Sufiyah Islamic University ရဲ့ တရားဝင် Like Page
ရဗီအုလ်အောင်ဝ်ဝလ် ဆန်းဦးစလ သတင်း
ဆွဖရ်လ ဆန်းဦးစလ သတင်း
***ဟဇရသ်အလီ(ရဒွေ)ကို လူတစ်ယောက်ကမေးတယ်***
သူငယ်ချင်းမိတ်ဆွေနဲ့ ညီအကိုမှာ ဘာခြားနားမှုရှိလဲ?
ဟဇရသ်အလီ(ရဒွေ)သခင်ကဖြေတယ်...ညီအစ်ကိုဆိုတာ ရွှေလိုဖြစ်ပြီး...သူငယ်ချင်းမိတ်ဆွေက စိန်လိုဖြစ်ပါတယ်...ထိုသူကပြန်ပြောတယ်...သင်က သူငယ်ချင်းမိတ်ဆွေကိုကျတော့ တန်ဖိုးကြီးတဲ့အရာနဲ့ နှိုင်းယှဉ်ပြပြီး ညီအစ်ကိုကိုကျတော့ တန်ဖိုးနည်းတဲ့အရာနဲ့ ဘာလို့နှိုင်းယှဉ်ပြရတာလဲ?.....
ဟဇရသ်အလီ(ရဒွေ)သခင်ကဆက်လက်ဖြေကြားတယ်...ရွှေက ချို့ယွင်းပျက်စီးသွားတယ်ဆိုရင် ရွှေကိုအရည်ဖျော်ပြီးမူလပထမပုံစံအတိုင်း ပုံဖော်လို့ရပါတယ်...
စိန်က ချို့ယွင်းပျက်စီးသွားပြီဆိုရင် မူလပထမအတိုင်း ဘယ်လိုမှဖြစ်လာမှာမဟုတ်ပါဘူး....s.j.h.khan..
ဟစ်ဂျ်ရီ ၁၄၄၅
ဇုလ်ကအ်ဒဟ် ဆန်းဦးစလသတင်း
ယှောင်ဝလ် ဆန်းဦးစလသတင်း
======================
ယနေ့ ( 9.4.2024 ) အင်္ဂါနေ့သည်
ဟစ်ဂျ်ရီ 1445 ရမဿွာန်လမြတ်
( 29 ) ရက်နေ့ ဖြစ်သောကြောင့်
ယှောင်ဝလ် ဆန်းဦးစလ ကြည့်ရှုရာ
ဆန်းဦးစလ မမြင်ရကြောင်း
အိုလမာ အစ္စလာမ်သာသနာ့ပညာရှင်များ
အဖွဲ့ချုပ် ဗဟို လကြည့်စိစစ်ရေးကော်မတီမှ
ဆုံးဖြတ်လိုက်ပါသည်။
ထို့ကြောင့် 10.4.2024 ( ဗုဒ္ဓဟူးနေ့ ) သည်
ဟစ်ဂျ်ရီ 1445 ရမဿွာန်လမြတ်
( 30 ) ရက်နေ့ ဖြစ်ပြီး
11.4.2024 ( ကြာသပတေးနေ့ ) သည်
ယှောင်ဝလ်လ ( 1 ) ရက်နေ့
အီဒုလ်ဖိတ်ွရ်နေ့မြတ် ဖြစ်ပါကြောင်း
အသိပေးအပ်ပါသည်။
-Islamic-University page
***ရိုဇဟ်ဒါရ်များအတွက်***
ဟဒီးစ်ရဲ့အဓိပ္ပါယ်နဲ့အလိုသဘော....ဟဇရသ်အဘူဟိုရိုင်ရဟ်(ရဒွေ)သခင်သည် တမန်တော်မြတ်(ဆွ)ရဲ့ ထံတော်ပါးမှတဆင့် ဆင့်ပြန်လေသည်...တမန်တော်မြတ်(ဆွ)မိန့်တော်မူသည်မှာ ငါကိုယ်မြတ်(ဆွ)ရဲ့အွမ္မသ်ကို လမြတ်ရမ်ဇာန်မှာ အရာငါးခုနဲ့ပါတ်သက်ပြီး ချီးမြှင့်ခြင်းခံရပါတယ်...၄င်းအရာများကို ပထမအရင်ကအခြားသောမည့်သည့်အွမ္မသ်မှ မရရှိခဲ့ပေ...
၁။၎င်းသူတို့၏ ပါးစပ်မှထွက်သောရနံ့သည် အလ္လာဟ့်ထံတော်ပါး၌ (မွရှ်က်)ရေမွှေးထက်ပင်ပို၍ နှစ်သက်လေသည်...
