Umbra「Make Sense of Cards」

Let Umbra draws the Cards and get Angel's answers and messages for you...

12/10/2022

Hello.. 🧘🏻‍♀️
ဒီတခါ Umbra က LOVE energy attract လုပ်ဖို့တွက် အရမ်းသင့်တော်တဲ့ Alignment Meditation လေးတခု ကို recommend လေး ရေးပေးချင်ပါတယ် ✨

ကိုယ်ချစ်ရတဲ့သူ (bf, gf, crush, ex) တွေနဲ့
စကားများထားကြတယ် ပြန်အဆင်ပြေပါ့မလား။
နားလည်မှု ခဏခဏလွဲနေကြတယ်။
အချစ်မခံရလို့ မချစ်ပေးကြလို့။
ကိုယ့်အချစ်ကို အသိအမှတ်မပြုလို့။
ကိုယ့်ကိုချစ်ပေးမဲ့သူရော ပေါ်လာပါ့မလား။
ကိုယ့်ကိုချစ်တယ်တော့ပြောတာပဲ သူ့ကို ယုံကြည်လို့ရပါ့မလား။
စသဖြင့် ခုရက်ပိုင်း အချစ်ရေးမေးထားဖြစ်တဲ့သူလေးတွေအတွက် ရည်ရွယ်ပါတယ်နော် ✨

E l y s i a n ဆိုတဲ့ personal blog page က ညီမလေး Anii ရဲ့ YouTube channel မှာ မနေ့ညကမှ သူ တင်ပေးထားတဲ့
♥️ Energy Work to get anyone you like ♥️ ဆိုတဲ့ video လေးပါ..

Umbra ကတော့ လာမေးသူတွေကို အမြဲမှာတယ်
ဒီလို ဒီလိုလေးတော့ manifest လုပ်ပါ စာချရေးပါ
visualize လုပ်ပါ ကြည်နူးတဲ့စိတ်နဲ့ ဖြစ်နေပြီလိုမျိုး မြင်ယောင်ကြည့်နော် ဒီ subliminal လေးနဲ့တွဲနားထောင်နော် ဆိုပြီး advices တွေပေးပေမဲ့
တကယ်လုပ်ကြသလား မလုပ်ကြသလားတော့
တဦးချင်းစီ လိုက်မမေးဖြစ်တော့လို့ပါ။

Umbra မှာသလိုလေးတွေ မလုပ်ခင် ခု share ပေးချင်တဲ့ ညီမလေး Anii ရဲ့ guided meditation လေးကို အရင်ဆုံး ထည့်နားထောင်ဖြစ်စေချင်လို့ info လေး လာပေးတာပါ။

Umbra ကတော့ မနေ့ညက တင်ပြီးပြီးချင်းတွေ့မိလို့
တခေါက် နားထောင်ရင်း တရားထိုင်ကြည့်ခဲ့ပါတယ်။
ဒီနေ့တနေကုန် bf နဲ့ အဆင်ပြေနေတယ် အချစ်ခံရတယ် အရင်ရက်တွေထက် သူ ကိုယ့်ကိုချစ်တယ်ဆိုတာ သိသိသာသာခံစားမိနေသလိုရှိတယ် ညဘက်ထိလည်း တယောက်ပေါ်တယောက် ဘာစကားအထစ်ငေါ့မှမရှိဘဲ ကောင်း၂ နှုတ်ဆက်ပြီး အိပ်ယာဝင်သွားပါပြီ ♥️
ဒါကြောင့် Umbra က သဘောကျလို့ ခုညလည်းပဲ
အဲ့ video လေးနဲ့ meditation ထပ်လုပ်ပြီးပါပြီ ✨

ကိုယ်တိုင် meditate လုပ်ပြီး results ကို ခံစားကြည့်နော်✨

🧘🏻‍♀️ https://youtu.be/PnrTJ-GjhZs 🧘🏻‍♀️

နောက်တခေါက် စာရေးချင်စိတ်ဖြစ်လာရင်တော့
Umbra နားထောင်ခဲ့ပြီး result တွေလည်း ရခဲ့ဖူးတဲ့ subliminal လေးတွေ အကြောင်း ရေးပေးပါအုံးမယ် 🥳

Thank you Everyone I love 😍
Thank you Everyone who loves me 🥰

📍Photo from Pinterest

09/10/2022

အားလုံးပဲ သီတင်းကျွတ်လပြည့်နေ့မှာ
ကုသိုလ်ကောင်းမှုတွေ ပြုဖြစ်ကြမယ်ထင်ပါတယ်…

Umbra လည်း Oct 3 to 9 တပတ်တာ challenge လေးဝင်ဖြစ်ခဲ့တာကြောင့် စိတ်ရောလူပါ အဆင်ပြေနေခဲ့ပါတယ်🧘🏻‍♀️

ခုည ဘုရားရှိခိုးပုတီးစိပ်ပြီးလို့ တရားထိုင်နေတုန်းမှာ
မနက်ဖြန် ၁၀ ရက်နေ့ကို လူ ၁၀ ယောက်စာအတွက်
တိကျတဲ့မေးခွန်း တယောက်တခုစီ ဖတ်ပေးချင်တယ်ဆိုတဲ့ စိတ် လေးပေါ်လာလို့ပါ 🕊️

Tarot deck နဲ့ Oracle တွေ၊ Crystal တွေ ခုည full moon နဲ့ energy cleansing and charge လုပ်ထားတာမို့ မနက်ဖြန်မှာ အကျိုးရှိတဲ့ တိကျပြတ်သားတဲ့ angel answer/ angel message လေးတွေ ပေးနိုင်ဖို့မျှော်လင့်ပါတယ်။

Comment မှာ (1 question pls) လို့ ရေးထားပေးပါနော်

Cmt ကို နံပါတ်စဉ် 1 to 10 တပ်ပေးရင်း လိုအပ်တာလေးတွေ Cb မှာပေးဖို့ reply ပြန်တဲ့ အခါကျမှ Cb လာပေးပါ။

ခုည Moon Water ယူဖို့လည်း မမေ့ကြနဲ့အုံးနော်။

(Page ကနေ တွေ့တဲ့သူလေးတွေ ဦးစားပေးချင်လို့ personnel acc ကနေ မ share ပေးတော့ဘူး 🤫)
Photo Credit ပါ။

21/06/2022

Men simply can’t multitask as well as Women 🤷🏻‍♀️

အမျိုးသမီးတွေရဲ့ ဦးနှောက်က တချိန်တည်းမှာ အကြောင်းအရာအများကြီးကို တွေးနိုင် ခေါင်းထဲ ထည့်ထားနိုင်ကြပေမဲ့ အမျိုးသားထုကြီးကတော့ သိပ်များများစားစား မထည့်နိုင်ကြဘူးတဲ့လေ။

ချစ်သူ၂ယောက်ရန်ဖြစ်ပြီးရင် ကောင်မလေးတွေခမျာ tarot reader ဆီ ရောက်ကြပြီ။ မမရေ ဖတ်ပေးပါအုံး။
ဒီတခါ တကယ်ပြတ်ပြီလား မသိဘူး
သူအရမ်းပြောင်းလဲသွားတယ်
သူဘာလို့အဲ့လိုဆက်ဆံနိုင်ရတာလဲ
သူတို့ပဲ စချစ်ပြီး ကိုယ်တွေက ဆက်ချစ်နေရတယ်… နဲ့ ပွါးကြပြီ။ ပွါးတော့ ကိုယ်လည်းပြန်ပွါးတာပေါ့
ကိုယ်လည်း ဝူးမန်း ထဲက ဝူးမန်းပဲကိုး 😁

