Gender Academy ဂ်ဲန္ဒါ အကယ္ဒမီ
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Gender Academy ဂ်ဲန္ဒါ အကယ္ဒမီ, Educational Research Center, Yangon.
Gender Academy Myanmar Company Limited started in 2012 as collective project by a group of passionate gender specialists who were keen to increase learning and understanding of gender equality in their country.
12/07/2022
ဗုဒ္ဓဘာသာဝင်များ၏ အထွတ်အမြတ်ထား ကိုးကွယ်အပ်သော ဂေါတမမြတ်စွာဘုရားရှင်၏ တရားဦးဓမ္မစကြာကို ဟောကြားတော်မူသော ဝါဆိုလပြည့်နေ့ ဓမ္မစကြာ အခါတော်နေ့တွင် မြန်မာပြည်သူ/သားများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး ကပ်ဘေးအပေါင်းမှ ကျော်လွှားနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
#ဝါဆိုလပြည့်နေ့
10/07/2022
ယနေ့သည် အစ္စလာမ်ဘာသာဝင် မိတ်ဆွေတို့၏ အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ်တစ်ရက် ဖြစ်သည့်အတွက် အစ္စလာမ်ဘာသာဝင်များနှင့်တကွ မြန်မာပြည်သူ/သားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေကြောင်း Gender Academy အဖွဲ့သားများမှ ဆုတောင်းပေးလိုက်ပါတယ်။
01/05/2022
May Day 👷‍♀️
မေလ (၁)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို Gender Academy Team မှ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။
Gender Academy Myanmar
13/04/2022
သင်္ကြန်ဆုတောင်း🙏
မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်အကြိုနေ့မှာ နှစ်ဖြာသော ကိုယ်စိတ်နှလုံး ကျန်းမာ၊ ချမ်းသာပြီး ဘေးဘယာ ဝေးကွာကြစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ 💦💦
Gender Academy Team
08/03/2022
International Women’s Day 🎉🎉
“Women are the real architects of society.”
Cher
04/11/2021
ပျော်ရွှင်ဖွယ် ဒီပဝါလီနေ့ကို ပိုင်ဆိုင်နိုင်ကြပါစေ…
𝗚𝗲𝗻𝗱𝗲𝗿 𝗔𝗰𝗮𝗱𝗲𝗺𝘆 𝗠𝘆𝗮𝗻𝗺𝗮𝗿
20/10/2021
သီတင်းကျွတ် အခါသမယမှာ ကျန်းမာကြစေကြောင်း 𝗚𝗲𝗻𝗱𝗲𝗿 𝗔𝗰𝗮𝗱𝗲𝗺𝘆 အဖွဲ့သားများမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ 🙏🏻🙏🏻🙏🏻
𝗚𝗲𝗻𝗱𝗲𝗿 𝗔𝗰𝗮𝗱𝗲𝗺𝘆 𝗠𝘆𝗮𝗻𝗺𝗮𝗿
15/08/2021
ယခုဖြစ်ပေါ်နေသော COVID-19 ရောဂါ အခြေအနေအရပ်ရပ်ကြောင့် တန်းခွဲသစ် အမှတ်စဉ် (၆) အား ဖွင့်လှစ်ရန် ရက်ထပ်မံ ရွှေ့ဆိုင်းလိုက်ကြောင်း နှင့် တက်ရောက်ရန် စာရင်းပေးသွင်းထားသူများအား ဖွင့်လှစ်မည့်ရက်ကို ပြန်လည်ဆက်သွယ်အကြောင်းကြားပေးမည် ဖြစ်ပါတယ်။
မိတ်ဆွေများအားလုံး ကျန်းမာရေးကို အထူးဂရုစိုက်ကြပါနော်။ 🤗🤗
ကျေးဇူးတင်လျက်
Gender Academy Myanmar
30/06/2021
မင်္ဂလာပါရှင့်
ဖေဖော်ဝါရီလတွင် ဖွင့်လှစ်မည့် တန်းခွဲသစ် အမှတ်စဉ် (၆) ကို အခြေအနေ အခက်အခဲရှိခဲ့သည့်အတွက် ခေတ္တရပ်ဆိုင်းထားခဲ့ပါတယ်။ ထိုသို့ရပ်ဆိုင်းထားခဲ့ခြင်းမှ အမှတ်စဉ် (၆) သို့ တက်ရောက်ရန် စာရင်းပေးသွင်းထားသော ဆရာ/ဆရာမများ နှင့် တက်ရောက်ရန် ချိတ်ဆက်ထားသော လူကြီးမင်းများအတွက် လာမည့် ဩဂုတ်လတွင် Online Class အနေဖြင့် ပြန်လည်ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ သင်တန်းအချိန်ဇယားနှင့် အကြောင်းအရာအသေးစိတ် အတိအကျကိုတော့ Gender Academy Myanmar Page တွင် ထပ်မံ ကြော်ငြာပေးသွားမှာ ဖြစ်ပါတယ်။
📌 သင်တန်းအမှတ်စဉ် (၆) အတွက် စာရင်းပေးသွင်းရန်
http://bit.ly/GABatchVIRegistrationForm >> လင့်ခ်လေးကို နှိပ်ပြီး ပေးသွင်းနိုင်ပါတယ်။ စာရင်းပေးသွင်းပြီးသောသူများကို Gender Academy ဘက်မှ ပြန်လည်ဆက်သွယ်ပေးသွားမှာပဲ ဖြစ်ပါတယ်။
သင်တန်းအတွက် အသေးစိတ် သိရှိလိုပါက Gender Academy Myanmar Page Messenger (သို့မဟုတ်) အောက်ပါဖုန်းသို့ ဆက်သွယ်၍မေးမြန်းနိုင်ပါသည်။
️☎ 09-424397520
📩 [email protected]
📬 http://genderacademymm.com/
29/01/2021
🤩 𝔽𝕣𝕚𝕕𝕒𝕪 ℚ𝕦𝕠𝕥𝕖 🤩
𝑨𝒄𝒉𝒊𝒆𝒗𝒊𝒏𝒈 𝒈𝒆𝒏𝒅𝒆𝒓 𝒆𝒒𝒖𝒂𝒍𝒊𝒕𝒚 𝒓𝒆𝒒𝒖𝒊𝒓𝒆𝒔 𝒕𝒉𝒆 𝒆𝒏𝒈𝒂𝒈𝒆𝒎𝒆𝒏𝒕 𝒐𝒇 𝒎𝒆𝒏 𝒂𝒏𝒅 𝒘𝒐𝒎𝒆𝒏, 𝒈𝒊𝒓𝒍𝒔 𝒂𝒏𝒅 𝒃𝒐𝒚𝒔. 𝑰𝒕 𝒊𝒔 𝒆𝒗𝒆𝒓𝒚𝒐𝒏𝒆❜𝒔 𝒓𝒆𝒔𝒑𝒐𝒏𝒔𝒊𝒃𝒊𝒍𝒊𝒕𝒚.
Bᴀɴ Kɪ-ᴍᴏᴏɴ
A Sᴏᴜᴛʜ Kᴏʀᴇᴀɴ Pᴏʟɪᴛɪᴄɪᴀɴ ᴀɴᴅ Dɪᴘʟᴏᴍᴀᴛ
22/01/2021
🤩ℚ𝕦𝕠𝕥𝕖 𝕠𝕗 𝕋𝕙𝕖 𝔻𝕒𝕪🤩
𝑪𝒖𝒍𝒕𝒖𝒓𝒆 𝒅𝒐𝒆𝒔 𝒏𝒐𝒕 𝒎𝒂𝒌𝒆 𝒑𝒆𝒐𝒑𝒍𝒆. 𝑷𝒆𝒐𝒑𝒍𝒆 𝒎𝒂𝒌𝒆 𝒄𝒖𝒍𝒕𝒖𝒓𝒆. 𝑰𝒇 𝒊𝒕 𝒊𝒔 𝒕𝒓𝒖𝒆 𝒕𝒉𝒂𝒕 𝒕𝒉𝒆 𝒇𝒖𝒍𝒍 𝒉𝒖𝒎𝒂𝒏𝒊𝒕𝒚 𝒐𝒇 𝒘𝒐𝒎𝒆𝒏 𝒊𝒔 𝒏𝒐𝒕 𝒐𝒖𝒓 𝒄𝒖𝒍𝒕𝒖𝒓𝒆, 𝒕𝒉𝒆𝒏 𝒘𝒆 𝒄𝒂𝒏 𝒂𝒏𝒅 𝒎𝒖𝒔𝒕 𝒎𝒂𝒌𝒆 𝒊𝒕 𝒐𝒖𝒓 𝒄𝒖𝒍𝒕𝒖𝒓𝒆.
