Homey Land

Homey Land

Educational & Recreational Learning Center
Kids & Young Learners

09/12/2023

ကျန်းမာသန်စွမ်းပြီး ထက်မြက်ထူးချွန်တဲ့ကလေးလေးတွေဖြစ်ဖို့က ပညာတစ်ခုတည်းထူးချွန်နေလို့မရပါဘူး။ ခန္ဓာကိုယ်ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားမှုကိုလည်းမမေ့ထားမှနော်။ ✨

အိမ်မှာ ကိုယ်လက်လှုပ်ရှားပေးကစားဖို့လည်းမမေ့ပါနဲ့နော်။ လမ်းလျှောက်တာ ၊ ပြေးတာ ၊ ကခုန်တာ ဒါကတော့ကလေးတွေအတွက်အရိုးရှင်းဆုံး အားကစားတွေပါပဲ။ 🤸🏻‍♀️

ဒါပေမဲ့ နည်းနည်းလေးဆန်းသစ်ချင်ပါတယ်ဆိုတဲ့ မေမေတွေအတွက် Homey Land 🏡 ကလွယ်ကူရိုးရှင်းတဲ့ ယောဂနည်းလေးမျှဝေလိုက်ရပါတယ်။ "ဆရာ မပြနည်းမကျ" ဆိုတဲ့အတိုင်း တကယ်သေချာထိမိတဲ့ ယောဂနည်းလမ်းတွေကို သင်တန်းတက်ပြီးလေ့လာနိုင်ပါတယ်။ ဒါပေမဲ့ သင်တန်းတက်ဖို့ငယ်လွန်းသေးလို့ဖြစ်စေ၊အကြောင်းအမျိုးမျိုးကြောင့် သင်တန်းမတက်ဖြစ်သေးတဲ့ ဘေဘီလေးတွေအတွက် ဒီလိုရိုးရှင်းတဲ့နည်းလမ်းလေးတွေမျှဝေလိုက်ပါတယ်။

Yoga လုပ်ခြင်းက လူကြီးတွေအတွက်ပဲမဟုတ်ဘဲ ကလေးလေးတွေအတွက်လည်းအများကြီးအကျိုးရှိပါတယ်။
🔹ကလေးအရွယ်မို့ anxiety တွေ၊ stress တွေမရှိဘူးမထင်ပါနဲ့။ အရွယ်နဲ့အမျှ အနည်းအများသော stress ကို ယောဂနည်းကလျော့ချပေးပါတယ်။

🔹 stress နည်းတာနဲ့အမျှ အာရုံစူးစိုက်မှုပိုအားကောင်းလာပြီး ပညာရေးရလဒ်တွေလည်းပိုကောင်းလာမှာပါ။

မေမေတို့အနေနဲ့ ကလေးလေးတွေ exercise or yoga လုပ်ပြီးတိုင်း
ရေများများသောက်ခိုင်းဖို့၊
အာဟာရပြည့်ပြည့်ဝဝပြန်ဖြည့်တင်းပေးဖို့ ၊
ချွေးစိုနေရင်လည်း သန့်ရှင်းရေးလုပ်ပေးဖို့မမေ့ပါနဲ့နော်။
အကျွေးသင့်ဆုံးအစားအစာတွေက ဒိန်ချဉ်၊သစ်သီး ၊ ငှက်ပျောသီးတို့ပါ။

Yoga ကိုတော့ကလေးတွေအနေနဲ့တစ်နေ့ကို မိနစ် ၂၀-၃၀ လောက်ထိသာလုပ်သင့်ပါတယ်။ ဒါလေးတော့သတိပြုပေးပါနော်။

သီချင်းလေးဖွင့်ပြီး ယောဂအတူဆော့ရင်း ကလေးတွေနဲ့မိဘကြားက ချစ်ခြင်းမေတ္တာနဲ့ဆက်ဆံရေးကို ပိုခိုင်မြဲ‌
ပိုအားကောင်းအောင်လုပ်နိုင်ကြပါစေလို့ Homey Land မိသားစုကဆုတောင်းပေးလိုက်ပါတယ်ရှင်။🏡✨

07/12/2023

ကလေးတွေကိုအချိန်ဘယ်လိုပေးသင့်လဲ❔

ကလေး‌တွေကစက်ရုပ်တွေမဟုတ်ပါဘူး။ ခံစားချက်နဲ့လူသား‌တွေမို့ မိဘတွေဆီကနေ mental support အရမ်းလိုအပ်ပါတယ်။ဒီအတွက် ဘယ်လိုအချိန်ပေးသင့်လဲဆိုတာကို တွေ့ရှိချက်တွေအရဖော်ပြသွားပေးပါမယ်။ ✨

အဆုံးထိသေချာဖတ်ပေးပါနော်။

(၁)ကလေးတယောက်မိဘစီကနေ နေ့စဉ် ခန္ဓာကိုယ်အထိအတွေ့အနည်းဆုံး (၈)ကြိမ်လိုပါတယ်။ ပြွေဖက်တာ ၊ နမ်းတာ ၊ ချီတာ ၊ခေါင်းကလေးပွတ်သပ်ပေးတာ ဒါမျိုးတွေကိုလုပ်ပေးပါနော်။

(၂) eye-to-eye conversation လေးလေးနက်နက်မေတ္တာတရားတွေနဲ့မျှဝေစကားပြောတာမျိုးကို တနေ့ အနည်းဆုံးတကြိမ်လောက်ပြောပေးပါ။ ဒါကသားသမီးနဲ့အုပ်ထိန်းသူမိဘကြား connection ကိုလည်းပိုကောင်းစေပါတယ်။

(၃) နောက်တစ်ခုကတော့ 3-3-3 method ပါ။
ပထမ 3 ကတော့ အိပ်ရာနိုးနိုးခြင်း 3 mins ခန့်အတူအချိန်ကုန်ပေးပါ။
နောက်တစ်ခုကတော့ ကျောင်းကပြန်ရောက်လာရင် 3 mins လောက်အတူဖြတ်သန်းပါ။
နောက်ဆုံး 3 ကတော့ အိပ်ရာမဝင်ခင်တိုင်း အချိန် 3 mins အနည်းဆုံးအတူရှိနေပေးပါ။

သားသမီးတွေက မိဘတွေရဲ့ရတနာမို့ အချိန်တိုင်းအတူရှိနေချင်ပေမယ့် အလုပ်လည်းလုပ်ရတဲ့အခါ အချိန်ဘယ်လိုပေးရမလဲဆိုတာက အခက်အခဲတွေးတောစရာတစ်ခုဖြစ်နေတယ်ဆိုရင် ဒါလေးကအကူအညီဖြစ်မယ်လို့မျှော်လင့်ပါတယ် ။

ဒီနေ့ကတော့ဒီလောက်ပါပဲနော်။
ဒီလိုအကျိုးရှိတဲ့စာလေးတွေဖတ်ဖို့ Homey Land 🏡ကို Like and follow ထားဖို့လည်းမမေ့နဲ့နော်။

27/11/2023

🎆🎆🎆တန်ဆောင်မုန်းလပြည့်နေ့(တန်ဆောင်တိုင်ပွဲတော်) လေးမှာ ပျော်ရွှင်စရာအချိန်လေးကို ဘယ်လိုဖြတ်သန်းခဲ့ကြလဲသားသားမီးမီးတို့ရေ။
ဖေဖေမေမေတို့နဲ့အတူ ကထိန်ပွဲတော်၊ ပန့်သကူ အလှူပွဲတော်၊ နိဗာန်စျေးပွဲတော်တွေ လျှောက်လည်ကြပြီးပြီလား။

🌟🌟🌟ဒီနေ့ တန်ဆောင်မုန်းလပြည့်ညလေးမှာ မေမေတို့ ဒေါ်ဒေါ်တို့သုပ်ကျွေးမယ့် ဆေးပေါင်းခတဲ့ မယ်ဇလီဖူးသုပ်စားကြမယ့် ခေးတွေရှိကြလားရှင့်။

💁အားလုံးရဲ့ ပျော်ရွှင်ဖွယ်အချိန်အခါလေးအပြီးမှာတော့ Homey Land ရဲ့ တန်ဆောင်မုန်းလပြည့် ပညာဒါနအတန်းလေးအကြောင်း မိတ်ဆက်ပေးပါရစေရှင့်။

📣📣📣 ကလေးတို့တွေအတွက် English Foundation အခြေခံပိုင်နိုင်စေဖို့အတွက် Grammar Friend Series လေးထဲမှ No.1 စာအုပ်လေးနဲ့အတူလေ့လာသင်ယူနိုင်ဖို့ Tr.Tresa က ကြိုးစားပြင်ဆင်ထားပါတယ်ရှင့်။

သြော် ဒါနဲ့ ချစ်ခင်ရတဲ့သူငယ်ချင်းတွေနဲ့အတူတူ ပျော်ပျော်ရွှင်ရွှင်လေ့လာရအောင် သတင်းကောင်းပါးဖို့ မမေ့ပါနဲ့နော်။သင်တန်းကြေးလည်း ပေးစရာမလိုတဲ့ တန်ဆောင်တိုင် ပညာဒါနလက်ဆောင်လေးမို့ စဥ်းစားနေစရာမလိုတော့ဘူးပေါ့နော်။

ကဲ အခုချက်ချင်းလက်မနှေးဘဲ Free Online Classes လေးတွေကို Page Messenger မှာ စာရင်းပေးလိုက်ကြရအောင်။

Timetable
Class
Saturday & Sunday (2-3:30 Pm)
2.12.2023 to 30.12.2023
Duration - 5 weeks
Age - 7 years and above
Virtual Classroom - Zoom
Meeting ID: 898 1192 40484048
Passcode: Gr12345

