Tr. Pa Learning Center & Preschool

School For Young Learners

27/07/2023

A(Advanced. Level)အလွန်ကောင်း
S(satisfied. Level)ကောင်း
E(Emerging. Level )ထပ်မံ ကြိုးစား ရန်လို

Photos from Tr. Pa Learning Center & Preschool's post 20/07/2023

စာသင်ရက်တစ်နှစ်ပတ်လုံးရှိရက်/ပိတ်ရက်/ဖွင့်ရက်များနှင့်
ဝါတွင်းကာလပိတ်ရက်/ဖွင့်ရက် (ဝါတွင်းကာလတွင်အရင်နှစ်များကတနင်္ဂနွေ/ဉပုသ်ရက်များသာပိတ်တာများပါတယ်)
Credit..........

24/06/2023

GreenCardလျှောက်ချင်တဲ့တီချယ်တွေတက်သင့်ပါတယ်

Photos from Tr. Pa Learning Center & Preschool's post 23/06/2023

၂၀၂၃ ခုနှစ် ပြက္ခဒိန်နှစ်အတွင်းအလုပ်ပိတ်ရက်/ ရုံးပိတ်ရက်များပါ။

18/06/2023

" Happy Father’s Day "

18 June 2023 မှာ ကျရောက်တဲ့ အဖေများနေ့ မှ စပြီး ကမ္ဘာပေါ်ရှိ အဖေများအားလုံး ကျန်းမာချမ်းသာပြီး အသက်ရှည်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်...😍😍

.Pa Learning Center

18/06/2023

၁ မိနစ်မှာ ဘာဖြစ်လို့ စက္ကန့် ၆၀ ရှိသလဲ ❓
ငယ်ငယ်ကတည်းက သိလာတဲ့အသိတစ်ခုက
စက္ကန့် (၆၀) ဟာ ၁ မိနစ် ဖြစ်ပြီး
မိနစ် (၆၀) ဟာ ၁ နာရီဖြစ်ပါတယ်။
ဘာ့ကြောင့် ၆၀ ဖြစ်သလဲ..?
ဘာ့ကြောင့် ၁၀၀ မဖြစ်တာလဲ..? စသည်ဖြင့်
စဉ်းစားကြည့်ဖူးကြမည် ထင်ပါတယ်။
စဉ်းစားတတ်တဲ့ကျောင်းသားကမေးတဲ့အခါ..
ဆရာတို့ ဘယ်လိုဖြေကြမလဲ..?
အခုလို (၆၀) ကို အခြေထားပြီး တွက်တဲ့စနစ်ဟာ
ခရစ်တော်မပေါ်မီ ၃၅၀၀ ခုနှစ် (BC 3500)
ကတည်းက ဆူမားရီးယမ်း လူမျိုးတွေ စတင်
အသုံးပြုခဲ့တဲ့ စနစ်ဖြစ်ပါတယ်။
စက်ဝိုင်းတို့ တြိဂံတို့ဟာ (၆၀) နဲ့ တွက်လို့ရသော ပုံစံများဖြစ်ပါတယ်။
ဒီစနစ်ကို ဘေဘီလိုနီယန်း (ဘေဘီလုံ)တွေက
ဆက်လက် ကျင့်သုံးခဲ့ပြီး
သင်္ချာပညာ နဲ့ နက္ခတ္တဗေဒ ပညာရပ်များမှာ
အသုံးချခဲ့ကြပါတယ်။
(၆၀) ကို အခြေယူတဲ့ နည်းစနစ်ကို စက်စီဂျက်စီမယ် (sexagesimal) လို့ခေါ်ပါတယ်။
ရှေးအခါက နေ့ နှင့် ည အချိန်များကို
နေ နာရီ၊ ကြယ်တာရာ များကိုကြည့်ပြီး
တွက်ခဲ့ကြတာဖြစ်ပါတယ်။
နေ့ နှင့်ည ကို ၂၄ နာရီအဖြစ် စတင်သတ်မှတ်တာကတော့ ရှေး အီဂျစ်များ ဖြစ်ပါတယ်။
နေနာရီိရဲ့ အရိပ်ကိုကြည့်ပြီး
နေ့ (၁၀) နာရီ အဖြစ်သတ်မှတ်ကာ
မိုးသောက်ချိန် ၁ နာရီ၊ ညနေ ၁ နာရီ ရှေ့နောက်ထည့်ပေါင်းပါတယ်။
ညကတော့ ကြယ်တာရာတွေကို ကြည့်ပြီး
၁၂ နာရီအဖြစ် သတ်မှတ်ပါတယ်။
စုစုပေါင်း ၂၄ နာရီပါ။ sexagesimal (၆) နဲ့ စားလို့ ပြတ်တဲ့ ဂဏန်းတွေပါပဲ။
စက္ကန့် (၆၀) ကို ၁ မိနစ်လို့ စပြီး သတ်မှတ်ခေါ်ဆိုခဲ့တာကတော့ ဂရိ နက္ခတ်ပညာရှင် Hipparchus ဖြစ်ပါတယ်
၁ နာရီကို sexagesimal သင်္ချာနည်းနဲ့ ၆၀ ပိုင်းလိုက်တာကို “Prime Minute” ပထမပိုင်းသေးလို့ သတ်မှတ်ပါတယ်။
အဲ့ဒီ့ သေးငယ်ခြင်း Minute (မိုင်နျု) ကနေ မိနစ် ဖြစ်လာပါတယ်။
Prime Minute ကို နောက်ထပ် (၆၀) နဲ့ ဆက်ပိုင်းတဲ့အခါ “Second minute” လို့ခေါ်တဲ့ ဒုတိယ အပိုင်း (သေးငယ်ခြင်း) ကို ရပါတယ်။
အဲ့ဒီ့ ဒုတိယ Second ကနေ စက္ကန့် ဖြစ်လာတာ ဖြစ်ပါတယ်။ (Third Minute နဲ့ Fourth Minute တို့လည်း ရှိပါသေးတယ်။)
ကျနော်တို့ သုံးနေတဲ့ နာရီကိုတော့..
၁၆၅၆ မှာ ဒတ်ခ်ျလူမျိုး အာကာသပညာရှင်
ခရစ်ရှန် ဟူဂျင်း (Christiaan Huygens) က စတင်တီထွင် အသုံးပြုခဲ့တာပါ။
ဒါပေမယ့် သူသုံးခဲ့တာ ချိန်သီးပါတဲ့ နာရီမျိုး (Pendulum clock) ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့.. သူ့ရဲ့ နာရီပုံစံဒီဇိုင်းကိုပဲ
တစ်ကမ္ဘာလုံး ပုံစံအမျိုးမျိုးဖြင့် တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ကြတာပဲ ဖြစ်ပါတော့တယ်…။
စာရေးသူ - သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

Photos from Tr. Pa Learning Center & Preschool's post 17/06/2023

အဂ်လိပ်စာ တကယ်တော်ချင်ရင်ဒီပိုစ့်ကိုမကျော်လိုက်ပါနဲ့...👇👇👇

16/06/2023

❗G 12 ပြီးလို့ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရင်
အနည်းဆုံး (၂)ဘာသာ မှ အများဆုံး (၄)ဘာသာ ထပ်ဖြေရဦးမယ်...

» မလွဲမသွေ ဖြေဆိုရမှာက - အင်္ဂလိပ် ဘာသာရပ်
(အခြားဘာသာရပ်တွေလည်း အရေးကြီးပါတယ်။)

» မိဘတွေအနေနဲ့ ကိုယ့်ကလေးကို ဒီနိုင်ငံပညာရေးစနစ်မှာပဲ လမ်းဆုံးအောင် လျှောက်‌ခိုင်းမှာဆိုရင်တော့ လိုအပ်တဲ့စွမ်းရည်တွေကို ငယ်စဥ်အချိန်ကတည်းက (သို့) အချိန်မီ စပြီး ပျိုးထောင် ပံ့ပိုးပေးထားသင့်ပါပြီ။ မဟုတ်ရင်တော့ “အတန်းကြီးလေ ခရီးကြမ်းလေ” ဖြစ်ပါလိမ့်မယ်...။

» စနစ်သစ် သင်ရိုးညွှန်းတမ်းလာ သင်ခန်းစာဖွဲ့စည်းမှုတွေအရ ကလေးတွေဟာ သင့်တင့်တဲ့ အခြေခံရှိထားမှသာ အတန်းအလိုက် ပေါ့ပါး ပျော်ရွှင်စွာ သင်ယူ လေ့လာ အသုံးချနိုင်မှာပါ။ “ခုသင် ၊ ခုကျက် ၊ ခုတတ်” ဆိုတာမျိုး ဘယ်လိုမှ မဖြစ်နိုင်တော့ပါ။
(ဘယ်ဘာသာရပ်ဖြစ်ဖြစ် အတန်းကြီးမှ အုံဖွလုပ်ချင်လို့ မဖြစ်နိုင်တော့ပါ။)

#မိဘအုပ်ထိန်းသူများ_ကလေးကို_စနစ်တကျ_ပံ့ပိုးနိုင်ကြပါစေ...

စေတနာဖြင့် -
Patrick
14.6.23
Crd
ထပ်ဆင့်ပြန်လည်မျှဝေပါသည်။

11/06/2023

5 နှစ်အောက်အရွယ်ကလေးတွေ ကို 𝐬𝐡𝐚𝐫𝐞 ဖို့ပြောလည်း.....
ကလေး အများစုက မျှဝေတတ်ဖို့ စသင်ယူတဲ့ အချိန်မို့ သူတို့ ရင်ထဲက လိုလို ချင်ချင်နဲ့ မမျှဝေတတ်သေးပါဘူး။

အဲလို မရှဲလို့ ရှဲဖို့ ခဏခဏ တိုက်တွန်းလည်း စိတ်ထဲကမပါဘဲ 𝐟𝐨𝐫𝐜𝐞 လုပ်ပြီး 𝐬𝐡𝐚𝐫𝐞 ခိုင်းလို့မရပါဘူး။

အဲတော့မတိုက်တွန်းရတော့ဘူးလား ?

