Home Chancellor Co.,Ltd.
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Home Chancellor Co.,Ltd., Home improvement, Yangon.
ကိုဒေက ကြိုသိထားတာ..
ကြိုသိတော့ ကြိုပြင်ထားတာပေါ့..🥰🥰🥰🥰🥰
ဆီမလိုဘူး လှော်တက်နဲ့ ရွက်နဲ့လုပ်နေပြီ
ဘဲဥလဲ ကြောက်စရာမလိုဘူး
🏄♀️🏄♀️🏄♀️🏄♀️🏄♀️🏄♂️🏄♂️
အလောင်းစည်သူမင်းထုံး
နှလုံးမူပြီး🤣🤣🤣🤣
ရေကြောင်းမှာ လှေလောင်းနဲ့ပေါ့..
ဆေးသုတ်ပြင်ဆင်ပြီးပြီချစ်တို့ရေ
ငွေဆောင်ရောက်ရင်
လှေငှါးခဖရီး
အကြိုက်လှော်
သွားခြင်ရာသွား
ဂိတ်မရှိ ရဲမစစ်
Free done ဘဲနော်...
အလင်းတစ်စက်
🤣🤣🤣🤣
သား/သမီးတွေဆိုတာ
သံသရာဘဝတစ်ခုမှာ
ကိုယ်တွေရဲ့မိဘများဖြစ်ခဲ့ကြလို့
ယခုဘဝမှာ ပြန်ပြီးကျေးဇူးဆပ်နေရတာပါ
မြတ်ဗုဒ္ဓကဟောထားတယ်
သံသရာမှာ ဆွေမျိုးမတော်ဆပ်ဘူးသူမရှိဘူးတဲ့..
သေချာစွာ ပြုစုလုပ်ကျွေးကြကုန်လော့...
(စကားမဆပ် ။ နင်နဲ့ငါနဲ့ ဘာတော်လဲ ????)
🤣🤣🤣🤣☺️☺️🤣🤣🤣
လိုင်းပေါ်တွင်မက
အိမ်တိုင်ရာရောက်လာရောင်းပေးနေသော ကားပွဲစားများသိစေရန်
ဆီစားများသောကားများ မဝယ်ေသေးပါ
ချစ်သောဆွေသဟာ...
လေ့လာတိုးပွား အကျိုးများ၍ အိမ်၊ ခြံ၊ စီးပွား လိုတိုင်းတလို့ ရပါစေ..
" ပျော်ရွှင်မှုတွေနားခိုရာ..
CHANCELLOR VILLA "
**************************
မှ
ကြိုဆိုပါသည် ။
🙏🙏🙏🙏🙏🙏🙏
ကိုယ့်အပေါ်မကောင်းတာကိုသိသားနဲ့
ဘာလို့ကောင်းနေတာလဲ? တဲ့
သိတယ်လေ ကလေးမှမဟုတ်ဘဲ
ကောင်းတဲ့လူတွေရော မကောင်းတဲ့လူတွေရော
အကုန်သိပါတယ်
အစကတည်းက
သူတို့ကောင်းတာကို မျှော်လင့်ပြီး
ကောင်းခဲ့တာမှ မဟုတ်ဘဲ
ကိုယ်တတ်နိုင်သလောက်ကောင်းပေးမယ်လို့ပဲ
စိတ်ထဲရှိတယ်
နေမင်းကြီးက သူ့အလင်းရောင်တွေကို
ဘယ်လောက်ပေးပေး မှိန်သွားမယ် မထင်လို့ပါ
ဒါပေမဲ့
လက်ခံတဲ့သူတွေက တန်ဖိုးထားမယ်ဆိုရင်
တောက်ပတဲ့ အလင်းရောင်တွေနဲ့ပျော်ရွှင်ရပြီး
လက်ခံတဲ့သူတွေက တန်ဖိုးမထား
မသိတတ်ဘူးဆိုရင်တော့
ပူလောင်ခြင်းတွေကိုပဲ သူတို့ရလိမ့်မယ်
ဘယ်အရာမဆို
စေတနာအပြည့်နဲ့ လုပ်ပေးလိုက်ပါ။
လောကကြီးက မျှတပါတယ်။
အလုပ်အကိုင် လုပ်ငန်းများ အောင်မြင်တိုးတက်ကြပါစေ။
Seize The Opportunities!
Credit
Home Chancellor Co.,Ltd.
ကတည်ဆောက်ပေးသည့်
#ပျော်ရွှင်မှုတွေနားခိုရာ #
""CHANCELLOR VILLA ""
---------------
💝 သားစဥ်မြေးဆက် အပိုင်ယူ
💝မြိ့ထဲမှာနေ
💝စျေးကွက်အလားအလာကောင်း
💝စာသင်ကျောင်းဘေး
💝ထရန်စဖေါ်မာရှေ့
💝၂၈ပေအကျယ်ကွန်ကရစ်လမ်းရှိ
# မြို့ခြံအမည်ပေါက် ပိုင်ဆိုင်မည့်
# တန်ဘိုးနည်း
# ထန်းတပင်မြို့ အမှတ်( ၅)ရပ်ကွက် မိန်းလမ်းမကြီးပေါ်
# ခြံပြုပြင်ပြီး ( ရေမြောင်းကွန်ကရစ်)
# ခြံစည်းရိုး ပတ်ကားခတ်ပြီး
တန်ဘိုးချိုချိုလေးနဲ့ပိုင်ဆိုင်နိုင်ပါပြီ ချစ်တို့ရေ...
အကျယ်အဝန်း
ပေ ၂၀ x ပေ ၇၀
$$ လက်ငင်းငွေခြေ စျေးချို
( 130 သိန်း)
$$ (၁၂လ)အရစ်ကျပေး အေးအေးဆေးဆေး
( 150 သိန်း)
ဝယ်ယူပိုင်ဆိုင်နိုင်ပါပြီနော်
09 513 7353
09 691 678 983
ကိုဆက်ပေးနော်.....
(တန်ဘိုးက အချိုဆုံး အတန်ဆုံး နေရာကောင်းလေးမို့
အမြန်နေရာဦးလိုက်တော့နော်)
💝💝💝💝💝💝💝💝💝
Home Chancellor Co.,Ltd. Home Improvement
မြေ
-
မြေဆိုတာ ငွေမလိုရင် မရောင်းရဘူး။
အခက်ခဲ ဖြစ်နေလို့ မဖြစ်မနေ
ရောင်းရတာကိုတော့ မဆိုလိုပါဘူး။
-
လက်ထဲ ငွေ အပိုရှိရင် မြေထပ်ဝယ်
ဘယ်နေရာမှာ ဝယ်ရမလဲဆိုရင်
ရတဲ့နေရာမှာဝယ်ထား။။
ကျပ်ငွေကို လက်ထဲမှာ ဘယ်တော့မှ မထားနဲ့။
-
မြေဆိုတာ
မရောင်းဘဲ ကြာကြာထားလေ
ကောင်းလေပဲ။
-
ဘယ်အချိန် အထိ ထားရမလဲ ဆိုရင်
ထားနိုင်သလောက်ထား။
-
ရောင်းပြီးရင်လည်း
အစားပြန်ဝယ်နိုင်အောင် ဝယ်ရတယ်
မဝယ်နိုင်ရင် ရှုံးတယ်။
-
ဘာရှုံးတာလဲ ဆိုရင် နေရာရှုံးတယ်
ဒါကို သိရင်
ကိုယ်တိုင်စည်းစားလုပ်ကြပါလို့
အကြံ ပြု လိုက်ပါတယ်။
-
စွန်းစားခန်းတွေနဲ့ လုပ်ရတဲ့
စီးပွားရေးမှာ မြေဆိုတဲ့
တစ်ခုတည်းသော-အလုပ်က
ဘဝ တွေ ကို ပြောင်းလဲသွားအောင်
လုပ်ဆောင်ပေးနိုင်တယ်ဆိုတာ သင် တစ်နေ့ လက်ခံ လာပါလိမ့်မယ်။
-
မိမိပိုင်ဆိုင်မဲ့မြေဟာ မိမိအမည်ပေါက်ဂရန်မြေဖြစ်ရမယ်လို့ ဆုံးဖြတ်ထားတဲ့
ဘောစိကိုကို/မမများရေ...
နေရာကောင်း လမ်းမကြီးပေါ်
စျေးတန်တန်လေးနဲ့
လိုခြင်ရင်တော့...
Home Chancellor Co.,Ltd.
Ph; 09 513 7353,
09 691 678 983
ကိုဆက်ပေးပါနော်....
အများကြီးမကျန်တော့လို့ပါ
( လက်ဦးမှုရယူသွားတဲ့ ဘောစိကိုချိုတို့ မိသားစု ဆထက်တိုး အောင်မြင်ပါစေဗျာ)
Crd
ယနေ့မှစ၍ ဘဝရဲ့အချိန်ပေါင်းမြောက်များစွာတွင် သကြားသီးလေးလို အမြဲချိုမြိန်နိုင်ပါစေအချစ်တို့ရေ....
