ပြည်ငြိမ်း-အဝေးသင်တက္ကသိုလ်

ပြည်ငြိမ်း-အဝေးသင်တက္ကသိုလ်

You may also like

Arvin serna
Arvin serna

အဝေးသင်ကျောင်းသား/သူ များအတွက်သာ

12/02/2024

ကျောင်းသားကျောင်းသူများအနေနဲ့ယာယီဆိုင်းငံ့ကာလဖြင့်ကင်းလွတ်ခွင့်ရရှိမှာဖြစ်ပြီး၂နှစ်ထက်မပိုသောကာလကိုသာထမ်းဆောင်ရမည်ဟုသိရ

28/01/2024

ကျောင်းသားဘဝတုန်းက

ဆရာ၊ဆရာမတွေကို တန်ဖိုးထားရမှန်း မသိဘူး

အဖြူအစိမ်းကို တန်ဖိုးမထားမိဘူး (တစ်ခါတလေ အဖြူအင်္ကျီမဝတ်ချင်လို့ အပေါ်လက်ရှည်တောင်ထပ်လိုက်သေး)

အတန်းဖော်သူငယ်ချင်းတွေကို တန်ဖိုးမထားမိဘူး။

ဆယ်တန်းစာမေးပွဲ ပြီးဆုံးတဲ့နေ့က အားလုံးပျော်နေကြတော့ ပေါင်းခဲ့တဲ့သူငယ်ချင်းတွေကိုတောင် ကောင်းကောင်း နှုတ်မဆက်ခဲ့လိုက်ရဘူး။

ငါတို့တွေ အပြင်မှာဆုံကြမယ်လေ၊ဖုန်းတွေဆက်ကြမယ်၊လိုင်းပေါ်ကနေစကားတွေပြောကြမယ်၊အိမ်လည်းလာလည်နော်ဆိုပြီး နှုတ်ဆက်သွားတဲ့သူငယ်ချင်းလည်း အစပိုင်းမှာအဆက်အသွယ်ရှိပေမယ့် နောက်ပိုင်းတဖြည်းဖြည်းစိမ်းလာလိုက်တာ လမ်းမှာတွေ့ရင်တောင် နှုတ်မဆက်ကြတော့ဘူး။

အရင်တုန်းကတန်ဖိုးမထားမိတဲ့ အရာတွေဖြစ်တဲ့ ကျောင်းတက်ခေါင်းလောင်းထိုးသံကို ဘာလို့ခုမှ‌ရင်ခုန်နေတာလိမ့်။

ဘင်ခရာသံတွေကြားရင် ဘာလို့ရင်ထဲတစ်မျိုးကြီးဖြစ်သွားပါလိမ့်။

ကျောင်းတက်တုန်းက တွေ့မှာဆိုးလို့ရှောင်ခဲ့တဲ့ ဆရာမရဲ့ခြင်းတောင်းကို ခုမှဘာလို့ ကူသယ်ပေးချင်နေတာပါလိမ့်။

စာသင်ခုံမှာစည်းခြားပြီး နေရာအများကြီးယူရင် ရန်ဖြစ်ခဲ့တဲ့ သူငယ်ချင်းတွေကို ဘာလို့သတိတွေရနေတာပါလိမ့်။

ယမ်ယမ်ခေါက်ဆွဲကိုဘယ်ချိန်ပဲစားစား အတန်းထဲမှာ အသံမြည်အောင်ချေပြီး စားခဲ့ရတဲ့ ယမ်ယမ်လောက် ဘာလို့အရသာမရှိတော့တာပါလိမ့်။

အဖြူအစိမ်းဝတ်ပြီး စက်ဘီးလေးတွန်းသွားတဲ့ ကျောင်သူကျောင်းသားတွေမြင်ရင် ဘာလို့ရင်ထဲကြည်နူးမိတာပါလိမ့်။

သောကြာနေ့ရဲ့ နောက်ဆုံးချိန်ဖြစ်တဲ့ သန့်ရှင်းရေးအချိန်မှာ အဖွဲ့လိုက်ကြီးလုပ်ရတဲ့ သန့်ရှင်းရေးတွေက အမှတ်တရဖြစ်လာလိမ့်မယ်လို့ မတွေးခဲ့မိဘူး။

