
လမ်းညွှန်>> ပင်လုံလမ်းမ၊ သင်းဝင်မှတ်တိုင်နားမှာပါ။ Capitalဘက် အခြမ်း၊ KFCနဲ့ မျက်နှာခြင်းဆိုင်မှာပါ။

Photos from မချောစု-သင်းဝင် ဝက်သားဒုတ်ထိုး's post 22/08/2023

ပုံအသစ်လေးတွေ မတင်ဖြစ်တာ ကြာနေလို့
အသစ်လေးတွေ တင်ပေးလိုက်တယ်နော်
အသဲတုန် အူတုန်လေးတို့ရေ။

ဒီအချိန်ကြီး တင်ရတာ ဘာရည်ရွယ်ချက်မှရှိပါဘူးးးးးလို့
ဗိုက်ဆာစေချင်တဲ့ စိတ်တခုပဲ ရှိတာပါလို့😁😁
ကိုယ့် customerလေးတွေကို ချစ်လို့ စတာနော်။
ချိတ်ချိုးနဲ့ညော်💓။

အမှန်တော့....တောင်းပန်စရာလေး ရှိနေလို့ပါ။
မင်မင် အခုနောက်ပိုင်း ဆိုင်မှာပဲ ရှိနေတော့
page ဘက်ကို ဂရုမစိုက်မိဘူး ဖြစ်နေလို့ပါ။
ချစ်ရတဲ့ မင်မင့် customerလေးတွေက
သဘောထားကြီးကြီးနဲ့ မင့်ကို ခွင့်လွှတ်ပေးကြပါနော်😘။

Phone လေးသာ Helloလိုက်
မင်မင်ရှိတယ်နော် အချစ်ကလေးတို့ရေ။

တခြားမြို့နယ်လေးတွေလည်း Delivery ပို့ပေးလို့ရအောင်
စုံစမ်းပေးနေပါတယ် ကျေးဇူးရှင်လေးတို့ရေ။

တကူးတက မရရအောင် လာအားပေးကြတဲ့
အချစ်ကလေးတွေကိုလည်း အားနာလှပြီ။
ကျေးဇူးလည်း တကယ်တင်ပါတယ်နော်။

အားပေးရကျိုးနပ်အောင် ပိုပိုပြီး ကြိုးစားပါ့မယ်နော်။

12/04/2023

"မချောစု-သင်းဝင် ဝက်သားဒုတ်ထိုး" ဆိုင်လေးကို
၁၂. ၄. ၂၀၂၃(ဗုဒ္ဓဟူးနေ့) မှ
၁၈. ၄. ၂၀၂၃ (အင်္ဂါနေ့) အထိ ပိတ်ပါတယ်နော်။

မင်မင်တို့ ၁၉. ၄. ၂၀၂၃ (ဗုဒ္ဓဟူးနေ့) ကြရင်
ဆိုင်လေး ပြန်ဖွင့်မယ်နော် သဲတုန်တို့ရေ။

အမြဲမပြတ် အားပေးကြတဲ့ ချစ်ရတဲ့ customer
တဦးချင်းစီကိုလည်း ကျေးဇူးတင်ပါတယ်နော်။

26/07/2022

ဒီနေ့ ညနေက ညီမလေးတယောက် ဟင်းရည်အပူ
ထိသွားတာ တောင်းပန်ပါတယ် ညီမလေးရေ။

မင်မင့် ဝန်ထမ်းလေးကိုလည်း သေချာဆူ ဆုံးမပြီးပါပြီ။
လူသစ်ကလေးလေးမို့လို့ ပြာသွားပြီး ဂရုမစိုက်မိသလို
ဖြစ်သွားတာပါ။

ဝိုင်းတွေကျနေတော့ customer တွေ လိုအပ်ချက်ရှိသွားမှာ စိုးရိမ်လို့ အနောက်မှာပဲ မင်မင် ဂရုစိုက်ပေးနေမိတာပါ။

ညီမလေး ပူသွားတာ တကယ် မသိလိုက်လို့ပါ ညီမလေးရေ။ စိတ်ဆိုးသွားတယ်ထင်တယ်လို့ ပြောကြမှ မင်မင် သိလိုက်ရတာပါ။

