Apple Standard Myanmar

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Apple Standard Myanmar, Mobile Phone Shop, No. K-7, MB-5 Floor, Car Parking (P-7), Yuzana Plaza, Mingalar Taung Nyunt Tsp, Yangon.

08/11/2023

iPhone 14 Series ကစဖြစ်တဲ့ Selfie ပုံတွေမှာ Processing အရမ်းများပြီး ပုံတွေမည်းသွားပြီးမလှတော့တဲ့ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ?

ဒီနည်းကတော့ ကျွန်တော်ကိုယ်တိုင်တွေ့ထားတာမဟုတ်ပါဘူး .. TikTok ကနေတွေ့လာတာပါ .. Original Video ကိုတော့ Comment မှာ ပြပေးထားပါမယ်

iPhone 14 & 15 Series တွေမှာ Selfie ရိုက်လိုက်ရင် Over-processing ဖြစ်ပြီး လူတွေမည်းသွားတာ၊ ပုံတွေအနည်းငယ်ဝါးသွားတဲ့ပြဿနာမျိုးဖြစ်တတ်ပါတယ် .. Selfie သရဲတွေအရမ်းစိတ်ညစ်စေတဲ့ပြဿနာပေါ့

အဲ့တာကိုဖြေရှင်းဖို့ ရိုက်နည်းပြောင်းလိုက်ရုံပါပဲ .. Shutter Button (ဓာတ်ပုံရိုက်တဲ့ခလုပ်) ကို တစ်ချက်နှိပ်မယ့်အစား ဘယ်ဖက်ကိုဆွဲလိုက်ပါ (အရမ်းကြီးဖိထားစရာမလိုပါ .. ဖိထားရင် Burst Mode ဖြစ်သွားပါလိမ့်မယ် .. နှိပ်ပြီးဆွဲလိုက်ရုံပါပဲ .. သေချာသိချင်ရင် Comment က Video မှာကြည့်ကြည့်ပါ) .. တစ်ခုသတိထားရမှာက ဒီလိုရိုက်တဲ့အချိန်လက်ကိုငြိမ်ငြိမ်ထားပါ .. မငြိမ်ရင်ပုံတွေဝါးသွားနိုင်ပါတယ်

နောက်တစ်ခုက HDR အရမ်းများနေတာမကြိုက်ရင် ဒီ ၂ ခုကိုသွားပိတ်လိုက်ပါ

1. Settings > Camera > Record Video > HDR Video ကိုပိတ်ထားပါ

2. Settings > Photos > Full View HDR ကိုပိတ်ထားပါ

အားလုံးပဲအဆင်ပြေပါစေ

12/09/2023

11:30pm မှာ event တူတူကြည့်ကြမယ်နော့်

28/06/2023

Happy Eid Mubarak to you all! ☪

အစ္စလာမ်ဘာသာဝင် မိတ်ဆွေအပေါင်းတို့ရဲ့
နေ့ထူးနေ့မြတ်ဖြစ်တဲ့ အီးဒ် နေ့မှာ အားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ လိုအင်ဟူသမျှ ပြည့်ဝကြပါစေ။ ကောင်းချီးမှန်သမျှနဲ့ ပြည့်စုံပြီး
အပူအပင်ကင်းတဲ့နေ့ရက်တွေ အမြဲတမ်းပိုင်ဆိုင်ရပါစေခင်ဗျာ။💜

Photos from Apple Standard Myanmar's post 06/06/2023

Apple User တွေ စောင့်ကြည့်ရမဲ့
 Apple Vision Pro 

01/06/2023

iPhone 14 Series Price List
( 2Year Warranty)

iPhone 14 128GB Single SIM=2,370,000
iPhone 14 256Gb Single SIM=2,940,000

iPhone 14 Plus 128GB Single SIM=2,630,000
iPhone 14 Plus 256GB Single SIM=2,940,000
iPhone 14 Plus 512GB Single SIM =3,540,000

iPhone 14 Pro 128GB Single SIM=3,100,000
iPhone 14 Pro 256GB Single SIM=3,420,000
iPhone 14 Pro 512GB Single SIM=4,080,000

iPhone 14 ProMax 128GB Single SIM =3,420,000
iPhone 14 ProMax 256GB Single SIM=3,690,000
iPhone 14 ProMax 512GB Single SIM=4,340,000
iPhone 14 ProMax 1TB Single SIM =4,980,000

⬜⬜⬜⬜⬜⬜⬜⬜⬜

iPhone 14 Series Dual SIM Price List
(2 Year Warranty)

iPhone 14 128GB Dual SIM=2,670,000
iPhone 14 256GB Dual SIM =3,030,000

iPhone 14 Plus 128GB Dual SIM=2,830,000
iPhone 14 Plus 256GB Dual SIM=3,080,000
iPhone 14 Plus 512GB Dual SIM=3,230,000

iPhone 14 Pro 128GB Dual SIM=3,230,000
iPhone 14 Pro 256GB Dual SIM=3,530,000

iPhone 14 ProMax 128GB Dual SIM=3,530,000
iPhone 14 ProMax 256GB Dual SIM=3,930,000
iPhone 14 ProMax 512GB Dual SIM=4,680,000
iPhone 14 ProMax 1TB Dual SIM=5,380,000

02/04/2023

2.April.2023

💁🏼‍♀️ Apple Standard ရဲ့ 𝗜𝗻-𝘀𝘁𝗼𝗰𝗸 Update Price List လေးဖြစ်ပါတယ်ရှင့်....။

✅Apple Official 1 Year Warranty + Extended 1 Year Warranty

iPhone 14 ProMax 128GB Single SIM -3,450,000

iPhone 14 ProMax 256GB Single SIM -3,780,000

🎁လက်ဆောင်အနေဖြင့် မှန်မကွဲ ၊ Silicon Cover ၊ Apple ID Account ဖွင့်ပေးခြင်းနှင့် iOS to iOS Data Transfer တို့ကိုအခမဲ့ပြုလုပ်ပေးခြင်း
————————————————————

✅Apple Official 1 Year Warranty + Extended 1 Year Warranty

✓ iPhone 14 Series Dual sim price list

iPhone 14 128GB Dual SIM- 2,580,000
iPhone 14 256GB Dual SIM-2,930,000

iPhone 14 Plus 128GB Dual SlM - 2,810,000
iPhone 14 Plus 256GB Dual SIM-3,080,000
iPhone 14 Plus 512GB Dual SIM -3,180,000

iPhone 14 Pro 128GB Dual SIM -3,180,000
iPhone 14 Pro 256GB Dual SIM -3,510,000

iPhone 14 ProMax 128GB Dual SIM -3,510,000
iPhone 14 ProMax 256GB Dual SIM-3,880,000
iPhone 14 ProMax 512GB Dual SIM -4,610,000
iPhone 14 ProMax 1Tb Dual SIM -5,230,000

🎁လက်ဆောင်အနေဖြင့် မှန်မကွဲ ၊ Silicon Cover ၊ Apple ID Account ဖွင့်ပေးခြင်းနှင့် iOS to iOS Data Transfer တို့ကိုအခမဲ့ပြုလုပ်ပေးခြင်း

————————————————————

စိတ်ကြိုက်လာရောက်ဝယ်ယူလိုပါက
📍 No.19 Thukhitar Street, Yankin Tsp,Yagon.
အမှတ်(၁၉) သုခိတာလမ်း ဘောက်ထော် ရန်ကင်းမြို့နယ် ရန်ကုန်မြို့။
☎️ မလာမည် ဖုန်းလေးကြိုဆက်ပေးပါရန်။

📍No.K-7, MB-5 Floor, Car Parking (P-7), Yuzana Plaza, Mingalar Taung Nyunt Tsp, Yangon.
(ရန်ကုန်မြို့ ယုဇနပလာဇာရဲ့ (၅)လွှာ၊ ဆိုင်နံပတ် K-7 မှာပဲဖြစ်ပါတယ်ဗျာ။ Car Parking P-7 အထပ်နှင့်ယုဇနပလာ ၅ လွှာမှာတထပ်ထဲဖြစ်သောကြောင့် Car Parking ထိုးမယ်ဆိုရင်တော့ P-7 အထပ်မှာလဲထိုးနိုင်ပါတယ်နော်။)

📞09-885558880 , 09-795037555

14/03/2023

iAbidan Dictionary သုံးတဲ့လူတွေအတွက် App Update ထွက်လာပါပြီ .. iOS 16 တင်ပြီးအသံမထွက်တော့တဲ့ပြဿနာတွေကိုရှင်းပေးထားတဲ့အပြင် UI အသစ်နဲ့ Dark Mode တို့လို Features တွေပါ ပါဝင်လာပါတယ်

iAbidan Download - https://apps.apple.com/au/app/iabidan/id460465895

26/09/2022

Action video တွေကို စိတ်ကြိုက်ရိုက်လို့ရတဲ့ " Iphone14 & 14 plus"

iPhone 14 series ဟာဆိုရင် Apple အမာခံချစ်သူတွေအတွက် လုံးဝကိုအကြိုက်တွေ့စေခဲ့တာပဲဖြစ်ပါတယ်

ဒါဆိုရင် အခု iPhone 14 နဲ့ iPhone 14 plus မှာ ဘာတွေပြောင်းလဲသွားပြီးတော့ ဘာတွေထူးခြားလာလဲဆိုတာကို အောက်မှာဆက်ကြည့်လိုက်ရ‌အောင် !

