Spirits & Wine Info Myanmar
Page is purely founded for sharing reviews and knowledge about liquors, cocktails, spirits and wines.
အခုတော့ Sir Edward လည်း အတုတွေပေါနေပါပြီခင်ဗျာ။ 😩
Ginger Ale ကို mixer အနေနဲ့ try ကို try ကြည့်သင့်ပါတယ်ခင်ဗျာ။ Chivas 12 နဲ့ဆိုလည်း တော်တော်လိုက်ဖက်ပါတယ်ခင်ဗျာ။
The Chita | Single Grain Japanese Whisky
ကျွန်တော် Japanese Whisky တွေကို ဘယ်လောက်ကြိုက်နှစ်သက်တယ်၊ ဘယ်လောက်ထိတန်ဖိုးထားတယ်ဆိုတာ ကျွန်တော့်စာဖတ်ဘူးတဲ့သူတိုင်း ရိပ်မိလောက်မယ်ထင်ပါတယ်။
(တကယ်တော့ ကျွန်တော်က JDM ပရိသတ်တစ်ယောက်ပါ။ JDM Car, JDM နာရီ, ကင်မရာ, ယမကာ, whisky အကုန်ကြိုက်ပါတယ်)
အခုရေးမယ့် Chita ကလည်း Suntory ကထုတ်တဲ့ Japanese Single Grain Whisky ပါ။
ဒီ post မှာတော့ ရေးနည်းက ၂ မျိုးရှိပါတယ်။
ဥပမာအနေနဲ့ပြောရရင် ဖြူဖြူဖွေးဖွေး ပိန်ပိန်သေးသေး ချောချောလှလှတစ်ယောက်ကို cute ဖြစ်တယ်လို့မြင်မလား၊ ဒါမှမဟုတ် ပေမမှီထောင့်မမှီ ကလေးပုံစံနဲ့ negative ဆန်ဆန်မြင်မလား၊ အမြင်မတူနိုင်ပါဘူး။ Chita မှာလည်း အဲ့လိုပါပဲ။ ကျွန်တော်ဘယ်လိုရေးလည်းကတော့ ဆက်လက်ဖတ်ကြည့်ပေးပါခင်ဗျာ။
ပထမတစ်ချက်အနေနဲ့ကတော့ Chita ဆိုတာ single grain whisky ဖြစ်တဲ့အတွက် grain whisky တွေရဲ့ထုံးစံအတိုင်း နူးညံ့ပျော့ပျောင်းပြီး light & delicate ဖြစ်တဲ့ အရသာဘက်ကို သွားပါတယ်။ ဆိုတော့ နူးညံ့မှုကို နှစ်သက်တဲ့ beginner တွေအတွက် Chita အပါအဝင် grain whisky တော်တော်များများက အဆင်ပြေမှာပါ။
ဒါပေမယ့် Alpine လည်း light & delicate ဖြစ်သလို အိမ်မှာသောက်နေတဲ့ ရေသန့်ကလည်း light & delicate ဖြစ်ပါတယ်။ ဆိုတော့ ဝီစကီ သုံးဆောင်နေကြသူတွေအနေနဲ့ ရေသောက်နေရသလိုပဲဆိုတာမျိုး ဖြစ်လာနိုင်တာတော့ ကြိုတင်အသိပေးပါရစေခင်ဗျာ။
Aroma - ရနံ့ကတော့ သူ့ရဲ့ နူးညံ့ပျော့ပျောင်းတဲ့ style နဲ့အရမ်းလိုက်ဖက်ပါတယ်။ ပျားရည်ရနံ့၊ ပန်းပွင့်လေးတွေရဲ့ရနံ့တွေကို harmony ဆန်ဆန်ကစားသွားပြီး လတ်ဆတ်တဲ့အသီးရနံ့လေးတွေနဲ့ နူးနူးညံ့ညံ့ပေါင်းစပ်ထားပါတယ်။ ရနံ့ကတော့ အရမ်းပေါ့မသွားပဲ နူးညံ့တဲ့ရနံ့ထွက်အောင် ပေးစွမ်းနိုင်တဲ့အတွက် Chita ရဲ့ aroma ကိုတော့ ကျွန်တော်နှစ်သက်ပါတယ်ခင်ဗျာ။
Taste & Finish - grain whisky ရဲ့ ထုံးစံအတိုင်း light & delicate ဖြစ်ပါတယ်။ သူ့ရဲ့ fruity ဖြစ်တဲ့ အရသာက မိုက်ပေမယ့် ကြာကြာမခံပါဘူး။ Complex taste အပြင် အစေ့အဆံတွေရဲ့အရသာက အခါးဓာတ်မဆိုသလောက်လေးနဲ့အတူပေါ်လာပြီး အချိုအရသာပါးပါးလေးကလည်း ပါဝင်လာပါသေးတယ်။ အဲ့ဒီအချိုပါးပါးလေးက အဆုံးသတ်အထိပါလာပေမယ့် finish ကတော့ ရှင်းလင်းပြတ်သားပြီး မကြာပါဘူး။
သူ့ရဲ့ taste မှာအထင်ကြီးရမှာက light & delicate ဖြစ်နေတာကို အချိုဓာတ်လှလှလေးထည့်ပေါင်းထားပေမယ့် မအီအောင်ထိန်းနိုင်စွမ်းရှိနေတာပါ။ Sweetness က သိသိသာသာ ပါဝင်သော်လည်း ပါးပါးလေးနဲ့ မအီအောင်ထိန်းသွားနိုင်တဲ့ subtle sweetness လေးပါ။
နောက်တစ်ချက်က အရည်အသွေးကောင်းတဲ့ grain whisky တွေရဲ့ထုံးစံ complex ဖြစ်တာပေါ်အောင်ပြသွားပေးနိုင်တာကိုလည်း နှစ်သက်မိပါတယ်။
ဒါပေမယ့် fruity ဖြစ်တာက ကြာကြာမခံပဲ finish ကလည်း ရှင်းလင်းပြတ်သားနေတာကိုတော့ ကျွန်တော်မနှစ်သက်ပါဘူး။ နောက်တစ်ခုက သူ့ရဲ့ sweetness ကိုပိုပေါ်ချင်လို့ ရေနည်းနည်းလေးထည့်လိုက်တာက ပေါ့နေတဲ့အရသာကို ပိုပျော့အောင် လုပ်လိုက်သလိုဖြစ်သွားတဲ့အတွက် အဆင်မပြေပြန်ပါဘူး။ (Chita ကို mixer အနေနဲ့သုံးရင်တော့ ကောင်းမယ်ထင်ပါတယ်ခင်ဗျာ)
နိဂုံးချုပ်ရရင် grain whisky ဖြစ်တဲ့အတွက် grain whisky တွေရဲ့ထုံးစံ ပေါ့ပါးနူးညံ့တာက အပြစ်ပြောဖို့ခက်ပါတယ်။ Aroma ကတော့ တော်တော်များများနှစ်သက်မယ်ဆိုပေမယ့် taste & finish ကတော့ အမြင်မတူနိုင်ပါဘူး။ Cutie type ကိုကြိုက်နှစ်သက်တဲ့ သူတွေအတွက် အဆင်ပြေပေမယ့် ဝီစကီရဲ့ အရသာတွေကို explore လုပ်ပြီး ခံစားသုံးဆောင်ချင်တဲ့သူတွေအတွက်ကတော့ အဆင်ပြေမယ်မထင်ပါဘူး။
Chita က Japanese whisky ထဲမှာ စျေးအရမ်းမများတဲ့အတွက်၊ grain whisky ဆိုတာမသုံးဆောင်ဖူးလို့ စမ်းကြည့်ချင်တဲ့သူတွေကိုတော့ ဘာမှမပြောလိုပါဘူး။
ဒါပေမယ့် Japanese whisky ဆိုတာမသုံးဆောင်ဖူးလို့၊ စျေးလည်းအရမ်းမများလို့၊ စမ်းကြည့်ချင်တယ်ဆိုရင်တော့…
Chita ဟာ Japanese whisky ရဲ့ပုံရိပ်ကို အကောင်းဆုံးထင်ဟပ်ပေးနိုင်စွမ်း ရှိမှာမဟုတ်ပါဘူး။ Chita ကိုသုံးဆောင်ကြည့်ပြီး ကျွန်တော်အမြဲတမ်းအမွှန်းတင်နေရတဲ့၊ ကမ္ဘာမှာအကြီးအကျယ်အောင်မြင်နေတဲ့၊ Japanese whisky ဆိုတာ ဒါလောက်ပဲလားဆိုတဲ့အတွေးတော့ မဝင်ပါနဲ့ခင်ဗျာ။
Japanese whisky ဆိုတာ ကျွန်တော်အမွှန်းတင်နေတာထက်၊ ကမ္ဘာမှာကျော်ကြားအောင်မြင်နေတာထက်၊ အဆပေါင်းများစွာ အဖိုးတန်ကောင်းမွန်လှတယ်ဆိုတာ ကျွန်တော်နောက်ရက်တွေမှာရေးမယ့် post တွေဖတ်ရင် နားလည်လာမှာပါခင်ဗျာ။
ဒီ Page က ယမကာ/ဝိုင်/ဘီယာ ဘာတစ်ခုမှ မရောင်းပါဘူး ခင်ဗျာ။
