Electrical Knowledge Sharing AEEA
knowledge sharing
M&E (ရေ ၊ မီး) site တစ်ခု run ဖို့ အတွက် လိုအပ်မဲ့ Handtool & တခြား ပစ္စည်းများ
📒📒📒📒📒📒📒📒📒📒📒📒📒📒📒📒📒📒📒📒📒📒📒📒📒📒📒
1.Extension (မီးကြိုးခွေ)
2.socket (ပလပ်ပေါက်)
3.3 Pin, 2Pin ခေါင်း
4.Hammer - တူ အသေး ( Trunking ရိုက်)
5.Hammer -တူ ( ခွဲ/ထွင်း)
6.စို့ (ခွဲ/ထွင်း)
7.Saw ( လွှ -သေး /ကြီး)
8.မြေဖြူ or မှတ်သားစရာတစ်ခုခု
9.Spirit Level (ချိန် /တိုငိး)
10.သံလျှပ် ( ခွဲထွင်း/ ပြန်ချော ဖို့ ရာ)
11.ဖော့ပြား- လက်ပွတ် ( ခွဲထွင်း ပြန်ချော ဖို့ရာ)
12.plyer ( ပလာရာ)
13.Nose plyer ( ပလာရာ ခေါင်းရှည်)
14. screw driver( စတားဝက်အူ -/+)
15.Tester ( လျပ်စစ်မီးရှိမရှိစမ်း ဖို့ ရာ)
16.wire Cutter ( ကြိုးဖြတ်)
17.Pipe cutter (ပိုက်ဖြတ်)
18. Measuring Tape ( ပေဗူး)
19.လှေကား
20.Hand tool Box အကြီး( ပစ္စညိး တွေသိမ်းဖို့ရာ)
21.Pipe (မီးပိုက်)
22. Pipe fitting (1,2,3,4 ways,90 Join box,Saddle,socket...)
23.Trunking ( Trunking ပြား)
24.Trunking Fitting (....)
25.Pipe Bender ( ဘန်တာ - ပိုက်ကွေးရန် စပရိန်)
24.Wire puller (or ) wire ခေါ်ကြိုး ( ကြိုးဆွဲရာတွင်အသုံးပြု သော)
25.Base cup ( ခံ ခွက်)
26.Junction Box
27.အုတ်ရိုက်သံ
28.Wall plug (size 6/7/..)
29.Black screw
30.Yellow Tape တိတ်ဝါ ( ခံခွက် / Join boxတွင်အသုံးပြရန်)
31.ဂျာလီခွေ ( ခွဲထွင်းပြန်ပိတ် တွင်အသုံးပြုဖို့ရန်)
32.GI ကြိုး ( For bending wire)
33.ဘိလပ်မြေ ( ခွဲထွင်းပိတ် ဖို့ရန်)
34.AC gang & Concrete Core drills ( ရိုးရိုး / အ ပေါက် ဖောက် / နံရံ ,ကြမ်းခင်း ဖြိုရန်)
35.DC gang ( အပေါက် ဖောက်/ fixture တပ်)
36.Screw bit/ Drill bit (လိုအပ်တဲ့ Size စုံ)
37.Grinder machine&wheels - ဂရိုက်တာ&ကျော်ပြား ( ခွဲ/ဖြတ် ရန် )
38.Hole saw ( အပေါက်ဖောက်ရန် size စုံ)
39.Wire,Cable ( လျှပ်စစ် ကြိုး /ဝါယာ )
40.Switch (1gang,2gang,3gang....)
41.Socket (2Pin,3pin,multi.. )
42.Earth meter
43.Megga tester
44.Digital meter, Clamb meter....
45.Socket tester
46.DB box,Panel Box
47.vlot meter
48.Amp meter
49.Pilot light
50.Comb bar
51.Circuit breaker (1,2,3..Pol)
52.Change over
53.Cable Tie
54.Cable Clip
55.Bus Bar
56.Polyform (ဖော့ပြား ဖြူ)
57.Lighting fixutr (Wall,Surface,Gate,Fluorescent Lamp..)
58.Earth rod & accessary ( for earthing work)
59.Air terminal & accessary (For lightning workမိုးကြိုးလွဲ)
60.PVC Pipe ရေအေး ( 8.5,13.5 class)
61.Pressure Test ( ရေယို စိမ့်မှုရှိ /မရှိ)
62. PPR ( ရေပူ/အေ pipe )
63. PPR machine ( ပိုက် အပူပေးပြီ စက် )
64.Pipe fitting( 90,Tee,R-Tee,Y-Tee,Reduce,Cup,....)
65.OCI ကော်ဗူး
66.Seal tape
67.Pipe Hanger,Saddle,...
68.Thread rod & accessary...
69.P&S fixture ( EWC, IWC ,Basin, kitchen sink, Shower, Bathtub, Hand spray, Tissue holder, Water tap,Floor drain cover,boiler, instant water heater....)
မှာ Handtool တစ်ခုမကျန် ကျေးဇူးရှင် သူခိုး မ သွားလို့ လိုအပ်တဲ့ list ပြန်စုတာပါ။
Wall hacking and piping work
MCB, MCCB, RCCB, ELCB, RCBO breakers အကြောင်း
စာဖြင့်တင်ပေးစေလိုသောစာဖတ်ဝါသနာရှင်များအတွက်ရ်ာရွယ်ပြီးတင်ပေးလိုက်ပါတယ်နော်
❤တစ်စုံတစ်ယောက်အတွက်အကျိူးရှိပါစေ🙏
MCB ရဲ့ နာမည်အရှည်ကောက်က
