Le nostre notizie

Le nostre notizie

You may also like

Hyssop.line
Hyssop.line

Online အပင်ဆိုင်

Photos from Mon Mon's Plant Shop's post 16/11/2021

𝗢𝘅𝗮𝗹𝗶𝘀 𝗕𝘂𝘁𝘁𝗲𝗿𝗳𝗹𝘆 𝗣𝗹𝗮𝗻𝘁 🦋🌱🪴

သိပ်လှတဲ့ လိပ်ပြာလေးတွေ ❤️

𝖯𝗁𝗈𝗍𝗈𝗌 : 𝖨𝗇𝗌𝗍𝖺𝗀𝗋𝖺𝗆
𝖠𝗅𝗅 𝗉𝗁𝗈𝗍𝗈 𝖼𝗋𝖾𝖽𝗂𝗍 𝗀𝗈𝖾𝗌 𝗍𝗈 𝗈𝗋𝗂𝗀𝗂𝗇𝖺𝗅 𝗎𝗉𝗅𝗈𝖺𝖽𝖾𝗋.

Photos from 𝐇𝐢𝐤𝐨's post 30/10/2021

ဘားအံဒေသမှာပေါက်တဲ့ ကျောက်ခတ်ပန်းတဲ့
လှလိုက်တာ

Photos from Mon Mon's Plant Shop's post 01/10/2021

အိမ်ထဲမှာတင် Tropical Vibe လေးရဖို့ ရေချိုးခန်းထဲထားလို့ရတဲ့ အပင်လေးတွေပါ 🌱🪴

Indoor Plant တွေကို ဧည့်ခန်း၊ အိပ်ခန်း တွေမှာတင်မဟုတ်ပဲ ရေချိုးခန်းမှာလည်း ဒီလိုလေးတွေစိုက်ရင်လှပါတယ်လို့ 🌿🌱🪴🍀

Photos from Htwet Toe - ထြက္တိုး's post 12/09/2021

ကိုယ်တိုင် သဘာဝမြေဩဇာပြုလုပ်နည်း အကြောင်းပါ

ပုံလေးတွေအောက်မှာအသေးစိတ်ပါပါတယ်

အပင်ချစ်သူများအတွက် ပြန်လည်မျှဝေခြင်းပါရှင်

Photos from Mon Mon's Plant Shop's post 05/09/2021

ပိန်းပန်း စိုက်ပျိုးနည်း
===============

ပိန်းပန်းစိုက်ပျိုးနည်း
မေးမြန်းထားသူများအတွက်ပါခင်ဗျာ။
~ Anthurium

- မြန်မာနိုင်ငံတွင်ပိန်းပန်းကို ဒေသမျိုး ၊
တရုတ် နဲ့ ယိုဒယားပိန်းပင်များ
အများဆုံးစိုက်ပျိုးကြပါတယ်ခင်ဗျာ ...

- ပိန်းပင်ဟာ တိုက်ရိုက်နေအလင်းရောင်ကို
လုံးဝမကြိုက်ပါဘူး ..အပင်ကြီးများအောက်
အိမ်တံဆက်မိတ်အောက် တို့တွင်သာ
ထားသင့်ပါတယ် ...

- ဒါမှမဟုတ် စိုက်ပျိုးရေးသုံး အစိမ်းစဇကာ
( ပိုက်စိမ်းစ ) အုပ်မိုးပြီးစိုက်ပျိုးရင်လဲ
အဆင်ပြေပါတယ်ခင်ဗျာ ...

- တိုက်ရိုက် အလင်းရောင်ထိတဲ့အပင်များဟာ အရွက်များဝါကျပြီး သေဆုံးတတ်ပါတယ် ... အရွက်ကြွေရာမှာ နှင်းကြောင့်လဲ ကြွေပါတယ် ...

- အထူးသဖြင့် မလေးရှားမျိုး နဂါးမောက်ပိန်း ( သို )ဇွန်းခွက်ပိန်းများဟာ နှင်းများတာနဲ့အမျှ အရွက်များကြွေကျကုန်ပါတယ် ...

- ဒါပေမယ့် အပင်ကတော့ သေဆုံးခြင်းမရှိပါ ... အရွက်များပြန်ထွက်ရန် အချိန်ယူရပါတယ်

- ပိန်းပင်များဟာပန်းပွင့်ရန်အတွက်
ရက်ပေါင်း ( ၄၀ / ၄၅ ) ရက်လောက်
အချိန်ယူရပါတယ် .အေးတဲ့ရာသီဥတုမှာ
အပွင့်သေးပြီး ရိုးတံတိုပါတယ် ....

- ရေကိုကြိုက်နှစ်သက်မှုမှာတော့
ဒေသမျိုးနဲ့ တရုတ် ၊ ယိုဒယား မျိုး
ပိန်းပင်များဟာ ကွဲပြားခြားနားပါတယ် ...

- ဒေသမျိုးဟာ ရေကိုနေ့စဉ်ဖြန်းပေးလို့
ရပါတယ် ..တရုတ် ၊ ယိုးဒယာမျိုးများကတော့ အောက်ခံမြေကြီး ၊ ပွားစာ ၊ ခြောက်ခါနီးမှ
တစ်ခါလောင်းရင် ရပါပြီ ...

- အဓိက ကတော့ ရေဆင်းကောင်းဖို့ဖြစ်ပါတယ် အပူချိန်အနေနဲ့ ( 60F နှင့် 90F ) ကြားဟာ အကောင်းဆုံးဖြစ်ပါတယ် ...

- ပိန်းပန်းကို မီးသွေးစ ၊ အုန်းဆံခွံ ၊ အုတ်ခဲကျိုး ၊ မြေကြီးအနဲငယ်နဲ့. အိုးများအတွင်းစိုက်ပျိုးနိုင်ပါတယ် ... မြေကြီးပေါ်မှာလဲ စိုက်ပျိုးနိုင်ပါတယ် ...

- မြေသြဇာအနေနဲ့ ( နိုက်ထရိုဂျင် ) ပါဝင်တဲ့ လက်ဖက်ခြောက်ဖတ်များ ၊ ကြက်ဥခွံများဟာ သဘာဝမြေသြဇာတွေပဲ ဖြစ်ပါတယ်ခင်ဗျာ .....

- ပိန်းပန်းစိုက်ပျိုးသူများ ( Group ) မှ
ထုတ်နုတ်တင်ပြပါသည် .....