Design က‌တော့ iPhone 13 နဲ့အတူတူပဲဖြစ်ပြီးတော့ iPhone 14 ရဲ့ size က 6.1" ဖြစ်ပြီးတော့ iPhone 14 Plus က 6.7" ပဲဖြစ်ပါတယ်

သုံးပေးထားတဲ့ SOC မှာဆိုရင်လည်း iPhone 13 မှာသုံးထားပေးခဲ့တဲ့ A15 bionic chip ကိုပဲ Upgrade အနည်းငယ်လုပ်ပေးထားတာပါ 💁🏼‍♀️

ဒါပေမယ့် iPhone 14 Plus ရဲ့ Battery ကိုတော့ iPhone 14 Pro series မှာသုံးထားတဲ့ Long Last Battery life ကို သုံးပေးထားတာကြောင့် iPhone 14 ထက် Battery Performance ကတော့ပိုပြီးကောင်းပါတယ် 🥳

iPhone 14 ရဲ့ Series တွေမှာ True Depth Front Camera က Low-light Performance ကို ၂ ဆ အထိပိုကောင်းလာတာကြောင့်
Bright light, Low light နဲ့ Any light မှာ စိတ်ကြိုက်ရိုက်လို့ရတာမို့ လုံးဝကိုရှယ်ပါပဲ‌နော် 🥳
Autofocus ကလည်းပိုမိုက်လာပြီးတော့ Aperture ပိုကြီးလာတဲ့အတွက် Group photo ရိုက်မယ်ဆိုရင်တော့ ကြည်လင်ပြတ်သားတဲ့ ရိုက်ချက်တွေကိုရနိုင်မှာပါ။
ဒါ့အပြင် ပြေးလွှားလှုပ်ရှားနေတဲ့ Video တွေကိုလည်း Action Mode နဲ့ ရိုက်လို့ရတာကြောင့် Camera System ကတော့တကယ့်ကို Next level ဖြစ်နေစေမှာပါပဲ 😎

ထပ်ပြီးတော့ ထူးထူးခြားခြားပြောင်းလဲသွားတာက Emergency SOS via Satellite ပါဝင်လာတာပဲဖြစ်ပါတယ် 📲

အရေးအပေါ်အခြေအနေမျိုးရောက်နေတဲ့အခါ Internet လိုင်းလုံးဝမရတော့တဲ့အခြေအနေမျိုးအတွက်ရည်ရွယ်ပြီးထည့်ပေးထားမျိုး​ဖြစ်ပါတယ်။ဖုန်းဆက်လို့ရတာမျိုးမဟုတ်ဘဲ Message ပဲ ပို့လို့ရနိုင်မှာပါနော် 📲

စိတ်မကောင်းစရာက မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးနီးပါးမှာ လက်ရှိမရသေးဘဲ US နဲ့ Canada region တွေမှာပဲလောလောဆယ်ရနိုင်ဦးမှာပါ 😢

ကဲ..ဒါဆိုရင်တော့ Apple Standard ရဲ့ ချစ်သူလေးတွေရော

iPhone 14 နဲ့ iPhone 14 Plus ကိုဘယ်လိုမြင်လဲ ❓
ဘယ် series ကို ဝယ်ဖို့စဥ်းစားထားလဲ ❓

Comment မှာဝင်ရောက်ဆွေးနွေးသွားနိုင်ပါတယ်နော် 💁🏻‍♂

စစ်မှန်တဲ့Apple Products တွေကို
တစ်နေရာတည်းမှာ စုံလင်စွာ ဝယ်ယူချင်တယ်ဆိုရင်တော့ Apple Standard မှာ လာရောက်ရွေးချယ်ဝယ်ယူနိုင်ပါတယ်ဗျ 🤗



&14plus

22/09/2022

Apple ချစ်သူတွေအကြိုက်တွေ့နေတဲ့ iPhone 14 series Dual Sim Instock !

True Depth Front Camera ပါလာပြီး‌ Low Light Performance ကို ၂ ဆအထိပိုမိုကောင်းမွန်လာတဲ့ iPhone 14 series ဟာဆိုရင် Apple ချစ်သူတွေအတွက် လုံးဝကို အကြိုက်တွေ့စေမှာ အမှန်ပါပဲ။ 🥳

ပိုမိုက်လာတဲ့ Autofocus ကြောင့် ကြည်လင်​ပြတ်သားတဲ့ ရိုက်ချက်တွေနဲ့ အတူ အလန်းစား Featur​e တွေပါဝင်လာတဲ့ iPhone 14 series ထဲမှာ

✅eSIM လည်းမလိုချင်ဘူး ၊
✅1 SIM နဲ့လည်းမလုံလောက်ဘူး ၊
✅SIM ကဒ် ၂ ကဒ်လုံး ထည့်သုံးလို့ရမယ့် Dual SIM အလုံးကိုမှ လိုချင်တယ်ဆိုရင်တော့ Instock ရှိတုန်းလေးအခုပဲ Apple Standard မှာ လာရောက်မှာယူလိုက်ပါတော့ခင်ဗျာ 🤩

ဒါ့အပြင် iPhone series ဝယ်ယူသူတွေအတွက် Apple ကပေးတဲ့ Officials 1 Year Warranty နဲ့ Extended 1 Year Warranty ဆိုပြီးတော့ 2 Years Warranty ရရှိမှာပါနော် 🤗

Apple Product မျိုးစုံကို
✔️ မှန်ကန်တဲ့စျေးနှုန်း
✔️ ကောင်းမွန်တဲ့ Customer Service &
✔️ စိတ်ချရတဲ့ Apple Official Warranty နဲ့ လိုချင်တယ်ဆိုရင်တော့ Apple Standard ကိုသာ လှမ်းခဲ့လိုက်ပါဗျို့။

စစ်မှန်တဲ့Apple Products တွေကို
တစ်နေရာတည်းမှာ စုံလင်စွာ ဝယ်ယူချင်တယ်ဆိုရင်တော့ Apple Standard မှာ လာရောက်ရွေးချယ်ဝယ်ယူနိုင်ပါတယ်ဗျ 🤗

စိတ်ကြိုက်လာရောက်ဝယ်ယူလိုပါက ———
📍 No.19 Thukhitar Street, Yankin Tsp,Yagon.
အမှတ်(၁၉) သုခိတာလမ်း ဘောက်ထော် ရန်ကင်းမြို့နယ် ရန်ကုန်မြို့။
☎️ မလာမည် ဖုန်းလေးကြိုဆက်ပေးပါရန်။
📍No.K-7, MB-5 Floor, Car Parking (P-7), Yuzana Plaza, Mingalar Taung Nyunt Tsp, Yangon.
(ရန်ကုန်မြို့ ယုဇနပလာဇာရဲ့ (၅)လွှာ၊ ဆိုင်နံပတ် K-7 မှာပဲဖြစ်ပါတယ်ဗျာ။ Car Parking P-7 အထပ်နှင့်ယုဇနပလာ ၅ လွှာမှာတထပ်ထဲဖြစ်သောကြောင့် Car Parking ထိုးမယ်ဆိုရင်တော့ P-7 အထပ်မှာလဲထိုးနိုင်ပါတယ်နော်။)
📞09-885558880 , 09-795037555

19/09/2022

အမိုက်စားအလန်းစားတွေကိုမှ ချပြတတ်တဲ့ Apple က ဒီနှစ်မှာလည်း အလန်းတကာလန်းတဲ့ 🔥 Apple Watch Ultra ကို ချပြလိုက်ပါပြီ။

