AAA KENBO YGN

လယ်ယာသုံးစက်ပစ္စည်းအမျိုးမျိုး ရရှိနိုင်ပါသည်။

01/08/2023

ယနေ့ကျရောက်တဲ့ ဝါဆိုလပြည့် ဓမ္မစကြာအခါ‌တော်နေ့မှာ ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာပြီး ဒါန၊ သီလ၊ ဘာ၀နာ ကုသိုလ်တွေ ပွားများနိုင်ပြီး ကောင်းကျိုးလိုရာဆန္ဒများပြည့်ဝကြပါစေကြောင်း AAA မိသားစု မှ ဆုမွန်ကောင်းတောင်း‌ပါတယ်။ ✨

#ဝါဆိုလပြည့်ဓမ္မာစကြာအခါတော်နေ့

22/07/2023

🦁ခြင်္သေ့တစ်ကောင်လိုအားမာန်နဲ့ ကြမ်းမယ့် အင်ဂျင်ရှာနေလား❓

သာမာန် အင်ဂျင်၊ သာမာန်ရုန်းအား၊ဆီးစားကလည်းများ မှန်းချက်နဲ့ နှမ်းထွက် မကိုက်လို့ စိတ်ထဲမတင်မကျဖြစ်ရတဲ့ အခိုက်အတန့်မျိုးနဲ့ပဲ ကျေနပ်နေမှာလား❓

ဒီလိုပြဿနာတွေကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းရှိတယ်ဆိုရင်ကော လက်ခံမှာလား❓

☝️ဒါဆိုရင်တော့ ယနေ့ချိန်ထိ အင်ဂျင်ဘုရင်လို့တင်စားခံရတဲ့ နံပါတ်တစ်နေရာမှာ ရပ်တည်နေဆဲလို့ ပြောလို့ရမယ့် #ကန်ဘိုအင်ဂျင်က အဖြေတစ်ခုဖြစ်ပါလိမ့်မယ်။

၂၂ကောင်အားနဲ့ ချိန်းတိုက်ကြောင့် ဆီစားလည်းသက်သာ၊ ဝန်သယ်လို့ကောင်းပြီး ရုန်းအားဆွဲအားကလည်း ခြင်္သေ့တစ်ကောင် ကျော့ကွင်းမိတဲ့အခါ ရုန်းသလိုရုန်းအားနဲ့ အမြဲတမ်းဆာလောင်နေစေမှာပါ။

👑တောတွင်းဘုရင်တို့ရဲ့ထုံးစံအတိုင်း ခန့်ညားမှုဟာ လည်ဆံမွှေးရှိနေမှ ပိုမိုတင့်တယ်သလို ကန်ဘိုအင်ဂျင်တွေရဲ့ ဒီဇိုင်းအရောင်ပေါင်းစပ်မှု၊ အင်ဂျင်ပုံစံသေသပ်ကြည့်ကောင်းမှုတို့ကလည်း အပြစ်တင်စရာရှိမနေပါဘူး။😎

ဒါ့ကြောင့်လည်း ကန်ဘိုအင်ဂျင်တစ်လုံးဝယ်လိုက်တာနဲ့ ရဲရဲဝံ့ဝံ့ရှိတဲ့ခြင်္သေ့တစ်ကောင်ကို ရလိုက်သလို ခံစားချက်ကိုရယူနိုင်ဖို့ အခုပဲ လက်ဦးမှုရယူထားလိုက်ပါ။

📬 မှာယူမေးမြန်းရန် - m.me/AAAKenbo
🏠ရန်ကုန်မြို့ ဘုရင့်နောင်အရောင်းပြခန်း။

အမှတ်(30/31/32/33)စံပယ်လမ်း- သီရိမွန်ပလာဇာ
ဘုရင့်နောင်-မရမ်းကုန်မြို့နယ်-ရန်ကုန်မြို့

ဆက်သွယ်ရန်
Ph -09-42 53 70007
09-25 73000 50
09-79 26 81 599

#အပိုပစ္စည်း #‌မြေဖွ #စပါးရိတ် #မြက်ရိတ်စက် #ကန်ဘို

19/07/2023

"အာဇာနည်နေ့ တို့မမေ့"

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ၊ ၁၉ ရက်နေ့တွင် ကျရောက်သော (၇၆) နှစ်မြောက်အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အောက်မေ့သတိရစွာဖြင့် AAA KENBO YGN မှ လေးစားဂါဝရပြုအပ်ပါသည်။

#အာဇာနည်နေ့

13/07/2023

♻️သံသရာဟာ သူ့ဟာသူအဆုံးမရှိလည်ပတ်နေတယ်ဆိုတာ ငြင်းပယ်လို့မရသလို သံသရာရပ်ဝန်းကိုလည်း ဘယ်သူကမှရပ်ထားလို့မရပါဘူး။

လူတွေမှာလည်း ဒီလိုအကျင့်လေးတစ်ခုရှိပါတယ်။ ပစ္စည်း ဒါမှမဟုတ် တစ်ခုခုသောအရာက ကိုယ့်အတွက် ဘယ်အချိန်ဘယ်နေရာမှာပဲဖြစ်ဖြစ် အကျိုးဖြစ်ထွန်းမယ်၊ ကောင်းကျိုးတွေပေးနေတယ်ဆိုရင် ဘယ်သူကမှ ငြင်းပယ်ထားချန်ထားမှာမဟုတ်တဲ့အပြင် အမြဲလိုလိုကိုယ်နဲ့မခွာရှိစေချင်မှာကတော့ အသေအချာပဲ။ 💯

ဒါပေမယ့် လောကမှာ ဘယ်အရာမှာမမြဲဘူးဆိုတဲ့အတွေးကြောင့် နှစ်ကိုယ်ကြားပျက်ဆီးသွားမှာ၊ စိုးရိမ်မှုတွေကရှိလာပြန်ပါတယ်။

ဘယ်လိုဖြစ်ဖြစ်ပါ သေချာပြန်စဉ်းစားကြည့်တော့ လက်တွေ့မှာ အကျိုးလည်းဖြစ်၊ စိုးရိမ်စရာဆိုရင် ဘာလည်းပြန်မေးလို့ရတာလည်း ရှိနေပြန်ပါတယ်။ 🧐

💧ဒီဇိုင်းကာလပြောစရာဘာမှမလိုအောင် လန်းနေပြီး လယ်ကွင်းထဲ ရေအသွင်းအထုတ်ကို မြန်မြန်ဆန်ဆန်နဲ့ ရေစီးအားကောင်းကောင်းလုပ်ပေးနိုင်တဲ့ #ကန်ဘို ရှိနေလို့ပေါ့။ ⚙️အင်ဂျင်ပါဝါအားကြမ်းကြမ်းနဲ့ အချိန်မီအလုပ်လည်းပြီးတာက ဘော်ဒါတွေနဲ့အင်ဂျင်အကြောင်းပြောတဲ့အချိန်မှာ အလန်းတကာအလန်းဆုံးကြွယ်နိုင်နေရောပဲ။ 🤩😎

🚫စိုးရိမ်စရာဆိုလည်း မရှိဘူးလေ။ အာမခံလည်းပေးထားသလို အထဲကပစ္စည်းတစ်ခုခုလဲရမယ်ဆိုလည်း ရေစုပ်စက်အတွက်လိုအပ်တဲ့ စပါယ်ယာတစ်ခုမကျန်ရှိတာကြောင့် နှစ်ကိုယ်တူစိတ်သွားတိုင်းကိုယ်ပါ အလုပ်လုပ်ရတာလမ်းတံတားချောရတယ်။☑️

🛣️ဒါ့ကြောင့် ဖြောင့်ဖြူးသာယာတဲ့ပန်းတိုင်ကို
ကြမ်းပြီးလန်းသွားစေတဲ့ ကန်ဘိုရေစုပ်စက်နဲ့ ဖြေရှင်းလိုက်ရအောင်လားဗျာ။✌️
📬 မှာယူမေးမြန်းရန် - m.me/AAAKenbo
🏠ရန်ကုန်မြို့ ဘုရင့်နောင်အရောင်းပြခန်း

အမှတ်(30/31/32/33)စံပယ်လမ်း- သီရိမွန်ပလာဇာ၊ ဘုရင့်နောင်-မရမ်းကုန်မြို့နယ်-ရန်ကုန်မြို့

📱ဆက်သွယ်ရန် -
094210 45200
0942 53 70007

#ကန်ဘို #အင်ဂျင် #ရေစုပ်စက် #အပိုပစ္စည်း #စပါယ်ယာ #ကပ်ပန့် #ပူလီပန့် #လယ်ယာလုပ်ငန်းသုံး #အာမခံ

Photos from AAA KENBO YGN's post 07/07/2023

ခများဟာ ရေပန့်တစ်လုံးလုံး ပျက်သွားပြီ‼️

နဲနဲလေးတောင်ပြင်ကြည့်လို့မရတော့ဘူးလား ၊
တကယ်ပဲ သစ်ဝယ်ရတော့မှာလား 😫😫

အခုတော့ငြီးရပြီ၊ မဝယ်ခင်ထဲကပြောတယ်၊ အပိုပစ္စည်းတွေသုံးမယ်ဆို အော်စီးအော်သန့်တွေပဲသုံးပါလို့ .....
💵ဈေးကလည်းဘာမှမကွာဘူး သုံးလေးထောင်ထဲကို ကပ်နေတာ‼️