Thank You 😊
ြောင်း
(Photo from Internet)
တကယ့်ဆရာကြီး ❤️
ပုလင်းကအစ ကြွေနေရတာကို ဖန်ပုလင်းနဲ့တော့ ပြောင်းမထုတ်လိုက်ပါနဲ့ခင်ဗျာ…. 🥺🥺
Classic, Luxury, Tradition, Heritage, Premium
စတဲ့စကားလုံးတွေရဲ့ အဓိပ္ပာယ်ကို တစ်ခါတည်းနားလည်ချင်ရင် Royal Salute The Signature Blend ကိုသုံးဆောင်ကြည့်လိုက်ပါခင်ဗျာ။
Chivas Regal က သူ့ရဲ့ classic ကျတာကို သေချာထိန်းပြီး အနံ့အရသာကို classic ဘက်ကို ဦးစားပေးတယ်ဆိုတာ ကျွန်တော်ရေးခဲ့ဘူးပါတယ်။
Chivas ရဲ့ luxury brand ဖြစ်တဲ့ Royal Salute ဆိုတာကလည်း classic ကိုထိန်းတဲ့ Scotch Whisky လောကရဲ့ ဆရာကြီးတစ်ဆူပါ။
အဲ့ဒီ Royal Salute ကထုတ်တဲ့ blends မျိုးစုံရှိတဲ့အထဲမှာမှ The Classic Blends ဟာဆိုရင် ရှေးအကျဆုံး၊ အအောင်မြင်ဆုံး၊ အခိုင်မာဆုံး blend series ပါ။ အဲ့ဒီ The Classic Blends ထဲမှာ The Signature Blend, The Malts Blend, The Lost Blend နှင့် The Treasured Blend ဆိုပြီး ရှိပါတယ်။
အခုရေးမှာက The Signature Blend အကြောင်းပါခင်ဗျာ။
အပေါ်မှာရေးထားတာ ဖတ်ပြီးရင်တော့ The Signature Blend ရဲ့ classic ဖြစ်တဲ့အကြောင်းကို ထပ်ပြောစရာလိုမယ် မထင်တော့ပါဘူး။
Tradition, Heritage, Premium, Luxury ဆိုတဲ့စကားလုံးတွေအတွက်တော့ ကျွန်တော်သမိုင်းကြောင်းလေး ပြောပြပါရစေခင်ဗျာ။
Royal Salute ဆိုတာကို မွေးဖွားပေးခဲ့တဲ့ The Signature Blend ဟာဆိုရင် 1953 မှာ စတင်ထုတ်လုပ်ပြီးတည်းက အခုထိ မပြောင်းလဲပဲ ခိုင်ခိုင်မာမာရပ်တည်နေတဲ့ tradition အပြည့်နဲ့ ဝီစကီတစ်ခုပါ။
ဘုရင်မကြီး Queen Elizabeth II ရဲ့ နန်းတက်ပွဲအတွက် Entrepreneur Sam Bronfman က Chivas Brothers နဲ့ပေါင်းပြီး သာမန်ထက်ထူးကဲကောင်းမွန်တဲ့ ဝီစကီကို ဖန်တီးပေးခဲ့ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ရှားမှရှားပေ့ဆိုတဲ့ rarest Scotch whiskies တွေထဲကမှ သေသေချာချာ ရွေးချယ်ပြီး စိတ်တိုင်းကျပေါင်းစပ်ဖန်တီးထားတာပါ။ နန်းတက်ပွဲမှာ အမြှောက် ၂၁ ချက်ဖောက်ပြီး အရိုအသေပေး ဂုဏ်ပြုတာကို inspiration ယူထားတဲ့အတွက် သက်တမ်း ၂၁ နှစ်နဲ့ ထွက်ရှိခဲ့တာပါခင်ဗျာ။ 21 Gun Salute ကိုယူပြီး Royal Salute လို့ နာမည်ပေးထားတာပါ။
ပုလင်းအရောင်ရွေးရာမှာ Royal Cobalt Blue ကိုရွေးထားတာကလည်း အကြောင်းရှိပါတယ်။ King George III က England တစ်နိုင်ငံလုံးမှာရှိတဲ့ cloth mills တွေကို တော်ဝင်အရောင်လုပ်ခိုင်းရာမှာ Royal Cobalt Blue ကအရွေးခံခဲ့ရတာပါ။ Royal Salute မှာ Royal Cobalt Blue သုံးထားရတဲ့နောက်တစ်ချက်က ပင်လယ်ပြာကြီးကိုကြည့်ပြီး ပင်လယ်ထဲမှာဘာရှိလည်းဆိုတဲ့ ခံစားချက်မျိုးလည်းရအောင်ပါ။ ပြီးတော့ ပင်လယ်ဆိုတာက အရမ်းလှပသလို အရမ်းလည်း အန္တရာယ်များပါတယ်။ ပင်လယ်ထဲမှာ ဘာရှိနေနိုင်လည်း မသိနိုင်ပါဘူး။ အဲ့ခံစားချက်မျိုးရအောင် အသေးစိတ် သေသေချာချာ ဖန်တီးထားတာပါ။ Heritage အပြည့်နဲ့ premium ဆန်ပြီး သူများထက်ထူးကဲသာလွန်အောင် ဖမ်းတီးထားရတဲ့ ဝီစကီပါခင်ဗျာ။
Aroma - မွှေးတော့မွှေးတယ်၊ ဒါပေမယ့် အဆင့်အတန်းရှိရှိ premium ဆန်ဆန်မွှေးတာဖြစ်တဲ့အတွက် မွှေးကြိုင်နေတာမျိုးတော့ မျှော်လင့်လို့မရပါဘူး။ (မွှေးကြိုင်နေစရာလည်း မလိုပါဘူးခင်ဗျာ)
သူ့ရဲ့ aroma မှာ အချို၊ အချဉ်၊ အသီးမျိုးစုံ၊ ပန်းမျိုးစုံရဲ့ ရနံ့တွေက မပြင်းလွန်း မပျော့လွန်းပဲ balance ညီညီ မျှတစွာပါဝင်နေပါတယ်။ ညက်ညောရမယ့် ဝီစကီတွေရဲ့ထုံးစံအတိုင်း vanilla ရနံ့လေးကိုမှ တချက်တချက် smoke လေးနဲ့ထိန်းထားတာကိုလည်း ခံစားရမှာပါခင်ဗျာ။
Aroma က luxury ထက် classic & premium ပိုဆန်ပါတယ်ခင်ဗျာ။
Taste & Finish - ဘုရင်မကြီး သုံးဆောင်ဖို့ ဖန်တီးထားတာဖြစ်တဲ့အတွက် ညက်ညောမှု၊ နွေးထွေးမှု၊ အဆင့်အတန်းရှိမှု၊ luxury ဖြစ်မှုတွေက taste မှာ အပြိုင်အဆိုင် အစွမ်းပြမှာပါ။
အရသာကို လိမ္မော်ယိုနှင့် သစ်တော်သီးတို့ရဲ့ ချိုမြိန်နွေးထွေးမှုလေးနဲ့စဖွင့်လိုက်ပြီး hazelnut လေးက ဝင်ရောက်အားဖြည့်ပေးမယ့်အပြင် spicy လေးကလည်း အရသာအားလုံးနဲ့ balance ညီစွာ ပါဝင်လာမှာပါခင်ဗျာ။ ပြီးရင်တော့ ထုံးစံအတိုင်း smoky လေးနည်းနည်းပေါ်လာပြီး ညက်ညက်ညောညောနဲ့ တည်တည်တံ့တံ့ အဆုံးသတ်သွားမှာပါ။
မပြင်းလွန်း၊ မပျော့လွန်း၊ မပူလွန်းပဲ၊ နွေးနွေးလေးနဲ့စဖွင့်တဲ့အရသာကနေ အဆုံးသတ်ညက်ညောမှုအထိ အရသာအားလုံးက အနေတော်ဖြစ်ပြီး balance ကလည်း အရမ်းကိုညီပါတယ်ခင်ဗျာ။ Taste ကော၊ finish ကောက အရမ်းကို မိုက်ပါတယ်ခင်ဗျာ။
နိဂုံးချုပ်ရရင် တကယ့်ဆရာကြီးတွေက အကောင်းတကာ့အကောင်းဆုံးယမကာတွေကို အသေးစိတ်စဉ်းစားပြီး စိတ်တိုင်းကျရောစပ်ဖန်တီးထားတဲ့ The Signature Blend မှာ အသိသာဆုံး ခံစားရမှာက balance ညီညီကစားသွားတဲ့၊ အစပ်အဟပ်တည့်နေတဲ့၊ luxury ဆန်ဆန်အရသာတွေပါပဲခင်ဗျာ။ Classic, luxury, tradition, heritage, premium စသည့်စကားလုံးတွေအပြင် balance ဖြစ်မှုကိုပါ သိသာစွာခံစားရမယ့် The Signature Blend ဟာဆိုရင် ယမကာကို တန်ဖိုးထားသုံးဆောင်တတ်တဲ့ သူတိုင်းအတွက်တော့ highly recommend ပါပဲခင်ဗျာ။