၂။၎င်းသူတွေအတွက် ဖရိရှိသဟ်များက ဒိုအာတောင်းပေးနေလေသည်...အိဖ်သွာရ်လုပ်တဲ့ချိန်ထိပင် ဒိုအာတောင်းပေးနေလေသည်...
၃။၎င်းသူတွေအတွက် ဂျန္နသ်ကို နေ့စဉ်နှင့်အမျှ ဆင်မြန်းထားလေသည်..၄င်းနောက် အလ္လာဟ်အရှင်မြတ်က မိန့်ချွေလေသည်....မကြာခင်မှာ ငါရဲ့မွန်မြတ်လှတဲ့ ဗန္ဒဟ်များက မိမိပေါ်မှာရှိတဲ့အခက်များကိုဖယ်ရှားပြီး သင့်ထံကိုလာလိမ့်မယ်...
၎။ထိုလမြတ်တွင် ရှိုင်သွာန်များက ချုပ်နှောင်ခြင်းခံထားရပေမည်...၄င်းနောက် လူတွေက မကောင်းမှုဖက်သို့ မရောက်နိုင်တော့ပေ...လူတွေထံမှာ ရှိုင်သွာန်က လမြတ်ရမ်ဇာန်မှအပ အခြားသောလများတွင် နှောက်ယှက်သကဲ့သို့ မနှောက်ယှက်နိုင်ပေ...
၅။လမြတ်ရမ်ဇာန်ရဲ့နောက်ဆုံးညတွင် ရိုဇဟ်ထားသူများကို အလ္လာဟ်အရှင်မြတ်က လွှတ်ငြိမ်းချမ်းခွင့်ပေးမည်...ဆွဟာဗဟ်(ရဒွေ)သခင်များက တမန်တော်မြတ်(ဆွ)ကိုမေးလေသည်...ဘာလဲဒါက ကဒရ်ညမြတ်လား?...တမန်တော်မြတ်(ဆွ)မိန့်ချွေလေသည်...ကဒရ်ညမြတ်မဟုတ်ပါ...သို့သာမက အစဉ်အလာတစ်ခုဖြစ်လေသည်...၄င်းအစဉ်အလာက အလုပ်သမားက အလုပ်လုပ်ချိန်ပြီးဆုံုးံတဲ့နောက်မှာ ချီးမြှင့်ခံရခြင်းဖြစ်ပါတယ်....ဆိုလိုတာက ရမ်ဇာန်လမြတ်မှာ အလ္လာဟ့်အမိန့်ကိုနာခံပြီးနေထိုင်လာတဲ့ ကျွန်တော်တို့တွေကို လမြတ်ရမ်ဇာန်ရဲ့နောက်ဆုံးချိန်မှာ အလ္လာဟ်က ချီးမြှင့်ခြင်းဖြစ်ပါတယ်....
ရိုဇဟ်ဒါရ်အတွက် အလ္လာဟ်ကိုယ်တိုင် ချီးမြှင့်မှာဖြစ်ပါတယ်...လက်မလွှတ်လိုက်ကြပါနဲ့...
بندہ محمد نصیر خان
***ဟရှရ်နေ့မှာရှဖွာအသ်ရဲ့အကြောင်းခံ***
တမန်တော်မြတ်(ဆွ)မိန့်တော်မူသည်မှာ...ရိုဇဟ်နှင့်ကုရ်အာန်သည် ဟရှရ်နေ့တွင် ဗန္ဒဟ်ကျေးကျွန်လူသားများအတွက် ရှဖွာအသ်လုပ်လိမ့်မည်...ရိုဇဟ်ကပြောလိမ့်မည်...အိုးကျွန်တော်မျိုး၏အရှင် ကျွန်တော်မျိုးသည် ၄င်းသူကို တနေ့တာလုံး၌ စားခြင်းသောက်ခြင်းနှင့် စိတ်ရဲ့လိုလားမှုတွေကို တားထားလေသည်...၄င်းသူနဲ့ပါတ်သက်ပြီး ကျွန်တော်မျိုးရဲ့ရှဖွာအသ်ကိုလက်ခံကဘူလ်ပြုတော်မူပါ...၄င်းနောက်ကျမ်းတော်မြတ်ကုရ်အာန်ကပြောလိမ့်မည်...အိုးကျွန်တော်မျိုး၏အရှင်...ကျွန်တော်မျိုးသည် ၄င်းသူကို ညမအိပ်စေပဲ တားထားလေသည်...၄င်းသူနဲ့ပါတ်သက်ပြီး ကျွန်တော်မျိုးရဲ့ ရှဖွာအသ်ကို လက်ခံကဘူလ်ပြုတော်မူပါ...အလ္လာဟ်အရှင်မြတ်က ရိုဇဟ်ရဲ့ရှာဖွာအသ်နှင့်ကုရ်အာန်ရဲ့ရှဖွာအသ် နှစ်မျိုးလုံးကို လက်ခံကဘူလ်ပြုတော်မူလိုက်လိမ့်မည်.....မွစ်နဒ်အဟ်မဒ်...6626...
