန်ရော🤔
အဖြေကတော့ တကယ်အချိန်ပေးသင့်ပါတယ်😍

SPA သွားရတာဟာ
✅အချိန်တိုတွင်း ပင်ပန်းတာတွေကိုပျောက်သွားစေတယ်
✅လူ့ခန္ဓာကိုယ်က အဆိပ်တောက်တွေဖြေဖျောက်နိုင်လို့ နေလို့ထိုင်လို့အဆင်ပြေတယ်
✅ညောင်းညာနေတာတွေပြေစေပြီး လန်းဆန်းစေမှာမို့ အချိန်ပေးပြီး SPA သွားခြင်းဟာ တကယ်အကျိုးရှိပါတယ်

အချိန်အများကြီးပေးစရာမလိုဘဲ ညောင်းညာပြေစေပြီး ကျန်းမာလန်းဆန်းစေဖို့ SPA ကိုအချိန်ပေးပြီး သွားသင့်ပါတယ်☑️

ပင်ပန်းတာတွေဖြေဖျောက်ဖို့ SPA ကောင်းကောင်းလိုက်ရှာနေရင် အချိန်ပေးရတာနဲ့တန်တဲ့
Royal Health Center ရှိတယ်နော်❤️

No. K-7, FMI City, Upper Padatharpin Road, Hlaing Thar Yar Tsp, Yangon.
09-666697878, 09-666687979

04/05/2023

🔸🔸နေ့စဉ်လှုပ်ရှားမှုတိုင်းမှာ အတူတူ ပင်ပန်းနွမ်းနယ်နေတဲ့ ခြေဖဝါးလေးတွေကို ဂရုစိုက်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ -
ခြေဖဝါးလေးတွေကို နှိပ်နယ်ပေးခြင်း (Foot Massage) ဖြစ်ပါတယ်💝

🔹🔹Foot Massage ပြုလုပ်ပေးခြင်းကြောင့် ရရှိလာမယ့် အကျိုးကျေးဇူးတွေကို ဖော်ပြပေးပါရစေ ရှင်။
☑️ သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။
☑️ ခန္ဓာကိုယ်ကြွက်သားနာကျင်မှုကို သက်သာစေပါတယ်။
☑️ အာရုံကြောတုံ့ပြန်မှုကို ကောင်းမွန်စေပါတယ်။
☑️ နှစ်ခြိုက်စွာအိပ်ပျော်စေပါတယ်။
☑️ အသည်းရဲ့ စွမ်းရည်ကို တိုးတတ်စေပါတယ်။
☑️ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။
စသည့်အကျိုးကျေးဇူးတွေကိုရရှိမှာဖြစ်တဲ့အတွက် ကိုယ်ရောစိတ်ပါ လန်းဆန်းကျန်းမာစေဖို့ တစ်လကို နှစ်ကြိမ်လောက် Foot Massage ပြုလုပ်ပေးသင့်ပါတယ်နော်။

Royal_Health_Spa(Yi Link)
Lathar Shop: No.709/713, Maharbandoola Rd, Top of 18 St, Lathar Township. Yangon
Hotline: ☎ 09955168884

27/04/2023

ရာသီဥတု အပူချိန် 40'C အထက်ဖြစ်နေလို့
ကားမောင်းသူတိုင်း သတိထားရမဲ့ Aircon အန္တရာယ် .....

(၁) ကားအဲယားကွန်းမဖွင့်မီ စက်နှိုးပြီး ကားမှန်တံခါးများအားလုံး ချထားပါ။ ပြင်ပလေဝင်ပြီး နောက်မှ ကားအဲယားကွန်းကို အနိမ့်ဆုံးမှ စ၍ ဖွင့်ပါ။ ထို့နောက်မှ မှန်များပြန်တင်ပြီးစီးလျှင် အပူ၊ အအေး ရုတ်တရက် အပြောင်းအလဲ မဖြစ်စေနိုင်ပါ။

(၂) နေပူချိန်အဲယားကွန်းသုံးသော ကားဖြင့် အပြင်သွားလျှင် ရေသန့်ဗူး ယူဆောင်သွားပါ။ နေပူပြင်းသည့်နေရာတွင် ကားရပ်ပြီး အပြင်းသို့မဆင်းမီ ရေကိုအတော်အသင့် သောက်ပြီးမှ ဆင်းလျှင် ရုတ်တရက် ဦးနှောက်သို့ သွေးဆောင့်တက်ခြင်းမှ ကာကွယ်နိုင်ပါသည်။

(၃) အဲယားကွန်း ကြိုတင်ဖွင့်ထားသည့် ဘတ်စ်ကားကြီးများပေါ်သို့ နေပူထဲမှဝင်လျှင် တက် စီးလျှင် မတက်မီက ကြိုတင်ပြီး ရေအေးသောက်ထားပါ။ အချိုလူကြီးများသည် ကားပေါ်တွင် ဆီးသွားချင်မည်စိုးသဖြင့် ရေမသောက်ဘဲ ခရီးသွားလေ့ရှိသည်မှာ အမှားဖြစ်ပါသည်။ ထို့အတူပင် ညအိပ်ချိန်တွင် အဲယားကွန်း ဖွင့်အိပ်သူများမှာလည်း အိပ်ရာမဝင်မီ ရေအေးတစ်ခွက် သောက်ပြီးမှ အိပ်လျှင် ကိုယ်တွင်း(အစာအိမ်)မှ အပူနှင့် ပြင်ပအဲယားကွန်းမှ အအေးဓာတ်တို့ ဝိရောဓိဖြစ်ခြင်းမှ ကာကွယ်ရာရောက်မည် ဖြစ်သည်။

အထက်ဖော်ပြခဲ့သော အချက်သုံးချက်ကို သတိပြုလိုက်နာခြင်းဖြင့် အဲယားကွန်းကားစီးသူများ အပြင် အဲယားကွန်းအခန်းဖြင့် အိပ်စက်သူများပါ အပူ၊ အအေးဝိရောဓိ လွန်ကဲမှုကြောင့် လေဖြတ်ခြင်း၊ ဦးနှောက် သွေးကြောပြတ်ခြင်းဘေးမှ ကင်းဝေးစေနိုင်ကြောင်း သတိပေးတင်ပြအပ်ပါသည်။

မူရင်းရေးသားသူအားလေးစားစွာဖြင့် Credit
ပေးပါသည်။

22/04/2023

တပတ်လုံးပင်ပန်းခဲ့သမျှ ပိတ်ရက်လေးမှာအေးဆေးအနားယူမယ်ဆို Royal Health Center ကိုလှမ်းလာခဲ့ပါနော်။

Royal Health Center မှာ ရရှိနိုင်တဲ့ ကျန်းမာရေးနှင့်အလှအပ ဝန်ဆောင်မှုလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
*Body Spa
*Facial
*Eye Liner
*Eye Brow
*Foot Massage
*Nail Art
*Lip Balm စသည့် ကျန်းမာရေးနှင့်အလှအပဆိုင်ရာများကို အကောင်းမွန်ဆုံးဝန်ဆောင်မှုပေးလျက်ရှိပါတယ်။

Royal_Health_Spa(Yi Link)
Lathar Shop: No.709/713, Maharbandoola Rd, Top of 18 St, Lathar Township. Yangon
Hotline: ☎ 09955168880