Cʜɪᴍᴀᴍᴀɴᴅᴀ Nɢᴏᴢɪ Aᴅɪᴄʜɪᴇ
A Nɪɢᴇʀɪᴀɴ Wʀɪᴛᴇʀ
11/01/2021
Unicode_Version
𝐆𝐞𝐧𝐝𝐞𝐫 𝐂𝐨𝐧𝐜𝐞𝐩𝐭, 𝐁𝐮𝐝𝐠𝐞𝐭𝐢𝐧𝐠 𝐚𝐧𝐝 𝐏𝐥𝐚𝐧𝐧𝐢𝐧𝐠 အမှတ်စဉ် (၆)
တန်းခွဲသစ်အတွက် ယခုပဲ စာရင်းပေးသွင်းလို့ရပါပြီ 🤩🤩
Gender Academy မှ ဦးစီးသင်ကြားပေးသော 𝐆𝐞𝐧𝐝𝐞𝐫 𝐂𝐨𝐧𝐜𝐞𝐩𝐭, 𝐁𝐮𝐝𝐠𝐞𝐭𝐢𝐧𝐠 𝐚𝐧𝐝 𝐏𝐥𝐚𝐧𝐧𝐢𝐧𝐠 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 𝐂𝐨𝐮𝐫𝐬𝐞 သင်တန်း အမှတ်စဉ် (၆) ကို လာမည့် ဖေဖော်ဝါရီလတွင် Online Class ( Zoom and Google Classroom ကိုအသုံးပြု၍) ဖြင့် စတင်ဖွင့်လှစ်တော့မည်ဖြစ်ပါသဖြင့် တတ်ရောက်လိုသူများအနေဖြင့် ကြိုတင် စာရင်းပေးသွင်းနိုင်ပါတယ်။ Online Class ဖြစ်တဲ့အတွက် နယ်ဝေးမှ စိတ်ဝင်စားသူမည်သူမဆို စတင်စာရင်းပေးသွင်းနိုင်ပါပြီနော်။ 🤗🤗
ဂျဲန်ဒါအကယ်ဒမီ (Gender Academy) မှာ ဘာတွေ သင်ကြားပေးမှာလဲ ❓
ဂျဲန်ဒါနဲ့ ပတ်သတ်သော အခြေခံသဘောတရားများ၊ ဂျဲန်ဒါကိုအလေးပေးသော လုပ်ငန်းစီမံကိန်းနှင့် ဘတ်ဂျက်ရေးဆွဲခြင်းများ၊ ဂျဲန်ဒါဆန်းစစ်လေ့လာသုံးသပ်သည့် နည်းလမ်းများနှင့် ဂျဲန်ဒါကို အလေးပေးသော အချက်အလက်ကောက်ယူခြင်း နည်းလမ်းများ စသည်တို့ကို သိရှိနိုင်ဖို့အတွက် Gender Academy ကိုလာရောက် ချိတ်ဆက်ဖို့ ဖိတ်ခေါ်ပါတယ်နော်။ ☺️☺️
မှတ်ချက်။ ။ တစ်တန်းလျှင် (၁၅) ဦးသာလက်ခံမည်ဖြစ်သည်။
🎉ပရိုမိုးရှင်း အစီအစဉ်🎉
ယခု ဖြစ်ပေါ်နေသော COVID - 19 ရောဂါအခြေအနေတစ်ရပ်ကြောင့် သင်တန်းအမှတ်စဉ် (၆) အတွက် စာရင်းပေးသွင်း အပ်နှံကြသော သင်တန်းသားများ အားလုံးအတွက် သင်တန်းကြေးကို 10% Discount ပေးသွားမှာပဲ ဖြစ်ပါတယ်။
📙သင်တန်းအချက်အလက်များ📙
📆 သင်တန်းစတင်မည့်ရက် - ဖေဖော်ဝါရီလ (၂၀) ရက်နေ့
⏰သင်တန်းအချိန် - စနေ၊ တနင်္ဂနွေ (နံနက် ၉နာရီ မှ နေ့လယ် ၁၂နာရီခွဲ အထိ)
📅 သင်တန်းကာလ - ၅ လ (နာရီပေါင်း ၁၂၀ နာရီ)
💵 သင်တန်းကြေး - ၂၇၀,၀၀၀ ကျပ် ( ၁၀% Discount ပါဝင်ပြီး)
သင်တန်းအမှတ်စဉ် (၆) အတွက် စာရင်းပေးသွင်းရန် http://bit.ly/GABatchVIRegistrationForm >> လင့်ခ်လေးကို နှိပ်ပြီး ပေးသွင်းနိုင်ပါတယ်။ စာရင်းပေးသွင်းပြီးသောသူများကို Gender Academy ဘက်မှ ပြန်လည်ဆက်သွယ်ပေးသွားမှာပဲ ဖြစ်ပါတယ်။
သင်တန်းအတွက် အသေးစိတ် သိရှိလိုပါက အောက်ပါ ဖုန်းသို့ ဆက်သွယ်၍မေးမြန်းနိုင်ပါသည်။
️☎ 09-424397520
📩 [email protected]
📬 http://genderacademymm.com/
Zawgyi_Version
𝐆𝐞𝐧𝐝𝐞𝐫 𝐂𝐨𝐧𝐜𝐞𝐩𝐭, 𝐁𝐮𝐝𝐠𝐞𝐭𝐢𝐧𝐠 𝐚𝐧𝐝 𝐏𝐥𝐚𝐧𝐧𝐢𝐧𝐠 အမှတ်စဉ် (၆)
️☎ 09-424397520
📩 [email protected]
01/01/2021
🤩ℚ𝕦𝕠𝕥𝕖 𝕠𝕗 𝕋𝕙𝕖 𝔻𝕒𝕪🤩
𝑭𝒆𝒎𝒊𝒏𝒊𝒔𝒎 𝒊𝒔𝒏❜𝒕 𝒂𝒃𝒐𝒖𝒕 𝒉𝒂𝒕𝒊𝒏𝒈 𝒎𝒆𝒏.
𝐼𝑡'𝑠 𝑎𝑏𝑜𝑢𝑡 𝒄𝒉𝒂𝒍𝒍𝒆𝒏𝒈𝒊𝒏𝒈 𝑡ℎ𝑒 𝑎𝑏𝑠𝑢𝑟𝑑 𝑔𝑒𝑛𝑑𝑒𝑟 𝑑𝑖𝑠𝑡𝑖𝑛𝑐𝑡𝑖𝑜𝑛𝑠 𝑡ℎ𝑎𝑡 𝒃𝒐𝒚𝒔 𝒂𝒏𝒅 𝒈𝒊𝒓𝒍𝒔 𝑙𝑒𝑎𝑟𝑛 𝑓𝑟𝑜𝑚 𝑐ℎ𝑖𝑙𝑑ℎ𝑜𝑜𝑑 𝑎𝑛𝑑 𝑐𝑎𝑟𝑟𝑦 𝑖𝑛𝑡𝑜 𝒕𝒉𝒆𝒊𝒓 𝒂𝒅𝒖𝒍𝒕 𝒍𝒊𝒗𝒆𝒔.
Rᴏʙᴇʀᴛ Pᴀᴛʀɪᴄᴋ Wᴇʙʙ
Aɴ Eɴɢʟɪsʜ Cᴏᴍᴇᴅɪᴀɴ
25/12/2020
🤩ℚ𝕦𝕠𝕥𝕖 𝕠𝕗 𝕋𝕙𝕖 𝔻𝕒𝕪🤩
𝑮𝒆𝒏𝒅𝒆𝒓 𝑬𝒒𝒖𝒂𝒍𝒊𝒕𝒚 𝑖𝑠 𝑚𝑜𝑟𝑒 𝑡ℎ𝑎𝑛 𝑎 𝑔𝑜𝑎𝑙 𝑖𝑛 𝑖𝑡𝑠𝑒𝑙𝑓. 𝐼𝑡 𝑖𝑠 𝒂 𝒑𝒓𝒆𝒄𝒐𝒏𝒅𝒊𝒕𝒊𝒐𝒏 𝑓𝑜𝑟 𝑚𝑒𝑒𝑡𝑖𝑛𝑔 𝒕𝒉𝒆 𝒄𝒉𝒂𝒍𝒍𝒆𝒏𝒈𝒆 𝒐𝒇 𝒓𝒆𝒅𝒖𝒄𝒊𝒏𝒈 𝒑𝒐𝒗𝒆𝒓𝒕𝒚, 𝒑𝒓𝒐𝒎𝒐𝒕𝒊𝒏𝒈 𝒔𝒖𝒔𝒕𝒂𝒊𝒏𝒂𝒃𝒍𝒆 𝒅𝒆𝒗𝒆𝒍𝒐𝒑𝒎𝒆𝒏𝒕 𝒂𝒏𝒅 𝒃𝒖𝒊𝒍𝒅𝒊𝒏𝒈 𝒈𝒐𝒐𝒅 𝒈𝒐𝒗𝒆𝒓𝒏𝒂𝒏𝒄𝒆.
Kᴏғɪ Aᴛᴛᴀ Aɴɴᴀɴ
7ᴛʜ Sᴇᴄʀᴇᴛᴀʀʏ-Gᴇɴᴇʀᴀʟ ᴏғ ᴛʜᴇ Uɴɪᴛᴇᴅ Nᴀᴛɪᴏɴs
23/12/2020
Wʜᴀᴛ ɪs Bᴜᴅɢᴇᴛ?