ကျွန်တော်တို့အတွက် ရိုဇဟ်နဲ့ကုရ်အာန်က တောင်းပေးမယ့် ရှဖွာအသ်ဖြစ်ပါတယ်...လက်မလွှတ်ပါစေနဲ့...
بندہ محمد نصیر خان
***စဲဟ်ရီစားခြင်းနှင့် (အိဖ်သွာရ်)ဝါဖြေခြင်းအကြောင်း***
စဲဟ်ရီစားခြင်းက စွန္နသ်ဖြစ်ပါတယ်...ဗိုက်မဆာရင်လဲ စားပါ...ဘာမှမစားချင်ရင်တောင်မှ စွံပလွံသီး နှစ်လုံးသုံးလုံးလောက်စားလိုက်ပါ...တချို့သောအရာကိုလည်း အနည်းငယ်စားပါ...မနိုင်တော့ဘူးဆိုရင်လဲ ရေအနည်းငယ် သောက်လိုက်ပါ...
လူတစ်ယောက်က စဲဟ်ရီမစားပဲ ထပြီးကွမ်းယာတစ်ဝက်လောက်ပဲ စားတယ်ဆိုရင်လဲပဲ စဲဟ်ရီစားခြင်းရဲ့ စဝါးဗ်ရရှိမှာဖြစ်ပါတယ်...
စဲဟ်ရီကို တတ်နိုင်သလောက် နောက်ကျပြီးစားပါ...အဲ့လောက်လဲမနောက်ကျပါစေနဲ့ ရိုဇဟ်အတွက် သံတယဖြစ်လောက်တဲ့ထိ ဒါမှမဟုတ် အချိန်ကုန်လောက်တဲ့ထိတော့ နောက်မကျလိုက်ပါနဲ့...
အကယ်၍ စဲဟ်ရီကို မြန်မြန်စားလိုက်တယ် သို့ပေမယ့် စားပြီးတဲ့နောက် ကွမ်းယာ လဖက်ရည် ရေ စသဖြင့် တစ်ခုခုကိုဖြေးဖြေးစီစားနေရင်းနဲ့ အချိန်ကုန်ဖို့နီးလာတဲ့အခါမှာ ပလုပ်ကျင်းလိုက်တယ်ဆိုရင်လဲပဲ စဲဟ်ရီကို နောက်ကျပြီးစားတဲ့ စဝါးဗ်ရရှိမှာဖြစ်ပါတယ် ဒီအခုလိုနောက်ကျခြင်းကလည်း စဲဟ်ရီကိုနောက်ကျပြီးစားခြင်းရဲ့အမိန့်မှာ ရှိပါတယ်...
အကယ်၍ စဲဟ်ရီစားဖို့မနိုးပဲ အိပ်ပျော်သွားတယ်ဆိုရင် စဲဟ်ရီမစားပဲ ရိုဇဟ်ထားလိုက်ပါ...စဲဟ်ရီမစားပဲလွှတ်သွားလို့ ရိုဇဟ်မထားခြင်းက အလွန်ပဲသတ္တိနည်းခြင်းပဲဖြစ်ပါတယ်...၄င်းနောက် အလွန်ပဲ အပြစ်ထိုက်ပါတယ်...
အကယ်၍ နောက်ကျပြီးမှနိုးတယ် ဒါပေမယ့်သူ့အထင်မှာ အချိန်ကမကုန်ပဲကျန်သေးတယ်လို့ထင်နေသေးပြီး စဲဟ်ရီစားလိုက်တယ်....ပြီးတော့မှသိရတယ် အချိန်ကုန်ပြီးမှ စဲဟ်ရီစားထားတယ်ဆိုတာကို...အဲ့လိုဆိုရင် သူ့ရဲ့ရိုဇဟ်က ရိုဇဟ်မဖြစ်တော့ဘူး...ကဇွာရိုဇဟ်ပြန်ထားရမယ်...ဒါပေမယ့် ကဖ္ဖာရဟ်ဝါဂျိဗ်မထိုက်ဘူး...သို့ပေမယ့်လည်း ဘာမှမစားပဲ ရိုဇဟ်ထားသူသကဲ့သို့နေထိုင်သွားရပါမယ်...အဲ့လိုပဲ ညနေပိုင်းကို နေဝင်သွားတယ်ထင်ပြီး ဝါဖြေလိုက်တယ် ပြီးတော့မှ နေမဝင်သေးမှန်းသိရတယ်ဆိုရင် သူရဲ့ရိုဇဟ်ကပျက်သွားပါမယ်...အဲ့ဒီရိုဇဟ်ရဲ့အစား ကဇွာပြန်ထားရပါလိမ့်မယ်...ကဖ္ဖာရဟ် ဝါဂျိဗ်မထိုက်ပါ...နေမဝင်မချင်း ဘာမှစားလို့သောက်လို့မရပါ...မပိုင်ပါ...