Thank You 😊
ြောင်း
Note - Whisky နဲ့ ပက်သက်ပြီး ပစ္စည်းအတုအစစ် ကျွန်တော် မခွဲတတ်ပါဘူးခင်ဗျာ။
ကျွန်တော် whisky ကို နိုင်ငံခြားကလူကြုံနဲ့ duty free ပဲ ဝယ်လေ့ရှိခဲ့တာပါ။ ဒါပေမယ့် အခုချိန်မှာ ဒေါ်လာစျေးအရကော၊ အခြေအနေအရကော၊ duty free မှာဖို့က ခက်ခဲနေတဲ့အပြင် မတန်တော့ပါဘူး။
မြန်မာပြည်မှာ တချို့ brand တွေက official သွင်းတဲ့ ကိုယ်စားလှယ်ကုမ္ပဏီ ရှိပါတယ်။ ဥပမာ Pernod Ricard ဆိုရင် ဒီမှာ တရားဝင်ကိုယ်စားလှယ် ရှိပါတယ်။ အဲ့တော့ Chivas တို့ Ballantine တို့ဆိုရင် Pernod Ricard ရဲ့ တရားဝင်ကိုယ်စားလှယ်နဲ့ သွင်းထားတဲ့အလုံးဆို စိတ်ချရမယ်လို့ ယူဆလို့ရပါတယ်။ Million Mart မှာ PR Sticker ပါတာတွေက official အလုံးတွေပါ။ ဒီမြန်မာမှာ ပစ္စည်းစိတ်အချရဆုံးဆို အဲ့လိုအလုံးတွေကိုပဲ ကျွန်တော် ညွှန်ပေးနိုင်ပါတယ်ခင်ဗျာ။ ကျွန်တော်ကိုယ်တိုင်လည်း စမ်းဝယ်ကြည့်တာ အဆင်ပြေပါတယ်ခင်ဗျာ။
(Million Mart မှာ Chivas / Ballantine အပြင် တခြား တရားဝင်ကိုယ်စားလှယ်နဲ့သွင်းတဲ့ brand တွေလည်း ရှိပါသေးတယ်။ တရားဝင်ကိုယ်စားလှယ်မရှိတဲ့ အလုံးတွေ၊ brand တွေကိုတော့ ကျွန်တော်မသိပါဘူးခင်ဗျာ။ တရားဝင်ကိုယ်စားလှယ်ကသွင်းတဲ့အလုံးတွေကို တခြား liquor store တွေမှာလည်း ရနိုင်ပါသေးတယ်၊ ကျွန်တော်ဆိုင်နာမည်တွေမသိလို့ပါခင်ဗျာ)
ဒီ Page က ယမကာ/ဝိုင်/ဘီယာ ဘာတစ်ခုမှ မရောင်းပါဘူး ခင်ဗျာ။
(Photo from Internet)
EV 😁
Gold Label Reserve Limited Edition
ဟိုးတစ်ခေါက်က Black Limited Edition အကြောင်းရေးပြီးပါပြီ။ အခုကတော့ Gold Limited Edition အကြောင်းလေး ရေးချင်ပါတယ်ခင်ဗျာ။
ဒီနေရာမှာ limited edition တွေကို version တစ်ခုအနေနဲ့သာ ခံစားစေလိုပါတယ်။ Limited edition ဆိုပေမယ့် ရှာရခက်တဲ့/ရှားတဲ့အထဲ မပါသလို၊ limited edition မို့ ပိုကောင်းတယ်လို့လည်း မဆိုလိုပါဘူး။ Limited edition ဆိုတဲ့ နာမည်လေးတစ်ခုအနေနဲ့သာ ခံစားစေလိုပါတယ်ခင်ဗျာ။
စာမရှည်အောင် review လေးပဲ တန်းသွားရအောင်ခင်ဗျာ။
Aroma - မွှေးမွှေးလေးနဲ့ စဖွင့်လိုက်တဲ့ ရနံ့ထဲမှာ ပျားရည်နံ့လေးကို ထင်ရှားစွာခံစားမိမှာပါ။ Aroma က sweet ဖြစ်ပါတယ်။ သစ်ခေါက်တွေရဲ့ woody ဖြစ်တဲ့ရနံ့ကိုလည်း ဒီယမကာရဲ့ ထူးခြားမှုတစ်ခုအနေနဲ့ ခံစားရပါတယ်။ ပြီးရင်တော့ ပူစီနံရနံ့လေးကို မသိမသာလေး ခံစားရပါတယ်။ ရနံ့အားလုံးရဲ့နောက်ကွယ်မှာ အသီးမျိုးစုံရနံ့က လိုက်ပါအားဖြည့်ပေးနေပေမယ့် သစ်သီးရနံ့က သိသာစွာပါဝင်နိုင်ခြင်း မရှိပါဘူး။
Taste - အရသာက စစချင်းမှာ ညက်ညောတယ်၊ ညင်သာတယ်၊ creamy ဖြစ်တယ်။ ပြီးရင်တော့ Vanilla အရသာလေးပေါ်လာတယ်။ Vanilla အရသာအပြီးမှာ ချိုတိုတိုလေး ခံစားရတယ်။ Spice နည်းနည်းဖြစ်တာလေးကို သိသာစွာခံစားရမယ်။ Aroma တုန်းကလိုပဲ tasteမှာလည်း အသီးမျိုးစုံရဲ့ အရသာက လိုက်ပါအားဖြည့်ပေးနေပေမယ့် သိသာစွာ မခံစားရပါဘူးခင်ဗျာ။
Finish - အဆုံးသတ်မှာတော့ smoky နည်းနည်းဖြစ်တယ်။ Finish ကတော်တော်ကြာတယ်။ Warm ဖြစ်တယ်။ Warm & smoky finish က တော်တော်ကြာတော့ beginner တွေနဲ့တော့ အဆင်ပြေမယ် မထင်ပါဘူးခင်ဗျာ။
Gold နဲ့ Gold Limited က ပုလင်း ဒီဇိုင်းပဲကွာပြီး အရသာက အတူတူပဲလို့ ပြောကြပါတယ်။ ဒါပေမယ့် ကျွန်တော်ကိုယ်တိုင်မြည်းစမ်းကြည့်တဲ့အခါမှာတော့ အရသာကွာနေသလို ခံစားရပါတယ်။
ကျွန်တော် Gold ရဲ့အရသာကို ပိုနှစ်သက်မိပါတယ်။ Gold က ကျွန်တော့် favorite ပါ။ ဒါပေမယ့် Gold Limited Edition ကို မကောင်းဘူးလို့ ပြောတာ လုံးဝမဟုတ်ပါဘူးခင်ဗျာ။
Gold Limited ရဲ့ woody ဖြစ်တာတွေ၊ ပူစီနံရနံ့တွေ၊ warm & smoky finish ဖြစ်တာတွေ၊ သူ့ရဲ့ taste & aroma တွေက ကြိုက်တဲ့သူတွေ အရမ်းကြိုက်ပြီး မကြိုက်တဲ့သူတွေဆို အဆင်ပြေမှာမဟုတ်တဲ့ ပုံစံမျိုးမှာ ရှိပါတယ်ခင်ဗျာ။ အဲ့တော့ beginners တွေကို recommend မပေးပါဘူး။
ဒါပေမယ့် ဒီကောင်ကို စမ်းကြည့်လိုက်လို့ ကြိုက်မိသွားပြီဆိုရင်တော့ လုံးဝအသည်းစွဲကို ကြိုက်မိသွားပါလိမ့်မယ်လို့ပဲ ပြောလိုက်ပါရစေခင်ဗျာ။
တခြား Liquor / Spirits / Wine / Whisky တွေရဲ့အကြောင်းတွေ၊ သုံးဆောင်ပုံတွေ၊ review တွေကို အချိန်ရရင်ရသလို တင်သွားမှာမို့ Page ကို Like & Share လုပ်ထားကြပါခင်ဗျာ။ ဒီ Page က ယမကာ/ဝိုင်/ဘီယာ ဘာတစ်ခုမှ မရောင်းပါဘူး ခင်ဗျာ။
Thank You 😊
(Photo from Internet, ဒီဓာတ်ပုံလေးကို ကြိုက်လို့တင်လိုက်ပေမယ့် review က ယမကာကို neat အနေနဲ့ ရေးထားတာပါခင်ဗျာ)
Soda 🤩
Official နောက်တစ်မျိုး ထပ်ဝင်လာပါပြီခင်ဗျာ။
အဲ့လို official တွေများများဝင်လာနိုင်တာက ဝမ်းသာစရာပါခင်ဗျာ။
Jameson is a blended Irish Whiskey.
Triple distilled, twice as smooth, one of a kind.
How to drink it? Any way you like. Just add mates and widen the circle.