ရသုံးမှန်းခြေငွေစာရင်း ဆိုတာဘာလဲ။💰💰
ရသုံးမှန်းခြေငွေစာရင်းဆိုတာ ဝင်ငွေနဲ့ အသုံးစရိတ်ကိုညီမျှစွာအသုံးပြုခြင်းကို ဆိုလိုပါတယ်။ အိမ်ထောင်စုတစ်ခုတွင် ဝင်ငွေနဲ့ အသုံးစရိတ်များရှိသလို အစိုးရတွင်လည်း ဝင်ငွေနဲ့ အသုံးစရိတ်များ ရှိဖို့လိုပါတယ်။ အစိုးရအနေနဲ့ ဝင်ငွေကို ဘယ်လိုနည်းလမ်းတွေနဲ့ ရယူနိုင်မည်၊ အသုံးစရိတ်တွေကို ဘယ်လိုသုံးစွဲမည် စသည်တို့နှင့် ပတ်သက်ပြီး အစီအစဥ်များရှိရန် လိုအပ်ပါတယ်။ အစိုးရ၏ ဘတ်ဂျက်များသည် နိုင်ငံတော်၏ ဘဏ္ဍာဖြစ်ပါတယ်။ ထို Budgeting (ရသုံးမှန်းခြေငွေစာရင်း) ကို ကျား/မ ရေးရာကိစ္စရက်များတွင်လည်း ထည့်သွင်းစဥ်းစား အသုံးပြုနိုင်ရန် လိုအပ်ပါတယ်။
𝕎𝕙𝕒𝕥 𝕚𝕤 𝔾𝕖𝕟𝕕𝕖𝕣 ℝ𝕖𝕤𝕡𝕠𝕟𝕤𝕚𝕧𝕖 𝔹𝕦𝕕𝕘𝕖𝕥𝕚𝕟𝕘 (𝔾ℝ𝔹) ❔
𝔾𝕖𝕟𝕕𝕖𝕣 ℝ𝕖𝕤𝕡𝕠𝕟𝕤𝕚𝕧𝕖 𝔹𝕦𝕕𝕘𝕖𝕥𝕚𝕟𝕘 ဆိုတာဘာလဲ။
အမျိုးသား၊ အမျိုးသမီး၊ ယောကျာ်းလေး၊ မိန်းကလေးတို့၏ မတူညီသော လိုအပ်ချက်များကို တုန့်ပြန်ပေးသော ဘတ်ဂျက်ဖြစ်သည်။ ဂျဲန်ဒါ အလေးပေးသော ဘတ်ဂျက်ဟုဆိုသောကြောင့် အမျိုးသမီးအတွက် ၅၀ ရာခိုင်နှုန်း အမျိုးသားအတွက် ၅၀ ရာခိုင်နှုန်း သတ်မှတ်ပြီး သုံးရမည်ကို မဆိုလိုပါ။ လိုအပ်ချက်များအပေါ်တွင် လိုက်ပြီး ရှိနေသည့် ဘတ်ဂျက်များကို ခွဲဝေသုံးစွဲခြင်းသာဖြစ်သည်။ ဤကဲ့သို့ လုပ်ဆောင်ခြင်းကြောင့် ကျား၊ မရေးရာ မညီမျှမှုများကို လျော့ချနိုင်ခြင်း၊ ဝင်ငွေမရသည့် ပြုစုစောင့်‌ရှောက်ခြင်းအလုပ်များလျော့ချခြင်းကြောင့် အမျိုးသမီးများ ဝင်ငွေရသည့် အလုပ်များလုပ်ကိုင်လာနိုင်ခြင်း၊ တာဝန်ခံမှု တာဝန်ယူမှုမြင့်မားလာခြင်းနှင့် ဘတ်ဂျက်ဆိုင်ရာ ပွင့်လင်းမြင်သာမှု ပိုမိုအားကောင်းလာြခင်း စသည့် အကျိုးကျေးဇူးများကို ရရှိလာစေနိုင်ပါသည်။
📌𝔾ℝ𝔹 ပြုလုပ်ရန် အဆင့် (၅)ဆင့်
==========================
1) အမျိုးသမီး၊ အမျိုသား၊ မိန်းကလေး၊ ယောက်ျားလေးများ ပါဝင်သော အဆင့်တစ်ခုစီ (သို့မဟုတ်) အခန်းကဏ္ဍ အခြေအနေများကို လေ့လာ ဆန်းစစ်ခြင်း။
2) ကျား၊ မရေးရာ တုံ့ပြန်မှုနှင့် မူဝါဒများ၊ အစီအစဉ်များနှင့် ဥပဒေများ၏ ကွာဟချက်များကိုအကဲဖြတ်ခြင်း။
3) အဆင့် (၂) တွင် ရှိသော ကျား၊ မရေးရာ ထိခိုက်လွယ်သောမူဝါဒများနှင့် အစီအစဉ်များကိုအကောင်အထည်ဖော်ရန် ဘတ်ဂျက်ခွဲဝေမှုသည် လုံလောက်မှု ရှိ/မရှိ အကဲဖြတ်ခြင်း။
4) ချမှတ်ပေးထားသော ငွေကြေးများကို စီစဉ်ထားသည့်အတိုင်း သုံးစွဲခြင်း ရှိ/ မရှိ၊ မည်သည့် ၀န်ဆောင်မှုများနှင့် မည်သူ့ထံသို့ ပေးအပ်သည်ကို စစ်ဆေးခြင်း။
5) မူဝါဒ / လုပ်ငန်းလုပ်ဆောင်မှု / အစီအစဉ်၏ သက်ရောက်မှုနှင့် အဆင့် (၁) တွင်ဖော်ပြထားသော အခြေအနေပြောင်းလဲမှုတို့၏ တိုင်းတာချက်များကို အကဲဖြတ်ခြင်း။
ဒီနေ့ အတွက် Gender Academy သင်တန်းမှ သင်ခန်းစာတချို့ကို မျှဝေခြင်းက ဒီလောက်ပါပဲနော်။ မိတ်ဆွေတို့ အဆင်ပြေကြဖို့ မျှော်လင့်မိပါတယ်။ ☺ ☺
𝔾𝕖𝕟𝕕𝕖𝕣 ℝ𝕖𝕤𝕡𝕠𝕟𝕤𝕚𝕧𝕖 𝔹𝕦𝕕𝕘𝕖𝕥𝕚𝕟𝕘 (𝔾ℝ𝔹) ၏ အသုံးပြုပုံ၊ အရေးပါပုံများ နှင့် အခြားအသေးစိတ် လုပ်ဆောင်ချက်များစွာတို့ကို အကျယ်တပွင့် သိရှိနိုင်ဖို့အတွက် Gender Academy ကိုလာရောက် ချိတ်ဆက်ဖို့ မမေ့ပါနဲ့ဦးနော်။😉😉
ပိုမိုလေ့လာနိုင်ရန် >>> http://genderacademymm.com/
17/12/2020
♂️ Wʜᴀᴛ ɪs Gᴇɴᴅᴇʀ Mᴀɪɴsᴛʀᴇᴀᴍɪɴɢ?♀️
Gᴇɴᴅᴇʀ Mᴀɪɴsᴛʀᴇᴀᴍɪɴɢ ဆိုတာ ဘာလဲ?
Gᴇɴᴅᴇʀ Mᴀɪɴsᴛʀᴇᴀᴍɪɴɢ ဆိုသည်မှာ ကျား/မ ရေးရာ တန်းတူညီမျှမှုကို မြှင့်တင်ရန်အတွက် နည်းလမ်းတစ်ခု ဖြစ်ပါသည်။ Gᴇɴᴅᴇʀ Mᴀɪɴsᴛʀᴇᴀᴍɪɴɢ သည် လုပ်ဆောင်မှုလုပ်ငန်းစဉ်များ၊ အစီအစဉ်များအားလုံးကို ကျား/မ ရေးရာ ရှုထောင့်နှင့် ပေါင်းစည်းပြီး လုပ်ဆောင်ပေးပြီး လူမူဘဝတစ်လျှောက် ကျား/မ ရေးရာ တန်းတူညီမျှမှုရှိရေးကို မြှင့်တင်ရန်အတွက် လုပ်ဆောင်ပေးပါသည်။ စီမံကိန်းများ အကောင်အထည်ဖေါ်ခြင်း အဆင့်တိုင်းတွင် အမျိုးသမီးများနှင့် အမျိုးသားများအတွက် မတူညီသည့် လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားခြင်းများ ပြုလုပ်ပေးသည်။ ထိုသို့ ပြုလုပ်ပေးရာတွင် သီးသန့် အစီအစဉ်များ၊ ဥပဒေများ၊ မူဝါဒများ၊ ဘတ်ဂျက်လျာထားခြင်းများ အပြင် တိကျသော အကဲဖြတ်ခြင်း စောင့်ကြည့်ခြင်း လုပ်ငန်းစဉ်များကို ထည့်သွင်းထားပါသည်။
Gᴇɴᴅᴇʀ Mᴀɪɴsᴛʀᴇᴀᴍɪɴɢ သည် စီမံကိန်းများတွင် အမျိုးသမီးများ နှင့် အမျိုးသားများအားလုံး တန်းတူအညီအမျှ အကျိုးခံစားရခွင့် ရရှိရန် ပြုလုပ်ပေးခြင်း ဖြစ်ပါသည်။ ကျား/မ ရေးရာ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်နှင့် အမျိုးသမီး၊ အမျိုးသားများ၏ လိုအပ်ချက်များကို အာရုံစိုက်နိုင်ရန် Gᴇɴᴅᴇʀ Mᴀɪɴsᴛʀᴇᴀᴍɪɴɢ က အထောက်အပံ့ ပေးပါသည်။ Gᴇɴᴅᴇʀ Mᴀɪɴsᴛʀᴇᴀᴍɪɴɢ ကို အဖွဲ့အစည်းအတွင်း တွင်လည်းကောင်း၊ မူဝါဒများ ချမှတ်ထားခြင်းနှင့် အကောင်အထည်ဖေါ်ခြင်း တွင်လည်းကောင်း၊ စီမံကိန်းများ တွင်လည်းကောင်း ထည့်သွင်းစဉ်းစား နိုင်သည်။
ဒီနေ့ အတွက် Gender Academy သင်တန်းမှ သင်ခန်းစာတချို့ကို မျှဝေခြင်းက ဒီလောက်ပါပဲနော်။ မိတ်ဆွေတို့ အဆင်ပြေကြဖို့ မျှော်လင့်မိပါတယ်။ ☺ ☺
Gᴇɴᴅᴇʀ Mᴀɪɴsᴛʀᴇᴀᴍɪɴɢ ၏ အဆင့်တစ်ဆင့်တစ်ခုချင်းစီ၏ အသုံးပြုပုံ၊ အရေးပါပုံများ နှင့် အခြားအသေးစိတ် လုပ်ဆောင်ချက်များစွာတို့ကို အကျယ်တပွင့် သိရှိနိုင်ဖို့အတွက် Gender Academy ကိုလာရောက် ချိတ်ဆက်ဖို့ မမေ့ပါနဲ့ဦးနော်။😉😉
ပိုမိုလေ့လာနိုင်ရန် >>> http://genderacademymm.com/
04/12/2020
🤩ℚ𝕦𝕠𝕥𝕖 𝕠𝕗 𝕋𝕙𝕖 𝔻𝕒𝕪🤩
𝑇𝑜 𝑡ℎ𝑒 𝑐ℎ𝑖𝑙𝑑𝑟𝑒𝑛 𝑜𝑓 𝑜𝑢𝑟 𝑐𝑜𝑢𝑛𝑡𝑟𝑦,
𝑟𝑒𝑔𝑎𝑟𝑑𝑙𝑒𝑠𝑠 𝑜𝑓 𝑦𝑜𝑢𝑟 𝑔𝑒𝑛𝑑𝑒𝑟 ...
