Chit Thamee Pharmacy - ချစ်သမီး ဆေးဆိုင်
Nearby health & beauty businesses
Thadi Pahtan Street, Tamwe
11211
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chit Thamee Pharmacy - ချစ်သမီး ဆေးဆိုင်, Medical supply store, အမှတ်-(၁၇) သူကြွယ်လမ်း၊ဌေးကြွယ်ရပ်ကွက်၊တာမွေမြို့နယ်၊ရန်ကုန်မြို့။, Yangon.
❝ သီတင်းကျွတ် လပြည့်နေ့ ❞
မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ် (29.Oct.2023) တွင်ကျရောက်သော သီတင်းကျွတ်လ လပြည့်နေ့ရက်မြတ်အခါသမယတွင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေကြောင်း Chit Thamee Pharmacy - ချစ်သမီး ဆေးဆိုင် မိသားဆုမှ ဆုမွန်ကောင်း တောင်းအပ်ပါသသည်။
#သီတင်းကျွတ်လပြည့်နေ့
မဂ်လာ နံနက်ခင်းပါရှင်။
ချစ်ရတဲ့ ဧည့်သည်တော်များ အဆင်ပြေစေရန်ရှေးရှုပြီး Chit Thamee Pharmacy - ချစ်သမီး ဆေးဆိုင် တွင် အမြင့်လိုင်း
❤နှလုံးဆေးများနှင့် သွေးတိုးကျဆေး သွေးညှိဆေးများ
💛ဆီးချိုဆေးများ
💜ကျောက်ကပ်ဆေးများ
🤎အသည်းဆေးများ
💚ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ ဆေး၀ါးများ နှင်.စိတ်ကျန်မာရေး ဆေး၀ါးများအား စုံလင်စွာ ရရှိနေပြီ ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
💥မှန်ကန်သော စျေးနှုန်းများဖြင့် ၀ယ်ယူရရှိနိုင်ရန် စီစဥ်ထားပါသည်။💥
*စိတ်ချမ်းသာစေရမည် Chit Thamee Pharmacy"
#ကျောက်ကပ် # အသည်း # စိတ်ကျန်းမာရေး # ဦးနှောက်နှင့် အာရုံကြော #သွေးတိုး #နှလုံး
Hello!
ချစ်ရတဲ့ ကာကာတို့ရေ ....
Chit Thamee Pharmacy - ချစ်သမီး ဆေးဆိုင် မှာ FAME Pharmaceuticals ကထုတ်တဲ့ သဘာ၀အော်ဂဲနစ်ဆေး၀ါး အမျိုးပေါင်း🔹️️ 5️⃣0️⃣🔹️️ကျော်ကို တစုတစည်းတည်း ရနေပြီနော်။
စုံစုံလင်လင်ရဖို့ အတွက် အဝေးကြီး ပင်ပန်းခံပြီး ရှာစရာ မလိုတော့နော်။
သီတင်းကျွတ်အခါသမယမှာ
လေးစားချစ်ခင်ရတဲ့ မိဘဆွေမျိုးများ ဆရာသမားများကို ဂရ၀ပြုဖို့ရာအတွက် ရွေးချယ်စရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
ပုံလေးတွေအောက်မှာ အတိုချုပ်ရှင်းပြထားတာလေးတွေပါပါတယ်နော်။
"ဆိုင်ဖွင့်လှစ် ဖြစ်တည်ခြင်း ၅နှစ်ပြည့်အထိမ်းအမှတ် ကျေးဇူးတင်ရှိခြင်း "
မဂ်လာပါရှင်
ယခု ဂျူလိုင်လလေးမှာ ဆိုရင်ဖြင့် လူကြီးမင်းတို့ရဲ့ အစဥ်တစိုက် အားပေးမှုကြောင့် Chit Thamee Pharmacy - ချစ်သမီး ဆေးဆိုင် ဟာဆိုရင် ဖွင့်လှစ်ရောင်းချခဲ့တာ 5နှစ်ပြည့်မြောက်ခဲ့ပြီး ဖြစ်ပါတယ်ရှင်။
ဆိုင်လေးဖြစ်မြောက်အောင် စိတ်ရောကိုယ်ပါ အစစအရာရာ ပါ၀င်ဆောင်ရွက်ပေးခဲ့ပါသော အဖေနဲ့ အမေ၊ (ယခုအချိန်ထိ လူအင်အား စိတ်အင်အားရော အစစအရာရာပါ၀င်ဆောင်ရွက်ပေးပါသော )၊ ဆိုင်ရည်ရှည် တည်တံ့ရေးအတွက် ပါ၀င် အားဖြည့်ပေးခဲ့ကြသော ယောင်းမလေးနှင့် ညီမလေး မေဇင်တို့ကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်းနှင့်
ဆိုင်ကလေး ဖွင့်စမှ ယခုအထိ အစဥ်တစိုက်၀ယ်ယူ အားပေးခဲ့ပါသော၊ လိုအပ်သည်များကို ထောက်ပြ၀ယ်ယူပေးခဲ့ပါသော၊ ဆိုင်ပေါင်းမြောက်များစွာရှိသည့်အထဲမှ ချစ်သမီး ဆေးဆိုင်မှ ရွေးချယ်၀ယ်ယူပေးပါသော ချစ်စွာသော customer များနှင့် ဆိုင်အား ကြည့်ရှူပေးပါသော အန်တီငယ်နှင့် ပတ်၀န်းကျင်မှ မိတ်ဆွေများအား အလေးအနက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်ရှင်။
ရှေ့ဆက်တွင်လည်း လူကြီးမင်းတို့အား ကျေးဇူးတုန့်ပြန်သောအားဖြင့် ပို၍သက်သာမှန်ကန်သောစျေးနှုန်း၊ ကောင်းမွန်သောအရည်အသွေး၊ ပို၍ စုံလင်သော ဆေး၀ါးများ နှင့် ကောင်းမွန်သော ၀န်ဆောင်မှုကို ပေးနိုင်အောင် ကြိုးစားနေပါကြောင်း အသိပေးအပ်ပါသည်။
mmdoc page မှ ကူးယူဖော်ပြပါသည်။
အဆုတ်အအေးမိရောဂါ
ယခုရက်ပိုင်းအတွင်းမှာ ကလေးအများစုမှာ အအေးမိချောင်းဆိုးရပ်ကြပ်တာတွေနဲ့ အဆုတ်အအေးပတ်တဲ့ ရောဂါလက္ခဏာတွေကြောင့် ကျောင်းတွေမှာပါကူးစက်မှုမြင့်တက်နေလို့ မိဘများ စိုးရိမ်စိတ်ပူနေကြတာကြောင့် ကလေးတွေမှာအဖြစ်များတဲ့ အဆုတ်ရောင်ရောဂါများကိုမျှဝေပေးပါရစေ။
ယခုလတ်တလောကလေးတွေမှာ ဖြစ်ပွါးနေတဲ့ အဆုတ်ရောင်ရောဂါပိုးများကတော့ Influenza A virus (ရာသီတုပ်ကွေးအမျိုးအစားA) နဲ့ Respiratory Syncytial virus (RSV) ခေါ်အသက်ရှူလမ်းကြောင်းဆိုင်ရာဗိုင်းရပ်စ်တွေဖြစ်တယ်လို့ ကလေးဆရာဝန်များကဆိုကြပါတယ်။
ရာသီတုပ်ကွေးဗိုင်းရပ်စ်ကြောင့်ဖြစ်တာမို့လို့ ကလေးတွေဟာ နှစ်စဉ်ရာသီတုပ်ကွေးကာကွယ်ဆေးထိုးထားလျှင် ရောဂါကူးစက်ခံရမှုအန္တရာယ်မှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။
