We Love Rakhine, Yangon Videos

Videos by We Love Rakhine in Yangon. ရခိုင်ပြည်နယ်၏ ကျန်းမာရေး၊လူမှုရေး၊ ကူညီကယ်ဆယ်ရေး

မိုခါမုန်းတိုင်းအလှုရှင် ဂုဏ်ပြုပွဲ We ❤️ Rakhine ဥက္ကဌ ဦးထွန်းထွန်းနိုင် မှ အဖွင့်အမှာစကား ပြောကြားခြင်း

Click to enable sound Next

Other We Love Rakhine videos

မိုခါမုန်းတိုင်းအလှုရှင် ဂုဏ်ပြုပွဲ We ❤️ Rakhine ဥက္ကဌ ဦးထွန်းထွန်းနိုင် မှ အဖွင့်အမှာစကား ပြောကြားခြင်း

”ငါရို့ချစ်သောမြေ” ❤ (We Love Rakhine) 🖌 COMPOSER - KO HTUN HLAING 🎸🎳 DRUM & BASS - THAR NGEL 🎸 GUITAR- AUNG CHAY 🎹 KEYBOARD- MAUNG MAUNG LWIN 🎧 RECORD- LIFE & MUSIC STUDIO, 🎧 LYNN STUDIO 🖥 MIXING & MASTERING- THAR NGEL 🎥 CAMERA & EDIT - KAUNG KHANT LWIN #weloverakhine #rakhinemusic #beautifulrakhine

သာလီစွပါ..နက်ဖန်ပွဲအတွက်သီချင်းတိုက်နေပါပြီနော်…လာရောက်အားပေးကြပါ။ ရခိုင်​ဒေသအတွက် မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် ရံပုံငွေပွဲ​လေးပါ….🛑 နေ့ရက် - ၅.၁၁.၂၀၂၃ (တနင်္ဂနွေနေ့)🛑 အချိန် - ညနေ (၆)နာရီမှ ည (၉)နာရိအထိ🛑 နေရာ - THOR ( The Heart of Rangoon)🛑 ရံပုံငွေလက်မှတ်တစ်စောင် - (၄၀၀၀၀) ကျပ်အဆိုတော်တွေက တော့ “ မြတ်ခိုင်ကျော်၊ ဝင်းကိုခိုင်၊ ညီမင်းခိုင်၊ ရေဗက္ကာဝင်း ၊ ရတနာမိုင်၊ ဝေကြီး၊မိချောတို့ ဖြစ်ပါတယ် …ကျမ တို့ We Love Rakhine ကစီစဉ်တဲ့ပွဲလေးပါ.. အောက်ပါ Reservation ဌာန မှာဝယ်ယူလို့ရပါတယ်…Comment က Seating Plan ကိုကြည့်ပြီးကျမ မြစန္ဒာ​အောင်ဆီမှာလည်းမှာယူလို့ရပါတယ်နော်…☎️ Reservation :09252571460 (Available between 12PM - 10PM)🏛️ အမှတ် ၁၊ ကွမ်းခြံလမ်း၊ ယခင်ရိုးမဘဏ်(ရုံးချုပ်)၊ ရန်ကုန်ဘူတာကြီးဘေး၊ အောင်ဆန်းကွင်းမျက်နှာချင်းဆိုင်။#concrete #livemusic #Thorpub #staytuned #MusicLovers #UnforgettableMoments #UpcomingEvent #Bestshow #Yangon

ရခိုင်ပြည်နယ် စီးပွားရေးဖိုရမ် တွင် ပြောကြားခဲ့တဲ့ ရခိုင်​ပြည်နယ် ၏ အနာဂတ်စီးပွားရေး အခွင့်အလမ်းများ