💖💖💖💖💖💖💖
ဓမ္မတာသဘော
**********
ဆုံလာရေစက်
ကုန်သည့်ရက်
ခွဲထွက်ကြရာ ဓမ္မတာ ။
မုန်းလည်းခဏ
ချစ်မဝ
ခွဲရမည်သာ ဓမ္မတာ ။
မချစ်ယှဥ်တွဲ
ချစ်သူကွဲ
ဖြစ်မြဲဓမ္မတာ ဤလူ့ရွာ ။
မြဲတာမရှိ
အဲဒါသိ
စွဲငြိတဏှာ မရှိပါ ။
တဏှာကုန်ခမ်း
နိဗ္ဗာန်နန်း
စံမြန်းနိုင်မှာ လွန်သေချာ ။
မိုက်ကယ်ဂျက်ဆင်ဟာ အသက်(၁၅၀)လောက်ထိ နေသွားချင်ခဲ့ပါတယ်။ ဒါကြောင့် ဆံဖျားကနေ ခြေမအဆုံး သူ့ရဲ့ကျန်းမာရေးကို စောင့်ရှောက်ဖို့ မိသားစုဆရာဝန် (၁၂)ယောက်ထိ သူခန့်ထားခဲ့တယ်။
သူ နေ့စဉ်စားမယ့် အစားအသောက်တွေကိုလည်း ဓာတ်ခွဲခန်းမှ ဂရုတစိုက်စစ်ဆေးပြီးမှသာ စားသောက်လေ့ရှိပါတယ်။ သူ့ရဲ့ နေ့စဉ်ကျန်းမာရေး လေ့ကျင့်ခန်းများကို ကြပ်မတ်ပေးဖို့ ဝန်ထမ်း(၁၅)ယောက်လောက် ထပ်မံခန့်အပ်ထားခဲ့တာပါ။
သူ့ရဲ့ အိပ်ယာမှာ အောက်စီဂျင်ပမာဏကို ထိန်းညှိပေးနိုင်တဲ့ နည်းပညာကို အသုံးပြုထားပါတယ်။ ဆေးပညာအရ အစားထိုးလို့ရနိုင်တဲ့ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းအမျိုးမျိုးကို လှူဒါန်းမယ့်သူတွေကလည်း တစ်ခုခုဆို မိုက်ကယ်ဂျက်ဆင် အတွက် တန်းလှူနိုင်ဖို့ အသင့်ရှိနေပါတယ်။ သူတို့ရဲ့စားဝတ်နေရေးကို မိုက်ကယ်ဂျက်ဆင်ကပဲ ထောက်ပံ့ပေးထားရတာဖြစ်ပါတယ်။
ဒီလိုအဖက်ဖက်က ဂရုတစိုက်ပြင်ဆင်ထားပြီးနောက် သူဟာ အသက်(၁၅၀)လောက်ထိနေသွားနိုင်မယ်လို့ ယုံကြည်နေခဲ့ပါတယ်။ ဒါပေမယ့် သူ မအောင်မြင်ခဲ့ပါဘူး.....
(၂၀၀၉)ခုနှစ် ၊ ဇွန်လ (၂၅)ရက် သူ့ အသက်(၅၀)နှစ် အရွယ်မှာတော့ မိုက်ကယ်ဂျက်ဆင် ရဲ့ နှလုံးဟာ လုံးဝအလုပ်မလုပ်တော့ပါဘူး။ မိသားစုဆရာဝန်(၁၂)ယောက် အပါအဝင် အခြားသောဆရာဝန်ကြီးများစွာ ဝိုင်းဝန်းကြိုးစားခဲ့ကြပေမယ့် သူတို့ဟာ မိုက်ကယ်ဂျက်ဆင် ကို မကယ်တင်နိုင်ခဲ့ကြဘူး။ (၂၅)နှစ်လုံးလုံး ဆရာဝန်ညွှန်ကြားချက်မပါဘဲ ခြေတစ်လှမ်းတောင် မလှမ်းတဲ့သူတစ်ယောက်ဟာ အသက်(၁၅၀)ပြည့်အောင် နေချင်ပေမယ့် မနေခဲ့ရပါဘူး။
မိုက်ကယ်ဂျက်ဆင်ရဲ့စျာပနအခမ်းအနားကို လူပေါင်း(၂)သန်းခွဲလောက်က တိုက်ရိုက်ကြည့်ရှုခဲ့ကြပြီး ဒါဟာ ယနေ့အချိန်ထိ စံချိန်မှတ်တမ်းတစ်ရပ်အဖြစ် ရှိနေဆဲဖြစ်ပါတယ်။ သူကွယ်လွန်တဲ့ (၂၀၀၉)ခုနှစ် ၊ ဇွန်လ (၂၅)ရက် ဒေသစံတော်ချိန် ညနေ(03:15)မှာ Wikipedia, Twitterနဲ့ AOL's instant messenger တို့ဟာ လုံးဝပြတ်တောက်သွားသည်အထိ ဖြစ်ခဲ့တယ်။ လူပေါင်းရှစ်သိန်းလောက်က Google မှာ မိုက်ကယ်ဂျက်ဆင် နာမည်ကို တစ်ပြိုင်နက်ရှာဖွေခဲ့ကြတယ်လို့ မှတ်တမ်းတွေကဆိုပါတယ်။
မိုက်ကယ်ဂျက်ဆင်ဟာ သေခြင်းတရားကို စိန်ခေါ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း သေခြင်းတရားကသာ သူ့ကိုပြန်လည်စိန်ခေါ်သွားခဲ့ပါတယ်။
ဒီနေ့ကမ္ဘာမှာတော့ ရုပ်ဝတ္ထုပစ္စည်းတွေ အံ့မခန်းတိုးတက်ထွန်းကားနေတာဖြစ်လို့ ကျွန်တော်တို့အားလုံးဟာ အဲဒီနောက်ကို တကောက်ကောက်လိုက်နေကြရတယ်။ ဒါကိုမှားတယ်လို့လည်း ပြောလို့မရပါဘူး။ ရုပ်ဝတ္ထုများကို ဗဟိုပြုပြီး လည်ပတ်နေတဲ့ ကမ္ဘာတစ်ခုဖြစ်လာတာကြောင့် ကျွန်တော်တို့ဟာ အဲဒီနောက်ကိုလိုက်ကြရမှာပဲ။ ဒါပေမယ့် နေ့မအားညမနား လိုက်နေတာကရော အဓိပ္ပါယ်ရှိပါ့မလား။
ကျွန်တော်တို့ဟာ တစ်ပတ်ကိုတစ်ခါလောက် မိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်းတွေကို အချိန်ပေးဖြစ်ခဲ့ကြလို့လား။ ကျွန်တော်တို့ဟာ ကိုယ်ရှာထားတဲ့ပိုက်ဆံရဲ့ ဆယ်ပုံတစ်ပုံလောက်ကိုတောင် ကိုယ့်ကိုပျော်ရွှင်စေမယ့် အရာတွေအတွက် သုံးဖြစ်ခဲ့ကြရဲ့လား။ ဒါကြောင့် ကျွန်တော်တို့ဟာ ကိုယ့်အတွက်ကိုယ် အချိန်နည်းနည်းပေးဖို့၊ ကိုယ့်ပျော်ရွှင်မှုအတွက် ကိုယ်ပိုက်ဆံနည်းနည်းသုံးဖို့ လိုပါလိမ့်မယ်။
တကယ်တမ်း သေသေချာချာ စဉ်းစားကြည့်မယ်ဆိုရင် ကျွန်တော်တို့ပိုင်တာ ဘာမှမရှိပါဘူး။ စာရွက်စာတမ်းတွေပေါ်မှာ ကျွန်တော်တို့နာမည် ခဏလေးရေးထိုးထားခွင့်ရရုံနဲ့ ကျွန်တော်တို့ဟာ ကိုယ်ပိုင်ပြီလို့ အထင်ရောက်နေခဲ့ကြတာပါ။
" ဒါ ငါ့အိမ် ၊ ဒါ ငါ့ကား "စသဖြင့် ကျွန်တော်တို့ ကြွေးကြော်လိုက်တိုင်းမှာ သေခြင်းကပြုံးနေလိမ့်မယ်ထင်ပါတယ်။
ချမ်းသာအောင် လုပ်စရာမလိုဘူးလို့ ကျွန်တော်ဆိုလိုတာမဟုတ်ပါဘူး။ ဆင်းရဲတာနဲ့စာရင် ချမ်းသာတာက အဆပေါင်းများစွာ ပိုကောင်းပါတယ်။ ချမ်းသာတာက ပြဿနာ တစ်ခုမဟုတ်ပါဘူး။ ပိုက်ဆံချည်းပဲ ချမ်းသာနေပြီး စိတ်မချမ်းသာရတာကသာ ပြဿနာဖြစ်ပါတယ်။ ကျွန်တော်တို့က ကိုယ့်ဘဝကို ကိုယ့်စိတ်တိုင်းကျ အသုံးချဖို့လိုပါတယ်။ ဒါမှမဟုတ် ဘဝက ကိုယ့်ကိုပြန်ပြီး အသုံးချသွားပါလိမ့်မယ်။
တကယ်တော့ ဘဝမှာနေပျော်ဖို့အတွက် အရေးအကြီးဆုံးက ရောင့်ရဲမှု ၊ ကိုယ့်ဘဝကိုယ် စိတ်ကျေနပ်မှုနဲ့
စိတ်အေးချမ်းမှုတွေပဲ ဖြစ်ပါတယ်။
စိတ်မကောင်းစရာ တစ်ခုကတော့
အဲဒီအရာတွေကို ဘယ်မှာမှ ဝယ်လို့မရနိုင်တာပါပဲ။
to orignal writer
📢 ဂရမ်မြေစစ်စစ် 📢 ( Company တိုက်ရိုက်ရောင်းချသည်)
