Blossom ECCE

It aims to empower ECCE professionals to foster holistic development of young children.

18/08/2023

ကလေးငယ်လေးများအား လေးစားမှုနှင့် ပြုစုပျိုးထောင်ခြင်း
အခြေခံမူ(၁၀)ချက်

၁. ကလေးဖွံ့ဖြိုးမှုကိုအာရုံစိုက်ပါ။

အိမ်အလုပ်လုပ်ရင်းစကားပြောပေးတာ၊ သီချင်းဆိုတာတွေ လုပ်ပါ။ အိမ်အသုံးအဆောင်လေးတွေနဲ့ကစားခွင့်ပြုပါ။ ကလေးတွေ စိတ်ကူးယဉ်ပြီး ကစားနိုင်စွမ်းကို မြင်တွေ့ရပါလိမ့်မယ်။ ရောင်စုံပစ္စည်းတွေနဲ့ကစားတာထက် ကလေးစိတ်ကူးနဲ့ ကစားတာ ပိုထိရောက်ပါတယ်။ ကလေးကတစ်ခုခုကိုသင်ယူနေချိန်/ တစ်ခုခုကို စိတ်ဝင်စားနေချိန်မှာ အနှောင့်အယှက်ပေးတာ အမြန်သိမ်းခိုင်းတာတွေ မလုပ်ပါနဲ့။ ပြီးစီးအောင် လုပ်ခွင့်၊ သင်ယူခွင့်ပြုပါ။

၂. ကလေးတွေအတွက်အချိန်ကိုရင်းနှီးမြုပ်နှံပါ။
မိဘချီပိုးနိုင်တဲ့အရွယ်ဟာတိုတိုလေးပါ။ ဖခင်တွေ အလုပ်ကပြန်လာရင် ကလေးနဲ့ ကစားပေးတာ၊ အနီးအနား ပတ်၀န်းကျင်ကို လမ်းလျှောက်ထွက်ပြီး လူအများနဲ့ထိတွေ့ ပြောဆိုနှုတ်ဆက်တာ၊ အိမ်ပတ်၀န်းကျင်က အကောင်လေးတွေကို အော်သံတွေနဲ့ မိတ်ဆက်ပေးတာတွေ လုပ်ပေးနိုင်ပါတယ်။ ကလေးတစ်ဦးချင်းစီကို သီးသန့်အချိန်ပေးပါ။

၃. ကလေးတစ်ဦးချင်းစီကို နည်းလမ်းပေါင်းစုံနဲ့ပြောဆိုဆက်သွယ်ပါ။ ငိုနေရင်းက မျက်နှာအမူအရာ၊ ကိုယ်နေဟန်ထား အမျိုးမျိုး စကားသံအမျိုးမျိုး ပြောကြည့်ပါ။ သူတို့ စကားအများကြီးမပြောတတ်သေးပေမယ့်လည်း ပြန်လည် တုံ့ပြန်နိုင်စွမ်း ရှိကြပါတယ်။ လူသေးသေး လေးတွေကို လျှော့မတွက်ပါနဲ့။

၄. သင့်ရဲ့အချိန်နဲ့အင်အားတွေကို ကလေးဘက်စုံဖွံ့ဖြိုးမှုအတွက်ရင်းနှီးမြုပ်နှံပါ။ အသိဉာဏ်ဖွံ့ဖြိုးဖို့တစ်ခုတည်းအတွက်မဟုတ်ဘဲ ဖွံဖြိုးမှုနယ်ပယ် ငါးရပ်လုံး ဖွံဖြိုးအောင် ကူညီပံ့ပိုးပေးပါ။

၅. ကလေးတိုင်းကို လူသားတစ်ဦးအဖြစ်လေးလေးစားစားဆက်ဆံပါ။ သူတို့ဟာ ချစ်စရာအရုပ်ကလေးတွေ မဟုတ်သလို ကစားစရာ၊ ‌စနောက်စရာကလေးတွေလည်း မဟုတ်ပါ

၆. ကလေးတွေနဲ့ပတ်သက်လို့ မိမိရဲ့ခံစားချက်ကို ရိုးသားပါ၊ ဟန်ဆောင်စရာမလို အစစ်အမှန်သာပေးပါ။

