Techno Point Engineering Training Centre

၁.Engineering Diploma ( City & Guilds UK)
၂.Professional Engineering Courses

Photos from Techno Point Engineering Training Centre's post 10/12/2023

သိမှု့ပိုင်းဆိုင်ရာ အတိုးတက်ဆုံး အရွယ်ဖြစ်တဲ့ ဆယ်ကျော်သက်တို့ရဲ့ သိလိုစိတ်၊ စူးစမ်းလိုစိတ်၊ ဆက်စပ်တွေးတော လိုစိတ်၊ ပြသနာရဲ့ အကြောင်းရင်းကို ဖော်ထုတ်လိုစိတ် စသော လူငယ်တို့၏ စွမ်းအားများကို Techno Point Engineering Training Centre မှ လည်း ကူညီ ဖြည့်တင်းပေးလျှက်ရှိပါသည်။

06/12/2023

Power Bolt Electronics တွင် တာဝန်ထမ်းဆောင်နိုင်ရန် ။
အောက်ပါ ရာထူးများအတွက် စိတ်ဝင်စားသူများ လျှောက်ထားနိုင်ပါသည် ။

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

လျှပ်စစ်ကျောင်းသား
Vocational Institute

သင်တန်းများအကြောင်း အသေးစိတ် သိလိုပါက
( ရုံးချိန်အတွင်း 9 AM - 5 PM )
09 - 957 - 594 - 022
09 - 977 - 248 - 730

လျှပ်စစ်ကျောင်းသား ကုမ္ပဏီလီမိတက်
အမှတ် ( ၂၈၃ ) ၃ လွှာ ၊ ပန်းဆိုးတန်းလမ်း အပေါ်ဘလာက်ခ် ၊ ကျောက်တံတားမြို့နယ် ၊ ရန်ကုန်မြို့ ။ ။

ကျန်းမာကြပါစေ
#လျှပ်စစ်ကျောင်းသား

သင်တန်းကျောင်း တည်နေရာ
https://goo.gl/maps/t5ijmkj1AYtTycRn6

Photos from Techno Point Engineering Training Centre's post 05/12/2023

Industrial Motor Control သင်တန်းသားများ လက်တွေ့ပြုလုပ်နေကြခြင်း

04/12/2023

Breaker အကြောင်း သိကောင်းစရာများ
=============================

MCB ( Miniature Circuit Breaker ) တစ်လုံးကဘာတွေ အရေးပါလဲဆိုရင်တော့ သင့်အိမ်ကို ရှော့(Short Circuit) ဖြစ်ပြီးမီးမလောင် အောင်၊ Wire or Cable အပူလွန်ကဲမှု ကြောင့် မီးမလောင်အောင် ကာကွယ်ပေးနိုင်ပါတယ်။

မိမိအသက်၊မိမိစည်းစိမ် ကိုကာကွယ်ပေးတဲ့
ပစ္စည်းဖြစ်တာကြောင့် သေချာ ရွေးချယ် ဝယ်ယူသင့်ပါတယ်။ Breaker အကုန်လုံးမှာ Mechnical Life နဲ့ Electrical Life ဆိုတာရှိပါတယ်။ Mechnical Life ဆိုတာကတော့ Breaker မောင်းတံလေးကိုအတင်အချလုပ်တဲ့ အကြိမ်အရေအတွက်များရင် Mechnical Life အရ ခုခံနိုင်တဲ့ အကြိမ်အရေအတွက်နည်းလာပြီး ပျက်စီးဖို့များလာခြင်းပါ။ Electrical Life ဆိုတာကတော့ Overload or Short Circuit ကြောင့်ဖြစ်တဲ့ အကြိမ်အရေအတွက်များလေ ပျက်စီးဖို့များလေပါ။ MCB တစ်လုံးကိုသင်ဝယ်တော့မယ် သုံးတော့မယ် ဆိုရင် အချက် ( ၅ ) ချက်ကိုတော့သင်သိထားဖို့လိုပါတယ်။

(၁) ဘာအမျိုးစားအစားသုံးမှာလဲ၊ ဘယ်နိုင်ငံ Brand ကိုသုံးမှာလဲ
(၂) ဘယ်လောက် Pole သုံးမှာလဲ
(၃) ဘယ်လောက် Amp သုံးမှာလဲ
(၄) ဘယ် Curve အမျိုးအစားသုံးမှာလဲ
(၅) KA ( Breaking Capacity ) ဘယ်လောက်သုံးမှာလဲ
နံပါတ် (၁) အတွက်ကတော့ ဘယ်နိုင်ငံ Brand ကိုသဘောကျလဲ။ သဘောကျတဲ့ brand ကိုရွေးလိုက်ရုံပါပဲ။
နံပါတ် (၂) ဘယ်လောက် Pole သုံးမှာလဲ ဆိုတာကတော့ Single Phase ဆိုရင် 1Pole or 2Pole ၊ Three Phase ဆိုရင် 3Pole or 4Pole ပေါ့၊ 1Pole နဲ့ 2Pole ကွာခြားချက်လေးကိုပြောရမယ်ဆိုရင်တော့- 1 Pole သုံးတဲ့အခါ Phase တစ်ခုထဲကို Breaker ကပိတ်ပါတယ်။ 1Pole သုံးတဲ့အခါမှာ တပ်ဆင်တဲ့သူက Phase Neutral သေချာမစစ်ဘဲ Breaker တပ်ခဲ့တဲ့အခါမှာ အကြောင်းအမျိုးမျိုးကြောင့် ပျက်လို့ပြင်တဲ့အခါမှာ ဓါတ်လိုက်တာမျိုးဖြစ်နိုင်ပါတယ်။ Phase ကို Breaker ခံထားရင်လဲ အခြား circuit မှလျှပ်စစ်သုံးစွဲမှုကြောင့် Neutral ကနေ ဓါတ်လိုက်သလို မျိုးခံစားရနိုင်ပါတယ်။ 2Pole သုံးမယ်ဆိုရင်တော့ 1 Pole တွင်ဖြစ်သောပြသနာများကင်းဝေးစေ နိုင်ပါသည်။
နံပါတ် (၃) ဘယ်လောက် Amp သုံးမှာလဲ ဆိုတာကတော့ အသုံးပြုမည့် Watt နဲ့ Voltage အပေါ်မှာမူတည်ပြီးတွက်ယူရတာဖြစ်ပါတယ်။ အကြမ်းဖျင်းအနေနဲ့ကတော့ 200 Watt = 1A ပါ။ ဥပမာ အနေနဲ့ 1000W ဆိုရင် 5A ပါ Breaker ရွေးတဲ့အခါမှာ တကယ်အသုံးပြုတဲ့ Amp ထက် 20% ပိုဆောင်းရွေးချယ်ရပါတယ် 5 x 1.2 = 6A ပါ။
နံပါတ် (၄) ဘယ် Curve အမျိုးအစားသုံးမှာလဲဆိုတာကတော့ Breaker တွေမှာ BCDKZ ဆိုပြီး Curve ( ၅ ) မျိုးထွက်ပါတယ်။
မြန်မာနိုင်ငံမှာတော့ BCD ကိုရှာဝယ်မယ်ဆိုရင်တော့ရနိုင်ပါ တယ်။ ဈေးကွက်မှာ အပေါဆုံးက C-curve ပါ။ B-curve ကိုတော့ Legrand အမျိုးအစားထဲက ရနိုင်တယ်။ B-curve ကို Lighting and Socket တွေမှာသုံးတယ်။ C-curve ကို Machine တွေမှာ သုံးတယ်။ D-curve ကို Motor တွေမှာသုံးပါတယ်။