20/04/2023

💢အပူဒဏ်ကာကွယ်ရေး💢
🏵️မြန်မာနိုင်ငံမှာ တန်ခူးလကစပြီး ဆောင်းအကုန် နွေအကူးဖြစ်လာသလို ရာသီဉတု အပူချိန်ကလည်း တဖြေးဖြေး ပူပြင်းမြင့်တက်လာပါတော့မယ်။
🏵️အပူချိန်မြင့်လာတဲ့အခါ အပူရှပ်ကြတာတွေ အပူဒဏ်ခံရပြီး အပူကြောင့် လေဖြတ်တာ ၊အပူကြောင့် သွေးလန့်တာ၊အပူကြောင့် ကြွက်တက်တာတွေနဲ့အသက်အန္တရာယ် ပါထိခိုက်ပြီး အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်စေတတ်ပါတယ်။
🏵️အခုလို အပူဒဏ်တွေ မခံရလေအောင် အပူထဲက ပြန်လာလာချင်း ရုတ်တရက် ရေချိုးတာမျိုး၊ အအေးခန်းထဲ ရုတ်တရက် ၀င်လိုက်တာမျိုးက သွေးကြောတွေကိုကျုံ့စေပြီး အဲဒီကနေ ရုတ်တရက် သွေးဖိအား တက်စေတာမို့ သွေးတိုးအခံ ရှိသူရော မရှိသူရောပါ ရုတ်တရက် သွေးတိုးပြီးဦးနှောက်သွေးကြောပေါက်တာမျိုးအပြင် လေဖြတ်သွားတာမျိုး ပါ ဖြစ်စေနိုင်ပါတယ်။
🏵️အပူဒဏ်ကာကွယ်ဖို့ နေ့လည် နေ့ခင်းအချိန်တွင် အရိပ်ရ အေးမြ၍ လေ‌၀င်လေထွက်ကောင်းသော နေရာတွင် နားနေပါ။
🏵️ပူပြင်းသောနေရောင်အောက် ပင်ပန်းစွာအလုပ်လုပ်ခြင်းနဲ့ သွားလာလှုပ်ရှားခြင်း တို့ကိုရှောင်ကြဉ်ပါ။မဖြစ်မနေသွားလာ လုပ်ကိုင်ရမည်ဆိုပါက အရိပ် လုံလောက်စွာ ရရှိသည့် ထီး၊ဦးထုပ်ဆောင်းပါ။
🏵️အဖြူရောင်(သို့)အရောင်ခပ်ဖျော့ဖျော့ ချည်ထည်ပွပွများ၀တ်ဆင်ပါ။
🏵️နေပူထဲမှ ပြန်လာလာချင်း ရေမချိုးပါနဲ့။
🏵️အရက်သေစာ သောက်စားခြင်းဖြင့် အပူဒဏ်ကို ပိုမိုခံစားရစေနိုင်သဖြင့်ရှောင်ကြဉ်ပါ။
🏵️ခန္ဓာကိုယ်တွင် ရေနဲ့ ဓါတ်ဆား ဆုံးရှုံးမှု မဖြစ်ပေါ်စေရန် ရေနဲ့ ဓါတ်ဆားရည်ကို လုံလောက်စွာ သောက်သုံးပါ။
💥အထက်ပါနည်းလမ်းတွေကို လိုက်နာကျင့်သုံးမယ်ဆိုလျှင် အပူဒဏ်ခံရခြင်းမှ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်ရှင်။
💥ချစ်မိတ်ဆွေများ အားလုံး ကျန်းမာပျော်ရွှင်သော ဘ၀ကိုပိုင်ဆိုင်နိုင်ကြပါစေ။
မေတ္တာဖြင့်❤️❤️❤️

Credit: Uploader

17/04/2023

🙏 "နှစ်သစ်ဆုတောင်း" 🙏

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်

မြန်မာ နှစ်ဆန်း ( ၁ ) ရက်နေ့

နှစ်သစ် အခါသမယမှာ (၇) ရက် သားသမီးများအားလုံး ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံ၍ ကိုယ်၊စိတ်၊ နှလုံး ကျန်းမာ၊ ချမ်းသာကြပါစေ
🙏🙏🙏
နှစ်ဟောင်းကအညစ်အကြေးများပပျောက်ပြီးနှစ်သစ်ကိုကံကောင်းခြင်းမင်္ဂလာများနှင့်ဖြတ်သန်းနိုင်ကြပါစေ

နှစ်သစ်မှစ၍ မြန်မာပြည်သူပြည်သားများနှင့် ကမ္ဘာသူကမ္ဘာသားအပေါင်းတို့ ဘေးအန္တရာယ် အပေါင်းမှ ကင်းဝေးပြီး ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင့် ❤️ 🥰

