Careerland Vocational Training Institute
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Careerland Vocational Training Institute, Education, ကမာကြည်လမ်းမ၊ ရန်ကုန်သစ်ရပ်ကွက်၊ သုဝဏ္ဏ, Yangon.
Keep an eye on sb/ sth (Idm) စောင့်ကြည့်သည်။ကြည့်ထားသည်။
Example,
Could you keep an eye on my suitcase for a moment?
ခဏလောက် ကျွန်တော့်ရဲ့အိတ်ကို ကြည့်ပေးထားနိုင်မလား။
I’ll keep an eye on your baby if you take a shower.
နင်ရေချိုးမယ်ဆိုရင် ငါ နင့်ကလေးကို ကြည့်ထားလိုက်မယ်။
Beat about the bush (Idm)ဝေ့လည်ကြောင်ပတ်ပြောသည်။သွယ်ဝိုက်ပြောသည်။
Examples,
🛑Stop beating about the bush and tell us who won.
ဝေ့လည်ကြောင်ပတ်ပြောမနေနဲ့ ဘယ်သူအနိုင်ရခဲ့လည်းဆိုတာ ငါတို့ကိုပြော။
🛑If you’ve got bad news, don’t beat about the bush: come straight to the point.
မင်းမှာ သတင်းဆိုးရှိရင် သွယ်ဝိုက်မနေဘဲ လိုရင်းကိုတန်းပြော။
(Be) hand in glove with sb တစ်ကျိတ်တည်းတစ်ကြံတည်း၊ပုလင်းတူ ဗူးစို့။
Example
📔He was found to be hand in glove with the enemy.
သူက ရန်သူနဲ့ တစ်ကျိတ်တည်းတစ်ကြံတည်းဖြစ်နေကြောင်း တွေ့ရတယ်။
ဒီဇင်ဘာလတွင်ဖွင့်လှစ်မည့် အင်္ဂလိပ်စာ သင်တန်းများ
(Young Learner & Teenagers)
(1) Great Writing 1
Essays & Letters ကျွမ်းကျင်ပိုင်နိုင်စွာရေးတတ်လိုသော အသက် ၁၂ နှစ်မှ စပြီး Writing ကိုအခြေခံမှစ၍ကျကျနနရေးသားလိုသော မည်သူမဆိုတက်ရောက်နိုင်ပါသည်။
📔အသုံးပြုမည့်သင်ရိုး
National Geographic Learning ကထုတ်ဝေတဲ့ နာမည်ကျော်Great Writing Text book ကိုအသုံးပြု သင်ကြားပါမည်။ သင်ရိုးပါအကြောင်းအရာများနှင့်ဆက်စပ်ပြီး ကျောင်းသား၊ကျောင်းသူများ၏ Critical Thinking အပိုင်းကို နှိုးဆွသင်ယူခွင့်ရရှိမှာ ဖြစ်ပါတယ်။
🏂ဘယ်သူတွေတက်ရောက်ရင် အဆင်ပြေမလဲ။
အလယ်တန်းနှင့် အထက်တန်းအဆင့် ၊အခြေခံနည်းသော တက္ကသိုလ်ကျောင်းသားကျောင်းသူများ၊ Essays & Letters နှင့် Grammar အပိုင်းကို နိုင်နင်းကျွမ်းကျင်လိုသူများ၊Writing အားကောင်းလိုသူများ မည်သူမဆို
တက်ရောက်နိုင်ပါသည်။ ကိုယ်တိုင်ရေးသားရမည့် အပိုင်းများသည်နှင့်အတူ Homework များများပေးမည်ဖြစ်သောကြောင့် စာလုပ်ရန် ပျင်းရိသူများ မတက်သင့်ပါ။
💊 သင်တန်းကနေ ဘာတွေရရှိမလဲ
Writing Class ဟုဆိုသော်လည်း စာဖတ်ရင်းစာရေး၊ Grammar လေ့လာရင်း စာရေးရမည်ဖြစ်သောကြောင့်
ကျောင်းသား၊ကျောင်းသူများ၏ Writing Skill အပြင်
Reading Skill နှင့် Grammar အပိုင်းပါသိသိသာသာတိုးတက်နိုင်မည် ဖြစ်ပါသည်။ ထို့အပြင် Academic Writing အဆင့်သို့တက်လှမ်းရန်အတွက်လည်း အခြေခံကောင်းကောင်းရရှိမှာ ဖြစ်ပါတယ်။
🕙Timetable
Tuesday - 7:30 pm -9:00 pm
Tueday - 7:30 pm -9:00 pm
📆Starting Date - 12.12.2023 (Tueday)
⭕Duration -about 3.5months
💵Fees - 120000 mmk for 3.5 months +(စာအုပ်ဖိုး 10000 mmk)
(2) Grammar Time (3)
🛑Grammar ကိုအခြေခံမှစပြီး သေသေချာချာကျကျနနလေ့လာလိုသူများအတွက် ရည်ရွယ်ဖွင့်လှစ်သောအတန်းဖြစ်ပါသည်။
🛑အသက် (၁၀) ခန့်မှစ၍ Mover, Flyer နှင့် Grammar အားနည်းသော Ket အရွယ်ကျောင်းသားများအထိတက်ရောက်နိုင်ပါသည်။
🛑Grammar exercises များလေ့ကျင့်မှုကိုဇောင်းပေးကာ listening, Speaking , Reading , Writing ( Four skills) လုံးခြုံငုံလေ့ကျင့်သွားမည့်အတန်းဖြစ်သည်။
🛑သင်တန်းကာလ အနေနဲ့ (၂) လခွဲ သတ်မှ
တ်ထားပြီး၊ သင်ရိုးတစ်ခုလုံးပြီးဆုံးချိန်တွင် revision time ကိုလုံလောက်စွာထည့်သွင်းပေးထားသည်။
🛑နှစ်လခွဲအပြီးအစီးအတွက် သင်တန်းကြေး ၈၀၀၀၀ ကျပ်ဖြစ်ပြီး သင်ရိုးစာအုပ်အတွက် ထပ်မံဝယ်ယူရပါမည်။
🛑 ၁၄.၁၂.၂၀၂၃ (ကြာသပတေးနေ့)တွင်သင်တန်းစပါမည်။
🛑Time table
Thursday -7:00 pm - 8:30 pm
Friday -7:00 pm - 8:30 pm
🛑Teacher’s Profile
Saya Hein Ko
Bachelor of Civil Engineering
Diploma in Child Psychology (UK)
Experienced English language Instructor
Founder of Careerland Vocational Training Institute& UHK Education Centre
🛑Contact Us
Careerland Vocational training Institute Page messenger & 09420008075 Viber သို့
အမည်
အသက်
တက်ရောက်လိုသောအတန်း
လိပ်စာတို့ကိုပေးပို့၍စာရင်းသွင်းအပ်နှံနိုင်ပါပြီ။
Brush sth up/ brush up on sth ပြန်ကျက်သည်။ပြန်နှူးသည်။ ပြန်၍ဖုတ်ဖက်ခါသည်။
Example
I must brush up (on) my Italian before I go to Rome.
ငါ ရောမကို မသွားခင် ငါ့ရဲ့ အီတလီစကားကို ပြန်နှူးရမယ်။
If you are going to France, you’d better brush up your French.