သားသားမီးမီးတို့ရဲ့ သင်ယူလေ့လာမှု အမှန်တကယ် ထိရောက်မှုရှိရန်အတွက် အတန်းတစ်တန်းလျှင် အများဆုံး 10 ယောက်သာ လက်ခံသင်ကြားပေးမှာ ဖြစ်ပါတယ်ရှင့်။

English with Tr. Tresa
smarter & happier with Homey Land

27/11/2023

သားသားမီးမီးတို့က ဘာတွေလိုချင်သလဲဆိုတာသိပါသလား။ 💁🏻‍♀️

မေမေဖေဖေတို့ရေ တကယ်တော့ ဘေဘီလေးတွေမိဘဆီကနေလိုချင်လိုအပ်တဲ့အရာတွေကဘာတွေလဲဆိုတာကို မိဘတွေဖြည့်ဆည်းနိုင်အောင်ပြောပြမယ်နော်။

(၁) action : ကလေးတွေက ကိုယ့်အပြောထက် ကိုယ့်အလုပ်လုပ်ပုံကိုကြည့်ပြီးသင်ယူနေတာပါ။ ဒါကြောင့် ကိုယ့်သားသမီးကိုဖြစ်စေချင်တဲ့ပုံစံအတိုင်း နေထိုင်သင့်ပါတယ်နော်။ ဉပမာ စိတ်ရှည်တဲ့ (စိတ်တိုမလွယ်တဲ့)သားသမီးဖြစ်စေချင်ရင် ကိုယ်ကိုယ်တိုင်စိတ်ရှည်ရမှာပါ။ ပြီးရင် သားသမီးကို စာအုပ်စာပေဖတ်စေချင်ရင်ကိုယ်ကအရင်ဖတ်ပြရပါမယ်။ ဒါ့အပြင် အပြော၊အဆို၊အနေအထိုင်၊အလေ့အကျင့်အားလုံးကို ကလေးတွေက မိဘတွေဆီကနေသင်ယူနေတယ်ဆိုတာကိုသတိထားပါနော်။

(၂) အထိအတွေ့ နှင့်ချစ်ခြင်း : ကလေးတွေကို အချစ်ကိုထုတ်ပြတာက မှားတဲ့အချက်မဟုတ်ပါဘူးနော်။ ကျွန်မတို့ထုတ်ကိုထုတ်ပြရပါတယ်။ သူတို့ကမိဘတွေဆီကနေ ချစ်ကြောင်းထုတ်ပြောတဲ့စကားလုံးတွေ၊ အနမ်းတွေ၊ပွေ့ဖက်မှုတွေကိုလိုချင်ကြသူတွေပါ။

(၃)စိတ်ရှည်မှု : ဘေဘီလေးတွေကမိဘတွေဆီကနေ စိတ်ရှည်မှုကိုလိုချင်ကြပါတယ်။ သူတို့ရဲ့ဦးနှောက်က developing ဖွံ့ဖြိုးဆဲဖြစ်နေတာကြောင့် slow learning ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့်တစ်ခုခုနားမလည်တဲ့အခါဖြစ်စေ စိတ်ရှည်ပေးပါ၊ရှင်းပြပေးပါ၊ကြင်နာပေးပါ။

(၄)ချီးကျူးမှု : မြန်မာနိုင်ငံကမိဘဆရာအတော်များများက ကလေးတွေကချီးကျူးဖို့ဝန်လေးကြပါတယ်။ငါချီးကျူးလိုက်ရင် မာန်တက်သွားမလားဘာမလားဆိုပြီးတွေးကြတယ်။ တကယ်တော့လုံးဝမဟုတ်ပါဘူးနော်။ကလေးတွေရဲ့ confidence ကိုလည်းမြင့်တင်ရာရောက်တာမို့ချီးကျူး‌စရာရှိရင်ချီးကျူးပေးပါ။

(၅) ယုံကြည်မှု( decision ပေးချခြင်း) : ကလေးတွေကို သူတို့ကိုယ်တိုင်ဆုံးဖြတ်ပေးချပါ။ဘေးကနေ ဒါကဒီလိုရှိတယ်၊ဟိုဒါကတော့ဒီလိုဖြစ်နိုင်တယ်ဆိုပြီးသာပြောပြပေးပါ။ ဆုံးဖြတ်ချက်ကိုသူတို့ကိုယ်တိုင်ပေးချပါ။ မှားသည်ဖြစ်စေ၊မှန်သည်ဖြစ်စေ သင်ခန်းစာယူတတ်သင်ယူတတ်အောင်သာပျိုးထောင်ပေးပါ။

(၆) လက်ခံပေးပါ : ဒါကဘာကိုဆိုလိုလဲဆိုတော့ သူတို့ရဲ့ဖြစ်တည်မှုကိုလက်ခံပေးဖို့ပါ။ကလေးတိုင်းမှာအားသာချက် ၊အားနည်းချက်ဆိုတာရှိပါတယ်။ဘယ်တာကအားသာချက်၊အားနည်းချက်ဆိုတာကိုကိုယ်တိုင်သိအောင်လည်းကူရှာရပါမယ်။အဓိကပြောပြချင်တာက တချို့ကလေးတွေက slow learner ပုံစံမျိုးရှိပါတယ်။ဒီလိုခါပြစ်ပြင်ပြောဆိုခြင်းမရှိဘဲ ကူညီအားပေးခြင်းပဲလုပ်ပါမယ်။

(၇)နားထောင်ပေးပါ : တချို့ကလေးတွေက မိဘတွေကိုပြောပြချင်တာအများကြီးရှိတတ်ပါတယ်။ဒီအတွက်အချိန်ပေးပြီး နားထောင်မျှဝေခံစားအကြံပေးတတ်တဲ့မိဘဖြစ်ပါစေ။

သားသားမီးမီးတွေကိုတကယ်ချစ်ရင် သားသားမီးမီးတွေတကယ်လိုချင်တဲ့ဒါတွေကိုဖြည့်ဆည်းပေးဖို့မမေ့ပါနဲ့နော်။

19/11/2023

စိတ်တိုနေရင် ပြဿနာဖြေရှင်းနိုင်ပါ့မလားသားသားမီးမီးတို့ရေ။ 💢

ကလေးတွေဆိုတာလည်းလူသားထဲကလူသားတွေပဲမို့ သူတို့မှာစိတ်တိုတာ၊ဝမ်းနည်းတာ၊‌ဝမ်းသာတာ၊ပျော်ရွှင်တာ အစရှိတဲ့ခံစားချက်များစွာကိုခံစားရနိုင်ပါတယ်။ ကလေးတစ်ယောက်က ကိစ္စတစ်ခုခုကြောင့်စိတ်တိုရတဲ့အခါ ပြဿနာကိုဒေါသရှေ့ထားလက်လွှတ်စလွယ်ဖြေရှင်းတတ်တဲ့ကလေးတစ်ယောက်မဖြစ်စေဖို့ အရေးကြီးလှပါတယ်။

အဲ့လိုမဖြစ်အောင်လည်းလမ်းပြရမယ့်သူတွေက ဖေဖေမေမေနဲ့ကျွန်မတို့ဆရာမတွေပါပဲ။🏡

ဒီနေ့မှာတော့ဖေဖေမေမေတို့က ကိုယ့်ရဲ့သားသားမီးမီးတွေကိုစိတ်တိုနေတဲ့အခါ ပြဿနာကိုမဖြေရှင်းခင် ဒါတွေကိုအရင်လုပ်ဖို့သင်ပေးပြောပြပေးနော်။ 🙆🏻‍♀️

🔰 ၁မှ ၅ထိ ဖြည်းဖြည်းရေပါ။
ဒါက react မလုပ်ခင် စဉ်းစားဖို့အချိန်ရသွားဖို့ဖြစ်ပါတယ်။

🔰ပြီးရင်အသက်တစ်ဝရှူသွင်းပါ။ လက်ကိုပါးစပ်ရှေ့ထားပြီးရှူထုတ်တဲ့လေတွေပြန်မှုတ်ထုတ်တာက deep breath 🫁ရဖို့အကူအညီဖြစ်ပါလိမ့်မယ်။
ဒီလိုလုပ်ခြင်း clam down ဖြစ်သွားဖို့ လူကြီးအတွက်ရော ကလေးအတွက်ရောအကောင်းဆုံးပါ။

🔰ခန္ဓာကိုယ်မှာတောင့်တောင့်တင်းတင်းကြီးဖြစ်နေရင် စိတ်ကိုလျှော့ချပါ။

ဒေါသရှေ့ထားပြီးဘယ်ပြဿနာမှဖြေရှင်းတာကမကောင်းပါဘူး။

ဒီထက်ပိုအရေးကြီးတာကတော့ ကလေးတွေကို ဒေါသထွက်စေလောက်တဲ့ထိ စနောက်တာမျိုးကိုရှောင်ရှားပေးပါ။ ကလေးတွေရဲ့စိတ်ကအရမ်းနုနယ်တာမို့ ဒေါသထွက်လွယ်ရာကနေ ပတ်ဝန်းကျင်ကို Negative ဘက်ကပဲမြင်တတ်တဲ့ကလေးမဖြစ်လာအောင်လို့ပါ။

ဖေဖေမေမေတို့ သားသားမီးမီးတွေကိုမဖြစ်မနေသင်ပေးပါနော်။

18/11/2023

ဖေဖေမေမေတို့အားလုံးမင်္ဂလာပါ။ 🏡

ဒီနေ့မှာတော့ သားသားမီးမီးလေးတွေကိုအသက်အရွယ်အလိုက် ဘယ်လို Life Skill တွေကိုသင်ပေးထားသင့်လဲဆိုတာကို ပြောပြပေးသွားပါမယ်။