🟥 နောက်ဆို ကန်ဘိုရဲ့ အော်ရီဂျင်နယ် စပါယ်ယာတွေ သုံးဗျ
⚙️ သတ္ထုဘော်ဒီအမာသားကုန်ကြမ်းနဲ့ အင်ဂျင်ထုတ်တဲ့စက်ရုံကြီးတွေမှာပဲထုတ်ထားတာကြောင့် အင်ဂျင်အကြောကိုကောင်းကောင်းနားလည်နေပြီး အကြမ်းခံအောင်အကြိမ်ကြိမ်စမ်းသပ်ပြီးမှ ဈေးကွက်ထဲရောင်းချပေးနေတဲ့ စပါယ်ယာအပိုပစ္စည်းတွေလို့လည်းသိထားရတယ်။ 😊

📏၂လက်မ၊ ၃လက်မ၊ ၄လက်မ အပိုပစ္စည်းအမျိုးမျိုးရှိပြီး လူတိုင်းအတွက်အဆင်ပြေပြေနဲ့ရွေးချယ်လို့ရအောင်လုပ်ပေးထားတော့ ပိုပြီးလွယ်လွယ်ကူကူဝယ်လို့ရပြီလေ။

ပုံစံတူ တခြားတံဆိပ်တွေသုံးလို့ရပေမယ့်လည်း ကိုယ့်အင်ဂျင်ကို ကြာရှည်ခံချင်တယ်၊ စွမ်းဆောင်ရည်မကျချင်ဘူးဆိုရင်တော့ အဓိကကသော့ချက်ဖြစ်တဲ့ အော်ရီဂျင်နယ် အပိုပစ္စည်း သုံးဖို့ပဲ လိုတယ်နော်။ 😉

📬 မှာယူမေးမြန်းရန် - m.me/AAAKenbo

🏠ရန်ကုန်မြို့ ဘုရင့်နောင်အရောင်းပြခန်း

အမှတ်(30/31/32/33)စံပယ်လမ်း- သီရိမွန်ပလာဇာ၊ ဘုရင့်နောင်-မရမ်းကုန်မြို့နယ်-ရန်ကုန်မြို့

📱ဆက်သွယ်ရန် -
094210 45200
0942 53 70007

#ကန်ဘို #အင်ဂျင် #ရေစုပ်စက် #အပိုပစ္စည်း #စပါယ်ယာ #ကပ်ပန့် #ပူလီပန့် #လယ်ယာလုပ်ငန်းသုံး #အာမခံ

Photos from AAA KENBO YGN's post 04/07/2023

ကိုပြုံးချိုတစ်ယောက် ကြည့်လိုက်တိုင်း အမြဲလိုလို ပြုံးလို့ဝင်းလို့ပါလား‼️

ခါတိုင်းဆို ရွာမှာ ပြုံးချိုရယ်...နင်ဟာကလည်းနာမည်နဲ့မလိုက်အောင်ကို ရုပ်ကမဲ့ရွဲ့နေတာ မဟုတ်ရင် သွက်ချာပါဒဖြစ်နေသလား အောက်မေ့ရတယ်။

အခုများကျတော့ ဘယ်အချိန်ကြည့်ကြည့် ပြုံးဖြီးဖြီးနဲ့ဖြစ်နေတာ၊ ဒါကလည်း သူ့လက်ချက်မကင်းလောက်ဘူး။ တစ်ချိန်လုံးအဲ့မြက်ရိတ်စက်ကြီးကို ကိုင်ပြီး မြက်ရိတ်လိုက်၊ မြေဖွလိုက်၊ ကောက်ရိတ်လိုက်၊ တစ်ခါတစ်ခါ ရွာက သစ်ကိုင်းတွေပါကူဖြတ်ပေးနေတာဗျာ။

ဒါတောင် တစ်ခါမှ ရွာအကျိုးမလုပ်ဖူးတဲ့သူနော်။ အံ့ဩပ‼️သူ့မြက်ရိတ်စက်ကြည့်ပြီးလည်း ကိုယ့်မှ အားကျနေရတာ အမောပဲ။

ဒီလိုအခြားရွာသားတွေ အားလည်းကျ
လုပ်ငန်းလုပ်ရကိုင်ရတာလည်း အဆင်ပြေဖို့ဆိုရင်တော့ မြက်တွေလည်းရှင်း မျက်နှာလည်းဝင်းနေစေမယ့် ဂျပန်စတန်းဒက်နဲ့ထုတ်ထားတဲ့ ကန်ဘိုမြက်ရိတ်စက်ကိုသာဆောင်ထားလိုက်ပါ။ ❤️

📬 မှာယူမေးမြန်းရန် - m.me/AAAKenbo
🏠ရန်ကုန်မြို့ ဘုရင့်နောင်အရောင်းပြခန်း။

အမှတ်(30/31/32/33)စံပယ်လမ်း- သီရိမွန်ပလာဇာ
ဘုရင့်နောင်-မရမ်းကုန်မြို့နယ်-ရန်ကုန်မြို့

ဆက်သွယ်ရန်
Ph -09-42 53 70007
09-25 73000 50
09-79 26 81 599

#အပိုပစ္စည်း #မြက်ရိတ်စက် #ကန်ဘို

28/06/2023

🕌 Happy Eid Al-Adha ☪️

ဇွန်လ(၂၉)ရက်နေ့၊ ကြာသပတေးနေ့မှာကျရောက်မယ့် ကုရ်ဘာနီအီးဒ်နေ့တွင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့်ပြည့်စုံကာ ပစ္စည်းဥစ္စာပေါကြွယ်ဝပြီး အများအပေါ်အလှူအတန်းများပြုနိုင်ကြပါစေကြောင်း AAA Kenbo မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။

#အင်ဂျင် #ကန်ဘိုအင်ဂျင်

27/06/2023

💫မြန်မာလူမျိုးရယ်ဆိုတာနဲ့ အလှူအတန်းကတော့ လက်နဲ့ကွာရယ်လို့ကို မရှိတာကလည်း ချစ်စရာ ဓလေ့တစ်ခုလိုပါပဲ။

လူတိုင်းမှာ ဖြစ်ချင်တဲ့ အိပ်မက်ရယ်လို့ ရှိသလိုမျိုး မြန်မာလူမျိုးတိုင်းမှာလည်း အလှုဒါနပြုဖို့က ပထမအိပ်မက် တစ်ခုလိုမျိုးကို ဖြစ်နေပါပြီ။ 💭

အလှူဒါနဆိုတာမျိုးကတော့ ကိုယ်တိုင် သမာအာဇိဝ နည်းလမ်းနဲ့ ရှာဖွေထားတဲ့ ငွေကြေးနဲ့သာ ပြုလုပ်မှသာ အထမြောက်တာမို့ ကိုယ်ပိုင်စီးပွါးရေးလေးတိုးတတ်ဖို့ကလည်း အရေးကြီးဆုံးအချက်ပဲဖြစ်ပါတယ်။ ✅

👨‍🌾ဦီးကြီးတို့ ချစ်ညီအစ်ကိုတို့ အလှူဒါနအိပ်မက်လေးတွေကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ #ကန်ဘိုအင်ဂျင်က ပါရမီဖြည့်ဖက်အနေနဲ့ ရှိနေပေးဖို့ ရောက်ရှိလာပါပြီ။ 🤩

ဘယ်လယ်ယာလုပ်ငန်းမဆို ဖြောင့်ဖြောင့်ဖြူးဖြူးနဲ့ နှောင့်နှေးခြင်းမရှိဘဲ လုပ်နိုင်ဖို့အတွက် အင်ဂျင်မှာ ပြိုင်ဘက်ကင်းတဲ့ ကန်ဘိုကစွမ်းဆောင်ပေးသွားနိုင်တာကြောင့် လုပ်ငန်းတွင်ကျယ်ပြီး အမြတ်ငွေပိုကျန်စေမှာဖြစ်ပါတယ်။ 💵

⚙️ ကွာလတီပိုင်းပြောစရာမလိုအောင် အကြမ်းခံ ရုန်းအားကြမ်း ဆီစားသက်သာတာတွေနဲ့ပြည့်စုံတဲ့ အင်ဂျင်က ရွေးချယ်မှု တိုင်းရဲ့ နံပါတ်တစ်နေရာမှာ ရှိနေဆဲပါပဲ။ 💯❤️

ဒါ့ကြောင့် အိပ်မက်တိုင်းကို စိတ်ကူးနဲ့ လက်တွေ့ တစ်ထပ်ထဲကျဖို့ဆိုရင် #ကန်ဘိုအင်ဂျင် တစ်လုံးရှိကိုရှိထားမှဖြစ်ပါလိမ့်မယ်။ ☑️

📢 အသေးစိတ်မေးမြန်းလိုပါကလည်း အောက်ပါလင့်မှတစ်ဆင့် စိတ်ရှည်ရှည်နဲ့ဖြေကြားပေးရန် အသင့်ရှိနေပါတယ်။ ✌️

မှာယူမေးမြန်းရန်လင့် - m.me/AAAKenbo

🏠ရန်ကုန်မြို့ ဘုရင့်နောင်အရောင်းပြခန်း။

အမှတ်(30/31/32/33)စံပယ်လမ်း- သီရိမွန်ပလာဇာ၊ ဘုရင့်နောင်-မရမ်းကုန်မြို့နယ်-ရန်ကုန်မြို့။