𝒅𝒓𝒆𝒂𝒎 𝒘𝒊𝒕𝒉 𝒂𝒎𝒃𝒊𝒕𝒊𝒐𝒏, 𝒍𝒆𝒂𝒅 𝒘𝒊𝒕𝒉 𝒄𝒐𝒏𝒗𝒊𝒄𝒕𝒊𝒐𝒏, 𝒂𝒏𝒅
𝒔𝒆𝒆 𝒚𝒐𝒖𝒓𝒔𝒆𝒍𝒗𝒆𝒔 𝒊𝒏 𝒂 𝒘𝒂𝒚 𝒕𝒉𝒂𝒕 𝒕𝒉𝒆 𝒐𝒕𝒉𝒆𝒓𝒔 𝒎𝒂𝒚 𝒏𝒐𝒕.
Kᴀᴍᴀʟᴀ Dᴇᴠɪ Hᴀʀʀɪs
US Vɪᴄᴇ Pʀᴇsɪᴅᴇɴᴛ
25/11/2020
ℝ𝕒𝕡𝕚𝕕 ℝ𝕦𝕣𝕒𝕝 𝔸𝕡𝕡𝕣𝕒𝕚𝕤𝕒𝕝 (ℝℝ𝔸)
=========================
RRA သည် ၁၉၇၀ အနှောင်းပိုင်းကာလများတွင် ပေါ်ပေါက်ခဲ့သော လူမှုသိပ္ပံဆိုင်ရာချဉ်းကပ်မှု တစ်ခုဖြစ်ပါတယ်။ RRA ၏ အခြေခံ အယူအဆမှာ ကျေးလက်ဒေသ၏ အခြေအနေများနှင့် ဒေသဆိုင်ရာ အချက်အလက်၊ ဗဟုသုတများကို လျင်မြန်စွာ စုဆောင်းနိုင်ရန်၊ ဆန်းစစ်လေ့လာနိုင်ရန် နှင့် သတင်းအချက်အလက်များကို အကဲဖြတ်နိုင်ရန် ဖြစ်ပါတယ်။ အများအားဖြင့် RRA ကို သုတေသနပညာရှင်များ၊ ကျွမ်းကျင်ပညာရှင်များနှင့်အတူ workshop ၁ ရက်မှ ၃ ရက်ခန့် ပြုလုပ်လေ့ရှိကြပါတယ်။ လိုအပ်သော သတင်းအချက်အလက်များကို ရရှိ စုဆောင်းနိုင်ရန်အတွက် ကျေးလက်ဒေသရှိ နယ်ခံများနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ကြပါတယ်။ RRA တွင် ပါဝင်သော ကျေးလက်ဒေသမှ နယ်ခံများ၏ အဓိက အခန်းကဏ္ဍမှာ သုတေသန ရည်ရွယ်ချက်များ၊ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များအတွက် လိုအပ်သည့် ဒေသဆိုင်ရာ ဗဟုသုတများကို ပံ့ပိုးပေးရန်ဖြစ်ပါတယ်။ RRA တွင် လုပ်ငန်းစဉ်များအားလုံးကို စီမံခန့်ခွဲပြီး အချက်အလက်များကို မည်သို့အသုံးပြုမည်ကို ဆုံးဖြတ်ပိုင်ခွင့်သည် ဦးဆောင်သည့် အဖွဲ့ထံတွင် ရှိပါတယ်။
ℙ𝕒𝕣𝕥𝕚𝕔𝕚𝕡𝕒𝕥𝕠𝕣𝕪 ℝ𝕦𝕣𝕒𝕝 𝔸𝕡𝕡𝕣𝕒𝕚𝕤𝕒𝕝 (ℙℝ𝔸)
================================
၁၉၈၀ ပြည့်နှစ်အတွင်း PRA ကို အိန္ဒိယ နှင့် ကင်ညာ တို့တွင် စတင်၍ အသုံးပြုလာပြီး အဓိကအားဖြင့် အောက်ခြေအဆင့်တွင် လုပ်ကိုင်နေသော NGOs များက စတင်ဆောင်ရွက်ခဲ့ပါတယ်။ ယနေ့အချိန်ထိ PRA ကို နည်းစနစ်များ၊ Tools အသစ်များ ဖန်တီးခြင်း၊ ရှိရင်းစွဲ Tools များအား လိုအပ်ချက်အလိုက် မွမ်းမံဖြည့်စွက်ကာ အသုံးပြုခြင်းတို့ဖြင့် ဆောင်ရွက်လျက် ရှိပါတယ်။ PRA ကို ကျေးလက်ဒေသရှိ ပြည်သူများ၏ လူနေမှု အခြေအနေများ၊ ပြဿနာများ နှင့် ပြောင်းလဲမှုများကို ဆန်းစစ်လေ့လာနိုင်ရန်အတွက် အသုံးပြုကြပါတယ်။ ဆန်းစစ်လေ့လာမှုနှင့် လုပ်ငန်းအစီအစဉ်များ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ကျေးလက်ဒေသရှိ နယ်ခံများကို ဖိတ်ခေါ်ပြီး ၎င်းတို့အား စွမ်းဆောင်ရည်မြှင့်တင်ခြင်းဖြင့် ပူးပေါင်း လုပ်ဆောင် လေ့ရှိပါတယ်။ PRA ၏ အရေးကြီးသော ဝိသေသတစ်ခုမှာ အစည်းအဝေးအတွင်းရှိ အမြင်များ၊ လူထုတင်ပြချက်များနှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်းဖြင့် ရရှိလာသော ဆန်းစစ်လေ့လာမှု ရလဒ်များကို PRA အဖွဲ့နှင့် ရပ်ရွာလူထု အား မျှဝေ ပေးခြင်း ဖြစ်ပါတယ်။ ဤနည်းဖြင့် ရပ်ရွာလူထုသည် လုပ်ငန်းစဉ်များအားလုံးကို ကိုယ်တိုင် သိရှိနားလည်သဘောပေါက်ပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများအားလုံးတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းလည်း ရရှိမှာ ဖြစ်ပါတယ်။
📌𝐏𝐚𝐫𝐭𝐢𝐜𝐢𝐩𝐚𝐭𝐨𝐫𝐲 𝐑𝐮𝐫𝐚𝐥 𝐀𝐩𝐩𝐫𝐚𝐢𝐬𝐚𝐥 (𝐏𝐑𝐀) ပြုလုပ်ရာတွင် အောက်ပါ အချက် (၄) ချက်ကို အဓိက လုပ်ဆောင်ရပါမည်။
✔ Preparation (ကြိုတင်ပြင်ဆင်ခြင်း)
✔ Field Work (လက်တွေ့ ကွင်းဆင်းလုပ်ဆောင်ခြင်း)
✔ Analysis (ဆန်းစစ်လေ့လာခြင်း)
✔ Presentation (ရှင်းလင်းတင်ပြခြင်း)
📌 𝐏𝐚𝐫𝐭𝐢𝐜𝐢𝐩𝐚𝐭𝐨𝐫𝐲 𝐑𝐮𝐫𝐚𝐥 𝐀𝐩𝐩𝐫𝐚𝐢𝐬𝐚𝐥 (𝐏𝐑𝐀) ပြုလုပ်ရာတွင် အသုံးပြုရ
မည့် Toolkit များ…
✔ The Development Context Toolkit
✔ Livelihood Analysis Toolkit
✔ Stakeholders’ Priorities for Development Toolkit
လက်တွေ့ဆောင်ရွက်တဲ့အခါ မိမိအဖွဲ့အစည်းရဲ့ လိုအပ်ချက်၊ မိမိလေ့လာ လိုတဲ့ နယ်ပယ်ပေါ်မူတည်ပြီး Toolkit များရွေးချယ်ပုံနဲ့ Tools များအသုံးပြုပုံ ကွဲပြားနိုင်ပါတယ်။
Toolkit တစ်ခုချင်းစီရဲ့ အသုံးပြုပုံ၊ အရေးပါပုံနဲ့ အခြားအသေးစိတ် လုပ်ဆောင်ချက်တွေကို အကျယ်တဝင့် သိရှိနိုင်ဖို့အတွက် Gender Academy ကိုလာရောက် ချိတ်ဆက်ဖို့ ဖိတ်ခေါ်ပါတယ်နော်။ ☺ ☺
ဒီနေ့ အတွက် Gender Academy သင်တန်းမှ သင်ခန်းစာတချို့ကို မျှဝေခြင်းက ဒီလောက်ပါပဲနော်။ မိတ်ဆွေတို့ အဆင်ပြေကြဖို့ မျှော်လင့်မိပါတယ်။ 🤗🤗
ပိုမိုလေ့လာနိုင်ရန် >>> http://genderacademymm.com/
18/11/2020
Bᴀsɪᴄ Sᴏᴄɪᴀʟ Rᴇsᴇᴀʀᴄʜ Mᴇᴛʜᴏᴅs (အခြေခံ လူမှုရေးသုတေသန နည်းလမ်းများ)
=========================================================
လူ့အဖွဲ့အစည်းနှင့် လူအများ၏ လိုအပ်ချက်များ၊ လိုအင်များ၊ လူမှုရေးရာ/ ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သတ်သော အတွေးအမြင်များကို သေချာစွာ သိရှိနားလည်ပြီး ဖြေရှင်းပေးနိုင်ရန် Basic Social Research Methods များကို အသုံးပြုခြင်းဖြင့် တိုင်းတာကြပါတယ်။
အခြေခံ လူမှုရေးသုတေသနများ ပြုလုပ်တိုင်းတာရန် နည်းလမ်း (၃) မျိုးရှိပါတယ်…
(၁) Qualitative Methods (အရည်အသွေး အခြေပြု နည်းလမ်းများ)
