Various Art & Music Center - VAMC

If you wanna learning about Music....
If you wanna short tips about Music....
Don't worry about that

18/04/2022

# Short Tip #

Music ကိုစလေ့လာတော့မယ်လို့ စဉ်းစားပြီဆို

(၁) သီချင်း နာနာ နားထောင်ပါ
(၂) အမျိုးအစားအားလုံးကိုလေ့လာပါ
(၃) အဲ့ထဲကမှ ကိုယ်က ဘယ်အမျိုးအစားကို အကြိုက်ဆုံးလဲ၊ အားအသာဆုံးလဲ ရှာဖွေပါ

အဲ့ဒီ အချက်လေးသုံးချက် ရပြီဆိုရင်တော့ ကိုယ်ရဲ့ Music နဲ့ပတ်သက်တဲ့ Producing ပိုင်းဖြစ်ဖြစ် Vocal ပိုင်းကို ဖြစ်ဖြစ် ထပ်ပေါင်းလေ့လာပြီး ဖန်တီးလို့ရပါပြီ....

08/01/2022

How to make a Hard Trap Beat(Fl Studio-20 Tutorial)

ယခု Pattern Theory video သည် FL studio အသုံးပြုပုံ Details ကိုရှင်းပြထားခြင်း မဟုတ်ပဲ လေ့လာနိုင်ရန် example များသာပြသထားခြင်းဖြစ် ပြီး ......

Example အတိုင်းသောလည်းကောင်း
မိမိ နှစ်သက်ရာ Idea များဖြင့်သော လည်းကောင်း ‌ပြန်လည်လေ့ကျင့်နိုင်ပါသည်။

Video အတွက် ကူညီပေးပါသော Producer NSM ကိုလဲကျေးဇူးတင်ပါတယ်.....🎹✨

24/12/2021

အချိန်တိုင်း နေရာတိုင်း ခုနှစ်တိုင်းမှာ အသုံး၀င်မယ့်
အခြေခံအကျဆုံး Vocal Warming up လေး ပါ 💯🎹🎤 လေ့လာချင်သူများအတွက်မျှဝေလိုက်ပါတယ်

24/12/2021

သီချင်းဆို ဝါသနာပါသူတိုင်းအတွက် လွယ်လွယ်ကူကူအိမ်တွင်း နည်းလမ်းကောင်းများ 🎤🎹

သီချင်းဆိုခြင်းအနုပညာဟာ လွယ်မလိုနဲ့ အင်မတန်ပညာသားပါတဲ့ အတတ်ပညာတစ်ခုပါ။ လူတိုင်းသီချင်းဆိုတတ်ပေမယ့် လူအများနားထောင်ကောင်းအောင် ဆိုတတ်ဖို့ကတော့ ခက်ခဲပါလိမ့်မယ်။ သင့်အနေနဲ့ ကိုယ့်ရဲ့ Talent ကိုထုတ်ပြပြီး လူအများလက်ခံနိုင်လောက်တဲ့ အသံပိုင်ရှင်ဖြစ်ဖို့ အသံလေ့ကျင့်ချင်တယ်ဆိုရင်တော့ အိမ်မှာပဲလွယ်လွယ်ကူကူလေ့ကျင့်လို့ရမယ့် နည်းလမ်းကောင်းလေးတွေ မျှဝေပေးချင်ပါတယ်။

(၁) တစ်ရက်ကို နာရီဝက်လောက် ပုံမှန်အချိန်ပေးပြီး သီချင်းဆိုလေ့ကျင့်ပါ။ နေ့တိုင်းပုံမှန်လေ့ကျင့်ဖို့ အချိန်တစ်ခု သတ်မှတ်ကြည့်ပါ။ ရေချိုးခန်းထဲဖြစ်စေ မီးဖိုချောင်ဝင်နေစဉ်ဖြစ်စေ ပေါ့ပေါ့ ပါးပါးသီချင်းဆိုရင်း ကိုယ့်ရဲ့အသံကို လေ့ကျင့်နိုင်ပါတယ်။

(၂) ကိုယ်ရဲ့အသံကို ကိုယ်တိုင်လေ့လာသုံးသပ်ကြည့်ပါ။ ဥပမာ – ကိုယ့်ရဲ့အသံကိုဖုန်းနဲ့ Recording လုပ်ပြီး ပြန်နားထောင်ကြည့်တာမျိုး လုပ်ကြည့်ပါ။

(၃) မှန်ရှေ့မှာရပ်ပြီး သီချင်းဆိုပါ။ မှန်ရှေ့မှာရပ်ပြီး သီချင်းဆိုခြင်းဟာ ကိုယ့်ရဲ့ အသံအနေအထားကို အမြင်နဲ့ပါ ပြန်လည်သုံးသပ်နိုင်မယ့်အပြင် ကိုယ့်ကိုယ်ကိုယုံကြည်မှုလည်း ပိုတိုးလာစေမှာပါ။

(၄) အသက်ရှုလေကျင့်ပါ။ လေကို ဖြည်းဖြည်းချင်း ရှုသွင်းမယ်။ ဖြည်းဖြည်းချင်း ပြန်ရှုထုတ်မယ်။ ဒီလိုဝင်လေထွက်လေ သဘောတရားကို သေချာလေ့ကျင့်မယ်ဆိုရင် သီချင်းဆိုတဲ့အခါ အသက် ခိုးရှုရတဲ့နေရာတွေရောက်ရင် အေးဆေးဖြစ်နေပါလိမ့်မယ်။

