Fancy Vibes by BOBO

Welcome

07/08/2024

Singapore ရောက်ရင် မဖြစ်မနေ သွားသောက်သင့်သော Coffee ဆိုင် Yakun Kaya toast
YouTube - https://youtu.be/Kb1DaeV8vjo?si=iKsqXE135fdpC1a4

19/04/2024

Celebrity Dolly Chaiwala of Nagpur
Amazing serve to his customers

19/04/2024

Let’s enjoy funny videos of William Last KRM with me 😂😄
reaction 😂

19/04/2024

India guy preparing drinks with amazing skill .
It’s satisfied to watch 🤩

drink

16/04/2024

စိတ်ဝင်စားစရာ အိန္ဒိယနိုင်ငံလမ်းဘေးဆိုင်က sandwiches ပြုလုပ်ရောင်းချတဲ့ ဗီဒီယို အတူတူကြည့်ကြမယ် 😁

27/03/2024

China town from day to night in Singapore 😍

19/03/2024

မဖြစ်မနေသွားလည်သင့်တဲ့ Singapore နိုင်ငံရဲ့ အလွန်လှပသောနေရာများထဲက တစ်နေရာလေး Marina One 😱😍

25/01/2024

လည်ပတ်ချင်စရာလေး China town အလှညနေခင်း
စင်ကာပူရောက်ရင် မဖြစ်မနေ သွာလည်သင့်တဲ့ နေရာများထဲက တစ်နေရာလေး China town in Singapore 🇸🇬

You tube ⬇️
https://youtu.be/WsCbdbySd3Q

Photos from Fancy Vibes by BOBO's post 13/01/2024

စင်္ကာပူရဲ့ Bus နဲ့ MRT EZ-Link card များ SimplyGo အဖြစ် upgrade လုပ်ရတော့မည်

🇸🇬 SimplyGo ရှိမနေတဲ့ EZ-Link adult cards များ၊
NETS FlashPay cards များအား June လ ၁ ရက် နေ့မှစ၍ public transport စီးတဲ့နေရများမှာ အသုံးပြုခွင့်ပေးတော့မှာမဟုတ်ကြောင်း

စင်္ကာပူ အစိုးရ Land Transport Authority (LTA) က ပြီးခဲ့တဲ့ Tuesday (Jan 9) နေ့က ကြေငြာလိုက်ပါတယ်

ကြေငြာချက်အရ အခု အသုံးပြုနေတဲ့ EZ-Link card တွေဟာ SimplyGo နဲ့ ချိတ် ပြီး အသုံးပြုမှသာ bus ကား၊ ရထား စီးတဲ့အခါ အသုံးပြုလို့ရတော့မှာပါ

ကိုယ့်မှာရှိနေတဲ့ EZ-Link card တွေကို SimplyGo ရသွားအောင် ဘယ်လို Upgrade လုပ်ရမလဲ ❓

👉 ဘူတာတွေ bus interchange တွေမှာ ရှိတဲ့ ဘယ် ticketing machine မဆို ကိုယ်တိုင် လုပ်လို့ရသလို
SimplyGo ticket office တွေကို သွားပြီးတော့လည်း ကိုယ့် card လေးပေးပြီး Upgrade လုပ်ခိုင်းလို့ရပါတယ်

ကျနော်ကိုယ်တိုင် Machine မှာ Upgrade လုပ်ထားတာလေးကို (ပုံ ၃၊၄၊၅ ) မှာကြည့်လို့ရပါတယ် 👇

- ပုံ (၃)
EZ-Link card ကို စက်ရဲ့ card တင်တဲ့နေရာမှာတင်လိုက်ပြီး " Upgrade to SimplyGo" ကိုနှိပ်ပြီး proceed လုပ်လိုက်ပါ
(EZ-Link မဟုတ်တဲ့ NETSFlashPlay card တွေဆိုရင်တော့ Upgrade to SimplyGo လို့ပေါ်မှာ မဟုတ်ပါဘူး၊ Ticket Office မှာပဲသွား လဲရပါမယ် Redeem လုပ်လဲရပါတယ်)