🏪Mini markဖွင့်မလား / အေးဂျင့်ဆိုင်ဖွင့်မလား🏪
🚗ကားလမ်းဘေးဆိုတော့ ဘာစီးပွားရေးလုပ်လုပ်🚗
အဆင်ပြေတယ် / စျေးတန်တန်လေးနဲ့ရောင်းပေးမယ်😉😉😉
🤩PROJECT ROSE (ခိုင်မာတန်တန်ဂရမ်မြေအိမ်ယာအစီအစဥ်)🤩
ရှေ့မျက်နှာစာ ပေ၂၀ × နောက်ရှိပေ၇၀ထိ ကျယ်ဝန်းသောလမ်းမကြီးမေးတင်အကွက်များ
( ROSE01 To ROSE-09 )
စျေးနှုန်း = 3++ Lakh
{ ပေ၄၀ ကွန်ဂရစ်ခင်း ရေမြောင်းဖုံးစနစ်ပါရှိပါသည် }💁♂️💁♂️💁♂️
ကျောကပ် ပေ၂၀ × ပေ ၆၀ ( ROSE-10 To ROSE-19 )
စျေးနှုန်း = 2++ Lakh
ခြံကွက်များရှေ့
{ ပေ၂၀ ကွန်ဂရစ်လမ်းအကျယ်ပါရှိပါသည် }
💁♂️💁♂️💁♂️
ငွေသွင်းစနစ်
အကြေချေ - a lot of disscount😲😲😲
အရစ်ကျ - ကနဦး သိန်း(၃၀)/ ၁၂လအရစ်ကျစနစ်😊😊😊
ကုန်စုံဆိုင်၊ စားသောက်ဆိုင်၊ ဆီပန့်၊ အထက်တန်းကျောင်း၊ တန်ခိုးကြီးရွှေမှော်ဖြူဘုရားဝန်း၊ ရတနာသိင်္ဂီရိပ်သာကျောင်း၊ ထန်းတပင်ဂီတအစည်းအရုံးတို့သည် ပေ(၁၀၀)ခန့်သာကွာပေးပြီး ကျေးရွာပေါင်း(၃၅)ခန့်မှ ထန်းတပင်မြို့/လှိုင်သာယာစက်မှုမြို့တော်သို့တက်သော ဆက်ကလေးလမ်းနှင့် ထန်းတပင်မြို့ဝင်လမ်းမကြီးထောင့် လမ်းဆုံလမ်းထောင့်တွင်ရှိ၍ ဘယ်စီးပွားရေးမဆို စျေးကွက်အချက်အချာကျသောနေရာတွင် တည်ရှိပါသည်။
💁အရစ်ကျလည်းရတော့ ဘာလိုသေးလဲ💁
😍ရေ/မီးလည်းအဆင်သင့်ရ😍
✅ကွင်းအမှတ် ၂၄၅-V8၊ ကျောင်းကုန်းကျေးရွာ၊ ထန်းတပင်မြို့နယ်၊ ဂရံ ခြံကွက်များ
✅ခုချိန်ငွေပိုငွေလျှံရှိသူများ ဝယ်ဥထားဖို့ကောင်းတယ်နော့
✅နောင်ချိန် အမြတ်ကြီးကြီးရမယ့်နေရာပါ။
☎️☎️☎️
ဆက်သွယ်ရန်ဖုန်း 09-5137353
09-691 678 983
သို့ဆက်သွယ်၍အသေးစိတ်မေးမြန်းနိုင်ပါသည်။
🏠စီးပွားရေးလုပ်ဖို့အတွက် အကောင်းဆုံးနေရာ🏠
📢 ဂရံမြေ 📢
ဂရံခြံကွက်က ရှေ့နောက်(19)ကွက်ပဲရှိလို့ စျေးတန်တန်နဲ့ထိုက်သူရမယ်နော်😲
ပုံမှန်ဆို လမ်းမကြီးဘေးက စျေးအဲ့ထက်ပိုမှရတယ်နော်💬
နိုင်ငံတကာစက်မှုဇုန်ကို ကမ်းပတ်လမ်းဖောက်မဲ့ဆက်ကလေးလမ်းနှင့် ထန်းတပင်မြို့ဝင်လမ်းမကြီးထောင့်မှာဖြစ်လို့ ဝယ်ဥထားချင်သူတွေအတွက် စျေးအတက်ကြမ်းပါမယ်🥰
🤩PROJECT ROSE(ခိုင်မာတန်တန်ဂရမ်မြေအိမ်ယာအစီအစဥ်)🤩
ရှေ့မျက်နှာစာ ပေ၂၀×နောက်ရှိပေ၇၀ထိ ကျယ်ဝန်းသောလမ်းမကြီးမေးတင်အကွက်များ( ROSE01 To ROSE-09 )
{ ပေ၄၀ ကွန်ဂရစ်ခင်း ရေမြောင်းဖုံးစနစ်ပါရှိပါသည် }💁♂️💁♂️💁♂️
ကျောကပ် ပေ၂၀×ပေ၆၀ ( ROSE-10 To ROSE-19 )ခြံကွက်များရှေ့
{ ပေ၂၀ ကွန်ဂရစ်လမ်းအကျယ်ပါရှိပါသည် }💁♂️💁♂️💁♂️
ငွေသွင်းစနစ်
အကြေချေ - a lot of disscount😲😲😲
အရစ်ကျ - ကနဦး သိန်း(၃၀)/ ၁၂လအရစ်ကျစနစ်😊😊😊
💁အရစ်ကျလည်းရတော့ ဘာလိုသေးလဲ💁
😍ရေ/မီးလည်းရ🥰
လမ်းမကြီးဘေးဖြစ်လို့ ဘယ်စီးပွားရေးပဲ လုပ်လုပ် အဆင်ပြေမယ့်နေရာကောင်း😉😉
✅ကွင်းအမှတ် ၂၄၅-V8၊ ကျောင်းကုန်းကျေးရွာ၊ ထန်းတပင်မြို့နယ်၊ ဂရံခြံကွက်များ
✅ခုချိန်ငွေပိုငွေလျှံရှိသူများ ဝယ်ဥထားဖို့ကောင်း
✅နောင်ချိန် အမြတ်ကြီးကြီးရမယ့်နေရာပါ
☎️☎️☎️
ဆက်သွယ်ရန်ဖုန်း 09-5137353
09-691 678 983သို့ဆက်သွယ်၍အသေးစိတ်မေးမြန်းနိုင်ပါသည်။
လူကြုံရင်မှာလို့ရအောင်ပါမြန်မာနိုင်ငံ၏ ဒေသအလိုက်ထွက်ကုန်များ
ဂန့်ဂေါ------=ယောလုံချည်
စလေ = ဇီးယို
အမရပူရ = အချိတ်လုံချည်
ပြင်ဦးလွင် = ဆွယ်တာ၊ ကော်ဖီ၊စတော်ဘယ်ရီ
ပြည် = ထမင်းသုပ်,မလိုင်လုံး
မကွေး = ပဲယို၊ နှမ်းယို
မြင်းခြံ = မလှိုင်၊ ဆေးရွက်ကြီး
ရွှေဘို = သနပ်ခါး၊ ပေါ်ဆန်းမွှေးဆန်
ကောလင်း = ကောက်ညှင်းကျည်ထောက်
မတ္တရာ = ကွမ်း
ပခုက္ကူ = နှမ်းပတ်ချဉ်
ချောက် = ပါပလာ
တောင်ကြီး = ပဲပုတ်
အင်းလေး = ကြွေမုန့်ချပ်
ပင်းတယ =လက်ဖက်ခြောက်၊လဖက်၊ကော်ဖီမှုန့်၊လဖက်ဆီ
ရေနံချောင်း = ပဲကြော်
ကျောက်မဲ = မရွေး၊ နဂါးမောက်သီး
ပျဉ်းမနား = မျစ်ချဉ်
နမ့်ဆန် = ဆီတိုဟူး
နောင်ချို = ဆန်တိုဟူး
မူဆယ် = မာလာဟင်း၊ မြေအိုးမြည်းရှည်
နောင်မွန် = လိုင်ချီးသီး
ရွှေကူ = ပုရစ်ကြော်
လားရှိုး = နှမ်းထောင်းခေါပုတ်
ရေစကြို = ထန်းသီးမုန့်
ပဲခူး = ငါးဖယ်ချဉ်
မန္တလေး = ထိုးမုန့်၊ လမုန့်၊ မုန့်တီ
နေပြည်တော် =မျှစ်ချဥ်၊နန်းစိန်ကိတ်
ပုသိမ် = ဟာလဝါ၊ ထီး
ဓနုဖြူ =သင်ဖြူးဖျာ
ဇလွန်. = ဂျင်းသုတ်
ပုဂံညောင်ဦး = ပုန်းရည်ကြီး၊ ယွန်းထည်
မုံရွာ = မြေပဲဆားလှော်
စစ်ကိုင်း = အိုး၊ ခိုတောင်မုန့်တီ
ပျော်ဘွယ် = မုန့်ကြွပ်
လက်ပံလှ = ပေါင်းတင်းကြက်ကြော်
ဗန်းမော် = မျစ်ချဉ်ခေါက်ဆွဲ
ဘိုကလေး = မုန့်ဟင်းခါး ၊မီးသွေး
မြစ်ကြီးနား = ဆားမုန့်
ဂန့်ဂေါ = ယောလုံချည်
မင်းလှ = မုန့်သြဇာ
သထုံ = သံပုရာပေါင်း
ကသာ = ငါးဖယ်ချည်
မြိတ် = ကတ်ကြေးကိုက်၊ ငံပြာရည်
တောင်ငူ = ကွမ်းသီး
သရက် = မလှိုင်လုံး
ရေး = ဒူးရင်းယို
ထားဝယ် = ငါးမုန့်
အရာတော် = သနပ်ခါး၊ထန်းညှက်
ရန်ကုန် =ခါးပိုက်နိုက်
Home Chancellor Co.,Ltd.