မင်မင့်လိုအပ်ချက်ပါ။
တကယ် စိတ်ရင်းနဲ့ တောင်းပန်ပါတယ်နော်။
ညီမလေး စိတ်ဆိုးမပြေသေးရင် မင်မင့်ကို လာပြောပါနော်
ကျေနပ်တဲ့အထိ တောင်းပန်ပါ့မယ် ညီမလေးရေ။

18/04/2022

မနက်ဖြန်👉 ၁၉. ၄. ၂၀၂၂(အင်္ဂါနေ့)👈
မင်မင်တို့ ဒုတ်ထိုးဆိုင်လေး ပြန်ဖွင့်ပြီနော် သဲတုန်တို့။
မင်မင် အစားငမ်းနေလို့....ဖုန်းနဲ့ လူနဲ့ မကပ်နေတာပါ😁။
ဖုန်းပြန်ခေါ်တာ နောက်ကျသွားရင် ခွင့်လွှတ်ကြပါနော်😘။
အာဘွားယူနော်😘😘😘။

09/04/2022

မင်မင်တို့ ဆိုင်လေးကို
၁၂. ၄. ၂၀၂၂(အင်္ဂါနေ့) မှ
၁၈. ၄. ၂၀၂၂(တနင်္လာနေ့)
အထိ ပိတ်ပါမယ်နော်
သဲတုံးလေးတို့😘😘။

23/03/2022

ဒီနေ့ ညနေပိုင်းလောက်က ပါဆယ် ၅၀၀၀ဖိုး လာဝယ်တဲ့ မမရေ စိတ်မကောင်းဖြစ်သွားရင် တောင်းပန်ပါတယ်နော်။

မင်မင့် ချစ်ဆုံး customer လေးတွေ စောင့်ရတာ
ကြာနေမှာစိုးလို့ ဗူးကို အလောတကြီး ရှာလိုက်မိ​တာပါ
(ဒီနေ့မှ ကော်ဗူးက ကုန်သွားတာမို့လို့ပါ ချစ်ဆုံးလေးရေ၊
မင်မင် မရရအောင်ရှာပေးတဲ့ ဗူးလေးကို စိတ်ရှည်ရှည်လေး
သည်းခံစောင့်ပေးသွားတာလည်း ကျေးဇူးတင်ပါတယ်နော်။
မဟုတ်ရင် မင်မင်လည်း စိတ်ကောင်းမှာ မဟုတ်ဘူး။)

ဗူးသစ်ကလေး ၁၀ဗူး အတွဲလိုက်လေးက အောက်ဆုံး
ရောက်နေတော့.....အိတ်ထဲနှိုက်ရတာ ကြာသွားလို့ပါ။
မင်မင့်အမှားပါ။

နဲနဲလေးကြာသွားလို့ စိတ်ခုသွားရရင် တောင်းပန်ပါတယ်နော် မမရေ။ မျက်နှာလေးပျက်သွားလို့ မင်မင် တကယ် စိတ်မကောင်းဖြစ်လို့ပါ။

ဒီနေ့ လာအားပေးကြတဲ့ သဲငယ်တို့ရော အဆင်ပြေရဲ့လားဟင်။ လိုအပ်တာရှိရင် အားမနာတမ်း ပြောပြပါနော်။

မင်မင့် အချစ်ကလေးတွေအတွက် အမြဲတမ်း သင်ယူပြီး
သဲတုန် အူတုန်လေးတို့ စိတ်ကျေနပ်မှုရအောင်
service ပေးနိုင်ဖို့ ကြိုးစားနေပါတယ် ချစ်သော...တို့ရေ။

Photos from မချောစု-သင်းဝင် ဝက်သားဒုတ်ထိုး's post 21/03/2022

မင်မင့်ရဲ့ သဲတုန် အူတုန်လေးတို့ရေ မင်မင် ညဘက်တွေမှ reply ပြန်ဖြစ်တာ တောင်းပန်ပါတယ်နော် သဲငယ်လေးတို့။
နေ့လည်ပိုင်းဆို မင်မင် ဆိုင်ရောက်နေလို့ပါ။

အခုရက်ပိုင်း လူတအားကျလာလို့ မင်မင်လည်း ဆိုင်မှာရှိနေပါတယ် ချစ်တုံးလေးတို့ရေ။ အဆင်မပြေတာလေးတွေရှိရင်လည်း အားမနာပဲ ပြောပြကြပါနော်။