မင်း ပြင်သစ်ကိုသွားမှာဆိုရင် မင်းရဲ့ပြင်သစ်စာကို ပြန်ပြီးဖုတ်ဖက်ခါလုပ်သွားရင် ကောင်းမယ်။
မေတ္တာဖြင့်
Saya Hein ko
November 26,2023
သင်္ချာစွမ်းရည် တိုးတက်ဖို့ Singapore Math သင်တန်းတက်ကြစို့
⏺️Government School မှာတက်သည်ဖြစ်စေ၊ International school မှာ တက်သည်ဖြစ်သည်စေ မိမိတို့၏ သားသားမီးမီးများအတွက်သင်္ချာစွမ်းရည် တိုးတက်စေဖို့ ရွေးချယ်သင့်သော သင်တန်းတစ်ခုဖြစ်ပါသည်။
⏺️Practice makes perfect ဆိုသည့်အတိုင်း လေ့ကျင့်မှုများများပေးနိုင်မှသာ တဖြည်းဖြည်းတိုးတက် ပြောင်းလဲ လာမှာဖြစ်ပါတယ်။
⏺️ဒါကြောင့် ယခုသင်တန်းက လေ့ကျင့်မှုလည်းပေး ၊ တွေးခေါ်မှုကိုလည်းခေါ်သွားမှာမို့ သင်တန်းတစ်ခုပြီးသွားတိုင်း ပြောင်းလဲမှုကိုသေချာပေါက်ခံစားရမှာ ဖြစ်ပါတယ်။
⏺️သင်ရိုးအနေနဲ့ စင်ကာပူသင်ရိုးဖြစ်တဲ့ Casco Step by step Mathematics ကို အသုံးပြုမှာ ဖြစ်ပြီး ၊ လိုအပ်သည့်အခြေခံများကို ဂရုတစိုက်ဆွဲခေါ်ပေးသွားမည့် သင်တန်းဖြစ်ပါတယ်။
⏺️သင်တန်းအချိန်
Class A
Age - 10 & 11 years
Time - 6:30 pm to 8:00 pm
Days - Mon & Tue
Fees - 30000 mmk ( လစဉ်)
Starting Date - 6.11.2023 ( Monday)
Duration - 5 months
Class B
Age - 12 years & above
Time - 6:00 pm to 7:30 pm
Days - Sat & Sun
Fees - 30000 mmk ( လစဉ်)
Starting Date - 4. 11. 2023 ( Saturday)
Duration - 5 months
⏺️Teacher’s profile
Saya Win Ko Oo
BSc ( Physics) ,
over 10- year- experienced Instructor
စိတ်၀င်စား၍ တက်ရောက်လိုပါက Careerland page messenger မှ ဖြစ်စေ ၊ 09261316712 သို့ viber မှ ဖြစ်စေ အမည်
အသက်
လက်ရှိတက်ရောက်နေသောကျောင်း
လက်ရှိတက်ရောက်နေသောအတန်း
ယခုတက်ရောက်လိုသောအတန်း တို့ကိုပေးပို့၍ စာရင်းပေးသွင်းနိုင်ပါသည်။ ၊ 09261316712 သို့ ဖုန်းဆက်၍ လည်း စုံစမ်းမေးမြန်းနိုင်ပါသည်။ နောက်ကျမှုမဖြစ်ရလေအောင် ကြိုတင်၍ စာရင်းပေးသွင်းထားရန် လိုအပ်ပါသည်။
Careerland Vocational Training Institute Education
The use of GET
ဒီကနေ့မှာတော့ get ရဲ့ အသုံးပြုပုံလေးကို မျှဝေ
သွားပါမယ်။ လေ့လာကြည့်ရအောင်
(1) Have got = have (မှာရှိတယ်) ဆိုတဲ့ အဓိပ္ပာယ်နဲ့အသုံးပြုပါတယ်။
Have you got any brothers or sisters?
မင်းမှာ အကို အမ ရှိသလား။
(2) get = to obtain, to receive , to buy
နောက်တစ်ခုအနေနဲ့ get ကို to obtain (ရရှိသည်) ၊ to receive ( လက်ခံရရှိသည်)၊ to buy ( ၀ယ်ယူသည်) ဆိုတဲ့ အဓိပ္ပာယ်တွေနဲ့ အသုံးပြုပါတယ်။ sentence အနေနဲ့တည်ဆောက်ဖို့ ဆိုရင် get + direct object သို့မဟုတ် get + indirect object + direct object ပုံစံကို အသုံးပြုနိုင်ပါတယ်။
🏵To obtain ( ရရှိသည်)
She got the telephone number from her boss.
သူ(မ) သူ့သူဌေးဆီကနေ ဖုန်းနံပါတ်ကို ရရှိခဲ့ပါတယ်။
Unfortunately, Henry didn’t get the job.
ကံဆိုးစွာပဲ ဟင်နရီ အလုပ်မရခဲ့ဘူး။
🏵 To receive ( လက်ခံရရှိသည်)
Did you get my letter? မင်း ငါ့ရဲ့စာကို လက်ခံရရှိခဲ့လား။
She got a dictionary for her birthday. သူမ မွေးနေ့အတွက် အဘိဓာန်တစ်အုပ် ရရှိခဲ့တယ်။
🏵To buy (၀ယ်ယူသည်)
Can you get some milk from the shop? မင်း ဈေးဆိုင်ကနေ နွားနို့၀ယ်လာလို့ရမလား။
We usually get our meat from the supermarket.
ကျွန်တော်တို့ဟာ အသားကို ဆူပါမားကတ်ကနေ ၀ယ်လေ့ရှိပါတယ်။
(3) get = to reach, to arrive
get ကို to reach , to arrive ( ရောက်ရှိသည်) ဆိုတဲ့ အဓိပ္ပါယ်နဲ့လည်း အသုံးပြုပါတယ်။
How long did it take you to get to the top of the mountain?
တောင်ထိပ်ကိုရောက်ဖို့ မင်း ဘယ်လောက်ကြာခဲ့သလဲ။
I usually get to work before 8.30. (arrive at work)
ကျွန်တော် အလုပ်ကို ၈ နာရီ မတိုင်မီရောက်လေ့ရှိပါတယ်။
သို့သော် here / there တို့ကို get နဲ့ တွဲသုံးတဲ့အခါ to မထည့်ဘဲ get here , get there လို့သာ သုံးရပါမယ်။
How did you get here? By bus? ဒီကို ဘယ်လိုရောက်လာတာလဲ။ ဘတ်စ်ကားနဲ့လား။
get home ( အိမ်သို့ရောက်ရှိသည်) to ထည့်ပြီးအသုံးမပြုတာကို သတိထားရပါမယ်။
What time did you get home last night?
မနေ့ညက မင်း အိမ်ကို ဘယ်အချိန်ရောက်လဲ။
(4) get + adj = to become (ဖြစ်လာသည်)
နောက်တစ်ခုအနေနဲ့ get ကို adjective တွေနဲ့တွဲဖက်ပြီး to become ( ဖြစ်လာသည်) ဆိုတဲ့ အဓိပ္ပာယ်နဲ့ အသုံးပြုပါတယ်။
get hungry - ဗိုက်ဆာလာသည်။
If you don’t eat, you get hungry.
Get cold - အေးလာသည်။
Drink your coffee. It’s getting cold.
Get better - နေကောင်းလာသည်။
I’m sorry your mother is ill. I hope she gets better soon.
get dressed - အ၀တ်အစား၀တ်သည်။
get undressed – အ၀တ်အစားချွတ်သည်။
get washed - လျော်ဖွပ်သည်။
get engaged - စေ့စပ်သည်။
get married - လက်ထပ်သည်။
get divorced - ကွာရှင်းသည်။
get confused - စိတ်ရှုပ်သည်။
get lost - လမ်းပျောက်သည်။
get drunk – အရက်မူးသည်။
(5) get ကို in , out, on, off စတဲ့ preposition တချို့နဲ့ လည်းတွဲသုံးလေ့ရှိပါတယ်။
get in (into) a car - ကားထဲ၀င်သည်။
He got in the car and drove away.
get out ( of a car) - ကားထဲမှထွက်သည်။
A car stopped and a man got out.