အခုချိန်မှာ ခဏလောက်များ အဖြူအစိမ်းဝတ်ခွင့်ရမယ်ဆိုရင် အပေါ်လက်ရှည်ထပ်ဖြစ်ပါဦးမလား။

အင်္ကျီအဖြူပေါ်ဘောပင်မှင်တွေ
ပေအောင်လုပ်မိတဲ့သူငယ်ချင်းကို ရန်ထောင်မိပါဦးမလား။

မဖြစ်နိုင်တော့ပေမယ့် ဆန်ပြုတ်တိုက်တဲ့နေ့တွေမှာ ဇလုံနဲ့ဇွန်းယူပြီး ကျောင်းသွားချင်သေးတယ်။

စာသင်ချိန်အကူးအပြောင်းမှာ ရှေ့ထွက်ပြီး ကျောက်သင်ပုန်းဖျက်ချင်သေးတယ်။

မုန့်စားဆင်းချိန် အိမ်သာနားမှာသွားပြီး အချိန်ဖြုန်းချင်သေးတယ်။

နေ့လယ်ထမင်းစားချိန် ကျောင်းရှေ့ဂိမ်းဆိုင်ထဲခိုးဝင်ချင်သေးတယ်။

Crushရှိတဲ့အတန်းရှေ့ ခဏခဏဖြတ်လျှောက်ချင်သေးတယ်။

နွေရောက်ခါနီး တမာရွက်၊ကုက္ကိုရွက်ခြောက်တွေကြွေရင် လိုက်ဖမ်းပြီး စာအုပ်ကြားညှပ်ထားချင်သေးတယ်။

နွေရာသီကျောင်းပိတ်ရက်နီးလို့ နှုတ်ဆက်ပွဲလုပ်တဲ့အခါ သူငယ်ချင်းတွေကို ရေနဲ့ပတ်ချင်သေးတယ်။

တနင်္လာနဲ့သောကြာနေ့မနက်မှာ ဘောလုံးကွင်းနားကအလံတိုင်ရှေ့ တန်းစီချင်သေးတယ်။

အတန်းပိုင်ဆရာမရဲ့ အလေးပေးမှုကိုလိုချင်သေးတယ်။

အမြဲတမ်းထိုင်လွမ်းနေတာမဟုတ်ပေမယ့် တိုက်ဆိုင်မှုတွေရှိရင် အရမ်းကိုသတိရမိပါတယ်။

အခုချိန်မှာ မတွေ့ဖြစ်ကြတော့‌တဲ့ သူငယ်ချင်းတွေကို သတိရစွာဖြင့်

အလွမ်းရယ်မပြေဘူး.....ကျောင်းသားဘဝ
ငါတို့ကျောင်းသားဘဝ.....
PARKHANJOON 😢😢😢

26/01/2024

ညီမဘာဆက်လုပ်ရမှန်းမသိတော့ပါဘူးရှင်၊ တဲ့
မိတ်ဆွေညီမတစ်ယောက်က ရင်လာဖွင့်ထားတဲ့စာလေး💔