Chivas Regal 18
သီတင်းကျွတ်လည်းနီးလာပြီဆိုတော့ လူကြီးတွေဂါရဝပြုဖို့အတွက် ဘာအဆင်ပြေနိုင်လဲမေးရင် ကျွန်တော် cognac ကို recommend ပေးလေ့ရှိပါတယ်။ ဒါပေမယ့် whisky ထဲကပဲဆိုရင်တော့ ကျွန်တော် recommend အပေးဆုံးက ဒီ Chivas 18 ပါပဲ။ ဘာလို့ recommend အပေးဆုံးလဲဆိုတာကို ဒီ post မှာ ရေးချင်ပါတယ်ခင်ဗျာ။
(1) Chivas / Brand Power
Chivas က ကမ္ဘာ့ရောင်းအားအကောင်းဆုံး အဆင့် ၄ / အဆင့် ၅ လောက်မှာ သူ့ရဲ့ classic style အတိုင်း မားမားမတ်မတ်နဲ့ ရပ်တည်နေတာပါ။ Chivas ရဲ့ brand power ကိုက လျှော့တွက်လို့မရပါဘူး။ ဘောလုံးပွဲမကြည့်လည်း Ronaldo / Messi ကိုသိကြသလို၊ Dota2 မဆော့လည်း Navi / Dendi ကိုသိကြသလို၊ whisky မကြိုက်တဲ့သူတွေလည်း Chivas ကိုတော့သိကြပါတယ်။ ဆိုတော့ Chivas နဲ့ ဂါရဝပြုတာက whisky အကြောင်းနားမလည်တဲ့သူဆိုရင်တောင် ပစ္စည်းကောင်းတစ်ခုအနေနဲ့ တန်းသိနိုင်မှာပါခင်ဗျာ။
(2) Classic Chivas
Classic ဆိုတာကြားလိုက်တာနဲ့ ပထမဆုံးပြေးမြင်မိတဲ့ whisky ထဲမှာ Chivas ပါပါတယ်။ Chivas ရဲ့ style တွေ၊ အနံ့အရသာတွေက classic ဆန်ပါတယ်။ တချို့တွေက Chivas ကို မကြိုက်ကြပါဘူး။ မကြိုက်တဲ့သူတွေကိုလည်း အပစ်တင်လို့မရပေမယ့် classic taste တွေ၊ classic style တွေဆိုတာ whisky လောကမှာ တန်ဖိုးဖြတ်မရအောင် အဖိုးတန်တဲ့အရာတွေပါ။ လူကြီးတော်တော်များများကတော့ classic ဖြစ်တာကို ပိုပြီးတန်ဖိုးထားနှစ်သက်ကြမယ်လို့ ထင်ပါတယ်ခင်ဗျာ။
(3) Aged 18 Years
သက်တမ်းမြင့်လေ ကောင်းလေဆိုတဲ့အယူအဆကို ဖယ်လိုက်မယ်ဆိုရင် ကျွန်တော်အကြိုက်ဆုံးသက်တမ်းက 18 နှစ်ပါ။ 18 နှစ်ထက်ငယ်တာတွေဆိုရင် distillery တွေက ရောင်းတန်းစျေးကိုပါကြည့်ပေးရတဲ့အတွက် စိတ်တိုင်းကျရောစပ်ဖန်တီး blend လို့ မရပြန်ပါဘူး။ ရောင်းတန်းကိုမကြည့်ဘဲ စိတ်တိုင်းကျရောစပ် blend ထားတဲ့ သက်တမ်းမြင့်တာတွေဆိုရင်လည်း စျေးနှုန်းအရ မြင့်လာမှာပါ။
Chivas မှာမှ မဟုတ်ပါဘူး၊ မည်သည့် whisky မှာမဆို 18 နှစ် သက်တမ်းက whisky brand တစ်ခုရဲ့ပုံရိပ်ကို အထင်ဟပ်ဆုံးပါပဲ။ ရောင်းတန်းလည်းဝင်မယ်၊ quality လည်းကောင်းမယ်၊ brand ရဲ့အရည်အသွေးလည်းပေါ်လွင်မယ်၊ entry level လည်းမကပဲနဲ့ ဘက်စုံအဆင်အပြေဆုံးက 18 နှစ် သက်တမ်းတွေ များပါတယ်ခင်ဗျာ။
(4) Cost-effective
ဂါရဝပြုကန်တော့တာပဲဖြစ်ဖြစ်၊ ကိုယ်ကိုယ်တိုင်သုံးဆောင်တာပဲဖြစ်ဖြစ်၊ whisky ကိုရွေးချယ်မယ်ဆိုရင် ကိုယ်သုံးနိုင်တဲ့ ငွေပမာဏကို အဓိကကြည့်ရမှာပါ။ စျေးကွက်ထဲမှာ အများဆုံးတွေ့ရတာက 12 နှစ်၊ 15 နှစ်၊ 18 နှစ် သက်တမ်းတွေပါ။ 18 နှစ်က စျေးကွက်မှာအများဆုံးတွေ့ရတဲ့သက်တမ်းတွေထဲမှာ အမြင့်ဆုံးထဲပါပါတယ်။ အပေါ်မှာပြောခဲ့သလို ဘက်စုံလည်းအဆင်ပြေတယ်၊ premium လည်းဆန်တယ်၊ price နှင့် quality လည်းမျှတဲ့အတွက် Chivas 18 က ပေးရတဲ့စျေးနဲ့တန်ပြီး cost-effective ဖြစ်မှာပါခင်ဗျာ။
နိဂုံးချုပ်ရရင် လူကြီးတွေကို ဂါရဝပြုဖို့အတွက်ဆို cognac ကိုစဉ်းစားကြည့်ပါ။
Cognac ထက် whisky ထဲကပဲရွေးချင်တယ်ဆိုရင်တော့ လူသိများတဲ့ brand တွေထဲက သက်တမ်းပါတဲ့ whisky တွေကို ပိုဦးစားပေးရွေးချယ်စေချင်ပါတယ်။ (Whisky အကြောင်း သေချာမသိတဲ့သူတွေက တံဆိပ်နဲ့ သက်တမ်းကိုပဲ အဓိကကြည့်ကြလို့ပါ)
အဲ့ထဲကမှ price နှင့် quality မျှတာဆိုရင် 18 နှစ်သက်တမ်း whisky တွေကို အဓိကရွေးပါ။
ကျွန်တော့်အမြင်အရတော့ Chivas 18 ကို recommend ပေးပါတယ်ခင်ဗျာ။
နောက်အချိန်ရမှ လူကြီးတွေကိုဂါရဝပြုရင် ရွေးချယ်လို့ကောင်းတဲ့ ယမကာတွေအကြောင်း သက်သက်စုပြီး ထပ်ရေးပါမယ်ခင်ဗျာ။
Thank You 😊
ြောင်း
Note - Whisky နဲ့ ပက်သက်ပြီး ပစ္စည်းအတုအစစ် ကျွန်တော် မခွဲတတ်ပါဘူးခင်ဗျာ။
ကျွန်တော် whisky ကို နိုင်ငံခြားကလူကြုံနဲ့ duty free ပဲ ဝယ်လေ့ရှိခဲ့တာပါ။ ဒါပေမယ့် အခုချိန်မှာ ဒေါ်လာစျေးအရကော၊ အခြေအနေအရကော၊ duty free မှာဖို့က ခက်ခဲနေတဲ့အပြင် မတန်တော့ပါဘူး။
မြန်မာပြည်မှာ တချို့ brand တွေက official သွင်းတဲ့ ကိုယ်စားလှယ်ကုမ္ပဏီ ရှိပါတယ်။ ဥပမာ Pernod Ricard ဆိုရင် ဒီမှာ တရားဝင်ကိုယ်စားလှယ် ရှိပါတယ်။ အဲ့တော့ Chivas တို့ Ballantine တို့ဆိုရင် Pernod Ricard ရဲ့ တရားဝင်ကိုယ်စားလှယ်နဲ့ သွင်းထားတဲ့အလုံးဆို စိတ်ချရမယ်လို့ ယူဆလို့ရပါတယ်။ Million Mart မှာ PR Sticker ပါတာတွေက official အလုံးတွေပါ။ ဒီမြန်မာမှာ ပစ္စည်းစိတ်အချရဆုံးဆို အဲ့လိုအလုံးတွေကိုပဲ ကျွန်တော် ညွှန်ပေးနိုင်ပါတယ်ခင်ဗျာ။ ကျွန်တော်ကိုယ်တိုင်လည်း စမ်းဝယ်ကြည့်တာ အဆင်ပြေပါတယ်ခင်ဗျာ။
(Million Mart မှာ Chivas / Ballantine အပြင် တခြား တရားဝင်ကိုယ်စားလှယ်နဲ့သွင်းတဲ့ brand တွေလည်း ရှိပါသေးတယ်။ တရားဝင်ကိုယ်စားလှယ်မရှိတဲ့ အလုံးတွေ၊ brand တွေကိုတော့ ကျွန်တော်မသိပါဘူးခင်ဗျာ။ တရားဝင်ကိုယ်စားလှယ်ကသွင်းတဲ့အလုံးတွေကို တခြား liquor store တွေမှာလည်း ရနိုင်ပါသေးတယ်၊ ကျွန်တော်ဆိုင်နာမည်တွေမသိလို့ပါခင်ဗျာ)
