Enjoy Japanese Journey

Join us and get knowledge.

Photos from Enjoy Japanese Journey's post 04/12/2023

N1 N2 အဖြေတိုက်လို့ရပါပီ 😬
crd unojapano

Photos from Enjoy Japanese Journey's post 17/08/2023

青い空と白い☁
純粋な子供🍑

အပြာရောင်ကောင်ကင်နဲ့ အဖြူရောင်တိမ်တိုက်
ဖြူစင်တဲ့ကလေး 💟

Photos from Enjoy Japanese Journey's post 13/08/2023

花と女🌸👱‍♀️
美しくて柔らかいのは同じだよ。
ပန်းနဲ့မိန်းကလေး
လှပပြီးနူးညံ့တာကတော့အတူတူပါပဲ။

Photos from Enjoy Japanese Journey's post 12/08/2023

卒業式🎓🌸
これからは社会の一員になる。
ဘွဲ့နှင်းသဘင်
အခုကစပြီး လူမှုလောကကြီးထဲရောက်ပြီ။

Photos from Myanmar Association of Japan Alumni (MAJA)'s post 09/08/2023

FYI💛

Photos from Enjoy Japanese Journey's post 09/08/2023

以下の漢字を使って文章を作りましょう✍📃
အောက်က kanji လေးတွေကိုသုံးပြီးစာကြောင်းဖွဲ့ကြည့်ရအောင် 🤗

白い ဖြူသော
花嫁 သတို့သမီး
笑顔 အပြုံး
海 ပင်လယ်
鳥 ဌက်
花束 ပန်းစည်း
走る ပြေးသည်
写真 ဓာတ်ပုံ

ရေးပီးရင် comment ခဲ့လည်းရတယ်နော်
チェックしてあげます。💛

Photos from Enjoy Japanese Journey's post 08/08/2023

ね。。君の大好物はなんですか?
ဟေး မင်းရဲ့အကြိုက်ဆုံးစားစရာကဘာလဲ
私の大好物はみかん🍊だよ。子供の時からだ。
ငါ့ရဲ့အကြိုက်ဆုံးစားစရာကတော့ လိမ္မော်သီး​လေ..ကလေးတည်းကကြိုက်ခဲ့တာ..

大好物 = အနှစ်သက်ဆုံးစားစရာ။

🍊🍊🍊

Photos from Enjoy Japanese Journey's post 06/08/2023

黄色を着ると運がいいって聞いたことがあります。
အဝါရောင်ကိုဝတ်ရင်ကံကောင်းတယ်လို့ကြားဖူးတယ်။

私の好みじゃないけれど、黄色と似合うって良く言われた。
ကျွန်မအကြိုက်တော့မဟုတ်ပင်မယ့် အဝါရောင်နဲ့လိုက်တယ်လို့ပြောကြတယ်။

って = ....တယ်လို့ /....လို့။
好み = အကြိုက်။
💛💛

Photos from Enjoy Japanese Journey's post 06/08/2023

Kiki delivery Service
ဒီကားလေးက စုန်းမလေးတစ်ယောက်အကြောင်းအခြေခံရိုက်ထားတာဖြစ်ပီး စလာတည်းက စိမ်းစိမ်းလန်းလန်းပန်းပင်လေးတွေပြည့်နေတဲ့ရှုခင်းလေးနဲ့ စပါတယ်။ နွေးနွေးထွေးထွေးမိသားစုလေးကနေ ခဏတာခွဲထွက်လာမဲ့ kiki နဲ့သူ့ရဲ့ကြောင်နက်လေးရဲ့ဇာတ်လမ်းလေးပါ။ မြို့အသစ်တစ်ခုမှာနေရာချနေရပီး ဇာတ်လမ်းရဲ့နေရာက အနောက်တိုင်းနိုင်ငံရဲ့အရင်ခေတ်ပုံစံလေးဖြစ်ပြီး မုန့်ဖုတ်ဆိုင်လေးနဲ့သဘောကောင်းတဲ့ဆိုင်ရှင်ကတော့ ဒီကားရဲ့စိတ်ကိုအေးချမ်းစေတဲ့အချက်တစ်ခုပါပဲ။ လွတ်လွတ်လပ်လပ် တံမြတ်စည်းပျံလေးစီးပီး delivery လိုက်ပို့တဲ့အခန်းလေးတွေကအရမ်းချစ်စရာကောင်းပါတယ်။ မင်မင်ဆိုခဏခဏပြန်ကြည့်ပီး ငါးခါလောက်ကြည့်ပီးပါပီ😁မကြည့်ရသေးရင်ကြည့်ကြည့်ပါနော် 🤗

From up on poppy hill
ဒီကားလေးကပထမတစ်ခါကြည့်တော့နဲနဲပျင်းပီးပစ်ထားရာတာ နောက်အခေါက်မှအရမ်းသဘောကျရတဲ့ကားလေးပါ။ ဆိပ်ကမ်းမြို့လေးရဲ့တောင်ထိပ်အိမ်ကကောင်မလေးကဇာတ်လိုက်ပေါ့နော်။ မင်မင်ဂျပန်animeလေးတွေကို​ကြိုက်ရတဲ့အချက်က နေ့စဥ်ကိစ္စလေးတွေကို သေချာလေးပြတက်တာပါ။ မနက်အိပ်ယာထ ခေါင်းလေးစည်းပီး မနက်စာချက် တောက်တောက်တောက် လှီးသံလေးတွေ Cooking ASMR လိုမျိုးလေးတွေပါပါတယ်။ မင်းသားကတော့ မင်မင့်ကောင်လေးပေါ့နော် သူသာလူဆိုကြိုက်လို့လေ 😂 စိတ်မကောင်းစရာလေး ကြည်နူးစရာလေးရောနေပီး Happy ending ပါနော် ❤

ဒီနှစ်ကားကတော့ မင်မင် down ထားပြီး မိုးအေးအေးဆို ထထကြည့်တက်တဲ့ကားလေးနှစ်ကားပါ။ နှစ်ကားလုံးက Healing ဖြစ်ပြီး စိတ်အေးချမ်းတယ်ခံစားရလို့အရမ်းးသဘောကျပါတယ်။
အချိန်ရရင်ကြည့်ကြည့်ပါနော် 🤗