Credit : တော်ဝင်ပန်း မြေယာရှုခင်း

ပြန်လည်ကူးယူမျှဝေခြင်းဖြစ်ပါသည်

04/09/2021

အိမ်တွင်းစိုက် အပင်တွေဟာ လေထုကို သန့်စင်ပေးပြီး
အောက်ဆီဂျင်ပြန်ထုတ်ပေးတဲ့အတွက် လူသားအကျိုးပြု ပေးကြပါတယ်။

“သင့်အိမ်တွင်းနဲ့ အိပ်ခန်းထဲမှာ ထားသင့်တဲ့
အပင်လေးတွေ”

"အိမ်တွင်းစိုက်ပျိုး၍ အကောင်းဆုံးအပင်များ"

တစ်ချို့ကတော့ အပင်လေးတွေကို အိမ်တွင်းအလှဆင်ရုံ
သက်သက်စိုက်ကြပါတယ်။ ဒါပေမဲ့ ဒီအပင်လေးတွေဟာ
အိမ်ခန်းများကို စိမ်းစိမ်းစိုစိုနဲ့ လှပရုံတင်မကဘူး
လေကိုပါသန့်စင်စေပါတယ်။
အပင်လေးတွေကိုဂရုစိုက်ရင်းနဲ့ စိတ်ဖိစီးမှုတွေကို
လျော့ကျစေနိုင်ပါတယ်။

၂၀၀၈ ခုနှစ်က ဒတ်ခ်ျသုတေသနသမားတွေရဲ့
လေ့လာချက်အရ အခန်းတွင်း အပင်ရှိတဲ့ ဆေးရုံက
လူနာတွေဟာ မရှိတဲ့လူနာတွေထက် စိတ်ဖိစီးမှု
လျော့နည်းကြောင်းတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။

ဒါကြောင့် အိမ်တွင်းစိုက်ပျိုးလို့ကောင်းတဲ့ ပန်းပင် အချို့ကို
တင်ပြလိုက်ပါတယ်။ လွယ်လွယ်ကူကူ စိုက်ပျိုးလို့ရပြီး
အောက်ဆီဂျင်ကိုမြင့်မားစေတဲ့ အပင်မျိုးတွေ ဖြစ်ပါတယ်။

ဒီထဲမှာပါတဲ့ တစ်ချို့အပင်တွေကို
နာဆာ သိပ္ပံပညာရှင်တွေက လေထုအသန့်စင်ဆုံး
အိမ်တွင်းစိုက်ပျိုးပင်တွေအဖြစ် သတ်မှတ်ထားပါတယ်။

"ရှားစောင်းလက်ပတ်"
============
- ရှားစောင်းရဲ့အနှစ်ဟာ ဆေးဖက်ဝင်တာကို အားလုံး
သိပြီးသားပါ။
- အခန်းတွင်း ဓာတုပစ္စည်းတွေကထွက်တဲ့
မသန့်ရှင်းတဲ့လေကို သူက ဖယ်ရှားပေးနိုင်ပါတယ်။
- အန္တရယ်ရှိတဲ့ ဓာတုပစ္စည်းထဲက လေတွေဟာ
အလွန်အကျွံဖြစ်လာပြီဆိုရင်တော့ သူရဲ့အရွက်တွေဟာ
အညိုကွက်ပျောက်လေးတွေ ဖြစ်လာပါတယ်။

"ရာဘာပင်"
======
- ရာဘာပင်ဟာ လေကိုသန့်စင်စေပါတယ်။
- စိုက်ပျိုးလို့ အလွယ်ဆုံးအပင်လည်း ဖြစ်ပါတယ်။
- အလင်းမှိန်မှိန်ထဲမှာတောင် ရှင်သန်ပါတယ်။
- အကြမ်းပတမ်းခံပြီး လေထဲက အဆိပ်အတောက်ကို
ဖယ်ရှားရာမှာ အားကောင်းပါတယ်။

"နဂါးစက်ဂမုန်း"
=========
- စိုက်ပျိုးဖို့ အလင်းရောင်များများ၊ ရေများများမလိုပါဘူး။
- အိမ်ထောင့် ဘယ်နားချထားထားပါ။
- ကာဗွန်ဒိုင်အောက်ဆိုက်ကိုစုပ်ပြီး ညဘက်မှာ
အောက်စီဂျင်ထုတ်ပေးတဲ့ အပင်ပါ။
- အိပ်ခန်းထဲ ထားသင့်တဲ့အပင်မျိုးပါ။

"English Ivy"
========
- လေထုသန့်စင်မှုအပေးဆုံး နံပါတ်တစ်အပင်အဖြစ်
နာဆာက သတ်မှတ်ထားပါတယ်။
- ဖော်မယ်ဒီဟိုက်ဓာတ်ငွေ့ကို စုပ်ယူရာမှာ
အထိရောက်ဆုံးဖြစ်ပါတယ်။
- ကြမ်းပြင်တွေ၊နံရံတွေမှာ တွယ်ကပ်ပေါက်တတ်တဲ့အပင်မျိုး
ဖြစ်ပါတယ်။
- အိမ်ရဲ့ဆင်ဝင်တို့၊ မျက်နှာစာတို့မှာ အလှဆင်
တတ်ကြပါတယ်။
- လွယ်လွယ်ကူကူပဲ ရှင်သန်ပါတယ်။

"ဝါးပင်"
====
- ဝါးပင်လေးတွေဟာ အိမ်တွင်းမှာ အလွန်ဆွဲဆောင်မှု
ရှိပါတယ်။
- လေသန့်စင်မှု 8.4 ရှိတဲ့ အပင်လေးတွေအဖြစ် နာဆာက
သတ်မှတ်ထားပါတယ်။
- benzene နဲ့ trichloroethylene လို ဓာတုပစ္စည်းတွေကို
ဆုပ်ယူပေးပါတယ်။
- ရေကောင်းကောင်းလောင်းဖို့လိုပြီး နေရိပ်ထဲမှာ
ထားရပါတယ်။ ဒါမှမဟုတ် နေကို တိုက်ရိုက်မရတဲ့ နေရာမှာ
ထားရပါတယ်။

"Golden Pothos"
==========
- ဖော်မယ်ဒီဟိုက်ကို ရှင်းလင်းပေးတဲ့
သူ့ရဲ့အရည်အသွေးကြောင့် နာဆာရဲ့ စာရင်းမှာ
ပါဝင်ပါတယ်။
- မီးဖိုချောင်တွေ၊ ဧည့်ခန်းတွေမှာ ချိတ်ဆွဲထားတတ်ကြတဲ့
အပင်မျိုးပါ။
- နေရောင်နည်းနည်းပဲလိုပြီး အေးတဲ့အပူချိန်မှာ
အလွယ်တကူ ရှင်သန်ပါတယ်။

