Ftball news

football news, football , Manchester united ,premier league ,lalgia ,bundesliga, serie a,

10/01/2023

မူဒရစ်ခ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်တဲ့ အာဆင်နယ်
========================
အာဆင်နယ်အသင်းဟာ ရှက်တာဒိုးနက်တောင်ပံကစားသမား မူဒရစ်ခ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။ ယမန်နေ့ညက ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ထပ်ဆောင်းပြောင်းရွှေ့ကြေးအတွက်ပဲ ညှိနှိုင်းစရာကျန်တော့တယ်လို့ သိရပြီး အာဆင်နယ်ဘကက် အပြောင်းအရွှေ့တစ်ခုလုံးအတွက် ၃၀%ကို ပေးဆောင်လိုနေပြီး ရှက်တာဒိုးနက်ကတော့ ကနဦးပြောင်းရွှေ့ကြေးမှာ ပိုရနိုင်ဖို့ ၂၀% သတ်မှတ်စေချင်နေတာဖြစ်ပါတယ်။

Photos from Ftball news's post 10/01/2023

” အာဂျင်တီးနားကို နိုင်ခဲ့တဲ့ တစ်ခုတည်းသော နိုင်ငံ ” ရော်နယ်ဒိုရဲ့ ကစားသမားဘဝ ပြီးဆုံးသွားပြီလို့ ဝေဖန်နေသူတွေအပေါ် တုန့်ပြန်လိုက်တဲ့ မော်ဂန်



သူနဲ့ အကြမ်းစား အင်တာဗျူး လုပ်ဆောင်ခဲ့ပြီးနောက် မန်ချက်စတာ ယူနိုက်တက် အသင်း နဲ့ ဒုတိယ အကြိမ်မြောက် လမ်းခွဲခဲ့ရပြီး ဆော်ဒီ ကလပ် အယ်လ် နဆာရ် အသင်းဆီ ရောက်သွားခဲ့တဲ့ ရော်နယ်ဒိုရဲ့ ကစားသမား ဘဝ ပြီးဆုံးသွားပြီလို့ ဝေဖန်နေသူတွေကို ပီယာ့စ် မော်ဂန် က တုန့်ပြန်သွားခဲ့လိုက်ပါတယ် ။

ခရစ္စတီယာနို ရော်နယ်ဒိုဟာ ကမ္ဘာ့ ဖလား ပြိုင်ပွဲကြီး မတိုင်မီ ပီယာ့စ် မော်ဂန် နဲ့ အကြမ်းစား အင်တာဗျူး လုပ်ဆောင််ခဲ့ပြီး အဆိုပါ အင်တာဗျူးမှာ ယူနိုက်တက် အသင််းပိုင်ရှင် ၊ အဲရစ် တန်ဟတ် နဲ့ နည်းပြဟောင်း ရန်းဂနစ် တို့ကို ဝေဖန်ထိုးနှက်ခဲ့တာပဲ ဖြစ်ပါတယ် ။

အဲ့ဒီနောက် သူနဲ့ ယူနိုက်တက် တို့ဟာ ကမ္ဘာ့ ဖလား ပြိုင််ပွဲ ကစားနေစဥ် ကာလအတွင်း နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရယူနိုင်ခဲ့ကြပြီး လမ်းခွဲခဲ့ကြတာပဲ ဖြစ်ပါတယ် ။ အဲ့ဒီနောက် ရော်နယ်ဒို ရဲ့ အပြောင်းအရွှေ့သံတွေ အတော််လေး တိတ်ဆိတ်ခဲ့ရပါသေးတယ် ။

ဒါပေမဲ့ နောက်ဆုံးမှာတော့ ပေါ်တူဂီသားဟာ ဆော်ဒီ ကလပ်် ဖြစ်တဲ့ အယ်လ် နဆာရ် အသင်းဆီ ကမ္ဘာ့ စံချိန်တင် လစာငွေနဲ့ ပြောင်းရွှေ့သွားခဲ့လိုက်ပါတယ် ။ အခုတော့ ရော်နယ်ဒို ဟာ ဘောလုံး သမိုင်းကြောင်းရဲ့ လစာငွေ အကောင််းဆုံး ကစားသမား ဖြစ်သွားခဲ့ပါပြီ ။

ဒါပေမဲ့ ဘောလုံး ပရိသတ် အချို့က နောက်ဆက်တွဲ အဖြစ်် ဥရောပ အကောင်းဆုံး ပြိုင်ပွဲတွေမှာ ရှိမနေတော့တဲ့ ရော်နယ်ဒို ရဲ့ ကစားသမား ဘဝ ပြီးဆုံးသွားခဲ့ပြီလို့ ဝေဖန််ခဲ့ကြတာပဲ ဖြစ်ပါတယ် ။ အခြားတဖက်မှာတော့ ရော်နယ်ဒို ဟာ အယ်လ် နဆာရ် အသင်းအတွက် ကစားပေးဖို့ စောင့်ဆိုင်းနေရပါသေးတယ် ။

ဘယ်လိုပဲ ဖြစ်ပါစေ ၊ ဥရောပ အကောင်းဆုံး ပြိုင်ပွဲတွေမှာ ဆက်လက် ရှိမနေတော့တာက ရော်နယ်ဒိုလို ကစားသမားမျိိုးအတွက် ဝေဖန်ခံစရာဖြစ်နေခဲ့ရပေမဲ့ ပီယာ့စ် မော်ဂန် ကတော့ သူ့ရဲ့ ကစားသမား ဘဝ မပြီးဆုံးသေးဘူးလို့ လူမှုကွန်ယက်မှတဆင့် ပြောသွားခဲ့လိုက်ပါတယ် ။

” ပြီးခဲ့တဲ့ တစ်ခါ ကျွန်တော် စစ်ဆေးခဲ့တုန်းက ရော်နယ်ဒို ဟာ ဘောလုံး သမိုင်းကြောင်းရဲ့ အခမ်းနားဆုံး စာချုပ် တစ်ခုကို ချုပ်ဆိုခဲ့ပြီး အခုတော့ အသက် 38 နှစ် အရွယ်ကြီးမှာ ကမ္ဘာ့ လစာငွေ အကောင်းဆုံး ဘောလုံးသမား ဖြစ််သွားခဲ့ရပါပြီ ”

” သူဟာ ကမ္ဘာ့ ချန်ပီယံ ဖြစ်သွားခဲ့ရတဲ့ အာဂျင်တီးနား လက်ရွေးစင် အသင်းကို အနိုင် ကစားခဲ့တဲ့ တစ်ခုတည်းသော နိုင်ငံမှာ ဘောလုံး ကစားရတော့မှာပါ ။ သူရဲ့ ကစားသမား ဘဝ ပြီးဆုံးသွားပြီးဆိုတဲ့ စကားတွေ အတွက် ကျွန်တော် ဒီလောက်ပဲ ပြောချင်ပါတယ် ” လို့ ပီယာ့စ် မော်ဂန် က တွစ်တာမှာ ရေးသားခဲ့တာပဲ ဖြစ်ပါတယ် ။

09/01/2023

ပရီးမီးယားလိဂ် ထိပ်သီးကလပ် ချယ်လ်ဆီးက သူတို့ရဲ့ အားနည်းနေတဲ့ တိုက်စစ်ပိုင်း အတွက် အက်သလက်တီကို မက်ဒရစ်ရဲ့ တိုက်စစ်မှူး ဂျာအို ဖီးလစ်ကို ခေါ်ယူရန် နှုတ်အားဖြင့် သဘောတူညီမှု ရရှိသွားကြောင်း သိရပါတယ်။

ချယ်လ်ဆီးက စတာလင်း ၊ ပူလီဆစ်နဲ့ အူဘာမီယန်းတို့ရဲ့ ဒဏ်ရာပြဿနာတွေကြောင့် ဂျာအို ဖီးလစ်ကို ခေါ်ဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းခဲ့တာ ဖြစ်ပြီး ဂျာအို ဖီးလစ်ကလည်း မန်ယူနဲ့ အာဆင်နယ်ထက် သူ့အတွက် ပုံမှန် ပွဲထွက်ခွင့် သေချာပေါက် ပေးနိုင်တဲ့ ချယ်လ်ဆီးဆီ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်ထားပါတယ်။

လက်ရှိမှာတော့ ချယ်လ်ဆီးနဲ့ အက်သလက်တီကို မက်ဒရစ်တို့ ကြားထဲမှာ ဖီးလစ်ရဲ့ အပြောင်းအရွှေ့ အတွက် အသေးစိတ် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီး ချယ်လ်ဆီးက ဂျာအို ဖီးလစ် အတွက် အငှားကြေး ယူရို ၁၀သန်း ဝန်းကျင် + လုပ်ခလစာ အပြည့်ကို ပေးချေရဖွယ် ရှိပါတယ်။

ဒါ့အပြင် အက်သလက်တီကို မက်ဒရစ်က ချယ်လ်ဆီးအနေနဲ့ ဂျာအို ဖီးလစ်ကို ရာသီကုန်မှာ ပြောင်းရွှေ့ကြေး ယူရို ၇၂သန်းနဲ့ ခေါ်ယူရမယ် ဆိုတဲ့ အချက်ကိုပါ စာချုပ်ထဲ ထည့်သွင်းနိုင်ရန် ကြိုးစားနေကြောင်းလည်း သိရပါတယ်။

09/01/2023

ကစားသမားဘဝကနေအနားယူပြီလို့ ဂါရတ်ဘေးလ်ကြေငြာ။ ဥရောပကို ကိုင်လှုပ်ခဲ့ဖူးတဲ့ BBC တိုက်စစ်အတွဲက တဦးကတော့ မြက်ခင်းစိမ်းတွေကို နှုတ်ဆက်ခဲ့ပါပြီ။