Miniature Circuit Breaker ပါ။အလွယ်ခေါ်တာကတော့ MCB Breaker ပေါ့ ။ MCB တွေဘာကြောင့်သုံးရသလဲဆိုရင် လျှပ်စစ်ပစည်းတွေသုံးတဲ့အခါ ဖြစ်ပေါ်လာနိင်တဲ့Short Circuit တွေOverLoad တွေ စတင်ဖြစ်ပေါ်လာတာနှဲ့ လျှပ်စီးပတ်လမ်းကို ဖြတ်တောက်ပေးဖို့ပါ ။ MCB တွေကိုတော့ A နည်းတဲ့ Load တွေသုံးစွဲကြတဲ့အခါ အကာကွယ်ဖြစ်ဖို့သုံးကြတာပါ။ အိမ်သုံးအနေနဲ့အတွက်လည်း MCBတွေသုံးကြပါတယ်။100A ထိMCB breaker အမျိုးစားတွေရှိပါတယ်။ MCB နေရာမှာ Fuse တွေသုံးလို့ရပေမယ့် Fuse တွေက Short Circuit ဖြစ်ပီးသွားရင် ပြန်သုံးလို့မရတော့တဲ့ အားနည်းချက်တွေကြောင့် နောက်ပိုင်းမှာ MCB တွေအသုံးများလာကြပါတယ်။Short-Circuit ဖြစ်လာတဲ့အခါ ခံနိင်ရည် Currentအ ရေတွက်BreakingCapacity ပမာဏကို MCB ရဲ့Body ပေါ်မှာ ရေးထားပါတယ်။ BreakingCapacity အရေတွက်များလေ ဈေးပိုပေးရလေပါ ။ MCB တွေမှာ 1 Pole က 4Pole ထိ A အလိုက်အမျိုးမျိုးထုတ်လုပ်ထားပါတယ်။
MCCB ရဲ့နာမည်အရှည်ကောက်က
Molded Case Circuit Breaker ပါ ။ သူက MCB လိုပါပဲ Short-circuit နှဲ့ OverLoad တွက် သုံးရတာပါ ။
MCB က ဖြတ်မချနိင်တဲ့ Overcurrent or Short-circuited အခြေအနေဖြစ်လာရင် MCCB ကနေ လျှပ်စစ်ကိုဖြတ်တော်ပေးပါတယ် ။MCCBတွေကို High Current Rating နှဲ့ Load ဆွဲအားများတဲ့ စက်ရုံသုံးတွေအတွက်သုံးကြပါတယ် ။ 1000A ပတ်ဝန်းကျင်ထိ Size အမျိုးမျိုးနဲ့ထုတ်ပါတယ်။ အိမ်သုံးအနေနဲ့ 63A အောက် MCCBတွေကိုလည်း သုံးကြပါတယ် ။
RCCB ရဲ့နာမည်အရှည်ကောက်ကတော့
Residual Current Circuit Breaker ပါ။ သူရဲ့လုပ်ဆောင်ချက်ကတော့ Phase Conductorsမှာ စီးဆင်းသွားတဲ့ Current ပမာဏ မညီတော့ဘူးဆိုတာနဲ့ လျှပ်စီးပတ်လမ်းကိုဖြတ်တောက်ပေးတာပါ ။ မြင်သာအောင် ပြောရရင် လျှပ်စစ်စီးနေတဲ့Wire ကပေါက်နေတယ် ဒါကိုလူကမသိပဲကိုင်မိတာနဲ့ စပီးလူကိုဓာတ်လိုက်ပါပီ ။ အာ့ချိန်မှာ RCCB ကနေ leakages ဖြစ်သွားတဲ့ Current ပမာဏကို sense လုပ်မိတာနှဲ့ လျှပ်စစ်ကို တန်းဖြတ်ချပလိုက်ပါတယ် ။ အိမ်တွေတွက် အရမ်းအသုံးဝင်ပီးတော့ သုံးသင့်တဲ့ Breaker အမျိုးစားပါ မြန်မာပြည်မှာသုံးတဲ့ အိမ်အရေတွက် နည်းပါသေးတယ်။ RCCB က Leakages Current ကိုပဲ detect လုပ်ပေးနိင်တာပါ ။ short နှဲ့ OverCurrent ကို ဖြတ်တောက်မပေးနိင်တဲ့အတွက် RCCB ကို MCB နှဲ့ Series ချိတ်ပေးရင် အလွန် effective protection ပုံစံဖြစ်နေပါပီ ။ RCCB တွေက Leakages ဖြစ်တဲ့Current ပမာဏကို 30mA 100mA 200mA ဆိုပီး တွေ့ရပါတယ် စက်ရုံသုံးတွေတွက် 100 နှဲ့ 200mA သုံးသင့်ပီး အိမ်တွေအတွက်တော့ 30mA သုံးသင့်ပါတယ်။ 100mA မှားသုံးမိရင်တော့ လူသာဓာတ်လိုက်သေသွားမယ် breaker က ဖျက်ချပေးမှာ မဟုဘူး။
Elcb ရဲ့အရှည်ကောက်က
Earth Leakage Circuit Breaker ပါ။ လုပ်ဆောင်ချက်က RCCB လိုပါပဲ ။ ဒါပေမယ့် Elcb က Voltage Sense လုပ်တာပါ ။ အရင်တုန်းက နည်းပညာနှဲ့လုပ်ထားတာပါ ။နောက်ပိုင်း Current sense လုပ်တဲ့ RCCB တွေပေါ်လာတော့ Elcb တွေကို တွင်တွင်ကျယ်ကျယ် မသုံးတော့ပါဘူး။ Elcbသုံးတာထက် RCCB သုံးတာက ပိုကောင်းပါတယ် ။
RCBOရဲ့အရှည်ကောက်က
Residual Current Circuit breaker with over load ဖြစ်ပြီး(RCBO ကို MCB နှင့် RCCB breaker နှစ်မျိူး နှင့် အထူး ဖွဲ့ စည်းထားပါတယ်)ထိုကြောင့် RCBO breaker သည် Overload, Short Circuit, Leakages Current စသည့် Faction များအတွက်အလုပ်လုပ်ပေးနိင်ပါသည်(နေအိမ်များအတွက်မဖြစ်မနေတပ်ဆင်သင့်ပါသည်)
# Crd
# ENSAEEA
မီတာတိုင်းနည်း
********************
အခြေခံလျှပ်စစ်နဲ့ အခြေခံအီလက်ထရောနစ်ကိုစပီးလေ့လာတော့မယ်ဆိုရင် မသိမဖြစ် မရှိမဖြစ် လက်ကိုင်ထားသင့်တဲ့ မီတာတိုင်းနည်းအကြောင်းကို ဆရာဦးစိုးအောင်(သုတေသီ) ကစေတနာရှေ့ထားပီးပြုစု ပေးထားသမျှကို အများအကျိုးအတွက် မျှဝေလိုက်ပါတယ် အားလုံးပညာဗဟုသုတနဲ့ ပြည့်စုံနိုင်ကြပါစေ
ဦးစိုးအောင်(သုတေသီ)
🙏🙏🙏လေးစားလျှက် ပါ ဆရာ
Megger test or insulation resistance test.