(iMyanmarHouse Team မှ ဘာသာပြန်သည်။)

***

"အိပ်ခန်းထဲမှာထားသင့်တဲ့ အပင်လေးတွေ"

အိမ်တွင်းစိုက် အပင်တွေဟာ လေထုကို သန့်စင်ပေးပြီး
အောက်ဆီဂျင်ပြန်ထုတ်ပေးတဲ့အတွက် လူသားအကျိုးပြု
ပေးကြပါတယ်။

စိတ်ကို လန်းဆန်းပေါ့ပါးစေပြီး ကောင်းကောင်းအိပ်ပျော်စေဖို့
ကူညီပေးနိုင်တဲ့ အပင်လေးတွေရှိတာကြောင့်
သိထားဖို့ ဖော်ပြပေး လိုက်ပါတယ်။

"စံပယ်ပင်"
======
- စံပယ်ပန်းရနံ့သင်းသင်းလေးဟာ သဘာဝအိပ်ဆေးလေး
တစ်ခုပါတဲ့။
- ပန်းလေးတွေ ပွင့်နေတဲ့ စံပယ်ပင်လေးကို အိပ်ခန်းထဲ
ထားခြင်းဖြင့် စိတ်ဖိစီးမှုတွေကို သက်သာစေပြီး
- နိုးထလာတဲ့အခါမှာလည်း လန်းဆန်း တက်ကြွစေတယ်လို့
ဆိုပါတယ်။

"လာဗင်ဒါပင်"
=======
- ဆပ်ပြာတုံး၊ ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်နဲ့
ရေမွှေးအိတ်လေးတွေ အများဆုံးထုတ်လုပ်လေ့ရှိတဲ့
လာဗင်ဒါပင်ဟာ အိပ်မပျော်ရောဂါတွေနဲ့ စိုးရိမ်ကြောင့်ကြ၊
ပူပန်မှုတွေကို သက်သာစေတယ်လို့ ဆိုပါတယ်။

"ဇီဇဝါပင်"
=====
- ဇီဇဝါပန်းရဲ့ ရနံ့သင်းသင်းလေးက
စိတ်အေးချမ်းစေတာကြောင့် ဇီဇဝါပင်လေးတွေကို လည်း
အိပ်ခန်းထဲမှာထားပေးသင့်တယ်လို့ သိရပါတယ်။

"ရှားစောင်းလက်ပတ်ပင်"
==============
- ရောင်ရမ်းနာတွေ၊ အမာ ရွတ်နဲ့ အပူလောင်တာတွေကို
အ ကောင်းဆုံးကုသနိုင်တဲ့ သဘာဝ ဆေးပင်
ရှားစောင်းလက်ပတ်ဟာ
- လေထုထဲက မမြင်နိုင်တဲ့ ဓာတု ပစ္စည်းတွေကို
ဖယ်ရှားသန့်စင် ပေးတာကြောင့် အိပ်ခန်းတွေနဲ့
အိမ်အတွင်းပိုင်းမှာ ထားပေးသင့် ပါတယ်။
- အိမ်ထဲမှာ ဓာတုပစ္စည်းတွေ ဘယ်လောက်ပျံ့လွင်
့နေသလဲဆိုတာကို အပင်ပေါ်မှာ ပေါ်လာတဲ့အညိုရောင်
အစက်အ ပြောက်တွေကိုကြည့်ရင် သိနိုင်ပါ သတဲ့။

"အင်္ဂလိပ်တိုက်ကပ်နွယ်ပင်"
===============
- စိုက်ပျိုးရလွယ်ကူတဲ့
- လေ ထုသန့်စင်အပင်လေးဖြစ်ပြီး အိပ် ခန်းထဲမှာ
ထားပေးတဲ့အခါ စိတ် အေးချမ်းပြီး ကောင်းကောင်းအိပ်
ပျော်စေပါတယ်။

မူရင်းရေးသားသူအား Credit ပေးပါတယ်

Photos from Mon Mon's Plant Shop's post 03/09/2021

မင်္ဂလာပါရှင့်🌱

ဆိုင်မှာ ဝယ်နေကျ customer အမ တစ်ယောက် review ရေးပေးထားတာလေး လာပြတာပါ 🌱

အပင်တွေကိုဖာလိုက်ဝယ်တဲ့အခါ မကောင်းတာတွေလည်းပါလာတတ်ပေမယ့် အနာပါတာဆို လုံးဝမရောင်းခဲ့ပါဘူး ။ အဲ့လိုလုပ်ခဲ့တဲ့ အကျိုးရလာဒ်လို့ပဲပြောရမှာပါ 🌱

အဆင်ပြေတယ်ဆိုလို့ တကယ်ကို ဝမ်းသာပြီး
ခေတ္တအရောင်းနားထားတာတောင် မှတ်မှတ်ရရ review ရေးပေးလို့ ကျေးဇူးတင်ပါတယ်ရှင် 🤍

Photos from Green Way - အစိမ်းရောင်လမ်း's post 11/07/2021
Photos from Mon Mon's Plant Shop's post 01/02/2021

လတ်တလော အခြေအနေများကြောင့် order များ ပို့ရာတွင် အနည်းငယ်ကြန့်ကြာမှုများရှိနိုင်ပါတယ်ရှင်😔
အခြေအနေကြည့်ပြီး အမြန်ဆုံးပို့ပေးပါမယ်နော်
နားလည်ပေးမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင်

Mon Mon's Shop

31/01/2021

အသစ်ရောက်တဲ့ ကျောက်စိမ်းလေဒီ လေးပါရှင်🌱

Photos from Mon Mon's Plant Shop's post 31/01/2021

Peperomia Obtusifolia (Baby Rubber Plant)
မြန်မာအခေါ် - ကျောက်စိမ်းလေဒီ

အရွက်ဝိုင်းဝိုင်းလေးတွေနဲ့ စိမ်းစိုပြီး ကြည့်ရတာတစ်မျိုလေးလှတဲ့ ကျောက်စိမ်းလေဒီ လေးတွေ အသစ်ရောက်ပါတယ်ရှင်

🌱ဒီအပင်လေးတွေက succulent နဲ့ တူတဲ့ မျိုးနွယ်ထဲက ဖြစ်ပြီး သူတို့ရဲ့ အရွက်တွေမှာ ရေကိုသိုလှောင်ထားလေ့ရှိတာကြောင့် သူ့ရဲ့ အရွက်လေးတွေ အမြဲ juicy ဖြစ်ပြီး စိမ်းလန်းနေလေ့ရှိပါတယ်