📱ဆက်သွယ်ရန် -
095 190 392
099 680 70 939
09 42 53 70007

#မီးစက် #ပဲတောင့် #ရေစုပ်စက် #ဓာတ်ဆီအင်ဂျင် #အာမခံ

23/06/2023

ရိတ်သာရိတ်လိုက်တယ်၊ ပြီးရင်မြက်ကလည်းမပြောင်၊ ပခုံကလည်းညောင်း၊ ပြန်ရိတ်ရတဲ့အခိုက်အတန့်ကြုံဘူးကြလား⁉️

#ကန်ဘို မြက်ရိတ်စက်(ဓားရမ်းစက်)တွေနဲ့ဆို ဒါတွေအားလုံးအဆင်ပြေသွားပါလိမ့်မယ်။ ❤️

ခြုံထူ၊မြက်ထူတဲ့နေရာတွေမှာ ရိတ်အားကောင်းကောင်းနဲ့ ရိတ်လိုက်ချိတ်တိုင်းပြတ်ခနဲပြတ်သလို အင်ဂျင်အားကောင်းကောင်းနဲ့ ဂျပန်ဓားအသွားဒလက်တွေပေါင်းစပ်လိုက်တဲ့အခါ ပင်ရှည်မြက်ပင်တွေကို တစ်ခဏအတွင်းဖျက်ခနဲအတွင်းရှင်းလင်းပေးမယ့် ခိုင်းလို့ကောင်းမယ့် မြက်ရိတ်စက်ဆိုလည်း မမှားပါဘူး။

မြက်ပဲရိတ်လို့ရတာပဲမဟုတ်၊ #ပေါင်းရှင်း #မြေဖွ #စပါးရိတ် #ကိုင်းဖြတ် ဘာလုပ်လုပ်အဆင်ပြေသလို (၂)စတုတ်၊(၄)စတုတ်နှစ်မျိုးရှိပြီး ဘေးလွယ်၊ကျောပိုးအဆင်ပြေသလိုဝယ်ယူလို့ရတာကြောင့် အကောင်းဆုံးရွေးချယ်မှုဖြစ်စေမှာပါ။ 😉

📬 မှာယူမေးမြန်းရန် - m.me/AAAKenbo
🏠ရန်ကုန်မြို့ ဘုရင့်နောင်အရောင်းပြခန်း။

အမှတ်(30/31/32/33)စံပယ်လမ်း- သီရိမွန်ပလာဇာ
ဘုရင့်နောင်-မရမ်းကုန်မြို့နယ်-ရန်ကုန်မြို့

ဆက်သွယ်ရန်
Ph -09-42 53 70007
09-25 73000 50
09-79 26 81 599

#အပိုပစ္စည်း #မြက်ရိတ်စက် #ကန်ဘို

15/06/2023

🌦️ကျော်ကြီးတစ်ယောက် နေ့ခင်းကြောင်တောင်ကြီးစိတ်ညစ်ညစ်နဲ့ ထိုင်နေစဉ်….

မောင်ဇော် : ဟာ ကျော်ကြီး… မင်းမျက်နှာကလည်းကွာ ဆူပုတ်နေတာ ငါ့ကောင်မလေးလိုပဲ ဟဲဟဲ..

ကျော်ကြီး : လာမစားနဲ့ကွာ ဒီမှာ စက်လှေအင်ဂျင်ပျက်လို့ စိတ်ညစ်နေတာနော်…ဒေါသတွေမင်းပေါ်ရောက်သွားမယ်…😡

မောင်ဇော် : ကဲ… ရင်ထဲမှာ ဒူးရင်းသီးတွေသီးမယ့်အစား ပန်းတွေပွင့်ဖို့ တစ်ကွက်ပြောပြမယ် နားထောင်မလား …

ကျော်ကြီး : ပြောကြည့်လေ မဟုတ်ရင်တော့ မင်းနာပြီ… ကျော်ကြီး အကြောင်းသိတယ်နော်…

မောင်ဇော် : ဆရာသမားကလည်း အသာလုပ်ပါဟ… ဒီလိုကွ ငါရဲ့ စက်လှေမှာ သုံးထားတဲ့ အင်ဂျင်က ဟိုတလောက A.A.A Kenbo ကနေဝယ်ထားတာကွာ.. ကောင်းချက်ကတော့ ဘာကောင်းသလဲမမေးနဲ့ .. ဆီစားကလည်း သက်သာ အင်ဂျင်ပါဝါကလည်း ကောင်းလား အစ်ကို ကောင်းတယ် သီချင်းထဲကထက်တောင် ပိုကောင်းသေးတယ်….ငါက မင်းကို ငါလည်း အဆင်ပြေတာနဲ့ မင်းလည်း အစမ်းသုံးကြည့်ဖို့ အခု လာပြောလိုက်တာ…🤩

ကျော်ကြီး : ငါ စိတ်ညစ်နေတာလည်း အဲ့ကိစ္စပဲကွ … ငါ့အင်ဂျင်က ဆီလည်း ရှယ်စား အခုမိုးလည်း ကျရော ပျက်ရော… အဲ့တာပဲကွာ ဇာတ်လမ်းက…

မောင်ဇော် : အဲ့ဒါဆို မင်းဖုန်းအခုဖွင့် … ဖေ့စ်ဘုတ်မှာ A.A.A Kenbo လို့ရိုက်လိုက်ပြီးရင် မက်စင်ဂျာကနေ သွားပြီးမှာ မဟုတ်ရင် ဒီဖုန်းနံပါတ်ကိုဆက် … ဒါဆိုပြီးပြီပေါ့ကွာ

ကျော်ကြီး : ချပြီကွာ လာပြောပေးတာ ကျေးဇူးပဲ … အလုပ်အဆင်ပြေရင် ငါတို့ ဝိုင်းနေကျ နေရာလေးပဲနော်

မောင်ဇော် : အဲ့တာနောက်မှလုပ် … A.A.A Kenbo နဲ့ဆို တွေဝေမနေနဲ့ အပြီသာစွဲ ကိုယ့်ဆရာရေ‼️

🤩 ကျော်ကြီးလို 📬 မှာယူချင်တယ်ဆိုရင်တော့ m.me/AAAKenbo
🏠 ရန်ကုန်မြို့ ဘုရင့်နောင် အရောင်းပြခန်း

အမှတ်(30/31/32/33)စံပယ်လမ်း- သီရိမွန်ပလာဇာ၊ ဘုရင့်နောင်-မရမ်းကုန်မြို့နယ်-ရန်ကုန်မြို့

📱ဆက်သွယ်ရန် -
09 96 80 70 939
09 42 53 70007
09 257 3000 50

#ပဲ့ထောင် #ရှက်တန်း #စက်လှေ
#ကန်ဘို

Photos from AAA KENBO YGN's post 12/06/2023

ဟာ…မီးပျက်သွားပြီ ❗️

⚡️မိုးရွာကြမ်းတာ ရှော့ဖြစ်သွားလို့တဲ့ ဟေ့….

တက်ပြီရှော့ခ် ဆိုတာ စန္ဒီမြင့်လွင်ပဲမဟုတ်ဘူး မီးပျက်ရင်လည်း လုပ်လက်စတွေ တစ်ဝက်တစ်ပြတ်နဲ့မို့ ရှော့ခ် တတ်နိုင်ပါသေးတယ်။

မီးစက်တစ်လုံးကတော့ အခုလိုမိုးရာသီအချိန်မှာ ဝယ်ထားတာက အကောင်းဆုံး ရွေးချယ်မှုဆိုရင်လည်း မမှားပါဘူး ✅

ဒါဆိုအခုခေတ်မှာ မီးစက် ဘရန်းတွေ ဒီလောက်များတာ ဘယ်မီးစက်ဝယ်ရမလဲ မသိလို့ စိတ်ရှုပ်နေရင် “ဘာပဲလုပ်လုပ်တင့်တယ် တယ်”ဆိုတာကို စကားနဲ့ မဟုတ် လက်တွေ့ပါပြမယ့် A.A.A Kenbo ရဲ့ မီးစက်တွေက မိတ်ဆွေတို့အတွက် အဖြေတစ်ခုဖြစ်စေမှာပါ 👌🏽

🇬🇧 UK ဘရန်း Guardian ဟာဆိုရင် ဒီဇယ်မီးစက်အမျိုးအစားဖြစ်ပြီး ကိုသုံးထားတဲ့အတွက်ကြောင့် မီးစက်နှိုးထားရင်လည်း နှိုးလို့နှိုးထားမှန်းတောင် မသိရတာမို့ ပတ်ဝန်းကျင်မှာ မီးမလာလည်း လင်းနေတော့ ပပဝတီများရှိလားလို့တောင် အထင်မှားသွားနိုင်ပါတယ် 💯

Guardian မီးစက်တွေက မီးထွန်း၊အဲကွန်း၊ ကွန်ပြူတာသုံးဖို့အတွက် #အိမ်သုံး လုပ်ငန်းသုံးသာမကပဲ #စက်ရုံသုံး စက်ယန္တရားကြီးတွေ အတွက်ပါ ဆီစားသက်သက်သာသာနဲ့ အသာလေး စွမ်းဆောင်နိုင်ပါတယ်။ အနေနဲ့ကလည်း တစ်နှစ်အာမခံ (သို့မဟုတ်) နာရီ ၁၀၀၀ လက်ခအခမဲ့ဆိုပြီး အာမခံအပြည့်အဝပေးထားတာမို့ မိတ်ဆွေတို့ကို ရာနှုန်းပြည့် စိတ်ကျေနပ်မှု ပေးစွမ်းနိုင်မှာ အသေအချာပါပဲ 💯

