PhyuSin Sadanar Construction
အိမ်ဆောက်လိုသူထမင်းရှင်များ စိတ်ချမ်းသာဖို့No1
ဖြူစင်စေတနာမှ တင်သမျှပို့စ်တိုင်းကို Like&share လုပ်ပေးပါသော ထမင်းရှင်များအတွက်
သီတင်းကျွတ်ကာလ လဲဖြစ်လို့စိတ်ကူးပေါ်မိတာလေး
ဖုန်းဘေ ဘာညာသလကာ တွေဟာရိုးအီနေသလို
ပေးသူရောရသူရော ဘာအကြိုးမှ ထူးခြားမကောင်းလှဘူးလို့တွေးမိတယ်
နှစ်ဦးအကျိုးများစေဖို့ ကံလဲစမ်း ထာဝရကုသိုလ်လဲဖြစ်မယ့် တသိန်းဝန်းကျင်တန် ဗုဒ္ဓဆင်းတုတော်တဆူ တဆောင်မုန်းလပြည့်နေ့မှာ မဲဖောက်ပီး
ပေါက်ခဲ့သူ အိမ်အရောက်ပို့ပေးပီး ပူဇော်စေမယ်လို့ စိတ်ကူးထားပါတယ်
ဒါက ကြိုတင်အသိပေးထားတာပါ မဲဖောက်မဲ့ပိုစ့်နဲ့
ဝယ်ပီး ဆင်းတုတော်ပုံ 10 လပိုင်းကုန်လောက်မှာတင်ပါမယ်
အဲဒီကြလဲ like&share လေးလုပ်ပေးခြင်းဖြင့်ကူညီကြပါဦး 😁😁😁ခုလဲလုပ်ဦး
ထမင်းရှင်များခဗျာ ဖြူစင်စေတနာမှ 100မှာတယောက်ပေးသော ဝန်ဆောင်မှုမျိုးဖြင့်
လက်ခစားသီးသန့် ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပါသည်
Page မှာဝင်ရောက်လေ့လာ ဖတ်ရှုပီး သိလိုသမျှကိုလဲ ဖောက်စားသည်ဖြစ်စေ အတည်ပဲဖြစ်စေ
စာပို့ဖုန်းဆက်24hr စုံစမ်းမေးမြန်းနိုင်ပါသည်။
အိမ်ဆောက်လိုသော ထမင်းရှင်တို့အား ဝန်ဆောင်ပေးမှုလက်တွေနှင့်ဖြစ်စေ နှုတ်၏ကူညီခြင်းမျိုးဖြင့်ဖြစ်စေ ကိုယ်ဝါသနာပါတတ်ကျွမ်းမှုဖြင့် ကူညီစိတ်ချမ်းသာစေလိုသော ဆန္ဒသည်သာ နံပတ်တစ်
ဖြစ်ပါသည်
လက်ခ သိန်းရာမကျော်သော မည်သည့်ဒီဇိုင်းပုံစံအပ်သည်ဖြစ်စေ
အဆောက်ဦးတခုလုံး ပီးစီးအပ်တဲ့နေ့ စိတ်တိုင်းကျကျေနပ်မှ လက်ခရှင်းရမည်ဖြစ်ပါသည်
ကဲဘာစိတ်ပူစရာ စိတ်မချစရာရှိသေးလဲဗျာ
ပစ္စည်းကြိုက်နှစ်သက်ရာ မိမိစိတ်ကြိုက်ဝယ်နိူင်မယ် လုပ်အားခလွန်လို့ လိမ်ပြေးမလားပူစရာမလို
ပစ္စည်းမှန်ကောင်း ထည့်ပေးပါ့မလားလို့ ပူရမဲ့သောက ဖြစ်မှာစိုးလို့ကို လက်ခစားသီးသန့်သာ
လက်ခံခြင်းဖြစ်ပါတယ် သို့သော်
အချို့သောအလုပ်တွေတဖက်နဲ့မို့ဖြစ်စေ/ဝယ်ရချမ်းရအလုပ်ပိုမလုပ်ခြင်သောဖြစ်စေ
ယုံကြည်စိတ်ချပါလျှင် ပစ္စည်းဝယ်ပေးပါတယ်
စျေးတင်ရိုက်ခြင်း ငွေအလွဲသုံးစားပြုခြင်း
သူတပါး ငွေ သူတပါးမသိပဲ အဆိပ်ထမင်းတမိသားစုလုံးနဲ့ကို့အိမ်ကလောင်းတဲ့ဆွမ်းပါ အလှူခံမိမဲ့ ဘုန်းကြီးပါအဆိပ်သင့်စေမဲ့ ငွေမျိုးမယူပါ
ယုံကြည်စိတ်ချနိုင်ပါတယ်
