Mahar Insur

Mahar Insur

The best place in INSURANCE SERVICE.

Photos from Mahar Insur's post 16/08/2021

အာဖဂန်မှခွာလိုသဖြင့် လေယာဉ်ကို တွယ်ဖက်လိုက်သွားသူ ၂ ဦးထက်မနည်း ပြန်လည်ပြုတ်ကျသေဆုံး

ကဘူးလ်၊ သြဂုတ် ၁၆

အာဖဂန်နစ္စတန်နိုင်ငံမှ ထွက်ခွာလိုသဖြင့် ကယ်ဆယ်ရေးလေယာဉ်ပေါ်သို့ အတင်းအကြပ် တွယ်ဖက်ကာလိုက်သွားသူအချို့သည် လေယာဉ်အမြင့်သို့ရောက်သော် မြေပြင်သို့ပြန်လည်ပြုတ်ကျကာ သေဆုံးကြကြောင်း မျက်မြင်သက်သေများကပြောသည်။

ယင်းကိုရိုက်ကူးထားသော ဗီဒီယိုဖိုင်တစ်ခုလည်း အွန်လိုင်းတွင်ပြန့်နှံ့နေသည်။

အေမရိကန်လေတပ်၏ သယ်ယူပို့ဆောင်ရေးလေယာဉ်ကြီးပေါ်သို့ စုပြုံ၍ တက်ကြရာ အထဲသို့ဝင်ခွင့်မရသူအချို့သည် လေယာဉ်ကိုယ်ထည်တွင် တွယ်ဖက်၍ လိုက်ပါသွားကြရာမှ ထိုသို့ပြန်လည်ပြုတ်ကျခြင်းဖြစ်သည်။

Ref: People ‘fall from plane leaving Kabul after trying to stowaway in desperation’
Photo: Mirwais Khan Amiri, east2west news/EPA

15/08/2021

၅နှစ် အရစ်ကျ ကားဝယ်ရင်
၅နှစ်ပြည့်ပြီးပြန်ရောင်းရင်ဘယ်လောက်ရှံးမလဲ?
လက်ငင်း ၂၇၂သိန်းတန်ကား
ကနဦးသွင်းငွေ -၆၂သိန်း
ကညန- ၂သိန်း
ဝင်ငွေခွန် ၁၅% ၄၀သိန်း
လစဉ် သွင်းငွေ
၄၉၅၀၀၀ကျပ် လ၆၀ ၂၉၇သိန်း
-----------------------------
စုစုပေါင်းပေး ရမည့်ငွေ ၄၀၁သိန်း
၅နှစ်စီးပြီးရောင်းရင်ရမဲ့
ကားတန်ဖိူး ၂၀၀သိန်း
-------------------------------
ဆုံရုံးမည့်ပမာဏ ခန့်မှန်း ၂၀၁သိန်း
ဒါကြောင့်အကြံပေးချင်တာက
ပဏမ သွင်းငွေ ၆၂သိန်း+ကညန၂သိန်း+
ဝင်ငွေခွန် ၄၀သိန်း=၁၀၄သိန်း ရှိရင်
၁၀၄သိန်းတန်ကားကိုဝယ်စီးပါ
တလ၄၉၅၀၀၀ကျပ် စုလိုက်ပါ
၅နစ်ပြည့်ရင် ၂၉၇သိန်း+အတိုး သိန် ၃၀ ခန့်
နှင့် ကားတစီးသင်ပိုင်နေလိမ့်မည်
ကားဟောင်းရောင်း+စုငွေ =စုစုပေါင်း
၄၀၀သိန်းကျော်ပိုင်ဆိုင်နေလိမ့်မယ် အဲဒီအချိန်ကျမှ သူများ၅နှစ်စီးထားပြီးသားကား ၂စီး
ဝယ်စီးလိုက်ပါ

Crd

Photos from Mahar Insur's post 14/08/2021

မင်းနဲ့အတူတူ ကမ္ဘာမြေအဆုံးအထိ

crd orginal uploader

22/11/2020

(unicode)
မော်တော်ယာဉ်အာမခံဆိုသည်မှာ ယာဉ်ပိုင်ရှင်များ မတော်တဆထိခိုက်မှုမှတဆင့် ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှုများနှင့် ခိုးယူမှု သို့မဟုတ် သဘာဝဘေးအန္တရာယ်များ ဖြစ်ကြတဲ့ ငလျင်၊ ရေကြီးရေလျှံခြင်းနှင့် မိုးကြိုးပစ်ခြင်း၊ သပိတ်မှောက်ခြင်းစကဲ့ အကြောင်းအရင်းများမှ ငွေကြေးဆိုင်ရာကာကွယ်ပေးနိုင်သော မရှိမဖြစ် အစောင့်အရှောက်တစ်ခုဖြစ်ပါတယ်။

အာမခံမထားရှိဘဲ ယာဉ်မတော်တဆမှု ဖြစ်ခြင်းက နောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ပြီး သင့်ကား၏ ပျက်စီးဆုံးရှုံးမှုများအား ပြုပြင်ရန်နှင့် ထိုမတော်တဆမှုမှာ သင့်အမှားဖြစ်နေခဲ့ပါက အခြားသူ၏ ပျက်စီးဆုံးရှုံးမှုအတွက်ပါ ကုန်ကျစရိတ်များစွာ ဖြစ်ပေါ်စေနိုင်ပါသည်။

မော်တော်ယာဉ်အာမခံတွင် အကျိုးခံစားခွင့်များစွာ ရှိပါသည်။ သင့်မော်တော်ယာဉ်၏ ထိခိုက်ဆုံးရှုံးမှုများကို ပြန်လည်အစားထိုးပေးရုံသာမကဘဲ third-party ကြောင့် ဖြစ်ပေါ်လာသော ထိခိုက်ပျက်စီးမှုများအတွက်ပါ တာဝန်ယူဆောင်ရွက်ပေးပါတယ်။ အာမခံမှ သင့်မော်တော်ယာဉ်အား မူလအနေအထားသို့ ပြန်လည်ရရှိစေရန်နှင့် ပြန်လည်မောင်းနှင်နိုင်ရန် သေချာစွာဆောင်ရွက်ပေးပါတယ်။ မတော်မဆမှုကြောင့် အချိန်မတိုင်မီ သင့်အသက်ဆုံးရှုံးခဲ့ရလျှင်လည်း သင့်မိသားစုအတွက် ငွေကြေးအထောက်အပံ့များကို ပေးပါတယ်။

မော်တော်ယာဉ်အာမခံ၏ အခြေခံ ပရီမီယံတွက်ချက်ခြင်းအကြောင်းအား သိရှိလိုသူများအတွက် သိန်း၁၀ဝ တန် လုပ်ငန်းသုံး ကားတစ်စီးအား အခြေခံ ပရီမီယံတွက်ချက်မှုကို ဥပမာအနေဖြင့် မျှဝေပေးလိုက်ပါတယ်။ တစ်ရက်လျှင် ၆၀ဝ ကျပ်ဖြင့် သင့်ကားကို အာမခံထားနိုင်ပါတယ်။ စိတ်နှလုံးငြိမ်းချမ်းစေပြီး လုံခြုံစေဖို့အတွက် ပေးရတာမများလှပါဘူး။

Photos from Mahar Insur's post 22/11/2020

(Unicode)
​ကြိုတင်ပြင်ဆင်ပါ။ ကြိုတင်ကာကွယ်ပါ။

ယာဥ်မတော်တဆဖြစ်ခြင်းက သင့်မော်တော်ယာဥ်နဲ့ သင့်အသက်ကိုပါ အန္တရာယ်ဖြစ်စေနိုင်တာကြောင့် ဘေးကင်းစွာ မောင်းနှင်သင့်ပြီး စည်းကမ်းမလိုက်နာသော ယာဥ်မောင်းများ၊ ကြိုတင်မမြင်နိုင်သော သဘာဝဘေးအန္တရာယ်များနှင့် ပျက်စီးဆုံးရှုံးမှုများမှ KBZMS မော်တော်ယာဥ်အာမခံဖြင့် ကာကွယ်လိုက်ပါ။ လူကြီးမင်းသည် မြန်မာ့ထိပ်တန်း အာမခံကုမ္ပဏီဖြစ်တဲ့ KBZMS နှင့်အတူ လုံခြုံစွာရှိနေပါတယ်။

#ယုံကြည်အားထားအာမခံစွမ်းအား


(Zawgyi)
ကြိုတင်ပြင်ဆင်ပါ။ ကြိုတင်ကာကွယ်ပါ။

ယာဉ်မတော်တဆဖြစ်ခြင်းက သင့်မော်တော်ယာဉ်နဲ့ သင့်အသက်ကိုပါ အန္တရာယ်ဖြစ်စေနိုင်တာကြောင့် ဘေးကင်းစွာ မောင်းနှင်သင့်ပြီး စည်းကမ်းမလိုက်နာသော ယာဉ်မောင်းများ၊ ကြိုတင်မမြင်နိုင်သော သဘာဝဘေးအန္တရာယ်များနှင့် ပျက်စီးဆုံးရှုံးမှုများမှ KBZMS မော်တော်ယာဉ်အာမခံဖြင့် ကာကွယ်လိုက်ပါ။ လူကြီးမင်းသည် မြန်မာ့ထိပ်တန်း အာမခံကုမ္ပဏီဖြစ်တဲ့ KBZMS နှင့်အတူ လုံခြုံစွာရှိနေပါတယ်။

#ယုံကြည်အားထားအာမခံစွမ်းအား


(English)
Get prepared! Get Protected!