🚘စျေးကွက်နေရာကောင်း
💞 တန်ဘိုးသင့်
🚘 မိန်းလမ်းမကြီးပေါ်
💝 အမည်ပေါက်ရမည့်
ဂရန်မြေ
☎️ 095137353,09691678983
😏"ဟဲ့ ရွှေစျေး ဒီနေ့ ၁၃ သိန်းဖြစ်သွားပီဟ"
😴 နေ့လည်နေ့ခင်းအိပ်ရင်းအိပ်ယာထဲကမထချင်ထချင်နဲ့ ထလာတုန်းရှိသေး...
သူငယ်ချင်းဖြစ်သူကအမောတကောလာပြောတယ်။
🤨"ဘာ ...မနေ့ကမှ ၃၇ သိန်းကျော်ကို ဘာ ၁၃သိန်းလဲ"
😌"အေးပါဆို ငါတောင်အံ့ဩလို့ စျေးကျတုန်းဆိုပြီး ဒီမှာတစ်ကျပ်သားတကုံးလုပ်ခဲ့သေးတယ်"
သူပြတဲ့ဘောက်ချာကိုအသေအချာပြူးပြဲကြည့်တော့ ဟုတ်သားပဲ ....နာမည်ကြီးရွှေဆိုင်ရဲ့ ဒီနေ့ ဒိတ်နဲ့စျေး ၁၃၀၀၀၀၀၀ တဲ့..
🙂"အေး...နင်လည်း ရှိတဲ့ပိုက်ဆံလေးနဲ့သွားဝယ်ထားအုံး"
ကျမလည်းခေါင်းနပန်းတွေကြီးသွားတယ်..ဘာတေဖြစ်ကုန်တာလဲပေါ့..အို ဘာဖြစ်ဖြစ်ဘာအရေးလဲ ကိုယ်လည်းဝယ်ထားမှ...…အဲဒါနဲ့ ရှိတဲ့ပိုက်ဆံတွေအိတ်ထဲစုထည့်...ဆိုင်ကယ်ကိုနှိုးပြီး ထွက်လာလိုက်တယ် ဒါမျိူးလက်လွတ်ခံလို့မဖြစ်ဘူး...
🏍️ ဆိုင်ကယ်ကဆီထည့်ရအုံးမှာ..ဆီဆိုင်ရှေ့ရပ်ပြီး ဆီထည့်ဖို့ပြင်တယ်..
😊"ဘယ်လောက်ဖိုးထည့်မလဲ ညီမလေး"
အံမယ် ဆီဆိုင်က အသက်၂၀လောက်ရှိတဲ့ကလေးမက ညီမလေးတဲ့..စိတ်ထဲကြိတ်ပြုံးရင်း တယ်နုတဲ့ငါပါ့လားပေါ့..ပီတိဖြစ်နေလို့မရသေးဘူး အပြေးအလွှားစိတ်တွက်တွက်ရသေးတယ် 'အွန်း ရွှေလုပ်မှာဆိုတော့ ပိုက်ဆံသိပ်လျော့သွားလို့မဖြစ် ဆီကျန်လေးနဲ့ဆိုတော့ တစ်လီတာလောက်ဆိုအသွားအပြန်ရမှာ'ဆိုပြီး..
🙂"တစ်လီတာပဲထည့်မယ်နော်"
ဆီပန့်လေးကိုင်ပြီးသူကဆီထည့်ပေးတယ် ကျမလည်း တစ်ထောင်တန်နှစ်ရွက်နဲ့ငါးရာတန်တစ်ရွက်ထုတ်ပေးလိုက်တယ်..ကောင်မလေးကနားမလည်သလိုပြန်ကြည့်ရင်း
🤨"တစ်လီတာ ၁၀၀၀ ပဲလေ "
တဲ့
😱" ဘာ..."
အံဩမှုအပေါင်း ကုဋေကုဋာနဲ့ပေါ့...စိတ်တွက်နဲ့အမြန်တွက်တယ် ..ရွာမှာ ၂၅၀၀ ဆိုတော့ ..
☺️"အာ့ဆို ၂၀လီတာဝင် ၅ပုံးယူမယ် ..ငွေရှင်းထားခဲ့မယ် အပြန်မှကားနဲ့ဝင်သယ်မယ်နော်.."ဆိုပြီး ရှင်းထားခဲ့တယ်
ရွှေဆိုင်က ကိုယ့်အမွေဆိုင်ရွှေဆိုင်ဆိုတော့ အကြွေးထားလို့ရပါသေးတယ်လေလို့တွေးပြီး ဆီရောင်းလို့မြတ်တဲ့အမြတ်နဲ့မှပြန်ဆပ်မယ်ပေါ့...။
🙂စျေးထဲစျေးဝင်ဝယ်တော့လည်း အရင်တပတ်ကနဲ့မတူ ဘာလို့စျေးကအဲလောက်ကျနေရတာလဲပေါ့ ကြည့်လေ...
ခရမ်းချဥ်သီး တစ်ပိဿာ ၅၀၀
ငါးဘတ်တစ်ပိဿာ ၆၀၀၀
ပုဇွန်မတုတ်တတုတ် တပိဿာ ၈၀၀၀
😊ပီတိတွေဖြာပြီး ဝယ်ချပစ်လိုက်တယ်အစုံ...။
ဘယ်လောက်ပီတိဖြစ်နေမိလည်း စျေးလယ်ကောင်မှာပြုံးရင်းနဲ့ မျက်လုံးကိုမဖွင့်နိုင်တော့ဘူး...တစ်ယောက်တည်းကုလားက ကနေလောက်အောင်ကိုပျော်တာ
"" ဘုန်း ""
အသံကြားလို့မျက်လုံးဖွင့်ကြည့်လိုက်တယ်
😮😮 "ဟာ"
အနားမှာမြင်လိုက်ရတာက အိမ်က ယွကျား..။ သူကမျက်လုံးပြူးပြီး "ဘာဖြစ်တာတုန်းဟ" တဲ့။
"စျေးတွေကျကုန်ပြီ"
😒ယွကျားကမျက်စောင်းထိုးပြီး
😒😒"စျေးတော့မကျဘူး နင်ပဲအိပ်နေရင်းကုတင်ပေါ်ကပြုတ်ကျတာ"တဲ့
😖😖😖😖😞 အော် လက်စသပ်တော့အိပ်မက်ကို ..ထင်တော့ထင်ပါတယ် ..အပြင်မှာ တခါမှမှ ဆိုင်ကယ်ကိုယ်တိုင်မစီးဖူးပဲနဲ့ဟာကို..အဲ့နားကတည်းကအိပ်မက်မှန်းသိလိုက်ရမှာ...🤭🤭😆😆😆။
အရင်စျေးရဲ့ အချစ်ကြေးတွေနဲ့ရမှာ...
Home Chancellor Co.,Ltd.
ဂရန်မြေဘဲရှိတော့တယ်နော် ..
Photo crd
...