🌱ဒါ့အပြင် အကြမ်းခံပြီး ဂရုစိုက်ရလွယ်ကူတာကြောင့် ခုမှအပင်စစိုက်မယ့်သူတွေလည်း စိတ်ချလက်ချ ဝယ်စိုက်လို့ရတဲ့ အပင်လေးပါနော်

ဘယ်လိုဂရုစိုက်ရမလဲဆိုရင် -
🏡indoor အလင်းရောင် ကောင်းကောင်းရတဲ့နေရာမှာထားပေးပါ.
💦မြေကြီးခြောက်မှရေလောင်းပါ

🐶🐱ကောင်းတဲ့အချက် နောက်တစ်ခုက ဒီအပင်လေးတွေက အဆိပ်မရှိတာကြောင့်မို့ pets လေးတွေအတွက်လည်းစိုးရိမ်စရာမလိုပါဘူးတဲ့နော်။

💴 price - 5500MMK ( plastic pot )
- 9000MMK ( ceramic pot )

မှာယူချင်တယ်ဆိုရင် -

✅ page messenger ( cb ) မှာ နာမည်, ဖုန်းနံပါတ်, လိပ်စာ အတိအကျ ပေးပြီး မှာလို့ရပါတယ်

🚛 ရန်ကုန် မြို့တွင်း အိမ်အရောက်ငွေချေစနစ်ဖြင့် မှာပြီး ၃ ရက်အတွင်း ပို့ပေးပါတယ်ရှင်

Mon Mon's Shop
09960927470
ပုံနှင့်စာသားများကူးယူခွင့်မပြုပါဘူးရှင်

Photos from Mon Mon's Plant Shop's post 30/01/2021

ပိန်းရောင်စုံ

ဘယ်မှာထားထားအဆင်ပြေတဲ့ စားပွဲတင် size လေးပါနော်

အိုးအပါ အပင်အမြင့် ၁ ပေဝန်းကျင်ခန့် ပါ

💴 ပိန်းနက် 7500 ( ကော်အိုး ) , 11000 ( ကြွေအိုး )
💴 ခရမ်း 6500 ( ကော်အိုး ) , 10000 ( ကြွေအိုး )
💴ကျန် အရောင် 7000 ( ကော်အိုး ) , 10500 ( ကြွေအိုး)

မှာယူချင်တယ်ဆိုရင် -

✅ page messenger ( cb ) မှာ နာမည်, ဖုန်းနံပါတ်, လိပ်စာ အတိအကျ ပေးပြီး မှာလို့ရပါတယ်

🚛 ရန်ကုန် မြို့တွင်း အိမ်အရောက်ငွေချေစနစ်ဖြင့် မှာပြီး ၃ ရက်အတွင်း ပို့ပေးပါတယ်ရှင်

30/01/2021

အသစ်ရောက်တဲ့ ပိန်းရောင်စုံလေးတွေပြမယ်

Photos from Mon Mon's Plant Shop's post 30/01/2021

ပိန်းမျိုးဆန်း အပွင့်ချွန် အရွက်ချွန်လေးတွေပါရှင့်

ပန်းရောင် , ခရမ်းရောင် ၂ မျိုးရပါမယ်နော်

💕 ပန်းရောင် 💕
💴 price - 7000 MMK ( ကော်အိုး )
💴 price - 10500 MMK ( ကြွေအိုး ဖြင့် အသင့်စိုက်ပြီး )

💜 ခရမ်းရောင် 💜
💴 price - 6500 MMK ( ကော်အိုး )
💴 price - 10000 MMK ( ကြွေအိုး ဖြင့် အသင့်စိုက်ပြီး )

အပင်အုံကောင်းပြီး အမြစ်လည်းကောင်း သန့်နေတာပဲနော်
အပွင့်တွေလည်းအများကြီးပဲ တန်မှတန် 😍

Photos from Mon Mon's Plant Shop's post 30/01/2021

ချောကလက်ပိန်းလေး အသစ်ရောက်ပါတယ်

အိုးအပါ အပင်အမြင့် ၁ ပေ ဝန်းကျင်ပါ

စားပွဲတင် size လေးနော်

ဒါလေးကရှားရှားပါးပါး နည်းနည်းပဲပါတာမို့ ယူမယ်ဆို မြန်မြန်လေးနော်

💴 price - 7500 MMK ( plastic pot )

ကြွေအိုးနဲ့စိုက်ပြီးသားလည်းရပါတယ်နော်

ကြွေအိုးနဲ့ဆို 11000 MMK ပါ

✅ page messenger ( cb ) မှာ နာမည်, ဖုန်းနံပါတ်, လိပ်စာ အတိအကျ ပေးပြီး မှာလို့ရပါပြီရှင့်

🚚 ရန်ကုန် မြို့တွင်း အိမ်အရောက်ငွေချေစနစ်ဖြင့် မှာပြီး ၃ ရက်အတွင်း ပို့ပေးပါတယ်ရှင်

26/01/2021

အဆင်ပြေရဲ့လား 😂🌱🌿

မိချောက ရင်ခုန် .. ကိုပေါက ရင်တုန် 🌱🐈

16/01/2021

ပထမဆုံး live sale လေးပါရှင်
လျှော့ဈေးနဲ့ တစ်မျိုးကို ၁၀ ယောက်စီပဲ ရောင်းပေးမှာပါ
အားပေးကြပါဦးနော်

16/01/2021

ဒီနေ့ည ၈ နာရီကျရင် ဆိုင်မှာ instock ရှိတဲ့ အပင်လေးတွေ live လွှင့်ပြီး ပြပေးပါမယ်ရှင် 🌱🌿
live မှာဝယ်တဲ့သူတွေအတွက် အထူးလျှော့ဈေးတွေနဲ့လည်းရောင်းပေးမှာမို့ စောင့်ကြည့်ပေးကြပါဦးနော် ❤️

Mon Mon's Shop

Photos from Mon Mon's Plant Shop's post 11/01/2021

အပင်ချစ်သူများမင်္ဂလာပါရှင် 🌱

Mon Mon's Shop ကနေ လက်ရှိ instock ရနိုင်တဲ့ အပင်လေးတွေ တစ်စုတစ်စည်းထဲ တင်ပေးလိုက်ပါတယ်