A car accident can damage your vehicle and endanger you life, so drive safely and buy KBZMS motor insurance to protect yourself from careless drivers and unforeseen natural disasters and catastrophes. You are in safe hands with KBZMS, Myanmar's leading insurance company.

19/11/2020

(Unicode)

သင်သည် ယခုမှစတင် မောင်းနှင်သော ယာဉ်မောင်း အသစ်တစ်ဦးဖြစ်စေ၊ အတွေ့အကြုံရင့်ကျက်သော ယာဉ်မောင်းတစ်ဦး ဖြစ်စေ မော်တော်ယာဉ်အာမခံ အကြောင်းကို အမြဲတမ်းလေ့လာဖို့ လိုအပ်နေပါတယ်။

ပြီးခဲ့သောအပတ်က ကျပ်သိန်း ၁၀၀ တန် လုပ်ငန်းသုံးကားတစ်စီးအတွက် ပရီမီယံ တွက်ချက်မှုအကြောင်းကို လေ့လာခဲ့ကြရပါတယ်။ ဒီနေ့မှာတော့ ကျပ်သိန်း ၃၅၀ တန်ဖိုးရှိသော လုပ်ငန်းသုံးကားတစ်စီး တွက်ချက်မှုကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ပျော်ရွှင်မှုကို ငွေကြေးဖြင့် ဝယ်ယူလို့မရပါဘူး သို့သော် ငွေကြေးအချို့ကို အာမခံအတွက် သုံးစွဲလိုက်ခြင်းဖြင့် သင်ဟာကြိုတင်မမြင်နိုင်တဲ့ ဖြစ်ရပ်တွေကနေ ကာကွယ်ထားတယ်ဆိုတဲ့ အသိစိတ်နှင့်အတူ စိတ်ချမ်းသာမှုကို ဝယ်ယူနိုင်ပါတယ်။
မော်တော်ယာဉ်အာမခံကို ဝယ်ယူဖို့ ဒီနေ့ဘဲ ကြှနျုပျတို့ကို ဆက်သွယ်လိုက်ပါ။



(Zawgyi)

သင်သည် ယခုမှစတင် မောင်းနှင်သော ယာဉ်မောင်း အသစ်တစ်ဦးဖြစ်စေ၊ အတွေ့အကြုံရင့်ကျက်သော ယာဉ်မောင်းတစ်ဦး ဖြစ်စေ မော်တော်ယာဉ်အာမခံ အကြောင်းကို အမြဲတမ်းလေ့လာဖို့ လိုအပ်နေပါတယ်။

ပြီးခဲ့သောအပတ်က ကျပ်သိန်း ၁၀၀ တန် လုပ်ငန်းသုံးကားတစ်စီးအတွက် ပရီမီယံ တွက်ချက်မှုအကြောင်းကို လေ့လာခဲ့ကြရပါတယ်။ ဒီနေ့မှာတော့ ကျပ်သိန်း ၃၅၀ တန်ဖိုးရှိသော လုပ်ငန်းသုံးကားတစ်စီး တွက်ချက်မှုကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ပျော်ရွှင်မှုကို ငွေကြေးဖြင့် ဝယ်ယူလို့မရပါဘူး သို့သော် ငွေကြေးအချို့ကို အာမခံအတွက် သုံးစွဲလိုက်ခြင်းဖြင့် သင်ဟာကြိုတင်မမြင်နိုင်တဲ့ ဖြစ်ရပ်တွေကနေ ကာကွယ်ထားတယ်ဆိုတဲ့ အသိစိတ်နှင့်အတူ စိတ်ချမ်းသာမှုကို ဝယ်ယူနိုင်ပါတယ်။
မော်တော်ယာဉ်အာမခံကို ဝယ်ယူဖို့ ဒီနေ့ဘဲ ကြှနျုပျတို့ကို ဆက်သွယ်လိုက်ပါ။



(English)

Whether you are a new or experienced driver, there is always more to learn about motor insurance.

Last week we examined the premium calculations for a 100 Lakhs MMK commercial car. Today, we will look at a commercial vehicle valued at 350 Lakhs MMK.

Money can't buy happiness, but spending some money on insurance can purchase some peace of mind with the knowledge that you are protected from unforeseen events.

Call us today to get Motor Insurance.

06/11/2020

လွန်ခဲ့သော ၁၀ ခန့် နှစ် ကပေါ့ဗျာ......
ကုန်ကားဒါရိုက်ဘာကြီး ဖဲရှုံးပါလေရော။ လမ်းကြေးရော၊တန်ဆာခပါပြောင်ပါလေရော။
အဲဒါနဲ့ ကားထဲက တူကြီးကို ယူပြီးတော့ ရှေ့ဘန်ဘာကြီးကို အားရပါးရ ထုလိုက်ပါလေရောဗျာ။
ပြီးတော့မှ အဝေးက အုံနာကို ဖုန်းဆက်ပါလေရော။ ...
" ဆရာ...ဆရာ ကျွန်တော့်ကား Pajero ကိုနောက်ကနေ နမ်းလိုက်မိပြီ ဆရာ။အဲဒါ ကားကို စခန်းအတင်းမောင်းခိုင်းနေတယ်။ "
" ............ ......"
" ဟုတ်ကဲ့ဆရာ... ပြောပြီးပြီ၊ ၅ သိန်း အလျော်တောင်းတယ်။ဆရာ ,,,"
" ....... ........ "
" ကျွန်တော့်ကားက ဘာမှမဖြစ်ဘူးဆရာ၊ဘန်ဘာပဲ ပိန်သွားတာ "
" ....... .........."
" ကျွန်တော် ငိုပြထားတယ်ဆရာ။မိန်းမက ဗိုက်ကြီးနဲ့ ခေါက်ကြေးက ဘယ်လောက်မှ မရဘူး။ ကျွန်တော်ပဲ စိုက်လျော်ရမှာ၊သနားပါ လို့ ငိုပြတယ်ဆရာ။ အဲဒါနဲ့ ၃ သိန်းပေးရမယ်တဲ့ဆရာ။ ထပ်ပြောလို့ မရတော့ဘူးဆရာ။ ယာဉ်ထိန်းလာရင် ပိုကုန်မှာဆရာ။"
" ........ ......... "
" ဟုတ်ကဲ့ ဆရာ...ဟုတ်ကဲ့ ...ဆရာ ဂိတ်မှုးကို ဖုန်းဆက်ထားပါအုံး။ သူ့ဆီ ကယူပေးလိုက်ပါ့မယ်ဆရာ။ ၃ သိန်းနော် ဆရာ။ ဟုတ်၊ဟုတ်ကဲ့ ၊ ဖြည်းဖြည်းပဲမောင်းပါ့မယ်ဆရာ။စိတ်ချပါဆရာ၊ကျွန်တော် အရက်ပြတ်ပါပြီ ဆရာရဲ့ ၊စိတ်ချပါဆရာ။ " ~~~~~~~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~
အဲဒိလိုပါပဲ၊ ခုဆို " အေး၊အေး၊ကားမှန်မှာကပ်ထားတဲ့ အဝိုင်းက ဖုန်းကိုဆက်လိုက်၊အာမခံ ဌာန ကလာရှင်းလိမ့်မယ်၊မင်းဘာမှ မပြောနဲ့ ။" အဲဒိလို ဖြစ်မှာပါ၊လိုက်မလုပ်ကြပါနဲ့ နော်။ .............