==================================
Electrical မှာ အခြေခံ အကျ ဆုံး maintenance and measurement tool ဆုံး ဖြစ်ပါတယ်။
ဘာကြောင့်တိုင်းတာလဲ
လျပ်စစ် ပစ္စည်း တခုရဲ့ လျပ်ကာ အနေ အထား ကိုတိုင်းတာ ဖြစ်ပါတယ်။ လျပ်စစ် ပစ္စည်း တခုရဲ့ သတ်မှတ်ထားတဲ့ Voltage မှာ insulation မကောင်းလို့ ယိုစိမ့်ထွက်နေသော လျပ်စ်စီး တန်ဖိုးကို Direct current voltage နဲ့ force inject လုပ်ပြီး တန်ဖိုးကိုတိုင်းတာ ဖြစပါတယ် ။တန်ဖိုးတွေ ကိုတော့ Kilo ohm, Mega ohm, Giga ohm ( k ,M,G ) အစ ရှိ သဖြင့် သတ်မှတ်ပါတယ်။Insulation test ကို တိုင်းပေမဲ့ megger တိုင်းတယ်လို့ပဲ လူသိများပါတယ် ။ insulation က သတ်မှတ်ထားတာထက်နိမ့်နေ မယ်ဆိုရင် insulation ပြင်ဆင်ရပါမယ်။ (k,M,G တန်ဖိုးတွေ ကို Decimal multipliers မှာ ကြည့်ပါ။ )
ဘာ equipment နဲ့ တိုင်းတာပါလဲ
=========================
Mega tester or insulation tester နဲ့ သုံးပါတယ်။ထုတ်လုပ်တဲ့ company အမျိုးမျိုး ရှိပါတယ်။Megger company က အသုံးများပါတယ် ။ တိုင်းနိုင်တဲ့ voltage Selector တွေ က manufacture တွေ မူတည်ပြီး Low voltage အတွက် 50VDC, 250 VDC , 500VDC,1000VDC ,HV အတွက် 2500 VDC, 5000 VDC selector switch တွေ ပါတတ်ပါတယ် ။ ဆက်ဖို့ အတွက် L, E ,G connection တွေ ပါပါတယ်။
Sample တိုင်းတာနည်း procedure and safety precaution
==========================================
• PPE နဲ့ rubber လက်အိပ် ၀တ်ပါ။
• Insulation tester ကောင်းမကောင်း စစ်ပါ။ L and E ကို open and short Ckt လုပ်ပြီး test push button ကို နှိပ်ပြိုး တလှည့် စီ စစ်ပါ။ infinity နဲ့ 0 ohm ရရပါမည်။
• တိုင်းတာမဲ့ equipment က DE-energize or no voltage ဖြစ်နေရပါမယ်။ isolated ဖြစ်နေရပါမယ်။ Breaker များ open လုပ်ပြီး သော့ ခပ်ထားရပါမယ် ။ မတိုင်းခင် absent of voltage ကိုတိုင်းရပါမယ်။
• Probe ( clip ) ထိုးရမှာ ၃ ခုပါပါတယ် ။ L , E and G ဆိုပြီးပါ ။ L နဲ့ E ကို အသုံးပြုပြီး တိုင်းတာပါတယ် ။ L နှင့် E ကို equipment ရဲ့ connector ၂ ခုမှာ ဆက်လိုက်ပါ။ ဥ ပမာ မော်တာ တခုရဲ့ line to line တိုင်းမယ် ဆိုရင် မော်တာရဲ့ winding U နဲ့ W အစ ၂ခုနဲ့ ဆက်လိုက်ပါ။
• အသုံးပြုတဲ့ equipment voltage တွေ ကို မူတည်ပြီး voltage select ရွေး ချယ်ရပါတယ်။ အသုံးပြုမော်တာ အတွက် 500 VDC ကိုရွေးလိုက်ပါတယ်။
• test button ကို အနည်း ဆုံး တမိနစ်လောက် ဖိ ထားပါ။ ပေါ်လာသော result ကို ကြည့်ရပါတယ် ။
• wire ကြိုး တစဖြင့် line to earth ကို short circuit လုပ်ရ်ျကျန်နေသော residual voltage များ ကို discharge လုပ်ပြစ်ပါ။
• အဲ ဒီ အတိုင်း Line to line , Line to earth အးလုံးကို တလှည့်စီ တိုင်းပါ။
• Test Result များ ကို သင့်တော်ရာ form များသုံးရ်ျ မှတ်သားပါ။
တိုင်းတာနည်း method
=================
Instrument , control တွေ အတွက် 250 VDC သုံးရပါတယ် ။ LV AC သုံး ပစ္စည်းများကို 500VDC သုံး inject လုပ်ပြီး တိုင်းတာလေ့ရှိပါတယ် ။ Pre and Commissioning phase တွေ မှာတော့ 1000 VDC အသုံးပြုပါတယ်။ HV တွေ အတွက် 2500, 5000 VDC သုံးတတ်ပါတယ်။ HV test တွေ က insulation အပြင် တခြား HV test တွေ ရှိပါတယ်။ primary insulation ကောင်းကောင်း အတွက်သာသုံးပါတယ် ။
လက်ရှိသုံးနေတဲ့ site တွေ မှာတော့LV အတွက် 500 VDC ကိုသာ အများဆုံး သုံးလေ့ရှိပါတယ် ။
Minimum insulation test value result
=========================
ကတော့ နေရာ အခြေအနေ တွေ ပေါ် မူတည်တတ်ပြီး အသုံးပြနိုင် မပြုနိုင် ဆုံးဖြတ်ရပါတယ် ။ အကြမ်းဖျင်း အနေနဲ့ LV တွေ မှာအနည်း ဆုံး ကတော့ 5 Mega ohms ( 5 Mohms ) မှာ အသုံးပြုနိုင်ပါတယ် လို့ဆိုပါတယ်။Site တွေ မှာ အသုံးပြုနေဆဲ တွေ ကိုပြောတာပါ။
ဘယ်လောက် value ရှိ ရမယ်ဆိုတာတော့ per-commissioning sheet တွေ မှာရေးထားတတ်ပါတယ် ။ company တခုနဲ့ တခု မတူပါဖူး ။ အဲဒါတွေ အတွက်ကတော့ ကျန်တဲ့ document တွေ လေ့လာရပါမယ်။
အရေး အကြီး ဆုံး safety
=================
► တိုင်းတာမဲ့ equipment က အားလုံး electrically Disconnect လုပ်ထားရပါမယ်။
► ပေါက်ကွဲ နိုင်တဲ့ နေရာမှာ မသုံးရပါဖူး ။ spark ထွက် တတ်လို့ပါ။
► သုံးပြီးတိုင်း discharge voltage လုပ်ရပါမယ်။
► Cable တွေ တိုင်းရင် တခြား တဖက်မှာ အန္တာရယ် မရှိအောင် လုပ်ထားရပါမယ်။ warning sign များရေးထားရပါမယ်
► စွတ်စိုတဲ့ နေရာမှာ သုံးရင် ပို သတိထားပါ။
အတွေ့ အကြုံအရ
တခါတရံ တစ် မက်အုံး 1 Mohm လောက်မှာ သံုးရတာတွေ ရှိပါတယ် ။ ဥပမာ ရေ ထဲမှာ နှစ်ထားတဲ့ immersion heater တွေ submersible motor တွေပါ။ ကြိုးတွေ မော်တာတွေ မှာ တိုင်းတာပြသနာ မရှိပေ မဲ့ generator တွေ control unit တွေ မှာတိုင်းတာ ဆိုရင် သတိထားရပါမယ် ။ drawing သေသေချာချာ မကြည့်ပဲ ဖြုတ်သင့် သည့် equipment များ ကို မဖြုတ်ပဲ မက်ဂါ ရိုက်ပါက ပျက်စီးတတ်ပါသည် ။ HV များ တိုင်းတာလျင် ပို သတိထားရပါသည်။ ကျွမ်းကျင်မှု မရှိ လျင် ကျွမ်းကျင်သူနှင့် အကူ အညီ ယူပြီးမှသာ သုံးသင့်ပါသည်။
EXAMPLE
Sample for minimum insulation test result for per-commissioning for generator cable switch board.
The minimum acceptable insulation value shall be
6.6 kV generator winding - 150 Megohms
440 V generator winding - 100 Megohms
Exciter winding - 100 Megohms
Anti-condensation heaters - 10 Megohms
Bearing Insulation - 1 Megohm.
Insulation resistance tests will be carried out on all units as follows:
Main Circuit: with contactor panel withdrawn from its cubicle the insulation resistance is to
be measured using a 1000 V Megger between all phases, and to earth, the readings
obtained shall be in excess of 100 Megohms
Control Wiring: remove control fuses and measure insulation resistance of control wiring
to earth using a 500 VG Megger, the reading obtained shall be in excess of 10 Megohms
Anti-condensation Heaters: measure insulation resistance to earth using a 500 V Megger,
the reading obtained shall be in excess of 10 Megohms.