Photos from Ftball news's post 09/01/2023

မေးခွန်းကို မေးခွန်းနဲ့ ပြန်ဖြေပေးလိုက်တဲ့ မန်ယူနည်းပြ အဲရစ်တန်ဟတ်
==================
မန်ယူအသင်းရဲ့လေ့ကျင့်ရေးကွင်းဖြစ်တဲ့ ကာရင်တန် ကို ကားမောင်းပြီး လာရောက်ခဲ့တဲ့ နည်းပြ အဲရစ်တန်ဟတ်ကို အသင်းအားပေးတဲ့ ကလေးတွေက အမ်ဘတ်ပီ နဲ့ ဘယ်လင်ဟမ် တို့ကို ခေါ်ယူချင်လား ဆိုပြီး မေးခွန်းမေးခဲ့ပါတယ်။ ဒီမေးခွန်းအတွက် အဖြေကိုတော့ အဲရစ်တန်ဟတ် က မေးခွန်းနဲ့ ပြန်လည် ဖြေဆိုသွားခဲ့ပါတယ်။ အဲရစ်တန်ဟတ် က သူကို မေးတဲ့ကလေးတွေကို မင်းမှာ ပိုက်ဆံရှိလား ဆိုပြီး ရယ်ရယ်မောမောနဲ့ ပြန်လည်တုံ့ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲအပြင် သက်ဆိုင်ရာကလပ်အသင်းတွေမှာ ခြေစွမ်းပြနေတဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘတ်ပီ နဲ့ ဒေါ့မန်ကွင်းလယ်လူ ဘယ်လင်ဟမ် တို့ကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ အသင်းကြီးတွေ အများကြီး ရှိပြီး ဒီအထဲမှာ မန်ယူ လည်း ပါဝင်နေတာ ဖြစ်ပါတယ်။

Photos from Ftball news's post 08/01/2023

ပြိုင်ဘက်ကစားသမားကို ဆေးရုံပို့ပြီး အနီကတ်ယူသွားတဲ့ ဘိုင်လီ
အန်ဒိုင်ယာကို အလျင်စလို ဖျက်ထုတ်မှု ပြုလုပ်ခဲ့တာဖြစ်ပြီး ဒိုင်လူကြီးက မန်ချက်စတာယူနိုက်တက်နောက်ခံလူကို ချက်ချင်းပဲ အနီကတ်ပြ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကနေ မာဆေးလ်အသင်းကို အငှားနဲ့ ထွက်ကစားနေတဲ့ အဲရစ် ဘိုင်လီဟာ ဟီရဲစ်နဲ့ ကစားခဲ့တဲ့ ပြင်သစ်ဖလားပွဲစဉ် ၁၅ မိနစ်မှာပဲ အနီကတ်နဲ့ ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။

ဘိုင်လီဟာ တန်ပြန်တိုက်စစ်အတွင်းမှာ ဘောလုံးကို ကြားဖြတ်ရယူဖို့ကြိုးပမ်းရင်း ပြိုင်ဘက်ကစားသမား မူဆာ အန်ဒိုင်ယာရဲ့ ရင်ဘတ်ကို ကန်မိခဲ့ပြီးနောက် တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။ မာဆေးလ် နောက်ခံကစားသမားဟာ ဘောလုံးနောက်ကို ပြေးလိုက်နေတဲ့ အန်ဒိုင်ယာကို အလျင်စလို ဖျက်ထုတ်မှု ပြုလုပ်ခဲ့တာဖြစ်ပြီး ဒိုင်လူကြီးက မန်ချက်စတာယူနိုက်တက်နောက်ခံလူကို ချက်ချင်းပဲ အနီကတ်ပြ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်

အန်ဒိုင်ယာဟာ ကွင်းထဲကနေ ထမ်းစင်နဲ့ သယ်ထုတ်ပြီး ဆေးရုံကို တန်းပို့ခဲ့ရပေမယ့်လည်း လက်ရှိအချိန်အထိ ဟီရဲစ်ကစားသမားရဲ့ ဒဏ်ရာက ဘယ်လောက်အထိ ပြင်းထန်လဲဆိုတာကို မသိရသေးတာဖြစ်ပါတယ်။ မာဆေးလ်အသင်းဟာ ဟီရဲစ်ကို အနိုင်ရရှိဖို့ ရေပန်းအစားဆုံးအသင်းအဖြစ်နဲ့ ပြင်သစ်ဖလားပွဲစဉ်ကို ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး ဘိုင်လီ စောစောစီးစီးထုတ်ပယ်ခြင်းခံခဲ့ရပေမယ့်လည်း ၂-၀ နဲ့ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ် မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်းဖြစ်တဲ့ အလက်ဆစ် ဆန်းချက်ဇ်က မာဆေးလ်အတွက် အရေးကြီးခဲ့ပြီး ပင်နယ်တီကနေ အဖွင့်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ အဲရစ် ဘိုင်လီအနေနဲ့ ပွဲပယ်ပြစ်ဒဏ်ကြောင့် အသင်းရဲ့ ပွဲစဉ်တွေကို ဘယ်လောက်အထိ လွဲချော်ဦးမလဲဆိုတာနဲ့ ၎င်း မပါဝင်နိုင်မှုကြောင့် လာမယ့်ပွဲစဉ်တွေမှာ အသင်းရဲ့ စွမ်းဆောင်ရည်အပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်မလဲဆိုတာကို စောင့်ကြည့်သွားဖို့သာ ကျန်တော့တာဖြစ်ပါတယ်။

08/01/2023

ဂိုးသမား David Degea အနေဖြင့် ယူနိုက်တက်ရဲ့ စာချုပ်သစ်အတွက် တပတ်လုပ်ခလစာ ယူရို 2 သိန်းအထိ လျှော့ယူရဖွယ်ရှိနေသည်။
ယူနိုက်တက် အမှုဆောင်ချုပ် Richard Arnold နဲ့ မန်နေဂျာ Erik Ten Hag တို့ဟာ အသင်းရဲ့ အဝတ်လဲခန်းအတွင်း လစာကိစ္စကြောင့် ကစားသမား အချင်းချင်းကြား မလိုလားအပ်တဲ့ မနာလိုဝန်တိုမှု ပြဿနာများ မဖြစ်ပေါ်စေရေး ရှောင်ရှားသွားမည်ဖြစ်ကြောင်း သိရသည်။
Crd
Mail Sport

08/01/2023

ဟာလန်းထက် ပိုကောင်းတဲ့ ဟယ်ရီကိန်းကိုဝယ်ဖို့ မန်ယူအား အကြံပေးခဲ့တဲ့ မာဆန်

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ ဂန္တဝင်ကစားသမားဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ပေါလ် မာဆန်က တိုက်စစ်မှူးသစ် တဦး ခေါ်ယူဖို့ ကြံစည်နေတဲ့ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ကို စပါးရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းအားအမိအရ ခေါ်ယူဖို့ တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ယခုနှစ် ဘောလုံးရာသီမှာရလဒ်ကောင်းတွေ တောက်လျှောက် ရယူထားနိုင်ပေမယ့်သူတို့မှာ ရက်ဖို့ဒ်နဲ့ မာရှယ်တို့ နှစ်ဦးထဲသာ တိုက်စစ်မှူးတွေအဖြစ် ရှိနေပြီး ရက်ဖို့ဒ်ကလည်း ဘယ်တောင်ပံမှာ ထွက်ကာ ကစားနေတာကြောင့် မာရှယ် တဦးထဲကပဲ အထောင်တိုက်စစ်မှူး အဖြစ် ကစားနေရပါတယ်။
ဒါကြောင့်လည်း မန်ချက်စတာ ယူနိုက်တက်က ယခုဆောင်းဈေးကွက်အတွင်းမှာ သူတို့ရဲ့ တိုက်စစ်ပိုင်းပြဿနာကို ရေတို ဖြေရှင်းပေးနိုင်မယ့် တိုက်စစ်မှူး တဦးကိုခေါ်ယူဖို့ ကြိုးစားနေပြီး မန်ချက်စတာ ယူနိုက်တက်က ဂလာဘက် တိုက်စစ်မှူး မားကပ် သူရမ် ၊ ဘန်လေ တိုက်စစ်မှူးဗန်ဟော့နဲ့ အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး ဂျာအိုဖီးလစ်တို့ထဲက တဦးကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေလုပ်ဆောင်ထားပါတယ်။