သူတို့ရင်ထဲက မပါရင် ဆရာမကို ကြောက်လို့သာ ရှဲလိုက်ရတယ် ညာတာ နဲ့ တူတူပဲမို့ အရမ်းတိုက်တွန်းမယ့်အစား

✅လေ့ကျင့်ပေးပါ ။

သူများဆော့တာကိုမှဆော့ချင်တဲ့ ကလေးတွေကလည်း အလှည့်ကျ စနစ်ဆိုတာ တစ်ခါမှ မကျင့်သုံးဖူးတဲ့ ကလေးတွေ မို့လို့ ဘယ်လို အလှည့်ကျစောင့်ရမလဲဆိုတာ မသိသေးတာပါ။

မျှဝေပြီး နေတတ်ဖို့ ဆိုတာကလည်း အိမ်တွေမှာကလေးတွေက ဗိုလ်တွေ လေ 😅

တစ်အိမ်လုံးရဲ့ အချစ်ဆုံး ၊တန်ဖိုး အထားခံရဆုံး ၊ဖူးဖူးမှူတ် ခံရဆုံးလေးတွေဆိုတော့ …

မုန့်ဆိုလည်း တစ်ခုလုံးရ

ကစားစရာဆိုလည်း တစ်ဦးအပိုင် အကုန်ရခဲ့တော့

မမျှဝေတတ်သေးတာ၊ အလှည့်ကျ မစောင့်တတ်တာ သဘာဝပါ ။

အဲ့တော့ ဘယ်လို မျိုးလေးတွေ လေ့ကျင့်ပေးရမလဲ ??

အိမ်မှာဆိုရင်တော့ 🏡

✅မုန့်ကျွေးတာက စပြီး တစ်ခုလုံး ကျွေးမယ့်အစား
သူတို့လေးတွေ ရှေ့တင် ရော့ မေမေ တစ်ဝက် မီးမီးတစ်ဝက် 🌓

( ငယ်ငယ်ကတည်းက ခွဲကျွေးခဲ့ရင် တစ်ခုလုံး မပူဆာတတ်ပါဘူး)

✅လိုချင်တဲ့ ပစ္စည်း ၊ တောင်းတဲ့ ပစ္စည်း တစ်ခုခု ကို ချက်ခြင်း မပေးပါနဲ့ စောင့်ခိုင်းပါ စောင့်တတ်တဲ့ အကျင့်လေးရအောင်။

✅တစ်ခုခု မရလို့ ငိုရင် ပေးငိုလိုက်ပါ ငိုတာ မကြည့်ရက်လို့ 𝐛𝐨𝐮𝐧𝐝𝐚𝐫𝐲 မထားပဲ ချက်ခြင်း အလို လိုက်ရင်တော့ ကလေးတွေက မိဘတွေထက် ဥာဏ်ပိုကောင်းတော့ တစ်ခုခုမရရင် ငို (တစ်ချို့ဆို အဲ့လိုနဲ့ ဖုန်းတွေ စွဲ ၊ ထမင်းစားချိန် 𝐘𝐨𝐮𝐭𝐮𝐛𝐞 ကြည့်ပြီး စားရမှ တို့ဖြစ်ကုနါရော)

အပြစ်ပြောတာ မဟုတ်ပါဘူးနော် မအားလပ်တဲ့ မေမေတွေ ဘက်ကိုလည်းနားလည်ပါတယ် ကိုယ့်ကလေးတွေ လို ကိုယ်ချင်းစာပြီး အပြုသဘောဆောင်ပြီး ပြောတာပါ ။ ဖုန်းအကြည့်များ ပြီး ကျောင်းရောက်လာရင် ဘာမှ သင်ယူနိုင်စွမ်း မရှိ ၊ငေး ငေါ ကြောင်တောင်တောင်လေးတွေ နဲ့ ဖြစ်နေတာလေးတွေ မြင်ပြီး စိတါမကောင်းလို့ပါ။ 🥹🥹

👩‍🏫ဆရာ၊ဆရာမတို့ ကျောင်းရောက်လာပြီဆိုရင်ရော ဘယ်လိုလေ့ကျင့်ပေးကြမလဲ?

မူကြို တွေ မှာ 𝘾𝙞𝙧𝙘𝙡𝙚 𝙩𝙞𝙢𝙚 ဆိုတာ ရှိပါတယ်
(Morning assembly,carpet time) စသဖြင့်လည်း ခေါ်ကြပါတယ်။

အဲလိုမနက်ခင်း 𝘾𝙞𝙧𝙘𝙡𝙚 𝙩𝙞𝙢𝙚 လုပ်တဲ့ အချိန်မှာ ဖြစ်ဖြစ် game ဆော့တဲ့ အချိန်မှာဖြစ်ဖြစ် ဒီလို activities လေးတွေ လုပ်ပေးပါ။

𝑷𝒂𝒔𝒔 𝒕𝒉𝒆 𝒃𝒂𝒍𝒍 🏀

ကလေးတွေ အားလုံး စက်ဝိုင်းလို ထိုင်နေချိန် လက်ထဲက အရုပ်/ ဘောလုံးလေးကို လက်ဆင့်ကမ်းပြီး ဆော့ရတာပါ ။
နောက်ခံတီးလုံးပါလည်းရပါတယ် တီးလုံးရပ်ချိန် လက်ထဲ မှာ ပစ္စည်း ရတဲ့သူက နာမည်နှူတ်ဆက် (Favourite thing) တစ်ခုခုပြော နောက်လူကို ထပ်လက်ဆင့်ကမ်း

𝐦𝐚𝐠𝐢𝐜 𝐛𝐚𝐠 💼

ရှုံ့အိတ် သို့မဟုတ် ပိတ်စအိတ်ကြီး တစ်ခုထဲ အရုပ်လေးတွေ ထည့်ပြီးတစ်ယောက်ပြီး တစ်ယောက် ခေါ် အိတ်ကို ကိုင် အထဲက ပစ္စည်း ခန့်မှန်းခိုင်းရင်း နောက်လူတွေက ကိုယ့်အလှည့် စောင့်ရတဲ့ ကစားနည်းမျိုးပါ ။

𝑾𝒉𝒊𝒔𝒑𝒆𝒓 𝒈𝒂𝒎𝒆 👂

အကြားအာရုံကို အသုံးပြုပြီး စကားလုံးလေးတွေ လက်ဆင့်ကမ်း ကိုယ့်အလှည့် စောင့်ပြီး ဆော့ရတဲ့ ကစားနည်းပါ။
တန်းစီ ပြီး ထိုင် သို့မဟုတ် မတ်တပ်ရပ်ပြီး ထိပ်ဆုံးက ဆရာမပြောတဲ့ စကားကို လက်ဆင့်ကမ်းပြီး နောက်ဆုံးလူ ထိ သယ်ဆောင်ရတော့ ကိုယ့်အလှည့်ကို ရင်ခုန်စွာနဲ့ စောင်းရင်း စောင့်ဖို့ လေ့ကျင့်ပြီးသားဖြစ်သွားတာပါ။

𝗖𝗵𝘂 𝗖𝗵𝘂 𝗧𝗿𝗮𝗶𝗻 🚂

လက်ဆေးတဲ့ အခါ transition time တွေအကူးအပြောင်း hall ထဲ သွားတဲ့အခါ ပြေးထွက်တာမျိုးမဟုတ်ပဲ ရထားတစ်စင်းလို တန်းစီပြီး သီချင်းလေးဆိုပြီး သွားကြရတာပါ။

ကောင်းမွန်တဲ့ အပြုအမူလေးတွေ ရဖို့ဆို အိမ်ကရော ကျောင်းကပါ ဝိုင်းဝန်း ပြီး ချစ်ခြင်းမေတ္တာ အပြည့် စိတ်ရှည်ရှည်နဲ့ လုပ်ပေးရမှာမို့ ..

ချစ်ခြင်းမေတ္တာ ဖြင့်

မူရင်း ရေးသားသူ

11/06/2023

မူကြိုဆရာမ တစ်ယောက်ဟာ👩‍🏫
ကလေးတကယ်မချစ်ပဲ အလုပ်မရှိလို့ ခဏတာ သဘောနဲ့ ဝင်လုပ်လို့မရပါဘူးနော်။ချေး သေး အန်ဖက် တစ်ခုမှ ရွံ့လို့ ရှောင်လို့မရပါ။ဆရာဝန်တစ်ယောက်လို ဆေးပညာ အသိရှိရပါတယ်။Chef တစ်ယောက်လို အစားအသောက် အကြောင်း နားလည်ရပါတယ်။First Aid CPA အကြောင်း အကုန် နားလည်ရပါတယ်။ဖြစ်နိုင်ရင် ရေကူး ကားမောင်း အကုန်တတ်ရမှာပါ။ကလေးတွေက်ို Survival Skill အတတ်ပညာ သင်ပေးရမှာပါ။ငလျှင် မုန်တိုင်းလို သဘာဝဘေး Disaster တွေ လာခဲ့ရင် ဘယ်လိုအသက်ရှင်ရမလဲ။မီးလောင်ခဲ့ရင် ဘယ်လိုလွတ်အောင်ပြေးမလဲ။အကုန်သင်ပေးရမှာပါ။မူကြိုကျောင်းဆိုတာ ကလေးတွေရဲ့ ဒုတိယအိမ်ပါ။မူကြိုဆရာမက ကလေးတွေရဲ့ ဒုတိယအမေပါ။အရမ်းတာဝန်ကြီး တာဝန်ယူရ ဦးနှောက်နဲ့ယှဥ်ပြီးလုပ်ရ တဲ့ ပင်ပန်းတဲ့အလုပ်ပါ။ မေတ္တာ ဥာဏ်နဲ့ ဦးဆောင်ရတာ မူကြိုဆရာမအလုပ်ပါ။👩‍👧‍👦👨‍👧‍👦👨‍👩‍👧‍👦
မူရင်းရေးသားသူ တီချယ်ရှင့်🙏

