We Love Rakhine

We Love Rakhine

You may also like

Liberland Polska
Liberland Polska

ရခိုင်ပြည်နယ်၏ ကျန်းမာရေး၊လူမှုရေး၊ ကူညီကယ်ဆယ်ရေး

19/11/2023

ဘေးရန်ကင်းကြပါစီ။.

08/11/2023

မိုခါမုန်းတိုင်းအလှုရှင် ဂုဏ်ပြုပွဲ We ❤️ Rakhine ဥက္ကဌ ဦးထွန်းထွန်းနိုင် မှ အဖွင့်အမှာစကား ပြောကြားခြင်း

05/11/2023
05/11/2023

”ငါရို့ချစ်သောမြေ” ❤
(We Love Rakhine)

🖌 COMPOSER - KO HTUN HLAING

🎸🎳 DRUM & BASS - THAR NGEL
🎸 GUITAR- AUNG CHAY
🎹 KEYBOARD- MAUNG MAUNG LWIN
🎧 RECORD- LIFE & MUSIC STUDIO,
🎧 LYNN STUDIO
🖥 MIXING & MASTERING- THAR NGEL
🎥 CAMERA & EDIT - KAUNG KHANT LWIN

04/11/2023

မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် ရခိုင်ဒေသတွေအတွက် ရည်ရွယ်ထားတဲ့ ရန်ပုံငွေ ပွဲလေးတစ်ပွဲကို 𝐓𝐡𝐞 𝐇𝐞𝐚𝐫𝐭 𝐎𝐟 𝐑𝐚𝐧𝐠𝐨𝐨𝐧 မှာ မနက်ဖြန် ကျင်းပသွားဖို့ ရှိပါတယ်။

ဒီပွဲလေးက

❤️ မုန်တိုင်းဒဏ်သင့် ဒေသတွေနဲ့ မုန်တိုင်းကြောင့် ဒုက္ခရောက်ခဲ့ကြတဲ့ ပြည်သူလူထုတွေ အားလုံး ပြန်လည်ထူထောင်နိုင်ဖို့ တစ်တပ်တစ်အားထက်ပိုပြီး ထည့်ဝင်မယ့်ပွဲလေး

❤️ အလှူရှင်တွေရဲ့ စေတနာသဒ္ဓါတရားကို ဂုဏ်ပြုတဲ့ပွဲလေး

စတဲ့ ရည်ရွယ်ချက်ကောင်းကောင်းနဲ့ ပြုလုပ်ကျင်းပတဲ့ ပွဲလေးပဲ ဖြစ်ပါတယ်။

ဒီပွဲလေးကို ရခိုင်ပြည်နယ်ရဲ့ ကျန်းမာရေး၊ လူမှုရေးနဲ့ ကူညီကယ်ဆယ်ရေးတွေကို အားတက်သရော လုပ်နေတဲ့ We ❤️️ Rakhine အဖွဲ့အစည်းက ကျင်းပပေးတာဖြစ်ပြီး #မြတ်ခိုင်ကျော်၊ #ဝင်းကိုခိုင်၊ #ညီမင်းခိုင်၊ #ရတနာမိုင်၊ #ရေဗက္ကဝင်း #ဝေကြီး၊ #မိချောတို့က သီချင်းကောင်းလေးတွေနဲ့ ဖျော်ဖြေပေးသွားမှာပါ။

ဒါကြောင့် အလှူလေးလည်းလုပ်ရင်း၊ သီချင်းကောင်းလေးတွေလည်းနားဆင်ရင်း 𝐍𝐨𝐯𝐞𝐦𝐛𝐞𝐫 5𝐭𝐡 မှာ 𝐓𝐡𝐨𝐫 ကို လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်

🛑 ရံပုံငွေလက်မှတ်တစ်စောင် -
Premium/ VVIP 30,000 ကျပ်
VIP 20,000 ကျပ်
GA 15,000 ကျပ်
🛑 နေ့ရက် - ၅.၁၁.၂၀၂၃ (တနင်္ဂနွေနေ့)
🛑 အချိန် - ညနေ (၆)နာရီမှ ည (၉)နာရီအထိ

☎️ Reservation :09252571460 (Available between 12PM - 10PM)
🏛️ အမှတ် ၁၊ ကွမ်းခြံလမ်း၊ ယခင်ရိုးမဘဏ်(ရုံးချုပ်)၊ ရန်ကုန်ဘူတာကြီးဘေး၊ အောင်ဆန်းကွင်းမျက်နှာချင်းဆိုင်။

02/11/2023

ရခိုင်ပြည်နယ် စီးပွားရေးဖိုရမ် တွင် ပြောကြားခဲ့တဲ့ ရခိုင်​ပြည်နယ် ၏ အနာဂတ်စီးပွားရေး အခွင့်အလမ်းများ

Photos from We Love Rakhine's post 29/10/2023

သီတင်းကျွတ်လပြည့် အခါသမယ၌
စစ်တွေမြို့၊ ဝင်္ကဘာကွင်းရှိ
နှစ်စဥ်ပြုလုပ်နေကျ ဆွမ်းလောင်းပွဲကြီး၌
သံဃာ အပါး(၅၅၀)နှင့် သီလရှင်များအား
We Love Rakhine မှ
ပါဝင်ကုသိုလ်ယူခဲ့ပါသည်။

25/10/2023

မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် ရခိုင်ဒေသတွေအတွက် ရည်ရွယ်ထားတဲ့ ရန်ပုံငွေ ပွဲလေးတစ်ပွဲကို The Heart of Rangoon မှာ သိပ်မကြာခင် နေ့ရက်လေးအတွင်း ကျင်းပသွားဖို့ ရှိပါတယ်။

ဒီပွဲလေးက

❤️ မုန်တိုင်းဒဏ်သင့် ဒေသတွေနဲ့ မုန်တိုင်းကြောင့် ဒုက္ခရောက်ခဲ့ကြတဲ့ ပြည်သူလူထုတွေ အားလုံး ပြန်လည်ထူထောင်နိုင်ဖို့ တစ်တပ်တစ်အားထက်ပိုပြီး ထည့်ဝင်မယ့်ပွဲလေး

❤️ အလှူရှင်တွေရဲ့ စေတနာသဒ္ဓါတရားကို ဂုဏ်ပြုတဲ့ပွဲလေး

စတဲ့ ရည်ရွယ်ချက်ကောင်းကောင်းနဲ့ ပြုလုပ်ကျင်းပတဲ့ ပွဲလေးပဲ ဖြစ်ပါတယ်။

ဒီပွဲလေးကို ရခိုင်ပြည်နယ်ရဲ့ ကျန်းမာရေး၊ လူမှုရေးနဲ့ ကူညီကယ်ဆယ်ရေးတွေကို အားတက်သရော လုပ်နေတဲ့ We ❤️️ Rakhine အဖွဲ့အစည်းက ကျင်းပပေးတာဖြစ်ပြီး #မြတ်ခိုင်ကျော်၊ #ဝင်းကိုခိုင်၊ #ညီမင်းခိုင်၊ #ရေဗက္ကာဝင်း ၊ #ရတနာမိုင်၊ #ဝေကြီး၊ #မိချောတို့ အပြင် တခြား ရခိုင် ဧည့်သည် အဆိုတော်များက သီချင်းကောင်းလေးတွေနဲ့ ဖျော်ဖြေပေးသွားမှာပါ။

ဒါကြောင့် အလှူလေးလည်းလုပ်ရင်း၊ သီချင်းကောင်းလေးတွေလည်းနားဆင်ရင်း November 5th မှာ THOR ကို လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်

🛑 ရံပုံငွေလက်မှတ်တစ်စောင် - (၄၀၀၀၀) ကျပ်
🛑 နေ့ရက် - ၅.၁၁.၂၀၂၃ (တနင်္ဂနွေနေ့)
🛑 အချိန် - ညနေ (၆)နာရီမှ ည (၉)နာရိအထိ

☎️ Reservation :09252571460 (Available between 12PM - 10PM)
🏛️ အမှတ် ၁၊ ကွမ်းခြံလမ်း၊ ယခင်ရိုးမဘဏ်(ရုံးချုပ်)၊ ရန်ကုန်ဘူတာကြီးဘေး၊ အောင်ဆန်းကွင်းမျက်နှာချင်းဆိုင်။