Respiratory Syncytial virus (RSV) ဟာ ပုံမှန်အားဖြင့် အအေးမိခြင်းကဲ့သို့သော ရောဂါလက္ခဏာများကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးဖြစ်ပါတယ်။ လူအများစုဟာ တစ်ပတ် (သို့မဟုတ်) နှစ်ပတ်အတွင်း ပြန်လည်ကောင်းမွန်သော်လည်း RSV သည် အထူးသဖြင့် မွေးကင်းစကလေးများနှင့် သက်ကြီးရွယ်အိုများမှာ ပြင်းထန်နိုင်ပါတယ်။ RSV ဟာအသက် 1 နှစ်အောက်ကလေးများမှာ Bronchiolitis (အဆုတ်အတွင်းရှိလေပြွန်ငယ်များရောင်ခြင်း) နှင့် Pneumonia (အဆုတ်ရောင်ခြင်း) တို့ကို အဖြစ်အများဆုံးသောအကြောင်းရင်းပဲ ဖြစ်ပါတယ်။
RSV ကူးစက်ပုံကတော့
• ရောဂါပိုးရှိသူမှချောင်းဆိုးနှာချေခြင်းဖြင့်မိမိဆီကူးစက်ခြင်း
• သင့်မျက်လုံး၊ နှာခေါင်း (သို့မဟုတ်) ပါးစပ်တွင် ချောင်းဆိုးခြင်း(သို့မဟုတ်)နှာချေခြင်းမှဗိုင်းရပ်စ်အမှုန်အမွှားများ ထိတွေ့ခြင်း။
• RSV ကူးစက်ခံရသောကလေးမျက်နှာကို နမ်းရှုံ့ခြင်းကဲ့သို့သော ဗိုင်းရပ်စ်ပိုးနဲ့ တိုက်ရိုက်ထိတွေ့မှုရှိခြင်း။
• တံခါးလက်ကိုင်ကဲ့သို့ ဗိုင်းရပ်စ်ပိုးရှိသောမျက်နှာပြင်ကိုထိတွေ့ပြီးနောက် လက်ကိုမဆေးမှီ မျက်နှာကို ထိတွေ့ကိုင်တွယ်ခြင်း။
RSV ကူးစက်ခံထားရသူများဟာ များသောအားဖြင့် ၃ ရက်မှ ၈ ရက်အထိ တခြားသူကိုကူးစက်နိုင်ပြီး ရောဂါလက္ခဏာမပြမီ တစ်ရက် (သို့မဟုတ်) နှစ်ရက်အတွင်း မှာလည်း ကူးစက်နိုင်ပါတယ်။ သို့သော်လည်း အချို့သော မွေးကင်းစကလေးများနှင့် ခုခံအားစနစ်အားနည်းနေသူများဟာ ရောဂါလက္ခဏာမပြဘဲ ၄ပတ်ကြာသည်အထိ ဗိုင်းရပ်စ်ပိုးကို ဆက်လက်ပျံ့နှံ့စေနိုင်ပါတယ်။ ကလေးများဟာ မိမိအိမ်ပြင်ပနေရာများဖြစ်တဲ့ကျောင်း (သို့မဟုတ်) ကစားကွင်း နေရာများမှာ RSV ရောဂါပိုးကို ကူးစက်ခံရတတ်ပါတယ်။ ထို့နောက် ၎င်းတို့မှတဆင့် အခြားမိသားစုဝင်များထံ ဗိုင်းရပ်စ်ကူးစက်နိုင်ပါတယ်။
RSV ကူးစက်ခံရသူများသည် ရောဂါပိုးကူးစက်ခံရပြီး ၄ ရက်မှ ၆ ရက်အတွင်း ရောဂါလက္ခဏာများ ပြတတ်ပါတယ်။ RSV ရောဂါပိုးကူးစက်ခံရသောလက္ခဏာများမှာ
• နှာရည်ယိုခြင်း
• အစာစားချင်စိတ်လျော့ကျခြင်း
• ချောင်းဆိုးခြင်း
• နှာရည်ယိုနှာပိတ်ခြင်း
• ဖျားခြင်း၊ကိုယ်ပူခြင်း
• အသက်ရှူကြပ်ခြင်း တို့ပဲဖြစ်ပါတယ်။
များသောအားဖြင့် RSV ဟာ မပြင်းထန်ပဲ သာမန်အအေးမိတာမျိုးလောက်ပဲဖြစ်စေသော်လည်း ၎င်းဟာပြင်းထန်သောဖျားနာမှုကိုလည်း ဖြစ်စေနိုင်ပါတယ်။
• Bronchiolitis (အဆုတ်အတွင်းရှိ လေပြွန်ငယ်များ ရောင်ရမ်းခြင်း)
• Pneumonia (အဆုတ်ရောင်ပိုးဝင်ခြင်း)
အသက် 6 လအောက် ကလေး ၁၀၀တွင် တစ်ဦးမှ ၂ဦးဟာ RSV ပိုးကူးစက်ခံရပါက ဆေးရုံတက်ရန် လိုအပ်နိုင်ပါတယ်။ ထိုကဲ့သို့ ဆေးရုံတင်ထားရသူများဟာ အောက်ဆီဂျင်၊ IV fluids သို့မဟုတ် Mechanical Ventilation ခေါ် (အသက်ရှူရာတွင် အထောက်အကူပေးသည့်စက်) တွေကိုလိုအပ်နိုင်ပါတယ်။ အများစုဟာ ထိုကဲ့သို့သောကုသမှုတွေနဲ့ တိုးတက်ကောင်းမွန်လာပြီး ရက်ပိုင်းအနည်းငယ်အတွင်းမှာ ဆေးရုံမှဆင်းတာများပါတယ်။
Pneumonia (အဆုတ်အအေးမိခြင်း)
• နမိုးနီးယားခေါ်အဆုတ်အအေးမိရောဂါ(Pneumonia) ကလည်း နှာရည်ယိုနှာပိတ်ခြင်း၊အအေးမိ၊လည်ချောင်းနာခြင်းတို့မှစတင်တဲ့ရောဂါ ဖြစ်ပါတယ်။
• မိခင်နို့ကိုစနစ်တကျတိုက်ကျွေးခြင်း၊ ကာကွယ်ဆေးများကိုအပြည့်အဝထိုးနှံထားခြင်း (အထူးသဖြင့် ဦးနှောက်အမြှေးရောင်နှင့်အဆုတ်အအေးမိရောဂါကာကွယ်ဆေးထိုးခြင်း)၊ နေအိမ်အတွင်းဆေးလိပ်မသောက်ခြင်း ဖြင့်ရောဂါဖြစ်ပွါးမှုကိုလျှော့ချန်ုင်ပါတယ်။
• သင်၏ကလေးဟာ နှာစေးချောင်းဆိုးပြီး အသက်ရှူမြန်နေပါက နီးစပ်ရာကျန်းမာရေးဝန်ထမ်းထံပြသင့်ပါတယ်။
• အသက်ရှူစဉ်နံရိုးအောက်ပိုင်းရင်ဘတ်ချိုင့်ဝင်ခြင်း၊မှိန်းလွန်းခြင်း၊တက်ခြင်း၊နို့မစို့နိုင်လောက်အောင် အသက်ရှူကြပ်ခြင်းဖြစ်လာပါက ဆေးရုံတင်ရန်လိုအပ်ပါတယ်။
• ကလေးကိုနွေးထွေးစွာထားရပါမယ်။ စောင်ဖြင့် ထူထဲစွာခြုံထားရန်တော့မလိုပါ။
• အရည်များများဝင်အောင်တိုက်ပါ။
• ဆရာဝန်များမှ လိုအပ်ပါက ပဋိဇီဝဆေးများဖြင့်ကုသပေးပါလိမ့်မယ်။ မိမိကိုယ်ကို တိုက်ကျွေးခြင်းမပြုရပါ။
• အကယ်၍၃ပတ်နဲ့အထက် ပိုချောင်းဆိုးပါက ပန်းနာရင်ကြပ်နဲ့ကြက်ညှာချောင်းဆိုးခြင်းတို့ဖြစ်နိုင်တာကြောင့် ဆေးရုံ၊ဆေးခန်းသို့ပြရန် လိုအပ်ပါတယ်။
RSV ပိုးကူးစက်မှုကိုကာကွယ်ရန် ကာကွယ်ဆေးမရှိသေးသော်လည်း ဖော်ထုတ်နိုင်ရန် ကြိုးစားနေကြပါတယ်။
သို့သော် RSV ပျံ့နှံ့မှုကို ကာကွယ်ရန် သင်လုပ်ဆောင်နိုင်သော အဆင့်များရှိပါတယ်။ အတိအကျပြောရရင် သင့်မှာအအေးမိတဲ့ လက္ခဏာတွေ ရှိလျှင်
• ချောင်းဆိုး နှာချေတဲ့အခါ လက်နဲ့မဟုတ်ဘဲ တစ်သျှူး ဒါမှမဟုတ် င်္အကျီလက်နဲ့ ဖုံးအုပ်ပါ။