Credit original uploder
AZT

06/11/2020

ကျန်းမာရေးအာမခံဆိုတာ ဝယ်ယူဖို့ အမှန်တကယ် ထိုက်တန်ရဲ့လား? အပိုင်း (၂)
ဒီတော့ သင်မတော်မဆ နေထိုင်မကောင်းဖြစ်တဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ? ဖျားနာခွင့် ရက်အနည်းငယ် ယူတာက ပြသနာကြီးကြီးမားမား မရှိနိုင်ပါဘူး။ သို့သော် ရာသီတုတ်ကွေးထက် ဆိုးရွားတဲ့အခြေအနေ ဖြစ်ခဲ့မယ်ဆိုရင်ရော?
ဆေးကုသမှုကုန်ကျစရိတ်တွေက မြန်မြန်ဆန်ဆန် ပို​များလာနိုင်ပြီး စုဆောင်းထားတဲ့ ငွေကြေးတွေကိုပါ ဆုံးရှုံးသွားနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒီနေရာမှာတော့ အာမခံက ကူညီဆောင်ရွက်ပေးနိုင်ပါတယ်။
အသက် ၂၅နှစ် အရွယ်မှာ အာရောဂျံ-မူလ ကျန်းမာရေးအာမခံအား တစ်နှစ်စာ ပေါ်လစီဝယ်ယူခြင်းက ငွေကျပ် ၃၆,၃၀၀(တစ်လစာ ကျပ် ၃,၀၂၅ နှင့်ညီမျှသည်) သာ ကုန်ကျမှာ ဖြစ်ပါတယ်။ အာရောဂျံ- မဇ္စျိမ ကျန်းမာရေးအာမခံအား တစ်နှစ်စာ ပေါ်လစီဝယ်ယူခြင်းက ငွေကျပ် ၇၅,၉၀၀ (တစ်လစာ ကျပ် ၆,၃၂၅ နှင့်ညီမျှသည်) သာ ကုန်ကျမှာ ဖြစ်ပါတယ်။ ယခုပေါ်လစီကို သင်လုံးဝအသုံးမပြုရလျှင်တော့ ယခုကုန်ကျစရိတ်က များတယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။
သို့သော် ပုဂ္ဂလိကဆေးရုံတစ်ရုံမှာ သာမန်ခွဲစိတ်မှုတစ်ခု ခံယူလျှင်ပင် မြန်မာငွေကျပ် ၅၀၀,၀၀၀ သို့မဟုတ် ယခုထက်ပိုပြီး ကုန်ကျနိုင်ပြီး ဆေးကုသမှုဆက်လက်ခံယူရန် ဆေးရုံတက်ရောက်စရိတ်အတွက် မြန်မာငွေကျပ် ၂၀၀,၀၀၀ ခန့် ထိပ်မံကုန်ကျနိုင်ပါသည်။ ဆရာဝန်စမ်းသပ်ခ၊ ဆေးဖိုးဝါးခ၊ ပြန်လည်ထူထောင်ရေးစရိတ်များ စသဖြင့်တို့အတွက် ထပ်မံကုန်ကျနိုင်ပါသေးတယ်။ မြန်မာငွေကျပ် ၇၅၀,၀၀၀ နှင့် အထက် အလွယ်တကူ ထပ်မံကျန်ကျသွားနိုင်ပါတယ်။
အောက်ဖော်ပြပါ ဇယားတွင် အာရောဂျံ-မူလ၊ အာရောဂျံ- မဇ္စျိမ နှင့် အာရောဂျံ-မဟာ ပေါ်လစီဝယ်ယူခြင်းဖြင့် သင်ရရှိနိုင်သော ခံစားခွင့်များကို ရှင်းပြထားပါတယ်။
ကျန်းမာရေး အာမခံ အကာအကွယ်၏ အကျိုးခံစားခွင့် [အာရောဂျံ-မူလ]
ခွဲစိတ်ကုသခြင်း - ၅၀၀,၀၀၀
နေ့စဉ်ဆေးရုံစရိတ် - ၆၀၀,၀၀၀
ကိုယ်ဝန်ပျက်ကျခြင်း - ၃၀၀,၀၀၀
ဆေးရုံ၊ဆေးခန်းပြခြင်း - ၁၀,၀၀၀
သေဆုံးခြင်း - ၁,၀၀၀,၀၀၀
ကျန်းမာရေး အာမခံ အကာအကွယ်၏ အကျိုးခံစားခွင့် [အာရောဂျံ- မဇ္စျိမ/ အာရောဂျံ- မဟာ ]
ခွဲစိတ်ကုသခြင်း - ၅၀၀,၀၀၀/ ၁,၀၀၀,၀၀၀
နေ့စဉ်ဆေးရုံစရိတ် - ၁,၀၀၀,၀၀၀/ ၁,၈၀၀,၀၀၀
ကိုယ်ဝန်ပျက်ကျခြင်း - ၃၀၀,၀၀၀/ ၃၀၀,၀၀၀
ဆေးရုံ၊ဆေးခန်းပြခြင်း - ၂၀,၀၀၀/ ၃၀,၀၀၀
သေဆုံးခြင်း - ၃,၀၀၀,၀၀၀/ ၃,၀၀၀,၀၀၀
ပြင်းထန်ရောဂါကုသခြင်း - ၁,၀၀၀,၀၀၀/ ၂,၀၀၀,၀၀၀
ဒါကြောင့် အခြေခံအားဖြင့် တစ်နှစ်တာအတွက် ကုန်ကျစရိတ် ကျပ် ၇၅,၉၀၀ မှာ သာမန်ခွဲစိတ်မှု ခံယူရုံဖြင့် ကာမိပါတယ်။ တကယ်လို့ သင်ဟာကျန်းမာရေး ပေါ်လစီအားနှစ်စဉ် ဝယ်ယူထားပြီး နှစ်ပေါင်းများစွာ အသုံးမပြုသော်လည်း သင်လိုအပ်လာသော ပထမဦးဆုံးအကြိမ်တွင် အသုံးပြုရုံနှင့်ပင် အသုံးပြုရကျိုး နပ်ပါတယ်။
အချုပ်အားဖြင့်ဆိုရလျှင် ဟုတ်ပါတယ် ကျန်းမာရေးအာမခံ ဝယ်ယူခြင်းက အမှန်တကယ် ထိုက်တန်ပါတယ်။ အကယ်၍ ထိုပေါ်လစီအား ချက်ချင်းအသုံးမပြုသည့်တိုင်အောင် အာမခံဖြင့် ကုန်ကျစရိတ်အားလုံးကို အကာအကွယ်မပေးနိုင်သော်လည်း ကျန်းမာရေးအာမခံ ပေါ်လစီဖြင့် မျှော်လင့်မထားတဲ့ အရေးပေါ်ကျန်းမာရေး အခြေအနေများမှာ သင့်ရဲ့ငွေကြေးများကို အကာအကွယ်ပေးနိုင်ပါတယ်။

05/11/2020

ကျန်းမာရေးအာမခံဆိုတာ ဝယ်ယူဖို့ အမှန်တကယ် ထိုက်တန်ရဲ့လား? အပိုင်း- ၁

ကျန်းမာရေးအာမခံဆိုတာ သင်မတော်တဆ ပြင်းထန်စွာ ဖျားနာပြီး ဆေးရုံသို့ တက်ရောက်ရသည့်အခါ ဆေးကုသမှု ကုန်စရိတ်များအတွက် အကာအကွယ် ဖြစ်ပါတယ်။ ကုန်ကျစရိတ်များတွင် ဆရာဝန်၏ စမ်းသပ်ခ၊ ဆေးရုံတက်ရသည့်စရိတ်နှင့် ခွဲစိတ်ကုသခြင်းစသည့် စရိတ်များအတွက် အကျုံးဝင်ပါသည်။ မေးခွန်းကတော့... ကျန်းမာရေးအာမခံဆိုတာ ဝယ်ယူဖို့ အမှန်တကယ် ထိုက်တန်ရဲ့လား?

သင်ဟာ အသက် ၂၅နှစ်အရွယ် တည်ငြိမ်သော အလုပ်အကိုင်နှင့် ငယ်ရွယ်တဲ့ ဘဝလက်တွဲဖော်ရှိပြီး ရည်မှန်းချက်ကြီမားသော လူငယ်တစ်ယောက်အဖြစ် တွေးကြည့်ရအောင်။ ဘဝဆိုတာ ဖြစ်နိုင်ခြေတွေ၊ စွန့်စားမှုတွေနဲ့ ပြည့်နှက်နေတာ ဖြစ်ပါတယ်။

ငယ်ရွယ်တဲ့ ခင်ပွန်းတစ်ယောက် အနေနဲ့ သင့်ဇနီးအတွက်၊ သင့်မိဘအတွက်၊ သင့်ဇနီးမိဘအတွက်နှင့် သင်ဖြစ်စေချင်တဲ့ သင့်ကလေးအတွေရဲ့ အနာဂတ်အတွက် တာဝန်အပိုတွေ ရှိနေမှာဖြစ်ပါတယ်။
ထို့အပြင် သင့်ရဲ့ပုံမှန်ဝင်ငွေက ကုန်ကျစရိတ်များအားလုံးအတွက် လုံလောက်နေတဲ့အချိန်မှာ သင့်တွင်ကားဝယ်ဖို့ အစီအစဉ်ရှိနေပြီး စုဆောင်းထားတဲ့ငွေ များများပြားပြား ရှိမနေပါဘူး။

တာဝန်ယူမှုများတဲ့ ခင်ပွန်းသည်တစ်ယောက်အနေနဲ့ သင့်မိသားစုကို တတ်နိုင်သလောက် အစွမ်းကုန် ကာကွယ်ပေးချင်တဲ့အတွက်ကြောင့် အကယ်၍ သင်နေထိုင်မကောင်း ဖြစ်သည့်အခါ အကာအကွယ် ဖြစ်စေဖို့ ကျန်းမာရေးအာမခံကို ဝယ်ယူဖို့စဉ်းစားကောင်း စဉ်းစားလိမ့်မယ် သို့မဟုတ် သင်က ငယ်ရွယ်ပြီး ကျန်းမာသန်စွမ်းကာ ကြံ့ခိုင်တဲ့လူတစ်ယောက် ဖြစ်တဲ့အတွက်ကြောင့် ကျန်းမာရေး အာမခံဆိုတာ သင့်အတွက် မလိုအပ်ဘူးလို့ တွေးကောင်းတွေးနိုင်ပါလိမ့်မယ်။ (နောက်အပတ် ဗုဒ္ဓဟူးနေ့တွင် ဆက်ရန်)


#ယုံကြည်အားထားအာမခံစွမ်းအား

05/11/2020

ကျန်းမာရေးအာမခံ

နှစ်ဆ အခွင့်အရေးရမယ့် Promotion အစီအစဉ်ကြီးကို ဒီဇင်ဘာလ ၁၃ရက်နေ့ မတိုင်မီ ရယူလိုက်ပါ

ကျွနုပ်တို့ရဲ အာရောဂျံ ကျန်းမာရေးအာမခံ Promotion အသစ်က ၂ဆ အခွင့်အရေး ပေးနေပြီဆိုတာ သင်သိပါသလား?

