Reading Index
knowledge sharing
မြန်မာနိုင်ငံသည် လက်နက်အာဏာရှိသူက ပြည်သူ့ဆန္ဒကို ပယ်ဖျက်ပြီး ရွေးကောက်ခံခေါင်းဆောင်ကို ထောင်ထဲထည့်ထားနိုင်သော နိုင်ငံဖြစ်နေခြင်းပင်။
ထိုလုပ်ရပ်သည် နိုင်ငံရေးအရ၊ ဒီမိုကရေစီနည်းလမ်းအရသာမက ကျင့်ဝတ်အရပါ မှားယွင်းသည်။ ထိုလုပ်ရပ်သည် ၂၁ ရာစုတွင် နိုင်ငံအနည်းငယ်တွင်သာဖြစ်သည့် ရာဇဝင်ရိုင်းမှုကို မြန်မာနိုင်ငံကြုံတွေ့စေခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးစီးသည့် နောက်ဆုံးအာဏာသိမ်းမှုသည် သေနတ်ထောက်ပြီး အုပ်စုလိုက် အဓမ္မပြုကျင့်မှုနှင့် တူနေနိုင်သည်။ ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် တနိုင်ငံလုံး လူ့အခွင့်အရေး ချိုးဖေါက်ခံရသည်။ နိုင်ငံနှင့်ပြည်သူများ မည်သည်တို့ မှားယွင်းခဲ့သနည်း။ ပြည်သူအများစုသည် နိုဝင်ဘာလရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီကို မဲပေးခဲ့သည်။ ထိုမျှသာဖြစ်သည်။ နောက် ၃ လကြာသောအခါ ၎င်းတို့သည် ဆိုးရွားလှသော စစ်အာဏာရှင်စနစ်အောက် ကျရောက်သွားသည်ကို ပြည်သူများ တွေ့ကြုံရသည်။
ပြည်သူများ၏ ရှင်သန်သော ဆန္ဒနှင့် ယဉ်ကျေးသော စိတ်ဓါတ်ကို လက်နက်အင်အားဖြင့် ချေမှုန်းနိုင်သည်ဆိုသည့် အတွေးအခေါ်မှာ မည်သူမျှ လက်မခံနိုင်သည့် ခါးသည်းသော “အမှန်တရား” တခု ဖြစ်နေသည်။
မည်သို့ဆိုစေကာမူ ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ၇၆ နှစ်မြောက်မွေးနေ့တွင် အချုပ်အနှောင်အတွင်း ပြန်လည်ရောက်ရှိနေသည်။ ယခုနှစ်မွေးနေ့သည် ၁၉၈၉ ခုနှစ် ဇူလိုင်လတွင် ပထမဆုံး ဖမ်းဆီးခံရပြီးနောက် အချုပ်အနှောင်တွင်း ကျရောက်သည့် ၁၅ ကြိမ်မြောက်မွေးနေ့ဖြစ်သည်။ ထိုအချိန်မှစတင်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် အင်းလျားကန်စောင်းရှိနေအိမ်တွင် ၁၅ နှစ်ကြာ ဖမ်းဆီးခံရပြီး ယခုတကြိမ်တွင်မူ နေပြည်တော်တွင် ဖမ်းဆီးခံထားရသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ထောင်များ သို့မဟုတ် အချုပ်အနှောင်များတွင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံရေးသမားများသည်သာ အကျဉ်းကျနေရသည် မဟုတ်ပေ။ တနိုင်ငံလုံးမှ ၅၅ သန်းနီးပါးသော ပြည်သူများအားလုံးသည် ၎င်းတို့ပိုင် မြေတွင် ၎င်းတို့ကိုယ်တိုင် အကျဉ်းကျနေပြီး လွတ်လပ်မှုများ ဆုံးရှုံးနေသည်။ မြန်မာနိုင်ငံသည် လွန်စွာကြီးမားသော အကျဉ်းထောင်ကြီးဖြစ်နေသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်အဖြစ်၊ နောင်တွင် နိုင်ငံခေါင်းဆောင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ၁၀ ကြာ လွတ်လပ်မှုကို ခံစားပြီးနောက် အကျဉ်းသားအဖြစ် နောက်ထပ် သံသရာ စတင် လည်ပတ်နေပြီဖြစ်သည်။
စစ်ကောင်စီက သူမကို စွပ်စွဲချက်အတုများနှင့် စွဲဆိုထားသောကြောင့် စစ်အုပ်ချုပ်ရေးအောက် မကြာမီ အနာဂတ်တွင် လွတ်လပ်မှု ပြန်လည်ရရန် ခက်ခဲလှသည်။
ယခုတကြိမ်တွင် ယခင်နှင့်မတူ ကွဲပြားသည့် အဓိကအချက်မှာ ဒေါ်အောင်ဆန်းစုကြည်သည် အသက် ၇၆ နှစ်ရှိပြီဆိုသည့် အချက်ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးစောမောင်နှင့် သန်းရွှေတို့ ဦးဆောင်သည့် ယခင်စစ်အုပ်စုများ ခေတ်ကကဲ့သို့ နှစ်ရှည်ထောင်ချထားပါက သူမ၏ ပုဂ္ဂလိကဘဝသာမက နိုင်ငံရေးဘဝပါ ကုန်ဆုံးသွားတော့မည်ဖြစ်သည်။
ထိုအချက်သည်လည်း ဗိုလ်ချုပ်များနှင့် ၎င်းတို့ကို အညံ့ခံသူများမှအပ ကျန်သူအားလုံးအတွက် စဉ်းစားကြည့်လျှင်ပင် ခါးသီးလှသည့် အမှန်တရားတခု ဖြစ်နေပြန်သည်။
အာဏာသိမ်းသူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယခုတကြိမ်တွင် မည်သည့်အခွင့်အရေးကိုမျှ လက်လွတ်ခံမည်မဟုတ်ပေ။ သူသည် သူ့ဆရာသမားများထံမှ သင်ခန်းစာယူထားပြီးဖြစ်သည်။ သူ၏ ဆရာသမားများသည် ဒေါ်အောင်ဆန်းစုကြည်ကို နိဂုံးချုပ်သွားအောင် မလုပ်နိုင်ခဲ့ကြပေ။ ထိုကိစ္စကို အပြတ်ရှင်းရန် တာဝန်သည် သူ့ထံသို့ ကျရောက်လာပြီဟု သူ ခံစားနေကြောင်း ထင်ရှားလှသည်။ ထိုသို့ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်သည် ယခင် ဆယ်စုနှစ် တခုခွဲကအတိုင်း ဖမ်းဆီးချုပ်နှောင်ခံဘဝတွင် မွေးနေ့ပွဲများ ကျင်းပနေရဦးမည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဘဝတခုလုံးကို မဟုတ်လျှင် သူမ၏ နိုင်ငံရေးဘဝကို နိဂုံးချုပ်ပစ်ရန် ဆုံးဖြတ်ထားသောကြောင့် ဗိုလ်ချုပ်များသည် ဆိုးညစ်သော ရည်ရွယ်ချက်ဖြင့် လက်နက်ကိုင်ကာ ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်သည်အထိ ဖမ်းဆီးထားရန် လွန်စွာဖြစ်နိုင်နေသည်။