သားသမီးတိုင်းကိုချစ်မြတ်နိုးကြပေမယ့် အရာရာတိုင်းမှာတော့ခြေမွေးမီးမလောင်လက်မွေးမီးမလောင်ထားလို့မရဘူးဆိုတာကိုသိမယ်ထင်ပါတယ်။အသက်အရွယ်အလိုက်လုပ်သင့်လုပ်ထိုက်တာကိုမဖြစ်မနေသင်ပေးလုပ်ပေးရမှာပါ။

🔰အသက် ၂နှစ် - ၄နှစ် ဒီအသက်အရွယ်မှာတော့
- ကစားပြီးတဲ့အရုပ်ကိုစည်းစနစ်တကျပြန်သိမ်းတတ်အောင်လေ့ကျင့်ပေးပါ။
- တကိုယ်ရည်သန့်ရှင်းရေးကိုကောင်းကောင်းမွန်မွန်လုပ်တတ်အောင်သင်ပေးပါ။
- အင်္ကျီ အဝတ်အစားတွေကိုဝတ်တဲ့အခါလည်းဘေးကနေအနည်းသာမျှသာကူညီပေးပါ။
- အင်္ကျီချွတ်ပြီးရင်လည်းပစ်ချထားတာမျိုးမဟုတ်ဘဲ ထားရမယ့်နေရာမှာပေးထားပါ။
ဒီလိုကိုယ့်တာဝန်ကို ကိုယ်တိုင်ယူတတ်တဲ့သားသားမီးမီးလေး လေ့ကျင့်‌ပျိုးထောင်နိုင်ပါတယ်။

🔰အသက်၄နှစ်-၅နှစ်အရွယ်မှာတော့
- ဖုန်းနံပါတ်၊အိမ်လိပ်စာ၊မိဘအမည်၊အလုပ်အကိုင် စတာတွေကိုလည်လည်ဝယ်ဝယ်ပြောတတ်အောင်၊သိအောင်လုပ်ပေးပါနော်။
- လမ်းမှာဖြစ်စေ၊တစ်နေရာရာမှာတစ်ခုခုဖြစ်ရင်ဘယ်လိုအကူအညီတောင်းပြီး ဖုန်းဆက်ရမလဲသိပါစေ။
- လိုရှင်း (သနပ်ခါး ) စတာတွေကို ကိုယ်တိုင်လိမ်းတတ်ပြီး ဆံပင်ကိုလည်းကိုယ်တိုင်သပ်သပ်ရပ်ရပ်လုပ်တတ်အောင်လမ်းပြပါ။ လိုအပ်ရင်အနည်းငယ်ကူညီပါ။
- ဝတ်မယ့်အဝတ်အစားကိုကိုယ်တိုင်ပေးရွေးချယ်ပြီးဝတ်ဆင်ပါစေ။

🔰အသက် ၆နှစ်-၇နှစ်အရွယ် မှာဘာတွေသင်ပေးရမလဲဆိုရင်
- ဇွန်း၊ခရင်း၊တူ စတာတွေကိုကျွမ်းကျွမ်းကျင်ကျင်ကိုင်တတ်စားတတ်အောင်သင်ပေးပါ။
- ဟင်းရွက်ခြွေတာအစရှိတဲ့ ဟင်းချက်ရာမှာအခြေခံကျရာလေးတွေကိုအကူညီတောင်းပါ။
- ကိုယ်တိုင်ရေချိုးသန့်စင်တတ်အောင်လမ်းပြပါ။
- ဝါသနာပါရာတစ်ခုခုကိုရှာဖွေတွေ့ရှိအောင်ကူညီပါ။

🔰အသက် ၈နှစ်-၉နှစ်အရွယ်မှာဆိုရင်
- တကိုယ်ရည်သန့်ရှင်းရေးကိစ္စအဝဝကိုအကူအညီမလိုဘဲကိုယ်တိုင်လုပ်တတ်အောင်သင်ပေးပါ။
- အပင်ရေလောင်း၊မြတ်နှုတ်ပေါင်းသင်တဲ့နေရာမှာအကူအညီတောင်းပါ။
- လမ်းနာမည်၊ဆိုင်နာမည်၊ဆေးအညွှန်းစတာတွေကိုကြုံရင်ဖတ်တတ်မှတ်တတ်အောင်လမ်းပြပါ။
- shopping list ကိုကူစဉ်းစားခိုင်းပါ။ အိမ်မှာဘာကကုန်နေပြီ၊ဘာဝယ်ရမလဲဆိုတာမျိုးပေါ့။
- အဝတ်ခေါက်ခိုင်းပါ။
- ဖုန်းကိုယဉ်ယဉ်ကျေးကျေးဖြေတတ်အောင်သင်ပေးပါ။

🔰အသက် ၁၀နှစ်-၁၂နှစ် ဒီအရွယ်မှာ
- အိမ်မှာတစ်ယောက်တည်းနေတတ်အောင်
- စတိုးဆိုင်မှာဈေးဝယ်တတ်အောင်
- price/ kg / amount ကိုကြည့်ပြီးဘယ်အရာကပိုတန်လဲဆိုတာတွက်ချက်တတ်အောင်
- အိမ်သန့်ရှင်းရေးကူတတ်အောင်
စတာတွေကိုသင်‌ပေးရပါမယ်။

ဒါတွေကိုလေ့ကျင့်ပျိုးထောင်ထားပေးဖိူ့မမေ့နဲ့နော်မေမေတို့ရေ။ ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ ဘဝမှာနေထိုင်ဖြတ်သန်းသွားဖို့ဒါတွေကနေတဆင့်သင်ယူလေ့လာရမှာပါ။

ဒီနေ့ကတော့ ဒီလောက်ပါပဲ ရှင်။
ဒီထက်ပိုပြီးကောင်းမွန်ပြည့်စုံတဲ့သားသမီးရတနာလေးတွေကိုပျိုးထောင်နိုင်ဖို့ Homey Land 🏡 ကို Like and Follow လုပ်ထားလိုက်ပါ။

07/11/2023

မိဘတိုင်းဖတ်သင့်သော 🤍🏡

ဒီနေ့မှာတော့ ထူးချွန်ထက်မြက်ပြီး ပတ်ဝန်းကျင်ကိုအကျိုးပြုသော သားသားမီးမီးလေးတွေကိုဘယ်လိုပျိုးထောင်ရမလဲဆိုတာကိုပြောပြပေးသွားမယ်နော်။

အပြိုင်အဆိုင်သိပ်များတဲ့ဒီနေ့ခေတ်မှာမိဘတွေ သားသမီးတွေရဲ့ Hard skill ပိုင်းကိုအတော်အားစိုက်ပြီးဖြည့်ပေးလာကြတာကိုတွေ့ရတာဝမ်းသာစရာပါပဲ။ ဒါပေမဲ့ ၂၁ရာစုမှာ မေ့ထားလို့မရတာလည်း soft skill ဆိုတာကို သတိပြုမိဟန်မပေါ်ကြပါဘူး။

ဒါကြောင့် ဒီနေ့မှာ ဘယ်လို soft skill တွေ သားသားမီးမီးတွေကိုဖြည့်စွက်ပေးရမလဲဆိုတာကို ဒီဆောင်းပါးလေးမှာဖော်ပြပေးသွားမှာမို့ အဆုံးထိဖတ်ပါနော်။

1.Problem solving
သူရဲ့ ပြဿနာအချို့ကိုသူကိုယ်တိုင်ဖြေရှင်းတတ်ပါစေ။
ဉပမာ - ကစားစရာလေးတစ်ခုခုဖြစ်တာကအစ သင်္ချာပုစ္ဆာတွေဖြေရှင်းတဲ့အထိ ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားလဲဆိုတာစောင့်ကြည့်ပါနော်။ ဒါကသင့်ကလေးရဲ့ စိတ်ရှည်မှုစွမ်းရည်ကိုလည်းတက်စေပါတယ်။

2.Creativity
ဒါကတော့ သူ့ကို DIY ကလေးတွေလုပ်ခိုင်းတာ ၊ handmade လေးတွေတီထွင်ဖန်တီးရင်းပျိုးထောင်ပေးလို့ရပါတယ်နော်။ Homey Land ကလည်းကလေးတွေအတွက် Handmade creation လေးတွေကို upload ပေးသွားမယ်နော်။

3.Leadership & Teamwork
ဒါက ကလေးရဲ့ social skill , communication skill ကိုမြှင့်တင်ပေးတာမို့ အရမ်းအရေးကြီးပါတယ်။ ဒါကိုတော့ ဆရာ/မတွေက အဓိကလေ့ကျင့်ပေးရမှာပါ။ ဒါပေမဲ့ မေမေတို့အနေနဲ့ သားသားမီးမီးတို့ကိုအိမ်ရောက်ရင် ကျောင်းက activities တွေမှာဘယ်လိုပါဝင်ခဲ့လဲပြန်မေးပြီးလိုအပ်ချက်လေးတွေဖြည့်ပေးပါနော်။

4.Time management
ငယ်ငယ်တည်းက လေ့ကျင့်ပျိုးထောင်ပေးသင့်တဲ့ skill တစ်ခုပါ။ သူရဲ့ routine ၊သူရဲ့ To do list ကို သူကိုယ်တိုင် balance ဖြစ်ခိုင်းလုပ်ခိုင်းပြီး ဘေးကနေလမ်းပြပေးပါနော်။