Photos from We Love Rakhine's post 23/10/2023

စစ်တွေမြို့တွင်ကျင်းပပြုလုပ်တဲ့ ရခိုင်ပြည်နယ် စီးပွားရေးဖိုရမ် ၂၀၂၃ တွင် ရခိုင်​ပြည်နယ်မှ နိုင်ငံကိုယ်စားပြု စီးပွားရေးလုပ်ငန်းရှင်များ၊ စွန့်ဦးတီထွင်လူငယ်စီးပွားရေး လုပ်ငန်းရှင်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်မှ ရခိုင်ပြည်နယ်၏ အနာဂတ် စီးပွားရေး အခွင့်အလမ်း ခေါင်းစဥ်နှင့် ဆွေးနွေး ဟောပြောပြီး၊ အထွေထွေအတွင်းရေးမှု ဦးရဲထက်နိုင် မှရခိုင်ပြည်နယ်၏ စီးပွားရေး အနာဂတ် ခေါင်းစဥ်
ဖြင့် စကားဝိုင်းဆွေးနွေးခဲ့ပါတယ်။

Photos from We Love Rakhine's post 20/10/2023

အောက်တိုဘာ ၂၂ ရက်၊ တနင်္ဂနွေ နေ့တွင် စစ်တွေမြို့ ခိုင်သဇင်ခန်းမ တွင် နံနက် ၉နာရီမှ ညနေ ၅ နာရီထိ Rakhine Economic Forum 2023 တွင် We ❤️ Rakhine ဥက္ကဌ ဦးထွန်းထွန်းနိုင်က "ရခိုင်ပြည်နယ်၏ အနာဂတ်စီးပွားရေး အခွင့်အလမ်းများ" ခေါင်းစဥ်နှင့် ဟောပြောပြီး၊ စွန့်ဦးတီထွင် ရခိုင် လူငယ် စကားဝိုင်းဆွေးနွေးပွဲ တွင်လည်း ပါဝင်ဆွေးနွေးသွားပါမယ်။

စိတ်ဝင်စားတဲ့ မည်သူမဆို အခမဲ့ လာရောက် နားထောင်နိုင်ပါတယ်။

14/10/2023

ရခိုင်သား လူငယ်အဆိုတော်အသစ် အောင်မြင်ပါစေလို့အားပေးပါတယ်။

07/10/2023

လက်ဖက်ကျွန်းမီးပြတိုက် (မာန်အောင်)

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် (မာန်အောင်ကျွန်း) ၏ အနောက်မြောက်ဘက် ဇီးတောကမ်းခြေနှင့် ရေမိုင် ၄ မိုင်ခန့်အကွာတွင် တည်ရှိသည်။ ၁၉၀၉ ခုနှစ်တွင် ဗြိတိသျှတို့က တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အမြင့် ၁၂၁ ပေရှိသည့် Beacon Lighthouse တစ်ခုဖြစ်သည်။

Reference - Winnet Myanmar

Photos from We Love Rakhine's post 28/09/2023

ရခိုင်ပြည်နယ်မှ ဒီရေတောများအကြောင်းသိကောင်းစရာ

ဒီရေတော (ခေါ်) လမုတောများသည် အစုအဖွဲ့တည်ရှိသည့် ကမ်းရိုးတန်း ဒေသရှိ ရေဝပ်ဒေသ သို့မဟုတ် ရေတိမ်ဒေသ များကိုခေါ်သည်။ လမုပင် များသည် အေးခဲသော ရာသီဥတုကို ခံနိုင်ရည်မရှိသောကြောင့် အပူပိုင်းဒေသနှင့် သမပိုင်းဇုန်များတွင်သာ ရှင်သန်နိုင်ကြသောအပင်မျိုးဖြစ်သည်။ လမုပင် မျိုးစိတ် ၈၀ ခန့်ရှိပြီး ယင်းအပင် များအားလုံးသည် အောက်ဆီဂျင်နည်းပါးသော မြေဆီလွှာတွင် ပေါက်ရောက်နိုင်ကြသည်။

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်အတွင်းတွင် အာရှ၏ဒုတိယအကြီးဆုံး ဝမ်ဖိုက်ဒီရေတောရှိပြီး ဧရိယာ ၅၆၆၀၀ ဧက ကျယ်ဝန်းသော တန်ဖိုးကြီး ဒီရေတောကြိုးဝိုင်းတစ်ခုရှိသည်။ ဝမ်ဖိုက်ဒီရေတောတွင် ကမ္ဘာ့ရှားပါးမျိုး စိတ်ဝင်ဖြစ်သော မြိုင်ကြီးပင်ကဲ့သို့ အပင်မျိုးများလည်း ပေါက်ရောက်သည်။မြိုင်ကြီးပင်မှာ ကမ္ဘာပေါ်တွင် နောက်ဆုံး သုံးပင်သာ ကျန်ရှိတော့ရာ အင်ဒိုနီးရှားနိုင်ငံတွင် နှစ်ပင်နှင့် ဝမ်ဖိုက်ဒီရေတောတွင် တစ်ပင်ဟု သိရသည်။

ဝမ်ဖိုက် ဒီရေတောအကြောင်း လေ့လာသူဒေသခံများကတော့ မြိုင်ကြီးပင် (၁၄) ပင် ရှိသည်ဟုဆိုကြသည်။ ရခိုင်ပြည်နယ် ၏ တန်ဖိုးကြီး သစ်တောကြိုး ဝိုင်းဖြစ်သော ဝမ်ဖိုက်ဒီရေတောကို ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ရန် ရခိုင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသောတိုင်းရင်းသားအားလုံးတွင် တာဝန်ရှိပါသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ဝမ်ဖိုက်ဒီရေတောများသည် ထူထပ်သောအမြစ်များရှိသည့် အပင်အမျိုးဖြစ်သည်။ ၎င်းအပင်၏ အမြစ်များကနေ့စဉ် ဒီရေအတက်အကျကို ကာကွယ်ထိန်းညှိပေးနိုင်သည်။

ထို့အပြင်ဒီရေအတက်အကျတွင် အနည်များမျောပါ မသွားအောင်နှင့် ဒီရေလှိုင်းများပြင်းထန်သော ရေစီးကြောင်းများ၊ မုန်တိုင်းများကြောင့် ဖြစ်ပေါ်လာသော မြေတိုက် စားမှုအန္တာရာယ်များမှ ကာကွယ်ပေးနိုင်သည်။ ဒီရေတောများ၏ အမြစ်ဂေဟစနစ်သည် ငါးများနှင့် အခြားသတ္တဝါများ၏ မှီခိုအားထားရာအဖြစ်လည်း စွမ်းဆောင်ပေးနိုင်သောနေရာတစ်ခုဖြစ်ပေသည်။

09/09/2023

"ဆရာတော်အသျှင်ဥတ္တမ၏ ထေရုပ္ပတ္တိအကျဥ်း”

♦ရဟန်းဘွဲ့အမည် = အသျှင်ဥတ္တမ
♦ငယ်အမည် = မောင်ပေါ်ထွန်းအောင်
♦မွေးသက္ကရာဇ် = ၁၈၇၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၈ )ရက်။ တနင်္ဂနွေနေ့
♦ခမည်းတော်/ မယ်တော်အမည် = ဦးစံမြ ၊ ဒေါ်အောင်ကြွဖြူ
♦မွေးရာဇာတိ = ရူပမြောက်ရပ်ကွက်၊ စစ်တွေမြို့၊ ရခိုင်ပြည်နယ် ။
♦ ပညာအရည်အချင်း = အင်္ဂလိပ်( ၁၀)တန်း အလွတ်ဖြေအောင်မြင် (၁၈၉၈)။
♦ပညာဆည်းပူးခဲ့သောနေရာများ = ရွှေစေတီကျောင်းတိုက်၊ စစ်တွေမြို့။
ရေစကြိုကျောင်းတိုက်၊ ပခုက္ကူမြို့၊ရန်ကုန်၊ မအူပင်၊ ပဲခူး၊ တောင်ငူ၊ မန္တလေးမြို့တွင် ဗုဒ္ဓစာပေကျမ်းဂန်များကို ဆည်းပူးလေ့လာခဲ့သည်။