Ultra လို့ ဆိုတဲ့အတိုင်း သူ့ရဲ့ Features နဲ့ Functions တွေက လုံးဝ Extraordinary ပါပဲ 😎

Apple Watch Ultra က Athletes, Extreme Sports Enthusiast, Adventurer တွေအတွက်
49 mm ရှိတဲ့ Aerospace-Grade Titanium Case ရဲ့ အပေါ်မှာ Flat Sapphire Front Crystal နဲ့အုပ်ထားပြီး အကြမ်းခံနိုင်ဆုံးဖြစ်အောင်
ဒီဇိုင်းလုပ်ထားပါတယ်။

နောက်ပြီး ဒီ Apple Watch Ultra ရဲ့ အမိုက်စားတစ်ခုကတော့ Battery ⚡ ပါ။ တစ်ခါအားသွင်းထားရင် ၃၆ နာရီအထိအသုံးခံပြီး မကြာခင်မှာချပြသွားမယ့် Low Power Settings နဲ့ဆိုနာရီ ၆၀ အထိတောင် ရတယ်လို့ Apple ကတော့ ကြွားထားပါတယ်။

ပြီးတော့ သူ့မှာ Compass Waypoint, Backtrack, Control Workout လိုမျိုး ကိုယ်လိုချင်တဲ့ Functions ကို Customized လုပ်လို့ရတဲ့ Action Button ပါ ပါသေးတယ်ဗျာ။

-20 °C ကနေ 55 °C အထိ အရမ်းအေး 🌨 ၊ အရမ်းပူတဲ့🔥 ဒဏ် ၊ ရာသီဥတုအကြမ်းပတမ်းဒဏ်ကို ခံနိုင်သလို Water Sports 🌊တွေ ၊ Scuba Diving အတွက် Water Resistance WR 100 ပါတယ်။

တခြား Suba Diving အတွက်ရည်ရွယ်ပြီးထုတ်ထားတဲ့ Watch တွေလို မဟုတ်ပေမယ့် သာမန်ရေငုပ်သမားတွေအတွက် တော်တော်လေးကိုအထောက်အကူဖြစ်စေမှာပါ။

အဲဒါအပြင် သူက 2000 nits Display Brightness ပါတာမို့ တော်တော်လေးလင်းပြီး ညဘက်ရောက်ရင် Digital Crown ကိုလှည့်ပြီး Vivid Red ရှိတဲ့ Night Mode လေးပါ On ထားလို့ရသေးတယ်။

Sound Quality 🔊 ကောင်းစေဖို့ Microphones သုံးလုံးပါပြီး ဘေးပတ်ဝန်းကျင်အသံက အရမ်းကျယ်နေတာပဲဖြစ်ဖြစ် ၊ လေအရမ်းပြင်းတာမျိုးပဲဖြစ်ဖြစ် ဖုန်း​ပြောတဲ့အခါ အသံကြည်လင်စွာ ကြားရဖို့ Louder Speaker 📢တွေပါ ထည့်ထားပေးပါတယ်။

နောက်ထပ် ထူးခြားချက်အနေနဲ့ Apple watch Ultra မှာ Siren Mode တစ်ခုပါဝင်လာပြီး Siren က 86-decibel ရှိ Sound Pattern ကိုထုတ်လွှင့်ပေးတဲ့အတွက် အဲ့အသံက ပေ ၆၀၀ သို့မဟုတ် မီတာ ၁၈၀ အထိ ကြားရပါတယ်။
တကယ်လို့ ကိုယ်က Emergency 🚨 ဖြစ်လို့ မအော်နိုင်တော့တာပဲဖြစ်ဖြစ်၊ အကွာအဝေးအကြောင့်ကိုယ့်အသံကိုဘယ်သူမှ မကြားနိုင်တဲ့အ‌ခြေအနေမှာဆိုရင် Siren Mode ကို နှိပ်ပြီး အကူအညီတောင်းခံလို့ရတယ်။

နောက်ပြီး L1+L5 Dual-frequency GPS ပါလို့ အထပ်မြင့်တိုက်များတဲ့နေရာတွေ 🏢 ၊ သစ်ပင်ထူထပ်တဲ့နေရာတွေ 🏞 ၊ ဂြိုလ်တုတွေပိတ်ဆို့နိုင်တဲ့ နေရာတွေမှာတောင် အလုပ်လုပ်နိုင်ပြီး အမှာအနည်းဆုံးနဲ့ အဆင့်မြင့် အချက်​ြပ​လုပ်ဆောင်ချက်တွေကို လုပ်ပေးနိုင်ပါတယ်။

နာရီ Band တွေအနေနဲ့ Alpine Loop, Trail Loop, Ocean Band ဆိုပြီး သုံးမျိုးရှိတယ်။ Alpine Loop ကတော့ Adventurer သမားတွေ ၊
Trail Loop ကတော့ Endurance Athletes, အပြေးကစားသမားတွေအတွက်ပါ ။ကျန်တဲ့ Ocean Band ကတော့ Water Sports 🌊 လုပ်တဲ့သူတွေအတွက်ဖြစ်ပါတယ်။

Apple Watch Ultra ရဲ့ စျေးကတော့ 💵$ 799 ရှိပြီး စက်တင်ဘာ ၂၃ ရက်နေ့မှာဆိုရင် စတင်ရောင်းချသွားမှာဖြစ်ပါတယ်။

စစ်မှန်တဲ့Apple Products တွေကို
တစ်နေရာတည်းမှာ စုံလင်စွာ ဝယ်ယူချင်တယ်ဆိုရင်တော့ Apple Standard မှာ လာရောက်ရွေးချယ်ဝယ်ယူနိုင်ပါတယ်ဗျ 🤗

Photos from Apple Standard Myanmar's post 18/09/2022

*In Stock ၂ လုံးရှိပါသည်( )
iPhone 14 ProMax(Deep Purple)
256GB (1 SIM + eSIM) ZP/A
အလုံးရည်အကန့်အသတ်ဖြစ်သာ

Waiting time 2 Days!!!

Photos from Apple Standard Myanmar's post 17/09/2022

In Stock !!
iPhone 14 ProMax (Space Black)
256GB 1SIM+eSIM (Non-Activate)
Singapore Region
အလုံးရေအကန့်အသတ်ရှိသောကြောင့် ဖုန်းကြိုဆက်၍သော်လည်ကောင်း Page Messenger တွင် Booking ဦးစွာတင်၍ပြီးမှသာ လာရောက်ဝယ်ယူပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင့်။

15/09/2022

ကျန်းမာရေးအတွက်ပိုပြီးအထောက်အပံ့ပေးလာနိုင်တဲ့ Apple Watch series 8 and SE 2nd generation

Apple Event မှာ ကြေငြာသွားတဲ့ Apple watch series 8 မှာဆိုရင် အရင်ကထက်ပိုပြီးတော့ Safety ပိုင်းကို ပိုအာရုံစိုက်ပေးထားပါတယ် ⌚

ယာဥ်တိုက်မှုနဲ့ ထိခိုက်မှုတွေလိုမျိုး အရေး‌ပေါ်အခြေအနေ ကြုံလာရတဲ့အခါတွေမှာဆိုရင် အရေးပေါ်ဌာန ဒါမှမဟုတ် ကိုယ့်ရဲ့ Emergency Contact ကို အမြန်ဆုံးဆက်သွယ်ပေးမယ့် Crash Detection Feature ပါဝင်လာပါတယ်

ဒါကတော့ လုံးဝကို Series 8 ရဲ့ အမိုက်ဆုံးနဲ့ အထူးခြားဆုံး Feature တစ်ခုလို့ပြောရရင် မမှားပါဘူး

Temperature sensor အသစ် 2 ခုလည်းပါဝင်လာပြီးတော့ Body Temperature အပြောင်းအလဲကို သေချာလေးစီစစ်ပေးမယ့်အပြင် မိန်းကလေးတွေအတွက် Period Cycle ကို Track လုပ်ပေးတာကြောင့် အမျိုးသမီးတွေရဲ့ ကျန်းမာရေးကိုပိုပြီးတော့ အထောက်အကူပြုပေးပါတယ်

အခု Apple watch series 8 မှာ 18 hours အားခံတာအပြင် low power mode လည်းထည့်သွင်းပေးထားပြီးတော့ Battery life အနေနဲ့ 36 hours အထိရရှိနိုင်မှာပါ 😋