Photos from Tr. Pa Learning Center & Preschool's post 28/05/2023

ကိုယ့်ကလေးပုံလေးတွေ မတင်တာကြာပီမို့ပါ...😇😇
Weekend အချိန်လေးက အသဲတုန်းတွေ..🥰🥰

Photos from Tr. Pa Learning Center & Preschool's post 28/05/2023

English စကားပြောအတိုများ
Photo Crd

24/05/2023

❗ သတိ ❗ G 12 အစိုးရစစ်ရှိမည်။

Aအဆင့်ရမှ ဖြစ်မယ်လို့ ယူဆထားတဲ့ ကျောင်းသားများနှင့် ကျောင်းသားမိဘများသိထားဖို့
G10 . G 11. G12 အထိ တက်ရမယ် ။ ယင်း ၃ တန်း စလုံးမှာ ကျောင်းတွင်းစစ်ရှိပါမယ် ကျောင်းတွင်းစစ်တို့မှာ A အဆင့် Bအဆင့် စသည်ဖြင့် မိမိအောင်မြင်ခဲ့သောအတန်းများမှ အဆင့် များကို G12 ကျောင်းတွင်းစစ် ဖြေပြီးခါမှ အတန်းပြီးမြောက်ကြောင်း ကျောင်းကပေးတဲ့ အောင်လက်မှတ်မှာ ဖော်ပြပြီးပါလာပါမယ်။
ယင်းအောင်လက်မှတ်ဖြင့် တက္ကသိုလ် ဆက်တက်ခွင့်မရသေးပါ။ သို့သော်လည်း ယင်းလက်မှတ်ရသူများသည် အလုပ်သင်တန်းများ (Diploma)တက်ရောက်ခွင့်ရမည်။ဤတွင်A. B. C. ဆိုသော အဆင့်များ တစ်ခန်းရပ်သွားပြီ။

ဘွဲ့ရသည်အထိ တက္ကသိုလ်ဆက်တက်မည့် သူမှာ G 12 တွင် အစိုးရစစ် စာမေးပွဲ တစ်ခုရှိပါသေးသည်။ ထိုစာမေးပွဲကို ကျောင်းစစ်အပြီး နှစ်ဆုံးတွင် စစ်မည်ဖြစ်ပြီး G 12 မှ စာများကိုသာ စစ်ဆေးမှာဖြစ်ပါသည်။
ဤနေရာတွင် ကျောင်းသားမိဘများနှင့် ကာယကံရှင် ကျောင်းသားများ သတိထားရမည်မှာ အစိုးရစစ် စာမေးပွဲ များကို တစ်ခါဖြေရုံလောက်ဖြင့် အောင်မြင်နိုင်သောကျောင်းသားဦးရေ ၁၀၀ မှာ ၃၀ လောက်တောင် မရှိနိုင်ခဲ့ပါ ။ မိမိ သားသမီး များ စနစ်သစ် G12 အစိုးရစစ် ကို အောင်မြင်ဖို့အတွက် G10. G11. G12. ၃နှစ်လုံးတွင် အခြေခံပါမှ စနစ်တကျ သင်ကြားလေ့ကျင့်ပေးနိုင်မှသာ G12 အစိုးရစစ် စာမေးပွဲ ကို အောင်မြင်စွာ ထူးချွန်စွာ ဖြေဆို နိုင်မှာပါ ။
ပြီးတော့မှ အစိုးရစစ် စာမေးပွဲက ရလဒ်အတိုင်းသာ သတ်မှတ် ထားတဲ့ တက္ကသိုလ် ဝင်ခွင့်စာမေးပွဲကို ဖြေဆိုကြရပါမယ်။ ထိုဝင်ခွင့်စာမေးပွဲတွင် G10. G11. G12 မှ သင်ခဲ့ရသော စာများကို မေးမည်ဟု ထင်မိပါသည်။

ယင်းကြောင့် မိမိသည် အတန်းအောင်မြင်ကြောင်းလက်မှတ်တွင်ပါရှိသော Aအဆင့်.B အဆင့် Cအဆင့် များဖြင့် ကျေနပ်၍ ကျန်ခဲ့မည်လား။ တက္ကသိုလ် အဆင့်ထိ တက်ရောက်၍ ဘွဲ့ရ တစ်ယောက်အဖြစ် ဖြင့် ဘဝကိုလျှောက်လှမ်းမည်လား။ ဘာတွေကို ဘလိုလုပ်ရမည်ကို စဉ်းစား ဆုံးဖြတ် သင့်ပါကြောင်း ။

🌸G 11 ထိ အဆင်ပြေသလို၊ စိတ်ရှိသလို နေခဲ့ကြပြီး။
G 12 ရောက်မှ တက္ကသိုလ်တက်နိုင်ရန် G 12 အောင်ဖို့ရာ အသည်းအသန် အောင်ချင်စိတ်ဖြင့် ဘယ်လောက်ကုန်ကုန်တို့၊ ဘယ်နာမည်ကြီးသင်တန်းတို့၊ ဈေးကြီးပေးရသော guide တို့လည်း ကူညီနိုင်မည် မဟုတ်ဝော့ပါ။

🌸အခြေခံပါအောင် အငယ်တန်းထဲကစပြီး လေ့ကျင့်ပျိုးထောင်မှု အားကောင်းကြပါစေ။ A နောက်လိုက်မှုထက် အခြေခံပါဖို့သာ အားထည့်ပေးဖို့ အကြံပြုပါရစေ။

👉🌸G 6,7,8,9,10,11,12 တန်းတွေမှာ ဘာသာရပ်အလိုက် အမှန်တကယ်ကြိုးစားပြီး Aအဆင့်ရရင်တော့ ပိုအကောင်းဆုံးလို့ထင်မြင်မိပါတယ်ခင်ဗျ။
အခြေခံကလည်း ကောင်း၊ Aအဆင့်ရအောင် ကြိုးစားမှုရှိခဲ့တာလည်း ထပ်ပေါင်းလိုက်တော့ G12 အောင်မြင်ဖို့ရာအတွက် ပိုကောင်းသွားမယ်လို့ ထင်မြင်မိပါတယ်ခင်ဗျ။
(မေးခွန်းအလွယ်ရပြီး A ရသူများမပါ)🌸👈

G12 တွင် အစိုးရစစ်စာမေးပွဲကို တစ်ခါတည်းဖြေရုံဖြင့် အောင်လိုသူသည် G10.G11. တို့တွင် ဖြစ်သလို သင်နေခဲ့ပြီး G 12 ကျမှ စုပြုံဖိအားပေး သင်ကြား၍ တစ်နှစ်တည်းဖြင့် အောင်လိုခြင်းက မဖြစ်နိုင်ကြောင်း သိသလောက် မှတ်သလောက် တင်ပြပေးပါသည်။ အမှားပါခဲ့သော် ဖြည့်စွက်ပေးကြပါရန်။

#ဖတ်ကြAရရှိရေးပဲတွေးမနေနဲ့တက္ကသိုလ်ဝင်စာမေးပွဲဆိုတာအရည်အချင်းရှိမှအောင်တာပါနော်။

ှထပ်မံဖြည့်စွက်ရေးထားပါသည်။
Credit to မူရင်းရေးသားသူ
Crd 🙏🙏🙏

Photos from Tr. Pa Learning Center & Preschool's post 21/05/2023

😇Kgသရုပ်ဖော်ကဗျာများနဲ့မူကြိုအရွယ်ကလေးများအတွက်ကဗျာများ
😊ကျောင်းဖွင့်ရာသီရောက်တော့မှာမို့ ရှာ​ဖွေစုဆောင်းထားမိသမျှ လေးတွေတင်ပေးပါ့မယ်နော်
ီးဓမ္မသာရဆားမှော်
crdphoto

Photos from Tr. Pa Learning Center & Preschool's post 21/05/2023

Reading about animals (30 pages).
Free download PDF file-->> https://dailyenglish123.com/Reading-worksheets.html
Instagram: https://www.instagram.com/dailyenglish123worksheet/
Telegram: https://t.me/dailyenglish123worksheet

Photos from Tr. Pa Learning Center & Preschool's post 18/05/2023

ထောင်ဒဏ် ၂ နှစ်နှင့် ဒဏ်ငွေ သိန်း ၅၀၀ ထိ ချမှတ်နိုင်သော ပုဂ္ဂလိကပညာရေးဥပဒေကို ၂၀၂၃ ခုနှစ်၊ မေလ ၁၂ ရက်နေ့တွင် ပြဋ္ဌာန်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ ဥပဒေသည် အခန်း(၁၆)ခန်းပါပြီး ပုဒ်မပေါင်း ၈၂ ခုပါဝင်ကြောင်း တွေ့ရသည်။

#ပုဂ္ဂလိကပညာရေးဥပဒေ

17/05/2023

စာရေးနှေးသော လက်ကလေး
-------------------------
▪️ကလေး A
ဆရာ ကျွန်မကလေး စာရေးတာ အရမ်းနှေးတယ်။ စာလေး ၁ လုံး। ၂-လုံး ရေပြီးရင် ခဲတံကို ခဏချ। ပြီးရင် ပြန်ကောက်। ပြန်ရေး। ခဲတံတောင် နိုင်ပုံမရဘူး။ စာလုံးတွေကလည်း မညီမညာနဲ့ ဖတ်ဖို့ကခက်। ဘယ်လိုကျင့်ကျင့် မရဘူး။

▪️ကလေး B
ဒီကောင် ချီးကျူးဖို့ကောင်းတာက စာရေးရင် တထိုင်တည်းရေးတယ်။ ခဲတံလည်း ကျကျနန ကြာကြာကိုင်နိုင်တယ်။ အတန်းမှာ စာရေးရင် သူအရင်ဆုံးပြီးတယ်။

🔶ခဲတံကိုင်ပုံ ( pencil grip )