(၅) အသံကောင်းကောင်းနဲ့ သီချင်းဆိုချင်ရင် ရေခဲရေလုံးဝ မသောက်ပါနဲ့။ ရေခဲရေဟာ လည်ချောင်းအတွက် ပြဿနာပေးနိုင်ပါတယ်။ သင့်ရဲ့အသံကိုလည်း ဆိုးသွားစေမှာဖြစ်ပါတယ်။

(၆) အမြင့်သံတွေ လေ့ကျင့်တဲ့အခါ အားကုန်အော်တာမျိုးမလုပ်ဘဲ ဖြည်းဖြည်းချင်း အသံတက်လာတဲ့ပုံစံကိုလေ့ကျင့်ပါ။ အားကုန်အော်မယ်ဆိုရင် ဘေးပတ်ဝန်းကျင်အတွက်လည်း အဆင်မပြေဖြစ်နိုင်သလို အခန့်မသင့်ရင် အသံနာသွားနိုင်ပါတယ်။

(၇) Smule တို့လို သီချင်းဆိုလို့ရတဲ့ Appတွေမှာ အပျော်တမ်းလေ့ကျင့်ပါ။ သံစဉ်မပါဘဲ လေ့ကျင့်တာထက်စာရင် တီးလုံးနားထောင်ပြီး သီချင်းဆိုလေ့ကျင့်တာဟာ သင့်ကို Key ပိုမှန်စေသလို အဝင်အထွက်တိုင်ပင်လည်း မှန်စေမှာဖြစ်ပါတယ်။

သီချင်းဆိုခြင်းဟာ အနုပညာတစ်ခုဖြစ်တာမလို့ ရင်ဘတ်ထဲက ခံစားပြီး သီချင်းနဲ့စီးမျောကာ သီဆိုကြည့်ပါ။ အထက်ပါအချက်တွေအတိုင်း လေ့ကျင့်မယ်ဆိုရင် လပိုင်းအတွင်း အသံအနေအထားကောင်းမွန်လာပြီး လူအများလက်ခံနိုင်လောက်တဲ့ အသံပိုင်ရှင်တစ်ယောက်ဖြစ်လာနိုင်ပါတယ်။


Source from internet
Credit to original writer........

19/11/2021

How to make an Epic Orchestral Trap Beat (Fl Studio-20 Tutorial)

ယခု Pattern Theory video သည် FL studio အသုံးပြုပုံ Details ကိုရှင်းပြထားခြင်း မဟုတ်ပဲ လေ့လာနိုင်ရန် example များသာပြသထားခြင်းဖြစ် ပြီး ......

Example အတိုင်းသောလည်းကောင်း
မိမိ နှစ်သက်ရာ Idea များဖြင့်သော လည်းကောင်း ‌ပြန်လည်လေ့ကျင့်နိုင်ပါသည်။

11/11/2021

Singing for Dummies second edition (Chapter 6) link below ⬇️

အိမ်မှာ Covid ကိုကာကွယ်ရင်း ကိုယ်ဝါသနာပါရာ Vocal Lessons တွေကို လေ့လာနိုင်ဖို့ ကျွန်တော်လဲ အရမ်းကြိုက်တဲ့ Singing for Dummies စာအုပ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်ဗျ....💯

Professional Singer တစ်ဦးဖြစ်တဲ့ Pamelia S. Phillips ရေးသားပြီး ဒုတိယအကြိမ်ထုတ်ဝေမှုပါ...

Singing for Dummies Chapter (6) PDF file (Download):

https://www.mediafire.com/download/o0rrtxbittply7v

တင်ထားပြီးသော Chapters များကိုလဲ
Various Art & Music Center - VAMC မှာပြန်လည်ရှာဖွေကြည့်လို့ရပါတယ်

06/10/2021

မင်မင် ပြီးခဲ့တဲ့အပတ်တွေ မှာအလုပ်လေးတွေနဲ့ မနိုင်မနင်း တိုင်လည်နေလို့ Singing for Dummie PDF files လေးကော How to make beat videos လေးတွေကော မတင်ပေးလိုက်ရလို့ ဒီတစ်ပတ် နှစ်ခုလုံးတင်ပေးပါမယ်ဗျ 💯🙏

23/09/2021

Singing for Dummies second edition (Chapter 5) link below ⬇️

အိမ်မှာ Covid ကိုကာကွယ်ရင်း ကိုယ်ဝါသနာပါရာ Vocal Lessons တွေကို လေ့လာနိုင်ဖို့ ကျွန်တော်လဲ အရမ်းကြိုက်တဲ့ Singing for Dummies စာအုပ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်ဗျ....💯

Professional Singer တစ်ဦးဖြစ်တဲ့ Pamelia S. Phillips ရေးသားပြီး ဒုတိယအကြိမ်ထုတ်ဝေမှုပါ...

Singing for Dummies Chapter (5) PDF file (Download):

https://www.mediafire.com/download/t28hna0c4pqldc6

တင်ထားပြီးသော Chapters များကိုလဲ
Various Art & Music Center - VAMC မှာပြန်လည်ရှာဖွေကြည့်လို့ရပါတယ်

26/08/2021

How to make beat (Orchestral Trap Beat) Ep.1

ယခု Pattern Theory video သည် FL studio အသုံးပြုပုံ Details ကိုရှင်းပြထားခြင်း မဟုတ်ပဲ လေ့လာနိုင်ရန် example များသာပြသထားခြင်းဖြစ် ပြီး ......

