Ma Ma Yangon Market

Airticket, Beauty & Cosmetic, Clothing များကို တစ်နေရာတည်းတွ

04/08/2024

🛑 Up to date: PJ PV passport ကိုင်ဆောင်ထားသူများ မြန်မာနိုင်ငံလေဆိပ်မှ ထွက်ခွါခွင့်အကြောင်း

♨️Hot ဖြစ်နေတဲ့ သတင်း

🔘 Passport ကို PV အမျိုးအစား ကိုင်ဆောင်ထားသူတွေ လေဆိပ်မှာ ထွက်ခွင့်ပိတ်လိုက်တာလား
🔘 PJ တွေ ထွက်မရဘူး သို့ ထွက်ဖို့မလွယ်ဘူး

❗️Information အမှန်

📕If you are PV type passport holder :

PV = passport for Visit
အလည်အပတ်သီးသန့် သတ်မှတ် ထုတ်ပေးထားတဲ့ passport ဖြစ်ပါတယ်။ အရင်ကတော့ ဒီအမျိုးအစားနဲ့ အလုပ်ဗီဇာနဲ့ နေလို့ ရကောင်းရခဲ့ပါမယ် ။ အခုက rules တိုင်း အတိအကျသတ်မှတ်တဲ့အခါ မရတော့တာပါ။ visit အမျိုးအစား passport ကိုင်ထားသူသည် မည်သည့်နိုင်ငံမဆို့ only for visit သွားရောက်လည်ပတ်ရုံသာ ခွင့်ပြုပါတော့တယ်။

🟩 PV passport ဖြင့် Visitor အဖြစ်အလည်သွားတဲ့သူများ မြန်မာလေဆိပ်မှ ထွက်ခွါခွင့်ရရန်လိုအပ်သည့်စာရင်း

✅ Flight ticket ✈️ two way (အသွားအပြန်)
✅ မြန်မာနိူင်ငံသား မှတ်ပုံတင်
✅ Hotel Booking
✅ Show Money ($500 or ထိုင်း B20000 ကို
cash in hand ငွေသား လက်ဝယ်ပြရပါမယ် ဘဏ်အကောင့်မရပါ)

အဆိုပါ documentation (4) မျိုး မပြည့်စုံရင် မြန်မာနိုင်ငံက ထွက်ခွါခွင့် မရပါဘူး… ❌

📕If you are PJ type passport holder :

PJ = Passport for Job
ပြည်ပနိုင်ငံများမှာ အလုပ်သွားရောက်လုပ်ကိုင်ဖို့ ထုတ်ပေးထားတဲ့ နိုင်ငံကူးလက်မှတ်အမျိုးအစားဖြစ်ပါတယ်။ ဒါကြောင့် Visitor passport များ
Job Visa ဖြင့်သွား၍မရပါ ❌

PV passport ကိုင်ဆောင်ထားပြီး job visa (non-B / non-LA) စသဖြင့် တစ်ခုခု ဖြစ်နေတယ်။ မြန်မာနိုင်ငံက ထွက်ခွါခွင့် မရပါဘူး… ❌

👉 Job Visa သမားများ PJ type ကို ပြောင်း၍ အခွန် ဆောင်ထားကြောင်း ပြနိုင်မှသာ မြန်မာနိုင်ငံက ထွက်ခွါခွင့် ရပါလိမ့်မယ် .. 💯✔️

PV with work visa မြန်မာနိုင်ငံ အလည်ပြန်လာလိုပါက ဆောင်ရွက်ရမည့် အချက်များ
✅ မိမိရောက်ရှိရာ နိုင်ငံ သံရုံးမှာ PV to PJ ပြောင်းပါ
✅ အခွန်ဆောင်ခဲ့ပါ
✅ Owic card မရှိသေးပါက မြန်မာနိူင်ငံ ရောက်ရောက်ခြင်းလျှောက်ပါ။

PJ passport အဟောင်းနှင့် work visa ရှိသူများကို OWIC card + အခွန် ၂၅% ဆောင်ထားရင် လေဆိပ်မှ ထွက်ခွါခွင့်ပြုပါတယ် ✅

PJ (Job passport) အသစ်များကတော့ နိုင်ငံခြားမှ အလုပ်ခေါ်စာဖြင့် တရားဝင်
OWIC ကဒ်ကိုင်ဆောင်ထားပြီး လေဆိပ်မှာ ပြနိုင်ရင်ရပါတယ်… ✅

PJ ဖြင့် ကျောင်းသွားတက်မည့်သူများ

👉 ရန်ကုန်ထိုင်းသံရုံးမှာ Student Visa ရရှိပြီး၍ passports ထဲ non-immigrant visa ဖြင့် ကျောင်းသွားတက်သူများ ကျောင်းနဲ့ဆိုင်တဲ့
စာရွက်စာတမ်းတွေလိုပါတယ် ✅

👉 PJ နှင့် Ed visa သမားဖြင့် ထိုင်းနိုင်ငံမှာ လက်ရှိနေထိုင်သူများကတော့ ခုထိတော့ ဘာမှ မကြားသေးပါ။ ဖြစ်နိုင်ရင်တော့ Education visa ရှိနေပါက PE type ပြောင်းသင့်ပါတယ်။

Nothing is 100% certain ပါ။

📕If you are seaman with PS type passport:

PS = Passport for Seaman
သင်္ဘောသားတွေကတွေကတော့ အရင်လိုပဲ ထွက်စာ DO ပါရင်ရပါတယ် ✅

အားလုံးပဲ အဆင်ပြေကြပါစေရှင့် 🌸

မေ ❤️

Photos from Ma Ma Yangon Market's post 03/08/2024

လေယာဉ်စီးတဲ့ခါ ဖောင်ဖြည့်ရမှာကို
စိတ်ပူနေတဲ့သူများအတွက်
ဖောင်ဖြည့်တဲ့ နမူနာ စာရွက်ပုံစံပါ။

လေယာဉ်လက်မှတ် နှင့်
လေယာဉ်ကွင်းဝန်ဆောင်မူ့တွေ သိချင်တာရှိရင် (ဖုန်း -09795843987, 095171939)ကို
ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။ ✈️

03/08/2024

PV သမားတွေ လေယာဉ်ပေါ်အတက်မခံတော့ဘူးလားဆိုပီး လာလာမေးကြလို့ အကုန်လာလို့ရပါတယ်။
show money ပြပေးရပါတယ်။
US$500 နဲ့ hotel ဘိုကင် ticket 2 way ပါရင်ရပါတယ်။
အခုက အလုပ်နဲ့ သွားတာမို့ အဲတာတွေ မပါလို့
မရတာပါ။

💧PV တွေ ပိတ်တယ်လို့ မဆိုလို့ပါ။💧

PV ကြီးကိုင်ထားပြီး ဘာမှမပါတာကျ
ယုတ္တိမရှိသလို
စီမံချက်ရှိရင်လဲ ဘယ်ချိန်ဖြစ်ဖြစ် စစ်မှာပါ။