ဘောလုံးရေးရာ ကျွမ်းကျင်သူ တဦး ဖြစ်တဲ့ ပေါလ် မာဆန်ကတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပစ်မှတ် တိုက်စစ်မှူးတွေကို သဘောကျခြင်း မရှိပဲ မန်ချက်စတာ ယူနိုက်တက်ဟာ မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးရဲ့ တိုက်စစ်မှူး ဟာလန်းထက် ပိုကောင်းတဲ့ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကိုပြောင်းရွှေ့ကြေး မြောက်မြားစွာ အသုံးပြုကာ ခေါ်ယူသင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။
ပေါလ် မာဆန်က - “ဒီနေ့ခေတ်လိုမျိုး ဘောလုံးအသင်းတွေကကမ္ဘာ့အဆင့် တိုက်စစ်မှူး တယောက်ကို ငွေကြေးများစွာသုံးပြီးတော့ ဝယ်နေတဲ့ အချိန်မှာ မန်ချက်စတာ ယူနိုက်တက်က ဟယ်ရီကိန်းကို မခေါ်ဘူး ဆိုရင် ဒါက အတော်လေးကို ရူးကြောင်ကြောင်နိုင်တဲ့ လုပ်ရပ်တခု ဖြစ်နေပါလိမ့်မယ်။ ခင်ဗျားက တကမ္ဘာလုံးကို ပတ်ပြီး တိုက်စစ်မှူးသစ်တဦးကို ရှာကြည့်လိုက်မယ် ဆိုရင် ဟယ်ရီကိန်းလို ကမ္ဘာ့အဆင့် တိုက်စစ်မှူး တယောက်ကို အလွယ်တကူ ရှာတွေ့နိုင်မယ် မထင်ပါဘူး။ ဘယ်သူကမှ သူ့လောက် မကောင်းကြပါဘူး။ တကယ်လို့ ယူနိုက်တက်က စီးတီးကို မီချင်တယ် ဆိုရင် သူတို့တွေက ဟယ်ရီကိန်းကို ခေါ်သင့်ပါတယ်။ အသင်းတိုင်းက တိုက်စစ်မှူးသစ် တဦးကို ရှာနေကြပေမယ့် သူတို့ရဲ့အရှေ့မှာ ရှိနေတဲ့ ဟယ်ရီကိန်းကိုတော့ မတွေ့ကြပါဘူး။ဟယ်ရီကိန်းက ဆုဖလားတွေ ရယူနိုင်စွမ်း မရှိတဲ့ စပါးအတွက် ကစားပေးနေတာပါ။ ဒါကြောင့် အနှေးနဲ့အမြန်ဟယ်ရီကိန်းက အသင်းသစ် ရှာပါလိမ့်မယ်။ မန်ချက်စတာယူနိုက်တက်က ဘာကြောင့် သူ့ကို မခေါ်လဲ ဆိုတာကို နားမလည်ပါဘူး။ တကယ်လို့ ခင်ဗျားက ဟယ်ရီကိန်း အတွက်ပေါင် ၁၅၀သန်း သုံးရမယ် ၊ ပြီးတော့ သူ့ကို ၄နှစ် ၊ ၅နှစ်သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ရမယ် ဆိုရင်တောင်ခင်ဗျားက ဂိုး ၁၀ဝကျော်ကို အလွယ်လေး ရနိုင်ပါတယ်။ဘယ်သူက ဒီလိုဂိုးပမာဏမျိုး သွင်းပေးနိုင်လို့လဲ။ လူတွေက ဟာလန်းရဲ့ အကြောင်းကိုပဲ ပြောနေကြပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဟယ်ရီကိန်းက စီးတီး အသင်းမျိုးမှာ ကစားနေတဲ့ ဟာလန်း သွင်းတဲ့ သွင်းဂိုးပမာဏကို မီအောင် လိုက်သွင်းနိုင်တယ်လို့ ယုံကြည်ပါတယ်။ ဟယ်ရီကိန်းက ဂိုးဖန်တီးမှုတောင် ပိုလုပ်ပေးနိုင်ပါသေးတယ်။ကျွန်တော့်ကို ရူးတယ်လို့ ပြောချင် ပြောပါ။ ကျွန်တော်ကတော့ ဟယ်ရီကိန်းသာ မန်ချက်စတာ ယူနိုက်တက်ဆီရောက်လာရင် သူက ယူနိုက်တက်ကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာဗိုလ်စွဲနိုင်အောင်တောင် ကူညီနိုင်ပါလိမ့်မယ်” လို့ ထုတ်ဖော်ပြောကြားသွားခဲ့တာပါ။

08/01/2023

"ရော်နယ်ဒိုအတွက် ငွေကြေးဆိုတာ မလိုအပ်တော့ဘူး၊ သူ့အတွက် ပိုက်ဆံက စဉ်းစားစရာအနေအထားမှမဟုတ်တော့တာ၊ သူ့နေရာမှာ ကျနော်ဆိုရင်လည်း အခုလိုပဲ ဆုံးဖြတ်မှာ သေချာတယ်၊ ဘောလုံးလောကမှာ သူ လုပ်ပြခဲ့တ​ောတွ အားလုံးအတွက် ထိုက်တန်တဲ့ အရာကို နောက်ဆုံးအကြိမ် ခံစားခွင့်ရတယ်လို့ ကျနော်ကတော့ ထင်တယ်၊ ဘရာဇီးလ်ပရိသတ်အများစုကလည်း သူ့ကို သဘောကျတယ်၊ ဒီမှာ လာကစားဖို့ကိုတောင်မှ မျှော်လင့်ခဲ့ကြတာပါ"

"ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ သူ ဆော်ဒီကို ပြောင်းရွှေ့ခဲ့တဲ့ ဆုံးဖြတ်ချက်အတွက် စာချုပ်တန်ဖိုးကို စဉ်းစားကြည့်မယ်ဆိုရင် ဒါက မှန်ကန်တဲ့ လုပ်ရပ်ပါပဲ၊ အသက် ၃၈ နှစ်အရွယ် ကစားသမားတဦးကို ဒီလောက်ထိ ငွေကြေးတွေ ပေးချေခေါ်ယူခဲ့ရတယ်ဆိုတာက သူ နှစ်ပေါင်းများစွာတိုင်အောင် ဘောလုံးလောကထဲမှာ ကြီးကျယ်ခမ်းနားခဲ့တယ်ဆိုတာကို ပြသနေတာပါပဲ"

- ရီဗယ်လ်ဒို

08/01/2023

သူ့ကို နည်းပြရာထူးကနေ အထုတ်ခံစေချင်ကြတဲ့ ချဲလ်ဆီး ပရိသတ်တွေထံ မက်ဆေ့ခ်ျ ပေးလိုက်တဲ့ ဂရေဟမ် ပေါ်တာ

ချဲလ်ဆီး အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၈ပွဲမှာ တပွဲသာ အနိုင်ရထားပြီး ၊ ထို ၈ပွဲမှာ ၄ပွဲအထိ ရှုံးနိမ့်ထားပါတယ် ။ ချန်ပီယံလိဂ်မှာ အခြေအနေ ကောင်းနေတာကလွဲပြီး ၊ ပရီးမီးယားလိဂ်မှာ အဆင့် ၁၀ ၊ ကာရာဘောင်ဖလားမှာ တတိယအဆင့်ကနေ စောစောစီးစီး လှည့်ပြန်ထားရပါတယ် ။

ယနေ့ညမှာတော့ ချဲလ်ဆီးဟာ အက်ဖ်အေဖလား တတိယအဆင့်ပွဲ အဖြစ် ကြားရက်တုန်းက စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ၀ – ၁ ရလဒ်နဲ့ အရေးနိမ့်ခဲ့ရတဲ့ မန်စီးတီးကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိပါတယ် ။ ဒီပွဲမှာလည်း ချဲလ်ဆီးတို့ အနိုင်ရဖို့ အလေးမသာတဲ့ အတွက် ပြိုင်ပွဲကနေ စောစောစီးစီး လှည့်ပြန်ရဖို့ အလားအလာများနေပါတယ် ။

ပြီးခဲ့တဲ့ စက်တင်ဘာအတွင်းမှာမှ ချဲလ်ဆီး နည်းပြသစ် ဖြစ်လာခဲ့တဲ့ ဂရေဟမ် ပေါ်တာဟာ ပိုင်ရှင်သစ်တွေထံမှ ၅နှစ် စာချုပ်နဲ့ ရေရှည် စီမံကိန်း အတွက် ယုံယုံကြည်ကြည် တာဝန်ပေးခံထားရပေမယ့် ၊ ချဲလ်ဆီး ပရိသတ် အချို့ကတော့ ၄င်းအပေါ် အခုကတည်းက စိတ်ရှည် သည်းခံမှုတွေ ကုန်ဆုံးနေကြပြီ ဖြစ်ပါတယ် ။

အင်္ဂလိပ် သတင်း မီဒီယာ အားလုံးက ဂရေဟမ် ပေါ်တာဟာ ယခုနှစ် ရာသီမှာ ဘယ်လို အနေအထားပဲ ရောက်ရောက် ရာထူးက အထုတ်ခံရမှာ မဟုတ်ကြောင်း အခိုင်အမာ ဖော်ပြထားပြီး ဖြစ်လို့ ၊ ၄င်းကို မနှစ်သက်ကြတဲ့ ပရိသတ်တွေဟာလည်း အနည်းဆုံး ရာသီကုန်တဲ့ အထိ စိတ်မရှည်ချင်လည်း ရှည်ရမှာ ဖြစ်ပါတယ် ။

ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ဂရေဟမ် ပေါ်တာက သူ့ကို ဝေဖန်နေကြတဲ့ ၊ မနှစ်သက်ကြတဲ့ ပရိသတ်တွေ အပေါ် သူ စိတ်မခုနေကြောင်း တုန့်ပြန်ရင်း ၊ ပိုင်ရှင်သစ် ၊ အသင်းသားတွေနဲ့ ဝန်ထမ်းတွေဆီက ထောက်ခံမှု အပြည့်အဝ ရထားကြောင်း မက်ဆေ့ခ်ျပေးသွားပါတယ် ။

ပေါ်တာ က ” ပိုင်ရှင်သစ်တွေဟာ ဘီလျံနာတွေ ဖြစ်ကြသလို ၊ သူတို့ဟာ အရမ်း ပါးနပ်မှု ရှိကြပါတယ် ။ ကျွန်တော့ထက် ပိုပြီး ထက်မြက်ကြပါတယ် ။ ဒီတော့ သူတို့ဟာ ကျွန်တော်တို့ ကြုံနေရတဲ့ အခက်အခဲ ၊ စိန်ခေါ်မှုတွေ အကြောင်း ၊ ကျွန်တော်တို့ လျှောက်လှမ်းချင်တဲ့ လမ်းကြောင်း အကြောင်း ပိုသိကြပါတယ် ။ ”

” ကျွန်တော်ဟာ ဒီကို ရောက်လာတာ ၄လကြာပြီ ဖြစ်ပေမယ့် ၊ ရက်သတ္တပတ် ၅ပတ် ၊ ၆ပတ်လောက်က နိုင်ငံတကာပွဲတွေနဲ့ ကုန်ဆုံးခဲ့ရပါတယ် ။ ပက် ( ဂွာဒီယိုလာ ) ဟာ မန်စီးတီးနဲ့ အတူ ဘာဆုဖလားမှ မယူနိုင်ခင် တနှစ် အချိန်ယူခဲ့ရပါတယ် ။ မီခေးလ် ( အာတီတာ ) နဲ့ ယာဂင် ( ကလော့ပ် ) တို့လည်း ထိုနည်းတူ အချိန်ယူခဲ့ရတာပါပဲ ။ ”