စာရေးမြန်ခြင်း।လှခြင်း। သပ်ရပ်ခြင်း।သန်ခြင်း ဆိုတာကိုဆုံးဖြတ်ပေးတဲ့အထဲမှာ pencil grip ဆိုတဲ့ ခဲတံကိုင်ပုံလေးလည်းပါတာပေါ့။ ကလေးအများစုကတော့ သဘာဝကသင်ပေးတဲ့အတိုင်း ခဲတံလေးတွေကို နည်းမှန်လမ်းမှန်နဲ့ ကိုင်တတ်သွားကြတာပါပဲ။ သင့်ကလေးက ပုံ-၁ ကအတိုင်း ခဲတံကိုကိုင်နေရင်တော့ လက်ခံနိုင်ပါတယ်။ ပုံ-၁ ကအတိုင်းလည်းမကိုင်। စာရေးလျှင်လည်း ကကျိုးကကျော်। လက်ကလည်း ခဏခဏညောင်းဆိုလျှင်တော့ သူ့ရဲ့ pencil grip လေးကို ပုံ-၂ပါ အတိုင်း ကျင့်ပေးလိုက်ပါ။ pencil grip ကို မူကြို। မူလတန်းအရွယ်တို့တွင် ကျင့်ပေးရတာပိုလွယ်ပါသည်။ မှားနေတာကို မကျင့်ပေးပဲထားလိုက်ရင်တော့ အမှားအတိုင်း တစ်သက်လုံးကိုင်သွားနိုင်ပါသည်။

ပုံ-၂ pencil grip
---------------
-ခဲတံက လက်မ।လက်ညှိုး।လက်ခလယ် ၃-ခု ဖြင့်သာ ပုံပါအတိုင်း ကိုင်ထားရမည်။
-လက်သူကြွယ် နှင့် လက်သန်းကလေက အနောက်ဘက်သို့ ကွေးဝင်ပြီး စားပွဲပေါ်မှာသက်တောင့်သက်သာ အနားယူနေရမည်။
-လက်ကောက်ဝတ်က အပြင်ဘက်အနည်းငယ်လေး ကွေးနေရမည်။ ပုံကိုကြည့်ပါ။ တချို့ကလေးတွေ အတွင်းဘက်ကို အရမ်းကွေးပြီး ရေးနေတာကို တွေ့ရပါလိမ့်မည်။ ပြင်ခိုင်းပါ။
-လက်တတောင်က စားပွဲပေါ်မှာ အနားယူနေရမည်။
-ခဲတံထိပ်နှင့် ၁-၂ စင်တီမီတာ အကွာမှကိုင်ခိုင်းပါ။
-အထက်ပါအတိုင်း နေ့စဉ်မိနစ်အနည်းငယ်စီ ကျင့်ပေးပါ။
-pencil grip ပုံစံခွက်လေးတွေ လည်းအပြင်မှာ ဝယ်လို့ရနေပါပြီ။

🔶 ထိုင်သည့်ပုံစံ နှင့် စာရွက်အနေအထား

အဲဒါကလည်း ကလေးရဲ့ စာရေးအားကို အထောက်အကူပြုပါတယ်။ပုံ-၃ ကိုကြည့်ပါ။
-ကလေးအရပ်နှင့်အနေတော်မည့် စားပွဲ နှင့် ထိုင်ခုံဖြစ်သင့်သည်။
-ခြေဖဝါး ၂-ဖက်စလုံးက ကြမ်းပြင်ပေါ်ကို ထိထားပါစေ။
-လက်တတောင် ၂-ဖက်စလုံးက စားပွဲပေါ်မှာ နားနေပါစေ။
-ရေးမဲ့ စာရွက်ကို ပုံပါအတိုင်း ကလေးစာရေးမည့်လက်က စားပွဲပေါ်တွင် ချထားသည့် လမ်းကြောင်းအတိုင်း တစောင်းလေး ချပေးထားပါ။
- အခြား လက်တဘက်ဖြင့် စာရွက်ကိုထိန်းထားခိုင်းပါ။

🔶လက်ကကြွက်သား သန်မာရဲ့လား( muscle tone )

လက်ကြွက်သားလေးတွေ ပျော့နေရင်လည်း စာရေးရာမှာ အခက်အခဲရှိတတ်ပါတယ်။ လက်သန်တယ်ဆိုတာ လက်ထဲက အရိုးချောင်းတွေ နဲ့ ကြွက်သားတွေ သန်တယ်ဆိုတာကို ပြောတာပါ။ လက်ကြွက်သားတွေ ပျော့နေတဲ့ကလေးက ခဲတံကိုင်ပြီး ခဏနေရင် ညောင်းလာပါလိမ့်မယ်။ အဲဒီတော့သူက ခဏ နားရပါတယ်။ အဲဒီလိုနဲ့ စာရေးနေတာ ကြာနေတော့တာပါပဲ။ ဒီတော့ သူတို့လက်ထဲမှာရှိတဲ့ ကြွက်သားတွေကို မာလာအောင် အထောက်အကူပြုမဲ့ လက်လှုပ်ရှားမှုတွေကို နေ့စဉ်နေ့တိုင်းကျင့်ပေးပါ။

🔹လက်သန်ရန် လုပ်ဆောင်နိုင်သော ဥပမာ နှင့် အကြံပြုချက်အချို့

- မလိုအပ်ပဲ ထမင်းခွံ့ကျွေးခြင်း မလုပ်ပါနဲ့။ ကလေးကို ကိုယ်တိုင် လက်ဖြင့်ကိုင်တွယ်। ဇွန်းဖြင့်ကိုင်တွယ်၍ စားခိုင်းပါ။

- မူကြိုကလေးငယ်လေး စာမရေးခင် playdough ဆိုတဲ့ဂျုံလေးတွေကို လက်ဖြင့်ညှစ်ခိုင်း। လုံးခိုင်း। လိပ်ခိုင်းခြင်းများကို ပြုလုပ်ခိုင်းပါ။ ပြီးမှ ခဲတံကိုင်ခိုင်း၍ စာရေးခိုင်းပါ။ မူကြိုဆရာမလေးကို အကြံပေးချင်တာက ကလေးငယ်လေးကျောင်းထဲရောက်တာနဲ့ စာရေးခြင်းဖြင့် မစပါနဲ့။ ဂျုံကို အရင်ပေးကစားခိုင်းပါ။ ပြီးလျှင်စာရေးခိုင်းပါ။

- ဂျုံလုံးလေးများ ပြုလုပ်ခိုင်းပြီး လက်မ।လက်ညှိုး। လက်ခလယ် ၃-ခုကြားညှပ်ပြီး လက်ချောင်းကလေးများ ထိသည်အထိ ညှစ်ခိုင်းပါ။

-မူကြိုအရွယ်လေးတွေကို ပန်းချီဆွဲခိုင်းခြင်း। သဲအိမ်। နှင်းအိမ်လေးများ ဆောက်ခိုင်းခြင်း। လက်ကိုအဓိကအသုံးပြုရသော အနုပညာဖန်တီးမှုများကို ပြုလုပ်ခိုင်းခြင်း တို့ဖြင့် လေ့ကျင့်ပေးနိုင်သည်။ ပုံတွေပေါ်မှာ ဆေးချယ်ခိုင်းပါ။

-လက်ဖဝါးပေါ်မှာ ကျောက်စရစ်ခဲလေးကိုတင်। ပြီးလျှင် လက်သူကြွယ်နှင့်လက်သန်းလေးများကိုကွေးပြီး လက်ဖဝါးပေါ်မှ ကျောက်စရစ်ခဲလေးကို ဖိခိုင်းပါ။

-ကြယ်သီး တပ်ခြင်း। ဖြုတ်ခြင်းများကို ပြုလုပ်ခိုင်းပါ။

-ပုံတွင်ပြထားသော ပုလင်းမျိုးဖြင့် ပန်းပင်ရေဖြန်းခိုင်းပါ။

- ပုံမှာ ပြထားသည့်လက်ကောက်ဝတ် လေ့ကျင့်ခန်းကို နေ့စဉ်လုပ်ဖို့ ကူညီပေးပါ။ စားပွဲပေါ်မှာ လက်တတောင်ကို တင်ပြီးလူကြီးက ကိုင်ပေးထား। ကလေးကို လက်သီးဆုပ်ခိုင်းပြီး အပေါ်ဘက်ကို ကွေးချီ। ဖြေချီ လုပ်ခိုင်းပါ။

-ကလေးငယ်လေးတွေက ချီးကျူးခံရရင်। game ပုံစံကစားခိုင်းရင် လက်လေ့ကျင့်ခန်းတွေကို လိုက်လုပ်ကြမှာပါ။

-ကလေးငယ်များကို ကစားကွင်းသို့ မကြာခဏခေါ်သွားပြီး ဆော့ကစားခိုင်းပါ။

-လက်ကြွက်သားပဲ အရေးကြီးတာ မဟုတ်။ ခန္ဓာကိုယ်မှာ ရှိတဲ့ ကြွက်သားများ ပျော့ပါကလည်း ကလေးများက စားပွဲခုံမှာ ကြာကြာထိုင်ပြီး စာမလုပ်နိုင်။ ခန္ဓာကိုယ် တွန့်လိမ်ကောက်ကွေးနေပြီး မကြာခင် စားပွဲပေါ်မှဆင်း၍ ကြမ်းပေါ်ထိုင်ဖတ်လိမ့်မည်။ ထို့နောက် ထိုင်ရာမှ လှဲပြီးဖတ်လိမ့်မည်။ ထို့နောက် တခါတည်း အိပ်ပျော်သွားလိမ့်မည်။ အဲဒီလိုကလေးတွေကို ကိုယ်လက်လှုပ်ရှားမှုလေးတွေ အရင်လုပ်ခိုင်းပြီးမှ စာထိုင်ဖတ်ခိုင်းပါ။ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်လိုက်သည့်အတွက် ကြွက်သားမာခြင်းအဆင့် (muscle tone )တက်လာ၏။ muscle tone တက်လာတော့ နဲနဲပိုကြာကြာထိုင်နိုင်တာပေါ့။ စာသင်နေတာ တဝက်ရောက်လျှင် ခဏရပ်ခိုင်းပြီး လေ့ကျင့်ခန်းလုပ်ခိုင်းသော ဆရာ। ဆရာများကို မိဘများဘဝတွင် တွေ့ခဲ့ဖူးပါလိမ့်မည်။ အားလုံးသဘောကျခဲ့ကြမှာပါ။