မိတ်ဟောင်းမိတ်သစ် Customer များအနေဖြင့် Coivd-19 ရောဂါ ကူးစက်ခံရပါက ၁၀၀% အပိုအကာအကွယ်ကို ရရှိမှာ ဖြစ်ပါတယ်။

အာရောဂျံ ကျန်းမာရေးအာမခံ ဝယ်ယူထားသော customer များအနေဖြင့် Covid-19 ရောဂါ ကူးစက်ခံရပြီး ဆေးကုသမှု ခံယူရခြင်း၊ ဆေးရုံတက်ရောက် ကုသရခြင်းနှင့် အသက်သေဆုံးခြင်းတို့ အတွက် နှစ်ဆ အကာအကွယ်ကို ရရှိမှာ ဖြစ်ပါတယ်။

စိတ်အေးချမ်းသာမှုများ ထပ်ဆောင်းအပိုရရှိစေဖို့ သင်နဲ့ သင်ချစ်ရသူတွေအတွက် KBZ MS မှ အာရောဂျံ ကျန်းမာရေး အာမခံ ရယူလိုက်ပါ။

အရည်အချင်းပြည့်ဝတဲ့ ကြှနျုပျတို့ရဲ့ Life Planner နှင့် ၂၄ နာရီ ဝန်ဆောင်မှုပေးနေသော call center တို့မှ အခမဲ့ ဆွေးနွေးတိုင်ပင်မှုများ ပေးနိုင်ရန် အသင့်ရှိနေကြပါတယ်။

Covid-19 ရောဂါ ပျံ့နှံ့မှုကို အတူတကွ တားဆီးကြပါစို့...


#ယုံကြည်အားထားအာမခံစွမ်းအား
#အာရောဂျံ

(Zawgyi)

နှစ်ဆ အခွင့်အရေးရမယ့် Promotion အစီအစဉ်ကြီးကို ဒီဇင်ဘာလ ၁၃ရက်နေ့ မတိုင်မီ ရယူလိုက်ပါ

ကြှနျုပျတို့ရဲ့ အာရောဂျံ ကျန်းမာရေးအာမခံ Promotion အသစ်က ၂ဆ အခွင့်အရေး ပေးနေပြီဆိုတာ သင်သိပါသလား?

မိတ်ဟောင်းမိတ်သစ် Customer များအနေဖြင့် Coivd-19 ရောဂါ ကူးစက်ခံရပါက ၁၀၀% အပိုအကာအကွယ်ကို ရရှိမှာ ဖြစ်ပါတယ်။

အာရောဂျံ ကျန်းမာရေးအာမခံ ဝယ်ယူထားသော customer များအနေဖြင့် Covid-19 ရောဂါ ကူးစက်ခံရပြီး ဆေးကုသမှု ခံယူရခြင်း၊ ဆေးရုံတက်ရောက် ကုသရခြင်းနှင့် အသက်သေဆုံးခြင်းတို့ အတွက် နှစ်ဆ အကာအကွယ်ကို ရရှိမှာ ဖြစ်ပါတယ်။

စိတ်အေးချမ်းသာမှုများ ထပ်ဆောင်းအပိုရရှိစေဖို့ သင်နဲ့ သင်ချစ်ရသူတွေအတွက် KBZ MS မှ အာရောဂျံ ကျန်းမာရေး အာမခံ ရယူလိုက်ပါ။

အရည်အချင်းပြည့်ဝတဲ့ ကြှနျုပျတို့ရဲ့ Life Planner နှင့် ၂၄ နာရီ ဝန်ဆောင်မှုပေးနေသော call center တို့မှ အခမဲ့ ဆွေးနွေးတိုင်ပင်မှုများ ပေးနိုင်ရန် အသင့်ရှိနေကြပါတယ်။

Covid-19 ရောဂါ ပျံ့နှံ့မှုကို အတူတကွ တားဆီးကြပါစို့...


#ယုံကြည်အားထားအာမခံစွမ်းအား
#အာရောဂျံ

29/10/2020

ဤအာမခံ အကြောင်းအရာ အချက်အလက်များ
ကျန်းမာရေးအာမခံ အချက်အလက်များ

(က) အခြေခံအာမခံ အကာအကွယ်
(၁) ရောဂါကြောင့် ဆေးရုံတက်ခြင်း။
(၂) မတော်တဆမှုကြောင့် ဆေးရုံတက်ခြင်း။
(၃) မတော်တဆမှုကြောင့် သေဆုံးခြင်း။
(၄) ရောဂါကြောင့် သေဆုံးခြင်း။

(ခ) ရွေးခြယ်နိုင်သည့် အာမခံအကာအကွယ်
(၁) အကာအကွယ်(၁) - ခွဲစိတ်ကုသခြင်း၊ ကိုယ်၀န်ပျက်ကျခြင်။း
(၂) အကာအကွယ်(၂) - ဆေးရုံ/ဆေးခန်းပြသခြင်း။

(ဂ) ပြင်းထန်သောရောဂါကုသမှုအာမခံ

အကာအကွယ် (အသက် ၆ နှစ် မှ အသက် ၆၀ နှစ် အတွင်းရှိသူများ ထားရှိနိုင်ပါသည်။)
(၁) နှလုံးရပ်ခြင်း။
(၂) လေဖြတ်ခြင်း။
(၃) ကင်ဆာ။
(၄) ကျောက်ကပ်ပျက်စီးခြင်း။
(၅) အစားထိုးကုသခြင်းး။
(၆) နှလုံးအဆို့ရှင်အစားထိုးခြင်း (သို့) ပြုပြင်ခြင်း။
(၇) လမ်းကြောင်းလွဲ၍နှလုံးခွဲစိတ်ကုသခြင်းး။
(၈) ပြင်းထန်စွာ မီးလောင်ခြင်း။
(၉) သတိမေ့ခြင်း။
(၁၀) ဘက်တီးရီးယားကြောင့် ဖြစ်သော ဦးနှောက်အမြှေးရောင်ခြင်း။

အာမခံ၀ယ်ယူနိုင်မည့်အရေအတွက်

(က) အခြေခံအာမခံ အကာအကွယ် (၁၀)ယူနစ်အထိ ၀ယ်ယူနိုင်ပါသည်။

(ခ) ရွေးခြယ်နိုင်သည့် အာမခံအကာအကွယ်
(၁) အကာအကွယ်(၁) - (၁၀)ယူနစ်အထိ ၀ယ်ယူနိုင်ပါသည်။
(၂) အကာအကွယ်(၂) - (၁၀)ယူနစ်အထိ ၀ယ်ယူနိုင်ပါသည်။

(ဂ) ပြင်းထန်သောရောဂါကုသမှုအာမခံ အကာအကွယ် (၁၀)ယူနစ်အထိ ၀ယ်ယူနိုင်ပါသည်။


Personal Packages (၃)မျိုး

(၁) KBZMS အာရောဂျံ - မူလ

(၂) KBZMS အာရောဂျံ - မဇ္ဈိမ

(၃) KBZMS အာရောဂျံ - မဟာ



Corporate Packages (၃) မျိုး

(၁) KBZMS အာရောဂြံ - ဓူဝံ

(၂) KBZMS အာရောဂျံ - စန္ဒာ

(၃) KBZMS အာရောဂျံ - သူရိယ

Package များမှာ ရွေးချယ်ရလွယ်ကူရန် ပြုလုပ်ထားခြင်းဖြစ်ပြီး Customer လိုအပ်ချက်အရ အကာအကွယ်အား အတိုး/အလျော့ ပြုလုပ်နိုင်ပါသည်။