Get on ( a bus / a train / a plane) ယာဥ်ပေါ်တက်သည်။
Get off ( a bus / a train / a plane) ယာဥ်ပေါ်မှ ဆင်းသည်။
He got on the bus outside the hotel and got off in Main Street.
အားလုံးအဆင်ပြေကြပါစေ
မေတ္တာဖြင့်
Saya Hein Ko
12 October , 2023
Collocations with “Do”
ဒီကနေ့မှာတော့ do နဲ့တွဲသုံးလေ့ရှိတဲ့ စကားလုံးတွဲတွေကိုဝေမျှပေးသွားပါမယ်။ လေ့လာကြည့်ရအောင်
(1) do homework -အိမ်စာလုပ်သည်။
Have you done your homework? မင်းအိမ်စာလုပ်ပြီးပြီလား။
(2) do the washing- up - ပန်းကန်ခွက်ယောက်ဆေးကြောသည်။
I will do the washing-up. ငါ ပန်းကန်တွေဆေးလိုက်မယ်။
(3) do the shopping – ဈေး၀ယ်သည်။
I’m going to do the shopping this afternoon. ဒီနေ့ နေ့လည် ငါဈေးသွား၀ယ်မလို့။
(4) do an exam/ test - စာမေးပွဲဖြေသည်။
I’ m doing my driving test next week. ငါနောက်တစ်ပတ် ယာဥ်မောင်းလိုင်စင် စာမေးပွဲဖြေမယ်။
(5) do a course - သင်တန်းတက်သည်။
I haven’t done a training course. ကျွန်တော် လေ့ကျင့်ရေးသင်တန်းမတက်ရသေးဘူး။
(6) do (somebody ) a favour - တစ်ယောက်ယောက်ကိုကူညီသည်.
Could you do me a favour? ကျွန်တော့်ကို အကူအညီတစ်ခုလောက်ပေးနိုင်မလား။
(7) do an exercise - လေ့ကျင့်ခန်းလုပ်သည်။
My grandpa usually does exercises every morning. ကျွန်တော့်အဘိုးက မနက်တိုင်း လေ့ကျင့်ခန်း လုပ်လေ့ရှိတယ်။
(8) do the ironing - မီးပူတိုက်သည်။
I must do some / the ironing tonight. ငါ ဒီည မီးပူတိုက်ရမယ်။
(9) do the cooking - ချက်ပြုတ်သည်။
Where is your sister? She’s doing the cooking in the kitchen. မင်း အမဘယ်ရောက်နေလဲ။ သူ(မ) မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေတယ်။
နောက်ထပ် do နဲ့ တွဲပြီး အသုံးပြုလေ့ရှိတဲ့ စကားလုံးတွဲတွေကို လက်လှမ်းမီသလောက် ဖော်ပြပေး လိုက် ပါ တယ်။
do judo - ဂျူဒိုကစားသည်။
do karate - ကရာတေးကစားသည်။
do yoga _ ယောဂကျင့်သည်။
do aerobics - အေရိုးပစ်ကစားသည်။
do gymnastics - ကျွမ်းဘား ကစားသည်။
do business _ စီးပွားရေးလုပ်သည်။
do your best - အစွမ်းကုန်ကြိုးစားသည်။
do your hair - ဆံပင် ကို သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြုပြင်သည်။
do your make-up - မိတ်ကပ်အလှပြင်သည်။
do laundry / do the washing - အ၀◌တ်လျော်သည်။
do the cleaning - သန့်ရှင်းရေးလုပ်သည်။
do good - တိုးတက်စေသည်။ အကျိုးရှိစေသည်။
do badly - အဆင်မပြေ၊ မတိုးတက်ဖြစ်သည်။
do well - အဆင်ပြေသည်၊ တိုးတက်သည်။
do an interview - အင်တာဗျူးဖြေသည်။
do research - သုတေသန ပြုလုပ်သည်။
do an operation - ခွဲစိတ်ကုသမှုပြုလုပ်သည်။
do room - အခန်းကိုဆေးသုတ်သည်။ အလှဆင်သည်။
do time - ထောင်ကျသည်။
do an experiment - စမ်းသပ်မှုပြုလုပ်သည်။
do harm - အန္တရာယ်ပြုသည်။
မေတ္တာဖြင့်
Saya Hein Ko
Sep 19, 2023
Collocations with Make
တချို့သော noun တွေဟာ verb တစ်ခုခုနဲ့ အမြဲတွဲဖက်သုံးရတဲ့ စကားလုံးတွဲတွေအများကြီးရှိပါတယ်။ ဒီစကားလုံးအတွဲတွေကို ကျက်မှတ်ထားခြင်းဖြင့် အပြောရော၊ အရေးမှာပါ အလွယ်တကူ ပြန်လည် အသုံးချနိုင် မှာဖြစ်ပါတယ်။ဒီကနေ့မှာတော့ make နဲ့တွဲသုံးလေ့ရှိတဲ့ စကားလုံးတွဲတချို့ကို ဝေမျှ ပေးသွားပါမယ်။ လေ့လာ ကြည့်ရအောင်
1) make a cup of coffee/ make some coffee ကော်ဖီဖျော်သည်။
Shall I make some coffee? ငါကော်ဖီဖျော်ပေးရမလား။
2) make a fire - မီးမွှေးသည်။
They made a fire in the woods. သူတို့တောထဲမှာ မီးဖိုခဲ့ကြသည်။
3) made some sandwiches - အသားညှပ်ပေါင်မုန့် ပြုလုပ်သည်။
He made some sandwiches for lunch. သူ နေ့လည်စာအတွက် အသားညှပ်ပေါင်မုန့်တချို့ ပြုလုပ်ခဲ့သည်။
4) make a phone call - ဖုန်းခေါ်ဆိုသည်။
Could I make a phone call , please? ကျေးဇူးပြုပြီး ကျွန်တော်ဖုန်းဆက်လို့ရမလား။
5) make a mistake ( a lot of mistake) - အမှားပြုလုပ်သည်။
He makes a lot of mistakes in his work. သူက သူ့အလုပ်မှာ အမှားတွေတအားလုပ်တာပဲ။
6) make a noise ( a lot of noise) - ဆူညံမှု ပြုလုပ်သည်။
Don’t make a noise. Our grandpa is sleeping. မဆူပါနဲ့။ အဘိုးအိပ်နေတယ်။
7) make a move - အရေးယူဆောင်ရွက်သည်။ ခြေလှမ်း လှမ်းသည်။
I decided it was time to make a move. အရေးယူဆောင်ရွက်ဖို့ အချိန်တန်ပြီလို့ ကျွန်တော် ဆုံးဖြတ် ခဲ့ပါတယ်။
8) make an appointment - ချိန်းဆိုထားသည်။
I need to make an appointment to see the doctor. ဆရာ၀န်ပြဖို့ရာ ကျွန်တော် ချိန်းဆိုထားဖို့လိုတယ်။
9) make a list - စာရင်းပြုလုပ်သည်။
Have you made a shopping list? မင်း ဈေးစာရင်း လုပ်ထားပြီးပြီလား။
10) make my bed - အိပ်ယာသိမ်းသည်/ ခင်းသည်။
Sometimes, I forget to make my bed in the morning. တစ်ခါတစ်ရံ ကျွန်တော် မနက်ခင်းမှာ အိပ်ယာ သိမ်းဖို့ မေ့တတ်တယ်။
11) make a film - ရုပ်ရှင်ရိုက်သည်။
They are making a film in the park. သူတို့ ပန်းခြံထဲမှာ ရုပ်ရှင်ရိုက်နေကြသည်။
