Yummy Food and Catering Services

Yummy Food and Catering Services

Nearby food & beverage services

Doodle Land
Doodle Land
Pathein

Food & Catering Services

Pocket Money 27/11/2023

ဒီရက်ပိုင်း Page လေး သိပ် active မဖြစ်လို့
Lucky money လေး နဲ့ care ပါရစေရှင် 😍
ပျော်စေချင်လို့ ပေးတာမို့
လုရင်း ပျော်ကြပါစေရှင် 🥰

Pocket Money Send blessing to more friends and find who's the luckiest By KBZPay Pocket Money

Photos from Yummy Food and Catering Services's post 10/08/2023

မင်မင်တို့ဆီမယ် အော်ဒါလာတင်ကြတဲ့ မိတ်ဟောင်း၊မိတ်သစ်များကို အမြဲ အလုပ် နဲ့ပဲ သက်သေပြတတ်တာမို့ အခုလဲ အလုပ်နဲ့ပဲ သက်သေပြလိုက်ပါတယ်နော် 😊

မှာမှ လတ်လတ်ဆတ်ဆတ်ကြော်ပေးတာမို့ ခုမှာ ခုပို့ မရပါဘူးရှင် ။ အနည်းဆံုး တရက် ကြိုတင်ပေးရပါတယ်နော် တရက်ဆိုတာ ၂၄ နာရီမို့ ည မှ အော်ဒါလာတင်ပြီး မနက်စောစောပို့ဖို့က ဘယ်လိုမှ အဆင်မပြေတော့လေ တချို့order တွေ cancel ရ ၊ တချို့ဆို ငွေပြန်အမ်းရတာတွေ လုပ်ပေးပါတယ်နော် ☺️

အခု ပံုထဲက ကာကာလေးဆို မိတ်သစ်လေးမို့ အရမ်းရောင်းချင်သလို သူကလဲ အရင် တခါမှ မမှာဖူးတာတောင် ယံုယံုကြည်ကြည်နဲ့ ငွေကြိုလွှဲမှာတာလို့ ကျေးဇူးတောင်တင်ရပေမယ့် မဖြစ်နိုင်တာကို ဖြစ်နိုင်တယ်ပြောပြီး အနီးကပ်မှ ဟိုရွေ့၊ ဒီရွေ့ နဲ့ စကားမတည်ဘူးထင်မှာ စိုးလို့ကို ချက်ချင်းငွေပြန်လွှဲပေးခဲ့တာပါ🥲ကာကာလေးတို့ နားလည်ပေးမယ်ဆို ကျေနပ်ပါပြီရှင် 🙏🙏🙏

Pocket Money 01/08/2023

လပြည့်နေ့ lucky money 😇
Password is 2815 ??
Top fan လေးတွေ အတွက်
Password ပို့ပေးမယ် 😘😘😘

Pocket Money Send blessing to more friends and find who's the luckiest By KBZPay Pocket Money

Photos from Yummy Food and Catering Services's post 28/07/2023

Hello yummy ချစ်ကာကာလေးတို့ရေ😍

ဒီတခါ ကတော့ မင်မင်တို့ ဆီမှာ ရနိုင်တဲ့ menu & price လေးတွေကို update တင်ပေးတာပါနော် ☺️

မင်မင်တို့ ရဲ့ product များဟာ-

တာရှည်ခံဆေးဝါး လံုးဝ မသံုးစွဲခြင်း
ဆီသန့် ကိုသာ အသံုးပြုခြင်း
အချိုမှုန့်လံုးဝ သံုးစွဲမှု မရှိခြင်း - စတဲ့

Quality food ကိုသာ အသားပေးထုတ်လုပ်လို့ စားဖူးသူတိုင်းက ထပ်ထပ်မှာနေကျတာလို့ ယံုကြည်ပါတယ်ရှင်🥰🥰🥰

တဘူး ၇၀၀၀ တန် များ-

ငါးနီတူခြောက်ကြော်
ငပိထောင်း( ပုဇွန်ခြောက်မှုန့် နဲ့ အကောင်လိုက်ပါ)
ငရုတ်မွှေးပုဇွန်ခြောက်ကြော်
ငါးငပိလိမ္မာကြော်

တဘူး ၁၀၀၀၀ တန်များ-

အသားတံုးကြော် ၊ မွှကြော်( ကြက်/ဝက်/အမဲ/ဆိတ်)
ငခြောက်ထောင်းကြော် ( ကတ်သပေါင်းခြောက်သာ)
မန်ကျည်းမှည့်ပုဇွန်ခြောက်ငပိကြော်
ပုဇွန်ခြောက် ငံပြာရည်ကြော်

စသည်တို့ကို ရရှိနိုင်ပါသည်ရှင် 😋😋😋

မှတ်ချတ်* တခြားစားချင်တာများရှိလျှင်လဲ အော်ဒါကြိုတင်ပေးလျှင် သန့်ရှင်းအရသာရှိစွာ ချက်ပြုတ်ပေးပါတယ်ရှင် 🙏🙏🙏

Photos from Yummy Food and Catering Services's post 19/07/2023

မင်မင်တို့ဆီမှာ overseas orders တွေ အတော်လေးပို့ဖြစ်သလို လက်ဆောင်တွေလဲ ထည့်ပေးတတ်တာ အမာခံကာကာတို့ အသိဆံုးပေါ့ 😘

အခုလဲ ကာကာလေးတယောက်ရဲ့ ၂သိန်းတန် order လက်ခံပြီးနောက် “ ဘာ လက်ဆောင်လေး ယူချင်လဲ “ မေးတော့ “ ငပိထောင်း “ တဲ့ရှင် 😅

ဟုတ်ကဲ့ နိုင်ငံရပ်ခြားအော်ဒါများဆို တာရှည်ခံဆေးလံုးဝါးမသံုးဘဲ ရေရှည်အထားခံအောင် အခြောက်အခြမ်းတွေအဓိက ပိုပေးဖြစ် ၊လက်ဆောင်ပေးဖြစ်ပေမယ့် ဒီကာကာလေးကတော့ ငပိထောင်းလေး စားချင်တယ် တောင့်တတော့ ဖန်တီးပေးရတော့တာပေါ့😍

ကဲ ပံုကိုကြည့်တာ နဲ့ Yummy ရဲ့ စေတနာတွေ မြင်တယ် ဟုတ်လား ကာကာတို့ရေ🥰

လက်ဆောင်ပေးတာတောင် ဆေးဘက်ဝင်ပြီး ကောင်းပေ့ ဆိုတဲ့ စျေးအမြင့်ဆံုး ပထမတန်းစားကြက်သွန်ဖြူ တလံုးဥလေးတွေ ကို ၊ အရမ်းလဲမစပ်တဲ့ ငရုတ်သီးစိမ်းလေးနဲ့ မွှေးလဲမွှေး ပြီး ဗိုက်မနာအောင် မီးအေးအေး နဲ့ လှော်ပြီး မှ ငပိဖုတ်လေးထောင်းလိုက်တော့ သူ့အရသာက ဘယ်လို ပြောရမလဲပေါ့နော် 😋😋😋

19/07/2023

Give Away အလှည့်😍

Martyrs’ Day အမှတ်တရ
Phone bills ၁၀ ယောက်စာ လက်ဆောင် ပေးပါမယ် 😘

Top fan logo ရှိပြီးသားတွေက logo နဲ့ Cb မှာလက်ဆောင်လာယူပါရှင် ။ မရှိသေးတဲ့ လူတွေကတော့ Yummy Page က ကြိုက်ရာပို့စ်ကို group တွေထဲ ရှယ်တာ ဖြစ်ဖြစ် ၊ သူငယ်ချင်းကို tag ပြီး public နဲ့ ရှယ်တာဖြစ်ဖြစ် လုပ်ပြီးရင် မန့်မှာ ပြပေးပါနော် ။ မင်မင် တို့ စစ်ပြီးတာ နဲ့ လက်ဆောင် phone bill ဖြည့်ပေးမှာမို့ Cb မှာ hi ထားလို့ရပါတယ်ရှင့် 🥰

* ဪ မေ့လို့ ထပ်သတိပေးချင်တာက -

တချို့က လက်ဆောင်ရရုံ မန့်ပြီး ၊ ရတာနဲ့ မန့် သို့ ပို့စ်ဖျက်တာတွေ သတိထားမိလို့ အဲလိုမျိုးလုပ်မယ်ဆို မရပါဘူးနော် 😊 အပတ်တိုင်း အပတ်တိုင်း လက်ဆောင်တွေ ပေးနေမှာမို့ top fan ဖြစ်ဖို့ like , share & comment များဖြင့် အားဖြည့်စို့ ☺️☺️☺️