PV ဆိုတာ Pass Visit မို့အလည်သွားတဲ့
စာအုပ်ဖြစ်နေလို့ပါ။

English လိုလေးတော့အတော်အသင့်ပြောတတ်ဖို့လိုပါသေးတယ်။

PJ/PV စည်းမျဉ်းစည်းကမ်းနဲ့ ညီရင်
အကုန်သွားလို့ရပါတယ်။

✈️ လေယာဥ်မပိတ်ပါဘူး။✈️

အသေးစိတ်ကတော့ ကိုယ်နဲ့ပတ်သက်တဲ့
အေ့ဂျင့်နဲ့ မေးမြန်းကြပါ။

📢 လိုအပ်တာဘာတွေလဲဆိုရင် 📢
👉PV သမားက အသွားအပြန် Two ways air tickets ပြရမယ်
👉Show money ပြရမယ်
👉Hotel booking ပြရမယ်

IPA နဲ့ PV ထွက်မရတော့ဘူး။
အခုကာလက အလုပ်နဲ့ သွားရင် PJ ပဲ လက်ခံမယ်လို့ပြောတာပါ။

PJ သမား ပြည်ပထွက်အလုပ်လုပ်ချင်ရင်
Owic ကတ်နဲ့ ထွက်ပါ။

📌 PJ ကနေ PV change မပေးတော့ပဲ
📌 PV ကနေ PJ ကိုချိန်းခွင့်ပြုတယ်
📌 6 လအတွင်းချိန်းရင်မြန်တယ်။
📌 ၆ လအထက် PV သမား PJ change ချင်ရင်
QR ပြန်ယူစောင့်ရမယ်။

13/04/2024

🌿🌾🌿🌾🌿🌾🌿🌾🌿🌾🌿🌾🌿🌾🌿🌾
မင်္ဂလာရှိသော နှစ်သစ်လေးမှာ စိတ်၏ချမ်းသာခြင်း
ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေရှင်။

မင်မင့်ဆီမှာ ဖုန်းဆက်၍သော်လည်းကောင်း
Viber ကသော်လည်းကောင်း ပြည်တွင်း/ပြည်ပလေယာဉ်လက်မှတ်များ ဝယ်ယူအားပေးနေကြတဲ့ မိတ်ဟောင်းမိတ်သစ်များအားလုံး ‌စီးပွါးတိုးတက်ကြပါစေ။ ဘေးမသီရန်မခပဲ အလိုဆန္ဒများ
ပြည့်ဝကြပါစေရှင်။

Photos from Ma Ma Yangon Market's post 04/09/2023

ညောင်​ရွှေက ဟိုတယ်တစ်လုံး ​ရောင်းပါမယ်​နော် 🤗
ကျမ friend ထဲက ​​​ဘောစိ​တွေ ၀ယ်ကြပါလားရှင် ☺😍

😍အရမ်းလှပြီး အရမ်းတန်တဲ့
ဟိုတယ်လေးတစ်လုံးရောင်းပါမယ်😍

နေရာ... ညောင်​ရွှေ ပွဲ​တော်၀င် စား​သောက်ဆိုင်အနီး

မြေအကျယ် -(0.43)ဧက (100x200)ပေ
လုပ်ငန်းလိုင်စင်ပါပါတယ်

လုံးချင်းအဆောင်- ၈လုံး နှင့် ၂ထပ် RC ၁လုံးအခန်းပေါင်း (20)+Spa (1)ခန်း

လုံးချင်း အခန်းလေးတွေရဲ့အတွင်းပိုင်းကကျွန်းခင်း,ကျွန်းကာ ပါ

အခန်းထဲက ပစ္စည်းလေးတွေအားလုံးအပါ
ရောင်းချပေးသွားမှာပါနော်...
TV,​​ရေခဲသေတ္တာ, Aircon, မွှေ့ယာ, Duvet, အိပ်ယာခင်းကအစ မဲဆောက်ကုမ္မဏီကနေ တိုက်ရိုက်မှာယူထားတဲ့ ထိုင်းနိုင်ငံသုံး quality တွေပါ..

ကိုယ်ပိုင် Transformer နဲ့ Denyo 60ES မီးစက်တစ်လုံး ပါပါတယ်နော်

💞အ​ရောင်းဖွင့်​စျေး သိန်း 18000 💟
ညှိနှိုင်းပါ

22/07/2023

✈️𝐖𝐡𝐞𝐧 𝐜𝐡𝐞𝐜𝐤𝐢𝐧𝐠-𝐢𝐧 𝐟𝐨𝐫 𝐅𝐥𝐢𝐠𝐡𝐭✈️

ဒီတစ်ခေါက် ခရီးသွားများအတွက် လေဆိပ်ကောင်တာတွင် Check-in ဝင်တဲ့အခါ လိုအပ်တာလေးတွေကို မင်မင်က ပြောပြပေးချင်ပါတယ်.....🛫🛫
✈️လေဆိပ်သို့ လေယာဉ်ထွက်ခွာချိန်မတိုင်မီ
၂ နာရီအလိုတွင် မဖြစ်မနေကြိုတင် လာရောက်
ပေးရန်လိုအပ်ပြီး လေဆိပ်ကောင်တာမှာ
လေယာဉ်မထွက်ခွာမီ နာရီဝက်အလိုတွင် ကောင်တာပိတ်ပါတယ်ရှင်...

✈️သက်ဆိုင်ရာ လေကြောင်းလိုင်းတွင် Check-in ပြုလုပ်ရန်အတွက် (E -Ticket )လေယာဉ်လက်မှတ်၊ ကျန်းမာရေးထောက်ခံစာနှင့်အတူ မှတ်ပုံတင်ကဒ်ပါ မဖြစ်မနေ ယူဆောင်လာပေးရပါမယ်ရှင်...

✈️အသက် ၂ နှစ်အောက် ကလေးငယ်များအတွက် မွေးစာရင်း (သို့မဟုတ်) သန်းခေါင်စာရင်းမိတ္တူ ပြသပေးရန် လိုအပ်ပါတယ်နော်…

✈️အသက် ၂ နှစ် နှင့် အထက် ကလေးများအတွက်လည်း ၁၀နှစ်ပြည့် မှတ်ပုံတင်၊ ကျောင်းသားကဒ်၊ သန်းခေါင်းစာရင်းမိတ္တူများ ပြသပေးရန် လိုအပ်ပါတယ်ရှင်...

✈️ခရီးသည်မှ Check-in Counter တွင် Baggage အား အပ်ပြီးသည်နှင့် သက်ဆိုင်ရာဝန်ထမ်းများမှ Boarding pass ထုတ်ပေးသည့်အခါ မိမိတို့လိုရာခရီးသွားရန်အတွက် Immigration အားဖြတ်၍ Boarding gate တွင်အသင့်စောင့်ဆိုင်းနိုင်ပါပြီရှင်....