💰ဈေးနှုန်းအနေနဲ့တော့ ငွေကြေးအပြောင်းအလဲရှိတာဖြစ်လို့ Comment မှာ မေးမြန်းထားပေးပြီး
ကျွန်တော်တို့ဘက်မှ အချိန်တိုအတွင်းအမြန်ဆုံး
ပြန်လည်ဖြေကြားပေးသွားပါမယ်။ 🙏
ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ❤️
📪 စုံစမ်းမေးမြန်းရန် - m.me/AAAKenbo
🏠ရန်ကုန်မြို့ ဘုရင့်နောင်အရောင်းပြခန်း
=================================
အမှတ်(30/31/32/33)စံပယ်လမ်း- သီရိမွန်ပလာဇာ၊ ဘုရင့်နောင်-မရမ်းကုန်မြို့နယ်-ရန်ကုန်မြို့

📱ဆက်သွယ်ရန် -
09 257 300 040
099 680 70 939
09 42 53 70007

#အာမခံ #မီးစက် #ဒီဇယ်မီးစက် #အင်ဂျင် #အပိုပစ္စည်း #ဂါးဒီးယန်းမီးစက်

08/06/2023

A.A.A Kenbo မှာ ခဏခဏ လာလာမေးကြတဲ့ စက်လှေကိုကို တို့အတွက် ဒီနေ့မှာ ရာနှုန်းပြည့် မှန်းချက်နဲ့ နှမ်းထွက်ကိုက်စေမယ့် အားကိုးအားထားရာပစ္စည်းတစ်မျိုး မိတ်ဆက်ပေးဖို့ အချိန်ရောက်ရှိလာပါပြီ။ 💯

☔️ခုလိုမိုးရာသီမှာ စက်လှေမောင်းတဲ့အခါအင်ဂျင်ကလည်း ကလေးတစ်ယောက်လိုအရမ်းချူချာ ဆီစားလည်းများလို့ စိတ်ညစ်နေရပြီဆိုရင် A.A.A Kenbo ရှက်တန်းအတွဲနဲ့ ဖြေရှင်းဖို့ အကြံပေးလိုက်ပါရစေ။ ✨

ပြောစရာမလိုတဲ့ အင်ဂျင်ပါဝါ၊ ဆီစားလည်းသက်သာတဲ့ အပြင် စက်လှေကိုကိုတို့အကြိုက် ပဲ့ထောင်အထိုင်ရှက်တန်းနဲ့ဆိုတော့ ရာသီမရွေးအားကိုးလို့ရပြီပေါ့။👌🏽

မှာယူချင်တယ်ဆိုရင်တော့ 📬 m.me/AAAKenbo မှ မှာယူနိုင်သလို 👈
🏠 ရန်ကုန်မြို့ ဘုရင့်နောင် အရောင်းပြခန်း

အမှတ်(30/31/32/33)စံပယ်လမ်း- သီရိမွန်ပလာဇာ၊ ဘုရင့်နောင်-မရမ်းကုန်မြို့နယ်-ရန်ကုန်မြို့

📱ဆက်သွယ်ရန် -
09 96 80 70 939
09 42 53 70007
09 257 3000 50

#ပဲ့ထောင် #ရှက်တန်း #စက်လှေ
#ကန်ဘို

06/06/2023

ဒီခေတ်ကြီးထဲမှာ မီးရရင်ပြီးပြီ ကျန်တာမလိုပါဘူးဆိုရင် အမှားကြီးမှားပြီနော် 😬

ဒါဆို ဒီဇယ်ကွန်ဘိုင်းအတွဲက မီး အပြင်ဘာတွေ လုပ်ပေးနိုင်သေးလို့လဲ ❓

ဒီဇယ်အင်ဂျင် #ချန်ဟိုင်း အမျိုးအစားနဲ့ #မင်းတုန်း ဒိုင်နမို ပေါင်းစပ်ထားတဲ့အတွက်ကြောင့် မီးမလာတဲ့ အခါမှာလည်း မီးစက်တစ်ခုအဖြစ်အသုံးပြုလို့ရပြီး #ဂဟေဆော် #ကွန်ပရက်ဆာ #ထော်လာဂျီ မှာပါ တပ်ဆင်နိုင်တာမို့ စိတ်ကျေနပ်မှုအပြည့်အဝ ရစေမှာဖြစ်ပါတယ် 💁🏼‍♂️

📬 မှာယူမေးမြန်းရန် လင့် - m.me/AAAKenbo

🏠 ရန်ကုန်မြို့ ဘုရင့်နောင်အရောင်းပြခန်း

အမှတ်(30/31/32/33)စံပယ်လမ်း- သီရိမွန်ပလာဇာ၊ ဘုရင့်နောင်-မရမ်းကုန်မြို့နယ်-ရန်ကုန်မြို့

📱ဆက်သွယ်ရန် -
09 257 300 040
099 680 70 939
09 42 53 70007

#အာမခံ #ဒီဇယ်အင်ဂျင် #ဒိုင်နမို

01/06/2023

🌧️မိုးရာသီရောက်လာတာနဲ့ တစ်ပြိုင်နက် 🦟ခြင်၊ယင်တွေရဲ့ တိုးပွါးနှုန်းက သိသိသာသာတိုးလာတာမို့ ခြံ၊လမ်း၊ ရပ်ရွာများအတွက် ခြင်းဆေးဖြန်းစက်တစ်လုံးကတော့ လိုကိုလိုအပ်ပါတယ်။

ဒီလိုအခက်အခဲတွေ ဖြေရှင်းပေးမှာကတော့ ကွာလတီပိုင်းမှာ စိတ်ပူစရာမလိုတဲ့ AAA Kenbo ရဲ့ ခြင်ဆေးဖြန်းစက်ပါပဲ။ ❤️

🇰🇷ကိုရီးယားမိတ်ဖြစ်ပြီး အသေး၊အကြီး (၂) မျိုးလာတဲ့အတွက် စက်ရုံ၊ အလုပ်ရုံ ၊ ကျောင်း၊ ခြံ ၊ လမ်း၊ ရပ်ရွာ စတဲ့ နေရာအမျိုးမျိုးအလိုက် အကြီး၊အသေး ခွဲခြား အသုံးပြုလို့ရတာကြောင့် လူကြီးမင်းတို့အားထားရာ အချိန်မရွေး သုံးစွဲနိုင်မယ့် ပစ္စည်းတစ်မျိုးဖြစ်လာစေမှာပါ။ 🙋‍♂️

📬 စုံစမ်းမေးမြန်းရန် - m.me/AAAKenbo
🏠 ရန်ကုန်မြို့ ဘုရင့်နောင်အရောင်းပြခန်း။

အမှတ်(30/31/32/33)စံပယ်လမ်း- သီရိမွန်ပလာဇာ
ဘုရင့်နောင်-မရမ်းကုန်မြို့နယ်-ရန်ကုန်မြို့

ဆက်သွယ်ရန်
Ph -09-42 53 70007
09-25 73000 50
09-79 26 81 599

#ခြင်ဆေးဖျန်းစက်

31/05/2023

🚨 ရဲရဲကြီး စိတ်ကြိုက်သာ ခရီးနှင်လိုက်ပါ။

တာဝန်ကိုတော့ #ကန်ဘိုအင်ဂျင် နဲ့ ရှက်တန်း ပေးထားလိုက်ပါ။ 😎

🛥️ စက်လှေတစ်စီး ပဲ့ထောင်တစ်စီးအတွက် အလိုအပ်ဆုံးမရှိမဖြစ်အရာကိုမှ ကောင်းကောင်းမသုံးရင် အပိုငွေတွေထပ်လိုက်ရပြီး စိတ်ညစ်ရမှာပဲရှိမယ်။

☝️တစ်ခါဝယ်ပြီးနှစ်ရှည်သုံးလို့လည်းကောင်း၊ အင်ဂျင်ပါဝါလည်းမကျ၊ ရှက်တန်းလည်းမာနေမယ့် Kenbo အင်ဂျင်နဲ့ ယိုးဒယားမိတ် SPS ရှက်တန်းတို့ကိုတွဲပေးလိုက်ရင်တော့ စက်လှေညီအစ်ကိုတွေအတွက်တော့ လုံးဝဥသုန် ပြည့်စုံနေရောပေါ့။

ဒါကြောင့် အခုလိုမိုးတွင်းရောက်တော့မယ့်ကာလမှာ လိုအပ်နေတယ်ဆိုရင် အမြန်ဆုံးဝယ်ယူထားဖို့တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ 🙏
🏠 ရန်ကုန်မြို့ ဘုရင့်နောင် အရောင်းပြခန်း

အမှတ်(30/31/32/33)စံပယ်လမ်း- သီရိမွန်ပလာဇာ၊ ဘုရင့်နောင်-မရမ်းကုန်မြို့နယ်-ရန်ကုန်မြို့

📱ဆက်သွယ်ရန် -
09 96 80 70 939
09 42 53 70007
09 257 3000 50

#ပဲ့ထောင် #ရှက်တန်း #စက်လှေ
#ကန်ဘို

Photos from AAA KENBO YGN's post 22/05/2023

မကြာခင် မိုးဦးရာသီရောက်တော့မှာဆိုတော့ ဘာတွေပြင်ဆင်ထားကြပြီးပြီလဲ ကိုယ့်ညီအစ်ကိုတို့ …..🤝