Photos from Yummy Food and Catering Services's post 11/07/2023

မင်မင် တို့ကို overseas ပို့လား
ဘယ်လို ပို့ပေးလဲ လာလာမေးကြလို့
ပံုနဲ့ တကွ တင်ပေးလိုက်ပါတယ်ရှင် 😍

နိုင်ငံရပ်ခြား ပို့တဲ့အခါ ဆီလံု ၊ လေလံု အိတ်နဲ့သာ ထုပ်ပိုး ပို့ဆောင် ပေးပါတယ်ရှင် 😊 လက်ရှိလဲ နိုငငံရပ်ခြား ရောက်ရှိနေသူ များသာမက ၊ အခု မှ သွားမယ့် သူများကိုလဲ ကီလိုမများ ၊နေရာမယူအောင်ရယ် တာရှည်ခံဆေးဝါး သံုးစွဲခြင်းမရှိဘဲကို အရသာမပြောင်းလဲဘဲ တာရှည်ခံအောင်ကို လေစုပ်အိတ်ပိတ်စက်များနဲ့ သေသေချာချာ ထုပ်ပိုးပေးတာမို့ ကိုယ့်သွေးသားရင်းချာများအတွက်သာမက မိတ်ဆွေသူငယ်ချင်းများကို လက်ဆောင် ပေးရင်လဲ မျက်နှာပန်းလှစေပါတယ်နော်🥰

အဲဒီတော့ ချစ်ခင်သူများကို ကိုယ့်နိုင်ငံထွက် စားသောက်ကုန်လိုမျိုး လက်ဆောင် ပေးဖို့ဆို ခေါင်းရှုပ်မခံဘဲ Yummy ကို သာ သတိရလိုက်ပါနော် 😘

Pocket Money 07/07/2023

Yummy top fan လေးများအတွက် lucky money ပါရှင်
777 နေ့မို့ Engery အရမ်းကောင်းတာမို့ ရရှိသူများ
ဝင်ငွေတိုးကြပါစေသား 🥰🥰🥰

Top fan logo နဲ့ လာမန့်သူတိုင်းကို password ပို့ပေးမယ်နော်😘

977712 ပါနော် ။ top fan လေးတွေရော top fan မဟုတ်သေးသူတွေရော ရကြအောင် edit လုပ်ပြီး တင်လိုက်ပါပြီရှင့် ။ top fan တွေ ဦးစားပေးတာမို့ top fan ဖြစ်ထားဖို့တော့ လိုမယ်နော် 😍

Pocket Money Send blessing to more friends and find who's the luckiest By KBZPay Pocket Money

Photos from Yummy Food and Catering Services's post 30/06/2023

Weekend Sales 😍

စနေ ၊ တနင်္ဂနွေ ကို စောင့်မှာပေးတဲ့ အမာခံကာကာများကို ဒလီ ဖရီး အနေနဲ့ ကိုယ်ပိုင် deli နဲ့ လိုက်ပို့ပေးနေသလို ၅၀၀၀၀ ထက်မှာသူဆို လက်ဆောင်တမျိုးပါထပ်ထည့်ပေးတာမို့ လက်ဆောင်လဲရမယ် ဒလီခ လဲ မပေးရတော့ နှစ်ထပ်ကွမ်း ပျော်ကြစေပေါ့😇😇😇

Surprise gifts for constant customers 😘

Photos from Yummy Food and Catering Services's post 25/06/2023

“ညီမ အမျိုးသားက တအားဂျီးများတာ
တော်ရုံကောင်းရုံ နဲ့ မစားဘူး အမရယ်
အခု အမဆီက မန်းကျည်းမှည့်ငပိကြော်လေး ကျ
အခုစားတာလဲကြိုက်တယ် သူသင်္ဘောပြန်တက်ရင်လဲ
ယူသွားမယ် လို့ ပြောတယ် အမ ရဲ့”

အဲလို စကားလေးတွေ ကြားရတာ အများကြီးအားရှိတာပါရှင်🥰 ၄/၅/၆ သိန်းဖိုးလောက် အားပေးပြီး ဘာသံမှ မကြားရရင် ငါ ရောင်းရတယ်လေ ပိုက်ဆံရတယ်ဟဲ့ မတွေးနိုင်ဘဲ ဘာများလိုသွားလဲ မသိဘူး။ စိတ်တိုင်းကောကျရဲ့လား တွေးမိတာ အမှန်ပါနော် 😊

အဲဒီတော့ ကာကာတို့ဆီက အခုလိုကြားရတဲ့ feedback လေးတွေဟာ သိန်းချီတဲ့အော်ဒါတွေထက် ပိုတန်ဖိုးထားမိတာမို့ သိပ်မကြာခင်မှာ အခုလို review လေးတွေ ပြောပြပြီး ထပ်ခါ ထပ်ခါ အားပေးတဲ့ ရွှေကာကာတို့အတွက် အမှတ်တရလက်ဆောင်လေးတွေ ပေးသွားမှာမို့ top fan ဖြစ်ဖို့ မမေ့နဲ့နော် 😍😍😍

Photos from Yummy Food and Catering Services's post 17/06/2023

ဒီရက်ပိုင်းအတွင်း ပို့ဖြစ်တဲ့ အော်ဒါလေးတချို့😋😍

ဘာယူယူ ဘူးသေး -၅၀၀၀ ၊ ဘူးကြီး- ၁၀၀၀၀ ဖြစ်သွားတော့ အချစ်လျော့မလား တွေးပူပေမယ့် ချစ်တဲ့သူတွေ ရှိသေးတာ မြင်ရတော့ ကြိတ်ကြည်နူးမိ🥰

Quality food ကို အားပေးတဲ့ quality customers လေးတွေအတွက်ရော ၊ top fan လေးတွေ အတွက်ပါ အထူးအစီအစဉ်အနေနဲ့ လက်ဆောင်လေးတွေ လာမှာမို့ page လေးကို စောင့်ကြည့်ပေးဖို့ရော ၊ top fan မဖြစ်သေးရင် ဖြစ်မယ့်အခွင့်အရေးလေးတွေ ယူဖို့ရော လိုလိမ့်မယ်ရှင့်😘😘😘

Yummy Food and Catering Services 11/06/2023

အစားအစာလေးတွေကို ဖန်တီးရတာ ဝါသနာပါလို့
၂၀၂၁ ကတည်းက စတင်ဖြစ်ခဲ့တဲ့ ဒီ page လေးဟာ
ဖန်တီးရှင်မင်မင် ရဲ့ busy schedules ကြောင့်
ရပ်လိုက် ပြန်စလိုက် နဲ့ တသမတ်တည်း သွားမနေဖြစ်ခဲ့ပေမယ့်
ဘယ်ချိန်ပြန်စစ စားဖူးနေကျ အမာခံ ကာစတန်မာ များရဲ့
လက်ခံအားပေးမှုကြောင့် အခုချိန်ထိ ရပ်တည်နိုင်ခဲ့တာမို့
မိတ်ဟောင်းများကို ကျေးဇူးအထူးတင်မိသလို🙏🙏🙏
မိတ်သစ်များကိုလဲ ကြိုဆိုလျက်ပါလို့ 😍😍😍

Yummy Food and Catering Services

Photos from Yummy Food and Catering Services's post 06/06/2023

ပထမတကြိမ်စျေးလာဝယ်တာက
#သင့်ကိုယုံလို့ပါ......

ဒုတိယအကြိမ်စျေးလာဝယ်တာက
သင်ရောင်းတဲ့ပစ္စည်းရဲ့
#အရည်အသွေးကိုတကယ်ကြိုက်နှစ်သက်ခဲ့လို့ပါ.......