07/04/2023

သင့်ကျန်းမာရေးကောင်းပြီး ခန္တာကိုယ်က Sexyကျနေဖို့ဆိုရင် ကနေ့မှစပြီး ဒီအချက်တွေကို လုပ်ကြည့်လိုက်ပါ
1. ရေများများသောက်ပါ
2. မနက်စာကို ဘုရင်လိုစား၊ နေ့လည်စာကိုတော့ မင်းသားလေးလိုစား၊ ညစာကိုတော့သူတောင်းစားလို စားပါတဲ့။ (အားလုံး နားလည်ကြမှာပါနော်)
3. သစ်ပင်ပေါ်က ရတဲ့ ဟင်းသီး ဟင်းရွက်တွေကို များများစားပေးပါ၊
4. ဘ၀မှာ 3 E နဲ့ ရှင်သန် နေထိုင်ပါ — Energy, Enthusiasm နဲ့ Empathy
5. တရားထိုင်ခြင်း၊ ယောဂ ကျင့်ခြင်း၊ ဘုရားရှိခိုးခြင်း တို့ကိုလည်း ပြုလုပ်ပေးသင့်ပါတယ်။
6. ကစား ခုန်စားလည်း များများ ပြုလုပ်ပေးဖို့ လိုအပ်တယ်။
7. သင် 2017ခုနှစ်မှာ ဖတ်ခဲ့တဲ့ စာအုပ်အရေအတွက်ထက် ဒီနှစ်မှာ များများပိုဖတ်ပါ။
8. တစ်ရက်မှာ 10 မိနစ်လောက် ဆိတ်ဆိတ်နေကြည့်ဖို့ကိုလည်း ကြိုးစားကြည့်သင့်တယ်။
9. တစ်ရက်မှာ 7 နာရီလောက်တော့ အနည်းဆုံး အိပ်သင့်ပါတယ်။
10. တစ်ရက်မှာ 10 မိနစ်ကနေ နာရီ၀က်လောက်ထိ လမ်းလျှောက်သင့်ပါတယ်။
လမ်းလျှောက်နေစဉ်မှာလည်း မျက်နှာလေးကို ခပ်ပြုံးပြုံးလေး နေပေးရမယ်နော။
{Personality:}
11. ကိုယ့်ဘ၀ကို သူများတွေနဲ့ မယှဉ်ပါနဲ့။ သူတို့ ဘာလမ်းကြောင်းကိုလျှောက်လမ်းနေတယ်ဆိုတာ သင် မသိနိုင်ဘူးလေ။
12. ကိုယ်မထိန်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာ မကောင်းမြင်စိတ်တွေမထားပါနဲ့။ အဲ့ဒါတွေကြောင့်လည်း စိတ်ဆင်းရဲ မနေပါနဲ့။ လက်ရှိကိုယ့်မှာရှိနေတာလေးကို တန်ဘိုးထားပြီး ဒါတွေကိုပဲ ပိုကောင်းအောင်လုပ်လိုက်ပါ။
13. အလုပ်တွေကိုလည်း အလွန် အကျွံ မလုပ်ပါနဲ့.. Limit တစ်ခုထိပဲ လုပ်တာ ကောင်းပါတယ်။
14. ကိုယ့်ကိုကိုယ် သိပ်ပြင်းပြင်းထန်ထန်ကြီး မခိုင်းစေပါနဲ့။ ဘယ်သူမှလဲဒါမျိုးမလုပ်ပါဘူး။ သက်တောင့် သက်သာလေးသာ အကောင်းဆုံး ဖြစ်ပါတယ်။
15. ကိုယ့်ရဲ့ တန်ဘိုးရှိတဲ့ စွမ်းအင်တွေကို အတင်းပြောခြင်းဖြင့် မကုန်ဆုံးပါစေနဲ့။
16. အိပ်နေစဉ်မှာထက် နိုးနေချိန်တွေမှာ အိပ်မက် ပိုမက်ပါ။
17. မနာလို ၀န်တိုဖြစ်နေတာဟာ အချိန်ဖြုန်းခြင်း တစ်မျိုးပါပဲ။ သင့်မှာရှိသင့်ရှိထိုက်တာတွေ အားလုံးရှိနေပါတယ်။
18. အတိတ်က ပြသနာတွေကို မေ့လိုက်ပါ့တော့။ ကိုယ့်ရဲ့ လက်တွဲဖော်၊ကြင်ဖော်တွေမှာ အတိတ်က အရိပ်ဟောင်းတွေ ရှိနေရင်လည်း ပြန်မဖော်ပါနဲ့တော့။ဒါတွေက လက်ရှိဘ၀ရဲ့ ပျော်ရွှင်မှုတွေကို ဖျက်ဆီးလိမ့်မယ်။
19. ဘ၀ဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်ခြားလူတွေကို မမုန်းပါနဲ့။
20. ပစ္စုပ္ပန်မှာ ပျော်ရွှင်ဖို့အတွက် အတိတ်တွေနဲ့ ငြိမ်းချမ်းရေး ရယူလိုက်ပါ။
21. ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေရဲ့ သခင်ဟာ ကိုယ်မှလွဲလို့ နောက်တစ်ယောက်မဖြစ်နိုင်ပါဘူး။
22. ဘ၀ဆိုတာ ကျောင်းတော်ကြီး တစ်ခုဖြစ်တယ်။ သင်က အဲ့ဒီကျောင်းတော်ကြီးမှာပညာသင်ရမယ့် ကျောင်းသားလေးပေါ့။ ပြသနာဆိုတာက သင်ရိုးညွှန်းတမ်း တစ်ခုရဲ့အစိတ်အပိုင်းမျှသာ ဖြစ်တယ်။ အက္ခရာ သင်္ချာတွေကို တွက်ချက်သလိုဖြေရှင်းနိုင်သွားမှာပါ။ အဲ့ဒါတွေရဲ့ သင်ခန်းစာကတော့သင့်ဘ၀တစ်လျှောက်လုံးအတွက် အရေးပါနေမှာပေါ့။
23. များများပြုံးပါ၊ များများရယ်ပါ။
24. အငြင်းအခုံတွေတိုင်းမှာ သင်ချည်းပဲ အနိုင်ရနေမှာ မဟုတ်ဘူး။ သင်သဘောမတူတာတွေကို သဘောတူအောင် ကြိုးစားကြည့်လိုက်ပါလား။
(Society:)
25. သင့်မိသားစုနဲ့ မကြာခဏ ဖုန်းပြောပါ။ အဝေးရောက်နေတယ်ဆိုရင်ပေါ့။တူတူနေတယ်ဆိုရင်တော့ နွေးထွေးတဲ့ ဆက်ဆံရေးလေးဖြစ်အောင် တည်ဆောက်ပါ။
26. အများသူငှာအတွက် ကောင်းမှုတစ်ခု နေ့စဉ်ပြုကြည့်ပါ။
27. လူတိုင်းကို အရာအားလုံးအတွက် ခွင့်လွတ်တတ်ဖို့ ကြိုးစားကြည့်ပါ။
(သိပ်စိတ်ချမ်းသာစရာကောင်းတယ် ကိုယ်တွေ့ပါပဲ)
28. အသက် 70 ကျော် ဘိုးဘိုး ဘွားဘွားတွေ၊ အသက် 6 နှစ်အောက် ကလေးတွေနဲ့အချိန်များများ ပိုဖြုန်းပါ။
29. တစ်နေ့မှာ လူသုံးယောက်လောက်ကို ကိုယ့်ကြောင့် ပြုံး ရီ သွားအောင်ကြိုးစားကြည့်ပါလား။
30. တစ်ခြား သူတွေ သင့်ကို ဘာပဲ ထင်ထင်။ ဒါသင့်အလုပ် မဟုတ်ဘူး။
31. သင့်ရဲ့ အလုပ်က သင်နေမကောင်းဖြစ်နေချိန်မှာ သင့်ကို လာပြုစုမှာ
မဟုတ်ဘူး။ သင့်ရဲ့ သူငယ်ချင်းတွေ၊ မိသားစု၀င်တွေကသာ သင့်အနားမှာ
ရှိနေကြလိမ့်မယ်။ သူတို့တွေနဲ့ များများ ထိတွေ့နေဖို့ လိုအပ်တယ်။
Life:
32. မှန်ကန်တဲ့ အရာကိုသာ လုပ်ပါ။
33. အသုံးမ၀င်တဲ့၊ နှစ်လိုဖွယ်မရှိတဲ့၊ ကြည်နူးဖွယ် မကောင်းတဲ့အရာမှန်သမျှကို သင့်စိတ်ထဲက ထုတ်ပစ်လိုက်ပါ။
34. ကောင်းတာပဲ ဖြစ်နေဖြစ်နေ၊ ဆိုးတာပဲ ဖြစ်နေ ဖြစ်နေ မမြဲပါဘူး။ အမြဲပြောင်းလဲနေမှာ ပါပဲ။
35. ကိုယ်ဘာတွေပဲ ခံစားနေရ နေရ၊ ကိစ္စ မရှိပါဘူး။ ကဲ… လာ သွားစို့..
အလှပြင်လိုက်၊ ရှိုးထုတ်လိုက်။ ပျော်ပျော်နေရမှာပေါ့။
36. အကောင်းဆုံးတွေဆိုတာ ဖြစ်လာအုံးမှာပါ။
37. ကိုယ့်ရဲ့ အတွင်း စိတ်သန္တန်ဟာ အမြဲပျော်ရွှင်နေရမယ်။ ဒါကြောင့်ပျော်ပျော်သာနေပါ
အားလုံးကျန်းမာလှပနိုင်ကြပါစေ

05/04/2023

အာရုံကြော အားကောင်းအောင် ဘာလုပ်ရမလဲ
(၁) အာဟာရတွေ ရွေးချယ်စားပါ။
အာရုံကြောစနစ်ကို အကျိုးပြုပေးနိုင်တဲ့ ဗီတာမင်နဲ့သတ္ထုဓာတ်တွေ ပါဝင်နေမယ့် အစာအာဟာရတွေကို ရွေးချယ်စားသုံးဖို့ လိုအပ်ပါတယ်။ စုံလင်အောင် စားချင်တယ်ဆိုရင် –

အစိမ်းရောင်ရှိတဲ့ အရွက်တွေ– ဥပမာ ဟင်းနုနွယ်၊ ဆလပ်ရွက် တို့ပေါ့။
အသီးအနှံတွေ – ဥပမာ – ငှက်ပျောသီး၊ ဆီးသီး၊ ဖရဲသီး၊မက်မွန်သီး
ဆန်လုံးညို၊ အုတ်ဂျုံ၊ နှံစားပြောင်း။
အစေ့အဆံတွေ – သီဟိုဠ်စေ့၊ ဗာဒံစေ့၊ ဟေဇယ်စေ့
ပဲနီလေးနဲ့ ပဲအမျိုးမျိုး
အာလူး
ဖရုံသီး တွေ စားပေးလို့ရပါတယ်။
Omega-3 ကြွယ်ဝတဲ့ ဆော်လမွန်ငါး၊ ပန်းဂေါ်ဖီ၊ ဟင်းနုနွယ်၊ သစ်ကြားသီး၊ နှမ်းကြတ်စေ့၊ ငါးသေတ္တာငါး တို့ကိုလည်း စားပါ။

ဆက်လက်ဖတ်ရှုမည်။

(၂) အသက် ဝဝ ရှူပါ။
အသက်ဝအောင် ရှူရှိုက်ခြင်းက လွယ်ကူပေမယ့် စိတ်ဖိစီးမှုကို လျော့ကျစေပြီး ပြေလျော့စေတဲ့အတွက် အာရုံကြောအားနည်းခြင်းအတွက် ထိရောက်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