၇. ကိုယ်တိုင်စံနမူနာကောင်းအဖြစ်အသက်ရှင်ပါ။

၈. အခက်အခဲတွေကိုသင်ယူစရာအခွင့်အလမ်းတွေလို့မြင်စေပါ။ ကလေးကိုယ်တိုင်ဖြေရှင်းခွင့်ပေးပါ။ အခက်အခဲကနေ ကယ်ထုတ်တာ၊ အခက်အခဲမရှိတဲ့ ပတ်၀န်းကျင်ဖန်တီးပေးတာမျိုး မလုပ်ပါနဲ့။ အခက်အခဲတွေကို ဘယ်လိုဖြေရှင်းရမလဲ ဆိုတာ စဉ်းစားခိုင်းပြီး သူတို့ကိုယ်တိုင်ဖြေရှင်းခွင့်ပြုပါ။

၉. ကလေးအတွက်ယုံကြည်စိတ်ချနိုင်တဲ့သူ၊ စိတ်လုံခြုံမှုပေးနိုင်သူတစ်ယောက်အဖြစ် ရပ်တည်ပေးပါ။ ကတိတည်ပါ။ တစ်သတ်မှတ်တည်း စည်းကမ်းချမှတ် လိုက်နာစေပါ။ ကိုယ်တိုင်လည်း ချမှတ်ထားတဲ့စည်းကမ်း‌ကို လိုက်နာပါ။

၁၀ ဖွံဖြိုးမှုမိုင်တိုင်များအတိုင်း ဖွံ့ဖြိုးမှုအဆင့်တစ်ခုချင်းစီမှာ အရည်အသွေးရှိရှိ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပါ။ အလျင်စလိုမလုပ်ပါနဲ့။ ပံ့ပိုး ကူညီသူကောင်းအဖြစ် နောက်တစ်ဆင့်ဖွံ့ဖြိုးအောင် ကူညီပေးပါ။