• လက်ကို ဆပ်ပြာနှင့်ရေဖြင့် အနည်းဆုံး စက္ကန့် 20 ကြာကြာ မကြာခဏ ဆေးကြောပါ။
• နမ်းခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်း၊ ဇွန်းခွက်ပန်းကန်များ မျှဝေခြင်းကဲ့သို့သော အနီးကပ်တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ။
• တံခါးခလုတ်များနှင့် မိုဘိုင်းဖုန်းများကဲ့သို့သော မကြာခဏထိတတ်သောမျက်နှာပြင်များကို သန့်ရှင်းပါ။
အဓိကကတော့ အစိုးရိမ်မလွန်ပဲ မိမိနဲ့ကလေးကျန်းမာရေးအတွက် သိတတ်နားလည်သူတွေဆီက ကျန်းမာရေးအထောက်အကူကို အချိန်မှီရယူပါ။
#အဆုတ်အအေးမိရောဂါ
#ချောင်းဆိုး
#နှာချေ
#နှာစေး
#ဆေးဆိုင်
Thamee Pharmacy - ချစ်သမီး ဆေးဆိုင်
မိုးရာသီရဲ့ ရာသီစာလေး ဖြစ်တဲ့ အင်ဥလေးတွေအကြောင်း
အင်ဥဆိုတာ အင်ပင်တွေရဲ့အောက်မှာ အင်ပင်အမြစ်တွေနဲ့ ဆက်စပ်နေတဲ့ မှိုတစ်မျိုးဖြစ်ကြောင်း သိရပါသည်။ အင်ပင်အောက်ခြေအနီးအနားမှာပေါက်တဲ့ မှိုတစ်မျိုးဟုလည်း အလွယ်ခေါ်ကြပါသည်။
အင်ဥသည် အိန္ဒိယ၊ မြန်မာ၊ ထိုင်းနှင့် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံအချို့၌ ပေါက်ရောက်ကြသည်။ မြန်မာနိုင်ငံတွင် ပဲခူးရိုးမတစ်ကြော အင်တိုင်းမြေများတွင် မိုးဦးကာလ မေ၊ ဇွန်လများတွင် အင်ဥများ ပေါများစွာ တွေ့ရတတ်သည်။ တစ်နှစ်ပတ်လုံးတွင် (၁)ကြိမ်တည်းသာ တွေ့ရှိရပြီး ရက်အတိအကျ မသိနိုင်ဘဲ ယေဘူယျအားဖြင့် မိုးမှန်စပြုချိန်တွင် တွေ့ရလေ့ရှိကြောင်း သိရပါသည်။
အင်ဥတူးသူများမှာ မြေကြီးထဲရှိ အင်ဥများကို ဝါးပြားနှင့် ကလော်ယူကြပြီး ရရှိလာသော အင်ဥများကို စုဆောင်း၍ (၂)နာရီခန့်ကြာအောင် ရေစိမ်ထားပြီးမှ ဆေးကြောသန့်စင်ပါက ပိုမိုလွယ်ကူကြောင်းသိရပါသည်။ ထူး၍ ရရှိလာသော အင်ဥကို နေ့မကူးခင် ချက်ပြုတ်စားသုံးရပြီး နေ့ကူးသွားပါက ရင့်သွား၍ သိပ်စားမကောင်းတော့ပါ။
ဒေသခံများမှ ဗဟုသုတအနေဖြင့် အင်ဥနှင့် သစ်ယာဥများ ဆင်တူကြသော်လည်း များစွာကွဲပြားကြကြောင်း ဆိုကြပါသည်။ အင်ဥမှာ အခွံ အမဲ (သို့) အညိုရောင်ရှိကြပြီး ရေဆေးရ အရမ်းခက်လောက်အောင် မြေကြီးသား မကပ်ကြပေ။ အင်ဥလုံးလေးတွေကို ရေနဲ့သေချာပွတ်ဆေးလျှင်လည်း အလုံးလေးတွေ မကွဲတတ်ကြပါ။ သို့သော် သစ်ယာဥမှာ သဲအမဲရောင်အများကြီး ထူပစ်နေအောင် ကပ်နေသောကြောင့် ရေအများကြီးဆေးရပြီး အခွံကျွတ်ဆတ်ဆတ်နဲ့မို့ ရေဆေးလို့ လက်နဲ့ ကွဲထွက်သွားပြီး အရသာလည်း အင်ဥလောက် စားမကောင်းကြောင်း သိရပါသည်။
အင်ဥမှာ မှိုမျိုးနွယ်ဝင်မြေအောင်း မှိုတစ်မျိုးဖြစ်သောကြောင့် မှိုများကဲ့သို့ပင် ကျန်းမာရေးအတွက်အထောက်အကူဖြစ်စေသည့် အာဟာရဓါတ်များ ပါဝင်ပါသည်။
အင်ဥတွင် Vitamin – B, Vitamin – D, Potassium,Copper,Selenium နှင့် Antioxidant တို့ ကြွယ်ဝစွာ ပါဝင်ပါသည်။ ထို့ပြင် Protein, Fiber နှင့် Iron ဓါတ်လည်း ပါဝင်ကြပါသည်။
(၁) အသားဓါတ် (Protein )အများအပြားပါဝင်သည့်အတွက် လူ့ခန္ဓာကိုယ်အတွက် လိုအပ်သည့် Amino acid တွေကို ဖြည့်ဆည်းပေးပါသည်။
(၂) Fiber (အမျှင်ဓါတ်) ပါဝင်သောကြောင့် အူမကြီးလှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးပါသည်။
(၃) အင်ဥတွင် Antioxidants များ ပါဝင်သောကြောင့် ကင်ဆာရောဂါ၊ ဆီးချိုရောဂါများ မဖြစ်ပွားအောင် ကာကွယ်ပေးပါသည်။
(၄) အင်ဥသည် ရောင်ရမ်းမှုကို လျော့ကျစေသကဲ့သို့ အသည်း၊ အဆုတ်၊ ရင်သားအကျိတ်ဖွံ့ဖြိုးလာမှုကို တားဆီးပေးနိုင်ပါသည်။
(၅) အင်ဥတွင် Antioxidantsနှင့် Amino acid ပါဝင်သည့်အတွက် ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို မြှင့်တက်စေပြီး Copperပါဝင်သောကြောင့် သံဓါတ်စုပ်ယူမှုကို အားကောင်းစေပါသည်။
(၆) ကိုယ်အလေးချိန်မြင့်တက်စေသော Cholestrols နှင့် Carbohydrateပါဝင်မှုနှုန်းနည်းပါးပြီး အမျှင်ဓါတ်ကြွယ်ဝစွာ ပါဝင်သောကြောင့် နှလုံးရောဂါဆိုင်ရာပြဿနာနှင့် လေဖြတ်ခြင်းကိုလည်း ကာကွယ္်ပေးပါသည်။
သတိပြုရန်အချက်များမှာ -
(၁) မှိုနှင့် ဓါတ်မတည့်သူများအနေဖြင့် အင်ဥကို ဆင်ခြင်စားသုံးသင့်ပြီး သွေးတိုးရောဂါ၊ ဂေါက်ရောဂါ၊ လေးဘက်နာရောဂါရှိသူနှင့် အဆစ်အမြစ်နာကျင်ကိုက်ခဲတတ်သူများအနေနှင့် လည်း ချင့်ချိန်စားသုံးသင့်ပါသည်။
(၂) အင်ဥကို တညင်းသီး၊ ပီလောပီနံ၊ ကြောင်လျှာသီး၊ ကြက်ဟင်းခါးသီး၊ မျောက်ငိုသီး၊ ကဏန်း၊ ဖားသား၊ မျှစ်ချဥ်၊ ပုစွန်ချဥ်၊ ငါးချဥ်၊ ဒူးရင်သီး၊ ဆူးပုပ်၊ ပဲငါးပိတို့နှင့် တွဲဖက်မစားသင့်ပါချေ။ အစာအဆိပ်သင့်၍ မူးဝေအော့အန်၊ ဝမ်းပျက်၊ ဝမ်းလျှောခြင်းများ ဖြစ်တတ်ပါသည်။
(၃) ကလေးမွေးပြီးစ သားသည်မိခင်များအနေဖြင့်လည်း "မှိုတစ်နှစ်၊ မျှစ်တစ်လ" မစားသင့်ဟု ဖတ်မှတ်ရဖူးပါသည်။