ဒီ Page က ယမကာ/ဝိုင်/ဘီယာ ဘာတစ်ခုမှ မရောင်းပါဘူး ခင်ဗျာ။
(Photo from Internet)
Pool Bar | Novotel
ဒီတစ်ခေါက်တော့ Bar အကြောင်းလေး ရေးချင်ပါတယ်ခင်ဗျာ။
Bar တွေကိုအမျိုးအစားခွဲရင် public bar, lounge bar, sport bar, club bar, pool bar, cocktail bar, beer bar, wine bar စသည်ဖြင့် ပေါင်းစုံရှိပေမယ့် ကျွန်တော့်အနေနဲ့ဆိုရင်တော့ bar တွေကို အဓိက ၂ မျိုးပဲ ခွဲချင်ပါတယ်။ Pool bar ရယ်၊ pool bar မဟုတ်တဲ့ bar တွေရယ်ပါ။
Bar လို့ပြောလိုက်တာနဲ့ cocktail တွေ / beer တွေ သောက်ကြမယ်၊ signature cocktail တွေရှိမယ်၊ သပ်သပ်ရပ်ရပ်ဝတ်ထားတဲ့ bartender ရှိမယ်၊ သီချင်းသံလေးတွေနဲ့ စကားပြောလို့ကောင်းမယ်၊ စသည်ဖြင့် bar ထိုင်ဖူးတဲ့သူတိုင်း ကြိုက်နှစ်သက်တဲ့အရာတွေကို သတိရမိမှာပါ။ Bar အလိုက် enjoy လုပ်လို့ရတဲ့ပုံစံ၊ bar ထိုင်ရတဲ့ပုံစံတွေ ကွဲသွားမယ်၊ bar နေရာအလိုက် ခေါင်မိုးပေါ်က rooftop bar ပဲဖြစ်ဖြစ်၊ အောက်ထပ်က basement bar ပဲဖြစ်ဖြစ်၊ နေရာရှုခင်းတွေကွဲသွားမယ်၊ ဒါပေမယ့် bar တစ်ခုရဲ့ အခြေခံအရသာက အရမ်းမကွာလှပါဘူး။
အဲ့လိုအခြေခံသဘောတရားတွေတူနေတဲ့ bar မျိုးစုံကနေ လုံးဝကွဲပြီးထွက်သွားတာက pool bar တွေပါ။ ဘာကြောင့်လုံးဝကွဲပြီးထွက်သွားတာလဲကတော့ Novotel က Pool Bar အကြောင်းရေးရင်း ပြောသွားမှာပါခင်ဗျာ။
Novotel Yangon Max ကိုတော့ လူတိုင်းသိကြမှာပါ။ Five Star ဟော်တယ်ကြီးတစ်ခုပါ။ (Tripadvisor မှာ နံပါတ် ၂ ချိတ်ပါတယ်။ နံပါတ် ၁ က Yangon Excelsior Hotel ဆိုလား၊ တွေ့မိလိုက်လို့သာ၊ ကျွန်တော်လည်း တခါမှ မကြားဖူးပါဘူး)။ Novotel Pool Bar က တခြားအခြေခံသဘောတရားတွေတူနေတဲ့ bar မျိုးစုံကနေ ကွဲထွက်နေပြီး pool bar တစ်ခုရဲ့ မတူတဲ့အချက်တွေရှိတဲ့အတွက် ကျွန်တော်နှစ်သက်မိတဲ့ pool bar တစ်ခုပါခင်ဗျာ။
ပထမအချက်အနေနဲ့ Novotel Pool Bar ကိုကြိုက်တာက bartender တွေပါ။
ပုံမှန်အားဖြင့် bar တစ်ခုခုကိုရောက်ရင် bartender ဆိုတာ waiter တွေနဲ့မတူပဲ ကြည့်လိုက်တာနဲ့ သိသာပါတယ်။ Suit / Vest ကိုဝတ်ထားမယ်၊ ဒါမှမဟုတ်လည်း ယူနီဖောင်းကို သပ်သပ်ရပ်ရပ်ဝတ်ထားမယ်။ Cocktails တွေကို အဆင့်အတန်းရှိရှိ လှလှပပ သပ်သပ်ရပ်ရပ် ဖန်တီးပြပါလိမ့်မယ်။
ဒါပေမယ့် Pool Bar မှာ အဲ့လိုကြီးဆိုရင်တော့ ကျွန်တော်မကြိုက်ပါဘူး။ Pool Bar က bartender ဆိုတာ freestyle ဖြစ်သင့်ပါတယ်။ ဧည့်သည်နဲ့မမှားအောင် ရင်ထိုးတို့၊ ဦးထုပ်တို့ ဝတ်ချင်ဝတ်ပါ၊ pool bar ကို suit ကြီးနဲ့ဆို အဆင်မပြေပါဘူး။ အရမ်းတွေသေသပ် smart ကျနေတာထက် freestyle နဲ့ ပေါ့ပေါ့ပါးပါး လှလှပပ ဖျော်စပ်ပြတာကပဲ pool bar နဲ့ အလိုက်ဖက်ဆုံးပါ။ Novotel Pool Bar က bartender တွေက freestyle နဲ့ ပေါ့ပေါ့ပါးပါး ဖျော်စပ်ကြတာပါ။
နောက်တစ်ခုအနေနဲ့က cocktails အမျိုးအစားတွေပါ။
စောစောကပြောတဲ့အတိုင်း bartender တွေက freestyle ဖြစ်သလို pool bar မှာရတဲ့ cocktails တွေကလည်း refreshing drink တွေ၊ fun to drink / easy to drink တွေ ဖြစ်သင့်ပါတယ်။ ခွက်ပေါင်းစုံ၊ အရွယ်စုံ၊ syringe တွေ၊ မီးတောက်တွေနဲ့၊ ရှုပ်ရှက်ခက်နေတဲ့ cocktails တွေဟာ pool bar နှင့်မလိုက်ဖက်ပါဘူး။ (အဲ့လို cocktails တွေကို မကောင်းဘူးပြောတာမဟုတ်ပါဘူး၊ ကျွန်တော့်အမြင်မှာ pool bar နဲ့ မလိုက်ဖက်ဘူးလို့ ပြောတာပါခင်ဗျာ) Aroma အတွက် bartender က infused လုပ်ချင်ရင် ဖျော်စပ်နေတုန်း ကြိုက်တာလုပ်လို့ရပါတယ်။ သုံးဆောင်မယ့်သူလက်ထဲရောက်ရင်တော့ ပေါ့ပေါ့ပါးပါး လှလှပပနဲ့ easy to drink ဖြစ်တာက pool bar နဲ့ ပိုလိုက်ဖက်ပါတယ်။ Novotel Pool Bar ရဲ့ cocktails တွေကလည်း လိုက်ဖက်တာတွေ များပါတယ်။ (Bartender ရှိတဲ့အတွက် menu မှာမပါတာတွေလည်း မှာလို့ရပါတယ်၊ ကိုယ့်စိတ်ကြိုက်လည်း ဖျော်စပ်ခိုင်းလို့ရပါတယ်ခင်ဗျာ)
နောက်တစ်ခုကတော့ cocktail ခွက်ပါ။ Novotel Pool Bar မှာက ကော်ခွက်တွေသုံးတာပါ။
ပုံမှန်အားဖြင့် cocktails တွေကို ကော်ခွက်ကြီးနဲ့ဆို ကြိုက်ကြမှာမဟုတ်ပါဘူး။ ဒါပေမယ့် pool bar မှာ ဖန်ခွက်ကိုသုံးရင် ကျွန်တော့်အမြင်အရ မကြိုက်ပါဘူး။ ဖန်ခွက်ကွဲပြီး ရေကန်ထဲကိုသာ ကျသွားကြည့်ပါ၊ ရွှေကျင်သလိုပြန်ရှာတောင် ဖန်ကွဲစကို တွေ့ချင်မှတွေ့မှာပါ။ တချို့ pool bar တွေဆို ကန်ထဲမှာထိုင်ပြီး သုံးဆောင်လို့ရသည့်တိုင်အောင် ဖန်ခွက်တွေပဲသုံးတာတွေ့ဖူးပါတယ်။ Safety အတွက်လည်းမကောင်းသလို၊ cocktails တွေကို ကော်ခွက်နဲ့ သုံးဆောင်သင့်တဲ့ ရှားရှားပါးပါးနေရာကလည်း pool bar ဖြစ်တဲ့အတွက် ကျွန်တော်ကတော့ pool bar မှာဆိုရင် ကော်ခွက်လေးကိုင်လိုက်ရတဲ့အရသာကိုပဲ ပိုနှစ်သက်မိပါတယ်ခင်ဗျာ။
နောက်ဆုံးတစ်ခုကတော့ food ပါ။ Novotel ဟော်တယ်ဖြစ်တဲ့အတွက် main dish တွေလည်း menu မှာပါပေမယ့်၊ အဓိက snacks / light meals တွေလည်းပါပါတယ်။ Main dish ထက် light meals တွေက pool bar နဲ့ ပိုလိုက်ဖက်မယ်လို့ ယူဆပါတယ်ခင်ဗျာ။
