Habit Myanmar Academy
For serious English learners.
တစ်ခုခုကို အလွန့်အလွန်စိတ်ဝင်စားနေတယ်၊ နောက်ထပ်ဘာဖြစ်မလဲ စိတ်လှုပ်ရှားပြီး စောင့်ကြည့်နေရတာကို ဖော်ပြချင်ရင် "At the edge of my seat." ကိုသုံးလို့ရပါတယ်။
ဥပမာ -
1. "The movie was so suspenseful that I was at the edge of my seat the entire time."
2. "During the final moments of the game, everyone was at the edge of their seats, anxious to see who would win."
3. "Her storytelling was so captivating that the audience was at the edge of their seats, hanging on every word."
Comment မှာ ကိုယ်ပိုင်စာကြောင်းတည်ဆောက်ကြည့်ဖို့လည်း ဖိတ်ခေါ်ပါတယ်။
(One-to-one Zoom Private Class စုံစမ်းလိုပါက Chat Box မှ တဆင့် ဆက်သွယ်ပါ။)
With love,
HMA.
အရမ်းအလုပ်ရှုပ်နေတဲ့အခါ သုံးလို့ရတဲ့ expression လေးတစ်ခု။
✅ I'm so slammed.
Meaning: It means you're crazy busy.
Example: Homework, chores, and Netflix – I'm so slammed today!
With love,
HMA.
လူနည်းနည်းနဲ့ အင်္ဂလိပ်စာကို ဆရာနဲ့ တိုက်ရိုက် ထိထိရောက်ရောက် သင်လိုသူများအတွက် Face to Face Class များပြန်ဖွင့်ပါပြီ။
CEFR Level A1 - B2 အထိ အခြေခံမရှိသေးတဲ့သူတွေနဲ့ အခြေခံအနည်းငယ်ရှိပြီးသား သူတွေအတွက် စတင်တက်ရောက်နိုင်ပါပြီ။ တက်ရောက်မယ့် ကျောင်းသားတစ်ဦးချင်းစီကိုလည်း မိမိ အင်္ဂလိပ်စာ Level ကို သိပြီး မိမိနဲ့ သင့်တော်ရာ အတန်းကို တက်ရောက်နိုင်ဖို့ Level Test ပြုလုပ်ပေးသွားပါမယ်။
Four Skills လုံးသေချာ ထိထိရောက်ရောက်တိုးတက်အောင် Oxford University Press က သင်ရိုး Headway ကို အဓိကထား သင်ကြားပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် Grammar ပိုင်း၊ Vocabulary ပိုင်း Listening ပိုင်းနဲ့ English စကားပြောရာမှာ မရှိမဖြစ်လိုအပ်တဲ့ Everyday Usage လေးတွေကိုလည်း ကျောင်းသားများရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး အိပ်သွန်ဖာမှောက် ထပ်ဆောင်း သင်ကြားပေးသွားမှာဖြစ်ပါတယ်။ အခြေခံမရှိသေးသူများအတွက်လည်း ဝါစင်္ဂ ၈မျိုးကနေစသင် သင်ကြားပေးပါတယ်။
သင်ခန်းစာပြီးဖို့ထက် ကျောင်းသားရဲ့ တိုးတက်မှုကို အဓိက အလေးထားပါတယ်။ သေချာလိုက်လေ့လာမယ်၊ Activity လေးတွေ သေချာလိုက်လုပ်မယ်ဆိုရင် အချိန်တိုလေးအတွင်း တိုးတက်လာလိမ့်မယ်လို့ အာမခံပါတယ်။ ထိထိရောက်ရောက် သင်ကြားလိုသူများ Message Box မှာ Level Test လုပ်ပြီး Join လို့ရပါပြီ။
တစ်ဦးချင်းစီသော်လည်းကောင်း၊ မိမိသူငယ်ချင်း၊ မိသားစုဝင်အချင်းချင်း သီးသန့်စုသင်လိုရင်လည်း အချိန်လာရောက် ညှိနှိုင်းပြီး သင်ကြားနိုင်ပါတယ်။
မိမိ Level အတွက် အတန်းချိန်၊ သင်တန်းကြေးသိရဖို့ Comment (သို့) Message အခုပဲပို့လိုက်ပါ။
Ever learned the hard way about something? Share your story.
Phrasal Verb of the Day
ဒီနေ့အတွက်တော့ Phrasal Verb လေးတစ်ခု Share ပေးချင်ပါတယ်။ “Get on with someone” ဖြစ်ပြီး ပေါင်းသင်းဆက်ဆံရေးမှာသုံးမယ်ဆိုရင် “အဆင်ပြေတယ်၊ သင့်မြတ်တယ်” လို အဓိပ္ပာယ်ရပါတယ်။
ဥပမာ -
"I really get on with my colleague; we make a great team." 🤝🙂
“I don’t get on with my father.” (ငါနဲ့ငါ့အဖေဆက်ဆံရေးက သိပ်အဆင်မပြေဘူး)
ကိုယ့်အပိုင် Phrasal Verb လေးဖြစ်သွားအောင် Comment မှာ ကိုယ်ပိုင်စာကြောင်းတည်ဆောက်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။
With Love,
Habit Myanmar Academy.
🌟 Idiom of the Day! 🌟
ဒီနေ့အတွက် Idiom of the Day ကတော့ “The ball is in your court.” ဖြစ်ပါတယ်။ ဒီ idiom လေးက tennis အားကစားကနေ ဆင်းသက်လာတာပါ။ တင်းနစ်ကစားပွဲမှာ ဘောလုံးက ကိုယ့်ဘက်ရောက်လာပြီဆိုရင် ကိုယ်က ပြန်ရိုက်(Action တစ်ခုခုလုပ်) မှသာ ပွဲက ဆက်သွားနေမှာဖြစ်တယ်။ 🎾
ဒါကြောင့် ဒီ idiom လေးကိုလည်း နေ့စဉ်ဘ၀မှာ တစ်ယောက်ယောက်ဆီက တုန့်ပြန်မှုတစ်ခုခုရမှသာ အလုပ်ဆက်လုပ်လို့ရမှာဖြစ်ကြောင်း၊ ရှေ့ဆက်နိုင်မှာဖြစ်ကြောင်း၊ သူတစ်ခုခုလုပ်ပေးဖို့လိုကြောင်း ပြောချင်ရင် “The ball is in your court.” ဆိုပြီး ပြောလို့ရပါတယ်။
💡 Example:
"Hey, Lisa, I've given you all the details. Now, the ball is in your court. Let me know if you're in!"
ဒီ idiom လေးက ကိုယ့်ကိုယ်ပိုင်ဖြစ်သွားအောင် Comment မှာ ဥပမာ စာကြောင်းလေးတွေရေးသွားလိုက်ပါဦး။
With Love,
Habit Myanmar Academy
❝ Preposition of Time ❞
- အချိန်ကာလ တစ်ခုခုကို ဖော်ပြပေးသော ပုဒ် သို့မဟုတ် ပုဒ်အစုအပေါင်းကို ချိတ်ဆက်ပေးသော ဝိဘတ်ကိုအချိန်ကာလပြဝိဘတ် (Preposition of Time) လို့ခေါ်ပါတယ်။
- In, On, At
ဒီ Preposition (၃) လုံးကတော့ အချိန်ကာလနှင့်ပက်သက်သမျှ နာမ်၊ နာမ်စား၊ နာမ်အစုအပေါင်းတွေကိုချိတ်ဆက်ပေးတဲ့ Preposition of Time တွေပဲ ဖြစ်ပါတယ်။
ကဲ... ဒါဆို တစ်မျိုးချင်းစီကို ပိုပြီး အသေးစိတ် လေ့လာကြည့်ရအောင် …
In
- "In" ကို Preposition of Time အနေနဲ့သုံးတဲ့ အခါ ဘယ်လိုအခါမှာ ဘယ်လိုအချိန်တွေမှာ သုံးကြမလဲ❓
- နေ့ရဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ မနက်၊နေ့လည်၊ ညနေ စတဲ့ အချိန်တွေနဲ့ ရှည်ကြာတဲ့ အချိန်အပိုင်းအခြားတွေဖြစ်တဲ့ လ၊ နှစ်၊ ရာသီ၊ ဆယ်စုနှစ်၊ ရာစုနှစ်၊ အတိတ်၊ အနာဂတ် စတာတွေကို ချိတ်ဆက်ပေးတဲ့အခါမျိုးမှာ သုံးပါတယ်။
Eg: I usually relax in the evening.