ရခိုင်ပြည်နယ် MOCHA မုန်တိုင်းသင့် ကယ်ဆယ်ရေးနှင့်ပြန်လည် ထူထောင်ရေးအတွက် We Love Rakhine ၏ Management Committee က ရသေ့တောင်မြို့နယ်၊ အဝဒါကျေးရွာသို့ ကွင်းဆင်း၍ ရဟန်း၊ ရှင်လူ မိဘပြည်သူများနှင့်တွေ့ဆုံ၍ လိုအပ်သည့်အကူအညီများ အမြန်ဆုံးပေးအပ်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။ ယင်းကျေးရွာ၏ အခြေအနေအား သိရှိနိုင်စေရန် မေးမြန်းချက်မှတ်တမ်း Video အား ဖော်ပြထားပါသည်။

Mocha ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ် ထိခိုက်ပျက်စီးဆုံးရှုံးမှုများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များလုပ်ဆောင်ရန် လှူဒါန်းခြင်းအတွက် We Love Rakhine မှ ဥက္ကဌ ဖြစ်သူ ဦးထွန်းထွန်းနိုင်အား တွေ့ဆုံမေးမြန်းမှု ပြုလုပ်ခဲ့သော အင်တာဗျူး Video လေး ဖြစ်ပါသည်။

ရခိုင်ရိုးရာတူရိယာ🪘ရခိုင်စည်တော်မင်္ဂလာ
🪘ရခိုင်ရိုးရာတူရိယာ ရခိုင်စည်တော်မင်္ဂလာ ပြုလုပ်ပုံအကြောင်းကို တင်ဆက်လိုက်ပါတယ်။ 🎼 ခမ်းနားတဲ့အသံ၊ သိမ်မွေ့တဲ့ ဂီတပညာတွေနဲ့ ရခိုင်ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ပြီး မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းကြပါစို့ ✨ #မြောက်ဦး #weloverakhine

သဘာဝထွက်ကုန်တွေပေါကြွယ်ဝတဲ့ မြောက်ဦးမြို့မစျေး
🌊 သဘာဝ ချောင်း၊ မြောင်းနဲ့ တောတောင်တွေဝန်းရံထားတာကြောင့် သမိုင်းဝင်မြောက်ဦးမြို့က ဒေသထွက်ကုန် ပေါပေါများများ ထွက်ပါတယ်။ ဒါဟာ ဒေသခံတွေအတွက်အကျိုးရှိသလို မြောက်ဦးကို အလည်ပတ်လာသူတွေအတွက်လည်း စိတ်ဝင်စားဖွယ်ရာ ဆွဲဆောင်မှုတစ်ခုပါ🍃 လတ်လတ်ဆတ်ဆတ် သားငါးသီးနှံတွေဟာ ရေခံမြေခံကောင်းတာကြောင့်သာ ဖြစ်ထွန်းရရှိတာဖြစ်ပါတယ် 🙌 ဒါ့ကြောင့် သမိုင်းဝင်မြောက်ဦးကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အတူဝိုင်းဝန်းကြိုးပမ်းကြပါစို့ ✨ #မြောက်ဦး #weloverakhine

သဘာဝကုန်ကြမ်းများနဲ့ပြုလုပ်ပြီး သေသပ်လှပတဲ့ ရခိုင်ရိုးရာ မက္ကလာ
【မက္ကလာ】 👒 လေးတွေကို မြောက်ဦးမြို့ဒေသခံတွေက တွင်တွင်ကျယ်ကျယ်ပြုလုပ်ရင်း လက်ရှိမှာအသုံးပြုနေကြဆဲပါ 🎋 🍃 သဘာဝကုန်ကြမ်းများနဲ့ ပြုလုပ်ထားတာဖြစ်တဲ့အတွက် ဝတ်ဆင်သူတွေကို အေးမြစေပြီး သေသပ်လှတဲ့ လက်ရာကြောင့်လည်း ရခိုင့်ရိုးရာ 【မက္ကလာ】က နာမည်ကြီးပါတယ် ✨ ဒါ့ကြောင့် အခုလိုရိုးရာလက်မှုလုပ်ငန်းတွေကို တန်းဖိုးထားကြရင်း မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ကြဖို့အတွက် တင်ဆက်ပေးလိုက်ရပါတယ် ✨ #welovemrauku #Rakhine #MraukU #weloverakhine