” အကြောင်းအရင်း အချို့ကြောင့် ကျွန်တော့ အလှည့်မှာတော့ ကွဲပြားကောင်း ကွဲပြားပါလိမ့်မယ် ။ ဒါပေမယ့် ကျွန်တော်ဟာ ကိုယ့်အလုပ်မှာ အချိန်စကေး သတ်မှတ်ထားခြင်း မရှိပါဘူး ။ ကိုယ့်တာဝန် ကိုယ်သိပါတယ် ။ တချိန်တည်းမှာ ကျွန်တော်ဟာ ဒီအလုပ်ကို လုပ်နိုင်စွမ်း ရှိတယ် ဆိုတာ သိထားပါတယ် ။ ”

” ပိုင်ရှင်သစ်တွေ ၊ ကစားသမားတွေနဲ့ ကလပ်ဝန်ထမ်းတွေကလည်း ကျွန်တော့ အပေါ်မှာ အပြည့်အဝ ထောက်ခံပေးပြီးသားပါ ။ မန်စီးတီးနဲ့ ပွဲမှာ ကွင်းတွင်း ပရိသတ်တွေရဲ့ အားပေးမှုကလည်း အံ့မခန်းပါပဲ ။ ဒါကို ခင်ဗျားတို့လည်း မြင်တွေ့နိုင်ပါတယ် ။ ဒီတော့ ကျွန်တော့ အပေါ်မှာ ယုံမှားသံသယ ဖြစ်တဲ့သူတွေကတော့ ရှိမြဲရှိနေမှာပါပဲ ။ ”

” ဒီအတွက် ခင်ဗျား ဘာမှမတတ်နိုင်ပါဘူး ။ ကျွန်တော်ဟာ ဘယ်သူ့ကို နားချဖို့ ဒီကို ရောက်လာတာ မဟုတ်ပါဘူး ။ ကိုယ့်အလုပ် ကိုယ်အကောင်းဆုံး လုပ်ဖို့ ဒီကို ရောက်နေပြီး ၊ သူတို့ ထင်ချင်တာ ထင်နိုင်ပါတယ် ။ ကျွန်တော့ဖက်က ဘာမှဖြစ်မနေပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Photos from Ftball news's post 08/01/2023

ဆိုးရွားတဲ့အမှား ကျူးလွန်ခဲ့တဲ့ အလီဆွန်ဘက်ကနေ ကာကွယ်လိုက်ကာ ဝုဖ်နဲ့ပွဲက လီဗာပူးရဲ့ အဓိကပြသနာကို ပြောပြလိုက်တဲ့ယာဂန်ကလော့

ယာဂန်ကလော့ဟာ မနေ့ညက ဝုဖ်ဗာဟမ်တန်နဲ့ ၂ ဂိုးစီသရေကျခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ ဝုဖ်ရဲ့ အဖွင့်ဂိုးမှာ ဆိုးရွားတဲ့ အမှားကို ကျူးလွန်ခဲ့တဲ့ ဂိုးသမား အလီဆွန် ဘက်ကနေ ကာကွယ် ပြောဆိုသွားခဲ့ပြီး လီဗာပူးရဲ့ အဓိက ပြသနာကိုလည်း ချပြသွားခဲ့ပါတယ်။ လီဗာပူးဟာ ပွဲအစပိုင်းမှာ ကစားပုံ ကောင်းနေခဲ့ပေမယ့်လည်း ပွဲချိန် ၂၆ မိနစ်မှာ အလီဆွန်ရဲ့ ပေါ့လျော့တဲ့ pass ကို ဂီဒက်က ဖြတ်ယူကာ လွယ်လွယ်ကူကူပဲ ကန်သွင်းယူခဲ့ပါတယ်။

ပထမပိုင်း ပြီးခါနီးမှာ နူးနက်က အလက်ဇန်းဒါးအာနိုးရဲ့ ဖန်တီးမှုကနေ လှလှပပ ပြန်လည် ချေပပေးခဲ့ပါတယ်။ ဒုတိယပိုင်းအစမှာ ဆာလားက ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပေမယ့်လည်း လူစားဝင် ကစားသမား ဟွမ်ဟီချန်က လီဗာပူး နောက်တန်းရဲ့ အားနည်းချက်ကနေ ချေပဂိုး ရယူသွားခဲ့ပါတယ်။

အဲဒီနောက် လက်ရှိချန်ပီယံတို့ ပြိုင်ပွဲမှာ ကံတရားရဲ့ ဖေးမမှုကြောင့် ပြိုင်ပွဲမှာ ဆက်ရှိနေခဲ့တာ ဖြစ်ပြီး တော့တီရဲ့ သွင်းဂိုးကို VAR က အချိန်အကြာကြီးယူကာ check လုပ်ခဲ့ပြီးနောက် ဂိုးကို ပယ်ဖျက်ခဲ့ပါတယ်။ ဒီဂိုးနဲ့ ပက်သက်ပြီး လုံလောက်တဲ့ ကင်မရာပြကွက်တွေ မရှိခဲ့တာကြောင့် အငြင်းပွားစရာ ဖြစ်ခဲ့ကာ နောက်ဆုံးသိခဲ့ရတဲ့ သတင်းအရ မာသီးယပ်နူးနက်က build-up မှာ လူကျွံနေတယ်လို့ သိရပါတယ်။

ပွဲအပြီးမှာတော့ ကလော့က အလီဆွန်ဟာ ဒီပွဲစဉ်မှာ အမှား ကျူးလွန်ခဲ့ပေမယ့်လည်း အတိတ်မှာတုန်းက လီဗာပူး အသင်းကို အကြိမ်ကြိမ် ကယ်တင်ပေးခဲ့တယ်ဆိုတာ ပရိတ်သတ်တွေကို remind လုပ်သွားခဲ့ပြီး ဒီပွဲမှာ လီဗာပူးရဲ့ အဓိက ပြသနာကို ထောက်ပြလိုက်ပါတယ်။

ယာဂန်ကလော့က “ကျနော်တို့ ပွဲအစပိုင်းမှာ ကစားပုံကောင်းခဲ့ကာ ပြိုင်ဘက်အသင်းကို လွှမ်းမိုးနိုင်ခဲ့ပါတယ်။ ကျနော်တို့ ကောင်းကောင်း ကစားနေခဲ့ပေမယ့် မထင်မှတ်ဘဲ ဂိုးပေးလိုက်ရပါတယ်။ ဒီဂိုးဟာ လုံးဝ မဖြစ်သင့်တဲ့ဂိုးပါ။ ဒါပေမယ့် အလီဟာ ကျနော်တို့ကို အရင်တုန်းက ဘယ်နှစ်ကြိမ်တောင် ကယ်တင်ပေးခဲ့သလဲဆိုတာ ခင်ဗျားတို့ သိထားပြီးသားပါ။ သူတို့ရဲ့ တန်ပြန်တိုက်စစ်တွေမှာ ထရာအိုရေး ဘောလုံးရသွားတဲ့အခါ အသင်ူဟာ အန္တာရယ် ရှိခဲ့ပါတယ်။ ဒါကို ကျနော်တို့ မြင်နိုင်ပါတယ်။

အဲဒီနောက် ကျနော်တို့ အရမ်းကိုကောင်းတဲ့ ချေပဂိုး ရခဲ့ပြီး ပထမပိုင်းအပြီးမှာ ကျနော်တို့ ဘယ်လို တိုးတက်အောင် လုပ်သွားမလဲ ဆိုတာနဲ့ သူတို့ကို ပြသနာတွေ ဘယ်လို ပေးသွားရမလဲဆိုတာ ညွှန်ကြားခဲ့ပါတယ်။ အဲဒီနောက် ဒုတိယပိုင်းအစမှာ ပွဲကို လွှမ်းမိုးနိုင်ခဲ့ပေမယ့် သူတို့ဟာ တစ်ဖြည်းဖြည်း ပွဲကို ပြန်လည် စိုးမိုးလာခဲ့ပါတယ်။ အဲဒီအချိန်ကနေ စပြီး ကျနော်တို့ challenges တွေမှာ လုံလောက်တဲ့ အသာရမှုမျိုး မရှိတော့ပါဘူး။ ကျနော်တို့ လုံလောက်တဲ့ intensity နဲ့ မကစားနိုင်တော့တာကြောင့် သူတို့ဟာ ကျနော်တို့ကို ပြသနာတွေ များစေခဲ့ပါတယ်။ ကျနော်တို့ကလည်း ဒီပြသနာတွေကို ပွဲအတွင်းမှာ ဆက်ထားခဲ့ပါတယ်။ သူတို့ကို ပေးလိုက်ရတဲ့ ချေပဂိုးကတော့ ကံမကောင်းတာပါ။ ဒါပေမယ့်လည်း သူ့ကို ပင်နယ်တီ ဧရိယာထဲမှာ ဒီလို လုပ်ခွင့် မပေးခဲ့သင့်ပါဘူး။” လို့ပြောသွားပါတယ်။

ဒီပွဲစဉ်ဟာ ဒီ ဇန်နဝါရီမှာ ရောက်လာခဲ့တဲ့ ကစားသမားသစ် ဂတ်ပိုရဲ့ debut ဖြစ်ပြီး နယ်သာလန် စတားဟာ ဘယ်ခြမ်းတိုက်စစ်ကနေ ကောင်းမွန်တဲ့ အလားအလာကို ပြသခဲ့ပေမယ့်လည်း ကွင်းလယ်ပိုင်းရဲ့ လုံလောက်တဲ့ ထောက်ပံ့မှုကို မရခဲ့တာကတော့ စိတ်ပျက်စရာ ဖြစ်ပါတယ်။