အရသာရှိလှသော အင်ဥကို ဒေသခံများမှာ အင်ဥကြော်၊ အင်ဥကင်၊ အင်ဥသက်သက်လွတ်ဟင်း၊ အင်ဥသုပ်၊ အင်ဥမျှစ်ဆူးပုတ်ချက်တောဟင်းချို၊ အင်ဥငပိရည်ချက် စသည်ဖြင့် ပြုလုပ်စားသုံးကြပါသည်။
အင်ဥဟင်းချက်နည်းမှာ
၁။ အင်ဥကို အရင်ဆုံး ရေစိမ်ထားရပြီးနောက် ရေနှင့် (၄-၅)ကြိမ် ဇကာနဲ့တိုက်၍ ပြောင်စင်အောင် အင်ဥ(၁)လုံးချင်းစီကို သေချာဆေးရပါမည်။ သို့မှသာ အင်ဥတွင် ကပ်နေသော မြေကြီးများ ပြောင်စင်မည်ဖြစ်သည်။
၂။ ရေဆေးထားသော အင်ဥကို ထက်ခြမ်းခွဲပြီး ရေနွေနဲ့ ထပ်ပြုတ်ကာ ရေစစ်ထားရပါမည်။
၃။ ကြက်သွန်ဖြူ/နီ၊ ငရုတ်သီးတို့ကို ရောထောင်းထားရပါမည်။
၄။ ပြီးနောက် ရေစစ်ထားသော အင်ဥကို အရသာမှုန့်၊ ဆားအနည်းငယ်၊ ကြက်သွန်ဖြူ/နီ၊ ငရုတ်သီးထောင်းတို့ဖြင့် ရောနယ်ပေးရပါသည်။
၅။ မီးဖိုပေါ်ဒယ်အိုးတင်ပြီး ဆီပူလာပြီဆိုပါက စောနက အဆာပလာတွေနဲ့ ရောနယ်ထားတဲ့ အင်ဥကို ထည့်ရပါမည်။ ရေ(၂)ကြိမ်၊ (၃)ကြိမ် ခမ်းသည်အထိ တည်ပြီးပါက အရသာရှိလှတဲ့ မိုးရာသီစာ အင်ဥဟင်းလေး ကျက်ပါပြီ။
ဟင်းအိုးချခါနီးမှာ ပန်းငရုတ်ပွတောင့်ကို ခွဲပြီးထည့်ချက်လို့ရသလို ငပိကြိုက်ပါကလည်း ဆီသတ်သည့်အချိန်အနည်းငယ်ထည့်လို့ ရပါတယ်။ အဖိုးနည်းပြီး ခံတွင်းမြိန်စရာ အင်ဥဟင်းတစ်မည်ဖြစ်ပါသည်။
ထိုကဲ့သို့ အရသာရှိလှပြီး (၁)နှစ်မှာ (၁)ကြိမ်သာပေါ်သော ရာသီစာအင်ဥအကြောင်းကို လေ့လာထားသမျှ ရေးသားလိုက်ရပါသည်။
Credit #
#အစိမ်းရောင်လမ်းတွင် #နှင်းဖြူဖြူ မှ ရေသားထားသည်ကို
ထပ်ဆင့် ကူးယူဖော်ပြပါသည်။
ပင်လယ်ပြာ(ငါးဦးစီး)
အိမ်မှာ ကိုယ်တိုင်ကြော်ထားတဲ့ ပုံလေး ထည့်ပေးလိုက်ပါတယ်နော် ။
အဟာရပြည့်ပြီး ဘေးကင်းသော အစားအစာကို ရွေးချယ်စားနိုင်အောင် စေတနာဖြင့် Chit Thamee Pharmacy - ချစ်သမီး ဆေးဆိုင်
#အင်ဥ
အဖေများ၏ ကျေးဇူးများကို အမှတ်ရသည့် အနေဖြင့် ကမ္ဘာပေါ်တွင် နှစ်စဉ် ဇွန်လ၏ တတိယမြောက် တနင်္ဂနွေနေ့ကို အဖေများနေ့အဖြစ်သတ်မှတ်ပြီး အဖေများကို ဂုဏ်ပြုလေ့ရှိကြပါတယ်။
ယနေ့ ဇွန်လ (၁၈) ရက်နေ့တွင် ကျရောက်သော 👨အဖေများနေ့တွင် ကမ္ဘာပေါ်ရှိအဖေများအားလုံးကျန်းမာချမ်းသာပါစေကြောင်း Chit Thamee Pharmacy - ချစ်သမီး ဆေးဆိုင် မိသားစုမှဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
ခုရက်ပိုင်း popular ဖြစ်နေတဲ့ အကြောင်းအရာလေးလည်းဖြစ် ကျန်းမာရေးနှင့်လည်း ပတ်သက်နဲ့ အကြောင်းအရာလေးတွေလည်း ပါ၀င်တာမို့ Chit Thamee Pharmacy - ချစ်သမီး ဆေးဆိုင် page မက #နွေဦးသန့် မှတစ်ဆင့် ကူးယူဖော်ပြပေးလိုက်ပါတယ်။
Credit #နွေဦးသန့်
"Gel"
(18+ တွေပါပါတယ်၊ Reproductive health knowledge အနေနဲ့ ရေးပါတယ်)
gel တွေ ခေတ်ထနေလို့ OG ဘဝ ကြုံရတဲ့ gel တွေအကြောင်း ပြောပြဦးမယ်။
အသုံးပြုဖို့ အရေးကြီးတဲ့ အကြောင်း
gel တို့သည် ခေသူမဟုတ်တဲ့ အကြောင်းပေါ့။
ပထမဆုံး ဒီ gel အရေးပါတာကို နှဖူးတွေ့ ဒူးတွေ့ စသိတာက ဆရာဝန်ပေါက်စဘဝ အနောက်ပိုင်းဆေးရုံ OG ward မှာပါ။
မှတ်မှတ်ရရ OG ward မှာ ပထမဆုံး စဆင်းရတဲ့ duty နေ့ပေါ့။ holiday duty။
ကေ့စ်မရှုပ်ပဲ သာသာယာယာ ရှိနေတုန်း အသက် ၆၀ ကျော် အမျိုးသမီးတယောက် Bleeding နဲ့ သွေးတွေဆင်းပြီး shock နဲ့ ရောက်လာပါတယ်။ သွေးဆိုတာ ရေပိုက်ခေါင်းက ဖွင့်ချသလိုကို ဆင်းနေတာပါ။ ထမိန်တခုလုံးရွှဲနစ်ပီး လူက ဖြူဆုတ်နေပီ။
အသက် ၆၀ ကျော် သွေးဆုံးပြီးသားက သွေးတွေ ဒီလောက်ဆင်းတာ မတွေ့ဘူးတော့ သားအိမ်ခေါင်း အနာလားပေါ့။
ဆရာဝန်ပေါက်စ ကျနော် ဝန်ခံရရင် အဲ့အချိန်မှာ ကြောက်နေမိတာ အမှန်ပဲ။ ဒါပေမယ့် ward ထဲ အဲ့ဒီအချိန်က ကိုယ် တာဝန်အရှိဆုံး မဟုတ်လား၊ speculum ကြည့်ဖို့ (ဘဲပါးစပ်လိုမျိုး မိန်းမကိုယ်ထဲကြည့်တာ) စမ်းသပ်ခန်းထဲ ထည့်ပြီး ကြိုးစားရပါတယ်။ သွေးသွန်နေတဲ့ အကြောင်းကို သိဖို့လိုတာကိုး။ လူနာကို history မေးတော့လည်း ဘာမှ မည်မည်ရရ မဖြေဘူး (ဆရာဝန် ဝါနုသေးတော့ မမေးတတ် မမေးရဲ နဲ့၊ ခုချိန် ဒါမျိုးလာ
ရင်တော့ တန်းပြီးမေးရဲပါပီ)။
သွေးက တောက်လျှောက်ဆင်းနေတော့ speculum ကြည့်တော့လည်း ဘာမှ မမြင်ရဘူးဗျာ။
သွေးတွေဆိုတာရွှဲ။ ဒါနဲ့ လက်နဲ့ VE စမ်းတော့လည်း တမျိုးကြီးဗျာ၊ စမ်းဖူးဒါတွေနဲ့ မတူဘူး။
သွေး ပုလင်းတွေ အမြန်သွင်းပေါ့။
ခဏနေတော့ မမOG ရောက်လာ speculum ကြည့်ပြပါလေရော၊ သမ္ဘာရင့် ဝါရင့် OG ဆိုတော့ မမ က တန်းမေးတာပဲ။ sexual in*******se ရှိလားဆိုပြီး၊ မလိမ်နဲ့ အသက်ကယ်ဖို့ ဆိုပြီး မေးတော့ ဟုတ်ပါတယ်လို့ လူနာက ဖြေပါလေရော။ Speculum ထဲ ဂွမ်းစတွေနဲ့ ဖိပြီး သုတ်ပီး ကြည့်ပြမှ တွေ့ပါပြီပါ va**na ထဲ ဟက်တက်ကြီး နံရံကနေ ထိပ်အထိပဲ။
သွေး ၃လုံးလောက် သွင်းပြီး ခွဲခန်းထဲ ဝင်ချုပ်လိုက်ရတယ်။