In summer it's too hot to do anything.
I'm always really busy in December.
(in 2016, in the 21st century, in the 80s, in the past, in the future, in the last few years/months/weeks/days)
On
- "On" ကိုတော့ နေ့စွဲ၊ နေ့ရက်တွေနဲ့ တွဲသုံးရပါတယ်၊ တစ်ပတ်စာ နေ့ရက်တွေ၊ ပြက္ခဒိန်ထဲက နေ့စွဲတွေ၊ မွေးနေ့တွေ စတဲ့ နေ့ရက်တွေကို ဖော်ပြချင်တဲ့အခါ သုံးနိုင်ပါတယ်။
Eg: On Fridays, I have a long lunch.
It's his birthday on 19 October.
(on Monday/Tuesday, on my birthday, on New Year's Day, on 30 July, on the second of August)
At
- မြန်မာလို ဘာသာပြန်ရင်တော့ ငယ်စဉ်က "၌၊ မှာ၊ တွင်၊ ဝယ်" ဆိုပြီး မှတ်ခဲ့သလိုပါပဲ။
- English မှာ "At" ကို Preposition of Time အနေနဲ့ သုံးတဲ့အခါမှာရော ဘယ်လိုခွဲခြားပြီး ချိတ်ဆက်သုံးပေးရမလဲ?
- "At" ကိုတော့ အချိန်နာရီ၊ အစာစားချိန်၊ နားချိန်၊ ပိတ်ရက် စတာတွေနဲ့ တွဲသုံးပါတယ်။
- ထူးထူးခြားခြားအနေနဲ့ "Christmas, Easter" စတဲ့နေ့ထူးနေ့မြတ်တွေကို ဖော်ပြတဲ့အခါမှာလည်း "At" ပဲသုံးကြပါတယ်။
Eg: I get up at 6.30 a.m. and go for a run.
She doesn't like to leave the office at lunchtime.
The weather is very cold here at Christmas.
At Chinese New Year, many people go home to their families.
ဒီ In, On, At ကို များသောအားဖြင့်တော့ အချိန်ကာလအလိုက် ကာလ အရှည်ကြာဆုံးမှ အတိုဆုံးဆိုပြီး ခွဲခြားကြပါတယ်။
ဒီလောက်ဆို In, On, At ကို ဘယ်နေရာတွေမှာသုံးလဲ သေချာသိသွားလောက်ပါပြီ။ နောက်ထပ်လည်း ဒီလိုမျိုး အကြောင်းအရာတွေမျှဝေပေးမှာမို့ Page မှာ ဘာတင်မလဲ စောင့်ကြည့်ပေးကြပါဦးခင်ဗျာ။
🌟 လူနည်းနည်းနဲ့ အင်္ဂလိပ်စာကို ဆရာနဲ့ တိုက်ရိုက် ထိထိရောက်ရောက် သင်လိုသူများအတွက် Face to Face Zoom Class များပြန်ဖွင့်ပါပြီ
🎯ကိုယ့်ရဲ့ အင်္ဂလိပ်စာစွမ်းရည်ကို အချိန်တိုအတွင်း မြှင်တင်ချင်ပါသလား? တကယ်လို့ သင်က Pre-Intermediate Level လေ့လာသူတစ်ယောက်ဆိုရင်တော့ Habit Myanmar Academy ရဲ့ Zoom Class လေးကို Join လို့ရပါပြီ။
👥 တစ်တန်းမှာအများဆုံး ကျောင်းသား (၆)ယောက်ပဲရှိမှာမလို့ထိရောက်တယ်။
ကျောင်းသားတွေအများကြီးနဲ့ ပြွတ်သိပ်နေတာမျိုးမဟုတ်ဘဲ ကျောင်းသားအနည်းငယ်ပဲရှိမယ်။ ဒါကြောင့် ကျောင်းသားများအနေနဲ့ တစ်ဦးချင်းစီ လေ့ကျင့်ခွင့်ပိုရမယ်၊ ဆရာ့ရဲ့ individualized attention ကိုလည်း ရရှိမှာဖြစ်ပါတယ်။
📚 Oxford's "Headway" Course Book
ထိထိရောက်ရောက်သင်ကြားနိုင်ဖို့အတွက် အသုံးပြုမယ့် သင်ရိုးကလည်း အရေးပါပါတယ်။ ဒါကြောင့် နိုင်ငံတကာမှာ အသုံးပြုနေတဲ့ Oxford University Press ထုတ် “Headway” သင်ရိုးကို အသုံးပြုသွားပါမယ်။ ဒီ Course Book ကို အသုံးပြုပြီး သိသိသာသာတိုးတက်သွားတဲ့ ကျောင်းသားတွေကိုလည်း Habit Myanmar Academy မှာ အောင်အောင်မြင်မြင် သင်ကြားပေးခဲ့ပြီးဖြစ်ပါတယ်။
🗣️ အသံထွက်တွေပိုကောင်းလာမယ်
ကိုယ့်ရဲ့အသံထွက်မမှန်မှာကြောင့် အင်္ဂလိပ်စကားပြောရမှာ ကြောက်ရွံ့နေပါသလား? ဒီ Zoom Class မှာဆိုရင် တစ်ဦးတစ်ယောက်ချင်းစီရဲ့ တိုးတက်မှုကို အလေးထားပါတယ်။ ဒါကြောင့် ဆရာ့အနေနဲ့ တစ်ယောက်ချင်းစီရဲ့ အသံထွက်ကို သေချာနားထောင်ပေးပြီး မှားနေတာတွေ သေချာ ပြုပြင်ပေးသွားမှာပါ။
ဘာသာစကားတစ်ခုရဲ့ အသက်ဖြစ်တဲ့ အသံထွက်ကို သေချာ မှန်မှန်ကန်ကန်ထွက်တတ်ဖို့ သင်တန်းသားတိုင်းကို
- Syllable ရေတွက်နည်း
- Stressed syllable ရှာနည်း
- IPA symbol အခြေခံဖတ်နည်း
- Ending Sound များမှန်မှန်ကန်ကန်ထွက်နည်း
စတဲ့ အသံထွက်ပိုင်းဆိုင်ရာ အခြေခံများကို သင်တန်းပထမအပတ်ကတည်းက သေချာ သင်ပြပေးသွားမှာဖြစ်ပါတယ်။
🚀 သင်တန်းသားများရဲ့ တိုးတက်မှုကို အလေးထားတယ်
သင်ရိုးပြီးအောင် စာပဲ ဖိတင်နေတာမျိုးမဟုတ်ဘဲ သင်တန်းသားတစ်ဦးချင်းစီရဲ့တိုးတက်မှုကို အထူးအလေးနက်ထားသင်ပါတယ်။ သက်ဆိုင်ရာ သင်ခန်းစာအလိုက် Pair Work Discussion တွေ Group Discussion တွေပါ လုပ်သွားရမှာဖြစ်ပါတယ်။
🔒 (၆)ယောက်ပဲလက်ခံမှာဖြစ်လို့ အမြန်စာရင်းသွင်းပါ
(၄)လကြာမှသာ တစ်ခါ အတန်းခွဲသစ်ဖွင့်ပေးနိုင်တာကြောင့် တက်ရောက်ဖြစ်မယ်ဆိုရင် အခုပဲ Message Box ကနေ စာရင်းသွင်းလိုက်ပါခင်ဗျာ။ သင်တန်းအပ်ရန် နှိပ်ပါ >> m.me/habitmyanmaracademy
သင်တန်းချိန် - တစ်ပတ် ၄ရက်၊ တစ်ရက် ၁နာရီ၊ အပတ်စဉ် Tue,Wed,Thu,Fri
သင်တန်းကာလ - ၄လ
အသေးစိတ် ထပ်မံသိရှိလိုပါက Message Box မှ မေးမြန်းနိုင်ပါတယ်ခင်ဗျာ။
❝English စာလေ့လာနေတဲ့သူတွေ အမြဲ စောင့်ကြည့်ထားသင့်တဲ့ YouTube Channel ၃ ခု❞
ဒီတစ်ခေါက်မှာတော့ English စာ လေ့လာရာမှာ အရမ်းအရေးကြီးတဲ့ Self-study ပိုင်းကို Habit Myanmar Academy ကနေ Sharing လုပ်ပေးပါမယ်။
