Weight Loss by Thiri

အဆီချဝိတ်ကျချင်သူများအတွက်နည်းလမ်းလေးတွေShareပေးမယ်

Photos from Weight Loss by Thiri's post 22/07/2023

ဝိတ်ချမယ်ဆိုရင်
လိုချင်တဲ့ ပုံစံရတဲ့အထိ
ဇွဲထားပြီး တစ်ဆက်တည်းဝိတ်ချ
5ပေါင်လောက်ကျလိုက်
ပြန်စားလိုက်

တစ်လလောက်ဝိတ်ချပြီးပြန်စားလိုက်မလုပ်နဲ့
ပိုပင်ပန်းတယ်
ကျလိုက်တက်လိုက်နဲ့

တစ်ချို့ ဝိတ်ချနေရင်း
ဝိတ်မကျလို့ဆိုပြီးရပ်တန့်လိုက်တာရှိတယ်
စောင့်ကြည့်ပါအုံး

အစားသေချာထိန်း လေ့ကျင့်ခန်းသေချာကစားနေရက်နဲ့
ဝိတ်လုံးဝမကျတာဆိုရင်

ကိုယ့်ကိုယ်လုံးကဘာပြောင်းလဲလာလည်းဆိုတာ
သေချာတာတစ်ခုက

ဝိတ်လျှော့ဖို့လိုနေရင်
ဖြည်းဖြည်းမှန်မှန်နည်းလမ်းနဲ့
ရေရှည်ချပါ

17/07/2023

အစားအသောက်ရွေးစားတဲ့အခါ calorie ကို
တွက်ချက်စားပါ။
🥚ကြက်ဥပြုတ်က 80 cal ပဲရှိပေမယ့်
🍳ကြက်ဥကြော်ကြတော့ 219 cal ရှိပါတယ်။
စမူဆာ ၃ခုမှ 91 cal ရှိပေမယ့်
အီကြာကွေးကြတော့ 314 cal ပါ။

စားတော့မယ်ဆို ဒီ ဇယားလေး ကြည့်ကြည့်ပီး
cal တွက်ချက်စားပါ 😊😊😊

ဥပမာ- လူတယောက်က ပေါင် ၁၅၀ ရှိတယ်ဆိုရင်
သူစားဖို့ လိုအပၲတဲ့ cal က 3000 cal ပါ။
အဲ့ လိုအပ်တဲ့ 3000 cal အစား 1000 cal လျှော့ပီးတစ်ရက် 2000 cal တွက်ချက်စားရင် weight က တဖြေးဖြေး ကျကို ကျပါတယ်။
ကိုယ်စားတဲ့ အစားအသောက်ကို
cal တွက်ချက်စားခြင်းဖြင့်
ဝိတ်လျှော့ကြရအောင် 😍

ကယ်လိုရီတန်ဖိုးများ
----------------------
🍯🥔🍠ကစီဓာတ်( carbohydrate)🍠🥔🍯
ထမင်း(ပန်းကန်လုံးတလုံးစာ)- ၂၀၀ ကယ်လိုရီ
ခေါက်ဆွဲခြောက်တထုပ် - ၂၀၀ ကယ်လိုရီ
ပြောင်းဖူးတဖူး - ၁၃၀ ကယ်လိုရီ
အာလူးတလုံး - ၇၀ ကယ်လိုရီ
ပေါင်မုန့်တချပ် - ၃၀ ကယ်လိုရီ
ချပါတီတချပ် - ၈၀ ကယ်လိုရီ
နံပြားတချပ် - ၉၀ ကယ်လိုရီ
cracker - ၁၆ ကယ်လိုရီ
ကိတ်မုန့်တလုံး(အရှည်) - ၂၄၀ ကယ်လိုရီ
မုန့်တီတပွဲ - ၃၀၀ ကယ်လိုရီ
သကြား(လက်ဖက်ရည်တဇွန်း) - ၁၆ ကယ်လိုရီ
ပျားရည်(လက်ဖက်ရည်တဇွန်း)- ၂၁ ကယ်လိုရီ

🥩🍗🍖အသားဓာတ် (protein)🍖🍗🥩
ကြက်ပေါင် - ၁၃၅ ကယ်လ်ုရီ
ကြက်ရင်အုပ် - ၁၆၅ ကယ်လိုရီ
ဝက်သား(လက်တဖဝါးစာ) - ၂၅၀ ကယ်လိုရီ
အမဲသား(လက်တဖဝါးစာ) - ၂၅၀ ကယ်လိုရီ
ဘဲသား(လက်တဖဝါးစာ) - ၃၃၀ ကယ်လိုရီ
ဆိတ်သား(လက်တဖဝါးစာ) - ၂၁၀ ကယ်လိုရီ
ငါးကြင်းတကောင် - ၂၈၀ ကယ်လိုရီ
ငါးခူးတကောင် - ၁၁၀ ကယ်လိုရီ
ကြက်ဥတလုံး - ၈၀ ကယိလိုရီ
ငုံးဥတလုံး - ၁၅ ကယ်လိုရီ

🧀🧈အဆီဓာတ် (fat )🧈🧀
ဆီ(လက်ဖက်ရည်တဇွန်း) - ၄၀ ကယ်လိုရီ
ဆီ(ထမင်းစားဇွန်း တဇွန်း) - ၁၂၀ ကယ်လိုရီ
နေကြာစေ့(လက်ခုပ်တခုစာ) - ၁၈၀ ကယ်လိုရီ
သစ်ကြားသီးတလုံး - ၂၅ ကယ်လိုရီ

🥭🍇🥑သစ်သီး🍇🥭🥑
ပန်းသီး - ၉၀ ကယ်လိုရီ
လိမ္မော်သီး - ၆၀ ကယ်လိုရီ
ငှက်ပျောသီး - ၁၀၀ ကယ်လိုရီ
သစ်တော်သီး - ၁၀၀ ကယ်လိုရီ
သရက်သီး - ၁၃၀ ကယ်လိုရီ
သခွားသီး - ၄၅ ကယ်လိုရီ
နာနတ်သီး - ၄၅၀ ကယ်လိုရီ
စပျစ်သီး - ၃ ကယ်လိုရီ
စတော်ဘယ်ရီသီး - ၄ ကယ်လိုရီ
ကြက်မောက်သီး - ၇ ကယ်လိုရီ
ရှောက်သီး - ၂၅ ကယ်လိုရီ
သံပုရာသီး - ၂၀ ကယ်လိုရီ
ဖရဲသီး - ၁၃၇၀ ကယ်လိုရီ
ရွှေဖရုံသီး - ၃၀၀ ကယ်လိုရီ
ဂရိတ်ဖရု - ၁၀၀ ကယ်လိုရီ
သလဲသီး - ၇၀ ကယ်လိုရီ
မာလကာသီး - ၄၀ ကယ်လိုရီ
ထောပတ်သီး - ၂၄၀ ကယ်လိုရီ
(သစ်သီးတွေက အရွယ်အစားပေါ်မူတည်ပြီး ကယ်လိုရီတွေ မတူကြဘူး၊ ဥပမာ ခြောက်လက်မလောက်ပဲရ်ှတဲ့ ငှက်ပျော်သီးတလုံးဟာ ၇၀ ကယ်လိုရီလောက်ပဲရ်ှပြီး ကိုးလက်မကျော်အရွယ်စားရ်ှတဲ့ ငှက်ပျောသီးတလုံးဟာ ၁၃၀ ကယ်လိုရီလောက်ရှိတယ်။ ဖော်ပြထားတဲ့ ကယ်လိုရီတွေက ပျမ်းမျှအရွယ်အစားရှိတဲ့ သစ်သီးတွေရဲ့ ကယ်လိုရီပမာဏတွေ ဖြစ်ပါတယ်။ သစ်သီးတလုံးမြင်တာနဲ့ အနီးစပ်ဆုံး ခန့်မှန်းနိုင်ရင် လုံလောက်ပါပြီ)

🥬🍅ဟင်းသီးဟင်းရွက်🍅🥬
ခရမ်းချဉ်သီး - ၂၀ ကယ်လိုရီ
ကြက်သွန်ဖြူတစိတ် - ၄ ကယ်လိုရီ
ကြက်သွန်နီတလုံး - ၄၀ ကယ်လိုရီ
ခရမ်းသီး - ၃၅ ကယ်လိုရီ
မုန်လာဥနီတတောင့် - ၄၀ ကယ်လိုရီ
ပဲသီး၊ပဲတောင့်ရှည်(၁၀၀ဂရမ်) - ၈၀ ကယ်လိုရီ
ဟင်းနုနွယ်(၁၀၀ဂရမ်) - ၂၅ ကယိလိုရီ
ပန်းမုံလာ(၁၀၀ဂရမ်) - ၂၅ ကယိလိုရီ
ကိုက်လန်(၁၀၀ဂရမ်)- ၅၀ ကယ်လိုရီ
ကညွတ်တချောင်း - ၃ ကယ်လိုရီ
(၁၀၀ ဂရမ်က လက်သီးဆုပ် သို့မဟုတ် လက်ဆုပ်တခုစာ ပမာဏနဲ့ ညီမျှတယ်လို့ အလွယ်မှတ်ပါ)

🍹🍻ဖျော်ရည်နဲ့ ယမကာ🍹🍻
နွားနို့တခွက် - ၁၂၀ ကယ်လိုရီ
ဒိန်ချဉ်တခွက် - ၁၄၀ ကယ်လိုရီ
ကိုလာ(သံဗူး) - ၁၄၀ ကယ်လိုရီ
ကိုလာဗူးကြီး(1.25L) - ၅၄၀ ကယ်လိုရီ
ရေခဲမုန့်တခွက် - ၁၃၀ ကယ်လိုရီ
အုန်းရည်တခွက် - ၅၀ ကယ်လိုရီ
ကော်ဖီမှုန့် ( 1 teaspoon) - ၄ ကယ်လိုရီ
ကော်ဖီတခွက် - ၅၀ ကယ်လိုရီ
လက်ဖက်ရည် - ၇၀ ကယ်လိုရီ
ကျွဲရိုင်းတဗူး - ၁၁၀ ကယ်လိုရီ
အရက်တခွက်(45ml) - ၁၀၀ ကယ်လိုရီ
ဘီယာတခွက် - ၂၀၀ ကယ်လိုရီ
ဘီယာသံဗူး - ၁၅၀ ကယ်လိုရီ
ဝိုင်တခွက်(150ml) - ၁၂၀ ကယ်လိုရီ