The insulation resistance tests will be carried out using a 1000 V Megger for 440 V cables and a
500 V Megger for all other applications.
The minimum acceptable value will be
440 V cables - 50 Megohms
240 V and below - 10 Megohms
KYAW OO
EI engineering
တစ်ယူနစ် ပျမ်းမျှ သုံး စွဲ နိုင်မှု
Earth ဝါယာ ရွေးချယ်နည်း (G/Y)
==========================
💡💡
@ Line Cable 1.5mm2 to 10 mm2 မှာဆို Earth Cable က Same Size ⚡
@ Line Cable 16 mm2 to 25 mm2 မှာဆို Earth Cable Size 16mm2 ⚡
@ Line Cable 35mm2 အထက်မှာဆို Earth Cable Size လိုချင်ရင် L/2 ⚡
L=(Line Cable)
Bathroom design 👷🏻
I got 11,414 reactions and 100 replies on my recent top post! Thank you all for your continued support. I could not have done it without you. 🙏🤗🎉
ဘိလပ်မြေ ၁ အိတ်ဟာ ၅၀ ကီလိုဂရမ်လေးပြီး
အိတ်၂၀ ဆိုရင် အလေးချိန် ၁ တန်ရှိပါတယ်။
အဆောက်အဦဆောက်ဖို့ စိတ်ကူးထားသူ မိတ်ဆွေတို့အနေဖြင့် ဘိလပ်မြေ ဘယ်လောက်အသုံးပြုရမလဲဆိုတာကို အကြမ်းဖျင်း သိနိုင်စေဖို့ ထပ်ဆင့်ဖော်ပြပေးလိုက်ပါတယ်။
မြန်မာနိုင်ငံ ဆောက်လုပ်ရေးလောကမှာ ကျင်း ဘယ်နှကျင်းရှိသလဲဆိုပြီး ရေတွက် ပြောဆိုကြပါတယ်။
ကုဗကျင်း နှင့် စကွဲယားကျင်း ဆိုပြီးရှိပါတယ်။
" ကုဗကျင်း "
=========
ကုဗကျင်းက အလျား x အနံ x အမြင့် အတိုင်းအတာ (၃) ခု မြှောက်တာပါ။
အဆိုပါ (၃) ခုမြှောက်လို့ ၁၀၀ ရရင် ၁ ကျင်းလို့ တွက်ပါတယ်။
၅၀ ဆို ကျင်းဝက်
၂၅ ဆို ကျင်းတစ်မတ် စသဖြင့်ပါ။
ကုဗကျင်းကို ၉ လက်မနှင့်အထက်
အုတ်စီခြင်းတို့
ကွန်ကရစ်လောင်းခြင်းတို့
မြေကြီးတူးခြင်းတို့မှာ အများဆုံးသုံးပါတယ်။
ရှိသမျှ အလျား အနံ အမြင့်တွေ လိုက်မြှောက်ပြီး ပေါင်းလိုက်ရင်
ကုဗကျင်းထွက်လာပါပြီ။
- 1:3:6 အချိုး
ကွန်ကရစ် ဘိလပ်မြေ ၁၃ အိတ်ခန့်
သဲကျင်းဝက်
ကျောက် ၁ ကျင်း
- 1:2:4 အချိုး
ကွန်ကရစ် ဘိလပ်မြေ ၁၈ အိတ်ကျော်ခန့်
သဲကျင်းဝက်
ကျောက် ၁ ကျင်း
- 1: 1-1/2 အချိုး
ကွန်ကရစ် ဘိလပ်မြေ ၂၅ အိတ်ခန့်
သဲကျင်းဝက်
ကျောက်၁ ကျင်း
- အများသုံးတဲ့ 1:4 အချိုးဆို
ဘိလပ်မြေ ၆ အိတ်နီးပါး
သဲ .၂၈ ကျင်းတစ်မတ် သာသာလောက်။
" စကွဲယားကျင်း "
============
စကွဲယားကျင်းက အလျား x အနံ အတိုင်းအတာ (၂) ခု မြှောက်တာပါ။
အဆိုပါ (၂) ခုမြှောက်လို့ ၁၀၀ ရရင် ၁ ကျင်းလို့ တွက်ပါတယ်။
၄လက်မခွဲ အုတ်စီခြင်းတို့
ဆေးသုတ်ခြင်းတို့
အမိုးမိုးခြင်းတို့
ကြွေပြားကပ်ခြင်းတို့မှာ သုံးပါတယ်။
- 1:4 အချိုး
ဘိလပ်မြေ ၂.၇ အိတ်
သဲ .၁၁ ကျင်း ဖြစ်ပါတယ်။
Credit -
ဘိလပ်မြေ ၁ အိတ်ဟာ ၅၀ ကီလိုဂရမ်လေးပြီး
အိတ်၂၀ ဆိုရင် အလေးချိန် ၁ တန်ရှိပါတယ်။
အဆောက်အဦဆောက်ဖို့ စိတ်ကူးထားသူ မိတ်ဆွေတို့အနေဖြင့် ဘိလပ်မြေ ဘယ်လောက်အသုံးပြုရမလဲဆိုတာကို အကြမ်းဖျင်း သိနိုင်စေဖို့ ထပ်ဆင့်ဖော်ပြပေးလိုက်ပါတယ်။
မြန်မာနိုင်ငံ ဆောက်လုပ်ရေးလောကမှာ ကျင်း ဘယ်နှကျင်းရှိသလဲဆိုပြီး ရေတွက် ပြောဆိုကြပါတယ်။
ကုဗကျင်း နှင့် စကွဲယားကျင်း ဆိုပြီးရှိပါတယ်။
" ကုဗကျင်း "
=========
ကုဗကျင်းက အလျား x အနံ x အမြင့် အတိုင်းအတာ (၃) ခု မြှောက်တာပါ။
အဆိုပါ (၃) ခုမြှောက်လို့ ၁၀၀ ရရင် ၁ ကျင်းလို့ တွက်ပါတယ်။
၅၀ ဆို ကျင်းဝက်
၂၅ ဆို ကျင်းတစ်မတ် စသဖြင့်ပါ။
ကုဗကျင်းကို ၉ လက်မနှင့့်အထက်
အုတ်စီခြင်းတို့
ကွန်ကရစ်လောင်းခြင်းတို့
မြေကြီးတူးခြင်းတို့မှာ အများဆုံးသုံးပါတယ်။
ရှိသမျှ အလျား အနံ အမြင့်တွေ လိုက်မြှောက်ပြီး ပေါင်းလိုက်ရင်
ကုဗကျင်းထွက်လာပါပြီ။
- 1:3:6 အချိုး
ကွန်ကရစ် ဘိလပ်မြေ ၁၃ အိတ်ခန့်
သဲကျင်းဝက်
ကျောက် ၁ ကျင်း
- 1:2:4 အချိုး
ကွန်ကရစ် ဘိလပ်မြေ ၁၈ အိတ်ကျော်ခန့်
သဲကျင်းဝက်
ကျောက် ၁ ကျင်း
- 1: 1-1/2 အချိုး
ကွန်ကရစ် ဘိလပ်မြေ ၂၅ အိတ်ခန့်
သဲကျင်းဝက်
ကျောက်၁ ကျင်း
- အများသုံးတဲ့ 1:4 အချိုးဆို
ဘိလပ်မြေ ၆ အိတ်နီးပါး
သဲ .၂၈ ကျင်းတစ်မတ် သာသာလောက်။
" စကွဲယားကျင်း "
============
စကွဲယားကျင်းက အလျား x အနံ အတိုင်းအတာ (၂) ခု မြှောက်တာပါ။
အဆိုပါ (၂) ခုမြှောက်လို့ ၁၀၀ ရရင် ၁ ကျင်းလို့ တွက်ပါတယ်။
၄လက်မခွဲ အုတ်စီခြင်းတို့
ဆေးသုတ်ခြင်းတို့
အမိုးမိုးခြင်းတို့
ကြွေပြားကပ်ခြင်းတို့မှာ သုံးပါတယ်။
- 1:4 အချိုး
ဘိလပ်မြေ ၂.၇ အိတ်
သဲ .၁၁ ကျင်း ဖြစ်ပါတယ်။
🙏
2 way switch & 3 way switch wiring
သို့မဟုတ်
နေရာအစုံမှ မီးသီးကို အပိတ်အဖွင့် လုပ်နည်း
*************************
အားလုံးပဲ မင်္ဂလာ နံက်ခင်းပါခင်ဗျာ
ဒီတစ်ပတ် ဒီနေ့တော့
🥰2 way switch နှင် 3 way switch ရဲ့ အလုပ်လုပ်ပုံကို ေပြာပြပေးသွားမှာပါ😘
GP တွေထဲများ တော်တော်များများ မေးနေကြတာကတော့ 2 way sh*tch wiring အကြောင်းပါ။ ဒါပေမဲ့ ကြုံတုန်းလေး 3way switch wiring အကြောင်းလေးပါ တစ်ခါတည်း ရှင်းပြပေးသွားပါ့မယ်။ အဲတာရပြီဆို 3 ways ပဲမဟုတ်ပဲ မိမိကြိုက်သလောက် နေရာကနေ အပိတ်ဖွင့် လုပ်လို့ရပါပြီ။
မရှင်းပြခင် ဗဟုသုတမနေနဲ့ သိရအောင် ခလုပ်အခေါ်ဝေါ်လေးတွေ အရင်ပြောပြချင်ပါတယ်။
တစ်ကယ်တော့ ကျနော်တို့ ခေါ်နေကြတဲ့ 2 way switch ကို technical terms အခေါ်ဝေါ် အရ 3 way switch, single pole, double throw (SPDT) switcheလို့ ခေါ်ပါတယ်။