5.Adaptability
ဘယ်လိုပတ်ဝန်းကျင်အခြေအနေမျိုးမှာမဆိုနေတတ်ထိုင်တတ်အောင်သေချာသွန်သင်ထားပါနော်။ ဒါရှိမှ ဟိုဒါရှိမှ ဆိုတာထက် ရှိတဲ့အရာနဲ့ဘယ်လို ပြေပြေလည်လည်ဖြေရှင်းနေထိုင် ပေါင်းသင်းမလဲဆိုတာ အရမ်းအရေးကြီးပါတယ်နော်။

6.Decision-making
ပြဿနာတစ်ရပ်၊ကိစ္စတစ်ခုအတွက် Decision ကိုကိုယ်တိုင်ချခိုင်းပါ။ မိဘတွေက ဘေးကနေ ပြောပြတာလေးပဲလုပ်နော်။ အရာရာတိုင်းကိုဝင်မဆုံးဖြတ်ပေးပါနဲ့။ ပြီးတော့ အဲ့ဆုံးဖြတ်ချက်ကရလာတဲ့ results , responsibility ကိုလည်းဆိုးသည်ဖြစ်စေ၊ကောင်းသည်ဖြစ်စေခံယူတတ်အောင်သင်ပြပါနော်။

ဒီလောက်ဆိုရင် ကိုယ့်ရင်သွေးငယ်ကိုဘယ်လို mindset မျိုးရှိအောင်ပျိုးထောင်လမ်းပြရမလဲဆိုတာ အကြမ်းဖျဉ်း idea တော့ရပြီထင်ပါတယ်။ဒီတစ်ခုချင်းစီအတွက်အသေးစိတ်ကိုလည်းဆက်ရေးပေးသွားမှာမို့ Page ကို like and follow လုပ်ထားပါနော် မေမေတို့ရေ။ 🫶🏻

Homey Land 🏡 က ဘေဘီတွေကို soft skill ရော hard skill ပါအပြည့်အဝဖြည့်ပေးမှာမို့ ယုံယုံကြည်ကြည်လေး လှမ်းလာလိုက်ပါတော့နော်။🙆🏻‍♀️

Free class :https://m.facebook.com/story.php?story_fbid=231772919917974&id=100092558010786&mibextid=Nif5oz

01/11/2023

သားသားမီးမီးတို့ရေ သီတင်းကျွတ်ကျောင်းပိတ်ရက်လေးကို ဘယ်လိုဖြတ်သန်းခဲ့ကြလဲရှင့်။ ဖေဖေမေမေ ဘိုးဘိုးဘွားဘွား ဦးဦးဒေါ်ဒေါ် ဆရာ၊ဆရာမတွေကို ကန်တော့ပြီးမုန့်ဖိုးတွေ ရပြီးကြပြီလားရှင့်။

Homey Land ရဲ့ Free Online Classes လေးတွေကိုရော လွမ်းနေကြပြီလား ခေးတို့ရေ။

Homey Land (E & R center) ရဲ့ ပင်တိုင်ဆရာမတစ်ဦးဖြစ်တဲ့ Tr.Tresa ရဲ့ ကျန်းမာရေးအတွက် အနားယူဖို့ လိုအပ်နေတာကြောင့် Young Learners' Online Classes အားလုံးကို အတန်းသစ်တွေ ဆက်မဖွင့်ဖြစ်သေးတာပါ။အဲ့ဒါကြောင့် ခေးတို့အားလုံးကိုအရမ်းသတိရနေပါပြီရှင့်။

အခုအခါမှာတော့ Tr.Tresa ရဲ့ ပိုမိုကောင်းမွန်တဲ့ ပြင်ဆင်မှုတွေနဲ့အတူ သားသားမီးမီးတို့အတွက် Young Learners' English Online Classes လေးတွေ ပြန်လာပါပြီနော်။

သြော် ဒါနဲ့ ချစ်ခင်ရတဲ့သူငယ်ချင်းတွေနဲ့အတူတူ ပျော်ပျော်ရွှင်ရွှင်လေ့လာရအောင် သတင်းကောင်းပါးဖို့ မမေ့ပါနဲ့နော်။သင်တန်းကြေးလည်း ပေးစရာမလိုတဲ့ သီတင်းကျွတ်-တန်ဆောင်တိုင် ပညာဒါနလက်ဆောင်လေးမို့ စဥ်းစားနေစရာမလိုတော့ဘူးပေါ့နော်။

ကဲ အခုချက်ချင်းလက်မနှေးဘဲ Free Online Classes လေးတွေကို Page Messenger မှာ စာရင်းပေးလိုက်ကြရအောင်။

Timetable
English 4 Skills Online Class
Saturday & Sunday (8-9:30 Am)
4.11.2023 to 26.11.2023
Duration - 4 weeks
Age - 10 years and above

သားသားမီးမီးတို့ရဲ့ သင်ယူလေ့လာမှု အမှန်တကယ် ထိရောက်မှုရှိရန်အတွက် အတန်းတစ်တန်းလျှင် အများဆုံး 10 ယောက်သာ လက်ခံသင်ကြားပေးမှာ ဖြစ်ပါတယ်ရှင့်။

English with Tr. Tresa
smarter & happier with Homey Land

29/06/2023

ခေးတို့ရေ Good Morning 🌞🌞🌞

🔔🔔🔔စောစောအိပ်လို့ စောစောထလို့
Morning Exercise လေ့ကျင့်ခန်းလုပ်ပြီး
Read & Learn စာဖတ်ကြပါစို့။

သားသားမီးမီးတို့ရေ ရှေ့အပတ်ကမိတ်ဆက်ပေးခဲ့တဲ့
Cambridge Primary Reading
Anthologies 1 စာအုပ်လေးနဲ့ သီချင်းလေးတွေ
Morning Exercise ကို Tr. Tresa နဲ့အတူ
Zumba ကကြတာ ပျော်ရဲ့လားရှင့်။

နံနက်အိပ်ရာစောစောထတတ်တဲ့ ကလေးတို့ရေ
ဒီအပါတ်မှာလည်း နောက်ထပ်ပျော်စရာကောင်းတဲ့
အစီအစဥ်လေးတွေနဲ့ ပြန်လည်ဆုံတွေ့ကြပါစို့။

🌟🌟🌟 One Plus One Program လေးအကြောင်း မိတ်ဆက်ပေးပါရစေရှင့်။ ဒီအစဥ်လေးကတော့ တစ်လ Register သွင်းတိုင်း တစ်လ Free အတန်းတက်ခွင့်ရမှာပါ။ ဒါမှမဟုတ်
သူငယ်ချင်းတစ်ယောက်ယောက်နဲ့ အတူတူ တက်မယ်ဆိုရင်လည်း တစ်ယောက်စာပဲ Register သွင်းစရာလိုမှာပါ။

📌📌📌 သင်တန်းကြေးက စျေးကြီးလား ???
❎❎❎ Exactly Not! လုံးဝစျေးမကြီးပါဘူးရှင်။
တစ်လလျှင် တစ်သောင်းကျပ်သာ ကျသင့်မှာပါ။
အခု One Plus One Program နဲ့သာဆို
🚩🚩🚩 50% ထပ်ပြီး သက်သာဦးမှာဆိုတော့
မေမေတို့ရေ လက်မနှေးဘဲ Homey Land ရဲ့
Page Messenger မှာ အမြန်ဆုံး စာရင်းသွင်း
လိုက်တော့နော်။

P.S. မှာ တစ်ခါမှ အတန်းမတက်ဖူးသေးတဲ့ သားသားမီးမီးတို့အတွက် ပထမဆုံးအပတ် Sat & Sun မှာ Free Trial အနေနဲ့ နှစ်ချိန်အတန်းတက်ခွင့်ရှိပါတယ်ရှင့်။

https://m.facebook.com/story.php?story_fbid=146371195124814&id=100092558010786&mibextid=Nif5oz

22/06/2023

p.s.Timetable လေးထွက်ပါပြီ။ စာရင်းသွင်းလို့ရပါပြီရှင့်။

📣📣📣အားလုံးမျှော်လင့်စောင့်စားနေတဲ့အချိန်လေးရောက်ရှိလို့လာပါပြီ မေမေ ဖေဖေတို့ရေ။

💝💝💝 သားသားမီးမီးတို့အတွက်
"Story Telling for Young Learners"
Reading and Listening with Tr. Tresa
(Morning Section) လေးကို ယခုတစ်ခေါက်မှာတော့ ကလေးတို့ရဲ့ Better Learning အတွက် နိုင်ငံတကာအသိအမှတ်ပြု Cambridge Series ထဲမှ
Primary Reading - Anthologies 1 လေးကို ရွေးချယ်ထားပါတယ်။ Page Messenger မှ စိတ်ဝင်တစား
မေးမြန်းကြတဲ့ ဖေဖေမေမေတို့ကိုလည်း ကျေးဇူးတင်ပါတယ်ရှင့်။

ယခုလာမယ့်အပတ် 24.6.23 (Sat) & 25.6.23 (Sun)
Free Club လေးမှာပါဝင်လိုပါက ကျွန်မတို့ Homey Land
Page လေးရဲ့ message box မှာ Yes လို့ ment ပြီး Like & Share လေး လုပ်ပေးသွားကြပါဦးနော်။