မိန်းခလေးတို့သဘာဝ စိတ်ပျော်နေတာက အစချီလို့
ဝမ်းနည်းတာ၊ ဒေါသထွက်တာ၊ တခုခုမဝယ်ခင် လိုက်၏မလိုက်၏ ဘယ်အရောင်ယူရမလဲ တို့ တိုင်ပင်ချင်တာ အလယ်။ သူများအတင်းတုတ်ချင်တာ အဆုံး။
ကိုယ့်ချစ်သူဆီ ပြောဖို့ အစီအရီခေါင်းထဲမှာစဉ်ထားတာ။
အဲ့တော့ ပြောချင်တာတွေများနေပါရဲ့ မပြောပြရရင် ဘာလိုနေမှန်းမသိဖြစ်လာပြီး ရက်တွေများဆက်လာရင် ဒင်းကအချိုးတွေပြောင်းနေပြီ ငါနဲ့စကားပြောရမှာ အဲ့လောက်ဝန်လေးသလား အရမ်းအေးဆေးနေချင်ရင် ဘာလို့ ရည်းစားထားနေသေးလဲ?
လုပ်လာပြီ ဖောက်လာပြီ စရွဲ့ပါပြီ 🙂

ဟုတ်တော့လည်း ဟုတ်တယ်လေ…
အဖြေမပေးခင်ကကျ ဗိုက်အောင့်တယ် ပြောမိရင် အစားမှားတာလား အစပ်တွေအရမ်းစားလို့များလား ဒါမှမဟုတ် period time ကြောင့်လား ရေနွေးအိတ်လေးကပ်ပေးချင်လိုက်တာနဲ့ period စ/လယ်/ဆုံး ဂရုစိုက်ပြလိုက်တာ အဖြေတွေ တန်းပေးမိကုန်ကြရော 😂

ချစ်သူဖြစ်ပြီး anniversary လေးတွေ ရလာတော့
မောင် သဲဗိုက်အောင့်တယ်ဆိုလည်း
အင်း ဟုတ်လား?
ကိုကို ပူတူး ခေါင်းကိုက်တယ်ဆိုလည်း
ဟုတ်လား လိုင်းပေါ်ကဆင်းလိုက်တော့လေ။
ဆိုတော့ တို့အမျိုးသမီးထု မတင်းခံနိုင်ရိုးလား 🤒

အိမ်း စာကတော့ လမ်းကြောင်းလွဲနေပြီ 🫠
ကောင်လေးတွေဘက်ကဖြည့်တွေးပေးဖို့ ရေးမဲ့စာပါလို့ ကဲ ခေါင်းစဉ်ကို ပြန်ဆက်အုံးမယ်။
ကောင်လေးတွေအားလုံးလို့ မဆိုနိုင်ပေမဲ့ ယောကျ်ားပီသတဲ့ ကောင်လေးတွေကတော့ anniversary တစ်ခု ကနေ နောက်တစ်ခု/နောက်တစ်ခုတွေ ဖြတ်သန်းပြီးတဲ့အခါ သူတို့ချစ်တဲ့ ကောင်မလေးတွေကို လက်ထပ်ယူနိုင်ဖို့ ကြိုးစားနေရတဲ့အပိုင်းတွေ ပါလာပြီ။
ကိုယ့်မိန်းခလေး မျက်နှာမငယ်အောင် လုပ်ရမယ်ဆိုတဲ့ တာဝန်တွေနဲ့ ပိုက်ဆံဘယ်လမ်းကြောင်းကရနိုင်မလဲ
တနေ့တနေ့ အလုပ်ကိစ္စပဲ ခေါင်းထဲရောက်သလိုဖြစ်လာတတ်ကြပါတယ်။ အဲ့ချိန်က သူတို့ လုံးဝ multitasking မလုပ်နိုင်တော့တဲ့အချိန်အပိုင်းအခြားပါပဲ။

မိန်းခလေးတွေရဲ့ စိတ်အပန်းဖြေရာက ရည်းစားကို အကုန် ခရေစေ့တွင်းကျ ပြောပြလိုက်ခြင်း ဆိုရင် ယောကျ်ားလေးတွေရဲ့ စိတ်အနားယူပုံက အပိုစကားတွေမပြောချင် မကြားချင်တော့ဘဲ သူတို့ကြည့်ချင်ရာလေး ခဏတဖြုတ်ကြည့် ဂိမ်းလေးဆော့ gn လာနှုတ်ဆက်ပြီး အိပ်ပစ်လိုက်ကြတော့တာပါပဲ။

အခန့်မသင့်ရင် သူနေနိုင်လိုက်တာလို့ လျှောက်တွေး လောင်ပြီး အိပ်မပျော် အိပ်ရေးပျက်တာ တို့အမျိုးသမီးများပါပေါ့။ အဲ့တော့-
ကိုယ်တွေက ပါးနပ်ဖို့ လိုလာပါပြီ ။
ကိုယ့်ကိုကိုယ် ညှာဖို့ လိုလာပါပြီ ။
Self love ရှိနေဖို့ လိုလာပါပြီ ။
ကိုယ့်ကိုအချိန်မပေးပဲ သူအရင်အိပ်သွားတဲ့ညတွေရှိခဲ့ရင် ကိုယ်ကလောင်နေမဲ့အစား သူ ကိုယ့်အပေါ် အလိုက်တသိလုပ်ပေးဖူးတာလေးတွေ၊ သူ ပြုမူခဲ့ဖူးတဲ့ love gestures လေးတွေကို memory recall လုပ်ပြီး ကျေးဇူးတင်ကြောင်း gratitude letter လေးတွေ ထရေးလိုက်သင့်တာပါ။

အကယ်၍ ခုတလောများ ရန်ခဏခဏသတ်နေရတယ်၊ ကိုယ့်ကောင်လေး ကို အချိုးမပြေဘူးလို့များ ခံစားနေရတယ် ဆိုရင် ကိုယ် ပြောစရာမလိုပဲ သူအလိုက်တသိ ကောင်းပေးခဲ့ဖူး ဂရုစိုက်ဖူး ပြင်ဆင်ဖန်တီးပေးခဲ့ဖူးတာတွေထဲက အမှတ်အရဆုံး တခုကို မန့်ထဲမှာ ချရေးသွားကြည့်ပါနော်။ ဒါဆို လတ်တလော ကောင်လေးပေါ် စိတ်ခုနေတာလေး မိနစ်ပိုင်းလောက် လျော့သွားမယ်။
(ဖတ်လိုက်ရတဲ့ umbra လည်း သူများကောင်လေးတွေ ဒီလိုလုပ်ပေးကြတယ် တွေ့လား ဆိုပြီး ရစ်စရာ တခုတိုးမယ် 🤭 စတာပါ။ ကိုယ်က ထိပ်ဆုံးက ရေးပြချင်တာ ကောင်လေးရဲ့သိတတ်မှုတွေကို 😁)