ကိုယ်က သင်တန်းတက်နေရင်တောင် Self-Study လုပ်ဖို့အချိန်ဆိုတာ မဖြစ်မနေ လိုအပ်ပါတယ်။
ဒါဆို Self-study အပိုင်းမှာ အထိရောက်ဆုံးလို့ ပြောလို့ရတဲ့ YouTube ကနေ လေ့လာဖို့ Channels တွေကိုRecommend ပေးထားတာမို့
ဒီစာကိုအဆုံးထိသာ ဆက်ဖတ်ကြည့်လိုက်ပါ။
1.English Addict with Mr Duncan
- ပထမဆုံးတစ်ခုကတော့ English Addict with Mr Duncan ပါ။ ဒီ Channel ကနေ လေ့လာသင့်တဲ့ အဓိက အချက်ကတော့ Fun ဖြစ်တဲ့ Vlog အတိုတွေနဲ့ ရှင်းပြပေးတတ်ပြီးလိုရင်းအဓိပ္ပာယ်ကို တစ်ခါကြည့်ရုံနဲ့တင် ရှင်းလင်းသွားစေပါတယ်။
- Mr.Duncan က English Speaking မှာ အသုံးများတဲ့ ဝေါဟာရ အသုံးအနှုန်းတွေ၊ စကားပြောတွေ စတာတွေကိုလက်တွေ့စကားပြောတဲ့ နေရာမှာ သုံးနှုန်းတဲ့အတိုင်း မြင်သာအောင် ရှင်းပြပေးတတ်သူလည်းဖြစ်ပါတယ်။
- သူ့ရဲ့ Channel မှာတင်ထားတဲ့ Learn English with Mr Duncan ဆိုတဲ့ Playlist ထဲက Video တွေဟာဆိုရင် ၁၅နှစ်နီးပါး ကြာနေပြီဆိုပေမယ့် လက်ရှိအချိန်အထိ English လေ့လာသူတွေကို အကျိုးပြုနေဆဲပါ။
- သူ့ရဲ့ Youtube Channel မှာ 1.1 M Subcribers ရှိပြီးတော့ English ကို ဘာသာရပ်သင်သလို သင်ခန်းစာတွေနဲ့ရှင်းပြပေးတာမဟုတ်ပါဘူး။နားလည်ကျွမ်းကျင်သူတစ်ဦးက ပြန်လည် Sharing လုပ်ပေးနေတဲ့ Vibe မျိုး သင့်ကို အပြည့်အဝပေးမှာပါ။ (ဥပမာပြောရရင် မြန်မာလို မပီတပီနဲ့ ရှင်းပြတတ်တဲ့ Facebook နဲ့ Tiktok ဆယ်လီ နိုင်ငံခြားသားကြီး ကိုပိနဲ့ တူပါတယ်)
2. Learn English with English 101.com
- ဒုတိယမြောက်တစ်ခုအနေနဲ့ ဒီ Channel ကတော့ လေ့လာရတာ မပျင်းဘူးဆိုတဲ့ အမှန်အကန် စာကြမ်းပိုးတွေ၊ ကိုယ့်ရဲ့ English Level ကို အမှန်တကယ် မြှင့်တင်ချင်တဲ့သူတွေအတွက် ရည်ရွယ်ပါတယ်။ တစ်နေ့ကို အနည်းဆုံး အချိန် တစ်နာရီခွဲလောက် ဒီ Channel မှာ ရင်းနှီးမြှုပ်နှံပေးရုံနဲ့ တော်တော်လေး ထိရောက်စေမှာပါ။
- ဝေါဟာရအသစ်တွေ လေ့လာချင်လား? ဝေါဟာရတွေကို နယ်ပယ်အလိုက် အမျိုးအစားတူရာ စုထားပေးတာတွေ၊ တွဲမှတ်မိနေစေမယ့် အကြောင်းအရာတွေနဲ့ ရှင်းပြပေးပါတယ်။
ဒါကြောင့် တစ်နေ့ကို အချိန်တစ်နာရီလောက် ပေးရင်တောင် English ဝေါဟာရ အသစ် အနည်းဆုံး (၁၀)လုံးလောက် မှတ်မိစေနိုင်ပါတယ်။
- Speaking အတွက် လေ့ကျင့်မလား?
အပြန်အလှန် စကားပြောလေ့ကျင့်ဖို့အတွက် Video တွေ၊ Conversation တွေ ရှိပါတယ်။
- Listening အတွက်တိုးတက်ချင်တာလား?
အပြန်အလှန်စကားပြောတဲ့ Video တွေနဲ့ သင်ကြားပေးတဲ့ ဆရာမကိုယ်တိုင်က Native Speaker ပါ။
ဆိုတော့ Channel ထဲမှာ တစ်နေ့ ၁နာရီခွဲလောက် အချိန်ပေးလိုက်ရင်ကို အတော်နားရည်ဝစေပါတယ်။
ဒါ့အပြင် Live pratice session တွေလည်းရှိတော့ အမှန်အကန်လေ့လာချင်တယ်ဆိုရင် ပြန်မထွက်ချင်လောက်အောင် လေ့လာစရာတွေများတဲ့ Channel ပဲဖြစ်ပါတယ်။
- ဒီ Youtube Channel ကတော့ Subcriber 7.53 M အထိရှိပြီး အရမ်းလူသိများပါတယ်။
3. Rachel's English
- နောက်ဆုံး Channel အနေနဲ့ English ကို Advance Level ထိသွားချင်တဲ့ဆိုသူတွေအတွက် သင့်လျော်မယ့်သင်ခန်းစာအမျိုးအစား စုံလင်တဲ့ Rachel's English ဖြစ်ပါတယ်။
- ရှုပ်ထွေးတတ်တဲ့ ဝေါဟာရတွေ၊ မြင်တွေရခဲတဲ့ အသုံးအနှုန်းတွေနဲ့ စကားပြောတွေအပြင် အလုပ် Interview အတွက် Video Lesson တွေပါရှိပါတယ်။
ဒီတော့ English ကို ထဲထဲဝင်ဝင်အချိန်ပေးလေ့လာချင်ရင်တော့ အလွန်အသုံးဝင်ပါတယ်။
- အကောင်းဆုံးအချက်ကတော့ Speaking ရဲ့ Pronunciation အတွက် အရေးကြီးဆုံးဖြစ်တဲ့ Phonetics ကိုပါIPA(International Phonetic Symbol) တစ်ခုချင်းစီကို အသံထွက်ပုံ၊ ပါးစပ်အနေအထားတွေအထိ ရှင်းပြပေးထားတာပါ။
တကယ့် Native Speaker တွေလိုမျိုးအထိ English လိုပြောချင်သူတွေအတွက်တော့ ဒီ Lesson တွေက မဖြစ်မနေလေ့လာရမယ့် အကြောင်းအရာတွေဖြစ်ပါတယ်။
- ဝေါဟာရတွေ၊ စကားပြောတွေ၊ အသံထွက်တွေမှ စလို့ Native Speaker လိုပြောနိုင်ဖို့ Accent (စကားဝဲသံ) အထိလေ့ကျင့်ပေးတဲ့ ဒီChannelကလည်း အချိန်ပေးရင် ပေးသလို အကျိုးရှိစေမှာပါ။
- Rachel's English ကတော့ subscriber 5.04 M ရှိပြီးတော့ Channel မှာ စတင်သင်ကြားပေးနေတာတော့ 10 နှစ်နီးပါးရှိနေပြီပဲဖြစ်ပါတယ်။
ဒီ Channel 3 ခုကတော့ English ကို YouTube ကနေပဲ Self-study လုပ်ချင်တဲ့သူတွေအတွက် Beginner ကနေAdvance level အထိ လေ့လာနိုင်မယ့် အချိန်နှစ်မြှုပ်ထားသင့်တဲ့ နေရာတွေပဲဖြစ်ပါတယ်။
“ English စာစွမ်းရည်များ ပိုတိုးတက်ပြီး အောင်မြင်မှုဆီ လက်တစ်ကမ်းလှမ်းနိုင်ဖို့ Self-study လုပ်ကြပါစို့ “
❝English စကားပြောတဲ့အခါ အရေးကြီးဆုံး အပိုင်းက ဘာဖြစ်မလဲ?❞
ရှင်းပါတယ် စကားပြောပြီဆိုမှတော့ အသံမထွက်ဘဲ ပြောလို့မရလို့ အသံထွက် (Pronunciation) က အရေးအကြီးဆုံးပါပဲ။
ဒီတော့ English စကားပြောတဲ့အခါ အသံထွက်ပီပီသသနဲ့ ပြောနိုင်ဖို့အတွက် ဘယ်လိုလေ့လာရမလဲ ?