အကယ်၍ မနက်အချိန်ကုန်သွားမှန်းမသိလောက်တဲ့ထိကို သံတယဖြစ်နေတယ်ဆိုရင် အဲ့လိုချိန်မှာ တစ်ခုခုစားခြင်းက မကရူဟ်ဖြစ်ပါတယ်...အဲ့လိုချိန်မှာ တစ်ခုခုစားလိုက်တယ် သောက်လိုက်တယ်ဆိုရင် အလွန်ပဲမကောင်းတဲ့လုပ်ရပ်ဖြစ်ပါတယ်...ဂိုနဟ်လဲထိုက်ပါတယ်...ပြီးတော့မှတဖန်ပြန်သိရတယ် မနက်စဲဟ်ရီချိန်က ကုန်ဆုံးသွားတယ်ဆိုတာကို အဲ့လိုဆိုရင် ရိုဇဟ်ကို ကဇွာထားရမယ်....အဲ့လိုမဟုတ်ပဲ သံသယနဲ့ အချိန်ကုန်မှန်းကိုလုံးဝမသိလိုက်ပဲ ဒီတိုင်းပဲနေလိုက်တယ်ဆိုရင် ကဇွာဝါဂျိဗ်မထိုက်ပါ...သို့ပေမယ့် ဒီလိုကိစ္စနဲ့ပါတ်သက်ပြီး အရေးတကြီး အထူးပဲဂရုစိုက်ထားရမယ့် ကိစ္စရပ်ဖြစ်ပါတယ်...အဲ့လိုသံသယနဲ့ဆိုရင်လဲ ကဇွာရိုဇဟ် ဝါဂျိဗ်မထိုက်ပေမယ့် ထားလိုက်ခြင်းက ပိုပြီးကောင်းပါတယ်...တဖန်ပြန်ထားလိုက်ရမှာဖြစ်ပါတယ်....ဒီလိုပုံစံကို လူတော်တော်များများ ခရီးမှာရှိတဲ့သူတွေ လမ်းခရီးမှာရှိတဲ့သူတွေ ကြုံတတ်ပါတယ်...ဖုန်းရှိနေသော်လည်း လမ်းခရီးမှာ အဆက်အသွယ်မရလို့ ပြတ်တောက်တဲ့အခါမျိုးနဲ့လဲ ကြုံကြိုက်တတ်ပါတယ်...ဒါကြောင့် အထူးပဲ သတိထားကြပါ...
မွစ်သဟဗ်ဝါဖြေခြင်းအကောင်းဆုံးက စိတ်ချလက်ချယုံကြည်စွာဖြင့်နေဝင်သွားမှန်းသိရတာနဲ့ ဝါဖြေလိုက်ခြင်းက အကောင်းဆုံးပါ...နောက်ကျပြီးဝါဖြေခြင်းက မကရူဟ်ဖြစ်ပါတယ်....
မိုးတိမ်ထူထပ်တဲ့နေ့ဆိုရင် အချိန်ကိုနည်းနည်းနောက်ဆုတ်ပြီး ဝါဖြေပါ...မိမိရဲ့စိတ်ထဲမှာ နေဝင်သွားပြီဆိုတဲ့ အထင်အမှားလုံးဝသံတယမရှိတော့ဘူးဆိုရင်ဝါဖြေပါ...အခုခေတ်ကတော့ အဆက်အသွယ်ကောင်းတဲ့ခေတ်ပါ ဒီလိုပုံစံကြုံရဖို့က ခက်ပါတယ်...သို့ပေမယ့် လမ်းခရီးမှာအဆက်အသွယ်မရတာတို့ ဧရိယာပြင်ပတို့ အခြားမြို့ရဲ့အနီးတဝိုက်ဖြစ်နေပေမယ့်လဲ အဲ့ဒီမြို့ရဲ့ ဝါဖြေချိန်ကို မသိလို့ ကြုံရတတ်ပါတယ်...ဒါကြောင့် ဒီလိုမဆ်အလဟ်တွေက သိထားဖို့အတွက်အရေးကြီးလှပါတယ်...
စွံပလွံသီးဖြင့်စပြီး ဝါဖြေခြင်းက ကောင်းပါတယ်...ဒါမှမဟုတ် တခြားသော အချိုတစ်ခုခုဖြင့်ဝါစဖြေပါ...ဒါမှမဟုတ် ရေဖြင့် ဝါကိုစဖြေပါ...တချို့သောသူတွေက (ဆားနဲ့) ပြောချင်တာက လက်ရဲ့ထိပ်နဲ့ကပ်ပါလာသလောက်ဆားနဲ့ ဝါကိုစဖြေခြင်းက စဝါးဗ်ရရှိမယ်လို့ထင်ထားကြပါတယ် ဒီလိုထင်နေခြင်းက မဟုတ်မမှန်တဲ့ ယုံကြည့်ချက် မှားနေတဲ့လုပ်ရပ်ဖြစ်ပါတယ်...