သိတတ်လို့ ပေးရင်တော့ အဖိုးခဆိုတာ နေရာတိုင်းရှိလို့ ယူပါမယ်
ဖြူစင်စေတနာမှ တင်သမျှပို့စ်တိုင်းမှာ အကြံပြုသတိပေးလိုတာကတော့ နှစ်ထပ်/နှစ်ထပ်ကျော်
အဆောက်ဦးဖြစ်ပါလျှင် ဝန်ခံနိုင်မှုတွက်ချက်ထားသောအင်ယာထောက်ခံချက် မပါလျှင်မဆောက်ပေးပါ
ကိုယ်အလုပ်ရဖို့ အလုပ်သမားများစွာနဲ့ အိမ်ရှင်တွေရဲ့အသက်အန္တာရယ်ကို လက်လျူရှု၍ အလုပ်မလုပ်ပါ။
ထမင်းရှင်တို့ကို စေတနာအပြည့်နဲ့
အကြံပြုခဲ့တာမနေ့ကမှ
ဒီနေ့သက်သေ ပြပြန်ပီ
ကျနော့် ဘဝရဲ့ ထာဝရကျေဇူးရှင်
ကျေးဇူးတရားဆိုတာ မမေ့ကောင်းဘူး
ဆိုရိုးတွေရှိတယ်( တလုပ်စားဘူးသူ့ကျေးဇူး)
(ဆန်ပေးလို့ဆီရတာပါကွာ)တဲ့
ဘယ်လိုပဲ ကိုကဆန်ပေးခြင်ပေမယ့် ဆီနဲ့လဲမဲ့သူက
မကမ်းလှမ်းရင် လဲလို့မရဘူး
သူကောင်းသည်သော်ဖြစ်စေ မကောင်းသည်ဖြစ်စေ
သူနဲ့ အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ
တကန့်ပါ ထာဝရသူဟာ ငါ့ဘဝရဲ့လမ်းပြပေးခဲသူ
ကျေးဇူးရှင်လို့ ရင်ထဲမှာ ကဗျည်းထိုးထားတယ်
8ပေပတ်လည်အလုံပိတ်အခန်းလေးမှာငှားနေပီး
တောင်ပြေးမြောက်ပြေး ပန်းရံလုပ်သားလေးဘဝကိုအိမ်ပိုင်ခြံပိုင် အဆောင်ပိုင်နဲ့ အတည်တကျအခြေကျအောင် ယုံကြည်စွာနဲ့ ကန်ထရိုက်လုပ်စေခဲ့သူပါ ခုထိလဲ အလုပ်တွေပေးနေတုန်း လုပ်နေတုန်း:::::
///
Hello ဖြူစင်စေတနာ
ဟုတ်ကဲ့ ဘာများသိလို ဖြေကြားပေးရမလဲခဗျာ
///ဘာလို့ပစ္စည်းလက်ခမယူပဲ လက်ခစားသီးသန့်ပဲ
လုပ်တာလဲ
ဟုတ်ကဲ့ လူ့လောဘဆိုတာ ပင်လယ်လိုပါပဲ
ရလေ လိုခြင်လေ ဖြစ်မှာစိုးတယ်
ကိုယ့်လောဘကြောင့် အဆောက်ဦးအရည်သွေး
လျော့မှာပူတယ် ဆောက်တဲ့အိမ်ရှင်တွေ သောကရောက်ရမဲ့ အရာမဖြစ်ခြင်ဘူး
ဒါကြောင့် ကြိုတင်ပီး လောဘတတ်တဲ့ အလုပ်ကို ရှောင်တာပါ
///ဒါဆို လက်ခပဲဆိုပေမယ့် ကြိုယူပီးပြေးရင်ရော
လက်ရာအရည်သွေး ခိုရင်ရော
ဟုတ်ကဲ့ မေးသင့်ပါတယ် ခုအနေထားတွေက ဒီလိုအခြေနေတွေများတာကိုး
ဒါပေမယ့် ကျနော်တော့No ပါ သိန်းတရာမကျော်သော လက်ခအမောက်ဆိုရင် အားလုံးအပ်တဲ့နေ့မှ
ပီးစီးမှ လက်ရာကိုစိတ်တိုင်းကျပါတယ်ဆိုမှ
ငွေရှင်းပေးပါ စာချုပ်နဲ့တခါထဲအလုပ် လုပ်ပါတယ်
ကဲဘာပူစရာလိုလဲ ထမင်းရှင်များရဲ့ငွေ တကျပ်တောင်အစူးမယူထားဘူး
/// ဘာလို့ အခုလိုပုံစံနဲ့အလုပ် လုပ်ဖို့စိတ်ကူးမိတာလဲ
ကျနော် စက်ကွန်းတဆင့်ခံကန်ထရိုက်ပါ
ပိုင်ရှင်တိုက်ရိုက် တခါမှ မလုပ်ခဲ့ရဘူး
ကိုနဲ့ဆုံတွေ့ကြတဲ့ အိမ်ရှင်တွေရော လိုင်းပေါ်မှာရော