Photos from Enjoy Japanese Journey's post 05/08/2023

家の子は甘い物が好きで、私は虫歯の心配をしてる。
အိမ်ကကလေးကအချိုကြိုက်လို့ ကျွန်မက သွားပိုးစားမှာစိုးရိမ်တယ်။

してるဆိုတာက しています、しているရဲ့အတိုကောက်စကားပြောအသုံးပါ။ ***

ပုံလေးတွေကတော့လက်ဆောင်ပါ 🤗
စိတ်ဝင်စားစရာစာကြောင်းလေးတွေနဲ့ ပုံလေးတွေစုချင်ရင် မင်မင်ပေ့ချ်လေးကို like ထားပါနော် 💟💟

Photos from Enjoy Japanese Journey's post 05/08/2023

花。女。緑。紫 💚💜

Photos from Enjoy Japanese Journey's post 15/04/2023

🎉📚

English test တွေအမျိုးမျိုးရှိတဲ့ထဲမှာမှ American test အမျိုးအစားတစ်ခုဖြစ်ပါတယ်။
လုပ်ငန်းခွင်အတွက်ရည်ရွယ်စစ်တဲ့ စာမေးပွဲပီပီ Business matter တွေပဲ test ထဲမှာမေးတာများပါတယ်။ မြန်မာမှာတော့ IELTS လောက်ထိ ခေတ်မစားပင်မယ့် ဝတရှိသိသလောက်က​တော့ Japan Korea တွေမှာ ခေတ်စားတဲ့ Test အမျိုးအစားတစ်ခုပါပဲ။

1.Listening and reading
2.Speaking and Writing

နှစ်ပိုင်းခွဲထားပြီး အခုမြန်မာမှာကတော့ L & R ပဲဖြေလို့ရပါတယ်။ လုပ်ငန်းခွင်အတွက်ကလည်း အဲ့နှစ်ပိုင်း result နဲ့တင်အဆင်ပြေသင့်သလောက်ပြေပါတယ်။
IELTS ထပ်ပိုလွယ်လား ခတ်လားဆိုရင်တော့ Firstly 2 skill ပဲဖြေရလို့ ပိုလွယ်မယ်ထင်ပါတယ်။
Vocabulary range က IELTS လောက်ထိမကျယ်ပါဖူး။ ဝတရှိကတော့ IELTS ကို ဈေးများပြီး လိုချင်တဲ့ score မထိမှာစိုးလို့ TOEIC ကိုအရင်ဖြေကြည့်တာပါ။ အရင်ဖြေကြည့်တယ်ဆိုပင်မယ့် TOEIC နဲ့ IELTS က စစ်တဲ့နိုင်ငံမတူသလို vocab range နဲ့ အသံထွက် ဘာကမှမတူပါဖူးနော်။ ကိုယ်က English စာမှာ Britishမှ British ဆိုရင်တော့ recommend မပေးပါဖူး။ TOEIC ရဲ့ စာမေးပွဲကြေးက ဝတရှိဖြေတဲ့အချိန်ကတော့ $40 ပါ။ ဈေးသက်သာပါတယ် 😁🤗

ဒါတွေဘာလို့ဖြေဖို့လိုလဲ ဂျပန်နဲ့ဆိုင်လားဆိုရင်တော့ ဂျပန်တွေက English စာ level ကို TOEIC နဲ့တိုင်းတာလေ့ရှိလို့ ဂျပန်company မှာလုပ်ချင်သူတွေအတွက်တော့ ကိုယ် English စာအဆင့်ကို ပြသဖို့ ဖြေ​ကြည့်သင့်ပါတယ်။

ဒါလေးကတော့ နှစ်သစ်လက်ဆောင်ပါ
ဝတရှိကဒီ link ကပဲ practice အများစုလုပ်ပီးဖြေလိုက်တာပါ။ လိုချင်သလောက်တော့ ရခဲ့တာမို့ recommend ပါနော်။
https://toeic-testpro.com/

အားလုံးပဲ နှစ်သစ်မှာ ကိုယ်ရောစိတ်ပါကျန်းမာချမ်းသာကြပါစေနော် 💛

Photos from Enjoy Japanese Journey's post 06/04/2023

自然❤

Photos from Enjoy Japanese Journey's post 02/03/2023

ုန်ပါပီ 😍
ဒီစာအုပ်လေးတွေ လိုအပ်တဲ့သူရှိရင်ပေးချင်ပါတယ် ။
deli အပ်ပေးပါမယ် deli ခပဲရှင်းပေးပါ
ဂျပန်စာတဂယ်ဝါသနာပါပြီး လေ့လာနေတဲ့သူဆို လာပြောပေးပါနော်
level ရောကောသောကော ဖြစ်နေပင်မယ့် ခုချိန်အကုန်ဈေးကြီးနေတာမို့ အကူအညီဖြစ်ရင်ကျေနပ်ပါပြီ 💛
edit - N1/2 ကယူသွားပါပီနော်

with Love 💓

Photos from Enjoy Japanese Journey's post 08/02/2023

ဂျပန်စကားပြောတိုးတက်ချင်သူများအတွက်
For Japanese Speaking
会話、スピーチ、クレームなど

ဒီစာအုပ်လေးက ဝတရှိလှန်လှောရှာရင်း တွေ့မိတဲ့စာအုပ်လေးပါ pdf ရပါတယ် google ကနေ down လို့ရပါတယ်။
Topic အစုံ Unit 8 ခုအကုန်ပါပြီး 中~上မို့ အရမ်းလွယ်လွယ်ကြီးတွေမဟုတ်လို့ စိတ်ဝင်စားဖို့ကောင်းပါတယ်။

ပြောချင်ပင်မယ့် idea မရဖူးဆိုလည်း ဖတ်ကြည့်ပီး reference ယူလို့ရပီး မသိတဲ့ word လေးတွေပါရှင်းပြထားတာမို့ အနောက်မှာကြည့်လို့ရပါတယ်။

ပျင်းလို့ဖတ်ကြည့်ချင်လည်း ဖတ်ကြည့်ရင်း အသုံးအနှုန်းလေးတွေလေ့လာနိုင်လို့ recommend ပေးပါတယ်။
Try ကြည့်ကြပါနော် 💙📚📝

With LOVE

Photos from Enjoy Japanese Journey's post 02/12/2022

METI Internship Program in Japan 💙

( အလုပ်သင်ပင်မယ့် အချို့ host company က ခေါ်ရင် အချိန်ပြည့်ဖြစ်နိုင်တဲ့ အခွင့်အရေးလည်းရှိပါတယ် )

admin က 2022 nov dec မှာ winter internshipကို join ခဲ့တာပါ။ ဒီ post လေးက ဂျပန်ကိုသွားလည်ချင်ပီး အလုပ်သင်လည်းလုပ်ရင်း sponsored internship ဖြစ်လို့ ဂုဏ်ရှိရှိလေး ခဏတဖြုတ်သွားကြည့်ချင်သူများအတွက် သင့်တော်ပါတယ်။

ဒါဆို စလိုက်ရအောင်.
1. ဘယ်လိုလျှောက်ရမလဲ ?