Series 8 ကိုတော့ version ၂ မျိုးအနေနဲ့ Steelရယ်၊ Aluminium ရယ် ဆိုပြီးတော့ထုတ်ထားပေးပြီး Aluminium အတွက်ကတော့ Starlight, Midnight, Silver နဲ့ (PRODUCT)RED အရောင် ၄ ရောင်ကိုရွေးချယ်နိုင်မှာပဲဖြစ်ပါတယ်နော် 🥳

⌚ Apple Watch SE 2nd generation မှာဆိုရင်တော့ ထူးထူးခြားခြားပြောင်းလဲသွားတာမရှိပေမယ့် အရင်version ထက် 20 % ပိုမိုမြန်ဆန်လာပြီး Series 8 အတိုင်း S8 System-in-Package ကို ထည့်သွင်းထားတယ်

Nylon Composite material နဲ့ ဖန်တီးထားပြီး Color အနေနဲ့ကတော့ Midnight, Silver နဲ့ Starlight အရောင်တွေကို ရနိုင်မှာပါ 🥳

အဲ့တာဆို Apple standard ရဲ့ Customers လေးတွေရော New Products လေးတွေကို စိတ်တိုင်းကျရဲ့လား? စိတ်တိုင်းမကျတာတွေကရော ဘယ်အရာတွေဖြစ်မလဲ Comment မှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်ရှင် 😍

14/09/2022

၃နှစ်ကြာအချိန်ယူပြီးတဲ့နောက် အဆန်းသစ်ဆုံးထွက်ရှိလာတဲ့ Apple ရဲ့ Air Pods Pro 2 အကြောင်းကို ​သိပြီးကြပြီလား?🧐

Design အားဖြင့်တော့ 2019 တုန်းကထွက်ရှိထားခဲ့တဲ့ Air Pods Pro နဲ့ ဆင်တူဘဲဖြစ်ပါတယ်။ဒါဆို ဘာတွေအားသာလာမှာလဲဆိုတာဆက်ဖတ်ကြည့်လိုက်ရအောင်💁🏻‍♂

Air Pods Pro 2 မှာဆိုရင်
H2 Chip နဲ့ Low Distortion Audio Driver အသစ်ပါဝင်တာကြောင့် Personalized Spatial Audio Feature နဲ့အတူတူ ကိုယ့်အတွက် သီးသန့် အဆင်ပြေဆုံး​ဖြစ်စေမယ့် အကောင်းဆုံးအသံကိုကြားရအောင် Fine-tune လုပ်ပေးနိုင်ပါတယ်😎

Noise Cancellation System ကလည်း အရင်ကထက် ၂ဆ ပိုကောင်းထားတာကိုလည်းတွေ့မြင်ရတယ့်အပြင် Adaptive Transparency Mode လည်းပါဝင်လာတာမို့ ကျယ်လောင်စူးရှလွန်းတဲ့ အသံတွေကို နားမထိခိုက်စေဖို့ Voloume အလိုအလျောက် လျော့ပေးစေနိုင်မှာပါ🤩
အခြား သာမန်အသံတွေကိုတော့ Transparency mode နဲ့ အနည်းငယ်ကြားနိုင်တဲ့အချက်ကိုလည်း ထည့်သွင်းထားပါတယ်😉

Rubber Ear Tips တွေအနေနဲ့ အရင်လို Size 3 ခု မကတော့ဘဲ L,M,S,XS အထိ Size 4 ခုလုံးပါဝင်လာပါတယ်😇

အခု Air Pods Pro 2 ရဲ့ Stem မှာဆိုရင် Touch Control System ပါဝင်လာပြီဖြစ်တာကြောင့် Volume အတိုးအလျော့ကို Swipe လုပ်ရင်း အထာကျကျ လွယ်ကူအဆင်ပြေစေနိုင်ပါတယ်😎

Battery Life အနေနဲ့တော့ Ear Pads လေးတွေက ၆ နာရီအထိ အားခံနိုင်လာပြီး Case နဲ့အပါဆိုရင်တော့ နာရီ ၃၀ အထိ ပိုကြာကြာသုံးနိုင်လာတာဖြစ်ပါတယ်။ ဒါဟာလည်း အရင် Air Pods Pro ထက်ပိုသာတဲ့ အချက်တစ်ခုပါ🥳

Air Pods Pro 2 ရဲ့ Case မှာလည်း U 1 Chip ပါဝင်လာတာကြောင့် အရင်လို Location Data တစ်ခုတည်းမဟုတ်တော့ဘဲ ဘယ်နေရာ ဘယ် direction ဘယ်နပေအကွာမှာရှိတယ်ကအစ Find My နဲ့အတူတူ ရှာဖွေလာနိုင်ပါတယ်🧐

ဒါ​ေတွအပြင် Air Pods Pro 2 ရဲ့ Case မှာ Speaker mode ပါဝင်လာတဲ့အတွက် ဘယ်နားချမိမှန်းမသိအောင် ပျောက်တဲ့အချိန်မျိုးမှာ Speaker mode on လိုက်ရုံနဲ့ အလွယ်တကူရှာတွေ့နိုင်တဲ့အချက်မျိုးပိုလာပါတယ်😎

Wireless Charging System ဖြစ်တာကြောင့် MagSafe နဲ့ Lightning Connector အပြင် Apple Watch Charger နဲ့ပါ အားသွင်းနိုင်မှာ ဖြစ်ပါတယ်🤩

ပြီးတော့ Air Pods Pro 2 ရဲ့ Case ကို Loop တပ်လို့ရသွားတာကြောင့် ဘယ်သွားသွားကိုယ်နဲ့အတူတူ ပိုသယ်ရလွယ်ကူသွားတာပေါ့😎

Air Pods Pro 2 ရဲ့ ပိုမိုဆန်းသစ်လာတဲ့ အားသာချက်တွေကို သိသွားပြီဆိုတော့ မိတ်ဆွေတို့ရဲ့ Air Pods Pro လေးတွေကို Update လုပ်ဖို့ စဥ်းစားလိုက်တော့နော်😇

10/09/2022

📲 iPhone ဟာ တစ်နှစ်နဲ့တစ်နှစ်မတူညီတဲ့ ပြင်ဆင်မှုတွေ၊ အခမ်းနားဆုံးဖန်တီးမှုတွေကိုချပြလေ့ရှိသလို

1️⃣ ဒီနှစ်မှာလည်း အကောင်းဆုံး၊ အသစ်လွင်ဆုံး Features တွေနဲ့ Product အသစ်တွေထွက်ရှိလာခဲ့ပြန်ပါပြီ။

ဒီထဲမှာမှ လူစိတ်အဝင်စားဆုံးဖြစ်လောက်မယ့် " iPhone 14 Pro & Pro Max" အကြောင်းပြောကြည့်ရအောင်။

📲 iPhone 14 Pro & Pro Max ကို
▪️Deep Purple, ▪️Gold, ▪️Silver, ▪️Space Black ဆိုပြီး အရောင် (၄) မျိုးနဲ့ထုတ်လုပ်ထားပြီး
💜 "Deep Purple" ကတော့ အခုချိန်မှာ iPhone ချစ်သူတို့ကြား ရေပန်းအစားဆုံး colour ဖြစ်နေပါတယ်။

နောက်ထပ်ထူးခြားချက်အနေနဲ့ 'Wow' ဖြစ်သွားစေတာကတော့

🖤 Screen မှာ Notch အစား Dynamic Island ( Pill-Shill Cutout) လေးနဲ့ဖန်တီးထားတာပဲဖြစ်တယ်
🖤 Size အနည်းငယ်သေးသွားပြီးတော့ အရင် Notch နဲ့ မတူတာက Notifications‌, Alerts တွေနဲ့ တစ်ချို့ Function တွေကို Notch ရဲ့နေရာမှာ Animation ပုံစံအဖြစ် ကြိုက်သလိုပုံစံလေးတွေအမျိုးပြောင်းပေးသွားတာပါ
🖤 ဖန်တီးထားတဲ့ Island လေးက Software, Hardware ခွဲခြားလို့မရအောင် သပ်ရပ်ကောင်းမွန်လွန်းတာတွေကို တွေ့ရပါတယ်။

Chip အသစ် "A16 Bionic Chip" ကိုအသုံးပြုထားတာကလည်း ထူးခြားချက်တစ်ခုပါပဲ။

▪️Video Cinematic Mode အနေနဲ့ 4K resolution
▪️Camera အနေနဲ့ Low Light Photography
▪️Crash Detection ဆိုတဲ့ Features အသစ်
▪️အရေးပေါ် Accident ကြုံလို့ ကူကယ်ရာမဲ့တဲ့အခါ Emergency ဌာနာကို အလိုအလျောက်ဖုန်းခေါ်ပေးမယ့် Emergency SOS Via Satellite Mode ပါဝင်တဲ့ အချက်တွေကလည်း