မှာယူချင်တယ်ဆိုရင် page messenger (cb) မှာ နာမည်, ဖုန်းနံပါတ်, လိပ်စာ အတိအကျပေးပြီး မှာလို့ရပါတယ်

ရန်ကုန်မြို့တွင်းဆိုရင် အိမ်အရောက်ငွေချေစနစ်ဖြင့် မှာပြီး ၃ ရက်အတွင်းပို့ပေးပါတယ်

နယ်ကဆိုရင် ငွေလွှဲဝင်ပြီးနောက်နေ့ ကားဂိတ်က ပို့ပေးပါတယ်

ဝယ်ယူအားပေးမှုအတွက် ကျေးဇူးတင်ပါတယ်ရှင်

Mon Mon's Shop

10/01/2021

ဆိုင်မှာ instock ရှိတဲ့ ရွှေလာချိတ်ဆွဲလေးပါရှင့်
အပင်အုံအကြီးကြီးနဲ့ အရမ်းလှပါတယ်🌱

Photos from Mon Mon's Plant Shop's post 08/01/2021

Fittonia / Nerve Plant မြန်မာအခေါ် - မြကွက်

သေးသေးလေးနဲ့ ချစ်စရာကောင်းတဲ့
ရောင်စုံ မြကွက်ပင်လေးတွေ ရောက်ပါတယ်

သူ့ရဲ့အရွက်ကလေးတွေက သွေးကြောမျှင်လေးတွေနဲ့ တူလို့ Nerve Plant လို့လည်းခေါ်ကြပါတယ် ။

မြကွက် ကလည်း လေသန့်ပင်ပဲနော် ။ သူက ...

✅carbon dioxide နဲ့ nitrogen dioxide levels ကို လျှော့ချပေးတယ်

✅စိုထိုင်းစ ကို တက်စေပြီး လေထုအပူချိန်ကို လျော့ကျစေတယ်

✅လေထုထဲမှာ ပျံနှံ့နေတဲ့ ဖုန်မှုန့်ပါဝင်မှုကို လျော့ချပေးတယ်

ထိန်းသိမ်းရတာလည်းလွယ်ကူပြီး indoor ထားလို့ အဆင်ပြေပါတယ်နော်

☀️နေရောင်တိုက်ရိုက်ရတာမကြိုက်လို့ နေပြပေးစရာမလိုပါ။
အခန်းတွင်းအလင်းရောင်ကောင်းကောင်းရတဲ့နေရာမှာထားပေးပါ

💦ရေကို ၂ ရက် ၃ရက် တစ်ခါ လောင်းပေးပါ ရွှဲနေအောင်လောင်းလို့ရပါတယ် အိုးထဲမှာ ရေမဝပ်အောင်တော့ ဂရုစိုက်ပေးပါနော်

Price - 2000 ( ကော်အိုး )
- 4500 ( ကြွေအိုး )

အရောင်စုစုပေါင်း ၇ မျိုးရှိပါတယ်
၇ရောင် ၇ အိုး ယူမယ်ဆိုရင် ၁၂၅၀၀ ကျပ်ပါရှင်❤️

မှာယူချင်တယ်ဆိုရင် -

🚚 ရန်ကုန်မြို့တွင်းဆို မှာပြီး 3 ရက် အတွင်း ပို့ပေးပါတယ်

🚛 နယ်က ဆိုရင် ငွေလွှဲဝင်ပြီး နောက်နေ့ ကားဂိတ်က ပို့ပေးပါတယ် ။ ကားဂိတ်ပို့ခ 1500 + တန်ဆာခကို customer ဘက်က ပေးချေရမှာပါရှင့်

အားပေးမှုအတွက်ကျေးဇူးတင်ပါတယ်ရှင်

Mon Mon's Shop

Photos from Mon Mon's Plant Shop's post 07/01/2021

Money Teee Bonsai 🌿 မြန်မာအခေါ် - ထီပေါက်ပင် 🌿

ချစ်စရာ ကြွေအိုးလှလှလေးနဲ့ ထီပေါက်ပင်လေး ရောက်ပါတယ်ရှင်😍

🍃 ထီပေါက်ပင်လေးတွေဟာ lucky ကောင်းတယ် , လာဘ်ရွှင်စေတယ် လို့ နာမည်ကြီး လူကြိုက်များပါတယ်

🍃 သူ့ရဲ့ အတိတ်နိမိတ်ကောင်းတွေကြောင့် လက်ဆောင်ပေးလို့လည်းကောင်းတဲ့ အပင်လေးပါ

🍃ဒါ့အပြင် ဂရုစိုက်ရလွယ်ကူပြီး အကြမ်းခံတဲ့ အပင်လေး ဖြစ်တာကြောင့် ဘုရားပန်းအိုးအနေနဲ့ လှူထားမယ်ဆိုရင် လည်း အမြဲစိမ်းလန်းပြီး အဆင်ပြေစေမှာပါ

☀️ နေရောင်တိုက်ရိုက် မကြိုက်လို့ နေပြစရာမလိုပါ

💦 မြေကြီးခြောက်မှ ရေလောင်းပါ

Price - 7500 Kyats ( ပုံပါအတိုင်း ကြွေအိုးဖြင့် )

🚚 ရန်ကုန်မြို့တွင်း အိမ်အရောက်ငွေချေစနစ်ဖြင့် မှာပြီး ၃ ရက်အတွင်း ပို့ပေးပါတယ်ရှင်

Mon Mon's Shop

Photos from Mon Mon's Plant Shop's post 05/01/2021

Golden Pathos / Money Plant / Devil's ivy / Marble Queen

ရွှေလာအဝါကြား

🌿 အဝါနဲ့အစိမ်းကြားလေးမို့ အမြင်ဆန်းပြီး တစ်မျိုးလေးလှတဲ့ လေသန့်ပင်လေးပါ

🍃 NASA အသိအမှတ်ပြုလေသန့်ပင်များထဲက Top 3 လေသန့်ပင်အမျိုးအစားဖြစ်ပါတယ်

🍃 လတ်တလော ဆေးသုတ်ထားတဲ့ အိမ် ဒါမှမဟုတ် အသစ်ပြင်ထားတဲ့အိမ်တွေမှာ ရှိတတ်တဲ့ formaldehyde , benzene fumes စတဲ့ အဆိပ်အတောက်တွေကိုဖယ်ရှားပေးပါတယ်

🌿 carbon monoxide လိုမျိုး အိမ်တွင်းမှာရှိတဲ့ အဆိပ်တွေကို ဖယ်ရှားပေးပြီး oxygen inflow ကို ကောင်းစေတဲ့အပင်လေးပါ