မခတ်ပါဖူး connect job ကကြေငြာပေးတာမို့ sign in လုပ်ထားပီးသားဆို form ဖြည့်ပီး summit ရုံပါပဲ အဲ့ဒီမှာ ကိုယ့် CV ကို ဂျပန်agency ကကြည့်ပီး သူတို့ဘက်က ကိုယ့်ကိုယ်ချိတ်ပေးချင်တဲ့ host company ရှိရင် ph call ပါတယ်။
***အဓိကက mail စစ်ပေးပါ METI နဲ့ပတ်သတ်ပီး mail ဝင်လာပီး ကိုယ့်လုပ်ချင်နဲ့ field ရွေးပေးရပါမယ်။ *****
ph call တဲ့ကိစ္စဆက်ရရင် +81....ဆို ဂျပန်ကပါ ရိုးရိုးph call ဝင်ပီး ဒီ company မှာလုပ်ချင်လားမေးပါတယ် လုပ်ချင်တယ်ဆို interview ရက်ပြောပေးပီး interview ဝင်ရပါတယ်။

2. interview အောင်ရင် ဘာလုပ်ရမလဲ?

email စစ်ပါ။ နေ့တိုင်းစစ်ပါ။
email တွေကအဆင့်ဆင့်ဝင်တာပါ အဲ့မှာကိုယ်လုပ်ရမဲ့ step တွေအကုန်ပါပါတယ်။ အကုန်လိုက်လုပ် မရှင်းရင် mail နဲ့ပြန်မေးပါ။

3. ပြင်ဆင်မှု

visa က short term business visa ကိုကိုယ်တိုင်လျှောက်ရတဲ့အတွက် ခေါင်းစားစရာပါ။
ဒါမဲ့ ဒီ post လေးကိုသင်တွေ့ရင်တော့ ခေါင်းသိပ်စားစရာမလိုတော့ပါဖူး haha

List *****

45*45mm photo

Visa application form

Passport

( ကျောင်းသားကဒ်
မှတ်ပုံတင်
အိမ်ထောင်စုဇယား
ကျောင်းထောက်ခံစာ
covid vaccine ) >> notary ပြန်ထားပါ။

visa က ဂျပန်ဘက်က documentation/ flight itinerary ပေးမှ လျှောက်ရတာမို့ အဲ့ soft copy တွေစောင့်ပီး print out လုပ်ပါ တစ်ပြိုင်နက်တည်း ဂျပန်ဘက်ကို မူရင်း hardcopy တွေ အမြန်ချော DHL နဲ့ ပို့ခိုင်းပါ။ admin သွားတုန်းက မူရင်းတောင်းပါတယ် ဒါကြောင့် softcopy mail ရတာနဲ့ hardcopy request လုပ်ပါ။

သံရုံးက သက်သေတွေအရမ်း​ကြိုက်ပါတယ် 😂
ဒါကြောင့် contract တွေ ကိုယ့်ကို select လုပ်တဲ့ mail တွေကို print out လုပ်ဖို့ မမေ့ပါနဲ့ ****

ထူးခြားတာကတော့ sponsored intern ဆိုလည်း ပိတ်ရက် ပိုက်ဆံမရတာကြောင့် ပိတ်ရက်သုံးလို့လောက်နိုင်မဲ့ ငွေပမာဏ ရှိတဲ့ bank စာအုပ် copy မူရင်းနဲ့ စာအုပ်ပိုင်ရှင်ရဲ့လုပ်ငန်းရှိကြောင်းထောက်ခံစာ လိုပါတယ်။ ဘာလို့လိုလဲမသိပါ သံရုံးကလိုတယ်ဆို လိုပါတယ် xD ဆယ်သိန်းလောက်ထည့်ထားရင်ရတာမို့ သိပ်တော့မပူပါနဲ့
Letter of authorization လည်းလိုပါတယ် ဘဏ်စာအုပ်ကို သုံးခွင့်ပေးကြောင်းပါ။

***စာရွက်စာတမ်းတွေကို မူရင်း/ copy /notary/ notary copy အကုန်ယူသွားပါနော် *****

ဒါတွေပြင်သွားရင် စိတ်ပူစရာသိပ်မရှိပါဖူး။

Next Step >>>

လေယာဥ်လက်မှတ်ကသူတို့ဝယ်ပီးပို့ပေးပါလိမ့်မယ် print out လုပ်ထားပါ ပြီးတော့ သူတို့ပေးတဲ့ လိပ်စာ doc ကိုအလွယ်ပြနိုင်အောင် ph shortcut လုပ်ထားပါ။

လေဆိပ် check in ဝင်ဖို့က passport visa airline ticket ပါရင်ရပါတယ်။
မြန်မာ immigration အတွက် မှတ်ပုံတင်
ဂျပန် immigration မှာကတော့ နေမဲ့လိပ်စာ ရက်တွေပြောပေးရင် ရပါပီ။

How's life in Japan?

based on host company ပါ။
ကိုယ်က အသွားခရီးမှာ transit အကြာကြီးနဲ့သွားရလို့ စိတ်ရောလူပါပင်ပန်းသလောက် host company နဲ့ mentor က အရမ်းသဘောကောင်းလို့ပျော်ရပါတယ်။

Accommodation? ?

ကောင်းပါတယ် အစုံပါပီး နေရတာအဆင်ပြေပါတယ်။

Money ? ?