အခြားတော့မဟုတ်ဘူး ဒီနှစ်ထဲမှာ ရာသီဥတုတွေဖောက်ပြန်နေတော့ စိတ်ပူလို့မေးလိုက်ရတာပါ

ကိုယ့်ညီအစ်ကိုတွေ စိုက်ခင်း၊ မွေးမြူရေးလုပ်ငန်းတွေနဲ့ အခြားလုပ်ငန်းတွေမှာ မိုးလေဝသအခြေအနေလည်းကြည့်ရ၊ လယ်ယာစက်ပစ္စည်းတွေကောင်းကောင်းအလုပ်လုပ်မလုပ်လည်းကြည့်ရ တော်တော်ပင်ပန်းတဲ့အချိန်တစ်ခုကို ကျော်ဖြတ်နေရတယ်ဆိုတာ နားလည်မိပါတယ် 💪

ရာသီဥတုကို ထိန်းချုပ်လို့မရပေမယ့်လည်း တစ်ဖက်တစ်လှမ်းကနေအကူအညီလည်းဖြစ် အကျိုးအမြတ်လည်းပိုကျန်စေမယ့် #ကန်ဘို အင်ဂျင်အလွတ်စက်ပစ္စည်းတွေကို မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျာ 🤩

#ကန်ဘို အင်ဂျင်တွေထဲမှာမှ လူသုံးအများဆုံးနဲ့ အသင့်တော်ဆုံးဖြစ်တဲ့
🛑 ၆ ကောင်ခွဲ အင်ဂျင်
🛑 ၇ ကောင်ခွဲ အင်ဂျင်တို့ဟာ စိုက်ပျိုးမွေးမြူရေး၊ ပဲ့ထောင်၊ ရေစုပ်စက်၊ အမှုန့်ကြိတ်လုပ်ငန်းများအပြင် ဒိုင်နမိုနဲ့တွဲပြီး မီးစက်အဖြစ်ပါအသုံးပြုလို့ရပြီး ဆီစားသက်သက်သာသာနဲ့ အကြမ်းလည်းခံတာကြောင့် မြန်မာနိုင်ငံမှာနှစ်ပေါင်း၂၅နှစ်ကျော်တိုင်အောင် ရောင်းချပေးနေတဲ့ အမှတ်တံဆိပ်တစ်ခုပဲဖြစ်ပါတယ် 💯
🏠 ရန်ကုန်မြို့ ဘုရင့်နောင် အရောင်းပြခန်း

အမှတ်(30/31/32/33)စံပယ်လမ်း- သီရိမွန်ပလာဇာ၊ ဘုရင့်နောင်-မရမ်းကုန်မြို့နယ်-ရန်ကုန်မြို့

📱ဆက်သွယ်ရန် -
09 96 80 70 939
09 42 53 70007
09 257 3000 50


#ကန်ဘို

19/05/2023

"မသိသူကျော်သွား သိသူ Forza" 🤩

သိသူဖော်စားတော့လုပ်ပါကွာ !!!

ဖော်စားမဟုတ်တော့ဘူးညီအစ်ကိုရေ.....မီးတွေတောက်လျှောက်ပြတ်နေတော့ Forza မီးစက်နဲ့ပဲ အလုပ်တွေလုပ်နေရတာ 🧑‍💻

မသိတဲ့သူတွေက‌ကျော်သွားကြပြီး သိတဲ့သူတွေကတော့ Forza မီးစက်နဲ့အဆင်ပြေနေပြီဗျာ။
💨အဲကွန်းဖွင့်ဖွင့်၊ ပန်ကာဖွင့်ဖွင့် မီးအားနိုင်ပြီး ရုံးမှာကွန်ပျူတာနဲ့လည်းအလုပ်လုပ်ရတာအဆင်ပြေတော့ အိမ်အထိအလုပ်တွေသယ်သွားစရာမလိုတော့ဘူးလေ။✌️

🔉အသံလည်းမဆူတဲ့အပြင် ဆီစားနှန်းလည်းသက်သာတော့ အလုပ်လည်းတွင်၊ တွက်ချေလည်းကိုက်နေတဲ့ မီးစက်တစ်လုံဆို မမှားပါဘူး။💯

💰ဈေးနှုန်းအနေနဲ့ ငွေကြေးအပြောင်းအလဲရှိတာဖြစ်လို့ Comment မှာ မေးမြန်းထားပေးပြီး
ကျွန်တော်တို့ဘက်မှ အချိန်တိုအတွင်းအမြန်ဆုံး
ပြန်လည်ဖြေကြားပေးသွားပါမယ်။ 🙏
ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ❤️
📪 စုံစမ်းမေးမြန်းရန် - m.me/AAAKenbo
🏠ရန်ကုန်မြို့ ဘုရင့်နောင်အရောင်းပြခန်း
=================================
အမှတ်(30/31/32/33)စံပယ်လမ်း- သီရိမွန်ပလာဇာ၊ ဘုရင့်နောင်-မရမ်းကုန်မြို့နယ်-ရန်ကုန်မြို့

📱ဆက်သွယ်ရန် -
09 257 300 040
099 680 70 939
09 42 53 70007

#အာမခံ #မီးစက် #ဓာတ်ဆီမီးစက် #အင်ဂျင် #အပိုပစ္စည်း #ဖော်ဇာမီးစက်

11/05/2023

အားလုံးမီးမလာလို့ အားလုံးစိတ်ညစ်နေကြတယ်ဟုတ်‼️

မှာ လက်ဆောင်ပေးဖို့ရှိတယ်နော်။ 🙋‍♂️

အများကြီးလုပ်ပေးစရာမလိုပါဘူးခင်ဗျ။ 💖

ကိုယ့်ရဲ့နာမည်အရှေ့အလယ်အနောက် ဘယ်နေရာမှာဘယ်လိုပဲပါပါ "မီး" "စက်" တစ်လုံးလုံးပါတာနဲ့ ဝင်ရောက်ကံစမ်းလို့ရမှာဖြစ်ပါတယ်။ ☑️

စည်းမျဉ်းစည်းကမ်းချက်များအနေဖြင့်
=============================
(၁) ဒီအစီအစဉ်မှာပါဝင်လိုသူများအနေဖြင့် AAA Kenbo YGN Page ကို Like & Share လုပ်ထားပေးရမှာဖြစ်ပါတယ်။
(၂) တစ်ဦးထက်ပိုသောသူများရှိလျှင် မဲနှိုက်ရွေးချယ်သွားမည်ဖြစ်ပါသည်။
(၃) မဲ‌ပေါက်သွားသောကံထူရှင်အနေဖြင့် ဆုမဲကို မိမိမှတ်ပုံတင်နှင့်အတူ လာရောက်ထုတ်ယူပေးရပါမည်။
(၄) မီးစက်နာမည်ပါဝင်ပြီး ဆုမဲမပေါက်သောသူများကိုလည်း မှ အထူးနှစ်သိမ့်ဆုများဖြစ်သည့် Phone Bill 10,000 ကို ဆယ်ယောက်တိတိ ပေးအပ်သွားပါမည်။
(၅) "မီးစက်" စကားလုံးနည်းတူ "ဆက်" နာမည်စာလုံးပါဝင်သည့်နာမည်ပိုင်ရှင်များလည်း ဝင်ရောက်ကံစမ်းနိုင်ပါသည်။
(၆) ပါဝင်ကံစမ်းခွင့်အား ၂၀၂၃၊မေလ၊၁၁ရက်နေ့မှ မေလ၊၂၁ရက် ည(၁၂)နာရီအချိန်အတွင်း သတ်မှတ်ထားပါသည်။

မှတ်ချက်။ ။ အငြင်းပွားဖွယ်တစ်စုံတစ်ရာများရှိခဲ့သော် AAA KENBO YGN ကုမ္ပဏီ၏ဆုံးဖြတ်ချက်များသာလျှင်အတည်ဖြစ်သည်။

#မီးစက် #ဓာတ်ဆီမီးစက် #ဒီဇယ်မီးစက်

AAA KENBO YGN လယ်ယာသုံးစက်ပစ္စည်းအမျိုးမျိုး ရရှိနိုင်ပါသည်။

10/05/2023

နာမည်မှာ ဘာပါရင် ညာပါရင် လက်ဆောင်တွေပေးနေကြတော့ 😊

ကလည်း အခုတစ်ခါ ရိုးရိုး #၇ကောင်ခွဲအင်ဂျင်အလွတ်တစ်လုံးပေးဖို့ ရှိတယ်ဗျာ 👀🔥

အများကြီးလုပ်ပေးစရာမလိုဘူးနော် ညီအစ်ကိုတို့ ✌️

ကိုယ့်ရဲ့နာမည်အရှေ့အလယ်အနောက် ဘယ်နေရာမှာဘယ်လိုပဲပါပါ "ကန်ဘို" ပါတာနဲ့ ဝင်ရောက်ကံစမ်းလို့ရမှာဖြစ်ပါတယ် ✅