သင့်တော်တဲ့နေရာ တစ်ခု ရှာပြီး ထိုင်ပါ သို့မဟုတ် လှဲလျောင်းပြီး ဝမ်းဗိုက်ပေါ်ကို လက်တင်ထားပါ။
ခန္ဓာကိုယ်ထဲမှာ လေ အပျံ့အနှံ့ရောက်တဲ့ အထိ နှာခေါင်းကနေ လေကို တဝ ရှိုက်ရှူပေးပါ။
၃ စက္ကန့်လောက် အသက်အောင့်ထားပြီးမှ အဆုတ်ထဲက လေကုန်သွားတဲ့ အထိ ပါးစပ်ကနေ ဖြည်းဖြည်းချင်း ပြန်ရှူထုတ်ပါ။
နောက်၅မိနစ်ကနေ ၁၀ မိနစ်လောက်အတွင်း အသက်ကို ပြင်းပြင်းရှူသွင်း၊ ရှူထုတ် ဆက်လုပ်ပါ။
ဒီလေ့ကျင့်ခန်းကို တစ်နေ့ကို နှစ်ကြိမ်သုံးကြိမ်လောက် လုပ်နိုင်ပါတယ်။
(၃) ခြေဗလာ နဲ့ လမ်းလျှောက်ကြည့်ပါ။
မြက်ခင်းပြင်ပေါ်မှာ၊ သဲသောင်ပြင်မှာ စတဲ့ သဘာဝပတ်ဝန်းကျင်တွေမှာ ခြေဗလာနဲ့လမ်းလျှောက်ခြင်းက အာရုံကြောစနစ်အတွက် ကောင်းပါတယ်။ တစ်နေ့ကို နာရီဝက်လောက် ခြေဗလာနဲ့လမ်းလျှောက်ပေးရင် စိတ်လန်းဆန်းစေပြီး အာရုံကြောအတွက်ကောင်းပါတယ်။

၂၀၁၂ ခုနှစ်က သုတေသနတစ်ခုအရ ခြေဗလာနဲ့လမ်းလျှောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေက နှလုံးခုန်နှုန်း အပြောင်းအလဲများခြင်း၊ရောင်ရမ်းခြင်း၊သွေးပျစ်ခြင်းတို့မှာရလဒ်ကောင်းစေပြီး အိပ်ပျော်စေ၊ စိတ်ဖိစီးမှုလျော့ကျစေပြီး အာရုံကြောစနစ်ကိုအလိုအလျောက်ထိန်းညှိနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။

(၄) နေရောင်ခြည် နဲ့ ထိတွေ့ပါ။
ဒါဟာ အိမ်မှာနေရင်း လုပ်ဆောင်ကြည့်လို့ရတဲ့ အလွယ်ဆုံးနည်းတစ်ခု ဖြစ်ပါတယ်။ နေရောင်ခြည်ဟာ ခန္ဓာကိုယ်ရဲ့ အလုံးစုံကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် D အဓိကအရင်းအမြစ် ဖြစ်ပြီး အာရုံကြောစနစ် လုပ်ဆောင်ချက်တွေမှာ အရေးပါလှပါတယ်။

(၅) စိတ်ဖိစီးမှုကို ဖြေလျှော့ပါ။
စိတ်ဖိစီးမှုဟာ အာရုံကြောစနစ် ယိုယွင်းလာစေတဲ့ အကြောင်းရင်းတွေထဲ အပါအဝင်ဖြစ်ပါတယ်။ ဒါ့ကြောင့် အာရုံကြောစနစ် ကောင်းမွန်ရေးအတွက် ကိုယ့်ရဲ့စိတ်ဖိစီးမှုတွေကို တစ်နည်းနည်းနဲ့ ကြိုးစားဖြေလျှော့သင့်ပါတယ်။

ဥပမာ –

အလုပ်လုပ်တာ ခဏရပ်ပြီး အသက်ဝဝရှိုက်ရှူပါ။
ဒါဟာ အာရုံကြောစနစ် မြှင့်တင်ဖို့အတွက် အမြန်ဆုံးနည်းလမ်းဖြစ်ပါတယ်။ ကိုယ့်စိတ်ထဲပင်ပန်းလာတာ၊ စိတ်ညစ်ညူးလာတဲ့အချိန်တိုင်း အလုပ်လုပ်တာကိုရပ်ပြီး ဖြေလျော့အနားယူလိုက်ပါ။ ပြန်လည်တည်ငြိမ်ပြီး စိတ်အတွေးတွေ ရှင်းလင်းလာပါမယ်။

ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။
စိတ်ဖိစီးလာတဲ့အခါ ခဏတာလမ်းလျှောက်ထွက်ခြင်း၊ ရုံးခန်းထဲဟိုလျှောက်ဒီလျှောက်လုပ်ခြင်းက ခေါင်းထဲရှင်းလင်းပြီး စိတ်ကြည်သွားစေဖို့ ထိရောက်တဲ့ နည်းလမ်းဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုချော့ပါ။
စိတ်ချမ်းသာစရာကိစ္စတွေက စိတ်ဖိစီးစေတဲ့အရာထက် ခန္ဓာကိုယ်အတွက် ပိုကောင်းတာကြောင့် ကိုယ့်ကိုယ့်ကိုယ် အလိုလိုက်ပြီး ချော့ပေးပါ။ အားလပ်ချိန်မှာ ကိုယ်ဝါသနာပါတဲ့အရာတွေလုပ်တာ၊ နှစ်သက်ရာ ကစားနည်း သို့မဟုတ် လှုပ်ရှားမှုတွေမှာ ပါဝင်လုပ်ဆောင်တာ၊ အနှိပ်ခံတာ စတာတွေ လုပ်ပြီး ပျော်အောင်နေပါ။

Photos from Royal Health Center's post 03/04/2023

✅✅စိတ်နှင့်ခန္ဓာကိုယ် ပင်ပန်းလာတဲ့အခါ Royal Health Center မှာအနားယူလိုက်ပါ။✅✅
Royal_Health_Spa(Yi Link)
No. K-7, FMI City, Upper Padatharpin Road, Hlaing Thar Yar Tsp, Yangon.
Lathar Shop: No.709/713, Maharbandoola Rd, Top of 18 St, Lathar Township. Yangon
Hotline: ☎ 09955168884

Photos from Royal Health Center's post 31/03/2023

တပတ်လုံးပင်ပန်းခဲ့သမျှ ပိတ်ရက်လေးမှာအေးဆေးအနားယူမယ်ဆို Royal Health Center ကိုလှမ်းလာခဲ့ပါနော်။
Royal Health Center မှာ ရရှိနိုင်တဲ့ ကျန်းမာရေးနှင့်အလှအပ ဝန်ဆောင်မှုလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
*Body Spa
*Facial
*Eye Liner
*Eye Brow
*Foot Massage
*Nail Art
*Lip Balm စသည့် ကျန်းမာရေးနှင့်အလှအပဆိုင်ရာများကို အကောင်းမွန်ဆုံးဝန်ဆောင်မှုပေးလျက်ရှိပါတယ်။
Royal_Health_Spa(Yi Link)
Lathar Shop: No.709/713, Maharbandoola Rd, Top of 18 St, Lathar Township. Yangon
Hotline: ☎ 09955168880

30/03/2023

🔺🔺လေဖြတ်ရောဂါ၏ ရှေ့ပြေးလက္ခဏာ ၆ ချက်🔺🔺

လေဖြတ်ခြင်းသည် ကမ္ဘာပေါ်တွင် လူသေဆုံးမှု ဒုတိယမြောက် အများဆုံးရောဂါ ဖြစ်ပါတယ်။

လေဖြတ်မည့် ရှေ့ပြေး အလားအလာများကို သိထားခြင်းဖြင့် ကြိုတင် ကာကွယ်စရာ ရှိတာ ကာကွယ်နိုင်ကာ လေဖြတ်ခြင်းရန်မှ ကင်းဝေးကြမည် ဖြစ်ပါတယ်။ လေဖြတ်မှု ပုံစံနှစ်မျိုးရှိသည်။ ပထမတစ်မျိုးမှာ ဦးနှောက် သွေးကြောထဲတွင် သွေးခဲများ စုပိတ်ကာ သွေးစီးဆင်းမှု နည်းသွားခြင်း သို့မဟုတ် လုံးဝရပ်သွားခြင်းကြောင့် ဦးနှောက်လုပ်ငန်း အချို့ရပ်ဆိုင်းကာ လေဖြတ်ရတတ်သည်။

နောက်ပုံစံတစ်မျိုးမှာ ဦးနှောက်သွေးကြော ပေါက်ကာ ဦးနှောက်အခြား အစိတ်အပိုင်းများသို့ သွေးမရောက်တော့ဘဲ ခန္ဓာကိုယ်လုပ်ငန်းများ ရပ်ဆိုင်းသွားခြင်း ဖြစ်သည်။ ရှေ့ပြေး လက္ခဏာများကို သိထားခြင်းဖြင့် လေမဖြတ်အောင် ကာကွယ်နိုင်ပါမည်။