ဂတ်ပိုရဲ့ debut အပေါ် ကလော့က “သူဟာ ပွဲနဲ့ အံဝင်အောင် ကစားနိုင်ခဲ့ပါတယ်။ ပထမဦးဆုံး ခြေလှမ်း ဖြစ်တာကြောင့် မလွယ်ကူခဲ့ပါဘူး။ ပြီးပြည့်စုံတဲ့ စွမ်းဆောင်ရည်ကို မြင်တွေ့ရဖို့လည်း ကျနော်တို့ မမျှော်လင့်ထားခဲ့ပါဘူး။ ဒါပေမယ့် သူဟာ ကောင်းမွန်တဲ့ လက္ခဏာတွေကို ပြသခဲ့ပါတယ်။ ကျနော်တို့ သူ့ကို ဒီထက် ပိုကောင်းတဲ့ နေရာတွေမှာ ရှိနေအောင် ကူညီပေးခဲ့သင့်ပေမယ့် နောင်ပိုင်းမှာတော့ ဒါတွေ လာမယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။” လို့ဆိုလိုက်ပါတယ်။

လီဗာပူးရဲ့ ကစားပုံဟာ လက်ရှိအချိန်မှာ စိုးရိမ်စရာ ဖြစ်နေပြီး ဒီိရာသီရဲ့ ထုံးစံအတိုင်းပဲ ပြိုင်ဘက်ရဲ့ တိုက်စစ်ကို ကွင်းလယ်ပိုင်းကနေ ဟန့်တားမှု ကင်းမဲ့လျက်ရှိနေကာ အခွင့်အရေးတွေ များစွာ ပေးနေရပါတယ်။ လီဗာပူးဟာ လာမည့် ပွဲစဉ်မှာ ပုံစံကောင်းရနေတဲ့ ဘရိုက်တန်နဲ့ ကစားရမှာ ဖြစ်တာကြောင့် ဒီထက် အများကြီး တိုးတက်အောင် လုပ်သွားဖို့တော့ လိုအပ်ပါတယ်။

08/01/2023

အလက်ဟန်းဒရိုး ဂါနာချိုဟာ အယ်လ် နက်ဆာကို ပြောင်းရွှေ့သွားတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို အားပေးထောက်ခံနေဆဲဖြစ်ပြီး အဲဗာတန်နဲ့ပွဲစဉ်မှာ CR7 အတွင်းခံဘောင်းဘီကို ဝတ်ဆင်ထားတာကို မြင်တွေ့ခဲ့ရပါတယ်။

Photos from Ftball news's post 05/01/2023

ကစားသမားဟောင်း ရူနီ ကို အရေးပေါ် လိုအပ်နေပြီဖြစ်တဲ့ အဲဗာတန်
==================
ရလဒ်ပိုင်း ဆိုးရွားမှုတွေကြောင့် နည်းပြ လမ်းပတ် ကို ရာထူးကနေ ထုတ်ပယ်ဖို့ သတင်းတွေထွက်နေတဲ့ အဲဗာတန်ဟာ အသင်းရဲ့ နည်းပြသစ်အဖြစ် ကစားသမားဟောင်း ရူနီ ကို ခန့်အပ်ချင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ အဲဗာတန်ဟာ ကမ္ဘာ့ဖလားအပြီး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲမှာ နိုင်ပွဲပျောက်ခဲ့ပြီး ၁ ပွဲသာ သရေကျခဲ့သလို ရှုံးခဲ့တဲ့ ၂ ပွဲကလည်း အိမ်ကွင်းတွေမှာ ဖြစ်တာကြောင့် နည်းပြ လမ်းပတ်အနေနဲ့ ဖိအားတွေ များခဲ့တာပဲ ဖြစ်ပါတယ်။ မန်ယူနဲ့ ကစားရမယ့် အက်ဖ်အေဖလားပွဲကိုတော့ လမ်းပတ်အနေနဲ့ အဲဗာတန်ကို နည်းပြအဖြစ် လုပ်ဆောင်ခွင့်ရမှာ ဖြစ်ပြီး အဲ့ဒီပွဲမှာသာရလဒ်မကောင်းခဲ့ရင်တော့ ထုတ်ပယ်ခံရဖို့ ရှိနေပါတယ်။ အဲဗာတန်နည်းပြဟောင်း ရော်ဘတ်တို မာတီနက်ဇ် ၊ ဘန်လေနည်းပြဟောင်း ဒိုင်ချီ တို့လည်း ရေပန်းစားနေပေမယ့် အဲဗာတန်ပရိသတ်တွေက ရူနီ ကို ပိုပြီးအလိုရှိနေတယ်လို့လည်းသိရပါတယ်။

05/01/2023

အာဆင်နယ်အသင်းဟာ ယခုနွေရာသီမှာ ဒီကလန် ရိုက်စ်ကို ချဲလ်ဆီးအသင်းထက် လက်ဦးမှု ရယူပြီး ကြီးမားတဲ့ ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ ကြိုတင်ပြင်ဆင်နေတယ်လို့ Fichajes က ဖော်ပြခဲ့ပြီး ဝက်စ်ဟမ်းအသင်းက အင်္ဂလန်ကြယ်ပွင့်အတွက် ပေါင်သန်း ၁၀၀ နီးပါး လိုချင်နေတယ်လို့ သိရပါတယ်။

04/01/2023

ဘရိုက်တန်ကို အိမ်ကွင်းမှာ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီးနောက် အဲဗာတန် နည်းပြ ရာထူးမှ အထုတ်ခံရမယ့် ကောလဟလသံများ ပိုညံလာခြင်း အပေါ် တုန့်ပြန်ခဲ့တဲ့ လမ်းပတ်



ပြီးခဲ့တဲ့ စနေနေ့က လက်ရှိ ချန်ပီယံ မန်စီးတီးထံမှ သရေ တမှတ် ရယူနိုင်ခဲ့တဲ့ အဲဗာတန်ဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ အိမ်ကွင်း ဂွတ်ဒီဆင်ပါ့ခ်မှ ပရိသတ်တွေ ရှေ့မှောက် ဘရိုက်တန်ကို ၁ – ၄ ရလဒ်နဲ့ အရှက်တကွဲ အရေးနိမ့်ခဲ့ရပါတယ် ။

ပထမပိုင်း ၁၄မိနစ်မှာ မီတိုမာရဲ့ ဂိုးနဲ့ ဘရိုက်တန်ကို ဦးဆောင်ဂိုး စပေးခဲ့ရပေမယ့် အဲဗာတန်ဟာ ပထမပိုင်းပြီးတဲ့ အထိ ပွဲအတွင်းမှာ ဆက်ရှိနေခဲ့ပါသေးတယ် ။ သို့ပေမယ့် ဒုတိယပိုင်း အစ ၁၅မိနစ် အတွင်း ၃ဂိုးဆက် ပေးခဲ့ရတာကြောင့် အဲဗာတန်တို့ ပြန်လာဖို့ ဘယ်လိုမှ မဖြစ်နိုင်ခဲ့ပါဘူး ။

နာကျင်အချိန်ပိုမှာတော့ ဒီမာရိုင်း ဂရေးရဲ့ ပင်နယ်တီဂိုးနဲ့ အိမ်ရှင်တို့ အရှက်ပြေ ချေပဂိုး ပြန်ရခဲ့ပါတယ် ။ ဒီရလဒ်ကြောင့် အဲဗာတန်တို့ လာမယ့် ပွဲတွေမှာ အမှား ထပ်လုပ်လို့ မရတော့တဲ့ အပြင် တန်းဆင်းဇုန်နဲ့ ပိုပြီး နီးကပ်လို့ နေပါတယ် ။

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ အဲဗာတန် နည်းပြ ဖရန့် လမ်းပတ်က ဘရိုက်တန်ကို ဘာကြောင့် အခုလို ဂိုးပြတ်ရှုံးခဲ့ရတယ် ဆိုတာ ရှင်းလင်းရင်း ၊ ရာထူးကနေ အထုတ်ခံရမယ့် ကောလဟလသံတွေ ပိုထွက်လာခြင်း အပေါ် အခုလိုပဲ တုန့်ပြန်သွားပါတယ် ။

လမ်းပတ် က ” ဒါက တကယ် စိတ်ပျက်စရာကောင်းခဲ့ပါတယ် ။ ပထမပိုင်းမှာတောင်ပေါ့ ။ ပြိုင်ဖက်ရဲ့ ဂိုးတွေက ကျွန်တော်တို့ရဲ့ အမှားကြောင့် ဖြစ်ပါတယ် ။ ဒါပေမယ့် ကစားပုံအားဖြင့် ကျွန်တော်တို့နဲ့ သူတို့နဲ့ ညီတူမျှတူလောက်ပါပဲ ။ ကျွန်တော်တို့လည်း ဂိုးသွင်းခွင့်တွေ ရခဲ့ပါတယ် ။ ”

” ဒါပေမယ့် ဒုတိယပိုင်း အစောပိုင်းက ပေးခဲ့ရတဲ့ ၆မိနစ် အတွင်း ၃ဂိုးက ကျွန်တော်တို့ရဲ့ ခံစစ် အမှားတွေကြောင့် ဖြစ်ပြီး ၊ ဒါက ပွဲကို အဆုံးသတ်ပေးခဲ့ပါတယ် ။ အဲဒီနောက်ပိုင်းမှာတော့ ပွဲက မျှခြေ အနေအထားမှာ ရှိခဲ့ပါတယ် ။ ကျွန်တော်တို့ နောက်ကျ ချေပဂိုး တဂိုး ပြန်ရခဲ့ပေမယ့် ၊ ၄ဂိုးပြတ်ပြီးခဲ့ကတည်းက ပွဲက ပြီးနေပါပြီ ။ ”