သို့သော် မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်များ၊ ၎င်းတို့၏အကြံပေးများ နားမလည်နိုင်သောကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ မြန်မာပြည်သူများသည် ၎င်းတို့ရှည်ကြာစွာ ဆုပ်ကိုင်ထားသည့် ရည်မှန်းချက်ဖြစ်သော လူသားများအဖြစ် ဂုဏ်သိက္ခာနှင့်အညီ နေထိုင်နိုင်သော လွတ်လပ်သည့် ဒီမိုကရေစီလူ့အဖွဲ့အစည်းထံသို့ ဆက်လက်လျှောက်လှမ်းနေမည်ဖြစ်သည်။ လက်ရှိကြုံတွေ့ နေရသည့် စစ်ဖိနပ်အောက်မှ ကြောက်မက်ဖယ်ဘဝကို ထာဝရ ငြင်းဆန်ကြမည်ဖြစ်သည်။ နိုင်ငံရေးအရ ဆိုရပါက စစ်မှတ်သော ဖက်ဒရယ်ဒီမိုကရေစီကို ဆက်လက်တောင်းဆို ရုန်းကန်တည်ဆောက်နေမည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးဇာတ်ခုံမှ ပျောက်ကွယ်သွားအောင် စစ်ကောင်စီက လုပ်နိုင်လျှင်ပင် မြန်မာပြည်သူတို့၏ တိုက်ပွဲသည် အဆုံးသတ်မည် မဟုတ်ကြောင်းကို လက်ရှိ အာဏာသိမ်း စစ်ဗိုလ်ချုပ်များသည် ၎င်းတို့၏ဆရာသမားကဲ့သို့ပင် သိမြင်နိုင်ခြင်း မရှိကြပေ။
အတိတ်ကသာမက ပစ္စုပ္ပန်တွင်ပါ ဗိုလ်ချုပ်များသုံးသည့် နည်းလမ်းဖြစ်သည့် သေနတ်ထောက် အာဏာသိမ်းခြင်းနှင့် စစ်အာဏာရှင်စနစ်ကို လူထုက ပိုမိုပြင်းထန်စွာ ဆန့်ကျင်လာမည်ကို ဗိုလ်ချုပ်များသည် မည်သည့်အခါကမျှ သဘောပေါက်ခြင်းမရှိပေ။ လက်နက်အာဏာကို ယုံကြည်ခြင်းဖြင့်လည်းကောင်း၊ နိုင်ငံကို အလွန်ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်ခြင်းအားဖြင့်လည်းကောင်း ဗိုလ်ချုပ်များသည် ၎င်းတို့၏ တဦးချင်းသာမက စစ်တပ်ကိုလည်း အမည်ဆိုးဖြင့် ကျော်ကြားမှုကို ပိုမိုအမြစ်တွယ်စေမည်ဖြစ်သည်။
စစ်ဗိုလ်ချုပ်များ ဘာမှားယွင်းနေသနည်း။ စိတ်ခံစားမှုများကို ဖယ်ထားပြီး ရှင်းရှင်းပြောရလျှင် ထိုသူများသည် စဉ်းစားတွေးခေါ်နိုင်မှု မရှိသူများသာ ဖြစ်သည်။ နိုင်ငံရေးဆိုသည်မှာ အာဏာကို အင်အားသုံးရယူခြင်းအဖြစ်သာမြင်သည့် ခပ်တုံးတုံး စစ်အရာရှိ တစုသာဖြစ်သည်။ အုပ်ချုပ်ရေးနှင့် ပတ်သက်သည့် ၎င်းတို့၏ အယူအဆမှာ ပြည်သူလူထု၏ ဆန္ဒကို မျက်ကွယ်ပြုပြီး သံမဏိလက်သီးဖြင့် အုပ်ချုပ်ခြင်းသာဖြစ်သည်။ ထိုကဲ့သို့သော အခြေအနေသည် ထာဝရ မတည်မြဲနိုင်ကြောင်း ၎င်းတို့ မည်သည့်အခါမျှ နားမလည်ကြပေ။ တနေ့တွင် ၎င်းတို့သည် ၎င်းတို့လုပ်ရပ်များအတွက် ဒဏ်ခတ်ခံရမည်ဖြစ်သည်။ လက်ရှိအချိန်တွင်ပင် ၎င်းတို့သည် ပြည်သူလူထု၏ အမြင်တွင် လွန်စွာ ကျက်သရေတုံးသူများ ဖြစ်နေပြီးဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က မည်သို့ရှိမည်နည်း။ ခံစားချက်များကို ဖယ်ထုတ်ပြောဆိုရပါက ဒေါ်အောင်ဆန်းစုကြည် မသေဘဲ နေမည့်သူမဟုတ်ပါ။ သို့သော် ပြည်သူလူထုအတွက် သူမ၏ တိုက်ပွဲနှင့် မြန်မာနိုင်ငံအပေါ်သူမ ထားသော မေတ္တာတရားတို့အတွက် ပြည်သူအများအပြားက သူမကို ဂုဏ်ပြု အမှတ်ရနေကြမည်သာဖြစ်သည်။