ဒီ post က ကျွန်တော့်အမြင်သက်သက်သာဖြစ်ပြီး ဝါသနာရှင် / consumer / visitor တစ်ယောက်အနေနဲ့ ခံစားမိတာကို ရေးထားတာပါခင်ဗျာ။
ရေးထားတာအကုန် အမြဲမှန်တယ်လို့လည်း မဆိုလိုပါဘူး။ ဥပမာအနေနဲ့ pool bar ဆိုတာ light meal နဲ့ပဲလိုက်ဖက်တယ်ဆိုရင် ရေကူးကန်ထဲမှာ beef steak လေးကို red wine လေးနဲ့ chill နေတဲ့အရသာလေးကို မြင်ယောင်ကြည့်လိုက်ပါ။ Pool Bar မှာ light meal မဟုတ်ပဲ လိုက်ဖက်တာတွေလည်း ရှိပါတယ်ခင်ဗျာ။
ကျွန်တော့်အနေနဲ့ ရန်ကုန်က pool bar တွေထက်စာရင် beach က ဟော်တယ်တွေရဲ့ pool bar တွေကို ထိုင်ခဲ့ဖူးတာ ပိုများပါတယ်။ တကယ့် hotel ကြီးတွေဖြစ်သည့်တိုင်အောင် pool bar အနေနဲ့ အဆင်မပြေတာတွေ များခဲ့ပေမယ့်လည်း၊ Novotel Pool Bar ကိုတော့ တော်တော်အဆင်ပြေတဲ့အတွက် recommend လေးပေးချင်ပါတယ်ခင်ဗျာ။
ဒီ Page က ယမကာ/ဝိုင်/ဘီယာ ဘာတစ်ခုမှ မရောင်းပါဘူး ခင်ဗျာ။
Thank You 😊
ြောင်း
(Photo from Internet)
Note - ကျွန်တော် bar အကြောင်းတွေ အရမ်းမကျွမ်းတဲ့အတွက် အမှားပါခဲ့ရင်လည်းနားလည်ပေးပါခင်ဗျာ။ ဒီ post က စပွန်ဆာယူထားချင်း လုံးဝ(လုံးဝ) မရှိပါဘူး ခင်ဗျာ။
အဲ့တုန်းက 45000 ဝန်းကျင်တဲ့ခင်ဗျာ 🥺
Chivas XV Gold
2018 လောက်က ဖန်တီးမိတ်ဆက်ခဲ့တဲ့ Chivas XV မှာ edition ၂ မျိုးရှိပါတယ်။ အခုပုံမှာပြထားတာက ပုလင်းတစ်ခုလုံး ရွှေရောင်လွှမ်းနေတဲ့ edition လေးပါ။
Chivas XV မှာ ထူးခြားတာလေးရှိပါတယ်။ သူ့မှာပါဝင်ရောစပ်ထားတဲ့ ဝီစကီအချို့ကို cognac စည်တွေထဲမှာ အဆုံးသတ် aging လုပ်ထားတာပါ။ Grande Champagne Cognac Barrels တွေထဲမှာ ရွေးချယ်အဆုံးသတ်ထားတာက Chivas Regal ရဲ့ traditional style / classic style ကို ပြန်လည်အသက်သွင်းချင်တဲ့အပြင် နူးညံ့ညက်ညောတဲ့ ဝီစကီတစ်မျိုးကို celebration အချိန်တွေမှာ သုံးဆောင်နိုင်ဖို့ ဖန်တီးပေးချင်တဲ့ ရည်ရွယ်ချက်လည်း ပါမှာပါခင်ဗျာ။
Note - Cognac စည်ထဲမှာ aging / finishing လုပ်တာက ထူးခြားပေမယ့် အရမ်းတော့ မဆန်းပါဘူး။ အခုနောက်ပိုင်းမှာ Limousin စည်တွေဟာ whisky ထုတ်လုပ်သူတွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေကြပါတယ်။
Limousin ဆိုတာ ပြင်သစ်က သစ်တောကြီးရဲ့နာမည်ပါ။ အဲ့သစ်တောကထွက်တဲ့စည်တွေကို Limousin Oak Barrel လို့ခေါ်ကြပါတယ်။ ပြင်သစ်မှာ အဓိကသစ်တောကြီး ၅ ခုရှိပါတယ်။ အဲ့ ၅ ခုထဲကမှ Hennessy Cognac ဆိုရင် Limousin နှင့် Troncais ကစည်တွေကို အဓိကသုံးပါတယ်ခင်ဗျာ။ Cognac မှာဆိုရင် Limousin က balance ဖြစ်တယ်၊ rich ဖြစ်တယ်၊ vanilla & creamy ဖြစ်တာတွေအတွက် နာမည်ကြီးပါတယ်ခင်ဗျာ။
စည်အကြောင်းကို သဘောပေါက်သွားပြီဆိုရင် သူ့ review အကြောင်းလေး ပြောချင်ပါတယ်ခင်ဗျာ။
Aroma - ပျားရည်နှင့် လိမ္မော်တို့ရဲ့ ချိုမြတဲ့ရနံ့က သစ်ကြံပိုးခေါက်ရဲ့ စူးရှတဲ့ရနံ့နှင့်ပေါင်းပြီး မပြင်းလွန်း/မပျော့လွန်းပဲ ရနံ့လေးက မွှေးပါတယ်။ ပန်းသီးကိုချက်ထားတဲ့ ရနံ့လေးကလည်း သိသာပြီး စပျစ်သီးခြောက်ရနံ့လေးကလည်း ပါဝင်ပါသေးတယ်။ သူ့ရဲ့ aroma က ယဉ်ယဉ်လေးနဲ့ မိုက်ပါတယ်ခင်ဗျာ။
Taste - သူ့ရဲ့ အရသာက ရှင်းပါတယ်။
တစ်ခုတည်းပြောဆို smooth တာပါ။
နှစ်ခုပြောဆို smooth & sweet ပါ။
သုံးခုပြောဆို smooth & sweet & fruity ပါ။
Smooth ဖြစ်တဲ့ညက်ညောမှုကို fruity ဖြစ်တာက အားဖြည့်ပေးပြီး sweet ဖြစ်တာက နောက်ကပံ့ပိုးပေးထားပါတယ်။ Creamy ဖြစ်တာလေးရယ်၊ မသိမသာ spicy & smoky ဖြစ်တာလေးရယ်ကလည်း taste မှာပါပါသေးတယ်ခင်ဗျာ။
Finish - အဆုံးသတ်က မတိုသလို၊ ကြာလည်းမကြာပါဘူး။ အနေတော်လေးကိုမှ vanilla အရသာအနည်းငယ်နှင့် smooth ဖြစ်ပြီး ညက်ညက်ညောညော အဆုံးသတ်လေးပါ။ Taste ကော၊ finish ကော မိုက်ပါတယ်ခင်ဗျာ။
ABV - 40%
Age Statement - 15 Years
Price - 45000 ဝန်းကျင်
Cognac စည်ထဲမှာ finishing လုပ်ထားတယ်ဆိုပေမယ့် Chivas XV ကို သုံးဆောင်ကြည့်တဲ့အခါမှာတော့ cognac cask ကို အရမ်းမခံစားရပါဘူး။ ဒါပေမယ့် cognac cask ကို သတိထားမိတယ်ဆိုတဲ့ အနေအထားလောက်ထိတော့ ခံစားရပါတယ်။ ဆိုတော့ cognac ကြိုက်တဲ့သူကော၊ မကြိုက်တဲ့သူကော အဆင်ပြေမယ်ထင်ပါတယ်။
Chivas XV ရဲ့ smooth တာက အရမ်း watery ဖြစ်ပြီး ပေါ့တဲ့ဘက်ကို သိပ်မသွားပဲ ခပ်ကြမ်းကြမ်းနဲ့ scary smooth ပုံစံမျိုးပါ။ နည်းနည်းလေးပေါ့ပြီး အီချင်ပေမယ့် အရမ်းမအီပါဘူး။ Honey version နဲ့လာတဲ့ ဝီစကီတွေနဲ့ယှဉ်ရင် မအီဘူးလို့တောင်ပြောလို့ရပါတယ်။ Smooth တာကို အရမ်းမကြိုက်တဲ့သူမျိုး / အီတာမကြိုက်တဲ့သူမျိုး ဆိုရင် on the rock လိုမျိုးမဟုတ်ပဲ၊ neat (သို့) ရေအနည်းငယ်နှင့် သုံးဆောင်ကြည့်သင့်ပါတယ်။
Smooth မှ smooth ဆိုတဲ့ smooth hunter ဆိုရင်တော့ ရေခဲလေးထည့်လိုက်တာက သူ့ရဲ့ scary smooth ကို gentle smooth ပုံစံမျိုးဖြစ်စေပြီး နူးညံ့ညက်ညောတဲ့အရသာကို အပြည့်အဝခံစားနိုင်မှာပါခင်ဗျာ။ Beginner လည်း recommend ပေးပါတယ်ခင်ဗျာ။