Example အတိုင်းသောလည်းကောင်း
မိမိ နှစ်သက်ရာ Idea များဖြင့်သော လည်းကောင်း ‌ပြန်လည်လေ့ကျင့်နိုင်ပါသည်။

26/08/2021

Singing for Dummies second edition (Chapter 4) link below ⬇️

အိမ်မှာ Covid ကိုကာကွယ်ရင်း ကိုယ်ဝါသနာပါရာ Vocal Lessons တွေကို လေ့လာနိုင်ဖို့ ကျွန်တော်လဲ အရမ်းကြိုက်တဲ့ Singing for Dummies စာအုပ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်ဗျ....💯

Professional Singer တစ်ဦးဖြစ်တဲ့ Pamelia S. Phillips ရေးသားပြီး ဒုတိယအကြိမ်ထုတ်ဝေမှုပါ...

Singing for Dummies Chapter (4) PDF file (Download):

https://www.mediafire.com/download/v2hotktl3u0sy4g

တင်ထားပြီးသော Chapters များကိုလဲ
Various Art & Music Center - VAMC မှာပြန်လည်ရှာဖွေကြည့်လို့ရပါတယ်

15/08/2021

" Tempo "

ကဲ..... ကျနော်တို့ အမြဲတမ်းကြားနေရတဲ့ သီချင်းတွေကို ဖန်တီးတဲ့နေရာမှာ tempo ဆိုတဲ့ မြန်မာအခေါ် 'နရီ ' အလွယ်ပြောရရင် စည်းချက်အနှေးအမြန်ပေါ့ အဲ့ကောင်လေးက မသိလို့မရအောင်ကို အရေးပါတယ်ဆိုပါတော့....
ဟုတ်ပြီ အဲ့တော့ ကျနော်တို့က နားထောင်သူမဟုတ်ဘူး ဖန်တီးမဲ့သူဆိုရင်တော့ အဲ့ကောင်လေးကို သိကိုသိရမယ်ဆိုတဲ့ စာရင်းထဲကိုထည့်ထားရမှာဖြစ်တယ်။ ကျနော်တို့ အပျော်တမ်း ဂစ်တာ တီးပီးသီချင်းဆိုမယ်ဆိုရင်တောင် မေ့ထားလို့မရဘူးဆိုတာကို ဘေးကသူငယ်ချင်း ကဆဲလို့ သိမယ်ထင်ပါတယ်။
😅 ဟျောင့်ဘယ်လိုတီးနေတာလဲငါဆိုလို့မရဘူးဘာညာပေါ့လေ.... ကဲ အဲ့တော့ သီချင်းတွေနဲ့ သူတို့ရဲ့ tempo အကြောင်းစပြောတာပေါ့......

1. အနှေးစာရင်းထဲထည့်ထားရမဲ့သီချင်းgenreများ
2.နှေးသယောင်နဲ့မြန်နေတဲ့သီချင်းများ
3. Hip hop သီချင်းများ
4. EDM သီချင်းများ
5. ရွေးချယ်မှုမမှားစေရန်သတိပြုရမည့်အချက်များ ဆိုပီး ကျနော် 5 ပိုင်းခွဲရေးပေးမယ်ပေါ့ဗျာ....ကဲ အဲ့တော့ ဒီနေ့အတွက် ပထမဆုံးအချက်လေးကိုအရင်ပြောတာပေါ့ ......

အနှေးစာရင်းထဲထည့်ထားရမဲ့သီချင်းများ......

အဓိကအချက်ကတော့ဘယ်လိုအမျိုးအစားတွေကို ထည့်သင့်လဲဆိုတော့ Slow pop .. Pop Ballad.. Slow Rock.. Rnb.. Oldschool Hiphop.. Gospel သီချင်းကြီးတွေပေါ့ဗျာ အစသဖြင့်ပေါ့ ဆိုတော့သူတို့ကို ဘယ်လောက် tempo နဲ့အတီးများလဲလို့မေးရင် ဖြေစရာက "100 အောက်ဆို 50 အထက် 100 အထက်ဆိုရင် 110 အောက်"ဆိုပီး ပုံသေမှတ်ထားရင်တောင် အဆင်ပြေပါတယ် တခါတလေ စိတ်ပါရင်ပါသလို ဂီတပညာရှင်တချို့က 40 နားထိကပ်တီးပါသေးတယ် 😅 အဲ့လိုဆိုရင်တော့ ဖန်တီးမှုလက်ရာမကောင်းရင် melody မလိုက်နိုင်ရင် ဆဲခံရမှာပေါ့....ကဲ အဲ့တော့ အနှေးစာရင်းထဲ ထည့်ရမဲ့ အမျိုးအစားတွေနဲ့ သူတို့ကို တီးရမဲ့ အချိန်အစကို သိမယ်နားလည်မယ်လို့ထင်ပါတယ် နောက်တပတ်မှာ နှေးသယောင်နဲ့ မြန်နေတဲ့ သီချင်းတွေအကြောင်း ဆက်တင်ပေးသွားမယ်လို့ပြောရင်း............. see you next week pr

ရေးသားသူ - K.P ( Blaster the beat )