နံပါတ် (၅) KA ( Breaking Capacity ) ဘယ်လောက်သုံးမှာလဲ ဆိုတာကတော့ အသုံးပြု မည့် Load အပေါ်မှာမူတည်ပြီးတွက်ထုတ်ရတာဖြစ်ပါတယ်။ အိမ်သုံးအနေနဲ့ကတော့ 4.5KA , 6KA လောက်ဆိုအဆင်ပြေပါတယ်။

03/12/2023

Humanitarian Assistance Training မရှိထားရင် သဘာဝဘေးအန္တရာယ်တွေဖြစ်တဲ့အခါ ပြန်လည်ထူထောင်ဖို့ခက်ခဲပါလိမ့်မယ်။

Humanitarian Assistance ဆိုတာ (ရေဘေး၊ မုန်တိုင်းဘေး၊ ရောဂါဘေးစတဲ့) ဘေးအန္တရာယ်တွေ ဖြစ်တဲ့အခါ ကနဦး ရေတိုကူညီထောက်ပံ့မှုအနေနဲ့ လုပ်ဆောင်ရကြတာပါ။

အဲ့လို ကူညီစောင့်ရှောက်နိုင်ဖို့ Training တွေ ရှိထားမယ်ဆိုရင်
✅အရေးပေါ်အခြေအနေတွေမှာ မြန်မြန်တုံ့ပြန်နိုင်မယ်။
✅အချင်းချင်း ပိုပြီးကူညီနိုင်မယ်။
✅သဘာဝဘေးအန္တရာယ်တွေ ခံစားရပြီးနောက် ပြန်လည်ထူထောင်နိုင်ဖို့ အထောက်အကူဖြစ်မယ်။

ဒါကြောင့် လူတိုင်း Humanitarian Assistance Training ကို အနည်းဆုံး အခြေခံလောက်တော့ ရှိထားသင့်ပါတယ်။

ဘယ်ကနေ စလေ့လာရမလဲ မသိသေးရင်တော့ MYEO ရဲ့ Basis of Humanitarian Assistance Training (BHAT) သင်တန်းလေးကို တက်ရောက်လေ့လာနိုင်ပါတယ်နော်။👇

ဒီသင်တန်းမှာ သင်ရမှာတွေက
✔️ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝေါဟာရများနှင့် ဘေးအန္တရာယ် အမျိုးအစားများ🌋
✔️လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူများနှင့် ကျင့်ဝတ်များ📜
✔️ကနဦးအမြန်ဆန်းစစ်လေ့လာခြင်းနှင့် အချက်အလက် ကောက်ယူခြင်း📊
✔️လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အနိမ့်ဆုံး စံသတ်မှတ်ချက်များ🧮
✔️အန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေး🦺
✔️လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းနှင့် အလွဲသုံးစားလုပ်ခြင်းမှ ကာကွယ်တားဆီးခြင်း 🛡
စတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ အခြေခံအကြောင်းအရာတွေကို လေ့လာသွားရမှာပဲဖြစ်ပါတယ်။

သဘာဝဘေးအန္တရာယ်တွေနဲ့ ကြုံလာရတဲ့အခါ လူတိုင်းအသုံးချနိုင်ဖို့ အခြေခံအနေနဲ့သိထားသင့်တဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ အသိပညာတွေနဲ့ လုပ်ငန်းဆိုင်ရာအကြောင်းအရာတွေကို အသိပေးမျှဝေရအောင် ရည်ရွယ်ပြုလုပ်တဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ အခြေခံသင်တန်းလေး ဖြစ်ပါတယ်။🤗

ဤ"လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ အခြေခံသင်တန်း(Humanitarian Basis Training)" ပါ အကြောင်းအရာများသည် UK Foreign, Commonwealth and Development Office (FCDO) ၏ ထောက်ပံ့မှုဖြင့် Crown Agents မှ စီမံခန့်ခွဲသည့် Humanitarian Assistance and Resilience Facility (HARP-F) မှ ရေးဆွဲထားသော သင်ရိုးညွှန်းတမ်းပါ အကြောင်းအရာများကို မွမ်းမံပြုပြင်ပေါင်းစပ်ထားခြင်း ဖြစ်ပါတယ်။⚠️

ဒီသင်တန်းကို တက်ရောက်ခြင်းအားဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ လုပ်ငန်းတွေမှာ လိုက်နာရမယ့် မူတွေ၊ ကျင့်ဝတ်တွေ၊ စံသတ်မှတ်ချက်တွေ၊ လုပ်နည်းလုပ်ဟန်တွေအပြင် တခြားထည့်သွင်းလုပ်ဆောင်ရမယ့် အကြောင်းအရာတွေကိုလည်း သိရှိလေ့လာရမှာဖြစ်ပါတယ်။
ဒါကြောင့် ဒီသင်တန်းကသင်ယူခဲ့ရတာတွေကို လူသားချင်းစာနာကူညီမှုဆိုင်ရာ ကိစ္စတွေ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကိစ္စတွေမှာ ပိုပြီးကူညီနိုင်လာပါလိမ့်မယ်။

ပြီးတော့ NGO တွေလို အဖွဲ့အစည်းတွေမှာ အလုပ်လုပ်မယ့်သူတွေ/ အလုပ်လုပ်နေသူတွေအတွက်လည်း ဒီသင်တန်းလေးက တစ်စုံတစ်ရာအကျိုးပြုပေးနိုင်ပါလိမ့်မယ်။

လေ့လာတဲ့အခါမှာလည်း တကူးတကအချိန်ပေးစရာမလိုဘဲ ကိုယ်ကြိုက်တဲ့အချိန်၊ ကိုယ်အားတဲ့အချိန် MYEO ရဲ့ Messenger မှာ အလွယ်တကူလာရောက်လေ့လာနိုင်ပြီး လေ့လာထားတာတွေကို ပြန်လည်ဆန်းစစ်နိုင်ဖို့ မေးခွန်းတွေဖြေဆိုရမှာဖြစ်ပါတယ်။

🔮အခုသင်တန်းလေးကိုတက်ရောက်ချင်သူတွေအနေနဲ့ သင်တန်းကြေး(၅၀၀၀)ကျပ်တည်းနဲ့သာအားလုံးလေ့လာနိုင်အောင် စီစဥ်ပေးထားပါတယ်။

စာရင်းသွင်းရန် Link👇
https://m.me/myeo.hub?ref=harp_registration

(စာရင်းပေးသွင်းရာမှာ စာဆက်မပို့တော့ဘဲ ရပ်သွားတာဖြစ်ဖြစ်၊ တခြားနေရာတွေဖြစ်ဖြစ် ရောက်သွားတာမျိုးဖြစ်ခဲ့ရင် “လူသားချင်းစာနာမှု” ဆိုတဲ့ စာရိုက်ပြီး ဆက်လက်စာရင်းပေးနိုင်ပါတယ်နော်။)

တကယ်လို့ စာရင်းပေးပြီးသွားရင်လည်း တစ်ခုခုဆို စစ်ဆေးပေးလို့ရအောင်နဲ့ ဆက်သွယ်လို့ရအောင် Comment မှာ “Done” ဆိုပြီး မန့်ခဲ့ပေးပါဦးနော်။

Photos from Techno Point Engineering Training Centre's post 03/12/2023

လက်ရှိမှာ သင်က Engineering ဘွဲ့ရထားပြီး လုပ်ငန်းခွင်ဝင်ဖို့အတွက် ပြင်ဆင်နေသူလား? 🤔

ဘွဲ့ရပြီးပြီးချင်းမှာပဲ လုပ်ငန်းခွင်ထဲကိုဝင်ရောက်တဲ့အခါ အဆင်မပြေမှာကို စိုးရိမ်နေပါသလား? 🤔