- ပုံ (၄)
စက်က Upgrade လုပ်နေတာကို ၁၀၀% ပြည့်တဲ့အထိ စောင့်ရပါမယ်
(OnLine Upgrade လုပ်တာတွေ ခုရက်ပိုင်းများနေတဲ့အတွက် စက်က error ပြကောင်းပြမယ် Fail ဖြစ်ချင်လည်းဖြစ်ပါလိမ့်မယ်..ပထမတကြိမ် မရရင် ဒုတိယ၊ တတိယ လက်မလျှော့ ပဲ အစက ပြန် Try ပါ - ကျနော်ကတော့ ၃ ခါမြောက်မှာ အဆင်ပြေသွားပါတယ်)

- ပုံ (၅) SimplyGo upgrade လုပ်ခြင်း အောင်မြင်စွာ ပြီးဆုံးသွားပြီဖြစ်လို့ Upgraded Card အနေနဲ့ ဆက်လက် အသုံးပြုလို့ရသွားတော့မှာဖြစ်ပါတယ်

NETS FlashPay card များ

ဒီ card တွေကို June 1 ရက်ကစပြီး ကား/ဆိုင်ကယ်သမားများ ERP တို့ parking charges တို့အတွက် ဆက်သုံးလို့တော့ ရပါတယ်
အဲ့လို့မှမဟုတ်ပဲ bus နဲ့ရထားအတွက်ပဲ သုံးချင်ပါတယ်ဆိုရင် Jan 19 ရက်နေ့ကစပြီး ticket office တွေမှာ သွားလဲပါ
Card ထဲ လက်ကျန်တွေလည်း မဆုံးရှုံးရပဲ SimplyGo သုံးလို့ရတဲ့ NETS Prepaid card တွေ Free လဲပေးပါလိမ့်မယ်

May 31 ရက် နောက်ဆုံးထားပြီး upgrade လုပ်ရမှာဆိုတော့ အချိန်ကတော့ရှိပါသေးတယ်
ကြုံလို့ အားခဲ့ရင်တော့ မဖြစ်မနေလုပ်ရမယ့် အရာတခု ဖြစ်တဲ့အတွက် upgrade လုပ်ထားလို့ရအောင် ပြောပြတာပါ

နောက်ဆက်တွဲအနေနဲ့ကတော့
Upgrade လုပ်ပြီးသွားတဲ့ကဒ်တွေ bus MRT ထဲဝင်တဲ့အခါ အရင်ကလို့ card ထဲ ဘယ်လောက်ရှိတယ် ဆိုတဲ့ ပိုက်ဆံ ပမာဏကို မြင်ရတော့မှာမဟုတ်ပါဘူး
Balance မြင်ချင်တယ် ဆိုရင် စက်မှာသွားကြည့် (ဒါမှမဟုတ်) SimplyGo / EZ-Link App ကို ဖုန်းထဲ ဒေါင်းလုတ် လုပ် သုံးရပါမယ်

App တွေရဲ့ တခု အားသာချက်ကတော့ ကိုယ်သွားထားတဲ့ history အကုန်လုံး လွယ်ကူစွာကြည့်လို့ရသလို ဘဏ်ကဒ်နဲ့ချိတ်ပြီးတော့လည်း အလွယ်တကူ TopUp လုပ်လို့ရပါတယ်

Smart Nation လို့ သတ်မှတ်နေတဲ့ စင်္ကာပူနိုင်ငံမှာနေတဲ့ အကျွန်ုပ်တို့လည်း ဆိုးစမတ် ဖြစ်မှ ရပေတော့မည် 😊
အဆင်ပြေကြပါစေ 🙏





Credit Owen Maung
13 January 2024

12/01/2024

ပျော်ရွှင်မှုမှာ Expire Date ရှိတယ်

အသက် 18 နှစ်မှာ ငယ်ငယ်က အရမ်းလိုချင်ခဲ့တဲ့
ရီမုဒ် ကားလေး ဝယ်နိုင်ပြီ
ဒါပေမဲ့ မလိုချင်တော့ဘူး။