14/08/2021

----------
တစ်ရက်ကို နာရီဝက်လောက် ပုံမှန်အချိန်ပေးပြီး သီချင်းဆိုလေ့ကျင့်ပါ။ နေ့တိုင်းပုံမှန်လေ့ကျင့်ဖို့ အချိန်တစ်ခု သတ်မှတ်ကြည့်ပါ။ ရေချိုးခန်းထဲဖြစ်စေ မီးဖိုချောင်ဝင်နေစဉ်ဖြစ်စေ ပေါ့ပေါ့ ပါးပါးသီချင်းဆိုရင်း ကိုယ့်ရဲ့အသံကို လေ့ကျင့်နိုင်ပါတယ်။

12/08/2021

Pattern Theory (HIP HOP WEST COAST TYPE BEAT _GANGSTA)
----------------------------------------------------------
ယခု Pattern Theory video သည် FL studio အသုံးပြုပုံ Details ကိုရှင်းပြထားခြင်းမဟုတ်ပဲ လေ့လာနိုင်ရန် example pattern များသာပြသထားခြင်းဖြစ် ပြီး ......

Example အတိုင်းသောလည်းကောင်း
မိမိ နှစ်သက်ရာ Idea များဖြင့်သော လည်းကောင်း ‌ပြန်လည်လေ့ကျင့်နိုင်ပါသည်။

Video Link:
------------------
https://www.facebook.com/106666114051719/posts/429132265138434/

05/08/2021

Pattern Theory (Emotional Rap beat)
----------------------------------------------------------
# Link Below ⬇️⬇️
------------------------------
ယခု Pattern Theory video သည် FL studio အသုံးပြုပုံ Details ကိုရှင်းပြထားခြင်းမဟုတ်ပဲ လေ့လာနိုင်ရန် example pattern များသာပြသထားခြင်းဖြစ် ပြီး ......

Example အတိုင်းသောလည်းကောင်း
မိမိ နှစ်သက်ရာ Idea များဖြင့်သော လည်းကောင်း ‌ပြန်လည်လေ့ကျင့်နိုင်ပါသည်။

Video Link :
------------------
https://www.facebook.com/106666114051719/posts/422281079156886/

28/07/2021

Singing for Dummies second edition (Chapter 3) link below ⬇️

အိမ်မှာ Covid ကိုကာကွယ်ရင်း ကိုယ်ဝါသနာပါရာ Vocal Lessons တွေကို လေ့လာနိုင်ဖို့ ကျွန်တော်လဲ အရမ်းကြိုက်တဲ့ Singing for Dummies စာအုပ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်ဗျ....💯

Professional Singer တစ်ဦးဖြစ်တဲ့ Pamelia S. Phillips ရေးသားပြီး ဒုတိယအကြိမ်ထုတ်ဝေမှုပါ...

Singing for Dummies Chapter (3) PDF (Download):
https://www.mediafire.com/download/3xhrqry085yppt7

တင်ထားပြီးသော Chapters များကိုလဲ
Various Art & Music Center - VAMC မှာပြန်လည်ရှာဖွေကြည့်လို့ရပါတယ်

Page Link :
https://www.facebook.com/vamc.mm.vr/
Note
-------
English ဘာသာနဲ့‌ရေးသားထားတာ ဖြစ်လို့ အချို့ စာကြောင်းတွေ ၊ စာလုံးလေးတွေ နားမလည်ခဲ့ရင် Dictionary လေးနဲ့ တွဲကြည့်ပါ ( ကျွန်တော်ဆို စာအုပ်မချရဘူး 😅)

22/07/2021

Singing for Dummies second edition (Chapter 2) link below ⬇️

အိမ်မှာ Covid ကိုကာကွယ်ရင်း ကိုယ်ဝါသနာပါရာ Vocal Lessons တွေကို လေ့လာနိုင်ဖို့ ကျွန်တော်လဲ အရမ်းကြိုက်တဲ့ Singing for Dummies စာအုပ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်ဗျ....💯

Professional Singer တစ်ဦးဖြစ်တဲ့ Pamelia S. Phillips ရေးသားပြီး ဒုတိယအကြိမ်ထုတ်ဝေမှုပါ...

Singing for Dummies Chapter (2) PDF (Download):
https://www.mediafire.com/download/ba88daahhdwlmke

Note
-------
English ဘာသာနဲ့‌ရေးသားထားတာ ဖြစ်လို့ အချို့ စာကြောင်းတွေ ၊ စာလုံးလေးတွေ နားမလည်ခဲ့ရင် Dictionary လေးနဲ့ တွဲကြည့်ပါ ( ကျွန်တော်ဆို စာအုပ်မချရဘူး 😅)

21/07/2021

ဒီနေ့ ည ၇:၀၀ မှာ Singing for Dummies (Chapter 2) တင်ပေးပါမယ်နော် 💯

နောက် Chapter တွေလဲကျန်နေသေးတာဆိုတော့ Various Art & Music Center - VAMC page ကို see first လေးလုပ်ထားပေးကြပါ 🙏⬆️⬆️

16/07/2021

# Pattern Theory (Hard Trap) Link below ⬇️⬇️ #

ယခု Pattern Theory video သည် FL studio အသုံးပြုပုံ Details ကိုရှင်းပြထားခြင်းမဟုတ်ပဲ လေ့လာနိုင်ရန် example pattern များသာပြသထားခြင်းဖြစ် ပြီး ......