technical terms အခေါ်ဝေါ် အရ 3 way switch ကိုတော့ "4-way" (intermediate) switch,multi sh*tch, double pole, double throw (DPDT) switch ,4 way switch လို့ ခေါ်ပါတယ်။
ဒါပေမဲ့ အောက်မှာ ရှင်းပြပေးမဲ့ အခေါ်ဝေါ်ကတော့ မြန်မာပြည်မှာ အများလက်ရှိခေါ်နေတဲ့ အတိုင်းပဲ နားလည်လွယ်အောင် ရှင်းပြပေးသွားမှာပါ။
2 way switch တွေကို လှေကား အတက် အဆင်းနှင့် အိပ်ခန်းတွေမှာ အသုံးများကြပြီး၊ 3 way switch ကိုတော့ နေရာ(၃)နေရာ သို့မဟုတ် နေရာအစုံကနေ အပိတ်အဖွင့် အဖြင့်အသုံးပြုရာမှာသုံးကြပါတယ်။
2 way switch ရဲ့ အလုပ်လုပ်ပုံကတော့ Common point ကနေ ဘေး Point ၂ ခု ကို ဟိုဘက် ဒီဘက် ပြောင်းပြီး connect လုပ်တာပါ ။
Wiring ကတော့ 2 way switch နှစ်ခုကို Line 1 to line 1 , line 2 to line 2 ကို ဆက်ပါ ။ switch တခုက common ကို phase wire ဆက် ပြီး နောက် switch common တခုက အထွက် ကို မီးလုံးရဲ့ Point (အချို့က ခတ်ကြိုးလို့ခေါ်ကြပါတယ်)တခု ကိုသွား ဆက်ရပါမယ်။ မီးလုံးရဲ့ Point တခု က Neutral ကို ဆက်ပါ ။ ဒါ ဆိုရင် 2 way switch wiring ပြီးပါပြီ။
2way switch wiring နားလည်ပြီဆို 3way wiring လည်း လေ့လာဖို့ မခက်ခဲတော့ပါဘူး။
2 way sw ရဲ့ connection ကြားမှာ 3way s/w or multi s/w လေး ထည့်ပေးလိုက်ရုံပါပဲ။ 3 way s/w ခေါ် multi s/w မှာ point (4)ပွိုင့်ပါရှိပါတယ်။ အောက်မှာဖော်ပြထားတဲ့ ပုံ(၂)ကို ကြည့်လိုက်ရင် သဘောပေါက်သွားပါလိမ့်မယ်။
အဲဒီနည်းအတိုင်းနဲ့ (၄)နေရာက အပိတ်ဖွင့် လုပ်မယ်ဆိုရင် multi switch ၂လုံးသုံးရုံပါပဲ။ (၅)နေရာက အပိတ်ဖွင့်လုပ်မယ်ဆို multi switch ၃လုံးသုံးလိုက်ရင် ရပါပြီး။
Switch တွေရဲ့ဘအလုပ်လုပ်ပုံကို frist comment မှာ ကြည့်နိုင်ပါတယ်😘😘😘
ဒီလောက်ဆို အားလုံးအဆင်ပြေလောက်မယ်ထင်ပါတယ်။
ခလုပ်တွေမှာCommon , L1 ,L2 ဆိုပြီးတော့ရေးထားေပးပါတယ် ။ဒါမှ မဟုတ်ရင်တော့ မီတာ နဲ့ စစ်လို့ရပါတယ် ။ s/w တွေရဲ့ company တွေမတူတော့ ပုံစံ အမျိုးမျိူး နဲ့ လာတတ်ပါတယ် ။ ဘယ်ပုံစံနဲ့ပဲလာလာ common, L1, L2 သိရင် wiring ပုံစံကို နားလည်ထားရင် ရပါပြီခဗျ။
# Crd 🙏🙏 ဆရာ Aung Thu
မှတ်ပုံတင် ရှေ့ဂဏန်း အက္ခရာနဲ့ပတ်သက်ပြီးသိမှတ်ဖွယ်ရာ
ဗဟုသုတ လေးပါ။
စျေး ကွက် ရှိ PVC Pipe Size နှင့် အခေါ်ဝေါ်များ
လုပ် ငန်း ခွင် တွင် အသုံး ဝင် ၍ အဆင်ပြော ချော မွေ့ ကြပါ စေ 😊 ။
Photo
Earth Tester အကြောင်း သိမှတ်စရာများ
Earth Testerကို မြေဓာတ်ချစံနစ်(Earthing System)ရဲ့ ခုခံမှုတန်ဖိုး(Resistance Value)ကို တိုင်းတာဖို့အတွက် အသုံးပြုကြပါတယ်။ခုခံမှုတန်ဖိုးရဲ့ ယူနစ်က အုမ်း(Ohm)ဖြစ်ပြီး
သင်္ကေတအားဖြင့် အိုမီဂါ(Ω)နဲ့ ဖော်ပြလေ့ရှိပါတယ်။
Earthချတယ် ဆိုတာဟာ Faultဖြစ်တဲ့အခါမှာ High Current စီးဆင်းနိုင်စေဖို့
Low Resistance Path ပြုလုပ်ပေးခြင်းဖြစ်တာကြောင့် Earth Resistance တန်ဖိုးဟာ နည်းလေကောင်းလေဖြစ်ပါတယ်။
ပုံ(1)မှာ ဖော်ပြထားတဲ့ တိုင်းတာနည်း ကိုတော့ အများသိပြီးသားဖြစ်ပါတယ်။
ပုံ(2)မှာ ပြထားတဲ့နည်းလမ်းကတော့
Reference Earth Electrode ရှိတဲ့နေရာတွေမှာ ရိုးရှင်းလွယ်ကူစွာတိုင်းတာနိုင်မယ့်နည်းလမ်းဖြစ်တာကြောင့် လေ့လာဖို့ ဖော်ပြပေးလိုက်ပါတယ်။အဲသလိုတိုင်းဖို့အတွက် ပုံ(3)မှာ ဖော်ပြထားတဲ့ Test Probeကို အသုံးပြုနိုင်ပါတယ်။
နောက်ထပ်ပြောပြပေးချင်တာက
Earth Resistance Test ပြုလုပ်ရာမှာ အထူးသတိပြုရမယ့် အချက်တစ်ခုဖြစ်ပါတယ်။Testing ပြုလုပ်နေစဉ်မှာ Test Leadတွေနဲ့ အကူ Earth Spikeတွေကို မထိမကိုင်မိစေဖို့ အထူးဂရုပြုရပါမယ်။ဘာလို့လဲဆိုတော့ Testing လုပ်နေချိန်မှာ E နဲ့C ကြားမှာAC 50V~လောက်အထိ ရှိနိုင်လို့ဖြစ်ပါတယ်။
နောက်ထပ်အသုံးဝင်တာတစ်ခုကတော့
တိုင်းတာလို့ရတဲ့ Result တွေကို Saveထားပြီး လိုအပ်တဲ့အချိန်မှာ ပြန်ကြည့်တဲ့နည်းဖြစ်ပါတယ်။UNI-T UT522နဲ့ပဲ ဥပမာပေးဖော်ပြသွားပါ့မယ်။Hold/Save Button ကို တစ်ချက်ပဲ ဖိရင် Hold Functionနဲ့ အလုပ်လုပ်ပေးပါတယ်။တိုင်းလို့ရတဲ့တန်ဖိုးကို ရောက်ရာနေရာမှာရပ်ပေးပါတယ်။Hold/Save Buttonကို 2စက္ကန့်ကြာအောင် ဖိထားရင်တော့ Save Functionနဲ့ အလုပ်လုပ်ပေးပါတယ်။တိုင်းလို့ရတဲ့တန်ဖိုးကို သိမ်းပေးပါတယ်။Dataအခု(20)သိမ်းလို့ရပါတယ်။Light/Load Buttonကို 2စက္ကန့် ဖိထားပေးရင် သိမ်းထားတဲ့ Dataတွေ ပြန်ပေါ်လာပါတယ်။တစ်ချက်ချင်းဆက်နှိပ်ပြီး သိမ်းထားတဲ့ Data အခု(20)ကို ပြန်ကြည့်လို့ရပါတယ်။
Data အခု(20)သိမ်းပြီးသားရှိနေရင်တော့ နောက်ထပ် ထပ်ပြီး Saveလုပ်ဖို့ နှိပ်တဲ့အခါ Full လို့ပြပါလိမ့်မယ်။Data တွေကို Clearလုပ်ချင်ရင် Powerအရင်OFFရပါတယ်။ပြီးရင် Light/Load Buttonနဲ့ Hold/Save Buttonကို ပြိုင်တူဖိထားပြီး ပြန်ONရပါတယ်။CLဆိုတဲ့ စာလုံးပေါ်လာရင် Dataအဟောင်းတွေကို ရှင်းပြီးသွားပြီဖြစ်ပါတယ်။
Earth Tester ကို အသုံးမပြုဘဲ ကြာကြာထားမယ်ဆိုရင် ဓာတ်ခဲတွေထုတ်ထားဖို့လည်း အကြံပြုချင်ပါတယ်။
# Credit
မှတ်သား ထား သင့်သည့်
အတိုင်းတာ အခေါ်အဝေါ် နဲ့ တွက်ချက်ပုံများ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
Electrical ပိုင်းနဲ့ပတ်သက်လို့ ဝေမျှပေးခဲ့ဖူးတဲ့ပို့စ်လေးတွေကို တစုတစည်းထဲ
ဖတ်လို့ရအောင် ပြန်စုပေးထားတာဖြစ်ပါတယ်။
📙📙📙📙📙📙📙📙📙📙📙📙