စာတွေ့လေ့လာခဲ့ပေမဲ့လည်း လုပ်ငန်းခွင်ထဲရောက်တဲ့အခါ လုပ်ငန်းသဘောတရားတွေကို နားမလည်မှာ စိုးရိမ်နေပါသလား? 🤔

ဒီလိုစိုးရိမ်မှုတွေရှိနေတယ်ဆိုရင်တော့ အလုပ်မဝင်ခင်အချိန်မှာ လိုအပ်တဲ့ပြင်ဆင်မှုတွေနဲ့ လုပ်ငန်းခွင်ဝင်တဲ့အခါ သိရှိရမဲ့အကြောင်းအရာကို ကြိုတင်ပြီးလေ့လာထားစေချင်ပါတယ်။ ✅

အကယ်၍ ကိုယ်က Site ထဲက လုပ်ငန်းဆောင်တာတွေကို ယုံကြည်ချက်ရှိရှိနဲ့ ဦးဆောင်ညွှန်ကြားနိုင်ချင်တယ်၊ ကိုယ်တိုင်လည်း လုပ်ငန်းသဘောတရားတွေနားလည်ပြီး ကျွမ်းကျွမ်းကျင်ကျင်နဲ့ လုပ်ကိုင်ချင်တယ်ဆိုရင်တော့ Techno Point Engineering Training Centre မှာ Professional Engineering Course တွေကို တက်ရောက်လို့ရပါတယ်။ ✅

🔴 Site Engineer Training Course သင်တန်းရဲ့ ရည်ရွယ်ချက်
✅ Fresh Graduate များအတွက် လုပ်ငန်းခွင်ဝင်ရန် On Job Training Class ဖြစ်ပါတယ်။
✅ ကျောင်းများတွင် သင်ကြားခဲ့တဲ့ စာများကို လုပ်ငန်းခွင်မှာ ဘယ်လိုအသုံးချမလဲ ဆိုတာတွေ သိလာမှာ ဖြစ်ပါတယ်။
တစ်နည်းအားဖြင့် “စာသင်ခန်းမှ သည် အလုပ်ဆီသို့” ရည်ရွယ်ထားတဲ့ သင်တန်းလည်း ဖြစ်ပါတယ်။

🔴 ဘယ်သူတွေ တက်ရောက်သင့်လဲ?
✅ အင်ဂျင်နီယာ ကျောင်းဆင်း Fresh Graduate များ။
✅ Construction Site လုပ်ငန်းခွင်အကြောင်း လေ့လာချင်သူများ။
✅ AGTI (Civil) Diploma ကိုင်ဆောင်ထားပြီး Construction Site တွေမှာ အနည်းဆုံးလုပ်ငန်းအတွေ့အကြုံ (၁) နှစ်ရှိသူများ။
✅ Diploma/ Certificate တွေ ကိုင်ဆောင်ထားပြီး အနည်းဆုံးလုပ်ငန်းအတွေ့အကြုံ (၂) နှစ်ရှိသူများ။
စတဲ့သူတွေကတော့ Professional Engineering Course တွေထဲက တစ်ခုဖြစ်တဲ့ Site Engineer Training Course အတန်းလေးကို တက်ရောက်နိုင်ပါတယ်။

ဒီသင်တန်းကို တက်ပြီးတာနဲ့
✅ လုပ်ငန်းခွင်သဘောတွေ သိရှိလာရပြီး ဘယ်လို ပြသနာတွေ ဖြစ်လေ့ရှိလဲဆိုတာ သိရှိခွင့်ရရှိလာမယ်။
✅ အဲ့လိုပြသနာတွေကို ဘယ်လို ဖြေရှင်းကြရမလဲဆိုတဲ့ Solutions တွေ ထပ်မံသိရှိခွင့်ရလာမယ်။
✅ ပြဿနာတွေမဖြစ်အောင်လည်း ဘယ်လိုကြိုတင်စီမံခန့်ခွဲထားရမလဲ ဆိုတာကို စနစ်တကျသိရှိခွင့်ရမယ်။
✅ အဆောက်အဦး တစ်ခုလုံးရဲ့ အခြေခံကုန်ကျစရိတ်တွေ ခန့်မှန်းတွက်ချက်တတ်လာမယ်။
✅ Structural Drawings, Architectural Drawings နဲ့ M & E Drawings တွေကို ဆက်စပ်ကြည့်တတ်၊ ဖတ်တတ်လာပြီး Working Progress မြန်ဆန်လာမယ်။
✅ Structural Design Concept တွေကို အခြေခံကျကျ သိရှိခွင့်ရလာမယ်။

🔴 သင်တန်းအသေးစိတ်
Weekends
Section (1) - (Sat, Sun) 1:00 - 5:00 PM
Section (2) - (Sunday only) 9:00 - 4:00 PM
Duration - 2 Months

Weekdays
Section - (Mon - Fri) 9:00 - 12:00 PM/ 1:00 - 3:00 PM
Duration – 2.5 Weeks

သင်တန်းကြေး - ၄၅၀,၀၀၀ ကျပ်
(ပထမဆုံးအပ်နှံသူ (၅) ယောက်ကို 15% discount ပေးအပ်ပါမည်။)
(အတန်း (၁) တန်းလျှင် သင်တန်းသား (၁၅) ယောက်သာ လက်ခံပါမည်။)

ကျွမ်းကျင်အဆင့်နဲ့ လုပ်ငန်းခွင်ဝင်ရောက်ပြီး ယုံကြည်ချက်အပြည့်နဲ့လုပ်ကိုင်နိုင်ဖို့အတွက် Techno Point က Fresher Course for Site Engineer အတန်းလေးကို အခုပဲအပ်နှံလိုက်ပါနော်...

တက်ရောက်နိုင်သော သင်တန်းနေရာ
Center (2) - လိပ်စာ - အမှတ် (၁၅၁)၊ ယောဂီကျောင်းလမ်း၊ (၁၁) ရပ်ကွက်၊ လှိုင်မြို့နယ်။

ပေးရတဲ့ ဈေးနဲ့ တန်တဲ့ စာတွေ့၊ လက်တွေ့ သင်ယူမှုတွေ အများကြီး လုပ်ရဖို့ အာမခံပါတယ်။ သင်တန်းကြေးကို ငွေသားနဲ့ရော Banking များနဲ့ပါ ပေးချေနိုင်ပါတယ်။

သင်တန်းအကြောင်း အသေးစိတ်သိလိုတာတွေအတွက် Messenger ကဖြစ်စေ၊ ဖုန်း - 09 250077271, 09 779598297 ကိုဆက်သွယ်ပြီး ဖြစ်စေ ရုံးချိန်အတွင်း မေးမြန်းနိုင်ပါတယ်။

Class to Site, University to job.