" iPhone 14 Pro & Pro Max" ကို ဝယ်ယူသင့်တဲ့ အကြောင်းအရင်းတွေပဲဖြစ်ပါတယ်။

🇲🇲😢 စိတ်မကောင်းစရာတစ်ခုကတော့ Emergency ဌာနကို ဆက်သွယ်ပေးမယ့် စနစ်က မြန်မာနိုင်ငံမှာမရနိုင်တာပါ။

" iPhone 14 Pro & Pro Max" မှာဆိုရင် Battery ပိုင်းကို Apple က အထူးအာမခံထားပြီး (၂၄)နာရီလောက်ထိအသုံးပြုနိုင်မယ်လို့ကို ပြောသွားတာဖြစ်ပါတယ်။🤔

ဒါကတော့ Phone နဲ့ နေ့စဉ်မပြတ်ထိတွေ့ရတဲ့သူတွေ၊ မိုဘိုင်းကနေ အလုပ်လုပ်ရတဲ့သူတွေအကြိုက်ဖြစ်စေမယ့် အချက်တစ်ချက်ပဲဖြစ်ပါတယ်။

ဒီနေ့ "Apple Standard Myanmar" က မျှဝေပေးခဲ့တဲ့ အကြောင်းအရာကတော့ " iPhone 14 Pro & Pro Max" ထဲမှာပါတဲ့ ပြောင်းလဲမှု အချက်အချို့ဖြစ်ပါတယ်။

အသေးစိတ်ကိုရှင်းပြရင် စာရှည်သွားမှာစိုးလို့ ထင်ရှားတဲ့ Features တွေကိုပဲ ပြထားပါတယ်ရှင့်။

လူကြီးမင်းတို့ကော iPhone 14 Pro & Pro Max ထဲမှာပါဝင်တဲ့ ဘယ် Features တွေကို အကြိုက်ဆုံးလဲ?

ဝယ်ဖို့ကောစိတ်ကူးရှိလား? 😋ဘယ်သူ့ကို ပူဆာဖို့စဥ်းစားထားလဲ?😛

💬 Comment မှာ လွတ်လွတ်လပ်လပ်မျှဝေဆွေးနွေးနိုင်ပါတယ်။

Photos from Apple Standard Myanmar's post 07/09/2022

Apple Event ကတော့ စိတ်လှုပ်ရှားစရာတွေ
တစ်နှစ်ပြီးတစ်နှစ်ကို လုပ်ပြနေတော့တာပါပဲ 🔥

ဒီနှစ် Event မှာ Apple က Apple Watch, AirPods Pro နဲ့ iPhone 14 ရဲ့ series တွေကို ချပြသွားပါပြီ။

iWatch မှာဆိုရင် series 8 ရယ် ၊ Apple Watch SE နဲ့ နောက်ထပ်ဒီနှစ်ရဲ့ လုံးဝကွဲထွက်သွားတဲ့ အမိုက်စား New Version အဖြစ် Apple Watch Ultra ဆိုပြီးတော့ ထုတ်ပြသွားခဲ့ပါတယ်။ 🤩

AirPods Pro 2nd generation မှာတော့ H2 Chip နဲ့ spatial audio ထည့်ထားပေးတဲ့အပြင် လိုအပ်သလို အသံအတိုးလျှော့လုပ်နိုင်မယ့် Touch Control ကို ပြသွားတာက တကယ်ကို စိတ်ဝင်စားစရာကောင်းတာတွေကြီးပါပဲ။

ဒါ့အပြင် ကိုယ့်ရဲ့ iPhone နဲ့ AirPods ကို ရှာလို့ရမယ့် sensor ပါတယ်ဆိုတဲ့ feature လေးလည်း မိုက်တယ်နော်။ 💁🏼‍♀️

နောက်ဆုံးတစ်ခုကတော့ အကုန်လုံးစောင့်မျှော်နေတဲ့ iPhone 14 series ပါ 😍

အရင်ဆုံး iPhone 14 နဲ့ iPhone 14 plus ၂ မျိုးကို အရင်ဆုံးချပြသွားပြီး ဖုန်းရဲ့ Chip ကို အရင် iPhone 13 ရဲ့ A15 bionic ကိုပဲ ပြန်သုံးထားပေးပါတယ်။

Oled Technology ကို အသုံးပြုထားကြောင်းနဲ့ ဖုန်း Camera က 12 Mp ပါပြီးတော့ Bright light, Low light နဲ့ Any light မှာ စိတ်ကြိုက်ရိုက်လို့ရတဲ့အကြောင်းရှင်းရှင်းလင်းလင်းကို ပြသွားတာပါ။

နောက်ထပ် iPhone 14 Pro နဲ့ iPhone 14 Pro Max ကတော့ တကယ်ကို လုံးဝ Big Difference တွေနဲ့ပါ 🥳

အပေါ်က iPhone 14 နဲ့ 14 plus နဲ့ မတူဘဲ Apple ရဲ့ latest A16 Bionic Chip ကို သုံးထားပြီး Front Camera ရဲ့ နေရာယူမှုကို ချုံ့ထားတာကြောင့် ထိပ်မှာလိုအပ်သလို ထပ်ပြီးတော့ Adjust လုပ်လို့ရတဲ့ Dynamics Island ဆိုတဲ့ new feature ကို Show Off လုပ်သွားတာပါ ။

Official Price List ကတော့
iPhone 14 Pro Max - 1099$
iPhone 14 Pro - 999$
iPhone 14 plus - 899$
iPhone 14 - 799$
Airpod pro 2nd generation - 249$
Apple Watch Ultra - 799$
Apple Watch series 8 - 399$
Apple Watch SE - 249$ ပါ 🤭

ကဲ ဘာကြည့်နေတာလဲ ဝယ်ပေးမယ့်သူကို
Mention ခေါ်ပြီး ပူဆာလိုက်တော့လေ 👀

Photos from Apple Standard Myanmar's post 07/09/2022

‘ ခိုးရိုက်နေတာ မသိလိုက်ဘူးတဲ့ ‘

မြန်မာနိုင်ငံကနေ Apple Event ကြည့်နေသူတွေအတွက် Apple Founder Tim Cook ကြီး live အပြီးမှာ ပြောသွားတဲ့
စကားပါ 🥹

မဝယ်နိုင်လို့ ခိုးရိုက်ထားရတဲ့ screenshot 📸

iPhone 14 Pro & Pro Max
Dynamic Island Feature နဲ့
Deep Purple လေး ရှယ်ကြွေ 💜

Available Color - 4
Start From 1000$

Photos from Apple Standard Myanmar's post 07/09/2022

iPhone 13 new skin version -
Apple ရဲ့ အသစ်စက်စက် iPhone 14 & iPhone 14 Plus 😜

Admin လကားစတာပါ
Performance ပိုင်းတွေ အများကြီးပိုကောင်းလာပါတယ်နော်

Available Color - 5
With A15 Bionic Chip 

25/08/2022

Apple ကနေ " Far Out " ဆိုတဲ့စာနဲ့ တရားဝင်ကြေညာသွားတဲ့ Apple Event Date

စိတ်ဝင်စားစရာတွေနဲ့အတူ ပြန်သယ်လာမယ့် Apple Event Date ကိုတော့ September 7 ရက်နေ့ဆိုပြီး Apple က တရားဝင်ကြေညာသွားပါပြီ။

Far Out ဆိုတဲ့ Tagline အနေနဲ့ ဖော်ပြသွားပြီး Theme အနေနဲ့က Space Theme ကို ယူထားတာဆိုတော့ ဘယ်လိုအသစ်အဆန်းတွေနဲ့ ထုတ်ပြသွားဦးမလဲဆိုတာ စိတ်ဝင်စားစရာပါပဲနော် 🤔

September 7 ရက်နေ့ မြန်မာစံတော်ချိန် ၁၁ နာရီခွဲမှာ ပြုလုပ်မယ့် Apple Event ရဲ့ Products အသစ်တွေကတော့ ခန့်မှန်းချေအရ iPhone 14 series, Apple Watch Series 8, New Version of Airpod Pro 2 လိုမျိုး Products တွေကို မိတ်ဆက်သွားဖို့ရှိတယ်ဆိုပြီး သတင်းတွေလည်းထွက်ထားပါသေးတယ်။

iPhone 14 series မှာဆိုရင် iPhone 14, iPhone 14 max, iPhone 14 Pro နဲ့ iPhone 14 Pro max အဖြစ်ထွက်ရှိလာနိုင်တယ်ဆိုပြီး ပြောကြတဲ့အပြင် Camera, Processor နဲ့ Display ပိုင်းကိုလည်းအဆင့်မြှင့်တင်ထားပြီး Apple watch series အသစ်မှာဆိုရင် Health Features အသစ်တွေပါဝင်လာမယ်ဆိုတဲ့ Rumors တွေလည်းထွက်နေပါတယ်

အဲ့တာကြောင့် September 7 ရက်နေ့ Apple Event မှာ တကယ့်စိတ်ဝင်စားစရာတွေကို အတူတူ ရင်ခုန်ရင်း စောင့်မျှော်ကြတာပေါ့နော်🤗

Apple Standard ရဲ့ Customers လေးတွေရော Apple ရဲ့ Products အသစ်တွေကို စောင့်မျှော်နေကြပြီလား ?