Pernod Ricard (Chivas Regal ရဲ့မိခင်ကုမ္ပဏီ) က Chivas XV ကို shot သောက်ကြည့်ဖို့ ပြောထားပါတယ်။ ကျွန်တော့်အမြင်အရပြောရရင် နူးညံ့ညက်ညောပြီး အဆုံးသတ်ကောင်းမွန်တဲ့ ဝီစကီတစ်ခုကို shot တာထက်စာရင်၊ တစ်ဆိမ့်ချင်း အရသာခံသုံးဆောင်တာက ပိုကောင်းမယ်ထင်ပါတယ်။ Smooth ဖြစ်တာလေးကိုခံစားရင်း၊ နူးညံ့မှုရဲ့နောက်ကွယ်က အရသာလေးတွေကို တဖြည်းဖြည်းချင်း ဖော်ထုတ်ရင်း သုံးဆောင်သင့်တယ်လို့ အကြံပေးချင်ပေမယ့်လည်း…
မိမိနှစ်သက်သောယမကာကို မိမိနှစ်သက်ရာနည်းလမ်းဖြင့် သုံးဆောင်ခြင်းသည်သာလျင် အကောင်းဆုံးဖြစ်ပါတယ်ခင်ဗျာ။
Thank You 😊
ြောင်း
Note - Whisky နဲ့ ပက်သက်ပြီး ပစ္စည်းအတုအစစ် ကျွန်တော်ကြည့်ပြီး မခွဲတတ်ပါဘူးခင်ဗျာ။
ကျွန်တော် whisky ကို နိုင်ငံခြားကလူကြုံနဲ့ duty free ပဲ ဝယ်လေ့ရှိခဲ့တာပါ။ ဒါပေမယ့် အခုချိန်မှာ ဒေါ်လာစျေးအရကော၊ အခြေအနေအရကော၊ duty free မှာဖို့က ခက်ခဲနေတဲ့အပြင် မတန်တော့ပါဘူး။
မြန်မာပြည်မှာ တချို့ brand တွေက official သွင်းတဲ့ ကိုယ်စားလှယ်ကုမ္ပဏီ ရှိပါတယ်။ ဥပမာ Pernod Ricard ဆိုရင် ဒီမှာ တရားဝင်ကိုယ်စားလှယ် ရှိပါတယ်။ အဲ့တော့ Chivas တို့ Ballantine တို့ဆိုရင် Pernod Ricard ရဲ့ တရားဝင်ကိုယ်စားလှယ်နဲ့ သွင်းထားတဲ့အလုံးဆို စိတ်ချရမယ်လို့ ယူဆလို့ရပါတယ်။ Million Mart မှာ PR Sticker ပါတာတွေက official အလုံးတွေပါ။ ဒီမြန်မာမှာ ပစ္စည်းစိတ်အချရဆုံးဆို အဲ့လိုအလုံးတွေကိုပဲ ကျွန်တော် ညွှန်ပေးနိုင်ပါတယ်ခင်ဗျာ။ ကျွန်တော်ကိုယ်တိုင်လည်း စမ်းဝယ်ကြည့်တာ အဆင်ပြေပါတယ်ခင်ဗျာ။
(Million Mart မှာ Chivas / Ballantine အပြင် တခြား တရားဝင်ကိုယ်စားလှယ်နဲ့သွင်းတဲ့ brand တွေလည်း ရှိပါသေးတယ်။ တရားဝင်ကိုယ်စားလှယ်မရှိတဲ့ အလုံးတွေ၊ brand တွေကိုတော့ ကျွန်တော်မသိပါဘူးခင်ဗျာ။ တရားဝင်ကိုယ်စားလှယ်ကသွင်းတဲ့အလုံးတွေကို တခြား liquor store တွေမှာလည်း ရနိုင်ပါသေးတယ်၊ ကျွန်တော်ဆိုင်နာမည်တွေမသိလို့ပါခင်ဗျာ)
ဒီ Page က ယမကာ/ဝိုင်/ဘီယာ ဘာတစ်ခုမှ မရောင်းပါဘူး ခင်ဗျာ။
(Photo from Internet)
2021 တုန်းက ၃ သိန်းခွဲဝန်းကျင်ပါတဲ့ခင်ဗျာ 🥺🥺
ဒီတစ်ခေါက်မှာတော့ ယမကာတစ်ခုရဲ့ aroma တွေ၊ taste တွေ၊ အနံ့အရသာအကြောင်းတွေ မပြောပဲနဲ့ အဲ့ယမကာတစ်ခုကို ဘာကြောင့်သုံးဆောင်သင့်လည်းဆိုတာ ရေးချင်ပါတယ်ခင်ဗျာ။
Ballantine’s 30
Ballantine ဆိုတာ ကမ္ဘာမှာ ဒုတိယရောင်းအားအကောင်းဆုံး brand ပါ။ Europe နှင့် Asia မှာဆို Ballantine’s ကို အဆင့် ၁ လို့တောင် ပြောကြပါတယ်။ အဲ့လို brand power ရှိပြီးသားဖြစ်တဲ့ Ballentine ရဲ့ နှစ် ၃၀ သက်တမ်းရှိတဲ့ ဝီစကီကို ဘာကြောင့်သုံးဆောင်သင့်တယ်ဆိုတာလေး ဖတ်ကြည့်ပါခင်ဗျာ။
(1) Celebration
ကိုယ့်မှာ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတစ်ခုရလိုက်တယ်။ အဲ့အောင်မြင်မှုအတွက် ဆုချတဲ့အနေနဲ့ပဲဖြစ်ဖြစ်၊ celebrate လုပ်ချင်လို့ပဲဖြစ်ဖြစ်၊ အောင်ပွဲခံတဲ့အနေနဲ့ ယမကာတစ်ခုကိုရွေးချယ်မယ်ဆိုရင် Ballantine’s 30 ကိုစဉ်းစားသင့်ပါတယ်။ ကိုယ့်ရဲ့အောင်မြင်မှုဟာ သာမန်အောင်မြင်မှုမျိုး မဟုတ်ဘူးဆိုရင်၊ အဲ့အောင်မြင်မှုနဲ့ လိုက်ဖက်တဲ့ ယမကာဟာလည်း လူတိုင်းသုံးဆောင်ဖူးတဲ့ သာမန်ယမကာမျိုး မဖြစ်သင့်ပါဘူး။ ကိုယ်ကိုယ်တိုင်တောင် မသုံးဆောင်ဖူးသေးတဲ့ သာမန်ထက်ပိုတဲ့ယမကာကောင်းတစ်ခုဟာ အောင်မြင်မှုကြောင့်ရတဲ့ ပျော်ရွှင်မှုတွေကို ပိုပြီးနှစ်သက်ပျော်ရွှင်နိုင်အောင် ဖန်တီးပေးပါလိမ့်မယ်ခင်ဗျာ။ Celebrate လုပ်တဲ့နေ့မှပဲ aroma တွေ၊ taste တွေ၊ အနံ့အရသာတွေကို ကောင်းကောင်းကြီးခံစားနိုင်ဖို့ အခုချိန်မှာ အဲ့အကြောင်းတွေ ထည့်မရေးထားပါဘူးခင်ဗျာ။ (Ballantine’s 30 ကိုရေခဲမထည့်ပဲ၊ သာမန်အပူချိန်မှာရှိတဲ့ရေသန့်နှင့်၊ whisky ၁ ဆ ရေ ၁ ဆ (သို့) whisky ၂ ဆ ရေ ၁ ဆ ရောစပ်သုံးဆောင်မယ်ဆိုရင် အပေါ်လွင်ဆုံးအနံ့အရသာများကို ခံစားနိုင်မှာပါခင်ဗျာ)
(2) Rare
“Something to be great, it must be rare” ဆိုတဲ့ Jaguar ကားကုမ္ပဏီရဲ့ စကားအတိုင်းပါပဲ။ သာမန်ထက် ထူးခြားကောင်းမွန်တဲ့ ယမကာတစ်ခုဟာ အလွယ်တကူတော့ မရနိုင်ပါဘူး။ Ballantine’s 30 ဟာ လူတကာသုံးဆောင်နေတဲ့ / distillery တိုင်း ထည့်ရောစပ် blend နိုင်နေတဲ့ ဝီစကီမျိုး မဟုတ်ပါဘူး။ Ballantine’s 30 ထဲမှာ ပါဝင်ရောစပ် blend ထားတဲ့ အချို့ဝီစကီတွေဟာ တကယ့်ရှားပါးဝီစကီတွေပါ။ Ballantine’s 30 ကို ကမ္ဘာပေါ်ကနေပျောက်ကွယ်သွားပြီဖြစ်တဲ့ distilleries တွေကနေရခဲ့သော အရမ်းရှားပါးသည့် ဝီစကီတွေနဲ့ ရောစပ်ဖန်တီးထားတာပါခင်ဗျာ။
(3) Aged 30 Years
စျေးကြီးတယ်၊ ရှားတယ်၊ extraordinary ဖြစ်တယ်၊ တကယ်လည်း ထူးခြားကောင်းမွန်လှပါတယ်ဆိုပေမယ့် သက်တမ်းမပါတဲ့ NAS ဝီစကီတွေ မြင်ဘူးကြမှာပါ။ Age Statement မပါလို့ မကောင်းဘူးလို့ ပြောလို့မရပါဘူး။ ဒါပေမယ့် Age Statement ပါတာက ပိုမိုက်တယ်ဆိုတာတော့ လက်ခံရမှာပါ။
Ballantine’s 30 က Age Statement ပါတဲ့အပြင် 30 Years ဆိုတော့ မြင်တာနဲ့ ရှိန်စေမှာပါခင်ဗျာ။
(4) Older than you?