စာအရှည်ကြီး ထထရေးတာလည်း crazy ဖြစ်နေမိလို့ရယ်ပါ။ အဆုံးထိ ဖတ်ပေးပြီး Boyfriend Appreciation Comments လေးတွေပါ ဖတ်ခွင့်ရမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပါပဲ 🦢

PS. အိမ်ထောင်ရှင်မများဆိုလည်း ကျားကျား appreciation comments လေး ရေးသွားပြီး ကျားကျားပေါ်စိတ်မကြည်တာတွေ ဖြေလျော့လိုက်လို့ရပါတယ် လို့နော် ♥️

Photos from Umbra「Make Sense of Cards」's post 20/06/2022

Tarot Question Do’s & Don’ts Guide လေး🦩
တခါမှ မမေးဖူးသေးတဲ့ 👱🏻👱🏻‍♀️cilent လေးတို့တွက်ပါ ♥️

16/06/2022

Umbra ကို page ကပဲ သိထားပြီး
အားကိုးခဲ့ကြဖူးတဲ့ client 👱🏻👱🏻‍♀️လေးတို့ရေ..

အချိန်အကြာကြီး Page ကို Unpublished လုပ်ခဲ့ပြီး ပစ်ထားခဲ့မိလို့ တကယ် စိတ်မကောင်းပါဘူးနော်။

Personal Account ကနေ ပုံမှန်ဖတ်ပေးဖြစ်နေတော့ page messenger က conversation လေးတွေ အားလုံးကိုလည်း သတိရလာမိတယ်။

page ကနေ မေးချင်သူလေးတွေတွက်လည်း
နေ့စဉ် အချိန်ပေးနိုင်ဖို့ ဖြစ်လာတော့မှာပါ။

Tarot ဖတ်ပေးလာတဲ့ တနှစ်လုံး ကိုယ်သတ်မှတ်တဲ့ပညာကြေးရယ်လို့ မရှိဘဲ စေတနာကြေး အဆင်ပြေသလောက်ကိုသာ လက်ခံပြီး လူပေါင်း ရာချီဆီက မေးခွန်းပေါင်း ထောင်ချီကို ဖြေပေးရင်း experience ယူခဲ့တာမို့ ကိုယ့်ကိုယ်ကို လုံလောက်တဲ့ self respect ရှိနေပါပြီ။

တနှစ်တာအတွင်း ထိုက်တန်တာထက်ကို စေတနာကြေးလွှဲပေးခဲ့ကြသူတွေကို ကျေးဇူးတင်ပါတယ် 🙇🏻‍♀️
အားလုံးရဲ့ကျေးဇူးကြောင့် လှူချင်တိုင်းလှူခွင့်ရခဲ့ပါတယ်။
မခန့်မှန်းတတ်လို့သော်လည်းကောင်း အကြောင်းကြောင်းကြောင့် စေတနာကြေးလွှဲတာနည်းခဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ် 🙇🏻‍♀️
မေးခွန်းပေါင်းများစွာကို အဖြေထုတ်ကြည့်ဖြစ်ဖို့ လေ့ကျင့်ပေးကြပြီး ကိုယ်တိုင် ဘယ်လောက်ထိ စေတနာထားနိုင်ခဲ့လဲ ဆိုတာ ကိုယ့်ကိုကိုယ်သိရလို့ ကျေနပ်ဂုဏ်ယူနိုင်ခဲ့ပါတယ်။

ခုကစလို့တော့ Umbra လက်ခံရရှိဖူးတဲ့ fee တွေအားလုံးအပေါ် ချိန်ဆပြီး သင့်တော်တဲ့ amount လေးတခုတော့ သတ်မှတ်ထားရှိဖြစ်ပါမယ်ရှင့်။

လိုအပ်လာတဲ့အခါ ကတ်ဖတ်ပေးဖို့
ရင်ဖွင့်ရင်းတိုင်ပင်ရင်း healing လုပ်ပေးနိုင်ဖို့
Umbra page မှာ ရှိနေပါ့မယ်နော် 🕊

PS - နောက်ရက်တွေကျ တားရော့ ဘယ်လိုမေးရမလဲ?
ဆိုတဲ့ အကြောင်း ခုလို စာအရှည်ကြီးမဟုတ်ဘဲ 😁
short tips လေးတွေ guidelines ပေးပေးမယ်နော် 🦋
Photo from Pinterest.

Photos from Umbra「Make Sense of Cards」's post 30/01/2022

အားလုံးတွက် တနည်းမဟုတ် တနည်းနဲ့ ခက်ခဲ ခဲ့ကြတဲ့ ၂၀၂၁ မှာ ကိုယ့်အခက်အခဲကို ကူညီဖြေရှင်းပေးခဲ့ နားထောင်ပေးခဲ့နားလည်ပေးခဲ့ပါရဲ့ ကိုယ့်ဘက်က
ကျေးဇူးမတင်ရသေးတာ..
ကျေးဇူးတင်ဖို့ မေ့နေခဲ့မိတာ..
ကျေးဇူးမတင်လိုက်ရတာ ဘယ်သူတွေကိုလဲ ???
အဲ့လူတွေက ဒီနှစ်မှာရော ကိုယ့်ကို ဆက်ပြီး support လုပ်ပေးကြအုံးမလား???

Pick a picture လေး ဖတ်ပေးထားတယ်
ရွေးကြည့်ကြမယ်မဟုတ်လား?

စိတ်ထဲ အရွေးချင်ဆုံးတပုံ သတ်မှတ်ပြီးမှ
ပုံအောက်က အဖြေလေးတွေ ဖတ်နော် 🕊

လူတိုင်းနဲ့ energy မကိုက်လောက်တာမို့
ရေးထားတာဖတ်ပြီး မတိုက်ဆိုင်ခဲ့ရင်
just skip or ignore လုပ်ပေးပါနော် 🕊

Truly sorry if my post annoyed someone!!!

19/01/2022

Hello..🪐🕊

💁🏻‍♀️How are you all in Mercury Retrograde?
အားလုံးပဲ ဒီအတောအတွင်း အဆင်ပြေကြပါလား?

Umbra အနေနဲ့တော့ ဒီ Mercury Retrograde မှာ
mental issue ကြီးကြီးမားမားမဖြစ်သေးပေမဲ့ (အချိန်မီ control လုပ်နိုင်နေသေးလို့😅) physical issue လေးတွေ backward ဖြစ်တာတော့ရှိပါတယ်။ ပြီးတော့ ကိုယ့်ပတ်ဝန်းကျင်ကလူတွေ လတ်တလော ခံစားနေရတဲ့ Emotional problem လေးတွေလည်း အကျဉ်းချုံးပြောပြမှာမို့ စိတ်ဝင်စားရင် ဆက်ဖတ်ကြည့်ပါနော်။

🤷‍♀️So, what is Retrograde?
Meaning အနေနဲ့ကတော့ နောက်ပြန်သွားတယ်၊ ပြောင်းပြန်ဖြစ်တယ်၊ ထပ်ခါတလဲလဲဖြစ်စေတယ်၊ ကောင်းနေရာကနေ ဆိုးသွားစေတယ်၊ ယုတ်လျော့သွားစေတယ် လို့အဓိပ္ပါယ်ရတယ်။
Planet တခုခုက ပုံမှန်ပတ်လမ်းကြောင်းတိုင်းမသွားပဲ နောက်ပြန်လည်တဲ့အခါ အဲ့ planet name တပ်ပြီး
Venus Retrograde, Mercury Retrograde, etc. လို့ပြောကြတာမျိုးပေါ့။