အရင်က VAMC မှာတင်ထားဘူးပါတယ် ...အခုတော့ Video လေးကို ကျွန်တော် Wayne Cezar ရဲ့ Twitter နဲ့ Instagram မှာလဲ Re-upload ပြန်လုပ်ပေးလိုက်ပါတယ်......

Twitter:
https://twitter.com/WayneCezar/status/1416034344536186883?s=19

Instagram:
https://www.instagram.com/tv/CRY-rA8oIDV/?utm_medium=copy_link

14/07/2021

Singing for Dummies second edition (Chapter 1) link below ⬇️

အိမ်မှာ Covid ကိုကာကွယ်ရင်း ကိုယ်ဝါသနာပါရာ Vocal Lessons တွေကို လေ့လာနိုင်ဖို့ ကျွန်တော်လဲ အရမ်းကြိုက်တဲ့ Singing for Dummies စာအုပ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်ဗျ....💯

Professional Singer တစ်ဦးဖြစ်တဲ့ Pamelia S. Phillips ရေးသားပြီး ဒုတိယအကြိမ်ထုတ်ဝေမှုပါ...

Singing for Dummies Chapter (1) PDF (Download):
https://www.mediafire.com/download/nmfu1p5p5w78y3x

Note
-------
English ဘာသာနဲ့‌ရေးသားထားတာ ဖြစ်လို့ အချို့ စာကြောင်းတွေ ၊ စာလုံးလေးတွေ နားမလည်ခဲ့ရင် Dictionary လေးနဲ့ တွဲကြည့်ပါ ( ကျွန်တော်ဆို စာအုပ်မချရဘူး 😅)

13/07/2021

# Pattern Theory (HIP HOP WEST COAST TYPE BEAT GANGSTA) Link below ⬇️⬇️

ယခု Pattern Theory video သည် FL studio အသုံးပြုပုံ Details ကိုရှင်းပြထားခြင်းမဟုတ်ပဲ လေ့လာနိုင်ရန် example pattern များသာပြသထားခြင်းဖြစ် ပြီး ......

အရင်က VAMC မှာတင်ထားဘူးပါတယ် ...အခုတော့ Video လေးကို ကျွန်တော် Wayne Cezar ရဲ့ Twitter နဲ့ Instagram မှာလဲ Re-upload ပြန်လုပ်ပေးထားပါတယ်......

Twitter part 1:
https://twitter.com/WayneCezar/status/1415013277218721793?s=19

Twitter part 2:
https://twitter.com/WayneCezar/status/1415013916967538690?s=19

Instagram:
https://www.instagram.com/tv/CRRuJlKIkjQ/?utm_medium=copy_link

31/12/2020

🎆 နှစ်သစ်ဆုတောင်းလွှာ 🎆
-------------------------------------------
မင်္ဂလာရှိသော 2020 - 2021 နှစ်သစ်အခါသမျှမှစ၍ စိတ်သစ်လူသစ် အောင်မြင်မြင်မှု အသစ်တွေ နဲ့ ကျန်းမာ ပြောရွှင်တဲ့ ဘ၀များစွာကို ပိုင်ဆိုင် နိုင်ကြပါစေလို့ V.A.M.C မှဆုတောင်းပေး လိုက်ရပါတယ်ဗျ 💓😍

30/12/2020

" အိပ်ရေး မပျက်စေနဲ့ " bro X Box ရဲ့ သီချင်းထဲ ကလို ကျွန်တော်တို့ Vocalist တွေလဲ အိပ်ရေးပျက်လို့ မရပါဘူးနော်.....😴

🤔 ဘာကြောင့်ပါလိမ့် VAMC ရဲ့ mini videos လေးထဲမှာကြည့် 😎

😂 တစ်နှစ်တစ်ခါ ပေါ်လာတုန်းလေး Video လေးကို React လေးတွေပေး Share လေးတွေ လုပ် ပေးကြပါ 😂

16/12/2020

What is Ballads ?

08/12/2020

ပြန်ဆန်းစစ်ပါ
---------------------
သီချင်းဆိုလေ့ကျင့်နေချိန်အတွင်းမှာ ကိုယ်သီဆိုတဲ့အသံကို Record လုပ်ထားပါ။ ပြီးရင် ထပ်ခါတလဲလဲ ပြန်လည်နားထောင်ကြည့်ပါ။ သီချင်းဆို လေ့ကျင့်နေချိန်မှာလည်း ကိုယ့်ရဲ့ ပါးစပ်အနေအထားဟာ ဘယ်လို ပုံစံလဲဆိုတာ သိရအောင် မှန်ရှေ့မှာ လေ့ကျင့်ပါ။
ကိုယ် ဘယ်နေရာမှာ လွဲနေသလဲဆိုတာတွေကို ထပ်ခါထပ်ခါ ဆန်းစစ်ရင်း လေ့ကျင့်ပြီး အမှန်ကို ပြန်ပြောင်းယူပါ။

06/12/2020

Pattern Theory - 3 ( Emotional Rap beat)
----------------------------------------------------------
ယခု Pattern Theory video သည် FL studio အသုံးပြုပုံ Details ကိုရှင်းပြထားခြင်းမဟုတ်ပဲ လေ့လာနိုင်ရန် example pattern များသာပြသထားခြင်းဖြစ် ပြီး ......