စည်းမျဉ်းစည်းကမ်းချက်များအနေဖြင့်
=============================
(၁) ဒီအစီအစဉ်မှာပါဝင်လိုသူများအနေဖြင့် AAA Kenbo YGN Page ကို Like & Share လုပ်ထားပေးရမှာဖြစ်ပါတယ်။
(၂) တစ်ဦးထက်ပိုသောသူများရှိလျှင် မဲနှိုက်ရွေးချယ်သွားမည်ဖြစ်ပါသည်။
(၃) မဲ‌ပေါက်သွားသောကံထူရှင်အနေဖြင့် ဆုမဲကို မိမိမှတ်ပုံတင်နှင့်အတူ လာရောက်ထုတ်ယူပေးရပါမည်။
(၄) ကန်ဘိုနာမည်ပါဝင်ပြီး ဆုမဲမပေါက်သောသူများကိုလည်း A.A.A Kenbo မှ အထူးနှစ်သိမ့်ဆုများဖြစ်သည့် Phone Bill 10,000 ကို ဆယ်ယောက်တိတိ ပေးအပ်သွားပါမည်။
(၅) "ကန်ဘို" စကားလုံးနည်းတူ "ကံ" ၊ "ဗိုလ်" စသည့်အသံထွက်တူနာမည်ပိုင်ရှင်များလည်း ဝင်ရောက်ကံစမ်းနိုင်ပါသည်။
(၆) ပါဝင်ကံစမ်းခွင့်အား ၂၀၂၃၊မေလ၊၁၀ရက်နေ့မှ မေလ၊၂၀ရက် ည(၁၂)နာရီအချိန်အတွင်း သတ်မှတ်ထားပါသည်။
(၇) အငြင်းပွားဖွယ်တစ်စုံတစ်ရာများရှိခဲ့သော် A.A.A Kenbo ကုမ္ပဏီ၏ဆုံးဖြတ်ချက်များသာလျှင်အတည်ဖြစ်သည်။

#ကန်ဘို #အင်ဂျင် #လယ်ယာသုံး #ပဲ့ထောင် #ဒိုင်နမို

03/05/2023

☸️ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့၏ အထွဍ်အမြတ်ထားရာ ကဆုန်လပြည့်နေ့ ညောင်‌ရေသွန်းလောင်းပွဲတော်တွင် ကမ္ဘာသူကမ္ဘာသားများအားလုံး ငြိမ်းချမ်းခြင်း၊ကျန်းမာချမ်းသာခြင်း၊ဘေးအန္တရာယ်အမျိုးမျိုးမှကင်းဝေးခြင်းများနှင့် ကုသိုလ်ဒါနများဆထက်သပိုးပြုလုပ်နိုင်ကြပါစေကြောင်း AAA Kenbo မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ။ 🙏

#ကဆုန်လပြည့်နေ့

01/05/2023

ယနေ့ မေလ(၁)ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့တွင် ကာယခွန်အား၊ ဉာဏခွန်အားများဖြင့် ထမ်းဆောင်သယ်ပိုးနေသူများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး ဘေးအန္တရာယ်အမျိုးမျိုးမှကင်းဝေးကြပါစေကြောင်း AAA Kenbo မိသားစု မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 🙏

25/04/2023

🎶 ရင်ခုန်သံတွေ နီးစပ်ပါရစေ အချစ်ရေ....
ဒီကံကြမ္မာအမှောင်တွေကို ကြောက်ရွံ့နေဆဲ 😟

အလင်းရောင် သန်ခေါင်ညနက်ထဲ ကြယ်စင်များလည်း အိပ်စက် အလင်းရောင် အလင်းရောင် 🎶

ကြယ်စင်တွေသာအိပ်စက်နေတာ
ဒီမှာက ပူလောင်နေတဲ့ ရာသီဥတု ကို မီးပျက်လို့စိတ်ညစ်ဒေါသထွက်တဲ့ခံစားချက်တွေပါ ပေါင်းထည့်လိုက်တော့ ပေါက်ကွဲရပြီ 🤯😕

ဒါက အရင်လတွေတုန်းကဖြစ်တာကို ပြန်ပြောပြတာ
အခုကတော့ မင်းလေးပေးတဲ့ အလင်းရောင်ကြောင့် 🧡

💁‍♂️ မင်းလေးက ဘယ်သူလဲဆို မီးစက်

🌃 ညဖက်လည်းမလာ နေ့ဖက်လည်းမရ
အချိန်တိုင်းလိုလိုမီးပျက်နေတော့ အိမ်အလုပ်တွေအကုန်နောက်ကျခဲ့ရဝာာ လက်ရှိတော့
🏡 အိမ်မှာပဲမောင်းမောင်း
🏪ဆိုင်အတွက် သုံးသုံး #ကန်တို KT 10,000E က ကိုယ်သုံးချင်တဲ့အပေါ်မူတည်ပြီး အဆင်ပြေမှပြေပဲ

🇹🇭 ကွာလတီ‌အကောင်းဆုံးနဲ့ ပြည်တွင်းထဲမှာလည်း ပစ္စည်းရှိရင်ရှိသလို အဝယ်လိုက်နေတဲ့ #ဓာတ်ဆီသုံးမီးစက် တစ်ခုပေါ့ 🧡

အာမခံအရည်အသွေးနဲ့ ဆီစားသက်သာတာကြောင့်လည်း လူသုံးအများဆုံးအမှတ်တံဆိပ်တစ်ခုဖြစ်နေတာပါ ☑️

🛒မှာယူချင်တယ်ဆိုရင်တော့ - m.me/AAAKenbo
🏠 ရန်ကုန်မြို့ ဘုရင့်နောင် အရောင်းပြခန်း

အမှတ်(30/31/32/33)စံပယ်လမ်း- သီရိမွန်ပလာဇာ၊ ဘုရင့်နောင်-မရမ်းကုန်မြို့နယ်-ရန်ကုန်မြို့

📱ဆက်သွယ်ရန် -
09 77 88 47 122
09 78 55 84 256
09 780 79 59 02
013 29 73 41

#မီးစက် #ဓာတ်ဆီမီးစက်

21/04/2023

Happy Eid Mubarak

ယနေ့မှာကျရောက်တဲ့ အစ္စလာမ်ဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာနေ့ထူးနေ့မြတ်ကစလို့ အစ္စလာမ်ဘာသာဝင်များအားလုံး အလ္လာရှင်မြတ်ရဲ့ ကောင်းချီးကိုရရှိပိုင်ဆိုင်နိုင်ကြပြီး အခြားသော ဘာသာဝင်များအပေါ်လည်း ကျန်းမာခြင်း၊ ချမ်းသာခြင်း သယ်ဆောင်လာနိုင်ကြပါစေလို့AAA မီသားစု မှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

21/04/2023

ရာသီဥတုကပူ‼️မီးကလည်းပျက်‼️
မင်းသားကြီး ကျော်ဟိန်း ပြောသလို "ဘာမှကို လုပ်လို့မရတော့ဘူး ဘာမှကို လုပ်မရတော့ဘူးကွာ" ဖြစ်နေပြီ‼️

အယ် ... နေပါအုန်း ဒါကဘာပါလိမ့် 😳
အယ် ... စတန်းဖို့ဒ် ဆိုပါလား
အယ် ... အယ်

ခဏလေး ဆုံးအောင်ဖတ်ကြည့်ပါအုန်းမယ်

ဘာ.........အသံတိတ်တယ် ဆီစားသက်သာတယ်ဆိုပဲ

ATS System ပါတဲ့အတွက် မီးပျက်တာနဲ့ မီးလိုင်းတန်းချိန်းပေးတယ် 😀 ဟုတ်တော့ဟုတ်နေပြီဟ‼️

ဒီဇယ်မီးစက်ဆိုတော့ လူသုံးနည်းပေမယ့် #စပါယ်ယာ လည်း အကုန်ရှိသေးတယ်

အိမ်တွေ၊ဆိုင်တွေ၊ရုံးတွေ သုံးမယ်ဆိုလည်း အေးအေးဆေးဆေးပဲတဲ့...

ဟုတ်ပြီ ဒါဆိုရင် ဒီမီးစက်ဝယ်ပြီး ငါ့ရဲ့မပြီးပြတ်နိုင်သေးတဲ့ အလုပ်အကြွေးတွေကို ပျော်ပျော်ကြီးဆပ်လိုက်တော့မယ် 🥰
🏠 ရန်ကုန်မြို့ ဘုရင့်နောင် အရောင်းပြခန်း

အမှတ်(30/31/32/33)စံပယ်လမ်း- သီရိမွန်ပလာဇာ၊ ဘုရင့်နောင်-မရမ်းကုန်မြို့နယ်-ရန်ကုန်မြို့

📱ဆက်သွယ်ရန် -
09 25 73 000 50
09 42 53 70007
09 79 26 81 599

#မီးစက် #ဒီဇယ်မီးစက်

18/04/2023

👵"ဒါက ဘယ်သွားအုန်းမလို့တုန်း တော်ရေ..."