” အဲဒီ ၆မိနစ် အတွင်းက ကျွန်တော်တို့ရဲ့ တဦးချင်း အမှားတွေ ၊ အသင်းလိုက် ခံစစ် ပြဿနာတွေဟာ ပွဲရဲ့ အထွတ်အထိပ် ၊ အဆုံးအဖြတ် အခိုက်အတန့်တွေပါပဲ ။ ကျွန်တော်တို့ အားလုံး ဒီအခက်အခဲ ပြဿနာမှာ အတူတူ ရှိနေပါတယ် ။ ဒီတော့ အခုအချိန်က ဒေါသထွက်ဖို့ မဟုတ်ပါဘူး ။



” ကျွန်တော်တို့ဟာ နိုင်ပွဲတွေ ရချင်တဲ့ အတွက် ဒီရလဒ် အပေါ် စိတ်ပျက်နေကြပါတယ် ။ လက်ရှိ အခြေအနေမှာရော ပြီးခဲ့တဲ့ရာသီ တန်းဆင်းဇုန် တိုက်ပွဲဝင်ခဲ့တဲ့ အချိန်မှာပါ ကျွန်တော်ဟာ အပြင်က ကောလဟလတွေကို မထိန်းနိုင်သလို ၊ ဒီအပေါ်မှာလည်း အာရုံမစိုက်ပါဘူး ။ ”

” ကျွန်တော်ဟာ ကိုယ့်ကိုယ်ကို အရမ်း ယုံကြည်မှု ရှိပေမယ့် ၊ အနာဂတ်ကိုတော့ ခန့်မှန်းမနိုင်ပါဘူး ။ အခုတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ အက်ဖ်အေဖလား ပွဲအတွက် ပြင်ဆင်ရပါမယ် ။ ဒီအကြောင်းကိုပဲ ကျွန်တော်တို့ လောလောဆယ် အာရုံစိုက်ရမှာ ဖြစ်ပါတယ် ။ ခင်ဗျားဟာ အပတ်တိုင်း နိုင်ပွဲ မရနိုင်ဘူးဆိုတဲ့ အချက်ကို လက်ခံနိုင်ရပါမယ် ။ ”

” ဒီတော့ ကျွန်တော်တို့ အနေနဲ့ ကိုယ့်အလုပ် ကိုယ်ပြန်လုပ်ဖို့သာ လိုပါတယ် ။ ဒီလောက်ထိ ရိုးရှင်းတာပါ ။ ကျွန်တော်ဟာ ပရီးမီးယားလိဂ် မန်နေဂျာ တဦး ဖြစ်တာကြောင့် ဘယ်အချိန်မှာမဆို ဖိအားတွေ ၊ မျှော်မှန်းချက်တွေ ဆိုတာ ရှိနေမှာပါပဲ ။ ကျွန်တော့ အနေနဲ့ ကိုယ်ထိန်းချုပ်လို့ ရတဲ့ အရာတွေ အပေါ်မှာပဲ အာရုံစိုက်နိုင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

04/01/2023

ယူနိုက်တက်အား အပြစ်တင်ပြောဆိုလိုက်တဲ့ ဒင်းဟန်ဒါဆန်

ပြီးခဲ့တဲ့ရာသီတုန်းက ယူနိုက်တက်အတွက် ၃ ပွဲသာ ကစားခဲ့ရခြင်းက လက်ရှိရာသီ နော်တင်ဟမ်ဖောရက်စ်မှာ ကစားရာတွင် အခက်တွေ့စေခဲ့ပါတယ်လို့ ဒင်းဟန်ဒါဆန်က ပြောဆိုလိုက်ပါတယ်။

လက်ရှိရာသီတွင် ပင်နယ်တီ ၂ ကြိမ် ကာကွယ်နိုင်ခဲ့ပြီးနောက် သူ့ရဲ့အကောင်းဆုံးပုံကို တွေ့ရှိထားတယ်လို့ နော်တင်ဟမ်ဖောရက်စ်တွင် အငှားလာရောက်ကစားနေတဲ့ ဂိုးသမားက ယုံကြည်နေတာပါ။ ယူနိုက်တက်အား ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ လက်စွမ်းဆိုးရွားခဲ့သော်လည်း ချဲလ်ဆီးနှင့် ၁-၁ ဂိုးသရေကျခဲ့တဲ့ပွဲမှာ ပြန်လည် လက်စွမ်းပြခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ်ဂိုးသမားဟာ နွေရာသီတွင် ကစားသမား ၂၃ ဦးအထိ ခေါ်ယူခဲ့တဲ့ တန်းတက်ဖောရက်စ်အသင်းရဲ့ ကစားသမားတွေထဲကတစ်ဦးဖြစ်ပြီး "ပြီးခဲ့တဲ့ရာသီက ကောင်းကောင်းမကစားခဲ့ရတာကြောင့် ပထမဆုံးပွဲတွေက အနည်းငယ်လောက်ခက်ခဲခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ကစားပုံနဲ့ပတ်သက်ပြီး ကျေနပ်မိပါတယ်" "ပွဲစဉ်တိုင်းမှာ ပြီးပြည့်စုံဖို့ဆိုတာက ခက်ခဲသော်လည်း ကျွန်တော့်မှာ ကြီးမားတဲ့ အခိုက်တန့်တွေရှိခဲ့ပါတယ် အသင်းအတွက် အမှတ်အနည်းငယ်လောက်ရရှိအောင် ကျွန်တော်က ကြိုးစားအားထုတ်ပေးခဲ့တယ်လို့ ထင်မိပါတယ်"
"ရာသီတိုင်းမှာ ကျွန်တော်က ပိုပြီးကောင်းလာချင်ပါတယ်။ ဒီမှာ ကျွန်တော် တကယ့်ကို ပျော်ရွင်ပါတယ်။ နွေရာသီမှာ ကစားသမားတွေ အများကြီးက အလှည့်အပြောင်းတွေနဲ့ ရောက်လာတာက စိတ်ဝင်စားစရာကောင်းပြီး ကျွန်တော်တို့ကလည်း အသင်းသစ်မှာ ပိုကောင်းအောင်လုပ်ဆောင်နေတာဖြစ်ပါတယ်" လို့ ဟန်ဒါဆန်က ပြောပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက အိုးထရက်ဖို့ဒ်တွင် ဒီဂီယာအား မကျော်နိုင်ခဲ့ပြီးနောက် အသင်းရဲ့ဆက်ဆံမှုနဲ့ပတ်သက်ပြီး ဟန်ဒါဆန်က ဝေဖန်ခဲ့တာဖြစ်ပါတယ်။ ကိုဗစ် ၁၉ ကူးစက်ခြင်းမခံရမီက သူဟာ အသင်းရဲ့နံပါတ် ၁ ဂိုးသမားဖြစ်မယ်လို့ ပြောဆိုခြင်းခံခဲ့ရသော်လည်း ဒီဂီယာကသာ ပထမဦးစားပေးဖြစ်နေခဲ့တာကြောင့် ဒေါသထွက်နေတုန်းဖြစ်ပါတယ်။

နွေရာသီရောက်တဲ့အချိန်မှာ ယူနိုက်တက်နှင့် စာချုပ်သက်တမ်း ၂ နှစ်သာ ကျန်ရှိတော့မယ့် ဟန်ဒါဆန်ဟာ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဖြေရှင်းလိုနေတာဖြစ်ပါတယ်။ ဟန်ဒါဆန်ဟာ ပုံမှန်ပွဲထွက်ခွင့်ရရှိဖို့သာ စိတ်ဝင်စားနေပြီး စီးတီးဂရောင်းရှိပရိသတ်တွေရဲ့ရှေ့မှာ ကစားရတာကို ပျော်ရွင်နေတာဖြစ်ပါတယ်။

"ပရိသတ်တွေက ဒီနိုင်ငံမှာအကောင်းဆုံးဖြစ်ပြီး တစ်ပတ်ပြီးတစ်ပတ် သူတို့တွေရဲ့ ရှေ့မှာကစားရတာက ဂုဏ်ယူစရာဖြစ်ကာ ကျွန်တော်တို့တွေရှေ့ဆက်သွားနိုင်ဖို့ ကြီးမားတဲ့အကူအညီလည်းဖြစ်ပါတယ်" လို့ ဂိုးသမားက ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ ဆောက်သမ်တန်နှင့် ကစားမယ့်ပွဲမတိုင်ခင် ဂိုးသမားကတော့ ဖောရက်စ်အသင်းကို တန်းဆင်ဇုန်ကနေ လွတ်အောင် ကူညီပေးချင်နေတာဖြစ်ပါတယ်။

"ကျွန်တော်တို့အသင်းမှာ အရည်အချင်းရှိတဲ့ ကစားသမားတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့မှာ အရည်အချင်းတွေ၊ အတွေ့အကြုံတွေ၊ စတင်တိုးတက်လာတဲ့ လူငယ်ကစားသမားတွေ၊ အတူတကွလုပ်ဆောင်မှုတွေရှိတာကြောင့် ကျွန်တော်တို့က အကောင်းဆုံးလုပ်နိုင်မယ်လို့ ယုံကြည်မိပါတယ်" လို့ ဟန်ဒါဆန်က ပြောပါတယ်။

03/01/2023

"ဒါက ကျတော့်အတွက် အဆုံးသတ် မဟုတ်သေးပါဘူး၊ ဆော်ဒီလိဂ်က အရမ်းကို ပြိုင်ဆိုင်မှု ပြင်းထန်းလွန်းပါတယ်၊ ဒါကို လူတွေ သိကြမှာ မဟုတ်သေးဘူးဆိုတာ ကျတော် သိရှိသွားခဲ့တယ်၊ လူတွေ သိဖို့အတွက် ကျတော့် မှာ တာဝန်ရှိတယ်လို့ ခံစားခဲ့ရပါတယ်၊ ဒါကြောင့်ဒီကို ကျတော် ရွေးချယ်ရတာပါ"