နောက်ထပ် make နဲ့တွဲသုံးလေ့ရှိတဲ့ စကားလုံးတွဲတချို့ကို လက်လှမ်းမီသလောက်ဖော်ပြပေးလိုက်ပါတယ်။
12) make a speech - မိန့်ခွန်းပြောသည်။
13) make a progress - တိုးတက်သည်၊ တိုးတက်အောင်လုပ်သည်။
14) make money - ပိုက်ဆံရှာသည်။
15) make a living - အသက်မွေးလမ်းကြောင်းပြုသည်။
16) make a fortune - ငွေအမြောက်အများရသည်။
17) make an excuse - ဆင်ခြေပေးသည်။
18) make an effort –အားစိုက်မှုပြုလုပ်သည်။
19) make a suggestion - အကြံပြုသည်။
20) make arrangements - စီစဥ်မှုများပြုလုပ်သည်။
21) make peace - ငြိမ်းချမ်းရေးပြုလုပ်သည်။
22) make war - စစ်ပွဲဆင်နွှဲသည်။
23) make an offer - ကမ်းလှမ်းမှုပြုလုပ်သည်။
24) make a journey - ခရီးထွက်သည်။
25) make an attempt - ကြိုးပမ်းမှုပြုလုပ်သည်။
မေတ္တာဖြင့်
Saya Hein Ko
Sep 16, 2023
Verb + preposition
တချို့သော verb တွေနောက်မှာ သီးသန့် preposition တွေကိုတွဲဖက်ပြီးသုံးရတတ်ပါတယ်။ ဒီကနေ့မှာတော့ verb + preposition အတွဲလေးတွေထဲကတချို့ကို ဝေမျှသွားပါမယ်။
ကဲလေ့လာကြည့်ရအောင်
✅ wait for - စောင့်ဆိုင်းသည်။
I was waiting for a bus. ကျွန်တော် ဘတ်စ်ကားစောင့်နေခဲ့တာ။
✅listen to - နားထောင်သည်။
She listens to the radio a lot. သူမက ရေဒီယို အလွန်နားထောင်တယ်။
✅ belong to - ပိုင်ဆိုင်သည်။
Does that book belong to you? အဲ့ဒါ မင်းစာအုပ်လား။
✅ask for - တောင်းခံသည်။
Have you asked for the bill? မင်း ဘီလ်တောင်းပြီးပြီလား။
✅apply for - လျှောက်သည်။ တောင်းခံသည်။
He has applied for another job? သူနောက်အလုပ်လျှောက်ထားတယ်။
✅depend on - မူတည်သည်။
The salary depends on your age. လစာက မင်းရဲ့အသက်အရွယ်အပေါ်မှာ တူတည်တယ်။
✅ agree with - သဘောတူသည်။
I don’t agree with you. ငါမင်းနဲ့ သဘောထားခြင်း မတိုက်ဆိုင်ပါဘူး။
✅arrive at / in - ရောက်ရှိသည်။
We arrived at the airport. ငါတို့လေယာဥ်ကွင်းကိုရောက်ခဲ့တယ်။ ( arrive at ကို building နဲ့ဆိုင်တဲ့နေရာတွေနဲ့တွဲသုံးပါတယ်)
We arrived in Yangon. ငါတို့ ရန်ကုန်ကို ရောက်ခဲ့တယ်။ ( arrive in ကို city , town or country တွေနဲ့တွဲသုံးပါတယ်)
✅look at - ကြည့်သည် ။ look for - ရှာဖွေသည်။
She looked at me and smiled. သူ(မ) ကျွန်တော့်ကိုကြည့်ပြီး ပြုံးပြခဲ့သည်။
Where have you been? We’ve been looking for you. မင်းဘယ်တွေရောက်နေတာလဲ။ ငါတို့ မင်းကိုရှာနေတာ။
✅ talk to (sb) - စကားပြောသည်။ စကားလက်ဆုံကျသည်။
She was talking to some friends. သူ(မ) သူငယ်ချင်းတချို့နဲ့ စကားပြောနေခဲ့တယ်။
✅talk about sth – အကြောင်းအရာတစ်ခုခုအကြောင်းပြောသည်။ ဆွေးနွေးသည်။
They were talking about politics. သူတို့ နိုင်ငံရေးအကြောင်း ပြောနေခဲ့တယ်။
တစ်ခါတစ်ရံ မှားသုံးတတ်တာလေးတွေကိုလည်း သတိထားသင့်ပါတယ်။
✅phone / ring - ဖုန်းဆက်သည်။
He phoned/ rang me last night.
သူမနေ့ညက ကျွန်တော့်ကိုဖုန်းဆက်ခဲ့တယ်။
He phoned / rang to me. ဆိုရင်တော့ မှားပါတယ်။
✅Discuss - ဆွေးနွေးသည်။
ကျွန်တော်တို့ မကြာခဏ အားကစားအကြောင်းဆွေးနွေးကြသည်။
We often discuss sport.
We often discuss about sport. ဆိုရင်တော့ မှားပါတယ်။
နောက်တစ်ခုက လူပုဂ္ဂိုလ်တွေအတွက် pay + someone လို့သုံးလေ့သုံးထရှိပြီး၊ တစ်ခုခုအတွက်ငွေပေးချေ တဲ့အခါ pay for something လို့ သုံးရပါတယ်။
She paid him yesterday.
I paid for the books.
သို့သော်လည်း ဘီလ်ပေးဆောင်တာအတွက်တော့ pay the bill လို့ပဲ သုံးပါတယ်။
I’ll pay the bill.
မေတ္တာဖြင့်
Saya Hein Ko
Sep 14,2023
'I love you more than I can say'.
ဒီကနေ့Leo Sayer ရဲ့သီချင်းထဲက ဒီဝါကျလေးရဲ့ verb တွေကို ဖလှယ်ပြီး လှပတဲ့ဝါကျ တွေဆင့်ပွားရေးကြည့်ကြပါမယ်။
လေ့လာကြည့်ရအောင်
1) I love you more than I can say. ကိုယ်ပြောပြနိုင်တာထက် မင်းကို ပိုချစ်တယ်။
2) I miss you more than I can say.
ကိုယ်ပြောပြနိုင်တာထက် မင်းကိုပိုလွမ်းတယ်။
3)You can read more than I thought.
မင်းက ငါထင်ထားတာထက်စာပိုဖတ်နိုင်တယ်။
4) You are better than I thought.
မင်းကာငါထင်ထားတာထက်ပိုတော်တယ်။
5) You are older than I thought.
မင်းက ငါထင်ထားတာထက်အသက်ပိုကြီးတယ်။
6) We admire General Aung San more than we can say.
ကျွန်တော်တို့ဟာ ဗိုလ်ချုပ်အောင်ဆန်းကို ကျွန်တော်တို့ပြောပြနိုင်တာထက်ပိုလေးစားတယ်။
7)Parental love is greater than we thought.
မိဘမေတ္တာက ကျွန်တော်တို့ထင်ထားတာထက်ပိုကြီးမားတယ်။
ကိုယ်တိုင်လည်းရေးကြည့်ကြပါဦး
မေတ္တာဖြင့်
Saya Hein ko
Sep 12,2023
Have + something + past participle ကိုဘယ်လိုအသုံးပြုမလဲ
ဒီကနေ့ Have + something + past participle ကို ဘယ်လိုအသုံးပြုမလဲဆိုတာကို ဆွေးနွေးတင်ပြသွားပါမယ်။ အလုပ်တစ်ခုကို ကိုယ်တိုင်လုပ်တာမျိုးမဟုတ် အခြားတစ်ယောက်က လုပ်ပေးတဲ့အခြေနေ၊ အခြားတစ်ယောက် ယောက်ကိုလုပ်ခိုင်းတဲ့ အခြေနေမျိုးမှာ ဒီအသုံးလေးကို အသုံးပြုရေးသားပြောဆိုလေ့ရှိပါတယ်။
အောက်က ဥပမာတွေအရင်ယှဥ်ကြည့်ရအောင်
Mary and Tim have painted their flat.