Example အတိုင်းသောလည်းကောင်း
မိမိ နှစ်သက်ရာ Idea များဖြင့်သော လည်းကောင်း ‌ပြန်လည်လေ့ကျင့်နိုင်ပါသည်။

01/12/2020

အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ
-------------------------------------------
သီချင်းဆိုမယ့် သူတစ်ယောက်အတွက် အသက်ရှူလေ့ကျင့်ခန်းက အရမ်းကို အရေးကြီးဆုံးအရာပါပဲ။ ဒါ့ကြောင့် အသက်ရှူလေ့ကျင့်ခန်းကို မဖြစ်မနေ လုပ်ပေးရပါမယ်။

နှာခေါင်းနဲ့ အသက်ရှူပြီး ပါးစပ်ကနေ ပြန်ထုတ်ရတဲ့ လေ့ကျင့်ခန်းမျိုးကို လုပ်ရမှာပါ။ ဝမ်းဗိုက်ကြွက်သားကို အသုံးပြုပြီး ရှူသွင်း ရှူထုတ်လုပ်ပါ။

ဒီလိုမျိုး အသက်ရှူလေ့ကျင့်ခန်းကို လုပ်ခြင်းအားဖြင့် အသံ အနိမ့်အမြင့်တွေ ၊ Key အပြောင်းအလွဲတွေနဲ့အတူ သီချင်းဆိုနေချိန်အတွင်း ဘယ်လို အသက်ခိုးရှူရမလဲဆိုတာတွေကိုပါ နားလည်သွားပါလိမ့်မယ်။

24/11/2020

ဂီတဆိုတာ ဘာလဲ ?
------------------------------
ဂီတဆိုတာ အတိအကျ အဓိပ္ပာယ်ဖွင့်ဆိုရမယ်ဆိုရင် "သာယာနာပျော်ဖွယ်ကောင်းတဲ့ သံစဉ်တွေကို စည်းချက်ဝါးချက် ညီညီ သီဆိုတီးမှုတ်ထားတဲ့ အနုပညာတစ်ရပ်ကို ခေါ်ပါတယ်"တဲ့ ..

ဂီတဟာ အနုပညာတစ်ရပ်ပါ။
ဘာအနုပညာပါလဲ၊ ပိုပြီး ရှင်းပြပါကွယ့်❓လို့ မေးလာရင်ဖြင့်
"အသံကို ကြားခံအဖြစ် အချိန်တစ်ခုအတွင်း အသုံးပြုတဲ့ အနုပညာပုံစံတစ်ရပ် ကို ဂီတအနုပညာလို့ ခေါ်ပါတယ်။ ပန်းချီမှာဆို ကြားခံကို ကင်းဗတ်(စ)စ၊ နံရံ စသည့် Medium တွေကို အသုံးပြုသလိုမျိုးပေါ့ခင်ဗျာ။

အနုပညာဆိုတာ တန်ဖိုးအားဖြင့် Sentimental Value များနဲ့ တည်ဆောက်ထားတာဖြစ်ပြီး အနုပညာဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဂီတဆိုတာက ဘယ်လောက်ထိ နက်နဲသလဲဆိုရင် သူ့ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် ကိုယ်တိုင်က မတူညီတဲ့ ယဉ်ကျေးမှုတွေနဲ့ လူမှုရေး၊ နိုင်ငံရေးတွေအရ ပုံသဏ္ဍန်အမျိုးမျိုး ကွဲပြားနေတတ်တာမျိုး ..

သမိုင်းဘက်လှည့်မယ်ဆိုရင်ဖြင့် သိုးဆောင်းဘာသာရပ်မှာ Music လို့ ခေါ်ဆိုတဲ့ ဂီတဟာ ဂရိဘာသာစကား μουσική (mousike) ကနေ ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ လေ့လာမှုတစ်ခုအရဆို ရှေးခေတ်ဟောင်းက လူသားတွေဟာ ဘာတူရိယာမှ မရှိခင်ကကို ကျောက်တုံးတွ ထုရိုက်လို့ ထွက်လာတဲ့အသံတွေကို စည်းချက်ညီညီ သံပြိုင်သီဆိုကြရင်း ဂီတကို ဖန်တီးခဲ့တယ်လို့ ဖတ်ရပါတယ်။

ဒါကြောင့်မို့ ဂီတကို ဖန်တီးတယ်ဆိုတာဟာ လူ့ယဥ်ကျေးမှု သမိုင်းအစဥ်အလာကို ထိန်းသိမ်းတာလည်း ဖြစ်သလို Sentimental Value တစ်ခုကို တည်ဆောက်ခြင်းလည်း ဖြစ်ပါတယ်။

23/11/2020

ကိုယ့်အသံရဲ့ Key ကို သိရပါမယ်

ကိုယ့် Key ကို မသိဘဲ သီချင်းဆိုလို့ မရပါဘူး။ ကီးအလွဲတွေ ဆိုနေရင် အတော် အူကြောင်ကြောင် နိုင်ပါတယ်။ ပြီးတော့ သီချင်းစဆိုကတည်းက ကီး အမြင့်ကြီးတွေ ဆိုနေမယ်ဆိုရင် တကယ် ကီးမြှင့်ဆိုရမယ့်နေရာမှာ အသံတွေ Relay ဖြစ်ပြီး ပျက်သွားတတ်ပါတယ်။ ကီးတလွဲကြီးတွေက ကိုယ့်ကို လူပုံအလယ်မှာ အရှက်ကွဲစေနိုင်ပါတယ်။

22/11/2020

Pattern Theory - 2 (Hard Trap)
------------------------------------------------
ယခု Pattern Theory video သည် FL studio အသုံးပြုပုံ Details ကိုရှင်းပြထားခြင်းမဟုတ်ပဲ လေ့လာနိုင်ရန် example pattern များသာပြသထားခြင်းဖြစ် ပြီး ......