ရှေးဟောင်းအမွေနှစ်တွေဟာ လမ်းခင်းကျောက်ဖြစ်နေတဲ့အခါ..
မြောက်ဦးမြို့ရဲ့ အိမ်တိုင်းနီးပါးလိုလိုမှာတွေ့ရတဲ့ လမ်းခင်းထားကြတဲ့ 【သွင်ကျောက်】တွေဟာ ရှေးဘုရင်မင်းများလက်ထက်က စပါးတွေကို နှစ်ရှည်လများသိမ်းဆည်းနိုင်အောင် တည်ဆောက်ထားတဲ့ 🌾 စပါးကျီ တွေရဲ့ အောက်ခင်းအဖြစ်အသုံးပြုခဲ့ကြတာပါ.. ♦︎ ရှေးဟောင်းအမွေအနှစ်လည်း ဖြစ်ပါတယ် ♦︎ မြောက်ဦးမြို့【ဝင်းမနားကျီ】နေရာမှာ ဘယ်လိုနည်းစနစ်နဲ့များ 🌾 စပါးကျီတွေကို တည်ဆောက်ခဲ့ကြလဲဆိုတာတော့ ဒီဗီဒီယိုမှာကြည့်ကြမယ်.. ပြီးတော့ အခုလို ရှေးဟောင်းအမွေအနှစ် 🔙 တွေ လမ်းခင်းကျောက်မဖြစ်ဖို့ မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းအသိပညာပေးရင်း ထိန်းသိမ်းကြရအောင်နော် 🤷🏽‍♂️ #weloverakhine #welovemrauku #MraukU

မြောက်ဦးမြို့မှာ ရေကြီးရေလျှံမှုတွေဖြစ်ရတဲ့ အကြောင်းအရင်းများ
အီတလီရဲ့ ဗင်းနစ်မြို့ကို ဒုတိယမြောက်ဦးလို့ 🏞တင်စားခဲ့ရလောက်အောင် လှပခဲ့တဲ့မြို့... ယဥ်ကျေးမှုမြင့်မား ရှေးဟောင်းအမွေနှစ်တို့နဲ့ သဘာဝ မြစ်၊ ချောင်း 🌊 ပတ်လည်ဝန်းရံနေတဲ့ ရခိုင်တို့ရဲ့ မြောက်ဦးမြေမှာ.. ရေကြီးရေလျှံမှုတွေ မဖြစ်ဖို့ နဲ့ ရေချို💦လုံလောက်စွာ ရရှိနိုင်ဖို့အတွက်... ရေစီးဆင်းရာနေရာတွေ ပုံမှန်အတိုင်းရှိစေဖို့ ဝိုင်းဝန်းထိန်းသိမ်းကြပါစို့... 🌿 #weloverakhine #welovemrauku #MraukU

မြောက်ဦး ဗုဒ္ဓေမြေ
ယဉ်ကျေးတဲ့ သမိုင်းအမွေအနှစ်နဲ့ မွန်မြတ်တဲ့ ဗုဒ္ဓဘာသာရခိုင်မြေအတွက် ဖန်တီးထားတဲ့ သီချင်းလေးကို နားဆင်နိုင်ကြစေရန် တင်ဆက်လိုက်ပါတယ်။ 🎶 ရေကြည်ကြည် ရခိုင့်အလှ ပင်လယ်ပြာ တောင်ရိုးမ လျှိုမြောင်အသွယ်သွယ် သာစွလေ ရခိုင်ညွန့်ဖူး နန်းမြောက်ဦး မြင်ရင်လေ မြတ်နိုးဖွယ် ဂုဏ်ယူဖွယ် 🎵 #welovemrauku #weloverakhine #မြောက်ဦး