တချောင်းပဲစားစား နှစ်ချောင်းပဲစားစား မင်မင်ချစ်ရတဲ့ customer တွေမို့လို့ စိတ်ကျေနပ်မှု အပြည့်အဝ ရစေချင်လို့ပါ။ လိုအပ်တာရှိရင် ပွင့်ပွင့်လင်းလင်း အားမနာပဲ ပြောပြပါနော်။

Reply ပြန်ဖို့ နောက်ကျနေရင် စိတ်ကောက်သွားကြပါနဲ့နော် မင်မင့်သဲတုန်လေးတို့။ မင်မင့်ဖုန်းကိုရော၊ မေ့ဖုန်းကိုပါ ဆက်လို့ရပါတယ်နော် ချစ်တုံးလေးတို့ရေ။

Ph - 09254919375 / 09420006032 ပါ။

Photos from မချောစု-သင်းဝင် ဝက်သားဒုတ်ထိုး's post 19/03/2022

မင်မင်တို့ဆိုင်လေးမှာ အရင်လိုပဲ ဒုတ်ထိုးလေးတွေနဲ့
ကြိုက်တာ စားလို့ရနေပြီနော် ချစ်သော...တို့ရေ။

ချစ်ရတဲ့ customer လေးတွေ စိတ်တိုင်းကျ သန့်ရှင်းမှု
အပြည့်အဝနဲ့ service ပေးပါတယ်။

ဒုတ်ထိုးလေးတွေက တချောင်း - ၂၀၀ပါ (၂၀၀နဲ့ စားရတာ
တန်တယ်ဆိုတဲ့ ခံစားမှုမျိုး ရစေရပါမယ်နော်)။

ပုံလေးတွေမှာလည်း စျေးလေးတွေ ထည့်ပေးထားတယ်နော် ချစ်တုံးလေးတို့ရေ။

ဒီရက်ပိုင်း လူကျနေလို့ အကြောင်းမကြားဖြစ်တာ၊
ပုံလေးတွေ မတင်ဖြစ်တာ မင်မင့်ကို ခွင့်လွှတ်ကြနော်😚။

ဆိုင်ကိုရော၊ onlineကပါ မ​ငြီးမငြူ အားပေး မပျက် အားပေးမြဲ အားပေးနေတဲ့ တဦး တယောက်ချင်းစီတိုင်းကို
ကျေးဇူးတင်ပါတယ်၊ ချစ်လည်း ချစ်ပါတယ်လို့😘😘။

15/03/2022

မင်မင်တို့ ဆိုင်လေးကို လိုအပ်ချက်ကလေးတွေ
ထောက်ပြပေးတာ တကယ့်ကို ကျေးဇူးတင်ပါတယ်
သဲတုန်တို့ရေ။

မင်မင်တို့ တတ်နိုင်သမျှ မင်မင့်ရဲ့ ချစ်ရတဲ့
customerတို့ အဆင်ပြေအောင်၊ စိတ်ကျေနပ်အောင်
ပြင်ဆင်ပေးပါမယ်။

လိုအပ်ချက်တွေ အများကြီးရှိနေပေမယ့်
ချစ်တဲ့စိတ်ကလေးနဲ့ အားပေးကြတဲ့၊ နားလည်ပေးကြတဲ့
တယောက်ချင်းစီတိုင်းကိုလည်း အတိုင်းအဆမရှိ
ကျေးဇူးတင်ပါတယ်။

ချစ်သော မျက်လုံးလေးတွေနဲ့ ကြည့်ရှု့ ​ထောက်ပြ၊
ဆို ဆုံးမပေးကြတဲ့ အချစ်တွေကိုလည်း အများကြီးးးးး
အများကြီး ချစ်ပါတယ်။

မင်မင်တို့အတွက် အဓိကက စားသုံးသူရဲ့ စိတ်ကျေနပ်မှု
ရှိစေဖို့ပါ။ အမြဲတမ်း လိုအပ်ချက်တွေကို ပြင်ဆင်ရင်းးး
ပြင်ဆင်နေဆဲပါ သဲတုံးတို့ရေ။

အရသာ၊ ဆက်ဆံရေး၊ နေရာထိုင်ခင်း၊ သန့်ရှင်းမှု အစစ
အရာရာ သတိထားပြီး ပြင်ဆင်နေရဲ့နဲ့ ချွတ်ချော်မှုလေးတွေ ကြုံကြိုက်သွားခဲ့ရင်၊ အထင်လွှဲမှုလေးတွေ ဖြစ်စေမိတဲ့အတွက် မင်မင် ဒီကနေပဲ အနူးညွှတ် တောင်းပန်ပါတယ်နော်။