🔷 တာဝန်ထမ်းဆောင်ခဲ့သော တက္ကသိုလ်များ

ပါမောက္ခ ၊ ကာလကတ္တား၊ အမျိုးသားတက္ကသိုလ်။
ဥက္ကဋ္ဌ ၊ ဟိန္ဒူဘာသာရေးအသင်းကြီး၊ အိန္ဒိယနိုင်ငံ ။
ပါမောက္ခ၊ ဗုဒ္ဓဘာသာသိပ္ပံကျောင်းတော်ကြီး။
တိုကျို-ဂျပန်။

🔷 ကြွရောက်ခဲ့သောနိုင်ငံခြား တိုင်းပြည်များ

အိန္ဒိယ၊ တိဘက်၊ အီဂျစ်၊ ပြင်သစ်၊ ကိုရီးယား၊တရုတ်၊ မန်ချူးရီးယား။ကမ္ဘောဒီးယား၊ ယိုးဒယား၊သီဟိုကျွန်း၊ အင်ဒိုချိုင်းနား (ဆေးဂုံ)။ အမေရိက၊ သြစတြေးလျ၊ ဂျာဗားကျွန်း(အင်ဒိုနီးရှား) ၊ အင်္ဂလန်၊ ဂျာမဏီ၊ နယ်သာလန်၊ ဆွီဒင်၊ ဒိန်းမတ်၊ နော်ဝေ။

🔷 တတ်ကျွမ်းခဲ့သော ဘာသာစကားများ

အင်္ဂလိပ်၊ ဂျပန်၊ ပါဠိ- သက္ကဋ၊ ဘင်္ဂလီ ၊ နာဂရီ၊ ဟိန္ဒူ၊ ပြင်သစ်။ အီတလီ၊ တိဘက်။

🔷 ရေးသားခဲ့သော စာအုပ်၊စာပေများ

၁။ ဥရောပခရီးစဉ် အခန်းဆက်ဆောင်းပါး။ (၁၉၂၅)။
၂။ တရုတ်ပြည်ခရီးစဉ်ဆောင်းပါး။ (၁၉၂၇၊ ၁၉၂၈)
၃။ ဒိန်းတလိန်းနတ် ကိုယ်တွေ့ဝတ္ထု ၊ (၁၉၂၇၊ ၁၉၂၈)။
၄။ ဘုန်းဘုန်းကိုယ်တွေ့ ဘုံဓလေ့။ (၁၉၃၇)။
၅။ ဟုမ်းရူးမဂ္ဂဒီပနီ၊ ပထမတွဲ (၁၉၂၄)။ ဒုတိယတွဲ( ၁၉၂၅)။
၆။ ဂျပန်ပြည်အတ္ထုပ္ပတ္တိ ( ၁၉၁၄)။
၇။ ဂျပန်ပြည်ယောက်ျားများ မိန်းမများအကြောင်း( ၁၉၂၁)
၈။ တရုတ်နှင့်ဂျပန် (စတုတ္ထပုံနှိပ်)( ၁၉၃၈) ။
၉။ အာရောဂျနယ ဒီပနီ (၁၉၂၁)
၁၀။ အရှင်ဦးဥတ္တမနှင့် နိုင်ငံခြားစာများ( စီပီပုံနှိပ်တိုက်)
ပြစ်ဒါဏ်ကျခဲ့သောကာလများ ===== ၁၉၂၂- ခုနှစ်တွင်ပုဒ်မ ၁၂၄ ဖြင့်ထောင်ဒါဏ် ( ၄ ) နှစ်။
၁၉၂၄ ခုနှစ်တွင် ပုဒ်မ ၁၄၄ ဖြင့် ဒုတိယအကြိမ် ထောင်ဒါဏ် ( ၅ ) နှစ်။
၁၉၂၇ - ခုနှစ်တွင် ပုဒ်မ ၁၄၄ ဖြင့် တတိယအကြိမ် ထောင်ဒါဏ် ( ၃) နှစ်။
ပျံလွန်တော်မူသောနေ့ ==== ၁၉၃၉ - ခုနှစ် စက်တင်ဘာလ( ၉ ) ရက်။ စနေနေ့တွင် ရန်ကုန်မြို့၌ ပျံလွန်တော်မူသည်။ ။

အာရှနေဝန်းဆရာတော် အသျှင်ဥတ္တမ၏ မြန်မာ့လွတ်လပ်ရေး ရှေ့ဆောင်လမ်းပြ ဆောင်ရွက်ခဲ့မူများ
================================
၁၉၀၆ မှ ၁၉၂၀ ခုနှစ်အထိ ဝိုင်အမ်ဘီအေ ( ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ) နှင့် ၁၉၂၀ မှ ၁၉၃၀ ခုနှစ်အထိ ဂျီစီဘီအေ (မြန်မာအသင်းချူပ်ကြီး) တို့ ဦးဆောင်ခဲ့ကြသော ကိုလိုနီ နယ်ချဲ့ဆန့်ကျင်ရေး ၊ သူ့ကျွန်ဘဝလွတ်မြောက်ရေး အမျိုးသားရေးလှုပ်ရှားမူများတွင် ဆရာတော်အသျှင်ဦးဥတ္တမသည် တက်ကြွစွာခေါင်းဆောင်ပါဝင်ခဲ့ပြီး မြန်မာတို့၏ နိုင်ငံရေးမျက်စိကို ဖွင့်ပေးခဲ့သော မြန်မာလွတ်လပ်ရေး ရှေ့ဆောင်လမ်းပြ မီးရှူးတန်ဆောင်ကြီးဖြစ်ပါသည်။

လူမျိုးစွဲ ဒေသစွဲမရှိဘဲ နက်ရိူင်းသော
ပြည်ထောင်စုစိတ်ဓာတ်ဖြင့် မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့သူတစ်ဦးဖြစ်သည်။

မြန်မာနိုင်ငံအနှံ့မြို့ရွာများသို့ လှည့်လည်ပြီး
ဝံသာနုရက္ခတိတရား ဗြတိသျှနယ်ချဲ့ဆန့်ကျင်ရေးတရား နိုင်ငံလွတ်လပ်ရေးအတွက် မကြောက်တရားများကို ဟောပြောလှုံဆော်ပေးခဲ့သည်။

ထိုစဉ်ကထုတ်ဝေခဲ့သော သူရိယသတင်းစာကြီးတွင်လည်း ဝံသာနုရက္ခိတတရား နယ်ချဲ့ဆန့်ကျင်ရေးဆောင်းပါးများစွာ ရေးသားပြီး နိုင်ငံရေးအသိပညာပေး လှုံဆော်ခဲ့ပါသည်။

၁၉၂၁ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာပြည်သို့ရောက်ရှိခဲ့သော ဗြတိသျှအိမ်ရှေ့စံဝေလမင်းသားကို သပိတ်မှောက်မူဖြင့် ဂျီစီဘီအေ ဥက္ကဋ္ဌ ဦးချစ်လှိုင် အပါအဝင် ခေါင်းဆောင် (၉)
ဦးကို ဖမ်းဆီးနယ်နင်ဒဏ်ပေးမူကြောင့် ဆရာတော် ဦးဥတ္တမက သူရိယသတင်းစာမှ " ဆာရယ်ဂျီနယ်ဂရက်ဒေါက် မြန်မာပြည်ကထွက်သွား" ဟူ၍ ရာဇသံေးပြီး အင်္ဂလိပ်ဘုရင်ခံကို ရဲရဲတောက်စိန်ခေါ်ခဲ့သည်။

သံဃသမဂ္ဂီအဖွဲ့ရှိ ထက်မြတ်၍နိုင်ငံရေးစိတ်ဓာတ်ရှိသော ဦးဝိစာရကို နှစ်သက်တော်မူသဖြင့် နိုင်ငံရေး အသိပညာကို နီးနီးကပ်ကပ်လေ့ကျင့်ပျိုးထောင်လို၍ ၁၉၂၂ ခုနှစ်တွင် အိန္ဒိယပြည် ဂယာမြို့ ၌ကျင့်ပသော ကွန်ဂရက်အသင်းကြီး၏ ညီလာခံသို့ တက်ရောက်စေခဲ့သည် ။