(🔺ဘီယာတခွက်ဟာ ထမင်းတပန်းကန်စာနဲ့ ကယ်လိုရီညီမျှတယ်ဆိုတာ အရင်မှတ်သားသင့်တယ်။
🔺ကော်ဖီ ☕️ ၊လက်ဖက်ရည်တွေကတော့ နို့ဆီ၊ သကြားထည့်တာပေါ်မူတည်ပြီး ကယ်လိုရီတွေကွာခြားသွားတယ်။
🔺ပြီးတော့ ရိုးရိုး နွားနို့နဲ့အဆီထုတ်ထားတဲ့ နွားနို့နဲ့ မတူပါဘူး၊ ကယ်လိုရီ ၃၀ လောက်ကွာတယ်။
🔺ဟင်းတခွက်ရဲ့ ကယ်လိုရီတန်ဖိုးကို တွက်မယ်ဆိုရင် ပါဝင်ပစ္စည်းတွေကို တစ်ခုချင်းကြည့်ပြီး ပြန်ပေါင်းလိုက်ရုံနဲ့ အလွယ်တကူ တွက်ချက်နိုင်မှာဖြစ်ပါတယ်။)

Credit
Photo crd

30/05/2023

လမ်းလျှောက်ပါ သို့သော် တခုသတိပြုပါ

🌺လမ်းလျှောက်တာက ဝိတ်ကျအမြန်ဆုံးပါ။

🌺လမ်းကိုအကြာကြီးလျှောက်တာက ကျမတို့ ခန္ဓာကို ယ်က အဆီတွေကို လောင်ကျွမ်းစေတာထက် ဒူးတွေ ခါးတွေခြေကျင်းဝတ်တွေ ကိုသာ
ပိုပြီး နာကျင်ထိခိုက်စေနိုင်တယ် ဆိုတာ
မှတ်ထားရမှာပါ။

🌺နှလုံးကိုလဲထိခိုက်နိုင်သလို ဆီးချိုလဲရုတ်တရက်ကျတတ်ပါတယ်။

🌺လမ်းလျှောက်မယ်ဆို ကိုယ့် ဝိတ်ပေါင်ချိန် အတိုင်းအတာနဲ့ ကိုယ် ဘယ်နှမိနစ်လျှောက် ရမယ်ဆိုတာသိထားသင့်ပါတယ်။

120 lbs -130 lbs = ၄၅ မိနစ်
130 lbs - 140 lbs = ၄၂ မိနစ်
140 lbs - 150 lbs = ၄၀ မိနစ်
150 lbs - 160 lbs = ၃၈ မိနစ်
160 lbs - 170 lbs =၃၂ မိနစ်
170 lbs - 180 lbs = ၃၀ မိနစ်
180 lbs - 190 lbs =၂၈ မိနစ်
190 lbs -အထက်များ = ၂၅ မိနစ်။

🌺ဖော်ပြပါအချိန်တွေအတိုင်း စလျှောက်ကြည့်လိုက်ပါနော်။
ဝိတ်များ လေ လျှောက်ချိန် နည်းလေပါ။

🌺ဘာလို့လည်းဆိုတော့ ခန္ဓာကိုယ် က
မတ်တပ်ရပ်လိုက်ပြီဆိုတာနဲ့ ကိုယ့်ရဲ့
အပေါ်ပိုင်း တစ် ခုလုံးကို ခါးရယ် ဒူးရယ်နဲ့
ထိန်းထားပေးရပါတယ်။

🌺အတော်အသင့်ခံနိုင်ရည်ရှိလာပါက
အနည်းငယ်စီတိုး၍ မိမိခံနိုင်သလောက်
အထိသတ်မှတ်ချက်ထားကာ

🌺နေ့စဉ်မပျက်မကွက်သော်လည်းကောင်း
ရက်ခြားသော်လည်းကောင်း
နားရက်နှင့်သော်လည်းကောင်းလျှောက်ကြည့်သင့်ပါတယ်။

🌀🌀ရေသောက်ခြင်းသည်
ဝိတ်ကျရန်နှင့်ကျောက်ကပ်ကိုပို၍
ကောင်းမွန်စေပါတယ်🌀🌀

Photos from Weight Loss by Thiri's post 22/05/2023

DetoxFiber ဖျော်ရည်လေးကို
မနက်ခင်း သောက်ရင်ဘာကောင်းကျိုးပေးလဲဆိုတာလေး
ရှင်းပြလိုက်ပြီနော်❤️

ဗိုက် အ ဆီတွေကို ဖယ်ရှားပေးမယ့် အ ဆီ ကျ၊ ဗိုက်ချပ်၊ အူရှင်း သဘာဝ ပန်းသီစိမ်းဖျော်ရည်လေးက

🔹အူသိမ်ပိုင်း နှင့် အူမကြီး အတွင်းရှိ အညစ်အကြေးများကို ဖယ်ရှားပေးခြင်း
🔹သွေးကြောအတွင်းရှိ အဆီများကို ဖယ်ရှားပေးခြင်း
🔹သွေးကြောအတွင်းရှိ သကြားဓာတ်ကို ထိန်းညှိပေးခြင်း
🔹ဝမ်းမှန်စေခြင်း၊ ဓာတ်တိုးဆန့်ကျင်ပေးခြင်း
🔹ပကတိအခြေအနေအတိုင်း အစာချေပေးခြင်း
🔹ကိုယ်တွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးခြင်း
🔹အူမကြီးကင်ဆာ ဖြစ်ခြင်းမှ ကာကွယ်ပေးခြင်း
🔹လိပ်ခေါင်းရောဂါ ပျောက်စေခြင်း
🔹ကိုယ်အလေးချိန် သဘာဝအတိုင်း လျှော့ချပေးခြင်း
🔹အသားအရေ စိုပြည်ခြင်း၊ တင်းတင်းရင်းရင်း ရှိခြင်း
🔹အဆီကျ ကျစ်လျစ်ခြင်း
🔹ဗိုက်ပူနေသူများ ဗိုက်ချပ်သွားခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေပါသည်။

🍏🍏
🔹ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ပင်ပန်းလွယ်ခြင်း
🔹ခေါင်းအမြဲကိုက်နေခြင်း၊ ဖျားနာလွယ်ခြင်း
🔹မကြာခဏ အအေးမိခြင်း၊ လွယ်ကူစွာအိပ်မပျော်ခြင်း
🔹အပိန်လွန်(သို့) အဝလွန်ခြင်း

🔹ကိုယ်တွင်းနံ့၊ ခံတွင်းနံ့ ဆိုးခြင်း
🔹အမြဲလေလည်ခြင်း
🔹အမြဲဝမ်းချုပ်ခြင်း၊
🔹အကင်များ ခဏခဏ စားခြင်း
🔹ကော်ဖီ လက်ဘက်ရည် အလွန်အကျွံ စွဲမက်ခြင်း
🔹အသားစားများခြင်း
🔹အသီးအရွက်အစားနည်းခြင်း

စသော အချက်အလက်များ တွေ့ရှိခံစားရပါက သင်၏ အူအတွင်းမှ အဆိပ်အတောက်များကို အမြန်ဆုံး ဖယ်ရှား သင့်ပါသည်။

🍏အမှန်စင်စစ် ၉၀% သော မကျန်းမာခြင်းသည် အူလမ်း ကြောင်း မှ စတင်ခြင်းဖြစ်သည်။

🍏အူလမ်းကြောင်း သန့်ရှင်းမှု ရှိလျှင် မိတ်ဆွေတို့ စားသုံး သော အစာ မှန်သမျှ၏ ဗီတာမင်တွေကို အူသိမ်အူမ ကြီးက ပြည့်ဝစွာ စုပ်ယူနိုင်ပါသည်။

🍏ဗီတာမင်အမျိုးအစားပါဝင်ပြီး သွေးအတွင်းရှိ အဆိပ်အတောက် များ နှင့် အစာအိမ်လမ်းကြောင်း အတွင်းရှိ ဘက်တီးရီးယားများ ကို ဖယ်ရှား ပေးနိုင်ပါသည်။

🍏ပန်းသီးစိမ်းသည် အမျှင်ဓာတ်များ ကြွယ်ဝစွာ ပါဝင်သော အဆီကျ သစ်သီး တစ်မျိုး ဖြစ်ပါသည်။ အဆီများကို ကျစ်လျစ် တင်းရင်းစွာ ကျစေပါသည်။

ကိုယ်တိုင်သီးသန့်သစ်သီးများနဲ့Detoxလုပ်သောက်လို့လည်းရပါတယ်

အလုပ်ရှုပ််ခံချင်သူအချိန်မပေးနိုင်သူကဆိုရင်တော့
သစ်သီးပေါင်း60နဲ့ပေါင်းစပ်ထုတ်လုပ်ထားတဲ့Detoxဖျော်ရည်အထုပ်လေးတွေရှိတာမို့

အလွယ်တကူ စမ်းသောက်ကြညိ့လို့ရပါတယ်။

Cream

21/05/2023

💥ဝိတ်ချရာတွင်သိထားသင့်သောအချက်များ💥

✅မနက်စာမစားဘဲမနေပါနဲ့

မနက်စာမစားဘဲနေခြင်းဟာဝိတ်ချခြင်းကိုအထောက်အကူမပြုပါဘူး🙅။မနက်စာဟာတစ်နေ့တာလှုပ်ရှားသွားလာဖို့စွမ်းအင်တွေရရှိမဲ့ အဓိကတစ်နပ်စာပါ။

✅အစာကိုသူ့အချိန်နှင့်သူပုံမှန်စားပါ။

အစားအစာကိုသူ့အချိန်နဲ့သူပုံမှန်စားသောက်ခြင်းကကယ်လိုရီလောင်ကျွမ်း🔥ဖို့အထောက်အကူဖြစ်စေပါတယ်။

✅အသီးအနှံနှင့်ဟင်းသီးဟင်းရွက်များများစားပါ

အသီးအနှံနှင့်ဟင်းသီးဟင်းရွက်တွေဟာကယ်လိုရီပါဝင်မှုပမာဏနဲပါးပါတယ်။ဗီတာမင်နဲ့သတ္တုဓာတ်များစွာပါဝင်တာကြောင့်ခန္ဓာကိုယ်ခုခံအားစနစ်💪💪ကိုကောင်းမွန်စေပါတယ်။