အကုန်လုံးညီမ မှားခဲ့တာပါ။သူနဲ့ညီမ စခင်တာလွန်ခဲ့တဲ့ ငါးနှစ်လောက်တည်းကပါ။ညီမကို လိုလေသေးမရှိအောင် ဂရုစိုက်တာပါ။ဒါပေမယ့် သူပါးစပ်က ဘယ်တော့မှ ချစ်တယ်ဆိုပြီး ဖွင့်မပြောခဲ့ဖူးပါဘူး။ညီမ ရည်းစားတွေထားလည်း သူဘာမှမပြောပေမယ့် သူ့ဘာသူတော့အသည်းကွဲပိုစ့်တွေ အမြဲတင်ပါတယ်။တင်တိုင်းလည်းညီမ မသိမမြင်အောင်တင်တာပါ။ညီမ မွေးနေ့တိုင်းမိဘတွေတောင်မလုပ်ပေးတဲ့ ကိစ္စမျိုးတွေက အစလုပ်ပေးနေကြပါ။ညီမ ထားခဲ့တဲ့ရည်းစားတွေ မလုပ်ပေးတဲ့ ကိစ္စမျိုးတွေပါလုပ်ပေးတာပါ။ညီမ ရည်းစားနဲ့ ညီမ စကားပြောဖို့ ဖုန်းဘေမရှိလို့ သူ့ကိုပြောတာ နှစ်ယောက်လုံးကို ဘေဖြည့်ပေးတယ်။ ဘယ်ကိစ္စမဆို ဘေးနာအမြဲရှိနေပေးတဲ့သူပါ။ ညီမ နဲ့သူ နားလည်မှုလွဲပြီး ခဏ ခဏ ဘလော့ဆဲလည်းဘယ်တော့မှထွက်မသွားဘဲ နင်ဒုက္ခရောက်မှာမို့လို့ငါရှိနေပေးတာလို့အမြဲပြောပါတယ်။ညီမ ပျော်နေ အဆင်ပြေနေတဲ့အချိန်ဆို သူ့ဘာသူမရှိသလိုနေတာပါ။သူရှိနေတာ အိမ်လိုလုံခြုံနွေးထွေးမှုမျိုးရနေတာမျိုးပါ။တအားရင့်ကြတ်ပြီး လုပ်ငန်းအတည်တကျနဲ့ လူကြီးဆန်ဆန်နေတဲ့သူမျိုးပါ။ ဘယ်လောက်ဆိုးဆိုး ဒုက္ခဘယ်လောက်ပေးပေးတစ်ချက်မငြီးတဲ့သူပါ။

နောက်ဆုံး ညီမအရင်ကောင်လေးက မိန်းမရှုပ်တယ်။မိန်းကလေးတွေအများကြီးဘဝပျက်ဖူးတယ်ပြောကို မနာလို လို့ပြောတာဆိုပြီးပစ်ပစ်ခါခါပြောပြီး အကုန် ဘလော့ပြီးမောင်းထုပ်ခဲ့တာတောင် နင်ဒုက္ခရောက်ရင်ဖုန်းဆက်ပါဆိုပြီးမှာခဲ့တာ။တကယ်ပဲ သူပြောသလိုဖြစ်လာတာပါ ညီမကောင်လေးနဲ့ ကိုယ်ဝန်ရပြီး တာဝန်မယူဘဲဖြတ်ပြီးနောက်မိန်းမယူသွားလို့ ငိုယိုပြီးသွားတောင်းပန်တာ နေပြည်တော်ကနေ ညတွင်းချင်းဆင်းလာပြီး ပိုက်ဆံပါယူလာပြီး လူမသိအောင် အကုန်ဖြေရှင်းပေးခဲ့တယ်။ အဲ့ထိတောင် သူတစ်ခါမှ ချစ်တယ်လို့မပြောဘဲ စည်းတအားစောင့်ခဲ့တာပါ။ သူ့မိတ်ဆွေညီမ မိတ်ဆွေအားလုံး သူညီမကိုချစ်နေမှန်းသိကျပါတယ်။ညီမကိုယ်တိုင်လည်း ခံစားမိပါတယ်။ညီမ သူငယ်ချင်းကို သူဖွင့်ပြောပြီးငိုတာသူငယ်ချင်းကပြန်လာပြောပြပါတယ်။ အစစအရာရာပြည့်စုံပြီး အားကျခဲ့ရတဲ့ သူအဲ့လို ငိုတာ ပထမဆုံးမြင်ဖူးတယ်လို့တောင်ပြောခဲ့တာ။
ညီမ သူငယ်ချင်းတွေဆို သူနဲ့တွဲဖို့ပဲ အမြဲပြောပေမယ့် သူ့ကိုဘယ်တော့မှ ပြန်မချစ်ခဲ့ပါဘူး။ သူကလည်း အခုချိန်ထိ ဘာလေးမဆို လုပ်ပေးနေကျပါ။ အချစ်ကို လုပ်ရက်နဲ့ပဲအမြဲ ပြတဲ့သူပါ။