ဤပေါ်လစီအရ အကျုံးမ၀င်သောအဓိက ကိစ္စရပ်အချို့မှာ-

(၁) ဆေးကုသမှုခံယူခြင်း၊ ဆေးကုသရန်ဆရာဝန်၏ ထောက်ခံချက်ကိုရရှိထားခြင်း၊ ရောဂါလက္ခဏာရှိပြီး သားဖြစ်နေခြင်း။
(၂) သားဖွားခြင်း၊ ဗိုက်ခွဲမွေးဖွားခြင်း၊ မီးဖွားခြင်းနှင့်ဆိုင်သောခွဲစိတ်မှု။ သို့သော်အာမခံထားပြီးနောက် ကိုယ်ဝန်နှင့်အာမခံထားချိန်တွင် ပုံမှန်ဖြစ်နေသော ကိုယ်ဝန်ကြောင့်ဖြစ်လာသည့် တွဲဖက်ရောဂါများ (ကိုယ်ဝန်ဆိပ်သင့်ခြင်း၊ကိုယ်ဝန်ဆောင်သွေးတိုးရောဂါ၊ကိုယ်ဝန်ဆောင်ဆီးချိုရောဂါစသည်တို့) ကြောင့်ဆေးရုံတက်ခြင်းနှင့်ခွဲစိတ်ကုသခြင်းသည် အကျိုးခံစားခွင့် ပေးချေရန်အကျုံးဝင်သည်။ ထို့ပြင် ကိုယ်ဝန်ပျက်ကျခြင်းသည် ရွေးချယ်နိုင်သည့်အာမခံအကာအကွယ် (၁)ကို ဝယ်ယူထားပါက အကျိုးခံ စားခွင့်ပေးချေရန် အကျုံးဝင်သည်။
(၃) စိတ်ပေါ့သွပ်ခြင်း။ (Psychosis)/စိတ်ရောဂါဝေဒနာကြောင့်ဖြစ်ခြင်း။ (Mental Disorders)
(၄) ကျန်းမာရေးဆေးစစ်ရန်နှင့် အနားယူအားမွေးရန် ဆေးရုံတက်ခြင်း။
(၅) သားသမီးရလိုမှုဖြင့်ဆေးရုံတက်ခြင်းနှင့်ခွဲစိတ်ကုသခြင်း။
(၆) မတော်တဆထိခိုက်ဒဏ်ရာရခြင်း မှအပဖြစ်သော သွားနှင့်ပတ်သက်သည့်ကုသမှုအတွက်ဖြစ်ခြင်း။
(၇) မတော်တဆထိခိုက်ဒဏ်ရာရခြင်း မှအပဖြစ်သော မျက်မှန်အပါအဝင်မျက်စိစမ်းသပ်ခြင်း၊အမြင်သွေ ဖယ်ခြင်း၊မျက်စိကုသခြင်း၊အမြင်အာရုံကောင်းမွန်လာအောင် ပြုပြင်ရန်ဖြစ်ခြင်း။
(၈) အလှအပအတွက်ဖြစ်ခြင်း။
(၉) နားကြားကိရိယာ တပ်ဆင်ရန်အတွက်ဖြစ်ခြင်း။
(၁၀) ကိုယ်ခန္ဓာချို့ယွင်းခြင်း။ (Physical Defect) (သို့မဟုတ်) မသန်စွမ်းခြင်း။ (Infirmity)
(၁၁) မူးယစ်ဆေးဝါးသုံးစွဲခြင်း။
(၁၂) ကိုယ်တိုင်ရာဇဝတ်မှုကျူးလွန်ခြင်း။
(၁၃) AIDS/HIV ဖြစ်ခြင်း။။
(၁၄) အကြမ်းဖက်ဖျက်ဆီးခြင်း၊ အဓိကရုဏ်း၊ စစ်နှင့်စစ်အသွင်ဖြစ်ပွားခြင်း (စစ်ပြုခြင်းများ၊ စစ်ပွဲကဲ့သို့ တိုက်ခိုက်ခြင်း၊ စစ်တပ် (သို့မဟုတ်)အာဏာသိမ်းခြင်းနှင့် ဖော်ပြပါအဖြစ်အပျက်တစ်ခုခု၏ တိုက်ရိုက် (သို့မဟုတ်)သွယ်ဝိုက်သောအကျိုးသက်ရောက်မှုတစ်ရပ်ရပ်ကြောင့်တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း ဝေးလံစွာသော်လည်းကောင်းဖြစ်ပေါ်စေသောအားပေးသော၊အခြေခံ သော၊ပေါ်ပေါက်သော မည်သည့်မတော်တဆဖြစ်ပွားခြင်း၊ ဆုံးရှုံးခြင်း၊ ပျက်စီးခြင်း)
(၁၅) ရောဂါကြောင့်ဆေးရုံတက်ရက်ပေါင်းသည် ၃ရက်နှင့်အောက်ဖြစ်သော ဆေးကုသမှုများ။
(၁၆) လိမ်လည်တောင်းခံသည့်ဖြစ်ရပ်များ။
(၁၇) မိမိကိုယ်ကိုသတ်သေခြင်း (သို့မဟုတ်) မိမိကိုယ်ကို ဒဏ်ရာအနာတရဖြစ်အောင်ပြုလုပ်ခြင်း
(၁၈) အာမခံစသည့်နေ့ (သက်တမ်းဆက်ထားသည့်စာချုပ်ဖြစ်ပါက သက်တမ်းမဆက်မီ စာချုပ်၏အာမခံ စသည့်နေ့) မှစပြီးရက်ပေါင်း ၉၀ အတွင်းရောဂါအမည်သတ်မှတ်ခံရသည့် ကင်ဆာဖြစ်စေသောအလုံး အကျိတ် (Malignant Tumor) ကို ကုသခြင်း။
(၁၉) Carcinoma in situ/ Instraepithelial Neoplasm (အက်ပီသီလျှမ်) အလွှာတွင်းအလုံးအကျိတ်/ အရေပြား၊အသက်ရှူ၊အစာနှင့်ဆီးလမ်းကြောင်းတို့၏ အခေါင်းအင်္ဂါလမ်းကြောင်းအားလုံးရှိ အက်ပီသီ လျှမ်ဆဲလ်အလွှာတွင်အလုံးအကျိတ်ဖြစ်ပွားခြင်း။

KBZ MS အာရောဂျံ ထားနိုင်သူများ

မြန်မာနိုင်ငံသားများနှင့် မြန်မာနိုင်ငံအတွင်း တရား၀င်နေထိုင်လျှက်ရှိသော နိုင်ငံခြားသားများအနေဖြင့် အသက်(၆)နှစ်မှ (၁၈)နှစ်အတွင်း မိဘအုပ်ထိန်းသူမှ တာ၀န်ယူထားရှိခြင်းဖြင့်လည်းကောင်း၊ အသက် (၁၈)နှစ် မှ အသက် (၇၅)နှစ် အတွင်းရှိသူများအတွက် မိမိကိုယ်တိုင်သော်လည်းကောင်း KBZMအာရောဂျံ ထားရှိနိုင်ပါသည်။

ပြင်းထန်ရောဂါကုသမှုအတွက် အသက် (၆) နှစ်မှ အသက် (၆၀) နှစ်အတွင်းရှိသူများ ထားရှိနိုင်ပါသည်။

အာမခံသက်တမ်း

အာမခံသက်တမ်းမှာ (၁)နှစ် ဖြစ်ပါသည်။

ပရီမီယံနှုန်းထား

အာမခံထားလိုသည့် အာမခံထားသူ၏အသက်ပေါ် မူတည်၍ နှုန်းထားများသတ်မှတ်ထားပါသည်။

ပရီမီယံကြေးပေးသွင်းခြင်း

တစ်ဦးချင်း ( (၆) လတစ်ကြိမ်ပေး၊ တစ်လုံးတည်းပေး)

အစုအဖွဲ့ ( လစဉ်ပေး၊ (၃) လတစ်ကြိမ်ပေး၊ (၆) လတစ်ကြိမ်ပေး၊ တစ်လုံးတည်းပေး

24/08/2020

ယနေ့ အချိန်အထိ ကမ္ဘာကြီးဟာ နာမကျန်းဖြစ်နေဆဲပါ။

မြန်မာပြည်သူပြည်သားအားလုံး ကျန်းမာရေးကို အလေးထားဂရုစိုက်ဖို့ မမေ့ပါနဲ့။

မဟာအင်ဆာမှ လူကြီးမင်းတို့၏ ကျန်းမာရေးအား တဖက်တလမ်းမှ ကာကွယ်ပေးနေပါတယ်ခင်မျ။

ကျန်းမာရေး အာမခံအား အသေးစိတ် စုံစမ်းချင်လျှင်တော့ ၀၉- ၄၅၃၁ ၉၂၆၈၄ အား ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်မျ။

03/08/2020

ဗုဒ္ဓဘာသာ မြန်မာနိုင်ငံသား အားလုံး ၏ အထွတ်အမြတ်နေ့ဖြစ်သော ဝါဆိုလပြည့်နေ(ဓမ္မစင်္ကြာအခါတော်နေ့) တွင် ကောင်းမှုကုသိုလ်များဖြင့် စိတ်နှလုံးအေးချမ်းစွာ ဖြတ်သန်းနိုင်ကြပါစေရန် မဟာအင်ဆာ အာမခံဝန်ဆောင်မှုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်မျ။

28/07/2020

မဟာအင်ဆာမှ လူကြီးမင်းတို့အတွက် နေ့စဉ်ဘဝတွင် မရှိမဖြစ်လိုအပ်သော အရေးပါသည့် အာမခံ Products (၅) မျိုးအား အရိုးရှင်းဆုံး ပုံစံဖြင့် ဝန်ဆောင်မှုပေးနေပါပြီခင်မျ။👍👍👍