🍃 Computer , Tv , Wifi Router တွေရဲ့ဘေးလိုနေရာမျိုးတွေမှာထားသင့်ပါတယ်

🌿 Oxygen လုံလောက်စွာရရှိစေတာကြောင့် အိပ်ခန်းထဲမှာထားမယ်ဆိုရင်လည်း ညဘက်အိပ်မပျော်ဖြစ်တာမျိုးတွေကိုလျော့ကျစေပါတယ်

ဘယ်လိုဂရုစိုက်ရမလဲဆိုရင် -

☀️ နေရောင်တိုက်ရိုက် မကြိုက်ပါ အရွက်နေလောင်တတ်ပါတယ် ။ indoor မှာပဲ အလင်းရောင်ကောင်းကောင်းရတဲ့နေရာမျိုးဆို အဆင်ပြေပါပြီ ။ low light မှာဆိုလည်း သူကအေးဆေးပဲနော်

💦 မြေကြီးခြောက်တာနဲ့ရေလောင်းပါ ။
မြေကြီးကို၂ ရက် တစ်ခါ လောက်လောင်းပေးပါ ။

💴 Price - 6000 Kyats

ပုံမှာပြထားသလို ချိတ်ဆွဲအိုးလေးနဲ့ပါရှင်

ဈေးလျှော့ပေးထားတာပါနော်

နောက်တစ်ခါ ဒီဈေးနဲ့မရပါဘူးရှင်

အပင်အုံအကြီးကြီးမလို့ အရမ်းတန်ပါတယ်နော် 😍

Photos from Mon Mon's Plant Shop's post 04/01/2021

Monstera ကျားလက်ဝါး အပင်သေးလေးရောက်ပြီနော်

အရမ်းလှလို့ The king of indoor plants လို့တောင် တင်စားခေါ်ဝေါ်ကြတဲ့ 🍃Monstera 🍃ကျားလက်ဝါး လေး ပါ ရှင်

NASA clean air study research အရ Top 1 လေသန့်ပင်လည်း ဖြစ်ပါတယ်

မင်မင်ကတော့ အရမ်းကြိုက်ပါတယ်ရှင်😁😍

ဈေးနှုန်းလေးကတော့ -

ပုံပါ ကော်အိုး ဖြင့် 1 အိုး - 6500 Kyats

အိုးအပါ အပင်အမြင့် ၁ ပေခွဲဝန်းကျင် ပါ

ဒါလေးကဘယ်နားထားထားအဆင်ပြေတဲ့ size လေးနော်

နာမည် , ဖုန်းနံပါတ် , လိပ်စာ အတိအကျကို cb မှာ ပို့ပြီး မှာလို့ရပါတယ်

ရန်ကုန်မြို့တွင်း အိမ်အရောက်ငွေချေစနစ်ဖြင့် မှာပြီး ၃ ရက်အတွင်း ပို့ပေးပါတယ်ရှင့်

Monstera လေးက ရောက်တာနဲ့ အကုန်မြန်လို့ မြန်မြန်လေးတော့ယူပါရှင်🧡

Mon Mon's Shop

30/12/2020

🌱 Plants that Absorb RADIATION 🌱

Computer / Mobile Phones / Wifi Router စတဲ့ electronic devices တွေက ထွက်တဲ့ radiation တွေကို စုပ်ယူပေးသော အပင်များ 🌿

အမြဲတမ်း computer တွေ ဖုန်းတွေကြည့်ပြီး အလုပ်လုပ်ရသူတွေရဲ့ အိမ်မှာ အလုပ်စားပွဲပေါ်မှာ အနည်းဆုံး တစ်ပင်လောက်တော့ရှိသင့်ပါတယ်နော်

အစိမ်းရောင် အပင်လေးတွေကိုကြည့်တာက မျက်စိအတွက်လည်းကောင်းတာမို့ တစ်ချက်ခုတ်နှစ်ချက်ပြတ်ပဲ

အလုပ်လည်းလုပ်ပါ

ကျန်းမာရေးကို ဂရုစိုက်ဖို့လည်း မမေ့ပါနဲ့ရှင် 🌱🧡

Photos from Mon Mon's Plant Shop's post 27/12/2020

Succulent / မြကွက် လေးတွေ စိုက်ဖို့ အနေတော်အရွယ် ပန်းအိုးလေးတွေ ရောက်ပါတယ်ရှင်😍

၁ အိုး ၁၅၀၀ ကျပ်
ရောင်စုံ ၁၀ အိုး ၁ ကဒ် ၁၂၅၀၀ ကျပ်

ရန်ကုန်မြို့တွင်း အိမ်အရောက်ငွေချေစနစ်ဖြင့် မှာပြီး ၃ ရက်အတွင်း ပို့ပေးပါတယ်ရှင်

25/12/2020

Merry Christmas with lots of love ❤️

29/10/2020

Hello မင်္ဂလာပါ 🌱

မမြင်တာကြာတော့ မေ့သွားကြပြီလား

လတ်တလော covid-19 အခြေအနေများကြောင့်
အပင်လေးတွေသယ်ယူဖို့ လမ်းခရီး အခက်အခဲလေးတွေဖြစ်နေတဲ့အတွက် အသစ်တွေ မဝင်သေးတာပါရှင့်😔
မင်မင်လည်း အရမ်းရောင်းပေးချင်နေပါပြီ

အခြေအနေနည်းနည်းတည်ငြိမ်လာတာနဲ့
အသစ်တွေတောက်လျှောက်ပြန်တင်ပေးသွားမှာမလို့
မေ့မသွားပဲ page လေးကို စောင့်ကြည့်ပေးပါဦးရှင့် 🌿

ဒီကာလတွေမှာ ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ကြပါနော်
အားလုံးပဲ ကျမ်းကျမ်းမာမာနဲ့ ရောဂါဘေးမှ ကျော်လွှားနိုင်ကြပါစေရှင် 💕

( ပုံကတော့ မင်မင်ကိုယ်တိုင်ထိုးထားတဲ့ အိတ်လေးကို ကြွားတာ လှတယ်မလား 😁 )

Mon Mon's Shop

Photos from Mon Mon's Plant Shop's post 18/09/2020

မျှော်နေကြတဲ့ Monstera လေး လာပါပြီရှင် 🌿

အရမ်းလှလို့ The king of indoor plants လို့တောင် တင်စားခေါ်ဝေါ်ကြတဲ့ 🍃Monstera 🍃ကျားလက်ဝါး လေး ပါ