ဘာတွေကို လေ့ကျင့်ရမလဲ ?
ပထမဆုံးအနေနဲ့ လေ့လာရမယ့် အပိုင်းကတော့ Phonetics (သဒ္ဒဗေဒ) လို့ခေါ်တဲ့ အသံထွက်ကို လေ့လာတဲ့ ပညာရပ် (သဒ္ဒ = အသံထွက်၊ ဗေဒ = ပညာ၊လေ့လာခြင်း) ကို အရင် သိနားလည်ထားရပါမယ်။ အလွယ်ပြောရရင် Pronunciation (အသံထွက်) မှန်မှန်ကန်ကန်နဲ့ ပီပီသသ ပြောနိုင်ဖို့အတွက် အဓိကထားတဲ့ Phonetics ကို အရင် လေ့လာရပါမယ်။
Phonetics ကို လေ့လာတဲ့အခါ အခြေခံအကျဆုံးအပိုင်းအနေနဲ့ နိုင်ငံတကာမှာ သုံးနေကြတဲ့ English အသံထွက် အက္ခရာ (International Phonetics Alphabets) များကို အရင်သိထားရမှာဖြစ်ပါတယ်။ အက္ခရာ (၁၀၇) လုံးရှိပြီး တစ်လုံးချင်းစီအလိုက် အသံထွက် (sound)၊ ပါးစပ်အနေအထား (Mouth Formation) စတာတွေကို ပိုင်နိုင်အောင် အရင်လေ့လာရပါမယ်။
ပြီးရင်တော့ လေ့ကျင်ရတဲ့ အပိုင်းကိုရောက်ပါပြီ။
လေ့လာထားတဲ့ IPA တွေကို ပိုင်ပိုင်နိုင်နိုင် အသံထွက်နိုင်အောင် လေ့ကျင့်ရပါမယ်။
1. Vocabulary တစ်လုံးချင်းစီအလိုက် ပါဝင်တဲ့ IPA တွေကို မှန်မှန်ကန်ကန် အသံထွက်ပြီး မှတ်ရပါမယ်။
2. English စကားပြောတဲ့အခါ ဝေါဟာရ တစ်လုံးချင်းစီရဲ့ နောက်ဆုံးအသံ (Ending Sound) တွေကိုလည်း အသံထွက်မှန်ဖို့ အလွန်အရေးကြီးပါတယ်။
3. Vocabulary တွေလေ့လာတဲ့အခါမှာလည်း Syllable (စကားသံ) တွေအလိုက် ဘယ်စကားသံမှာ Stress(ဖိသံ) ကို သုံးလဲ ဆိုတာကို လေ့ကျင့်ပြီး လေ့လာရင် ပိုကောင်းတဲ့ Pronunciation ရနိုင်သလို Vocabulary
တွေ မှတ်သားတဲ့ နေရာမှာလည်း အထောက်အကူဖြစ်ပါတယ်။
Number of Syllable ဆိုတာ Vocabulary (ဝေါဟာရ) တစ်လုံးချင်းစီမှာ ပါတဲ့ အသံအရည်အတွက်ကိုပြောတာပါ။
Eg: Book /bʊk/ = One Sylable
Pencil = /ˈpen.səl/ Two Syllables
Eraser = /ɪˈreɪ.zər/ Two Syllables
အပေါ်မှာပြောခဲ့တဲ့ အချက်တွေက English အသံထွက် ကောင်းဖို့အတွက်နဲ့
စကားလုံးတွေ တစ်လုံးချင်းစီရဲ့ အသံထွက် မှန်ကန်ဖို့ အတွက် သင့်ကို အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။ ဒါဆို နောက်ဆုံးအနေနဲ့ တစ်လုံးချင်းစီ အသံထွက်မှန်ပြီဆို စကားပြောတဲ့အခါ အသံထွက်မှန်ဖို့ အတွက်ပဲ ကျန်ပါတော့တယ်။
ဘယ်ဘာသာစကားနဲ့ပဲ ပြောပြော စကားပြောတဲ့အခါ Intonation လို့ခေါ်တဲ့ အသံအတက်အကျ ကလည်း မပါမဖြစ်ပါပဲ။ ပီပြင်တဲ့ အသံထွက်ဖြစ်နေပေမယ့် အသံအတက်အကျမရှိဘဲနဲ့ စကားပြောတဲ့အခါ ကိုယ်ပြောတဲ့ စကားရဲ့ အဓိပ္ပာယ်ကလည်း မထိရောက်တာမျိုး၊ နားလည်မှုလွဲတာမျိုးတွေဖြစ်နိုင်တယ်။
အလွယ်ပြောရရင် စကားလုံးတစ်လုံးချင်းစီရဲ့ Stress ကို သိသလို ပြောမယ့် စကားတစ်ခွန်း (သို့) တစ်ကြောင်းလုံးမှာလည်း Stress ကို သိဖို့လိုပါတယ်။
ဒီအချက်တွေကို လေ့လာလေ့ကျင့်ပြီးရင်တော့ English စကားပြောတဲ့အခါမှ အရေးကြီးဆုံးဖြစ်တဲ့ Pronunciation ကို ပိုင်နိုင်သွားပါလိမ့်မယ်။ အသံထွက် စနစ်တကျထွက်တတ်ပြီး စနစ်တကျ အင်္ဂလိပ်စာလေ့လာလိုရင်တော့ Habit Myanmar Academy မှာ သင်တန်းတက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။
“English စကားပြော ပိုင်နိုင်ဖို့ Habit Myanmar Academy နဲ့ အတူ လေ့ကျင့်စို့ “
❝ Formal vs. Informal Language in English ❞
- ငယ်စဉ်ကတည်းက ကြားဖူးနားဝ ရှိခဲ့တဲ့ အသုံးအနှုန်း နှစ်ခုပါ။
- အများစု လွယ်လွယ်နားလည်ခဲ့ကြတာကတော့ Formal ဆိုတာ စာရေးတဲ့အခါသုံးပြီး Informal ဆိုတာ စကားပြောတဲ့အခါမှာ သုံးတဲ့ English ရဲ့ ဘာသာစကား သုံးနှုန်းပုံနှစ်မျိုးပေါ့။
- ဒါလည်း မမှားပါဘူး ဒါပေမယ့် လုံးဝလည်းမှန်မနေလို့ ဒီနေ့တော့ ပိုပြီး ထဲထဲဝင်ဝင်သိသွားအောင် Formal and Informal Language ကိုအသေးစိတ်လေ့လာကြည့်ရအောင်…
Formal Language
- အများသိထားကြသလို စာရေးတဲ့အခါ သုံးပါတယ်ပေါ့ ...
ဒါဆိုရင် English လို ရေးတဲ့စာတိုင်းက Formal Language နဲ့ ရေးကြတာလား?
Formal Language နဲ့ စကားပြောလို့ရော မရဘူးလား?
- ရေးတဲ့အပိုင်းမှာဆိုရင် ရေးသမျှစာတိုင်းက Formal Language မဟုတ်ပါဘူး။
လုပ်ငန်းခွင်မှာ ပရော်ဖက်ရှင်နယ်ဆန်ဆန်ရေးရတဲ့ Document, Email ၊ ပညာရေးမှာ သုံးကြတဲ့ Assignment, Research Paper စတာတွေ ရေးတဲ့အခါမှာတော့ Formal Language ကိုမဖြစ်မနေ သုံးပြီးရေးရပါတယ်။
ကျန်တဲ့ ပုဂ္ဂိုလ်ရေးနဲ့ဆိုင်တဲ့ အီးမေးလ်တွေ၊ မက်ဆေ့ချ်တွေဆိုရင်တော့ Formal Language ကို သုံးစရာမလိုပါဘူး။
- စကားပြောတဲ့ အပိုင်းမှာဆိုရင်တော့ အတည်ပေါက် လေးလေးနက်နက်ပြောရတဲ့အခါမျိုးတွေ မသိတဲ့လူတွေနဲ့ ပြောတဲ့အခါတွေဆို သုံးရပါတယ်။
Informal Language
- Formal Language ကို ဖတ်ပြီး နားလည်ပြီဆိုရင်တော့ Informal Language ကိုလည်း နားလည်လောက်ပါတယ်။
- Informal Language နဲ့ ပေါ့ပေါ့ပါးပါး ပုဂ္ဂိုလ်ရေးနဲ့ဆိုင်တဲ့စာတွေ ရေးတဲ့အခါမှာ သုံးလို့ရပြီးတော့ စကားပြောတဲ့အခါမှာဆိုလည်း ပေါ့ပေါ့ပါးပါးနဲ့ သဘာဝကျကျ လွတ်လပ်စွာပြောတဲ့ အခါတွေမှာ သုံးလို့ရပါတယ်။
Informal Vs Formal
- တစ်မျိုးချင်းစီကို နားလည်ပြီဆို ပိုနားလည်သွားအောင် နှစ်မျိုး ယှဉ်ကြည့်ကြရအောင်…
Formal နဲ့ Informal ဘယ်လိုခွဲကြမလဲ?