🤦🏻‍♀️Mercury in Retrograde right now!!
13th Jan ကနေ 3rd Feb လောက်ထိ the planet : Mercury က backward လည်နေမယ်လို့ဖတ်ရပါတယ်။Mayနဲ့June မှာတခါ retrograde မယ်။ ပြီးရင် Septနဲ့Oct မှာ တခါ ၊ နောက်ဆုံးကတော့ နှစ်ကုန်ရင်လည်း တခါ ဖြစ်အုံးမယ်တဲ့လေ 🤕

🤦🏻‍♀️How it can affect on us??
Mercury က Communication နဲ့ပတ်သက်လို့ ဘက်ပေါင်းစုံကနေ စိုးမိုးပါတယ်တဲ့။ ခုပြောင်းပြန်လည်တော့ ဆက်ဆံရေးတွေကြား ကမောက်ကမ ဖြစ်တာ၊ ရှုပ်ထွေးတာ၊ နှောင့်နှေးတာ၊ စိတ်အတက်အကျတွေ မချင့်မရဲဖြစ်တာတွေ ကြုံရတတ်တယ်။ (Venus ဆို love, passion, art, money တွေစိုးမိုးလို့ သူ Retrograde ပြီဆိုရင် relationship တွေ break up ဖြစ်တာ နဲ့ financial ပိုင်းတွေ upside down ဖြစ်သွားစေတာမျိုး😩)

💡ကိုယ်ကြားလိုက်ရတဲ့အပြောဆို၊မြင်လိုက်ရတဲ့အပြုအမူပေါ်လိုက်ပြီး အရမ်း emotional ဖြစ်သွားတတ်တယ်။ ကိုယ်တိုင်တောင် သူများရဲ့အမှတ်မထင်အပြောဆို၊အပြုမူပေါ် feel ဖြစ်တယ်ဆိုရင် ကိုယ့်ရဲ့အပြောဆို၊အပြုအမူကြောင့် တဖက်လူ ဘယ်လို feeling ဖြစ်သွားနိုင်လဲဆိုတာ ချိန်ဆပြီး ဆင်ခြင်သင့်တဲ့ကာလ လို့ထင်ပါတယ်။ အများနဲ့ဆက်ဆံရာမှာ ပုံမှန်ထက်ကို စိတ်ရှည်ပေးနေရမယ် တဖက်လူအပေါ်နားလည်ပေးရတာတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားနေပေးရမဲ့ကာလပါပဲ။

💡အလုပ်နဲ့ပတ်သက်ရင်ကျ အရေးကြီးတဲ့ စာချုပ်စာတမ်းကိစ္စတွေဆို ကိုယ့်ဘက်က သိပ်မသေချာရင် လက်မှတ်မထိုးသင့်သေးဘူး။ ပြီးတော့ email တွေပို့တဲ့အခါ မပို့ခင် ကိုယ့်ရဲ့ reply/response တွေက်ို double check လုပ်သင့်တယ် တဲ့။

💡တကယ်မရှိမဖြစ်မလိုအပ်သေးဘဲ ယာဉ်ပစ္စည်းတွေဝယ်ချလိုက်တာမျိုးဆို အဲ့ပစ္စည်းက တကြိမ်တည်းနဲ့ မပြီးဘူး error ပါလို့ ပြန်လဲရတာတွေ၂ခါ ၃ခါ ပြန်ပြင်ဆင်ရတာတွေဖြစ်တတ်တယ်။ window shopping ထွက်တာပါလေဆိုပြီး တကယ်တမ်းပြန်လာတော့ အထုပ်ကြီးအထုပ်ငယ်နဲ့ လက်လွန်ကြက်သွန်တွေလည်း ဖြစ်ခဲ့တတ်ပါသေးတယ်။ စိတ်ထိန်းကြပါလို့ 😅

💡စီစဉ်ပြီးသား ခရီးကိစ္စတွေဆိုလည်း နှောင့်နှေးတာ၊ cancel ဖြစ်တာ၊ ကိုယ် reservations လုပ်ပြီးသားကို တဖက်က အမှတ်မှားလို့ လမ်းတဝက်ရောက်မှ စိတ်ဆင်းရဲပြသနာတတ်တာတွေဖြစ်တတ်လို့ သေချာလေးအချိန်ပေးပြီးသေချာစီစဉ်သင့်ပါတယ်။

🙍🏻‍♀️How it’s affecting me & ppl in my surroundings?
Umbraကတော့ physical ပိုင်း backward ဖြစ်တာ ပိုသိသာတယ်။ အတော်လေးပျောက်နေပြီးသားဝက်ခြံတွေ ပြန်ပေါ်လာတာရယ် ။ ရင်ဘတ်အောင့်ကျောအောင့်ဖြစ်ဖူးတာလေးတွေ တချက်တချက်ပြန်ဖြစ်ချင်သလို ဖြစ်နေတာရယ်ပေါ့။ Emotion အပိုင်းကတော့ တခုခုကို မပြောမိခင် control လုပ်နိုင်လိုက်တာများပါတယ်။ နေ့စဉ် gratitude ရေးတာ နားထောင်တာတွေကြောင့် energy drown မဖြစ်ပဲ အဆင်ပြေနေခဲ့တာလို့ ယူဆပါတယ်။

Umbra ပတ်ဝန်းကျင်က လူတွေဆိုလည်း
တစ်ယောက်ကို အခက်အခဲတမျိုးစီနဲ့ရယ်။

1.😞 Job affair:
အလုပ်မှာ ကိုယ်လက်ရှိ အကောင်းဆုံးကြိုးစားပြီး လုပ်နေပါရဲ့နဲ့ ၊ ဟိုးအရင်ကလုပ်မိဖူးတဲ့ အမှားတခုကို ပြန်ပြန်ကျော့ပြီးပြောခံနေရတယ်။ ခုလက်ရှိအမှားမို့ ပြောတာဆိုရင် ထားတော့။ လုံးဝမလုပ်ဖြစ်တော့သလောက်ရှိပြီး ခုလိုကာလကြီးမှာ ကြိုးစားလုပ်ကိုင်နေပါရဲ့နဲ့ ပြန်ကျော့ခံရတော့ emotional ဖြစ်ပြီလေ၊ ဝမ်းနည်းရာကနေ ကိုယ့်ကိုကိုယ်ယုံကြည်မှူမရှိတော့ဘူး ဆိုတဲ့ ခံစားချက်တွေ ဆက်တိုက်ဝင်လာရောပေါ့။