NASA clean air study research အရ Top 1 လေသန့်ပင်လည်း ဖြစ်ပါတယ်

မင်မင်ကတော့ အရမ်းကြိုက်ပါတယ်ရှင်😁😍

ဈေးနှုန်းလေးကတော့ -

original ကော်အိုး အစိမ်း - 25000 Kyats
ကော်အိုးအဖြူနှင့်စိုက်ပြီး - 30000 Kyats ပါ

အမြင့် က ၃ ပေ ရှိပါတယ်

ဒီလိုအပင်ကြီးကို ဒီဈေးနဲ့ရတာ အရမ်းတန်တာပါနော်

နာမည် , ဖုန်းနံပါတ် , လိပ်စာ အတိအကျကို cb မှာ ပို့ပြီး မှာလို့ရပါတယ်

ရန်ကုန်မြို့တွင်း အိမ်အရောက်ငွေချေစနစ်ဖြင့် မှာပြီး ၃ ရက်အတွင်း ပို့ပေးပါတယ်ရှင့်

stock လည်း များများမရှိလို့ လိုချင်ရင် cb ကို မြန်မြန်လေးလှမ်းခဲ့လိုက်ပါနော် 😍

Photos from Mon Mon's Plant Shop's post 14/09/2020

Money Teee Bonsai

မြန်မာအခေါ် - ထီပေါက်ပင် 🌿

🍃 စိမ်းစိမ်းလန်းလန်းနဲ့ လှနေတဲ့ ထီပေါက်ပင်လေးရောက်ပါတယ်ရှင်

🍃 ထီပေါက်ပင်လေးတွေဟာ lucky ကောင်းတယ် , လာဘ်ရွှင်စေတယ် လို့ နာမည်ကြီး လူကြိုက်များပါတယ်

🍃 သူ့ရဲ့ အတိတ်နိမိတ်ကောင်းတွေကြောင့် လက်ဆောင်ပေးလို့လည်းကောင်းတဲ့ အပင်လေးပါ

🍃ဒါ့အပြင် ဂရုစိုက်ရလွယ်ကူပြီး အကြမ်းခံတဲ့ အပင်လေး ဖြစ်တာကြောင့် ဘုရားပန်းအိုးအနေနဲ့ လှူထားမယ်ဆိုရင် လည်း အမြဲစိမ်းလန်းပြီး အဆင်ပြေစေမှာပါ

အခုလို Stay Home ကာလနဲ့တော့ ကွက်တိပါနော်
ဘုရားပန်း ခနခနဝယ်စရာမလိုတော့ဘူးပေါ့

☀️ နေရောင်တိုက်ရိုက် မကြိုက်လို့ နေပြစရာမလိုပါ

💦 မြေကြီးခြောက်မှ ရေလောင်းပါ

Price - 6500 Kyats ( ပုံပါအတိုင်း ကြွေအိုးဖြင့် )

🚚 ရန်ကုန်မြို့တွင်း အိမ်အရောက်ငွေချေစနစ်ဖြင့် မှာပြီး ၃ ရက်အတွင်း ပို့ပေးပါတယ်ရှင်

Mon Mon's Shop

Photos from Mon Mon's Plant Shop's post 12/09/2020

ညီမလေး Su Nanda အတွက် မြကွက်လေသန့်ပင်လေး Surprise gift ရရှိထားပါတယ်ရှင်💕
" ချစ်ရတဲ့Joonieမွေးနေ့အတွက်
သဘာဝလက်ဆောင်လေး " ပါတဲ့ 🌿🍃
ဒီညီမလေးကိုသိတဲ့သူလေးတွေ mention ပေးကြပါဦးနော်
မင်မင်လည်း cb ကနေ ပြောလိုက်ပါမယ်😍

Photos from Mon Mon's Plant Shop's post 08/09/2020

Edit - Sold Out 🔔

နှင်းဆီအနီမှကြိုက်တဲ့သူတွေအတွက် အနီရောင်သီးသန့် 🌹

ရွေးလို့လွယ်အောင် တစ်ပင်ချင်းဆီမှာ နံပါတ်လေးတွေ တပ်ပေးထားပါတယ်

ကိုယ်ကြိုက်တဲ့အပင်ရွေးပြီး messenger မှာပို့လိုက်ရုံပဲနော်

price -5500 Kyats

ရန်ကုန်မြို့တွင်း အိမ်အရောက်ငွေချေစနစ်ဖြင့် မှာပြီး ၃ ရက် အတွင်း ပို့ပေးပါတယ်ရှင်😍

Photos from Mon Mon's Plant Shop's post 06/09/2020

ချစ်စရာ အသဲပုံ အရွက်လေးများနဲ့
String of hearts ခေါ် အသဲနွယ် လေးရောက်ပါတယ်

💦 မြေကြီးခြောက်မှရေလောင်းပါ
☀️ indoor ထားမယ်ဆိုရင် အလင်းရောင်ကောင်းကောင်းရတဲ့ နေရာမှာထားပေးပါနော်

💰- 4500 Kyats

🚚 ရန်ကုန်မြို့တွင်းအိမ်အရောက်ငွေချေစနစ်ဖြင့် မှာပြီး ၃ ရက်အတွင်း ပို့ပေးပါတယ်ရှင်

Photos from Mon Mon's Plant Shop's post 06/09/2020

နှင်းဆီပု အုံကောင်း အပင်သန့်

အပွင့်ပါ အဖူးပါတာလေးများ ရောက်ပါတယ်🌹

၁ ပင် - 5500 Kyats

🚚 ရန်ကုန်မြို့တွင်း အိမ်အရောက်ငွေချေစနစ်ဖြင့် မှာပြီး ၃ ရက်အတွင်း ပို့ပေးပါတယ်ရှင်

Photos from Mon Mon's Plant Shop's post 26/08/2020

အကြမ်းခံတဲ့ အိမ်တွင်း လေသန့်ပင်လေး

🌿 Swiss Cheese Vine/Monstera adansonii 🌿🌱

☀️ နေရောင်တိုက်ရိုက်မကြိုက်ပါ

💦 မြေကြီးခြောက်တာနဲ့ရေလောင်းပါ

price 💴 - 3500 Kyats ( ကော်အိုး )
💴 - 8000 Kyats ( ကြွေအိုး )

🚚 ရန်ကုန်မြို့တွင်း အိမ်အရောက်ငွေချေစနစ်ဖြင့် မှာပြီး ၃ ရက်အတွင်း ပို့ပေးပါတယ်ရှင်