➖➖➖➖➖➖➖➖➖➖➖
Ma Ma Yangon Market
☎️ - 095171939 , 09795843987
📧 - [email protected]
➖➖➖➖➖➖➖➖➖➖➖
𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐥𝐢𝐧𝐤𝐬 👇👇👇
https://www.facebook.com/profile.php?id=100075991520070&mibextid=ZbWKwL

𝐕𝐢𝐛𝐞𝐫 -> 095171939, 09795843987

Photos from Ma Ma Yangon Market's post 22/07/2023

❣️ မြန်မာအမျိုးသားလေကြောင်း (MNA)၏ ပြည်တွင်း ၊ ပြည်ပခရီးစဉ်များ တွင်ပျံသန်းစီးနင်းလိုက်ပါမည့် ခရီးသည်များအနေဖြင့် မိမိတို့ ဝယ်ယူထားသာ Class ပေါ် မူတည်ပြီး kg များကို အောက်ပါအတိုင်း သယ်ယူနိုင်ပါတယ် ရှင်..

✈️ 𝐌𝐍𝐀 𝐃𝐨𝐦𝐞𝐬𝐭𝐢𝐜 𝐅𝐥𝐢𝐠𝐡𝐭𝐬

❤️ ECONOMY CLASS - 20 KG
💚 PREMIUM ECONOMY CLASS - 25 KG
💙 BUSINESS CLASS - 30 KG

✈️ 𝐌𝐍𝐀 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐅𝐥𝐢𝐠𝐡𝐭𝐬

❤️ ECONOMY CLASS - 30 KG
💚 PREMIUM ECONOMY CLASS - 35 KG
💙 BUSINESS CLASS - 40 KG

🌐 ယခုပဲ မိမိတို့သွားရောက်လို့သော မြို့ကြီးများရဲ့ ခရီးစဉ်ဈေးနှုန်းများကို 💙 𝐌a Ma Yangon Air Ticket Sales 💙 တွင် လာရောက်စုံစမ်း
ဝယ်ယူနိုင်ပါတယ် ရှင်...

➖➖➖➖➖➖➖➖➖➖➖
Ma Ma Yangon Market
☎️ - 09795843987 , 095171939
📧 - [email protected]
➖➖➖➖➖➖➖➖➖➖➖
Facebook Link :
https://www.facebook.com/profile.php?id=100075991520070&mibextid=ZbWKwL
Viber : 095171939, 09795843987

21/07/2023

✈️ ရန်ကုန် - လားရှိုး ✈️

လက်မှတ်များလိုချင်ရင် ဆက်သွယ်လိုက်ပါရှင်။
၂၄, ၂၅, ၂၆, ၂၇ ရက်နေ့အတွက် ရနိုင်ပါသေးတယ်ရှင့်။

ဈေးနှုန်းကတော့ Air KBZ ဖြင့်
၂၂၂၅၀၀/-
၂၁၇၅၀၀/-
၁၉၅၅၀၀/- ဖြစ်ပါတယ်ရှင်။

MNA ဖြင့် ၂၇, ၃၀ ရက်နေ့အတွက်ရပါသေးတယ်။
ဈေးနှုန်းကတော့
၂၇ ရက်နေ့မှာ ၁၈၅၀၀၀/-
၃၀ ရက်နေ့မှာ ၂၁၅၀၀၀/- ဖြစ်ပါတယ်ရှင်။

✈️✈️✈️✈️✈️✈️✈️✈️✈️✈️✈️✈️✈️✈️

10/05/2023

လေယာဉ်လက်မှတ်ကို ဖုန်းထဲကနေပြတာ
လက်မခံဘူးဆိုလို့ print ထုတ်လာခဲ့လိုက်တယ်
ဘာမှတ်လဲ 😁😁😂😂

Credit : Denz Blanco Tacud

04/04/2023

ရန်ကုန်လေဆိပ်တွင် ပြင်ပ Taxi များ ဝင်ရောက်ပြေးဆွဲခွင့် ပြုမည်မဟုတ်ဘဲ Grab Taxi များသာ ခရီးသည်ဝန်ဆောင်မှုပေးရန် Grab နှင့် Aerodrome တို့ တရားဝင်လက်တွဲ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၃.၄ ၂၀၂၃
Written by Hey Mar

ရန်ကုန်လေဆိပ်တွင် ပြင်ပ Taxi များ​ ဝင်ရောက်ပြေးဆွဲခွင့်မပြုတော့ဘဲ Grab ကုမ္ပဏီ၏ Application အသုံးပြုသည့် တက္ကစီများကိုသာ ခရီးသည်တင်ဝန်ဆောင်ခွင့်ပြုလိုက်ကြောင်း Grab ကုမ္ပဏီ Call Center တာဝန်ရှိသူက MT News သို့ ပြောသည်။

ဧပြီလ ၃ ရက်နေ့မှ စတင်ကာ ရန်ကုန်လေဆိပ်တွင် Taxi
ဆွဲခွင့်လိုင်စင်ကို Grab ကုမ္ပဏီက Airport Management Company ဖြစ်သည့် Aerodrome နှင့် Partnership ပြုလုပ်ခဲ့ကြောင်း သိရသည်။

Grab Call စင်တာမှ တာဝန်ရှိသူက "ပြင်ပတက္ကစီတွေ အလုပ်လက်မဲ့ဖြစ်အောင်၊ စားဝတ်နေရေးထိခိုက်အောင် ပြုလုပ်တာမဟုတ်သလို၊ အဓိကရည်ရွယ်ချက်က ခရီးသည်တွေ ဘေးကင်းလုံခြုံမှုရှိရှိနဲ့ သွားလာနိုင်အောင်ရယ်၊ စည်းစနစ်ကျတဲ့ဝန်ဆောင်မှုတစ်ခုဖြစ်စေအောင် အဓိကရည်ရွယ်ပြီး Airport Management Company ဖြစ်တဲ့ Aerodrome နဲ့ လက်တွဲခဲ့တာပါ။ Grab application ကို အသုံးပြုတဲ့ တက္ကစီတိုင်း လေဆိပ်ခရီးသည် ဝန်ဆောင်မှုပေးခွင့်ရမှာပါ။ နောက်ပြီး Grab ခရီးစဉ်တွေက App ကတစ်ဆင့် အကွာအဝေးအလိုက် System က သတ်မှတ်ထားတာမို့ ပုံသေဈေးနှုန်းကို ကားမငှားခင်က မြင်ရတယ်။ ဒီတော့ ခရီးသည်တွေအတွက် Fair ဖြစ်တယ်။ ခရီးသည်ခေါ်တာ လက်ခံပြီး ခရီးသည်မကြိုပေးတဲ့ မချေမငံ ဆက်ဆံတဲ့ တက္ကစီတွေကို ကျွန်မတို့ ပလက်ဖောင်းကနေ ဖယ်ထုတ်တာတွေလဲ ရှိပါတယ်။ အဓိက,က ကျွန်မတို့စည်းမျဉ်းနဲ့ ကိုက်ညီတဲ့ ဝန်ဆောင်မှုပေးနိုင်တဲ့ တက္ကစီတိုင်း လေဆိပ်ခရီးသည် ရမှာပါ"ဟု MT News ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