ရော်နယ်ဒို (အဲလ်နာဆာ)

03/01/2023

အဲလ်နာဆာ အသင်းနဲ့ လက်တွဲလိုက်တဲ့အပေါ် ရော်နယ်ဒိုက
-----------
"ဒီအပြောင်းအရွှေ့က ထူးခြားပါတယ် ဘာကြောင့်လဲဆိုတော့ ကျတော်က အတုမရှိတဲ့ ကစားသမားတစ်ယောက်ဖြစ်နေလို့ပါ၊ ကျတော် စံချိန်တွေအားလုံးကို ချိုးဖျက်နိုင်ခဲ့ပါတယ်၊ အဲ့ဒါကို ဒီမှာလည်း လုပ်ပြ သွားမှာပါ၊ ကျတော့်အတွက်တော့ ဒါက ပုံမှန်ပါပဲ"

03/01/2023

ခြေစွမ်းမပြနိုင် ဖြစ်နေခဲ့ရတဲ့ ကစားသမား တစ်ဦးဟာ ဆက်လက် တိုးတက်လာဦးမယ်လို့ ထောက်ခံပေးလိုက်တဲ့ တန်ဟတ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ အဲရစ် တန််ဟတ် ကတော့ ဝုလ်ဗ် အသင်းနဲ့ ပွဲစဥ်မှာ ပုံစံကောင်းမပြနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဖြစ်သူ အန်သိုနီ မာရှယ်ဟာ ဆက်လက််တိုးတက်ကောင်းမွန်လာလိမ့်မယ်လို့ ယုံကြည်ကြောင််း ထောက်ခံ အားပေးသွားခဲ့လိုက်ပါတယ် ။

ဒဏ်ရာ ပြသနာတွေ အကြား ရုန်းကန်နေခဲ့ရတဲ့ အန်သိုနီ မာရှယ် ဟာ ဒီရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင််း အတွက် ပြိုင်ပွဲစုံ 9 ကြိမ် ပါဝင် ကစားပေးခွင့် ရရှိထားခဲဲ့ပြီး 5 ဂိုးအထိ သွင်းယူပေးကာ ပုံစံကောင်းပြသထားနိုင်ခဲ့တာကြောင့် ချီးကျူးခံခဲ့ရပါတယ် ။

အဲ့ဒီနောက် ကမ္ဘာ့ ဖလား ပြိုင်ပွဲကြီး ပြီးဆုံးသွားချိန်မှာ သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် သုံးပွဲဆက် ပွဲထွက် ကစားခွင့်တွေ ရရှိခဲ့ပြီး တစ်ဂိုးသာ သွင်းယူပေးနိုင်ခဲ့ကာ ပုံစံကောင်းတွေ ပြသနိုင်ဖို့အတွက် ရုန်းကန်ခဲ့ရပါသေးတယ် ။

အထူးသဖြင့် ဝုလ်ဗ် အသင်းနဲ့ ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ပွဲစဥ်မှာ သူဟာ ခြေစွမ်းကောင်း ပြသနိုင်ခြင်း မရှိခဲ့ပါဘူး ။ ဒါပေမဲ့ နည်းပြ အဲရစ် တန်ဟတ်က သူ့ရဲ့ ကစားသမားဟာ အခုထက် ပိုပြီး တိုးတက် ကောင်းမွန် လာလိမ့်မယ်လို့ ပြောခဲ့လိုက်ပါတယ် ။

” သူဟာ 100 % ပြည့် ကြံ့ခိုင်နေပြီလို့ ကျွန်တော်ကတော့ မထင်မိပါဘူး ။ သူဟာ အသင်းအတွက် ကစားပေးခွင့် မရနိုင်ခဲ့တာ အချိန် အတော်လေး ကြာမြင့်ခဲ့ရပါပြီ ။ ပြီးရင်် ဝုလ်ဗ် နဲ့ ပွဲစဥ်ဟာ သူ့ရဲ့ အကောင်းဆုံး ပွဲစဥ် မဖြစ်ခဲ့ရဘူးလို့ ထင်မိပါတယ် ”

” ကျွန်တော်ဟာ အရင်တုန်းက သူ့ရဲ့ စွမ်းဆောင်ရည် နဲ့ ပတ်သက်လို့ ပိုပြီး ပျော်ရွှင် ကျေနပ်ခဲ့ရပါတယ် ။ သူဟာ အသင်းအပေါ် ဘယ်လောက်အထိ အကျိုး သက်ရောက်မှုတွေ ပေးနိုင်ခဲ့သလဲဆိုတာကို ခင်ဗျားတို့ မြင်တွေ့ခဲ့ကြရတယ်လေ ။ အခုက ပုံမှန်ပါပဲ ”

” ကစားသမား တစ်ယောက် အမြဲတမ်း အကောင်းဆုံး ကစားပေးနိုင်လိမ့်မယ်လို့ ခင်ဗျားတို့ မျှော်လင့်လို့မရနိုင်ဘူးလေ ။ နောက်တစ်ပွဲမှာတော့ ကျွန်တော်ဟာ သူ့ဆီက ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေ မြင်တွေ့ရဖို့ မျှော်လင့်မိပါတယ် ”

” သူ သေချာပေါက် လုပ်ပြနိုင်ပါလိမ့်မယ် ။ ကျွန်တော် ဒါကို ယုံကြည်နေမိပါတယ် ။ သူကစားခဲ့တဲ့ ပွဲစဥ်တွေကို ကြည့်ပြီး ကျွန်တော် ပျော်ရွှင်မိပါတယ် ။ ကျွန်တော်တို့ ကစားခဲ့ကြတဲ့ ပွဲစဥ်တွေမှာ သူဟာ ကောင်းမွန်တဲ့ အကျိုး သက်ရောက်မှုတွေ ပေးစွမ်းနိုင်ခဲ့တယ်လေ ”

” သူနဲ့ အလုပ်လုပ်ရတာ တကယ့်ကို ပျော်ရွှင်ဖို့ ကောင်းပါတယ် ။ သူ ကစားခဲ့တဲ့ မိနစ်တွေနဲ့ ပေးခဲ့တဲ့ အကျိုးသက််ရောက်မှုတွေ ကြည့်ရုံနဲ့ ဒါကို သိနိုင်ပါတယ် ။ သူ လုပ်ခဲ့တာတွေက တကယ့်ကို ကောင်းလှပါတယ် ” လို့ အဲရစ် တန်ဟတ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

03/01/2023

ယခုနှစ်ရာသီ ပရီးမီးယားလိဂ်မှာ ဂိုးပေါက်အလွဲဆုံးကစားသမားများ

၁.ဒါဝင်နူနက်ဇ်(၁၅ကြိမ်)
၂.မိုဆာလက်(၁၂ကြိမ်)

Crd

03/01/2023

ဆော်ဒီအာရေဗျနိုင်ငံသို့ရောက်ရှိနေသည့် ပေါ်တူဂီဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် အယ်လ်နာဆာအသင်းနှင့် ဆေးစစ်မှုအောင်မြင်ခဲ့ကြောင်းသိရသည်။

03/01/2023

လီဗာပူးလ်အသင်းအတွက် ပထမဆုံး (၂၁) ပွဲကစားထားခဲ့ရာမှာ ဒါဝင်နူးနက်ဇ် ရဲ့ သွင်းဂိုးမှတ်တမ်းက ဆွာရက်ဇ်ရဲ့ မှတ်တမ်းထက် ပိုပြီး သာလွန်နေခဲ့တာကို တွေ့ရပါတယ်။

ဘာကြောင့် ဒါ၀င်နူးနက်ဇ်က အခုလို ဝေဖန်ခံနေရတာလဲဆိုတော့ သူ့ရဲ့ ပြောင်းရွှေ့ကြေး နှင့် ဂိုးတွေရနိုင်ချေ
ရှိသော်လည်း လွဲချော်မူတွေကြောင့်ပဲ ဖြစ်ပါတယ်။

ဒါဝင်နူးနက်ဇ် - (၉) ဂိုး
ဆွာရက်ဇ် - (၈) ဂိုး

02/01/2023

ဆော်ဒီကို ရောက်နေပေမယ့် ဥရောပ ချန်ပီယံလိဂ်ကို ကစားနိုင်သေးတဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနိုရော်နယ်လ်ဒိုဟာ ဆော်ဒီကလပ် အယ်လ်နာဆာကို ရောက်ရှိနေပေမယ့်လည်း ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲကိုပါ ကစားလို့ရနိုင်မယ့် ထူးထူးခြားခြား အခွင့်အရေးတစ်ခုလည်း ရှိနေပါတယ်။

ရော်နယ်လ်ဒိုနဲ့ အယ်လ်နာဆာအသင်းတို့ကြားမှာ ချုပ်ဆိုထားတဲ့ စာချုပ်ထဲမှာ ပါဝင်နေတဲ့ သဘောတူညီချက်တစ်ခုအရ တကယ်လို့ နယူးကာဆယ်ယူနိုက်တက်အသင်းသာ ပရီးမီးယားလိဂ်မှာ အဆင့်(၄)နဲ့ ရာသီကုန်နိုင်ခဲ့လို့ ချန်ပီယံလိဂ်ဝင်ခဲ့မယ်ဆိုရင် ရော်နယ်လ်ဒိုကို နယူးကာဆယ်အသင်းဆီ အငှားချရမယ်ဆိုတဲ့ သဘောတူညီချက်ပဲ ဖြစ်ပါတယ်။ နယူးကာဆယ်ကိုရော အယ်နာဆာအသင်းကိုပါ The Saudi Arabian Public Investment Fund ကနေ ပိုင်ဆိုင်ထားတာ ဖြစ်တဲ့အတွက် အခုလို သဘောတူညီမှုကို လက်ခံခဲ့ရတာဖြစ်ကြောင်း စပိန်နာမည်ကျော် သတင်းစာ Marca ကနေ ဖော်ပြလာခဲ့ပါတယ်။