-အရင်ကပြောခဲ့သလိုပဲ ဗီတာမင် ဒီ। ကယ်လစီယမ် နှင့် ကိုယ်လက်လှုပ်ရှားမှုတို့သည် ကလေးများ၏ အရိုးနှင့်ကြွက်သားများ အတွက်အရေးပါသည်။ ထို ၃-ခုထဲမှ တခုချိုတဲ့လျှင် ကလေးများ၏ အရိုးနှင့်ကြွက်သားကျန်းမာရေး အပေါ်ထိခိုက်နိုင်ပါသည်။

- ပုံလေးတွေကို တချက်ကြည့်ကြည့်ပါ။ အဲလိုလေးတွေလုပ်ပေးသည့် မူကြိုကို ရွေးချယ်ပါ။ ကလောင်ကိုင်မည့် လက်ကလေး ကလောင်ကို နိုင်နိုင်နင်းနင်း ကိုင်နိုင်ပါစေ။

မေတ္တာဖြင့်

- ဂန္ထ၀င်ပျိုးခင်း page မှ 🙏🙏🙏

Photos from Tr. Pa Learning Center & Preschool's post 10/05/2023

မနေ့က မှော်ဘီက မူကြိုကျောင်းတစ်ခုမှာ အသက်လေးနှစ်အရွယ်ကလေးငယ်တစ်ဉီး ဖယ်ရီကားထဲမှာ အလုံပိတ်မိပြီး အသက်ဆုံးရှုံးသွားတဲ့ သတင်းကိုကြားရတော့ ကျမသားလေးတွေကို ဒါလေးတွေပြောပြသင်ပေးဖြစ်ပါတယ်။

ကလေးတွေကျောင်းကိုသွားတဲ့အခါ ကားတင်မကပါဘူး။တစ်ခါတစ်လေ အလုံပိတ်အခန်း၊စတိုခန်းတွေထဲမှာလည်း ပိတ်တတ်လေ့ရှိတာမို့ အဲဒါလေးပါ ထည့်ရေးပေးထားတာပါ။

Mommy Yu

#အလုံပိတ်မိခြင်း

07/05/2023

“စနစ်သစ် ပညာရေး အကြောင်း
ကျောင်းသား/သူများနှင့် မိဘများဂရုပြုမိစေရန်”

Grade 10,11,12 စသည် အတန်း သုံးတန်းစလုံးမှာ

အဆင့်သတ်မှတ်ချက် “Grade A” ရရှိလျှင် ကိုယ်ကြိုက်နှစ်သက်ရာတက္ကသိုလ်ကိုရွေးချယ်လို့ရမှာဖြစ်ပါတယ်။

အဆင့်သတ်မှတ်ချက် “Grade B နှင့် C”ရရှိတဲ့သူက သတ်မှတ်ထားတဲ့ တက္ကသိုလ်သာ ရွေးချယ်ရမှာဖြစ်ပါတယ်။

# Grade 10 (ဒသမတန်း)
-ကျောင်းတွင်းစစ်စာမေးပွဲ

# Grade 11 (ဧကဒသမတန်း)
-ကျောင်းတွင်းစစ်စာမေးပွဲ

# Grade 12 (ဒွာဒသမတန်း)
-ကျောင်းတွင်းစစ်စာမေးပွဲ
-နိုင်ငံတော်အစိုးရစစ်စာမေးပွဲ
စာမေးပွဲ “နှစ်ခု” ရှိပါသည်။

Grade 12 (ဒွာဒသမတန်း)တွင် ကျောင်းတွင်းစစ်စာမေးပွဲဖြေဆိုအောင်မြင်ပါက”အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်းလက်မှတ်” (High School completion certificate) ရရှိမည်ဖြစ်သည်။

ထိုလက်မှတ်ဖြင့်
-ကောလိပ်များ
-Instituteများ
-ပညာရေးကောလိပ်
-GTI အစရှိသည့်တို့တွင်
ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့်ရရှိမည်ဖြစ်သည်။

သို့သော် နိုင်ငံတော်အဆင့်အစိုးရစစ်စာမေးပွဲကိုဖြေဆိုအောင်မြင်မှသာလျင် “တက္ကသိုလ်” များတွင် တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။

Grade 12 (ဒွာဒသမတန်း) နိုင်ငံတော်အစိုးရစစ်စာမေးပွဲသည် “Grade” အဆင့်သတ်မှတ်ချက်ရလဒ်စာမေးပွဲဖြစ်သည်။

ထိုရလဒ် “Grade” အနေအထားအပေါ်မူတည်ပြီး “တက္ကသိုလ်များ” ကို ဝင်ခွင့်ဖြေဆိုခွင့်ရမည်ဖြစ်ပါသည်။

ထိုစာမေးပွဲတွင်

A ရရှိသောကျောင်းသား/သူများသည် ကြိုက်နှစ်သက်ရာ”တက္ကသိုလ်များ”ကို ရွေးချယ်ဖြေဆိုခွင့်ရမည်ဖြစ်သည်။

B နှင့် C အစရှိသဖြင့် ရရှိသောကျောင်းသား/သူများသည်ထိုGrade များကိုလက်ခံဖြေဆိုခွင့်ပြုသောတက္ကသိုလ်များ၌သာ ဖြေခွင့်ရှိမည်ဖြစ်ပါသည်။

များသည်လည်း ဘာသာရပ်တိုင်းအတွင်ကောင်းရန်မလိုပါ။

# သို့သော် မိမိ အဓိက ရွေးချယ်မည့်တက္ကသိုလ်တစ်ခုကိုတော့ G10တည်းက သေချာ ဆုံးဖြတ်ထားရန် လိုအပ်ပါသည်။

@ ဆေးတက္ကသိုလ် ဝင်ခွင့်အတွက်ဆိုလျှင်
-English
-Physics
-Chemistry
-Biology စသည့်ဘာသာ လေးဘာသာ၏ Grade ကိုသာကြည့်၍ ဝင်ခွင့်ဖြေဆိုခွင့်ပြု/မပြု ဆုံးဖြတ်မည်ဖြစ်သည်။

@ Engineering နှင့် IT တက္ကသိုလ်များအတွက်ဆိုလျှင်
-English
-Math
-Physics
-Chemistry စသည့်ဘာသာ လေးဘာသာ၏ Grade များကိုသာ ကြည့်၍ ဝင်ခွင့်ဖြေဆိုခွင့်ပြု/မပြု ဆုံးဖြတ်မည်ဖြစ်သည်။

# ဘာသာစုံ Grade အမြင့်ဆုံးတွေ ရထားရင်တော့ မိမိကြိုက်နှစ်သက်ရာ တက္ကသိုလ်များကို ရွေးချယ်နိုင်ခွင့်ပိုများပါလိမ့်မည်။

12 (ဒွာဒသမတန်း)မှာ Gradeကောင်းဖို့လိုသလို “တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ” ဖြေရာမှာလည်းအဆင်ပြေ အောင်မြင်စေဖို့ Grade 10,11,12 သုံးနှစ်စာသင်ခန်းစာတွေကိုလည်း
ကျွမ်းကျင်ပိုင်နိုင်ခဲ့ဖို့လိုပါတယ်။

ကောင်းရုံနဲ့လည်း တက္ကသိုလ်တက်ခွင့်ရရှိမည်မဟုတ်ပါ။

# ဝင်ခွင့်ဖြေဆိုခွင့်ပဲ ရဦးမှာဖြစ်ပါတယ်

# ဝင်ခွင့်ပါမှသာ တက္ကသိုလ်တက်ခွင့်ရမှာပါ။

✔️မှတ်ချက် ✔️

တတ်မြောက်အောင်သင်ခြင်းသည်

သင့်ကလေးငယ်၏ ဘဝ ဖြစ်သည်။

Photos from Tr. Pa Learning Center & Preschool's post 07/05/2023

စာဖတ်ခြင်းအလေ့အထဟာ ကလေးတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအပေါ် ကောင်းကျိုးသက်ရောက်မှု များစွာ ရှိရုံသာမက ကိုယ်တိုင်ကိုယ်ကျ စာဖတ်ပြမယ့် မိဘအုပ်ထိန်းသူနဲ့ ကလေးတို့အကြားမှာလည်း အပြုသဘောဆောင်ပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ရပ်ကို ရေရှည်တည်တံ့အောင် ပံ့ပိုးပေးနိုင်စွမ်း ရှိပါတယ်။

မိဘအုပ်ထိန်းသူ၊ ပြုစုစောင့်ရှောက်သူတွေနဲ့ ကလေးတို့အတွက် စာဖတ်ခြင်းအားဖြင့် ဘယ်လိုကောင်းကျိုးတွေ ရရှိနိုင်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖွယ်အချက်အချို့ကို ဖော်ပြလိုက်ရပါတယ်။

06/05/2023

#မုန်တိုင်းအထူးသတိပေးချက်

မေလ 10ရက်မှ 12ရက်အတွင်း နာဂစ်ကဲ့သို့
မိုချာမုန်တိုင်းဟာ ဧရာဝတီ နှင့်
ရခိုင်ကမ်းရိုးတန်း အတွင်းကို ဝင်ရောက်နိုင်ပါတယ်။

ရန်ကုန် ၊မွန် ၊ကရင် နှင့် တနသ်ာရီဒေသများကို
ဝင်ရောက်နိုင်တယ်လို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။
1နာရီ လေတိုက်နှုန်းမှာ မိုင်90မှ 120မိုင်အထိ /
ရေလှိုင်းအမြင့်ပေ 32 မှ 40 အထိ ဖြစ်ပါတယ်။