ကိုယ့်အသက်ထက်ကြီးတဲ့ ယမကာတစ်ခုကို သုံးဆောင်ဖူးပါတယ်ဆိုတဲ့ စကားလေးပြောနိုင်ဖို့ လက်တွေ့မှာ မလွယ်ကူလှပါဘူး။
စျေးကွက်ထဲမှာ အများစုတွေ့ရတာက ၁၂ နှစ်၊ ၁၅ နှစ်၊ ၁၈ နှစ် သက်တမ်း ဝီစကီတွေပါ။ Legal drinking age က ၁၈ နှစ်မှ စတာပါ။ တချို့နေရာတွေဆို ၂၁ နှစ်မှ ယမကာသုံးဆောင်ခွင့်ရှိတာပါ။
၂၁ နှစ်ပြည့်လို့ ၂၅ နှစ်သက်တမ်းဝီစကီသုံးဆောင်မယ်ဆိုပြီး တေးထားလိုက်တာ ၂၅ နှစ်ကျော်သွားရင် ကိုယ့်ထက်အသက်ကြီးတဲ့ ဝီစကီလို့ ခေါ်လို့မရပြန်ပါဘူး။ ကိုယ့်အသက်ကြီးလာတာနှင့်အမျှ ကိုယ့်ထက်ကြီးတဲ့ ဝီစကီရဲ့ သက်တမ်းဟာလည်း မြင့်လာမှာပါ။ အသက် ၅၀ မှ ကိုယ့်အသက်ထက်ကြီးတဲ့ ဝီစကီသုံးဆောင်ဖို့ဆိုတာ တော်တော်ကို မလွယ်ပါဘူး။
အဲ့တော့ ကိုယ့်အသက်ထက်ကြီးတဲ့ ယမကာတစ်ခုကို သုံးဆောင်ဖူးပါတယ်ဆိုတဲ့ စကားလေးပြောနိုင်ဖို့အတွက်က ၂၅ နှစ်သက်တမ်းနှင့် ၃၀ နှစ်သက်တမ်း ယမကာတွေဟာ အကောင်းဆုံး အချိန်ပါပဲ။ ဒီထက်ပိုကြီးလာရင် ယမကာရဲ့စျေးက ပိုများလာမှာဖြစ်တဲ့အတွက် ၃၀ မကျော်သေးတဲ့သူတွေအတွက်တော့ Ballantine’s 30 က ကျွန်တော် recommend အပေးဆုံးပါပဲ။
(၁၈ နှစ်ပြည့်တဲ့အချိန်မှာ ၂၁ နှစ်သက်တမ်း သုံးဆောင်ဖူးတယ်ဆိုလည်း ဂုဏ်ယူလိုက်ပါခင်ဗျာ)
(5) Finish
အရသာအကြောင်းမရေးဘူးဆိုပေမယ့် ဒီတစ်ခုတော့ ပြောပါရစေခင်ဗျာ။
တန်ဖိုးကြီး / သက်တမ်းရင့် ဝီစကီသုံးဆောင်ဖူးတဲ့သူတွေ ပြောတတ်တာရှိပါတယ်။ ဝင်လို့ဝင်သွားမှန်းတောင်မသိလိုက်ဘူး၊ အရသာကပေါ့ပျက်ပျက်နဲ့၊ စသည်ဖြင့် ပြောတတ်ကြပါတယ်။ အဲ့လိုလူတွေအတွက် Ballantine’s 30 ကိုသုံးဆောင်ကြည့်ဖို့ တိုက်တွန်းပါရစေခင်ဗျာ။
ဘာလို့လဲဆိုတော့ Ballantine ရဲ့ ထုံးစံအတိုင်း Finish ကတော့ ပိုင်ပြီးသားပါ။ သူ့ရဲ့ finish က ညက်ညောပေမယ့် ရှည်ကြာပါတယ်။ အဆုံးသတ်လေးက တဖြည်းဖြည်း တဖြည်းဖြည်းနဲ့ နူးနူးညံ့ညံ့ ပျောက်ကွယ်သွားတာဖြစ်လို့ ပထမတစ်ငုံပြီးရင် ဒုတိယတစ်ငုံကို ချက်ချင်းသောက်မိစေမှာ မဟုတ်ပါဘူးခင်ဗျာ။
Price - ၃ သိန်းခွဲဝန်းကျင်
နိဂုံးချုပ်ရရင် သာမန်အချိန်မှာတော့ သာမန်ယမကာကိုပဲ သုံးဆောင်စေချင်ပါတယ်။
တန်ဖိုးကြီးဝီစကီတွေကို အမြဲသုံးဆောင်လေ့ရှိတဲ့သူတွေအနေနဲ့ ညက်ညောမှုရဲ့ အရသာပေါ့တာကို မခံစားချင်ဘူးဆိုရင် Ballantine’s 30 ကို စမ်းကြည့်စေချင်ပါတယ်။
ကိုယ့်ကိုယ်ကိုဆုချသင့်တဲ့အချိန် / သာမန်ထက်ပိုတဲ့ celebration လုပ်ရမည့်အချိန်ဆိုရင်တော့ Ballantine’s 30 ဟာ ရွေးချယ်သင့်တဲ့ ယမကာကောင်းတစ်ခုပါ။
Celebration လုပ်ရမည့်အချိန်မှာ အသက် ၃၀ လည်း မပြည့်သေးဘူးဆိုရင်တော့ ကျွန်တော့်အမြင်အရ Ballantine’s 30 ကို ရွေးကိုရွေးပါလို့ပြောရင်း နိဂုံးချုပ်ပါရစေခင်ဗျာ။
Note - Whisky နဲ့ ပက်သက်ပြီး ပစ္စည်းအတုအစစ် ကျွန်တော်ကြည့်ရုံနဲ့ မခွဲတတ်ပါဘူးခင်ဗျာ။
ကျွန်တော် whisky ကို နိုင်ငံခြားကလူကြုံနဲ့ duty free ပဲ ဝယ်လေ့ရှိခဲ့တာပါ။ ဒါပေမယ့် အခုချိန်မှာ ဒေါ်လာစျေးအရကော၊ အခြေအနေအရကော၊ duty free မှာဖို့က ခက်ခဲနေတဲ့အပြင် မတန်တော့ပါဘူး။
မြန်မာပြည်မှာ တချို့ brand တွေက official သွင်းတဲ့ ကိုယ်စားလှယ်ကုမ္ပဏီ ရှိပါတယ်။ ဥပမာ Pernod Ricard ဆိုရင် ဒီမှာ တရားဝင်ကိုယ်စားလှယ် ရှိပါတယ်။ အဲ့တော့ Chivas တို့ Ballantine တို့ဆိုရင် Pernod Ricard ရဲ့ တရားဝင်ကိုယ်စားလှယ်နဲ့ သွင်းထားတဲ့အလုံးဆို စိတ်ချရမယ်လို့ ယူဆလို့ရပါတယ်။ Million Mart မှာ PR Sticker ပါတာတွေက official အလုံးတွေပါ။ ဒီမြန်မာမှာ ပစ္စည်းစိတ်အချရဆုံးဆို အဲ့လိုအလုံးတွေကိုပဲ ကျွန်တော် ညွှန်ပေးနိုင်ပါတယ်ခင်ဗျာ။ ကျွန်တော်ကိုယ်တိုင်လည်း စမ်းဝယ်ကြည့်တာ အဆင်ပြေပါတယ်ခင်ဗျာ။
(Million Mart မှာ Chivas / Ballantine အပြင် တခြား တရားဝင်ကိုယ်စားလှယ်နဲ့သွင်းတဲ့ brand တွေလည်း ရှိပါသေးတယ်။ တရားဝင်ကိုယ်စားလှယ်မရှိတဲ့ အလုံးတွေ၊ brand တွေကိုတော့ ကျွန်တော်မသိပါဘူးခင်ဗျာ။ တရားဝင်ကိုယ်စားလှယ်ကသွင်းတဲ့အလုံးတွေကို တခြား liquor store တွေမှာလည်း ရနိုင်ပါသေးတယ်၊ ကျွန်တော်ဆိုင်တွေမသိလို့ပါခင်ဗျာ)
ဒီ Page က ယမကာ/ဝိုင်/ဘီယာ ဘာတစ်ခုမှ မရောင်းပါဘူး ခင်ဗျာ။
Thank You 😊
ြောင်း
(Photo from Internet)
Click here to claim your Sponsored Listing.
About Spirits & Wine Info Myanmar
Liquor / Spirits / Wine / Whisky တွေရဲ့အကြောင်းတွေ၊ Review တွေကို အချိန်ရရင်ရသလို တင်ပေးသွားမှာပါ။ Page ရဲ့အဓိကရည်ရွယ်ချက်က ကျွန်တော်လေ့လာသိရှိထားတဲ့ Informations တွေကို ပြန်လည်မျှဝေပေးချင်တာပါ။ မြန်မာမှာက သောက်တဲ့သူများသလောက် Liquor အကြောင်းသိတဲ့သူနည်းလှပါတယ်။ အဲ့တာကြောင့် Liquor နဲ့ဆိုင်တဲ့ ဗဟုသုတတွေကို sharing လုပ်ရင်း ဗဟုသုတဖလှယ်ချင်တာပါ။ ကျွန်တော့်ဘက်ကလွဲနေတာ လိုနေတာတွေများရှိရင် ပြောပြပေးနိုင်ပါတယ်။ ဒီ Page က ကိုယ်ပိုင်ထောင်ထားတဲ့ Page လေးပါ။ Sponsor ယူထားချင်း လုံးဝမရှိသလို အရက်ဘီယာလည်း မရောင်းပါဘူး။ မိမိအမြင် ဗဟုသုတတွေကို လွတ်လပ်စွာ share ဖို့သက်သက်သာဖြစ်ပါတယ်ခင်ဗျာ။ ကျေးဇူးပါခင်ဗျာ။
Videos (show all)
Category
Contact the establishment
Website
Address
Yangon
36 Inya Myaing Street, Shwe Taung Kyar 2 Ward, Bahan Township
Yangon, 11201
A speakeasy bar that home to over 150 single malts, private whiskey lockers and classic cocktails
No. 37, Kabar Aye Pagoda Road, Mayangone Township
Yangon, 11061,11062,11063
Discover the realm of whiskies, wines, and delectable culinary pleasures at Nth Degree Restaurant.