အရေတွက် တစ်ခုထက်ပိုဝယ်ရင်တော့
Customer အနေနဲ့
#သင်နှင့်သင့်ပစ္စည်းအပေါ်100%
#အပြည့်ဝသဘောကျလို့ပါ

ဘယ်သူမှကိုယ့်အိတ်ထဲကငွေကို
အလဟာသ အထွက်မခံပါဘူး.
သင်စျေးရောင်းကောင်းနေတာဟာ
အထက်ပါအချက်များထဲမှ
တစ်ခုခုနှင့်ကိုက်ညီနေလို့ပါ

ယုံကြည်လို့ဝယ်ယူအားပေးသူတစ်ဦးချင်းကိုစိတ်ရင်းဖြင့်ကျေးဇူးတင်လျက်😘😘😘

🥰Yummy Family 🥰

03/06/2023

Yummy Food and Catering Services က products တွေဟာ

-တာရှည်ခံဆေးဝါး လံုးဝ မသံုးစွဲခြင်း
-ဆီသန့်သာ သံုးခြင်း
-အချိုမှုန့် အဓိကထား သံုးစွဲမှု မရှိခြင်း

စတဲ့ quality food ဂုဏ်သတ္တိများကြောင့် အမှာစာ များ လံုးဝ မစဲ သလို reviews များကလဲ မပြတ်တာ ဖြစ်ပါတယ် ။ ဒီလို နာမည်ကောင်းများကို လုပ်ရပ်နဲ့ ထိန်းသိမ်းကာ သက်သေပြနေတဲ့ Yummy လေးက ကြီးမြင့်လာတဲ့ ကုန်စျေးနှုန်းတွေကြောင့် တခုလောက် မေတ္တာရပ်ခံချင်တာက အရင်လို ဘူးသေး ၃၅၀၀ အစား ဘူးလတ်ဆိုဒ် အစားထိုးကာ ၁၅၀၀ ကျပ်ကလေးတိုးမြှင့်မယ်ဆိုရင် အဆင်ပြေကြမယ်ထင်ပါတယ်နော် 😍

အသားမွကြော်တွေကတော့ ဘူးသေးဆိုဒ်ဘဲ မပြောင်းလဲဘူးမို့ ၅၀၀၀ ဘဲ ထားပေးမယ်နော် ၊ နည်းတော့ နည်းတာပေါ့နော် 😁ပိုပိုသာသာစားချင် ဘူးကြီး ၁၀၀၀၀ တန်လေးစားပေါ့နော်😋

ရှင်းအောင် ထပ်ရေးပြရရင် Yummy က ဘာယူယူ-

အသား ဘူးသေး ဆိုဒ် နဲ့ တခြားအခြောက်အခြမ်း ဘူးလတ် ဆိုဒ် က အကုန် ၅၀၀၀ နဲ့ ယူပါနော်

ဘူးကြီးကတော့ ဘာယူယူ ၁၀၀၀၀ ပါလို့ 😘😘😘

ဘူးဆိုဒ်လေးတွေ ပံုမှာ ပြပေးထားတယ်နော်🥰

Photos from Yummy Food and Catering Services's post 31/05/2023

ငါးနီတူ ခြောက်စပ်ကြော် 😋

ငါးနီတူလေးလဲ စားချင်တယ် ဒါပေမယ့် ပျော့ပြီး မကြွပ်မှာ ကြောက်တယ်ဆို မင်မင်တို့ဆီက မှာစားကြည့်နော် 😍 ဆိုင်တွေမှာတင်ဖို့ဆိုတာ ကွာလတီ မကောင်းရင် ကြာရှည်မခံနိုင်တော့ မတင်ရဲကြသလို ၊ ဆိုင်ရှင်တွေကလဲ ဆိုင်နာမည်အပျက်မခံနိုင်တော့ ဘယ်တင်ချင်မလဲနော် 😊

မင်မင်တို့ဆီက ငါးနီတူခြောက်လေးကတော့ ငါးနီတူခြောက်ပေါင်း သောင်းခြောက်ထောင်ထဲကမှ စျေးအမြင့်ဆံုးဖြစ်တဲ့ ခေါင်းမပါ အကောင်သေးသန့် ကို မှ တခါ ရေပြန်ဆေးပြီး ထပ်သန့်ကာ ကြော်တာမို့ သန့်ရှင်းမှု နဲ့ ကြွပ်ကြွပ်ရွရွ အရသာရှိမှုကတော့ ပြောစရာကို မလိုတာမို့ ဆိုင်တွေမှာတင်လို့ရတာပေါ့ရှင် 🥰🥰🥰

စားနေကျဖောက်သည်တွေ မဆိုထားနဲ့ ၊ အိမ်က မင်မင့်သမီးတော်ကတော့ အသားမပါရင်နေ၊ ဒါလေးတဘူးနဲ့ကို ဟင်းဖြစ်လို့ အမြဲမပြတ်ကြော်ပေးထားရတဲ့ အသဲစွဲဟင်းလေးလေးလဲဖြစ်ပါတယ်ရှင့် ☺️☺️☺️☺️

Photos from Yummy Food and Catering Services's post 28/05/2023

ဆိတ်မွကြော်လေး ကလဲ စားကောင်းလို့တဲ့ရှင်😋

Dubai ရောက်တဲ့အချိန်ထိ မပျော့ဘဲ ကြွပ်နေအောင်
Photo ပြထားသလို သေသေချာချာလေး လေလံုအိတ်လေး နဲ့ အထပ်ထပ် ထုပ်ထည့်ပေးတာမို့ အရသာ မပြောင်းမလဲဘဲ စားကောင်းနေဆဲ ဖြစ်တာပေါ့ရှင်🥰

Photos from Yummy Food and Catering Services's post 26/05/2023

Yummy ရဲ့ ရောင်းရဆံုးထုတ်ကုန်လေးထဲက တခုဖြစ်တဲ့ ငါးငပိလိမ္မာလေး ကိုလဲ နေ့စဉ်အမှာ များလက်ခံနေပြီမို့ ကာကာလေးတို့ ရွှေစိတ်တော်မညိုဘဲ စားရပါတော့မယ်ရှင် 😋😍

ဒီနေ့ချက်ပြီးရိုက်ပြထားတဲ့ ဒီအိုးကြီးကတော့ preorder များနဲ့ ပြည့်နေပြီမို့ အကုန် sold out ပါနော် 🥰

အခုနေ့စဉ် ချက်ပေးနေပြီဆိုတော့ ဒီနေ့မှာ နက်ဖြန်ပို့ပြီမို့ အရင်လို ကြာကြာမစောင့်ဘဲ စားရပြီဆိုတဲ့ အကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ရှင့် 😘😘😘

Photos from Yummy Food and Catering Services's post 25/05/2023

Yummy ရဲ့ အမဲမွစပ်ကြော်လေးကို
စမ်းစားကြည့််တဲ့ ကာကာလေးက
ဘာပြောလဲ ???😍🥰😘

24/05/2023

Photo ထဲကလို
Yummy တို့ လုပ်ဖူးနော်😩😩😩
ဂျပန်မှုန့်ဖာလိုက် မှာထားတာတောင်
အိတ်လိုက် သွန်မထည့်ဘူး😢

ဒီလောက် စျေးကြီးတာ အိတ်မှောက်ထည့်စရာလားရှင့်😁😁
လိုသလောက်ပဲ ထည့်တာပါနော်☺️☺️☺️

အဓိက ကတော့ အသားဆို အသားပြုတ်ရည် အရသာယူတယ် ။ အခြောက်အခြမ်းဆို ပုဇွန်ခြောက်ကောင်းကောင်း၊ ငပိ ၊ ငံပြာရည်ကောင်းကောင်း သံုးပြီး အရသာကို လေးနက်စေပါတယ်ရှင် 😍

Photos from Yummy Food and Catering Services's post 22/05/2023

Yummy ကာကာ လေးတို့ကို တောင်းပန်စာလေးလဲရေးချင်သလို သတင်းကောင်းလေး ပြောပြချင်ပါတယ်ရှင် ☺️☺️☺️

Pinned post မှာ ရေးထားသလို သန့်ရှင်းလတ်ဆတ်မှုကို ဦးစားပေးတာမို့ အမြဲ instock မထားဖြစ်ဘဲ တခါတည်းကြော်ပြီး ဆိုင်တွေတင်ပါတယ် ။ အရင်ကတော့ အဲဒီအခြေအနေ နဲ့ကို အဆင်ပြေပေမယ့် အခုကျ အော်ဒါတွေက အရင်ထက် အများကြီးတက်လာသလို တချို့ကာကာလေးတွေက အခုစားချင်လို့ အခုမှာတာမျိုးတွေ ရှိလာတော့ မင်တို့လဲ အနီးစပ်ဆံုးဆိုင်ညွုန်းပေးပေမယ့် ကာကာလေးတို့ စားချင်တာနဲ့ stock ရှိတာနဲ့က ကိုက်မနေတော့ စိတ်ပျက်သွားကြတဲ့ ကာကာတွေကို ချော့မော့ချင်တာကြောင့် အခု နောက်ပိုင်းမှာ Yummy ရဲ့ အရောင်းရဆံုးထုတ်ကုန်လေး ၂ခုဖြစ်တဲ့ မန်ကျည်းမှည့် ပုဇွန်ခြောက် ငပိကြော် ရယ် ၊ ပုဇွန်ခြောက် ငံပြာရည်ကြော် ရယ် ကို နေ့စဉ် ကြော်နေတာမို့ အရင်လို ကြာကြာ မစောင့်ရဘဲ စားလို့ ရပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင် 😍😍😍