06/07/2023

“ဘာသာစကားဖွံ့ဖြိုးမှုနှင့် အစောပိုင်း စာတတ်မြောက်မှုစွမ်းရည်”
ကလေးရဲ့ လက်ဦးဆရာတွေဖြစ်ကြတဲ့ (မိဘ၊ ဆရာ၊ မိသားစုဝင်များ)ဟာ ကလေးရဲ့ ဘာသာစကားနဲ့ စာတတ်မြောက်မှုစွမ်းရည်ကို ပံ့ပိုးပေးရာမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ကြပါတယ်။
ဒီတခါတော့ ကလေး ဘက်စုံဖွံ့ဖြိုးရေး အဓိကနယ်ပယ် (၅) ရပ်ထဲက မရှိမဖြစ်အရေးကြီးတဲ့ နယ်ပယ်တစ်ခုအကြောင်းပြောချင်ပါတယ်။ အဲဒါကတော့ “ဘာသာစကား ဖွံ့ဖြိုးမှု” ဖြစ်ပါတယ်။ ငယ်စဉ်မှာ ဘာသာစကား ကောင်းကောင်း ဖွံ့ဖြိုးလာခဲ့ရင် စာတတ်မြောက်မှုအတွက် စိတ်အေးလို့ ရမှာဖြစ်တယ်။
ဒါပေမယ့် ဝမ်းနည်းစရာ ကောင်းတာကတော့ မိဘအများစုက ကလေးကို စာရေးစာဖတ်တတ်ဖို့အတွက် ပံ့ပိုးမှုတွေ၊ အခွင့်အရေးတွေမပေးဘဲ ကလေးကစောစောစီးစီး စာတွေရေးနိုင်ရင် စာတတ်တယ်လို့ထင်ပြီး ကျေနပ်ကြတယ်။ ဒါက ကလေးဘဝ အစောပိုင်းနှစ်များရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုသာမက ဘဝတစ်သက်တာ သင်ယူမှုကိုပါ ထိခိုက်စေပါတယ်။ ကလေးတွေ စာတတ်ဖို့၊ ဉာဏ်ကောင်းဖို့၊ ပျော်ရွှင်တက်ကြွစွာ သင်ယူသူဖြစ်ဖို့ဆိုရင် ကလေးအစောပိုင်းနှစ်များမှာ ဆက်သွယ်ဆက်ဆံရေးအပြင် စာပေနဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေ များများရဖို့လိုပါတယ်။ ဒါမှ အစောပိုင်းစာတတ်မြောက်မှုလို့ခေါ်တဲ့ Early Literacy skill အတွက် အခြေခံအုတ်မြစ် ရမှာဖြစ်ပြီး နောင်ကြီးပြင်းလာတဲ့အခါ ကျောင်းစာတွေကို အခက်အခဲမရှိ သင်ယူတတ်မြောက် နိုင်မှာဖြစ်တယ်။
စာတတ်မြောက်မှုစွမ်းရည် မြင့်မားအောင် ပံ့ပိုးပေးရမယ့် နည်းလမ်းတွေအနက် အောက်ပါ အတွေ့အကြုံများ ပေးဖို့ လိုပါပါတယ်။
စာရေးစာဖတ်မတိုင်မီ
၁) Oral language - အပြောဘာသာစကားဖွံ့ဖြိုးအောင် ဆောင်ရွက်ပေးခြင်း။
(ကလေးကို စကားများများပြောပေးတာ၊ သူပြောတာကို နားထောင်ပေးတာ၊ မေးခွန်းလေးတွေ မေးတာ၊ ကလေးမေးတာကို စိတ်ရှည်ရှည် ပြန်ဖြေပေးတာ၊ ပုံပြင်တိုလေးတွေ ပြောပြတာ သီချင်းဆိုပြတာ/ အတူတူဆိုတာ တွေကို လုပ်ပေးရမယ်။ နေ့စဉ်လုပ်ဆောင်မှုများမှ စကားပြောပေးသံများများ ကြားရတဲ့ကလေးတွေဟာ ဝေါဟာရအသုံးအနှုန်းတွေကို ပိုမိုနားလည်နိုင်စွမ်းရှိတယ်။)
၂) Phonological awareness - အသံစနစ်ကို နားလည်အောင် ပံ့ပိုးပးခြင်း။
(တိုးညှင်း/သေးငယ်/ကျယ်သော အသံများ၊ ဂီတသံစဉ်များ၊ တရိတ္ဆန် အော်မြည်သံများတွေကို ကြားခွင့်/ လိုက်ပြောခွင့်ပေးရမယ်။ အသံထွက်တူပြီး အဓိပ္ပယ်ကွဲတဲ့ စကားသံတွေ၊ အသံစနစ်နဲ့ သင်ကြားတဲ့ နည်းလမ်းတွေနဲ့ သင်ယူခွင့်ရအောင် ဖန်တီးပေးရမယ်)