60000yen ရပါတယ်။ company ကတစ်ဆင့်ပေးပါလိမ့်မယ်။ 60000 ဆိုတာ ရက်အရပါ။
အမကရုံးတက်တာ ရက် 20 မို့ (20*3000) = 60000 ပါ။
ကိုယ်က ရက် 30 တက်မယ်ဆို 90000 ပေါ့နော်
အဲ့လိုရပါလိမ့်မယ်။
Transportation ခ ပြန်ပေးပါတယ်။ limit 20000 လောက်ထိပြန်ပေးပါတယ်။ 25000 ထိပြန်ရတဲ့သူရှိပါတယ်။
ဒါပငိမယ့် ပြေစာ receipt ပြမှရတာပါ။ receipt အကုန်ရှိမှရပါမယ်။
လောက်လားဆိုရင်တော့ လောက်ပါတယ်
လက်ဆောင်အနည်းငယ်နဲ့လောက်ရုံပါပဲ

ဂျပန် yen 40000 လောက်တော့မဖြစ်မနေဆောင်သွားသင့်ပါတယ် airport to accommodation က ကိုယ့်စားရိတ်နဲ့ပါ။
a must ပါ။
ဝတရှိဆို charging ခေါင်းတွေဝယ်ရလို့ ငွေ​ကြပ်သွားပါတယ်။
*****charging ခေါင်း အပြားတွေပဲ ယူသွားပါနော် အဲ့တာအရေးကြီးပါတယ်။ ******

ps. ဂျပန် life ကိုခံစားခွင့်ရမဲ့အခွင့်ရေးကောင်းတစ်ခုဖြစ်ပါတယ်။ ခတ်ခဲတာလည်းရှိသလို အတွေ့ကြုံကောင်းလည်း ရပါတယ်။ ခုကတော့ intern chuu ပါ။ လိုမယ်ထင်တာတွေ ထပ်သတိရရင်ထပ်ရေးပေးပါမယ်။

07/11/2022

#ဂျပန်စာသင်ဖို့guideရှာနေပါသလား?

one to one (or) group လိုက် sensei နှင့်အနီးကပ် သင်ယူလိုသူများအတွက် special_guide class လေးတွေဖွင့်လှစ်သွားပါမယ်။

မိမိနှင့်အဆင်ပြေသောအချိန်ကို sensei နှင့် adjust လုပ်၍သင်ယူနိုင်မည်ဖြစ်သောကြောင့် အလုပ်လုပ်နေသူများ လူအများကြီးနှင့်မသင်ယူလိုသူများအတွက် အလွန်အဆင်ပြေပါမည်။

Level တွေက N5 N4 N3 ဖြစ်ပြီး

တာဝန်ယူသင်ကြားပေးမဲ့ ဆရာမနှစ်ဦးကတော့ N2 pass နှင့် N3 pass ထားသူများဖြစ်ပြီး online offline စာသင်သက် နှစ်နှစ်အထက်ရှိသူများ ဖြစ်ပါတယ်။

ဘယ်စာအုပ်သင်ကြားမယ်ဆိုတာ ထည့်သွင်းမရေးထားပါဖူး ကျောင်းသားသင်ယူလိုသောစာအုပ်ကို ဆရာမနှင့်တိုင်ပင်သင်ကြားနိုင်ပီး စာမေးပွဲအတွက်လိုအပ်သည်များကို ဆွေးနွေး၍ အကြံပေးသွားမှာဖြစ်ပါတယ် ။

အသေးစိတ်သိရှိလိုပါက cb တွင်မေးနိုင်ပီး review များကိုလည်း page တွင်လေ့လာနိုင်ပါသည်။

hotline: 09799977907

13/07/2022

N3 အောင် N2 အဆင့်ဆိုပြီး လစာက
နှစ်သိန်းခွဲ သုံးသိန်းဆိုတာ လုံးဝမလုပ်သင့်တာထပ်
လျှောက်ကိုမလျှောက်သင့်တဲ့ အလုပ်ခေါ်စာမျိုးပါ။
အဲ့လိုအလုပ်မျိုးက ခေါင်းပုံဖြတ်စိတ်ဓာတ်ရှိမှာသေချာလို့ လုပ်လည်း ပျော်ရမယ်မထင်ပါဖူး..

အခုခေတ်ကာလအရ
ဂျပန်စာသင်သူတွေပေါလာတာမှန်ပင်မယ့်
စာကလွယ်သွားတာ သင်တန်းကြေးကဈေးသက်သာနေတာမဟုတ်ပါဖူး။

ပုံ
အလုပ်ခေါ်စာကြည့်၍ရင်နာနေသူ

18/04/2022

#မြန်မာနှစ်သစ်ကူးလက်ဆောင်



အားလုံးပဲ ပျော်ရွှင်စရာနှစ်သစ်တော့အပြည့်အဝမဖြစ်နိုင်ပင်မယ့် နှစ်သစ်ကိုတော့အကောင်းတွေနဲ့ပြည့်နှက်ပါစေလို့ဆုတောင်းလိုက်ပါတယ်။
ဒီ post လေးကတော့ ဂျပန်စတင်လေ့လာကြမဲ့သူတွေအားလုံးအတွက် အလွန်အကျိုးရှိစေမဲ့ post လေးဖြစ်တာတော့အာမခံပါတယ်နော်။ မင်မင်တို့က page ကို သိပ်မ run ဖြစ်ပင်မယ့် လက်တလောမှာ အများအတွက်အကျိုးရှိအောင် Basic and N5 ကို free ချပေးသွားမှာပါ။ နဂိုက မင်မင်တို့ N5 ကို free မပေးဖူးပါဖူးနော်

Free ဆိုပင်မယ့် မင်မင်တို့ရဲ့ဒီ class နှစ်ခုကို သေချာတက်ပီး စာလုပ်ရင် N5 ကိုအေးအေးဆေးဆေးအောင်နိုင်လို့ အခုမှ ဂျပန်စသင်မဲ့သူများအနေနဲ့ ဝင် join ကြဖို့ဖိတ်ခေါ်ချင်ပါတယ် ။