✅ရေများများသောက်ပါ

ရေ🥤ဟာ၁၀၀%calorie freeပါ။ခန္ဓာကိုယ်မှာပိုနေတဲ့အဆီတွေကိုဖြိုခွဲဖို့ ရေဓာတ်ကိုအဓိကလိုအပ်ပါတယ်။

✅အမျှင်ဓာတ်ပါသောအစာများစားပါ

အမျှင်ဓာတ်ပါသောအစားအစာတွေဟာအစာခြေစနစ်ကိုကောင်းမွန်စေပါတယ်။စားလိုက်ရင်ပြည့်အင့်တဲ့ခံစားချက်ရတာကြောင့်တော်ရုံဗိုက်မစာစေပါဘူး။အများအားဖြင့်အသီးအရွက်၊ပဲအမျိုးမျိုး၊အစေ့အစံတွေမှာပါတတ်ပါတယ်။👈

✅အပြင်စာစားခြင်း/သားရေစာစားခြင်းရှောင်ပါ

အပြင်မှာအလွယ်တကူဝယ်ရတဲ့အစားအစာတွေဟာကယ်လိုရီပမာဏများတတ်ပါတယ်🤷။ဝိတ်ချမယ့်သူ‌တွေအ‌နေနဲ့ခေါက်ဆွဲကြော်၊ကြေးအိုး၊အာလူးကြော်၊ဘာဂါ၊အချိုရည်တွေကိုတတ်နိုင်သမျှရှောင်သင့်ပါတယ်။

✅အစားအသောက်ပမာဏလျော့စားပါ

ဝိတ်ချမယ်ဆိုရင်အစားအသောက်ကိုလုံးဝဖြတ်စရာမလိုပါဘူး။ဒါပေမဲ့ပမာဏလျော့စားဖို့တော့လိုအပ်ပါတယ်။ဥပမာ မုန့်ဟင်းခါးကိုအိုးဘဲဥ၊အကြော်ထည့်စားတာထက်အလွတ်စားတာမျိုး၊ထမင်းတစ်ပန်းကန်စားမယ့်အစားထမင်း၄-၅ဇွန်းစားပြီးအရွက်ကြော်နဲ့တွဲစားတာမျိုးကိုလုပ်သင့်ပါတယ်။💯

✅တက်ကြွစွာနေထိုင်ပါ

အစာစားပြီးလှဲအိပ်တာ၊ထိုင်တာတွေကိုရှောင်ပြီးမတ်တပ်ရပ်တာဖြစ်ဖြစ်လမ်းလျောက်တာဖြစ်ဖြစ်လုပ်မယ်ဆိုရင်ခန္ဓာကိုယ်မှာအဆီတွေစုတာနဲလာနိုင်ပါတယ်🎯🪄။ဝိတ်ချချင်သူတွေအတွက်တစ်နေ့ကိုနာရီဝက်လောက်ကိုယ်လက်လှုပ်ရှားအားကစား⛹️🚵🏊🏊တစ်ခုတော့လုပ်သင့်ပါတယ်။

✅တစ်နေ့စာအစားအသောက်ကိုကြိုplanလုပ်ပါ

ဒီနေ့ညအိပ်တော့မယ်ဆိုရင်မနက်ဖြန်စားမယ့်အစားအသောက်ကိုမိမိလိုအပ်တဲ့ကယ်လိုရီနဲ့ချိန်ပြီးကြိုplanလုပ်ထားသင့်ပါတယ်။ဒါဆိုရင်မလိုအပ်ပဲကယ်လိုရီပိုစားမိခြင်းကိုလျော့ချနိုင်မှာပါ။👍

ကျန်းမာလှပသောဘဝတွေကိုအမြန်ဆုံးရရှိပါစေ 💕
🌿Crd🌿

Photos from Weight Loss by Thiri's post 19/05/2023

အချိုရည်မှာရှိတဲ့ Calorie ပါ၀င်မှု‌တွေပါ

မသောက်ခင် ဆင်ခြင်လို့ရအောင် တင်ပေးလိုက်ပါပြီ 😁




ဝိတ်ချနေသူတွေ အချိုရည်ရှောငိပါ
အချိုရည်မရှောင်သရျိ
လိုချင်သလောက်ထိကို ဝိတ်ကျဖို့ခက်ခဲ
ကြန့်ကြာစေပါတယ်


09771148840

&Fiber

17/05/2023

😄😄

ဝိတ်ချမဟ်ဆိုပီး 😄ဒီလို ဖစ်နေသူတွေရှိလား

Thiri လည်းဖစ်တယ် ဒီရက်ထဲ

ဘဟ်လိုထိန်းချုပ်ကြလည်း

မျှဝေခဲ့လို့ရပါတယ်😘😘😘

Thiri ကတော့ မှန်အမြန်ပြေးကြည့်တဟ်😄
ငါ့ခန္ဓာကိုယ် ဒီထက် ဝလို့မဖသ်ဘူူဆိုတဲ့ စကားကို

ကိုယ်လုံးပေါ်မှန်ရှေ့မှာကြည့်ရင်းပြောတဟ် 🥰🥰🥰

17/05/2023

Morning pr ရှင်
မင်မင်လေး က တော့Thiri ပါရှင့်🙆🙆🙆

ဝိတ်ချချင်တဲ့သူလေးတွေအတွက်
ကူညီပေးသွားမဲ့ Pageလေးမို့ စိတ်ဝင်စားရင်

pageလေးကို Like လေးလုပ်ထားလို့ရပါတဟ်ရှင်

အားလုံးပဲ အဆီပိုတွေ ကင်းပီး
လှပပျော်ရွှင်တဲ့
နေ့ရက်လေးတွေ ပိုင်ဆိုင်နိုင်ပါစေ🥰🥰

13/05/2023

အရင်ဆုံးဗိုက်မှာပဲအဆီလာစုကြတာက😄
အစားပေါင်းစုံလည်းဗိုက်ထဲအရင်ဆုံးထည့်တာကိုးလို့😁😁😁

#ဗိုက်မှာအဆီစုရတဲ့အကြောင်းရင်း
==================

လူကတော့ သိပ်မဝပါဘူး ။
ဒါပေမယ့် စုတဲ့အဆီတွေအကုန်လုံးက ဗိုက်မှာချည်းပဲ ဆိုသူတွေအတွက်
ဒီဆောင်းပါးလေးမှာ

#ဘာကြောင့်ဗိုက်မှာမှအဆီတွေစုရတယ်ဆိုတဲ့အကြောင်းလေးပြောပြချင်ပါတယ်။

ဒီအချက်၆ချက်ထဲက ကိုယ်နဲ့တိုက်ဆိုင်နေတာများရှိရင်
စစ်ဆေးပြီးပြုပြင်လို့ရအောင်ပါ။

၁- မျိုးရိုးလိုက်လို့။

ဒီအချက်က အရေးကြီးဆုံးနဲ့ ပြင်ဖို့ခက်တဲ့အချက်ပါ။
မျိုးရိုးထဲမှာ ဗိုက်ပူသူများရင် ကိုယ်လည်း ဗိုက်ပူနိုင်တယ်လို့သာမှတ်ပြီး အမြဲ အစားအသောက်သတိထားသင့်ပါတယ်။

၂- အသင့်စားတွေအစားများလို့။

အသင့်စား Ready Made တွေ အလွယ်စား Fast Food တွေမှာ ကယ်လ်လိုရီတွေ များများပိုပါ ပါတယ်။
ဗိုက်ပူနေသူတွေအနေနဲ့ အိမ်မှာချက်တဲ့
လတ်ဆက်တဲ့ အစားအစာတွေကိုစားသင့်ပါတယ်။

၃- အိပ်ချိန်နည်းလို့။

မအိပ်တော့ မဝဘူးပေါ့လို့များထင်ရင်
မှားနေပါပြီနော်။
အတော်များများဗိုက်ပူတဲ့သူတွေဟာ
အိပ်ချိန် နည်းလို့ အိပ်ချိန်မမှန်တဲ့သူတွေမှာ
ဖြစ်တာတွေ့ရပါတယ်တဲ့။

၄- စိတ်ဖိစီးမှုများလို့။

"ဟယ်သူက အလုပ်တွေများပြီး စိတ်ဖိစီးမှုတွေသာများတယ်
ဗိုက်လေးကျပူလို့၊ ပိန်လည်းမပိန်ပါလား"
ဆိုတာ
စိတ်ဖိစီးမှုက ထုတ်တဲ့ Cortisol ဟော်မုန်းကြောင့် ဖြစ်ပါတယ်။

၅- ရောဂါရှိနေလို့။

တကယ်လို့ သင်ဟာအမျိုးသမီးဖြစ်မယ်။ ရာသီမမှန်ဘူး။
ဗိုက်မှာအဆီစုနေမယ်။
အမွှေးအမျှင်ထူနေမယ်ဆိုရင် မျိုးဥအိမ်ထဲရေအိတ်တွေရှိနေတဲ့ Polycystic Ovarian Syndrome ခံစားနေရတာဖြစ်နိုင်လို့ သတိထားသင့်ပါတယ်။

၆- လှုပ်ရှားမှုနည်းလို့၊ အထိုင်များလို့။

အဆီပိုတွေမရှိဖို့က တက်ကြွတဲ့လူနေမှုပုံစံလိုအပ်ပါတယ်။
တစ်နေကုန်အထိုင်များနေမယ်ဆို ဗိုက်နဲ့ ပေါင်နေရာမှာ အဆီပိုတွေစုလာမှာ သေချာပါတယ်။

Crd (MFTA Team)

Photos from Weight Loss by Thiri's post 13/05/2023

ဒီနေ့လည်း Fiber 1ဘူး
Jelly 1ဘူး စမ်းစားကြည့်မို့တဲ့

၁၀ရက် စာ Order လေး🥰🥰
Fiber...10ထုပ်
Jelly ...10ဘူး အရောင်းပိတ်လက်ပါပီရှင်

Thiri ဆီလာဝဟ်တဲ့မမတွေ ကိုကိုတွေအတွက်
ဝိတ်ချ plan နည်းလေးတွေပါ
ထပ်ဆောင် ထည့်ပေး မှာဖစ်ပါတယ်😘🥰🥰