အခုလို နေ့တိုငိး ကြော်ရလောက်တဲ့အထိ အားပေးကြမ်းတဲ့ ကာကာတွေကို ကျေးဇူးအထူးတင်ပါကြောင်း တခါတည်းပြောကြားပါရစေရှင့် 🥰🥰🥰

21/05/2023

Yummy ရဲ့ ငါးနိုင်းချင်းသာသံုးပြီး ငါးအရသာအဓိကယူထားသလို အချိုမှုန့်တစ တောင် မသံုးတဲ့ ငါးငပိလိမ္မာကြော်က ဘာလို့စားကောင်းပြီးသွေးမတိုးတာလဲ ဆိုတော့ ဆေးဘက်ဝင်ငပိဖျော်နည်းနဲ့ ဖျော်ထားလို့ပါရှင် 😋 ဖျော်နည်းလေး ရှယ်ပေးလိုက်တယ်နော် 😍

ဆေးဘက်ဝင်ငပိရည်ဖျော်နည်း

ငါးပိ ထဲမှာ ရေငွေ့ဓာတ်၊ ထုံးဓာတ်နှင့် အသားဓာတ် တို့ ပါရှိနေပါတယ်။ ဦးစွာ ငါးပိရည်ကျိုတဲ့ အခါမှာ နနွင်း (ဆနွင်း)မှုန့်ကို ထည့်၍ ကျိုပေးရမှာပါ။ ဘာကြောင့်လဲ ဆိုရင် နနွင်းမှုန့်က အညှီအဟောက် များကို လွန်စွာ ပြေပျောက်စေတဲ့ အပြင် အရောင်လှရုံ သာမက ငါးပိရည်၏ အနံ့နှင့် အရသာကိုပါ ပိုကောင်းစေနိုင် လို့ပါပဲ။ နနွင်းနှင့် ရောကျိုပြီး ပွက်ပွက်ဆူ လာတဲ့အခါ အိုးပေါ်မှချ၍ ထောင်းထားတဲ့ ကြက်သွန်ဖြူ နိုင်နိုင် ထည့်ပေးလိုက် ခြင်းဖြင့် စားချင်စဖွယ် ဆေးဖက်ဝင် ငါးပိဖျော်ရည် ရပါပြီ။

အစပ်ကြိုက် သူများက ငရုတ်သီးစိမ်း ကို လှော်၍ ထောင်းထည့် စားနိုင်ပါတယ်။ ငရုတ်သီးစိမ်း လှော်က ငါးပိရည်ရနံ့ကို ပို၍ ဆွဲဆောင်မှု ဖြစ်စေရုံ သာမက ငရုတ်သီးစိမ်း စားလို့ ဗိုက်နာခြင်း မှလည်း ကြိုတင် ကာကွယ်ရာ ရောက်ပါတယ်။ (ငရုတ်သီး အကျက်မှုန့်ကိုမှ ကြိုက်သူ များကလည်း မိမိအလိုရှိသလို ထည့်လို့ရပါတယ်) ဆေးဖက်ဝင် ငါးပိရည်ဖျော် အတွက် အချိုမှုန့် မထည့်သင့် ပါဘူး။ အချိုမှုန့် အစား ပုစွန်ခြောက်မှုန့် အနည်းငယ် ထည့်ပေး နိုင်ပါတယ်။ သို့မဟုတ် မိမိ အဆင်ပြေရာ ပြုတ်ထားသော ငါးကျည်း၊ ငါးကြင်း၊ ငါးမြစ်ချင်း အသား အနည်းငယ်ကို အရိုးနွှင်၍ ငါးပိရည်ထဲ ခတ်ပေးနိုင်ပါတယ်။ ထမင်းဝိုင်း ပြင်ခါနီးမှာ ငါးပိရည်ခွက် ထဲကို သံပရာရည် ညှစ်ထည့်ပေး လိုက်ပါဦး၊ သံပရာရည်က သွေးတိုးကို ထိန်းပေးနိုင်သလို မြန်မာ့အကြိုက် ချဉ်၊ ငန်၊ စပ် အရသာ ပြီးပြည့်စုံတဲ့ ငါးပိရည် တစ်ခွက်ရပါပြီ။

အတို့အမြှုပ်အဖြစ် မန်ကျည်းသီးဖြင့် ပြုတ်ထားသော ကန်စွန်းရိုးနီ၊ ဖန်ခါးသီး၊ ဆီးဖြူသီး၊ သခွားသီး၊ ဖရဲသီးငယ် သို့မဟုတ် ဘူးသီးပြုတ်၊ ခရမ်းကြွပ်သီး၊ ပူဒီနာရွက်၊ မုန်လာဥနီ၊ ချဉ်ဖတ် အမျိုးမျိုး၊ ရေနွေးဖြောထားတဲ့ ပဲစောင်းလျားသီး၊ ဂေါ်ဖီ၊ ပဲတောင့်ရှည်၊ ကနဖော့၊ မှိုနားတို၊ စာကလေး ခြေတောက်၊ ပဲပုစွန် စတဲ့ သဘာဝ ဟင်းသီးဟင်းရွက် များကို ငါးပိရည်ဖြင့် တွဲဖက် စားခြင်းဖြင့် ခံတွင်းလိုက် စေသလို..
ဆေးဘက်လည်းဝင်မှာအမှန်ပါ ။

Credit*-Mi Mi Tun
ကူယူဖော်ပြပေးလိုက်ပါသည်ရှင့်
photo 111 Familymarket
#ငါးပိရည်ဖျော် #တို့စရာအစုံအလင်

Photos from Yummy Food and Catering Services's post 20/05/2023

၉၀၀၀ နဲ့ စျေးဖွင့်လိုက်တဲ့ ဆိတ်သားပေါင်းလက်ဖက်ညွုန့်နှပ်လေးကို reviews မိုက်မိုက်လေးတွေနဲ့ ဒီလိုတွေ စားကောင်းအောင် ဘယ်လိုတွေလုပ် 😉

၁- ဆိတ်သားကို အရသာဝင်ပြီး နူးအိနေအောင်ပေါင်း😋
၂- FDA ရထားတဲ့ ဓာတုကင်း လက်ဖက်ညွန့်နုနုလေးတွေကို သေချာအရသာဝင်အောင်နယ်🤤
၃- အာ့၂မျိုးလံုးကို ရောမွှေပြီး ဆံုဆီစစ်စစ်မွှေးမွှေးပျစ်ပျစ်လေးနဲ့ ကြာကြာလေးနှပ် 😋

အိုး သူ့အရသာကလေ
ဘယ်လိုပြောရမလဲဆို
အဇမ်းတွေမိုက်ပြီး ကောင်းတာပဲရှင်😍

အဲဒီတော့ အဲလိုအရသာရှယ်လေး စားချင်ရင် အခု မင်မင်ပြောပြသလို လုပ်စား၊ အလုပ်ရှုပ်ရင် မင့်ဆီက ဝယ်စား😁😁😁

ဖုန်းနဲ့ တမျိုး ၊ စာ နဲ့ တဖံု feedback ပေးသူများအားလံုးကျေးဇူးအထူးတင်ပါတယ်ရှင် 😘😘😘

Photos from Vlog by Sandi's post 17/05/2023

စားလို့ကောင်းလိုက်တာ မှ
တအိမ်လံုး ဝိုင်းစားလိုက်ကြတာ
ကုန်သွားပြီ မမရေ ဆိုတဲ့
ချစ်စရာ ညီမလေးစန္ဒီ ရေ😍
အခုလို စားလဲစား ၊ ကြော်ငြာလဲ ကြော်ငြာပေးလို့
ဘယ်အချိန်လာဝယ်ဝယ် discount ပေးပါမယ်ရှင် 🥰

Photos from Yummy Food and Catering Services's post 16/05/2023

ဂျပန်မှုန့်တွေ ခေါတ်ထနေတော့
Yummy တို့လဲ အဲလို ပစ္စည်းကောင်းတွေ
ဖာလိုက် မှာထားပြီး နေကြာဆီသန့်၊
မြေပဲဆီသန့် သာ အဓိက သံုးစွဲတဲ့ အကြောင်းလေး ကြော်ငြာဝင်ချင်လို့ပါရှင် 😬😜😘