အသက် 20 နှစ်မှာ လူကြီးတွေမပါဘဲ သူငယ်ချင်းတွေနဲ့တိရစ္ဆာန်ရုံတို့ Happy World တို့ သွားခွင့်ရ​နေပြီ။
ဒါပေမဲ့ မသွားချင်တော့ဘူး။

အသက် 25 နှစ်မှာ ရည်စားကို​ပေါ်တင်တွဲလို့ ရ​ပြီ
ဒါ​ပေမဲ့ အရင်​လောက် ရင်မခုန်​တော့ဘူး။

အသက် 30 နှစ်မှာ အရက်ကို စိတ်ကြိုက်သောက်လို့ ရ​နေပြီ
ဒါ​ပေမဲ့ ဆယ်​ကျော်သက် ဘဝတုန်းက​လောက် သောက်လို့ မ​ကောင်း​တော့ဘူး။

အသက် 45 နှစ်မှာ ကိုယ်စားချင်တဲ့​ အစားစာတွေကို ဝယ်စားနိုင်​နေပြီ
ဒါ​ပေမဲ့ ​စိတ်ကြိုက်စားလို့ မရ​တော့ဘူး။

အသက် 65 နှစ်မှာ ခရီးသွားဖို့ အချိန်​ရော ​ငွေ​ရော ရှိ​နေပြီ
ဒါ​ပေမဲ့ သွားချင်တဲ့ ခရီး သွားလို့မရ​တော့ဘူး။

အသက် 70 နှစ်မှာ ကြိုက်ခဲ့တဲ့ ပစ္စည်းတွေ ဝယ်နိုင်ပြီ။
ဒါပေမဲ့ မဝယ်ချင်တော့ဘူး။

ပျော်ရွှင်ခြင်းဆိုတာ ကိတ်မုန့်လိုပဲ Expire Date ရှိတယ် စားသင့်တဲ့ အချိန်မှာ စားမှ အရသာရှိတာ အချိန်မှီ မစားသုံးရင် နောက်ပိုင်းမှာ အရသာ မရှိတော့ဘူး။

လက်ရှိအချိန်မှာ လုပ်နိုင်သလောက်လုပ်ပြီး ပျော်နိုင်သလောက် ကိုယ့် ကိုယ်ကိုယ် ပျော်အောင်ထားပါ အရမ်းမတွေးပါနဲ့ စိတ်ဆင်းရဲမခံပါနဲ့ ဘဝကတိုတိုလေးပါ။

#

25/12/2023

နိုင်ငံခြားမှာနေလို့
ပျော်နေမြူးနေ လွတ်လပ်နေ
သုံးနေ ဖြုန်းနေသူတွေလို့ မထင်လိုက်ပါနဲ့🥹

မနက်ဆိုနာရီနှိုးစက်ကမြည်လာတဲ့အသံ နဲ့အတူ
ကျိန်းစပ်စပ်မျက်လုံးတွေကို အတင်းဖြဲပြီး
ဂွတ်မောနင်းလို့ ခပ်ရွဲ့ရွဲ့အော်ပြီး နိုးခဲ့ရတာ မနက်တိုင်း😬

အလုပ်နောက်မကျအောင် ကတိုက်ကရိုက်
တက်သုတ်ရိုက်ပြေးရလို့ ကော်ဖီတစ်ခွက်တောင်
မသောက်ဖြစ်တဲ့နေ့တွေ ဒုနဲ့ဒေး😌

စက်နဲ့ လူ
လူနဲ့စက် အချိန်ကိုရွှေနဲ့စက်ထားတဲ့ နိုင်ငံမှာ
စက်ပူကြီးတွေကြား
မနက်ဖြန်အိပ်မက်များကို မက်ရင်း
မမောနိုင်မပန်းနိုင် လှုပ်ရှားရုန်းကန်နေရတာ နိစ္စဒူဝ 🫢