အားပေးကြသူတယောက်ဆီတိုင်းကိုကျေးဇူးပါ

ပါကင်ဖောက်ပီးတန်ဆာသက်သာအောင်လည်း
လုပ်ပီးပို့ပေးပါတဟ်ရှင်ခ😘🥰

၁၀ရက်စဟ တဘူးကုန်တာနဲ့
၂ပေါင်းကနေ ၃ပေါင်ထိ ကျဖို့ အာမခံပါတဟ်ရှင်

#လေ့ကျငိ့ခန်းလုပ်ဖို့အချိန်မပေးနိုင်သူများSupplementလေးနဲ့တွဲပီးဝိတ်ချချင်သူများ

message box ကနေ အသေးစိတ် ဆွေးနွေးတိုင်ပင်နိုင်ပါပီ
09771148840


ီကျJelly
ူရှင်းFiber

Photos from Weight Loss by Thiri's post 11/05/2023

ကိုယ်နားလည်သလောက်ပြောပြပေးမယ်နော်🙆🏻

Detox အစွမ်းက
Detox ကို အသီးအနှံ တွေနဲ့ လုပ်ထားတာမို့🍏

1. Antioxidant ပါတဲ့အတွက် အိုမင်းရင့်ရော်မှုကို
တားဆီးပေးတယ် အသားအရေကြည်လင်စေတယ်.

2. စိတ်ကို fresh ကြည်လင်စေပြီး
Body ကို energy ပြည့်စေတယ်

3. Vit C ကြွယ်ဝတာကြောင့်
Immune system ခုခံအားကို တက်စေတဲ့အတွက်
ဖျားနာရောဂါတွေကို ကာကွယ်ပေးတယ်

4. အူလမ်းကြောင်း ရောင်ယမ်းမှုတွေကို
လျော့ချပေးတယ်

5. အသဲရဲ့ လုပ်ဆောင်ချက်ကို ကောင်းစေတဲ့ အတွက်
body အတွက် မကောင်းတဲ့ အရာ တွေ ကို စွန့်ထုတ်ပေးတယ်

6.အစာချေဖျက်မှုနှုန်းကို မြန်စေတယ်

7. Fibre ပါတဲ့ အတွက် ဗိုက်ပြည့်စေတယ်
အစာစားချင်စိတ်ကို လျော့ချပေးတယ်

8. ဝမ်းမှန်စေတယ်

ဒီအချက် ၈ချက်နဲ့တင် Detox လုပ်သောက်ရတာ တန်နေပီ😘😘

အချိန်ကုန်မခံချင်ရင်တော့
အာဟာဓာတ်အစုံ အသီးအနှံ အစုံပါဝင်တဲ့
Supplement Detox Fiber လေးနဲ့ ဝိတ်ချချင်ရင်

message box မှာအသေးစိတ် စုံစမ်းလို့ရပါတယ်ရှင်



#09771148840

Photos from Weight Loss by Thiri's post 11/05/2023

လေ့ကျင့်ခန်း လုပ်ဖို့အချိန် မပေးနိုင်သူလေးတွေ

Detox Supplement အကူ နဲ့အတူ

တလအတွင်း 6 lbကနေ 10 lb ထိ ကျချင်ရင်

Messanger ထဲ အသေးစိတ် လာရောက်ဆွေးနွေး နိုင်ပါပီ




#အဆီကျSupplement
09771148840သို့လည်းအသေးစိတ်ဆက်သွယ်မေးမြန်းနိုင်ပါပီ

04/05/2023

ဝိတ်ချနေသူများသတိ😄😝

Thiri တော့ မနေနိုင်တော့ဘူး😄😄

အကြိုက်တူသူတွေရှိ လား
ဒါမဲ့ Thiriကမစိုးရိမ်ဘူး

Thiri မှာ ဘယ်လောက်စားစားဝိတ်ပြန်မတက်စေတဲ့
လျှို့ဝှက်ချက်ရှိတယ်😝 သိချင်သူmessage box လာခဲ့😝



ီကျJelly

Photos from Weight Loss by Thiri's post 04/05/2023

🙇‍♂️🙇‍♂️တအား ဝလို့ စိတ်ညစ်နေသူများ

💁‍♂️💁‍♂️ဝိတ်ကျဖို့ထက် အဆီ အရင်ချပါနော်
အစာကိုလည်းထိန်းပါ 🥯🥯

💢💢အခုပုံထဲကလိုလေး စားပေးပါ

🥑🥝🥝အစာငတ်ခံစရာမလိုဘူးနော်
မျှတအောင်စားပေးပါ

အစာစားပြီးတာနဲ့
အဆီကျ Supplement မှီဝဲလို့ရပါတယ်

Thiri ကတော့ မနက်တိုင်း အသားလှ အူရှင်း ဝမ်းမှန်စေတဲ့

🍹🍹Detox water လေးတခွက် အမြဲသောက်တယ်
🥝🥝ညဘက်တော့ အဆီချ Jelly လေး၁လုံး
အမြဲစားဖြစ်တယ်🥰

You တို့ရော ဘဟ်လိုလေးချဖစ်လည်း
အဆီချခြင်းနဲ့ ပတ်သက်ပြီး အသေးစိတ်ဆွေးနွေးတိုင်ပင်ချင်ပါက messageboxထဲလာခဲ့နော်

09771148840 မင်မင့်ကိုဖုန်းဆက်ပြီးတော့လည်းဆွေးနွေးလို့ရပါပီ



ီချjelly

24/04/2023

အဆီကျစေမယ့် supplement တွေစားသုံးတဲ့အခါ
ငွေကုန်ရကျိုးနပ်အောင် စနစ်တကျ စားသုံး မဲ့ နည်ူလမ်း✔️

ပိုက်ဆံတွေသာ ကုန်သွားတယ်
ဘားမှမပြောင်းလဲဖူး မသိသာဖူးဆို
ဒီအချက်တွေကို အရင်ကြည့်ပါ👇🏻👇🏻

ကိုယ်က ဝိတ်ချမယ် အဆီချမယ့်သူဆို

1. Supplement တခုတည်းအားကိုးလို့မရပါ
2.ပုံမှန်စားနေကျထက် လျော့စားပါ
3.မလျော့စားနိုင်ရင် လေ့ကျင့်ခန်း အနည်းငယ်လုပ်ပါ
4.အထိုင်များသူဆို ၁၅ မိနစ်လမ်းလျောက်ပေးပါ
5.ရေတနေ့ ၂ လီတာ အနည်းဆုံးသောက်ပေးပါ
6.အိပ်ရေးဝဝအိပ်ပါ

Supplement အားကိုးနဲ့ အစားမရှောင်
စားမြဲစားနေမယ်ဆို ဝိတ်ကိုထိန်းပေးသွားမှာပါ
ဝိတ်ကျမှာမဟုတ်ပါဖူး❌

Day ပြောတဲ့တိုင်းကျင့်သုံးပြီး
🥝အဆီကျ jelly စားမယ်
🍏အူရှင်းစေတဲ့ detox သောက်မယ်ဆို
၁ ပတ် အတွင်း အနည်းဆုံး၂ ပေါင်ကနေ
၄ ပေါင်ထိကျဖို့ အာမခံပါတယ်🍏

္စည်းများကိုလက်လီလက်ကားဖြန့်ချီပေးနေပါပြီ

28/03/2023

ခန္ဓာကိုယ်ပိန်ပြီး
ဗိုက်ကွက်ပူနေတဲ့သူတွေအတွက်

အလုပ်မရှုပ်ပဲ အလွယ်တကူ
အူရှင်း ဗိုက်ချပ်စေမဲ့ နည်းလမ်းလေး 👇👇




#အလွယ်ကူဆုံးအရိုးရှင်းဆုံးနဲ့အစာဟောင်းတွေက်ုချေဖျက်ပေးမဲ့DetoxWater

28/03/2023

‼️အချိန်တိုအတွင်း
ဝိတ်တက်လာစေသော အကြောင်းအရင်းများ‼️

1.ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း(Exercise မလုပ်ခြင်း)
2.အထိုင်များခြင်း ၊ အချိန်အကြာကြီးလှဲခြင်း
3.Fast Foodတွေချည်းစားမိနေခြင်း
4.အိပ်ချိန်မမှန်ခြင်း
5.စားပီးတန်းအိပ်ခြင်း
6.Stress အလွန်များခြင်း
7.ရေသောက်နည်းခြင်း
8.exercise လုပ်ပြီး
အဆီတက်စေသောအစားအစာများ ရွေးစားမိခြင်း

စတဲ့Lifestyle ကမောက်ကမ ဖြစ်စေတဲ့
အချက်တွေလုပ်ဖြစ်နေရင်

ချက်ချင်းရပ်လိုက်ဖို့ အကြံပေးပါတယ်ရှင့် ကြိုးစားထားသမျှ journey က ပျင်းသွားတဲ့အခါ

အလကားဖြစ်သွားတတ်ပါတယ် babiesတို့ရေ🤍
လိုချင်တဲ့Slim Bodyလေးနဲ့

တဖြည်းဖြည်းဝေးလာပါလိမ့်မယ်နော်😪
Before and After အလှလေးတွေရသွားကြတဲ့သူလေးတွေကို ပြန်ကြည့်ပြီးMotiယူကြမယ်😍
Fighting all my babies 🤍

အမှားတွေလုပ်မိနေရင် တဖြည်းဖြည်းပြုပြင်ပြောင်းလဲဖို့ မင်မင်နဲ့တူတူကြိုးစားကြမယ်ရှင့်🤍



Crd

24/03/2023

ဝိတ်ကျချင်တာ သေချာရင်🔥🔥🔥

🎯🎯ဒီအချက် ၃ချက်ကို မဖြစ်မနေ သေသေချာချာရှောင်ပေးပါ

💥၁...ညဘက် ၁၀နာရီ ထက်နောက်ကျမှ
မအိပ်ရ

💥၂...ဆီကြော်စာနဲ့ gas ပါတဲ့အချိုရည်မဖြစ်မနေရှောင်ပါ /ထမင်းလျော့စားပါ အသီးအရွက်ပိုစားပေးပါ/ရေ တနေ့ ၃လီတာ အနဲဆုံးသောက်ပါ