လေဆိပ်တက္ကစီအပါအဝင် အဝေးပြေကားဝန်းအတွင်းပြေးဆွဲနေသော တက္ကစီအများစုနှင့် ခရီးသည်များ မကြာခဏ အချေအတင် ဖြစ်ပွားခြင်းများလည်း ရှိနေပြီး စျေးအဆမတန်တောင်းခြင်း၊ လူပိုတင်ခြင်း၊ လမ်းကြောင်းတူ သို့မဟုတ် နီးစပ်ရာ ခရီးသည် ၃၊ ၄ ဦး စုတင်ခြင်းများ ပြုလုပ်ကြသည်ကိုလည်း ခရီးသည်အများစု ခံစားဖူးကြသည့်အတွက် ယခုလို စနစ်တကျ ​တာဝန်ယူမှု တာဝန်ခံမှုရှိသည့် တက္ကစီယာဥ်လိုင်းရှိသင့်သည်ဟု အဝေးပြေးတက္ကစီ၊ လေဆိပ်တက္ကစီများနှင့် ပတ်သတ်၍ မှတ်ချက်ပြုသည်များလည်း MT News က စုံစမ်းမေးမြန်းချက်များအရ သိရသည်။

30/03/2023

ထိုင်းနိုင်ငံမှာ ရက်ရှည်နေလိုသူမြန်မာနိုင်ငံသားများ တိုးရစ်ဗီဇာလျောက်လာခဲ့ရန် မြန်မာသံရုံးတိုက်တွန်း

ထိုင်းနိုင်ငံမှာ ရက်ရှည်နေလိုသူမြန်မာနိုင်ငံသားများ တိုးရစ်ဗီဇာလျောက်လာခဲ့ရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဒီကနေ့ မတ်လ ၃၀ ရက်က ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ထုတ်ပြန်ကြေငြာချက်မှာ

ထိုင်းနိုင်ငံ ကို လာရောက်လည်ပတ်သည့် ခရီးသွားများအတွက် အခမဲ့ ဗီဇာ ( visa free) ထိုင်းနိုင်ငံသို့ လာရောက်ကြမည့် မြန်မာနိုင်ငံသားများအား အသိပေးခြင်း
(၃၀-၃-၂၀၂၃)

၁။ ထိုင်းနိုင်ငံသို့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အတွင်း လာရောက်ကြသော နိုင်ငံအသီးသီးမှ နိုင်ငံသားများနှင့် ပတ်သက်၍ အခမဲ့ဗီဇာ (Visa Free) သဘောတူညီမှုရရှိထားသော နိုင်ငံသားများ (မြန်မာနိုင်ငံအပါအဝင်) သည် ၄၅ ရက်အထိ နေထိုင်နိုင်ပြီး၊ ဆိုက်ရောက်ဗီဇာ (Visa on Arrival) ရရှိထားသော နိုင်ငံသားများသည် ၃၀ ရက်အထိ နေထိုင်ခွင့်ရရှိခဲ့ပါသည်။
၂။ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ ယခင်အတိုင်း အခမဲ့ဗီဇာ (Visa Free) ဖြင့် ၁၄ ရက်သာ ခွင့်ပြုမည်ဖြစ်သောကြောင့် ရက်ရှည်နေထိုင်လိုသူများအနေဖြင့် ထိုင်းသံရုံး (ရန်ကုန်) ၌ ဗီဇာလျှောက်ထား၍ လာနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

(မြန်မာနိုင်ငံသားများအားလုံး ကိုယ်ကျန်းမာခြင်း၊ စိတ်ချမ်းသာခြင်း ရှိကြပါစေ)
လို့ဖေါ်ပြထားပါတယ်
်ကောက်လမ်းညွှန်ကိုစိုင်း

30/03/2023

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့
လာရောက်လည်ပါတ်မည့်သူများ April 1 ရက်နေ့က စပြီး Visa Free 14 ရက်ပဲရတော့မယ်

24/03/2023

Hi 😍
Long time no see..

မင်မင် သင်တန်းတွေ ကျောင်းတွေ
ဆက်တိုက်တက်နေဖြစ်လို့ page လေးကို
မကိုင်နိုင်ဖြစ်နေခဲ့ရလို့
စိတ်မကောင်းဖြစ်ရပါတယ်ရှင်
Page ကို update post တွေ မတင်ဖြစ်ပေမယ့်
မင်မင်ရဲ့ ကာကာတွေက ဖုန်းတွေဆက်ပီး
လက်မှတ်တွေ ဝယ်ယူအားပေးနေကြလို့
အရမ်းဝမ်းသာမိပါတယ်
ကျေးဇူးလဲတင်ပါတယ်ရှင်
အမာခံ customer တွေရှိနေသေးတဲ့အတွက်
ဆက်သွားဖို့ အားဆေးအဖြစ် တွန်းအားဖြစ်ရပါတယ်နော်
ပြည်တွင်း ပြည်ပ Tickets များကို
ယုံကြည်စိတ်ချစွာ ဝယ်ယူလို့ ရပါတယ်ရှင်

မင်မင်တို့က Agent အခိုင်အမာရှိတဲ့သူတွေပါ။
Agent ကွန်ယက်အဆက်အသွယ်တွေလဲရှိလို့
လက်မှတ်အတုကိစ္စ ဘယ်တော့မှ မရှိခဲ့
မဖြစ်ခဲ့ပါဘူး။ ဒါကြောင့်လဲ ကြော်ငြာစရာမလိုပဲနဲ့
အမြဲတမ်းဝယ်ယူအားပေးနေကြဆဲပါ။

အခု မင်မင် က ကျောင်းတစ်ဖက် အလုပ်တစ်ဖက်နဲ့
Balence ဖြစ်အောင် ပြန်ချိန်ရင်း အရင်လို ပိုစ့်လေးတွေ တက်လက်တင်ပေးသွားပါမယ်ရှင်။ 👍😍

အားလုံးသော ၈ ရက်သားသမီးများ
စိတ်ခိမ်းသာ ကိုယ်ကျန်းမာကြပါစေလို့
ဆုတောင်းမေတ္တာပို့သပေးပါတယ်ရှင် 💞🌹💐
မင်္ဂလာရှိသောနေ့ရက်လေးများဖြစ်ကြပါစေ

30/11/2022

ထိုင်း ဗီဇာ

မနေ့ကစပြီး ထိုင်းနိုင်ငံလာရောက်လည်ပါတ်ကြတဲ့မြန်မာပါတ်စပို့ ကိုင်ဆောင်သူများကို Visa Free ဗီဇာကင်းလွတ်ခွင့် ၄၅ ရက်စတင်ပေးတယ်လို့သိရပါတယ်။