အိပ်တန်းပျံချိန်အတောင်ညောင်းနေတဲ့
ငှက်တစ်ကောင်လို
ညမှောင်မှောင်ထဲ ကြိုသူမဲ့ အခန်းကျဉ်းလေးဆီ
လေးလံမောပန်းနေတဲ့ ခြေလှမ်းတွေနဲ့ ပြန်ခဲ့ရတဲ့
ညနက်တွေက ညစဉ်....🥺

အရသာခံဖို့နဲ့
ခံတွင်းတွေ့ဖို့ထက်
နောက်တစ်ရက်အတွက်ခွန်အားဖြစ်ဖ်ို့ရည်ရွယ်ပြီး
အစာအိမ်နဲ့ ပါးစပ်က မတောင်းဆိုပေမယ့်
ဦးဏှောက်ကစေခိုင်းလို့သာ စားဖြစ်ခဲ့ရတဲ့
အေးစက်စက် ဖွယ်တယ်တယ် ညစာတွေက
တစ်လမှာ ရက်၃၀🫢

နိုင်ငံခြား မှာနေလို့
ပျော်နေမြူးနေ လွတ်လပ်နေ
သုံးနေ ဖြုန်းနေသူတွေလို့ မထင်လိုက်ပါနဲ့

နုနယ်ပျိုမျစ်ခြင်းတွေ...
လွပ်လပ်ပေါ့ပါးခြင်းတွေ...
မိသားစုဘဝတွေ...
ချစ်သူခင်သူမြတ်နိုးသူတွေ...
နှလုံးသားတွေနဲ့ ....
အရာရာများစွာကို ပေးဆပ်စွန့်လွှတ်ပြီး

တန်ဖိုးရှိတဲ့
အချိန်တွေကို လာရောင်းနေကြရတဲ့
အချိန်ကုန်သည် တွေပါ😌

Crd_

25/12/2023

ဘဝသက်တမ်း တဝက်လောက်ရောက်လာတော့ သင်ယူစရာတွေ ဖြည့်ရင်းနဲ့ Life manual လိုမျိုးကိုရှာကြည့်ဖြစ်တယ်။

ဘာသွားတွေ့လဲဆိုတော့ philosophy ဆိုင်ရာ စာအုပ်တွေ ဥပမာ stoic living စတာတွေပေါ့။
နောက် စိတ်ဝင်စားဖို့ကောင်းတဲ့သုတေသနတခုသွားတွေ့တယ်။
Legacy Project ဆိုတာ စစ်ပြီးခေတ်အမေရိကန် သက်ကြီးရွယ်အိုတွေ Great Depression ခေတ်မှာကြီးပြင်းခဲ့တဲ့ senior 1200 ကျော်လောက်ကို ဘဝဖြတ်သန်းမှု့နဲ့ဆိုင်တဲ့ မေးခွန်းတွေမေးပြီး စာအုပ်ထုတ်ထားတာ။
30 Lessons for Living: Tried and True Advice from the Wisest Americans ဆိုတဲ့စာအုပ်။

အပိုင်းလေးတွေထဲက လိုရင်းပေါ့။

Work

အလုပ်ဆိုတာငွေကြေးဆိုတာထက် တခြား မိမိပျော်ရွှင်မှု့ meaning of life, self worth စတာတွေပါ ဆိုင်တယ်။
career ရွေးတဲ့အခါ ပိုက်ဆံဆိုတာထက်(ဒါကလဲ မရ အဆင်မပြေပြန်ဘူး နေမှု့ထိုင်မှု့ သားကျွေးမှု့မယားကျွေးမှု့စတာတွေ လုံလောက်အောင်တော့လိုတာပေါ့) တခြား intrinsic reward တွေ ရွေးတာပိုကောင်းတယ်။
ကိုယ့်ကိုပျော်စေမဲ့အလုပ်ကို ရှာဖို့ လက်မလျော့နဲ့တဲ့။
တကယ်လို့ ဆိုးတဲ့အလုပ်ရခဲ့ရင်တောင် အဲ့အလုပ်ကနေ သင်ယူစရာဘာရမလဲ သင်ယူပါ။
အလုပ်မှာ Emotional Intelligence ကအရေးကြီးတယ် မင်းဘာကောင်ကြီးဖြစ်ဖြစ် EQ မကောင်းရင် ဘယ်လောက်တတ်တတ်အလကားဆိုတာမျိုးပဲ။
ကိုယ်ပိုင်အလုပ် ကိုယ်ပိုင်အချိန်ရနိုင်တဲ့အလုပ် Autonomy ရတဲ့အလုပ်က ပိုစိတ်ကျေနပ်မှု့ရစေတယ်။