မြင်ကွင်း နှစ်ထပ်ဖြစ်လာရင်

မျက်လုံး တစ်ဖက်က ကောင်းပြီး နောက်တစ်ဖက်က မြင်ကွင်းတွေ နှစ်ထပ်ဖြစ်နေ၊ ဝေဝါးနေပြီဆိုလျှင် လေဖြတ်မည့် ရှေ့ပြေးလက္ခဏာ ဆိုတာ သတိထားပါ။ အလုပ်ပင်ပန်းရုံ၊ စာတွေ တအားဖတ်ရုံနဲ့ မျက်လုံးက မြင်ကွင်း နှစ်ထပ်ဖြစ်တာမျိုး တော်တော်ရှားပါတယ်။ နေရင်းထိုင်ရင်း မြင်ကွင်းနှစ်ထပ် ဖြစ်လာပြီဆိုရင်တော့ လေဖြတ်နိုင်ခြေ လက္ခဏာပဲ ဖြစ်ပါတယ်။ ဦးနှောက် သွေးကြောထဲတွင် သွေးခဲစုပိတ်ကာ သွေးစီးဆင်းမှု နည်းနေပြီဆိုလျှင် မျက်လုံးသွေးကြောများသို့ အောက်စီဂျင်လည်း အရောက်နည်းသဖြင့် အမြင်တွေ နှစ်ထပ်ဖြစ်ကာ ဝေဝါးခြင်း ဖြစ်ပါတယ်။

လက်တွေ ပုံမှန်ထက် ပိုကြာကြာ ထုံနေရင်

အိပ်နေတုန်း ဖိထားမိသဖြင့် လက်တွေ၊ ခြေတွေထုံနေပြီး လှုပ်မရတာမျိုး ၊ ထိတွေ့ အာရုံမသိတာမျိုး ကြုံရတတ်သည်။ သို့သော် ခဏနေလျှင် ပုံမှန်ပြန်ဖြစ်သွားသည်။ ပုံမှန် ပြန်မဖြစ်ဘဲ တော်တော်ကြာအောင် ထုံနေပြီဆိုလျှင်တော့ လေဖြတ်မည့် ရှေ့ပြေး လက္ခဏာဆိုတာ သတိထားပါ။ ဦးနှောက် အနောက်ဘက်ခြမ်းကနေ စီးဝင်သော သွေးကြောများတွင် သွေးခဲများစု ပိတ်ခြင်းမျိုး၊ သွေးယိုခြင်းမျိုး ဖြစ်ပွားလာလျှင် လက်နှင့်ခြေများကို ထိန်းချုပ်သော ဦး နှောက်အပိုင်းများသို့ သွေးအရောက်နည်းကာ ထိတွေ့မှု အာရုံခံနိုင်စွမ်း ကျဆင်းကာ လူသည် ထုံနေတတ်သည်။

ပြောမည့် စကား ပါးစပ်ဖျားကျမှ မေ့သွားရင်

ပြောမည့်စကား ပါးစပ်ဖျားကျခါမှ မေ့သွားတာမျိုး မကြာမကြာ ကြုံရပြီဆိုလျှင် ဦးနှောက် အတွင်း သွေးအရောက် နည်းနေပြီဆိုတာ သတိရပါ။ သွေးကြောပိတ်ကာ သွေးစီးဆင်းမှု လျော့နည်းလာခြင်းကြောင့် မှတ်ဉာဏ်ကို အထောက်အကူ ပေးသော ဦးနှောက်အပိုင်းများသို့ သွေးအရောက်နည်းကာ ပြောမည်ကြံလိုက် မေ့သွားလိုက် ဆိုတာမျိုး ပိုဖြစ်ပွားရသည်။ ထိုပြဿနာကြုံပြီဆိုလျှင် ကျွမ်းကျင် ဆရာဝန်နှင့် ပြသကာ လေမဖြတ်အောင် နေထိုင်မှုပုံစံများ ပြု ပြင်ရမည်။

ယိုင်တိယိုင်တိုင် ခဏ ခဏ ဖြစ်ရင်

လမ်းလျှောက်ရင်း မူးခနဲလိုလို ဖြစ်သွားကာ လူကယိုင်တိယိုင်တိုင် ဖြစ်သွားတာမျိုး ကြုံရပြီဆိုလျှင် လေဖြတ်အန္တရာယ် သတိထားပါ။ ခန္ဓာကိုယ် ဟန်ချက်ကို ထိန်းသော ဦးနှောက်အပိုင်းများသို့ သွေးအရောက် နည်းနေခြင်းကြောင့် ဦးနှောက် အလုပ် လုပ်နိုင်စွမ်းနည်းကာ ထိုသို့ ယိုင်တိုင်တိုင်တွေ ဖြစ်လာခြင်း ဖြစ်သည်။ သွေးအရောက် နည်းရခြင်းသည် ဦးနှောက် သွေးကြောများ အတွင်း သွေးခဲများ စုပိတ်လာခြင်းကြောင့် ဖြစ်နိုင်ရာ နောက်ဆုံးအဆင့်ထိ ပိတ်သွားကာ ဦးနှောက် သွေးရရှိမှု ရပ်သွားတာမျိုး မဖြစ်ခင် ကျွမ်းကျင် ဆရာဝန်နှင့် ပြသကာ ကုသမှု ခံယူရမည်။

စကားပြောရင် လျှာလိပ်ပြီး ဗလုံးဗထွေးတွေ ထွက်လာရင်

အကိုက်အခဲ ပျောက်ဆေးတွေ သောက်ပြီးရင် ဘေးထွက်ဆိုးကျိုး အဖြစ် လျှာလိပ်ပြီး စကား ဗလုံးဗထွေး ဖြစ်တတ်သည်။ ဘာဆေးမှ မသောက်ပါဘဲ ဗလုံးဗထွေးတွေ ဖြစ်လာပြီဆိုရင်တော့ လေဖြတ်မည့် အန္တရာယ်ရှိသည်။ သွေးကြောပိတ်ခြင်း သို့မဟုတ် သွေးယိုခြင်းကြောင့် ဦးနှောက်အတွင်း သွေးစီးဆင်းမှု နည်းလာကာ စကားပြောဆိုမှု ထိန်းချုပ်သည့် ဦးနှောက်အပိုင်း စွမ်းရည်ကျလာခြင်း ဖြစ်နိုင်သည်။

ခေါင်းတွေ မကြာမကြာ ကိုက်နေရင်

ဦးနှောက်ထဲမှာ မာဂျရင်းတွေ များနေလျှင် ခေါင်းကိုက်တာ ထုံးစံ ဖြစ်သည်။ မာဂျရင်းမများဘဲ ကိုက်နေတာ ဆိုလျှင်တော့ လေဖြတ်နိုင်ခြေ သတိထားပါ။ မာဂျရင်းများလို့ ခေါင်းကိုက်ခြင်းနှင့် ဦးနှောက်ထဲ သွေးမလောက်လို့ ခေါင်းကိုက်လာ ခြင်းသည် ပုံစံအားဖြင့် ဆင်တူတတ်သည်။ သက်ဆိုင်ရာ ကျွမ်းကျင် ဆရာဝန်နှင့် ပြသ စစ်ဆေးခံမှသာ အဖြေကို တွေ့ရတတ်သည်။ ဦးနှောက် သွေးကြောများထဲ သွေးခဲများ၊ အနည်အနှစ်များ စုပုံလာခြင်းကြောင့် သွေးကြောပိတ်ကာ ဦးနှောက်သည် သွေးလည်ပတ်မှု နှေးသွားခြင်း၊ ယာယီရပ်ဆိုင်းခြင်းမျိုး ဖြစ်ခြင်းကို လေဖြတ်ခြင်းဟု ခေါ်သည်။