(၂) Quantitative Methods (အရေအတွက် အခြေပြု နည်းလမ်းများ)
(၃) Mix Methods ( နည်းလမ်းနှစ်မျိုးလုံး အသုံးပြုသော နည်းလမ်း)
✅ 𝑸𝒖𝒂𝒍𝒊𝒕𝒂𝒕𝒊𝒗𝒆 𝑴𝒆𝒕𝒉𝒐𝒅𝒔 (အရည်အသွေး အခြေပြု နည်းလမ်းများ)
အရည်အသွေးကို အခြေခံပြီး အတွင်းကျကျလေ့လာနိုင်သည်။ ရှင်းပြချက်များတွင် အားကောင်းပြီး ကိန်းဂဏန်းများ တွက်ချက်ရာတွင် အခက်အခဲ အနည်းငယ်ရှိပါသည်။ ထို့ကြောင့် တိတိကျကျဖော်ပြဖို့ရန် ခဲယဉ်းလှသည်။ အဖွင့်မေးခွန်းများ မေးခြင်းဖြင့် သုတေသနပြုလုပ်သည်။
✅ 𝑸𝒖𝒂𝒏𝒕𝒊𝒕𝒂𝒕𝒊𝒗𝒆 𝑴𝒆𝒕𝒉𝒐𝒅𝒔 (အရေအတွက် အခြေပြု နည်းလမ်းများ)
အရေအတွက်ကို အခြေခံပြီး ပြုလုပ်သောနည်းလမ်းဖြစ်သဖြင့် ကိန်းဂဏန်းများ တိတိကျကျ တွက်ချက်နိုင်သည်။ ကိန်းဂဏန်းများ တွက်ချက်ရာတွင် အားသာသည့်အတွက် ရှင်းပြချက်များတွင် အလွန်အားနည်းလှသည်။ ထို့ကြောင့် သုတေသနပိုင်းတွင် အားကောင်းသင့်သလောက် မကောင်းတော့ပဲ အပေါ်ယံသာ ဖြစ်စေသည်။ အပိတ်မေးခွန်းများ မေးခြင်းဖြင့် သုတေသနပြုလုပ်သည်။
✅ 𝑴𝒊𝒙 𝑴𝒆𝒕𝒉𝒐𝒅 ( နည်းလမ်းနှစ်မျိုးလုံး အသုံးပြုသော နည်းလမ်း)
အထက်ပါ နည်းလမ်းနှစ်မျိုးလုံး၏ ကောင်းသောအချက်များဖြင့် ပြုလုပ်သောကြောင့် အားကောင်းသော နည်းလမ်းတစ်ခုဖြစ်ပါသည်။
Gender Academy မှ သင်ကြားခဲ့သော သင်ခန်းစာအကျဉ်းချုပ်များကို ဗုဒ္ဓဟူးနေ့တိုင်းမှာ ပြန်လည်မျှဝေပေးမှာဖြစ်တဲ့အတွက် မိမိတို့ရဲ့ မိတ်ဆွေများကိုလဲ ထပ်ဆင့်ဝေမျှ ပေးလိုက်ပါဦးနော်။
ပိုမိုသိရှိနိုင်ရန် >>> http://genderacademymm.com/
06/11/2020
🤩ℚ𝕦𝕠𝕥𝕖 𝕠𝕗 𝕋𝕙𝕖 𝔻𝕒𝕪🤩
အမျိုးသမီးများကို စွမ်းဆောင်ရည်
မြှင့်တင်ပေးခြင်းဆိုတာ ထိုအမျိုးသမီးများအပေါ်
ယုံကြည်ခြင်းပင် ဖြစ်ပါတယ်။
𝐼𝑠𝑎𝑏𝑒𝑙 𝐴𝑙𝑙𝑒𝑛𝑑𝑒
𝐶ℎ𝑖𝑙𝑒𝑎𝑛 𝑊𝑟𝑖𝑡𝑒𝑟
31/10/2020
သီတင်းကျွတ်လပြည့်ည အခါသမယမှာ
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြစေကြောင်း Gender Academy မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်...🙏🙏
28/10/2020
❞𝐏𝐫𝐚𝐜𝐭𝐢𝐜𝐚𝐥 𝐚𝐧𝐝 𝐒𝐭𝐫𝐚𝐭𝐞𝐠𝐢𝐜 𝐆𝐞𝐧𝐝𝐞𝐫 𝐧𝐞𝐞𝐝𝐬❞
𝐆𝐞𝐧𝐝𝐞𝐫 𝐀𝐧𝐚𝐥𝐲𝐬𝐢𝐬 ကိုလုပ်ဆောင်တဲ့အခါ အခုဖော်ပြမဲ့ စကားလုံး များကိုနားလည်ထားဖို့ အလွန်အရေးကြီးပါတယ်။
❞𝐂𝐨𝐧𝐝𝐢𝐭𝐢𝐨𝐧❞ ဆိုတာ အမျိုးသမီး အမျိုးသားတို့ရဲ့ တာဝန်ဝတ္တရားများ၊ သူတို့ရဲ့ လုပ်ငန်းတာဝန်များ သူတို့တွေရဲ့အလုပ်တွေပေါ်မှာ မူတည်ပြီး လိုအပ်မှုတွေကို ထောက်ပံ့ပေးတာကိုဆိုလိုပါတယ်။ ဒါက ရေတို ကာလ အတွက်ဖြစ်ပါတယ်။ ဒါတွေကို ဖြည့်ဆည်းပေးလိုက်ခြင်းအားဖြင့် သူတို့ရဲ့ အခြေအနေတစ်ခုဟာ တိုးတက်လာပါတယ်။ ဥပမာအားဖြင့် အမျိုးသမီးတွေကို သောက်ရေသန့်တွေ ထောက်ပံ့ပေးတာ၊ မီးဖို တွေပံ့ပိုး ပေးတာ က အဲဒီအမျိုးသမီးတွေရဲ့ အလုပ်တာဝန်တွေကို လျော့ကျစေပြီး အဲဒီမိသားစုရဲ့ အခြေအနေတွေကို တိုးတက်စေပါတယ်။ ဒီလိုဘဲ အမျိုးသားတွေအတွက် ဆိုရင် စက်ဘီးပြင်ဆိုင်ဖွင့်နိုင်ဖို့ ငွေကြေးထောက်ပံ့ပေးတာမျိုးပါ ဒါက အမျိုးသားတွေဝင်ငွေရှာမှုကို ထောက်ပံ့ပေးတော့ သူတို့မိသားစုရဲ့စားဝတ်နေရေးကို အထောက်အပံ့ပေးတယ်လို့ ယူဆပါတယ်။
❞𝐏𝐨𝐬𝐢𝐭𝐢𝐨𝐧❞ ဆိုတာကတော့ အမျိုးသမီးတွေရဲ့ နေရာ ကိုဆိုလိုတာပါ၊ အမျိုးသမီးတွေရဲ့ နေရာကို ပြောင်းလဲဖို့ဆိုရင် Strategic Gender Interest အတွက်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ Strategic Gender Interest လို့ဆိုလို့ရှိရင် အရင်းအမြစ်တွေနဲ့ ဆုံးဖြတ်ချက်ချခြင်းတို့ကို လက်လှမ်းမှီဖို့၊ အလုပ်အကိုင်ခန့် ထားခြင်းတို့မှာလည်း ခွဲခြားဆက်ဆံမှုတွေမရှိဖို့၊ မြေယာအဆောက်အဉီတွေပိုင်ဆိုင်ခွင့် ရဖို့တွေပါဝင် ပါတယ်။ အမျိုးသမီးတွေရဲ့ "position" ပြောင်းလဲဖို့ဆိုလို့ရှိရင် အမျိုးသမီး အမျိုးသားကြားမှာ ရှိနေတဲ့ ပါဝါမညီမျှမှုတွေ၊ အမျိုးသမီးတွေရဲ့ အခြေအနေတွေနဲ့ အရင်းအမြစ်တွေကို လွှမ်းမိုးချုပ်ကိုင် ထားမှုတွေကို ထည့်သွင်းစဉ်းစားလေ့လာသုံးသပ်ဖို့လိုပါတယ်။ ဉပမာအားဖြင့် အမျိုးသမီး တစ်ယောကို ရပ်ရွာထဲမှာ အသိအမှတ်ပြုလာတာမျိုး နေရာပေးလာတာမျိုးကိုဆိုလိုတာပါ။
လက်တွေ့ကျသော ကျား ၊မ လိုအပ်ချက် Practical Gender Needs တစ်ကယ်လို့များ အဲဒီအရာတွေပြည့်မှီမယ်ဆိုရင် အမျိုးသမီး အမျိုးသားတွေရဲ့ ဘဝတွေတိုးတက်လာပါတယ်။ ဒါပေမဲ့ သူတို့ရဲ့လက်ရှိ ကျား ၊ မ ပေါ်မှာ အခြေပြု ပြီး အလုပ်ခွဲခြားလုပ်ကိုင်မှုတွေကို တော့ ပြောင်းလဲမှာ မဟုတ်သလို အမျိုးသမီးရဲ့ အရေးမပါစွာ ဆက်ဆံခံရမှု ဖြစ်နေတဲ့ အခြေအနေကိုလည်း ပြောင်းမှာမဟုတ်ပါဘူး။ သူတို့အတွက် အရေးတစ်ကြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတာဖြစ်တယ်။ ဥပမာအားဖြင့် သောက်သုံး ရေပံ့ပိုးပေးတာမျိုးဖြစ်ပါတယ်။