ထိုင်းနိုင်ငံမှာ ဗီဇာကင်းလွတ်ခွင့်ရသည့်၄၅ ရက်ထက်
ပိုမိုနေထိုင်ချင်သူများ က ထိုင်းမှာ ရေရှည်နေဖို့ Visa လျောက်ဖို့ လိုအပ်ပါတယ်။

Visa တွေကို

(a ) Tourist Visa

(b ) Non-immigrant Visa

(c) Marriage Visa နဲ့

(d) Retirement Visa ဆိုပြီး ၄ မျိုး ခွဲခြားထားပါတယ်။

ကျနော့ရဲ့မိတ်ဆွေတစ်ယောက် လွန်ခဲ့တဲ့ ၄ နှစကတည်းကTourist Visa ဖြင့် ထိုင်းမှာ ရက်ရှည်နေထိုင်ခဲ့ပါတယ်။ Covid ကာလတစ်လျောက်လုံးလည်း မြန်မာပြည်မပြန် တတိယနိုင်ငံလည်းမထွက် လွန်ခဲ့တဲ့ 2 လခန့်အထိTourist Visa ဖြင့်နေထိုင်သွားတဲ့အတွက်ဆောင်ရန် ရှောင်ရန်တစ်ချို့ကို ကျနော် သိသလောက်ပြောပြပေးပါမယ်။

ထိုင်းနိုင်ငံသို့ 45 ရက် ဗီဇာဖရီး သို့ Tourist Visa ၂ လ
ဖြင့်လာရောက်ပြီး အလုပ်ရှာမည့်သူ သို့မဟုတ်အကြောင်း အမျိုးမျိုးကြောင့် ထိုင်းမှာရက်ရှည် နေချင်သူများဟာ ထိုင်းနိုင်ငံအတွင်းမှာ Visa Extension ဆက်မတိုးသင့်ပါဘူး။

အကယ်၍ ထိုင်းနိုင်ငံအတွင်းမှာ ဗီဇာသက်တမ်းသက်
တိုးပြီးနေထိုင်ခဲ့လျှင် နောက်တစ်ကြိမ်ထိုင်းကိုအဝင် မှာ
လေဆိပ်ကရစ်ခံရနိုင်တာကိုသတိပြုသင့်ပါတယ်။
လေဆိပ်လဝက ကို အကျိုးအကြောင်းကောင်းကောင်းမွန်မွန် ခိုင်ခိုင် လုံလုံ ရေရေလည်လည် ဖြေရှင်းနိုင်သူများ
အတွက်ကတော့ခြွင်းချက်ပေါ့ဗျာ။ သို့ပေမဲ့ အဲဒီသူများဟာလည်း ထိုင်းနိုင်ငံကို Tourist Visa & Visa Free 45 ရက်ကိုအကြိမ်ဖန် များစွာ ဝင်ထွက်ပြုလုပ်လို့မရပါဘူး။ ထိုင်းနိုင်ငံရဲ့ Stay တခုခုကို ဝယ်ဖို့ လေဆိပ် လဝကမှအကြုံပြုပါတယ်။

ရက်ကွာပြီးမှ ပြန်လည်ဝင်ရောက်လာသူများမှာပြသနာမရှိပေမဲ့ မိမိမှာမဖြစ်မနေ ထိုင်းမှာရက်ရှည် Tourist Visa ဖြင့် သက်တမ်းရနိုင်သလောက် နေထိုင်မည့် သူများအတွက်အထူးပင်ရှောင်ကြဉ် သင့်ပါတယ်။

ထိုင်းနိုင်ငံမှာ ဗီဇာသက်တမ်းကုန်တဲ့အခါ မြန်မာနိုင်ငံ ပြန်မလား တတိယနိုင်ငံ ထွက်မလား စဉ်းစားတဲ့အခါကျနော့အမြင် ကတော့ တတိယနိုင်ငံထွက်တာ ပိုအဆင်ပြေမယ်လို့ထင်ပါတယ်။ တတိယနိုင်ငံ ထွက်ပြီး Stay ရှောင်မည့် သူ ဟာထိုင်းနိုင်ငံအတွင်းမှာ မြန်မာသံရုံးသို့သွားပြီးထောက်ခံ
စာဖြင့် ဘဏ်အကောင့်တစ်ခုဖွင့်ထားဖို့လိုအပ်ပါတယ်။ ဒါကြောင့် ဗီဇာကိစ္ စဝိစ္စရှိတဲ့သူတစ်ချို့ဟာ ထိုင်းရောက်တာနဲ့ ဘဏ်အကောင့်စတင်ဖွင့်သင့်ပါတယ်။

Stay တခုခုမဝယ်ဖို့ အလျှင်းမသင့်သေးတဲ့အချိန်မှာ တတိ
ယနိုင်ငံ သို့ Stay ရှောင်ကြပါ။ အခွင့်သာရင်တော့ Non-B ,Non-O ,Retirement Visa , စသဖြင့် Stay များဝယ်ယူကြပါလို့ အကြုံပြုတင်ပြအပ်ပါတယ်ခင်ဗျာ။

Photo credit -Zin Ko Oo

်ကောက်လမ်းညွန်ကိုစိုင်း

29/11/2022

နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ်များ (Commercial Flights)များဖြင့် မြန်မာနိုင်ငံသို့ဝင်ရောက်မည့် ခရီးသွားများအား ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးစီးကြောင်း သက်သေခံလက်မှတ်ပြသနိုင်သူ (သို့မဟုတ်) ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ပြည့် မထိုးနှံထားသူများအနေဖြင့် မြန်မာနိုင်ငံသို့ ဆိုက်ရောက်သည့်
အချိန်မတိုင်မီ အများဆုံး (၄၈) နာရီအတွင်း
ကိုဗစ်-၁၉ ရောဂါ ကင်းရှင်းကြောင်း RT-PCR နည်းဖြင့် စစ်ဆေး ထုတ်ပေးထားသည့် ဓာတ်ခွဲအဖြေ အထောက်အထား ပြသနိုင်သူများအား လေယာဉ် ဆိုက်ရောက်ချိန်တွင် ကိုဗစ်-၁၉ ရောဂါ RDT ဖြင့် ဓာတ်ခွဲစစ်ဆေးမှုခံယူရန် သတ်မှတ်ချက်အား (၁-၁၂-၂၀၂၂) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၀:၀၁)နာရီမှ စတင်၍ ဖြေလျှော့ပေးသွားမည်

MOHS

28/11/2022

လေယာဉ်လက်မှတ်ခတွေကြည့်ခိုင်းတယ်
မေးခွန်းတွေအများကြီးမေးတယ်
booking လဲတင်ပေးလိုက်တယ်
ပေါင်ပိုဘယ်လောက်ကျလဲ လဲ မေးတယ်
အားလုံးပီးတော့ သူသိချင်တာတွေသိပြီးတော့မှ messenger ကို ဘလော့သွားတယ်