Example အတိုင်းသောလည်းကောင်း
မိမိ နှစ်သက်ရာ Idea များဖြင့်သော လည်းကောင်း ‌ပြန်လည်လေ့ကျင့်နိုင်ပါသည်။

18/11/2020

Vocal Tip - ရေ သို့မဟုတ် ရေနွေးသောက်ပါ

သီချင်းဆိုချင်တဲ့သူအတွက် ၊ အသံအသုံးပြုရမယ့်သူအတွက် လည်ချောင်းက အရမ်းအရေးကြီးပါတယ်။ အသံရှင်းရှင်းလင်းလင်း ထွက်နေစေဖို့ ရေခဲရေ ၊ အချိုရည် ၊ ဆီကြော် ၊ မုန့်တွေနဲ့ နို့ထွက် ပစ္စည်းတွေဟာ အနှောင့်အယှက် အတားအဆီးတွေပါ။
ဒီအစားအစာတွေကို မကြာခဏစားသုံးမိတယ်ဆိုရင် လည်ချောင်းမရှင်းဖြစ်စေပြီး အသံကိုပါ ပျက်စေပါတယ်။ ဒါ့ကြောင့် ရှောင်ကြဉ်ရမယ့် စာရင်းထဲ ထည့်ထားရပါမယ်။

17/11/2020

What is " Country Music " ?
------------------------------------------
Country music ( သို့မဟုတ် ) Country And Western ဂီတ သည် ၁၉၂၀ အစောပိုင်းများတွင် အမေရိကန်တောင်ပိုင်း အက်ပလေချီးယာသား လူဖြူများ၏ ကျေးလက်ဂီတမှတဆင့် ပြန့်ပွားလာခြင်း ဖြစ်သည်။
Western swing, honky-tonk, bluegrass, rockabilly နှင့်new country စသည့်စတိုင်များ ပေါင်းစပ်ထားသော ကန်းထရီးဂီတသည် နောက်ပိုင်းတွင် ရမ်သမ်အဲန်ဘလူစ်၊ ရော့ခ် (R&B, Rock) ဂီတများ ရောနှောလာခဲ့သည်။
၁၉၄၀ ခုနှစ် နောက်ပိုင်းတွင် ယခင်ရှိနှင့်ပြီးသော ဟီးလီဘီလီဂီတ (hillbilly music) အမျိုးအစားထက် ကန်းထရီးဂီတက ပိုမိုကျော်ကြားလာခဲ့သည်။
Country ဂီတသည် အမေရိကန်၏
ကျော်ကြားသော ဂီတအမျိုးအစားတစ်ခုဖြစ်ပြီး ၁၉၂၀တွင် Southern United State မှ စတင်ခဲ့သည်။ ဤအမျိုးအစားသည် United States မှ အမျိုးအစားများ ဖြစ်သော folk, blues နှင့် western ဂီတမှ အခြေခံထားသည်။
Country ဂီတသည် ballads နှင့် အကသီချင်းများနှင့် လိုက်ဖက်ပြီး ကြိုးတပ်တူရိယာများဖြစ်သော banjo, electric နှင့် အကူးစတစ် ဂီတာ၊ dobrosနှင့် fiddles များဖြင့် ရိုးရှင်းသော စည်းဝါများနှင့် တည်ဆောက်ထားသည်။ Country ဂီတဟူသော ဝေါဟာရသည် ၁၉၄၀ အစောပိုင်း hillbilly ဂီတကို ဦးစားပေးရာမှ ကျော်ကြားလာခဲ့ သည်။ အနောက်တိုင်းတေးဂီတတွင် အကျုံး ဝင်ပြီး ၂၀ ရာစုအလယ်တွင် hillbilly ဂီတနှင့် တူညီသော ဇစ်မြစ်မှ ပြိုင်လျက်ပါဝင်သည်။ Country ဂီတဝေါဟာရကို ယနေ့ခေတ်ပုံစံနှင့် မျိုးခွဲများကို ဖော်ပြရာ၌ အသုံးပြုသည်။ ၂၀၀၉ခုနှစ်တွင် Country ဂီတသည် ရေဒီယိုမှ လွှင့်တင်သော အများဆုံးနားထောင်သော ဂီတအမျိုးအစားဖြစ်လာခဲ့သည်။

Source from - Wikipedia

16/11/2020

Pettern Theory - 1 (Hard Trap)
-------------------------------------------------
ယခု Pettern Theory video သည် FL studio အသုံးပြုပုံ Details ကိုရှင်းပြထားခြင်းမဟုတ်ပဲ လေ့လာနိုင်ရန် example pettern များသာပြသထားခြင်းဖြစ် ပြီး ......