သတင်းအရ မေလ ၈ ရက်နေ့မှာဖြစ်လာမဲ့ လေဖိအားနည်းရပ်ဝန်းက မေလ ၁၁ ရက် ညနေပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ရောက်လာပြီး မြောက်-အရှေ့မြောက်ဘက်ကို ဆက်လက်ရွေ့လျားကြောင်း၊ မေလ ၁၂ ရက် ညနေပိုင်းမှာ ဧရာဝတီမြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းကို ဖျာပုံနဲ့ ကွမ်းခြံကုန်းမြို့တောင်ဘက်ကမ်းရိုးတန်းအနီးက ကပ်ပြီးကုန်းတွင်းကို အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဆင့်ဖြင့် ဝင်ရောက်နိုင်မယ်လို့ ကြိုတင်ခန့်မှန်းချက်ထွက်လာပါတယ်။

ကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်ချိန်မှာ မုန်တိုင်းရဲ့အတွင်းစက်ဝန်းအချင်းက မိုင် ၈၀ ရှိတာတွေ့ရပြီး လေတိုက်နှုန်း(Wind Gust) တစ်နာရီ ၁၂၅ မိုင်ခန့်အထိရှိနေကြောင်းလဲ တွေ့ရပါတယ်။ မုန်တိုင်းဗဟိုအနီးမှာ လှိုင်းအမြင့် ၂၇ ပေခန့်အထိ ရှိနေပြီး၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းနဲ့ ရန်ကုန်မြစ်ကဲ့သို့ ပင်လယ်ထွက်ပေါက်ရှိမဲ့ မြစ်ချောင်းများအတွင်း မုန်တိုင်းဒီရေ ၁၀ ပေနှင့်အထက် ၁၅ ပေခန့်အထိ တက်လာနိုင်ကြောင်းလဲ တွေ့ရပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းဟာ သံလျှင်မြို့ပေါ်က ဖြတ်ပြီး ခရမ်း၊ သုံးခွ၊ ကဇင်း၊ အင်းတကော်၊ ပဲခူး၊ ဝေါ၊ ဒိုက်ဦး၊ ညောင်လေးပင်မြို့ပေါ်က ကုန်းတွင်းမုန်တိုင်းအဆင့်နဲ့ ဆက်လက်ဖြတ်သန်းပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း ဟိုမိန်းနဲ့ မုံးထ ဒေသအထိရောက်ရှိနိုင်ကြောင်းလဲ တွေ့ရပါတယ်။

မုန်တိုင်းသတင်း(မဖြစ်လောက်ပါဘူးပေါ့ဆမှု့ကြောင့်
နာဂစ်တုန်းကလူများစွာ(သေ)ခဲ့ဖူးတယ်၊၊
ဘာပဲဖြစ်ဖြစ် သတိမပေါ့လေနှင့်။နာဂစ်တုန်းကလည်း ခံခဲ့ပြီပြီး။မဖြစ်လောက်ပါဘူး ပေါ့စမှု့တွေကြောင့်။မိမိတို့ဒေသများ(ပင်လယ်ကမ်းခြေဒေသ) လေးလေးနက်နက်ဂရုစိုက်ကြပါ။နာဂစ်တုန်းကလည်းလူများစွာသေခဲ့ကြတယ်။

လုံခြုံဘေးကင်းသည့်နေရာ၊ စားသောက်ရိက္ခာ၊ဆေးဝါး၊
ဓာတ်မီး၊လိုအပ်သည့်ပစ္စည်းများစီစဉ်ဖို့လိုသည်။
ကလေးငယ်များနှင့် အသက်ကြီးဘိုးဘွားများ လုံခြုံသည့်နေရာထားဖို့။ ပင်လယ်ထွက်သည့်(ငါးရှာသည့်သင်္ဘောများ)ကမ်းခြေပြန်လာဖို့ သတိပြုကြိုတင်လုပ်ဆောင်းရမည်။

Photos from Tr. Pa Learning Center & Preschool's post 09/04/2023

Transportation...🚗🚕🚠🚂✈

08/04/2023

#2023-2024 ပညာသင်နှစ်အတွက်
Green Card လျှောက်လွှာများ ခေါ်ပါပြီ။

Photos from Tr. Pa Learning Center & Preschool's post 02/04/2023

နောက်ဆက်တွဲ ဃ ကPlacement Test ပါ....မသိသေးသူများအတွက်မျှဝေခြင်းဖြစ်ပါသည်။

23/03/2023

ကျနော်တို့အာကာသနဲ့ ပတ်သတ်တဲ့ အကြောင်းလေ့လာတော့မယ်ဆိုရင် ပထမဦးစွာ ကျနော်တို့ နေအဖွဲ့အစည်းထဲက ဂြိုလ်တွေ ရဲ့နာမည်တွေနဲ့အသံထွက်တွေကိုမှတ်ထားဖို့လိုပါတယ် အဲ့ဒါမှ တခြားအကြောင်းအရာတွေဆိုမှတ်ရလွယ်မှာပါ

-နေနဲ့ အနီးဆုံးဂြိုလ် Mercury (မာကျူရီ)

- နေနဲ့ဒုတိယ အနီးဆုံးဆိုပေမဲ့အပူဆုံးဂြိုလ် Venus (ဗီးနပ်စ်)

- နေနဲ့တတိယအနီးဆုံးကတော့ကျနော်တို့ ကမ္ဘာပါ (Earth) လူတိုင်းသိပြီးသားမို့ အသံထွက်မပြောတော့ဘူး xD

-လပြီးရင် ကမ္ဘာနဲ့ အနီးဆုံးဖြစ်တဲ့ ဂြိုလ်နီးကြီး Mars (မားစ်)

-နေအဖွဲ့အစည်းထဲက အကြီးဆုံးဂြိုလ်ဖြစ်တဲ့ jupiter ( ဂျူပီတာ)

- နေအဖွဲ့အစည်းထဲက ဒုတိယအကြီးဆုံး ဂြိုလ် Saturn (စေတန် )

-အစိမ်းရောသန်းနေတဲ့ ဂြိုလ် Uranus
(ယူရေးနပ်စ်)

- ရေခဲဂြိုလ်ကြီးဖြစ်တဲ့ Neptune (နက်ပကျွန်း)

-ဒါကတော့ Pluto (ပလူတို) ဂြိုလ်ပါ အဲ့ဂြိုလ်ကို နေအဖွဲ့အစည်း ထဲက ဂြိုလ်အဖြစ်သတ်မှတ်မထားပါဘူး
ပုံကိုကြည့်ပြီး ဂြိုလ်တွေရဲ့ နှစ်တစ်နှစ်ရဲ့ရက်တွေကိုလည်းသိနိုင်ပါတယ်

22/03/2023

ရာထူး နှင့် ခေါင်းဆောင်

ဝန်ထမ်းလောကမှာ ခေါင်းဆောင်နိုင်မှုကို ရာထူးနဲ့ တိုင်းတာပြီး စကားပြောတတ်ကြပါတယ်။ တစ်ကယ်တော့ ခေါင်းဆောင်တစ်ယောက်ရဲ့ အရည်အချင်းက ရာထူးနဲ့ မဆိုင်ပါဘူး။

ခေါင်းဆောင်မှု ဆိုတာ ကိုယ်ရည်ကိုယ်သွေး တစ်ခုပါ။ တည်မြဲပါတယ်။ ရာထူးဆိုတာ နေရာတစ်ခု။ မတည်မြဲပါဘူး။ ခိုင်မာမှု လည်းမရှိပါဘူး။ လေးစားခံရမှုလည်း မမြဲကြပါဘူး။

လက်ရှိဌာန၊ အဖွဲ့အစည်းတွေကို လေ့လာကြည့်ပါ။ ရာထူးရှိတိုင်း ခေါင်းဆောင်မှုမကောင်းကြပါဘူး။ ခေါင်းဆောင်မှုကောင်းတိုင်းလည်း ရာထူးမရှိကြပြန်ဘူး။ ဘာလို့လည်းဆိုတော့ တစ်ချို့ရာထူးတွေက မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ရွေးချယ်ထားတဲ့ ရာထူးတွေ မဟုတ်လို့ပါပဲ။

ဒါကြောင့် ရာထူးအရ ခိုင်းတတ်ရုံနဲ့ ခေါင်းဆောင်ကောင်း မဖြစ်ပါဘူး။ လက်တွဲခေါ်တတ်မှ ခေါင်းဆောင်ပီသတာပါ။ တစ်ဝေမသိမ်း တင်းကြပ်ပြနိုင်တာ ထက် ပြဿနာကိုအကောင်းဆုံးဖြေရှင်းနိုင်မှုကသာ စီမံခန့်ခွဲမှု ပညာပါ။

ရာထူးကြီးပြီး ခေါင်းရှောင်တတ်သူတွေလည်း တစ်ပုံချည်းပါပဲ။ ခေါင်းရှောင်သူတွေများလာရင် ကျောင်း၊ ရုံး၊ ဌာနတွေမှာ ရှိကြတဲ့ ဝန်ထမ်းတွေဟာ စိတ်ဖိစီးမှုဒဏ်ကို အတော်လေး ခံစားနေကြရမှာ မလွဲပါဘူး။ လုပ်ငန်းခွင်မှာလည်း ပျော်ရွှင်မှုပျောက် စိတ်ဒုက္ခလည်း ရောက်ကြရမှာပါ။

ခေါင်းဆောင်တစ်ယောက်ဟာ ဦးဆောင်ရတဲ့အခါ "လွှမ်းမိုးနိုင်မှုအား" လိုပါတယ်။
လွှမ်းမိုးနိုင်မှုအား လို့ ဆိုတဲ့နေရာမှာရာထူး(Positon) နဲ့ အာဏာ(Power) ကို ပြောတာမဟုတ်ပါဘူး။ ဩဇာလွှမ်းမိုးမှု(Influence) ကို ပြောတာပါ။ ဒီအတွက် ခေါင်းဆောင်တစ်ယောက်ဟာ ရက်ရောတတ်မှု၊ စွန့်လွှတ်လုပ်ကိုင်တတ်မှု၊ မခွဲခြားတတ်မှု စတဲ့ စိတ်ထား(၃)မျိုး ရှိဖို့လိုပါတယ်။ ဒါမှ ယုံကြည်ကိုးစားထိုက်သူအဖြစ် လွှမ်းမိုးနိုင်တဲ့ ခေါင်းဆောင်ကောင်းဖြစ်မှာပါ။