Photos from Mon Mon's Plant Shop's post 23/08/2020

အားပေးကြမ်းကြတဲ့ lipstick ပိန်း အလှလေးတွေ ထပ်ရောက်ပါတယ်
💰တစ်ပင် ၉၀၀၀ ကျပ်ပါ
size ကြီး အပင် အုံကောင်းပါတယ်
size ကို မြင်သာအောင် 1L ရေသန့်ဘူးနဲ့ တွဲရိုက်ထားတဲ့ပုံလေးပါ တင်ပေးထားပါတယ်နော်
📩 မှာယူချင်တယ်ဆိုရင် messenger ကနေ နာမည်,ဖုန်းနံပါတ်,လိပ်စာ အတိအကျပေးပြီး မှာလို့ရပါတယ်ရှင့်
🚛 order မှာပြီး ၃ရက် အတွင်း ပို့ပေးပါတယ်
ရန်ကုန်မြို့တွင်းဆို အိမ်အရောက်ငွေချေပါ
ယုံကြည်စွာဝယ်ယူအားပေးနိုင်ပါတယ်ရှင်

Photos from Mon Mon's Plant Shop's post 18/08/2020

succulent ​ လေးတွေ စိုက်ဖို့ ပန်းအိုးပိစိအလှလေးတွေလည်း မှာလို့ရပါပြီရှင့်💕

Photos from Mon Mon's Plant Shop's post 16/08/2020

Caladium အလှလေး 🌿
Limited Stock ပါရှင့်
ပုံပါအတိုင်း ကြွေအိုးလေးနဲ့ပါ
8500 Kyats

Photos from Mon Mon's Plant Shop's post 11/08/2020

ပိန်း အရောင်ဆန်း ခရမ်းရောင်လေး ရောက်ပါတယ်
အလတ် size , အပင်အုံကြီးပါတယ်နော်
💴 7500 Kyats
🚛 ရန်ကုန်မြို့တွင်း အိမ်အရောက်ပို့ cash on delivery ပါရှင့်
အရင်တစ်ခေါက်က ခရမ်း မရလိုက်တဲ့သူတွေ ဒါလေးယူပါနော်

Photos from Mon Mon's Plant Shop's post 09/08/2020

Anthurium Andraeanum ( Flamingo Lily )

Anthurium signifies long-lasting love and friendship💕
ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတဲ့ အပင်လေးတွေပေါ့နော်.အချစ်ရေးမှာ ကံကောင်းခြင်းတွေကို ယူဆောင်ပေးတတ်တဲ့ အပင်လေး လို့လည်း ယုံကြည်ကြပြီး Valentine's Day , Anniversary Day လို ထူးခြားတဲ့နေ့မျိုးတွေမှာ ချစ်ရသူကို လက်ဆောင်ပေးတတ်ကြတဲ့ အပင်လေးတွေပါ 😍
ဒါ့အပြင် NASA Clean Air Study ရဲ့ တွေ့ရှိချက်များအရ Flamingo Lily လေးတွေဟာ top လေသန့်ပင်ထဲမှာပါဝင်ပါသတဲ့
သူတို့ဟာ အိမ်, ရုံးခန်းတွေမှာရှိတဲ့ လေထုထဲမှာပျံနှံ့နေတဲ့ ammonia, formaldehyde , toluene , xylene စတဲ့ အဆိပ်အတောက်တွေကို စုတ်ယူပေးပါတယ်.. wow ပေါ့နော်
ကောင်းကျိုးတွေချည်းစုနေတာ .
ကဲ ဒါဆို သူငယ်ချင်းကိုပေးမလား ချစ်သူကိုပေးမလား crush လေးကိုပေးမလား မှာလို့ရပြီနော် 🎁🤩

💴 10500 Kyats
🚚 ရန်ကုန်မြို့တွင်း အိမ်အရောက်ပို့ cash on delivery ရှိပါတယ်ရှင်

မြန်မာအခေါ် - နှုတ်ခမ်းနီ ပိန်း / lipstick ပိန်း
အိုး size ကြီး ,, အပင်သန် ပါတယ် 😎

Want your business to be the top-listed Home Improvement Business in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Website

Address

Yangon

Opening Hours

Monday 08:00 - 22:00
Tuesday 08:00 - 22:00
Wednesday 08:00 - 22:00
Thursday 08:00 - 22:00
Friday 08:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00

Other Nurseries & Gardening Stores in Yangon (show all)
Wuuw's garden Wuuw's garden
N. O(561), Loke Thar Street, (35) Quater, North Dagon
Yangon, 11111

Save the plant & luv the world

Z&C Garden Z&C Garden
Hninsi (1st) Street
Yangon

Indoor Plants & Accessories

Le Petit Pot Le Petit Pot
Yangon
Yangon

A place where we love sharing the healthy plants with reasonable price, also the tips how to take care of plants

Plants plant by Kindness Plants plant by Kindness
Bo Yar Nyunt Street
Yangon

It takes COURAGE to be KIND !

Mya Myet Chel Mya Myet Chel
Yangon

Make the world with greens

Colorful Pot ရောင်စုံပန်းအိုးလေး Colorful Pot ရောင်စုံပန်းအိုးလေး
406 Bagan Road, Shwe Paukkan
Yangon

For happy gardeners - We are here to supply gardening accessories only at affordable prices.

Ever Green Plant Shop Ever Green Plant Shop
Yangon

အိမ်တွင်းအလှစိုက်ပန်းပင်လက်ကား

M.T.D Nursery & Landscape M.T.D Nursery & Landscape
No(3), Main Road, Pyinmabin Industrial Zone, Mingalardon Township
Yangon

Green Era Green Era
အမှတ်(၈၁၉)၊ ရွာမကျောင်းလမ်း နှင့် ဗဟိုလမ်းထောင့်၊ လှိုင်မြို့နယ်၊ ရန်ကု
Yangon, 11051

Gardening supplies shop - မြေဆွေး၊ သဘာဝမြေသြဇာ နှင့် အပင်ဆက်စပ်ပစ္စည်းများ ရရှိနိုင်ပါသည်။

TK Garden Myanmar TK Garden Myanmar
Yangon, 11111

Shwe Lar အလှပန်းပင်မျိုးစုံရောင်းဝယ်ရေး Shwe Lar အလှပန်းပင်မျိုးစုံရောင်းဝယ်ရေး
Yangon

အလှစိုက်ပန်းပင်ရောင်းဝယ်ရေး

Myanmar Tropical Garden Myanmar Tropical Garden
Hlegu
Yangon

You can buy any tropical plants � in MTG .