အရာရာဟာ ကောင်းဖို့ ဖြစ်လာတာပါ✅
----------------------------------------------------------
ဟိုးရှေးရှေးတုန်းက ဘုရင်တစ်ပါးရဲ့
အတိုင်ပင်ခံ အမတ်ကြီးတစ်ပါးဟာ
အင်မတန်မှ
အကောင်းမြင်တတ်သတဲ့။
ဘုရင်ကြီးက
တစ်ခုခုတိုင်ပင်လိုက်တိုင်း
အကောင်းမြင်တဲ့ဘက်ကနေပဲ
ဆွေးနွေးပါသတဲ့။
အကောင်းမြင်
အပြုသဘော ဆွေးနွေးတော့
တော်ရုံ အပြစ်တွေတောင်
အပြုသဘောဆောင်ပြီး
တစ်ဦးနဲ့တစ်ဦး ချစ်ချစ်ခင်ခင်
စည်းစည်းလုံးလုံးနဲ့
ပြဿနာတွေကို ပျော်ရွှင်စွာ
ဖြေရှင်းနိုင်ခဲ့တာ ချည်းပဲတဲ့။
တစ်နေ့မှာတော့
ဘုရင်ကြီးရဲ့လက်မမှာ
ပြည်တည်နာကြီး ပေါက်လာသတဲ့။
အတိုင်ပင်ခံကြီးကို ခေါ်တိုင်ပင်တော့
"အရှင်ဘုရားစိတ်မပူပါနဲ့
ဆေးလိမ်းဆေးသောက်ရင်
ပျောက်သွားမှာပါ
ကောင်းဖို့ဖြစ်လာတာပါဘုရား " လို့
လျှောက်တင်သတဲ့။
ဒီလိုနဲ့ဘုရင်ကြီးရဲ့လက်ဟာ မသက်သာပဲ
ဖြတ်လိုက်ရပါတော့တယ်။
အဲဒီလိုနဲ့
အင်္ဂါမစုံတဲ့ဘုရင်ကြီး ဖြစ်သွားတော့တာပေါ့။
အဲဒီတော့
ဘုရင်ကြီးလည်း
စိတ်မသက်မသာဖြစ်ပြီး
အတိုင်ပင်ခံကြီးနဲ့
စိတ်ပြေလက်ပျောက်စကားပြောဖို့
ခေါ်လိုက်တော့တာပေါ့။
ဒီတော့ အတိုင်ပင်ခံကြီးက
"ကောင်းဖို့ဖြစ်လာတာပါဘုရား"လို့
ထပ်ပြီး ဖြေသိမ့်ပြန်တော့
ဘုရင်ကြီးက
စိတ်ဆိုးပြီး အတိုင်ပင်ခံကြီးကို
"ဒီလောက်တောင်
ကောင်းဖို့ဖြစ်လာရင်
ဆရာကြီးခဏလောက်
အကျဉ်းတိုက်ထဲသွားနေချည်လို့"
ဆိုပြီး အကျဉ်းချထားလိုက်ပါတယ်။
တစ်ရက်မှာတော့
ဘုရင်ကြီးဟာ စိတ်အပန်းပြေစေဖို့
အတွက် တောကစားထွက်ခဲ့တယ်။
စိတ်နဲ့လူနဲ့
သိပ်မကပ်တဲ့ဘုရင်ကြီးဟာ
ကိုယ်ရံတော်တွေနဲ့ကွဲသွားပြီး
ယစ်ပူဇော်တဲ့ဓလေ့ရှိတဲ့ လူမျိုးစုတွေရဲ့
ဖမ်းဆီးခြင်းကိုခံရပြီး
သူတို့က ဘုရင်ကြီးကို
ယစ်ပူဇော်ဖို့ လုပ်ကြသတဲ့။
ဘုရင်ကြီးလည်း
ပြည်တည်နာပေါက်ကတည်းက
ဂြိုလ်ဆိုးဝင်ခဲ့တာ
ခုဆို သေရမယ့် အဆင့်ထိတောင်
ရောက်လာပါလားလို့ တွေးရင်း
စိတ်ဆင်းရဲနေတာပေါ့။
ယစ်ပူဇော်ဖို့
ဘုရင်ကြီးကို ရေချိုးပေး
အမွှေးနံသာလိမ်းပေးချိန်မှာ
ဘုရင်ကြီးရဲ့လက်မ
ပြတ်နေတာကို တွေ့သွားကြသတဲ့။
ဒီတော့ အင်္ဂါမစုံတဲ့သူနဲ့
ယစ်ပူဇော်လို့မရတာကြောင့်
ဘုရင်ကြီးကိုပြန်လွှတ်ပေးလိုက်ကြတယ်။
ဒီတော့မှ ဘုရင်ကြီးဟာ...
"ဝိုး. .ကောင်းဖို့ဖြစ်လာတာ. .
ကောင်းဖို့ဖြစ်လာတာ" ဆိုပြီး. . .
ပျော်ရွှင်စွာနဲ့ နန်းတော်ကိုပြန်လာခဲ့တယ်။
နန်းတော်ကိုရောက်ရောက်ချင်းပဲ
ဆရာကြီးကို အကျဉ်းတိုက်က လွှတ်စေပြီး
ခစားခိုင်းသတဲ့။
"ဆရာကြီး ခင်ဗျားပြောတာမှန်တယ်ဗျာ။
ကျနော့်အတွက်ကောင်းဖို့ ဖြစ်လာတာဗျ။
ဒါပေမဲ့
ခင်ဗျားအတွက်တော့
အကျဉ်းကျပြီး အနေဆင်းရဲ
အစားဆင်းရဲ ဖြစ်သွားတယ်ဗျာ။
အဲဒီအတွက်တော့
စိတ်မကောင်းပါဘူး ဆရာကြီး "လို့
ပြောလိုက်တယ်။
ဆရာကြီးကပြုံးပြုံးကြီးနဲ့
"ကျနော်မျိုးအတွက်လည်း
ကောင်းဖို့ဖြစ်ခဲ့တာပါဘုရားတဲ့။
တကယ်လို့
ကျနော်မျိုးသာ အကျဉ်းမကျရင်
မင်းကြီးနဲ့တူတူလိုက်ရမှာမို့
အဖမ်းခံရတဲ့အခါ ဘုရင်နဲ့ကျနော်
နှစ်ဦးဖမ်းခံရမှာပါ။
ဒီအချိန်မှာ
အင်္ဂါစုံသူ ကျနော်ဟာ
ကိုယ်စားယစ်ပူဇော်ခံရပြီး
အသက်နဲ့ကိုယ် အိုးစားကွဲမှာပါဘုရား
အခုတော့
အကျဉ်းတိုက်ထဲမှာ အနားရလို့
ကောင်းဖို့ဖြစ်လာတာပါဘုရား " တဲ့။
ဘုရင်ကြီးကလည်း
ကောင်းပါလေ့ဆရာကြီးရယ်လို့
ပြောပြီး တဟားဟားနဲ့
အားရပါးရ ရယ်ကြပါသတဲ့။
#ကျနော်တို့ ဘဝမှာလည်း
တစ်ခါတရံ အခက်အခဲလေးတွေ
အတိုက်အခိုက်လေးတွေ ကြုံတွေ့လာရတဲ့အခါ
လူတော်တော်များများက
စိတ်ပျက်ညီးညူတတ်ကြတယ်။
အမှန်တော့
အဲဒီအခက်အခဲတွေအတိုက်အခိုက်တွေ
ဆိုတာ နောင်တစ်ချိန် အရာရာအတွက်
ကောင်းဖို့ဖြစ်လာတာပါ။
#ဒါကြောင့် မိတ်ဆွေတို့ဘဝမှာ
ဘယ်လိုအခက်အခဲပဲကြုံကြုံ
ဘယ်လိုအတိုက်အခိုက်ပဲကြုံကြုံ
ကောင်းဖို့ဖြစ်လာတာလို့ စိတ်ထဲမှာမှတ်ပါ။
ခုလည်းပဲ
ဒီစာကိုဖတ်ဖြစ်သွားတာဟာ
မိတ်ဆွေအတွက်
ကောင်းဖို့ဖြစ်လာတာပါခင်ဗျ။
#အရာရာဟာကောင်းဖို့ဖြစ်လာတာပါ
Credit. .
ပြန်လည်မျှဝေသည်
TMA
Photo ( Apple )
ညီအကိုနှစ်ယောက်
ကိုယ်နေမဲ့အိမ် ကိုယ်တိုင်ဆောက်
🟠🟡🟢🟣🟠🟡🟣🧐
"သော့" မေ့ကျန်ခဲ့တာသိပြီလား ❓️
ကုမ္ပဏီကြီးတစ်ခုရဲ့ ၀န်ထမ်းအမျိုးသား ၃ ဦးဟာ အစည်းအဝေးတက်ဖို့ မြို့တမြို့ကို ရောက်လာကြတယ်၊ ကြိုတင်စီစဉ်ပေးထားတဲ့ ဟိုတယ်ကြီးတစ်ခုမှာ တည်းကြတာ သူတို့နေရတဲ့ အခန်းက ဟိုတယ်ကြီးရဲ့ အထပ် ၆၀ မှာ...