နေမဝင်ဘူးဆိုပြီး သံသယဖြစ်နေသ၍ အိဖ်သွာရ်လုပ်ခြင်းက မပိုင်ပါ...မြို့တွေမှာက အခုခေတ်မှာတော့ နေဝင်ခြင်းနဲ့ပါတ်သက်ပြီး သေသေချာချာအတိအကျ သိရှိကြတဲ့ခေတ်မလို့ သံသယကင်းလောက်မှာပါ...အပေါ်မှာပြောထားသလို လမ်းခရီးတွေမှာ အထူးပဲသတိထားရမယ့်အချက်ဖြစ်ပါတယ်...
လက်လှမ်းမှီသလောက်တင်ပြလိုက်ခြင်းဖြစ်ပါတယ်
အလ္လာဟ်အစားပေးပါစေ
بندہ محمد نصیر خان
***ကုရ်အာန်ဖတ်ရာ၌မကျွမ်းကျင်ပဲ ခက်ခက်ခဲခဲနဲ့ ထစ်ထစ်ပြီးဖတ်နေရလို့ ၀မ်းမနည်းလိုက်ပါနဲ့သင့်ရဲ့ဒီလိုဖတ်ရွတ်ခြင်းက နှစ်ဆ စ၀ါးဗ်ပိုရပါတယ်***
အခုလိုရမြတ်ရမ်ဇာန်မှာ ကုရ်အာန်ကိုသေလာဝသ်လုပ်တဲ့သူတွေက သာမာန်လတွေထက်ပိုပြီးများပြားပါတယ်...အားရှိစေတဲ့
ဟဒီးစ်တပုဒ်ကိုတင်ပေးလိုက်ခြင်းဖြစ်ပါတယ်...
ဟဇရသ်အာအေရှဟ်ဆွိဒ္ဒီကဟ်(ရဒွေ)သခင်မသည် တမန်တော်မြတ်(ဆွ)ရဲ့ထံတော်ပါးမှတဆင့် ဆင့်ပြန်လေသည်...အကြင်သူသည် ကျမ်းတော်မြတ်မြတ်ကုရ်အာန်ကိုဖတ်ရွတ်မည် ၄င်းနောက်ဖတ်ရွတ်ရာတွင်လည်း ကျွမ်းကျင်မည်ဆိုလျှင် ထိုသူသည် အာအ်မာလ်များကိုရေးမှတ်သောဖရိရှ်တာများနှင့် အမိန့်နာခံသောဖရိရှ်တာများတို့တွင် ပါဝင်မည်...သို့ပေမယ့် ကုရ်အာန်ကိုဖတ်ရွတ်မည် ဖတ်ရွတ်ရာတွင်လည်း မကျွမ်းကျင်ပဲခက်ခက်ခဲခဲ ထစ်ထစ်နေမည်ဆိုလျှင် ဤကဲ့သို့သောသူအပေါ်၌စ၀ါးဗ် နှစ်ဆ သာပို၍ရရှိမည်ဖြစ်သည်...
ابوداود۔۔١٤٥٤۔۔
بندہ محمدنصیرخان۔۔عزیزی
လမြင်ပါသည်။
ကို့ရဲ့ ဦးနှောက်နဲ့
ကို့ရဲ့စိတ်ခံစားချက်တေအတိုင်း
ပြုမူဆောင်ရွက်ခြင်းကို ဒီးန်လို့
ခေါ်တာမဟုတ်ပါဘူး
ဒီးန်ဆိုတာ
အလ္လာဟ်အရှင်ရဲ့အမိန့်တေကို
နဗီ့ရဲ့လမ်းစဥ်အတိုင်း
ပြုမူဆောင်ရွက်ခြင်းကိုသာ
ဒီးန်လို့ခေါ်တာပါ။
حماد ﴿عزیزی﴾
မျှားသုံးချက်ထိတာတောင်မှ နမားဇ်ကို အပျက်မခံခဲ့တဲ့ ဆွဟာဘဟ်က ဘယ်ဆွဟာဘဟ်လဲ?
ဟဇရသ်အဗ္ဗားစ်ဘင်န်ဗရှီးရ် (ရဒွေ)သခင်ဖြစ်ပါတယ်...
ငါအရှင်မြတ်ကိုယ်တိုင် အစားချီးမြှင့်မယ်ဆိုပြီးပြောခဲ့တဲ့အေဗာဒသ်က ဘယ်အေဗာဒသ်လဲ?