၁၉၂၃- ခုနှစ်တွင်ဆရာတော် ဦးဥတ္တမ၏ ခေါင်းဆောင်မူဖြင့် ဆရာတော်ဦးဝိစာရလည်း ပူးပေါင်းပါဝင်ပြီး ရေး၊ မြိတ်၊ ထားဝယ်နှင့် တနင်္သာရီဒေသများတွင် လှည့်လည်ကာ ဝံသာနုရက္ခိတတရား နိုင်ငံ လွတ်လပ်ရေးတရားများကို ဟောပြောခဲ့သည်။

ဤကဲ့သို့ ဗြတိသျှဆန့်ကျင်ရေး၊ နိုင်ငံလွတ်လပ်ရေး၊ လှုံ့ဆော်ရေးတရားများ ဟောပြောမူကြောင့် ဆရာတော်သည် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ( ၃) ကြိမ်ချမှတ်ခြင်းခံခဲ့ရသည်။

အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမူခေါင်းဆောင်များအား နိုင်ငံရေးမျက်စိဖွင့်ပေးခြင်း၊ ထိုစဉ်ကစစ်မက်ဖြစ်ပွားနေခဲ့သော တရုတ်နှင့်ဂျပန်တို့အား စစ်ပြေငြိမ်းရေးအတွက် ဦးဆောင်ဖျန်ဖြေ လမ်းညွန်ပေးခြင်း၊ လာအို၊ ကမ္ဘောဒီးယား( မန်ချူးရီးယား)၊
ယိုးဒယား။ သီဟိုဠ်၊ ဖိလစ်ပိုင်၊ စသည့်နိုင်ငံများအား နိုင်ငံရေး ၊ စီးပွားရေး၊ ပညာရေးတို့ကို ရှေ့ဆောင်လမ်းပြခြင်း စသည့်ထူးကဲသော စွမ်းဆောင်မူဂုဏ်ရည် များကြောင့်
" အာရှနေဝန်း" ဟုလည်း ဂုဏ်ပြုချီးမြှောက်ခေါ်ဝေါ်ခဲ့ကြသည်။ ။

(၈၄)နှစ်မြောက် ဆရာတော်အသျှင်ဥတ္တမနေ့၌
ဆရာတော်ဘုရား၏ဂုဏ်တော်ကျေးဇူးတော်အား
အောက်မေ့သတိရလျှက်
ရိုသေမြတ်နိုးလက်စုံမိုး၍
ရှီခိုးပူဇော်ပါ၏ဘုရား။ ။

Photos from မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန's post 06/09/2023
Photos from We Love Rakhine's post 03/09/2023

We ❤️ Rakhine မှ
မိုခါမုန်တိုင်းဒဏ်သင့်ပြီး ပျက်စီးသွားခဲ့သည့်
ရခိုင်ပြည်နယ်ရှိ ရသေ့တောင်၊ စစ်တွေ၊
ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြားမှ
ဘုန်းကြီးကျောင်းများ၊ နေအိမ်များသို့
သွပ်ပြား၊ တာပေါ်လင်၊ ဆန်နှင့် စားစရာများ
လှူဒါန်းပေးခဲ့သည့်ပုံရိပ်များ။

Photos from We Love Rakhine's post 28/08/2023

ကျွန်ုပ်တို့ ချစ်သော ရခိုင်မြေ We ❤️ Rakhine (၃) နှစ်ပြည့် ပါပြီ


We ❤️ Rakhine အဖွဲ့အစည်းအား ၂၀၂၀ ခုနှစ်၊ ဩဂုတ် လ၊ ၂၈ ရက်နေ့ တွင်ရခိုင်ပြည်နယ်အား ချစ်မြတ်နိုးသော ရခိုင်စီးပွားရေးလုပ်ငန်းရှင်များ၊ တိုင်းရင်းသားစီးပွားရေးလုပ်ငန်းရှင်များ၊ ဒေသခံ စေတနာ့ဝန်ထမ်းများဖြင့် ရခိုင်ပြည်တွင် ဖြစ်ပွားနေသော Covid-19 ကပ်ရောဂါအတွက် လိုအပ်ချက် များကို ကူညီမှုများပေးနိုင်ရန် စတင်ဖွဲ့စည်းခဲ့ပါသည်။

We ❤️ Rakhine မှ ရခိုင်ပြည်တစ်ဝှမ်းလုံးတွင် Covid-19 နှင့် ပက်သက်ပြီး စုစုပေါင်း အလှူငွေ နှင့် ဆေးဝါးပစ္စည်း စုစုပေါင်း သိန်းပေါင်းနှစ်ထောင့် ခြောက်ငါး ငါးဆယ့် ခြောက်သိန်း (၂၆၅,၆၀၀,၀၀၀) လှုဒါန်းခဲ့ပါတယ်။

Covid-19 ကပ်ရောဂါ ပြီးသွားသည့်အချိန် မှ ဆက်လက်၍ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး ၊မွေးမြူရေး၊ ရေလုပ်ငန်း၊ အမှိုက်ကင်းစင်ရေး စသည့်အချက်များ အားရခိုင်ပြည်နယ် ၁၇ မြို့နယ်လုံး ကွင်းဆင်းဆောင်ရွက်ပြီး ရခိုင်ပြည်တိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်လျက်ရှိပါတယ်။

မြောက်ဦးမြို့တော် UNESCO ဝင်နိုင်ရေးအတွက်လည်း ပညာပေး ရုပ်သံ အစီအစဥ်ကို လည်း ၂၀၂၂ ခုနှစ်တွင် သိန်းပေါင်း ၅၀၀ ကျော် အကုန်အကျခံ၍ရိုက်ကူးခဲ့ပါတယ်

LessWalk မှ ကျောင်းတက်ရန်ခက်ခဲသော ခလေးများအတွက် ပထမ အကြိမ် စက်ဘီးအစီးရေ ၃၀၀ နှင့် ယခု မိုခါ အတွက် အစီး ၁၈၀ စုစုပေါင်း ၄၈၀ စီးလှူဒါန်း ခဲ့ပါတယ်။

၂၀၂၃ ခုနှစ်၊ မေ လ၊ ၂၆ ရက်နေ့ ရခိုင်ပြည်နယ်တွင် တိုက်ခတ်သွားသော မိုခါဆိုင်ကလုန်းဒဏ် အဆိုးရွားဆုံးခံစားခဲ့ရသော ရခိုင်ပြည်နယ်မှ မြို့နယ် နှင့် ရွာ များအားပြည်လည် ထူထောင်ရေးလုပ်ငန်း များ အတွက်

ရှမ်းကြီးလက်ဖက် နှင့် ပျိုမေတို့မှ လက်ဖက်အကြော်စုံနှင့် အမျိုးသမီးလစဉ်သုံး ပစ္စည်းများ၊ ATOM Myanmar မှ စစ်တွေမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်များရှိ အိမ်ခြေ (၂၅၀) အတွက် သွပ်၊ တာပေါလင်၊ အစားအသောက်နှင့် ဆေးဝါးများ၊ မြန်မာနိုင်ငံပဲအသင်းမှ ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်သင့်ဒေသများအတွက် အမိုးအကာ သွပ် - ၂၀,၀၀၀ ချပ်၊ ပဲ စုစုပေါင်း - ၉၉၉ ပိဿာ၊ ဝိသာခါဖောင်ဒေးရှင်း မှ အိမ်ခြေ ၁၈၀ အတွက် အမိုးအကာ၊ ဆေးဝါး၊ အစားအသောက်၊ တိုက်နယ်ဆေးရုံ ပြုပြင်ခြင်းကျောင်းသုံး စာရေးကရိယာများ၊ AIA Life Insurance Myanmar မှ အိမ်ခြေ (၁၅၀) စာ သွပ်ပြားများ၊ တာပေါ်လင်စများ၊ သွပ်နန်းကြိုး၊ သံ၊ အစားအသောက်နှင့် ဆေးဝါးပစ္စည်းများ၊ Yatha Cho Co., Ltd. မှ ခေါက်ဆွဲထုတ်များ၊ Pan Asia Majestic Eagle Limited၊ 5BB နှင့် အခြား ကုမ္ပဏီများ၊ အသင်းအဖွဲ့အစည်းများ နှင့် တစ်သီးပုဂ္ဂလ များ အားလုံးရဲ့ ပစ္စည်းနှင့် ငွေသားအလှူ ငွေကျပ်စုစုပေါင်း တန်ဖိုး မှာ