Yummy ရဲ့ Healthy & Tasty logo လေးကတော့ ဒီ ingredients တွေနဲ့တင် ထိုက်တန်နေပေမယ့် အသားတဘူးတောင် တသောင်း ကျော်မရောင်းရက်သူမို့ စျေးများတယ် လို့တော့ မထင်ရဘူးနော် 🥲

ပံုတင်ရုံ လေး ဝယ်ပြ ၊ သံုးပြတာ မဟုတ်ကြောင်းကိုလည်း သက်သေပြနေတဲ့သံုးလက်စ ဘူးခွံ ၊ဘူးတဝက် ပံု နဲ့ Dashi အခွံ လေးက အသက် 😂😅😍ဒါတောင် ပခုက္ကူမြေပဲဆံုဆီစက်က လှမ်းမှာ တဲ့ အချိန်တဆယ် ပံုးခွံကြီးတွေ ကျန်သေးတယ်ရှင့် 😁😁😁 ဒီလို မျိုးလေး ချစ်ကာကာတို့ရဲ့ ကျန်းမာရေးကို ဂရုစိုက်ပေးပြီး quality products သာ ဦးစားပေးတဲ့ Yummy လေးကို ပိုချစ်ပေးကြပါဦးလို့ 🥰

Photos from Yummy Food and Catering Services's post 13/05/2023

Hello ယမ်မီချစ်ကာကာတို့ရေ😍

ဒါလေးက ဘာလေးလဲ သိကြလားရှင်??? 😋

New menu လေး guess လုပ်ပြီးရင် ယမ်မီရဲ့ top fans လေးတွေ အတွက် အခမဲ့ စားရမယ့်အခွင့်အရေးနော်🥰

တခုတော့ ရှိတယ်ရှင့် 🤔

ယမ်မီ က အရင်က မီနူးဆို ပံုမပြဘဲ ခန့်မှန်းရတာဆိုတော့ ကွက်တိမမှန်လဲ အနီးစပ်ဆံုးတူရင်လက်ဆောင်ပေးပေမယ့် ဒီတခေါက်ကတော့ ပံုပြခနိ့မှန်းရတာမို့ အရင်ဆံုးကွက်တိ မှန်သူသာ ရမယ့် လက်ဆောင်ပါနော် လို့😘😘😘

ယမ်မီကလေ top fans လေးတွေကိုဘယ်လောက်တောင် စေတနာတွေပိုကာ ကျွေးချင်လဲဆိုရင်လေ ခန့်မှန်းတဲ့သူတွေ လွယ်လွယ်လေးဖြစ်အောင် နဲ့ ထင်သာမြင်သာရှိအောင် အနီးကပ်ကို ဆွဲရိုက်ပေးထားတာပါရှင့်☺️☺️☺️

Edit * ဆိတ်ပေါင်းလက်ဖက်ညွန့်နှပ်ပါရှင်။ တချို့တွေလို ဆိတ်သားခြောက်သက်သက် လက်ဖက်သက်သက် မဖြစ်ရအောင် ဆိတ်သားကိုအရသာဝင်အောင်ပေါင်းပြီးမှ လက်ဖက်ညွုန့်လေးနဲ့ ပြန်နှပ်ထားလို့ အရသာ သက်သက်စီ ဖြစ်မနေဘဲ ဆိမ့်နေမှာပါရှင် 😍 ပံုလေးကြည့်ပြီးကြိုအော်ဒါတင်သူများကိုလည်း ကျေးဇူးပါလို့စ်🥰🥰🥰

10/05/2023

Yummy က ဆိတ်မွကြော် က အချိုပဲကြော်တာ များပေမယ့် Overseas သွားမယ့် ညီမလေးက အစပ် စားချင်လို့ပါ ဆိုပြီး သီးသန့်အော်ဒါတင်တော့လည်း ကြော်ပေးရတာပေါ့ရှင်😍

ကာစတန်မာ လက်ထဲ မရောက်သေးလို့ ဘာ feedback မှ မရသေးပေမယ့် မင်မင် တို့ အိမ်က သားတော်မောင်ကတော့ ဆိတ်သားမပါတောင် ငရုတ်သီးကြော်နဲ့တင် ထမင်းဝင်သတဲ့ရှင် 😋😋😋

Edit * ကာကာလေး က အရမ်းကြိုက်သတဲ့ 🥰 သူ့ feedback လေးက မန့်မှာ ပြထားပါတယ်နော်😘

Photos from Yummy Food and Catering Services's post 08/05/2023

Yummy က မီနူးတွေက အသားကလွဲ ကျန်တာ ၃၅၀၀ ပဲ ရောင်းပေးတာဆိုတော့ ဘူးဆိုဒ်က အနေတော်ပဲ သံုးဖြစ်တာပေါ့နော် ။ တချို့တွေကျ menu အစံုမြည်းချင်ကျတော့ ၃၅၀၀ တန်လောက်က အဆင်ပြေတာပေါ့ရှင် ☺️

ဟော အစံုမြည်းပြီးလို့ စိတ်ကြိုက်တွေ့ပြီဆို တမျိုးထဲ ၂ဘူး ၊၃ဘူး မှာစားမယ့်အစား အခုလို ဘူးကြီး မှာချလိုက်တော့ ပိုလဲရတယ် ၊ စျေးလဲတန်တယ် ရော 😊

ကဲ ဘူးသေးမဝသူများ မှာ တဲ့ ဘူးကြီးတဘူး မှ ၇၀၀၀ ပါရှင်လို့ 😅 ၃၅၀၀ တန် ၂ဘူး စာထက် ပိုများတာမို့ ပိုပိုသာသာလေး စားချင်သူများအတွက် လက်တို့ လိုက်ပါတယ်ရှင့် 😍😍😍

Photos from Yummy Food and Catering Services's post 05/05/2023

ယမ်မီရဲ့ အရမ်းအရောင်းသွက်ပြီး review ကောင်းတဲ့ ငါးငပိလိမ္မာကျော် လေး စားဖူးကြပြီလား???🤤🧐

တာရှည်ခံဆေးဝါးလံုးဝမသံုးပါ လို့ ကြော်ငြာထားတဲ့အတိုင်း ရက်ရှည်ခံပြီး အရသာရှိတဲ့ အခြောက်အခြမ်းပဲ ဦးစားပေးတင်ရောင်းပေမယ့် ဟိုးအရင်က လူကြိုက်များရောင်းရလို့ လွမ်းနေတဲ့ပရိသတ်ကြီးတောင်းဆိုတဲ့ ငါးငပိချက် ကို ပြန်ရောင်းချင်လို့ နည်းနည်းကြာကြာခံအောင် ထွင်ချက်လိုက်တဲ့ မီနူးလေးပေမယ့် စစချင်းပဲ ပေါက်သွားခဲ့တော့ ထပ်ထပ်ချက်ပေးရတာပေါ့😍

သွေးမတိုးတဲ့ ငပိရည်က ယမ်မီမှာဘဲ ရတာနော် 🤗

03/05/2023

စာဆံုးအောင်ဖတ်တဲ့သူတွေဆို
ကုသိုလ်လဲရ
ဗိုက်လဲဝ မယ် နော် 😍

✳ ကဆုန်လပြည့်နေ့အကြောင်း သိကောင်းစရာ
*********************************
#ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံကဆုန်လပြည့်နေ့

ကဆုန်လပြည့် (၅)နေ့။

(၁) ဗျာဒိတ်ခံယူသည့်နေ့ =
လေး အသင်္ချေကမ္ဘာတစ်သိန်း အစ
ကဆုန်လပြည့်နေ့။

(၂) ဘုရားမွေးသည့်နေ့ =
မဟာသက္ကရာဇ် (၆၈)ခု၊
ကဆုန်လပြည့် (သောကြာနေ့)။(ဘီစီ ၆၂၃)

(၃) ဘုရားဖြစ်သည့်နေ့ =
မဟာသက္ကရာဇ် (၁၀၃)ခု၊
ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ =
မဟာသက္ကရာဇ် (၁၀၄)ခု၊
ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

(၅) ပရိနိဗ္ဗာန်စံသည့်နေ့ =
မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

****

#ကဆုန်လပြည့်
#ဗုဒ္ဓနေ့အကြောင်းသိကောင်းစရာများ

၁။ ကဆုန်လပြည့်နေ့သည်
ဗုဒ္ဓဘာသာဝင်တို့၏
နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။
ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ
(ဗျာဒိတ်, ဖွားမြင်, ဗောဓိပင်,
စံဝင် နိဗ္ဗာန်နန်း) ဆိုသည်နှင့်အညီ
သုံးလောကထွတ်ထား
သဗ္ဗညုမြတ်စွာဘုရားနှင့်စပ်၍....