သူတို့ရောက်တဲ့နေ့ ညနေပိုင်းမှာ အပြင်ထွက်လည်ဖို့ လုပ်ကြတယ်။ အခန်းသော့ကို မြေညီထပ်က ဧည့်ကြိုကောင်တာမှာ အပ်နေစဉ်မှာ ဟိုတယ်၀န်ထမ်းက သူတို့ကို ပြောလိုက်ပါတယ်။ ဟိုတယ်က ဓါတ်လှေကားတွေကို ပြုပြင်စရာရှိလို့ ည ၁၂ နာရီကျော်ရင် ပိတ်ထားမှာမို့ အသုံးပြုလို့ မရပါဘူးတဲ့။
သူတို့ ၃ ယောက်လည်း ညစောစောပြန်မယ်ဆိုပြီး မြိုရဲ့ ညပိုင်းလူစည်ကားတဲ့ နေရာတွေကို လျှောက်ကြည့်ကြတယ်။ အတော်မိုးချုပ်မှ ဟိုတယ်ကို ပြန်ရောက်လာကြတယ်။ ည ၁၂ နာရီကျော်နေပြီမို့ ဓါတ်လှေကားတွေအားလုံး ပိတ်ထားတာကို တွေ့လိုက်ရတယ်။
သူတို့ ၃ ယောက်စလုံးဟာ ကျန်းမာရေးလိုက်စားပြီး သန်မာသူတွေမို့ သူတို့အခန်းကို လှေကားကနေ လမ်းလျှောက်တက်ကြမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။
#အကြံပေး
သူတို့ လှေကားပေါ် စမတက်ခင်မှာ တစ်ယောက်က ခုလို အကြံပေးတယ်။
အထပ် ၆၀ အထိ တက်ရမှာဆိုတော့ အချိန်အကြာကြီးကွာ။ ပျင်းစရာကြီး။ ဒီတော့ အပျင်းလည်းပြေ၊ အချိန်လည်း အကုန်မြန်အောင် ငါတို့ထဲက တစ်ယောက်က အထပ် ၂၀ အထိ တက်နေတုန်းမှာ ဟာသတွေ ပြောမယ်။
အထပ် ၂၀ ရောက်ရင် နောက်တစ်ယောက်က အလုပ်ထဲက အတွေ့အကြုံတွေကို ပြောမယ်။
အထပ် ၄၀ ရောက်ရင် နောက်ဆုံးတစ်ယောက်က ငါတို့အခန်းရှိတဲ့ အထပ် ၆၀ ရောက်တဲ့အထိ လွမ်းစရာ ဆွေးစရာအကြောင်းလေးတွေ ပြောကြမယ်ကွာ။ ကဲ အားလုံးသဘောတူကြလား”
အားလုံး သဘောတူကြတယ်။ လှေကားကို စတက်တာနဲ့ ပထမဆုံးတစ်ယောက်က ဟာသတွေ ပြောတယ်။ ကျန် ၂ ယောက်ကလည်း သူပြောတာတွေကို ရယ်မောကြရင်းနဲ့ အထပ် ၂၀ ကို ရောက်လာကြတယ်။
ဒုတိယတစ်ယောက်ကလည်း အလုပ်ထဲမှာ သူကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ ပျော်စရာလေးတွေ၊ သူရလိုက်တဲ့ အတွေ့အကြုံတွေကို ပြောပြတယ်။ ကျန် ၂ ယောက်ကလည်း သူတို့ အတွေ့အကြုံတွေကိုပါ ပြောပြဆွေးနွေးကြရင်းနဲ့ အထပ် ၄၀ ကို ရောက်လာကြတယ်။
စကားပြောရင်း အချိန်ကုန်တာ မှန်ပေမယ့် သူတို့ ၃ ယောက်စလုံးဟာ ခြေထောက်တွေနာ အတော်လည်း မောဟိုက်နေကြလို့ မထပ်၄၀ လှေကားထစ်မှာ ထိုင်ပြီး နားနေလိုက်ကြတယ်။
၁၅ မိနစ်လောက် ကြာတော့ သူတို့အားလုံး လှေကားကနေ ဆက်တက်ဖို့ အားယူထလိုက်ကြတယ်။ အခု အထပ် ၄၀ ကနေ စတက်ကြတော့မှာမို့ လွမ်းစရာ ဆွေးစရာ အကြောင်းတွေကို ပြောရမယ့် နောက်ဆုံးလူက ခုလို စကားစပြောလိုက်ပါတယ်။
ငါ မင်းတို့ကို ၀မ်းနည်းစရာအကောင်းဆုံး အကြောင်းအရာကို စပြောမယ်ကွာ။ အဲဒါက ငါတို့ အခန်းသော့ကို ဧည့်ကြိုကောင်တာက ယူမလာခဲ့မိဘူး တဲ့။
ဒီအဖြစ်အပျက်လေးဟာ ဟာသတစ်ပုဒ်လို့ ပြောလို့ရတယ်... ဒါပေမဲ့ လေးလေးနက်နက် စဉ်းစားကြည့်မယ်ဆိုရင် လူ့ဘ၀နဲ့ တူပါတယ်။
ကျွန်တော်တို့ဟာ ငယ်စဉ်ကလေးဘ၀ကနေ အသက် ၂၀ လောက်ထိ ကျောင်းနေမယ်၊ လူငယ်ဘာ၀ ပျော်မယ်ပါးမယ်။
အသက် ၂၀ လောက်ရောက်တော့ အလုပ်လုပ်ကြတယ်၊ အိမ်ထောင်ကျပြီး သားသမီးတွေ ရတယ်။ အကြီးအကျယ် ရုန်းကန်လှုပ်ရှားရတဲ့ အချိန်ပါ။ ဒီအရွယ်မှာ ဘ၀ရဲ့ အတွေ့အကြုံတွေ၊ သင်ခန်းစာတွေ အများကြီး ရလိုက်တယ်။
အသက် ၄၀ ရောက်ပြီဆိုတာနဲ့ လူ့ဘ၀ အချိန်တော်တော်ရောက်နေပြီ။ လုပ်ခဲ့တာတွေ မလုပ်ခဲ့မိတာတွေကို နောင်တတွေနဲ့ ဝမ်းနည်းနေရမယ့်အချိန် ဖြစ်နေပြီ။ တချို့ကလည်းအားလျော့နေတယ် တချိုကလည်း အချိန်တွေကိုနှမြောပြီး ပိုကြိုးစားကြတယ် ဝမ်းနည်းတာတွေဖျောက် ပိုပျော်ဖို့လုပ်ကြတယ်။
"သော့" ကျန်တာစောစော
သိလား ❓️
ဒါပေမဲ့ လူတိုင်းဟာ အဲဒီလိုတော့ မဟုတ်ကြပါဘူး။
အောက်ထပ်မှာ သော့ကျန်တာကို စောစောသိတဲ့လူအတွက်တော့ လှေကားထစ်တွေ အများကြီးကို ပြန်ဆင်းစရာ မလိုဘူးပေါ့။ တချို့ဆိုရင် အထပ် ၆၀ ရောက်မှ သော့ကျန်ခဲ့မှန်း သိတယ်။ ပိုဆိုးတာက သော့ကျန်နေမှန်း မသိဘဲ အပေါ်ကို ဆက်တက်နေသူတွေလည်း ရှိကြသေးတယ်။ သူတို့ သော့ကျန်မှန်း သိချိန်မှာ အောက်ကိုဆင်းပြီး သော့ပြန်ဆင်းယူဖို့ အားမရှိတော့ဘူး.... အချိန်မရှိတော့ဘူး....
ဒါကြောင့်ဘဝရဲ့သော့ချက် (Key of Life) ကို နားလည်အောင်လုပ်ဖို့ တိုက်တွန်းရင်း .....
Note & Post Courtesy //: ပုံပြင်လေး ကတန်ဖိုးရှိလို့ပြုပြင် ပြန်လည်မျှဝေပါတယ်...
Credit
ကော်ပီ
ကိုတောင်သူ
မကွေးက ကိုတောင်သူ GP 1
မကွေး
ဘာသာဝင်စစ်စစ်ဖြစ်ရင်
၁၀၀၀ ရှိရမယ်
မင်းကြိုက်လို့ အပိုင်ယူပြီးမှ
ကိုယ့်ပစ္စည်းကို ပြန်မစစ်ကြေး
🤣🤣🤣🤣🤣🤣🤣🤣
ပန်းတွေခင်းတဲ့လမ်းကို
မင်းလျောက်ခြင်ရင်
ပန်းခင်းပေးမှာပေါ့ ချစ်သူ...
ဒါပေမဲ့ မင်းလျောက်မဲ့လမ်းက
Home Chancellor Co.,Ltd. က ရောင်းပေးနေတဲ့ ဂရမ်မြေဖြစ်ဖို့တော့ လိုတာပေါ့ချစ်သူရယ်...
💝💝💝💝💝💝💝💝💝
💖 စျေးနှုန်းလည်းချို
💝 နေရာလည်းကောင်း
💖 ဂရမ်မြေလည်းဖြစ်
💝 အမြတ်လည်းကြမ်း
💞 $ ဘာတန်နဲ့ဘဲခြေခြေ
အဆင်ပြေနေတာကတော့ ဒီမှာဘဲရှိတယ်နော....
Home Chancellor Co.,Ltd
Sale Office
# 09 513 7353
# 09 691 678 983
တစ်ချို့တစ်ချို့သော အသဲကြီးတို့က တိုးပွါးအောင်လုပ်ပါဆိုရင် ဘဏ်အပ်မယ် တစ်နှစ် 16% တိုးလောက်ယူမယ် အားအားရှိ ဒါဘဲတွေးနေကြတယ်၊
သူတို့ကပြောလိုက်သေးတယ်
(ဘဏ်က စိတ်ချရတယ်ဟဲ့တဲ့)
ချစ်လို့ပြောလိုက်မယ်
အာ့..ထက်ကောင်းတာ၊
အာ့..ထက် စိတ်ချရတာ၊
အာ့..ထက် အဆပေါင်းများစွာမြတ်တာ၊
သိခြင်ရင်ပြောပြမယ် ချစ်လို့
Home Chancellor Co.,Ltd. ကိုလာခဲ့ သက်လား !!!!
အချစ်တို့ရေ....