Ticket ရောင်းတဲ့သူတွေ သတိထားကြပါ
ဒီလို အမျိုးသမီးတွေ ကြုံရတာ ၂ ယောက်ရှိပါပြီ
Online ကနေ လာနှောက်ယှက်ကြတာပါ
ဝယ်လဲမဝယ်ဘူး
ဈေးတွေသိချင် ကြည့်ချင်လို့ လာမေး
အကုန်သိလဲသိရော ခုလိုလုပ်ကြတယ်
ကျွန်မလဲ အချိန်မအားတဲ့ကြားထဲက ဖြေပေး
ကြည့်ပေး လုပ်ပေးနေတာပါ
အခု သူ့လုပ်ရပ်ကြောင့် ချက်ချင်း cancel
တင်လိုက်ပါပြီ 😏
ဒီ pages က အမှန်အကန် page ပါနော်
မင်မင် သင်တန်းတွေ ဆက်တိုက်တက်နေရ
စာမေးပွဲတွေ ဆက်တိုက်နဲ့မို့ မအားလွန်းလို့ page ပေါ်ဘာမှ မတင်နိုင်ခဲ့တာပါ။ 😔

သင်တန်းတက်နေတဲ့ အချိန်အတွင်း
တယ်လီဖုန်းဆက်ပီး လက်မှတ်မှာဝယ်ကြတာ အများကြီးရောင်းပေးခဲ့ပါတယ်။
ကိုယ့်ကိုသိလို့ စိတ်ချယုံကြည်ကြလို့
ဖုန်းလေးဆက်ပီးပဲ မှာဝယ်ကြတာပါ။
အားပေးကြတဲ့ အယောက်စီတိုင်းကို
ကျေးဇူးအထူးတင်ပါတယ်ရှင်။ 🙏😍