ကျပ်သိန်း တစ်သောင်းနှစ်ထောင် လေးရာခုနှစ်ဆယ် လေးသိန်း ကိုးသောင်းငါးထောင် တစ်ရာခြောက်ဆယ့်နှစ်ကျပ် (၁,၂၄၇,၄၉၅,၁၆၂) ကျော်ဖြစ်ပါတယ်။

အဆိုပါပစ္စည်းနှင့်အလှူငွေများကို မိုခါဆိုင်ကလုန်းဒဏ်ခံစားခဲ့ရသော မြို့နယ် ၁၀ မြို့နယ်ရှိ၊ ကျေးရွာ စုစုပေါင်း ၂၀၀ ကျော်၊ အိမ်ထောင်စု ၁၃,၀၀၀ ကျော်အား We ❤️ Rakhine အဖွဲ့အစည်းမှ ကိုယ်တိုင် ကိုယ်ကျ သွားရောက်လှူဒါန်း ခဲ့ပြီးဖြစ်ပါသည်။

ယခုကဲ့သို့ We ❤️ Rakhine ကို ယုံကြည်အားထားစွာဖြင့် ရခိုင်ပြည်နယ်တွင် ခံစားနေရသော ကပ်ဘေးအသီးသီးအတွက် ကူညီပေးကြသော စီးပွားရေးလုပ်ငန်းရှင်များ၊ တိုင်းရင်းသားညီအစ်ကို အပေါင်းအား We ❤️ Rakhine မှ အထူးပင်ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ကျေးဇူးတင်ဂုဏ် ပြုအပ်ပါ သည်။

We ❤️ Rakhine အဖွဲ့ကြီးသည် ရခိုင်ပြည်နယ် တဝှမ်းရှိ လိုအပ်နေသောနေရာ များ အတွက် လူမျိုး ဘာသာမရွေး၊ တပြေးညီ ဒေသခံ အဖွဲ့အစည်းများနှင့် လက်တွဲပြီး လှုဒါန်းလျက်ရှိပါတယ်။

ယနေ့မှစ၍ ရခိုင်ပြည်ကြီး တည်ရှိနေသ၍ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များကို ဆက်လက်လုပ်ဆောင်ပါမည်ဟု ကတိပြုပါသည်။

Photos from We Love Rakhine's post 24/08/2023

We ❤️ Rakhine မှ
မိုခါမုန်တိုင်းဒဏ်သင့်ပြီး ပျက်စီးသွားခဲ့သည့်
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊
ဗျိုင်းကျွန်းရှိ၊ ဓမ္မယဥ်ကျေးမှုတောရကျောင်း
ပြန်လည်ပြုပြင်နိုင်ရန်
၆,၃၀၀,၀၀၀ိ/(ခြောက်ဆယ့်သုံးသိန်း)တန်ဘိုးရှိ
အလူဇိမ့်သွပ်ပြား ( အချပ် ၃၀၀) ကိုလှူဒါန်းပါသည်။

#ဓမ္မယဥ်ကျေးမှုတောရ

Photos from We Love Rakhine's post 23/08/2023

We ❤️ Rakhine မှ ရခိုင်ပြည်နယ်၊ စစ်တွေမြို့
မင်းဂံရပ်ကွက်ရှိ
မိုခါမုန်တိုင်းဒဏ်သင့်ပြီး ပျက်စီးသွားခဲ့သည့်
ရက္ခပူရသာသနာ့ဗိမာန်ကျောင်း၏
ဆွမ်းစားကျောင်းဆောင် ပြန်လည်ပြုပြင်နိုင်ရန်
၆,၃၀၀,၀၀၀ိ/(ခြောက်ဆယ့်သုံးသိန်း)တန်ဘိုးရှိ
အလူဇိမ့်သွပ်ပြား ( အချပ် ၃၀၀) ကိုလှူဒါန်းပါသည်။

#ရက္ခပူရသာသနာလင်္ကာရအသင်း

Photos from We Love Rakhine's post 22/08/2023

မိုခါမုန်တိုင်းကြောင့် စိတ်ထိခိုက်နေသော ရခိုင်ပြည်သူများ အတွက်

We ❤️ Rakhine နှင့် Art of Living Myanmar တို့ပူပေါင်း၍ Happiness Program 🙂 ဘယ်လို​ပျော်ရွင်အောင်နေရမလဲ သင်တန်းကို စစ်တွေမြို့မှာ သြဂုတ်လ ၂၅ရက်နေ့မှ ၂၇ ရက်ထိ အခမဲ့ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Art of Living သည် ဂုရုကြီး Sri Sri Ravi Shankar မှ ၁၉၈၁ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး အကျိုးအမြတ်မယူဘဲ လူမှုရေးလုပ်ငန်းများကို နိုင်ငံပေါင်း ၁၈၀ကျော်မှာ လုပ်ကိုင်လျက်ရှိပါသည်။ အိန္ဒိယနိုင်ငံ ဘန်ဂလောမြို့တွင် ရုံးချုပ်အဖြစ်တည်ရှိပြီး တခြားနိုင်ငံများတွင်လည်း စင်တာများထားရှိပါတယ်။

မိမိတို့၏ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရရှိရန်နှင့် စိတ်တည်ငြိမ်အေးချမ်းမှုကို ပိုင်ဆိုင်ရန် Happiness Program ကိုတက်ရောက်ရန်ဖိတ်ခေါ်ပါသည်။

သင်တန်းတက်ခြင်းအားဖြင့်
🌼စိတ်ဓာတ်ကြံ့ခိုင်ဖွံ့ဖြိုးလာခြင်း
🌼အာရုံစူးစိုက်နိုင်မှုကောင်းလာခြင်း
🌼ပျော်ရွင်ချမ်းမြေ့သော စိတ်လေးပိုင်ဆိုင်လာခြင်း
🌼 မိမိကိုယ်ကိုယုံကြည်လေးစားတန်ဖိုးထားမှု များလာခြင်း
🌼 ဖိစီးမှုများလျှော့သွားခြင်း
🌼 စိုးရိမ် ပူပန် စိတ်လှုပ်ရှားခြင်းကိုသက်သာစေခြင်း
စသောအကျိုးကျေးဇူးများရရှိစေပါသည်။

လူမျိုးမရွေး၊ ဘာသာမရွေး၊ ကျား၊မ မရွေးအားလုံးတက်နိုင်ပါတယ်။.

မှတ်ချက်။ တစ်ရက် (၃)နာရီ သုံးရက်ဆက်တိုက် တက်နိုင်သူများမှသာ အကျိုးရှိနိုင်ပါတယ်။
အောက်က link မှာ စရင်းသွင်းနိုင်ပါတယ်။

bit.ly/3qDbgZF

ဖုန်းနံပါတ်။ ၀၉ ၇၇၉ ၇၇၈ ၈၈၀ သို့လည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Photos from We Love Rakhine's post 20/08/2023

ဆိုင်ကလုန်းမိုခါ လေဘေးဒဏ်ခံခဲ့ရသော
စစ်တွေမြို့နယ်ထဲမှ #ချီလေဖင်းကျေးရွာ သို့
We Love Rakhine ၏ Volunteers များက
ပထမအဆင့်အဖြစ် စိတ်ပိုင်းဆိုင်အသိပညာများ
ကျေးရွာအရောက် ဖြန့်ဝေပေးခဲ့ပါသည်။

”ကျွန်ုပ်တို့ချစ်သော ရခိုင်မြေ” ❤

Photos from We Love Rakhine's post 14/08/2023

ဆိုင်ကလုန်းမိုခါ လေဘေးဒဏ်ခံခဲ့ရသော
မြို့နယ်များသို့ We Love Rakhine က
ရုပ်ပိုင်းဆိုင်ရာအကူအညီပေးနေသကဲ့သို့
တဖက်မှလည်း စိတ်ပိုင်းဆိုင်အကူအညီများကို
We Love Rakhine ၏ Volunteers များက
ကျေးရွာအရောက် ဆောင်ရွက်ပေးလျက်ရှိနေပါသည်။