&guilds

01/12/2023

✅ဆယ်ကျော်သက် အရွယ် (အသက် ၁၂-၂၀)ကြား အရွယ်တွေဟာ သိမှု့ပိုင်းဆိုင်ရာ အများဆုံး တိုးတက်ပြောင်းလဲတဲ့ အရွယ်တွေပဲ ဖြစ််တယ်လို့ ပညာရေး စိတ်ပညာ မှာ တွေ့ရှိရပါတယ်။
✅ဆယ်ကျော်သက် အရွယ်လေးတွေရဲ့ တိုးတက်ပြောင်းလဲမှု့တွေဟာ သူတို့နေထိုင်တဲ့ ပတ်ဝန်းကျင်၊ မိသားစု ၊ ဆရာ၊ ယုံကြည်ကိုးစားသူ၊ ဘာသာတရား၊ ရင်းနှိး ချစ်ခင်သူ၊ စသော အချက်များပေါ်မှာ အဓိက မူတည်နေတယ်ဆိုတာလည်း တွေ့ရှိရပါတယ်။
✅Physical Health ရော Mental Health ပါ strong ဖြစ်နေတဲ့ အရွယ်၊ စူးစမ်းလိုတဲ့ ဆန္ဒတွေ ပြင်းပြနေတဲ့ အရွယ်၊ Trial & Error ဆိုတာမျိုးကို သင်ပေးဖို့ အကောင်းဆုံး အရွယ်မျိုးတွေ ဖြစ်ပါတယ်။
✅သက်တမ်းတလျှောက် မှာ အားတွေ မာန်တွေနဲ့ ပုံသွင်းလို့ အကောင်းဆုံးသော ဆယ်ကျော်သက် အရွယ်လေးတွေရဲ့ တန်ဖိုးရှိတဲ့ အချိန်လေးတွေကို အလကားသပ်သပ် တန်ဖိုးမဲ့ အချိန် မကုန်ဆုံး စေသင့်ပါ။
✅အုပ်ထိန်းသူများကလည်း မှန်ကန် လိုက်ဖက်သော လမ်းကြောင်းကို လမ်းညွန်ပေးသင့်လှပါသည်။

Photos from TechPark 151's post 30/11/2023

-City and Guilds (UK) Diploma တန်းများ၊
-Fresh Graduate များအတွက် ရည်ရွယ်သော On Job Training သင်တန်းများ၊
-Professional Development အတွက် ရည်ရွယ်သော Refresher Course သင်တန်းများ၊
- Structural Design Software သင်တန်းများ
- အင်ဂျင်နီယာ လိုင်စင် ဝင်ခွင့်အတွက် သင်တန်းများ
- ကျောင်းသားများ အထူးစိတ်ဝင်စားကြသော Architecture ဘာသာရပ်ဆိုင်ရာ သင်တန်းများကို ထည့်သွင်း သင်ကြားပေးလျှက်ရှိပါသည်။

Photos from Mathematics Hub's post 27/11/2023
27/11/2023

ဒီနေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ထူးမြတ်လှသော နေ့များထဲမှ တန်ဆောင်မုန်းလပြည့် အခါသမယ လေးဖြစ်ပါသည်။ ကမ္ဘာသူ ကမ္ဘာသားအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွင်လန်းကြပါစေကြောင်း Techno Point Engineering Training Centre မှ ဆုမွန်ကောင်းပြုအပ်ပါသည်။

27/11/2023

တန်ဆောင်မုန်းလပြည့်နေ့ - သာမညဖလအခါတော်နေ့မှာ မြန်မာပြည်သူပြည်သားအားလုံး အလိုရှိရာဆန္ဒများ ပြည့်ဝကြပါစေလို့ Techno Point မိသားစုမှ တောင်းဆုပြုလိုက်ပါတယ်။ ❤

Photos from Techno Point Engineering Training Centre's post 25/11/2023

Diploma သင်တန်းသား၏ Assignment ရေးသားရန်အတွက် ဆရာမှ လက်တွေ့ပြသခြင်းနှင့် သင်တန်းသားကိုယ်တိုင် လုပ်ဆောင်နေခြင်း

“လက်တွေ့မှသည် လုပ်ငန်းခွင် ဆီသို့”

22/11/2023

အင်ဂျင်နီယာများကို အကြံပေးချင်တာက -

စာတွေ့ဘဝမှ လက်တွေ့ဘဝ စပြောင်းချိန် ဘွဲ့ရပြီးစ မြို့ပြအင်ဂျင်နီယာ ကျောင်းသားတွေဟာ လုပ်ငန်းခွင် တွေမှာ အလုပ်သင်အင်ဂျင်နိယာ တယောက်အနေနဲ့ အလုပ်ကြမယ်ဆိုရင်
အလုပ်မလျှောက်ခင် ဒါတွေသိရဲ့လား -

- Working Drawings သေချာ ဖတ်တတ်ပြီလား?
- Construction Site အခေါ်ဝေါ်တွေ ကျွမ်းကျွမ်းကျင်ကျင်သိပြီလား?
-Construction Site layout plan ချတတ်ပြီလား?
-Site Setting Out ရိုက်တတ်ပြီလား?
- Site Management ဆိုတာ ဘယ်လိုလုပ်ရတယ်ဆိုတာသိပြီလား?
-Yellow book ကိုသုံးပြီး Estimating process တွေကို သေချာ သိနေပြီလား?
- RC design လေးကို အခြေခံ မှတ်မိသေးရဲ့လား?
-Bar Bending Schedule ကို အခြေခံကျကျ တွက် ထုတ်နည်းတွေ သိပါသလား?

အထက်ဖော်ပြပါ အချက်အားလုံး ရှိရဲ့လားဆိုတာ အရင် စဉ်းစားသင့်ပါတယ်။ ဒါတွေ သိနေပြီ ဆိုရင်တော့ ဘယ် construction site မဆို ယုံကြည်ချက် အပြည့်နဲ့ အလုပ်လုပ်နိုင်ပါပြီ။

ဒီ အချက်တွေကို တနေရာ ထည်းမှာပင် ဖြည့်စွက်ပေးဖို့ Techno Point Engineering Training Centre မှ စီစဉ်ဆောင်ရွက် ပေးလျှက်ရှိကြောင်းလည်း သတင်းစကား ပါးအပ်ပါသည်။

Course-Fresher Course for Civil Engineer
Requirements -
-at least BE (Civil) Holder
-AGTI (Civil) -at least 1-year experience at construction site
- Diploma/Certificate - at least 2-year experience at construction site

Course Duration -
- 2 months ( Saturday - Sunday)
-2 weeks ( Monday- Friday)

Class to Site, University to job.

သင်တန်းစုံစမ်းရန်
ဖုန်း- 09 779598297, 09 250077271
သင်တန်းနေရာ- အမှတ် ၁၅၁၊ Techpark 151၊ ယောဂီကျောင်းလမ်း ၊(၁၁) ရပ်ကွက် ၊ လှိုင်မြို့နယ်။(MICT park နှင့်ကပ်လျှက်၊ သံလမ်း မှတ်တိုင်)

21/11/2023

Plumbing နှင့် သက်ဆိုင်သော လုပ်ငန်းများအတွက် ဝန်ထမ်း ခေါ်ယူခြင်း

လိုအပ်ချက်များ
✅Plumbing နှင့် သက်ဆိုင်သော သင်တန်းဆင်း လက်မှတ် ရှိရမည်။
✅အသက် ၁၈- ၄၅ အတွင်း ဖြစ်ရမည်။✅အမှန်တကယ် လေ့လာမှု့ ရှိပြီး တက်ကြွစွာ အလုပ်လုပ်နိုင်သူ ဖြစ်ရမည်။
✅အသင်း အဖွဲ့နှင့် အလုပ်လုပ်နိုင်သူ ဖြစ်ရပါမည်။

🏭အလုပ်နေရာ - ရွှေလှ ထွန်းသာ ကုမ္ပဏီ
အမှတ်၂၁၊(၃) ရပ်ကွက်၊ကျန်စစ်သားလမ်း၊
အရှေ့ဒဂုံ။

စိတ်ဝင်စားသူများ Techno Point သင်တန်းကျောင်းသို့ လူကိုယ်တိုင် လာရောက် လျှောက်လွာတင်ပြီး စုံစမ်းနိုင်ပါသည်။