တာဝန်တစ်ခုကို စီမံခန့်ခွဲရတဲ့ အခါမှာလည်း ညှိနှိုင်းဆောင် ရွက်နိုင်မှုအား လိုပါသေးတယ်။ နေရာတကာ Up to Down ချည်း သွားလို့မရပါဘူး။ အပေါ်က မြင်တဲ့ရှုထောင့်နဲ့ အောက်ကမြင်တဲ့ရှုထောင့်ဟာ များစွာကွဲပြားပါတယ်။ တစ်သွေး၊ တစ်သံ၊ တစ်မိန့် ဆိုတာ အာဏာရှင် စရိုက်ပါ။

ခေါင်းဆောင်ကောင်းတွေရဲ့ လက္ခဏာရပ်တွေ မဟုတ်ပါဘူး။ ဒီမိုကရေစီကျတဲ့ တာဝန်ယူမှု/တာဝန်ခံမှုဆိုတာ အောက်ခြေက လိုအပ်ချက်နဲ့ အထက်က လုပ်ပေးနိုင်မှုကို ညှိနှိုင်းဆောင်ရွက်ခြင်းပါပဲ။

ရာထူးအရ ဦးဆောင်သူတွေဟာ ကိုယ့်အောက်ဝန်ထမ်းတွေကို "ခိုင်းရမယ် ဆိုတဲ့အတွေးပဲ ခေါင်းထဲရှိပါတယ်။ အလုပ်ပြီးမြောက်ဖို့ပဲ ဖိအားပေးတတ်ကြပါတယ်။ ကိုယ့်ရာထူးကို ဆိုင်းပုဒ်ထောင်ပြီး အောက်လူတွေရဲ့ ခံစားချက်တွေကိုပါ ထိန်းချုပ်ဖို့ကြိုးစားကြပါတယ်။

အတွေးအခေါ်ကောင်းတဲ့ ခေါင်းဆောင်တွေကတော့ သွားလိုတဲ့ လမ်းကြောင်းပေါ်ကိုကိုယ်နှင့်အတူလက်တွဲခေါ်သွားနိုင်တဲ့အရည် အချင်းရှိပါတယ်။တစ်ယောက်ချင်းစီရဲ့ ထူးချွန်မှုကို အကဲခတ်တယ်။

ပြီးရင် လူ နဲ့ မူ တစ်သားတည်းကျအောင် သူ့နေရာနဲ့သူ နေရာတကျ၊ စီမံခန့်ခွဲနိုင်တယ်။ တာဝန်ယူရတဲ့ လုပ်ငန်းတစ်ခုလုံးအပေါ်မှာလည်း ကောင်းကျိုးကို အတူစံတတ်သလို၊ ဆိုးကျိုးကိုလည်း အတူခံတတ်ကြပါတယ်။

ရာထူးသာရှိပြီး အရည်အချင်းမရှိသူတွေနဲ့ လက်တွဲလုပ်ရသူတွေဟာ လွဲချော်မှုရှိတိုင်း ဆူငေါက်, အော်ဟစ် အပြစ်ဒဏ်တွေသာ
ခံကြရတယ်။

ရာထူးကြီးရုံနဲ့ မေတ္တတရားမှာလည်း မကြီးမားနိုင်ကြပြန်ပါဘူး။ တာဝန်ယူစိတ်လည်း ရှိချင်မှ ရှိတာပါ။ ရာထူးကြီးပြီး ခေါင်းဆောင်မှုမကောင်းသူတွေဟာ "တော်"တဲ့သူကိုပဲ ရှာပါတယ်။ "ထက်" တဲ့သူကိုပဲ လက်တွဲပါတယ်။

စီမံခန့်ခွဲမှုကောင်းတဲ့ ခေါင်းဆောင်ကောင်းတွေကတော့ အဲ့လိုမဟုတ်ပါဘူး။ ကိုယ်တိုင်လည်း ကျွမ်းကျင်အောင်ကြိုးစားတယ်။ စံပြအနေနဲ့လည်း ရှေ့က ဦးဆောင်တယ်။ လက်အောက်ဝန်ထမ်းတွေကိုလည်း သွန်သင် လမ်းပြပါတယ်။

ကိုယ့်အောက်က လူတွေရဲ့ ခက်ခဲမှု၊ ကျန်းမာရေး၊ သက်သာချောင်ချိရေးကိုလည်း ထည့်သွင်းစဉ်းစားတတ်တယ်။ ခွင့်လွတ်နားလည်ပေးတဲ့အပြင် ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်တွေကိုပါ ဖန်တီးတည်ဆောက်ပေးနိုင်စွမ်းရှိကြပါတယ်။

လူတစ်ယောက်ရဲ့ ခေါင်းဆောင်နိုင်မှုကို ရာထူးနဲ့ မဆုံးဖြတ်မိကြပါစေနဲ့။ ရာထူးဆိုတာ အသိအမှတ်ပြုခံရမှု တစ်ခုထက်မပိုပါဘူး။ စံပြနာမူနာယူထိုက်သူကလည်း ရာထူးကြီးသူတွေထံ ရှိချင်မှ ရှိပါလိမ့်မယ်။ ဒါပေမယ့် ခေါင်းဆောင်ကောင်းတိုင်းမှာတော့ ရှိကြပါတယ်။

ရာထူးရှိပြီး ခေါင်းဆောင်ကောင်းစိတ်ရှိသူတွေလည်း ရှိပါတယ်။ ဒါပေမယ့် အလွန့်အလွန်ကို ရှားပါတယ်။ ဝန်ထမ်းအားလုံးကလည်း ရာထူးအရ အာဏာလွှမ်းမိုးမှုကို ခံချင်ကြမှာ မဟုတ်ပါဘူး။ ခေါင်းဆောင်ကောင်းစိတ် ရှိသူတွေရဲ့ ဩဇာလွှမ်းမိုးမှုကိုပဲ ခံယူချင်ကြသူတွေပါပဲ။

ဒါကြောင့် "ဘာရာထူး" ဆိုတာထက်
"ဘယ်လောက်လေးစားစရာကောင်းတဲ့ ခေါင်းဆောင်လဲ"
ဆိုတာက ပိုပြီးတန်ဖိုးရှိပါတယ်။

အရှိတရား၊ အသိတရား၊ သတိတရား နဲ့ ဆင်ခြင်သုံးသပ်နိုင်ကြပါစေ........။

အားလုံးကို လေးစားစွာဖြင့်.........

#မူရင်းရေးသားသူအားCreditပေးပါတယ်

Photos from Tr. Pa Learning Center & Preschool's post 20/03/2023

Five C's

Photos from Tr. Pa Learning Center & Preschool's post 14/03/2023

📌📌 ကလေးရိုင်းရသည့် အကြောင်းရင်း (၆) ချက်📌📌

📌 ၁- သူ့ပတ်ဝန်းကျင်က မိဘ၊အဖိုးအဖွား၊ မောင်နှမ၊ သူငယ်ချင်း၊ ဆရာမ တို့ ရိုင်းလို့။

ကျနော့ အိမ်ရှေ့မှ မိဘ၊ အမတွေသည် ကလေးငယ်အား အသားကုန်အော်သည်။ အိမ်ဖော်ကအစ ကလေးငယ်အားအော်သည်။ ကလေးငယ်သည် ၂ နှစ်၊ ၃ နှစ်အရွယ်မှစ၍ ပြန်အော်သည့်အပြင်လက်ထဲရှိတာနှင့် တစ်ခုခုကို ထုရိုက်တတ်သည်။ ဤတွင် မိဘတွေက ပိုအော်လေသည်။ ကလေးက ပိုပိုဆိုးလာလေသတည်း။

📌 ၂- သူတို့၏ စိတ်ခံစားမှုကို သူတို့မထိန်းသိမ်းတတ်သေး၍ ဖြစ်သည်။

ကလေးသည် မွေးကတည်းကစငိုသည်။ သူတို့ခံစားချက်ကို မထိန်းသိမ်းတတ်ပေ။ ဒါကို အုပ်ထိန်းသူက သိနားလည်ရမည်။ ကလေးနှင့် ပြိုင်မမိုက်သင့်၊ ဒေါသအိုးမပေါက်ကွဲ သင့်ပေ။

📌 ၃- သူတို့၏ စိတ်ခံစားမှုကို စကားအဖြစ်ထုတ်မပြောနိုင်သေး၍ ဖြစ်သည်။

ကလေးငယ်လျှင် သူ့ခံစားမှုကို ထုတ်မပြောနိုင်ပေ။ မိဘတွေသူ့ခံစားမှု သူအလိုမကျမှုသိအောင် ကြမ်းတမ်းစွာ လုပ်လာတတ်သည်။

📌 ၄- ကလေးက ကြောက်တတ်၊ စိမ်းတတ်လျှင်လည်းဖြစ်သည်။

ကလေးသည် လူစိမ်းနှင့်တွေ့လျှင် ရှက်တတ် ကြောက်တတ်၍ ရိုင်းသလို ဖြစ်တတ်သည်။

📌 ၅- ကလေးကို ပစ်ပယ်ထားလျှင်လည်း ရိုင်းလာသည်။

အပစ်ပယ်ခံရသောကလေးသည် ရိုင်းလာလေ့ရှိသည်မှာ ဓမ္မတာပင်ဖြစ်သည်။ မိဘတွေ အလုပ်များသည့်အခါ၊ နောက်ကလေးအငယ်နှင့် အလုပ်ရှုပ်နေသည့်အခါ အကြီးလေး ဆိုးလာတတ်မြဲဖြစ်သည်။

📌 ၆- ကလေးကို အလိုလိုက်လျှင်လည်း အမိုက်စော်ကားတတ်သည်။

ကလေးဘာလုပ်လုပ် မပြုပြင်ပဲ တော်သည်တတ်သည်ဟု အလိုလိုက်လွန်းလျှင်လည်း ကလေးရိုင်းစိုင်းတတ်သည်။