ရိုဇဟ်ရဲ့အစားကို ချီးမြှင့်မှာဖြစ်ပါတယ်...
မုစလ်မာန်ပေါ်မှာ ဟလာလ်ကနေ ဟရာမ်ရဲ့အခြေနေသို့ရောက်ရှိသွားတာက ဘယ်အခြေနေမှာလဲ?
နမားဇ်ရဲ့အခြေနေမှာပါ...
တမန်တော်မြတ်(ဆွ)ရဲ့ နောက်ဆုံးနမားဇ်မှာ ဘယ်စူရဟ်ကို ဖတ်သွားသလဲ?
စူရဟ်မွရ်စလားသ်...
မြေပထ၀ီမှာ ပထမဦးဆုံး ပေါက်ရောက်တဲ့အပင်က ဘယ်အပင်လဲ?
စွံပလွန်ပင်
အရင့်အရင်နဗီတမန်တော်များရဲ့ စကားက အရ်ဗီစကားရပ်မဟုတ်ပဲ ၄င်းနဗီတမန်တော်များထံသို့ ဟဇရသ်ဂျိဗ်ရာအီးလ်(အ)က ဘယ်ဘာသာစကားရပ်နဲ့ နဗီများကို ၀ဟီပို့ချခဲ့တာလဲ?
အလ္လာဟ့်အမိန့်နဲ့ အလ္လာဟ်က ဟဇရသ်ဂျိဗ်ရာအီးလ်(အ)ကနေတဆင့် အရ်ဗီဘာသာစကားရပ်နဲ့ပဲ ၀ဟီကို ပို့ချခဲ့ပေးပါတယ်...နဗီတမန်တော်များက တဖန်မိမိရဲ့ဘာသာစကားရပ်သို့ အဓိပ္ပါယ်ပြန်ပြီး မိမိရဲ့ ကောင်မ် မျိုးနွယ်ဝင်အုပ်စုတွေကို နားလည်သဘောပေါက်အောင် အလ္လာဟ့်ရဲ့အမိန့်တွေကို တဖန်ပြန်လည်ပို့ချပါတယ်....
ကယာမသ်မှာ မြေပထ၀ီကို လှုပ်ခါလိမ့်ပတ်အောင်လုပ်မယ့် ဖရိရှ်တာရဲ့နာမည်ကဘာလဲ?
၎င်းဖရိရှ်တာရဲ့နာမည်က ရေယာဖီးလ် ဖြစ်ပါတယ်...
အသက်နုတ်တဲ့အခါမှာ မလကွလ်မောသ်လို့ခေါ်တဲ့ ဟဇရသ်အိဇ်ရာအီးလ်(အ)ကို ကူညီပေးတဲ့ နောက်ထပ်ဖရိရှ်တာ ဘယ်နှပါးရှိသလဲ?
ဖရိရှ်တာခြောက်ပါးရှိပါတယ်...သုံးပါးက မွတ်စလ်မာန်တွေကိုအသက်နုတ်တဲ့အခါမှာကူညီပြီး...ကျန်တဲ့သုံးပါးက ကာဖိရ်ကိုအသက်နုတ်တဲ့အခါမှာ ကူညီတဲ့ဖရိရှ်တာပဲဖြစ်ပါတယ်...
ဘယ်သမ္မတရဲ့ စာကိုအကြောင်းခံပြီး အလ္လာဟ်က နိုင်းမြစ်ကြီးကို ဒုတိယအကြိမ် တဖန်ပြန်လည်စီးတွေစေလဲ??? လက်ရှိအခြေနေမှာလဲ စီးတွေနေပါတယ်..
ဟဇရသ်အိုမရ်ဖွာရူးက်(ရဒွေ)သခင်
မိမိကိုယ်ကို ခိုဒါ ဖန်ဆင်းရှင်ဖြစ်ကြောင်းကို ကြွေးကျော်ခဲ့တဲ့ နမ်ရူးဒ်ရဲ့ နာမည်ကဘာလဲ?
ဟာဆွိဒ်...
တမန်တော်မြတ်(ဆွ)ရဲ့ကဗရ်ကို တူးဖို့အတွက် ဘယ်သူက အစီစဉ်လုပ်သလဲ?
ဟဇရသ် သွာလ်ဟဟ်(ရဒွေ)သခင်...
ကျမ်းတော်မြတ်ကုရ်အာန်ထဲမှာ ဘယ်မျိုးနွယ်စုဝင်ကို အလ္လာဟ်က အမိန့်ဖီဆန်သူ နာမခံသူအဖြစ်နဲ့ အများဆုံးပြောခဲ့သလဲ?
ဗနီအစ္စရာအီလ်မျိုးနွယ်ဝင်စု...တနည်းအားဖြင့် အခုလိုဆိုရင် ဂျူးလူမျိုးတွေပေါ့...လက်လှမ်းမှီသလောက် တင်ပြလိုက်ခြင်းဖြစ်ပါတယ်...အလ္လာဟ်အစားပေးပါစေ...