လူနာ မုဆိုးမ အန်တီကြီးက သူ့အိမ်က driver ကောင်လေးနဲ့ ဖြစ်ကြတာပါ။ သူ့သားတွေ သမီးတွေဆိုတာ အဲ့ကောင်လေးကို ထိုးမယ်တွေ သတ်မယ်တွေနဲ့ ဝုန်းဒိုင်းကိုကြဲနေတာပဲ။
ကေ့စ် လုပ်လို့ပြီးတော့ မမ OG က "အာကာရေ၊ ဒါ health education အထူးသဖြင့် reproductive health education ပဲကွ၊ လူနာက menopause သွေးဆုံးပြီးလို့ သူ့ va**na wall တွေက စက္ကူလို ခြောက်ပီး ပါးနေပီလေ။ အဲ့တော့ lubricant တို့ gel တို့ သုံးရမယ်ကွ။ England က အဘွားကြီးတွေက သုံးရကောင်းမှန်းသိတယ်။ တို့ဆီက ဒါတွေ သုံးရမယ်ဆိုတာမသိတော့ အသက်သေမလိုတောင် ဖြစ်သွားရတယ်" လို့ တခုတ်တရ ပြောပါတယ်။
ဒါက gel ရဲ့ အရေးကြီးပုံကို ပထမဆုံးသေချာကြုံဖူးသွားတာ။
နောက်တခါက OG ဘွဲ့လွန်ကျောင်းသားဘဝ။
ညဖက် အရေးပေါ် မှာ duty ချိန်ပါ။
ကောင်မလေးက ကျောင်းသူလေး ရှိလှမှ ၁၉/၂၀ ပေါ့။
အဲ့လိုပဲ အောက်ပိုင်းနဲ့ ထမိန်မှာ သွေးတွေရွှဲပြီး ကြောက်လန့်တကြား ဝင်လာကြတာပေါ့
လိုက်ပို့တာက ကောင်လေး။
ဒီတခါတော့ တန်းသိပါပီ
ဟိုကောင်လေး ခေါ်မေးရတာပေါ့ "ဟိတ် ကောင် နင်နေလာလား ပေါ့"
ငြင်းမှ မရတာ ဟုတ်ပေါ့။
စမ်းတော့ တွေ့ပါပီ va**nal ပြဲတဲ့နေရော။ ဆိုးတာက spiral tear လို့ခေါ်တဲ့ ကွေ့ဝိုက်ပြီးပြဲနေတာ၊ ပိုဆိုးတာက အူပါ ထွက်နေတာပဲ။ တခါမှ မတွေ့ဖူးဘူး။ team leader အမOG လည်း မျက်လုံးတွေပြူးကုန်တယ်။ သွေးအမြန်သွင်း ခွဲခန်းထဲ ဝင်ပြီး ခွဲစိတ်ဆရာဝန်ခေါ် ဗိုက်ပါဖွင့် အူတွေပါပြဲကုန်လားကြည့်၊ အောက်ပိုင်လည်းပြန်ပြင် တော်တော်ကို လုပ်ယူကြရတယ်။
အဲ့ သကောင်းသားကိုလည်း အခန်းတခုထဲ ခေါ်မေးရတော့တာပေါ့ ဘာလုပ်လိုက်တာလဲလို့။ ပထမဆုံး အကြိမ်မှာ gel မသုံးတဲ့ အပြင် အယုတ်တမာလေးက ဂေါ်လီလို ဆိတ်မျက်ကွင်းလို ဟာပါ တပ်ပြီး သုံးလိုက်တာပါပဲ။
ဒီပြဿနာက အကျယ်မဖြစ်သွားပဲ ကောင်လေးက လက်ထပ်ယူလိုက်ပါတယ်။ ခုခေတ်လို social media တွေ မပေါသေးတဲ့အချိန်မို့လို့ပေါ့။
ဒါပေမယ့် post co**al tear လို့ခေါ်တဲ့ အဲ့လို နေပြီးကွဲ ဖြစ်ပြီးသွားရင် မိန်းကလေးတွေမှာ psycological trauma ရသွားတတ်ပါတယ်။ အထူးသဖြင့် ဒီလို အကြီးအကျယ်ဖြစ်သွားရင် တသက်လုံး စိတ်ဒဏ်ရာရသွားတတ်ပါတယ်။ ဒါကလည်း အဲ့ဒီမိန်းကလေးကို round ရင်းနဲ့ Professor OG က ကျနော်တို့ကို သင်ပြပြောပြလို့ ပိုသိရတာပါ။
လာပါပီ gel ရဲ့ အခန်းကဏ္ဍ ။ ဒီလို နေပြီးကွဲ လူနာတွေ ပြန်နေတဲ့ အခါ ဘာမှာမလဲတဲ့ Professor က မေးပါတယ်။ မိန်းကလေးဖက်က အဆင်သင့်ဖြစ်မှ နေရပါမယ် လို့ မှာပါ့မယ်လို့ ဖြေလိုက်ပါတယ်။ ကဲ လူနာယောကျ်ားကို နားလည်လွယ်အောင် ပြောစမ်းကွာ ဆိုတော့ ၊ foreplay ကြာကြာလေးလုပ်ပေးပါလို့ ပြောပါ့မယ် လို့ပြန်ဖြေလိုက်ပါတယ်။ Prof က ဟဲ့ကောင် လူနာက foreplay ဆိုတာ ဘယ်နားလည်မလဲ မြန်မာလိုပြောပြတဲ့။ အဲ့မှာ ခက်ပြီ foreplay ကို မြန်မာလို မသိဘူး။ Prof က မြန်မာလို လှလှလေးနဲ့ မရိုင်းအောင် သုံးပြသွားပါတယ်။ "ပွတ်သီးပွတ်သပ် ကြာကြာလေးလုပ်ပါတဲ့"။ အသုံးအနှုန်းလေးက ဘယ်လောက်ကောင်းလဲ။ ပြီးတော့ အဲ့ဒီ လူနာ ဆေးရုံဆင်းရင် gel တဗူး ဝယ်ခိုင်းလိုက်ပါ အာကာရေ တဲ့။
ကဲ ဒါက gel အရေးပါပုံ လေးတွေပါပဲ။
ခုခေတ်ကတော့ ပွင့်လင်းမြင်သာနဲ့ gel အကြောင်းသိကြသူတွေ များနေကြပါပီ 😁
(ကျန်သေးတယ်၊ pr******te လည်း gel ပါတဲ့ condom သုံးခိုင်းရတဲ့ အကြောင်းတွေ၊ နောက်တော့ ယောက်ျားကြီးတွေ Gel အသုံးကောင်းလို့ ICU ထဲထိရောက်တဲ့ ကိစ္စတွေ ရှိသေးတယ်။ ရန်ကုန် အနောက်ပိုင်းဆေးရုံမှာ ဆင်းဖူးတဲ့ ဆရာဝန်တွေ သိကြပါတယ် 😁)
#မျိုးဆက်ပွားကျန်းမာရေး
Thamee Pharmacy - ချစ်သမီး ဆေးဆိုင်
#တာမွေ
ဖေဖေ့ကို လက်ဆောင်ပေးချင်တယ်ဆိုရင် Sawpalmetto လေးရော Beepollen လေးရော Chit Thamee Pharmacy - ချစ်သမီး ဆေးဆိုင် မှာ ရပါတယ်နော်။
စိတ်ချမ်းသာစေရမည် Chit Thamee Pharmacy
အသက်အရွယ်ရလာလည်း ဖေဖေ ကျန်းမာနေစေဖို့❤
ဆိုင်ဖွင့်စမှ ယခုထိ လေးနှစ်ကျော် ငါးနှစ်နီးပါး တိုင်အောင်
အားပေးလာကြပါသော ချစ်ရတဲ့ customer အရောက်စီ တိုင်းကို Chit Thamee Pharmacy -ချစ်သမီး ဆေးဆိုင်မိသားစုမှကျေးဇူးအထူးပင်တင်ရှိပါတယ်နော်။
"မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊တန်ခူးလပြည့်ကျော်(၂)ရက် ၊ တင်္နလာနေ့ (17.4.2023) မြန်မာနှစ်ဆန်းတစ်ရက်နေ့ မှစ၍ မြန်မာပြည်သူ ပြည်သားများ နှင့်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျမ်းမာခြင်းများနှင့်ပြည့်စုံကြပါစေ။
ဘေးရန်အန္တရာယ်အပေါင်းမှ ကင်းဝေးပါစေ။