HOME CHANCELLOR CO.,LTD ရဲ့
PROJECT ROSE
(ခိုက်မာတန်တန် ဂရမ်မြေအိမ်ယာ အစီအစဥ်)မှာ ဝယ်ယူပိုင်ဆိုင်ပြီးရင်တော့
ကိုယ့်အမည်ပေါက် ဂရန်မြေကို ဖေါ်ပြပါအတိုင်း ဆောင်ရွက်လိုက်တော့နော်😍😍😍😍
--------------------
မြေကွက်ခွဲစိတ်ခြင်း (ဂရန်ခွဲ) လျှောက်ထားခြင်းတို့နှင့်စပ်လျဉ်း၍ အောက်ဖော်ပြပါ စာစုကလေးကို ဖော်ပြပေးလိုက်ပါသည်။
အတည်ပြုတိုင်းခွဲ/ပေါင်းခွဲ(မြေကွက်ခွဲစိတ်ခြင်း)
မြေကွက်ခွဲစိတ်ပေးရန်လျှောက်ထားနိုင်သောမြေအမျိုးအစားများ
# (၁) ဂရန်မြေ၊
# (၂) မြေပိုင်မြေ၊
# (၃) ဂရန်ရှိမြေပိုင်မြေ၊
# (၄) B မြေပိုင်မြေ၊
# (၅) Bလ/န ၃(ခ)မြေ၊
# (၆) Bလ/န ၃၉မြေ၊
# (၇) ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေပုဒ်မ ၃(က) အရ ဝန်ခံချက်လက်မှတ်ရရှိပြီးမြေ (သို့မဟုတ်) ၊ ၃(ခ) လက်မှတ်ရရှိပြီးမြေ (အိမ်ယာမြေသတ်မှတ်) အမျိုးအစားများကို မြို့ကွက်မြေပုံနှင့် မြို့မြေစာရင်း တို့တွင် ခွဲစိတ်ပေးနိုင်သည်။
# မြေကွက်ခွဲစိတ်ရာတွင် အောက်ပါအချက်များနှင့်ညီညွှတ်ပါက ခွဲစိတ်ပေးမည်ဖြစ်သည် -
(က) ခွဲစိတ်ရန် လျှောက်ထားသော မြေကွက်အတိုင်းအတာသည် မျက်နှာစာတွင် အနည်းဆုံး ပေ(၂၀) ရှိရမည်ဖြစ်ပြီး ကျန်ရှိမြေကွက်မျက်နှာစာမှာလည်း အနည်းဆုံးပေ(၂၀) ရှိရပါမည်။
(ခ) ခွဲစိတ်ရန်လျှောက်ထားသောမြေတစ်ကွက်၏ စုစုပေါင်းဧရိယာသည် အနည်းဆုံးစတုရန်းပေ ၁၂၀၀ ရှိရမည်။
(ဂ) ခွဲစိတ်မည့်မြေကွက်အသုံးပြုရန်အတွက် အများပိုင်လမ်း (သို့မဟုတ်) ကိုယ်ပိုင်လမ်းမရှိပါက ခွဲစိတ်ရန်လျှောက်ထားသောမြေကွက်များသို့ ဝင်ထွက်သွားလာရန် အနည်းဆုံး ၁၀ ပေချန်လှပ်ထားသည့် လမ်းပါရှိရမည်။
(ဃ) မြေကွက်ခွဲစိတ်မျဉ်းနှင့် မြေပြင်ရှိ အဆောက်အအုံတို့ ကင်းလွတ်မှုရှိရမည်။
မှတ်ချက်။ (၁) မြေငှားစာချုပ်(ဂရန်) မြေအမျိုးအစားမှအပ ကျန်မြေအမျိုးအစားများအား ဧရိယာ ၁၂၀၀ စတုရန်းပေမပြည့်သော်လည်း ခွဲစိတ်ပေးနိုင်သည်။
(၂) စက်မှုဇုန်မြေများအတွက် စက်မှုဇုန်အတွင်းရှိ ဧရိယာအနည်းဆုံး မြေကွက်ဧရိယာ ပြည့်မီမှသာ ခွဲစိတ်ပေးနိုင်သည်။ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သီးခြားညွှန်ကြားချက်ရှိပါက ယင်းညွှန်ကြားချက်အတိုင်းခွဲစိတ်ပေးနိုင်သည်။
# မြေကွက်(အတည်ပြုတိုင်းခွဲ) လျှောက်ထားနိုင်သူများ
(၁) အမည်ပေါက်တစ်ဦးတည်း သို့မဟုတ် မြေအမည်ပေါက်များမှ ၎င်းပိုင်မြေကွက်များကို (အတည်ပြု တိုင်းခွဲ) မြေကွက်ပေါင်းစည်း နိုင်သည်။
(၂) အမည်ပေါက်တစ်ဦးတည်း သို့မဟုတ် မြေအမည်ပေါက်များမှ ၎င်းပိုင် မြေကွက်များကို (အတည်ပြု တိုင်းခွဲ) မြေကွက်ခွဲစိတ်နိုင်သည်။
(၃) အမည်ပေါက်တစ်ဦးတည်း သို့မဟုတ် မြေအမည်ပေါက်များမှ ၎င်းပိုင် မြေကွက်များကို( အတည်ပြုတိုင်းခွဲ) မြေကွက်ပေါင်းစည်း ခွဲစိတ်နိုင်သည်။
(၄) မှတ်ပုံတင်စာချုပ်အဆက်အစပ်ဖြင့် အစိတ်အပိုင်းဝယ်ယူပိုင်ဆိုင်သူမှ ၎င်းပိုင်ဆိုင်သည့် မြေအစိတ်အပိုင်းအား (အတည်ပြုတိုင်းခွဲ) မြေကွက်ကို တစ်ဖက်သတ်ခွဲစိတ်နိုင်သည်။ (မြေကွက်ခွဲစိတ် ခြင်းနှင့် မြေတိုင်းလျှောက်ထားစဉ်ကပင် သီးခြားသတင်းစာတွင် ကြော်ငြာပြီးဖြစ်ရ ပါမည်။)
(၅) မှတ်ပုံတင်စာချုပ် အဆက်အစပ်ဖြင့် ဦးပိုင်မတူညီသော်လည်း မြေအမျိုးအစားတူညီသည့် မြေကွက် အစိတ်အပိုင်းများကို ဝယ်ယူပိုင်ဆိုင်သူမှ ၎င်းပိုင်ဆိုင်သည့်မြေကွက် အစိတ်အပိုင်းများကို (အတည်ပြုတိုင်းခွဲ) မြေကွက်ပေါင်းစည်း ခွဲစိတ်နိုင်သည်။ (မြေကွက်ခွဲစိတ်ခြင်းနှင့် မြေတိုင်း လျှောက်ထားစဉ်ကပင် သီးခြားသတင်းစာတွင် ကြော်ငြာပြီးဖြစ်ရ ပါမည်။
(၆) အမည်ပေါက်တစ်ဦးတည်း သို့မဟုတ် မြေအမည်ပေါက်များမှ ၎င်းပိုင်မြေကွက်နှင့် အခြားဦးပိုင်မြေကွက်၏ အစိတ်အပိုင်း သို့မဟုတ် မြေကွက်တစ်ကွက်လုံးအား မှတ်ပုံတင်စာချုပ်ဖြင့် ပိုင်ဆိုင်ပါကလည်း မြေအမျိုးအစားတူညီပါက (အတည်ပြုတိုင်းခွဲ) ပေါင်းစည်း/ ပေါင်းခွဲ ခွဲစိတ်နိုင် သည်။
# “မြေကွက်ခွဲစိတ်အတည်ပြုချက်နှင့် မြေကွက်ခွဲစိတ်တိုင်းတာသည့်မြေပုံလျှေိာက်ထားခြင်း”
အတည်ပြုတိုင်းခွဲ/ပေါင်းခွဲ (မြေကွက်ခွဲစိတ်ခြင်း) လျှောက်ထားလိုသူတို့သည် ဌာနက သတ်မှတ် ထားသော လျှောက်လွှာနှင့် အတူ အောက်ပါ အထောက်အထားမိတ္တူတို့ကို တင်ပြလျှောက် ထားရမည် -
(က) မြေငှားစာချုပ်(ဂရန်)၊ အမည်ပေါက်စာချုပ် (သို့မဟုတ်) မှတ်ပုံတင်ထားသော စာချုပ် စာတမ်းများ၊
(ခ) မြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ တရားရုံးမှ ချမှတ်ထားသော စီရင်ချက်အမိန့် နှင့် ဒီကရီ၊
(ဂ) နိုင်ငံသားစိစစ်ရေးကတ်ပြား (သို့မဟုတ်) အမျိုးသားမှတ်ပုံတင်ကတ်ပြား၊
(ဃ) မြေငှားခကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံချက် သို့မဟုတ် နောက်ဆုံးပေးဆောင် ထားသော မြေငှားခပြေစာ၊
(င) ခွင့်ပြုသည့်နေ့မှစ၍ တစ်နှစ်သက်တမ်းရှိသည့် မှန်ကန်ကြောင်းသက်သေခံသည့် မြေကွက်ခွဲ စိတ်မြေပုံ၊ မြေရာဇဝင်မူရင်းနှင့် အတိုင်းအတာပါသည့် မြေတိုင်းမြေပုံမိတ္တူ(D-Map)၊
(စ) ကော်မတီ၏ အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ အသိအမှတ်ပြုလိုင်စင်ရအင်ဂျင်နီယာ ရေးဆွဲထားသည့် လျှောက်ထားသူ လက်မှတ်ရေးထိုးထားသော မြေကွက်ခွဲစိတ် အတည်ပြုပုံစံ(၃) စုံနှင့် အသေးစိတ်တွက်ချက်မှုပုံစံသုံးစုံမူရင်းများ၊