ဘာစာအုပ်တွေပါမလဲဆိုရင်တော့ 📚

Basic ကစပြီး
Minna no nihongo I
nihongo challenge N5 kanji အကုန်ပါမှာပါ။

ဘယ်လိုသင်မှာလဲ 👩‍🏫

video တွေကိုအစဥ်လိုက်ကြည့်ပေးရုံပါ။
gp ထဲရောက်ရင် guide ကိုကြည့်ပါ။

တဂယ်အောင်မလား?
စာတဂယ်လိုက်လုပ်ဖို့ပဲ လိုပါတယ်

Gp link တွေကိုတော့ cmt မှာချပေးထားပါတယ်နော် 💓

အားလုံးပဲ နှစ်သစ်မှာအပူအပင်ကင်းဝေးပြီး အေးချမ်းကြပါစေ 💛💟

Photos from Enjoy Japanese Journey's post 19/02/2022

JLPT Form အစမ်းတင်ကြည့်ကြသူများအတွက်

အောက်ကပုံမှာပြထားသလို account ကနေရာတိုင်းမှာတစ်ခုပဲပေါ်ရပါမယ်နော် ။

ကိုယ်က ပြသနာရှင်းချင်ရင်
💕 form ထဲဝင်ဖို့ sign in လုပ်တဲ့ account
💕 formမှာကိုယ်ထည့်တဲ့ account
💕 drive မှာတင်တဲ့အခါ drive ကaccount ကအကုန်တူရပါမယ်နော်။

ပီးရင် file add ရင် upload မရွေးပါနဲ့ my drive ကိုရွေးပါ။
ပီးတော့ အစမ်းform က ID က only jpg ဖြစ်​ေနလို့ pdf သမားတွေအဆင်မပြေလည်း ကိစ္စမရှိပါဖူး တဂယ့်ဟာမှာက jpg pdf both ရပါတယ်။

drive ထဲဝင်ပြီး ကိုယ့် file ရောက်ပြီလားအရင်စစ်ပါနော် file က uploading ဖြစ်နေရင် select လို့မရတာဖြစ်တက်ပါတယ်။ drive မှာဝင်ကြည့်ပီး ok မှ form အစမ်းဖြည့်ကြည့်ပါနော်။

အစမ်းမဖြစ်မနေလုပ်ကြည့်စရာတော့မလိုပါဖူး မင်မင်ကတော့လာမေးသူတွေရှိလို့ပြောပြဖို့လုပ်ကြည့်တာပါ။
summit မလုပ်ပဲ file name ok ရင် ပြန်ထွက်ကြပါနော် ကိုယ့် data တွေမပါစေချင်ရင်

အစမ်း link
https://lm.facebook.com/l.php?u=https%3A%2F%2Faccounts.google.com%2FServiceLogin%3Fservice%3Dwise%26passive%3D1209600%26continue%3Dhttps%253A%252F%252Fdocs.google.com%252Fforms%252Fd%252Fe%252F1FAIpQLSfgq0prnSc1GIfbXXxu8GnTyx4oapuGjcUCeSxUvkSI1Hdoyw%252Fviewform%253Fusp%253Dsend_form%26followup%3Dhttps%253A%252F%252Fdocs.google.com%252Fforms%252Fd%252Fe%252F1FAIpQLSfgq0prnSc1GIfbXXxu8GnTyx4oapuGjcUCeSxUvkSI1Hdoyw%252Fviewform%253Fusp%253Dsend_form%26ltmpl%3Dforms%26flowName%3DGlifWebSignIn%26flowEntry%3DServiceLogin&h=AT3Jc9-pqXN4fU23Xmrx9E2L3kSdjaXQBHKRu847LAQu_vVuRGarCilMvYYFDbwk92IpiwqSJlFZhDjFiGUGp1MUhpwLhHC3AeSFqrbJwE-CM2oP6dVMbKRKnhvA_wmMznzK

18/02/2022

2022 JLPT Form အတွက်သိရမည့်အချက်များ

အဓိကက ကိုယ်ပြင်ဆင်ထားရမဲ့ file သုံးခုရှိပါတယ်။အဲ့သုံးခုကိုလည်းအောက်ဖော်ပြပါ နာမည်တွေနဲ့ထားပေးရပါမယ်။ အဲ့တာတွေက >>>

1. NAME-ID.jpg ( or ) NAME-ID.pdf

( **မှတ်ပုံတင်က ရှေ့နောက်ရှိလို့အဲ့နှစ်ပုံကိုပေါင်းပေးရပါမယ်။ phone နဲ့ photo collage maker ကိုသုံးပြီး jpg file ထားလည်းရတယ် or pc နဲ့ microsoft word ကနေ photo insert လုပ်ပီး pdf file လည်းရပါတယ်။)

2. NAME-Photo.jpg

( ဒါက ကိုယ့် passport ပုံကို နောက်ကတစ်ရောင်တည်းဖြစ်ရပါမယ်။ size က အလျား 3cm အနံ 3-4cm ရပါတယ်။ ကြည်လင်အောင်ရိုက်ထားရပါမယ်။)

3. NAME-Form.pdf

( ဒါကတော့ maja ကချပေးတဲ့ 2022 jlpt form ကိုသွား down ပြီး fill လုပ်ပေးရမှာပါ။ သတိထားရမှာက sign နဲ့ date ဖြည့်ရင် fill and sign tool ကိုရွေးပြီး add signature မှာ ကိုယ့်လက်မှတ်ကို စာရွက်အဖြူပေါ်မှာထိုးပီး ရိုက်ထားတဲ့ photo ကို apply လုပ်ပါ ပီးရင် add signature အောက်ကဟာကို click ပြီး type ကိုရွေးပြီး form တင်မဲ့ date ရေးပီး apply လုပ်ပါ။ date နဲ့ signature က form A B C သုံးခုမှာ သုံးခါထည့်ပေးရပါမယ် )
*****
form ဖြည့်တာ number လေးတွေရွေးလို့ font error ဖြစ်ပီး အမဲကြီးတွေပေါ်နေရင် အဲ့ file ကို delete ပြီး new လုပ်တာဖြစ်ဖြစ် adobe font pack ကို chrome မှာ down တာဖြစ်ဖြစ် လုပ်ကြည့်လို့ရပါတယ် ******

အထက်ပါဖော်ပြတဲ့ NAME နေရာမှာ ကိုယ့်နာမည်ကို အကုန်စာလုံးအကြီးနဲ့ ရေးပါ ဥပမာ MAUNGMAUNG **