နည်းဗျူဟာကျသော ကျားမ လိုအပ်ချက် Strategic Gender Interest တစ်ကယ်လို့များဒါတွေပြည့်မှီမယ်ဆိုရင် အမျိုးသမီးနဲ့ အမျိုးသားကြားမှာရှိတဲ့ ပါဝါမညီမျှမှုတွေကို ပြောင်းလဲစေပါတယ်။ ကျား ၊ မ ပေါ်မှာ အခြေပြု ပြီး အလုပ်ခွဲခြားလုပ်ကိုင်မှုတွေ၊ ထိန်းချုပ်မှုတွေနဲ့ ပါဝါတွေကို ပြောင်းလဲစေမှာဖြစ်ပါတယ်၊ အမျိုးသမီးတွေအတွက်ဆိုရင် ဥပဒေရေးရာနဲ့ပတ်သက်တဲ့ အခွင့်အရေးတွေ၊ အိမ်တွင်းအကြမ်းဖက်မှုတွေ၊ လုပ်ခ လစာ မတူညီမှုတွေ၊ အမျိုးသမီးတွေရဲ့ ခန္တာကိုယ်ကို မိမိတို့ဘာသာထိန်းချုပ်နိုင်မှု စတာတွေပါဝင်ပါတယ်။ အဲဒါတွေကို အမျိုးသမီးတွေ လက်လှမ်းမှီလာမှာ လုပ်ကိုင်လာနိုင်မှာ ရရှိလာမှာတွေဖြစ်တယ်။ ဒါတွေကို အများအားဖြင့် သဘာဝဘဲဖြစ်တယ် ပြောင်းလဲလို့ မရဘူးဆိုပြီး လက်ခံထားကြပါတယ်။
ဒါကို ပြောင်းလဲနိုင်တယ်ဆိုတဲ့ အယူအဆတွေကို လက်ခံနိုင်တဲ့သူရှိလာပြီဆိုရင်တော့ အမျိုးသမီးတွေ အတွက် Strategic Gender Interest ကို ရရှိလာနိုင်မှာဖြစ်ပါတယ်၊ အမျိုးသားတွေအတွက်လည်း Strategic Gender Interest တွေ ဖြစ်တဲ့ အရာတွေကို ပြောင်းလဲချင်တာမျိုး ဉပမာ သူတို့က အိမ်မှုကိစ္စတွေကိုလုပ်ဆောင်လာဖို့ ပြောင်းချင်တာမျိုးတွေ ဆိုလိုပါတယ်။ တစ်ခါတစ်လေမှာ တော့ လက်တွေ့ကျသော ကျား ၊မ လိုအပ်ချက် နဲ့ နည်းဗျူဟာကျသော ကျားမ လိုအပ်ချက် တွေကို တိတိကျကျ ပြောဖို့ခက်တာတွေလည်းဖြစ်နိုင်ပါတယ်။
ဒီနေ့ Sharing ကတော့ အပတ်စဉ်ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေရက်များတွင် သင်ကြားပို့ချခဲ့သော သင်ခန်းစာများကို ဗုဒ္ဓဟူးနေ့မှာ ပြန်လည် တင်ပေးတာဖြစ်ပါတယ်။ နောက်နေ့ knowledge sharing ကဏ္ဍမှာ ဘယ်လို သင်ခန်းစာတွေ တင်ပေးမယ်ဆိုတာ စောင့်မျှော်ပေးကြပါဦးနော်။
ပိုမိုလေ့လာနိုင်ရန် >>> http://genderacademymm.com/
21/10/2020
𝐆𝐄𝐍𝐃𝐄𝐑 𝐍𝐎𝐑𝐌 𝐀𝐍𝐃 𝐈𝐃𝐄𝐎𝐋𝐎𝐆𝐘
𝗪𝗵𝗮𝘁 𝗶𝘀 𝗚𝗲𝗻𝗱𝗲𝗿 𝗡𝗼𝗿𝗺❓
ကျား/မရေးရာ စံနှုန်းများ ဆိုတာဘာလဲ။
ကျား၊ မလူမှုရေးရာ စံနှုန်းများသည် သတ်မှတ်ထားသော အုပ်စုတစ်ခု (သို့မဟုတ်) လူ့အဖွဲ့အစည်းအတွင်းရှိ အမျိုးသမီးများနှင့် အမျိုးသားများအတွက် သင့်လျော်သော လုပ်ဆောင်မှုများကို သတ်မှတ်သည့် လူမှုရေးစံနှုန်းများဖြစ်သည်။ ၎င်းတို့သည် လူသားအရင်းအမြစ်များနှင့် လွတ်လပ်ခွင့်များအား အမျိုးသမီးများနှင့် အမျိုးသားများ မညီမျှမှု ရရှိခံစားခွင့်ကို ပုံသွင်းရသည့် အခန်းကဏ္ဍများတွင် ပါဝင်ပါသည်။
𝗪𝗵𝗮𝘁 𝗶𝘀 𝗚𝗲𝗻𝗱𝗲𝗿 𝗜𝗱𝗲𝗼𝗹𝗼𝗴𝘆❓
ကျား/မရေးရာ သဘောတရားအတွေးအမြင် ဆိုတာဘာလဲ။
ယောက်ျားလေးများနှင့် မိန်းကလေးများကို ငယ်စဉ်အရွယ်များမှ စတင်၍ မည်သို့ တွေးတောရမည်၊ မည်သို့ပြုမူရမည်ကို ကန့်သတ်ထားခြင်း၊ အရွယ်ရောက်ပြီး အမျိုးသားများနှင့် အမျိုးသမီးများကြားရှိ မည်သူက ထုတ်ဖော်ပြောဆိုခြင်း (သို့မဟုတ်) ဆုံးဖြတ်ချက်ချခြင်းများ ပြုလုပ်နိုင်သည့် တန်ဖိုးများနှင့် စံနှုန်းများသည်လည်း လူ့အဖွဲ့အစည်းအတွင်း အာဏာခွဲဝေပုံကို တိုက်ရိုက်သက်ရောက်မှုများ ရှိလာခဲ့ပါသည်။
𝐈𝐝𝐞𝐨𝐥𝐨𝐠𝐲 𝐚𝐧𝐝 𝐍𝐨𝐫𝐦𝐬 𝐨𝐟 𝐌𝐚𝐬𝐜𝐮𝐥𝐢𝐧𝐢𝐭𝐲 (ဖိုသဘာဝ၏ သဘာတရားအတွေးအမြင်နှင့် စံနှုန်းများ)
============================================
၁) ယောက်ျားဆန်ခြင်း (ဥပမာ - ရန်လိုတက်ခြင်း၊ ရည်မှန်းချက်ကြီးခြင်း၊ ခွဲခြမ်းစိတ်ဖြာ နိုင်စွမ်းရှိခြင်း၊ သန်မာထွားကျိုင်းခြင်း)
၂) ကြီးစိုးမှုဆိုင်ရာအယူအဆများရှိခြင်း - မိန်းမတို့အား အမျိုးသားများ၏ ဖွဲ့စည်း တည်ဆောက်ပုံဆိုင်ရာ လူမှုဆက်ဆံရေးကို အလေးထားပြောကြားခဲ့ပါသည်။
• Biology (ဇီဝဗေဒဆိုင်ရာ)
• Production (ထုတ်လုပ်မှုဆိုင်ရာ)
• Politics and culture (နိုင်ငံရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ)
• Family, community and state (မိသားစု၊ ရပ်ရွာ နှင့် ပြည်နယ်
ဆိုင်ရာ)
• Cultural of violence (ယဉ်ကျေးမှုဆိုင်ရာ အကြမ်းဖက်မှုများ)
• Economic system and various combinations (စီးပွားရေး
ဆိုင်ရာ)
𝐈𝐝𝐞𝐨𝐥𝐨𝐠𝐲 𝐚𝐧𝐝 𝐍𝐨𝐫𝐦𝐬 𝐨𝐟 𝐅𝐞𝐦𝐢𝐧𝐢𝐧𝐢𝐭𝐲 (မ သဘာဝ၏ သဘာတရားအတွေးအမြင်နှင့် စံနှုန်းများ)
============================================
၁) မိန်းမဆန်ခြင်း (ဥပမာ - ကြင်နာတက်ခြင်း၊ ချစ်ခင်တက်ခြင်း၊ နူးညံ
သိမ်မွေ့ခြင်း၊ မေတ္တာတရားကြီးမားခြင်း၊ အရှက်အကြောက်ကြီးခြင်း)
၂) မျိုးပွားနိုင်ခြင်း
၃) ယဉ်ကျေးမှုဆိုင်ရာ သင်္ကေတတစ်ခုဖြစ်ခြင်း
၄) ထိန်းချုပ်မှုအောက်တွင်သာ နေထိုင်ရခြင်း
၅) လက်အောက်ခံ အဖြစ်သာရှိနေခြင်း
အထက်ပါ အမျိုးသမီး၊ အမျိုးသားများ၏ စံနှုန်းများနှင့် အတွေးအမြင်၊ သဘောထား များသည်လည်း Gender (ကျား/မရေးရာ) ၏ အရေးပါသော အခန်းကဏ္ဍတစ်ရပ်တွင် ထည့်သွင်း စဉ်းစားလာကြပါသည်။
ဒီနေ့ Sharing ကတော့ အပတ်စဉ်ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေရက်များတွင် သင်ကြားပို့ချခဲ့သော သင်ခန်းစာများကို ဗုဒ္ဓဟူးနေ့မှာ ပြန်လည် တင်ပေးတာဖြစ်ပါတယ်။ နောက်နေ့ knowledge sharing ကဏ္ဍမှာ ဘယ်လို သင်ခန်းစာတွေ တင်ပေးမယ်ဆိုတာ စောင့်မျှော်ပေးကြပါဦးနော်။
ပိုမိုလေ့လာနိုင်ရန် >>> http://genderacademymm.com/
07/10/2020
How relate between State and Gender?
State နဲ့ Gender ကြား ဘယ်လို ဆက်စပ်မှုတွေရှိသလဲ?
State ဆိုတာဘာလဲ?