Happiness
ဘဝဆိုတာတိုတိုလေး ၊ အဲ့တော့အချိန်ကုန်တာတကယ်မြန်တယ် အရေးကြီးတာအရင်လုပ်ပါ။
Happiness ဆိုတာ choice , condition မဟုတ်ဘူး။ ဆိုချင်တာက bad thing တွေထဲမှာတောင် ပျော်အောင်နေလို့ရတယ် (လူတိုင်းဖို့တော့မှန်မယ်မဟုတ်ဘူး depressed ဖြစ်နေတဲ့သူတွေဖို့တတ်နိုင်မှာမဟုတ်ဘူး)
ပူပန်နေတာဟာ အချိန်ဖြုန်းတာ သက်သက်ပဲ။ အဲ့အစား လုပ်စရာရှိတာကိုပြင်ဆင်ပါ။ ဖြစ်နိုင်တာတွေကို လက်ခံထားပါ။
အကြီးကြီးမတွေး အိမ်မက်ကြီးကြီးဆိုတာထက် သေးသေးလေးတွေဖြစ်နိုင်တာတွေကနေ enjoy လုပ်ပါ။
ဘာသာတရားကိုင်းရှိုင်းပါ ဆိုပဲ။

Marriage

ကိုယ်နဲ့ ဝါသနာ core value တူတဲ့လူကိုရွေးတာက ဘဝတလျောက်လုံးပိုပျော်စေတယ်။
Romantic love လိုပဲ friendship ကလဲအရေးကြီးတယ်။ ဖြစ်နိုင်ရင်သူငယ်ချင်းကိုယူပေါ့။
အိမ်ထောင် တခုမှာ တယောက်နဲ့တယောက် သူကသာတယ် ဘယ်လောက်အားစိုက်ရတယ် ငါကဘယ်လောက်အားစိုက်ရတယ်ဆိုတာ မလုပ်သင့်ဘူးဆိုပဲ။
ပြဿနာဖြစ်တဲ့အခါ ရေငုံနှုတ်ပိတ်မနေပဲ အချင်းချင်းပွင့်ပွင့်လင်းလင်း ဖြေရှင်းတာက ပိုကောင်းတယ်။
ကိုယ့်အိမ်ထောင်ဖက်တင်မကပဲ အိမ်ထောင်အတွက်ကိုပါ commit လုပ်ပါတဲ့။

Parenting

ကလေးတွေငယ်စဉ်မှာ သူတို့နဲ့ အချိန်တူတူကုန်ဆုံးတာက အရေးအကြီးဆုံးပဲ။ Physical thing တွေထက်ပိုအရေးကြီးတယ်။ ကျန်တာတွေ စွန့်လွှတ်ရရင်တောင် ဒီတခုကိုရွေးသင့်တယ်။
ဘယ်ကလေးကို ပိုချစ်တယ်ဆိုပြီးထားလို့ရပေမဲ့ ထုတ်တော့မပြောသင့်ဘူး။ (တခြားကလေးတွေ impact ရှိတယ်)
ဆုံးမရင် လက်မပါပါနဲ့။
သားသမီးနဲ့ အက်ကြောင်း ဖြစ်နေပြီဆို စောစော ဖြေရှင်းပါ။ ကိုယ့်ဘက်က လိုက်လျောစရာရှိတာလိုက်လျောပါ။
ကိုယ့်သားသမီးတွေက အိမ်ကထွက်သွားပြီဆိုတာတောင်မိဘတာဝန်ကရှိနေတုန်းပဲ။ ဒါမို့သူတို့နဲ့ငယ်ငယ်တူတူနေကတည်းက positive relationship ကိုတည်ဆောက်ပါ။
ကြီးမှ ဆိုမဖြစ်နိုင်ဘူးပေါ့။