👨"ရေသွားချူမလို့ပါဟာ ခါတိုင်းလည်းဒီအချိန်ဆို ရေချူနေကြ"

👵"ချူစရာမလိုတော့ဘူး ဖေကြီးရေ...ရေစက်ခလုတ်သာဖွင့်လိုက်"

👨"ဟာ သိသိရက်နဲ့ အပိုတွေပြောမနေပါနဲ့ဟာ ရေကိုရတုန်းတင်ရပါမယ်ဆိုမှပဲ"

👵"ဖွင့်သာဖွင့်လိုက်ပါ တော်တို့အခုတပ်ထားတဲ့ ရေပန့်နာမည်ကိုလည်း နဲနဲအားနာအုန်း

တဲ့လေ ရေစုပ်ယူအားကောင်းပြီး ရေလှောင်ကန်ထဲ ရေသွင်းကိုမြန်လို့ 💦 အခုလည်းကြည့် ရေစက်ဖွင့်လိုက်တာ ရေစီးက်ိုသန်ရော"

👨"အေး ဟုတ်သား ငါလည်းအရင်ရေစက်တုန်းက ရေခဏခဏချူနေရတာနဲ့ အကျင့်လိုဖြစ်နေတယ်

သူကရေစီးသန်တာဟုတ်ပါပြီ‼️နင့်က ဒါကို ဘယ်မှာတွေ့လို့ ဘယ်တုန်းကဝယ်လိုက်တာလဲ"

👵"အော် ဒါများဖေကြီးရယ်... ဖေ့ဘုတ်မှာ AAA Kenbo က ရေစက်၊မီးစက်နဲ့လယ်ယာစက်အမျိုးမျိုးရောင်းနေတယ်ဆိုလို့ ဝယ်ချပလိုက်တာ

တော်တို့လို နယ်ဝေးလည်း အမြန်ပို့ပေးတော့ ပိုပြီးအဆင်ပြေတာပေါ့"

👨"ဒါဆို တော်တော်လေးစိတ်ချရတာပဲ
နောက်တစ်ခါ ငါလည်း လယ်ထဲမှာ အင်ဂျင်လိုနေတာ သူတို့ဆီက မှာအုန်းမှ"

👵"သဘောပါအေ ကျုပ်ကတော့ဒီနွေပူပူမှာ ရေမရှိရင်မဖြစ်လို့ စောစောသာဝယ်ထားလိုက်တယ်"

👨"အေး ငါလည်း အင်ဂျင်ဝယ်ဖို့ ကြိုပြီးစုံစမ်းထားအုန်းမယ်" 😁

🚚 မြန်မာတစ်နိုင်ငံလုံးသို့လည်း ဖြန့်ချီရောင်းချလျှက်ရှိပြီး နယ်ဝေးများသိုလည်း ကားဂိတ်အရောက်ပို့ဆောင်ပေးနေပါတယ် 🚚
🏠 ရန်ကုန်မြို့ ဘုရင့်နောင် အရောင်းပြခန်း

အမှတ်(30/31/32/33)စံပယ်လမ်း- သီရိမွန်ပလာဇာ၊ ဘုရင့်နောင်-မရမ်းကုန်မြို့နယ်-ရန်ကုန်မြို့

📱ဆက်သွယ်ရန် -
09 25 73 000 50
09 42 53 70007
09 79 26 81 599


#ရေပန့်
#ရေမော်တာ
#အာမခံ

17/04/2023

🙏🏼နှစ်သစ်ကူးဆုမွန်ကောင်း🙏🏼

မြန်မာ့နှစ်သစ်ကူး အခါသယမ သင်္ကြန်ကာလမှာ မြန်မာပြည်သူပြည်သားများအားလုံး

✨ဘေးဘယာတွေဘေးကွာကြပါစေ

✨ကိုယ်စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ

✨လာဘ်လာဘတွေ တိုးပွါးကြပါစေ လို့ “AAA Kenbo” မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ် ခင်ဗျာ ❤️

#မြန်မာ့နှစ်သစ်ကူး #သင်္ကြန်

15/04/2023

အင်ဂျင်လောက သူရှိနေရင်ကို တင့်တောင်းတင့်တယ်ဖြစ်နေပြီ ❤️

သူဆိုလို့ အင်ဂျင်ဆိုင်က အရောင်းကောင်မလေး‌တွေ မဟုတ်ဘူးနော် ကိုယ့်လူတို့ 😁

အရောင်းကောင်မလေးတွေကိုယ်တိုင် သေချာရှင်းပြပြီးရောင်းချပေးမယ့် 🇯🇵 #ဂျပန်စတန်းဒက် #ကန်ဘို အင်ဂျင်တွေကိုပြောတာပါဗျ 💯

⚙️ ကန်ဘို တစ်လုံးသာ လက်ထဲမှာ ရှိနေလိုက်

🚩ကပ်ပန့်ပူလီပန့်တို့နဲ့တွဲပြီး💧ရေစုပ်စက်လုပ်လို့ရ

🚩 ဓားလက်၊မြေဖွခေါင်းတွေနဲ့တွဲပြီး မြက်ရိတ်မယ် မြေဖွမယ် 🍃

🚩SPS ပဲ့ထောင်တပ်ပြီး ရှက်တန်းမောင်းအုန်းမလား 🚤

🚩ဒိုင်နမိုတွဲ မီးစက်လုပ်ပြီး တစ်နိုင်မီးထွန်း💡ဂဟေဆော်လည်း အဆင်ပြေတယ် 👨‍🏭

ဒါကြောင့်လည်း ခုနကပြောသလို #ကန်ဘို အင်ဂျင်ကောင်းကောင်းတစ်လုံးရှိနေရင်ကို တခြားသူထက် အဆဆအရာရာသာလွန်နေရတာပေါ့ 😎

ဘာနဲ့တွဲသုံးသုံး အဆင်ပြေအိုခေမယ့် #ကန်ဘိုအင်ဂျင် ❤️

📬မှာယူမေးမြန်းရန် - m.me/AAAKenbo
🏠ရန်ကုန်မြို့ ဘုရင့်နောင်အရောင်းပြခန်း။

အမှတ်(30/31/32/33)စံပယ်လမ်း- သီရိမွန်ပလာဇာ
ဘုရင့်နောင်-မရမ်းကုန်မြို့နယ်-ရန်ကုန်မြို့

ဆက်သွယ်ရန်
Ph -09-42 53 70007
09-25 73000 50
09-79 26 81 599

#အပိုပစ္စည်း #ကန်ဘိုအင်ဂျင်

14/04/2023

ရေမရတဲ့ပြဿနာ ဘယ်သူသိမှာလဲ❓
ရေချူရတဲ့ပြဿနာ ဘယ်သူသိမှာလဲ❓
ရေလာမယ်ထင်ပြီး ရေစက်ဖွင့်ထားတာ ကြာတော့ ရေမော်တာလောင်သွားတာ ဘယ်သူသိမှာလဲ❓

လဲ လဲ လဲ တွေကြား အချိန်လည်းအကုန်မခံနဲ့ ....ဦးနှောက်လည်း‌အခြောက်မခံနဲ့ ✋

အရည်အသွေးမြင့်မားပြီး သုံးစွဲသူတိုင်းရဲ့အချစ်တော်တစ်ယောက်လိုဖြစ်နေတဲ့ မော်တာပန့်ကိုသာ သုံးလိုက်ပါ 💙

⬆️ တွန်းတင်အားကောင်းလွန်းတာကြောင့် တိုက်အမြင့်ဘယ်လောက်ရှိရှိ ရေစီးအား‌ကောင်းကောင်းနဲ့ ကိုယ့်အိမ်ကိုယ့်ရေကန်ထဲကို အချိန်တိုအတွင်းအရောက်ပို့ပေးလိုက်မယ့် မော်တာရေပန့်တွေဖြစ်ပါတယ် 💯

📀 ကြေးကွိုင် သတ္ထုကိုယ်ထည်ဖြစ်လို့ အကြမ်းမခံမှာစိုးရိမ်စရာမလိုဘဲ ရေရှည်အသုံးခံတာကြောင့် ကြမ်းကြမ်းရမ်းရမ်းသုံးချင်သူတွေအတွက်လည်း ကွက်တိမှကွက်တိပါပဲခင်ဗျာ 😎

🚚 မြန်မာတစ်နိုင်ငံလုံးသို့လည်း ဖြန့်ချီရောင်းချလျှက်ရှိပြီး နယ်ဝေးများသိုလည်း ကားဂိတ်အရောက်ပို့ဆောင်ပေးနေပါတယ် 🚚
🏠 ရန်ကုန်မြို့ ဘုရင့်နောင် အရောင်းပြခန်း

အမှတ်(30/31/32/33)စံပယ်လမ်း- သီရိမွန်ပလာဇာ၊ ဘုရင့်နောင်-မရမ်းကုန်မြို့နယ်-ရန်ကုန်မြို့

📱ဆက်သွယ်ရန် -
09 25 73 000 50
09 42 53 70007
09 79 26 81 599


#ရေပန့်
#ရေမော်တာ
#အာမခံ

12/04/2023

💦 မီးလာတဲ့အချိန်ခဏလေး ရေတင်မယ်လုပ်တာ

🏬 တိုက်အမြင့်ကို ရေမလိုက်လို့လား
⚙️ ရေစက်ပဲ လောင်သွားတာလား ဘာမှန်းမသိ စိတ်ဆင်းရဲရတာကြီးပဲ

ဒါကြောင့် ပိုက်ဆရာခေါ်ပြီး အသစ်တစ်ခုဝယ်ဖို့ အကြံ‌ညဏ်တောင်းကြည့်တော့ သုံးကြည့်ပြောတယ်

သူက ခေသူတစ်ယောက်တော့ မဟုတ်ဘူး ကိုယ့်လူရေ…ရေပိုက်ဆရာတို့ရဲ့ လက်ရုံးတော်ဆိုပဲ 👐

⏺️ ရေစုပ်ယူအားကြမ်းသလို
⏫ တိုက်အပေါ်တွေ တွန်းတင်အမြင့်အားကောင်းကောင်းနဲ့ ရေကန်ထဲအရောက်ပို့ပေးမှာဆိုတော့ ဘာလိုသေးလဲဗျာ 😉

🪙ကြေးကွိုင်သုံးထားပြီး အာမခံအရည်အသွေးကွာလတီနဲ့ ပိုက်ဆရာတွေအားလုံးအကြိုက်ဖြစ်နေတဲ့ ကို သုံးဖို့ အဆင်သင့်ပဲလား❓