State ဆိုတာ နေရာဒေသလေး တစ်ခုပဲဖြစ်ပါတယ်။ ထိုနေရာဒေသလေးကို ဓလေ့ထုံးတမ်းတွေ ကန့်သတ်ချင်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ အဲ့ဒီနေရာဒေသလေး တစ်ခုကပဲ Gender( ကျား/မ ရေးရာ) ကို အကြီးမားဆုံး ချုပ်ကိုင်ထားနိုင်ပါတယ်။
နေရာဒေသအလိုက် ကျား/မရေးရာ ကန့်သတ်ဘောင်ခတ်ထားပုံခြင်းတွေမတူပါဘူး။ နေရာဒေသတိုင်းမှာ သတ်မှတ်ထားတဲ့ ကျား၊မရေးရာ စံနှုန်းတွေ ရှိသလို ယူဆချက်များ၊ ခံယူချက်များလည်း အများကြီး ကွဲလွဲမှုများရှိတယ်။ နေရာဒေသကပဲ လူတစ်ယောက်ချင်းစီ၊ မိသားစုတစ်ခုချင်းစီ၊ လူမျိုးတစ်ခုချင်းစီ၊ နိုင်ငံတစ်ခုချင်းစီရဲ့ စံနှုန်းတွေကို သတ်မှတ်လေ့ရှိကြတယ်။ လူတစ်ဦးတစ်ယောက်ရဲ့ ကိုယ်ပိုင်ကဏ္ဍများအထိကိုပါ သတ်မှတ်ပေးနိုင်ပါတယ်။
State (နေရာ/ ဒေသ) က Gender Relationship နှင့် Power Relationship အကြားမှာရှိတဲ့ အဓိက အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ State (နေရာ/ဒေသ) ကြောင့်ပဲ Power Relationship တွေဖြစ်ပေါ်လာတယ်။ State (နေရာ/ဒေသ) ကြောင့်ပဲ Gender Inequality (ကျား/မ ရေးရာ မညီမျှမှု) ဖြစ်လာစေတယ်။ ထိုအပြင် sexuality (ဖို/မ ရေးရာ) အပိုင်းကဏ္ဍများကိုလဲ State (နေရာ/ဒေသ) ကပဲ ထိန်းချုပ်ထားတယ်။
State (နေရာ/ဒေသ) က Gender (ကျား/မ ရေးရာ) ဆိုတဲ့ အပိုင်းမှာ အများဆုံးပါဝင်လာခဲ့ပြီး Gender(ကျား/မ ရေးရာ) ကို ညီမျှမှု မညီမျှမှုတွေ၊ မျိုးပွားနိုင်မှုတွေမှာ ဘယ်လို ပါဝင် ကန့်သတ်ထားသလဲဆိုတာ နားလည်စေဖို့လည်း ရည်ရွယ်ပါတယ်။
ဒီနေ့ Sharing ကတော့ အပတ်စဉ်ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေရက်များတွင် သင်ကြားပို့ချခဲ့သော သင်ခန်းစာများကို ဗုဒ္ဓဟူးနေ့မှာ ပြန်လည်တင်ပေးတာဖြစ်ပါတယ်။ နောက်နေ့ knowledge sharing ကဏ္ဍမှာ ဘယ်လိုသင်ခန်းစာတွေ တင်ပေးမလည်းဆိုတာ စောင့်မျှော်ပေးကြပါဦးနော်။
ပိုမိုလေ့လာနိုင်ရန် >>> http://genderacademymm.com/
30/09/2020
မင်္ဂလာပါ မိတ်ဆွေတို့ရေ ......
ယခုဖြစ်ပေါ်နေသော ကပ်ရောဂါ (ကိုဗစ် ၁၉) ကြောင့် အိမ်ထဲမှာနေပြီး ကျန်းမာရေး အထူးဂရုစိုက်ကြဖို့နှင့် ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ဖို့ ပြောပြချင်ပါတယ်။ အပြင်ထွက်မည်ဆိုလျှင်လည်း mask ကို သေချာစွာတပ်ပြီး လက်ဆေးကြဖို့ မမေ့ကြပါနဲ့ဦ်းနော်။ ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်အတိုင်း လူစုလူဝေးများ မဖြစ်ပေါ်စေဖို့အတွက် Gender Academy အဖွဲ့သားများအားလုံးလည်း (၇.၉.၂၀၂၀) မှစတင်ပြီး Work From Home အနေဖြင့် ပြုလုပ်နေကြပါတယ်။ Gender Academy မှ သင်တန်းများကိုလည်း အနယ်နယ် အရပ်ရပ်မှ မိတ်ဆွေတို့အားလုံး ပါဝင်နိုင်ရန်အတွက် Online Class အနေဖြင့် ဖွင့်လှစ်ထားပြီး ဖြစ်ပါတယ်။
ချစ်ခင်လျှက်
Gender Academy
25/09/2020
🤩Quote of The Day🤩
အမျိုးသားများနှင့် အမျိုးသမီးများကို တန်းတူညီမျှစွာ ဖန်တီးထားကြောင်းဆိုတဲ့ အမှန်တရားကို ရှင်းလင်းပြတ်သားစွာ လက်ကိုင်ထားဖို့ပဲ ဖြစ်ပါတယ်။
Elizabeth Cady Stanton
American Activist
23/09/2020
Family and Kinship (မိသားစုနှင့် ဆွေမျိုးအသိုင်းအဝိုင်း)
==========================================
What is "Family" ? 👨‍👨‍👧‍👧
"မိသားစု" ဆိုတာ ဘာလဲ?
"မိသားစု" ဆိုတာ သဟဇာတဖြစ်ရမယ်၊ လိုက်ဖက်ညီရမယ်၊ မိမိ မိသားစုများနဲ့ပဲ အမြဲအတူရှိနေရမယ်၊ ပြောင်းလဲလို့မရနိုင်ဘူးလို့ ယူဆကြပါတယ်။
"မိသားစု" လို့ပြောရင် အတူတူနေတဲ့သူတွေ၊ လက်ထပ်ထားမှုတွေ၊ လိင်မတူသူများရဲ့ လက်ထပ် ထိမ်းမြားမှုတွေ၊ အဓိကငွေရှာသူများ စတဲ့သူများနဲ့ ပတ်သတ်နေပါတယ်။ တချို့ကလည်း "မိသားစု" ဆိုတာကို လက်ထပ်ထိမ်းမြားခြင်း သွေးသားတော်စပ်မှုတွေရဲ့ မွေးစားခံရထားမှုတွေနဲ့ ချည်နှောင်ထားပါတယ်။
ယခုနောက်ပိုင်းများမှာတော့ ပြောင်းလဲလာမှုများစွာရှိလာပါတယ်။ လိင်တူချစ်သူများ ထိမ်းမြားလက်ထပ်ခြင်းများကိုလည်း "မိသားစု" လို့ လက်ခံလာကြသလို မိမိနဲ့ အတူနေထိုင်တဲ့သူတွေကိုလည်း "မိသားစု"လို့ လက်ခံလာကြပါပြီ။
What is "Kinship" ? 👨‍👨‍👧‍👦
"ဆွေမျိုး အသိုင်းအဝိုင်း" ဆိုတာ ဘာလဲ?
"ဆွေမျိုး အသိုင်းအဝိုင်း" ဆိုတာကတော့ သွေးသားတော်စပ်မှု၊ လက်ထပ်ထားမှုများရဲ့ တစ်ဦးဦးနဲ့ ဆက်ဆံရေး ပတ်သတ်မှု‌တွေ ပါဝင်ပါတယ်။ "ဆွေမျိုး အသိုင်းအဝိုင်း" ဆိုတာကလည်း ယဉ်ကျေးမှု ဓလေ့အတန်းအစား စတဲ့အရာများအပေါ် မှာ မူတည်ပါတယ်။ တချို့တွေကတော့ "ဆွေမျိုး အသိုင်းအဝိုင်း" လို့ပြောရင် မိထွေး၊ ဖထွေးတွေနဲ့ ပတ်သတ်တဲ့ ဆွေမျိုးများအထိပါသလို တချို့များကတော့ အလွန်နီးစပ်တဲ့ ဆွေမျိုးတွေကိုသာ "ဆွေမျိုး အသိုင်းအဝိုင်း" လို့ သတ်မှတ်ထားကြတယ်။
Family (မိသားစု) နဲ့ Kinship (ဆွေမျိုး အသိုင်းအဝိုင်း) များထဲမှာ Gender (ကျား/မ ရေးရာ) ပါဝင်လာခြင်းကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်လာတယ်။
ဒီနေ့ Sharing ကတော့ အပတ်စဉ်ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေရက်များတွင် သင်ကြားပို့ချခဲ့သော သင်ခန်းစာများကို ဗုဒ္ဓဟူးနေ့မှာ ပြန်လည်တင်ပေးတာဖြစ်ပါတယ်။ နောက် knowledge sharing ကဏ္ဍမှာ ဘယ်လိုသင်ခန်းစာတွေ တင်ပေးမလည်းဆိုတာ စောင့်မျှော်ပေးကြပါဦးနော်။
ပိုမိုလေ့လာနိုင်ရန် >>> http://genderacademymm.com/
16/09/2020
What is Feminism?