Photos from Homey Land's post 22/06/2023

📣📣📣အားလုံးမျှော်လင့်စောင့်စားနေတဲ့အချိန်လေးရောက်ရှိလို့လာပါပြီ မေမေ ဖေဖေတို့ရေ။

💝💝💝 သားသားမီးမီးတို့အတွက်
"Story Telling for Young Learners"
Reading and Listening with Tr. Tresa
(Morning Section) လေးကို ယခုတစ်ခေါက်မှာတော့ ကလေးတို့ရဲ့ Better Learning အတွက် နိုင်ငံတကာအသိအမှတ်ပြု Cambridge Series ထဲမှ
Primary Reading - Anthologies 1 လေးကို ရွေးချယ်ထားပါတယ်။ Page Messenger မှ စိတ်ဝင်တစား
မေးမြန်းကြတဲ့ ဖေဖေမေမေတို့ကိုလည်း ကျေးဇူးတင်ပါတယ်ရှင့်။

ယခုလာမယ့်အပတ် 24.6.23 (Sat) & 25.6.23 (Sun)
Free Club လေးမှာပါဝင်လိုပါက ကျွန်မတို့ Homey Land
Page လေးရဲ့ message box မှာ Yes လို့ ment ပြီး Like & Share လေး လုပ်ပေးသွားကြပါဦးနော်။

https://m.facebook.com/story.php?story_fbid=134307496331184&id=100092558010786&mibextid=Nif5oz

19/06/2023

ကလေးတို့အတွက် လက်မှုပညာ🌼🌸

ယနေ့ခေတ်မှာ ဖေဖေ၊မေမေတို့ စိတ်ဝင်စားမယ့်
arts and crafts အကြောင်းလေးမိတ်ဆက်ပေးပါရစေနော်။💞

🚩🚩🚩"The arts and Crafts Movement" ရဲ့ သမိုင်းကြောင်းလေးကို အရင်လေ့လာကြည့်ရအောင်။

"The father of Arts and Crafts"လို့ တင်စားခေါ်ဝေါ်ခဲ့ရတဲ့ပညာရှင်ကြီး William Morris ဟာ ၁၈၆၁ ခုနှစ်မှာများပြားလှတဲ့ ကြည့်ရှုသူပရိတ်သတ်တွေအတွက် ဖန်တီးမှုနည်းပညာသစ်တစ်ခုကို တိုးတက်စေချင်တဲ့ ရည်ရွယ်ချက်နဲ့အစပြုခဲ့တယ်လို့ သိရှိရပါတယ်။

🔔🔔🔔ဒါဆို arts and crafts က သားသားမီးမီးတို့ရဲ့ ဘက်စုံဖွံဖြိုးတိုးတက်မှုအတွက် ဘယ်လိုအကျိုးသက်ရောက်မှုရှိမလဲ။??.....💁
.💠..ငယ်ရွယ်စဥ် ကလေးတို့ရဲ့ အာရုံစူးစိုက်မှုဟာ ပညာသင်ကြားရေးအပိုင်းမှာအရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုဖြစ်တဲ့ အတွက်ကြောင့်ပါ။💠.💠..မေမေတို့စိတ်ပူနေတဲ့ screen time ကိုလျှော့ချစေနိုင်တဲ့အပြင် ကလေးတို့ရဲ့ကိုယ်ပိုင် ဖန်တီးမှုလေးတွေကိုပါ တွေ့ရှိနိုင်စေမယ့်အရာဆိုလည်း မလွဲဧကန်အမှန်ပါပဲရှင်။💠

အခုချိန်ကစပြီး မေမေတို့ အိမ်မှာ arts and crafts လေးတွေဖန်တီးဖို့ အတွက်လိုအပ်တဲ့ ပစ္စည်းလေးတွေ စုဆောင်းထားဖို့ လိုနေပါပြီရှင်။

ကဲဘာတွေဖြစ်မလဲဆိုတော့....?💁

ရောင်စုံစက္ကူ၊ရောင်စုံ ခဲတံလေးတွေနဲ့
ကလေးတို့အတွက် ဘေးကင်းစေဖို့ရည်ရွယ်ထားတဲ့ ထိပ်ဝိုင်းကပ်ကြေးသေးသေးလေးတွေသာ ရှိနေပြီဆို ဖန်တီးလို့ရပြီနော်။💞💁

arts and crafts က ကလေးတို့အတွက် ဘာကြောင့် အရေးပါနေတာ ဖြစ်မလဲ....?🙋🙋‍♂️

1.Motor Skills
(သားငယ်၊သမီးငယ်တို့ အရုပ်လေးတွေ ဖန်တီးတဲ့အခါ
ဒါမှမဟုတ် ရောင်စုံခဲတံလေးတွေ သုံးပြီး အရောင်လေးတွေချယ်တဲ့ အခါမှာ ကလေးတို့ရဲ့ လက်ချောင်းလေးတွေကို အသုံးပြုပြီးတည်ဆောက်ရတာ ဖြစ်တဲ့အတွက် လက်ချောင်းကြွက်သား လေးတွေက ပိုသန်မာရွေ့လျားလာနိင်မှာပါ။)

2.Literacy
မေမေ၊ဖေဖေ တို့နဲ့အတူ ဒါမှမဟုတ် ကလေးတို့ရဲ့ ကစားဖော်သူငယ်ချင်းလေးတွေနဲ့အတူ ပြောဆို ကစားရတဲ့ ကစားနည်းတစ်မျိုး လည်းဖြစ်တာကြောင့် အချင်းချင်း ပေါင်းသင်းဆက်ဆံရေးနှင့် အပြန်အလှန်လေ့လာသင်ယူလို့ရနိုင်သလို သူတို့လေးတွေရဲ့ စိတ်ကူး၊စိတ်သန်းလေးတွေပါ မေမေဖေဖေနဲ့ တီချယ်တို့က သေချာတွေ့မြင်နိုင်မှာပါ။

3.Math Concept
arts and crafts မှာ အသုံးပြုထားတဲ့ အရာလေးတွေရဲ့ အရွယ်အစား၊ ပုံသဏ္ဍာန် နှင့် အရေအတွက်တွေကိုပါ သင်ယူလေ့လာနိုင်တာကြောင့် အတွက်အချက်ပိုင်းဆိုင်ရာ သချ်ာရဲ့ အခြေခံသဘောတရားလေးတွေကိုပါ ချိတ်ဆက်တွေးခေါ် နိုင်မယ့် အထောက်ပံ့တစ်ခု ဖြစ်ပါတယ်။

4.Creativity
ကလေးတို့ရဲ့ တီထွင်ဖန်တီးမှုကို သိသိသာသာ ပံ့ပိုးပေးနိုင်တဲ့
ဖန်တီးမှုတစ်ခုဆိုလည်း မမှားပါဘူးနော်။
(Creativity ဆိုတာဟာ အခြားသူများထက် ပိုပြီးပြုလုပ်နိုင်ခြင်းမျိုး မဟုတ်ဘဲ မိမိရဲ့ကိုယ်ပိုင်အတွေးအခေါ်၊စိတ်ကူးစိတ်သန်းတွေကို ဖော်ထုတ်ပြသနိုင်သော၊ စူးစမ်းရှာဖွေခြင်းတို့နှင့် ပက်သက်ဆက်နွှယ်နေသော အရာတစ်ခုဖြစ်ပါတယ်။)

5.Self-Esteem
ကလေးတို့ကိုယ်တိုင် တီထွင်ဖန်တီးမှု ပြုလုပ်ရင်း မိမိကိုယ်ကိုယုံကြည်မှုတစ်ခု တည်ဆောက်ပေးနိုင်တဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။

6.Quality Time /Parent Bonding
သားသား၊မီးမီးတို့ဟာ ဖေဖေ၊မေမေတို့နဲ့ အတူ သူတို့ရဲ့ အားလပ်ချိန်တိုင်းကို ကုန်ဆုံးဖို့ နှစ်သက်လာပါလိမ့်မယ်။
မိဘနဲ့သားသမီး ဆက်ဆံရေးဟာ ပိုနွေးထွေးလာပြီး ကြည်နူးစရာ ဘဝအမှတ်တရလေးတွေပါ ဖန်တီးနိုင်တဲ့ အချိန်ကောင်းတစ်ခု လည်းဖြစ်ပါတယ်။

ကဲဒီတော့ အလုပ်အရမ်းများတဲ့ ဖေဖေ၊မေမေတို့လည်း
သားသား၊မီးမီးတို့ကို အချိန်ပေးပြီး ပျော်ရွှင်စရာ ကလေးတို့ရဲ့ကမ္ဘာလေးကို ဖန်တီးပေးလိုက်ကြရအောင်။💞👩‍👩‍👧‍👦

မေမေဖေဖေတို့ရေ
အထက်မှာဖော်ပြခဲ့တဲ့အချက်လေးတွေကတော့ interact စာမျက်နှာမှ ကောက်နှုတ်ထားတဲ့ အချက်လေးတွေ ဖြစ်ပါတယ်။🙆🙆‍♂️

မေမေတို့တွေ ကလေးတို့အတွက် ပြင်ဆင်စုဆောင်း ဖြစ်နေတဲ့အရာလေးတွေပါ comment box မှာ စာလွှာပါး ခဲ့ကြပါအုံးနော်.. ❣🙋‍♂️🙋

15/06/2023

📣📣📣မေမေ ဖေဖေတို့ရေ သားသားမီးမီးတို့အတွက်
💝💝💝ရှေ့အပတ်ကပြုလုပ်ပေးခဲ့သော
"Story Telling for Young Learners"
Reading and Listening with Tr. Tresa
(Morning Section) အစီအစဥ်လေးမှာ ပါဝင်ပေးခဲ့ကြတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်။

နောက်လာမယ့်အပတ်တွေမှာ ယခုလိုမျိုးအစီအစဥ်လေးတွေ မှာ ဆက်လက်ပါဝင်လိုပါက ကျွန်မတို့ Homey Land
Page လေးရဲ့ message box မှာ Yes လို့ ment ပြီး Like & Share လေး လုပ်ပေးသွားကြပါဦးနော်။