#ဗျာဒိတ်ခံယူသောနေ့
#ဖွားမြင်တော်မူသောနေ့
#ဘုရားဖြစ်တော်မူသောနေ့
#ပရိနိဗ္ဗာန်စံတော်မူသောနေ့
ဤထူးခြားချက်လေးမျိုးတို့နှင့်
တိုက်ဆိုက်နေပါသည်။
ဤကဲ့သို့ ထူးခြားချက်လေးမျိုးနှင့်
ပြည့်စုံသောကြောင့် ဤနေ့ကို
` #ကဆုန်လပြည့်ဗုဒ္ဓနေ့ ဟု
အမွှန်းတင် ခေါ်ဆိုကြပါသည်။

၂။ ဤကဆုန်လပြည့်နေ့ တွင်
မာရ်နတ်ရန်ကို အောင်မြင်တော်မူသောကြောင့်
ဤနေ့ဤရက်ကို
`ကဆုန်လပြည့် မာရ်အောင်နေ့အဖြစ်
ဗုဒ္ဓဘာသာဝင်တို့၏ စိတ်အစဉ်တွင်
စွဲမြဲ၍နေကြပါသည်။

၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍
ဖွားမြင်တော်မူခြင်း၊
ပရိနိဗ္ဗာန်စံတော်မူခြင်းများကို အကြောင်းပြု၍
ကဆုန်လပြည့်နေ့ကို
`ဝိဆခ်ဒေးဟု ခေါ်ဆိုကြပါသည်။
ဝိသာခါဒေးဟု ဆိုလိုပါသည်။

၄။ ဗုဒ္ဓဘာသာဝင်တို့သည်
ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို
အာရုံပြု၍ ကဆုန်လပြည့်နေ့၌
ပရိဘောဂစေတီထိုက်သော
ဗောဓိပင်ကို ရေသွန်းလောင်းလေ့ ရှိကြပါသည်။

၅။ ဗောဓိပင်သည်
သဗ္ဗုညုတဉာဏ်တော်ကိုရ၍
ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊
ဖွားဖက်တော် ၇ ပါးတွင်
စာရင်းဝင်ဖြစ်ခြင်းတို့ကြောင့်
ထူးခြားသော သစ်ပင်တစ်မျိုး ဖြစ်ပါသည်။
ဤကဲ့သို့ မြတ်စွာဘုရားနှင့်
တိုက်ရိုက်ဆက်စပ်၍
ဗောဓိပင်၌ ရေသွန်းလောင်းခြင်းအစဉ်အလာကို
ခေတ်အဆက်ဆက် ပြုလုပ်လာခဲ့ကြပါသည်။

၆။ မြန်မာ့ရိုးရာ ၁၂ ရာသီပွဲတော်များအနက်
ကဆုန္လ၌ ညောင်ရေသွန်းပွဲတော်ကို
ရိုးရာပွဲတော်အဖြစ် အစဉ်အလာ
သတ်မှတ်ခဲ့ကြပါသည်။

၇။ အသနဗောဓိယမထေရ်၏
အလောင်းသည် တိဿဘုရားရှင်၏
ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရသော
ကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊
စကြာမင်းဖြစ်ရခြင်း၊
အပါယ်ဘေးမှလွတ်ကင်းရခြင်းအကျိုးများကို
ခံစားရကြောင်း (ထေရာပဒါန်)
ကျမ်းဂန်၌ ဟောကြားထားပါသည်။

၈။ ဂန္ဓောဒကတိဿမထေရ်၏
အလောင်းသည် ပဒုမုတ္တရဘုရားရှင်၏
ဗောဓိပင်ကို နံ့သာရေဖြင့်
သွန်းလောင်းသောကုသိုလ်ကြောင့်
နတ်ပြည်၌ဖြစ်ရခြင်း၊ အနာရောဂါမရှိခြင်း၊
သောကကင်းဝေးခြင်း
စသောအကျိုးများကို ခံစားရပါသည်။

၉။ အထက်ပါအကြောင်းအရာများကို နှလုံးသွင်း၍
ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့်
နှစ်စဉ်နှစ်စဉ် ကဆုန်လပြည့်နေ့ရောက်တိုင်း
ဗုဒ္ဓရုပ်ပွား ဥဒ္ဒိဿစေတီတော်များကို
အနေကဇာတင် ဗုဒ္ဓအဘိသေက
မင်္ဂလာသဘင် ဆင်ယင်ကျင်းပ၍
ကုသိုလ်အထူးကို ဆည်းပူးလေ့ရှိကြပါသည်။
ကျောင်းကန်ဘုရားသို့သွား၍
ဒါန သီလ ဘာဝနာအမွုကို ပြုလုပ်၍
ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အမွတ္တရ ဆင်နွှဲကြပါသည်။

#မာဂဓီ (သာစည်)၏
[အခါတော်နေ့များ စာအုပ်မှ] ပြန်လည်
ထုတ်နှုတ်မျှဝေ ပူဇော်ပါသည်။
#မူရင်းရေးသားသူpostပိုင်ရှင်အား credit ပေး၍ သာဓု ခေါ်ပါသည်ရှင့်🙏🏻🙏🏻🙏🏻

ဒီနေ့ ညောင်ရေသွန်းထားတယ်ဆိုရင် ပံုလေး နဲ့ မန့်ပေးပါနော် ။ Yummy ရဲ့ စားသောက်ကုန်လေးတခု လက်ဆောင်ရပါမယ်ရှင် ။ လူများရင် မဲဖောက် ၊လူ မများရင် အကုန်ပေးမယ်နော် ရှင် 🥰

01/05/2023

ကဲ အမဲမွစပ်ကြော်ကြွပ်ကြွပ်လေးကတော့ မှာထားသူတွေဆီ မကြာမီ ရောက်လာပါတော့မယ်လို့😋

Yummy ရဲ့ နံပါတ်တစ် ထူးခြားချက်ကတော့-

အလွယ်တကူဝယ်သံုးလို့ရတဲ့ ရောင်းတမ်းကြက်သွန်ကြော်တွေက မာခြောက်ခြောက်နဲ့ ဝါးရတာ အရသာမတွေ့လို့ ဘယ်တော့မှ ဝယ်ရောမသံုးဘဲ သေချာအိမ်မှာ အပင်ပန်းခံကြော်လှော်ထားလို့ ကြက်သွန်ဖြူ/နီကြော်လေးကအစ အရသာရှိရှိ မွှေးပျံကြွပ်ရွနေစေရမယ်နော်😍

ယမ်မီ အမဲကြွပ်စပ်ကြော်လေးရဲ့ တခြားထူးခြားချက်က ဘယ်လိုလဲ သိချင်သူတွေ မှာစားလိုက်ကြတော့ 😁😁

30/04/2023

ကြက်မွကြွပ်စပ်ကြော်လေး ရမယ်ရှင့် 😚
ဘီယာလေးနဲ့ မြည်းမလား ?🍺🥃🍻
ထမင်းလေးစားနဲ့ စားမလား?😋😋😋
အခုလေးတင် အော်ဒါအတွက် ကြော်ပြီးတာမို့ အပိုလိုချင်ရင် ၅ ဘူးတော့ရမယ်ရှင့် 😍

မြန်မြန်တော့ အော်ဒါတင်ပေးနော် 😃
Yummy က စားသောက်ကုန်တွေ က မှိုတက် ၊ ပုပ်သိုးခြင်းလံုးဝ မရှိတာက ချတာ နဲ့ ယူမယ်ဆိုပြီး ဝုန်းတတ်တဲ့ပရိသတ်ကြီးကြောင့်ပေါ့😘😘😘

Photos from Yummy Food and Catering Services's post 28/04/2023

ဒီနေ့တော့ yummy customer များရဲ့ honest reviews လေးတွေ သီးသန့်တင်ပါရစေရှင် 😍

Yummy ကို ဟိုးအရင်ကတည်းက အခုထိ ချစ်ခင်နှစ်သက်ပေးတဲ့ မိတ်ဟောင်းများရယ် ၊ အခုမှ မြည်းစမ်းကြည့်ပြီး နှစ်သက်လာတဲ့ မိတ်သစ်များရယ် အားလံုး အာလံုးကို Yummy မိသားစု မှ ကျေးဇူးအထူးတင်ရပါတယ်လို့ 🙏🙏🙏

နောက်ပိုင်းမှာလဲ top fan လေးတွေ အတွက် ဘာဝယ်ဝယ် လက်ဆောင် ထည့်ပေးမယ့် အစီအစဉ်လေးတွေရယ် ၊ like & share လုပ်ပေးနေကျ fan လေးတွေ အတွက် free ကြိတ်ရမယ့် အခွင့်အရေးလေးတွေ လာမှာမို့ page လေးကို မပြတ်စောင့်ကြည့်ဖို့တော့ လိုလိမ့်မယ်ဆိုတာ အကြောင်းကြားအပ်ပါတယ်နော်🥰

Photos from Yummy Food and Catering Services's post 27/04/2023

ငပိ စားပြီးရင် သွေးတိုးလို့ စားချင်ရက်နဲ့ အောင့်အီးသည်းခံနေရသူလား ???