အဓိကအချက်ကတော့ Contractions, Ellipsis, Phrasal Verbs, Relative Pronouns, Colloquailisms စတာတွေ ထည့်သုံးခြင်း မသုံးခြင်းနဲ့ ခွဲခြားရေးသားပြောဆိုနိုင်တယ်။
Contractions (ချုံ့ရေးခြင်း)
◼ The research project will not continue next year. (Formal)
◼ The research project won't continue next year. (Informal)
"Won't" က "will not" ရဲ့ "Constraction" ဖြစ်ပါတယ်။
Ellipsis (လိုအပ်သည့် စကားလုံးများကို မြှုပ်ထားခြင်း/ထည့်မသုံးခြင်း)
◼ Yes,I am ready now.I am sorry to keep you waiting. (formal)
◼ Yes, Ready now. Sorry to keep you waiting. (Informal)
"I am" ဆိုတဲ့ စကားလုံးတွေက သဒ္ဒါနည်းအရ မဖြစ်မနေလိုအပ်ပေမယ့် ထည့်မသုံးထားခြင်းကို "Ellipsis" လို့ခေါ်ပါတယ်။
Phrasal Verbs (ကြိယာနှင့် ကြိယာဝိသေသန သို့ ဝိဘတ်ပေါင်းစပ်ထားသော ကြိယာပုဒ်စု)
◼ The results of the study were confusing. (Formal)
◼ The results of the study were mixed up. (Informal)
"mixed up" သည် "confused" နှင့် အဓိပ္ပာယ်တူသော "Phrasal Verb" ဖြစ်တယ်။
Relative Pronouns (ဆက်စပ်နေသော နာမ်စားများ)
◼ The girl whom I met in Singapore was so friendly. (Formal)
◼ The girl I met in Singapore was so friendly. (Informal)
"whom" သည် "The girl" ကို ပြန်လည်ဆက်စပ်ပြီး အထူးပြုသောနာမ်စား "Relative Clause" ဖြစ်တယ်။
Colloquialisms/ Slangs (နေ့စဉ်သုံးစကားများ/ဗန်းစကားများ)
◼ It was raining heavily. (Formal)
◼ It was raining cats and dogs. (Informal)
"cats and dogs" က ဒီစာကြောင်းမှာ ခွေးများနှင့်ကြောင်များလို့ အဓိပ္ပာယ်မဆောင်ဘဲ "Heavily" ဆိုတဲ့ "သည်းထန်စွာ"ဆိုတဲ့ "Slang" တစ်ခုဖြစ်ပါတယ်။
ဒီလောက်ထိ ဖတ်လာပြီးရင်တော့ Formal နဲ့ Informal ကို တော်တော်ခွဲခြားသိလောက်ပါပြီ။
အလွယ်မှတ်ရရင်တော့ အပေါ်က ဖော်ပြခဲ့တဲ့ အသုံးအနှုန်းတွေကို ထည့်သုံးထားရင်တော့ Informal ဖြစ်ပြီး မသုံးထားရင်တော့ Formal ဖြစ်ပါတယ်။
ကိုယ့်လို တခြားလူတွေလည်း သိသွားအောင် Post ကို Share ပြီး မျှဝေပေးခဲ့နိုင်ပါတယ် ခင်ဗျာ။
❝အမှားများတဲ့ အင်္ဂလိပ်စာ အသုံးအနှုန်း (၃)ခု❞
English လို စကားပြောတဲ့အခါမှာ ထည့်ပြောတတ်တယ်။ မကြာခဏလည်း ကြားနေလို့ မှန်တယ်ထင်ပေမယ့် မသိမသာမှားနေတတ်တာ၊ သုံးနှုန်းတဲ့ အခြေအနေက လွဲနေတတ်တဲ့ English အသုံးအနှုန်းတွေ အများကြီးရှိပါတယ်။
အဲ့ထဲကမှ အမြင်အများဆုံး၊ အသုံးအများဆုံး (၃) မျိုးကို မှန်မှန်ကန်ကန် သုံးနှုန်းနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
1️⃣ Nice to meet you
Beginner တွေ အမှားဆုံး အသုံးအနှုန်းတစ်ခုပါ။ လူတွေနဲ့ တွေ့ရင် နှုတ်ဆက်ကြတဲ့အခါသုံးပါတယ်။ ဒါပေမယ့် ဒီစကားကို သုံးပြီး နှုတ်ဆက်တဲ့အခါ ကိုယ်နှုတ်ဆက်တဲ့လူက ပထမဆုံးဆုံဖူးတဲ့လူ၊ တွေ့ဖူးတဲ့လူ ဖြစ်ရပါမယ်။
🔴 မှားတတ်ကြတာက ကိုယ်နဲ့ ရင်းနှီးပြီးသားလူ၊ အသိတစ်ယောက်ယောက်၊ တစ်နည်း ဆုံဖူး၊တွေ့ဖူးပြီးသား လူကိုလည်း "Nice to meet you" ဆိုပြီး နှုတ်ဆက်ကြတာပါ။
ဒီလို သိတဲ့လူတွေနဲ့ ဆုံလို့ နှုတ်ဆက်ကြတဲ့အခါ...
- Good to see you again.
- Long time no see ဒီလိုလေးတွေသုံးပေးပါ။
2️⃣ For all intents and purposes
အကြောင်းအရာ တစ်စုံတစ်ရာကို ဖော်ပြတဲ့အခါ ထိုအကြောင်းအရာရဲ့ ရည်ရွယ်ချက် ရှင်းလင်းပြတ်သားမှုကို ပိုမိုပေါ်လွင်စေအောင် ထည့်သွင်းပြောဆိုတဲ့ စကားစုဖြစ်ပါတယ်။
ဥပမာပြောရရင်...
- Their decision to begin bombing,for all intents and purpose, was a declaration of war.
ဒီဥပမာထဲမှာ "for all intents and purpose" ဆိုတဲ့ စကားစုကို ထည့်ပြောခြင်းက “ဗုံးကြဲခြင်းရဲ့ ရည်ရွယ်ချက်က စစ်ကြေညာလိုက်တာနဲ့အတူတူပါပဲ”
မြန်မာလို ပြောနေကျစကားဆိုရင်တော့ "ရည်ရွယ်ချက်ကတော့ ရှင်းပါတယ်၊ ဒီလိုဆိုလိုတာနဲ့ အတူတူပဲ" ဆိုတာမျိုးဖြစ်တယ်။
🔴 ဒီစကားလုံးကို တစ်ယောက်ယောက်က ပြောလိုက်တဲ့အခါ "for all intensive purpose" ဆိုပြီး ကြားရနိုင်ပါတယ်။ ဒီလိုကြားရရင် အရေးကြီးတဲ့ အဓိကကျတဲ့ ရည်ရွယ်ချက်တွေအတွက်ပြောနေတာပါလားဆိုပြီး အသံထွက်ကြောင့် အထင်မှားတာမျိုးဖြစ်တတ်ပါတယ်။
တကယ်လည်း အခြားမှန်ကန်တဲ့ အဓိပ္ပာယ်တစ်ခုက ရှိနေတော့ မှားယွင်းသုံးစွဲတတ်ကြလို့ သိထားသင့်တဲ့ အသုံးအနှုန်းတစ်ခုပါပဲ။
3️⃣ I'm giving you leeway. [ freedom to act within particular limits**]**
"Leeway" ဒီစကားလုံးကိုတော့ တစ်ခါဖတ်ဖူးတာနဲ့ နောက်လည်း လက်တွေ့မှာ ထုတ်သုံးချင်နေကြပါလိမ့်မယ်။
အဓိပ္ပာယ်ကတော့ အတိုင်းအတာတစ်ခုထိ လွတ်လပ်ခွင့်၊ လုပ်ပိုင်ခွင့်ပေးလိုက်တာမျိုးဖြစ်ပါတယ်။
ဒါနဲ့အတူ ဖြစ်တတ်တဲ့အမှားကတော့ အများစုက "Leeway" ဆိုတဲ့ စကားလုံးကို ရှိမှန်းမသိတာ၊ မြင်ရင်လည်း မရှိလောက်ဘူး ထင်ကြတာကြောင့်...