ဦးနှောက်သွေးကြော ပေါက်လျှင်လည်း ဦးနှောက်သည် သွေးမရတော့ဘဲ လေဖြတ်နိုင်သည်။ အဓိကမှာ သွေးကြောကို ပိတ်ဆို့စေသည့် သွေးခဲနှင့် အနည်အနှစ်များ သွေးထဲ နည်းနိုင်သမျှ နည်းအောင် နေထိုင်ဖို့ ဖြစ်သည်။ ကိုလက်စထရောများ စေသော အစားအစာများ ရှောင်ကြဉ်ခြင်း၊ သွေးလှည့်ပတ်မှု ကောင်းအောင် တက်ကြွလှုပ်ရှားစွာ နေထိုင်ခြင်းဖြင့် သွေးတွင်းမှာ အမှိုက်ကင်းကာ သွေးအားကောင်းပြီး လေဖြတ်ခြင်းဘေးမှ အဝေးဆုံး ဖြစ်ကြမည်။

29/03/2023

🌼Body Spa ပုံမှန်လုပ်ခြင်းကြောင့်ရရှိလာမည့်အကျိုးကျေးဇူးများ🌼
Body Spa ကို တစ်လတစ်ခါလောက် ပုံမှန်လုပ်ပေးသင့်ပါတယ်။သူက အလှအပအတွက်တင်မဟုတ်ပဲ ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။
မိန်းကလေး၊ ယောက်ျားလေး၊ လူကြီး၊ လူငယ်မရွေးလုပ်သင့်ပါတယ်။Body Spa ပုံမှန်လုပ်ပေးခြင်းဖြင့် အောက်ပါအကျိုးကျေးဇူးများကို ရရှိနိုင်ပါတယ်။
(၁) Stress တွေလျော့ကျစေတယ်
Body Spa လုပ်ရင် Stress တွေလျော့ကျပြီး စိတ်ပျော်ရွှင်စေပါတယ်။
(၂) ပေါ့ပါးလန်းဆန်းစေတယ်
Body Spa လုပ်ရင် ခန္ဓာကိုယ်ပေါ့ပါးလန်းဆန်းစေပါတယ်။ ကိုယ်လက်မအီမသာဖြစ်ပြီး နုံးချိနေတာတွေ၊ နာကျင်ကိုက်ခဲတာတွေကို ပြေပျောက်စေပါတယ်။
(၃) အသားအရေပိုကြည်လာမယ်
အကောင်းဆုံးအချက်ကတော့ Body Spa လုပ်ရင် ဂျီးတွေ၊ဆဲလ်သေတွေကွာကျသွားတဲ့အတွက် အသားအရေ ပိုပြီးကြည်လင်လာပါလိမ့်မယ်။
(၄) သွေးလည်ပတ်မှုကောင်းမွန်လာမယ်
Body Spa လုပ်ရင် သွေးလည်ပတ်မှုကောင်းမွန်လာစေပါတယ်
(၅) ဝိတ်ကျစေပါတယ်
Body Spa လုပ်ခြင်းဖြင့် ဝိတ်လည်းကျစေပါတယ်
(၆) ကိုယ့်ကိုယ်ကိုယုံကြည်မှုပိုရှိလာစေပါမယ်
Body Spa ပုံမှန်လုပ်ခြင်းဖြင့် စိတ်ကြည်လင်ပြီး Stress တွေလည်းလျော့တယ်၊ အသားအရေကလည်း အရင်ထက်ပိုမိုကြည်လင်လှပလာတာကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိလာစေပါတယ်။

27/03/2023

Oil Massage မှာ
Relaxing (စိတ်​ရောလူပါ လန်းဆန်း​စေခြင်း)
Energizing (အားအင်ဖြစ်​စေခြင်း)
Deep tissue (ကြွက်သားနှင့်အရိုးများ နာကျင်မှုကိုသက်သာ​စေခြင်း)
စသဖြင့် အမျိုးမျိုး ​တွေနည်းစနစ်တကျ ရှိ​နေပါတယ်။
Oil Massage ကို စနစ်တကျ ထိထိ မိမိ နည်းစနစ်တကျ နှိပ်နိင်ပါက
ကြွက်သားနှင့် အ​ကြောများ ​တောင့်တင်းမှုများ နာကျင်မှုများအား ​ပြေ​လျော့​စေခြင်း
အသားအ​ရေ ​​ခြောက်သွေ့မှုအား ကာကွယ်​ပေးခြင်း ​ရေဓါတ်ဖြည့်​ပေးနိုင်ခြင်း
ကုန်ခမ်းသွားတဲ့အားအင်များပြည်လန်ပြည့်ဝလာ​စေခြင်း
စိတ်ပင်ပန်းနွမ်းနယ်မှုများ သက်သာ​စေပြီးလန်းဆန်းတက်ကြွ​စေခြင်း
စိတ်ဖိစီးမှုများ ​လျော့ကျ​စေခြင်း
ကိုယ်ခန္ဓာမှ အပူအပုပ်များ ​လျော့ပါး​စေခြင်း
အသားအ​ရေ ​လျော့ရဲမှု အား ထိမ်းသိမ်း​ပေးနိုင်ခြင်း
​သွေးလည်ပတ်မှု အား အ​ထောက်အပံ့ဖြစ်​စေခြင်း
အရိုးအဆစ်ကိုက်ခဲနာကျင်မှုများသက်သာ​စေခြင်း
စသဖြင့် အကျိုး​ကျေးဇူးများ ရရှိ​စေပါတယ်။
Oil Massageကို relax your mind, soul & bodyလို့ တင်စား​ပြောဆိုကြပါတယ်။
သင့်ရဲ့ စိတ် စိတ်ဝိညာဥ် နဲ့ ကိုယ်ခန္ဓာကို အနားယူလိုက်ပါလို့ ​ပြောတာဖြစ်ပါတယ်။

26/03/2023

ခေါင်းဦးရေပြားကို နှိပ်နယ်တာကနေရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက
ခေါင်းဦးရေပြားကို နှိပ်နယ်ပေးတာက ရုပ်ပိုင်းဆိုင်ရာတင်မကပါဘူး။ စိတ်ပိုင်းဆိုင်ရာကိုပါ အထောက်အကူပေးပါတယ်။

သွေးတိုးကျစေနိုင်တယ်
သွေးတိုးရောဂါက ကမ္ဘာပေါ်က လူသန်းပေါင်းများစွာ ခံစားနေရတဲ့ရောဂါတစ်ခုပါ။ သွေးတိုးရောဂါက အသံတိတ်လူသတ်သမားလို့တောင် အများကတင်စားထားတဲ့ရောဂါတစ်ခုပေါ့။ သွေးတိုးရောဂါက ရုတ်တရက်နှလုံးအမောဖောက်တာ၊ ကျောက်ကပ်ပျက်စီးတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အညောင်းအညာလည်းပြေပြီး ကျန်းမာရေးအတွက်လည်းကောင်းတဲ့ ဦးရေပြားနှိပ်နယ်မှုကို စမ်းသပ်ကြည့်သင့်ပါတယ်နော်။

အိပ်မပျော်တာကို သက်သာစေနိုင်တယ်
အိပ်မပျော်တာ၊ အိပ်ရေးပျက်တာတွေက ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်တဲ့ အခြေအနေပါ။ ခေါင်းဦးရေပြားကို နှိပ်နယ်ပေးမယ်ဆိုရင် ဦးရေပြားမှာသွေးစီးဆင်းမှု ကောင်းမွန်စေပြီး ကောင်းမွန်နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ပါတယ်။ အိပ်မပျော်တဲ့ညတွေကို နှုတ်ဆက်နိုင်ဖို့ ဦးရေပြားနှိပ်နယ်မှု ခံယူပါ။

ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေနိုင်တယ်
ခေါင်းတစ်ခြမ်းကိုက်တာနဲ့ ခေါင်းကိုက်ဝေဒနာတွေ သက်သာစေဖို့အတွက်လည်း ဦးရေပြားနှိပ်နယ်မှုက အထောက်အကူပြုပေးနိုင်ပါတယ်။ ခေါင်းကိုက်ရတဲ့အကြောင်းအရင်းတွေထဲမှာ အများစုက စိတ်ဖိစီးတာနဲ့ နာကျင်မှုဝေဒနာခံစားနေရတာတွေကြောင့်ပါ။ ဒါကြောင့် ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်းကိုက်တာကို ခံစားရမယ်ဆိုရင် ဦးရေပြားကို ခပ်ဖွဖွလေးနှိပ်နယ်ပေးပါ။

ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တယ်
ခန္ဓာကိုယ်က စွန့်ထုတ်မယ့် အညစ်အကြေးတွေကို ပြန်ရည်ကြောစနစ်ထဲမှာ သိုလှောင်ထားတတ်ပါတယ်။ ဦးရေပြားကို နှိပ်နယ်ပေးခြင်းက လည်ပင်းနားကိုသွေးကောင်းကောင်းစီးဆင်းအောင် လှုံ့ဆော်ပေးပြီး ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ဒီလုပ်ငန်းစဉ်က ကိုယ်ခံအားကောင်းစေဖို့လည်း အထောက်အပံ့ပေးနိုင်ပါတယ်။

ဟော်မုန်းပမာဏကို ထိန်းညှိပေးတယ်
မနိုင်ဝန်တွေထမ်းတဲ့အခါ ခန္ဓာကိုယ်က စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းတွေကို ထုတ်လွှတ်ပါတယ်။ ဟော်မုန်းတွေမညီမျှမှုက အိပ်မပျော်တာ၊ ပင်ပန်းတာတွေကို ခံစားရစေနိုင်ပါတယ်။ ဒီပြဿနာကို ကင်းဝေးစေဖို့ စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ ဟော်မုန်းတွေကို ထိန်းညှိပေးနိုင်မယ့် နည်းလမ်းတစ်ခုဖြစ်တဲ့ ဦးရေပြားကို နှိပ်နယ်ပေးမှုကို လုပ်ဆောင်ပေးသင့်ပါတယ်။ ဦးရေပြားနှိပ်နယ်ပေးမှုက စွမ်းအင်တိုးစေပြီး နာကျင်မှုကို လျော့ပါးစေနိုင်သလို ဟော်မုန်းမျှတအောင် လုပ်ဆောင်ပေးမှုကြောင့် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါကျန်းမာစေနိုင်ပါတယ်။

ကြွက်သားတွေနာကျင်မှုကို သက်သာစေနိုင်တယ်
ကြွက်သားတွေကို အလွန်အကျွံအသုံးပြုတာ၊ ကိုယ်နေဟန်ထား ပုံစံမမှန်တာတွေကို အချိန်ကြာမြင့်စွာ လုပ်ဆောင်မိတဲ့အခါ ကြွက်သားတွေ တောင့်တင်းနာကျင်မှုကို ခံစားရနိုင်ပါတယ်။ အလေးအပင်တွေမတာကြောင့်လည်း ကြွက်သားနာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။ ဒီဝေဒနာတွေကို အကောင်းဆုံးဖြေရှင်းဖို့က ဦးရေပြားကို နှိပ်နယ်မှုခံယူတာပါပဲ။

အသက်ရှူလမ်းကြောင်းကို ကျန်းမာစေနိုင်တယ်
ဦးရေပြားကိုနှိပ်နယ်ပေးတာက ခန္ဓာကိုယ်ကို ပြေလျော့စေပြီး အသက်ရှူလမ်းကြောင်းကို ကျန်းမာစေနိုင်ပါတယ်။ ထိပ်ကပ်နာ၊ ပန်းနာရင်ကျပ်တို့အပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေကို သက်သာစေနိုင်စွမ်းလည်းရှိပါတယ်။

ဆံပင်သန်စေနိုင်တယ်
ဦးရေပြားကို နှိပ်နယ်ပေးတာက ဆံပင်အမြစ်အိတ်တွေဆီကို သွေးစီးဆင်းရောက်ရှိမှု ကောင်းမွန်စေပြီး ဦးရေပြားက သွေးကြောလေးတွေကို ပွင့်စေနိုင်ပါတယ်။ ဒီအကျိုးဆက်ကတော့ ဆံပင်တွေကို လိုအပ်တဲ့ အာဟာရ ရစေပြီး ဆံပင်တွေကို ကျန်းမာသန်စွမ်းစေပါတယ်။ ပုံမှန်နှိပ်နယ်ပေးမယ်ဆိုရင် ကျန်းမာသန်စွမ်းထူထဲတဲ့ ဆံသားတွေကိုပိုင်ဆိုင်နိုင်မှာပါ။

အာရုံစိုက်နိုင်စွမ်းကောင်းစေတယ်
ဆီအသုံးပြုပြီး ဦးရေပြားကို နှိပ်နယ်ပေးတာက စိတ်ခံစားမှုကို ကောင်းမွန်စေနိုင်ပြီး အာရုံစူးစိုက်နိုင်မှုကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။

ခန္ဓာကိုယ်ကို အားပြည့်စေတယ်
ဦးရေပြားနှိပ်နယ်ပေးမှုက စိတ်ရောကိုယ်ပါ လန်းဆန်းစေပြီး ခန္ဓာကိုယ်ကို အားပြည့်စေနိုင်ပါတယ်။

25/03/2023

တကိုယ်လုံးအနှိပ်ခံခြင်းက ကျန်းမာရေးအတွက် အကျိုးပြုရဲ့လား??

ခန္ဓါကိုယ် တကိုယ်လုံး အနှိပ်ခံတာကို ကြိုက်တဲ့သူဆိုရှိသလို မကြိုက်တဲ့သူလည်း ရှိပါတယ်။ တစ်နေ့တာညောင်းညာမောပန်းသမျှကိုပြေလျှော့ဖို့တော်တော်များများကတော့ အနှိပ်ခံကြပါတယ်။ အိမ်မှာရှိတဲ့သူတွေကို နှိပ်ခိုင်းတာပဲဖြစ်ဖြစ် spa မှာ နှိပ်တာပဲဖြစ်ဖြစ် ကျန်းမာရေးကို အကျိုးပြုပါတယ်။ အကြော၊ အရိုးတွေ မထိခိုက်အောင်တော့ နှိပ်နယ်ပေးဖို့ လိုပါတယ်နော်။ ခန္ဓါကိုယ်တကိုယ်လုံး အနှိပ်ခံတာက အညောင်းညာပြေဖို့တင် မဟုတ်ဘဲ တခြားကျန်းမာရေး အကျိုးကျေးဇူးတွေလည်းပေးစွမ်းနိုင်ပါသေးတယ်။ ဘာတွေလဲဆိုတာ ဖတ်ကြည့်ပါဦးနော်။

(၁) ခန္ဓါကိုယ် တကိုယ်လုံး စနစ်တကျ နှိပ်နယ်ခြင်းက ကြွက်သားတစ်ရှူးတွေ ပျက်စီးခြင်းကြောင့်ဖြစ်တဲ့ နာကျင်ခြင်းတွေကို သက်သာစေပါတယ်။ ဒါ့အပြင် ကြွက်သားတွေကောင်းမွန်စေဖို့အောက်ဆီဂျင်နဲ့ တခြားအာဟာရတွေ တိုးပွားစေဖို့သွေးလည်ပတ်မှုကောင်းအောင်လည်း အထောက်အကူပြုပါသေးတယ်။

(၂) နှိပ်နယ်ခြင်းဟာ ခန္ဓါကိုယ်ထဲကိုရောဂါတွေ ဝင်မလာနိုင်အောင် ခုခံတားဆီးပေးထားနိုင်တဲ့သွေးဖြူဥဆဲလ်တစ်မျိုးဖြစ်တဲ့ lymphocytes တုန့်ပြန်မှုကို တိုးတက်စေပါတယ်။

(၃)မောပန်းနွမ်းနယ်ခြင်းတွေကိုပြေပျောက်စေပြီး ခန္ဓါကိုယ် စွမ်းအင်တိုးတက်စေပါတယ်။ စိတ်ပိုင်းဆိုင်ရာကိုလည်း နိုးကြားတက်ကြွစေပါတယ်။ နှိပ်နေရင်း အိပ်ပျော်သွားတယ်ဆိုရင်တောင် နိုးလာတဲ့အခါမှာ အားပြည့်လာတာကိုတွေ့ရှိမှာပါ။