ရော်နယ်လ်ဒို အယ်လ်နာဆာအသင်းဆီကို ပြောင်းရွှေ့ဖို့ သဘောတူညီ ရယူထားခဲ့ပြီလို့ အစောဆုံး ဖော်ပြခဲ့တဲ့ သတင်းမီဒီယာဟာလည်း စပိန်သတင်းစာ Marca ပဲ ဖြစ်ပါတယ်။

Photos from Ftball news's post 02/01/2023

သတင်းစာရှင်းလင်းပွဲမှာ ကြီး ၆ ကြီးနဲ့ပတ်သက်ပြီး ပေါက်ကွဲခဲ့တဲ့ ကွန်တီ
ရူးသွပ်ချင်စရာ မျှော်မှန်းချက်တွေအကြောင်း ဆွေးနွေးရာမှာ ဒေါသမထိန်းနိုင်ဘဲ ပေါက်ကွဲခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါးနည်းပြ အန်တိုနီယို ကွန်တီဟာ သတင်းစာရှင်းလင်းပွဲစဉ်အတွင်း ၎င်းရဲ့အသင်းအပေါ် ရူးသွပ်ချင်စရာ မျှော်မှန်းချက်တွေအကြောင်း ဆွေးနွေးရာမှာ ဒေါသမထိန်းနိုင်ဘဲ ပေါက်ကွဲခဲ့ပါတယ်။
စပါးစ်အသင်းဟာ တနင်္ဂနွေနေ့က အက်စတန် ဗီလာကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး ကွင်းပြင်ပမှာ လှောင်ပြောင်ခံခဲ့ရတာဖြစ်ပြီး ဒီရှုံးပွဲကြောင့် ထိပ်ဆုံး ၄ နေရာအပြင်ဘက်ကို ထွက်သွားခဲ့ရတာဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါးကွင်းထဲက ပရိသတ်တွေကလည်း အသင်းဥက္ကဌ ဒန်နီရယ် လီဗိုင်းကို တတ်နိုင်သမျှမြန်မြန် အသင်းကို ရောင်းချဖို့အတွက် ကြွေးကြော်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ကွန်တီဟာ ပိုမို ဆိုးရွားတဲ့ ပွဲပြီး သတင်းစာရှင်းလင်းပွဲမဖြစ်ခင်မှာ အရာအားလုံးက ပိုပြီးကောင်းမွန်လာလိမ့်မယ်လို့ ပြောဆိုမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြိး အီတလီလူမျိုးနည်းပြက ထိပ်တန်း ၆ သင်းစလုံး ငွေသုံးနိုင်စွမ်းအကြောင်း ညည်းတွားခဲ့ချိန်မှာ ပြီးခဲ့တဲ့ရာသီ ထိပ်ဆုံး ၄ နေရာထဲ ဝင်ရောက်နိုင်ခဲ့တာက ထူးဆန်းအံ့သြဖွယ်ဖြစ်ရပ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

စပါးစ်အသင်းဟာ နွေရာသီမှာ စုစုပေါင်း ပေါင် ၁၄၉ သန်းအထိ သုံးစွဲခဲ့ပြီး ကစားသမား ၇ ဦးအထိ ခေါ်ယူနိုင်ခဲ့ပေမယ့်လည်း ကွန်တီက ၂ ရာသီဆက်တိုက် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် ဇန်နဝါရီအပြောင်းအရွှေ့မှာ သိသာထင်ရှားတဲ့ထောက်ခံမှုတွေပြုလုပ်ဖို့လိုအပ်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ စပါးစ်ရဲ့ ထိပ်ဆုံး ၄ နေရာ မျှော်လင့်ချက်နဲ့ပတ်သက်ပြီးမေးမြန်းခဲ့ရာမှာ အသက် ၅၃ နှစ်အရွယ်နည်းပြက "ပြီးခဲ့တဲ့ရာသီမှာ ကျွန်တော်တို့ ထူးခြားဆန်းကြယ်တာတွေ ပြုလုပ်ခဲ့တယ်။ ဒါပေမယ့် အခြေအနေက ဘယ်လိုဖြစ်ခဲ့လဲဆိုတာ ကျွန်တော် သိခဲ့ပြီး အသင်းနဲ့ပတ်သက်ပြီး အရမ်းကို ရှင်းလင်းခဲ့ပါတယ်"

"ပြီးတော့ ဒီရာသီမှာ ဆုဖလားစိန်ခေါ်သူတွေအဖြစ် စပါးစ်အကြောင်းလူတွေ အကောင်းပြောခဲ့ကြတာကို ပြန်ပြောချင်ပေမယ့် ဒီဟာက ဖတ်ဖို့တောင်မှ နည်းနည်း ရူးသွပ်ရာကျပါတယ်။ ဆုဖလားစိန်ခေါ်သူတွေ ဖြစ်လာဖို့၊ တစ်စုံတရာကို အနိုင်ရရှိဖို့ တိုက်ပွဲဝင်ဖို့အတွက် အဆင်သင့်ဖြစ်ဖို့က ခင်ဗျားမှာကျစ်လစ်တဲ့ အခြေခံအုတ်မြစ်ရှိဖို့လိုတယ်။ လူတွေက ခင်ဗျားရောက်လာပြီး အနိုင်ရရှိမယ်လို့ထင်ကြတယ်။ ဒီဟာက အရင်တုန်းက ဆုဖလားတွေရရှိနေကျအသင်းတစ်သင်းအတွက်တော့ ဖြစ်နိုင်ပါတယ်။ ခင်ဗျားက အဲဒီလိုအသင်းမဟုတ်ဘူးဆိုရင် ခင်ဗျား ဒီဟာကို ဖန်တီးယူရမှာဖြစ်ပြီး ခင်ဗျား အချိန်နဲ့စိတ်ရှည်သည်းခံမှုလိုပါတယ်"

"ပရိသတ်တွေ စိတ်ပျက်ခဲ့ကြမယ်ဆိုတာ ကျွန်တော် နားလည်တယ်။ ဘာလို့လဲဆိုတော့ သူတို့တွေက အချိန်အကြာကြီး စိတ်ရှည်သည်းခံပေးခဲ့ကြလို့ပါ။ ဒါပေမယ့် ခင်ဗျား အမှန်တရားကို သိချင်တယ်ဆိုရင် အမှန်တရားကို ကျွန်တော် ပြောပြမယ်။ ကျွန်တော်က နည်းပြပါ။ ကျွန်တော် နေ့တိုင်း ဒီကလပ်မှာ နေထိုင်နေတယ်။ ကျွန်တော် အခြေအနေကို သိတယ်။ ကျွန်တော်အသင်းရဲ့ ရည်မှန်းချက်ကို သိတယ်။ အသင်းက အခြေအနေတွေပေါ်က ကျွန်တော့်ရဲ့အတွေးတွေကို သိပါတယ်။ ရာသီအစမှာ ကျွန်တော် အရမ်းရှင်းလင်းခဲ့ပါတယ်။ ကျွန်တော်တို့တွေ ယှဉ်ပြိုင်နိုင်စွမ်းရှိပေမယ့် ဆက်ပြီး တိုးတက်အောင် ကြိုးပမ်းရမှာပါ။ ဒါပေမယ့်လည်း ပေါင်သန်း ၂၀၀၊ ၃၀၀လောက် ရင်းနှီးမြှုပ်နှံနိုင်တဲ့ အသင်းတွေလည်းရှိနေပြီး မတူညီတဲ့မူဝါဒတွေနဲ့ အခြားအသင်းတွေလည်းရှိပါတယ်။ ခင်ဗျား မူဝါဒကိုလေးစားမှုရှိရပါမယ်"လို့ ပြောကြားခဲ့ပါတယ်။

Want your business to be the top-listed Gym/sports Facility in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon

Other Sports Events in Yangon (show all)
World Snooker - Myanmar World Snooker - Myanmar
Yangon

မြန်မာပြည် တွင် စနူကာ အားကစားလောက တိုးတက်စေရန် ရည်ရွယ် သည်

𝕊𝕡𝕠𝕣𝕥𝕤 ℕ𝕖𝕨𝕤 𝔸𝕘𝕖𝕟𝕥 𝕊𝕡𝕠𝕣𝕥𝕤 ℕ𝕖𝕨𝕤 𝔸𝕘𝕖𝕟𝕥
Yangon

⚽မဂ်လာရှိသောနေ့ရက်လေးဖြစ်ပါစေ⚽ Online Football Services (24/7 -hours)

JJJ/Page JJJ/Page
Yangon, 333

2d3dနေ့စဥ်တိုက်ရိုက်LivePage

Mo Jo Sniper Mo Jo Sniper
Yangon

Betinum Special Tip Betinum Special Tip
Yangon
Yangon

Tipsterသက်တမ်း ၇နှစ်ရှိ BETINUM Tipster

Kyaw Kyaw
Kanbu
Yangon, KYAW

good

Yangon City Run Yangon City Run
Yangon

Connect with Yangon City Run 2020

သူ့ ဆီသို့ သူ့ ဆီသို့
Myayadanar 5 Street
Yangon

i love you

MBF Referee MBF Referee
U Chit Mg Street & East Min St Corner
Yangon

HYPE Event & Entertainment HYPE Event & Entertainment
Yangon, 11211

Dive into Hype where Dreams Come Alive ! ✨

Dagon Futsal Complex Dagon Futsal Complex
ဆရာစံ လမ်း, ငါးမန်းအောင်ဘုရား လမ်း, Asahi 5 အရှေ့
Yangon

Futsal Pitch