Viber - 09960065300 သို့လည်း CV ပေးပို့ လျှောက်ထားနိုင်ပါသည်။

21/11/2023

အလုပ်ခေါ်စာ

Industrial Motor Control ဝန်ထမ်း အလိုရှိသည်။

Requirements
✅Techno Point သင်တန်းဆင်း လက်မှတ် ရှိရမည်(လက်မှတ် ပျောက်နေသူများ သင်တန်းသို့ဆက်သွယ် နိုင်ပါသည်)
✅အသက် ၁၈- ၄၅ အတွင်း ဖြစ်ရမည်။✅အမှန်တကယ် လေ့လာမှု့ ရှိပြီး တက်ကြွစွာ အလုပ်လုပ်နိုင်သူ ဖြစ်ရမည်။
✅အသင်း အဖွဲ့နှင့် အလုပ်လုပ်နိုင်သူ ဖြစ်ရပါမည်။

🏭အလုပ်နေရာ - ရွှေလှ ထွန်းသာ ကုမ္ပဏီ
အမှတ်၂၁၊(၃) ရပ်ကွက်၊ကျန်စစ်သားလမ်း၊
အရှေ့ဒဂုံ။

စိတ်ဝင်စားသူများ Techno Point သင်တန်းကျောင်းသို့ လူကိုယ်တိုင် လာရောက် လျှောက်လွာတင်ပြီး စုံစမ်းနိုင်ပါသည်။

Viber - 09960065300 သို့လည်း CV ပေးပို့ လျှောက်ထားနိုင်ပါသည်။

21/11/2023

Singapore မှာ အလုပ်သွားရောက် လုပ်ကိုင်ချင်တဲ့ Techno Point သင်တန်းဆင်းများအတွက် အကောင်းဆုံး အခွင့်အရေး လာပါပြီ……..

Male (Work pass)
Age - 23 - 35
Education - Degree /Diploma /Certificate
Field - Electrical / Mechanical
Experience - Preefer experience in plastic industry
Working hours - 12 hours/ 6 days
Gross salary - ~ 2000 SGD
Physically fit- able to lift 25kg resin bag

Contact - 09 974798398, 09 779598297
Viber no. - 09 974798398, 09 779598297
Address- No(45), San Yeik Nyein 5th street, Kamayut Township

Applicants must be submitted their CV not later than 30th November , 2023.

21/11/2023

Electrical Installation ဝန်ထမ်း အလိုရှိသည်။

Requirements
✅Techno Point သင်တန်းဆင်း လက်မှတ် ရှိရမည်(လက်မှတ် ပျောက်နေသူများ သင်တန်းသို့ဆက်သွယ် နိုင်ပါသည်)
✅အသက် ၁၈- ၄၅ အတွင်း ဖြစ်ရမည်။✅အမှန်တကယ် လေ့လာမှု့ ရှိပြီး တက်ကြွစွာ အလုပ်လုပ်နိုင်သူ ဖြစ်ရမည်။
✅အသင်း အဖွဲ့နှင့် အလုပ်လုပ်နိုင်သူ ဖြစ်ရပါမည်။

💰လစာ- ၂၈၀၀၀၀ ( လူသစ်)၊၄၀၀၀၀၀ ကျော် ( ကျွမ်းကျင်)

🏭အလုပ်နေရာ - ရွှေလှ ထွန်းသာ ကုမ္ပဏီ
အမှတ်၂၁၊(၃) ရပ်ကွက်၊ကျန်စစ်သားလမ်း၊
အရှေ့ဒဂုံ။

စိတ်ဝင်စားသူများ Techno Point သင်တန်းကျောင်းသို့ လူကိုယ်တိုင် လာရောက် လျှောက်လွာတင်ပြီး စုံစမ်းနိုင်ပါသည်။

Viber - 09960065300 သို့လည်း CV ပေးပို့ လျှောက်ထားနိုင်ပါသည်။

Photos from Techno Point Engineering Training Centre's post 19/11/2023

အိမ်တွင်းလျှပ်စစ် သွယ်တန်း တပ်ဆင်ခြင်း သင်တန်း
💡စာတွေ့ သင်ကြားခြင်း
💡လက်တွေ့ သင်ကြားခြင်း
💡တတ်မြောက်မှု့ စစ်ဆေးခြင်း
💡သင်တန်းဆင်းလက်မှတ် ပေးအပ်ခြင်း

18/11/2023

Industrial Motor Control သင်တန်းသားများ၏ လက်တွေ့ လုပ်ဆောင်နေမှု့များ

Photos from Techno Point Engineering Training Centre's post 18/11/2023

Certificate တစ်ခုကိုင်ထားရုံနဲ့ အသက်မွေးဝမ်းကျောင်းအတွက်ခိုင်မာတဲ့ အလုပ်တွေကို လုပ်ကိုင်နိုင်မယ်ဆိုတာ သင်သိပြီးပြီလား? 🤔

ခေတ်ရေစီးကြောင်းနဲ့အတူ နည်းပညာတွေကိုအသုံးချပြီး ပြည်တွင်းရောပြည်ပမှာပါ ခိုင်မာတဲ့ အလုပ်အကိုင်တွေနဲ့ အသက်မွေးဝမ်းကျောင်းပြုလုပ်ချင်ပါသလား။ 🤔

Engineering ဘာသာရပ်တွေကိုမှ သင်က
✅ အဲကွန်းနဲ့ ရေခဲသေတ္တာတွေပြုပြင်ရတာကြိုက်တယ်၊
✅ လျှပ်စစ်မော်တာ ထိန်းချုပ်မောင်းနှင်ခြင်းကို စိတ်ဝင်စားတယ်၊
✅ လျှပ်စစ်သွယ်တန်းရတဲ့အလုပ်တွေလုပ်ရတာကြိုက်တယ် ဆိုရင်တော့ သင့်အတွက် သတင်းကောင်းလေးကို ယူဆောင်လာပေးပါတယ်နော်...

သင်က ဒီအလုပ်တွေလုပ်နေရတာကို သဘောကျပြီး ဝင်ငွေကောင်းတစ်ရပ်ကိုလည်းရှာဖွေချင်သူလား။ ဒီအလုပ်တွေက သင့်ရဲ့အသက်မွေးဝမ်းကျောင်းအတွက် ခိုင်မာတဲ့ဝင်ငွေကောင်းတစ်ခုကို ဖန်တီးပေးနိုင်တယ်ဆိုတာရော သင်သိထားလား။

ဒီလို အဲကွန်း၊ အဝတ်လျှော်စက်တွေပြုပြင်ရတာတွေ လျှပ်စစ်သွယ်တန်းရတဲ့အလုပ်တွေကနေ ခိုင်မာတဲ့ဝင်ငွေတစ်ခုဖန်တီးပေးနိုင်တယ်လို့ပြောရင် သင်ယုံမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီအချက်ဟာ လုံးဝမှန်ကန်ပါတယ်။ ဒီအတတ်ပညာနဲ့ပတ်သက်တဲ့ Certificate တစ်ခုကို ကိုင်ဆောင်ထားပြီး ကျွမ်းကျင်တတ်မြောက်နေမယ်ဆိုရင်တော့ သင့်ဝင်ငွေအတွက် ပူနေစရာမလိုတော့ပါဘူး။ 🥰

အလုပ်အကိုင်တွေပေါများပြီး ဝင်ငွေကောင်းပြီးအလုပ်တွေလုပ်ကိုင်နိုင်ဖို့အတွက် Techno Point Vocational Training Center မှာ
🌟 Installation and Maintenance of Air Conditioning, Refrigeration and Washing Machine
🌟 Electrical Wiring & Installation
🌟 Industrial Motor Control
စတဲ့ Certificate အတန်းတွေကို ဖွင့်လှစ်ပေးနေပါတယ်။

သင်က ဘယ်နေရာပဲရောက်နေနေ ဝင်ငွေကောင်းတဲ့အလုပ်တွေကိုပဲ ရွေးချယ်လုပ်ကိုင်မယ်ဆိုရင်တော့ ဒီအတန်းတွေက သင့်အတွက်ပါပဲနော်...