အရည်သွေးတွေမမှန်ဘူး/ လိမ်သွားပြန်ပီ/ ငွေတွေစူးပီး အလုပ်မလာကြတော့ဘူး မျိုးစုံအော်နေကြတဲ့
အိမ်ရှင်တွေကို အရမ်းသနားစာနာတယ်
အိမ်ရှင်တွေ သောကပါတဲ့ ထမင်းလုပ် မစားမိခြင်ဘူး ဒါကြောင့်ကို့စိတ်ကူးပေါက်သလို ဝန်ဆောင်မှု
ပေးခြင်တာပါ
ကိုကြိုက်နှစ်ရာ ပစ္စည်းမှန်မှန် သုံးနိုင်မယ်
အလုပ်သမားလိမ်သွားမလား ငါ့ငွေကလွန်နေပီ
သူကောင်းကောင်းမှ လုပ်ပေးပါ့မလား ဒီလိုသောကတွေကို အေးစေခြင်လို့ပါ
////ဒါဆိုရင် ဘယ်တန်ဖိုးအတန်းစား/ဘယ်စျေးယူတယ် ဘယ်နေရာတွေဝန်ဆောင်ပေးမယ်/
အဒီအပိုင်းနဲ့ ပက်သက် ခွဲထားခြားနားတာတွေရှိလား
ဟုတ်ကဲ့ ထမင်းရှင်များ ဆောက်လိုတဲ့ဒီဇိုင်း
Cb မှာ လာရွေးလို့ရပါတယ်
ပီး-အလျားအနံ ထားခြင်တဲ့အလျောက်
Rc or Ss -သုံးနိုင်တဲ့ငွေပမာန လိုခြင်တဲ့အရည်သွေးပေါ်မူတည်ပီး ပစ္စည်းလက်ခပီးစီး
ဘယ်လောက်ကုန်နိုင်တယ် တွက်ပြောပေးပါတယ်
ပီးမှ လက်ခ ဘယ်လောက်ခွဲပြောပြပေးပါတယ်
မဆောက်သည်ဖြစ်စေ ဆောက်သည်ဖြစ်စေ
သိလိုတာရှိမေး နိုင်ပါတယ်
အချို့ ဆောက်တော့ဆောက်ခြင်တယ် မနိုင်သေးလို့
ဖြစ်အောင်လေးလုပ်ခြင်ပါတယ်ဆိုရင်လဲ
အသေသပ်ဆုံး ဘယ်လိုလုပ်လို့ရနိုင်မလဲ ပြောပြပါတယ်
မြန်မာပြည်တွင်းမှာတော့ လက်လှမ်းမှီသလောက်
ဝန်ဆောင်ပေးနိုင်ဖို့ ကြိုးစားပါမယ်
///ဒါဆို ဟုတ်ပါပီ အိမ်ဆောက်လိုသူအမိဖတွေတွက် အကြံပြုလိုတာ သတင်းကောင်းပေးစရာများရှိလား
ဟုတ် ထမင်းရှင်များကို အကြံပြုသတိပေးခြင်တာကတော့
အဆောက်ဦးတခုလုံးရဲ့မိန်းပွိုင့်ဟာ ဖောင်ဒေးရှင်းပါ/အခုအွန်လိုင်းခေါတ်ရဲ့ ထုံးစံက အလှပတွေပါ
အလှပလဲ လိုအပ်ပါတယ် သို့သော် အလှပတခုပဲကြည့်ပီး နောက်ဆက်တွဲအစစကိုမေ့ပီး မရွေးမိပါစေနဲ့
တကယ်စေတနာပါ တကယ်ပညာရှင်တွေလဲ အများကြီးရှိပါတယ် သေချာအောင်စုံးစမ်းပါ
ပီးမှ အော်နည်းမျိုးစုံနဲ့အော်ရင် ကို့ရဲ့သိမ်ဖျင်းမှုကလဲ50%ပါ လိမ်သူပတ်သူပဲ အပစ်မဖို့ပါနဲ့
အရေးကြီးတာတခုက တထပ်က ပြောစရာမဟုတ်လောက်ပေမယ့် နှစ်ထပ်/ကေျာ်တဲ့အဆောက်ဦးများ တသက်လုံးနေဖို့အိမ်တလုံးတွက် အိမ်တလုံးစာလုံးကုန်ကျမှုရဲ့မပြောပလောက်တဲ့% မနှမြောကြပါနဲ့
အင်ယာရဲ့ ဒီဇိုင်းဝန်ခံအားတွက်ချက်ထားတဲ့ ဆေ့ယူပါ
ဘယ်လောက်တော်ပါတဲ့ဆိုတဲ့လူနဲ့ပဲဆောက်ပါစေ
အလိုအပိုဆိုတာရှိမှာပါ အဆောက်ဦးရဲ့သဘောတရားက လိုလဲမကောင်းသလို ပို့လို့လဲ