မြန်မာ့ဓလေ့အတိုင်း ငပိရည် နဲ့ တို့စရာမျိုးစံု ကို ဟင်းအလွတ် ဆွဲချင်သူလား???

နိုင်ငံရပ်ခြားရောက်နေလို့ ငပိလွမ်းရက် နဲ့ အလုပ်ရှုပ်မခံနိုင်တာရော ၊ အနံ့တွေစွဲမှာရောကြောင့် စားချင်စိတ် မျိုသိပ်ထားရသူလား???

ဒါဆိုရင်တော့ Yummy က အသစ် ထုတ်လုပ်တဲ့ ငါးငပိလိမ္မာကြော် လေးကို မြည်းစမ်းကြည့်ဖို့လိုနေပါပြီရှင်😍

အရင်က ဝက်ဝက်ကွဲ ရောင်းရတဲ့ ငါးငပိချက်ကို ပြန်လည်ဆန်းသစ်ကာ အဝေးသမား ၊ နယ်သမား ၊ overseas သမား တွေ ပါ ပါဝင်ခံစားဖို့ ငါးငပိလိမ္မာကြော် လေး ကို စေတနာဗလပွ နဲ့ ထုတ်လုပ်လိုက်ပါတယ်ရှင်။ စားကြည့်သူတိုင်း မကြိုက်မရှိတဲ့ Yummy ရဲ့ မီနူးသစ်လေးပို စားချင်ရင်တော့ အပြေးလေး အော်ဒါတင် လိုက်တော့နော် 😘

ငါးကြင်းအကောင်ကြီးသားကို ပြုတ်ကာနွုင်ပြီး မွှေးနေအောင်ဆီသတ်ကာ ငပိရည်လေး ပါးပါးအုပ် နောက်မှ လှော်ထားတဲ့ငရုတ်သီးစိမ်းနဲ့ ပေါင်းစပ်လိုက်တော့ ပေါ့ချိုမွှေးပြီး အို ဘယ်လို စားစား သွေးမတိုး ခေါင်းမမူးတာ ၊ဗိုက်မအောင့်တာက အဲလိုတွေ အပင်ပန်းခံပြီး ၊ကောင်းကောင်းဖန်တီးထားလို့ပါရှင်🥰

မင်မင်ကတော့ ရေနွေးလေးရောပြီး ငါးပိရည်လို လုပ်စားတယ်ရှင့် ။ အပျစ်ကြိုက်ရင် ဒီတိုင်းစားပေါ့ ၊ မင်မင်ကတော့ ရွဲရွဲလေးလူးပြီး ချဉ်ဖတ်စံု နဲ့ တခြားအတို့တွေပါထပ်ထပ်ဖြည့်ကာ ဆွဲ 😋😋😋

Photos from Yummy Food and Catering Services's post 26/04/2023

Yummy ယမ်မီ ရဲ့ ရောင်းအားအကောင်းဆံုးစားသောက်ကုန် တမျိုးလေး နဲ့ မိတ်ဆက်ပေးပါရစေရှင်😍😍😍

“မန်ကျည်းမှည့်ပုဇွန်ခြောက်ငပိကြော်” တဲ့😋😋😋

တကယ် ရောင်းရသလို
တကယ်ကြီး စားကောင်းတာ နော့ 🤤🤤🤤

နေကပူ ၊ မီး ကပျက် ၊ လူက မလှုပ်ချင် မကိုင်ချင် နဲ့ အစားအသောက်ပျက်နေလို့ကတော့ ဒီအရသာလေး သာ မြည်းစမ်းကြည့်လိုက် 😋😋😋 စားမကောင်းရင် ငွေပြန်အမ်းမယ် လို့ အာမခံနိုင်လောက်အောင်ကို ရောင်းအားကောင်းတဲ့ product လေးတခုပါလို့ 🥰

မင်မင် ဆို ဟင်းတွေချက်ပြီး အပင်ပန်းခံမနေတော့ပု ၊ ပံု မှာပြထားသလိုလေးပဲ တို့စရာအစံု နဲ့ သာဆွဲ ပလိုက်တာ တပန်းကန်ဆို ပြိုက်ကနဲဘဲ 😁😁😁

စားမကောင်း ဘယ်ခံနိုင်မလဲနော့
သံုးထားတဲ့ ပုဇွန်ခြောက် ကိုက စျေးထဲမှာ တဆယ်သား ၅၀၀၀ ရောင်းတဲ့ အရောအနှော မပါတဲ့ ပုဇွန်ခြောက်မှုန့်သန့်သန့်လေးကို အဓိကထား ထည့်ထားသလို မန်ကျည်းမှည့်ရဲ့ အချဉ်လေးရယ် ငရုတ်ရှည်မှုန့်ဆီသတ်ထားတာလေးရယ်ပါ ပေါင်းစပ်လိုက်သောအခါမှာတော့ 🤗-

အို သူ့အရသာလေးက ဘိုပြောရမလဲဆို 🤩🤩🤩

အရမ်း အရမ်း ဂွတ် တာပေါ့ လို့စ် 😋😋😋

တဘူး မှ ၃၅၀၀ ထဲ နဲ့ တနေကုန်စားကွာ😘

Photos from Yummy Food and Catering Services's post 25/04/2023

Yummy ပျောက်နေလို့တဲ့ လားးး 😅

အမှာစာ ဆက်တိုက်
နယ်အော်ဒါ ဆက်တိုက်
အဲလို အဲလိုတွေ ကြောင့်
Yummy ရဲ့ chief cook ကြီးရော helper တွေရောပါ မနေရ၊ မနားရ တဲ့ အပြင် yummy founder ရဲ့ သမီးချောလေးရော ၊ သားချောလေး ပါ ၊ပါ ဝင် အားဖြည့်နေရတာပါ ။ သားချောကတော့ ပံုရိုက်လို့မရဘဲ ရှက်နေလို့ သမီးလေးကူညီပေးနေတာ လေးကို photos နဲ့ တကွသက်သေ ပြပေးလိုက်ပါတယ်ရှင့် 😍😍😍

မှတ်ချတ်* ကလေးလက်ရာလေးရဲ့ ထုပ်ပိုးမှုတွေကြောင့် တချို့ packing လေးတွေ တွန့်နေရင်စိတ်မရှိရဘူးနော်😚😚😚

10/04/2023

သကြင်္န်ချိန်ခါ ကျရောက်တော့မှာမို့
Yummy မှ မိတ်ဟောင်း၊ မိတ်သစ် များကို
မင်္ဂလာနှစ်သစ် ဖြစ်ပါစေ လို့ နှုတ်ဆက်ရင်း
မေးခွန်းလေးလဲ မေးကာ အဖြေမှန်သူကို
နှစ်ကူး လက်ဆောင်လေး ပို့ပေးချင်ပါတယ်ရှင် 😍

ဖြေတဲ့သူများရင်တော့ random app နဲ့ မဲဖောက်ရွေးချယ်မယ် ၊ မများရင်တော့ မှန်တဲ့သူ အကုန်ပေးမယ်ကွာ အိုကေ😘

မေးခွန်းလေးက တော့

“ Yummy ရဲ့ အရောင်းရဆံုး ထုတ်ကုန် တခုကို ပြန်လည်ဆန်းသစ်တီထွင်ပြီး နယူးမီနူးအဖြစ် ထွက်လာမယ့် ရွှေမြန်မာတို့ရဲ့ ထမင်းဝိုင်းမှာ မပါမဖြစ်တဲ့ နှလံုးသည်းပွတ်လေး တခု “ 😉