ပြီးခဲ့တဲ့လက ညီမ ရည်းစားထားဖြစ်တော့ သူ့ကိုမပြောမိဘူး။ နောက်နေ့မှ သိရတာ သူဆေးရုံတက်လိုက်ရတယ်တဲ့။ညီမ သူငယ်ချင်းက ဖွင့်ပြောဖို့ သွားပြောခိုင်းတာ သူပြန်ပြောတဲ့စကားကြောင့် အံ့သြပြီး ညီမ ငိုမိတဲ့အထိပဲ၊ သူတစ်သက်လုံးထိန်းလာတဲ့ သိက်ခါကို အကျမခံနိုင်ဘူးတဲ့ ဘယ်အချိန်ပဲဖြစ်ဖြစ် ညီမ ဘာပဲဖြစ်ဖြစ် သူအမြဲရှိတယ်ဆိုတာကို ညီမ ယုံကြည်ထားတာမို့ အဲ့ယုံကြည်မှုကိုလည်းမဖြတ်ချင်ဘူးတဲ့၊ နှစ်ဦးပေါင်းဖက်ရမှ ချစ်တာမဟုတ်ပါဘူးဆိုပြီး ပြောခဲ့တာပါရှင်။

လွန်ခဲ့တဲ့လေးရက်က သူဖုန်းဆက်တယ် အားရင်ခဏတွေ့ရအောင်တဲ့၊ ညီမ ချက်ချင်းသွားတွေ့တာ သူ့ကို ကြည့်ရတာ ခါတိုင်းနဲ့လုံးဝမတူလို့မေးကြည့်တော့ သူ့ဘေးနားက ကောင်မလေးနဲ့ မိတ်ဆက်ပေးပါတယ်။ သူ့အမေ သဘောတူတဲ့ကောင်မလေးတဲ့ နောက်လထဲမှာ မင်္ဂလာဆောင်တော့မှာတဲ့ မိတ်ဆက်ပေးချင်လို့တဲ့။ ညီမတို့အကြောင်းအကုန်ပြောပြထားပြီးသားမို့ ညီမတစ်ယောက်ရတယ်ပဲသဘောထားပါတဲ့။ သူက မင်္ဂလာဆောင်ပြီးတာနဲ့ သူ့အမတွေနေတဲ့ ဒူဘိုင်းကို နှစ်ယောက်တူတူအခြေချတော့မှာပြောပြီး ပြန်သွားပါတယ်။

ညီမ အခုမှ အရူးဖြစ်နေပါပြီ။သူ့ကိုတကယ်ချစ်မိနေတာပါ။ သူမရှိရင်ဆိုတဲ့ အတွေးနဲ့ ငိုနေတာအခုထိပါပဲရှင်။ ညီမ သူ့ကိုပြန်လိုချင်ပါတယ်။ ညီမ ဘာဆက်လုပ်သင့်လဲဟင်။တကယ်ဘာမှမလုပ်နိုင်မစားနိုင်နဲ့ တကယ် အဆင်ပြေတော့လိုပါ။သူ့ကိုပြန်လိုချင်ပါတယ်။ အတိုးချပြီးချစ်ပေး ဂရုစိုက်ပေးချင်ပါတယ်။ဘာလုပ်ရမလဲပြောပြပေးကြပါအုံးရှင်။သူ့သူငယ်ချင်းတွေဆီဖုန်းဆက်မေးတော့လည်း ဖိတ်စာရိုက်ဖို့သွားနေကြပြီပြောပါတယ်။Social media ကနေရော ဖုန်းတွေပါညီမကို အကုန် ဘလော့သွားခဲ့ပါပြီ။ ညီမ ငိုတာကလွဲပြီးဘာမှ မလုပ်တက်တော့ဘူး။ ဒူးထောက်ရထောက်ရပါ။ ညီမသူ့ကိုပြန်လိုချင်တယ်ရှင်😔😔😔😔😔

အကောင်းဆုံးအကြံကိုပေးလိုက်ချင်ပါတယ်ညီမလေးရေ။ အေးချမ်းတော့မယ့်သူ့ဘဝလေးကိုလွတ်လပ်ခွင့်ပေးလိုက်ပါလို့ပြောရင်း......