ဝါသနာတူ ညီအကိုမောင်နှမေတွ မြင်တွေ့လေ့လာဖတ်ရှုနိုင်ကြစေဖို့ ဒီပို့စ်လေးကို Shareပေးကြဖို့လည်း တိုက်တွန်းပါရစေ။
Electrical Knowledge Sharing ပို့စ်များကို လျှပ်စစ်ဝန်ဆောင်မှုလုပ်ငန်းစု စာမျက်နှာမှာလည်း ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါတယ်ခင်ဗျာ။
👇👇👇👇👇👇👇👇👇
https://www.facebook.com/nainglinkyawep/
UPS ဝယ်မယ်ဆိုရင်
🔖🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=573969456308696&id=100010869394898
Gensetတွေမှာ Cap Bankသုံးသင့်လား
🔖🔖🔖🔖🔖🔖🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=585511415154500&id=100010869394898
Energy Saving Corridor Lighting
🔖🔖🔖🔖🔖🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=597201650652143&id=100010869394898
Insulatorတွေမှာဖော်ပြတဲ့ mm/kV
🔖🔖🔖🔖🔖🔖🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=599656340406674&id=100010869394898
ELCBနဲ့RCD(1)
🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=602366010135707&id=100010869394898
ELCBနဲ့RCD(2)
🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=602672160105092&id=100010869394898
Analog Output Current(4-20mA)
🔖🔖🔖🔖🔖🔖🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=603268420045466&id=100010869394898
Earth Conductor Size
🔖🔖🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=603489810023327&id=100010869394898
Star Delta တအားမလွယ်ပါ
🔖🔖🔖🔖🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=607364639635844&id=100010869394898
CT Operated Overload Relay
🔖🔖🔖🔖🔖🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=608486556190319&id=100010869394898
Generator Neutral Grounding
🔖🔖🔖🔖🔖🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=608525229519785&id=100010869394898
Electrical Conduit(9)မျိုး
🔖🔖🔖🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=609299636109011&id=100010869394898
VFDရဲ့ V/Hz Ratio
🔖🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=621363384902636&id=100010869394898
Phase Loss
🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=624829761222665&id=100010869394898
Troubleshooting 1,2,3
🔖🔖🔖🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=625271507845157&id=100010869394898
Core Balanced Current Transformer
🔖🔖🔖🔖🔖🔖🔖🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=644603689245272&id=100010869394898
Transformer Differential Protection
🔖🔖🔖🔖🔖🔖🔖🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=651660301872944&id=100010869394898
Total Harmonic Distortion
🔖🔖🔖🔖🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=683149152057392&id=100010869394898
Servo Motor(1)
🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=697601840612123&id=100010869394898
Servo Motor(2)
🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=698570213848619&id=100010869394898
Servo Motor(4)
🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=698810537157920&id=100010869394898
Overload Relayအခြေခံ
🔖🔖🔖🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=708534986185475&id=100010869394898
Proximity Sensorအကြောင်း
🔖🔖🔖🔖🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=712603922445248&id=100010869394898
Phase Failure မျက်လှည့်
🔖🔖🔖🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=735748836797423&id=100010869394898
Magnetic Contactor ပြဿနာ(၁)
🔖🔖🔖🔖🔖🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=736518293387144&id=100010869394898
Magnetic Contactor ပြဿနာ(၂)
🔖🔖🔖🔖🔖🔖🔖🔖🔖🔖🔖https://m.facebook.com/story.php?story_fbid=737719516600355&id=100010869394898
Magnetic Contactor ပြဿနာ(၃)
🔖🔖🔖🔖🔖🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=739813486390958&id=100010869394898
Thermal Overloadအခြေခံ
🔖🔖🔖🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=742068099498830&id=100010869394898
RCD Testing
🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=742334692805504&id=100010869394898
Star Delta Terminal Finding
🔖🔖🔖🔖🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=748961225476184&id=100010869394898
Two Speed Pole Changing Motor
🔖🔖🔖🔖🔖🔖🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=755654814806825&id=100010869394898
Floatlessနှင့် မြှုပ်ကွက်
🔖🔖🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=756154628090177&id=100010869394898
DOL Starter
🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=758645111174462&id=100010869394898
Sensorများကိုလေ့လာခြင်း1,2