(နိုင်ခေတ်သည် နိုင်ငံရေးဆောင်းပါးရှင်တဦးဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ The ‘Problem’ With Myanmar’s Daw Aung San Suu Kyi ကို ဘာသာပြန်ဆိုသည်။
ဥာဏ်ရည်နိမ့်ပါးတဲ့ သူတွေဟာ
ကိုယ့်ကိုကိုယ် တည်ဆောက်ရမယ့်အစား
တစ်ဖက်သားကို ဖြိုချနိုင်မှ နေရာရလိမ့်မယ်လို့
အောက်မေ့တတ်ကြတယ်။
# အောင်ဆန်းစုကြည်
ကျွန်မတို့က အစိုးရတစ်ရပိကို လက်နက်ကိုင်ပြီးတော့ တော်လှန်နေသော တပ်မတော်တစ်ခု မဟုတ်ပါဘူး။
NUGက ထည်ထောင်လိုက်တော့ PDF တပ်မတော်က မြန်မာနိုင်ငံမှာ တပ်မတော်ဆိုတာ မရှိတော့ဘူးဆိုတဲ့ အနေအထားကို ယုံကြည်လက်ခံတာဖြစ်တဲ့အတွက် တရားဝင်အစိုးရတစ်ရပ်အနေနဲ့ မြန်မာနိုင်ငံမှာ တပ်မတော်(State Forced) တစ်ခုရှိဖို့ လိုအပ်တယ်ဆိုတဲ့ အခြေခံပေါ်မှာ ကျွန်မတို့တွေတည်ပြီးတော့ PDF ပြည်သူ့ကာကွယ်ရေး တပ်မတော်ကို တည်ထောင်တာ ဖြစ်ပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ ရှိနေတဲ့ စစ်ကောင်စီရဲ့ တပ်ကမြန်မာနိုင်ငံရဲ့တပ်မတော်တစ်ရပ်လို့ ကျွန်မတို့အနေနဲ့ လက်ခံထားခြင်း မရှိပါဘူး။
တပ်မတော်တစ်ရပ်ရဲ့ အဓိကတာဝန်ဟာ အဲဒီတိုင်းပြည်ထဲမှာရှိတဲ့ ပြည်သူလူထုရဲ့ အသက်အန္တာရယ်ကို ကာကွယ်စောင့်ရှောက်ပေးဖို့အတွက် တာဝန်ရှိတာ ဖြစ်ပါတယ်။
လက်ရှိစစ်ကောင်စီရဲ့တပ်က ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းဇိမ်အန္တာရယ်ကို ခြိမ်းခြောက်နေတဲ့ လက်နက်ကိုင်ထားသော အကြမ်းဖက်စစ်အုပ်စုတစ်စုသာ ဖြစ်ပါတယ်။
ဒီအတွက်မြန်မာနိုင်ငံမှာ တပ်မတော်တစ်ရပ်လိုအပ်တယ်ဆိုတဲ့ အခြေခံအနေနဲ့ ကျွန်မတို့တစ်တွေက PDF ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ထည်ထောင်ထားခြင်းဖြစ်ပါတယ်။ ဒီလိုနေရာမှာ ပြည်သူလူထုနဲ့ လက်တွဲသွားပြီးတော့ ပြည်သူလူထုရဲ့ အသက်အန္တာရယ်ကို ထိခိုက်နေသော အကြမ်းဖက်စစ်အုပ်စုကို အတူတကွ နှိမ်နှင်းသွားဖို့အတွက် တရားဝင်အစိုးရတစ်ရပ်ဖြစ်တဲ့ NUGအနေနဲ့ ဖွဲ့စည်းလုပ်ဆောင်နေခြင်းဖြစ်ပါတယ်။
# ဒေါ်ခင်မမမျိုး
" ဘုရားခေတ်မှာဆိုရင်
ရဟန္တာဖြစ်တဲ့အထိ လိမ္မာမယ်
ဒါပေမယ့်...