ကလေးရိုင်းတာကို ကလေးငယ်စဉ်ကတည်းက သတိပြုမိပြီး စောစော ပြုပြင်ပေးဖို့လိုသည်။

မိဘ ဆရာတို့သည် 'C' 4 'C' ကို လိုက်နာကျင့်သုံးသင့်သည်။

1. Calm
2. Correct
3. Consistent
4. Consequences

1. Calm မိမိတည်ငြိမ်အောင် ဦးစွာထိန်းပါ။
------------------------------------
ကလေးသည်မွေးကာစမှာ အပြစ်ကင်းစင်သည်။ ပြီးမှ သူ့ပတ်ဝန်းကျင်မှ အမူအကျင့်များကို ကော်ပီကူး download ဆွဲခြင်းဖြစ်သည်ဆိုတာကို နားလည်ဖို့လိုသည်။

မိဘက ဒေါသထွက်ကာအော်လျှင် သူပြန်အော်မည်။ ပြန်မအော်ရဲပဲ ကြောက်သွားလျှင်လည်း လူကြောက်လေးဖြစ်သွားမည်။

ကလေးကို ဒေါသထွက်လျှင် တည်ငြိမ်ရကြောင်း မိမိအမူအကျင့်ဖြင့် စံပြသင်ပြပါ။

ကလေးရိုင်းနေ သောင်းကျန်းနေလျှင် ကလေးဆီမှ အဝေးသို့ ခဏရှောင်၍ ၁ မှ ၁၀ - ၁၀၀ အထိရေပါ။

2. Correct ကလေး အားပြုပြင်ပါ။
-----------------------------
ပြီးလျှင် ကလေးကို မျက်နှာတည့်တည့်ကြည့်ပါ။ မိမိတို့မိသားစုထဲတွင် ဒီလိုမပြောဆိုကြောင်း၊ ဒီလိုမကြမ်းတမ်းကြောင်း မျက်နှာကြည့်၍ တည်ငြိမ်စွာပြောပါ။ ကလေးသည် သင် သူ့အမူအရာကို လက်မခံကြောင်း သိသာပါစေ။

ကလေးလိမ္မာလျင်အမေ ချစ်မည်ဖြစ်ကြောင်း၊ ကလေး ဘာဖြစ်ချင်၊ ဘာလိုချင်လဲမေးပါ။ ပေးမရတာကို ဘာကြောင့်ပေးမရကြောင်း ရှင်းပြပါ။

ကလေးကမိမိအနားကပ်ချင် မိမိက အလုပ်ဆက်လုပ်ဖို့လိုလျှင် ခဏ သည်းခံရန် မျက်နှာချင်းဆိုင်ကြည့် တည်ငြိမ်စွာပြောပြပါ။ ပြီးလျှင် အလုပ်ဆက်လုပ်ပါ။

3. Consistent မပြောင်းလဲပဲ စွဲမြဲပါ။
-------------------------------
ကလေးကို ပြုပြင်ဖို့လိုလျှင် စောစောစီးစီးပြုပြင်ရမည် ဖြစ်သည်။

ကလေးအား ငါ့သားကဒီလိုဟုတ်ဘူး မရိုင်းဘူး ဘာညာမပြောရပါ။ ဒီလိုတုန့်ပြန်ခြင်းသည် ကလေး၏ အပြုအမူရိုင်းခြင်းကို အသိအမှတ်ပြုရာရောက်သည်။

ကလေးက ခုံကို ထုလျှင် ဟုတ်တယ် ဒီခုံဘာညာနှင့် လိုက်ထုမပြနှင့်။ အကိုအမတွေကို မဲတာလည်း လက်မခံနှင့်။

"အေး ဟုတ်တယ် နင့်ကြောင့်"လို့ ကလေးဘက်က အကိုအမတွေကို လိုက်မပြောနှင့်။ ဒေါသကို ထိန်းသိမ်းတတ်အောင်သင်ပါ။

ကလေးကို အလိုလိုက်တုန်းက စွတ်အလိုလိုက်၊ လူအများရှေ့ရောက်မှ အရှက်ကွဲ၍ ကလေးအားမဲခြင်း မလုပ်ပါနှင့်။

4. Consequences အကျိုးအကြောင်း အဆိုးအကောင်းကို သင်ပြပါ။
------------------------------------
ကလေးက ခုံကိုကန်တာ သူပဲ အသားနာမည် ၊ ခုံမနာကြောင်း။ မိဘကိုအော်လျှင် လူအထင်သေးမည်ဖြစ်ကြောင်း။ မိဘသည် လက်ဦးဆရာဖြစ်၍ "ဆုံးမနာယူ" ရမည့်ကျင့်ဝတ်ရှိကြောင်း။

မိဘပေါ်လေးစားမှု respect မရှိလျှင့် သူ့အပေါ်တွင်လည်း မည်သူမှ လေးစားချစ်ခင်မှာ မဟုတ်ကြောင်း စသည်ဖြင့် အကျိုးအကြောင်းကို သင်ပြပါ။

ကလေးတိုင်းသည် အစပထမတွင် သင်ပြလျှင် သူလက်ခံသင့်မခံသင့် လိုက်စဉ်းစားလေ့ရှိသည်။ ထို့ကြောင့် consquences ဒါလုပ်ရင် ဒီလိုဖြစ်မည် ကို စူစမ်းကြည့်လေ့ရှိသည်။ မိဘကို စမ်းခြင်းဖြစ်သည်။

ကလေးကအမှားလုပ်သည့်အခါ ကျနော်ကိုယ်တိုင် ပြုပြင်ကြည့်ဖူးသည်။ ဗိုက်လေးကုတ်ကာ မျက်စေ့လေးကလည်ကလည် လုပ်နေတာမျိုးကြုံဖူးသည်။ ကလေးက လိုက်စဉ်းစားနေခြင်းဖြစ်သည်။

ကလေးအသက်ကြီးလာသည်နှင့် ပိုပိုနားလည်လာကာ ပိုမိသိတတ်လာလိမ့်မည်။

ထိုသို့ဖြစ်ရန်မိဘမှ Calm, Correct, Consistent, Conquences တို့ကို ကျင့်သုံး၍ ပြုပြင်ပေးရမည်။

မအော်ပါနှင့်၊ ကလေးကို ဒီကောင်ကရိုင်းတယ်လို့ မပြောပါနှင့်၊ ကလေးကို နားလည်ဖို့ကြိုးစားပါ။

အလိုလိုက်တုန်းကလိုက် ထရိုက်တော့ရိုက် မလုပ်ပါနှင့်။

ချစ်လွန်း၍ မျက်ကွယ်ပြုအလိုလိုက်ခြင်း မပြုပါနှင့်။

ကလေးအား ပြုပြင်ကာ အကျိုးအကြောင်းသိအောင် အပြစ်ပေးဖို့လိုက မှန်ကန်သော အပြစ်ပေးပါ။

ဒီကလေးကို ဒီလိုဆုံးမ၊ ဟိုကလေးကို ဟိုလိုဆုံးမ Double standards ထားခြင်းကိုရှောင်ကြဉ်ပါ။ သားသမီး၊ မြေးမြစ်တို့ကို တတန်းတည်းထားဆုံးမပါ။

Kids aren't born with perfect manners and etiquette. We need to teach them correctly.

ကလေးသည် မွေးလာကတည်းက အရိုင်းလေး၊ အလိမ္မာတုံးလေးအဖြစ် တခါတည်း မွေးလာသည်မဟုတ်၊ ကျနော်တို့မိဘ၊ဆရာသမား ပတ်ဝန်းကျင်က လမ်းမှန်အောင် ပြုပြင်ပေးရမည်သာဖြစ်သည်။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Video ရိုက်ရင် သူပြောချင်တာတွေမေ့သွားတယ်တဲ့...😍🥰😂
Colour Game ဆော့ဖြစ်တာလေး..🥰
ကြိုးစားနေတုန်းပါ..😊😊#growtogetherlearningcenter
Practice လုပ်ရင်း စိတ်မရှည်သောအခါ...🥰😂#growtogetherlearningcenter
အားလုံးပဲမင်္ဂလာပါရှင်ကျွန်မတို့ "Grow Together Learning Center"ရဲ့ Learning Activity လေးတစ်ခုဖြစ်တဲ့ Learning Compositi...

Category

Telephone

Website

Address

Zubuthiri West 3 Street
Yangon

Other Education in Yangon (show all)
Taung Nyunt 3 Students Taung Nyunt 3 Students
BEHS (3) Mingalar Taung Nyunt, Upper Pansodan Street
Yangon

Welcome to our reunion Taung Nyunt 3 students page and I hope all of our friends who are from BEHS 3

Kant Kaw Kant Kaw
No. 9 Kan Street, Hlaing Township
Yangon, 11012

Enhancing educational and career opportunities for Myanmar youth since 2009.

CK တရုတ်စကားပြော CK တရုတ်စကားပြော
Yangon

တရုတ်စကားကို မြန်မြန်နဲ့လွယ်လွယ် တတ်လိုပါက ဒီပေ့ချ်က သင့်အတွက်နေရာမှန်ပါပဲခင်ဗျာ

Alfred English Yangon Alfred English Yangon
Anormar 19 Street ( West )
Yangon

English can't stop you life.

Zwe Htet Education Center Zwe Htet Education Center
No. 94, 93 Street, Kandawkalay, MingalarTaungNyunt Township
Yangon

KME Japanese Language School KME Japanese Language School
No. 876, 2nd Floors, Nga Moe Yeik Ward, Lay Daunt Kan Road, Thingangyun Township
Yangon

Education

Pro English language Pro English language
Thaketa
Yangon

Your choice is your sense.

Students' Choice Students' Choice
Yangon

Education

Learn Deutsch with Nuel Learn Deutsch with Nuel
Yangon

education

Brilliant Education Center Brilliant Education Center
Yangon

We aim to teach subjects relating to the business world at affordable prices.