Living Without Regrets

အမြဲရိုးသားပါ။လူတွေကိုရိုးရိုးသားသားဆက်ဆံပါ။
အခွင့်အလမ်းကြုံလာရင် အမြဲ Yes ပြောနိုင်အောင်လုပ်ပါ။ အမိအရဆုပ်ကိုင်ပါ။
ခရီးများများသွားပါ။
အိမ်ထောင်ဖက်ရွေးရင်သေချာရွေးပါ စိတ်ရှည်ရှည်စောင့်ကြည့်ပြီးရွေးပါ။
လူတွေကိုပြောစရာရှိတာ ပြောသင့်တာကို နောင်တမရအောင် စောစောကတည်းက ပြောပါ။

Aging

အသက်ကြီးလာတာက ထင်တာထက်ပိုကောင်းတယ်။
ကိုယ်ခန္ဓာကိုယ်ကို သုံးစွဲတာ ဂရုစိုက်ပါ။ တချို့ငယ်ငယ်ကတည်းက အရက်ဆေးလိပ် ရှယ်သမတော့ ပြဿနာကြုံတာမျိုးတွေ။
သေမဲ့ကိစ္စတွေးပူမနေပါနဲ့။ မသေခင်ပြင်ဆင်စရာရှိတာ လုပ်စရာရှိတာကိုသာ စီမံပါ။
လူမှု့အသိုင်းအဝိုင်း သူငယ်ချင်းအပေါင်းအသင်းမိတ်ဆွေတွေနဲ့ အဆက်မပြတ်ပါစေနဲ့။
ဘယ်နေရာမှာနေမယ် အခြေချမယ် (ကိုယ့်မိဘတွေပါ ဘယ်မှာနေမယ်ဆိုတာကိုရွေးပါ)

Credit- Thet Khin (မူရင်းရေးသားသူကို လေးစားစွာဖြင့်)

22/12/2023

နိုင်ငံခြားရောက်သွားတဲ့လူတွေထဲမှာလည်း
ပြန်ချင်တဲ့လူတွေအများကြီးရှိပါတယ်

တနေ့တာရှင်သန်မှု့ ဘာမှန်းမသိလောက်အောင်
မေ့နေတတ်တဲ့ရက်တွေတောင်ရှိတယ်

အစားသောက်တွေလွမ်းတယ်
အိမ်ကိုလွမ်းတယ် သူငယ်ချင်းတွေကိုလွမ်းတယ်
စိတ်ဖိစီးလာရင် မျှဝေရမယ့်လူကရှားတယ်
သီးခံရတာတွေရော ပင်ပန်းရတာတွေရောကြောင့်
မပျော်ရတဲ့ရက်တွေအများကြီး

ရည်မှန်းချက်အတွက်၊ မိသားစုအတွက်
ဖြစ်ချင်တာတွေအတွက်မို့
ငွေရှာချင်တာကြောင့်သာ
ဆုံးဖြတ်ပြီးထွက်လာရတာ
တခါတလေကျ အရမ်းပြန်ချင်တယ်
အိမ်ကို အရမ်းလွမ်းတယ် .....။

Credit

ကလေးဘဝတုန်း
လေယာဥ်ပျံလေးကြီး​တွေ့မြင်ရင်
ကျွန်တော်လည်း လိုက်ချင်လို့ ဆိုပြီး
အော်ခဲ့ဖူးတယ်
အခုတေ့ာ လေယာဥ်ပျံကြီးကိုမြင်ရင်
အိမ်ပြန်ချင်တာ် လို့ ရေရွတ်နေမိတယ်
ရည်ရွယ်ချက်တွေပြည့်ရင်
အမေ့အိမ်လေးဆီ အပြေးပြန်ခဲ့မယ်နော်...