(၄) နှိပ်နယ်ခြင်းဟာ cortisolဖြစ်တဲ့ စိတ်ဖိစီးမှုဟော်မုန်း ပမာဏကိုလျှော့ချခြင်းဖြင့် စိုးရိမ်စိတ်ပူခြင်းကိုလျော့ကျစေပါတယ်။နောက်ထပ် အကျိုးပြုတဲ့ အချက်ကတော့ ခန္ဓါကိုယ်ထဲမှာပျော်ရွှင်ခြင်းကိုဖြစ်စေတဲ့serotonin ပမာဏကို တိုးစေပါတယ်။သွေးဖိအားကျဆင်းခြင်းပေါ်မှာလည်းကောင်းကျိုးသက်ရောက်စေပါသေးတယ်။

(၅)ချွေးထွက်ခြင်းဟာ အရေပြားပေါ်မှာရှိတဲ့ အဆိပ်အတောက်တွေ ဖယ်ရှားဖို့အတွက် လိုအပ်တဲ့ အရာပါပဲ။ spaတွေမှာချွေးထွက်အောင်ချွေးထုတ်ခြင်းဟာ ခန္ဓါကိုယ်ထဲမှာ ရှိတဲ့ အဆိပ်အတောက်တွေ ဖယ်ရှားနိုင်အောင်ပါပဲ။ နှိပ်နယ်ခြင်းဟာချွေးထွက်စေတာမို့ အဆိပ်အတောက်တွေကိုပြေလျော့စေပါတယ်။

(၆) နှိပ်နယ်ခြင်းဟာ အလှအပအတွက်ပါ အကျိုးပြုပါတယ်။ခေါင်းအစခြေအဆုံး နှိပ်နယ်ပေးခြင်းက ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီးချွေးပေါက်တွေကို ပွင့်စေတဲ့အပြင် ဆဲလ်အသစ်ဖြစ်ပေါ်ဖို့ကို အားပေးပါတယ်။ ဒီလိုလေး ပုံမှန်သာ နှိပ်ပေးမယ်ဆိုရင် အသားအရေ ကြည်လင်တောက်ပမှာသေချာပါတယ်။

ဆက်လက်ဖတ်ရှုမည်။

(၇) နှိပ်နယ်ခြင်းဟာ အရေပြားလျှော့ရဲခြင်းတွေ မဖြစ်စေဖို့ တားဆီပေးပြီး ရုပ်ဆိုးစေတဲ့ အဆီခဲတွေကိုလျှော့ချပေးပါတယ်။ ဒါဟာ ကိုယ့်ရဲ့ အသားအရေကောင်းမွန်လာစေတဲ့ အချက်တစ်ချက်ပါပဲ။ အရေပြား တင်းတင်းရင်းရင်းဖြစ်စေမှာမို့ ငယ်ရွယ်နုပျိုနေမှာ အသေအချာပဲနော်။

(၈)တော်တော်များများကတော့ ဇက်ကြောနဲ့ကျောဘက်ညောင်းညာတာကြောင့် နှိပ်ကြတာပါ။Annals of Internal Medicine အရ နှိပ်နယ်ခြင်းဟာကျောဘက်ညောင်းညာတာတွေကိုဖြေစေတဲ့အပြင် အာရုံကြောကိုပါကောင်းစေတယ် ဆိုထားပါတယ်။

နှိပ်နယ်ခြင်းကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို သိရပြီဆိုတော့ ကျန်းမာရေးကောင်းမွန်စေဖို့ အညောင်းပြေအညာပြေ နှိပ်နယ်တာတွေ လုပ်လို့ ရပြီနော်။

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Happy New Year ဆုတောင်း🎇---------------------------------2023 နှစ်သစ်မှာ လူသစ် စိတ်သစ်နဲ့ အခွင့်အလမ်းသစ်များကိုဖန်တီးနို...
🎈🎈🎉JZG Royal Health & Beauty Center (နဝဒေး) ဆိုင်ဖွင့်ပွဲအခမ်းအနားကို အမှတ် (92/6,7), Nawaday Shop House , လှိုင်သာယာမြိ...
Royal Health & Beauty CenterLatha:09955168884FMI City:09666697878Nawaday: 09671161777💆Royal Health Center မှာ..*Body Spa...
🌸💆တနေ့တာစိတ်ရောလူပါပင်ပန်းနွမ်းနယ်ပြီးကိုယ်လက်မအီမသာဖြစ်နေတာတွေကိုRoyal Health Centerမှာ Foot Massage, Traditional Body ...
🎈🎈🎉Royal Health & Beauty Center (FMI City) ဆိုင်ဖွင့်ပွဲအခမ်းအနားကို အမှတ် K-7, အထက်ပဒေသာလမ်းမပေါ်မှာ စက်တင်ပါ ၁၀ ရက်နေ့...

Category

Telephone

Website

Address


No. 709/713, Maharbandoola Street, Top Of 18th St, Lathar Township
Yangon
11141

Other Health spas in Yangon (show all)
KuMudra Health & Beauty Spa KuMudra Health & Beauty Spa
No 220, Aung Thu Kha Street, 9 Miles, Mayangone Township
Yangon, 11061

Over 20 years Beauty and Spa experience in Myanmar, let your skin be healthy with us!

JC Nail & Foot Reflexology JC Nail & Foot Reflexology
No. 734/Thandar 2st , 35 Quarter , , Near Pinlon Road, North Dagon Township
Yangon, 11091

A massage is just like a movie, really relaxing and a total escape, except in a massage you’re the

MMT Foot Reflexology MMT Foot Reflexology
No. 306, No. 4 Main Road, Shwepyithar
Yangon

Thai Body Massage, Foot Massage, Shoulder Massage, Pedicure/Manicure.

Touch n Treat Touch n Treat
No ( 44/J ), Maezigone Road, (8) Quarter , Hlaing
Yangon, 11052

YOUR OASIS

Heranano Curcumin- ဗိုက်အောင့်ဗိုက်နာကုသမှုမှာနံပါတ်တစ် Heranano Curcumin- ဗိုက်အောင့်ဗိုက်နာကုသမှုမှာနံပါတ်တစ်
နရာလိပ္စာ ၊ အိမ္နံပါတ္ (V-58)
Yangon, 12000

🥛 တစ်ရက်ကို ၂ခွက်သာ၊ လက္ခဏာတွေကို အပြည့်အဝ ကုသပေးမှာပါ 👉

Spa Guide in Yangon Spa Guide in Yangon
Yangon, 6645

Yangon ဘာညာအပီးအစီး Spa များ High Class Spa https://t.me/+MWSQPYGgQ8MzNDk1 📞09950044500 စမ်းချောင်း Paradise Spa City https://t.me/+B_y6jzfNlh8zM2Zl 📞09400190016 ဗိုလ်တထောင် Diam...

Beauty & Healthy Life by maythu Beauty & Healthy Life by maythu
No. (226), Myat Lay Street, Pale (2) Qtr . Mingalardon Township
Yangon

ပစ္စည်းမှာယူရန် chat box (or) ☎️0️⃣9️⃣9️⃣8️⃣8️⃣8️⃣2️⃣6️⃣9️⃣8️⃣9️⃣ဆက်သွယ်ပါရှင့်။

True Nature Spa - Thamine True Nature Spa - Thamine
2/6 Thamein Train Station, Mayangone Tsp
Yangon

Neighbors first - this is a seed to the foundation of True Nature Spa. We focuses on providing professional body healing services. Our experienced massage therapists are here to up...

Bee Healthy Spa - family Bee Healthy Spa - family
Yangon, 11291

Welcome Bee Spa

Yadanar Health Care Center Yadanar Health Care Center
Building 8, 4-B Yadanar Road, Tsp, Myanmar (Burma)
Yangon, 11071

ဆေးကြပ်ထုပ်၊ရိုးရာအကြောပြင်အနှိပ်၊အဆီချခြင်းများအကောင်းဆုံးဝန်ဆောင်မှုပေးပါတယ်

Golden Fingers Spa Golden Fingers Spa
Nawaday Zay Lane
Yangon, 11091

Spa

Be Relax Wellness&Reflexology Be Relax Wellness&Reflexology
No. 204, Parami Road, South Okkala Township
Yangon