💥၃...တနေ့ကို နာရီဝက်မဖြစ်မနေ လမ်းလျှောက်ပေးပါ

🔥🔥တပတ်အတွင်းသိသိသာသာ

1 lb ကနေ 3lb ထိဝိတ်မကျရင် Thiri ကို တိုက်ရိုက်လာဆွေးနွေးလို့ရပါတယ်

24/03/2023

မင်မင် Bagan ခရီးသွားနေတာမို့

post လေးတွေ မတင်ဖြစ်တာပါ
အခုတော့

Thiri

ပြန်လာပြီနော်🥰🥰
ဝိတ် ချဖို့အားလုံး Ready naw

Photos from Weight Loss by Thiri's post 16/03/2023

ဝိတ်ချသူလေးတွေအတွက်
ရေသောက်ခိုင်းရခြင်းရဲ့ ကောင်းကျိူးများ

ဝိတ်အမြန်ကျချင်ရင် ရေသောက်နည်းမှန်ဖို့လည်းလိုတယ်နော်ခ🥰

Photos from Weight Loss by Thiri's post 12/03/2023

မဖြစ်နိုင်တာမဟုတ်ပါဘူး အစွမ်းကုန် မကြိုးစားသေးတာပါ

ကဲ သင့်ရဲ့ motivation ကို အခုပဲစလိုက်တော့ 💪🏼

12/03/2023

အဆီကျဆေးတွေသောက်ရုံနဲ့
ဗိုက်ချပ်ပြီး six packs မထွက်ဘူးနော် 🚫❌

Before ဆိုပီး ဗိုက်အလုံးလိုက်ကြီးပြ After ဆိုပီး
ဗိုက်အမြှောင်းလေးပြ ဂျင်းမမိကြနဲ့😁

အဆီကျဖို့က Supplement ကူလို့ရတယ် 💚

အဲ့လို ပုံစံရဖို့က Gym မှာ Trainer နဲ့
သေချာကစားမှရမှာ😅

အဆီကျဖို့ Supplement ကူချင်ရင်​တော့
fairy jelly နဲ့ detox fibre ရှိမယ်လာခဲ့ 😘😘😘

Crd
Supplement လေးသိချင်ရင်comment မှာကြည့်ကြည့်နော်🥰🥰


09771148840 သို့လည်း ဆက်သွယ် စုံစမ်းနိုင်ပါတယ်

11/03/2023

တကယ်ဝိတ်ကျချင်ရင် တကယ်လှချင်ရင် စိတ်ခိုင်မာဖို့လိုတယ်နော်

Photos from Weight Loss by Thiri's post 10/03/2023

Morning pr
ဝိတ်ချနေသူတယောက်အနေနဲ့ ဆိုရင်
မနက်စောစော ရေ အဝMorningသောက်ပေးပါ

အစားစာကို အချိန်မှန်မှန်စားပါ
အများကြီးတနင့်တပိုးစားတာမျိုးမလုပ်ပါနဲ့

အစာအာဟာရညီမျှအောင်စားပါ

09/03/2023

လုံးဝ မမှန်တဲ့ Fitness အယူအဆ အလွဲအမှားများ

❌ညစာစားရင် ဗိုက်ပူတယ် / ဝတယ်❌
လုံးဝ No ပါ။ ညစာစားလို့ မဝနိုင်ပါဘူး။

ကိုယ်တနေ့တာ သုံးတဲ့ energy ထက် စားတဲ့ energy က များနေ မှသာ ဝနိုင်ပါတယ်
။ ဝလာတော့ ဗိုက်လဲ ပူလာတာပေါ့။

❌protein သောက်ရင် ဝ လာတယ်❌
Protein ဆိုတာ ကိုယ်တွေစားနေတဲ့ အသားငါးတွေလို purely အသားဓာတ်ပါပဲ။

ဒါထက်မပိုပါဘူး။အားကစားလုပ်နေသူ ဒါမှမဟုတ် အသားမစားနိုင်သူ တွေ အနေနဲ့ ပုံမှန် diet ကနေ
အသားဓာတ် လုံလောက်အောင် ရဖို့က ခက်ပါတယ်။

အဲ့ဒါကြောင့် အသားအစားထိုး or အသားဓာတ်ပြည့်ဝစွာရနိုင်အောင် ဖြည့်စွက်စားသုံးနိုင်တဲ့ အသား powder မုန့် ပါဘဲ။

❌ဗိုက်အဆီကျဖို့ ဗိုက်ရိုက်/ ခါးအဆီကျဖို့ ခါးစောင်း❌
ပြောရတာလဲ အာပေါက်နေပါပြီ။ ည

အဆီဆိုတာ ရွေးချလို့ လုံးဝ (လုံးဝ) လုံးဝ
မရပါဘူး။ ဗိုက်လေ့ကျင့်ခန်းတွေလုပ်လို့ လက်က အဆီတွေလဲ ကျချင်ကျမယ်။

ဒါကိုယ်ရွေးချယ်လို့ မရပါဘူး။ ခန္ဓာကိုယ်က သူ့ပါသာသူ ရွေးချယ် လုပ်ဆောင်တာပါ။

❌ဝက်သားစားရင် အဆီတက်တယ်❌
ဝစေတဲ့ အစားသောက် ပိန်စေတဲ့ အစားသောက် ဆိုပြီးမရှိပါဘူး။

အစားသောက်တွေ အားလုံးက energy ပေးတယ်။ တချို့အစားသောက်တွေက တချို့ အစားသောက်တွေထက် energy ပိုများတယ်။

တနည်းအားဖြင့် calories ပိုများတယ်။ Calorie In က Calorie Out ထက် နည်းနေသရွေ့ ဝက်သား မပြောနဲ့ ဝက်ဆီ စားရင်တောင် မဝဘူး။

❌မိန်းကလေးတွေ အလေးမရင် ယောက်ကျားကြီးနဲ့ တူလာမယ်❌
မိန်းမ တယောက်ရဲ့ ခန္ဓာကိုယ်က ယောက်ကျားတယောက် ခန္ဓာကိုယ်လို အလေးမရုံနဲ့ ဖြစ်လာဖို့က scientifically impossible ပါ။

ဒါ့အပြင် မိန်းမ ဆန် တဲ့ကောက်ကြောင်းတွေနဲ့ ချပ်ချပ်ရပ်ရပ် ကျစ်လစ် လှပ ဖို့က အလေးနဲ့ ကစားမှ ကို ရပါမယ်။

❌များများ ကစားနိုင်မှ မြန်မြန်တိုးတက်မယ်❌

မလိုပါဘူးနော်။ တပတ်မှာ ၃ ရက် ကနေ ၅ ရက် တရက်ကို ၄၅ မိနစ် ၁ နာရီလောက် အချိန် ပေးနိုင်ရင်ကို လုံလောက်ပါတယ်။

များများကစားနိုင်ဖို့ထက် မြဲမြဲ ကစားနိုင်ဖို့က ပို အရေးကြီးပါတယ်။ မြဲမြဲ ကစားနိုင်မှသာ body က တိုးတက် ပြောင်လည်း လာမှာပါ။

❌ချွေးထွက်လေ အဆီတွေက ပိုလောင်ကြွမ်းလေ ❌
ဘားမှ မဆိုင်ပါဘူးနော်။ လှုပ်ရှားမူတွေ ပြုလုပ်တဲ့အခါ body အပူချိန် က မြင့်လာပါတယ် ။

ဒီတက်လာတဲ့ အပူချိန်ကို ပြန်လည် ထွန်းညှိနိုင်ဖို့

( တနည်းအားဖြင့် အေးပြီး အပူချိန်ကျလာဖို့) အတွက် body က ချွေးတွေကို ထုတ်ပါတယ်။

ချွေးအထွက်လွန်ရင် ရေဒဏ် ဆုံးရုံးမူတွေ ဖြစ်နိုင်ပြီး အသက်အန္တရာယ် တောင် ဖြစ်နိုင်တဲ့အတွက်

ရေ များများ ပြန်သောက်ပေးသင့်ပါတယ်။

#ဒါ့အပြင်ဝမ်းမှန်လွယ်စေတဲ့Detoxwaterလေးတွေလုပ်သောက်ပေးခြင်ူကလည်း
အူရှင်းပြီး အဆီချရာမှာ အထောက်အကူပြုပါတယ်

Photos from Weight Loss by Thiri's post 07/03/2023

ကြိုးခုန်တဲ့လူတွေ သတိထားဖို့...........

ကြိုးအမျိုးအစား (၆) မျိုးရှိတယ်

၁။ Basic rope - speed rope ထက် ကြီးတယ်၊ weighted rope ထက်သေးတယ်။
PVC ပလတ်စတစ်နဲ့လုပ်တယ်။ ဈေးပေါတယ်။

၂။ speed rope - vinyl ရာဘာနဲ့လုပ်ထားတယ်။ ကြိုးလုံးသေးတယ်။ ကြိုးကို လိုသလို မြန်မြန်လှည့်န်ုင်တယ်။
ကြမါးပြင်ကို မထိခိုက်၊ မပျက်စီးစေဘူး။
indoor အိမ်တွင်း ခုန်ရင် ဒါမျိုးသုံးပါ။

၃။ weighted rope - လေးတယ်၊ ကြိုးလုံကြီးတယ်။ ဝိတ်ကျမြန်တယ်။ outdoor အပြင်မှာခုန်ရင် ဓါမျိုးသုံးပါ။

၄။ Beaded rope - beginner အတွက်ကောင်းတယ်။

၅။ Leather rope သားရေကြိုး - weighted rope လိုပဲ ထူတယ်၊ လေးတယ်။ ခုန်တဲ့အခါ အပေါ်က ၄ မျိုး လောက် အသံမကျယ်ဘူး။ ဈေးကြီးတယ်။ အကောင်းဆုံးပေါ့။

၆။ cloth rope - ပိတ်/ချည်သား က်ြုး။ ပေါ့ပါးတယ်၊ ကြမ်းပြင်ကို ထိခိုက်မှု မရှိ၊ အသိံမကျယ်တဲ့အတွက် indoor မှာ သုံးကြတယ်။ .....

ကြိုးရွေးတဲ့အခါမှာ ကိုယ့်အရပ်နဲ့ က်ြုးအရှည်နဲ့ကွက်တိဖြစ်ဖို့လိုတယ်။

လက်ကိုင်ကို ကိုင်ပြီး ကြိုး အလယ်တည့်တည့်မှာ ခြေထောက်နဲ့နင်းထားပါ။
ကလက်ကိုင်ကို ခန္ဓာကိုယ်ကပ်လျက် ပခုံးနားထိဆွဲပါ။
လက်ကိုင်မပါ (ကြိုးသက်သက်) အရှည်ဟာ ချိုင်းနားအထိ ရှိနေရပါမယ်။

ရှည်လွန်းလျှင် / တ်ုလွန်းလျှင် ကြိုးလွှဲရခက်အယ်၊ ခုန်တဲ့အခါ အနှောင့်အယှက်ဖြစ်မယ်..........