Tr.Tresa အတွက်လည်း Kindness Notes လေးတွေ ပေးပို့သွားကြပါဦးလို့ ထပ်ဆောင်းပြောကြားပါရစေရှင့်။
Free Club လေးတွေမှာ ပြန်လည်ဆုံတွေ့ကြပါစို့နော်။



https://m.facebook.com/story.php?story_fbid=134307496331184&id=100092558010786&mibextid=Nif5oz

12/06/2023

စိတ်ဝင်စားကြသော မေမေဖေဖေတို့ရေ
သားသားမီးမီးတို့ရဲ့ အနာဂတ်အတွက်
နိုင်ငံတကာပညာရေးကို အဆင့်မှီအောင်
Cambridge English Assessment လေးရဲ့
Pre-A1 Starters Course လေးနဲ့ မိတ်ဆက်ပေးပါရစေ။
ယခုလိုအချိန်အခါမှာ အခက်အခဲလေးတွေရှိကြသော်လည်း
Homey Land's Introduction Classes လေးတွေနဲ့
ကြိုတင်ပြင်ဆင်ကြရအောင်နော်။

Age⭐⭐⭐5-12 years old
Learning Platform 💻📱 Zoom

Page Messager မှာ အတူတူတက်မယ့်
သူငယ်ချင်းနဲ့အတူ စာရင်းသွင်းလိုက်တော့နော်။

09/06/2023

သားသားမီးမီးလေးတို့ရဲ့ တောင်းဆိုမှု😍😍😍
မေမေဖေဖေတို့အတွက်လည်း ပျော်ရွှင်ဖွယ်
Family Time လေးဖန်တီးပေးနိုင်တဲ့အတွက်
Homey Land မှ ဝမ်းသာကျေနပ်မိပါတယ်ရှင့်။

ဒါကြောင့် ယခုကျောင်းဖွင့်ချိန်ကာလလေးမှာ ကျောင်းလွတ်ချိန်လေး ထပ်မံစီစဥ်ပေးလိုက်ပါတယ်နော်။

🔔🔔🔔 Jolly Phonic အတန်းလေးမှာ ပျော်ပျော်ရွှင်ရွှင်
သီချင်းလေးတွေ သီဆိုရင်း ABCD ရဲ့ phonic အသံလေးတွေ လေ့လာပြီး Blending လုပ်ကြမယ်နော်။

Arts & Crafts လေးလည်း လုပ်ရဦးမှာဆိုတော့ အရမ်းပျော်စရာကောင်းမှာ သေချာနေပါပြီ။

ကဲ မေမေတို့ရေ page messenger မှာ သားသားမီးမီးတို့နဲ့ အတူတက်မယ့် သူငယ်ချင်းတစ်ယောက်ယောက်နဲ့အတူ စာရင်းသွင်းလိုက်တော့နော်။

Age ⭐⭐⭐ 4-6 years

Teaching platform
Zoom

10th & 11st June 2023
Sat & Sun (Evening Section)
4:30-6:00 PM

https://m.facebook.com/story.php?story_fbid=119488514479749&id=100092558010786&mibextid=Nif5oz

Photos from Homey Land's post 06/06/2023

ခေးတို့ရေ Good Morning 🌞🌞🌞

Are you an early bird or a night owl?

သားသားမီးမီးတို့ရေ တစ်ခုလောက်မေးပါရစေရှင့်။
နံနက်အိပ်ရာစောစောထတတ်တဲ့ ကလေးတွေရှိပါသလား။

ကျွန်မတို့ရဲ့အနာဂတ် ကြယ်ပွင့်လေးတွေကို
ဘက်ပေါင်းစုံမှာ ကျန်းမာပြီး ထူးချွန်ထက်မြက်တဲ့ လူတော်လူကောင်းလေးတွေ ဖြစ်လာစေဖို့အတွက် Homey land ရဲ့ Story Telling Club for Young Learners (Morning Section) မှ နွေးထွေးစွာ ကြိုဆိုပါတယ်ရှင့်။

နံနက်စောစောထပြီး စာဖတ်တတ်တဲ့ အလေ့အကျင့်ရှိတဲ့ကလေးတွေဟာ သူတို့ကြီးပြင်းလာတဲ့အခါ နယ်ပယ်ပေါင်းစုံမှာထူးချွန်အောင်မြင်တဲ့ ပညာရှင်တွေဖြစ်လာကြတယ်ဆိုတာ
ကျွန်မတို့အားလုံးသိပြီးသားလို့ ယုံကြည်ပါတယ်ရှင့်။

သို့သော်လည်း ယနေ့တိုးတက်လာတဲ့ခေတ်မှာ အရင်ကလို
စာအုပ်ချည်းသက်သက်ကို ကလေးတွေစိတ်ဝင်စားမှုနည်းလာကြပါတယ်။ ဘာကြောင့်လဲလို့ မေးကြည့်တဲ့အခါ
ဖုန်းထဲက Games အမျိုးမျိုးတို့ရဲ့ ဆွဲဆောင်မှုတွေကြောင့်၊ မိဘတွေရဲ့ များပြားလှသော အလုပ်တာဝန်တွေကြောင့် ကလေးတွေနဲ့အတူ ပုံပြင်လေးတွေဖတ်ပြမယ့် story time လေးတွေ နည်းလာတာတွေကြောင့် စသဖြင့်ပေါ့ရှင်။

ဒါပေမယ့် အခုတော့ စိတ်ပူစရာမလိုတော့ပါဘူး။
Homey Land မှ ကလေးတို့အတွက် နိုင်ငံတကာမှာ လက်ရှိအသုံးပြုနေတဲ့ ClassDojo လို့ခေါ်တဲ့ global learning community လေးမှာ တီချယ်တို့ရယ် မေမေတို့ရယ်
သားသားမီးမီးတို့ရယ် အတူတူပါဝင်လို့ရပါမယ်။

Class Dojo မှာကလေးတို့ရဲ့ တိုးတက်မှုတွေ၊ ကျောင်းရဲ့ လှုပ်ရှားမှုလေးတွေ စတဲ့အချက်တွေကို သိရှိခြင်းအားဖြင့် "မိဘ ဆရာပေါင်း သားသမီးကောင်း" ဆိုတဲ့ ဆောင်ပုဒ်လေးအတိုင်း ကလေးတို့အတွက် အမှန်တကယ် အကျိုးရှိမှာ အသေအချာပဲပေါ့ရှင်။

တီချယ်တို့နဲ့ ပုံပြင်လေးတွေ ဖတ်ပြီးသွားရင် Homework လေးတွေ၊ arts & crafts လေးတွေကို Class Dojo မှာမေမေတို့နဲ့အတူတူ assignment တင်ကြမယ်။
💁ကဲ စိတ်ဝင်စားစရာမကောင်းဘူးလား။

ဒါ့အပြင် Classroom screen မှာ ပျော်စရာ activities မျိုးစုံကို Zoom App ကနေ မေမေဖေဖေတို့နဲ့အတူ ပုံပြင်လေးတွေနားထောင်ရင်း လေ့လာသင်ယူရမှာမို့ ကလေးတို့ရဲ့ English Language (Reading & Listening Skills) ကို တိုးတက်စေမှာ ဖြစ်ပါတယ်။

❎❎❎သင်တန်းကြေးလုံးဝသွင်းစရာမလိုဘဲ၊
သီချင်းလေးတွေရယ် အရမ်းတက်ကြွတဲ့ သူငယ်ချင်းလေးတွေနဲ့အတူ အတန်းတက်ရမှာဆိုတော့ နံနက်အိပ်ရာစောစောထဖို့ မပျင်းတော့ဘူးပေါ့ရှင်။

ကဲဖေဖေမေမေတို့ရေ ကလေးတို့ကို ငယ်ရွယ်စဥ်ကတည်းက
အလေ့အကျင့်ကောင်းလေးတွေကို မွေးမြူပေးကြရအောင်နော်။ Comment မှာ ကလေးတို့ အခုဖတ်နေတဲ့ ပုံပြင်လေးတွေအကြောင်း ရေးပေးသွားကြပါဦးနော်။

အတန်းတက်လိုသူများအနေနှင့်
1. ယခု post လေးကို public နဲ့ like & share လုပ်ပြီး
2. အတန်းအတူတက်မည့် သူငယ်ချင်း 3 ယောက်ကို
mention ခေါ်ပေးရပါမယ်။
3. Share ပြီးကြောင်း SS လေးကို Comment box မှာ
မင်မင်တို့ကို လာပြပေးရပါမယ်ရှင့်။
4. အထက်ပါ အချက် 3 ချက်နဲ့ ပြည့်စုံပါက
page messenger မှာ စာရင်းသွင်းပြီး အတန်းတက်ရောက်နိုင်ပါပြီရှင့်။

03/06/2023

ဟေး ... ကလေးတို့ရေ ။ 💁‍♀️

သားသားမီးမီးတို့အကြိုက် ပုံပြင်လေးတွေနားထောင်ရင်း English စာလေ့လာလို့ရမယ့် နည်းလမ်းကောင်းလေးတွေကို မမတို့ Homey Land က မိတ်ဆက်ပေးမယ်နော် ။ 🙆‍♀️

ဘာနည်းလမ်းလေးဖြစ်မလဲ စိတ်ဝင်စားနေကြပြီမလား ။👀
ဒါကတော့ "Storytelling" ဖြစ်ပါတယ်။👏👏