September 7 ရက်နေ့မှာ Apple Event ကို Apple.com (ဒါမှမဟုတ်) Apple TV ကနေဝင်ကြည့်လို့ရပါတယ်ရှင်🙏

12/07/2022

သန္ဓေ တောထွက် ဓမ္မစက်
​ဟောမြွက်သံချို လဝါဆို ရဲ့ လပြည့်နေ့လေးမှာ

မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်ဟာ တရားဦးတရားမြတ် အနေနဲ့ ဓမ္မစကြာတရား​ေတာ် ကို ပဉ္စဝဂ္ဂီငါးပါးအား ဟောကြားချီးမြှင့်ခဲ့တာမို့
ဝါဆိုလပြည့်နေ့ဟာဆိုရင်
ဗုဒ္ဓဘာသာဝင်များအတွက် ထူးကဲမြင့်မြတ်တဲ့ နေ့ရက်လေးဖြစ်ပါတယ်ခင်ဗျာ🙏

အခုလို ဓမ္မစကြာအခါတော်နေ့မှာ
၇ရက်သားသမီး သူတော်စင်သူတော်ကောင်းအပေါင်းတို့ စိတ်ရဲ့အေးချမ်းခြင်း ကိုယ်ရဲ့ကျန်းမာခြင်းနဲ့အတူ ပြည့်စုံကောင်းမွန်ကြပါစေလို့ Apple Standard မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်🤗

21/06/2022

မှန်မကွဲကပ်တာနဲ့ မကပ်တာ ဘယ်ဟာပိုကောင်းလဲ?
ဒါကတော့ ဖုန်းသုံးတဲ့သူတွေ အကုန်လုံးနီးပါး သိချင်၊ မေးချင်နေကြတဲ့ မေးခွန်းတစ်ခုပါ။ အထူးသဖြင့် နည်းပညာတိုးတက်ပြောင်းလဲလာမှုတွေကြောင့် နောက်ပိုင်းထွက်လာတဲ့ဖုန်းတွေရဲ့ Durability က ပိုပြီးခံနိုင်လာတယ်ပြောရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ကိုင်တဲ့ဖုန်းကိုတော့ မှန်မှာ အစင်းကြောင်းသေးသေးလေးတောင် မဖြစ်စေချင်ကြဘူးမလား 🙄

ဘာလို့လည်းဆိုရင် ကိုယ်ရဲ့တန်ဖိုးကြီးဖုန်းကို
အထိအခိုက်မခံနိုင်ကြလို့လေ...

ဒီလို အထိအခိုက်မဖြစ်အောင် မှန်မကွဲကပ်ထားတဲ့အခါ ဘယ်လိုအကျိုးကျေးဇူးတွေရှိနိုင်မလဲ?

✨ဖုန်းကိုလက်ထဲကပဲဖြစ်ဖြစ်၊ တင်ထားတဲ့တစ်နေရာမှပဲ ဖြစ်ဖြစ် ပြုတ်ကျတာတွေကနေ ထိရောက်မှုအနည်းဆုံးဖြစ်အောင် ကာကွယ်ပေးနိုင်တယ်
✨တစ်ချို့ မှန်မကွဲတွေက အလင်းကာတွေပါတာကြောင့် အလင်းတိုက်ရိုက်မရောက်တာမို့ မျက်လုံးအာရုံအတွက်ပါ အန္တရာယ်ကင်းစေတယ်
✨ကိုယ့်ဖုန်းကို ဘေးကလူတွေကြည့်တာမကြိုက်ဘူးဆိုရင်လည်း Privacy Screen Protector ကပ်ထားရင် ကိုယ်စာဖတ်တာ၊ စာရိုက်တာ၊ Appတွေသုံးနေတာကို မြင်ရမှာမဟုတ်လို့ ကိုယ်ရေးကိုယ်တာအတွက်လည်း Safe ဖြစ်စေတယ်

တစ်ခါတစ်လေမှာ မှန်မကွဲကပ်တာကြောင့် မကောင်းတဲ့အချက်တွေကရော ဘာတွေလဲ?
❌ဖုန်းမျက်နှာပြင်အထိအတွေ့ကို သက်ရောက်စေတယ် (မှန်မကွဲက ကြားခံနယ်တစ်ခုဖြစ်သွားလို့ တစ်ခါတစ်လေမှာ Touch မမိတာမျိုး)
❌တစ်ချို့မှန်မကွဲတွေက ဖုန်းကာဗာနဲ့ အံဝင်ဂွင်ကျ မဖြစ်တာကြောင့် အလွယ်တကူကွာနိုင်ပြီး တစ်ခါတစ်လေ မှန်မကွဲနဲ့ screen ကြားထဲလေဝင်နိုင်ပါတယ်
❌မှန်မကွဲကို မှန်ကန်စွာမကပ်ဘူးဆိုရင် လေခိုပြီး ဖောင်းနေတာမျိုးတွေ၊ ဖုန်တွေကပ်နေတာမျိုးတွေ ဖြစ်နိုင်တယ် ဒါကြောင့် မှန်မကွဲကပ်မယ်ဆိုရင် သေချာကပ်ပေးတဲ့ဆိုင်ကိုရွေးဖို့လိုပါတယ်ဗျ

ဘယ်လိုပဲ ဖြစ်ဖြစ်ကိုယ်က
✔️ ကိုယ့်ဖုန်းကိုနည်းနည်းလေးတောင် အစင်းရာမထင်စေချင်ဘူး
✔️ Safe ကို ပိုပြီးဦးစားပေးချင်တယ်
✔️ ဖုန်းကိုလည်း လက်ထဲကနေ ခနခန ပြုတ်ကျတတ်တယ်
✔️ အမြင်အာရုံတွက်လည်း ဂရုစိုက်တတ်တဲ့သူဖြစ်မယ်ဆိုရင်တော့
မှန်မကွဲကိုကပ်ထားတာက အန္တရယ် အကင်းဆုံးဖြစ်ပါလိမ့်မယ်💯

အဲ့လိုမှ မဟုတ်ဘဲ ကိုယ်ကိုယ်တိုင်က💁🏼‍♂️
✔️ဖုန်းကို ဂရုစိုက်ပြီး သေသေသပ်သပ်ကိုင်တဲ့သူ
✔️မှန်မကွဲရဲ့ Weight မပါပဲ ပေ့ါပေ့ါပါးပါး ကိုင်ချင်တဲ့သူ
✔️ဖုန်းရဲ့ Touch Screen ကို Original အထိအတွေ့တိုင်းလေး သုံးချင်တဲ့သူ
✔️ဖုန်းမျက်နှာပြင်ရဲ့ အပူကို လျှော့ချချင်တဲ့သူဆိုရင်တော့ မှန်မကွဲမကပ်ထားတာက ပိုကောင်းပါလိမ့်မယ် 💯

ဒါဆိုရင် ကာကာတို့ရော မှန်မကွဲကပ်ထားကြရဲ့လား? မကပ်ထားဘူးလား ? Comment မှာ ဖြေသွားကြည့်ပါဦး‌နော်

Apple Products တွေကို ပစ္စည်းမှန် စျေးတန်တန်နဲ့ တစ်နေရာတည်းမှာ စုံလင်စွာ ဝယ်ယူချင်တယ်ဆိုရင်တော့ Apple Standard မှာ လာရောက်ရွေးချယ်ဝယ်ယူနိုင်ပါတယ်ဗျ 🤗

⏩ Online မှ မှာယူလိုပါက ____

Page Messenger 💬မှဖြစ်စေ
Hot Line Phone 📲 မှဖြစ်စေ
ဆက်သွယ်မှာယူနိုင်ပါတယ်။

📞 Hotline Number-
09-885558880 , 09-795037555

⏩စိတ်ကြိုက်လာရောက် ဝယ်ယူလိုပါက ____

📍 No.19 Thukitar Street, Yankin Tsp, Yangon.
📍No.K-7, MB-5 Floor, Car Parking (P-7), Yuzana Plaza, Mingalar Taung Nyunt Tsp, Yangon.