🔖🔖🔖🔖🔖🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=766170183755288&id=100010869394898
Contact Resistance Tester
🔖🔖🔖🔖🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=778127202559586&id=100010869394898
Sensorများကိုလေ့လာခြင်း4
🔖🔖🔖🔖🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=778865455819094&id=100010869394898
EES Software
🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=789644674741172&id=100010869394898
Earth Testerအကြောင်း
🔖🔖🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=803261740046132&id=100010869394898
Internship Training
🔖🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=804192916619681&id=100010869394898
Dual Source Energy Meter
🔖🔖🔖🔖🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=817769928595313&id=100010869394898
Magnetic Contactor 1,2,3
🔖🔖🔖🔖🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=820254741680165&id=100010869394898
Air Circuit Breaker
🔖🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=825570051148634&id=100010869394898
Variable Frequency Drive
🔖🔖🔖🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=826869081018731&id=100010869394898
Off Grid Solar Power 1,2,3,4,5
🔖🔖🔖🔖🔖🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=838317853207187&id=100010869394898
Clamp Meterပေါ်က REL
🔖🔖🔖🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=838927536479552&id=100010869394898
RCCB Manual Trip Test
🔖🔖🔖🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=858738651165107&id=100010869394898
ပိုက်သာဂိုးရပ်စ်၊ပါဝါဖက်တာ
🔖🔖🔖🔖🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=868845446821094&id=100010869394898
Electrical Formulaများကို အသုံးချခြင်း (1)
🔖🔖🔖🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=875393176166321&id=100010869394898
ဂျူနီယာများသို့...ပေးစာ
🔖🔖🔖🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=878819405823698&id=100010869394898
Motor Controlသင်ခန်းစာ စုစည်းမှု
🔖🔖🔖🔖🔖🔖🔖🔖
Motor Control(1)
https://m.facebook.com/story.php?story_fbid=1056840681354902&id=100010869394898
Motor Control(2)
https://m.facebook.com/story.php?story_fbid=1057606114611692&id=100010869394898
Motor Control(3)
https://m.facebook.com/story.php?story_fbid=1059095774462726&id=100010869394898
Motor Control(4)
https://m.facebook.com/story.php?story_fbid=1061357430903227&id=100010869394898
Motor Control (5)
https://m.facebook.com/story.php?story_fbid=1109155609456742&id=100010869394898
Motor Control (6)
https://m.facebook.com/story.php?story_fbid=1114451578927145&id=100010869394898
Motor Control (7)
https://m.facebook.com/story.php?story_fbid=1123562344682735&id=100010869394898
Motor Control(8)
https://m.facebook.com/story.php?story_fbid=1124416354597334&id=100010869394898
Motor Control(9)
https://m.facebook.com/story.php?story_fbid=1130242567348046&id=100010869394898
Motor Control (10)
https://m.facebook.com/story.php?story_fbid=1130991387273164&id=100010869394898
ဘယ်သူ့ဘက်ကရပ်မှာလဲ
🔖🔖🔖🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=880120749026897&id=100010869394898
Electrical Formulaများကို အသုံးချခြင်း (2)
🔖🔖🔖🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=886890425016596&id=100010869394898
Push Buttonတွေ လေ့လာမယ်
🔖🔖🔖🔖🔖🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=890149024690736&id=100010869394898
AC Motor Wiring Connectionများ
🔖🔖🔖🔖🔖🔖🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=943480322690939&id=100010869394898
စာအုပ်တွေဖတ်ဖို့ Link
🔖🔖🔖🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=987922591580045&id=100010869394898
Electrical Safety
🔖🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=994697427569228&id=100010869394898
Electrical Formulaများကို အသုံးချခြင်း (3)
🔖🔖🔖🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=1006539489718355&id=100010869394898
MCCB ရဲ့ AT/AF
🔖🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=1127405084298461&id=100010869394898
Circuit Breaker Tripping Setting (6)မျိုး
🔖🔖🔖🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=1161045774267725&id=100010869394898
MCB အပေါ်ဝင်၊အောက်ထွက်ပြဿနာ
🔖🔖🔖🔖🔖🔖🔖🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=1161151467590489&id=100010869394898
Switch Disconnecterအကြောင်း