အရင်ဆုံး Storytelling ဆိုတာဘာလဲ ❔❔
💠 သူကတော့ ကလေးတို့တွေရဲ့ တီထွင်ဖန်တီးမှု စွမ်းအင်ကို ဖွံဖြိုးစေဖို့ ကူညီပေးရာမှာ ကလေးတို့ရဲ့ စိတ်ကူးစိတ်သန်းတွေကို ပိုကောင်းလာစေမှာသာမက နေ့စဥ်ဘဝမှာ အရေးကြီးတဲ့ ပေါင်းသင်းဆက်ဆံရေးကိုပါ တိုးတက်ကောင်းမွန်စေဖို့ ကူညီပေးနိုင်သော ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းလေးတစ်ခုပါ။

ဒါဆို ပုံပြင်တွေနားထောင်ပြီး ကလေးတို့တွေ အင်္ဂလိပ်စာကို ဘယ်လိုလေ့လာရမလဲ 💁
- ပြောပြမယ့် အင်္ဂလိပ်ပုံပြင်လေးတွေကို
နားထောင်ရမယ်။

- ပြီးရင် story လေးထဲက ကောက်နှုတ်ပြီး ကလေးတို့တွေအတွက် မှတ်ရလွယ်မယ့် ဝေါဟာရလေးတွေ၊ သိထားသင့်တဲ့ စကားလုံး၊ စာသားလေးတွေပါ တစ်ခါတည်း အမှတ်ရသွားခြင်းအားဖြင့်နောက်ပိုင်းမှာ Englishစာကို စိမ်းမနေဘဲ အကျွမ်းတဝင်ရှိသွားစေ့မယ့် နည်းလမ်းမျိုးလည်း ဖြစ်ပါတယ်။

❗❗ မေမေ၊ဖေဖေတို့ကို အသိပေးချင်တဲ့ အကြောင်းရာလေး တစ်ခုကိုလည်းမျှဝေချင်ပါတယ်။ဒါကတော့ စာဖတ်ခြင်းဟာ သားသား၊မီးမီး တို့တွေရဲ့ တီထွင်ဖန်တီးမှုကို ပံ့ပိုးပေးနိုင်တဲ့ နည်းလမ်းကောင်းတစ်ခု မဟုတ်ပါဘူး။❗❗

✨ Storytelling ကသားသားမီးမီးတို့ရဲ့ တီထွင်ဖန်တီးမှု စွမ်းအင်ကို မြှင့်တင်ပေးနိုင်တဲ့ တစ်ခုသော နည်းလမ်းကောင်း လေးဖြစ်ပါတယ်။✨

နောက်ပြီး သူက ကလေးတို့အတွက် ဘာသာရပ်တစ်ခုနားထောင်ရာမှာ နည်းစနစ်ကျပြီး ဖျော်ဖြေပေးသွားတဲ့ ပုံစံမျိုး ဖြစ်တာကြောင့် ကလေးတို့တွေအတွက် ပူးပေါင်းပါဝင် စေနိုင်ပြီး ဘာသာရပ်တစ်ခု သင်ကြားခြင်းနဲ့ မတူဘဲ အထိတွေ့ကောင်းကောင်း ရစေပြီး အကျွမ်းတဝင် ဖြစ်သွားစေမယ့် teaching method တစ်ခုလည်းဖြစ်ပါတယ်။

🌼ဒီတော့ Stories လေးတွေကတစ်ဆင့် ကလေးတို့အတွက်သိမှတ်စရာ စကားလုံလေးတွေနဲ့ ရယ်မောစရာ ရသတွေပါ ရရှိနိုင်မယ့် ပျော်စရာကမ္ဘာ လေးတစ်ခုကို ဖန်းတီးပေးကြပါစို့🌼

မေမေ၊ဖေဖေ တို့လည်း ကလေးတို့တွေအတွက် အမြဲလိုလို ပြောပြဖြစ်တဲ့ ပုံပြင်လေးတွေ comment box မှာ အတူတူ မျှဝေပေးကြပါအုံးနော်💞👩‍👩‍👧‍👦



Content by Htet Htet
Graphic by Khin Phone Pyae

02/06/2023

စိတ်ရောကိုယ်ပါကျန်းမာပျော်ရွှင်သောကလေးတို့ကမ္ဘာကိုဘယ်လိုဖန်တီးကြမလဲ ❔❔

ငယ်ရွယ်နုနယ်တဲ့ ကလေးလေးတွေမှာ စိတ်ဒဏ်ရာတွေမရအောင် အကောင်းဆုံးပြုစုပျိုးထောင်ပေးဖို့ တာဝန်အရှိဆုံးကတော့ မေမေဖေဖေအုပ်ထိန်းသူတို့ပဲ ဖြစ်ပါတယ်ရှင်။🙆‍♀️

ဒါကြောင့် ဒီနေ့မှာတော့ ကလေးတစ်ယောက်မှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာတွေ(emotional trauma)ရလာပြီရင် ဒါတွေက ကလေးတို့ရဲ့ ဘဝကို ဘယ်လောက်အထိလွှမ်းမိုးနိုင်ပြီး အထိခိုက်များစေလဲဆိုတဲ့အချက်လေးကို အနည်းငယ်မျှဝေပေးပါရစေရှင်။ 👩‍👩‍👧‍👧

ခန္ဓာကိုယ်မှာ ဒဏ်ရာရလာလျှင် မြင်ဖို့သိဖို့လွယ်ကူပေမယ့်စိတ်မှာ ဒဏ်ရာရလာလျှင် မြင်ဖို့သိဖို့မလွယ်ကူပါဘူး။❗❗

ဒါကြောင့် မေမေဖေဖေ၊ဖိုးဖိုးဘွားဘွားတို့အပြင် ကလေးတို့နဲ့အနီးကပ်ဆက်ဆံရမယ့်ပတ်ဝန်းကျင်အနေဖြင့်လည်း ကလေးတို့ကိုပြုစုထိန်းကျောင်းရာမှာ

🔰သူတို့လေးတွေရဲ့ခံစားချက်၊အတွေးခေါ်တွေအပေါ် အရေးထားထည့်သွင်းစဥ်းစားပေးရပါမယ်။

🔰နေ့စဥ်လုပ်ဆောင်ချက် အသေးစိတ်ကလေးကစပြီး ကောင်းမွန်တဲ့အပြုမူလေးများအပေါ် ချီးကျူးစကားဆိုပေးဖို့လည်းလိုအပ်ပါတယ်။

🔰ဆူပူကြိမ်းမောင်းပြီး ရိုက်နှက်ဆုံးမတာမျိုးမဟုတ်ပဲ ကလေးတို့စိတ်ဝင်စားတဲ့အကြောင်းအရာပေါ်မူတည်ပြီး ဘယ်အရာတွေကတော့ မပြုမူသင့်ဘဲ ဘယ်အရာတွေကတော့ ကလေးတို့လိုက်နာအတုခိုးရမယ့်အရာတွေဖြစ်ကြောင်း နားဝင်အောင်ပြောပြဆုံးမပေးသင့်ပါတယ်။ဥပမာ သူတို့လေးတွေစိတ်ဝင်စားတဲ့နတ်သမီးပုံပြင်လေးတွေပြောပြပြီး ကောင်းမွန်တဲ့အကျင့်စရိုက်လေးတွေရရှိလာအောင် မွေးမြူပေးသင့်ပါတယ်။

ဒါမှသာ လွတ်လပ်ပျော်ရွှင်နေတဲ့ သားသားမီးမီးလေးတွေပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်ရှင်။🙆‍♀️

ကလေးတို့အရွယ်မှာ ဦးနှောက်ဟာဖွံဖြိုးဆဲအခြေအနေဖြစ်တာကြောင့်traumaရဲ့သက်ရောက်မှုဟာ လူကြီးများထက်ပိုပါတယ်။ ❗❗

Emotional trauma ဟာလူတွေရဲ့ coping စွမ်းအင်ကို လွှမ်းမိုးထားနိုင်တဲ့အရာဖြစ်ပါတယ်။Emotional trauma ရတဲ့ကလေးတွေဟာ ဆုံးဖြတ်ချက် ချမှတ်ရာနှင့် စိတ်ခံစားချက်ကို ထိန်းချုပ်ရာမှာ ကမောက်ကမတွေဖြစ်ပေါ်နေတာကို အဓိကအား
ဖြင့်တွေ့ရနိုင်ပါတယ်။တခြားသူများအပေါ် ရန်လိုနေတတ်တဲ့အပြူမူများနှင့် အလိုလိုနေရင်း ကြောက်နေတတ်ပြီး မလုံခြုံသလိုမျိုးခံစားရတတ်ပါတယ်။😿

ကျွန်မတို့တွေဟာ ကလေးလေးတွေကို ချစ်လို့ပဲဖြစ်စေ၊စချင်နောက်ချင်တဲ့စိတ်နဲ့ပဲ ဖြစ်စေ အလွန်အကျွံမစနောက်သင့်ပါဘူး။ထို့ကဲ့သို့
အလွန်ကျွံစနောက်ခံရတဲ့ ကလေးအများစုဟာ ကြီးပြင်းလာတဲ့အခါမှာ မလိုအပ်ပဲဒေါသကြီးတက်တဲ့ သူများအဖြစ် တွေ့ရှိတတ်တယ်ဟု ဖော်ပြထားတာကိုဖတ်ရှုဖူးပါတယ်။

ငယ်ရွယ်လန်းဆန်းတက်ကြွနေတဲ့ အနာဂတ်ရဲ့ မျိုးဆက်သစ်သားသား၊မီးမီးလေးတွေ အများကြီး ပြုစုပျိုးထောင်ပေးနိုင်တဲ့ ကမ္ဘာလေးတစ်ခုကို Homey Land နဲ့အတူ အမြန်ဆုံးဖန်တီးကြစို့နော်။💕