အဆင်မပြေတာ၊ စိတ်တိုင်းမကျတာရှိရင် အားမနာပဲ
ပြောပြကြပါနော်။ လိုအပ်တာရှိရင်လည်း ဆူနိုင်ပါတယ်။

ပြင်ဆင်ဖို့ အခွင့်အရေးပေးပြီး၊ စိတ်ရှည်ရှည်လေးနဲ့
စောင့်ကြည့်ပေးရင်......
မင်မင်က မင်မင့် customerတွေ စိတ်မပျက်စေရဘူးလို့
ကတိပေးပါတယ် ချစ်တုံးလေးတို့ရေ။

အကြံပေးချက်လေးတွေ တခုစီ တခုစီတိုင်းကို
မင်မင်ဝက်ပေါက်မှ အလေးထားပြီး ဖတ်ပါတယ်။

လိုအပ်ချက်ကလေးတွေရှိလည်း နားလည် အားပေးကြလို့ ကျေးဇူး အကြီးကြီးတင်ပါတယ်လို့😘😘😘။
ချစ်လည်း ချစ်ပါတယ်လို့😚😚
မင်မင်တို့ဆိုင်လေး နာမည်ကိုတောင် ကြည့်ပါလား။
ချစ်လွန်းလို့.....မင်မင့်သဲတုန်၊ အူတုန်လေးတွေ ပေးတဲ့နာမည်ပဲ ထားတာပါနော်😍😍။

စိတ်ပျက်ရအောင် လုပ်မိသလို ဖြစ်သွားတဲ့အတွက် ထပ်ပြီးတောင်းပန်ပါတယ်နော် မင်မင့်ချစ်သော....တို့ရေ😔။

13/02/2022

သဲတုံးလေးတို့ရေ😘
မင်မင်တို့ ဆိုင်လေး
14. 2. 2022(Monday)
မနက်ဖြန် ပြန်ဖွင့်ပါပြီနော်😍

06/02/2022
03/01/2022

၄ရက်ကလေးပဲ ခွင့်ယူမယ်နော် ချစ်တုန်းလေးတို့😘😘😘

11/08/2021

မင်မင်တို့ ဆိုင်လေးကို
၁၃. ၈. ၂၀၂၁ (သောကြာနေ့)
ပြန်ဖွင့်ပါမယ်နော်😘
အသည်းတုံးလေးတို့ရေ။

04/08/2021

သဲတုံးတို့ရေ မင်မင့်ဆီ ဖုန်းနဲ့ရော chat box ကပါ
"ဆိုင်ဖွင့်ပြီလားဟင်"လို့ မေးနေရတာ မောနေကြပြီလားကွယ်😍😍။

မင်မင်တို့ မချောစု ဒုတ်ထိုးဆိုင်လေးကို
၁၀.၈.၂၁ နဲ့ ၂၀.၈.၂၁ ကြားထဲ ရအောင် ပြန်ဖွင့်ပါ့မယ်နော်။

ပြန်ဖွင့်မယ့်ရက်ကြရင် မင်မင် ဝက်ကလေးက အသဲလေးတို့ကို အသိပေးမယ်နော်။
၂၀ရက်နေ့ မကျော်စေရဘူးနော် ကလေးလေးတို့😘😘။

ခင်ဗျားလေးတို့ အစဥ်အမြဲ အားပေးနေလို့ မင်မင်တို့ဆိုင်လေး ဒီအချိန်ထိ ရပ်တည်နေနိုင်တာပါ။
ခင်ဗျားလေးတို့ကိုမှ အလိုမလိုက်ရင် ဘယ်သူ့ကို အလိုလိုက်ရမှာလဲ....နော့်။ တတ်နိုင်သမျှ မြန်မြန် ဖွင့်ပေးမယ်နော်။
ဆိုင်လေး အကြာကြီး ပိတ်ထားလို့ စိတ်ဆိုးပါနဲ့ကွယ်😌😌။

ကျန်းမာရေးလည်း ဂရုစိုက်ကြနော်၊
အားရှိအောင် စားကြပါ၊ အိပ်ချိန်များများအိပ်နော်။
ရှင်လေးတို့ အကုန်လုံးကို စိတ်ပူတယ်😚😚😚😚။