အလွှာအသီးသီး၊ လူတန်းစားအသီးသီး၊ လူမျိုးအသီးသီး၊ နိုင်ငံအသီးသီးတွင် ကြုံတွေ့နေရသော အမျိုးသမီးများ၏ အခက်အခဲများ၊ မတူညီသော အခွင့်အလမ်းများ၊ အမျိုးမျိုးသော ခွဲခြားမှုများကို သိရှိလာကြရာမှ စတင်ခဲ့ပါသည်။ Feminism သည် ၁၇ရာစုတွင် အနောက်နိုင်ငံများမှ စတင်၍ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး ကျား/မ ရေးရာ တန်းတူညီမျှမှုမရှိသည့် ကိစ္စရပ်များပေါ်မူတည်ပြီး အစပြုလာခဲ့ပါသည်။ အမျိုးသားများ လွှမ်းမိုးကြီးစိုးသည့် စနစ်ကို မေးခွန်းများ ထုတ်လာရာမှ စတင်ခဲ့ပြီး အမျိုးသမီးများ ဖိနှိပ်ခံ အခြေအနေများမှ လွတ်မြောက်ရန်နှင့် ကျား/မ တန်းတူညီမျှမှု ရရှိရန်အတွက် ပြောင်းလဲလာမှုများ ပြုလုပ်လာခဲ့ကြပါသည်။ အမျိုးသမီးများ၏ မဲပေးခွင့်မှ အစပြုကာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ လက်ထပ်ပေါင်းသင်းရေး အစရှိသည့် အရေးကိစ္စများတွင် တည်ရှိနေသည့် ခွဲခြားဆက်ဆံမှု အတွေးအမြင်များပေါ် မူတည်ပြီး တူညီသော အခွင့်အရေးများရရှိရန်အတွက် ဆောင်ရွက်ရာမှ Feminism ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
First Wave of Feminism (Feminism ပထမလှိုင်း)
Feminism ၏ ပထမလှိုင်းသည် ၁၉ ရာစု အနှောင်းပိုင်း၊ ၂၀ ရာစု အစောပိုင်းတွင် စတင်ခဲ့ပါသည်။ အရင်းရှင်စနစ်မှ လွတ်‌မြောက်လာသည့်နောက် ပေါ်ပေါက်ခဲ့ပြီး “Liberal Feminism” ဟုခေါ်ဆိုခဲ့သည်။ အမျိုးသမီးများနှင့် အမျိုးသားများသည် အတူတူဖြစ်သည့်အတွက် အခွင့်အရေးများလည်း တူညီရမည် ဟူသည့် အယူအဆမှ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ အမျိုးသမီးများအပေါ် လူမှုရေးအရ ကန့်သတ်ချက်များနှင့် ၎င်းတို့၏ မျိုးဆက်ပွားမှုနှင့် လိင်မှုဆိုင်ရာ အခွင့်အရေးများအား မေးခွန်းထုတ်ရာမှ လှုပ်ရှားမှုများ စတင်ခဲ့သည်။ ဤကာလ အတွင်းတွင် လူလတ်တန်းစား အမျိုးသမီးများ၏ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်နှင့် ထိမ်းမြားလက်ထပ်မှု ဆိုင်ရာ အခွင့်အရေးများကို တောင်းဆိုမှုများ ပေါ်ပေါက်ခဲ့သည်။
Second Wave of Feminism (Feminism ဒုတိယလှိုင်း)
ဒုတိယလှိုင်းသည် ၁၉ ရာစုအလယ်ပိုင်းမှ စတင်ခဲ့ကာ “Radical Feminism” ဟုခေါ်ဆိုခဲ့ပါသည်။ ဒုတိယလှိုင်းကာလတွင် အမျိုးသမီးများနှင့် အမျိုးသားများ၏ မတူညီမှုများကို အသိအမှတ်ပြုလက်ခံကာ အဆိုပါ မတူညီမှုများကြောင့် ဖြစ်ပေါ်လာသည့် မညီမျှမှုများ မရှိစေရန်အတွက် ဉပဒေပြဌာန်းမှုများ၊ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့ကြသည်။ အမျိုးသမီးများ၏ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုဆိုင်ရာ၊ လူ့အဖွဲ့အစည်းဆိုင်ရာ အခွင့်အရေးများကို တောင်းဆိုလာခဲ့ကြပြီး အမျိုးသမီးများ၏ ကိုယ်ပိုင်အခန်းကဏ္ဍကို ဦးတည်ချက်ထား ဆောင်ရွက်လာခဲ့ကြပါသည်။ “Personal is Political” ဆိုသည့်စကားသည် ဒုတိယလှိုင်း၏ ထင်ရှားသည့် စကား တစ်ရပ်ဖြစ်လာခဲ့ပြီး အမျိုးသမီးများ၏ အခွင့်အရေးများအားတောင်းဆိုရာတွင်အနောက်နိုင်ငံများမှ အမျိုးသမီးများ အတွက် သာမကပဲ တစ်ကမ္ဘာလုံးမှ အမျိုးသမီးများ၏ အခွင့်အရေး ဆုံးရှုံးမှုများကိုပါ သိမြင်သဘောပေါက်ကာ ဆောင်ရွက်ပေးရန် ကြိုးစားလာခဲ့ကြသည်။ ဤကာလတွင် Marxist Feminism, Socialist Feminism တို့လည်း ပေါ်ပေါက်လာခဲ့ကြသည်။
Third Wave of Feminism (Feminism တတိယလှိုင်း)
Second Wave ၏ လှုပ်ရှားမှုသည် အမျိုးသမီးများအပေါ် တည်ရှိနေသည့် မညီမျှမှုများအတွက် အခွင့်အရေးများ ရရှိလာစေရန် လုပ်ဆောင်ခဲ့သော်လည်း လူလတ်တန်းစား လူဖြူ အမျိုးသမီးများအတွက်သာ ဦးတည်ကြောင်း ဝေဖန်ခဲ့ကြရာမှ Third Wave of Feminism ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ Third Wave of Feminism ကို “Postmodern Feminism” ဟုခေါ်ဆိုခဲ့ပြီး ၁၉၉၀ ခုနှစ်တွင် စတင်ခဲ့သည်။ Postmodern Feminism သည် အမျိုးသမီးများအကြားမှာပင် တည်ရှိနေသည့် မတူကွဲပြားမှုများကို သဘောပေါက်နားလည်ကာ ဘာသာ၊ လူမျိုး၊ လူမျိုးစုနှင့် လူတန်းစား ကွဲပြားမှုအလိုက် မတူညီသော ခွဲခြားဆက်ဆံခံရမှုများကို ဦးတည်ကာ လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ ဤကာလတွင် လူနည်းစု အမျိုးသမီးများ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် ခွဲခြားဆက်ဆံခံရမှုများအတွက် လှုပ်ရှားမှုများဆောင်ရွက်ခဲ့ကြသည်။ Islamic Feminism နှင့် Trans Feminism တို့လည်း ဤကာလတွင် ပေါ်ပေါက်ခဲ့ကြသည်။
Fourth Wave of Feminism (Feminism စတုတ္ထလှိုင်း)
Feminism စတုတ္ထလှိုင်းသည် ၂၀၁၀ ခုနှစ်ခန့်မှ အစပြု၍ ယနေ့ထိဖြစ်သည်။ ဤကာလတွင် ဆောင်ရွက် နေကြသည့် လှုပ်ရှားမှုများကို “Online Feminism” ဟုလည်း ခေါ်ဝေါ်ခဲ့ကြသည်။ ယနေ့ခေတ် အမျိုးသမီးများ၏ နေ့စဉ်လူမှုဘဝတွင် ကြုံတွေ့နေရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများကို ဦးတည်ပြီး campaign များစွာကို ပြုလုပ်ခဲ့ကြသည်။ နှင့် လှုပ်ရှားမှုများလည်း ဤကာလတွင် ပေါ်ပေါက်ခဲ့သည်။ လှုပ်ရှားမှုများမှတဆင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ခေါင်းဆောင်မှုနယ်ပယ်တွင် အမျိုးသမီးများ ပါဝင် လာနိုင်စေရန်နှင့် အမျိုးသမီးများ၏ လုပ်ပိုင်ခွင့်များကို မြှင့်တင်ပေးရန် ဆောင်ရွက်ခဲ့ကြသည်။ အမျိုးသမီးများ မိမိတို့၏ ကိုယ်ပိုင်ဘဝနှင့် ပြည်သူ့ရေးရာ ဘဝတွင် ဆုံးဖြတ်ချက်ချမှတ်သည့် အခန်းကဏ္ဍ၌ ပိုမိုပါဝင်လာနိုင် စေရေး စွမ်းဆောင်ရည်မြှင့်တင်ပေးရန်အတွက် လှုပ်ရှားမှုများဆက်လက် ဆောင်ရွက်နေကြဆဲပင်ဖြစ်သည်။
ဒီနေ့ Sharing ကတော့ အပတ်စဉ်ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေရက်များတွင် သင်ကြားပို့ချခဲ့သော သင်ခန်းစာများကို ဗုဒ္ဓဟူးနေ့မှာ ပြန်လည်တင်ပေးတာဖြစ်ပါတယ်။ နောက်နေ့ knowledge sharing ကဏ္ဍမှာ ဘယ်လိုသင်ခန်းစာတွေ တင်ပေးမလည်းဆိုတာ စောင့်မျှော်ပေးကြပါဦးနော်။
ပိုမိုလေ့လာနိုင်ရန် >>> http://genderacademymm.com/
Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.
Videos (show all)
International Women’s Day 🎉🎉“Women are the real architects of society.” Cher#genderacademy #internationalwomensday
Telephone
Address
Yangon
11041
Opening Hours
Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00
Sunday 09:00 - 12:00
Other Educational Research in Yangon (show all)
Rachel's Gay Answers Rachel's Gay Answers
Yangon
Ask me anything about LGBTQ, I'll make it out.
GIScope GIScope
Yangon
Yangon, 11191
We are sharing GIS & RS and Geography Knowledges.
Bio Dent Institute Of Professional Development Bio Dent Institute Of Professional Development
No 70, Min Ye Kyaw Swar Road , 9th Ward , East Dagon Township , (Near 7/8 Junction North Dagon)
Yangon, 11421
We offer hands-on training programs designed to prepare students for a successful career
Mei Hui တရုတ်စာသင်တန်းကျောင်း Mei Hui တရုတ်စာသင်တန်းကျောင်း
Thaketa
Yangon
အခြေခံမှစ တရုတ်စာ 4 skills ကို ကျွမ်းကျင်ပိုင်နိုင်စွာအထိ သင်ကြားပေးနေပါသည်။
SEC - English Language Centre SEC - English Language Centre
Yangon
I've been teaching english for about 13 years. I'm a tourist guide and translator too.
Uniteam Career Development Institute Uniteam Career Development Institute
84, Pan Hlaing Street, Sanchaung Township
Yangon, 11111
Unlock your potential with UCDI
Micro Exam Micro Exam
Kabaraye Pagoda Road
Yangon
အလုပ်တစ်ဖက်နဲ့ ခက်ခဲနေတဲ့ စာမေးပွဲကို Micro Pen နှင့် အလွယ်တကူ ကျော်ဖြတ်ကြမယ် 1 micro pen = 2000mmk
Bright Future Bright Future
Hlaing Tharyar
Yangon, 123
Now or Never
Independent Journal of Burmese Scholarship Independent Journal of Burmese Scholarship
Yangon
The term “independent” in our title is meant to emphasize our total independence from any government agency or body in Burma or abroad.
Goldsmith Induction Course,Myanmar Goldsmith Induction Course,Myanmar
Yangon
Goldsmith&JewelsGold
Htet Pwint-ထက်ပွင့် Korean Language Education Centre Htet Pwint-ထက်ပွင့် Korean Language Education Centre
Yadanar Myaing Street, Kamaryutt Township
Yangon, 11041
Education
IPC Education Agency IPC Education Agency
Yangon
စစ်မှန်ပြီး အရည်အချင်းများပြည့်၀သော သားသားမီးမီးလေးများအတွက်