”ကျွန်ုပ်တို့ချစ်သော ရခိုင်မြေ” ❤

Photos from We Love Rakhine's post 14/08/2023

We ❤️ Rakhine မှ ရခိုင်ပြည်နယ်ရှိ မိုခါမုန်တိုင်းဒဏ်သင့်မြို့နယ်နှင့် ကျေးရွာများ၏ ပြန်လည်ထူ‌ထောင်ရေး လုပ်ငန်းစဉ်များအား ကိုယ်တိုင်ကိုယ်ကျ ဆက်လက်ဆောင်ရွက်လျက်ရှိရာ

ဆင်တက်မော် ခေါ် အလယ်ဖရုံကာကျွန်း ထဲက ဆင်အိုင် ကျေးရွာ အိမ်ခြေ 205 နန့် ဆရာ/မ 21 ဦးအတွက် We Love Rakhine အဖွဲ့သားများ အလှူပစ္စည်းများကို လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။

လှူဒါန်းကြစဥ် သတင်းမှတ်တမ်းပုံများကို အလှူရှင်များနှင့် အများပြည်သူများသိရှိစေပြီး မုဒိတာပွါးနိုင်စေရန် မျှဝေပေးလိုက်ရပါသည်။🙏

Photos from We Love Rakhine's post 10/08/2023

ယခု ရခိုင်ပြည်နယ်အတွင်း လုပ်ဆောင်လျှက်ရှိသော MOCHA မုန်တိုင်း ကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များအတွက်
မမေတံခွန်အောင် ၄ နှစ်ပြည့်မွေးနေ့အလှူအဖြစ် မိသားစုမှ စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် အလှူငွေကျပ် နှစ်သိန်း (၂၀၀,၀၀၀) အား We Love Rakhine အဖွဲ့အစည်းသို့ လှူဒါန်းခဲ့ပါသည်။
ဤကဲ့သို့ လှူဒါန်းရသည့်အကျိုးကျေးဇူးကြောင့် အလှူရှင်မိသားစုများသည် ကပ်သုံးပါးမှ ကင်းဝေးပြီး စီးပွားလာဘ်လာဘများ ဒီရေအလား တိုးတက်ကြီးပွားကြပါစေ ဟု ဆုတောင်းအပ်ပါသည်။
ထပ်မံ လှူဒါန်းလိုသူများ ရှိပါက ဒီ Link လေးကနေလည်း ဝင်ရောက် လှူဒါန်းနိုင်ပါတယ်ရှင့်....
https://wlrkdonation.blueplanet.com.mm/

Photos from We Love Rakhine's post 10/08/2023

We ❤️ Rakhine မှ ရခိုင်ပြည်နယ်ရှိ မိုခါမုန်တိုင်းဒဏ်သင့်မြို့နယ်နှင့် ကျေးရွာများ၏ ပြန်လည်ထူ‌ထောင်ရေး လုပ်ငန်းစဉ်များအား ကိုယ်တိုင်ကိုယ်ကျ ဆက်လက်ဆောင်ရွက်လျက်ရှိရာ

- ချိုင်ပြင် ကျေးရွာ အိမ်ခြေ (၈၇)
- ပြိုင်းတောင် ကျေးရွာ (အထက်ရွာ စု၊ ပြင်ဖွေ စု၊ ချောင်းတစ်ဖက် စု၊ ရွာမ(ရွာထဲ) စု၊ ကြံခင်း စု) အိမ်ထောင်စု (၅၂၅) နှင့် ဆရာ/မ (၂၆) ဦး
- ချောင်းဝ ကျေးရွာ အိမ်ခြေ (၂၃၀)
- မင်းတဲ ကျေးရွာ အိမ်ခြေ (၁၂၀)
- ကုန်တန်းချေ ကျေးရွာ အိမ်ခြေ (၂၀)

အိမ်ထောင်စု စုစုပေါင်း (၉၈၂) အိမ်သို့ We Love Rakhine အဖွဲ့သားများ အလှူပစ္စည်းများကို လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။

လှူဒါန်းကြစဥ် သတင်းမှတ်တမ်းပုံများကို အလှူရှင်များနှင့် အများပြည်သူများသိရှိစေပြီး မုဒိတာပွါးနိုင်စေရန် မျှဝေပေးလိုက်ရပါသည်။🙏

Photos from We Love Rakhine's post 08/08/2023

ယခု ရခိုင်ပြည်နယ်အတွင်း လုပ်ဆောင်လျှက်ရှိသော MOCHA မုန်တိုင်း ကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များအတွက်
Terabit Wave Co.,Ltd (ဝန်ထမ်းမိသားစု) မှ စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် အလှူငွေကျပ် တစ်သိန်း (၁၀၀,၀၀၀) အား We Love Rakhine အဖွဲ့အစည်းသို့ လှူဒါန်းခဲ့ပါသည်။
ဤကဲ့သို့ လှူဒါန်းရသည့်အကျိုးကျေးဇူးကြောင့် အလှူရှင်မိသားစုများသည် ကပ်သုံးပါးမှ ကင်းဝေးပြီး စီးပွားလာဘ်လာဘများ ဒီရေအလား တိုးတက်ကြီးပွားကြပါစေ ဟု ဆုတောင်းအပ်ပါသည်။
ထပ်မံ လှူဒါန်းလိုသူများ ရှိပါက ဒီ Link လေးကနေလည်း ဝင်ရောက် လှူဒါန်းနိုင်ပါတယ်ရှင့်....
https://wlrkdonation.blueplanet.com.mm/

Photos from We Love Rakhine's post 04/08/2023

We ❤️ Rakhine မှ ရခိုင်ပြည်နယ်ရှိ မိုခါမုန်တိုင်းဒဏ်သင့်မြို့နယ်နှင့် ကျေးရွာများ၏ ပြန်လည်ထူ‌ထောင်ရေး လုပ်ငန်းစဉ်များအား ကိုယ်တိုင်ကိုယ်ကျ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

မုန်တိုင်းဒဏ်ခံစားခဲ့ရသော ပေါက်တော်မြို့နယ် ရှိ
- ပြင်ဘုတ်ကျေးရွာ
- စိုးမဲကျီ (ရွာဟောင်း) ခမီရွာ
- ဆံတော်ရှင်ကျေးရွာ
- စိုးမဲကျီ (ရွာသစ်)
- ကျူတောချိုင် ရွာများမှ အိမ်ထောင်စုများ အိမ်ထောင်စု စုစုပေါင်း ၆၄၃ အိမ်သို့ We Love Rakhine အဖွဲ့သားများ အလှူပစ္စည်းများကို လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။

လှူဒါန်းကြစဥ် သတင်းမှတ်တမ်းပုံများကို အလှူရှင်များနှင့် အများပြည်သူများသိရှိစေပြီး မုဒိတာပွါးနိုင်စေရန် မျှဝေပေးလိုက်ရပါသည်။🙏

Photos from We Love Rakhine's post 27/07/2023

We ❤️ Rakhine မှ ရခိုင်ပြည်နယ်ရှိ မိုခါမုန်တိုင်းဒဏ်သင့်မြို့နယ်နှင့် ကျေးရွာများ၏ ပြန်လည်ထူ‌ထောင်ရေး လုပ်ငန်းစဉ်များအတွက် မုန်တိုင်းဒဏ်ခံစားခဲ့ရသော မြို့နယ် ဖြစ်သည့် ရသေ့တောင်မြို့နယ်၊ ရကောင်းချောင်းကျေးရွာ နှင့် ဘူးသီးတောင်မြို့နယ်၊ စည်တောင်ကျေးရွာ တို့မှ ဆင်းရဲနွမ်းပါးသော မိသားစုများ၏ ကလေးငယ်များ ပညာသင်ကြားနိုင်ရာ‌တွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီး

🔸 ဝိသာခဖောင်ဒေးရှင်း မှ လှုဒါန်းထားသော စာရေးကိရိယာ နှင့် ပစ္စည်းများ
🔸 lesswalk မှ လှူဒါန်းထားသော စက်ဘီးများ လှူဒါန်းခဲ့ပါသည်။