🔴 "lead way" ဆိုပြီး listeningမှာ မှားပြီး ကြားတတ်ကြတာပါပဲ။ အမှတ်တမဲ့ဆိုရင်တော့ Lead way ကို ဦးဆောင်တယ်၊ လမ်းပြတယ် စသဖြင့် ထင်နိုင်ကြလို့ဖြစ်ပါလိမ့်မယ်။
ဒီနေ့ပြောပြပေးသွားတာကတော့ English စာမှာ မှားလေ့ရှိတဲ့ အသုံးအနှုန်း (၃) ခုပါ။
ဒီလို မှားတတ်တဲ့အသုံးအနှုန်းတွေက ပြောမကုန်အောင် ရှိပေမယ့် ပိုပြီးလေ့လာ မှတ်သားထားနိုင်လေ စကားပြောတဲ့အခါမှ ကိုယ့်ရဲ့ english စကားပြောစွမ်းရည်က ပိုမိုတိကျပိုင်နိုင်လာပါလိမ့်မယ်။
ဒီပို့စ်လေးကအကျိုးရှိတယ်ဆိုရင်တော့ ကိုယ့်သူငယ်ချင်းတွေနဲ့အတူတူ မျှဝေပေးပါ။
❝ English စာ Self Study လုပ်ဖို့ အထိရောက်ဆုံး နည်းလမ်း (၅) ခု ❞
ဘာသာစကားတစ်ခုကို လေ့လာတဲ့အခါ လုံလောက်သွားပြီဆိုတာ မရှိပါဘူး။
လေ့လာစရာ၊ သိစရာတွေ အများကြီးရှိပါတယ်။
ကိုယ်က ဘာသာစကားတစ်ခုကို တကယ်ကျွမ်းကျင်တတ်မြောက်ချင်တယ်ဆိုရင်တော့ Self Study လုပ်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။
ဒါဆို English စာ လေ့လာဖို့ အထိရောက်ဆုံး Self Study နည်းလမ်း (၅) ခုကို ပြောပြပေးပါရစေ။
နောက်ဆုံးတစ်ချက်ကတော့ အရေးအကြီးဆုံးပါ။
✅ Language Learning Apps
Duolingo, Babble, Memrise စတဲ့ App တွေသုံးပါ။
ဒီ App တွေမှာ Vocabulary, Grammar, Listening, Speaking တွေကို စိတ်ဝင်စားဖို့ကောင်းတဲ့နည်းတွေနဲ့ သေချာတည်ဆောက်ထားတဲ့ သင်ခန်းစာတွေရှိပါတယ်။
တစ်နေ့စာလေ့လာစရာကိုပါ တစ်ခါတည်းသတ်မှတ်ပေးထားတာမျိုးတွေရှိလို့ Self Study အတွက် အကောင်းဆုံးပါပဲ။
✅ English စာနဲ့ အမြဲထိတွေ့နေပါ
နည်းလမ်းတစ်ခုအနေနဲ့ English Movies, TV Shows, YouTube Videos စတာတွေကို မြန်မာစာတန်းထိုး မဟုတ်တာ ကြည့်ပါ။
ဒါဆို Listening Skill ကောင်းလာစေမယ်။
Accent တွေ၊ နေ့စဉ်သုံးစကားတွေ၊ ဒေသခံတွေအကြောင်းတွေနဲ့ထိတွေ့မှုများလာမယ်။
ပိုပြီး တိုးတက်လာပါမယ်။
✅ စာဖတ်ပါ
ကြည့်တာအပြင် ထိရောက်တဲ့နောက်ထပ်နည်းလမ်းကတော့ ဖတ်တာပါ။
Beginner Level စာအုပ်တွေ၊ ဝတ္ထုတွေ၊ Grade သတ်မှတ်ထားတဲ့ သင်ရိုးတွေဖတ်ပါ။
ထိရောက်မှုအနေနဲ့
ဝေါဟာရ ကြွယ်ဝစေတယ်၊
စာဖတ်ပြီး သဘောပေါက်နားလည်မှုကို တိုးမြှင့်ပေးတယ်၊
Sentences Structure (ဝါကျတည်ဆောက်ပုံ) အသစ်တွေကို မြင်တွေ့နိုင်တယ်။
ဒါကတော့ English စာတင်မဟုတ်ဘဲ ဘာပဲလေ့လာလေ့လာ လုပ်ကိုလုပ်ရမယ့် အချက်ပါ။
✅ Language Exchange Partner
စကားပြောကျင့်ဖို့အတွက် English စကားပြော ဒေသခံတစ်ယောက်နဲ့ ချိတ်ဆက်ပါ။
Speaking စကားပြော တိုးတက်လာစေတယ်။လက်တွေ့ဘ၀မှာ ပြောဆိုဆက်ဆံတဲ့အခါမှာလည်း နားထောင်နိုင်တဲ့စွမ်းရည် Listening Skill တိုးတက်လာမယ်။
Native Speaker နဲ့ ပြောတာမျိုး မဟုတ်ရင်တောင် စကားပြောလေ့ကျင့်ဖော်ရှိနေဖို့တော့ လိုအပ်ပါတယ်။
ဒါမှ Speaking Skill နဲ့ Listening Skill တွေ တိုးတက်မှာပါ။
ဒါ့အပြင် English Audio တွေနားထောင်မယ် နောက်ကနေ လိုက်ပြောကြည့်မယ်။
ဒါဆိုရင်တော့ သင့်ရဲ့ Pronunciations လေယူလေသိမ်းတွေ တိုးတက်လာစေမှာ အသေအချာပါပဲ။
✅ YouTube Channel တွေကနေ လေ့လာမယ်
ဒါက Self Study အတွက် အရေးအကြီးဆုံးလို့တောင် ပြောလို့ရပါတယ်။
နာမည်ကြီးတဲ့ YouTube Channel တွေကို Follow လုပ်ထားပါ။
သူတို့ရဲ့ Grammar ရှင်းပြတာတွေ၊ Tips လေးတွေ၊ ဝေါဟာရသင်ခန်းစာတွေကိုလေ့လာပါ။
ထိရောက်မှုအနေနဲ့ကတော့ ဘာသာစကားရဲ့ အမျိုးမျိုးသော ရှုထောင့်တွေကို ချုံငုံထားသမျှ ရုပ်ကော အသံကောကြည့်ပြီး လေ့လာနိုင်ပါတယ်။
ဒါတွေကတော့ English စာ Self Study လုပ်ရာမှာ မဖြစ်မနေလုပ်သင့်တဲ့ နည်းလမ်း (၅) ခုပါ။
“Self Study လုပ်ဖို့ မမေ့ကြနဲ့နော်”
❝ Tips to Improve your Basic English 4 Skils ❞
ဘာသာစကားတိုင်းကို အခြေခံအချက်တွေဖြစ်တဲ့ Reading, Writing , Listening, Speaking ဆိုတဲ့ 4 Skills ကို ဗဟိုပြုပြီး လေ့လာရပါတယ်။
ဘာသာစကားတစ်ခုကို လေ့လာပြီဆိုရင်တော့ အရေးကြီးဆုံးအချက်က အမြဲတမ်း ထိတွေ့နေဖို့ပါပဲ။
4 skills လုံး ပါဝင်အောင် နေ့စဉ်ဘဝမှာ ထိတွေ့နေမယ်ဆိုရင် လေ့လာမှုအပိုင်းမှာလည်း ပိုမြန်နိုင်ပြီး လေ့ကျင့်ပြီးသားပါ ဖြစ်စေပါတယ်။
ဘာသာစကား (Language) ကို ဘာသာရပ် (Subject) တွေလို လေ့လာသင်ကြားလို့မရပါဘူး။
English ကို လေ့လာရာမှာလည်း ထို့နည်းတူပါပဲ။
အဘိဓာန်ထဲက ဝေါဟာရအသစ်တွေ ကျက်မယ်၊ အသံထွက်တွေ ကောင်းအောင် လေ့လာမယ်၊ စကားပြောတွေ လေ့ကျင့်မယ်။
ဒါတွေဟာ မတိုးတက်ဘူးလို့ မဆိုနိုင်ပေမယ့် မလိုအပ်ဘဲ အချိန်တွေ ခွန်အားတွေကို သုံးနေရပါတယ်။
ဒီတော့ English 4 Skills ကို စလေ့လာရာမှာ အချိန်လည်း အရမ်းအကုန်၊ ပျော်စရာလည်းကောင်းပြီး စာလုပ်နေရသလို မခံစားရဘဲ ကိုယ်စိတ်ဝင်စားတဲ့ ဘာသာရပ်တစ်ခုကို လေ့လာနေရသလိုမျိုး ခံစားရစေမယ့် နည်းလမ်းတွေ မျှဝေပေးပါမယ်။
1. ရုပ်ရှင်ကြည့်ကြမယ်
အရမ်းကြိုက်လို့ ထပ်တလဲလဲကြည့်တောင် မရိုးဘူးဆိုတဲ့ English ရုပ်ရှင်ကားကို ၃ခါ အနည်းဆုံးကြည့်ပါ။
ဘာကြောင့် ၃ ခါလဲ ?