ကြုံတွေ့လာသမျှ အခက်အခဲများကို ကျော်လွှားနိုင်ပါစေကြောင်း Chit Thamee Pharmacy - ချစ်သမီး ဆေးဆိုင် မိသားစုမှဆုတောင်းမေတ္တာပို့သလိုက်ပါတယ်နော်။
ချစ်ခင်လေးစားရပါသော မိတ်ဟောင်းမိတ်သစ်များ မဂ်လာပါရှင့်။
Chit Thamee Pharmacy - ချစ်သမီး ဆေးဆိုင် (အသောကစျေး၊ တာမွေ)အား မြန်မာ့နှစ်သစ်ကူး သက်ြန်ကာလအတွင်းတွင်လည်း ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါကြောင်း သတင်းကောင်းပါးအပ်ပါသည်ရှင့်။
ဆိုင်စဖွင့်ကာစမှ ယခုအချိန်ထိ အားပေးလာကြပါသော ချစ်ရတဲ့ မိတ်ဆွေများကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ချစ်သမီး ဆေးဆိုင် မိသားစု မှပြောကြားလိုပါတယ်ရှင့်။
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်ရှင့်။
ထို့အပြင် ဆေး၀ါးပညာရှင်၏ ကြည့်ရှုကွပ်ကဲမှုနှင့်အတူ မိတ်ဆွေတို့၏ ဆေး၀ါးများနှင့်သက်ဆိုင်သော လိုအပ်ချက်များကို တပ်အားသ၍ စေတနာထားကာ ဆွေးနွေးပေးပါကြောင်း သတင်းကောင်းပါးအပ်ပါသည်ရှင်။
Phone No📞 095165596 📞
မေမေဖေဖေတို့၊ ဘိုးဘိုးဘွားဘွားတို့၊ ဦးဦးဒေါ်ဒါ်တို့ စိတ်ပူစရာမလိုတော့ဘူးနော်
လူကြီးမင်းတို့ရဲ့ အိမ့်အဖိုးတန်ဆည်းလည်းလေး တို့အတွက် 𝐃𝐮𝐦𝐞𝐱 𝐃𝐮p𝐫𝐨 , 𝐃𝐮𝐦𝐞𝐱 𝐃𝐮𝐠𝐫𝐨 ကလေးနို့မှုန့်လေး တွေ Chit Thamee Pharmacy - ချစ်သမီး ဆေးဆိုင် မှာ ဝယ်ယူနိုင်ပါပြီနော်
💚𝐃𝐮𝐦𝐞𝐱 𝐃𝐮p𝐫𝐨 , 𝐃𝐮𝐦𝐞𝐱 𝐃𝐮𝐠𝐫𝐨 တို့မှာ ကလေးတို့အတွက်လိုအပ်တဲ့ အာဟာရဓာတ်မျိုးစုံ Vitamins & Minerals၊ Fibresအမျှင်ဓာတ်များ အပြင် DHA**လည်း အဓိကပါ၀င်တာကြောင့် ဦးနှောက်မှတ်ဥာဏ်စွမ်းရည် နှင့် အမြင်အာရုံဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသော အခြေခံအုတ်မြစ် ဖြစ်တယ်ဆိုတာ အားလုံး သိထားပြီးထားဖြစ်မှာပါနော်💖
🍼𝐃𝐮𝐦𝐞𝐱 𝐃𝐮p𝐫𝐨 𝐒𝐭𝐞𝐩 1 (၀ -၁၂)လ ကလေးများအတွက် (250g) , (650g) စက္ကူဗူး
🍼𝐃𝐮𝐦𝐞𝐱 𝐃𝐮p𝐫𝐨 𝐒𝐭𝐞𝐩 2 (၆ -၂၄)လ ကလေးများအတွက်(650g) စက္ကူဗူး
🥛𝐃𝐮𝐦𝐞𝐱 𝐃𝐮𝐠𝐫𝐨 𝐒𝐭𝐞𝐩 3 (အသက်၂နှစ်အထက်မှ၉နှစ်)ထိ ကလေးများအတွက် (600g) စက္ကူဗူး
များကို👶🏻👦🏻👧🏻ချစ်စရာ ကလေးလေးတို့ အသက်အရွယ်အလိုက်
ရရှိနိုင်ပါပြီနော် 😍😍
Onlineမှ တစ်ဆင့် မှာယူလို့ရပြီး
ဖုန်းဖြင့်လည်း ဆက်သွယ်စုံစမ်းမေးမြန်းမှာယူနိုင်ပါတယ်နော်။
ကိုယ်တိုင်ကိုယ်ကျ ၀ယ်ယူလိုပါက
🏡အမှတ် ( ၁၇)မြေညီ၊ သူကြွယ်လမ်း၊
ဌေးကြွယ်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့
သို့လည်း လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်…
#တာမွေ
#ဆေးဆိုင်
#နှို့မှုန့်
#အဟာရမှုန့်
#ကလေးဖြည့်စွက်စာ
✅
Brands ရဲ့ Phyto Drink လေး ကိုယ်တိုင် test လုပ်ကြည့်လိုက်တာ ကြိုက်သွားပြီကွာ။ သလဲသီးနံ့ ချိုမွှေးမွှေးလေး အရသာလေးလဲ ကောင်းမှကောင်း အရမ်းကြီးလဲ မချိုသလို အရမ်းလည်း အချိုမပေါ့ဘူး သလဲသီးရဲ့ natural အရသာလေးကိုမှ နည်းနည်းလေး ပိုချိုတယ်
ရေခဲသေတ္တာထဲ ထည့်ထားပြီး ဆိုင်ကအပြန် သောက်လိုက်တာ good မှ good ပဲ
ဒေါက်တာဇော်၀င်းထွတ်
ဖြူစင်အထွေထွေကုဆေးခန်း
ဒေါပုံ၊ရန်ကုန် ထံမှ ကူးယူဖော်ပြပါသည်။
မေတ္တာစာစစ်စစ်လို့မှတ်ယူလို့ ချစ်သမီးဆေးဆိုင်မှ မျှေ၀ပေးလိုက်ပါတယ်နော်။
ဗယ်လင်တိုင်းမေတ္တာစာ။
ကျွန်တော်ကတော့အရင်ဇာတ်လမ်းတွေထက်အခုဇာတ်လမ်းလေးတွေဘဲပြောချင်တယ်။
ဆရာ၀န်လဲဖြစ်တယ်။
ဖြတ်သန်းမှုလဲများတယ်။ အိမ်ထောင်လဲရှိတယ်။
ခပ်ဆိုးဆိုးခပ်ပေပေခပ်မိုက်မိုက်သာမာန်ဆရာ၀န်လဲဖြစ်တော့ V day Memo တွေမှာ အတွဲဆိုတာအရွယ်ရောက်ရင်ရှိတာများပေမယ့် S*x Education
ဆိုတာနဲ့နှာခေါင်းရှူံ့တာများတဲ့နိုင်ငံမှာလူငယ်လေးတွေစဉ်းစားဖို့ဘဲပြောချင်ပါတယ်။
လူဆိုတာအရွယ်ရောက်ရင်ကျားကျားမမ S*x စိတ်ရှိတာဟာဓမ္မတာပါ။
V day မှာချောကလက် iPhone စတဲ့အဖိုးတန်ပစ္စည်းအပါရတာတွေဆိုလဲကိုယ်မရလဲပီတိဖြစ်ရပါတယ်။
V day မှမဟုတ်ပါဘူး။
ကျန်ဘယ်ရက်မဆိုချစ်သူနှစ်ဦး S*x နေဖြစ်တာဟာလဲအပြစ်ဆိုစရာမရှိပါဘူး။
သို့သော် Emergency Pill တွေဟာကိုယ်၀န်ကိုတကယ်ကာကွယ်လား။
No ပါ။
သူမပြောပါနဲ့ Depo လိုသုံးလခံဆေးလိုဟာမျိူးမှာတောင်ဘယ်နှစ်ယောက်မှာဘယ်လောက်ကိုယ်၀န်ရနိုင်ချေဆိုတာရှိပါတယ်။
ဒီတော့ကိုယ်၀န်ရလို့ယူရင်အိုကေ။
မယူရင် နောက်ဆက်တွဲပြသနာအများကြီး။
ဖျက်ချတာပေါ့ကွာ။
ဟုတ်ပြီ။
ကိုယ်၀န်ဖျက်ချခြင်းတရား၀င်လုပ်ခွင့်ရှိတဲ့နိုင်ငံထဲကိုယ်တွေနိုင်ငံမပါသေးပါ။
ကိုယ်သည်လဲပျက်ကျခြင်းမှလွဲဖျက်ပေးခြင်းကိုဆန့်ကျင်သောဆရာ၀န်ပါ။
တော်တော်များများဆရာ၀န်တိုင်းဒီကိစ္စကိုမလုပ်ပေးပါ။
မလုပ်ပေးရင်ရမ်းကုဆီရောက်မယ်။
အခန့်မသင့်ရင်သေမယ်။
တသက်လုံးကလေးမရတာဖြစ်တတ်တယ်။
ပိုး၀င်တာတွေဖြစ်တတ်တယ်။
ဒါဟာတန်သလားကိုယ့်ဟာကိုယ်မေးကြည့်ပါ။