အဆင်ပြေကြပါစေနော် ........
Te Lay (တီလေး)

06/03/2023

" ဗိုက်ပူတာ ဘာကြောင့်လဲ ?

လူအများစုရဲ့အထင်က ဗိုက်ပူတာဟာ
ဝမ်းဗိုက်မှာအဆီတွေ စုပါများပြီး
အဆီတွေအခေါက်တွေ ထူလာလို့ဖြစ်ရတာလို့ပဲ
ထင်နေကြပါတယ်။
အဲဒါတစ်ခုတည်းကြောင့်တော့ မဟုတ်ဘူး။
လူတွေ သတိမထားမိကြသေးတဲ့
အကြောင်းတစ်ခု ရှိနေပါသေးတယ်။
အဲဒါကတော့ အူမကြီးတွေ
ကြီးမားတုတ်ခိုင်လွန်း နေလို့
ဗိုက်ပူထွက်နေကြရခြင်း ပဲဖြစ်ပါတယ်။
အထူးသဖြင့် အသက်ကြီးလာလို့
ဗိုက်ပူထွက် လာကြရသူတွေဟာ
အဲဒီ့အူမကြီးတွေ တုတ်ခိုင်ကြီးမားလာလို့
ဖြစ်ရတာ များပါတယ်။

အူမကြီးတွေ ဘာကြောင့် ကြီးမား
တုတ်ခိုင်လာကြရတာလဲ။ဖြစ်စဉ်ကတော့
အနှစ်နှစ်အလလ အစားအစာတွေကို
စားလာခဲ့ရာကနေ ဖြစ်လာရတာပါပဲ။
အစာစားလိုက်တဲ့ အခါမှာ အစာဟောင်းတွေဟာ
အူမကြီးထဲကို ရောက်ရှိပြီး အထိုင်ချပါတယ်။
အဲဒီ အစာဟောင်းတွေဟာ
ရှေ့ကိုမြန်မြန်တိုးပြီး မစင်အဖြစ်
ခန္ဓာကိုယ်ပြင်ပကို ထွက်သွားဖို့လိုပါတယ်။

သို့သော်လဲ လူက ရေသောက်နည်းခြင်း
အမျှင်စာ စားတာနည်းခြင်း
လှုပ်ရှားမှု နည်းခြင်းတွေကြောင့်
အစာဟောင်းတွေဟာရှေ့ကို
မြန်မြန် မတိုးနိုင်ကြဘူး။
အဲဒီ့အခါမှာ အူမကြီး အတွင်းနံရံတွေမှာ
မစင်တွေကချိုး(ဂျိုး)အဖြစ် ကပ်ကပ်လာပါတယ်။
ဒီဖြစ်စဉ်မျိုးက အမြဲတန်းဖြစ်လာရာက
ကြာတော့ အူမကြီးတွေ အလုံးတုတ်တုတ်လာပြီး
ဗိုက်ကြီးက ပူထွက်လာတော့ တာပေါ့။
ထင်ရှားတဲ့ ဥပမာနဲ့ ပြောရရင်
သံကောင်တွေ အများကြီးရှိတဲ့ ကလေးတွေ
ဗိုက်ပူနေတဲ့ ပုံစံမျိုးပါပဲ။

အမေရိကန်နိုင်ငံက ဗိုက်အလွန်ပူတဲ့
လူတစ်ယောက်သေသွားလို့ သူ့အလောင်းကို
ခွဲစိတ်ကြည့်ကြပါတယ်။ဗိုက်ကို ခွဲလိုက်ရာမှာ
သူ့ရဲ့အူမကြီးတွေဟာ အလွန်ကိုကြီးမား
တုတ်ခိုင်နေတာကို တွေ့ကြပါတယ်။
အဲဒီအူမကြီးကို ခွဲလိုက်ရာမှာတော့
ကြောက်စရာကောင်းလောက်အောင်
နံစော်နေတဲ့ မစင်ချိုးတွေ ကပ်နေတာကို
တွေ့ရတယ်လို့ဆိုပါတယ်။အနှစ်နှစ်အလလက
စုအောင်းလာတဲ့ မစင်ချိုးတွေကြောင့်
အူမကြီးတွေ တုတ်ခိုင်ကြီးမားပြီး
ဗိုက်ပူထွက်လာခြင်းဖြစ်ပါတယ်။
လူတစ်ယောက်ရဲ့အူအရှည်ဟာ
၂၆ ပေကနေ ပေ ၃၀ လောက်အထိ ရှည်ပါတယ်။
အဲ့လောက်ရှည်တဲ့ အူတွေတုတ်ခိုင်ကြီးမားနေတော့
ဝမ်းဗိုက်ကလည်း ပူထွက်လာတော့တာပေါ့။

အူမကြီးတွေမှာမစင်ချိုးတွေ များနေခြင်းဟာ
လူကိုရောဂါများစေပြီး အသက်လည်း
တိုတတ်ပါတယ်။ဘာကြောင့်လဲဆိုတော့
အဲဒီမစင်ချိုးတွေကနေ ထွက်လာတဲ့
အဆိပ်အတောက်တွေဟာ အူနံရံတွေကနေ
ဝင်ပြီးတစ်ကိုယ်လုံးကို ပျံ့နှံ့ရောက်ရှိပြီး
ရောဂါဖြစ်စေလို့ပဲ ဖြစ်ပါတယ်။
ဒါကြောင့် အဲဒီ မစင်ချိုးတွေကို
ဖယ်ရှားရှင်းလင်းဖို့ လိုအပ်ပါတယ်။
မစင်ချိုးတွေကို ဘယ်လို ရှင်းလင်း
ဖယ်ရှားပစ်ရမလဲ။

နိုင်ငံခြားမှာတော့ဝမ်းချူတဲ့ စက်တွေနဲ့
စအိုကနေ ဆေးရည်သွင်းပြီး ဖယ်ရှားကြပါတယ်။
၇ကြိမ်လောက် ဝမ်းချူလိုက်ပြီးနောက်မှာ
မစင်ချိုးတွေ ရှင်းသွားပြီး ဗိုက်လည်းချပ်
နေလို့ထိုင်လို့လည်း ကောင်းသွားကြတယ်လို့
ဆိုပါတယ်။ကျနော်တို့ တိုင်းပြည်မှာတော့
အဲ့ဒီ့လောက် ခေတ်မမှီသေးဘူး
ဒါကြောင့်မြန်မာ့နည်းမြန်မာ့ဟန်နဲ့ပဲလုပ်ကြတာပေါ့။

မြန်မာတွေ အလွန်နှစ်သက်တဲ့
ဟင်းအမယ်တွေရှိပါတယ်။
အဲဒီ့ထဲမှာ ထမင်းကို အလွန်မြိန်စေတတ်တဲ့
ကင်ပွန်းချည်ကို မကြိုက်သူ မရှိသလောက်ပါပဲ။
ကြော်ချက်အဖြစ်၄င်း ဟင်းချိုအဖြစ်၄င်း
ချက်စားကြပါတယ်။ကင်ပွန်းသီးကိုလည်း
တရော်နဲ့ တွဲပြီးခေါင်းလျှော်ကြပါတယ်။
ကင်ပွန်းပင်ဟာ ဆပ်ပြာကဲ့သို့
ဆေးကြောပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။
ကင်ပွန်းချဉ်ရွက်ကို ဟင်းချိုအဖြစ်
အရသာရှိအောင် ခပ်ပျစ်ပျစ်ချက်ပြီး
နေ့လယ် ထမင်းစားချိန်မှာ ထမင်းနဲ့အတူ
အားရပါးရစားပါသောက်ပါ။
တစ်ပန်းကန်လုံး ကုန်အောင်သောက်ပစ်လိုက်ပေါ့။
အဲဒီကင်ပွန်းချဉ်က အူမကြီးထဲရောက်ရင်
မစင်ချိုးတွေကို နှူးပေးပါလိမ့်မယ်။

ရှေ့ကဆပ်ပြာနဲ့ နှူးထားပြီးရင်
နောက်က တံမြက်စည်းနဲ့လှဲပြီး
သန့်ရှင်းရေး လုပ်ပေးရပါတယ်။
ဒါကြောင့်ညနေဘက်မှာ အမျှင်ဓါတ်ကြွယ်ဝတဲ့
ဂေါရခါးညွန့်လို အရွက်အညွန့်တွေ
ဗိုက်ဝတဲ့ အထိ ကြော်စားပေးပါ။
ညအိပ်ယာမဝင်ခင် ပန်းသီးတစ်လုံးစားပြီး
အိပ်လိုက်ပါ။အူတွေ လှိုင်းထအောင်
ညနေဘက်မှာ လမ်းလျှောက်ထွက်ပေးပြီး
ရေများများသောက်ဖို့လည်း လိုပါတယ်။

အဲ……နောက်နေ့ မနက်မှာတော့
တကွီကွီတစီစီနဲ့ E ပါပြီး အူမကြီးထဲက
မစင်ချိုးတွေ အကျိအချွဲတွေအရိအရွဲတွေ
ထွက်ကျလာလိမ့်မယ်။
ဝမ်းခိုင်တဲ့ သူတွေကတော့ ဝမ်းနူးပါလိမ့်မယ်။
တစ်ပတ်တစ်ခါလောက် ပုံမှန်လေးလုပ်ပေးရင်
၁ နှစ်လောက်အကြာမှာ
သိသိသာသာ ဗိုက်ချပ်ပါတယ်။
နေလို့လည်း ကောင်းသွားလိမ့်မယ်။
အသက်ကြီးလာလို့ ဗိုက်ပူလာပြီး
အစားလျှော့ပေမဲ့ ဗိုက်မချပ်သူများ
ဒီနည်းကို စမ်းကြည့်နိုင်ပါတယ်။
ဗိုက်လေးချပ်မှလည်း
ကြည့်ကောင်းတာ မဟုတ်လား……………

Crd #

06/03/2023

၁ပတ်အတွင်း ၂ပေါင်ကနေ ၅ပေါင်ထိ ကျချင်တယ်
လေ့ကျငိ့ခန်းလည်းမလုပ်ချင်ရင်

💢💢ဒီနည်းလမ်းလေးတွေကို
နေ့တိုင်းလိုက်လုပ်ကြည့်ပါ

အဓိက မပျင်းပါနဲ့
လေ့ကျင့်ခန်းမလုပ်ချင်ရင်တောင်

ဒီအချက်လေးတွေကိုလိုက်လုပ်ပေးရုံနဲ့ ဝိတ်အကျ မြန်စေမှာပါ

လှချင်တယ် ဘဲပစ်မ လင်ပစ်မ
မဖြစ်ချင်ရင် ကိုယ်တိုင်ရဲ့ စိတ်အပေါ်ပဲ မူတည်တာမို့

ကိုယ်ရဲ့လုပ်ရပ် ထိန်းချုပ်နိုင်စွမ်း နဲ့ပဲ တိုက်ရိုက်သက်ဆိုင်တယ်ဆိုတာမမေ့ပါနဲ့

#ဝိတ်မြန်မြန်ပိုကျချင်ရင်
ဒီနည်းအပြင် ဝိတ်ကျစေတဲ့ Supplement လေးတွေနဲ့ တွဲပြီးဝိတ်ချလို့ ရပါတယ်

Photos from Weight Loss by Thiri's post 04/03/2023

ဝိတ်ချချင်တဲ့သူတွေကို ဘာကြောင့်ရေသောက်ခိုင်းတာလဲ???