09/06/2022

ဖုန်းကကြောင်သွားပြီး ဘာမှနှိပ်လို့မရတာမျိုးကြုံနေရပြီလား ?

တစ်ခါတစ်လေမှာ ကိုယ့်ရဲ့ဖုန်းက Black Screen ကြီးဖြစ်သွားတာမျိုး၊ Homescreen မှာ ဘာမှ နှိပ်လို့မရတော့သလို စက်လည်းပိတ်လို့မရတာမျိုးတွေ ကြုံရတတ်တယ် ဟုတ်?🤗

ဒီလိုမျိုးဖြစ်နိုင်တဲ့အကြောင်းအရင်းဟာ (၃) ချက်ဖြစ်နိုင်ပါတယ်🤔
❌iPhone ကနေ လက်မခံထားတဲ့ App ဒါမှမဟုတ် ကိုယ်မသိတဲ့ Apps တွေကို သွင်းမိတဲ့အခါမျိုးတွေ
❌တစ်ခါတစ်လေ iOS update အသစ်တွေရဲ့ error တွေကြောင့်နဲ့
❌iPhone ရဲ့chip hardware ပိုင်းမှာ တစ်ခုခုပျက်စီးတာမျိုး မကောင်းတာမျိုးရှိတဲ့အခါတွေမှာ ကိုယ့်ရဲ့ iPhone ဟာ Black Screen ဖြစ်သွားတာမျိုးနဲ့ ဘာမှ နှိပ်မရတာမျိုးဖြစ်စေနိုင်တာပါ။ အခုလိုမျိုးအခက်အခဲ ကြုံနေရပြီဆိုရင်တော့ ဖုန်းကို အရင်ဆုံး Restart ချလိုက်တာဟာ စက်ကိုပြန်ပြီးကောင်းသွားစေနိုင်ပါတယ်။

✅ဘာမှနှိပ်မရတော့တဲ့အချိန်တွင်း Restart အမြန်ချဖို့အတွက်ဆိုရင် Volume အပေါင်းတချက်ရယ် အနုတ်တချက် နှိပ်ပြီး ပါဝါခလုတ်ကို ဆက်တိုက်ဖိထားလိုက်ရင်း Apple Logo ပေါ်လာတဲ့အချိန် လွှတ်လိုက်ရုံပါပဲ ဒါဆိုရင်တော့ ကိုယ့်ရဲ့ iPhone က restart ဖြစ်သွားပြီး ပုံမှန်ပြန်ဖြစ်သွားမှာပါ။ ✨

Apple Products တွေကို ပစ္စည်းမှန် စျေးတန်တန်နဲ့ တစ်နေရာတည်းမှာ စုံလင်စွာ ဝယ်ယူချင်တယ်ဆိုရင်တော့ Apple Standard မှာ လာရောက်ရွေးချယ်ဝယ်ယူနိုင်ပါတယ်ဗျ. . .

⏩ Online မှ မှာယူလိုပါက ____

Page Messenger 💬မှဖြစ်စေ
Hot Line Phone 📲 မှဖြစ်စေ
ဆက်သွယ်မှာယူနိုင်ပါတယ်။

📞 Hotline Number-
09-885558880 , 09-795037555

⏩စိတ်ကြိုက်လာရောက် ဝယ်ယူလိုပါက ____

📍 No.19 Thukitar Street, Yankin Tsp, Yangon.
📍No.K-7, MB-5 Floor, Car Parking (P-7), Yuzana Plaza, Mingalar Taung Nyunt Tsp, Yangon.

05/06/2022

💁🏼‍♀️ Apple Standard ရဲ့ 𝗜𝗻-𝘀𝘁𝗼𝗰𝗸 Update Price List လေးဖြစ်ပါတယ်ရှင့်....။

✅Apple Official 1 Year Warranty + Extended 1 Year Warranty

iPhone 13 128GB Single SIM - 1,960,000
iPhone 13 256GB Single SIM - 2,180,000

iPhone 13 Pro 128GB Single SIM - 2,450,000
iPhone 13 Pro 256GB Single SIM - 2,690,000

iPhone 13 ProMax 128GB Single SIM - 2,690,000
iPhone 13 ProMax 256GB Single SIM - 2,910,000

iPhone 13 128GB Dual SIM - 2,030,000
iPhone 13 256GB Dual SIM - 2,240,000

iPhone 13 Pro 128GB Dual SIM - 2,490,000
iPhone 13 Pro 256GB Dual SIM - 2,760,000

iPhone 13 ProMax 128GB Dual SIM - 2,740,000
iPhone 13 ProMax 256GB Dual SIM - 2,980,000
iPhone 13 ProMax 512GB Dual SIM - 3,480,000
iPhone 13 ProMax 1TB Dual SIM - 3,940,000

🎁လက်ဆောင်အနေဖြင့် မှန်မကွဲ ၊ Silicon Cover ၊ Apple ID Account ဖွင့်ပေးခြင်းနှင့် iOS to iOS Data Transfer တို့ကိုအခမဲ့ပြုလုပ်ပေးခြင်း

————————————————————
✅Apple Official 1 Year Warranty

iPhone 12 ProMax (Dual SIM)
•128GB -2,310,000 (Pacific Blue)

iPhone 12 Pro (1 SIM + eSIM)
•256GB SIM - 2,200,000(Gold)

🎁လက်ဆောင်အနေဖြင့် မှန်မကွဲ ၊ Silicon Cover ၊ Apple ID Account ဖွင့်ပေးခြင်းနှင့် iOS to iOS Data Transfer တို့ကိုအခမဲ့ပြုလုပ်ပေးခြင်း
————————————————————
iPad Air 5 64GB Wifi - 1,400,000
iPad Air 5 256GB Wifi - 1,740,000
iPad Air 5 64GB (5G) - 1,740,000
iPad Air 5 256GB (5G) - 2,070,000

iPad 9th (2021) 64GB Wifi - 820,000
iPad 9th (2021) 256GB Wifi - 1,130,000
iPad 9th (2021) 64GB (4G) - 1,130,000
iPad 9th (2021) 256GB (4G) - 1,430,000

𝗠𝗮𝗰𝗕𝗼𝗼𝗸 𝗣𝗿𝗼 2021 14.2"
𝗠𝗞𝗚𝗣3 MacBook Pro 2021 14.2" M1Pro Chip, 16GB Unified
RAM, 512GB SSD Grey - 4,260,000

————————————————————

AirPods Pro With MagSafe Case - 435,000
AirPods 3 - 360,000
AirPods 2 - 265,000
MagSafe Duo Charger - 185,000
Pencil 1 - 230,000
Pencil 2 - 275,000
————————————————————

စိတ်ကြိုက်လာရောက်ဝယ်ယူလိုပါက ———
📍 No.19 Thukhitar Street, Yankin Tsp,Yagon.
အမှတ်(၁၉) သုခိတာလမ်း ဘောက်ထော် ရန်ကင်းမြို့နယ် ရန်ကုန်မြို့။
☎️ မလာမည် ဖုန်းလေးကြိုဆက်ပေးပါရန်။

📍No.K-7, MB-5 Floor, Car Parking (P-7), Yuzana Plaza, Mingalar Taung Nyunt Tsp, Yangon.
(ရန်ကုန်မြို့ ယုဇနပလာဇာရဲ့ (၅)လွှာ၊ ဆိုင်နံပတ် K-7 မှာပဲဖြစ်ပါတယ်ဗျာ။ Car Parking P-7 အထပ်နှင့်ယုဇနပလာ ၅ လွှာမှာတထပ်ထဲဖြစ်သောကြောင့် Car Parking ထိုးမယ်ဆိုရင်တော့ P-7 အထပ်မှာလဲထိုးနိုင်ပါတယ်နော်။)