မေရီ နဲ့ တင် တို့ သူတို့တိုက်ခန်းကို ဆေးသုတ်ပြီးပါပြီ။
ဒီ၀ါကျမှာ ဆေးသုတ်သူတွေဟာ မေရီ နဲ့ တင် ကိုယ်တိုင်ဖြစ်ပါတယ်။သူတို့ကိုယ်တိုင် သူတို့ရဲ့တိုက်ခန်းကို ဆေးသုတ် ထားတာပါ။ နောက်ထပ်ဥပမာလေးထပ်ကြည့်ပါဦး။
Jenny and John had their flat painted.
Jenny နဲ့ John တို့ သူတို့တိုက်ခန်းကိုဆေးသုတ်ပြီးပါပြီ။
ဒီဥပမာမှာ ဆေးသုတ်တဲ့သူတွေဟာ Jenny နဲ့ John မဟုတ်တော့ပါဘူး။ အခြားတစ်ယောက်ယောက်က သူတို့အခန်းကို ဆေးသုတ်ပေးတာပါ)
နောက်ထပ်ဥပမာလေးတွေဆက်ကြည့်ရအောင်
1) I have mended my bike. ငါစက်ဘီးပြင်ပြီးပြီ။ ( ကိုယ်တိုင်ပြင်တာပါ)
I have had my bike mended. ငါစက်ဘီးကိုပြင်ပြီးပြီ။ (ကိုယ်တိုင်ပြင်တာမဟုတ် စက်ဘီးဆိုင်ကို သွားပြင်တာဖြစ်နိုင်ပါတယ်)
2) She has her car washed every Sunday. တနင်္ဂနွေနေ့တိုင်း သူမ ကားကို ရေဆေးတယ်။( အခြား တစ်ယောက်ယောက်က ဆေးပေးတာပါ)
3) I must wash my suit this week. ငါ့၀တ်စုံကို ဒီအပတ်လျှော်ရမယ်( သူကိုယ်တိုင်လျှော်မှာပါ)
I must have my suit washed this week. ငါ့၀တ်စုံကို ဒီအပတ်လျှော်ရမယ်/ လျှော်ခိုင်းရမယ်။ ( ကိုယ်တိုင်လျှော်မှာ မဟုတ်တာတော့ သေချာပါပြီ၊ အခြားသူတစ်ယောက်ယောက်ကို အခကြေးငွေနဲ့ လျှော်ခိုင်းချင် တာလည်းဖြစ်နိုင်ပါတယ်)
4) I’ll mend that broken window. ထိုကွဲနေတဲ့ ပြတင်းပေါက်ကို ငါပြင်လိုက်မယ်။( သူကိုယ်တိုင်ပြင်မှာပါ)
I’ll have that broken window mended. ထိုကွဲနေတဲ့ ပြတင်းပေါက်ကို ငါပြင်ခိုင်း လိုက် မယ်။ (အခြားတစ်ယောက်ယောက်ကို ခေါ်ပြီးပြင်မှာပါ)
5) I must have the tyres checked. ငါ တာယာတွေကို စစ်ခိုင်းရမယ်။
6) I ought to have a new key made for the front door. အိမ်ရှေ့တံခါးအတွက် သော့အသစ်ကို ငါ လုပ်ခိုင်းသင့်တယ်။
7) I don’t think I can afford to have our flat painted. ငါတို့ တိုက်ခန်းကိုဆေးသုတ်ခိုင်းဖို့တတ်နိုင်မယ်လို့ ငါမထင်ဘူး။
8) I had my watch mended there last week. ပြီးခဲ့တဲ့အပတ်က ငါ့နာရီကို အဲ့ဒီမှာ ပြင်ခိုင်းလိုက်တာ။
9) My husband had his eyes tested there last winter. ပြီးခဲ့တဲ့ဆောင်းရာသီက အဲ့ဒီမှာ ကျွန်မအမျိုးသားရဲ့ မျက်လုံးကို စစ်ဆေးခိုင်းခဲ့တာ။
မေတ္တာဖြင့်
Saya Hein Ko
Sep 2,2023
The Third Conditionals
This conditional is used to talk about the imaginary situations in the past.
Third conditional ကို အတိတ်ကာလမှာ မဖြစ်ခဲ့တဲ့ စိတ်ကူးယဥ်မှု အခြေအနေတွေ အကြောင်း ပြောတဲ့အခါ သုံးပါတယ်။
သူ့ရဲ့ structure ကိုလေ့လာကြည့်ရအောင်
If + past perfect , would / wouldn’t have + past participle
နမူနာ၀ါကျတချို့နဲ့ တွဲပြီးလေ့လာကြည့်ပါ
(1) If I had met Susan last week, I would have given her the book.
ကျွန်တော် ပြီးခဲ့တဲ့အပတ်က Susan ကိုတွေ့ခဲ့ရင် သူ့ကို စာအုပ် ပေးခဲ့ပါတယ်။
( အတိတ်မှာ မဖြစ်ခဲ့တဲ့အခြေအနေတစ်ခုကို စိတ်ကူးယဥ်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က Susan ကိုလည်းမတွေ့ခဲ့သလို ၊ စာအုပ်လည်းမပေးခဲ့ပါဘူး)
(2) If the weather had been good, we would have gone to the beach.
ရာသီဥတုကောင်းခဲ့မယ်ဆိုရင် ငါတို့ ကမ်းခြေကို သွားခဲ့ပါလိမ့်မယ်။
(ရာသီဥတုလည်း မကောင်းခဲ့သလို ကမ်းခြေကိုလည်း မသွားခဲ့ကြပါဘူး)
(3) If I had got a gold medal, I would have been happy.
ရွှေတံဆိပ်ဆုသာရခဲ့ရင် ကျွန်တော် ပျော်ခဲ့ပါလိမ့်မယ်။
(4) I would have phoned you if I hadn’t lost your phone number.
မင်းရဲ့ဖုန်းနံပတ် မပျောက်ခဲ့ရင် ငါမင်းကို ဖုန်းဆက်ခဲ့ပါတယ်။
( ဖုန်းနံပါတ်ပျောက်သွားလို့ ဖုန်းမဆက်ခဲ့တာပါ)
(5) I wouldn’t have gone to the museum if I had known it was shut.
ပြတိုက်ပိတ်တယ်ဆိုတာ ငါသိခဲ့ရင် ငါ အဲ့ဒီကို သွားခဲ့မှာ မဟုတ်ဘူး။
နားလည်သွားမယ်လို့ထင်ပါတယ်
မေတ္တာဖြင့်
Saya Hein Ko
August 23, 2023
The second conditionals ( Unreal conditionals)
We use the second conditional to talk about imaginary, impossible or unlikely situations in the present and future. The past tense does not refer to past time. Second conditional ကို လက်ရှိအခြေနေမှာရော၊ အနာဂတ်အခြေနေမှာပါ ဖြစ်နိုင်ခြေမရှိတဲ့ စိတ်ကူးယဥ်မှုတွေအကြောင်းပြောတဲ့အခါမှာ သုံးလေ့ရှိပါတယ်။past tense က အတိတ်အချိန်ကို ရည်ညွှန်းပြောဆိုတာမဟုတ်ပါဘူး။
ပုံစံကတော့
If sub + past simple, sub would('d) V1
ဥပမာ-
ကားသစ်၀ယ်ဖို့ ပိုက်ဆံအလုံအလောက်မရှိသူတစ်ယောက်ဆိုပါစို့၊ သူက ထိုကဲ့သို့ ပြောပါလိမ့်မယ်..
I’d buy a new car if I had enough money.