အထက်ဖော်ပြပါ file သုံးခုကို ပြင်ဆင်ထားပြီး ပြန် check ပြီးရင်တော့ ok ပါပြီ။ မင်မင်ရဲ့ file တွေကို comment မှာပြပေးထားပါတယ်။
သတိထားရမှာက file name ကိုပဲ jpg လုပ်ပီး type က pdf ဖြစ်လို့မရပါဖူးနော် file name ရဲ့.အနောက်ကဟာနဲ့ type နဲ့တူရပါမယ် cmt ကိုကြည့်ကြည့်ပါနော် ။

မင်မင်တို့ ဖော်ပြပါ file 3 ခုကိုပြင်ဆင်ထားပြီး တင်ရမဲ့နေ့မှာကိုယ့် level google formမှာ attach (ပူးတွဲတင်ပြ) ပေးလိုက်ရင်ရပါပြီနော်။ 🤗

ဒါကတော့ အဲ့နေ့မှာ form ဘယ်လိုတင်ရမလဲ post ပါ။
https://www.facebook.com/106590954190130/posts/488090772706811/

အားလုံးပဲ form ရကြပါစေရှင် 😘😘
မင်မင်လည်း form ရပါစေ xD

Photos from Enjoy Japanese Journey's post 17/02/2022

credit MAJA
၂၀၂၂ ခုနှစ် ဇူလိုင်လတွင်ကျင်းပမည့် ဂျပန်ဘာသာအရည်အချင်းစစ် စာမေးပွဲ (JLPT) အတွက် Google Application Form လျှောက်ထားရမည့် နမူနာအားပူးတွဲပါအတိုင်း ဖော်ပြပေးလိုက် ပါသည်။

JLPT စာမေးပွဲဖြေဆိုမည့်သူများအနေဖြင့် (၁၅.၂.၂၀၂၂) ကြေငြာချက်တွင် ဖော်ပြခဲ့သည့်အတိုင်း စတင်ပြင်ဆင်နေကြမည်ဟု မျှော်လင့်ပါသည်။ မပြင်ဆင်ရသေးသူများအတွက် အဓိက လိုအပ်ချက်များအား ထပ်မံဖော်ပြအပ်ပါသည်။ အသေးစိတ်လမ်းညွှန်အား ၁၅.၂.၂၀၂၂ ရက်ကြေငြာချက်တွင် ကြည့်ရှုနိုင်ပါသည်။

(၁) Email အကောင့်
အကောင့် တခုမှ တကြိမ်သာ လျှောက်ထားနိုင်ပါရန်သတ်မှတ်ထားပါသဖြင့် စာဖြေသူတစ်ဉီးစီတွင် Emailအကောင့်တစ်ခု ရှိထားရန်လိုအပ်ပါသည်။
(၂) JLPT Application Form 2022A
https://ascoja-maja.org.mm/upload/pdf/application_form__2022A(writable)_1644891818.pdf

လျှောက်လွှာပြင်ဆင်ရာတွင် Adobe Acrobat Software အသုံးပြု၍ Phone/Laptop ဖြင့် ပြင်ဆင်နိုင်ပါသည်။

(၃) ID Card (NRC စသည့် သက်သေခံကဒ်ပြား)
မူရင်းအား ဓါတ်ပုံရိုက်၍ ပူးတွဲတင်ပြရမည်ဖြစ်ပါသည်။ (စာမေးပွဲနေ့တွင် အဆိုပါမူရင်းအား ယူဆောင် လာရမည်ဖြစ်သည်။)

(၄) ဓါတ်ပုံ
3*4 cm size ဓါတ်ပုံ File (Softcopy)အား ကြိုတင်ပြင်ဆင်ထားရပါမည်။

Online Application Form လျှောက်ထားပြီးသော စာဖြေသူများ၏ လျှောက်လွှာများအား စီစစ်၍ လျှောက်လွှာလက်ခံရရှိသူစာရင်းအား ကြေငြာပေးသွားမည်ဖြစ်ပြီး၊ ယင်းနောက်တွင် စာမေးပွဲကြေး ပေးသွင်း ရမည် ဖြစ်ပါသည်။

Level တခုချင်းဆီအတွက် Google Application Form Link များအား အောက်ပါအချိန်နှင့်နေ့ရက်အတိုင်း ကြေငြာပေးသွားမည်ဖြစ်ပါသည်။ ကြိုတင်ဝင်ရောက်ထားမှုများကြောင့် Sever System ကျခြင်းအား လျော့ချ နိုင်ရန်အတွက် ဖောင်စတင်လက်ခံမည့် အချိန်တွင်သာ ကြေငြာရခြင်း ဖြစ်ပါသည်။

N1,N2 (Yangon + Mandalay)
– ၂၃.၂.၂၀၂၂ မနက်၁၀:၀၀ နာရီ
N3 (Yangon + Mandalay)
– ၂၄.၂.၂၀၂၂ မနက်၁၀:၀၀ နာရီ
N4 (Mandalay)
– ၂၅.၂.၂၀၂၂ မနက်၁၀:၀၀ နာရီ
N4 (Yangon)
– ၂၆.၂.၂၀၂၂ မနက်၁၀:၀၀ နာရီ

အထက်ဖော်ပြပါ JLPT Application Form 2022A၊ ID Card၊ ဓါတ်ပုံ ဖိုင်(၃)ခုအား ကြိုတင်ပြင်ဆင်ထားပြီး၊ Google Application Form အား ဖုန်း (သို့) ကွန်ပြူတာဖြင့် ဝင်ရောက်လျှောက်ထားနိုင်ပါသည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

Photos from Enjoy Japanese Journey's post 04/12/2021

#ရုံးသွားရင်ဘာဝတ်ရင်ကောင်းမလဲ? 🤔
မင်မင်ကဒီတစ်ခါတော့ ဂျပန်မလေးတွေရဲ့ fashion လေးတွေကို ဂျပန်စာချစ်သူလေးတွေကြည့်ပီး ကိုယ်သဘောကျသလိုဝတ်ဆင်နိုင်ဖို့ style အချို့ကိုတင်ပေးလိုက်ပါတယ်🤗

p.s. မင်မင်က ပုံတုံးပင်မယ့် fashion ကို စိတ်ဝင်စားတာမို့ ဒါကတော့ မင်မင်သဘောကျတဲ့ ဂျပန်မလေးတွေရဲ့ လုံလုံခြုံခြု outfit လေးတွေပါ။ အတိုမဝတ်ရဲတဲ့ကောင်မလေးတွေရှိရင် ကွက်တိနော် 😘😘