မကောင်းတာမို့ တွက်ချက်ထားတာလောက် မတိကျနိုင် စိတ်မသန့်နိုင်ပါဘူးလို့ အကြံပြုပါရစေ
Hello. မဂ်လာပါ အိမ်တလုံးဆောက်တော့မယ်လို့ ရည်းမှန်းထားသော လူကြီးမင်းများခဗျာ
ကျနော်များ ဖြူစင်စေတနာ ဆောက်လုပ်ရေးအဖွဲ့ကို တချက်လေ့လာကြည့်ပေး စောင့်ကြည့်ပေးပါခဗျာ
လူကြီးမင်းများရဲ့ အိမ်မက်စိတ်ကူး ပန်းချီလေးတွက်
ဝန်ဆောင်မှုပေးပါရစေ
လူကြီးမင်းများသိလိုသမျှ မေးလိုသမျှကိုလဲ
မေးမြန်းစုံစမ်းနိုင်ပါတယ်
Like &Share လုပ်ထားခြင်းဖြင့် ကျနော်တိုပေးနိုင်သောဝန်ဆောင်မှုများနှင့် အဆောက်ဦးနှင့်ပတ်သက်သမျှ ဗဟုသုတများ အခါအားလျော်တင်ပေးထားမှာဖြစ်ပါတယ်
လက်ခသီးသန့်သာ ဆောက်လုပ်ပေးမှာ ဖြစ်ပီး
ဘာကြောင့်လက်ခစားသီးသန့်ပဲ လုပ်ရသလဲ
အခြား အခြားသော အကြောင်းရာများအပါ
စာစု အမှတ်စဥ်အတိုင်း ဝင်ရောက်လေ့လာပေးပါခဗျာ
အိမ်ဆောက်လိုသူ ထမင်းရှင်များ ကိုရောစိတ်ပါ
ထာဝရ အေးချမ်းကြပါစေ ကျေးဇူးတင်ပါတယ်
(1)
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
....
Bld (112), Room 28/29, 3rd Floor, Above Mayangone YOMA Bank, Near 8th Mile Junction, Pyay Road, Mayangone Township
Yangon
Horizonal Directional Drilling and Pipe Laying Service
No. 175, Sebal Street, Bo Gyoke Aung San Main Road
Yangon, 11411
Generator Sale & Service
No. 490, DammarYone Street , 47 Block, North Dagon
Yangon, 11051
Interested in the field (C++ Python VHDL/Verilog FPGA RaspberryPi Arduino DSP ML AI DeepLearning and Embedded Systems)
Yangon, 11121
MSWE Provides process plant construction,maintenance & inspection of equipment,piping and welding.
No. 70/Ohe Bo Street, Ohe Bo Qr, Kyimyintine
Yangon, 11101
serviceကောင်းကောင်း တာဝန်ယူမှူ့အပြ?
No(19), U Pho Hlaing Street , Shwe Pyi Thar Industrial Zone(3)
Yangon, 09972236235
Geotextile ကို 100% Polyester သုံးထားပြီး Korea ကုန်ကြမ်
10(A)
Yangon, 11441
အိမ်တွင်း လျှပ်စစ်ပစ္စည်းအမျိုးမျိုးကို စျေးနှုန်းချိုသာစွာ ပြုပြင်/တပ်ဆင်ပေးပါသည်။
No. 55, Eaingyi Street, Pazundaung Township
Yangon
Reliable EPC Contractor ဘေးအန္တရာယ်ကင်းပြီးcustomerစိတ