ငါ့မှာပိုက်ဆံ အလုံအလောက်ရှိရင် ကားသစ်၀ယ်မယ်။
အလားတူနမူနာများကို ထပ်ကြည့်ပါဦး
(1) If I went travelling, I wouldn’t have any money left over.
ငါသာခရီးသွားခဲ့ရင် ပိုက်ဆံကျန်တော့မှာ မဟုတ်ဘူး။
(2) That’s what I would do if I were / was you.
ငါသာမင်းဆိုရင် အဲ့ဒါ ငါလုပ်ဖြစ်မယ့်အရာ။
(3) If I won a lot of money, I’d buy a big house.
ငါပိုက်ဆံတွေအများကြီး မဲပေါက်ခဲ့မယ်ဆိုရင် အိမ်ကြီးကြီးတစ်လုံး၀ယ်မယ်။
(4) If General Aung San was alive today, he would be over 100 years old.
ဒီကနေ့ ဗိုလ်ချုပ်အောင်ဆန်းသာ အသက်ရှင်သန်နေမယ်ဆိုရင် သူအသက် (၁၀၀) ကျော်ရှိပြီ။
နားလည်သွားမယ်လို့ထင်ပါတယ်
မေတ္တာဖြင့်
Saya Hein Ko
August 19, 2022
Conditional One
ဒီကနေ့ မျှဝေသွားမယ့် အကြောင်းကတော့ Conditional one ပဲဖြစ်ပါတယ်။ အရေးရောအပြောမှာပါ အင်မတန်အသုံးဝင်တဲ့ပုံစံပဲဖြစ်ပါတယ်။
pattern ကိုတစ်ချက်ကြည့်ရအောင်
If Sub + present simple, sub + will/ won't V1
(future possibility + result)
We use this structure to talk about the things that may happen in the future.
ဒီအသုံးကို အနာဂတ်မှာ ဖြစ်လာနိုင်တဲ့အရာတွေအကြောင်းပြောတဲ့အခါ သုံးပါတယ်။ If clause မှာအသုံးပြုတဲ့ verbက present simple ဖြစ်ပေမယ့် possible future action or situation(အနာဂတ် ဖြစ်လာနိုင်တဲ့လုပ်ရပ် သို့ အခြေနေတွေ)အတွက်အသုံးပြုပါတယ်။will /won't +V1 ကိုတော့ ယင်းရဲ့ result အနေနဲ့အသုံးပြုပါတယ်။
example တချို့ကြည့်ရအောင်
(1)If we don't hurry, we won't finish in time.
(future possibility + result)
ငါတို့ မြန်မြန်မလုပ်ရင် အချိန်မီ ပြီးမှာ မဟုတ်ဘူး။
(2)She 'll be angry if I'm late.
ငါနောက်ကျရင် သူ(မ) စိတ်ဆိုးလိမ့်မယ်။
(3)ငါတို့ တက္ကစီ စီးရင် နောက်ကျမှာမဟုတ်ဘူး။
If we take a taxi, we won't be late.
(4)ငါမှာအချိန်အလုံအလောက်ရှိရင် သူတို့ရဲ့ပါတီပွဲကို ငါသွားမယ်။
I'll go to their party if I have enough time.
(5)မင်း ဒီစာမေးပွဲကိုမအောင်ရင် မင်းလိုချင်တဲ့အလုပ်ကိုရမှာ မဟုတ်ဘူး။
If you don't pass this exam,you won't get the job you want.
တစ်ခုထပ်မှတ်ရမှာက If clause မှာ will/won't v1 သုံးလို့မရဘူးဆိုတာပါပဲ
If I will be late, she will be angry.❎
If I am late,she will be angry. ✅
နားလည်သွားမယ်လို့ထင်ပါတယ်
မေတ္တာဖြင့်
Saya Hein Ko
August 15,2023
Conditional zero
We use this structure for facts that are generally true.
conditional zero ကို ယေဘုယျအားဖြင့် မှန်ကန်တဲ့အချက်အလက်တွေအတွက် အသုံးပြုရေးသားကြပါတယ်။ ပုံစံကတော့
If sub +present simple, sub + present simple ပဲ ဖြစ်ပါတယ်။
ဥပမာတချို့ကြည့်ရအောင်
(1) If you want to become a doctor, you have to study hard.
မင်းဆရာဝန်ဖြစ်ချင်ရင် စာကြိုးစားရတယ်။
(ဆရာဝန်ဖြစ်ချင်တဲ့ မည်သူမဆို စာကြိုးစားရမှာက ယေဘုကျအမှန်တရားပါ)
(2)If I eat too much, I feel bad.
ကျွန်တော် နင်းကန်စားရင် နေထိုင်မကောင်းဖြစ်တယ်။
(ဆိုလိုတာက အစားအသောက်ကို နင်းကန်စားလိုက်
တိုင်း နေထိုင်မကောင်းဖြစ်သွားတတ်တာပါ)
(3) If I don't get enough sleep, I feel tired.
ငါ အိပ်ရေးမဝရင် အားအင်ကုန်ခမ်းပါလေရော။
(အိပ်ရေးမဝတိုင်း ဖြစ်တတ်တဲ့ ယေဘုယျမှန်ကန်တဲ့သဘောတရားပါ)
(4)If you read newspaper, you know what's happening in the world.
မင်း သတင်းစာဖတ်ရင် ကမ္ဘာမှာ ဖြစ်ပျက်နေတာကို မင်းသိတယ်။
နားလည်သွားမယ်လို့ထင်ပါတယ်။
မေတ္တာဖြင့်
Saya Hein Ko
August 11,2023
အခုရက်ပိုင်းတွေမှာ သင်တန်းအသစ်လာစုံစမ်းသူတွေအတော်လေးများတယ်။ သင်တန်းအသစ်ဖွင့်ပေးဖို့အဆင်မပြေသေးတာကြောင့်လည်း အားနာရပါတယ်။ လက်ရှိ သင်နေတဲ့အတန်းတော်တော်များများကလည်း နွေတုန်းကအဆက်တွေနဲ့ အရင်နှစ်တွေကတည်းက အစဥ်အဆက်သင်နေကြတဲ့ Class တွေများပါတယ်။ ဒါကြောင့်လည်း ကျောင်းချိန်၊ရုံးချိန်လွတ် အပြင်သင်တန်းတွေနဲ့Online အတန်းသစ်တွေက ကြာဦးမှာပါ။ ယခုအတန်းတွေကတော့ Weekdays မနက်ပိုင်းနဲ့ နေ့ခင်းပိုင်း အချိန်လိုချင်သူများအတွက် ရည်ရွယ်ပါတယ်။ One-on-one ဖြစ်စေ ၊ Group လိုက်ဖြစ်စေ မိမိလိုချင်သည့် Skills ကိုအချိန်ညှိနှိုင်းသင်ယူနိုင်ပါတယ်။ ၂၀၂၄ ခုနှစ်၊Grade 12 ဖြေဆိုမည့်ကျောင်းသူ/သားများအတွက် English သီးသန့်သင်တန်းများကိုလည်း စုံစမ်းနိုင်ပါတယ်။
Direct Object and Indirect Object
ဒီကနေ့ direct object နဲ့ indirect object ကို ဘယ်လိုအသုံးပြုရေးသားရမလဲဆိုတာကို မျှဝေသွားပါမယ်။
အောက်က example sentences နှစ်ကြောင်းကိုလေ့လာကြည့်ရအောင်ပါ။
(A) She gave her brother the newspaper.
(B)She gave the newspaper to her brother.