တခါတလေ စေတနာထားမိတာလဲ မကောင်းပြန်ဘူး
😮‍💨😮‍💨😮‍💨

Send a message to learn more

03/10/2022

💥 သတင်းကောင်း 💥

မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံသို့
Visa Free ၄၅ ရက်ရတော့မည် ✈️✈️✈️✈️✈️
~~~~~~~~~~~~~~~~~~~~~~~~~~~
အောက်တိုဘာလ က စပြီး ထိုင်းနိုင်ငံတွင်း ဝင်ရောက်လာမည့် နိုင်ငံခြားသားများရဲ့ visa free အတွက် ထိုင်းနိုင်ငံတွင်း နေထိုင်နိုင်မည့် ကာလကို ၃၀ ရက်ကနေ ၄၅ ရက်ထိ တိုးမြှင့်ပေးလိုက်ရာ မြန်မာနိုင်ငံ သားများလည်း ၄၅ရက် visa free သက်တမ်း ရရှိကြောင်း ထိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ကောင်စစ်ဝန်ဌာန ရဲ့ ထုတ်ပြန်ချက် တစ်ခုအရသိရသည်။

နှစ်နိုင်ငံ သဘောတူညီချက်အရ Visa freeအတွက် ၄၅ ရက်ထိ တိုးမြှင့် ဝင်ရောက်နေထိုင်နိုင်သော နိုင်ငံများထဲတွင် မြန်မာနိုင်ငံ ပတ်စပို့ကိုင်ဆောင်သူ မည်သူမဆို ပါဝင်ကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင်ပါရှိပါသည်။

မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံသို့ ဝင်ရောက်ရာတွင် ယခင်က အခြားနိုင်ငံများအား Visa free ရက်၃၀ ပေးချိန်တွင် မြန်မာ နိုင်ငံ အတွက် ၁၄ ရက်သာ ပးခဲ့ပြီး , Tourist visa ရက် ၆၀ နှင့် ဝင်ရောက်နေကြရတာပါ။

အဲ့ဒီထုတ်ပြန်ချက်ဟာ စက်တင်ဘာလ ၃၀ ရက်နေ့ ရက်စွဲနဲ့ ကနေဒါနိုင်ငံ Ottawa မြို့ရှိ တော်ဝင်ထိုင်းသံရုံးက ထုတ်ပြန်ထားတာပါ။မြန်မာနိုင်ငံရန်ကုန်မြို့ရှိတော်ဝင်ထိုင်းသံရုံးမှာတော့ အဲ့ဒီလိုထုတ်ပြန်ချက် မထုတ်ပြန်ရသေးပါဘူးဟုသိရပါသည်။

Ref:Embassy of Thailand in Canada


https://t.me/aerial2020/37725

30/09/2022

💥မြန်မာအမျိုးသားလေကြောင်းလိုင်း MNA
လွိုင်ကော် ခရီးစဉ်အား
ရက်အကန့်အသက်မရှိ ဖျက်သိမ်း။ 😢

💥 လေယာဉ်လက်မှတ် ဝယ်ထားသူများ
မိမိတို့လက်မှတ်ဝယ်ယူထားသည့်
အရောင်းဌာနများတွင် ပြန်အမ်းငွေ
ပြန်လည်ထုတ်ယူနိုင်ပါတယ်။

Photos from Ma Ma Yangon Market's post 27/09/2022

✈️🐕🐱🐩🐈🐰🐦
ခွေးလေး ကြောင်လေးတွေကိုမထားခဲ့နိုင်လို့
ကြက်တူရွေးလေးခေါ်သွားချင်လို့ပါ
ဆိုပီးပြောပြီးမေးလာတဲ့ ခရီးသည်များအတွက်ပါ☺️
ပုံမှန်အတိုင်းဆို လေယာဉ်အောက်ပိုင်းမှာပဲ
ထားခွင့်ပြုတာပါ သို့သော် ကလေးတွေအတွက်
အသက်ရှုဖို့ အောက်ဆီဂျင်မလုံလောက်တာကြောင့်😫
ပြည်တွင်းခရီးစဉ်ပြည်ပခရီးစဉ် flight 8M
မဟုတ်တာဆို အဆင်မပြေပါဘူး.. 🙁
ခေါ်ဆောင်လို့လဲ မရသေးပါဘူးရှင်
သို့ပေမဲ့ နိုင်ငံခြားခရီးစဉ် Nok Airမှ
ဩဂုတ်လမှစတင်ပြီး Nok Air လေကြောင်းလိုင်း
က အိမ်မွေးတိရစ္ဆာန်လေးတွေ တင်ဆောင်ခွင့်ပြုပြီ

မကြာခင်မှာဆိုရင် ခွေး၊ ကြောင်လေးတွေနဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေဟာ ဘန်ကောက်၊ ချင်းမိုင်၊
ဖူးခတ်ကို ပျံသန်းတဲ့ Nok Air လေကြောင်းလိုင်း ခရီးစဉ်တွေမှာ သူတို့သခင်တွေနဲ့အတူလိုက်ပါခွင့်ရ
တော့မှာဖြစ်ကာ လေကြောင်းလိုင်းမှ Cabin
အသစ်နဲ့ ဝန်ဆောင်မှုပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

Pet On Board ဝန်ဆောင်မှုကို လေကြောင်းလိုင်းရဲ့ ဒွန်မောင်း-ချင်းမိုင်၊ ဒွန်မောင်း- ဖူးခတ် ခရီးစဉ် တွေမှာ လာမယ့် လကစတင်ပြီး အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ အိမ်မွေးတိရစ္ဆာန်လေးတွေကို လေယာဉ်ပေါ် တင်ဆောင်တဲ့အခါ လိုအပ်ချက် အချက်အလက်တွေကို ဖြည့်သွင်းဖို့ လိုပြီး လေကြောင်း လိုင်းမှ ခွင့်ပြုထားတဲ့ အိတ် ဒါမှ မဟုတ် လှောင်အိမ်၊ container တွေမှာသာ ထားခွင့်ပြုမှာဖြစ်ကာ သန့်ရှင်းမှုရှိဖို့လည်း
လိုအပ်တယ်လို့ သိရပါတယ်။

သီးခြားခရီးစဉ်အဖြစ် အိမ်မွေးခွေးတွေ၊ ကြောင်တွေနဲ့ ယုန်တွေအတွက် ဝန်ဆောင်မှုကို ဘတ် ၄၁၀ က
စတင်ပြီး သီးခြားဆောင်ရွက်ပေးမှာဖြစ်ကာ အနည်းဆုံး အသက် ၂ လသားအရွယ်၊ ကျန်းမာ သန့်ရှင်းပြီး အနံ့အသက် ကင်းဖို့ လိုပါတယ်။ လေယာဉ်မပျံသန်းမီ ၁၅ ရက်ထက်မပိုတဲ့ ဆေးလက်မှတ်လိုပြီး
ကိုယ်ဝန်ဆောင်ထားတဲ့ အိမ်မွေးတိရစ္ဆာန်တွေတော့ တင်ဆောင်ခွင့်မပြုဘူးလို့ သိရပါတယ်

ဘန်ကောက်လမ်းညွန်ကိုစိုင်း

31/08/2022

မလေးရှားမှလွဲ၍ ကျန်အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ခရီးသွားများအား စက်တင်ဘာ(၁)ရက်နေ့မှစတင်၍ ဗီဇာကင်းလွတ် ခွင့်ပေးသွားမည်
(MOFA)

Photos from Ma Ma Yangon Market's post 20/08/2022

ဘန်ကောက် suvarnubhumi airport မှ မြန်မာနိုင်ငံပြန်မည့်သူများအတွက် ART Test ဘယ်လိုစစ်ရ
မလဲ မျှဝေချင်ပါတယ်။

ကိုယ်ပြန်မယ့်နေ့မှ လေဆိပ်မှာစစ်လို့ရပါတယ်။
၁၅ -၃၀မိနစ်အတွင်း result ရပါတယ်။
Taxi နဲ့လာရင် ✈️International departure gate no. 8 မှာဆင်းပါ အထဲဝင်သွားရင် ကိုယ်ရောက်နေတာ 4th floor ပါ Escalator နဲ့ 1st Floor ကိုပြန်ဆင်းပါ။ ရောက်ရင် တံခါးအပြင်ကိုထွက်လိုက်တာနဲ့ ဓါတ်ပုံထဲမှာပြထားသလိုမျိုး ATK စစ်ပေးတဲ့နေရာလေးကို Gate-7 နဲ့ Gate -8 ကြား အပြင်ဖက်မှာ 📍တွေ့ရမှာပါ။

ရှေ့မှာလူရှိရင်တန်းစီရပါမယ် (သိပ်မများပါ)
ကိုယ်အလှည့်ရောက်ရင် Passport ရယ် Bath 250(cash only💵)ရယ်ပေးလိုက်ရင်ရပါပြီ Passport Front Page copy ကူးပြီးတာ passport စာအုပ်နဲ့ပြန်ပေးလိုက်ပါတယ်။
ပီးတာနဲ့ ဘေးနားမှာ screening room 🔬ဆိုပီးရှိပါတယ် အဲ့မှာသွားတန်းစီပါ ကိုယ့်အလှည့်ရောက်ရင်အထဲဝင် ခုနကပေးလိုက်တဲ့ passport copy ပေးလိုက်ပါ ပီးရင် mask ချွတ် ဟိုက ready လုပ်ပြီး နှာခေါင်းနှိုက် (တဖက်ပဲရှယ်အတွင်းထိနှိုက် 😅) ပီးရင် mask ပြန်တပ်ပီး ထွက်လာလို့ရပါပြီ။