24/01/2024

ဘွဲ့ဖောင်တင်ရန်နမူနာပုံစံ
နောက်ဆုံးနှစ်ကျောင်းသားကဒ်
နောက်ဆုံးနှစ်ချလန်စက္ကူ
မှတ်ပုံတင်
လိုင်စင်ဓာက်ပုံ၄ပုံ
ဖောင်ကြေး
စသည်တို့လိုအပ်ပါတယ်ခင်မျာ

24/01/2024

Dayသင်တန်းသို့ပြောင်းရွေ့ရန် နောက်ဆုံးနေ့စွဲ
မအူပင်တက္ကသိုလ်

Photos from ပြည်ငြိမ်း-အဝေးသင်တက္ကသိုလ်'s post 24/01/2024

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဘွဲ့နှင်းသဘင်လျှောက်လွှာခေါ်ယူခြင်း

19/10/2023

😅ဆရာအပုဒ်လေး လျှော့ပေးပါဦးဆိုရင်ဆောတီးပဲကွယ်

Photos from ပြည်ငြိမ်း-အဝေးသင်တက္ကသိုလ်'s post 09/10/2023

စတုတ္ထနှစ်မြန်မာစာက တပည့်များလေ့လာရန်

06/10/2023

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် အနီးကပ်တက်ရက်နှင့် စာမေးပွဲစတင်ဖြေဆိုရမည့်ရက်များ

Photos from ပြည်ငြိမ်း-အဝေးသင်တက္ကသိုလ်'s post 15/05/2023

မအူပင်တက္ကသိုလ် ဘွဲ့အပ်နှင်းချီးမြှင့်ရက်

15/05/2023

ကျောင်းအပ်ရက် ထပ်တိုးကြေငြာချက်

15/05/2023

Forgive and forget🤍

Photos from အေထြေထြသုတစံု's post 15/05/2023
16/11/2022

🖤Ripပါ ဆရာအကြည်တော်

02/07/2022

ဆရာတို့တပည့်တွေအဆင်ပြေအောင်ရက်ထပ်တိုးပေးထားပါတယ်

28/06/2022

https://www.facebook.com/groups/528173381185606/permalink/978153386187601/
ဒီ link လေးထဲကနေကိုယ်ချင်တဲ့classကိုရွေးချယ်ပြီးတက်လို့ရပါပြီပညာဒါနဖြစ်ပြီး certificateယူမယ်ဆိုcertificateကြေးအနည်းငယ်သာပေးရတဲ့အတန်းလည်းဖြစ်ပါတယ်။

28/06/2022

ကျောင်းတစ်ဖက်နဲ့ပညာဒါနသင်တန်းတက်ရောက်ချင်သူတွေရှိလား?

Photos from ပြည်ငြိမ်း-အဝေးသင်တက္ကသိုလ်'s post 28/06/2022

ကျောင်းအပ်ရန် နမူနာပုံစံ။

23/06/2022

နောက်‌ဆုံးကျောင်းအပ်လက်ခံရက် စာထွက်ပါပြီ။

22/06/2022

ဆယ်တန်းအောင်လက်မှတ်နှင့်အမှတ်စာရင်းထုက်ယူလိုသူများအတွက်ဆရာညွှန်ပြပေးတဲ့လိပ်စာအတိုင်းသွားရောက်ထုက်ယူပါ
ပါရမီလမ်းမ
အေဒီမီးပွိုင့်အနောက်ဖက်
ကောင်းသန့်စားသောက်ဆိုင်ရဲ့
ညာဖက် သုံးခြံကျော်ခန့်မှာပါ။
လိုင်မြို့နယ်၊၊ပါရမီ12လမ်းးး