ပထမဆုံးအကြိမ်မှာ Subtitle (စာတန်းထိုး) မပါဘဲ နားလည်အောင် ကြိုးစားပြီး ကြည့်ကြည့်ပါ (နားမလည်ခဲ့တဲ့ Vocabulary (ဝေါဟာရ) ရှိရင် သေချာမှတ်ထားပါ)
ဒုတိယအကြိမ်မှာ English Subtitle နဲ့ ကြည့်ပါ (ဒါဆို ပထမအကြိမ်က နားမလည်ဘဲ အသံပဲ ကြားလိုက်တဲ့ ဝေါဟာရတွေကို သိလိုက်ရပါပြီ)
တတိယအကြိမ်ဆိုရင်တော့ Burmese Subtitle နဲ့ ကြည့်ပါ။ (မသိလိုက်တဲ့ ဝေါဟာရ အသစ်တွေရဲ့ အဓိပ္ပာယ်ကိုလည်း သိလိုက်ရတဲ့ အပြင် ဒီတိုင်း ကျက်တာထပ် အဆများစွာ ပိုမှတ်မိစေနိုင်ပါတယ်)
၃ ကြိမ်ထက် ပိုနိုင်လေ ကောင်းလေပါပဲ။
2. သီချင်းနားထောင်ကြမယ်
အမြဲနားထောင်နေကျ ကိုယ့် Playlist ထဲက English သီချင်းတွေကိုပဲ နားထောင်ရုံပါပဲ။
ဒါပေမယ့် ကိုယ်နားထောင်နေတဲ့ English သီချင်းကို အစမှ အဆုံး မြန်မာလို အဓိပ္ပာယ်ကိုပါ နားလည်နေအောင်ကြိုးစားရပါမယ်။
အဓိပ္ပာယ်မသိဘဲ နားထောင်လို့ရော မရဘူးလားဆိုရင်တော့လည်း မဟုတ်ပါဘူး။
ဒါပေမယ့် English နဲ့ အမြဲထိတွေ့နေပါလျက်နဲ့ မသိလိုက်ရတာမျိုးမဖြစ်အောင်ပါ။
သီချင်းတွေက ရုပ်ရှင်တွေထက် ပိုအားသာတဲ့ အချက်က လိုက်ဆိုကြတဲ့ အတွက် Speaking အတွက်ပါ အလွန်အထောက်အကူပြုစေမယ့် ပျော်စရာလေ့လာနည်းပါ။
3. English လိုမြင်မြင်သမျှ အကုန်ကြည့်ပါ
Facebook, Youtube, Instagram စတာတွေသုံးရင်း Video တွေလား၊ Vlogs တွေလား၊ Short Clips တွေလား ?
English လိုဆိုရင် အကုန်ကြည့်ပါ၊ နားထောင်ပါ။
ကိုယ့်ရဲ့ Social Media Account တွေကိုလည်း ကိုယ်စိတ်ဝင်စားတဲ့ နယ်ပယ်တွေက Channel တွေကို Follow or Subscribe လုပ်ထားပါ။
ဒါမှ ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာတွေနဲ့မို့ ကြည့်ဖြစ်မှာဖြစ်ပြီး အမြဲထိတွေ့နေမှာဖြစ်ပါတယ်။
အထက်ပါ အချက်တွေက English လေ့လာဖို့အတွက် ဝန်လေးနေတဲ့လူတွေအတွက် နေ့စဉ်ဘဝက ကိုယ်ပျော်တဲ့ အရာတွေနဲ့ပဲ တွဲလုပ်ရတာဖြစ်လို့ ပိုမိုလွယ်ကူထိရောက်စေပါတယ်။
အရေးကြီးဆုံးကတော့ အမြဲထိတွေ့နေဖို့နဲ့ သင်ယူလေ့လာမှုမှာ ပျော်ရွှင်နေရင် ဘာသာရပ်တစ်ခုကို သင်ကြားနေရသလို ခံစားရမှာ မဟုတ်တော့ပါဘူး။
ဒီ့ထက်ပိုထိရောက်ပြီး ၂ဆနှုန်းနဲ့ English စာစွမ်းရည်တိုးတက်ချင်ရင်တော့ Habit Myanmar Academy မှာ One-to-One Zoom Class တွေရှိပါတယ်။
ကိုယ်အဆင်ပြေတဲ့အချိန်ကို ရွေးချယ်တက်ရောက်နိုင်ပြီး
မတက်ခင်မှာ Level Test အခမဲ့ဖြေခွင့်လည်း ရမှာပါ။
ကိုယ်က English စာကို တကယ်ထိထိရောက်ရောက် တတ်မြောက်ချင်တယ်ဆိုရင်တော့
Habit Myanmar Academy က ဆရာတွေနဲ့အတူ လေ့ကျင့်လိုက်ကြစို့။
“သင့် English စာစွမ်းရည် တိုးတက်မှု၂ ဆနှုန်းဖြစ်ဖို့ အခုပဲ Habit Myanmar Academy နဲ့အတူ ခြေလှမ်းစလှမ်းလိုက်ပါ”
❝Up ပါတဲ့ Phrasal Verb (၁၀)ခု❞
Phrasal Verbs ဆိုတာ ဘာလဲ?
Phrasal Verbs ဆိုတာ Verb နဲ့ တစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုတဲ့ Particles တွေ ပေါင်းစပ်ပြီး အဓိပ္ပာယ်အသစ်ဖြစ်ပေါ်လာတာကို ခေါ်တာပါ။ Phrasal Verbs တွေကို English စာမှာ အသုံးများပြီး အသုံးပြုပုံ အမျိုးမျိုး ရှိနိုင်ပါတယ်။ အထူးသဖြင့် ပုံမှန်မဟုတ်တဲ့ ဖော်ပြချက်နဲ့ လွတ်လပ်တဲ့ ဘာသာစကား၊ နေ့စဉ်ဆက်သွယ်ပြောဆိုမှုတွေမှာ Phrasal Verbs တွေကို အမျိုးမျိုးသုံးကြပါတယ်။
ဒါဆို သူ့မှာ ပါဝင်တဲ့ Particles အကြောင်း ဖတ်ကြည့်ရအောင် …
“ Particles ဆိုတာ … “
Phrasal Verbs ထဲမှာပါတဲ့ Particles ဆိုတွေက Prepositions (ဝိဘတ်) ဒါမှမဟုတ် Adverbs (ကြိယာ) နဲ့ Verbs ပေါင်းစပ်ပြီး အဓိပ္ပာယ်အသစ်တစ်ခုကို ပြုလုပ်ပါတယ်။
ဥပမာကြည့်လိုက်မယ်ဆိုရင်
1. “Down” : e.g., Bring Down, Come Down
2. “Off” : e.g., Take Off, Turn Off
3. “Out” : e.g., Find Out, Check Out
4. “In” : e.g., Put On, Turn On
5. “On” : e.g., Put On, Turn On
အပေါ်မှာ ပြောခဲ့တဲ့ Down, Off, Out, In, On စတဲ့ Particles တွေဟာ Verbs နဲ့ ပေါင်းစပ်ပြီး နဂိုမူလ အဓိပ္ပာယ်နဲ့ ကွဲလွဲတဲ့ Phrasal Verbs တွေကို ဖန်တီးလိုက်တယ်။
ဒါဆို ဒီနေ့မှာတော့ Particles “Up” နဲ့တွဲသုံးတဲ့ Phrasal Verbs (၁၀) မျိုးကို အတူလေ့လာကြည့်ကြမယ်…
1. “ Free Up “ (အားအောင်လုပ်တာ၊ ရှင်းထားတာ)
e.g.,
I need to free up some time this weekend to finish the report.