ဒီ နမူနာဝါကျနှစ်ကြောင်းစလုံးမှာ the newspaper က ပေးခြင်းခံလိုက်တဲ့ပစ္စည်းဖြစ်ပြီး၊ her brother ကတော့ လက်ခံလိုက်တဲ့သူပါ။
အလွယ်တကူမှတ်မယ်ဆိုရင် thing ကို direct object လို့မှတ်သားပြီး၊ person ကို indirect object လို့ မှတ်သားထားနိုင်ပါတယ်
နမူနာတချို့ဆက်ကြည့်ရအောင်
(1) She gave her brother a pen.
(her brother=IO, a pen = DO)
သူမက သူ့အကို ကို ဘောပင်တစ်ချောင်းပေးခဲ့ပါတယ်။
(2) He sent me a letter.
(me =IO, a letter = DO)
သူက ကျွန်တော့်ဆီကို စာတစ်စောင်ပေးပို့ခဲ့ပါတယ်။
(3) I showed him my passport.
(him = IO, my passort = DO)
ကျွန်တော် သူ့ကို ကျွန်တော့်ရဲ့ ပတ်စ်ပို့ ပြခဲ့ပါတယ်။
(4) I'll offer her a job.
( her = IO, a job= DO)
ကျွန်တော် သူမကို အလုပ်တစ်ခု ကမ်းလှမ်းပါမယ်။
(5) I'll get you a magazine.
(you = IO, a magazine = DO)
ငါ မင်းအတွက် မဂ္ဂဇင်းတစ်စောင် ဝယ်လာပါမယ်။
🛑to+ IO
လူတစ်ယောက်ကို give(ပေးသည်), send(ပေးပို့သည်), show(ပြသသည်), lend(ငှား/ ချေးသည်), offer (ကမ်းလှမ်း/ပေးသည်) စတဲ့ ပေးသည်၊ ပြသသည် ဆိုတဲ့ အဓိပ္ပါယ်ရတဲ့ verb တွေရဲ့ နောက်မှာ to + IO ကို သုံးပါတယ်။
(1) She gave a pen(DO)to her brother(IO).
သူမက သူ့အကိုကို ဘောပင်တစ်ချောင်းပေးခဲ့ပါတယ်။
(2) I sent postcards (DO) to my friends (IO).
ကျွန်တော် ကျွန်တော့်ရဲ့ သူငယ်ချင်းတွေဆီကို ပို့စ်ကတ်တွေ ပို့ပေးခဲ့ပါတယ်။
(3)I showed my card (DO) to the clerk(IO).
ကျွန်တော် စာရေးကိုကျွန်တော့်ရဲ့ကတ် ပြခဲ့ပါတယ်။
(4) She lent some money(DO) to her friend(IO).
သူမက သူမသူငယ်ချင်းကို ကို ပိုက်ဆံချေးလိုက်ပါတယ်။
(5)He offered the chocolates(DO) to the others.(IO)
သူက အခြားသူတွေကို ချောကလတ်တွေပေးခဲ့တယ်။
🛑for + IO
တစ်စုံတစ်ယောက်အတွက် တစ်ခုခုလုပ်ပေးတယ်ဆိုတဲ့ အဓိပ္ပါယ်ရတဲ့ cook(ချက်ပြုတ်သည်), fetch(ယူလာသည်), buy(ဝယ်သည်/ဝယ်လာသည်)get (=fetch or buy)စသော verb တွေရဲ့နောက်မှာ for + IO ကိုသုံးပါတယ်။
(1) We cooked dinner (DO) for everybody(IO).
အားလုံးအတွက် ကျွန်တော်တို့ ညစာ ချက်ခဲ့ပါတယ်။
(2) He fetched the newspaper(DO)for his father(IO).
သူက သူ့အဖေအတွက် သတင်းစာ ယူလာခဲ့ပါတယ်။
(3) I'll get your book (DO) for you(IO).
ငါ မင်းအတွက် စာအုပ်ယူလာပါမယ်။
(4) She bought some toys(DO)for them(IO).
သူမက သူတို့အတွက် အရုပ်တချို့ ဝယ်လာခဲ့ပါတယ်။
With love,
Saya Hein Ko
Jun 6, 2023
(Reference:Grammar Spectrum)
Intermediate Grammar Class(Online)
ဇွန်လအတွက် Intermediate level Grammar Class ကို အပ်နှံနိုင်ပါပြီ။
တက်ရောက်သင့်သူများ
🗞 Grammar အခြေခိုင်လိုသူများ၊
🗞 Grade 7 to Grade 12 အရွယ် ကျောင်းသား၊ ကျောင်းသူများ။
🗞တက္ကသိုလ်တက်ရောက်နေသူများ နှင့် Adult learners များ။
🗞Grammar Spectrum စာအုပ်ကို Basic level နှင့် preintermediate level ပြီးစီးပြီးသူများ
🗞Grammar သင်ရင်း အရေးလေ့ကျင့်လိုသူများ။
စသည်ဖြင့် Grammar လိုအပ်ချက်ရှိသည့် မည်သူမဆိုတက်ရောက်နိုင်ပါသည်။
သင်တန်း စမည့်ရက်
12.6.2023(Monday)
သင်တန်းအတွက်09420008075 သို့ Viber မှ စာရင်းသွင်းအပ်နှံထားနိုင်ပါသည်။
ပထမလအတွက်သင်တန်းကြေး + Textbook
(30000+10000) ကျသင့်ပါမည်။
Something, anybody, nothing etc
something/anything = a thing
someone/anyone = a person
somebody / anybody = a person
somewhere / anywhere = a place
1)something, somebody, someone,somewhere တို့ကို positive sentence တွေမှာ သုံးလေ့ရှိပါတယ်။
Eg- (A) Something is burning. တစ်ခုခု မီးလောင်နေတယ်။ ( ဆိုလိုတာက မီးလောင်ရာကထွက်တဲ့ ညှော်နံ့တော့ရနေတယ်။ ဘာလောင်နေမှန်းသာ မသိတာ)
(B)I'm going to have something to eat.
ငါတစ်ခုခု စားမလို့ (စားတော့မယ်၊ ဘာစားရမလဲမသိသေးတာ)
(C) Somebody told me that it was a good flim.
အဲ့ဒါက ရုပ်ရှင်ကားကောင်းလို့တစ်ယောက်ယောက်က ငါ့ကို ပြောခဲ့တယ်။ (တစ်ယောက်ယောက်ကတော့ပြောခဲ့တာပဲ ၊ ဘယ်သူပြောမှန်း မမှတ်မိတော့)
(D) She lives somewhere in the north.
သူက မြောက်ဘက်က တစ်နေရာရာမှာနေတယ်။
(2) anything, anybody,anyone, anywhere တို့ကိုတော့ negative sentences နဲ့ questions တွေမှာ သုံးလေ့ရှိပါတယ်။
(A) I didn't know anyone at the party.
ပါတီပွဲမှာ ငါ ဘယ်သူ့ကိုမှ မသိခဲ့ဘူး။
(B)I couldn't find my bag anywhere.
ငါ့ အိတ်ကိုဘယ်နေရာမှာမှ ရှာမတွေ့ဘူး။
nothing = not anything
nobody = not anybody
no one = not anyone
no where = not anywhere
(3)nothing,nobody, no one, nowhere တို့ကို positive verb တွေရဲ့ရှေ့နဲ့နောက်မှာထားသုံးလေ့ရှိပါတယ်။
(A) Nothing makes Joe unhappy.
Joe ကို မပျော်ရွှင်စေတာ ဘာမှ မရှိ။
(B) There's nothing I want to watch onTV.
တီဗွီ မှာ ငါကြည့်ချင်တာ ဘာမှ မလာဘူး။
(C) Nobody was there when I arrived.