ဝိတ်တကယ်ချတော့နယ့်သူအနေနဲ့

🍔🍔အစာမစားခင် ရေအဝသောက်ပေးခြင်းက
အများကြီးမစားဖစ်တော့တဲ့အပြင်

🧂🧂ဝိတ်ချရာတွင် ရေတလီတာကလည်း
အကျိုးကျေးဇူး အများကြီးရှိတယ်

"ဝိတ်ချဖို့ဆိုရင် ကိုယ်ကြိုက်တဲ့ အစားအစာတွေအားလုံးကို
စွန့်လွှတ်ဖို့ စရာလုံးမလိုပါ။🍎🍐🍐

စားတဲ့ပမာဏကို ထိန်းရုံပါပဲ။"

လေ့ကျင့်ခန်းမလုပ်ဖြစ်ရင်တောင်မှ၊ 🏋️‍♀️🏋️‍♀️

၁၀မိနစ်လောက် လမ်းလျှောက်ခြင်းနဲ့

သင့်ရဲ့ ကိုယ်အလေးချိန် လျော့ကျတဲ့ ခရီးကို စတင်လိုက်ပါ။

🥤🍺အချိုရည်တွေကို ဖြတ်ပြီး အဆီပိုတွေ အရည်ပျော်သွားမဲ့အချိန်
ကို စောင့်နေလိုက်ပါ

ကိုယ်အလေးချိန် လျှော့ချဖို့ ချမှတ်ထားတဲ့အိပ်မက်တွေ
လက်တွေ့ဖြစ်လာအောင်၊ စွဲမြဲမှုကအလိုအပ်ဆုံးပါ။

#ဝိတ်ချရာတွင်ဝိတ်အမြန်ကျဖို့ကူညီပေးတဲ့Supplementအကူညီလေးတွေနဲ့

အမြန်ဝိတ်ကျစေဖို့ အထောက်အကူပြု Supplement လေးတွေနဲ့ တွဲဖက်ပြီး
ချလို့ရသေးတယ်

💢အဓိကကဇွဲရှိဖို့လည်းလိုတယ်

ဆိုရိုးစကားလိုပဲ ပိုပြီးလှချင်ရင် ဝိတ်ချပါတဲ့
မျက်နှာအရွယ်တင်နုပျိုမှုကအစ

ပြောင်းလဲသွားလိမ့်မယ်ဆိုတာ ယုံပါ

လေးစားလျက်-

# ဝိတ်ချခြင်းအနုပညာ

04/03/2023

Morning pr
ဝိတ်ချမယ့် သူလေးတွေအနေနဲ့

🧂🧂တရက်ကို ရ ၂လီတာ အနဲဆုံး မဖြစ်မနေသောက်ပေးရမယ်နော်
ရေသောက်ပေးခြင်းက ခန္ဓာကိုယ် အသားရေပိုမိုလှပစေပြီး
ဝမ်းမှန်ပြီး

အဆီကျဖို့ အထောက်အကူပေးပါတယ်

03/03/2023

စားရန်၊ ရှောင်ရန်.......
ဝိတ်လျှော့လိုသောမိတ်ဆွေများ
ကိုယ့်ကိုယ်ကို အငတ်မခံကြပါနဲ့။
ဗိုက်၀အောင်စားပါ။
အဆီတက်မယ့်အစာတွေရှောင်ပြီး အဆီလောင်ကျွမ်းမယ့်အစာ အားအင်ရှိမယ့်အစားအစာတွေ လုံလုံလောက်လောက်စားပါ။ .............

💥‌ရှောင်ရန်💥

👉 ဆီထဲမြုပ်ပြီးကြော်ထားတဲ့အစားအစာ (အာလူးကြော်၊ ကြက်ကြော်၊ အကြော်စုံ ... စသဖြင့်)
👉 အရမ်းချိုတဲ့ ဆိမ်တဲ့ မလိုင်၊ နို့ဆီ၊ သကြားလုံး၊ ဖာလူဒါ၊ ရေခဲမုန့်၊ ကိတ်မုန့်၊ စသဖြင့်)
👉 ကြာရှည်ခံဆေး နှင် chemical သုံးထားသော သံဗူး/ပလတ်စတစ်ဗူး/ အထုပ် အစားအစာများ၊
👉fast food ( pizza, hamburger, etc.)
👉 အရက်၊ ဆေးလိပ်၊ soda
👉 ၀က်သား
….....................

💥လျှော့ရန် 💥

- အချိုပါသော အစားအစာများ
- ဆီ၊ ထောပါတ်
- ချိုသော အသီးဖျော်ရည်၊ အချိုရည်
- ကဆီဓါတ်မြင့်သေား အစားအစာများ ( ထမင်း၊ ပေါင်မုန့်အဖြူ၊ ခေါက်ဆွဲ စသဖြင့်)
- အချိုလွန်ကဲသော အသီးများ
- crackers and chips
- အခြောက်ခံထားသော အသား၊ ငါး၊ အသီးအနှံ......................

💥စားရန်💥

👉အဟာရပြည့် အဆာခံပြီး ကယ်လိုရီလောင်ကျွမ်းရာမှာ ပံ့ပိုးတဲ့ အစားအစာများ
- whole grain, brown rice
- Quinoa, ferro
- jicama
- အုတ်ဂျုံမှုန့် oatmeal (မနက်စာ)
- whey protein
- chia seeds
- green juice detox
- ဒိန်ချဉ်
- ကွကျဥ (မနကျစာ)
- ကြက် ရင်အုပ်သား
- ကြက်ဆင်သား
- ကြေးခွံပါပြီး အဆီပါသာငါးများ (ဆဲလ်မွန်ငါး၊ တူနာငါး၊ ငါးကွမ်းရှပ် ....)

- ဖရုံသီး၊ ပိန်းဥ၊ ကန်စွန်းဥ၊ အာလူး
- chickpeas နှင့် ပဲအမျိုးမျိုး
- ထောပါတ်သီး၊ ငှက်ပျောသီး၊ ပန်းသီး၊ grapefruit၊အုန်းသီး၊ သခွါးမွှေး

- ပန်းမုံလာဖြူ/အစိမ်း၊ မုံလာဥနီ
- ပြောင်းဖူး/ပေါက်ပေါက်

💥အဆီလောင်ကျွမ်းတာပံ့ပိုးတဲ့အစားအစာ💥
- ရေ
- သံပရိုရေ
- apple cider (ပန်းသီးရှလကာ)
- green juice detox
- seaweeds
- chia seeds
- dark chocolate
- နွားနို့
- ရေနွေးကြမ်း
- black coffee, black tea
- ဒိန်ချဉ်
- သခွါးသီး
- ပြောင်းဖူး
- ဟင်းနုနွယ်
- ရွှေပဲသီး
- အခွံမာသီးများ
- သံလွင်ဆီ၊ အုန်းဆီ
- ပဲအမျိုးမျိုး
- အစိမ်းရောင်အရွက်များ
- ခရမ်းချဉ်သီး
- ကညွတ်၊ artichokes
- သစ်တော်သီး
- သံပရိုသီး
- ခရမ်းချဉ်သီး
- သဘ်ောသီး
- သလဲသီး
- ဘယ်ရီသီးများ (အဓိက raspberries, blueberry)
- citrus fruits (grapefruit)
- kiwi သီး
- ထောပတ်သီး
- သခွါးသီး
- ငှက်ပျောသီး
- ဖရုံစေ့၊ နေကြာစေ့
- ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကြက်သွန်မိတ်
- ပူစီနံ
- Cinnamon and cardamom
- ဆနွင်းမှုန့်

💥ကိုလက်စ်ထရော ကျစေသောအစားအစာ💥
- အုတ်ဂျုံမှုန့် (မနက်စာ)
- ပဲသီးစေ့
- အခွံမာသီးများ (သစ်ကြားသီး )
- သံလွင်ဆီ
- ပဲပိစပ်
- ငါး

💥အိုမင်းခြင်းကိုနှေးစေသောအသီးအနှံ💥
- ခရမ်းချဉ်သီး
- ထောပတ်သီး
- ဥနီသီး
- နာနတ်သီး
- အခွံမာသီးများ
- ဘယ်ရီသီးများ
- ဖရုံစေ့၊ နေကြာစေ့

=============
Te Lay (တီလေး)

&Detox

Photos from Weight Loss by Thiri's post 03/03/2023

#ဝိတ်ချတုန်း ကြုံတွေ့ရတဲ့ ဝိတ်ဆက်မချချင်တော့လောက်အောင်
ဘာကြောင့် ဝိတ်တန့်နေရတာလဲ????