အပြင်မှာ waiting area 🪑ခုံတန်းလေးတွေရှိလို့ ထိုင်စောင့်လို့ရပါတယ် ၁၅ မိနစ်လောက်ဆို lab result 📄စာရွက်လေးတွေ နာမည်ခေါ်ပြီးပေးပါတယ်။
Gate-7 နဲ့ 8 ကြားက စစ်ပေးတဲ့ နေရာက 1:00 pm to 2:30 pm ထမင်းစား break ပါနော် ⏰
ရပီဆို ကိုယ်စီးမယ့် airline ရဲ့ check in counter👨‍💻 မှာ result စာရွက်ရယ် ဆေးထိုးထားတဲ့ notary ရယ်တောင်းကြည့်ရင် ပြလိုက်ရုံပါပဲ။

🛬ရန်ကုန်လေဆိပ်မှာ နှာခေါင်းထပ်နှိုက်မှာလား ဟုတ်ကဲ့ နေ့ချင်းစစ်ထားတဲ့ result ရှိလဲ ထပ်နှိုက်ပါတယ် MMK 15,000 ပါ 💵

ညနေ ၃ နာရီ flight ဆို လေဆိပ်ကို ၁၁ နာရီအရောက်သွားပီး ATK အရင်စစ်လိုက်ပါ။ မနက်အစော flight အတွက်က Gate-3 မှာ 24/7 စစ်ပေးပါတယ် Bath 550 လို့သိရပါတယ် အောက်မှာ ဓါတ်ပုံလေး ထည့်ပေးထားပါတယ် ဖုန်းနံပါတ်လဲပါလို့ သေချာချင်ရင် ဖုန်းဆက်မေးကြည့်လို့ရပါတယ်ရှင်။

Share ပေးလိုက်တဲ့ အကြောင်းအရာကြောင့်
တစုံတယောက် အသုံးဝင်မယ်ဆို ဝမ်းသာပါတယ်။ အားလုံးအဆင်ပြေကြပါစေရှင့်။ 🌹🙏😍

20/08/2022

✈️ Thailand ✈️

14days free visa အတွက်လိုအပ်တာလေးတွေပါ

(1) Pv passort
(2) Air ticket အသွားအပြန်
(3) COVID notary
(4) Hotelbooking (or) တည်းမဲ့အိမ်လိပ်စာ
(5) Show money 700US$

စာရွက်စာတမ်းစုံရင်သွားဖို့အဆင်ပြေပါတယ်ရှင်

✈️✈️✈️✈️✈️✈️✈️✈️✈️✈️✈️✈️✈️✈️✈️

ပြည်တွင်းပြည်ပလေယာဉ်လက်မှတ်မှာယူလိုပါက
Page messenger မှလည်းကောင်း
Ph no. 095171939, 09795843987 ကို
ဆက်သွယ်ဝယ်ယူနိုင်ပါတယ်ရှင်။
Viber: 095171939, 09795843987
Gmail: [email protected]
Address: Mingalartaungnyunt Township, Yangon.

17/08/2022

Thailand အစိုးရ၏ သတ်မှတ်ချက်

ထိုင်းကို visa နဲ့ပဲ သွားသွား
Visa Free ၁၄ ရက်နဲ့ပဲသွားသွား
✈️လေယာဉ်လက်မှတ် အသွားတစ်ကြောင်းပဲ
ဝယ်သွားလို့ မရတော့ပါဘူးရှင်။
အသွားအပြန် လက်မှတ် ဖြတ်ပေးရပါတယ်။
တချိူ့က အဲ့လို အသွားအပြန်လက်မှတ်ဝယ်ရ
တာကို Agent တွေက သတ်မှတ်တာလို့
ထင်နေကြပါတယ်။
အမှန်က ထိုင်းအစိုးရက သတ်မှတ်လိုက်တာပါရှင်။
အလည်ပဲပေးလာတော့တာပါ။

✈️ဒါကြောင့်အပြန်လက်မှတ်ကိုပြပေးရပါတယ်။
ဟိုမှာဆက်နေချင်တာပဲဖြစ်ဖြစ်
အလုပ်လုပ်ချင်တာပဲဖြစ်ဖြစ်
ဟိုကနေတခြားနိုင်ငံဆက်ကူးချင်တာပဲဖြစ်ဖြစ်
အပြန်လက်မှတ်ကိုအဆုံးခံပြီးနေမှရမှာပါ။
ဒါလေးကိုသိ‌စေချင်တာပါရှင်။

✈️✈️✈️✈️✈️✈️✈️✈️✈️✈️✈️✈️✈️✈️✈️

ပြည်တွင်းပြည်ပလေယာဉ်လက်မှတ်မှာယူလိုပါက
Page messenger မှလည်းကောင်း
Ph no. 095171939, 09795843987 ကို
ဆက်သွယ်ဝယ်ယူနိုင်ပါတယ်ရှင်။
Viber: 095171939, 09795843987
Gmail: [email protected]
Address: Mingalartaungnyunt Township, Yangon.

16/08/2022

ဒီနေ့ Mandalay to Myitkyina ✈️
လက်မှတ်ဝယ်ယူအားပေးသော မန္တလေးက
Customer အခိုင်အမာ အကို ကို ကျေးဇူးတင်ပါတယ်ရှင်။ အပြင်မှာ မမြင်ဖူးတဲ့ Customer
မိတ်ဆွေက ၎င်းကိုယ်တိုင်သော်လည်းကောင်း၊ သူ၏သူငယ်ချင်းမိတ်ဆွေများအတွက်ပါ ဆီမှ
အမြဲတမ်းဝယ်ယူအားပေးနေတာကြောင့် ပိုလို့
ဝမ်းသာမိရပါတယ်ရှင်။ ကျွန်မဘက်ကလဲ မိတ်ဆွေတို့ စိတ်ချမ်းသာအဆင်ပြေစေဖို့အတွက် အမြဲတမ်း ကြိုဆိုလျက်ပါလို့။ 🌹💐😍✈️

✈️ လေယာဉ်လက်မှတ်များမှာယူချင်ပါက
ဖုန်းနံပါတ် 095171939, 09795843987
Viber available on
Contact with page messenger
Address: Mingalartaungnyunt township
Yangon
gmail: [email protected]
သို့ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်။

ပီးခဲ့တဲ့ရက်ပိုင်းက မအားလွန်းတဲ့အတွက်
စာပြန်နောက်ကျတာတွေကို
ခွင့်လွှတ်နားလည်ပေးကြပါလို့
တောင်းပန်အပ်ပါတယ်ရှင်။ 🙏💐😍

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Telephone

Address


Mingalar Taung Nyut
Yangon
11221

Opening Hours

Monday 07:00 - 21:00
Tuesday 07:00 - 21:00
Wednesday 07:00 - 21:00
Thursday 07:00 - 21:00
Friday 07:00 - 21:00
Saturday 07:00 - 21:00
Sunday 07:00 - 21:00

Other Shopping Services in Yangon (show all)
Flight Candy Ⅱ Flight Candy Ⅱ
Yangon

💥ယီးတောင်တဲ့ချိုချဥ်ဆိုတာ Flight Candy တစ်မျိုးဘဲ ရှိတာပါ အခြားနာမည်နဲ့ ချိုချဉ်တွေ တရုတ်ကနေ အတုဝင်လာနေပြီ သတိထားကြပါ💥

Poppy Poppy
Yangon

GoGo online shop GoGo online shop
Yangon

Gogo online shopမှကြိုဆိုပါတယ်ရှင့်❤️ ​မြန်မာဝတ်စုံ ခေတ်ဆန်ဆန်လေးတွေအပြင် SHEIN productsများလည်း ဝယ်ယူနိုင်ပါတယ်ရှင့်❤️

Seven Star Online Shop Seven Star Online Shop
Yangon

Online Shop

Ootd for ladies Ootd for ladies
Yangon

We will make u prettier with our clothes. All instock ☑️

တန်းဖိုးဖြတ်ရျ်မရသော အဘိုးငန်းများ တန်းဖိုးဖြတ်ရျ်မရသော အဘိုးငန်းများ
Yangon, 11111

if you cannot do something but grandpa ngang can do whatever you want.

Vintage Color Vintage Color
Tamwe
Yangon, 11211

စမတ်ကျကျနဲ့ လန်းနေနိုင်ဖို့ Vintage Color က ရှပ်လေးတွေကို ဝတ်ကြပါစို့😍

Pyo Madi လက်လီလက်ကား Pyo Madi လက်လီလက်ကား
No. 4 Street Main Road
Yangon

ဝိတ်ချလိုသူများ

𝗔𝗨𝗣𝗛𝗜𝗘'𝗦 𝗔𝗨𝗣𝗛𝗜𝗘'𝗦
Yangon

တစ်သောင်းမကျော်တဲ့ ဈေးတန်တန် Local နဲ့ export quality အင်္ကျီလေးတွေ 😍