Report ပြီးအောင်လုပ်ဖို့အတွက် ဒီပိတ်ရက်ကို ငါ အချိန်တချို့ အားအောင်လုပ်ဖို့လိုတယ်။
ဒီမှာဆိုရင် Free - အခမဲ့ ဆိုတဲ့ Adverb က Particle “Up” နဲ့ပေါင်းပြီး မူလအဓိပ္ပာယ်နဲ့ကွဲထွက်သွားတဲ့ Free Up - အားအောင်လုပ်သည် ဆိုတဲ့ Phrasal Verb ကို ဖန်တီးလိုက်ပါပြီ။
ဒါဆိုရင် ပိုပြီးရှင်းရှင်းလင်းလင်း နားလည်သွားဖို့ “Up” နဲ့ပေါင်းစပ်ပြုလုပ်ထားတဲ့ တခြား Phrasal Verbs တွေကို ဆက်ဖတ်ကြည့်လိုက်ပါ။
1. “ Put something up “ - to attach something, especially to a wall
(တစ်စုံတစ်ခုကို နံရံလိုနေရာမှာကပ်တာ တင်တာမျိုး)
e.g.,
We’ve put up some new curtains in the living room.
ငါတို့ ဧည့်ခန်းထဲမှာ လိုက်ကာအသစ် တပ်လိုက်ပြီ။
Posters advertising the concert have been put up all over the town.
ဖျော်ဖြေပွဲကို ကြော်ငြာတဲ့ posters တွေကို တစ်မြို့လုံးမှာ ကပ်ထားတယ်။
1. “ Bring Up “
(ပြောစရာ topic တစ်ခုကို စပြောတာ၊ သယ်လာတာ)
e.g.,
She’s always bringing up her health problems.
သူမရဲ့ ကျန်းမာရေးပြဿနာကို အမြဲစပြီးပြောတယ်။
The meeting seemed to be going well until Charles brought up the issue of holiday pay.
Charles တစ်ယောက် Holiday Pay ကိစ္စကို မပြောခင်အထိ Meeting က အဆင်ပြေနေတာ။
1. “ Catch Up “
(တစ်ယောက်နဲ့တစ်ယောက်မတွေ့တာကြာလို့ လတ်တလောဖြစ်နေတဲ့ update အကြောင်းအရာတစ်ခုကို ပြောကြတာ သိဖို့လုပ်တာ၊
နောက်တစ်ခုက ကိုယ်က အချိန်မရလို့မလုပ်ထားတာကို အခုလုပ်ဖို့လုပ်တာ)
e.g.,
By the time coffee came, R.J. and Angelo had caught up a little bit.
ကော်ဖီရောက်လာတဲ့အချိန်လောက်မှာ R.J နဲ့ angelo နဲ့က သတင်းအသစ်တွေ နည်းနည်း ဖလှယ်ပြီးနေပြီ။
She’s staying late at the office to catch up with some reports.
အစီရင်ခံစာ တချို့ လုပ်ဖို့အတွက် သူမ ဒီနေ့ နောက်ကျတဲ့ထိ ရုံးမှာ နေနေတာ။
1. “ Fill Up “
(အပြည့်ဖြစ်အောင် တစ်ခုခုကိုဖြည့်တာ)
e.g.,
The seats in the hall were filling up fast.
ဒီဟောခန်းထဲက ထိုင်ခုံတွေမှာ လူပြည့်သွားတာ မြန်တယ်။
1. “ Wake Up “
(ကောက်ထလိုက်တာ၊ အိပ်ရာထတာ)
e.g.,
The whole audience got up and started clapping
ပရိသတ်တွေအကုန်လုံး ကောက်ထပြီးတော့ လက်ခုပ်စတီးကြတယ်။
I got up at five o’clock this morning.
ငါဒီနေ့မနက် ငါးနာရီကတည်းက ထတာ။
1. “ Grew Up “
(တဖြည်းဖြည်းချင်း လူကြီးအဖြစ် အရွယ်ရောက်လာတာ)
e.g.,
I grew up in Scotland.
ငါက scotland မှာ ကြီးလာတာ။
Everyone should just grow up and treat each other with respect.
လူတိုင်း ရင့်ကျက်ပြီး အချင်းချင်း respect လေးထားပြီး ဆက်ဆံသင့်တယ်။
1. “Make Up “
(လိမ်ဖို့အတွက် ဇာတ်လမ်းတစ်ခုခု အကြောင်းပြချက် တစ်ခုခုထွင်တာ)
e.g.,
She told us stories about her family, but they were all made up.
သူငါ့တို့ကို သူ့ရဲ့ မိသားစုအကြောင်းတွေပြောပြတယ်၊ ဒါပေမယ့် အကုန်လုံးက လေကြီးတာတွေချည်းပဲ။
They made up an excuse not to go to the meeting.
သူတို့ မီတင်မသွားချင်လို့ အကြောင်းပြချက် တစ်ခု ထွင်ပြီး အကြောင်းပြနေတာ။
1. Pick Up”
(တစ်ခုခု၊ တစ်ယောက်ယောက်ကို လက်နဲ့ မလိုက်တာ)
e.g,
I picked up the kids’ clothes that were lying on the floor.
ကြမ်းပြင်ပေါ်က ကလေးအင်္ကျီတွေကို ငါကောက်ခဲ့တယ်။
I went to pick up the phone, but it had stopped ringing.
ငါ ဖုန်းကိုင်ဖို့အတွက် သွားနေတုန်းမှာပဲ ဖုန်းကျသွားပြီ။
1. “Set Up”
(Event တို့ Activity တို့ ဒါမှမဟုတ် တစ်ခုခု လုပ်ဖို့အတွက် အထိုင်ချတာ၊ တပ်ဆင်တာ၊ စီစဉ်တာမျိုး)
e.g.,
We need to set up a meeting to discuss the proposals.
Proposals တွေကို ဆွေးနွေးဖို့အတွက် ငါတို့ Meeting တစ်ခုတော့ စီစဉ်ရမယ်။
We only had a couple of hours to set up before the exhibition opened.
ပြပွဲမဖွင့်ခင် ငါတို့ ပြင်ဆင်ဖို့ နာရီအနည်းငယ်ပဲရှိတယ်။
အပေါ်မှာ ပြောခဲ့တဲ့ Phrasals Verbs 10 ခုကိုကြည့်ပြီး အတော်လေး နားလည်သွားလောက်ပါပြီ။
ဒီလိုမျိုး Phrasal Verbs တွေကို လေ့လာပေးတာက သင့် English Skills ကို ပိုကောင်းစေပါတယ်။
ဒါကြောင့် English စာကို ပြောတာ၊ ရေးတာမှာ ပိုသဘာဝကျပြီး ကျွမ်းကျင်စေဖို့ Phrasal Verbs တွေကို အပြောရော၊ အရေးရောမှာ အမြဲလေ့ကျင့်ပေးနေဖို့ လိုအပ်ဖို့ မမေ့ပါနဲ့။
“ သင့် English စာ ပိုမိုတိုးတက်စေမယ့် နည်းလမ်းကို Habit Myanmar Academy မှာ ရှာဖွေလိုက်ပါ”
Click here to claim your Sponsored Listing.
Videos (show all)
Category
Telephone
Website
Address
BEHS (3) Mingalar Taung Nyunt, Upper Pansodan Street
Yangon
Welcome to our reunion Taung Nyunt 3 students page and I hope all of our friends who are from BEHS 3
No. 9 Kan Street, Hlaing Township
Yangon, 11012
Enhancing educational and career opportunities for Myanmar youth since 2009.
Yangon, 1
The Official Page of Myanmar Internet Journal, which is the leading IT journal in Myanmar, focusing o
Yangon
တရုတ်စကားကို မြန်မြန်နဲ့လွယ်လွယ် တတ်လိုပါက ဒီပေ့ချ်က သင့်အတွက်နေရာမှန်ပါပဲခင်ဗျာ
Pansodan Road (Middle Block)
Yangon, 11182
ရန်ကုန်ကျောင်းခွဲများကို ဆက်သွယ်ရန် ဖုန်းနံပါတ် - 09942000120 09942000130 မော်လမြိုင်ကျောင်းခွဲကို ဆက်သွယ်ရန် ဖုန်းနံပါတ် - 09768148233 09978391056 ဘားအံကျောင်းခွဲကို ဆက်သွယ်...
No. 876, 2nd Floors, Nga Moe Yeik Ward, Lay Daunt Kan Road, Thingangyun Township
Yangon
Education