🔴 အာမခံဆိုသည်မှာ - ကြိုတင်မမြင်နိုင်သော ဘေးအန္တရယ်များ ကြုံကြိုက်ခဲ့ပါက ဆုံးရှုံးမှုများမဖြစ်ရလေအောင် ပရီမီယံကြေးနည်းနည်းသွင်းခြင်းဖြင့် မိမိပိုင်ဆိုင်မှုများအား ကြိုတင်ကာကွယ်ခြင်းကို ဆိုလိုပါသည်။🔴

မဟာအင်ဆာ၏ အာမခံဝန်ဆောင်မှုအား ရယူလိုက်ပါ။


Insurance Service

24/07/2020

မဟာအင်ဆာကို ရွှေးချယ်သင့်သော အကြောင်းအရင်းများ⤵⤵⤵

မိတ်ဆွေတို့အနေနဲ့ မိမိဘဝ၊ မိမိအနာဂတ်၊မိမိ မိသားစု လုံခြုံစိတ်ချရဖို့ အတွက် အာမခံ အကာအကွယ်အား ဝယ်ယူထားသင့်ပါတယ်နော်။✔✔✔

အာမခံဝယ်ယူမည်ဆိုပါက အာမခံထားသူတို့အနေနဲ့ စိတ်ချရသောအာမခံကုမ္ပဏီနှင့် အာမခံပေါ်လစီအား အကောင်းဆုံးရွှေးချယ်ဖို့ လိုအပ်ပါတယ်ခင်ဗျ။🤔🤔🤔

မဟာအင်ဆာသည် မြန်မာနိုင်ငံအာမခံလောက၏ ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်သော KBZms အာမခံကုမ္ပဏီကြီး၏ အာမခံProduct များအား ရောင်းချပေးနေတဲ့အတွက် လူကြီးမင်းတို့နေ့စဉ်ဘဝတွင် မရှိမဖြစ်အရေးပါသော အာမခံပေါ်လစီအား ဝယ်ယူမည်ဆိုပါက မယုံကြည်မှာ ပူစရာမလိုတော့ဘူးပေါ့နော်။🔴🔴🔴

မဟာအင်ဆာ၏ အားသာချက်များ-
၁) ယုံကြည်စိတ်ချရခြင်း
၂) အာမခံပေါ်လစီအား အသေးစိတ် စိတ်ရှည်စွာ ရှင်းပြပေးခြင်း၊
၃) အာမခံထားသူအပေါ် မြန်မာ့အာမခံလုပ်ငန်းဥပဒေနှင့်အညီ တာဝန်ယူမှုပေးခြင်း၊
၄) အာမခံထားသူ၏ လစဉ်၊ နှစ်စဉ်ပရီမီယံသွင်းခြင်း လုပ်ငန်းစဉ်အား တာဝန်ယူ ပေးခြင်း။
၅) ရောင်းချပေးသော အာမခံပေါ်လစီများ စိတ်ချရခြင်း။

စတဲ့ အချက်တွေကြောင့် ကျွန်တော်တို့ Mahar Insur Insurance Service ကို ရွှေးချယ်ဖို့ အကြံပေးပါရစေခင်ဗျ။⭕

မဟာအင်ဆာမှ ဝန်ဆောင်မှုပေးနေသော အာမခံပေါ်လစီများ-
၁) မော်တော်ယာဉ်အလုံးစုံအာမခံ
၂) မီးအာမခံ
၃) ကျန်းမာရေးအာမခံ
၄) ပညာရေးအာမခံ
၅) နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ

စိတ်ချမ်းမြေ့ပြီး အနာဂတ်ဘေးကင်းလုံခြုံတဲ့ ဘဝတစ်ခုဖန်တီးဖို့အတွက် အာမခံပေါ်လစီများအား ဝယ်ယူချင်တယ်ဆိုရင်တော့ Chat Box မှ တဆင့်မေးမြန်းခြင်း (သို့) ဖုန်း- ၀၉ ၇၈၉ ၃၆၀ ၆၅၁ သို့ ဆက်သွယ်စုံစမ်းလိုက်ပါနော်။📲📲

22/07/2020

အာမခံထားခြင်းက ငွေဖြုန်းရာကျလား။၊❓❓❓
======================
အာမခံဆိုတဲ့ စကားလုံးက ပြောသူကတော့ ပြောလိုက်တာပဲ။ ကြားသူရဲ့ နားထဲမှာတော့ နားထောင်ရတာ နည်းနည်းတော့ ကသိကအောင့်ဖြစ်တတ်ပါတယ်။ (ဘာလို့ဆို ကိုယ်ကလွဲရင် ကိုယ့်ဒူးတောင်မယုံရဘူးဆိုတဲ့ မြန်မာစကားပုံကလည်း ရှိခဲ့တာကိုး။) ❌❌❌

🧐ဟုတ်ကဲ့ အာမခံ ဆိုသည်မှ‌ာ အာမခံ ကုမ္ပဏီမှ လူကြီးမင်းတို့၏ ပိုင်ဆိုင်မှု အသက်အိုးအိမ်စည်းစိမ်ကို Premiun ကြေးနည်းနည်းဖြင့် Risk ယူပြီးအာမခံပေးခြင်းကိုဆိုလိုပါသည်🧐

💯ကျွန်နော်တို့အသက်ရှင်သန်မှုတွင် ကမ္ဘာဦးအစက အာမခံဆိုတာမရှိခဲ့ပါဘူး။ တဖြေးတဖြေးနဲ့ ခေတ်တွေပြောင်းလာတဲ့အခါမှာ အသက်အိုးအိမ်စည်းစိမ်များအား သဘာဝ ဘေးအန္တရာယ်ကြောင့်ပျက်စီးဆုံးရှုံးခြင်း၊ မသာမာသူတို့၏ ဖျက်ဆီးမှုကြောင့် ပျက်စီးဆုံးရှုံးခြင်း အစရှိတဲ့ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်လာတဲ့ အတွက် ဆုံးရှုံးမှုများအား အကာအကွယ်ယူနိုင်ရန် အာမခံထားခြင်းဆိုတဲ့ လုပ်ငန်းဟာတဖြေးဖြေးနဲ့ ဖွံ့ဖြိုးလာခဲ့ပါတယ်။

လူကြီးမင်းပိုင်ဆိုင်သော ပစ္စည်းဥစ္စာများအား အာမခံအပ်မထားပါက သိသိသာသာကြီးမပြောင်းလဲသွားပါ။ ဒါပေမယ့် ရန်သူမျိုး(၅) ပါးတို့၏ တိုက်ခိုက်ထိုးနက်မှု ခံရတဲ့ အခါမှာတော့ ပြောင်းလဲသွားနိုင်ပါတယ်ခင်မျ။😌😌😌

အာမခံထားသူတစ်ယောက်ဟာ နှစ်စဉ်ပရီမီယံကြေးအားပုံမှန်သွင်းပြီး
ဒီအန္တရာယ်တွေကို စိုးရိမ်ပူပင်စရာမလိုပဲ မိမိအလုပ်ကို အာရုံစိုက်ပြီး တစိုက်မတ်မတ်လုပ်ဆောင်နိုင်မှာပါ။👏👏

ဒါကြောင့် အာမခံနှစ်စဉ်ပရီမီယံကြေးကို ဖြုန်းတီးငွေတစ်ခုအဖြစ်နဲ့ မသတ်မှတ်ပဲ မိမိရှာဖွေထားတဲ့ အိုးအိမ်စည်းစိမ်များအား ကာကွယ်စောင့်ရှောင့်ပေးနေတယ်လို့ပဲ သတ်မှတ်ရမှာပါ။💯💯

ဒါဆိုရင် အားလုံး အာမခံထားဖို့ကို တို်က်တွန်းပါရစေခင်မျ။✅✅

မဟာအင်ဆာမှ ဝန်ဆောင်မှုပေးနေသော အာမခံပေါ်လစီများမှာ-
(၁) ယာဉ်အလုံးစုံအာမခံ
(၂) မီးအာမခံ
(၃) ကျန်းမာရေးအာမခံ
(၄) ပညာရေးအာမခံ
(၅) နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ

အာမခံ ထားလိုပါက Chat Box (သို့) ဖုန်း ၀၉- ၇၈၉ ၃၆၀ ၆၅၁ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်မျ။

18/07/2020

ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်ခေါင်းဆောင်းကြီးများအား ကြေကွဲဝမ်းနည်း လွတ်ဆွတ်တမ်းတမိပါသည်။

Mahar Insur
Insurance Service

16/07/2020

ဝန်ထမ်းများအတွက်အကောင်းဆုံးငွေစုဆောင်းနည်း🤔🤔🤔
======================

ကျွန်နော်တို့ လူတစ်ယောက်ချင်းစီတိုင်း၏နေ့စဉ်ဘ၀တွေမှာ စားဝတ်နေရေးကိစ္စတွေကို ဖြေရှင်းဖို့အတွက် ဝင်ငွေရှာရပါတယ်။ တစ်ချို့က ဝင်ငွေအမြောက်အများရှာနိုင်ပေမယ့် တချို့သူတွေကတော့ ဝင်ငွေနဲ့ ထွက်ငွေ လောက်ငှမှု မရှိကြပါဘူး။😴