Example အတိုင်းသောလည်းကောင်း
မိမိ နှစ်သက်ရာ Idea များဖြင့်သော လည်းကောင်း ‌ပြန်လည်လေ့ကျင့်နိုင်ပါသည်။

16/11/2020
15/11/2020

# Vocal Tip
------------------
မိမိ သီချင်းဆိုစဉ် Piano မှ ဖြစ်စေ Guitar မှဖြစ်စေ Chords (သို့) Note များကို တီးခတ်ပါ။
၎င်းတို့ Chords များ Note များရဲ့ ပင်ကို Key မှ လွတ်ထွက်သွားခြင်း မရှိအောင် သီဆိုခြင်းဖြစ် အသံလေ့ကျင့်ခြင်းသည် ဝါသနာရှင်များ အတွက် အထူးကောင်းမွန်သော နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။

06/01/2020

ကဲ 2020 ရဲ့ပထမဆုံး Video လေးပြန်တင်ဖြစ်ပြီဗျာ......💜🎉

" How to be a good vocalist ? "🎙️🎙️ ( Part - 2 )
Speaker - Wayne Cezar

ဒီ Video လေးထဲမှာ ကျွန်တော် ရဲ့ ဆရာတွေ Senior အကိုတွေရဲ့ သင်ပြမှုလေးတွေကို ကျွန်တော့ အတွေ့ အကြုံလေးတွေနဲ့ပေါင်းပြီး ပြန်လည်မျှဝေ ထားပါတယ်။

နောက်ပိုင်းမှာလဲ Vocal နဲ့ပတ်သက်တဲ့ video လေးတွေလုပ်သွားပေးမှာဖြစ်လို့ Page လေးကို See first လေးလုပ်ထားကြဦးနော်....

30/10/2019

Vocal Training Lesson (7) - Practice your scales and octaves regularly🎙️🎼

Start with a "C" note, and sing all of the notes in the scale until you reach "C" in the next octave. Then, do this for the next octave of notes. You can listen to video tutorials or use an app like Sing-Sharp to follow along with the pitch.
• This helps you practice singing higher and lower notes and develop your range.
• For best results, practice your scales every day. You can do this as part of your warm-up exercises.

08/10/2019

Vocal Training Lesson (6) - " Take some practice times in a day "

Sing for several 30-minute sessions a day to practice regularly.
The best way to improve your singing voice is to sing as much as you can. To do this, set aside a short practice session every day. You can also sing throughout your day to maintain your skills and work on new abilities. Sing your favorite song, or learn the lyrics to a new one. Over time, your voice may become clearer and stronger.
• If your schedule permits it, sing for 1-3 hours a day! Be sure to take a 30-minute break after each 30-minute singing session to allow your voice to rest. During the break, memorize lyrics, work on your posture, or practice breath control.
• If you have an important event coming up, don’t strain your voice the night before. Instead of a massive practice session, sing for just a few minutes as a warm-up.

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

# Pattern Theory (Hard Trap) Link below ⬇️⬇️ #     ယခု Pattern Theory video သည် FL studio အသုံးပြုပုံ Details ကိုရှင်းပြ...
🎆 နှစ်သစ်ဆုတောင်းလွှာ 🎆-------------------------------------------        မင်္ဂလာရှိသော 2020 - 2021 နှစ်သစ်အခါသမျှမှစ၍ စ...

Telephone

Website

Address


Yangon

Other Music Lessons & Instruction in Yangon (show all)
Phoe Thauk Kyar Guitar Lessons Phoe Thauk Kyar Guitar Lessons
ဦးရေခဲလမ်း
Yangon

ဂစ်တာ lesson videos များကို ဝင်ရောက်လေ့လာနိုင်ပါတယ်��

Chris' "By Faith" Music School Chris' "By Faith" Music School
31st Ward, North Dagon
Yangon

On Campus & Online Class. <Vocal, Guitar, Piano class>

TRIO ART MUSIC Academy TRIO ART MUSIC Academy
No. (78/2), Ground Floor/14, Third Ward, Tatine Mhway Street, South Oakkalar Township
Yangon

Anonymous Guitar Anonymous Guitar
Yangon

Guitar Cover & Training.

K.Dorian K.Dorian
No. 86, #5/A. KyaukMaung Road , Angle Of Myothit 1st Street. , East KyaukMyaung Qr. Tarmwe Township
Yangon

ဂီတပညာ သင်တန်းဖြစ်ပါတယ် Piano ,Keyboard, Vocal , Music Theory နှင့် Violin ပညာရပ်များ တက်ရောက် သင်ကြားနိုင်ပါတယ်

Adore Music Adore Music
Bahan Township
Yangon, 11201

Adore Music Band

KO LAY DRUM CLASS KO LAY DRUM CLASS
Yangon, 11421

Practice from the HEAD, Play from the HEART ..! \m/

Guitar Detective Online Class Guitar Detective Online Class
No 140, Minn Streets , Khayan
Yangon

Guitar Class

Rhythmic Paradise Rhythmic Paradise
Yangon

Guitar, Piano Training (Physical,Online)

Life Guitar Class II - ဂစ်တာသင်တန်း Life Guitar Class II - ဂစ်တာသင်တန်း
Ahlone
Yangon

Life Guitar Class new official page မှကြိုဆိုပါတယ်ခင်ဗျာ

𝗠𝗔𝗚𝗜𝗖 𝗦𝗧𝗥𝗜𝗡𝗚𝗦 𝗠𝗔𝗚𝗜𝗖 𝗦𝗧𝗥𝗜𝗡𝗚𝗦
No 71/2 Yin Mar Myaing Street, 21 Ward, Su Paung, Thuwanna
Yangon, 11041

Magic Strings Orchestra & Music School We provide Orchestra and Live Band services for your events. Violin, Piano, Cello, Guitar & Ukulele Classes available.