Photos from ပြည်ငြိမ်း-အဝေးသင်တက္ကသိုလ်'s post 22/06/2022

Assignment တွေကိုကျောင်းမှာ စာရေးမတွေကမိတ္တူကူးပြီးစျေးတင်ရောင်းနေတာတွေတွေ့လို့ မဟာအဝေးသင် page ကတင်ထားတာလေးပြန်ရှဲပေးပါတယ်

မဟာ ( အဝေးသင် ) စာစဉ်ဖြေနည်းလမ်းညွှန်

- ဒဂုံ/ အရှေ့ပိုင်း/ အနောက်ပိုင်း/ ရန်ကုန်အဝေးသင်ကျောင်းသား/သူ တိုင်းအတွက် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် ဝိဇ္ဇာ၊ သိပ္ပံ ဘာသာစုံ၊ စီးပွားရေး ( ရွာသာကြီး ) ပထမနှစ်၊ ဒုတိယနှစ် ကျောင်းသား/ သူ တိုင်းအတွက် စီးပွားရေး ၊ စီးပွားစီမံ စာစဉ်ဖြေနည်း လမ်းညွှန်စာအုပ်များကို မဟာ(အဝေးသင်) သင်တန်း ( အမှတ် ၁၁ (ဘီ) မြေညီထပ်၊ လှည်းတန်း (၁) လမ်း၊ ကမာရွတ်မြို့နယ်၊ ဖုန်း - ၀၁ ၅၀၄၈၆၁၊ ၀၁ ၅၀၄၃၆၀၊ ၀၁ ၂၃၀၄၃၅၄၊ ၀၉ ၄၃၁၆၈၁၃၅ ) နေရာတွင် ဝယ်ယူနိုင်ပါသည်။
- ဘာသာစုံ ပထမနှစ်ဝက်နှင့် ဒုတိယနှစ်ဝက် အတွက် ၃၀၀၀ ကျပ်၊
ဒုတိယနှစ်၊ တတိယနှစ် ရူပဗေဒ၊ ဓာတုဗေဒ၊ သင်္ချာ အထူးပြုများအတွက် ၄၀၀၀ ကျပ်
- တရားမဝင် တစ်ဆင့် ကူးယူရောင်းချသူများအား စုံစမ်းဖော်ထုတ် အရေးယူသွားမည် ဖြစ်ကြောင်း ကြိုတင် သတိပေးအပ်ပါသည်။

မဟာ( အဝေးသင် ) သင်တန်း

ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် ဝိဇ္ဇာဘာသာစုံ နှင့် စီးပွားရေး၊ စီးပွားစီမံ သင်တန်းများ
သင်တန်းကြေး အသက်သာဆုံး နှင့် စာမေးပွဲ အောင်ရန် အာမခံသင်ကြားပေးသည့် သင်တန်းဖြစ်၍ ယုံကြည်စိတ်ချစွာ အပ်နှံ သင်ယူနိုင်ပါသည်။

စုံစမ်းရန် - အမှတ် ၁၁ (ဘီ) မြေညီထပ်၊ လှည်းတန်း (၁) လမ်း၊ ကမာရွတ်မြို့နယ်။
ဖုန်း - ၀၁ ၅၀၄၈၆၁၊ ၀၁ ၅၀၄၃၆၀၊ ၀၁ ၂၃၀၄၃၅၄၊ ၀၉ ၄၃၁၆၈၁၃၅

21/06/2022

ဆရာအသက်မကြီးသေးပါဘူးနော် မဟာတန်းဒုတိယနှစ်ပဲရှိပါသေးတယ်🌻

21/06/2022

နောက်ဆုံးလျှောက်ထားရန် ပထမနှစ်ကျောင်းသားများ

18/06/2022

Assဖောင်ရပြီးAss အထူးထုက် မရသေးတဲ့ချစ်တပည့်များ ပင်ရင်းမှာ ဈေးသက်သက်သာသာနဲ့ဝယ်ယူလို့ရအောင် ဆရာလမ်းညွှန်ထားတာပါ။