21/12/2023

Singapore နိုင်ငံ နာမည်ကြီးနေတဲ့ Orchard လမ်းမပေါ်က ဖျော်ဖြေမှု

YouTube link 🔗 watch here 👇

https://youtu.be/T4dLG-Q8FL4?feature=shared



in white

30/04/2022

လွမ်းတယ်ဆိုတာထက် အများကြီးပိုပါတယ် ♥️

30/04/2022

ခြေထောက်ဆေး ပေးတာပါ 🌚

09/04/2022

ဒီသားအဖ နဲ့တော့ ငါအူတတ် 🤣

04/05/2021

😂

04/05/2021
03/05/2021
02/05/2021
02/05/2021
02/05/2021

🤣

01/05/2021

😍😍

30/04/2021

😥

Want your establishment to be the top-listed Arts & Entertainment in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Singapore ရောက်ရင် မဖြစ်မနေ သွားသောက်သင့်သော Coffee ဆိုင် Yakun Kaya toastYouTube - https://youtu.be/Kb1DaeV8vjo?si=iKsq...
Celebrity Dolly Chaiwala of Nagpur Amazing serve to his customers #Streetfood
Let’s enjoy funny videos of William Last KRM with me 😂😄#Funny reaction 😂
India guy preparing drinks with amazing skill .It’s satisfied to watch 🤩#Street drink
စိတ်ဝင်စားစရာ အိန္ဒိယနိုင်ငံလမ်းဘေးဆိုင်က sandwiches ပြုလုပ်ရောင်းချတဲ့ ဗီဒီယို အတူတူကြည့်ကြမယ် 😁#BOBO#foodreaction
China town from day to night in Singapore 😍
မဖြစ်မနေသွားလည်သင့်တဲ့ Singapore နိုင်ငံရဲ့ အလွန်လှပသောနေရာများထဲက တစ်နေရာလေး Marina One 😱😍#MarinaOne#Singapore #MarinaB...
လည်ပတ်ချင်စရာလေး China town အလှညနေခင်း စင်ကာပူရောက်ရင် မဖြစ်မနေ သွာလည်သင့်တဲ့ နေရာများထဲက တစ်နေရာလေး China town in Singa...
Singapore နိုင်ငံ နာမည်ကြီးနေတဲ့ Orchard လမ်းမပေါ်က ဖျော်ဖြေမှု  YouTube link 🔗 watch here 👇https://youtu.be/T4dLG-Q8FL4...
ယောက်ကျားလေးတွေ အတွက်
အာရှတိုက်ထဲက အလန်းဇယားလေးများ wow 😍😍😍😍😍😍🥰🥰🥰🥰
🍑မက်မွန်သီးလေးလိုပဲ 😍😍😍စားချင်စရာ 🥶🥶🥶

Category

Website

Address


Yangon
Yangon
2122

Other Comedy clubs in Yangon (show all)
ATK Phyo Pyae Aung Pages ATK Phyo Pyae Aung Pages
Yangon

ကိုယ်ပိုင် ဘလော့

Panda-Gaming Panda-Gaming
Yangon

meme

A8 City- Fatty Lay A8 City- Fatty Lay
Yangon

Welcome to the world

LoL by Thel LoL by Thel
Yangon

19

𝐓𝐢𝐤𝐓𝐨𝐤 𝐉𝐨𝐤𝐞𝐬 𝐓𝐢𝐤𝐓𝐨𝐤 𝐉𝐨𝐤𝐞𝐬
Yamonnar Road
Yangon, 11241

Make you fun!!!

A Mel Lay A Mel Lay
Yangon

နေ့တစ်နေ့ကိုပျော်ရွှင်ခြင်းနဲ့စတင?

ဆွဲတလောင် ပေါ်ကေ့ Swal ta laung Paw cage ဆွဲတလောင် ပေါ်ကေ့ Swal ta laung Paw cage
Yangon

ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူးတင်ပါသည်

Burmese Htingyi Burmese Htingyi
Yangon
Yangon

Meme Hub Meme Hub
Yangon, ZIP

Like page�

Zinminaung - GRAY Zinminaung - GRAY
Yangon
Yangon

💣批判は私を強くします💣 🇲🇲Criticism makes me stronger🇲🇲

MIKEY MIKEY
Yangon