အဆင့်မြင့်နည်းပညာနဲ့ မြောက်ဦးက ရှေးဟောင်းစဉ့်ထည်များ
#မြောက်ဦး မှာတွေ့ရတဲ့ စဉ့်ထည်တွေဆိုတာ - လွန်ခဲ့တဲ့ နှစ် (၆၀၀)ကျော်ကတည်းက အဆင့်မြင့်နည်းပညာနဲ့ထုတ်လုပ်ပြီး လက်အရှိချိန်အထိမပျက်မစီးကျန်ရှိနေတဲ့ရှေးဟောင်းအမွေအနှစ်တွေ ဖြစ်ပါတယ်။ ကိုယ့်ဒေသထွက်မြေဖြူ၊ မြေညိုတွေကိုအခြေခံပြီး ကိုယ်ပိုင်စဉ့်ဖို့တွေနဲ့ ထုတ်လုပ်ကြတယ်။ စဉ့်ထည်တွေဟာ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေသလို ရခိုင်တို့ရဲ့ ယဉ်ကျေးမှု လက်မှုပညာအဆင့်အတန်း မြင့်မားတာကိုလည်း ထင်ဟပ်စေတဲ့ ပြရုပ်တစ်ခုလည်းဖြစ်ပါတယ်။ သင့်ပတ်ဝန်းကျင် နဲ့ အိမ်မှာရော စဉ့်ထည်ဘယ်နှစ်မျိုးတွေ့ရပါသလဲ? #welovemrauku #ရခိုင့်အမွေမြောက်ဦးမြေ

မြောက်ဦးမြို့ရဲ့တောင်ကုန်းတောင်တန်း သဘာဝအမွေနှစ်များ
ရှေးဟောင်းမြို့တော်မြောက်ဦးရဲ့ အဖိုးဖြတ်မရတဲ့သဘာဝတောင်ကုန်းတောင်တန်းများကို ပိုမိုတန်ဖိုးထား ထိန်းသိမ်းနိုင်ကြစေဖို့ ရည်ရွယ်ပြီး တင်ဆက်လိုက်ပါတယ်။ လူထုအကြား ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိနိုင်ဖို့ ဒီဗွီဒီ​ယိုလေးကို Share ပေးကြပါဦးနော် ❣️ #welovemrauku #မြောက်ဦး #ရခိုင့်အမွေမြောက်ဦးမြေ

အမှိုက်ဆိုတာတစ်ခါတည်းကောက်လို့မပြီးပါ (We Love Mrauk U)
ရှေးဟောင်းအမွေအနှစ် မြောက်ဦးမြို့ သန့်ရှင်းစေဖို့အတွက် လှုပ်ရှားမှုများမှာ တတ်ကြွစွာပါဝင်ကြတဲ့ မြောက်ဦးလူငယ်တို့ရဲ့ စကားသံများ သင်တို့ရော.. အမှိုက်တွေကို လမ်းပေါ်ပစ်နေဆဲလား? #welovemrauk #မြောက်ဦး #ရခိုင့်အမွေမြောက်ဦးမြေ