ပညာရေးနဲ့ပက်သက်လို့သိလိုသည်များကို chatboxမှာမေးမြန်းနိူင်ပါတယ်။

16/06/2022

၂၀၂၀၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို www.myanmarexam.org တွင် ထုတ်ပြန်ကြေညာလိုက်ပြီ ဖြစ်ပါသည်။ သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးများမှ စာစစ်ဌာနများ၏ အောင်စာရင်းများကို အောက်ပါ Link များမှ တစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

နေပြည်တော်
www.myanmarexam.org/npw.html
ကချင်ပြည်နယ်
www.myanmarexam.org/kcn.html
ကယားပြည်နယ်
www.myanmarexam.org/kyh.html
ကရင်ပြည်နယ်
www.myanmarexam.org/kyn.html
ချင်းပြည်နယ်
www.myanmarexam.org/chn.html
မွန်ပြည်နယ်
www.myanmarexam.org/mon.html
ရခိုင်ပြည်နယ်
www.myanmarexam.org/rke.html
ရှမ်းပြည်နယ်
www.myanmarexam.org/shn.html
စစ်ကိုင်းတိုင်းဒေသကြီး
www.myanmarexam.org/sgg.html
တနင်္သာရီတိုင်းဒေသကြီး
www.myanmarexam.org/tni.html
ပဲခူးတိုင်းဒေသကြီး
www.myanmarexam.org/bgo.html
မကွေးတိုင်းဒေသကြီး
www.myanmarexam.org/mgy.html
မန္တလေးတိုင်းဒေသကြီး
www.myanmarexam.org/mdy.html
ရန်ကုန်တိုင်းဒေသကြီး
www.myanmarexam.org/ygn.html
ဧရာဝတီတိုင်းဒေသကြီး
www.myanmarexam.org/ayy.html

၂၀၂၂ တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်း - ပင်မစာမျက်နှာ ၂၀၂၂ တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်း - Examinations Results 2022

16/06/2022

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်နှင့်ဒဂုံတက္ကသိုလ်မှမေဂျာစုံအတွက်Assဝန်ဆောင်မှုပေးပါမည်။First Semister&Second Semisterအတွက်၃၀၀၀၀ကျပ်ကျသင့်ပါမည်။
လူဦးရေအကန့်အသက်ရှိပါသည်။
Ass order တင်မည့်ကျောင်းသားများ
၁ ။လိုင်စင်ပုံ6ပုံ
၂ ။အမည်
၃ ။ ခုံနံပါတ်
၄ ။နေရပ်လိပ်စာဖုန်နံပါက်
၅ ။Assလျှောက်လွှာနှင့်မဟာAssပုံနှိပ်
တို့ကိုပြည့်စုံအောင်ပြုလုပ်ထား၍cbတွင်လျှောက်ထားနိူင်ပါသည်။

Photos from ပြည်ငြိမ်း-အဝေးသင်တက္ကသိုလ်'s post 15/06/2022
15/06/2022

အဝေးသင်တွေကျောင်းအပ်လက်ခံပြီဆိုတော့ ကျောင်းအပ်ရင် ဘာတွေလိုအပ်လဲဖော်ပြပေးလိုက်ပါတယ်။

၁။ ဓာတ်ပုံ ၈ပုံ
(နောက်ခံအပြာ အင်္ကျီအဖြူ၊မျက်နှာရှင်းအောင်ရိုက်ရပါမည်)