Photos from Aika Channel's post 08/11/2021
20/10/2021

others: သီတင်းကျွတ်လပြည့်မှာ နေကြာဝမ်းဆက်တွေနဲ့ 💑👭

မင်မင်: 😴👇👇

crd photo - hyerifanpage

20/10/2021

ပျော်ရွှင်စရာ သီတင်းကျွတ်လပြည့်နေ့လေး ပိုင်ဆိုင်နိုင်ကြပါစေရှင် 💓

Curriculum Vitae 13/10/2021

🙋မင်္ဂလာပါ
🔸ဂျပန်နိုင်ငံ Aichi တွင် Tokutei Visa ဖြင့် ဘိုးဘွားပြုစုစောင့်ရှောက် (Care Worker) လုပ်ငန်းလုပ်ကိုင်ရန် အမျိုးသမီးများခေါ်ယူခန့်ထားလိုပါတယ်။

၁။ တခါမှမသွားရသေးရင် N4 အောင်လက်မှတ်နှင့်ဘိုးဘွားပြုစုနဲ့ပက်သတ်ပြီး ဖြေထားတဲ့ special skill test ရှိရပါမယ်

၂။ kiagoနှင့်၃နှစ်ပြည့်ပြီး ပြန်လာတဲ့သူတွေကတော့ဒီအတိုင်းလျှောက်နိုင်ပါတယ်။

၃။ Japan မှာနေတဲ့သူတွေအလုပ်ပြောင်းချင်လည်းလျှာက်လို့ရပါတယ်။

ဒီလိုလစာနဲ့အခွင့်အရေးရခဲတာမို့ အမြန်ဆုံးformတင်ထားလိုက်ပါတော့နော်။😍

🔸Tokutei Visa ဖြင့်စေလွှတ်ပါမည်။

🔸အသက် 25နှစ်မှ 35နှစ်အတွင်း လျှောက်ထားနိုင်ပါသည်။

🔸အခြေခံပညာအထက်တန်းအဆင့်

🔸ဂျပန်ဘာသာN4 အောင်ရမည်။

🔸ဘိုးဘွားစောင့်ရှောက်နှင့်ပက်သတ်ပြီး certificateရှိရမည်။

🔸လစာ ¥ 216,000 ဝန်းကျင်

🔸စိတ်ပါဝင်စားသူများအောက်ပါလိပ်စာသို့လူကိုယ်တိုင်လာရောက်လျှောက်ထားနိုင်ပြီး CVForm Link၌လည်း ဖြည့်စွက်၍လျှောက်ထားနိုင်ပါသည်။
https://docs.google.com/forms/d/1FBvyqcxbqj8vdgt7yFapEGpOVt5CSNZanqtUMNbVlCI/edit?usp=forms_home&ths=true

🏫 မိချောင်းကန်ရပ်ကွက်,သင်္ဃန်းကျွန်းမြို့နယ်,ရန်ကုန်မြို့။ (၁၆ ကွေ့ မှတ်တိုင်နား)

Email မှ တဆင့်လျှောက်ထားလိုပါက 📩

[email protected] သို့ပေးပို့လျှောက်ထားနိုင်ပါသည်။

အသေးစိတ်အချက်အလက်များသိရှိလိုပါက

📱09-420260874, 09-764963234, 09-421135518
သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

source - knowledge villa agency

Curriculum Vitae CV Form

Photos from Enjoy Japanese Journey's post 24/09/2021

ိုဘယ်လိုသုံးမလဲ?

とき ကို အားလုံး N5 မှာသင်ရမှာပါ။ ဒီနေ့မှာတော့ မင်မင်က ကျောင်းသားတစ်ယောက်ရဲ့ မေးခွန်းကိုဖြေပေးရင်း အားလုံး ဗဟုသုတရအောင် အချက်လေးတစ်ချက်ပြောပြချင်ပါတယ်။

ပုံမှန်အားဖြင့် とき ရဲ့ရှေ့မှာ verb ဆိုရင် ふつうけい နဲ့ noun ဆိုရင် の / adj မှာဆိုရင် いadj ရော な adj
ရော နဂိုအတိုင်းလိုက်လို့ရပါတယ်။

ထူးခြားချက်က......
စာကြောင်းနှစ်ခု ဆက်ထားတဲ့အခါမှာ အနောက်စာကြောင်းက past tense သုံးထားပင်မယ့် ဘာလို့ရှေ့က စာကြောင်းရဲ့ とき ရှေ့မှာじしょけい လား た けいလားဆိုတာ ဒွိဟဖြစ်တက်ပါတယ်။
日本へ来るとき、空港で写真を撮りました。(日本へ来る前に、空港で写真を撮った。)

日本へ来たとき、空港で写真を撮りました。(日本へ来た後で、空港で写真を撮った。)

ဘယ်လိုကွာလဲဆိုတော့ 来るとき လို့သုံးရင် ဂျပန်ကိုမလာခင်လို့ အဓိပ္ပါယ်သက်ရောက်ပြီး

来たとき လို့သုံးရင် ဂျပန်ကိုလာပီးနောက် လို့အဓိပ္ပါယ်ယူရပါမယ်။

ကိုယ်က choose မယ်ဆိုရင် စာကြောင်းရဲ့အဓိပ္ပါယ်ကိုသေချာကြည့်ပြီး ဖြည့်ပေးဖို့လို့ပါတယ်နော်။

အားလုံးဘဲ အဆင်ပြေပါစေရှင်

22/09/2021

ကဲကဲ... အားလုံး အားတက်အောင်မင်မင် အားပေးလိုက်ပါပြီနော် 😂🤣😘 (ps. ဟာသလိုဘဲ မြင်ပေးကြပါ​ေနာ် မင်မင်ကိုယ်တိုင်လည်း kanji က ကျက်မေ့ပါ)

ချစ်တဲ့မင်မင် 😌
Just for fun 😘

02/09/2021

ဒါကတော့ မင်မင့်အခြေအနေပါ 😂🤷‍♀️
ဂျပန်စာသင်ပြီး ဂင်ချီမြေမှာမနစ်မြှုပ်နေကြနဲ့နော် 😌☝