အမှိုက်ကင်းစင် မြောက်ဦးတစ်ခွင် (အမှိုက်လေ့ကောက် မျိုးလေ့စောင့်)
We Love Rakhine ကဦးစီးပြီး ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်း​၏ ပံ့ပိုးမှု၊ မြောက်ဦးဒေသခံတို့​၏ ပူးပေါင်းပါဝင်မှုတို့နဲ့အတူ မြောက်ဦးဒေသမှာ အမှိုက်ကင်းရှင်းစေရေး လှုပ်ရှားမှုများကို စတင်ဖော်ဆောင်ခဲ့ပါတယ်။ ကို Win Ko Khaing - ဝင်းကိုခိုင် က #မြောက်ဦး အတွက် ကိုယ်တိုင်ရေးစပ်ထားတဲ့ "အမှိုက်လေ့ကောက် မျိုးလေ့စောင့်" သီချင်းနဲ့လည်း လုပ်အားပေးသူများကို အားပေးဖျော်ဖြေခဲ့ပါတယ်။ ဒီသီချင်းလေးကို အားလုံးအတူ နားဆင်ရင်း... မြောက်ဦးဒေသ သန့်ရှင်းသပ်ရပ်ရေးအတွက် ဆက်လက်ကြိုးပမ်းကြမယ် ရှေးဟောင်းအမွေအနှစ်တို့ကိုထိန်းသိမ်းစောင့်ရှောက်ရင်း UNESCO ဝင်ဖို့ အားလုံးအတူကြိုးပမ်းကြပါစို့လေ။ #ရခိုင့်အမွေမြောက်ဦးမြေ #welovemrauku

အမှိုက်လေ့ကောက် မျိုးလေ့စောင့်
We Love Rakhine ကဦးစီးပြီး ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်း​၏ ပံ့ပိုးမှု၊ မြောက်ဦးဒေသခံတို့​၏ ပူးပေါင်းပါဝင်မှုတို့နဲ့အတူ မြောက်ဦးဒေသမှာ အမှိုက်ကင်းရှင်းစေရေး လှုပ်ရှားမှုများကို စတင်ဖော်ဆောင်ခဲ့ပါတယ်။ ကိုဝင်းကိုခိုင်က #မြောက်ဦး အတွက် ကိုယ်တိုင်ရေးစပ်ထားတဲ့ "အမှိုက်လေ့ကောက် မျိုးလေ့စောင့်" သီချင်းနဲ့လည်း လုပ်အားပေးသူများကို အားပေးဖျော်ဖြေခဲ့ပါတယ်။ ဒီသီချင်းလေးကို အားလုံးအတူ နားဆင်ရင်း... မြောက်ဦးဒေသ သန့်ရှင်းသပ်ရပ်ရေးအတွက် ဆက်လက်ကြိုးပမ်းကြမယ် ရှေးဟောင်းအမွေအနှစ်တို့ကိုထိန်းသိမ်းစောင့်ရှောက်ရင်း UNESCO ဝင်ဖို့ အားလုံးအတူကြိုးပမ်းကြပါစို့လေ။ #ရခိုင့်အမွေမြောက်ဦးမြေ #welovemrauku

ချောင်းထဲကိုအမှိုက်ပစ်တုန်းလား? မြောက်ဦးမှာတော့ ချောင်းမြောင်းပေါများတဲ့အတွက် အမှိုက်တွေကို ချောင်းထဲပစ်ပြီး ရှင်းလင်းလေ့ရှိကြပါတယ် ဒါပေမယ့် အမျိုးတို့ သိပါသလား? အိမ်မှာရှင်းအောင် ချောင်းထဲပစ်လိုက်တဲ့ အမှိုက်တွေက ကိုယ့်ဆီကိုပဲ ပုံစံတစ်မျိုးမျိုးနဲ့ ပြန်လာတယ်ဆိုတာ... အမှိုက်တွေထဲမှာမှ ပလပ်စတစ်တွေဟာ အဆိုးဆုံး ဆွေးမြေ့ပျက်ဆီးဖို့ နှစ်ပေါင်း (၄၀၀) ကျော်လောက်ထိ စောင့်ရမှာဖြစ်ပါတယ် ဒါ့ကြောင့် လူငယ်တွေကတော့ ချောင်းထဲကို အမှိုက်မပစ်ကြတော့ပါဘူးတဲ့🌿 သင်တို့ရော...👐 #welovemrauku #ရခိုင့်အမွေမြောက်ဦးမြေ