📞09-885558880 , 09-795037555

31/05/2022

2021 မှာ နောက်ဆုံးထွက်ထားတဲ့ Apple ရဲ့ iPad 9th Generation က အရမ်းလည်းမလေး အရမ်းလည်းမပေါ့တာမို့ ဘယ်သွားသွား အလွယ်တကူ သယ်ယူအသုံးပြုနိုင်ပါတယ်။

Powerful ဖြစ်တဲ့ Apple ရဲ့ A13 Bionic Chip နဲ့မို့ Video Editing, Photo Editing, Drawing Programs တွေကိုတောင် ​Graphics ကောင်းကောင်းနဲ့ အသုံးပြုနိုင်ပါတယ်။ Touch ID sensor ဆိုတော့ Apple ရဲ့ Old School Vibe ကိုတောင်ရနိုင်ပါသေးတယ်ဗျ။ 👀

Display အပိုင်းလေးဆက်ပြောရရင် True Tone ပါတာမို့ ကိုယ့်မျက်လုံးကိုမထိခိုက်အောင် ကာကွယ်ပေးတဲ့အပြင် အလင်းရောင်ကို Auto ထိန်းညှိပေးမှာဖြစ်ပါတယ်။ 10.2 inches Screen Size ကြီး​ကြီးမို့ iPad ကို mini laptop လို သုံးလို့လည်း အဆင်ပြေအိုကေပါ။

Battery အားသွင်းဖို့ 20W USB Type C Adapter ကို သုံးပေးထားတဲ့အတွက် ကိုယ်က Andriod User ဆိုရင်တောင် ကိုယ့်မှာရှိတဲ့ အားသွင်းကြိုးနဲ့အလွယ်တကူတပ်သုံးလို့ရပါသေးတယ်။ Original Charger ကတော့ recommended ပေါ့။ 🔋

⚡️ ကိုယ်တိုင်က Laptop ၊ Macbook တစ်လုံးကိုလည်း မလိုချင်ဘူး။
⚡️ ပေါ့ပေါ့ပါး Tablets တွေထဲမှာမှ Andriod ကိုလည်း မရွေးချင်ဘူး။
⚡️ဒါမှမဟုတ် Apple Ecosystem ထဲမှာ Entry Level အနေနဲ့ Budget အများကြီးလည်းမသွားချင်ဘူးဆိုရင် iPad 9th gen ကတော့ သင့်အတွက်ရွေးချယ်စရာ option တစ်ခုပါ. . .

Notes Taking ပဲလုပ်မလား ?
Gaming အတွက် သုံးမလား ?
အလုပ်လုပ်ဖို့အတွက်ပဲ အသုံးပြုမလား ?
စာသင်ဖို့အတွက် Online Class တွေ တက်ဖို့အတွက်ပဲလား ?
စိတ်ကြိုက်သုံးလို့ရတာကြောင့် iPad 9th gen က 2022 ထဲမှာတောင် ရွေးချယ်လို့ကောင်းနေသေးတဲ့ iPad တစ်ခုဖြစ်နေသေးပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်ဗျ ။

⏩ Online မှ မှာယူလိုပါက ____

Page Messenger 💬မှဖြစ်စေ
Hot Line Phone 📲 မှဖြစ်စေ
ဆက်သွယ်မှာယူနိုင်ပါတယ်။

📞 Hotline Number-
09-885558880 , 09-795037555

⏩စိတ်ကြိုက်လာရောက် ဝယ်ယူလိုပါက ____

📍 No.19 Thukitar Street, Yankin Tsp, Yangon.
📍No.K-7, MB-5 Floor, Car Parking (P-7), Yuzana Plaza, Mingalar Taung Nyunt Tsp, Yangon.

Photos from Apple Standard Myanmar's post 06/05/2022

အခါတန်ခူးတုန်းက ကံထူးသွားတဲ့ Apple Standard Myanmar ကံထူးရှင်များ ထွက်ပေါ်လာပါပြီ 🎉🎉

Apple Standard Myanmar ရဲ့ ငွေသားကံစမ်းမဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ပေးခဲ့ကြသူတွေထဲမှ ကံထူးရှင်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ 🥳🥳
ကံစမ်းမဲဖောက်ပေးဖို့အတွက် အချိန်အခါနှောင်းပြီး အနည်းငယ်နောက်ကျသွားတဲ့အတွက်လည်း အနူးအညွတ်တောင်းပန်ပါတယ်ရှင်။ 🥺

ငွေသားဆုကံထူးသွားတဲ့ ကံထူးရှင်တွေကတော့
💰 ၁ သိန်းဆု ကံထူးရှင် - May Thanzin Cho
💰 ၅ သောင်းဆု ကံထူးရှင် - Poe Kay Thi
💰 ၃ သောင်းဆု ကံထူးရှင် - Tha Zi Bakhet တို့ပဲ ဖြစ်ပါတယ်။

ကံထူးသွားတဲ့အကောင့်ပိုင်ရှင်လေးတွေက ငွေသားဆုလက်ခံရယူဖို့ Apple Standard Myanmar ရဲ့ Page Messenger ကို လာရောက်ဆက်သွယ်ပေးပါနော်။
ပါဝင်ကံစမ်းပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ရှိပါတယ်ရှင့်။ နောက်လာမယ့် ကံစမ်းမဲနဲ့ ပရိုမိုးရှင်းအစီအစဉ်တွေမှာ ပါဝင်နိုင်ဖို့ဆို Apple Standard Page ကို like & follow လုပ်ထားဖို့တော့ လိုမယ်နော်။ 😉😉

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Data Transfer မလုပ်ချင်လို့ ဖုန်းမပြောင်းသေးတဲ့ Customer တွေအတွက် သတင်းကောင်း 📣အဟောင်းကိုပစ်ပြီး အသစ်ကိုပြောင်းဖို့ ပျင်...

Telephone

Address


No. K-7, MB-5 Floor, Car Parking (P-7), Yuzana Plaza, Mingalar Taung Nyunt Tsp
Yangon
11222

Opening Hours

Tuesday 09:00 - 15:30
Wednesday 09:00 - 15:30
Thursday 09:00 - 15:30
Friday 09:00 - 15:30
Saturday 09:00 - 15:30
Sunday 09:00 - 15:30

Other Mobile Phone Shops in Yangon (show all)
BACA BONE BACA BONE
Yangon

Good luck

Aung Hein Mobile & Accessories Aung Hein Mobile & Accessories
U Wisara Road
Yangon, 11421

Aung Thu Kha Aung Thu Kha
Yangon

Mobilefox Good Second Yangon Store Mobilefox Good Second Yangon Store
အမှတ်39 မြေညီထပ် ၊အင်းစိန်းလမ်းမပေါ်၊ ဘူတာရုံလမ်းကားမှတ်တိုင်၊လှိုင်မြို့နယ် Yangon, Myanmar
Yangon, 11051

Mobilefox Phone Store Page 2 လေးပါ.. ၃ လ အာမခံဖြင့် ရောင်းချပေးပါတယ်ဗျ

Sandi Mobile Sandi Mobile
87
Yangon

Phone Accessories များ လက်လီ လက္ကား ဖြန့်ချီရေး

Paing Mobile Paing Mobile
Yangon

Diamond Star TV Diamond Star TV
စည်ပင်လမ်း။
Yangon

ကျွန်တော်တို့ရဲ့ အာမခံချက်အပြည့်ပေးမှုနဲ့ သင်တို့ရဲ့‌ ရွေးချယ်မှုကိုမြင့်တင်လိုက်ပါ။

Kyaw Min Aye Mobile Shop လက်လီ/လက်က္ကား Kyaw Min Aye Mobile Shop လက်လီ/လက်က္ကား
Yangon
Yangon, 11221

မင်္ဂလာပါ Qualify Technology မှကြိုဆိုပါတယ်

Mobilelegs Phyo Lay Mobilelegs Phyo Lay
BoAungKyaw
Yangon, MOBILEPHONE

mobile

Mr K Mobile Good Second Hand Mr K Mobile Good Second Hand
Kanbae Station Road
Yangon

ဖုန်း(ရောင်းသည်၊ဝယ်သည်၊အလဲအထပ်လုပ်သည်)

Angel’s Airpod Zone Angel’s Airpod Zone
Dagon Thiri Street
Yangon

Thz for your support!!

Pro Mobile Pro Mobile
Yangon, Z188888

ဖုန်းများအားလုံး ဝရန်တီ(၁၅) ရက် ပေးပ?