လောက်ငှမှုမရှိတဲ့အခါ ချေးလိုက်ပြန်ဆပ်လိုက်နဲ့ သံသရာလည်နေတတ်ကြပါတယ်။ အဲလိုနဲ့ပဲ ဆင်းရဲမှုအပေါင်း သရဖူဆောင်းနေရရှာကြပါတယ်။ 👑👑

ဒီနေ့မှာတော့ ကျွန်တော်တစ်ခုအကြံပေးချင်တာက "စားပြီမှ စုတာကို ရှောင်ရှားပြီး စုပြီးမှ စားတဲ့ အလေ့အထ" ကို ကျင့်သုံးဖို့အကြံပေးလိုပါတယ်ခင်မျ။👌👌👌

တဆင့်တည်းမှာပဲ ငွေစုနည်းလမ်းကောင်းတစ်ခုကိုလည်းမိတ်ဆက်ပေးပါရစေခင်မျ။ 👇

ဒီနည်းလမ်းကတော့ နှစ်တိုငွေပင်ငွေရင်းအသက်အာမခံပေါ်လစီ ဖြင့် ငွေစုဆောင်းနည်းပဲဖြစ်ပါတယ်ခင်မျ။ 🙏🙏

နှစ်တိုငွေပင်ငွေရင်း အသက်အာမခံအားဖတ်ရှုရန်>>>https://www.facebook.com/maharinsur/posts/174413700717374

ဟုတ်ကဲ့ အသေးစိတ်အားဖတ်ရှုပြီးပြီဆိုပါက နှစ်တိုငွေပင်ငွေရင်းအကြောင်းအားနားလည်သဘောပေါက်ပီလို့ ယူဆရပါတယ်ခင်မျ။

⭕နှစ်တိုငွေပင်ငွေရင်းအသက်အာမခံထားမည်ဆိုပါက ၁၆.၇.၂၀၂၀ မှ ၃၁.၇.၂၀၂၀ အထိကို ၁၀% Discount ပေးသွားပါမည်ခင်မျ။ ⭕

Discount >>> ကတော့ အာမခံထားသူ၏ ပထမဆုံးအရစ် ပရီမီယံ သွင်းငွေ၏ ၁၀% အား Discount ပေးသွားပါမည်ခင်မျ။ ကျန်ရှိစည်းကမ်းချက်များကတော့ မြန်မာ့အာမခံလုပ်ငန်းဥပဒေအရ ဆက်လက်တည်မြဲနေပါမည်ခင်မျ။

အသေးစိတ်အားသိရှိလိုပါက ဖုန်း- 09-789 360 651 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်မျ။

15/07/2020

"မီးးဗျို့" ဆိုတဲ့ အသံကို ကြားလိုက်ရင် လူတိုင်းရင်ဘတ်ထဲတုန်လှုပ်ခြောက်ကြားသွားတတ်ကြပါတယ်။

ဘာလို့လဲဆိုတော့ တစ်စုံတစ်ယောက်ပိုင်ဆိုင်ထားတဲ့ အိုးအိမ်တိုက်တာနဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေကို မလိုတမာဖျက်ဆီးဝါးမြိုသွားတဲ့ "မီး"ဆိုတဲ့ သက်မဲ့ အရာတစ်ခုကြောင့်ပါ။

"မီး"က ကျွန်တော်တို့ လူ့သားတွေအတွက် နေ့စဉ်ဘဝမှာ မရှိမဖြစ်အရာတစ်ခုဖြစ်နေပါပြီ။
=========================
နေ့စဉ် အသုံးပြုနေတဲ့ "မီး" ကို အကျိုးရှိရှိ အန္တရာယ်ကင်းစွာ အသုံးပြုဖို့လိုအပ်ပါတယ်။ ဒါပေမယ့်လည်း မတော်တဆမီးလောင်မှုတစ်ခုဖြစ်ခဲ့ရင်တော့ ကိုယ့်ဆီမှာ ကျန်ခဲ့မယ့်အရာကတော့ "ပြာပုံ"သာဖြစ်ပါတယ်။

လူကြီးမင်းတို့၏ တိုက်တာအိုးအိမ်နဲ့ ပိုင်ဆိုင်မှုပစ္စည်းများကို မီးဘေးအန္တရယ်မှ ကာကွယ်နိုင်ရန် မီးအာမခံအသုံးပြုထားသင့်ပါတယ်နော်။

မီးအာမခံနှင့်ပတ်သက်သော အကြောင်းအရာများအားသိရှိလိုပါက - ဖုန်း ၀၉၇၈၉ ၃၆၀ ၆၅၁ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်မျ။

12/07/2020

ပညာရေးအတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခု
====================

ရင်းနှီးမြှုပ်နှံမှုတွေ အမြောက်အမြားရှိတဲ့အထဲမှာမှ ပညာသင်ခြင်းအတွက် ရင်းနှီးမြှုပ်နှံမှုဟာ အင်မတန်မှအဖိုးတန်သော ရင်းနှီးမြှုပ်နှံမှု တစ်ခုပဲဖြစ်ပါတယ်။

ယခုအခါမှာတော့ လူကြီးမင်းတို့၏ အနာဂတ်ပညာသင်ယူခြင်းအတွက် ရင်းနှီးမြှုပ်နှံမှု ပုံစံအသစ်တစ်ခုကို မိတ်ဆက်ပေးပါရစေခင်မျ။

ဒါကတော့
- အဆင့်မြင့် ပညာသင်ယူလိုသူများ၊
- မိမိသား၊သမီးများအား အနာဂတ်တွင် အခက်အခဲမရှိ ဆက်လက်ပညာသင်စေလိုသော မိဘများ၊
- နိုင်ငံခြားတွင် ပညာသင်ယူလိုသူများအတွက် ပညာသင်စရိတ်အား အာမခံထားခြင်းဖြင့် အရစ်ကျပရီမီယံကြေးသွင်းပြီး အကျိုးအမြတ်များရယူသော ပညာရေးငွေစုဆောင်းအသက်အာမခံပဲဖြစ်ပါတယ်ခင်မျ။

အသေးစိတ်အား သိရှိလိုပါက -ဖုန်း 09-789 360 651 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်မျ။

10/07/2020

လူကြီးမင်းတို့၏နေ့စဉ်ဘဝအတွက် မရှိမဖြစ်အရေးပါသော စီးတော်ယာဉ်များအား တစ်စုံတစ်ခု‌ေကြာင့် ထိခိုက်ဒဏ်ရာ ရမှုများ၊မတော်တဆထိခိုက် မှုများကို ကာကွယ်နိုင်ရန် Mahar Insur မှ ယာဉ်အလုံးစုံအာမခံ‌ေပါ်လစီအား (၁၀.၇.၂၀၂၀)မှ စ၍ဝန်ဆောင်မှုပေးသွားပါမည်ခင်ဗျာ။

06/07/2020

Mahar Insur မှ လူြကီးမင်းတို့၏ ကျန်းမာရေးအား ရှေးရူသောအားဖြင့် ကျန်းမာရေးအာမခံ ပေါ်လစီအား စတင်၀န်ဆောင်မူပေးသွားမည် ြဖစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်ခင်ဗျာ။🙏

05/07/2020

Congratulations KBZms😍

(Unicode)

မြန်မာနိုင်ငံအတွင်း အမြင့်ဆုံးအခွန်ထမ်းဆောင်သော အာမခံကုမ္ပဏီဖြစ်ရခြင်းကို ဂုဏ်ယူဝမ်းမြောက်မိပါသည်။

KBZ MS အထွေထွေအာမခံ ကုမ္ပဏီအနေဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ထုတ်ပြန်သော ၂၀၁၈-၂၀၁၉ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ထိပ်တန်းကုန်သွယ်လုပ်ငန်းခွန်နှင့် ဝင်ငွေခွန်အများဆုံးတင်သွင်းသူ ၁၀၀၀ ၏နောက်ဆုံး အဆင့်သတ်မှတ်ချက်ကို ဝေမျှလိုက်ပါသည်။

ဂျပန်နိုင်ငံ၏ အာမခံကုမ္ပဏီကြီး တစ်ခုဖြစ်တော့ MSI နှင့် အကျိုးတူပူးပေါင်းပြီးနောက် KBZ MS အထွေထွေအာမခံ ကုမ္ပဏီအမည်ဖြင့် ပြောင်းလဲသတ်မှတ်ခဲ့သည့် ယခင်က ကျွန်ုပ်တို့၏ IKBZ ကုမ္ပဏီသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ကူးသန်းရောင်းဝယ်ရေး အခွန်ထမ်းသူ ၁၀၀၀ အနက်မှ အဆင့် ၁၈၉အဆင့်တွင် ရပ်တည်ခဲ့သော အမြင့်ဆုံး အခွန်ထမ်းသည့် အာမခံကုမ္ပဏီ ဖြစ်ပါသည်။