🚚 မြန်မာတစ်နိုင်ငံလုံးသို့လည်း ဖြန့်ချီရောင်းချလျှက်ရှိပြီး နယ်ဝေးများသိုလည်း ကားဂိတ်အရောက်ပို့ဆောင်ပေးနေပါတယ် 🚚
🏠 ရန်ကုန်မြို့ ဘုရင့်နောင် အရောင်းပြခန်း

အမှတ်(30/31/32/33)စံပယ်လမ်း- သီရိမွန်ပလာဇာ၊ ဘုရင့်နောင်-မရမ်းကုန်မြို့နယ်-ရန်ကုန်မြို့

📱ဆက်သွယ်ရန် -
09 25 73 000 50
09 42 53 70007
09 79 26 81 599


#ရေပန့်
#ရေမော်တာ
#အာမခံ

Photos from AAA KENBO YGN's post 03/04/2023

အင်ဂျင်တွေပျက်ရင် မပြင်ကြဘဲ ပစ်ထားကြတာဘာလို့လဲ ⁉️

အရာခပ်သိမ်းဟာ ပြုပြင်လိုက်ရင် ပြန်ကောင်းသွားနိုင်တာချည်းပါပဲ ✅

💢အပိုပစ္စည်းရှားတာကတစ်ကြောင်း
💢ပြင်လည်းအဆင်မပြေတာကတစ်ကြောင်းနဲ့ အကြောင်းအမျိုးမျိုးတွေပြပြီး ပစ်ထားလိုက်ကြတာများ အင်ဂျင်ကြီးက ဖုန်တွေတက် ဂျောင်ထဲထိုးထားရရော 😟

ဒီလိုအဖြစ်မျိုး #ကန်ဘို ဝယ်ပြီးရင်တော့ မလုပ်မိစေနဲ့ 🚫

ကျွန်တော်တို့ မှာ အင်ဂျင်အတွက် အပိုပစ္စည်းတွေ လုံးဝမရှားဘဲ ကိုက်ညီတဲ့အပိုပစ္စည်းအားလုံး ရနိုင်ပါတယ် ✨

❔ဆီတိုင်ကီပေါက်လို့ လဲမလား၊
❔ဘလောက်အိုး၊ ကာဗရိုက်တာ၊ ဟတ်ဘား၊ ရိန်းစုံတွေလဲဖို့ လိုနေလား

ဘာပဲလိုလို မှာ အကုန်ရတယ်ဗျာ 🤩

⚙️ စက်ပစ္စည်းတွေဆိုတာ ပျက်အစဉ် ပြင်ခဏပဲမို့ စပါယ်ယာပေါတဲ့ ကန်ဘိုအင်ဂျင်သုံးပြီး စပါယ်ယာတွေဝယ်ထည့် ပြင်ဆင်သုံးရင်း ငွေချွေတာလိုက်ကြပါ အမျိုးတို့ရေ…📣

📬 မှာယူမေးမြန်းရန် - m.me/AAAKenbo
🏠 ရန်ကုန်မြို့ ဘုရင့်နောင်အရောင်းပြခန်း။

အမှတ်(30/31/32/33)စံပယ်လမ်း- သီရိမွန်ပလာဇာ
ဘုရင့်နောင်-မရမ်းကုန်မြို့နယ်-ရန်ကုန်မြို့

☎️ ဆက်သွယ်ရန် Ph -09-42 53 70007
09-25 73000 50
09-79 26 81 599

#ပဲ့ထောင် #အင်ဂျင် #အပိုပစ္စည်း

31/03/2023

ဘာနဲ့တွဲသုံးသုံး အဆင်ပြေအိုခေမယ့် #ကန်ဘိုအင်ဂျင် ❤️

💧ရေစုပ်စက်၊ နဲ့ 🍃မြတ်ရိတ်စက် လိုနေတယ်
နှစ်ခုလုံးတစ်ခါထဲဝယ်လိုက်ဖို့ကလည်း ငွေထပ်မသုံးချင်တော့ဘူးဆိုရင်…

ဘာလုပ်ကြမလဲ ညီကိုတို့⁉️

ဘာမှမလုပ်နဲ့ #ကန်ဘိုအင်ဂျင် သာ ကောက်ဝယ်ချပစ်လိုက် 💯

ပြီးရင် ကပ်ပန့်၊ မြတ်ရိတ်စက်ဆင်မယ့်ဟာတွေဝယ်
#ကန်ဘိုအင်ဂျင် နဲ့ ဆင်

✅ရေအသွင်းအထုတ်လုပ်ချင်ရင် #ကပ်ပန့်တွဲ+ #အင်ဂျင် #ရေစုပ်စက်လေးရမယ်
✅မြက်ရိတ်၊‌ကိုင်းဖြတ်၊မြေဖွမယ်ဆို #မြက်ရိတ်စက်တစ်လုံးနဲ့ပြီးမယ်

ဒါတင်ပဲလားဆို မဟုတ်သေးပြန်ဘူး 😐

⚙️ #ကန်ဘိုအင်ဂျင် ကို ရှက်တန်းနဲ့ပေါင်းပြီး ပဲ့ထောင်လုပ်လို့ရသေးတယ် နွေပူပူမှာ မြစ်၊ချောင်းထဲ ⛵️လှေကလေးလွှင့်ချင်ရင်တော့ဖြင့် ဒီလိုဆင်ပြီးသာ ပဲ့ထောင်လုပ်ပစ်ဗျာ ✅

💡မီးစက်အဖြစ် သုံးချင်တယ်ဆိုလည်း ရသေးသဗျ

ဒိုင်နမိုနဲ့ အင်ဂျင်တွဲပြီး ဂဟေဆော်၊ မီးထွန်း စိတ်ကြိုက်သာ သုံးလိုက် ✅

ဘယ်ဟာနဲ့တွဲသုံးသုံး ရုန်းအားနဲ့ စွမ်းဆောင်ရည်ကတော့ နည်းနည်းမှကို မလျော့ဘူးနော်

💯ရာနှုန်းပြည့်ကို ရုန်းပေးတာ ကန်ဘိုပါ❗️

📬မှာယူမေးမြန်းရန် - m.me/AAAKenbo
🏠ရန်ကုန်မြို့ ဘုရင့်နောင်အရောင်းပြခန်း။

အမှတ်(30/31/32/33)စံပယ်လမ်း- သီရိမွန်ပလာဇာ
ဘုရင့်နောင်-မရမ်းကုန်မြို့နယ်-ရန်ကုန်မြို့

ဆက်သွယ်ရန်
Ph -09-42 53 70007
09-25 73000 50
09-79 26 81 599

#အပိုပစ္စည်း #ကန်ဘိုအင်ဂျင်

Want your business to be the top-listed Engineering Company in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

A.A.A Kenbo ( #ThankYouKenbo )

Category

Telephone

Website

Address


Sabai Street
Yangon
11062

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30
Other Machine Shops in Yangon (show all)
Yuchai Engine Myanmar Yuchai Engine Myanmar
No(22)၊ Malikha Street၊ (Near BOC Surrounded ) , Hlaing Thar Ya Township၊ Yangon City. Yangon
Yangon, 11401

Mytel WI-FI Yangon Mytel WI-FI Yangon
Yangon

Electric

Zay Lin Htet Agriculture Zay Lin Htet Agriculture
Yangon

Zay lin htet agriculture

Macros Air Compressor Sales & Service Center Macros Air Compressor Sales & Service Center
Bldg L, Rm 38/39, Thiri Yadanar Retail/Wholesale Market, North Okkalapa
Yangon, 11071

Macros Co., Ltd. is an Air Compressor Dealer in Myanmar and can also provide dedicated service to any kind of air compressor.

Naylintun Machine Shop Naylintun Machine Shop
Naylintun & Feathers Machine Shop, Shin Thi Dat Street 10
Yangon

အိတ်ပိတ်စက် အမျိုးမျိုး လက်လီ လက်ကား

Toshiba Aircon service Ko Naing Linn Toshiba Aircon service Ko Naing Linn
Southsokkalapa Township
Yangon

Aircon service

Packing Machine Sales & Services Myanmar Packing Machine Sales & Services Myanmar
Yadana Road, Thingangyun
Yangon, 11091

We are providing one stop mechanical sales, services and spare part and site surveys

Myo အဝတ်လျှော်စက် second ရောင်းဝယ်ရေး Myo အဝတ်လျှော်စက် second ရောင်းဝယ်ရေး
အမှတ်၈၄အောင်မင်္ဂလာလမ်းတာမွေ
Yangon

Htun ဆောက်လုပ်ရေးစက်ပစ္စည်းကိရိယာများအရောင်းဆိုင်-Yangon Htun ဆောက်လုပ်ရေးစက်ပစ္စည်းကိရိယာများအရောင်းဆိုင်-Yangon
Yangon, 11191

Quality မြင့်မြင့်၊Brand ကောင်းကောင်းနှင့်အာမခံပါသောစက်ပစ္စည်းကိရိယာများကို Htun တွင်ရှာဖွေလိုက်ပါ။

Weldro Lathe Machine Weldro Lathe Machine
အမှတ် C 87/ကျောက်ပုထိုးလမ်းမ/စက်မှုဇုံ ၃/တောင်ဒဂုံ
Yangon

တွင်ခုံ နှင့် စက်ပစ္စည်း ရောင်း၀ယ်ရေး

Cleanse Electrolyzed Water Sanitizer & Disinfactant Cleanse Electrolyzed Water Sanitizer & Disinfactant
Yangon, 0000

KFH Machinery Co.,Ltd.