ကဲ ဖြေကြည့်ပါရှင့် ☺️

Hint ပေးရရင်တော့ yummy ရဲ့ အရင် ပို့စ်ဟောင်းတွေ ၊ ရီဗျူးတွေမှာ hot အဖြစ်ဆံုး item လေးပါ လို့ ပြောကြားရင်း နှစ်ကူးလက်ဆောင်လေး ဆွတ်ခူးပါစေလို့ ဆုမွန်ကောင်းတောင်းကာ သကြင်္န်ပြီးမှ ပြန်တွေ့ကြမယ်နော်🥰🥰🥰

08/04/2023

မီးပျက်လို့ စိတ်ညစ်နေကြတဲ့ သူတွေ ရှိသလို
အခွင့်အရေးစောင့်နေတဲ့ အဘိုင်တို့လဲ ရှိတယ် ရှင့်😌

အဲလိုပဲ

မီးပျက်လို့ အစားအသောက်အလျင်မမှီသူတွေ ရှိသလို
ယမ်မီကြောင့် စားဖို့ အေးဆေးပဲ ဆိုတဲ့လူတွေလဲ ရှိပါ့😅

Yummy က အမြဲအာမခံတာကတော့
-သန့်ရှင်းလတ်ဆတ်မှု
-တာရှည်ခံဆေးဝါး လံုးဝ သံုးစွဲခြင်းမရှိမှု နဲ့
-ဆီသန့်သန့်လေး နဲ့ ဆီနိုင်နိုင်ကြော်ထားလို့

တပတ် /ဆယ်ရက် ထား စားလဲ
ပျင်းတွဲ ပျော့ခြောက်ခြင်းမရှိတာကတော့
ယမ်မီ စားဖိုမှူး ရဲ့ စကေးကျွမ်းမှုကြောင့် ပါပဲရှင့်😇

ဒါကလဲ ဆိုင်မှာတခါတင်သွင်းပြီး လံုးဝ လှည့်မကြည့်ဘဲ ပစ်ထားတဲ့ အလုပ်ကို ယမ်မီက လံုး၀ မလုပ်သလို အမြတ်အစွန်းအဓိကမထားဘဲ၊ လိုသလို ကြော်လှော်ပြီး exchange လုပ်ပေးတဲ့ Yummy ရဲ့ စေတနာ ရယ်၊ brand တခုကို အမြဲ မှန်မှန်ကန်ကန်တည်ဆောက်ခဲ့သူမို့ အခုချိန်ထိ ရောင်းမရဘူး ဆိုတာ မရှိဘဲ ကာစတန်မာများဘက်က အော်ဒါဆက်တိုက်တက်နေခဲ့တာ လို့ ယံုကြည်ပါတယ်ရှင်🥰

07/04/2023

သကြင်္န်တွင်း အိမ်တွင်းအောင်းလို့ ကြက်ဥ ပဲစားရမယ့်ထဲ yummy ရဲ့ top fan လေးတွေ မပါဘူးဟုတ် 😅

ယမ်မီက မီနူး ၉ မျိုးတောင် ထုတ်ထားတာလေနော့😌

ဒီ ၄/၅ ရက်မပြောနဲ့ ၉ ရက်လံုး တနေ့တမျိုး စီ နဲ့ အရသာ မထပ်အောင် စားပလိုက်ကွာ😋😋😋

07/04/2023

သကြင်္န်အချိန်အခါသမယမှာ အိမ်တွင်းဥပုသ်ယူရင်း စားဖို့သောက်ဖို့ အလုပ်ရှုပ်မခံဘဲ အသင့်စားမလား?🥰

နိုင်ငံရပ်ခြားက မြန်မာပြည်လက်ရာကောင်းကောင်းလွမ်းနေတဲ့ ချစ်မိတ်ဆွေများကို လက်ဆောင်ပေးဦးမလား?😘

သကြင်္န်တွင်း အိမ်တွင်းပုန်းရင်း အမြည်းလေးလုပ် ဘီယာ လေး နဲ့ ဆွဲမလား?😋

အို ဘယ်လိုစားစား
အရသာရှိတာ
Yummy က
စားသောက်ကုန်တွေပါပဲရှင် 😍😍😍

Photos from Yummy Food and Catering Services's post 05/04/2023

အရင်လို ဆီသန့်သန့်လေး ရယ် ၊ တခါစားပြီး လက်ကမချနိုင်တဲ့ အရသာလေးရယ် ကို ပြန်ဦးစားပေးပြီး စတိုင်အသစ်ပြန် run တဲ့ yummy က ဘာ products တွေ ရလဲပြောပြရမယ်ဆိုရင်တော့-

အသားတွေထဲကဆိုရင် တဘူးမှ ၅၀၀၀ ထဲနဲ့

ကြက်မွစပ်ကြော်
ဝက်မွစပ်ကြော်
ဆိတ်မွကြော်
အမဲမွစပ်ကြော် တို့ ရနိုင်သလို

တခြားအခြောက်အခြမ်းတွေထဲကဆို- ၃၅၀၀ ထဲနဲ့

မန်ကျည်းမှည့်ပုဇွန်ခြောက်ငပိကြော်
ငခြောက်ထောင်းကြော်( ကတ်သပေါင်းခြောက်သာ)
ငါးနီတူခြောက်စပ်ကြော်
ငါးခြောက်ထောင်းချဉ်စပ်ကြော်(သရက်သီးလေးနဲ့)
ပုဇွန်ခြောက်ငံပြာရည်ကြော်
တို့ ပဲဖြစ်ပါတယ်ရှင် 😋😋😋

သန့်ရှင်းလတ်ဆတ်မှုကို ဦးစားပေးသလို တာရှည်ခံဆေးဝါးလံုးဝ မသံုးလို့ အော်ဒါတက်ချိန်ကြော်ပြီး တခါထဲ ပို့သလို ၊ ဆိုင်တင် ရောင်းချခြင်းများသာ ပြုလုပ်လို့ အမြဲ instock မဖြစ်နိုင်လေးတာကလွဲရင် အရင်လို healthy & tasty food စားချင်ရင်တော့ yummy ကလွဲ တခြားမရှိ 😍😍😍

Want your business to be the top-listed Food & Beverage Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Pathein
Yangon

Other Caterers in Yangon (show all)
Mingalar Food House Mingalar Food House
No. 84, Pyi Htaung Su Road, 38 Quarter, North Dagon Township
Yangon, 11421

ဒံ​ပေါက်၊ ထောပတ်၊ နှမ်းထမင်း နှင့် ပြည် အစားအစာ

Burmese Food Delivery Burmese Food Delivery
Yangon, 11222

Serve Clean and Healthy food for customers

Eco Lunch Box Eco Lunch Box
Yangon, 11011

Eco Lunch Box serves and delivers affordable, fresh and delicious Chinese food lunch box to individu

Home Chef Service Home Chef Service
Yangon

Home Chef Servies

GS catering GS catering
22 (1A) Bo Yar Nyunt Street, Royal Thazin Condo, Dagon Township
Yangon, 11131

Gyeint Swae is an online home-cooked discovery and booking site operating across Yangon. We are here

Foodfare Catering Services Foodfare Catering Services
102/104, Kyaik Ka San Road, Near Workers' Hospital, Tamwe Township
Yangon, 11211

little Jelly little Jelly
Yangon

Meow �

MFFT Catering Myanmar MFFT Catering Myanmar
No. 36, Zizawa Garden City, 15 Qrt, South Okklapa Township
Yangon, 11091

We cater for Hospital In-Patient food, Corporate Canteens, large scale events and much more.. Call Us

Poh Pay Mal Poh Pay Mal
Yangon, 11051

Malarmyaing 9th, Hlaing Township., Yangon, 11051

Phoenix Myanmar Food Villa Phoenix Myanmar Food Villa
No, ThitSar Road, Yankin
Yangon, 172

Welcome to Phoenix Group Myanmar Food Villa!!!

Acme Culinary Training Center Acme Culinary Training Center
Yangon, 11181

A program that prepares individuals to provide professional chef and related cooking services in res

KHIT YAY SEE  , Donational Ceremony Food and Traditional Food KHIT YAY SEE , Donational Ceremony Food and Traditional Food
Management Office . , No. ( 81 ) Myin Taw Thar Road , , Thar Kay Ta Tsp , Yangon. , , Warehouse . , No. ( 245-B ) Myin Taw Thar Road , , Thar Kay Ta Tsp , Yangon. , , Hot Line/, 09 784 795 198 , , 09
Yangon, 11231

Management Office . No.( 81 ) Myin Taw Thar Road , Thar Kay Ta Tsp , Yangon. Warehouse . No.( 245