***ကာဖိရ်တွေနဲ့ပါတ်သက်ပြီးအလ္လာဟ့်ရဲ့အံ့ဖွယ်ကြွေးကြော်ခြင်း***
အလ္လာဟ်က ကာဖိရ်တွေကိုလည်းကျွေးမွေးတယ်...အမိန့်ဖီဆန်သူတွေကိုလည်း ကျွေးတယ်...သူတို့နဲ့ပါတ်သက်ပြီးအလ္လာဟ်ကိုယ်တိုင်ကြော်ငြာထားတယ်...
ذرني والمكذبين... أولى النعمة ....ومهل هم قليلا....
အသင်လွှတ်ထားလိုက်ပါ...ငါအရှင် သူတို့ တွေကို ရက်အနည်းငယ်အတွက်သာ အခွင့်ရေးပေးထားပါတယ်...
ذرهم يخودون ويلعبون.....سورہ مزمل..29پارہ۔۔۔۔
ကာဖိရ်တွေနဲ့ပါတ်သက်ပြီး လွှတ်ထားလိုက်ပါ...ငါအရှင်က သူတို့တွေကို သေခါနီးအချိန်အထိပဲ အခွင့်ရေးပေးထားပါတယ်...မင်းတို့တွေ ဒါစားကြ ဒါသောက်ကြ...
لبيوتهم سقفا من فضة...ومعارج عليها يظهرون. ..ولبيوتهم أبوابا وسرراعليها يتكںؤن وزخرفا. ...سورہ زخرف ۔۔۔25پارہ
ငါအရှင်မြတ်က ကာဖိရ်တွေရဲ့အိမ်ကို ရွှေနဲ့လုပ်ထားတဲ့အမိုး ရွှေအမိုး..ရွှေငွေနဲ့လုပ်ထားတဲ့လှေကားထစ်...ရွှေငွေတံခါးပေါက်တွေ...ရွှေငွေအခင်းတွေ...မြေကြီးအခင်းမဟုတ်ဘူးနော်..ရွှေငွေသော့ခလောက်တွေနဲ့ခတ်ကြလိမ့်မယ်...ရွှေတံတိုင်းတွေထောင်ကြလိမ့်မယ်...ရွှေငွေနဲ့လုပ်ထားတဲ့ကုတင်တွေကို ကာဖိရ်တွေအတွက် အခွင့်ရေးပေးလိုက်လိမ့်မယ်...ဒီအရာတွေကိုသူတို့တွေ ဒွန်ယွှာအသုံးပြုနိုင်စွမ်းအလ္လာဟ်က ကာဖိရ်တွေကိုပေးလိမ့်မယ်...ဒါကတော့ ကုရ်အာန်ကမိန့်ချွေနေတာ...တဖက်မှာ ဟဒီးစ်ကလည်း မိန့်ချွေထားပါတယ်...သူတို့ရဲ့ခန္ဓာကိုယ်က သံနဲ့လုပ်ထားသလို....ဒီနေရာမှာ သံရဲ့အ လိုသဘောက...သံဆိုတာ အိုလည်းမအိုဘူး ရောဂါလဲမဖြစ်ဘူး အားအင်လည်းမနည်းဘူး လောကမှာသူတို့တွေအတွက်က သံလိုပဲအားအင်များလိမ့်မယ်...ဒီလိုပုံစံနဲ့ သူတို့လိုကာဖိရ်တွေကို ဒွန်ယာမှာအခွင့်ရေးပေးတယ်...ပြီးရင် အရှင်မြတ်ထံပြန်သွားရမယ်....၄င်းနောက် သင်တို့တွေကို ငါအရှင်မြတ်က သူတို့လိုမပေးဘူး....
***ဒါနဲ့ပါတ်သက်ပြီး တမန်တော်မူစာ(အ)ကအလ္လာဟ်ကိုမေးမြန်းခြင်း***
အခုမေးတဲ့မေးခွန်းက ဒီအခုခေတ်ကမေးခွန်းမဟုတ်ဘူး...မူစာ(အ)ရဲ့ခေတ်ကမေးခွန်းပါ...
يارب انك تقدر على مؤمن. ..
မူစာ(အ)က အလ္လာဟ်ကို ယားအလ္လာဟ် မွစ္စလ်မာန်တွေကိုကျတော့ ခက်ခဲတဲ့ပုံစံနဲ့ ဘ၀ကိုဖြတ်သန်းစေတာ ဘာကြောင့်လဲ???...မွစ္စလ်မာန်တွေက အရှင့်အမိန့်ကိုနာခံပြီး ခက်ခဲနေရတာဘာကြောင့်လဲ????...မူစာ(အ)ကာဖိရ်နဲ့ပါတ်သက်ပြီးအလ္လာဟ်ကို ဒီလိုပြန်မေးတယ်...