၂။ ကျောင်းသားအမည်၊
+မှတ်ပုံတင်အမှတ်

၃။ ကျောင်းသားမိဘနှစ်ပါး၏အမည်၊ +မိဘနှစ်ပါး၏မှတ်ပုံတင်အမှတ်

၄။ ဆယ်တန်းအောင်ခုံအမှတ်+စာစစ်ဌာန+ခုနှစ်

၅။ ကျောင်းသားမွေးနေ့၊

၆။ အဝေးသင် တတ်ရောက်ခဲ့သော ခုနှစ်များနှင့် ခုံနံပါတ်များ

၇။ နေရပ်လိပ်စာအပြည့်အစုံ

၈။ ဖုန်းနံပါတ် နှစ်လုံး

၉။ ကျောင်းသာ၏ အလုပ်အကိုင်
ရာထူး ၊တာဝန်ကျရာမြို့

၁၀။ ဆယ်တန်းအောင်ခဲ့သော ဘာသာများ

တို့လိုအပ်ပါသည်။

၂၀၂၀အောင်များ ထပ်တိုးယူဆောင်သွားရန် - ကျောင်းသားမှတ်ပုံတင်မိတ္တူ၊
မိဘမှတ်ပုံတင်မိတ္တူ၊
အမှတ်စာရင်း မိတ္တူ၊
တက္ကသိုလ်ဝင်တန်းအောင်မြင်ကြောင်းထောက်ခံစာမိတ္တူ၊
Covid ဆေးထိုးစာရွှက်မိတ္တူ

#ပြည်ငြိမ်း-အဝေးသင်

14/06/2022

အဝေးသင် ပထမအသုတ် ကျောင်းသား၊သူများအနေဖြင့် တခြားသူတွေထက်ပိုပြီး အစောဆုံး ကျောင်းအပ်ဖို့လိုပါမယ်နော်။ ယခုလာမယ့် စနေ/တနင်္ဂနွေ ကျောင်းစတက်ရမှာပါ။ ကျောင်းအပ် နောက်ဆုံးလက်ခံမည့်ရက်ကို ကြေညာထားခြင်းမရှိသောကြောင့် ပထမအသုတ်များ ကျောင်းဖွင့်ရင်း ကျောင်းအပ်လဲ လက်ခံမည်ဖြစ်သည်။ သို့သော် ပထမအသုတ်များကို အနှေးနဲ့အမြန် နောက်ဆုံး ကျောင်းအပ်လက်ခံရက် ကြေညာပါလိမ့်မယ်။ ဒါ့ကြောင့် ပထမအသုတ်မေဂျာများ ကျောင်းအမြန်ဆုံးအပ်ကြပါ။ 🤗

ပြည်ငြိမ်း

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon
Other Education in Yangon (show all)
Taung Nyunt 3 Students Taung Nyunt 3 Students
BEHS (3) Mingalar Taung Nyunt, Upper Pansodan Street
Yangon

Welcome to our reunion Taung Nyunt 3 students page and I hope all of our friends who are from BEHS 3

Kant Kaw Kant Kaw
No. 9 Kan Street, Hlaing Township
Yangon, 11012

Enhancing educational and career opportunities for Myanmar youth since 2009.

Internet Journal Internet Journal
Yangon, 1

The Official Page of Myanmar Internet Journal, which is the leading IT journal in Myanmar, focusing o

CK တရုတ်စကားပြော CK တရုတ်စကားပြော
Yangon

တရုတ်စကားကို မြန်မြန်နဲ့လွယ်လွယ် တတ်လိုပါက ဒီပေ့ချ်က သင့်အတွက်နေရာမှန်ပါပဲခင်ဗျာ

Rangoon International Higher Education Academy - RIHEA   Yangon Branch Rangoon International Higher Education Academy - RIHEA Yangon Branch
Pansodan Road (Middle Block)
Yangon, 11182

ရန်ကုန်ကျောင်းခွဲများကို ဆက်သွယ်ရန် ဖုန်းနံပါတ် - 09942000120 09942000130 မော်လမြိုင်ကျောင်းခွဲကို ဆက်သွယ်ရန် ဖုန်းနံပါတ် - 09768148233 09978391056 ဘားအံကျောင်းခွဲကို ဆက်သွယ်...

Alfred English Yangon Alfred English Yangon
Anormar 19 Street ( West )
Yangon

English can't stop you life.

Zwe Htet Education Center Zwe Htet Education Center
No. 94, 93 Street, Kandawkalay, MingalarTaungNyunt Township
Yangon

KME Japanese Language School KME Japanese Language School
No. 876, 2nd Floors, Nga Moe Yeik Ward, Lay Daunt Kan Road, Thingangyun Township
Yangon

Education

Pro English language Pro English language
Thaketa
Yangon

Your choice is your sense.

Students' Choice Students' Choice
Yangon

Education

Learn Deutsch with Nuel Learn Deutsch with Nuel
Yangon

education