2.😞 Already finished RS case:
ကိုယ်တိုင်လည်း လက်ရှိမှာ strong ဖြစ်နေပြီးသား energy ကောင်းနေပြီးသားသူတွေဖြစ်ပါရဲ့နဲ့ ရုတ်တရက် ex ပြန်လာမလား ex က ဘာလို့ silent ဖြစ်နေတာလဲ သိချင်တဲ့သူတွေ တွေ့မိတာ တယောက်လည်းမဟုတ် နှစ်ယောက်လည်းမဟုတ်။ သူတို့ memories တွေကို rewind လုပ်နေမိကြတာ အလိုလိုနေရင်း feeling drained ဖြစ်ကုန်ရောပေါ့။
ဒီကာလမှာမှ break up ဖြစ်သွားတဲ့သူတွေလည်းရှိသေးတယ်။ ဘာ reason မှမပေးဘဲ သူ့အမှားပါ ဆောရီးပါ ပြောပြီး ဇာတ်သိမ်းသွားလို့ confusion တွေတသီကြီးနဲ့ကျန်ခဲ့ကြသူတွေရော။ ဖြေရှင်းပြီးသား ပြသနာကိုအစက ပြန်ရှင်းနေရတတ်တာမျိုးရောပေါ့။

3.😞 Religious matter:
အမလေ အရင်က အဲ့လိုမဟုတ်ဘူး၊ ဘုန်းဘုန်းတွေသီလရှင်တွေကို ဦးချတယ်လှူပါတယ် ခု သူတို့ကို လှူချင်စိတ်လည်းမရှိဘူး ဦးလည်းမချချင်ဘူး၊ ဘုရားတရားလည်းမလုပ်ဖြစ် ဘုရားခန်းဝေယျာဝစ္စလည်းမလုပ်ဖြစ်၊ လုပ်သင့်တယ် လုပ်ရမယ်ဆိုတာသိနေတယ် ဒါပေမဲ့ စိတ်ကိုမပါတာ faith မရှိဘူးဖြစ်နေတာတဲ့။ နဂိုထဲက ဆုတောင်းရတာ ဝါသနာမပါတာ အခု ကိုယ်လိုချင်နေတာလေးရှိတာတောင် ဆုတောင်းလည်း ရမှာဟုတ်လို့လား doubt တွေနဲ့ မို့ ယတြာအစီအရင်လည်းမယုံဘူး tarot card အဆောင်ပေးလည်း မယုံဘူး။ ဘယ်လိုပြန်တည်ဆောက်ရပါ့မလဲ၊ အမ တအား အစွန်းရောက်နေပြီလား တဲ့ ??

4.😞 Buying devices:
ဖုန်းတစ်လုံးဝယ်တယ် ကိုယ်တိုင်လည်းစိတ်ကြိုက်သွားယှဉ်ကြည့်ပြီး ဝယ်လာတာကိုနော် အိမ်ရောက်မှ camera error ဖြစ်နေတာကို သတိထားမိတယ်၊ နောက်နေ့ကျ ဆိုင်မှာပြန်သွားလဲတယ်၊ အသစ်ပေးစရာတလုံးမရှိနေလို့ နောက်တရက် ထပ်ချိန်းရတယ် အခေါက်ခေါက်အခါခါပဲပေါ့ ဖုန်းတလုံးဝယ်မိတာ။

ဆိုတော့ ဒီလိုအဆင်မပြေမှုတွေ၊ ပြန်ကျော့နေတာ၊ ထပ်တလဲလဲလုပ်နေရတာတွေ၊ ဘာမှန်းမသိဘဲ ငိုချင်တာ ငိုလိုက်မိတာ စိတ်ရှုပ်တာ စိတ်အားငယ်တာ ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိတာ လူပိုတယောက်လိုခံစားရတာတွေ ဖြစ်နေတယ်ဆိုရင် အရမ်းမျောပါမသွားအောင် control လေးပြန်လုပ်ပါနော်။

ပြီးရင် ဒါက ငါတယောက်ထဲဖြစ်နေတာမဟုတ်ဘူး လို့ သိထားပေးပါ။ ဖြစ်သမျှ အဆိုးတွေကို Planet retrogrades ကြောင့်ဆိုပြီး ပုံချခိုင်းတာမျိုးတော့ မဟုတ်ပါဘူးနော်။ ကိုယ်လည်း အကောင်းဆုံးကြိုးစားနေထိုင်ပါရဲ့နဲ့ ကောင်းတာတွေနဲ့ နီးစပ်မနေဘူးလို့ထင်တဲ့အခါ ရှိပြီးသားအရာ ပိုင်ဆိုင်ပြီးသားအရာတွေကိုပဲ ကျေးဇူးတင်ရင်း ဖြတ်သန်းပါ။ ဒါတွေက တနည်းနည်းနဲ့ ဆက်စပ်နေလို့ ဖြစ်ချိန်တန်လို့ဖြစ်နေတာ၊ ငါ ကျော်ဖြတ်နိုင်တယ် အဆင်ပြေတယ်လို့ ကိုယ့်ကိုယ်ကို ပေးသိပါ။ ကိုယ့်အတွက် သက်တောင့်သက်သာဖြစ်စေမဲ့ Relaxation လေးတွေ ရှာကြည့်ပါလို့…နော်။

စာတအားရှည်သွားတော့ ပျင်းစရာကြီးဖြစ်နေမှာမို့လေ-
👋👋

ဒီအကြောင်းအရာကို website content တွေကနေ
ဟိုတစ ဒီတစ ဖတ်မှတ်ပြီး ကိုယ်နားလည်သလိုနဲ့ လက်တွေ့ဖြစ်နေတာနဲ့ ယှဉ်စဉ်းစားပြီးရေးခဲ့တာပါ။ Astrology တွေ planet တွေ သေချာလေ့လာနေတဲ့သူ မဟုတ်လို့ အမှားတစုံတရာပါခဲ့ရင် နားလည်ပေးပါလို့။
ပြီးတော့ အဆုံးထိဖတ်ပေးတဲ့သူရှိခဲ့ရင်တော့
ကျေးဇူးအများကြီးတင်ပါတယ်လို့နော်။

♥️🕊

17/12/2021

🔻Here is Umbra&Tarot in brief 🔻

အားလုံးပဲ မင်္ဂလာပါ 🕊
ဒီ post လေးကနေ Umbra တားရော့ဖတ်ပေးတာနဲ့ ပတ်သက်ပြီး သိထားစေချင်တာလေးတွေကို inform လုပ်ပါရစေနော်။

⛰ Tarot & Oracle Cards ⛰
Umbra ဆီ တားရော့မေးချင်လို့ရောက်လာသူလေးတွေကို Umbra သည်လည်း Tarot cards, Oracle cards လေးတွေကနေပဲ အဖြေရှာပေးတာ၊ yes/no confirm ပေးတာနဲ့ အကြံဉာဏ်တောင်းယူပေးနေတာဖြစ်ပါတယ်။

1️⃣ ပေးဖို့လိုတဲ့အချက်အလက်များ
🙅🏻‍♀️မြန်မာဗေဒင် မဟာဘုတ်တွက်နည်းတွေနဲ့ ချတွက်တာမဟုတ်လို့ မွေးသက္ကရာဇ် အတိအကျမလိုအပ်ပါဘူးရှင်။
💁🏻‍♀️လာမေးတဲ့သူရယ်၊ မေးခွန်းထဲမှာပါတဲ့ သက်ဆိုင်သူတွေရဲ့ info အနေနဲ့ နာမည် နဲ့ photo လေးတွေ Umbra ကြည့်ရဖို့၊ သိရဖို့လိုပါတယ်။