04/05/2021

မင်မင့်foodieလေးတို့ရေ မင်မင်တို့ ဒုတ်ထိုးဆိုင်လေးကို 25. 4. 2021(Sunday)က ပြန်စဖွင့်ပါတယ်နော်😍။

ဆိုင်ဖွင့်ချိန်က > မနက် ၁၁နာရီ - ညနေ ၆နာရီ ပါ။

Delivery လည်း ရပါတယ်နော်။ မင်မင်တို့ ပို့လို့ရတဲ့နေရာအထိ ပို့ပေးပါ့မယ်ခင်ဗျ။

Internetသုံးရတာ အခက်အခဲဖြစ်နေလို့ replyတွေ နောက်ကျတာ ခွင့်လွှတ်ပါနော် အသဲလေးတို့😘။

Photos from Eat with Seng's post 30/01/2021

အခုလိုအများကြီး အားပေးသွားတာ ကျေးဇူးတင်ပါတယ် အချောလေးရေ😘😘

29/11/2020

မင်မင့် အချောလေးတို့ ခဏခဏ မေးကြလွန်းတဲ့
Delivery Service လေး မနက်ဖြန်က စပြီး ရပါပြီနော်
Orderလေးတော့ ၁ရက် ကြိုတင် မှာပေးပါ
ချစ်ဆုံးတို့ရေ😘

02/11/2020

အချောလေးတို့ရေ မင်မင်တို့ ဆိုင်လေးကို
၉.၁၁.၂၀၂၀ ရက် ပြန်ဖွင့်ပါမယ်နော်
Love you all😘😘

25/10/2020

မင်မင်တို့ ဆိုင်လေးကို ရွေးကောက်ပွဲပြီးရင် ပြန်ဖွင့်ပါမယ်နော် ဖုန်းဆက်မေးကြတဲ့ customerလေး တွေကိုလည်း အချစ် ပိုရပါတယ်ဗျ😘😘

03/09/2020

Covid အခြေအနေတွေကြောင့် မင်မင် အချောလေးက😁 Delivery Service ကို ယာယီ နားထားပါမယ်😘😘 အချစ်လေးတို့လည်း ကျန်းမာရေး ဂရုစိုက်ကြပါနော်

31/07/2020

ဒီအချိန်ကြီးမှ ပြန်ကြည့်မိတယ် ဗိုက်ဆာနေပါတယ်ဆိုမှ မြန်မြန် အိပ်မှပါ😁

Photos from မချောစု-သင်းဝင် ဝက်သားဒုတ်ထိုး's post 31/07/2020

မချောစု #သင်းဝင်ဝက်သားဒုတ်ထိုး ကို မြောက်ဒဂုံအတွင်း ပို့ခ-၁၀၀၀ ဖြင့် ပို့ပေးနေပါပြီနော် အချောလေးတို့ရေ🤩🤩

မှာယူချင်တယ်ဆိုရင် Ph-09254919375 ကိုဆက်သွယ်နိုင်ပါတယ်
ကျွန်တော့် chat box ကနေလည်း မှာယူလို့ရပါတယ်ဗျ
ဒီ page လေးကနေလည်း order တင်နိုင်ပါတယ်နော်
👉 https://www.facebook.com/108180524041456/posts/188479462678228/ 👈

ဝက်ဦးနှောက်ပေါင်းလေးက တစ်ပွဲ-၁၅၀၀ ပါ
ဝက်သားဒုတ်ထိုး တစ်ပွဲ-၅၀၀၀ ပါ( အခေါက်/ အသွေး/ အဆုတ်/ ခေါင်းသား မထည့်ထားပါဘူးနော်😇
နားရွက်/ လျှာ/ အူပိတ်/ အူချို/ အချင်း/ ဘဲဥ/ နှလုံး အကုန်လုံး အကောင်းလေးတွေပဲ ရွေးပြီး ထည့်ပေးတာပါ😍😍 )

ဆိုင်မှာ လာစားချင်တယ်ဆိုရင်တော့ အရင်နေရာလေးပဲနော်👉 အမှတ်(၇)၊ ပင်လုံလမ်းမကြီး၊ (၃၄) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့👈
▪︎( သင်းဝင်ထိပ်က Capital ရှိတဲ့ဘက်အခြမ်းမှာပါနော်/
KSS ဒံပေါက်ဆိုင်ရဲ့ ဘေးချင်းကပ်မှာပါ အချောလေးတို့ရေ😘 )