02/09/2021

ဒီနေ့မှာတော့ မင်မင်က beginner လေးတွေအတွက်အလွန်အသုံးဝင်မဲ့ မသ်ိမဖြစ်စကားစုလေးတွေကို အသံထွက်နှင့်တကွ တင်ပေးလိုက်ပါတယ်ရှင် ။🍀🇯🇵

with love 💓

Photos from Enjoy Japanese Journey's post 01/09/2021

ဂျပန်companyမှာအလုပ်ဝင်ချင်ပင်မယ့် ph ဖြေရင် ရင်တုန်နေမှာ စိုးရိမ်တဲ့သူရှိလား? 🇯🇵🇯🇵
#仕事の日本ご  #でんわおうたい

BJT ထဲကတစ်အုပ်ဖြစ်တဲ့ Business phone ဖြေကြားခြင်းစာအုပ်လေးကို ဒီတစ်ခါအတန်းသစ်အနေနဲ့ဖွင့်ချင်ပါတယ်။

တတ်​ရောက်မဲ့သူက ဂျပန်စာ level အနည်းဆုံး N4 အဆင့်ရှိရပါမယ်။ ​မြန်မာလိုတောင် Phone ဖြေရတာအခတ်အခဲရှိတဲ့အချိန်မျိုးရှိသလို ဂျပန်လိုဆိုထင်တာထပ်ပိုပြီးအခတ်အခဲရှိတာလည်းဖြစ်နိုင်ပါတယ်။

ဒီစာအုပ်လေးမှာတော့ phone ပြောမဲ့အကြောင်းအရာအလိုက် အခန်းခွဲလေးတွေနဲ့ ပြောရမဲ့ script လေးတွေ ပါပါတာကြောင့် ချောချောမွေ့မွေ့အလုပ်ခွင်ဝင်ဖို့အတွက် အလေ့လာသင့်ဆုံး စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

သင်တန်းကတော့ October လမှ စမှာဖြစ်ပြီး အချိန်ဇယားကတော့ sat sun ( 3:00-4:30 pm)ဖြစ်ဖို့များပါတယ်။

fee - 20000ks အပြတ်

ဒီအတန်းလေးကိုစုံစမ်းလိုပါက - phoneanswering လို့ cb ကိုပို့လိုက်ပါနော် 🇯🇵🍀💓

01/09/2021

စားသောက်ဆိုင်မှာဘယ်လိုပြောမလဲ?


ဂျပန်စာလေ့လာခါစသူလေးတွေအနေနဲ့ စားသောက်ဆိုင်မှာဘယ်လိုပြောမလဲဆိုတာလေး short video လေးပါရှင့်။
with love 🍀🇯🇵

01/09/2021

နောက်လမှဖွင့်ဖြစ်မဲ့အတန်းလေးတစ်တန်းကြေငြာပါရစေရှင်။ N3 တန်းတွေမေးကြလို့ N3ကိုမှ one by one သဘောမျိုး ခြောက်ယောက်အထိသာလက်ခံမဲ့ face to face zoom class လေးပါ။

Guide သဘောမျိုးနဲ့သင်ချင်သူများအတွက် အထူးသင့်တော်ပါတယ်။ sensei က kanji ကိုတစ်ခါတည်းဝိုင်းမှတ်ပြီးမေးပေးမှာမို့ kanji ကြောက်တဲ့သူတွေလက်လွတ်မခံသင့်ဖူးနော်။

အချိန် - 3months ( two or three days per week)
fee - 150000ks ( တစ်လခွဲအတွင်း နှစ်ခါခွဲသွင်းနိုင်ပါတယ်)

သင်မဲ့ sensei ရဲ့teaching experience ကတော့ cmt က review အချို့ကိုကြည့်နော် 😉

ဘာစာအုပ်တွေသင်မှာလဲကတော့ မင်မင်တို့ cb ကိုလာခဲ့ပါနော်။ အကုန်ရှင်းပြပေးပါမယ်။ 🇯🇵🇯🇵🍀🍀

31/08/2021

ဒီနေ့မှာတော့မင်မင်ကဂျပန်ဆိုတာနဲ့ အားလုံးက convenient store ကိုပါတွဲမြင်ကြတဲ့အတိုင်း convenient store မှာဈေးဝယ်ရင် ဘယ်လိုပြောရမလဲဆိုတာလေးကို short video လေးတင်ပေးလိုက်ပါတယ်ရှင့် ။
လေ့လာကြည့်ပါနော် 🇯🇵🍀

with love 💓

28/08/2021

ဟုတ်တယ်မလား ပြော ??😂😌

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

basic japanese particle
N5 exam sample
Counting number in japanese

Category

Website

Address

Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Other Education in Yangon (show all)
Taung Nyunt 3 Students Taung Nyunt 3 Students
BEHS (3) Mingalar Taung Nyunt, Upper Pansodan Street
Yangon

Welcome to our reunion Taung Nyunt 3 students page and I hope all of our friends who are from BEHS 3

Kant Kaw Kant Kaw
No. 9 Kan Street, Hlaing Township
Yangon, 11012

Enhancing educational and career opportunities for Myanmar youth since 2009.

CK တရုတ်စကားပြော CK တရုတ်စကားပြော
Yangon

တရုတ်စကားကို မြန်မြန်နဲ့လွယ်လွယ် တတ်လိုပါက ဒီပေ့ချ်က သင့်အတွက်နေရာမှန်ပါပဲခင်ဗျာ

Alfred English Yangon Alfred English Yangon
Anormar 19 Street ( West )
Yangon

English can't stop you life.

Zwe Htet Education Center Zwe Htet Education Center
No. 94, 93 Street, Kandawkalay, MingalarTaungNyunt Township
Yangon

KME Japanese Language School KME Japanese Language School
No. 876, 2nd Floors, Nga Moe Yeik Ward, Lay Daunt Kan Road, Thingangyun Township
Yangon

Education

Pro English language Pro English language
Thaketa
Yangon

Your choice is your sense.

Students' Choice Students' Choice
Yangon

Education

Learn Deutsch with Nuel Learn Deutsch with Nuel
Yangon

education

Brilliant Education Center Brilliant Education Center
Yangon

We aim to teach subjects relating to the business world at affordable prices.