စသည်တို့ကို တင်ပြလျှောက်ထားရမည်ဖြစ်သည်။
လျှောက်ထားလာမှုအပေါ်တွင်ဌာနမှ အောက်ဖော်ပြပါ အချက်များကို စိစစ်သွားမည်ဖြစ်သည် -
(က) ဌာနကသတ်မှတ်ထားသောလျှောက်လွှာတွင် ပြည့်စုံစွာဖြည့်စွက်ထားခြင်း ရှိ/ မရှိ၊
(ခ) လျှောက်ထားသူသည် ဌာနက သတ်မှတ်ထားသော ဝန်ဆောင်ခများကို ပေးသွင်းထား ခြင်းရှိ/ မရှိ၊
(ဂ) မြေရာဇဝင်နှင့် မြေစာရင်းမှတ်ချက်များကို အစီရင်ခံခြင်း၊
(ဃ) တင်ပြထားသော မြေဆိုင်ရာအထောက်အထားများနှင့်မြေစာရင်းကိုက်ညီမှုရှိ/ မရှိ၊
(င) မြေရာဇဝင်မှတ်ချက်များကို အောက်ပါအတိုင်းစိစစ်သွားမည်ဖြစ်သည် -
(၁) မြေစာရင်းတွင် မြေသိမ်းမှတ်ချက် ရှိ/ မရှိ၊
(၂) မြေစာရင်းတွင် မြေတန်ဘိုးဖြတ်မှတ်ချက် ရှိ/ မရှိ၊
(၃) မြေစာရင်းတွင် အစိုးရဌာနဆိုင်ရာများ သို့မဟုတ် အစိုးရအသိအမှတ်ပြု အဖွဲ့ အစည်းများ၏ ကန့်ကွက်တားမြစ်ချက် ရှိ/ မရှိ၊
(၄) မြေစာရင်းတွင် တရားရုံးတစ်ခုခုမှ တားဝရမ်း သို့မဟုတ် မြေပိုင်ဆိုင်မှုနှင့် ပတ်သက် သည့် တရားရုံးတွင် စစ်ဆေးဆဲအမှု ရှိ/ မရှိ၊
(၅) မြေစာရင်းတွင် အခြားကန့်ကွက်ချက်များ ရှိ/ မရှိ၊
(၆) မြေစာရင်းတွင် ဂရန်စည်းကမ်းပျက် မှတ်ချက် ရှိ/ မရှိ၊
(၇) မြေစာရင်းရှိ မှတ်ချက်များသည် တင်ပြထားသည့် အထောက်အထားများနှင့် သက်ဆိုင်မှု ရှိ/ မရှိ။
(စ) ၁၉၈၇ ခုနှစ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေနှင့် ငြိစွန်းမှု ရှိ/ မရှိ၊
အထက်ဖော်ပြပါအချက်များကို စိစစ်ပြီး ပြည့်စုံမှန်ကန်ပါက -
မြေကွက်ခွဲအတည်ပြုပုံစံခွင့်ပြုရန်နှင့် မြေကွက်ခွဲစိတ်တိုင်းတာသည့် မြေပုံထုတ်ပေးရန် ဌာနသည် အောက်ပါ အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်-
(က) အတည်ပြုတိုင်းခွဲ/ ပေါင်းခွဲ(မြေကွက်ခွဲစိတ်ခြင်း) လျှောက်ထားမှုများအား မြေတိုင်းမှ ကွင်းဆင်းတိုင်းတာစစ်ဆေးရန် ခွင့်ပြုချက်တောင်းခံခြင်းနှင့်မြေတိုင်းတာခြင်း၊
(ခ) မြေပြင်သို့ကွင်းဆင်းတိုင်းတာစစ်ဆေးရာတွင် အောက်ပါ အချက်အလက်များကို အခြေခံ၍ စိစစ်သွားမည်ဖြစ်သည် -
(၁) အဆိုပြုမြေကွက်ခွဲစိတ်အတည်ပြုပုံစံတွင်ပါရှိသည့်ဧရိယာစုစုပေါင်းနှင့်မြေစရင်းဧရိယာစုစုပေါင်းတို့ ကိုက်ညီမှုရှိ/ မရှိ၊
(၂) အဆိုပြုမြေကွက်ခွဲစိတ်ပုံစံတွင် ဝင်၊ ထွက်လမ်းသုံးစွဲမှုနှင့် ပတ်သက်၍ လမ်းအကျယ်အဝန်း လုံလောက် မှုရှိ/ မရှိ နှင့် လမ်းပေးမှု မှန်ကန်မှုရှိ/မရှိ၊
(၃) အဆိုပြုမြေကွက်ခွဲစိတ်အတည်ပြုပုံစံ(၃)စုံနှင့် အသေးစိတ်တွက်ချက်မှုပုံစံ(၃) စုံတို့တွင် မြေကွက် ခွဲစိတ်လိုသည့် မြေပိုင်ရှင်များ သိရှိသဘောတူကြောင်း လက်မှတ်ရေးထိုးထားခြင်းရှိ/ မရှိ၊
(၄) အဆိုပြုမြေကွက် ခွဲစိတ်အတည်ပြုပုံစံနှင့် အသေးစိတ်တွက်ချက်မှုပုံစံတို့အား တွက်ချက်မှု မှန်ကန်မှု ရှိ/ မရှိ၊
(၅) အဆိုပြုမြေကွက် ခွဲစိတ်အတည်ပြုမှုပုံစံတွင် ပါရှိသည့် မူလမြေကွက်နှင့်ခွဲစိတ်မည့်မြေကွက်များ၏ အတိုင်းအတာနှင့်မြေပြင်ရှိအတိုင်းအတာတို့ ကိုက်ညီမှုရှိ/ မရှိ၊
(၆) အဆိုပြုမြေကွက် အတည်ပြုပုံစံတွင် ပါရှိသည့် မြေကွက်ခွဲစိတ်မျဉ်းသည် မြေပြင်ရှိ အဆောက်အအုံ များနှင့် ကင်းလွတ်မှုရှိ/ မရှိ၊
တို့ကို စိစစ်သွားမည်ဖြစ်သည်။
စိစစ်ချက်များပြည့်စုံမှန်ကန်ပါကဆက်လက်ဆောင်ရွက်ပေးမည်မှာ -
(ဂ) အတည်ပြုတိုင်းခွဲ/ ပေါင်းခွဲ(မြေကွက်ခွဲစိတ်ခြင်း) လျှောက်ထားမှုအပေါ် တာဝန်ခံမြေတိုင်း ဌာနခွဲမှူးမှ (Check by me) တံဆိပ်နှင့်လက်မှတ်ရေးထိုး၍ တင်ပြအတည်ပြုခွင့်ပြုမိန့်ကို ရယူခြင်း နှင့် ခွင့်ပြုခြင်း၊
(ဃ) မြေကွက်ခွဲစိတ်သည့် မူလမြေကွက်အား မြို့ကွက်မြေပုံနှင့် မြို့မြေစာရင်းတို့တွင် ဦးပိုင်အသစ်ဖြင့် မြေတိုင်းမှ ခွဲစိတ်သတ်မှတ်ပြီး မြေကွက်ခွဲစိတ်တိုင်းတာသည့် မြေပုံ(၃) ပုံတို့ကို ရေးဆွဲ၍ တာဝန်ရှိသူ အဆင့်ဆင့်က စိစစ်လက်မှတ်ရေးထိုးပြီး ရေးဆွဲခြင်း၊
(င) လိုင်စင်ရ အဆိုပြုအင်ဂျင်နီယာပုံစံ(၃) စုံတွင် ထပ်ဆင့်လက်မှတ်ရေးထိုးရန် နှင့် ဌာနမှ သတ်မှတ် ထားသည့် ခွင့်ပြုပုံစံတို့တွင် မြေကွက်ခွဲစိတ်ခွင့်ပြုရန်အတွက် ဌာနမှူးထံ အဆင့်ဆင့်တင်ပြ၍ အတည်ပြုလက်မှတ်ရေးထိုးခြင်း၊
(စ) ဌာနမှူးမှ အတည်ပြုလက်မှတ်ရေးထိုးပြီးပါက မြေကွက်ခွဲစိတ် အတည်ပြုပုံစံ(၁) နှင့် မြေကွက် ခွဲစိတ် တိုင်းတာသည့် မြေပုံ(၁) ပုံကို လျှောက်ထားသူထံ သို့ထုတ်ပေးခြင်း၊ မြေကွက်ခွဲ အတည်ပြုပုံစံ (၁) စုံနှင့် ခွဲစိတ်တိုင်းတာမြေပုံ(၁) ပုံကို မြေတိုင်းအဖွဲ့တွင် ထားရှိပြီး၊ ကျန်မြေကွက်ခွဲ အတည်ပြုပုံစံ(၁) စုံနှင့် ခွဲစိတ်တိုင်းတာမြေပုံ(၁) ပုံကို အမှုတွဲတွင်ထားရှိခြင်းနှင့် အမှုတွဲထိန်းခန်း၌ သိမ်းဆည်းခြင်း။
ကိုးကား- ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေယာစီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်းများ
Credit
ဆရာကြီးမိုးထက်(၂၇.၁၂.၂၀၂၁)
အခု ကြည့်နေတဲ့ သင်ဟာ ကံကောင်းစွာနဲ့ 2024 မှာ
ဒီလိုအိမ်တစ်လုံး ပိုင်ဆိုင်နိုင်ပါစေနော်... 🤗🏠
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the business
Telephone
Website
Address
Yangon