နောက် Emergency Pill ဟာ တပတ်သုံးခါနေသုံးခါသုံးလေ ကိုယ်၀န်ကာကွယ်နိုင်စွမ်းပိုကျလေပါ။
ဒါဆိုကလေးရလို့သူမယူလဲ Single Mom လုပ်မယ်လို့ပြောရင်သူမကိုဂုဏ်ယူပါတယ်။
အဲ့ဒါတွေမဖြစ်ဘဲရှားရှားပါးပါး သားအိမ်အပြင်သန္ဓေတည်ရင်ရော။ Ectopic Pregnancy
အချိန်မှီမသိရင်မကုသရင်သွေးလွန်သေပါတယ်။
အပျိူလေးတစ်ယောက်ကိုတိုက်နယ်ဘ၀ကသားဥအိမ်ဖြတ်ထုတ်ချူပ်ပေးခဲ့ရဘူးပါတယ်။
ကဲကိုယ်၀န်ကိစ္စပြီးပြီ။
နောက်တချက် B C HIV ကိစ္စ။
ခုခေတ်လို Drug ပေါ။
စော်ပေါ။ဘဲပေါ။ LGBTQ ပေါ။
ONS ပေါတဲ့ခေတ်မှာအိမ်ထောင်သည်ကိုယ်တောင်မယုံရပါဘူး။
မိန်းကလေးကိုလဲအမျိူးသားကဒီလိုတွေးပေးရမယ်။
အမျိူးသားကိုလဲအမျိူးသမီးကဒီလိုတွေးပေးရမယ်။
အမျိူးသားတွေအတွက်ကလဲကိုယ်မယူနိုင်သေးရင်
စိတ်ချရတဲ့နည်းလမ်းသုံးဆက်ဆံဖို့အရေးကြီးတယ်။
ရောဂါသူ့ဆီကရောကိုယ့်ဆီကပါမကူးဖို့စဉ်းစားပေးရမယ်။
တချိူ့ကပြောတယ်။
သမီးတို့ကရက်တွက်နေတာ။
သားတို့ကအပြင်မှာပြီးတာ။
ဒါဟာ unsafe contraception နည်းပါ။
တကယ်တမ်းကိုယ်၀န်ရော ရောဂါရောကာကွယ်တာက ကွန်ဒုံး Condom ပါ။
Dual Protection လို့ခေါ်ပါတယ်။
ဒီမှာကတော့အမျိူးသားကွန်ဒုံးဘဲပေါပြီး၀ယ်ရလွယ်ပါတယ်။
အမျိူးသမီးကွန်ဒုံးလဲရှိပါတယ်။
ထားပါတော့။
အမျိူးသားကွန်ဒုံးဟာအချွတ်အတပ်မှန်ရင်၊Date ကောင်းရင် ကိုယ်၀န်ရော၊ ကူးစက်ရောဂါပါကာကွယ်ပါတယ်။
ကျွန်တော်တို့ဆီမှာမကောင်းတာရဲကကွန်ဒုံးတွေ့တာနဲ့ပြည့်တန်ဆာဆိုပြီးဖမ်းတဲ့သောက်ကျင့်။
နိုင်ငံတကာပြည့်တန်ဆာတွေဟာဆေးအမြဲစစ်ရတဲ့အတွက်လူစိမ်းကိုကွန်ဒုံးမပါရင် Noပါ။
ကွန်ဒုံးကိုယောက်ကျားလေးဆောင်ပြန်လဲမိဘအပါဆွေမျိူးကအရွယ်မရောက်အမြီးပေါက်ပြန်ပြီ။
စသဖြင့်အပြစ်တင်တယ်။
အိမ်ထောင်သည်ယောက်ကျားကွန်ဒုံးဆောင်တာမိန်းမမြင်လဲရှင်ဘယ်သူနဲ့ဖောက်ပြန်နေလဲစွပ်စွဲမယ်။
နိုင်ငံခြားမှာယောက်ကျားခရီးသွားရင်အဲ့အိတ်ထဲမိန်းမကကွန်ဒုံးထည့်ပေးကြတယ်။
မနေနိုင်လို့ရှင်ဖြစ်ရင်ကျွန်မအကူးမခံနိုင်ဘူးဆိုတဲ့သဘောပေါ့။
အဲ့တော့အချူပ်အားဖြင့် V day day မ day day
လက်မထပ်ခင်အတူနေမယ်ဆိုရင်အမျိူးသားကိုကွန်ဒုံး၀တ်ခိုင်းကြပါ။
နှစ်လွှာအခြားမခံနိုင်ဘူးမလုပ်ကြပါနဲ့။
အားလုံးစစ်မှန်သော၊ တန်ဖိုးထားသောချစ်ခြင်းများ၊ လက်ဆောင်များ၊ Safe S*x များရကြပါစေ။
မေတ္တာနဲ့ရေးတဲ့စာပါ။
ဒေါက်တာဇော်၀င်းထွတ်။
ဖြူစင်အထွေထွေရောဂါကုဆေးခန်း
ဒေါပုံ၊ ရန်ကုန်။
Gold Power အားဖြည့်ဆန်ပြုတ်နှင့် ဖြည့်စွက် အဟာရက ဒီနေ့ ကံစမ်းမဲ နှိုက်တဲ့ activity လေးပါ
ယနေ့ 24.Oct.2022 တွင် ကျရောက်သော Deepavali- ဒီပါ၀ါလီ နေ့ထူးနေ့မြတ်နှင့်အတူ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး အမှောင်ကိုခွင်း၍ အလင်းဆောင်နိုင်ပါစေကြောင်း၊ ကိုယ်စိတ်နှစ်ပါးလုံး ချမ်းမြေ့ပါစေကြောငိး Chit Thamee Pharmacy - ချစ်သမီး ဆေးဆိုင် မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။
မိတ်ဟောင်း မိတ်သစ်များအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေလို့ Chit Thamee Pharmacy - ချစ်သမီး ဆေးဆိုင် မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
သတင်းကောင်းလေး တစ်ခုပြောချင်ပါတယ်။
ရင်ကြပ်ပန်းနာ ဝေဒနာရှင်များ (asthma patients) များအတွက် လိုအပ်သော Ventolin Evohailer - Ventolin ရှူဆေးလေး ချစ်သမီးမှာ ပစ္စည်းပြန်ရောက်ပြီနော်။
ပစ္စည်းရှာရခက်လို့ စိတ်မပူရတော့ဘူးနော်။
🏠လိပ်စာလေးက အမှတ် ၁၇ မြေညီ၊ သူကြွယ်လမ်း၊ ဌေးကြွယ်ရပ်ကွက်၊ တာမွေ မြို့နယ်၊ ရန်ကုန်မြို့ပါနော် ။
☎️09771227400, 09252418725, 095165596
Viber- 09771227400
#ရင်ကြပ်ပန်းနာ
#ရှူဆေး
#တာမွေ
အရွယ်တင် နုပျိုလန်းဆန်းစေတဲ့ Gemron Gold လေးလည်း ချစ်သမီး ဆေးဆိုင် - Chit Thamee Pharmacy - ချစ်သမီး ဆေးဆိုင် မှာ ၀ယ်ယူရှိနိုင်ပါတယ်နော် ။
#အားဖြည့်
#အားဆေး
#တာမွေ
✨ လုပ်ငန်းခွင်မှာ ကျန်းမာရွှင်လန်းစွာ အလုပ်လုပ်နိုင်ဖို့ Gemron Gold အားဆေး ✨
Gemron Goldအားဆေးမှာ အင်တီအောက်ဆီးဒင့်ဂုဏ်သတ္တိရှိတဲ့ CoQ10၊ Vitamin C၊ Vitamin D၊ Zinc၊ Selenium စတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်အစုံအလင် ပါဝင်တာကြောင့် အမျိုးသမီးတွေတင်မက အမျိုးသားတွေပါ သောက်သင့်တဲ့ အားဆေးဖြစ်တယ်လို့ စသိလိုက်ကတည်းက စသောက်ဖြစ်ခဲ့ပါတယ်။
သိသာတာက အလုပ်ထဲမှာတက်ကြွစွာ ပါဝင်ဦးဆောင်လာနိုင်ပါတယ်။ ကိုယ်လုပ်ရမယ့်အလုပ်အပေါ် အာရုံစိုက်နိုင်လာတယ်။တစ်နေကုန် အလုပ်လုပ်ပြီး ညနေခင်းတွေမှာ ပင်ပန်းတာမျိုး မဖြစ်တော့ပါဘူး။