လှူဒါန်းပေးတဲ့အလှူရှင်များအားလုံးကို We Love Rakhine မှကျေးဇူးအထူးတင်ရှိပါသည်။
ဤကဲ့သို့ လှူဒါန်းရသည့်အကျိုးကျေးဇူးကြောင့် အလှူရှင်မိသားစုများသည် ကပ်သုံးပါးမှ ကင်းဝေးပြီး စီးပွားလာဘ်လာဘများ ဒီရေအလား တိုးတက်ကြီးပွားကြပါစေ ဟု ဆုတောင်းအပ်ပါသည်

Photos from We Love Rakhine's post 24/07/2023

We ❤️ Rakhine မှ ရခိုင်ပြည်နယ် မိုခါမုန်တိုင်းဒဏ်သင့်မြို့နယ်နှင့်ကျေးရွာများ၏ ပြန်လည်ထူ‌ထောင်ရေးလုပ်ငန်းစဉ်များအတွက်

ရသေ့တောင် မြို့နယ် ရှိ
- အဝါဒါး ကျေးရွာ မှာ အိမ်ထောင်စုများ သို့

We Love Rakhine အဖွဲ့သားများကိုယ်တိုင်ကိုယ်ကျအလှူပစ္စည်းများကို ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းခဲ့ပြီး၊ သွပ်အမိုးများ အမိုးမိုးပြီးဖြစ်ပါသည်။

လှူဒါန်းကြစဥ် သတင်းမှတ်တမ်းပုံများကို အလှူရှင်များနှင့် အများပြည်သူများသိရှိစေပြီး မုဒိတာပွါးနိုင်စေရန် မျှဝေပေးလိုက်ရပါသည်။🙏

Photos from We Love Rakhine's post 22/07/2023

We ❤️ Rakhine မှ ရခိုင်ပြည်နယ် မိုခါမုန်တိုင်းဒဏ်သင့်မြို့နယ်နှင့်ကျေးရွာများ၏ ပြန်လည်ထူ‌ထောင်ရေးလုပ်ငန်းစဉ်များအတွက် ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်လျက်ရှိပါသည်။

မုန်တိုင်းဒဏ်ခံစားခဲ့ရသော မောင်တော်မြို့နယ် ရှိ
- ခရေမြိုင် ကျေးရွာ
- ရွှေရင်အေး ကျေးရွာ၊
- ရွှေဗဟို ကျေးရွာ၊
- ကံသာယာ ကျေးရွာ အိမ်ထောင်စုများ သို့

We Love Rakhine အဖွဲ့သားများကိုယ်တိုင်ကိုယ်ကျအလှူပစ္စည်းများကို လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။

လှူဒါန်းကြစဥ် သတင်းမှတ်တမ်းပုံများကို အလှူရှင်များနှင့် အများပြည်သူများသိရှိစေပြီး မုဒိတာပွါးနိုင်စေရန် မျှဝေပေးလိုက်ရပါသည်။🙏

Photos from We Love Rakhine's post 21/07/2023

We ❤️ Rakhine မှ ရခိုင်ပြည်နယ်ရှိ
မိုခါမုန်တိုင်းဒဏ်သင့်မြို့နယ်နှင့် ကျေးရွာများ၏ ပြန်လည်ထူ‌ထောင်ရေး လုပ်ငန်းစဉ်များတွင်

ကျိုးပဲ့ပျက်စီးသွားခဲ့သည့် သစ်ပင်များအစား
နေ့မအား၊ ညမအား မိုးထဲလေထဲ...
အမြန်ဆုံးပြန်လည်စိုက်ပျိုးပေးနေသည့်
သစ်တောဦးစီးဌာနမှ ဝန်ထမ်းများအတွက်
လဖက်သုတ်အထုတ်များ ထောက်ပံ့ကူညီပေးခဲ့ပါသည်။

ရခိုင်ပြည်နယ်ကြီးအမြန်ဆုံးစိမ်းလန်းစိုပြည်
သာယာလှပပါစေ။

ကျွန်ုပ်တို့ချစ်သော ရခိုင်​မြေ ❤

20/07/2023

ယခု ရခိုင်ပြည်နယ်အတွင်း လုပ်ဆောင်လျှက်ရှိသော MOCHA မုန်တိုင်း ကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များအတွက်
ဦးဝေလင်းအောင် + ဒေါ်ခင်မျိုးအေး မိသားစု ကောင်းမှုမှ စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် အလှူငွေကျပ် တစ်သိန်း (၁၀၀,၀၀၀) အား We Love Rakhine အဖွဲ့အစည်းသို့ လှူဒါန်းခဲ့ပါသည်။
ဤကဲ့သို့ လှူဒါန်းရသည့်အကျိုးကျေးဇူးကြောင့် အလှူရှင်မိသားစုများသည် ကပ်သုံးပါးမှ ကင်းဝေးပြီး စီးပွားလာဘ်လာဘများ ဒီရေအလား တိုးတက်ကြီးပွားကြပါစေ ဟု ဆုတောင်းအပ်ပါသည်။
ထပ်မံ လှူဒါန်းလိုသူများ ရှိပါက ဒီ Link လေးကနေလည်း ဝင်ရောက် လှူဒါန်းနိုင်ပါတယ်ရှင့်....
https://wlrkdonation.blueplanet.com.mm/

Photos from We Love Rakhine's post 18/07/2023

We ❤️ Rakhine မှ ရခိုင်ပြည်နယ်ရှိ မိုခါမုန်တိုင်းဒဏ်သင့်မြို့နယ်နှင့် ကျေးရွာများ၏ ပြန်လည်ထူ‌ထောင်ရေး လုပ်ငန်းစဉ်များအတွက် မုန်တိုင်းဒဏ်ခံစားခဲ့ရသော မြို့နယ်များထဲမှ တစ်ခုဖြစ်သည့်စစ်တွေမြို့နယ် မှ ဆင်းရဲနွမ်းပါးသော မိသားစုများ၏ ကလေးငယ်များ ပညာသင်ကြားနိုင်ရာ‌တွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီး

- မဏိရတနာကျောင်းတိုက်
- အလိုတော်ပြည့်ကျောင်းတိုက် IDP Camp များမှ ကျောင်းသူ၊ ကျောင်းသားများအား

- lesswalk မှလှူဒါန်းထားသော စက်ဘီးများ၊
- ဝိသာခါဖောင်ဒေးရှင်းမှလှူဒါန်းထားသေ စာရေးကိရိယာပစ္စည်းများ နှင့် ထီးများကို လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။

လှူဒါန်းပေးတဲ့အလှူရှင်များအားလုံးကို We Love Rakhine မှကျေးဇူးအထူးတင်ရှိပါသည်။
ဤကဲ့သို့ လှူဒါန်းရသည့်အကျိုးကျေးဇူးကြောင့် အလှူရှင်မိသားစုများသည် ကပ်သုံးပါးမှ ကင်းဝေးပြီး စီးပွားလာဘ်လာဘများ ဒီရေအလား တိုးတက်ကြီးပွားကြပါစေ ဟု ဆုတောင်းအပ်ပါသည်။

Photos from We Love Rakhine's post 17/07/2023

ရခိုင်ပြည်နယ်ရှိ မိုခါမုန်တိုင်းဒဏ်သင့်မြို့နယ်နှင့်ကျေးရွာများ၏ ပြန်လည်ထူ‌ထောင်ရေးလုပ်ငန်းစဉ်များအတွက် We Love Rakhine မှ မုန်တိုင်းဒဏ်ခံစားခဲ့ရသော မြို့နယ်ဖြစ်သည့် ကျောက်တော်မြို့နယ်
- ဝဲကြီးထောင့်ကျေးရွာရှိ Opening Ceremony of Inter Communal School(Wae Gyi Dount) မှ ဆင်းရဲနွမ်းပါးသော မိသားစုများ၏ ကလေးငယ်များ ပညာသင်ကြားနိုင်ရာ‌တွင် အထောက်အကူဖြစ်စေရန်ရည်ရွယ်ပြီး
- lesswalk မှ စက်ဘီးများ၊
- ဝိသာခါဖောင်ဒေးရှင်းမှ စာရေးကိရိယာပစ္စည်းများ နှင့် ထီးများကို လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။ လှူဒါန်းပေးတဲ့အလှူရှင်များအားလုံးကို We Love Rakhine မှကျေးဇူးအထူးတင်ရှိပါသည်။
ဤကဲ့သို့ လှူဒါန်းရသည့်အကျိုးကျေးဇူးကြောင့် အလှူရှင်မိသားစုများသည် ကပ်သုံးပါးမှ ကင်းဝေးပြီး စီးပွားလာဘ်လာဘများ ဒီရေအလား တိုးတက်ကြီးပွားကြပါစေ ဟု ဆုတောင်းအပ်ပါသည်။