ဝိတ်ချတဲ့အခါမှာ ကြုံရလေ့ရှိတဲ့ အများစုက
👉အဆီ ၁ပေါင်ပဲကျလို့
ဆိုပြီး အားလျော့သူတွေ ကြုံဖူးတယ်။

အဆီဆိုတာ အားမနာတမ်းပြောရရင်

❌ သွေးလည်ပတ်မှုတွေကို ပိတ်စေတယ်
❌ အာဟာရတွေ စုပ်ယူမှုကို လျော့စေတယ်
❌ နှလုံး၊ ဆီးချို ရောဂါပေါင်းစုံဖြစ်စေတယ်
❌ ရုပ်အလှကို ထိခိုက်တယ်
❌ အသက်တိုစေတယ်

အရည်အဖြစ် စုပ်ထုတ်လိုက်လို့ပဲဖြစ်ဖြစ်၊ ခန္ဓာကိုယ်ထဲက ကလီစာတွေကို ဖုံးထားတုန်းပဲဖြစ်ဖြစ် ကောင်းကျိုးထက် ဆိုးကျိုးကိုသာပေးတယ်။

ပြောရရင် ရွံဖို့ကောင်းတယ်လို့ဆိုရမယ်။

ဒီလိုပြောလို့ အဆီရှိလို့ ရုပ်ဆိုးတာ၊ အကျည်းတန်တာကို မဆိုလိုဘူးနော်။

ခန္ဓာကိုယ်အတွက် ကျန်းမာရေးအရကို ကောင်းကျိုးမပေးခြင်းကို ဆိုလိုတယ်။

အဆီ ၁ပေါင်ဆိုတာ တစ်ကယ်တော့ နည်းလှတဲ့ ပမာဏမဟုတ်ဘူး။

ခန္ဓာကိုယ်နေရာအနှံ့က ကျသွားလို့သာ
မသိသာတာဖြစ်တယ်။

များတဲ့လူ၊ နည်းတဲ့လူ စသဖြင့်သာကွာမယ်၊ လူတိုင်းမှာ အဆီပိုဆိုတာ ရှိစမြဲပဲ။

ဒါပေမယ့် ဘယ်သူမဆို -

၁ ပေါင်ကနေမှ ၂ ပေါင်၊ ၂ပေါင်ကနေမှ ၃ ပေါင် ၊ ၁၀ ပေါင်... ပေါင်၂၀ စသည်စသည် ကျသွားနိုင်မယ်။

ဒီလိုကျလာတာနဲ့အမျှ တဖြေးဖြေးချင်း

✅မျက်နှာက အဆီတွေလျော့ပြီး မေးရိုး V shape လေးပေါ်လာမယ်။

✅လက်မောင်းအောက်က ပျော့ဖတ်ဖတ် အဆီတွေလျော့ပြီး တင်းလာမယ်။

✅ဗိုက်ပေါ်က အဆီတွေလျော့လာပြီး ချပ်လာမယ်။

✅တင်ပါးက အဆီတွေလျော့လာပြီး အမည်းရိပ်တွေ ပျောက်လာမယ်။

✅နှလုံး ကလီစာတွေဖုံးထားတဲ့ အဆီတွလျော့လာပြီး ကျန်းမာလာမယ်။

✅သွေးကြောထဲက အဆီတွေလျော့ပြီး အာဟာရတွေပိုရလာမယ်။

ဒီ ၁ ပေါင်ကျသွားတာဟာ ခန္ဓာကိုယ်က ပိတ်ဆို့နေတဲ့ သွေးကြောတွေ၊

အာဟာရ ဖြန့်ဝေမှုတွေကို စတင် ရှင်းလင်းပေးတာပဲဖြစ်တယ်။

လက်ရှိမှာ ခန္ဓာကိုယ်ကြီးက ရေစီးရေလာမကောင်းတဲ့ မြောင်းကြီးနဲ့တူမယ်ပေါ့။

ဒါပေမယ့် သေချာလေးစဥ်းစားကြည့်။

ဒီပိတ်ဆို့နေတဲ့ အဆီအနှစ်ကြီးတွေ လျော့လာတဲ့အခါ ခန္ဓာကိုယ်ကြီး

😊ဘယ်လောက်ပျော်မလဲ။
😊လှပကျန်းမာ သက်ရှည်လိုက်မလဲ။

သေချာစဥ်းစားကြည့်တဲ့အခါ

အခု ဒီတစ်ပေါင်ပဲကျသွားတာဟာ
ဂုဏ်ယူစရာ၊ ရှေ့ဆက်လျှောက်ဖို့ အားတက်စရာသာ ဖြစ်တော့တယ်။

တစ်ပေါင်ပဲကျလို့ အားလျော့အောင် ပြောနေတဲ့လူတွေရှိရင်

ဒါလေးပြပြီး ဂုဏ်ယူလိုက်ပါ။ ပြီးရင် ဆက်ချဖို့ အားတွေမွေး။

အဆီကျတာနဲ့ ပေါင်ချိန် ကျတာ မတူပါဘူး

ပေါင်ချိန်ကျနေရင် အဆီမကျပါဘူး
ပေါင်ချိန် ကျဖို့က လွယ်ပါတယ်
အဆီကျဖို့က ခက်ပါတယ်

#ပေါင်ချိန်တွေကျသွားပေမဲ့ခန္ဓာကိုယ်မှအဆီတွေ
ကျန်နေတတ်ပါတယ်

#အဆီတွေကျနေရင်ပေါင်ချိန်တန့်နေတတ်ပါတယ်

အများဆုံး အဆီတွေရှိတဲ့နေရာကတော့ နောက်ကြော ခါး ဝမ်းဗိုက်အောက်ပိုင်း

​လက်မောင်း ပေါင်အတွင်း တို့မှာ

အဆီအများစုနေတတ်ပါတယ်
အစားလျှော့ရင် ပေါင်ချိန် ကျမယ်
အဆီ အနည်းငယ် ကျမယ် လေးကျင့်ခန်း နဲ့တွဲ လုပ်မှ
အဆီတွေ အားလုံးကျမှာပါ

ခါးဆိုဒ် ဝတ်နေကျ အင်္ကျီ တွေ အတွင်းခံ
ချောင်သွား တယ်ဆို

ဒါ အဆီတွေ ကျနေတာပါ

တစ်ပေါင်ဆိုလဲ တစ်ပေါင်ဖိုး ဂုဏ်ယူလိုက်။

အရပ် ၅"၃ရှိတဲ့ သူဟာ ၁၁၅ ၁၂၀ က မဝပါဘူး

ဒါပေမဲ့ ဝတယ်လို့ ထင်ရတယ်
ဘာလို့လည်းဆိုတော့ သူမှာ အဆီတွေ များနေလို့ပါ

ဒီလို အရပ်နဲ့ ခန္ဓာကိုယ် ဖြစ်နေပြီဆိုရင်
လေ့ကျင့်ခန်းနဲ့ အဆီချပေးတဲ့
Detox Supplement လေးတွေ နဲ့ တွဲပြီး
ချမှသာ

အဆီတွေပါ ကျမှာဖြစ်ပါတယ်

#အားလုံးအတွက် ဒီ Post လေးကနေ ဝိတ်နဲ့ အဆီချဖို့အတွက်

ဗဟုသုတတွေ ရသွားမယ်လို့ထင်ပါတယ်

အကျိုးရှိတယ်ဆိုရင် Share သွားလို့ရပါတဟ်

#ဝိတ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို Sharing လုပ်ပေးမှာဖြစ်တဲ့အတွက်
Page လေးကို Like & Follow လေးလုပ်သွားနော်

Google
Writer Crd

&Detox

Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

😍😍
အဆီချသူများအတွက်အပူအပုတ်ကင်းရှင်းစေသော Supplement
ခန္ဓာကိုယ်ပိန်ပြီးဗိုက်ကွက်ပူနေတဲ့သူတွေအတွက် အလုပ်မရှုပ်ပဲ အလွယ်တကူ အူရှင်း ဗိုက်ချပ်စေမဲ့ နည်းလမ်းလေး 👇👇#WeightLossByTh...
၁ပတ်အတွင်း ၂ပေါင်ကနေ ၅ပေါင်ထိ ကျချင်တယ် လေ့ကျငိ့ခန်းလည်းမလုပ်ချင်ရင် 💢💢ဒီနည်းလမ်းလေးတွေကို နေ့တိုင်းလိုက်လုပ်ကြည့်ပါ အဓိ...
ဝိတ်ချလေ ပိုလှလေဆိုတာ မမေ့ပါနဲ့

Telephone

Website

Address

Yangon

Other Weight Loss Centers in Yangon (show all)
Dr. KETO Guide for fit Dr. KETO Guide for fit
Yangon

ဆရာဝန်ကိုယ်တိုင်မှ Ketogenic Diet နဲ့ပတ်သတ်ပြီး Guidelines လေးတွေပေးသွားမှာပါ။

Boom cocoa+ Myanmar Boom cocoa+ Myanmar
Hlaing Tharyar
Yangon, 17194

မဂ်လာပါ မင်မင်တို့page မှာboom product အစုံလက်လီလက်ကားအားပေးလို့ရပါတယ်

K Fitness Studio K Fitness Studio
No. 253, Room (101), First Floor, Corner Of 45th Street & Mahar Bandhoola Road
Yangon, 11161

Crystal Tiny & Tiny Crystal Crystal Tiny & Tiny Crystal
No . 25 , Pwal Sar Tan Street
Yangon

Our Crystal Tiny is the best for your Beauty Needs of Skincare, Collagens and Personal care products.

Perfect Waist Trainer Perfect Waist Trainer
အမှတ် (၂၀) , မြရတနာလမ်း, သန်လျင်မြို့နယ်
Yangon

အဆီကျ ဗိုက်ချပ် ခါးလှဖို့ Perfect Waist Trainer သု

Cho Cho Gym - Ladies Only Cho Cho Gym - Ladies Only
No. (18), First Floor, Ma U Kone Street, Tamwe Township, Near Yuzana Plaza
Yangon, 11211

Cho Cho Gym - Ladies Olny

Glory Phyu Glory Phyu
Yangon

page ကို admin မမ ချောချောနှစ်ယောက်ကိုင်ပါသည်။😘🥰🤪

Joy Shaper Joy Shaper
Thazin Street
Yangon

အမျိုးသမီးတို့အတွက် ကောက်ကြောင်းလှ

Weight lose by blessing May Weight lose by blessing May
Waiponla Housing
Yangon

Yangon

SUPER BODY GYM Mayangone SUPER BODY GYM Mayangone
TapinShweHtee
Yangon

Cinderella Weight Loss Center Cinderella Weight Loss Center
🏡Virtue Highland Hotel , အမှတ် (၃၄) D၊ ကုန်းမြင့်ရိပ်သာလမ်း၊ (၇) မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
Yangon, 11211

စင်ဒရဲလား အဆီချလုပ်ငန်း

Lishou Blue Butterfly Co.LTD Lishou Blue Butterfly Co.LTD
Yangon, #75368

details and whosale