🔴 Techno Point Vocational Training Center ရဲ့အားသာချက်များ
✅ သင်တန်းသားများကို မိသားစုကဲ့သို့ နွေးထွေးစွာကြိုဆိုခြင်း၊ နွေးထွေးစွာဆက်ဆံခြင်း။
✅ စာတွေ့လက်တွေ့အသင်အပြကောင်းမွန်ခြင်း။
✅ အချိန်တိုအတွင်း အသက်မွေးဝမ်းကျောင်းပညာရပ်ဖြင့် မိမိဘဝကို ရပ်တည်နိုင်ခြင်း။
✅ သင်တန်းကာလအတွင်း စာတွေ့လက်တွေ့ OJT ဆင်းနိုင်ခြင်း။
✅ သင်တန်းသားများ၏ အရည်အချင်းကို စာတွေ့လက်တွေ့ စာမေးပွဲစစ်ဆေးပေးခြင်း။
✅ သင်တန်းပြီးလျှင် လုပ်ငန်းခွင်ဝင်ရန် ချိတ်ဆက်ပေးခြင်း။
✅ သင်တန်းပြီးလျှင် မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝရရှိခြင်း။
✅ နယ်မှ သင်တန်းသားများအတွက် အဆောင်စီစဉ်ပေးခြင်း။

ဘယ်နေရာပဲရောက်ရောက် Certificate တစ်ခုကိုကိုင်ဆောင်ထားရုံနဲ့ သင့်အတွက် ဝင်ငွေကောင်းစေမဲ့အလုပ်တွေကို ရွေးချယ်နိုင်ဖို့ Techno Point က Certificate အတန်းတွေကို ရွေးချယ်တက်ရောက်လိုက်ပါနော်...

သင်တန်းအသေးစိတ်
Aircon Course - 18.11.2023 (Sat and Sun) (1:00 - 4;00 pm)
Electrical Installation Course - 7.12.2023 (Thurs and Fri) (9:00 - 11:00 am), 25.11.2023 (Sat and Sun) (11:00 - 1:00 pm)
Motor Control Course - 7.12.2023 (Thurs and Fri) (12:00 – 2:00 pm)

🔴 တက်ရောက်နိုင်သော သင်တန်းနေရာများ
Main Center - လိပ်စာ - အမှတ် - ၄၅၊ ပထမထပ်၊ စံရိပ်ငြိမ် (၅) လမ်း၊ ကမာရွတ်မြို့နယ်။
Center (1). - လိပ်စာ - အမှတ် (၆၄၁)၊ ညောင်တပင်လမ်း၊ အောင်ဆန်းရပ်ကွက်၊ အင်းစိန်မြို့နယ်။
Center (2) - လိပ်စာ - အမှတ် (၁၅၁)၊ ယောဂီကျောင်းလမ်း၊ (၁၁) ရပ်ကွက်၊ လှိုင်မြို့နယ်။

ပေးရတဲ့ ဈေးနဲ့ တန်တဲ့ စာတွေ့၊ လက်တွေ့ သင်ယူမှုတွေ အများကြီး လုပ်ရဖို့ အာမခံပါတယ်။ သင်တန်းကြေးကို ငွေသားနဲ့ရော Banking များနဲ့ပါ ပေးချေနိုင်ပါတယ်။

သင်တန်းအကြောင်း အသေးစိတ်သိလိုတာတွေအတွက် Messenger ကဖြစ်စေ၊ ဖုန်း - 09 974798398, 09779598297 ကိုဆက်သွယ်ပြီး ဖြစ်စေ ရုံးချိန်အတွင်း မေးမြန်းနိုင်ပါတယ်။

17/11/2023

Techno Point Vocational Training Center အစားTechno Point Engineering Training Centre သို့ နာမည် ပြောင်းလဲ၍ လက်ရှိ ဖွင့်လှစ်ထားသော City and Guilds (UK) Diploma နှင့် သက်မွေး ကာလတို သင်တန်းများအပြင် Engineering နှင့်သက်ဆိုင်သော Professional Engineering Courses များ ကိုပါဖွင့် လှစ်ပေးတော့မည် ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

Professional Engineering Courses များတွင် သင်တန်း အမျိုးအစား (၄) မျိုး ပါဝင်ပါသည်။

(၁)Fresh Graduates များအတွက် ရည်ရွယ်၍
👉BE ဆင်းခါစ လုပ်ငန်းခွင် အကြောင်း မသိသေးသူများကို လုပ်ငန်းခွင် မိတ်ဆက် လုပ်ငန်းဆောင်တာများကို သင်ကြားပေးမည့် On Job Training သင်တန်းလေးပဲ ဖြစ်ပါသည်။

(၂) လက်ရှိ လုပ်ငန်းခွင်တွင်း အလုပ်လုပ်ကိုင်ရင်း မိမိတို့ရဲ့ Skill,Knowledge,Altitude တွေကို တိုးတက်စေလိုသူများအတွက်လည်း Refresher Course သင်တန်းလေးကို တက်ရောက်နိုင်ပါတယ်။

(၃)QA/QC Engineer တယောက်အဖြစ် ရပ်တည် ချင်သူများအတွက်လည်း Quality Engineer သင်တန်းလေး တက်ရောက်နိုင်ပါတယ်။

(၄) အစိုးရအသိအမှတ်ပြု အင်ဂျင်နီယာ လက်မှတ် ဝင်ခွင့်များအတွက်လည်း ကူညီ လေ့ကျင့်ပေးသည့် သင်တန်းလည်း ဖွင့်လှစ်ထားပါသည်။

👉Techno Point Engineering Training Centre တွင်လက်ရှိ ဖွင့်လှစ်ထားသော vocational သင်တန်းများအပြင် အထက်မှာ ဖော်ပြထားသော professional engineering courses များကိုလည်း ၂၀၂၃ ဒီဇင်ဘာ ဒုတိယပတ်မှ စတင် ဖွင့်လှစ်တော့မှာ ဖြစ်လို့ စိတ်ဝင်စားသူများ မေးမြန်းစုံစမ်း အပ်နှံနိုင်ပါပြီ။

သင်တန်းစုံစမ်းရန် - အမှတ် (၁၅၁)၊ Techpark 151၊ ယောဂီကျောင်းလမ်း၊ (၁၁) ရပ်ကွက်၊ လှိုင်မြို့နယ်။(MICT park ကပ်လျှက်၊သံလမ်း မှတ်တိုင်)

ဖုန်း- 09 779598297, 09 250077271

Photos from Techno Point Engineering Training Centre's post 16/11/2023

Electrical Installation and Wiring
( အိမ်တွင်း လျှပ်စစ် သွယ်တန်း တပ်ဆင်ခြင်း လက်တွေ့ ဦးစားပေး သက်မွေး သင်တန်း) သင်တန်းသားများ လက်တွေ့ ပြုလုပ်နေကြခြင်း

16/11/2023

ကျွန်တော့်နာမည်ကတော့ ရဲဝင်းအောင်ဖြစ်ပါတယ်။ Advanced Diploma in Electrical and Electronics Engineering ဘာသာရပ်ကို တက်ရောက်သင်ကြားနေတဲ့ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။ Techno Point ကို Online ကနေ တစ်ဆင့်သိခဲ့တာဖြစ်ပါတယ်။ City and Guilds Diploma သင်ကြားရေး ကျောင်းခွဲဖြစ်တာကြောင့် Techno Point Vocational Training Center ကျောင်းကို တက်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။