2️⃣ ယတြာ၊အစီအရင်
🙅🏻‍♀️အချိန်ပေးပြီးတကူးတကလုပ်ရတဲ့ ယတြာတွေ အစီအရင်တွေ Umbra မလုပ်ပေးတတ်ပါဘူးရှင်။
💁🏻‍♀️ Tarot card တွေမှာမြင်ရတဲ့အတိုင်း ဆောင်နိုင်ရှောင်နိုင်တာလေးတွေရှိခဲ့ရင် ထည့်ပြောပေးပါမယ်။ ကိုယ့်စိတ်ကိုယ့်အတွေးတွေပြောင်းလဲဖို့ ကိုက်ညီမယ့် Law of Attraction နဲ့ Manifestations အကြောင်းတွေမျှဝေပေးလေ့ရှိပါတယ်၊ Positive Energy တွေ ရှိနေအောင်ပြောပေးရင်း မေတ္တာပို့ပေးတာပဲ Umbra လုပ်ပေးနိုင်ပါတယ်။

3️⃣ တားရော့မေးနည်း
🙅🏻‍♀️Tarot မေးတဲ့အခါ အချစ်ရေး၊ ကျန်းမာရေး၊ အလုပ်ကိစ္စသိချင်ပါတယ် စသဖြင့် တုံးတိလာမေးတတ်တာလေးတွေရှိနေကြပါသေးတယ်။ Tarot ကြည့်တာက ရှေ့ဖြစ်ဟောဗေဒင်မဟုတ်ပါဘူးရှင်။ ကိုယ်ရွေးချယ်လိုက်တဲ့လမ်းကြောင်းအရ ဖြစ်လာနိုင်တာတွေကို ကိုယ်သတိမပြုမိတဲ့ရှုထောင့်ကနေပြပေးတာမျိုးပါ။ ဒါကြောင့် lifetime တွက်မဟုတ်ပဲ ၂လ၃လအတွင်းတို့ ၆လတနှစ်တွင်းတို့အတွက် Immediate answers တွေအဖြစ် ပိုတိကျပါတယ်။
💁🏻‍♀️Recent Past (အတိတ်)မှာ ဖြစ်ခဲ့ပြီးသားအခြေနေတွေရယ် Present (လက်ရှိကာလ)မှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာရယ် သူက အစချီပြောပြနိုင်ပါလိမ့်မယ်။ အဲ့နောက်မှာကိုယ်မေးတဲ့ (…..မလား? or …..လဲ?) မေးခွန်းတွေက တိကျရင် တိကျတဲ့အဖြေရပြီး မေးခွန်းကမရေရာရင် အဖြေတွေဝေဝါးတတ်တာမို့ မေးခွန်းလေးကို သေချာမေးတတ်ကြစေချင်ပါတယ်။

4️⃣ Tarot Reading Time & Fees
🙅🏻‍♀️ Umbra သည် tarot ဖတ်ခြင်းနှင့် ဝမ်းစာရှာနေသူမဟုတ်ပါ။ ဝါသနာပါလို့ စိတ်ဝင်စားလို့ သူများကိုဖတ်ပေးတတ်ချင်လို့ သင်ယူလေ့လာရာကနေ ဆက်တိုက်ဖတ်ဖြစ်နေတာပါ။ ဒါကြောင့် ဉာဏ်ပူဇော်ခကိုလည်း package တွေအလိုက် separate လုပ်တာ fixed လုပ်တာမျိုး မစဉ်းစားဖြစ်တော့ပဲ စေတနာကြေးလက်ခံပြီးဟောပေးနေတာနဲ့ပဲ ဆက်သွားဖြစ်ပါမယ်။
💁🏻‍♀️Monday to Friday မှာ full time job ရှိတာကြောင့် ည ၇ ကနေ ၉ တွင်း လက်ခံဖတ်ပေးနိုင်ပါတယ်။ Sat/Sun ဆိုရင်တော့ Umbra အိမ်မှာပဲရှိတယ်ဆိုရင် မေးချင်တဲ့ချိန် အဆင်ပြေအောင် ညှိပေးပါမယ်ရှင့်။
💁🏻‍♀️မေးခွန်းအရေတွက် နဲ့ မေးဖို့အချိန် သတ်မှတ်ကန့်သတ်ထားတာမျိုးမရှိပါဘူးရှင်။ ကိုယ်ရလိုက်တဲ့ အကြံဉာဏ်တွေ၊ ဆုံးဖြတ်ချက်တွေ နဲ့ umbra ဆီက ယူလိုက်တဲ့အချိန်ကို လာမေးသူတွေကိုယ်တိုင် ချိန်ဆကြည့်ပြီး အားလုံးမေးလို့ပြီးမှသာလွှဲပေးလို့ရပါတယ်ရှင်။

5️⃣Your Privacy
🙅🏻‍♀️Umbra ဖတ်ပေးတဲ့အထဲက မှန်တဲ့အကြောင်းတွေ၊ ပြောထားတဲ့အတိုင်းဖြစ်လာတာတွေ၊ အခြေနေအဆင်ပြေလာတာတွေ၊ စိတ်အဆင်ပြေလာတာတွေ၊ စသဖြင့် ဘာတခုကိုမှ screenshot အနေနဲ့ မတင်ပါဘူးရှင်။ Umbra တော်နေလို့မဟုတ်ပဲ ကတ်တွေက မလိမ်တတ်တာမို့ အမှန်တိုင်း အရှိတိုင်းပြန်ကြားရတာပါ။
💁🏻‍♀️Page မှာတင်မဟုတ်ပဲ personal account မှာပါ post or my day အဖြစ် လုံးဝ မတင်တာဖြစ်တဲ့အတွက် your secrets and stories are safe with me ပါနော်။

Tarot ဖတ်ခြင်းကို ဝါသနာပါသလောက် ကံစပ်သလောက် ကံပါသလောက်ထိပဲ လုပ်မှာဖြစ်ပါတယ်။
Tarot နမိတ်တွေက မှန်ကန်တဲ့အဖြေမပြတော့တဲ့အခါ Umbra နဲ့ connection မရှိတော့တဲ့အခါ ရိုးသားစွာ card reading လုပ်ခြင်းကိုရပ်ပါ့မယ်။

ယုံကြည်အားကိုးပြီး အကြိမ်ကြိမ်ပြန်ရောက်လာကြတဲ့ Umbra နဲ့ energy ကိုက်တဲ့ မမတွေ ညီမလေးတွေကို ကျေးဇူးအထူးတင်ရပါတယ် Umbra အတွက် တကယ် အားဖြစ်စေပါတယ် 🙆🏻‍♀️
🕊

Photos from Umbra「Make Sense of Cards」's post 17/11/2021

Pick a Picture for your recent love energy
Related with your partner!!! (So, Only for RS)

ကိုယ့်ရဲ့လက်ရှိချစ်သူက လတ်တလောမှာ
ကိုယ့်အပေါ် ဘယ်လို feeling တွေ ရှိလဲ?
ဘယ်လို action တွေလုပ်ထားလဲ?
ဘယ်လိုလူမျိုးလို့ ကိုယ်ကထင်နေမိလဲ?
ဆိုတာတွေတွက် Tarot card လေးတွေနဲ့ရယ်
Angel Message တွက်တော့ Oracle card တွေရယ်
ဆွဲပြီး general recent love energy reading လေး လုပ်ပေးထားပါတယ်ရှင့်။