တစ်ချိန်တည်းတွင် IKBZ အာမခံကုမ္ပဏီသည် ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း အမြင့်ဆုံး ထိပ်တန်း ဝင်ငွေခွန်ထမ်းသူ အရေအတွက် ၁၀၀၀ တွင် အဆင့် ၂၄ကို ရရှိခဲ့ပါသည်။

KBZ MS အနေဖြင့် အားလုံးအတွက် သင့်လျော်သော အာမခံပိုင်းဆိုင်ရာ နည်းလမ်းများကို ပေးစွမ်းကာ မြန်မာနိုင်ငံသားများ၏ ဘဝအရည်အသွေး တိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် မြန်မာနိုင်ငံသားများ၏ ဘဝ နေထိုင်မှု အဆင့်အတန်း မြင့်မားလာစေရန် အားဖြည့်ကူညီပေးခွင့်ရပြီး မြန်မာနိုင်ငံ၏ အနာဂတ်ကို ပုံဖော်ရာတွင် ပါဝင်ဆောင်ရွက်ခွင့် ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါသည်။


#ယုံကြည်အားထားအာမခံစွမ်းအား

(Zawgyi)








(English)

We are Proud to be the Largest Insurance Company Taxpayer in Myanmar

KBZ MS General Insurance is delighted to share the latest rankings of the top 1,000 Commercial and Income Tax contributors in Myanmar for 2018-2019 from the Ministry of Planning, Finance, and Industry.

IKBZ Insurance, now called KBZ MS General Insurance after a joint venture with Japan's insurance giant MSI, was the highest ranked Insurance Company in 189th place out of the top 1,000 Commercial Taxpayers in 2018-2019 Fiscal Year.

As the same time, IKBZ Insurance achieved the Largest Income Taxpayer position, reaching 24th place out of the top 1,000th contributers in 2018-2019 assessment year.

KBZ MS aims to improve the quality of life in Myanmar by delivering the right Insurance solutions for all. We are proud to have the opportunity to contribute to improving people's lives and to participate in building Myanmar's future.

04/07/2020

အလုံးစုံပျက်စီးမှု (Total Loss) အဖြစ်သတ်မှတ်လိုက်တဲ့ Hegh Xiamen ကားတင်သင်္ဘော


ယူအက်စ ဂျက်ဆင်ဗီးလီးမှာ မီးအကြီးအကျယ် လောင်ခဲ့တဲ့ Hegh Xiamen ကားတင် သင်္ဘောကြီးကို အလုံးစုံပျက်စီးမှု (Total Loss) အဖြစ် အားလုံးသဘောတူ ကြေငြာပြီး သတ်မှတ်ခဲ့ပါတယ်။

၂၀၁၀မှာ တည်ဆောက်ပြီးစီးခဲ့ပြီး နော်ဝေမှာ မှတ်ပုံတင် နှင့် ကားအရေအတွက် CEUs ၄၉၀၀ ဆန့်သော ထိုသင်္ဘောကြီး အာမခံလျော်ကြေးမှာ US$ ၂၆ သန်း ဖြစ်ပါတယ်။ ၂၀၂၀ ခုရဲ့ တတိယ ၃ လပတ်မှာ သင်္ဘောပိုင်ရှင် Ocean Yield ကို ပေးလျော်မှာ ဖြစ်ပြီး၊ ပေးစရာရှိသော အကြွေးများ ပေးချေပြီးနောက် ပိုင်ရှင် အနေဖြင့် US$ ၈ သန်းသာ ရရှိမည်ဖြစ်ပါတယ်။

Hegh Xiamen သင်္ဘောကြီးကို Ocean Yield မှ Hegh ကားသင်္ဘောလုပ်ငန်းသို့၊ BareBoat သဘောတူညီမှု ဖြင့် အငှားချထားပြီး၊ စပိန်အခြေစိုက် Grimaldi Deepsea S.p.A. မှ စီမံခန့်ခွဲပါတယ်။ အရှေ့အာရှ နှင့် မြောက်အမေရိက ခရီးစဉ်များကို ပနားမားဖြတ်၍ ပြေးဆွဲနေပါတယ်။

JAXPORTs Blount Island Marine Terminal မှာ လွန်ခဲ့သော လက ကုန်တင် အပြီးမီးစွဲလောင်ခဲ့ခြင်းဖြစ်ပါတယ်။ မီးလောင်စဉ် ပေါက်ကွဲမှုများ ဖြစ်လို့ မီးသတ်သမား ၉ ဦး ဒဏ်ရာရခဲ့ပြီး၊ ၂ ဦးမှာ ဒဏ်ရာ ပြင်းထန်ခဲ့ပါတယ်။ သင်္ဘောသားများကို ထိခိုက်ခြင်း မရှိပါ.


https://www.facebook.com/Captain-Win-446233612149362/
အောက်ပါ ref: link ကို မှီငြမ်း၍ ပြန်လည်တင်ပြပါတယ်။
https://gcaptain.com/hoegh-xiamen-declared-a-total-loss-after-fire-in-jacksonville/

ZawGyi

အလုံးစုံပျက်စီးမှု (Total Loss) အဖြစ်သတ်မှတ်လိုက်တဲ့ Hegh Xiamen ကားတင်သင်္ဘော


ယူအက်စ ဂျက်ဆင်ဗီးလီးမှာ မီးအကြီးအကျယ် လောင်ခဲ့တဲ့ Hegh Xiamen ကားတင် သင်္ဘောကြီးကို အလုံးစုံပျက်စီးမှု (Total Loss) အဖြစ် အားလုံးသဘောတူ ကြေငြာပြီး သတ်မှတ်ခဲ့ပါတယ်။

၂၀၁၀မှာ တည်ဆောက်ပြီးစီးခဲ့ပြီး နော်ဝေမှာ မှတ်ပုံတင် နှင့် ကားအရေအတွက် CEUs ၄၉၀၀ ဆန့်သော ထိုသင်္ဘောကြီး အာမခံလျော်ကြေးမှာ US$ ၂၆ သန်း ဖြစ်ပါတယ်။ ၂၀၂၀ ခုရဲ့ တတိယ ၃ လပတ်မှာ သင်္ဘောပိုင်ရှင် Ocean Yield ကို ပေးလျော်မှာ ဖြစ်ပြီး၊ ပေးစရာရှိသော အကြွေးများ ပေးချေပြီးနောက် ပိုင်ရှင် အနေဖြင့် US$ ၈ သန်းသာ ရရှိမည်ဖြစ်ပါတယ်။

Hegh Xiamen သင်္ဘောကြီးကို Ocean Yield မှ Hegh ကားသင်္ဘောလုပ်ငန်းသို့၊ BareBoat သဘောတူညီမှု ဖြင့် အငှားချထားပြီး၊ စပိန်အခြေစိုက် Grimaldi Deepsea S.p.A. မှ စီမံခန့်ခွဲပါတယ်။ အရှေ့အာရှ နှင့် မြောက်အမေရိက ခရီးစဉ်များကို ပနားမားဖြတ်၍ ပြေးဆွဲနေပါတယ်။

JAXPORTs Blount Island Marine Terminal မှာ လွန်ခဲ့သော လက ကုန်တင် အပြီးမီးစွဲလောင်ခဲ့ခြင်းဖြစ်ပါတယ်။ မီးလောင်စဉ် ပေါက်ကွဲမှုများ ဖြစ်လို့ မီးသတ်သမား ၉ ဦး ဒဏ်ရာရခဲ့ပြီး၊ ၂ ဦးမှာ ဒဏ်ရာ ပြင်းထန်ခဲ့ပါတယ်။ သင်္ဘောသားများကို ထိခိုက်ခြင်း မရှိပါ.


https://www.facebook.com/Captain-Win-446233612149362/
အောက်ပါ ref: link ကို မှီငြမ်း၍ ပြန်လည်တင်ပြပါတယ်။
https://gcaptain.com/hoegh-xiamen-declared-a-total-loss-after-fire-in-jacksonville/

Credit #

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

About Mahar Insur

Mahar Insur သည်မြန်မာနိုင်ငံသားများအတွက် အသက်အာမခံအားအလွယ်တကူဝယ်ယူရရှိနိုင်ရန် အာမခံကုမ္ပဏီနှင့် အာမခံထားသူတို့ကြား ဝန်ဆောင်မှုပေးနေသော လုပ်ငန်းတစ်ခုဖြစ်ပါသည်။

Mahar Insur မှ ဆောင်ရွက်ပေးနေသော ဝန်ဆောင်မှုများမှာ-

(၁)နှစ်တိုငွေပင်ငွေရင်း အသက်အာမခံ

(၂)ဝန်ထမ်းငွေစုဆောင်းပေါ်လစီ

Videos (show all)

ငွေစုဖို့ စိတ်ချရတဲ့ နေရာတစ်ခု ရှာဖွေနေပါသလား?

Telephone

Address


No. 28, Mann Pyay 14street, Therketa Township
Yangon
11131

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00