#ပီတိကိုစားအားရှိပါသည်။ 2021 -2022 စစ်ဘေးရှောင် ဆယ်တန်းရောက်ကလေးတွေ ပညာရေး အတွက် လုပ်ခဲ့ကြတဲ့ #WeLoveRakhine ရဲ့activity တစ်ခုကိုမျှဝေပါရစေ။ မြောက်ဦးနဲ့ လက္ကာမှာ အခက်ခဲရှိကြတဲ့ ကျောင်းသား ၄၅ ယောက်ကို စာသင်ကြားမှုအတွက် လိုအပ်သော ဆရာ ၊ ဆရာများ ၊ သင်ကြားရန်နေရာထိုင်ခင်းများ ပံ့ပိုးကာ ဆယ်တန်းပညာ သင်ကြားပေးခဲ့ပြီး ၁၄ ယောက်အောင်မြင်ခဲ့ပါတယ်။ စုစုပေါင်းရဲ့ ၃၁ % အောင်ချက်လို့ဆိုရပါမယ်။ ဂုဏ်ထူး တစ်ဘာသာ ၄ ယောက်ပါခဲ့လို့ မိဘတွေ ကိုယ်စား ဝမ်းသာပီတိဖြစ်ကြရပါတယ်။ ဒီ Program အတွက်ဆရာများအသင်း (မြောက်ဦး) ကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်။ လုပ်စရာအများကြီထဲက နိုင်တဲ့ဝန်ထမ်းကြရင်း.. #အဖရခိုင်ပြည်ကြီးတိုးတက်ဘို့ #အားလုံးသူအစွမ်းနိုင်သမျှကြိုးစားကြပါစို့ ။ ဒီနှစ်အတွက်ထပ်မံလုပ်ဆောင်မယ့် Education Program ကိုလည်း အားလုံးပါဝင်အားဖြည့်နိုင်ကြဘို့တိုက်တွန်းနှို

အမှိုက်ကင်းစင်မြောက်ဦးတစ်ခွင်
မြောက်ဦးမြို့ရဲ့ အထင်ကရ (၁၀) နေရာ အကြောင်း အဖြေမှန်မမှန်ကြည့်ကြရင်း.. အဲ့ဒီနေရာတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အားလုံးတူတူကြိုးစားကြမယ်။ မြောက်ဦးမြို့သာ UNESCO ထိန်းသိမ်းစောင့်ရှောက်ခံဖြစ်ခဲ့ရင် ဒေသခံတွေအတွက်ရော ဘယ်လိုအကျိုးကျေးဇူးတွေရှိမလဲ? ဒီဗွီဒီယိုလေးတွေဟာ မြောက်ဦးဒေသ ဖွံ့ဖြိုးတိုးတတ်ရေး နဲ့ ရှေးဟောင်းအမွေအနှစ်တွေကို တန်ဖိုးထားထိန်းသိမ်းနိုင်ကြဖို့အတွက် ရည်ရွယ်ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ ဒါ့ကြောင့် လူထုအကြားပိုပြီးကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိနိုင်ဖို့ ဒီဗွီဒီယိုလေးတွေကို Share ပေးကြပါဦးနော်..❣️ #welovemrauku #ရခိုင့်အမွေမြောက်ဦးမြေ

Rakhine Vision 2030
Rakhine Vision 2030 စကားဝိုင်းဆွေးနွေးပွဲတွင် ဒေါက်တာတင်မာအောင်မှ "ရခိုင်လူငယ်တွေအနေနဲ့ ရခိုင်ယဉ်ကျေးမှုအမွေအနှစ်ကို ဘယ်လိုမျိုးဆက်လက်ထိန်းသိမ်းဖို့လိုပါသလဲ"ဆိုတဲ့ခေါင်းစဉ်နဲ့ အောက်ပါအတိုင်း ဆွေးနွေးပေးခဲ့ပါတယ်။ #weloverakhine