ငါရောက်တေ့ာ အဲ့ဒီမှာ ဘယ်သူမှ မရှိဘူး။
(D) There is nowhere that I would prefer to live than here. ဒီနေရာမှာထက် ငါပိုပြီးနေချင်တဲ့နေရာမရှိဘူး။
(4)else ကိုလည်း something,anybody, nowhere စတာတွေရဲ့နောက်မှာ ထားပြီးသုံးလို့ရပါတယ်။
(A) Let's talk about something else.
အခြားတစ်ခုခု အကြောင်းပြောကြရအောင်။
(B) I didn't tell anybody else.
ငါ အခြားဘယ်သူ့ကိုမှ မပြောခဲ့ပါဘူး။
(5)wrong, nice စတဲ့ adjective တွေကို something,anything etc တို့ရဲ့နောက်မှာလည်းထားသုံးနိုင်ပါတယ်။
Have I said something wrong? ငါ တစ်ခုခုများ မှား ပြောမိလား။
With love,
Saya Hein Ko
Jun 1,2023Something, anybody, nothing etc
something/anything = a thing
someone/anyone = a person
somebody / anybody = a person
somewhere / anywhere = a place
1)something, somebody, someone,somewhere တို့ကို positive sentence တွေမှာ သုံးလေ့ရှိပါတယ်။
Eg- (A) Something is burning. တစ်ခုခု မီးလောင်နေတယ်။ ( ဆိုလိုတာက မီးလောင်ရာကထွက်တဲ့ ညှော်နံ့တော့ရနေတယ်။ ဘာလောင်နေမှန်းသာ မသိတာ)
(B)I'm going to have something to eat.
ငါတစ်ခုခု စားမလို့ (စားတော့မယ်၊ ဘာစားရမလဲမသိသေးတာ)
(C) Somebody told me that it was a good flim.
အဲ့ဒါက ရုပ်ရှင်ကားကောင်းလို့တစ်ယောက်ယောက်က ငါ့ကို ပြောခဲ့တယ်။ (တစ်ယောက်ယောက်ကတော့ပြောခဲ့တာပဲ ၊ ဘယ်သူပြောမှန်း မမှတ်မိတော့)
(D) She lives somewhere in the north.
သူက မြောက်ဘက်က တစ်နေရာရာမှာနေတယ်။
(2) anything, anybody,anyone, anywhere တို့ကိုတော့ negative sentences နဲ့ questions တွေမှာ သုံးလေ့ရှိပါတယ်။
(A) I didn't know anyone at the party.
ပါတီပွဲမှာ ငါ ဘယ်သူ့ကိုမှ မသိခဲ့ဘူး။
(B)I couldn't find my bag anywhere.
ငါ့ အိတ်ကိုဘယ်နေရာမှာမှ ရှာမတွေ့ဘူး။
nothing = not anything
nobody = not anybody
no one = not anyone
no where = not anywhere
(3)nothing,nobody, no one, nowhere တို့ကို positive verb တွေရဲ့ရှေ့နဲ့နောက်မှာထားသုံးလေ့ရှိပါတယ်။
(A) Nothing makes Joe unhappy.
Joe ကို မပျော်ရွှင်စေတာ ဘာမှ မရှိ။
(B) There's nothing I want to watch onTV.
တီဗွီ မှာ ငါကြည့်ချင်တာ ဘာမှ မလာဘူး။
(C) Nobody was there when I arrived.
ငါရောက်တေ့ာ အဲ့ဒီမှာ ဘယ်သူမှ မရှိဘူး။
(D) There is nowhere that I would prefer to live than here. ဒီနေရာမှာထက် ငါပိုပြီးနေချင်တဲ့နေရာမရှိဘူး။
(4)else ကိုလည်း something,anybody, nowhere စတာတွေရဲ့နောက်မှာ ထားပြီးသုံးလို့ရပါတယ်။
(A) Let's talk about something else.
အခြားတစ်ခုခု အကြောင်းပြောကြရအောင်။
(B) I didn't tell anybody else.
ငါ အခြားဘယ်သူ့ကိုမှ မပြောခဲ့ပါဘူး။
(5)wrong, nice စတဲ့ adjective တွေကို something,anything etc တို့ရဲ့နောက်မှာလည်းထားသုံးနိုင်ပါတယ်။
Have I said something wrong? ငါ တစ်ခုခုများ မှား ပြောမိလား။
With love,
Saya Hein Ko
Jun 1,2023
Expressing Place and Time
✅prepositional Phrase
Prepositional phrase ဆိုတာ at, in, on စသော preposition တွေနဲ့စထားတဲ့ စကားလုံးအစုအဝေးတွေဖြစ်ပြီး ယင်းမှာ object of the preposition လို့ခေါ်တဲ့ Noun သို့ pronounတွေပါဝင်ပါတယ်။
💠Prepositional phrase မှာ prepositional phrase of place နဲ့ prepositional phrase of time ဆိုပြီးမှတ်သားထားနိုင်ပါတယ်။
💠prepositional phrase of place ဆိုတာ locationကိုပြောပြီး where မေးခွန်းတွေကိုဖြေတဲ့အခါသုံးလေ့ရှိပါတယ်။များသောအားဖြင့် ဝါကျအဆုံးမှာရေးလေ့ရှိပါတယ်။
Eg
1)We eat a lot of salad at home.(at home က prepositional phrase of place ပါ)
2) The computer is on the desk.(on the desk က prepositional phrase of place ပါ)
3) Ann lives in my house.(in my house က prepositional phrase of place ပါ)
💠Prepositional phrase of time ကတော့ အချိန်ကိုဖော်ပြပြီး when နဲ့မေးတဲ့မေးခွန်းတွေကိုဖြေတဲ့အခါ သုံးလေ့ရှိပါတယ်။များသောအားဖြင့် ဝါကျအဆုံးသတ်မှာရေးလေ့ရှိပြီး၊ place နဲ့ time နှစ်မျိုးစလုံးပါဝင်ခဲ့ရင်တော့ prepositional phrase of place ကိုအရင်ရေးရပါတယ်။
Eg.
1) Michelle reads the newspaper in the morning.(in the morning က prepositional phrase of time ပါ)
2) She sees him at the bank on Mondays.
(on Mondays က prepositional phrase of time ပါ)
💠နောက်တခု ကတော့ Time word or time phrase ပါ ။ When နဲ့မေးတဲ့မေးခွန်းတွေကို ဖြေလေ့ရှိပြီး၊ sentence ရဲ့အဆုံးသတ်မှာ
ထားရေးလေ့ရှိပါတယ်။
Eg)
1)Eric watches TV daily.(daily က Time word ပါ)
2)Marco works every afternoon.(every afternoon က time phrase ပါ)
💠အကယ်၍ အချိန်ပြစကားလုံးတွေကို sentence ရဲ့အစမှာထားရေးတဲ့အခါ comma (,) ကိုအသုံးပြုရပါတယ်။
1)In the spring, everyone has finals.
2) Today, we have an important meeting.
3) Twice a week,Teresa volunteers at the library.
Reference: Great Writing 1 published by National Geographic learning
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the school
Telephone
Website
Address
Yangon
11072
BEHS (3) Mingalar Taung Nyunt, Upper Pansodan Street
Yangon
Welcome to our reunion Taung Nyunt 3 students page and I hope all of our friends who are from BEHS 3
No. 9 Kan Street, Hlaing Township
Yangon, 11012
Enhancing educational and career opportunities for Myanmar youth since 2009.
Yangon
တရုတ်စကားကို မြန်မြန်နဲ့လွယ်လွယ် တတ်လိုပါက ဒီပေ့ချ်က သင့်အတွက်နေရာမှန်ပါပဲခင်ဗျာ
No. 876, 2nd Floors, Nga Moe Yeik Ward, Lay Daunt Kan Road, Thingangyun Township
Yangon
Education
Yangon
We aim to teach subjects relating to the business world at affordable prices.