အမှောင်ခေတ်မှာတော့
အာဏာရှင်ကို ဖီဆန်တယ်"
#တာရာမင်းဝေ
Tracy
How to Use the Power of Self-Discipline (Part.1)
Today I want to talk to you about one of the single best qualities that you can develop for success actually it's the best quality and the most important quality and without it nothing is possible the great secret of success is that there are no secrete of success there are only timeless principles that have been proven effective throughout the centuries there's one special quality that you can develop that will guarantee your greater success accomplishment and happiness in life of a thousand principles for success developed over the ages this one quality or practice will do move to assure that you accomplish wonderful things with your life than anything else the quality is so important that if you don't develop it to a high degree it's impossible for you to ever achieve but you are truly capable of achieving the quality that I'm taking about is the quality of self-discipline.
# Brain Tracy
# Min Ko Naing
" The revolutions is not an apple that falls when it is ripe.You have to make it fall."
" Silence is argument carried out by other means."
" I am not a liberator.Liberators do not exist.The people liberate themselves."
" If you tremble with indignation at every injustice,then you are a comrade of mine."
# Che Guevara
# Original Post
# John. C Maxwell
"ဆင်စွယ်အပြည့်နဲ့ပင်လယ်"
တာလွှတ်ဒိုင်သေနတ်မဖောက်ခင်
ကြိုပြေးပြီး
ရှေ့ဆုံးက လူလုံးပြတယ်
မသမာမှုက မသမာမှုပဲ...
အမှန်တရားရဲ့အင်္ကျီကို
မတော်မတည့်ယူဝတ်ပြီး
အရပ်တကာ ဇာတ်နာပြတယ်
မုသားကမုသားပဲ...
မှန်သားပြင်တွန့်ခေါက်မှာ
ကြောက်စရာပုံရိပ် ထင်ချင်ထင်မယ်
(အရှိတရားမှာ)
နတ်မိမယ်ကနတ်မိမယ်ပဲ...
ကောင်းကင်ပြည့်ဘယ်လောက်ရွာရွာ
မိုးခါးရေမသောက်တော့
ပင်လယ်ရေ အမြဲငန်တယ်...
တရားစီရင်ဖို့ဘယ်လောက်ကြာကြာ
ပိုးစားမှာမကြောက်တဲ့
ဆင်စွယ်မှန် သက်သေခံတယ်...
စိန်ခေါ်သံကို
အမှန်တရားက ပြန်ထူးလိုက်ရဲ့
"ဆင်စွယ်အပြည့်၊ ပင်လယ်ဟေ့ " တဲ့။။
#မင်းကိုနိုင်
Click here to claim your Sponsored Listing.
Category
Contact the school
Website
Address
BEHS (3) Mingalar Taung Nyunt, Upper Pansodan Street
Yangon
Welcome to our reunion Taung Nyunt 3 students page and I hope all of our friends who are from BEHS 3
No. 9 Kan Street, Hlaing Township
Yangon, 11012
Enhancing educational and career opportunities for Myanmar youth since 2009.
Yangon
တရုတ်စကားကို မြန်မြန်နဲ့လွယ်လွယ် တတ်လိုပါက ဒီပေ့ချ်က သင့်အတွက်နေရာမှန်ပါပဲခင်ဗျာ
No. 876, 2nd Floors, Nga Moe Yeik Ward, Lay Daunt Kan Road, Thingangyun Township
Yangon
Education
Yangon
We aim to teach subjects relating to the business world at affordable prices.