၃) Print awareness - ပုံနှိပ်ထားတဲ့ ရုပ်ပုံပြစာအုပ်တွေကို ကြည့်တတ်အောင်၊ ကောင်းကောင်းကိုင်တတ်အောင် ပံ့ပိုးပေးခြင်း။
(ကလေးအသက်အရွယ်နဲ့ ကိုက်ညီမယ့် ရုပ်ပြစာအုပ်တွေ ပုံမှန်ဖတ်ပြတာ၊ ပုံပြင်စာအုပ်သုံးပြီး ကလေးနဲ့အတူ ဖတ်တာ/ပြောပြတာ၊ အပြန်အလှန်ဆက်သွယ်တာ၊ စာဖတ်တာကို ကလေးက ဦးဆောင်တာတွေ (စာမဖတ်တတ် သေးပေမယ့် ဟန်ဆောင်စာဖတ်တာမျိုး အတွေ့အကြုံရှိရပါမယ်)
၄) Letter knowledge - စာလုံးတွေမှာ ပုံသဏ္ဍာန်အမျိုးမျိုးရှိပြီး အသံကိုကိုယ်စားပြုကြောင်းသိအောင် ပံ့ပိုး ပေးခြင်း။
(စာလုံးတခုစီတိုင်းမှာ သူ့အသံထွက်နဲ့သူရှိတယ်။ စာလုံးတွေဟာ အသံတွေကို ကိုယ်စားပြုတယ်၊ စာလုံးတွေ တခုနဲ့တခု ပုံသဣာန်ကွဲပြားသလိုပဲ ထွက်ရတဲ့အသံထွက်လည်း မတူဘူး၊ ဆိုတာ ပြောပြပေးရမယ်)
၅) Vocabulary - စကားလုံး ဝေါဟာရတွေရဲ့ အဓိပ္ပါယ်ကိုသိအောင် ပံ့ပိုးပေးခြင်း။
(ကလေးဝေါဟာရကြွယ်ဘို့ဆိုရင် စကားများများပြောပေးတာတွေ၊ နေ့စဉ်သုံးစကားတွေလောက်နဲ့ မလုံလောက် တော့ဘူး။ စာပေအတွ့အကြုံတွေ လိုအပ်လာပြီ။ နည်းစနစ်မှန်မှန်နဲ့ အထိရောက်ဆုံး ပံ့ပိုးပေးရမယ့် အကောင်းဆုံး နည်းလမ်းကတော့ ပုံပြင်များများ ဖတ်ပြခြင်းနှင့် ပုံပြင်ထဲမှာပါတဲ့ ဇာတ်ကောင်တွေရဲ့ အမည်တွေ၊ အသီးအနှံ၊ အပင်၊ တိရစ္ဆာန်တွေရဲ့ အမည်၊ အခေါ်အဝေါ်တွေကို ပုံပြင်တွေထဲကနေ အများဆုံး သင်ယူနိုင်ဖို့ဖန်တီးပေးရပါမယ်။)
၆) Background knowledge - နောက်ခံဗဟုသုတရှိအောင် ပံ့ပိုးပေးခြင်း။
ကျောင်းမနေခင် ပတ်ဝန်းကျင်ကမ္ဘာနဲ့ ပတ်သက်တဲ့ အတွ့အကြုံရအောင် ပတ်ဝန်းကျင်နဲ့ များများထိတွေ့ခွင့် ပေးရပါမယ်။ အားလပ်ရက်တွေမှာကစားကွင်း၊ ပန်းခြံ/အနီးအနားပတ်ဝန်းကျင်ခေါ်သွားတာမျိုး၊ ရပ်ရွာအနေအထားဆိုရင် တောင်ယာထဲ၊ စိုက်ခင်းထဲ ကလေးကို ခေါ်သွာပြီး စူးစမ်းလေ့လာခွင့် ပေးရပါမယ်။
ဒါတွေက အစဉ်လိုက်ဖြစ်ရမယ်လို့ မဆိုလိုပေမယ့် အစောပိုင်း ကလေးဘဝ စာတတ်မြောက်ရေး အတွက် စတင်စုဆောင်းခြင်းဖြစ်ပြီး အကျိုးကျေးဇူးများပါတယ်။
အစောပိုင်း စာတတ်မြောက်မှုစွမ်းရည်တွေကို ပံ့ပိုးပေးရမယ့် အကောင်းဆုံနှင့် အထိ‌ရောက်ဆုံး နည်းလမ်းတွေကို အကျယ်တဝင့် လေ့လာသင်ယူချင်တယ်ဆိုရင်တော့ ကျမတို့ Blossom ECCE နဲ့ ဆက်သွယ်ပြီး သင်တန်းများ စုံစမ်းမေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
ကလေးများ ကောင်းကျိုးချမ်းသာရရှိရန်အတွက် အကောင်းဆုံး ပံ့ပိုးပေးနိုင်သော သူများ ဖြစ်ကြပါစေ😍!!