Content by Htet Htet
Graphic by Khin Phone Pyae

30/05/2023

Hello Hello!
သတင်းကောင်းလေးပါပါတယ်ဗျို့ 🙈💌

သားသားမီးမီးလေးတို့ရဲ့ English 4 skills တွေတိုးတက်စေဖို့ Homey Land ကနေ 3-day trial FREE class လေးထပ်မံဖွင့်လှစ်ပေးလိုက်ပါပြီ။

ဒီသုံးရက်တာအတန်းလေးမှာဆိုရင် သားသားမီးမီးလေးတို့က Vocabulary, Grammar, Reading, Listening, Speaking အစရှိတဲ့ skills တွေအပြင်
ပျော်စရာကောင်းတဲ့ activities တွေကိုပါ Teacher တွေနဲ့အတူပြုလုပ်ရင်း ပေါ့ပေါ့ပါးပါးနဲ့သင်ယူရမှာမလို့ လက်လွှတ်မခံဘဲ တက်ကိုတက်သင့်တဲ့အတန်းလေးပဲဖြစ်ပါတယ်။ ✨

ဒါ့အပြင် Free of Charge Class လေးမလို့
အတန်းတက်ဖို့အတွက် ဘာအခကြေးငွေမှပေးစရာမလိုဘူးနော်။

ထိထိရောက်ရောက်နဲ့ဂရုတစိုက်သင်ပေးချင်ကြောင့် လူဦးရေ 10 ဦးတိတိကိုသာလက်ခံသွားပါမယ်ရှင့်။

ကဲ.. ဒီလောက်အဆင်ပြေနေတာ အခုပဲတက်ရောက်
ဖို့အတွက် မြန်မြန်စာရင်းပေးလိုက်တော့နော်မေမေတို့။ We'll see you there! 💕✨

Timetable for 3-day trial FREE class
7.6.2023 (Wed)
8.6.2023 (Thu)
9.6.2023 (Fri)
|9:00 am to 10:30 am|

Age: 7- 9 years

Teaching Platform
Zoom

26/05/2023

📣📣📣 Hello Hello!
သတင်းကောင်းလေးပါးပါရစေရှင့်

🔔Welcome to Exciting World of Grammar!

ဒီအပတ်မှာ သားသားမီးမီးလေးတွေအတွက်
ဘာသာရပ်တစ်ခုရဲ့ အခြေခံအကျဆုံး Grammar ပိုင်းကို
စိတ်ဝင်စားစရာကောင်းအောင် Activities လေးတွေနဲ့
Face to Face သင်ကြားပေးနိုင်ရန် Homey land မှ
Young Learners' Grammar Club လေးကို
ဖန်တီးပေးထားပါတယ်ရှင့်။

ဖေဖေမေမေတို့ရေ Grammar Club လေးမှာ ပျော်ရွှင်ဖွယ်
စိတ်ဝင်စားစရာကောင်းတဲ့ ကစားနည်းလေးတွေ၊
သင်ကြားရေးအထောက်အကူပြုမယ့် worksheets လေးတွေ၊ မှတ်မိလွယ်စေမယ့် activities တွေနှင့်
တစ်တန်းလျှင် အများဆုံး ၁၀ ဦးသာ လက်ခံသင်ကြားပေးမှာမို့ ထိရောက်မှုအပြည့်ရှိတဲ့ Happy World လေးဖြစ်မှာ
အသေအချာပါပဲရှင်။

❎❎❎ အော် ဒါနဲ့လေ သင်တန်းကြေးကလည်း
လုံးဝပေးစရာမလိုတာကြောင့် မေမေတို့ရေ
ဒီအခွင့်အရေးလေး လက်မလွှတ်ရလေအောင်
အခုပဲ Homey Land ရဲ့ page messenger မှာ
စာရင်းသွင်းလိုက်တော့နော်။

✔✔✔ ဒါပေမယ့် အတန်းတက်ရောက်မည့်ကလေးတိုင်း
သည် မိမိနှင့်အတူတက်မည့် သူငယ်ချင်းတစ်ယောက်နှင့်အတူ စာရင်းသွင်းပေးဖို့တော့ လိုပါတယ်ရှင့်။

👬👭 ကဲ သူငယ်ချင်းတို့ရေ တို့တွေအတူတူ
Happy World ကိုသွားလည်ရင်း
Grammar လေ့လာကြရအောင်နော်။

Timetable for Young Learners' Grammar Club
29.5.2023 (Mon)
30.5.2023 (Tues)
31.5.2023 (Wed)

♡3:00 pm to 4:30 pm♡

Age ⭐⭐⭐6-12 years

Teaching Platform
Zoom

20/05/2023

သားသားမီးမီးတို့ရေ 📣📣📣
ABCDEFG ဆိုတတ်ပြီလားရှင့်။

ခေးတို့ရဲ့ အသံထွက်လေးတွေ ပီပီသသထွက်တတ်စေဖို့အတွက်ဆိုရင် အေ ဘီ စီ ဒီ ရွတ်ဆိုတတ်ရုံနဲ့ မလုံလောက်တော့ပါဘူး မေမေတို့ရေ။

ယနေ့ခေတ်မှာ အရေးပါလာတဲ့ Phonics အသံလေးတွေကို ကဗျာလေးတွေ သီချင်းလေးတွေ သီဆိုရင်း
ဆေးရောင်စုံလေးတွေ ခြယ်ကြမယ်။ ပုံပြင်လေးတွေ
ဖတ်ပြရင်း ပျော်ရွှင်စွာ သင်ယူလေ့လာဖို့ အထူးလိုအပ်ပါတယ်ရှင့်။ Reading စာဖတ်ခြင်းနဲ့ Writing စာရေးခြင်းကို အစကောင်းဖို့အတွက် Jolly Phonics လေးနဲ့ အခြေခံကောင်းအောင် ဖန်တီးကြမယ်နော်။

ဒါကြောင့် Homey Land မှ ELT-YL (English Language Teaching for Young Learners) Certificate လက်မှတ်ရရှိပြီး စိတ်ရှည်စွာ
သင်ပြပေးနိုင်သော ဆရာ ဆရာမတို့မှ
Jolly Phonic Book 1 လေးနှင့်အတူ
သားသားမီးမီးတို့ကို Free Club လေး
သင်ကြားပေးဖို့ သတင်းကောင်းပါးပါရစေရှင့်။

သားသားမီးမီး 10 ဦးကို တီချယ်တို့က အထူးဂရုစိုက်ပြီး
ပျော်စရာလေးတွေနဲ့ Happy Learning Zone လေး
မှာ အတူဆုံကြမယ်နော်။ သင်တန်းကာလ 3 ရက်လေးမှာ မေမေဖေဖေတို့လည်း ခေးတို့နဲ့အတူ Family Time လေးဖန်တီးဖို့ဖိတ်ခေါ်ပါရစေရှင့်။

Timetable for Jolly Phonics Club
29.5.2023
30.5.2023
31.5.2023
(11:00 am to 12:30 pm)

Age ⭐⭐⭐ 4-6 years

Teaching Platform
Zoom

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

ကလေးတို့အတွက် လက်မှုပညာ🌼🌸ယနေ့ခေတ်မှာ  ဖေဖေ၊မေမေတို့ စိတ်ဝင်စားမယ့်arts and crafts အကြောင်းလေးမိတ်ဆက်ပေးပါရစေနော်။💞🚩🚩🚩"Th...

Category

Telephone

Website

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Other Education in Yangon (show all)
Taung Nyunt 3 Students Taung Nyunt 3 Students
BEHS (3) Mingalar Taung Nyunt, Upper Pansodan Street
Yangon

Welcome to our reunion Taung Nyunt 3 students page and I hope all of our friends who are from BEHS 3

Kant Kaw Kant Kaw
No. 9 Kan Street, Hlaing Township
Yangon, 11012

Enhancing educational and career opportunities for Myanmar youth since 2009.

Internet Journal Internet Journal
Yangon, 1

The Official Page of Myanmar Internet Journal, which is the leading IT journal in Myanmar, focusing o

CK တရုတ်စကားပြော CK တရုတ်စကားပြော
Yangon

တရုတ်စကားကို မြန်မြန်နဲ့လွယ်လွယ် တတ်လိုပါက ဒီပေ့ချ်က သင့်အတွက်နေရာမှန်ပါပဲခင်ဗျာ

Rangoon International Higher Education Academy - RIHEA   Yangon Branch Rangoon International Higher Education Academy - RIHEA Yangon Branch
Pansodan Road (Middle Block)
Yangon, 11182

ရန်ကုန်ကျောင်းခွဲများကို ဆက်သွယ်ရန် ဖုန်းနံပါတ် - 09942000120 09942000130 မော်လမြိုင်ကျောင်းခွဲကို ဆက်သွယ်ရန် ဖုန်းနံပါတ် - 09768148233 09978391056 ဘားအံကျောင်းခွဲကို ဆက်သွယ်...

Alfred English Yangon Alfred English Yangon
Anormar 19 Street ( West )
Yangon

English can't stop you life.

Zwe Htet Education Center Zwe Htet Education Center
No. 94, 93 Street, Kandawkalay, MingalarTaungNyunt Township
Yangon

KME Japanese Language School KME Japanese Language School
No. 876, 2nd Floors, Nga Moe Yeik Ward, Lay Daunt Kan Road, Thingangyun Township
Yangon

Education

Pro English language Pro English language
Thaketa
Yangon

Your choice is your sense.

Students' Choice Students' Choice
Yangon

Education

Learn Deutsch with Nuel Learn Deutsch with Nuel
Yangon

education