ဆရာ၊ ဆရာများရဲ့ စေတနာကောင်းမှု၊ သင်ကြားရေးထူးချွန်မှုတို့ကြောင့် စိတ်ကျေနပ်ရပါတယ်။ Electrical and Electronics Engineering အတန်းကို တက်ရောက်ခဲ့ခြင်းကြောင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ မိမိပြုလုပ်တဲ့အလုပ်များကို တိကျမှန်ကန်ဖို့၊ Control Drawing ရေးဆွဲခြင်းနဲ့ ပတ်သက်တဲ့အသိပညာများကို သိရှိခဲ့ပါတယ်။

16/11/2023

Diploma in Mechanical Engineering သင်တန်းသား၏ Techno Point Vocational Training Centre ၌ တက်ရောက်ပညာ သင်ယူမှု့ အပေါ် ခံစားချက်များ……

ကျွန်တော်နာမည်ကတော့ ဖြိုးအောင်ထိုက်ဖြစ်ပါတယ်။ Advanced Diploma in Mechanical Engineering ဘာသာရပ်ကို တက်ရောက်သင်ကြားနေတဲ့ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။ အသိတစ်ယောက်ရဲ့ လမ်းညွှန်မှုကနေတစ်ဆင့်သိခဲ့တာဖြစ်ပါတယ်။ ကိုယ်တက်ရောက်ချင်တဲ့ Mechanical ဘာသာရပ်ကို အချိန်တိုအတွင်း UK Diploma ရရှိနိုင်တဲ့အတွက် ရွေးချယ်ဖြစ်ပါတယ်။ Techno Point မှာဆိုရင် ဆရာ၊ ဆရာမတွေက ဘာသာရပ်တွေကို ကျွမ်းကျင်စွာ သင်ကြားနိုင်ပါတယ်။ ကျောင်းစည်းကမ်းလည်း ကောင်းမွန်တယ်။ ကျောင်းသားအချင်းချင်းလည်း စည်းလုံးညီညွတ်ကြပါတယ်။ Air-con, AutoCAD, Health and Safety ပိုင်းတွေလည်း အများကြီး သိရှိလာပါတယ်။

16/11/2023

City and Guilds (UK) မှ ပေးအပ်သော
Diploma in Engineering သင်တန်းသားများ၏ Techno Point Vocational Training Centre ၌ တက်​ရောက် ပညာသင်ယူ မှု့ အပေါ် ရင်ဖွင့် စကားသံများ………

Diploma in Civil Engineering
(မြို့ပြ အင်ဂျင်နီယာ သင်တန်းမှ)
ကျွန်မနာမည်ကတော့ ဖူးပြည့်ကျော်ဇင်ဖြစ်ပါတယ်။ Diploma in Civil Engineering ဘာသာရပ်ကို တက်ရောက်သင်ကြားနေတဲ့ကျောင်းသူတစ်ယောက်ဖြစ်ပါတယ်။ Techno Point ကို Online ကနေ တစ်ဆင့်သိခဲ့တာဖြစ်ပါတယ်။ Techno Point ဟာဆိုရင် သွားလာရတာလည်း အဆင်ပြေသလို ကျောင်းလခကိုလည်း အဆင်ပြေအောင် စီစဉ်ပေးပါတယ်။ အာမခံအပြည့်အဝရှိတာကြောင့် ရွေးချယ်ဖြစ်ခဲ့တာဖြစ်ပါတယ်။ Techno Point မှာဆိုရင် စာအသင်အပြကောင်းမွန်ပါတယ်။ လက်တွေ့ရော၊ Presentation, Assignment တွေလုပ်ရပါတယ်။ စာဖတ်ဖို့လည်း တိုက်တွန်းတာကြောင့် စာလည်း တောတော်လေးဖတ်ဖြစ်လာပါတယ်။ Engineering နဲ့ပတ်သက်တဲ့အခေါ်အဝေါ်တွေအများကြီးသိလာပါတယ်။

16/11/2023

Occupational Safety

14/11/2023

Electric & Electronics

ကားပြုပြင်တဲ့အခါ လျှပ်စစ်ပိုင်းကို ချန်ထားလို့ကို မရတော့ဘူး။ အရင်တုန်းက အင်ဂျင်ကိုင်တဲ့သူက တစ်ယောက် ဝါယာရင်းလိုက်တဲ့သူကတစ်ယောက် သပ်သပ်စီ ခုကျတော့ အင်ဂျင် ဂီယာဘောက်စ် အောက်ပိုင်း ဘရိတ် စတီယာရင် အာလုံးဟာ ဆက်စပ်နေပြီး လျှပ်စစ်ထိန်းချုပ်မှုတွေနဲ့ အလုပ်လုပ်ကြလို့ တစ်ခုတည်းနားလည်ရုံနဲ့ ကားပြင်လို့ မရတော့ဘူး။ ဒီပို့စ်မှာတော့ ကားပြုပြင်တဲ့အခါ သိထားသင့်တဲ့ Electric & Electronics သဘောတရား ၅ ခုကို ဖော်ပြပေးပါ့မယ်။

၁။ Electric Current

Current ကို Ampere (A) နဲ့တိုင်းတာတယ်။ ဘယ်ပစ္စည်းမှာမဆို Electrons တွေပါ၀င်ပြီး ဒီ Electrons တွေသွားလာရွေ့လျားတဲ့အခါ Current ဖြစ်ပေါ်လာတာပဲ။ Electrons တွေရွေ့လျားတဲ့အခါ ဦးတည်ရာတဘက်တည်းကို ရွေ့လျားရင် Direct Current ဖြစ်ပေါ်လာတယ်။ ကားတစ်စီးလုံးမှာ အဓိကထားအသုံးပြုတာ Direct Current ပဲဖြစ်တယ်။

၂။ Electromotive Force

Electric Current ဖြစ်ပေါ်လာအောင် တွန်းအားပေးတဲ့ အရာကို ဆိုလိုတာပါ။ အများအားဖြင့် V (Volt) နဲ့တိုင်းတာတယ်။ ကားမှာဆိုရင်တော့ 12 V ဘက်ထရီက Electromotive Force ကို အဓိကပေးတဲ့ ပစ္စည်းပေါ့။

၃။ Resistance

ခုခံအား Resistance ကို Ohm နဲ့တိုင်းတာတယ်။ Conductor လျှပ်ကူးပစ္စည်းတွေက Resistance အနည်းဆုံးဖြစ်ပြီး Insulator လျှပ်ကာပစ္စည်းတွေကတော့ Resistance အများဆုံးပါပဲ။ ဒီ (၂) ခုကြားမှာ Semiconductor ဆိုတဲ့ ပစ္စည်းရှိတယ်။ လျှပ်စစ် IC အများစုကို ဒီပစ္စည်းနဲ့ လုပ်တာများတယ်။