“နေ့စဉ်လုပ်ငန်းခွင်မှာ ကျန်းမာ၊ ရွှင်လန်း၊ တက်ကြွစွာ တာဝန်ထမ်းဆောင်နိုင်ဖို့ Gemron Gold က ကျွန်တော့်အတွက် မရှိမဖြစ်ပါ” 💙
"ပွင့်လင်းရာသီရောက်လာပြီဆိုတော့ ပွဲတက်ရမှာတွေ တန်းစီနေတဲ့ သူတွေရှိကြလား"
အဆီပိုကင်းပြီး ကျန်းမာကျစ်လျစ်တဲ့ ခန္ဓာကိုယ်နဲ့ လူအများကြားထဲ ထင်ပေါ်နေဖို့ အခုအချိန်ကစပြီး ကြိုးစားလိုက်ပါ။
သင့်ဘက်က ကျန်းမာရေးနဲ့ ညီညွတ်တဲ့ Life Style ကို အရင်ပြောင်းလဲလိုက်ပါ။ FAME က အချိန်တိုအတွင်း ကျန်းမာကျစ်လျစ်စေဖို့ ထပ်ဆောင်းကူညီပေးမှာပါ။
စားလိုက်တဲ့ အစားအစာတွေထဲက မလိုအပ်တဲ့အဆီတွေကို အစာလမ်းကြောင်းက မစုပ်ယူအောင် တားပေးမှာက
🦐Chitobit (သဘာဝအဆီကျဆေး)🦐
သူ့မှာပါတဲ့ ခိုင်တိုစန်က အစာစားချင်စိတ် အရမ်းများနေတာကို ထိန်းပေးပြီး ခန္ဓာကိုယ်မှာ အဆီဓါတ်တွေ ချေဖျက်တဲ့လုပ်ငန်းစဉ်တွေကိုလည်း အားပေးလို့ ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။
ခန္ဓာကိုယ်မှာ ရှိနေတဲ့ အဆီပိုတွေကို လောင်ကျွမ်းစေဖို့က
🌿Greentea (လက်ဖက်စိမ်းဆေး)🌿
လေ့ကျင့်ခန်းပါတွဲလုပ်ရင် အဆီပိုတွေ လောင်ကျွမ်းနှုန်းပိုကောင်းပါတယ်။ လက်ဖက်စိမ်းမှာပါဝင်တဲ့ EGCG ဒြပ်ပေါင်းက ကိုယ်တွင်းအင်္ဂါတွေမှာရှိတဲ့ မကောင်းတဲ့အဆီတွေကိုလည်း လျှော့ချပေးနိုင်လို့ ကျန်းမာကျစ်လျစ်ဖို့အတွက် အသင့်တော်ဆုံးပါ။
Fame Pharmaceuticals ၏ page မှ ကူးယူဖော်ပြပါသည်။
-----------------------------------
🦐Chitobit (သဘာဝအဆီကျဆေး)🦐 လေးရော
🌿Greentea (လက်ဖက်စိမ်းဆေး)🌿 လေးရော
Chit Thamee Pharmacy - ချစ်သမီး ဆေးဆိုင် မှာ ရတယ်နော်။
☎️09771227400, 09961572084, 095165596
🏠အမှတ် ၁၇ မြေညီ၊ သူကြွယ်လမ်း ၊ဌေးကြွယ်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။
အသောက မှတ်တိုငိ အနီး၊ အသောကစျေး ဓမ္မာရုံ အနီး
#အဆီကျဆေး
#လက်ဖက်စိမ်း
shop
FAME Pharmaceuticals က ထုတ်လုပ်တဲ့ Arthrotec(အဆစ် အားဖြည့်ဆေး) ရော Osteomax ( အရိုးသန်မာဆေး) နှစ်မျိုးလုံး ချစ်သမီး ဆေးဆိုင်- Chit Thamee Pharmacy မှာ ရပါတယ်နော်။
#အားဖြည့်ဆေး
Chit Thamee Pharmacy- ချစ်သမီး ဆေးဆိုင်တွင်
၁။ #မြန်မာဆေး အမျိုးမျိုး
၂။ #နိုင်ငံခြားဆေး အမျိုးမျိုး
၃။ ဆေး၀ါးများ
၄။ မျိုးစုံ
၅။ #ကလေး၊ #လူကြီး #ဒိုက်ပါ
၆။ကလေး လူကြီး #ဖြည့်စွက်စာ #အဟာရမှုန့် #နှို့မှုန်
၇။ #သွေးပေါင်ချိန်တိုင်းစက် #ဆီးချိုစစ်စက်
၈။ #ရေနွေးအိတ် ရိုးရိုး၊ လျှပ်စစ်
၉။ #အားဆေး အမျိုးမျိုး
၁၀။ #ခေါင်းစွပ်
၁၁။ #ဒူးစွပ် #ဖနောင့်စွပ် #လက်စွပ် #ခါးဒေါက် #ဗိုက်စည်း
၁၂။ #အောက်ဆီဂျင် ပိုက် #ဆီးအိတ်
၁၃။ #ပတ်တီးလိပ် #ဂွမ်း
၁၄။ #အမျိုးသားသုံး ဆီးခံခွက် #အမျိုးသမီးသုံး ဆီးခံခွက်
၁၅။ concentrator
တို့ကို တစ်နေရာတည်းတွင် စုံလင်စွာဖြင့် ရရှိနိုင်ပါပြီ။
🏠လိပ်စာလေးကတော့ အမှတ်၁၇ မြေညီ၊ သူကြွယ်လမ်း ၊ ဌေးကြွယ်ရပ်ကွက် ၊ တာမွေမြို့နယ် ၊ ရန်ကုန်မြို့ ပါနော်။
💥ဆိုင်လေးက အသောကစျေး အနီး( အသောကစျေး ဓမ္မာရုံအနီး) ၊ အသောက မှတ်တိုင်အနီးမှာ ရှိတာနော့
ဖုန်းဆက်ပြီး မှာချင်တယ် ဆိုရင်တော့
☎️၀၉၇၇၁၂၂၇၄၀၀၊ 0951 65596သို့ ဆက်သွယ်မှာယူနိုင်ပါတယ်နော်။
Viber ကနေ တစ်ဆင့်လည်း မေးမြန်းနိုင်ပါတယ်နော်။
Viber- 09961572084
မြန်မာသက္ကရာဇ် (၁၃၈၄) ခုနှစ်တွင် ကျရောက်သော ၀ါလကင်းလွတ်သီတင်းကျွတ် အခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ချမ်းမြေ့ပါစေကြောင်း Chit Thamee Pharmacy- ချစ်သမီး ဆေးဆိုင် မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
အမှတ်-(၁၇) သူကြွယ်လမ်း၊ဌေးကြွယ်ရပ်ကွက်၊တာမွေမြို့နယ်၊ရန်ကုန်မြို့။
Yangon
11211
No. 35, YaykyawStreet, PazuntaungTownship
Yangon, 11121
phone - 09452119294
Yangon
APOLLO မှ ဆေးပစ္စည်းကိရိယာမျိုးစုံကို စျေးနှုန်းချိုသာစွာဖြင့် မှာယူနိုင်ပါသည်။
No. (51), Warden Street, Lanmadaw Tsp
Yangon, 11131
Local pharmacy with reasonable price. Offers wholesale price for other pharmacies as well as retail. Provide doorstep delivery with the best rate accordingly. Contributes your bett...
Dagon Seikkan
Yangon
We supply medical products especially for GP clinics by accepting order via our website.
Yangon
#Jamu ဒူးနာခါးနာပျောက်ဆေး (နတ်ဆေး) /ဆေးဝါးမျိုးစုံ ph- 09 793673375 /09 780175825 or cb
No. 252/25, Shwe Pyi Soe Street, Shwe Pyi Soe Housing, 14/2 Block, S/Okkalapa
Yangon, 11091
ကိုယ်ခံစွမ်းအားကို မြှင့်တင်ဖို့ Immun