29/06/2023

ECCE ( Early Child Care Education) သည် ကလေးငယ်များရဲ့ အစောပိုင်းကာလ ဘက်စုံဖွံ့ဖြိုးမှုပြုစုစောင့်ရှောက်မှု လုပ်ဆောင်နေသော ပြုစုစောင့်ရှောက်သူများ(Caregivers) ၊ ECCE ကိုလေ့လာသင်ယူနေသူများသာမက လူတိုင်း မိသားစုဝင်တိုင်း သိရှိနားလည်ပြီး ကလေးများ ဖွံ့ဖြိုးမှု အတွက်သာမက လူကြီးများရဲ့ ဘဝကိုပါ ပုံရိပ်ထင်ဟပ်စေသော ဘာသာရပ်ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ လူ့ဘဝအစထဲက ကလေးဖွံဖြိုးမှုအတွက် အရေးကြီးဆုံး ပံ့ပိုးလုပ်ဆောင်ပေးရမယ့် ကလေးပြုစုစောင့်ရှောက်မှု (ECCE)ဦးစွာ သိရှိနားလည်ပြီး အချိန်မီလုပ်ဆောင်ပေးနိုင်ပါက ကလေးဘဝမှာရရှိခဲ့တဲ့ အကျိူးသည် လူကြီးဘဝအိုမင်းသည်အထိ သက်ရောက်မှု ရှိပါတယ်။
ကျွန်မတို့ လူတယောက်ဖြစ်လာပြီး နေ့စဥ်ရှင်သန်နေထိုင်တဲ့ အပြန်အလှန် ဆက်သွယ် ပါဝင် လုပ်ဆောင်နေကြတဲ့ လူမှုအသိုင်းအဝိုင်း (Circle)ထဲမှာ ငယ်စဥ် ကလေးဘဝက အကောင်းဆုံး အတွေ့အကြုံ ( ECCE) နည်းလမ်းတွေနဲ့ ပြုစုစောင့်ရှောက်တာရခဲ့လို့ ပျော်ရွှင် ကျန်းမာ ကြံ့ခိုင်ပြီး အဆင်ပြေပြေ ရပ်တည်နိုင်တဲ့ အကျိူးသက်ရောက်မှုတွေ၊ နောက် ECCE မရခဲ့ ၊ မလုပ်ပေးလိုက်နိုင်လို့ အလုပ်တခုကို ပြီးမြောက်အောင် မလုပ်ဆောင်နိုင်တာတွေ၊ စိတ်ပိုင်းဆိုင်ရာ စိုးရိမ်စိတ်နဲ့ အားငယ် သိမ်ငယ်တာတွေ၊ တခြား လူမှုစီးပွါးရေး လိုအပ်ချက်တွေ ရှိနေသေးတာတွေကို ကိုယ်တွေ့ ကိုယ်တိုင် ဆန်းစစ်သုံးသပ်မိတဲ့အခါမှာလည်း ECCE ဆိုတာ ကျွန်မတို့ ဘဝဖြစ်နေတာပါလားလို့ ခံစားမိပါတယ်။
ဒါကြောင့် အားလုံးပဲ ကျွန်မတို့ရဲ့ ဘဝမှာ မရှိမဖြစ်မိုး လိုပဲ ECCE ရဲ့ အကျိူးကျေးဇူးတွေကို လုပ်ဆောင်ဖို့ ပံ့ပိုးကူညီပေးဖို့ အချိန်မနှောင်းရအောင် အခုပဲ ကျွန်မတို့ Blossom ECCE Team နဲ့ လက်တွဲ လုပ်ဆောင်ကြပါစို့လားရှင်။
👭အားလုံး ကောင်းသောနေ့လေးဖြစ်ပါစေ❤️

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Sanchaung
Yangon
11111

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Other Education in Yangon (show all)
Taung Nyunt 3 Students Taung Nyunt 3 Students
BEHS (3) Mingalar Taung Nyunt, Upper Pansodan Street
Yangon

Welcome to our reunion Taung Nyunt 3 students page and I hope all of our friends who are from BEHS 3

Kant Kaw Kant Kaw
No. 9 Kan Street, Hlaing Township
Yangon, 11012

Enhancing educational and career opportunities for Myanmar youth since 2009.

Internet Journal Internet Journal
Yangon, 1

The Official Page of Myanmar Internet Journal, which is the leading IT journal in Myanmar, focusing o

CK တရုတ်စကားပြော CK တရုတ်စကားပြော
Yangon

တရုတ်စကားကို မြန်မြန်နဲ့လွယ်လွယ် တတ်လိုပါက ဒီပေ့ချ်က သင့်အတွက်နေရာမှန်ပါပဲခင်ဗျာ

Rangoon International Higher Education Academy - RIHEA   Yangon Branch Rangoon International Higher Education Academy - RIHEA Yangon Branch
Pansodan Road (Middle Block)
Yangon, 11182

ရန်ကုန်ကျောင်းခွဲများကို ဆက်သွယ်ရန် ဖုန်းနံပါတ် - 09942000120 09942000130 မော်လမြိုင်ကျောင်းခွဲကို ဆက်သွယ်ရန် ဖုန်းနံပါတ် - 09768148233 09978391056 ဘားအံကျောင်းခွဲကို ဆက်သွယ်...

Alfred English Yangon Alfred English Yangon
Anormar 19 Street ( West )
Yangon

English can't stop you life.

Zwe Htet Education Center Zwe Htet Education Center
No. 94, 93 Street, Kandawkalay, MingalarTaungNyunt Township
Yangon

KME Japanese Language School KME Japanese Language School
No. 876, 2nd Floors, Nga Moe Yeik Ward, Lay Daunt Kan Road, Thingangyun Township
Yangon

Education

Pro English language Pro English language
Thaketa
Yangon

Your choice is your sense.

Students' Choice Students' Choice
Yangon

Education

Learn Deutsch with Nuel Learn Deutsch with Nuel
Yangon

education