Photos from မချောစု-သင်းဝင် ဝက်သားဒုတ်ထိုး's post 22/07/2020

တစ်ပတ် ၄ရက် ပို့ပေးနေပါပြီနော် အချောလေးတို့ရေ
မြောက်ဒဂုံတွင်းကို ပို့ခ ၁၀၀၀
တောင်ဥက္ကလာကို ၁၅၀၀နဲ့ ပို့ပေးပါတယ်😇

ဦးနှောက်ပေါင်းလေးက ၁၅၀၀ပါ
ဝက်သားတုတ်ထိုး ၅၀၀၀ ပါ( အခေါက်/အသွေး/အဆုတ် မထည့်ထားပါဘူးနော်)😍😍

Photos from မချောစု-သင်းဝင် ဝက်သားဒုတ်ထိုး's post 21/07/2020

အချောလေးတို့ အားလုံးရဲ့တောင်းဆိုမှုကြောင့် တစ်ပတ်မှာ စနေ၊ တနင်္ဂနွေ၊ အဂါင်္၊ ဗုဒ္ဓဟူး ၄ရက် delivery ပို့ပေးပါမယ်နော်😍
လောလောဆယ်တော့ မြောက်ဒဂုံမြို့နယ်တွင်းနဲ့ တောင်ဥက္ကလာပဲ delivery service ရပါမယ်နော်

Delivery fee က မြောက်ဒဂုံတွင်းကို- ၁၀၀၀ ပါ တောင်ဥက္ကလာကို- ၁၅၀၀နဲ့ ပို့ပေးပါတယ် အချစ်တုန်းတို့ရေ 😘😘
ဝက်သားတုတ်ထိုးလေးက 》တစ်ပွဲ-၅၀၀၀ ပါနော်

06/05/2020

၁၀ ရက်နေ့ ဆိုင်ပြန်ဖွင့်ပါမယ်နော်😍

Want your restaurant to be the top-listed Restaurant in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No. (7), Pinlon Road, (34) Ward, North Dagon Township
Yangon
16.8670824,96.1853379

Opening Hours

Monday 11:00 - 19:00
Tuesday 11:00 - 19:00
Wednesday 11:00 - 19:00
Thursday 11:00 - 19:00
Friday 11:00 - 19:00
Saturday 11:00 - 19:00
Sunday 11:00 - 19:00

Other Health Food Restaurants in Yangon (show all)
Crox Eat Crox Eat
Yangon

Clean, Healthy and Fresh home-cooked quality food to help you cultivate healthy eating habits. We only use quality and healthy ingredients to prepare our foods. Taste and feel the ...

A Yee Paw A Yee Paw
8/1(44), Yan Aye Road , Yan Aye Housing , Yankin Tsp
Yangon, 11211

Homemade food for the people, by the people.

Suu Home Cook Suu Home Cook
Sanchaung Township
Yangon

Twelve O’Clock Twelve O’Clock
Yangon

We are making the authentic healthy food with several options of our homemade delicious items which are made with fresh and tasty ingredients by our creative chef.

ရွှေရှမ်းသူ ကြက်ဆီထမင်းနှင့် နှင်းပုလဲရေခဲမုန့် လုပ်ငန်း ရွှေရှမ်းသူ ကြက်ဆီထမင်းနှင့် နှင်းပုလဲရေခဲမုန့် လုပ်ငန်း
Yangon

ကြက်ဆီထမင်းနှင့်နှင်းပုလဲရေခဲမုန်?

Octopus Garden Octopus Garden
Damaseindar Street
Yangon

လတ်ဆတ်သောပင်လယ်စာ ထူးကဲတဲ့အရသာ နည်?

ခင်ကြီးကျယ် Khin Kyee Kyal ခင်ကြီးကျယ် Khin Kyee Kyal
Yangon, 11111

Made all food with Love... �

Spicy Love Spicy Love
South Dagon
Yangon

ဖက်တီးမ ထမင်းကြော်ဆိုင် ဖက်တီးမ ထမင်းကြော်ဆိုင်
17th Street
Yangon

၁၇လမ်းထိပ် နှင့် အနော်ရထာလမ်းထိပ်

Cooking Paradise Cooking Paradise
Hlaing Township
Yangon

LUCY’s Snacks LUCY’s Snacks
Yangon

မင်္ဂလာပါ! LUCY’s Snacksမှကြိုဆိုပါတယ်ရှင့?