🔖🔖🔖🔖🔖🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=1163002064072096&id=100010869394898
SPN,Double Pole,Better Safe
🔖🔖🔖🔖🔖🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=1167863310252638&id=100010869394898
မိုးကြိုးအန္တရာယ်နှင့် SPDအကာအကွယ်(၁)
🔖🔖🔖🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=1169329453439357&id=100010869394898
မိုးကြိုးအန္တရာယ်နှင့်
SPDအကာအကွယ်(၂)
🔖🔖🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=1184543835251252&id=100010869394898
Trip Signalပါဝင်သောMCB
🔖🔖🔖🔖🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=1188155754890060&id=100010869394898
Schneider MCB With Visi-Safe
🔖🔖🔖🔖🔖🔖🔖🔖🔖🔖
https://m.facebook.com/story.php?story_fbid=1206058839766418&id=100010869394898
🙏🙏 ဆရာ Naing Kyaw (လေးစားလျက်ပါဆရာ 🙏)
မူရင်း Post
https://www.facebook.com/100010869394898/posts/1230038374035131/?mibextid=Nif5oz
Breaker အကြောင်း သိကောင်းစရာများ
=============================
MCB ( Miniature Circuit Breaker ) တစ်လုံးကဘာတွေ အရေးပါလဲဆိုရင်တော့ သင့်အိမ်ကို ရှော့(Short Circuit) ဖြစ်ပြီးမီးမလောင် အောင်၊ Wire or Cable အပူလွန်ကဲမှု ကြောင့် မီးမလောင်အောင် ကာကွယ်ပေးနိုင်ပါတယ်။
မိမိအသက်၊မိမိစည်းစိမ် ကိုကာကွယ်ပေးတဲ့ပစ္စည်းဖြစ်တာကြောင့် သေချာ ရွေးချယ် ဝယ်ယူသင့်ပါတယ်။ Breaker အကုန်လုံးမှာ Mechnical Life နဲ့ Electrical Life ဆိုတာရှိပါတယ်။ Mechnical Life ဆိုတာကတော့ Breaker မောင်းတံလေးကိုအတင်အချလုပ်တဲ့ အကြိမ်အရေအတွက်များရင် Mechnical Life အရ ခုခံနိုင်တဲ့ အကြိမ်အရေအတွက်နည်းလာပြီး ပျက်စီးဖို့များလာခြင်းပါ။ Electrical Life ဆိုတာကတော့ Overload or Short Circuit ကြောင့်ဖြစ်တဲ့ အကြိမ်အရေအတွက်များလေ ပျက်စီးဖို့များလေပါ။ MCB တစ်လုံးကိုသင်ဝယ်တော့မယ် သုံးတော့မယ် ဆိုရင် အချက် ( ၅ ) ချက်ကိုတော့သင်သိထားဖို့လိုပါတယ်။
(၁) ဘာအမျိုးစားအစားသုံးမှာလဲ၊ ဘယ်နိုင်ငံ Brand ကိုသုံးမှာလဲ
(၂) ဘယ်လောက် Pole သုံးမှာလဲ
(၃) ဘယ်လောက် Amp သုံးမှာလဲ
(၄) ဘယ် Curve အမျိုးအစားသုံးမှာလဲ
(၅) KA ( Breaking Capacity ) ဘယ်လောက်သုံးမှာလဲ
နံပါတ် (၁) အတွက်ကတော့ ဘယ်နိုင်ငံ Brand ကိုသဘောကျလဲ။ သဘောကျတဲ့ brand ကိုရွေးလိုက်ရုံပါပဲ။ ( Hyundai = Korea , Mitsubishi = Japan , Terasaki = Japan, Fuji = Japan, Legrand = France, Schneider = France , Hager = France , Siemens = Germany , ABB = Germany )။
နံပါတ် (၂) ဘယ်လောက် Pole သုံးမှာလဲ ဆိုတာကတော့ Single Phase ဆိုရင် 1Pole or 2Pole ၊ Three Phase ဆိုရင် 3Pole or 4Pole ပေါ့၊ 1Pole နဲ့ 2Pole ကွာခြားချက်လေးကိုပြောရမယ်ဆိုရင်တော့- 1 Pole သုံးတဲ့အခါ Phase တစ်ခုထဲကို Breaker ကပိတ်ပါတယ်။ 1Pole သုံးတဲ့အခါမှာ တပ်ဆင်တဲ့သူက Phase Neutral သေချာမစစ်ဘဲ Breaker တပ်ခဲ့တဲ့အခါမှာ အကြောင်းအမျိုးမျိုးကြောင့် ပျက်လို့ပြင်တဲ့အခါမှာ ဓါတ်လိုက်တာမျိုးဖြစ်နိုင်ပါတယ်။ Phase ကို Breaker ခံထားရင်လဲ အခြား circuit မှလျှပ်စစ်သုံးစွဲမှုကြောင့် Neutral ကနေ ဓါတ်လိုက်သလို မျိုးခံစားရနိုင်ပါတယ်။ 2Pole သုံးမယ်ဆိုရင်တော့ 1 Pole တွင်ဖြစ်သောပြသနာများကင်းဝေးစေ နိုင်ပါသည်။
နံပါတ် (၃) ဘယ်လောက် Amp သုံးမှာလဲ ဆိုတာကတော့ အသုံးပြုမည့် Watt နဲ့ Voltage အပေါ်မှာမူတည်ပြီးတွက်ယူရတာဖြစ်ပါတယ်။ အကြမ်းဖျင်းအနေနဲ့ကတော့ 200 Watt = 1A ပါ။ ဥပမာ အနေနဲ့ 1000W ဆိုရင် 5A ပါ Breaker ရွေးတဲ့အခါမှာ တကယ်အသုံးပြုတဲ့ Amp ထက် 20% ပိုဆောင်းရွေးချယ်ရပါတယ် 5 x 1.2 = 6A ပါ။
နံပါတ် (၄) ဘယ် Curve အမျိုးအစားသုံးမှာလဲဆိုတာကတော့ Breaker တွေမှာ BCDKZ ဆိုပြီး Curve ( ၅ ) မျိုးထွက်ပါတယ်။ မြန်မာနိုင်ငံမှာတော့ BCD ကိုရှာဝယ်မယ်ဆိုရင်တော့ရနိုင်ပါ တယ်။ ဈေးကွက်မှာ အပေါဆုံးက C-curve ပါ။ B-curve ကိုတော့ Legrand အမျိုးအစားထဲက ရနိုင်တယ်။ B-curve ကို Lighting and Socket တွေမှာသုံးတယ်။ C-curve ကို Machine တွေမှာ သုံးတယ်။ D-curve ကို Motor တွေမှာသုံးပါတယ်။
နံပါတ် (၅) KA ( Breaking Capacity ) ဘယ်လောက်သုံးမှာလဲ ဆိုတာကတော့ အသုံးပြု မည့် Load အပေါ်မှာမူတည်ပြီးတွက်ထုတ်ရတာဖြစ်ပါတယ်။ အိမ်သုံးအနေနဲ့ကတော့ 4.5KA , 6KA လောက်ဆိုအဆင်ပြေပါတယ်။
Credit to original post
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
BEHS (3) Mingalar Taung Nyunt, Upper Pansodan Street
Yangon
Welcome to our reunion Taung Nyunt 3 students page and I hope all of our friends who are from BEHS 3
No. 9 Kan Street, Hlaing Township
Yangon, 11012
Enhancing educational and career opportunities for Myanmar youth since 2009.
Yangon
တရုတ်စကားကို မြန်မြန်နဲ့လွယ်လွယ် တတ်လိုပါက ဒီပေ့ချ်က သင့်အတွက်နေရာမှန်ပါပဲခင်ဗျာ
No. 876, 2nd Floors, Nga Moe Yeik Ward, Lay Daunt Kan Road, Thingangyun Township
Yangon
Education
Yangon
We aim to teach subjects relating to the business world at affordable prices.