Photos from We Love Rakhine's post 14/07/2023

ရခိုင်ပြည်နယ်အတွင်း လုပ်ဆောင်လျှက်ရှိသော MOCHA မုန်တိုင်း ကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များအတွက်
U KAR KA COMPANY မှ
#ဖွားထွေးပဲကြော်၊
#ဖွားထွေးလက်ဖက်
#ဦးကာကဇယန်းချဥ်
#ဦးကာကကောက်ညှင်းမွှေး

စုစုပေါင်းတန်ဘိုး ၁၁,၅၇၅,၀၀၀ိ/
(တစ်ရာတစ်ဆယ့်ငါးသိန်းခုနှစ်သောင်းငါးထောင်)ကို

စေတနာသဒ္ဓါတရားထက်သန်စွာဖြင့်
We Love Rakhine (လူထုအ​ခြေပြုပရဟိတအဖွဲ့)သို့
လှူဒါန်းပါသည်။

ဤကာလဒါနကုသိုလ်၏ အကျိုးအားကြောင့်
U KAR KA COMPANY ယခုထက်မကအောင်မြင်၍
လူမှုအကျိုးသယ်ပိုးနိုင်ပါစေ။

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Our Story

ရခိုင်ပြည်နယ်အတွင်းရှိ စီးပွားရေး၊ ကျန်းမာရေးနှင့် လူမှုရေးလုပ်ငန်းများအပြင် စားဝတ်နေရေး လိုအပ်ချက်တွေကို ကျွန်တော်တို့တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးလိုသော စိတ်ဆန္ဒဖြင့် We ❤️ Rakhine ကို (၂၆.၈.၂၀၂၀) နေ့တွင် စတင်ဖွဲ့စည်းခဲ့ပါတယ်။

We Love Rakhine အဖွဲ့ ဖွဲ့စည်းရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ

(၁) ကျွန်ုပ်တို့ We Love Rakhine အဖွဲ့အစည်းသည် အဓိက အားဖြင့် ရခိုင်ပြည်နယ်၏ ကျန်းမာရေး ကူညီမှုများ၊ လူမှုရေး စောင့်ရှောက်မှုများ၊ ပညာရေးတိုးတက်မှုများ ဆောင်ရွက်ရန်။

(၂) ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးများ ဆောင်ရွက်ရာ၌ လူမျိုးရေးခွဲခြားခြင်းများ၊ ဘာသာရေးကွဲပြားခြင်းများ နှင့် နိုင်ငံရေးရှုပ်ထွေးခြင်းများမပါဝင်ပဲ ရခိုင်ပြည်နယ်ကို ချစ်မြတ်နိုးသူတိုင်း ပူးပေါင်းပါဝင်နိုင်ရန်။

Videos (show all)

မိုခါမုန်းတိုင်းအလှုရှင် ဂုဏ်ပြုပွဲ We ❤️ Rakhine ဥက္ကဌ ဦးထွန်းထွန်းနိုင် မှ အဖွင့်အမှာစကား ပြောကြားခြင်း
”ငါရို့ချစ်သောမြေ” ❤(We Love Rakhine)🖌 COMPOSER - KO HTUN HLAING🎸🎳 DRUM & BASS - THAR NGEL🎸 GUITAR- AUNG CHAY🎹 KEYBOARD-...
သာလီစွပါ..နက်ဖန်ပွဲအတွက်သီချင်းတိုက်နေပါပြီနော်…လာရောက်အားပေးကြပါ။ ရခိုင်​ဒေသအတွက် မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် ရံပ...
ရခိုင်ပြည်နယ် စီးပွားရေးဖိုရမ် တွင် ပြောကြားခဲ့တဲ့ ရခိုင်​ပြည်နယ် ၏ အနာဂတ်စီးပွားရေး အခွင့်အလမ်းများ
ရခိုင်ပြည်နယ် MOCHA မုန်တိုင်းသင့် ကယ်ဆယ်ရေးနှင့်ပြန်လည် ထူထောင်ရေးအတွက် We Love Rakhine ၏Management Committee ကရသေ့တောင...
Mocha ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ် ထိခိုက်ပျက်စီးဆုံးရှုံးမှုများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ...
ရခိုင်ရိုးရာတူရိယာ🪘ရခိုင်စည်တော်မင်္ဂလာ
သဘာဝထွက်ကုန်တွေပေါကြွယ်ဝတဲ့ မြောက်ဦးမြို့မစျေး
သဘာဝကုန်ကြမ်းများနဲ့ပြုလုပ်ပြီး သေသပ်လှပတဲ့ ရခိုင်ရိုးရာ မက္ကလာ
ရှေးဟောင်းအမွေနှစ်တွေဟာ လမ်းခင်းကျောက်ဖြစ်နေတဲ့အခါ..
မြောက်ဦးမြို့မှာ ရေကြီးရေလျှံမှုတွေဖြစ်ရတဲ့ အကြောင်းအရင်းများ

Telephone

Address

Yangon

Other Nonprofit Organizations in Yangon (show all)
British Council Myanmar British Council Myanmar
78, Strand Road, Kyauktada Township
Yangon, 11182

We support peace and prosperity by building connections, understanding and trust between people in the UK and countries worldwide. Read our terms of use at www.britishcouncil.org/...

MASES - Myanmar Astronomy & Science Enthusiasts Society MASES - Myanmar Astronomy & Science Enthusiasts Society
Yangon

သိပ္ပံကိုချစ်သော... ပညာကိုချစ်သော... လောကကိုချစ်သော... မြန်မာလူငယ်များ တည်ထောင်သည်။

Internet Society Myanmar Chapter Internet Society Myanmar Chapter
Yangon

We are trying to form the Myanmar Chapter for Internet Society, and when we get official approval, we will change to official name and logo.

Myanmar Storytellers Myanmar Storytellers
Online
Yangon, 095

မြန်မာ့လူ့ဘောင်အဖွဲ့အစည်း၏ လူငယ်လူ

Movement during Crisis Movement during Crisis
Yangon

အများပြည်သူရွေးချယ်တင်မြှောက်ထားသ?

Inclusion Journey Inclusion Journey
Yangon

ဉာဏ်ရည် မသန်စွမ်း အစ်မဖြစ်သူနှင့် လူငယ်အရွယ် ညီမလေးတို့ နှစ်ယောက် အတူ ဖွဲ့စည်း စတင်ထားတဲ့ အဖွဲ့လေးပါ

TMK Philanthropic သန်းမင်းကြွယ် ပရဟိတ TMK Philanthropic သန်းမင်းကြွယ် ပရဟိတ
သုနန္ဒာ(12)လမ်း
Yangon

People suffering from serious illnesses due to past life and present life sins, sinful people live in poverty. I am compassionately helping people who are suffering from the burden...

B.M.G spt B.M.G spt
ထန်း‌ေြခာက်ပင်
Yangon

Anthropology Association Myanmar - AAM Anthropology Association Myanmar - AAM
Yangon

We all alumnus of Yangon University established the Association since 2015. the Hidden values of anthropology will lead the idea of "Differences are Beautiful", followed by the pea...

Given Kindness And Charity Organization Given Kindness And Charity Organization
No. 101/5 Street/Zayyar Thiri Ward, Dawbon Township
Yangon

Equality Rights Equality Rights
Yangon, 12

Forward Myanmar Institute - FMI Forward Myanmar Institute - FMI
Gadamar Street
Yangon, 11421

We have reinvented as a non profit organization for continuing education for electrical, electronic, mechatronic, embedded and control, and IT and computer science students in Myan...