🕊Take a deep breath before you pick one picture.
🕊Do not think anything but only to the question.
And then Read the answer under related Pic.. ✌️

တဦးတယောက်စီတွက် ရည်ရွယ်အာရုံပြုပြီး ဖတ်ပေးထားတာမဟုတ်တဲ့အတွက် မှန်ချင်မှလည်း မှန်ပါလိမ့်မယ်နော်။ ခုလို ရေးပေးချင်စိတ်ပေါ်လာပြီး အကောင်ထည်ဖော်မိတာ Very first time မို့ အမှားပါခဲ့ရင်လည်း hope you don’t mind ပါလို့ 👩🏻

တစ်ယောက်လောက်ပဲ energy match ဖြစ်တယ်
ဆိုရင်တောင် that’s will be my pleasure 🍀🤍

With Loves & Cares,
Umbra🕊

Photos from Umbra「Make Sense of Cards」's post 22/08/2021

Moon Water Collecting &
Energy Charging for my crystals and decks 🙆🏻‍♀️
Thank you so much for the Lunar Energy 🕊
22AUG2021 🌕 Full moon in Aquarius ♒️
A rare seasonal Blue Moon!

22/08/2021

Happy Birthday Surprise 💐
write post ပိတ်ထားတဲ့ အသဲမ အတွက်
Page ကနေ wish လိုက်ပါတယ် 🕊
1 hour tarot reading လုပ်ပေးမှာမို့ page Cb ကြွပါနော်
P.S ⬇️
“ယွကျားဘယ်တော့ရမလဲ မမေးရ
နင်မရသေးဘူး ကမ🤪” လို့
သူငယ်ချင်းက စကားလက်ဆောင်ပါးထားပါတယ် 🥶

Photos from Umbra「Make Sense of Cards」's post 20/08/2021

Tarot မေးချင်နေလို့ အဆင်ပြေတဲ့ရက်လေးပြောပေးပါဆိုပြီး လာပြောထားဖူးတဲ့ ကိုယ်လေးစားပြီးချစ်ရတဲ့ sensei အင်ကြင်းမိုး အတွက် လေးရွေးချယ်ထားပါတယ် 🕊
Sensei မေးချင်တာတွေဖြေပေးဖို့ လေးလည်းအချိန်ပေးပါမယ်နော် 🕊
ဝန်ထုပ်ဝန်ပိုး ဖြစ်နေတာတွေ အမြန်ဆုံး ပြေပျောက်ပြီး အလုပ်တွေများလည်းပေါ့၂ပါး၂ ပျော်၂ရွှင်၂ဆောင်ရွက်နိုင်စေဖို့ ဆန္ဒပြုပါတယ်နော် ♥️
Umbra နဲ့ Energy ကိုက်ဖို့မျှော်လင့်ပါတယ် sensei 😘
Cb မှာစောင့်နေပါမယ် 🙆🏻‍♀️

18/08/2021

Free Tarot Reading နောက်လမှစမယ်ဆိုပေမယ့်~

Umbra Page လေးမှာ free Tarot reading လုပ်ပေးဖို့ကို ကိုယ့်ဆီ စေတနာကြေးတွေနဲ့ လာမေးဖူးတဲ့ အမ ညီမလေးတွေနဲ့ စပေးဖို့ ရည်ရွယ်ခဲ့ပေမယ့် ကြားဖြတ် service ပေးချင်စိတ်လေးဖြစ်လာလို့ပါ။

Raffle Ticket အစောင်ရေ 5 သိန်း မှာ 7သောင်းပြည့်အောင်တောင် မရောင်းရသေးပါဘူးလို့ သိရတဲ့အတွက် ticket ဝယ်ယူပေးကြဖို့တိုက်တွန်းချင်ပါတယ်။ ဝယ်ယူထားတဲ့သူတွေက receipt email လေး Cb မှာပြနိုင်ရင် မိမိတို့ဝေခွဲမရတဲ့၊ confirm လုပ်လိုတဲ့ case လေးတွေတွက် free tarot reading လုပ်ပေးပါမယ်နော်။

I’m forwarding your dm!!
🕊

17/08/2021

ပေးလိုက်တဲ့သူက ရနေတဲ့သူထက် ပိုပျော်ရွှင်ရပါသတဲ့။

ဒီ Concept လေးကို ကိုယ်တိုင်ခံစားမိတာ တနှစ်လောက်ပဲရှိပါလိမ့်အုံးမယ်။ မြင်သာအောင် ခေါင်းစဉ်တပ်ပြီးပြောပြရရင်တော့ Relationship Case ပဲဆိုပါတော့။

တစုံတယောက်ကို အရမ်းချစ်တယ်၊ အဲ့ကနေမှ သူ့အပေါ် စွဲလမ်းလာတယ်၊ အတ္တကြီးလာတယ်၊ သူ့ဆီကနေ attention 100% လိုချင်တယ်၊ သူ့ attention ရနေမှ ပျော်တယ်၊ သူတခြားသူတွေနဲ့ ပျော်နေ၊ ရီနေရင် ကိုယ်မနာလိုတော့ဘူး၊ ကိုယ့်ကိုဖူးဖူးမှုတ်ချစ်ပြစေချင်တယ်၊ ကိုယ့်အပေါ်အလိုက်သိတတ်စေချင်တယ်၊ ကိုယ့်ကို ညှာစေချင်တယ်၊ ကိုယ့်ကို …
အို- မနည်းမနောပါလား၊ ရယူပိုင်ဆိုင်ချင်ခဲ့တာတွေက။
ဒါကြောင့်လည်း တယောက်တည်း ပူလောင်နေခဲ့ရတဲ့အခိုက်တန့်တွေ သိပ်ကိုများခဲ့ရပါတယ်။ ရချင်တာတွေသိပ်များခဲ့တော့ ပေးတဲ့သူကပေးနေလည်း ရနေတယ်လို့ကိုမခံစားခဲ့ရတဲ့ကာလတွေပေါ့။ နောက်ဆုံး လက်လွှတ်လိုက်ရတဲ့အထိပါပဲ။

အဆိုးထဲက အကောင်းကို ဆွဲထုတ်လိုက်တဲ့အခါ
ကိုယ် သိပ်ဝန်ပေါ့သွားတယ်။ ဟုတ်တယ်။
မတရားသဖြင့် ကိုယ်မှကိုယ်ဖြစ်စေချင်ခဲ့တဲ့စွဲလန်းစိတ်ကြီး ဘယ်လောက်တောင်ပင်ပန်းလိုက်လဲ ကြုံဖူးမှသိကြမှာကိုး။
အဲ့ကတည်းက ကိုယ့်မှာလိုချင်တာတို့ ပိုင်ဆိုင်ချင်တာတို့နဲ့ ပတ်သက်တဲ့စိတ် သိသိသာသာကြီး လျော့ကျသွားတယ်။
တကယ်ကို Nothing teaches us better than our own experiences ပါပဲ။ အဲ့နောက်မှ ကိုယ်က သူများဆီကရဖို့ထက် ကိုယ်ကပဲ နိုင်သလောက် ပေးလိုက်တော့မယ်လို့ စိတ်ကိုလျှော့ထားလိုက်ဖြစ်တော့တယ်။ (အရင်ကလည်း မတွေးဖူးဘူးလို့တော့မထင်လိုက်ပါနဲ့ တွေးပါတယ် ဒါပေမဲ့ခဏပဲ၊ လိုချင်တာများတော့ ပြသနာကပြန်တက်တာ ထားပါတော့)