၄။ Waveforms

လျှပ်စစ်လမ်းကြောင်းတိုင်းမှာ Waveforms တွေရှိတယ်။ ပုံမှာ တစ်ခုစီဖော်ပြထားတယ်။ ဒီ Waveforms တွေကို Oscilloscope ကိုအသုံးပြုပြီး တိုင်းတာလို့ရတယ်။ ဥပမာ - Spark Plug ကောင်းမကောင်းသိချင်ရင် Waveform ကိုကြည့်ပြီး ဆုံးဖြတ်လို့ရတယ်။ Spark Plug တစ်ခုမှာ ပုံမှန်ထွက်ရမယ့် Waveform ရှိတယ်။ တကယ်လို့ Spark Plug ကပျက်နေမယ်၊ ဂျိုးကပ်နေမယ်၊ ပလပ်အတုဖြစ်နေမယ် ဒါမှမဟုတ် ထိခိုက်မှုရှိထားမယ်ဆိုရင် ဒီ Waveform အတိုင်းမထွက်ဘူး။ ပလပ်မှမဟုတ်ဘူး အခြားပစ္စည်းတွေဖြစ်တဲ့ Wheel Speed Sensor ၊ Oxygen Sensor စတာတွေကိုလည်း Oscilloscope ကိုသုံးပြီး Waveform တွေကိုကြည့်ပြီး ကောင်း/မကောင်းစစ်ဆေးလို့ရပါတယ်။

၅။ Diodes and Transistors

Diodes တွေက Electric Current ကို တစ်ဖက်ပဲ စီးဆင်းခွင့်ပြုတယ်။ ဒီပစ္စည်းတွေဟာ လျှပ်စစ်ရဲ့ အရေးပါတဲ့ ပစ္စည်းတွေဖြစ်တယ်။
p-type semiconductor
n-type semiconductor
Zener diode
light emitting diode စသဖြင့် အမျိုးအစားတွေအများကြီးရှိပါတယ်။
ဒီလိုပဲ Transistors ဆိုတာလည်း ကားရဲ့ ECU တိုင်းက IC တွေမှာ အလွန်သေးငယ်တဲ့ အရာလေးတွေအနေနဲ့ ပါ၀င်နေကြတယ်။ Transistor ဆိုတာတကယ်တော့ ခလုတ်တစ်ခုလိုပဲ အသုံးပြုထားတာပါ။ အသေးစိတ်ကို နားမလည်ရင်တောင် အခြေခံအနေနဲ့ Amplifier အနေနဲ့ အသုံးပြုတယ်ဆိုတာတော့ သိထားသင့်ပါတယ်။
ဒီနှစ်ခုက ကားပြုပြင်ရာမှာ တိုက်ရိုက်မပါ၀င်မပတ်သက်ပေမယ့် ကားရဲ့ Wiring Diagram တွေဖတ်ပြီး ဝါယာရင်းလိုက်တဲ့အခါမှာတော့ သွယ်ဝိုက်သောနည်းလမ်းတွေနဲ့ အသုံးတည့်ပါလိမ့်မယ်။ အနည်းဆုံး ECU ဆိုတာ diodes တွေ transistors တွေ resistors capacitors inductors တွေ အားလုံးပေါင်းထားတဲ့ Integrated Circuit တွေအများကြီးပါ၀င်တဲ့ ပစ္စည်းဆိုတာတော့ သိလာပါလိမ့်မယ်။

ခု ပြောပြခဲ့တဲ့ သဘောတရား (၅) မျိုးကို အခြေခံအနေနဲ့သိထားပြီးလို့ ဝါယာရိန်းဘက်ကို ပျော်‌ေမွ့လာပြီဆိုရင်တော့ ကျွန်တော်တို့ဆီက အင်ဂျင်ဝါယာရိန်း ပြစ်ချက်ရှာဖွေကျွမ်းကျင်သင်တန်းမှာ စာရင်းကြိုပေးထားလို့ရပြီပေါ့ဗျာ 😄

11/11/2023
Photos from Techno Point Engineering Training Centre's post 11/11/2023

လာမည့် December Exam တွင် City and Guilds (UK) မှ စစ်ဆေးမည့် စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုကြမည့် Diploma အသီးသီးအလိုက် သင်တန်းသားများ လေ့ကျင့်နေကြခြင်း ။

👉Techno Point Vocational Training Centre သည် သင်တန်းသားများကို Diploma လက်မှတ်ရရုံ တခုပဲဦးတည်ချက်မထားပဲ Physical , Mental ပိုင်းဆိုင်ရာ Engineer တယောက် ရှိသင့်သည့် အရည်အချင်းများ ကို (Sport Activities များ Personal development activities များဖြင့်)လေ့ကျင့်ပေး​နေသော သင်တန်းကျောင်း တခု ဖြစ်ပါသည်။

သင်တန်း စုံစမ်းရန် - အမှတ် (၄၅)၊ ပထမထပ် ၊ စံရိပ်ငြိမ် (၅) လမ်း ၊ ကမာရွတ်
သင်တန်းတက်ရန် - အမှတ် ၁၅၁ ၊ ယောဂီကျောင်းလမ်း၊ MICT park ကပ်လျှက် ၊လှိုင်မြို့နယ်။

ဖုန်း- 09 779598297, 09 974798398

Want your business to be the top-listed Engineering Company in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

C & G at Techno Point
Star Delta Starter လက်တွေ့ လေ့ကျင့်ခြင်း
လက်တွေ့ လုပ်ငန်းများ
City and Guilds (UK) မှတိုက်ရိုက်ပေးအပ်သော  Diploma in Mechanical သင််တန်းသားများ၏ Automotive ဆိုင်ရာ Study Tour
Diploma in Civil Engineering သင်တန်းသားများ၏ Site Surveying Practice
Electrical Installation and Wiring
Diploma in Mechanical Engineering သင်တန်းသားများ၏ လက်တွေ့ ပြုလုပ်ခြင်း နှင့် အတွေ့ကြံု ဝေမျှခြင်း
Technician Diploma in Electrical and Electronics သင်တန်းသားများ၏ Electrical Installation ပိုင်းဆိုင်ရာ လက်တွေ့ လေ့ကျင့် ...
Estimate & Specification
One Way Slab

Telephone

Website

Address


Campus1-Building No. 45, First Floor, San YeikNyein (5) Street, Kamayut Township. , Campus 2/Techpark 151, YawGyi Kyaung Street , (11) Ward, Hlaing Township , Campus 3/645, Nyaung Tapin Street, Aung S
Yangon
11041

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00

Other Science, Technology & Engineering in Yangon (show all)
Gravity Survey Group Gravity Survey Group
Yangon

Drone Mapping, Surveying & GIS Services, Soil Survey

Soe moe kyaw Soe moe kyaw
Yan Gon
Yangon

UXMM UXMM
Yangon

User Interface & Experience Design Myanmar wants to share knowledge especially on User Interface Design (UI) and User Experience Design (UX) for those who are interested, especiall...

Burmese Silver Arowana Burmese Silver Arowana
No(22-B), First Floor, Zaya Thukha Street, (2) Quarter, Mayangone Township
Yangon, 11061

Burmese Lucky Fish Silver Arowana

C10s C10s
Yangon

Youth News Youth News
Thitsar
Yangon

Save Electricity Save Money Save Our Earth

တစ်သုည တစ်သုည
Yangon, <>

ကွန်ပြူတာနည်းပညာနှင့် သက်ဆိုင်သော ပညာရပ်များကို လေ့လာဆည်းပူးနိုင်ပါသည်။

Air Compressor Service Engineering Myanmar Air Compressor Service Engineering Myanmar
Yangon

Compressor Service & Compressed Air နှင့်ပတ်သက်ပြီး System တခုလုံးကို တာဝန်ယူ ဖြေရှင်းဆောင်ရွက်ခြင်း

Lin Lin Air Con Sale & Services Lin Lin Air Con Sale & Services
Yangon, 1111

Air Con,Refrigerator,Washing Machine,Cold Storage,Chiller&Ice Block Maker Machine

Paw's Defence & Tech Blog Paw's Defence & Tech Blog
Yangon

ကမ္ဘာ စစ်နည်းပညာ များနှင့် IT နည်းပညာ?

Funny Games Funny Games
Yangon

game ကစားပြီး phone bill သာ လာယူပါ