ကိုယ်က ဘာအကျိုးမှမမျှော်လင့်ဘဲ ပေးလိုက်တယ်။
အဲ့လိုပေးတတ်တာလေးအကျင့်ဖြစ်လာတော့ ရသွားတဲ့သူရဲ့ အပျော်ထက် ကိုယ့်အပျော်က ပိုနေတာကို ခံစားမိလာတယ်။
အဲ့တော့ မတောင်းရင်တောင် ပေးချင်လာတယ်။
ကိုယ်နစ်နာတယ်လို့လည်း မတွေးနေတော့ဘူး။
အဲ့ခါမှာ တချိန်က ကိုယ် မရမက လိုက်တောင်းခဲ့ရတဲ့ အရာတွေဟာ တောင်းယူ ညှိယူစရာမလိုဘဲ ရလာတယ် အလိုလိုဖြစ်လာတယ်။ စိတ်ချမ်းသာနေရတယ် ပျော်နေမိတယ်။

အဲ့တော့ ကိုယ်မပျော်ရွှင်ဘူး ရနေသလောက်နဲ့ မကျေနပ်နိုင်ဘူးဆိုရင် ကိုယ့်ဘက်ကချည်းပေးကြည့်လိုက်ပါ။ သူပျော်နေတာလေးကြည့်ပြီး ကိုယ်က ၂ဆပျော်ရမယ်ယုံပါ ♥️
သတိချပ်ရမှာက- ကိုယ်အရာရာနားလည်ခွင့်လွှတ်ပေးဆပ်နေတာတောင်မှ တဖက်လူက ပြန်သိတတ်ဖို့အားနည်းလွန်းနေရင်တော့ ကိုယ့်ရဲ့ပေးဆပ်မှုတွေနဲ့ သူနဲ့မတန်တာမို့ Stop giving there and let go ပါနော်။

Hope you all can feel delightful moments from giving…🕊

16/08/2021

Hi there! 🙋‍♀️
Monday is always an opportunity for a fresh start💪🏻

အားလုံးပဲ မင်္ဂလာပါ။
Umbra နောက်လ tarot reading ပြန်လုပ်ဖို့တွက် လကုန်ထိတော့ အားမွေးနေတုန်း၊ ပညာရပ်ဝမ်းစာတွေထပ်ဖြည့်ထပ်လေ့လာနေတုန်းမှာ page လေးနဲ့ရင်းနှီးသွားအောင် ပေါ့ပေါ့ပါးပါး service လေး တစ်ခုပေးချင်ပါတယ် 🕊

အားလုံးက ကိုယ့်ရဲ့ Date of Birth လေးသိတယ်ဆိုရင် zodiac sun sign လေးတွေကို ကြည့်လို့ရနိုင်တာမို့ သိနှင့်ပြီးကြမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ မြန်မာမွေးသက္ကရာဇ် ကိုကျ အလွတ်ရကြတဲ့သူရှားမယ်ထင်တယ်နော်။ Umbra ဆို သိချင်တော့မှ myanmar calendar တွေ download ထဆွဲပြီးကြည့်လိုက် ပြီးရင် အဲ့ app က အပိုဖြစ်နေတာမို့ uninstall လိုက်နဲ့ သံသရာလည်နေပါရော။ ပြီးရင် မြန်မာဗေဒင် မဟာဘုတ် တွက်နည်းနဲ့ဆို ကိုယ်က ဘယ်လောက်ကြွင်းတဲ့ ဘာဖွားလဲဆိုတာ အမြဲမေ့၊ နက္ခတ်လေးမှ ၃ ခုရှိတာ ကိုယ် ဘာနက္ခတ်လဲ အမြဲမေ့ 😮‍💨 new feeds မှာ တွက်နည်းတွေ တက်လာရင်လည်း မြန်မာနှစ်သိဖို့လိုပြန် ၃ နဲ့စားပါအုံး အကြွင်းယူပါအုံးနဲ့ ကြုံရင်သာ ချတွက်လိုက်တယ် နဲနဲကြာရင်မေ့သွားပြန်ရောပဲ 😅

ဆိုတော့ Umbra ပေးမဲ့ ပေါ့ပေါ့ပါးပါး service လေးက
ကိုယ့်ရဲ့ date of birth လေး comment မှာ ရေးခဲ့ပါ။
Umbra က ယူတို့ရဲ့ မြန်မာမွေးသက္ကရာဇ်အတိအကျရယ်၊
ယူတို့က ဘာကြွင်း၊ ဘာဖွား၊ ဘာနက္ခတ် လဲဆိုတာရယ်၊
(ဥပမာ-Umbraဆို ၆ကြွင်း၊မရဏဖွား၊နတ်နက္ခတ်)
ယူတို့လေးတွေတွက် ဆောင်ရန် သို့ ရှောင်ရန် အကြံပေးလေးတခု ရေးပေးပါမယ်။
Umbra ရဲ့ ခု post လေး share ပေးမယ်ဆိုရင်
ပိုပြီးချစ်မိပါမယ်နော် ♥️
Tarot ပညာဒါနတော့ နောက်လမျှော်ပါနော် 😉
🕊
မြန်မာလဆယ်နှစ်လရဲ့ ပုံလေးတွေ credit ပါ။

Photos from Umbra「Make Sense of Cards」's post 16/08/2021

My Remarkable Months • May & June 2021 •
From here, I pay homage and respect to My Teachers 🙏🏼

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon

Other Astrologists & Psychics in Yangon (show all)
Burma Star Maps Burma Star Maps
Yangon

Your endless possibilities of astrology and palmistry.

A Sway A Sway
Yangon

Empress Elisa Tarot Empress Elisa Tarot
Yangon

You can't change your fortune but your action does

Myanmar Fengshui F Myanmar Fengshui F
YanGon
Yangon

Marvellous Marvellous
582 Kawalchan Street
Yangon, 11011

Your personal tarot

Mystic Astrology Mystic Astrology
Yangon

Luciferian Dragon Mystic

Veron’s Tavern of The Stars Veron’s Tavern of The Stars
Yangon

Tarot, Oracle and Rune Readings ⭐️

Tarot by Phoo Phoo Tarot by Phoo Phoo
Yangon

ဇာတာကိုစစ်ပြီးမှ တယောက်ချင်းစီအတွက် ဖယောင်းတိုင် အဆောင်ပစ္စည်းများကို စီရင်ပေးပါသည် ပြင်ပတွင် မဟောပါ

𝐽𝑢𝑠𝑡 𝐻𝑒𝑎𝑙𝑖𝑛𝑔 𝐽𝑢𝑠𝑡 𝐻𝑒𝑎𝑙𝑖𝑛𝑔
Yangon

We respect your privacy !!!

Tarot by lilac Tarot by lilac
Yangon

Tarot by lilac