وانك تكثر على الكافر....
အိုးအရှင် ကာဖိရ်တွေကိုကျတော့ မြောက်များစွာသောအရာတွေကိုပေးတာ ဘာကြောင့်လဲ???....ဆိုတော့...အလ္လာဟ်သအာလာက ဂျဟန္နမ်ရဲ့တံခါးကိုဖွင့်ပြီး ပြောတယ်...အိုးမူစာ(အ)...
هذا ما أعدت للكافر. ...
ဒီမှာကြည့်လိုက်ပါ ကာဖိရ်တွေအတွက် ငါအရှင်မြတ်က ဘာတွေလုပ်ထားလဲဆိုတာ....
***အလ္လာဟ်အရှင်မြတ်ရဲ့အဖြေနဲ့ဂျဟန္နမ်ရဲ့အခြေနေ***
ဂျဟန္နမ်ကိုမြင်တဲ့အခါ တောက်လောင်နေတဲ့ ပြင်းထန်းပြီး ဆူညံနေတဲ့ ဂျဟန္နမ်ရဲ့မီးက....
إنها لظي. ..نزاعة اللشوى. .تدعو من أدبر وتولى. ..وجمع فاوعى...(سورہ معارج۔۔آیت 18۔۔29پارہ۔۔۔
ဂျဟန္နမ်မီးကဘယ်လိုလဲဆိုတာဆက်လက်ကြည့်ပါ....
نطلع على الأفءدة. ..(سورہ همزه ..آيت 7..پارہ30۔۔
خذوه فغلوا. .ثم الجحيم صلوة ...ثم في سلسلةذرعها سبعون...ذراعافاسلكوه..سورہ حاقہ آیت 32۔۔پارہ۔۔29۔۔
تصلي نارا حامية. ..تسقى من عين انية. ..
سموم حميم. .لاباردولاكريم.... وجوه يومئذ خاشعة. ..عاملة...ناصبة. ..
ليس لهم طعام إلا من ضريع. ..لايسمن ولايغني من جوع..
هذه جهنم اللتي يكذب بها المجرمون. ..يطوفون ببنها وبين حميم ان...فبأي الا ءربكما تكذبان. ...
ဒီအာယသ်တွေအားလုံးရဲ့အတိုချုံန်းအဓိပ္ပါယ်က ကြောက်မက်ဖွယ်ကောင်းတဲ့ တောက်လောင်နေတဲ့ ဂျဟန္နမ်မီးရဲ့ အကြောင်းတွေပဲဖြစ်ပါတယ်.....
كلما خبت زدناهم سعيرا. ..(سورہ بنى إسرائيل. .آيت 97. پارہ15۔۔
ဂျဟန္နမ်မီးက နည်းနည်းလေးပဲ ပေါ့သွားမယ်ဆိုတာနဲ့ အလ္လာဟ်က ပိုပြီးတောက်ေ လာင်လာအောင်လုပ်လိုက်လိမ့်မယ်...အလ္လာဟ်မလုပ်ပါစေနဲ့...အဲ့ဒီဂျဟန္နမ်မီးရဲ့ မီးပွားသေးသေးလေးပဲ မြန်မာပြည်ကိုကျလာခဲ့မယ်ဆိုရင် မြေကြီးတွေအားလုံး ခါးသွားလိမ့်မယ်...အသီးတစ်လုံးမှာ ချိုမြတော့မှာမဟုတ်ဘူး...သစ်ရွက်တစ်ရွက်မှ စိမ်းတော့မှာမဟုတ်ဘူး...ရေတစ်အိုးလောက် လိုတာအိုးတစ်အိုးစာလောက်ရေကို သမုဒ္ဒရာခုနှစ်ခုထဲကိုထည့်လိုက်မယ်ဆိုရင် သမုဒ္ဒရာခုနှစ်ခုလုံးရေတွေအားလုံး ဆူပွက်လာလိမ့်မယ်...ဂျဟန္နမ်က အဲ့လောက်အထိပြင်းထန်တဲ့ မီးဖြစ်ပါတယ်....
ဂျဟန္နမ်ထဲမှာရှိတဲ့သူတဲ့အခြေနေ...သူတို့တွေသောက်ဖို့ပုဂံထဲမှာရေဖြည့်ပေးလိုက်လို့ ရေသောက်ဖို့အတွက် ပုဂံကိုပါးစပ်နဲ့ကပ်လိုက်တာနဲ့ အဲ့ဒီရဲ့အငွေ့နဲ့တင် ခေါင်းကသားရေတွေ မျက်နှာကသားရေတွေ သူဟာသူ ကြွေကျသွားလိမ့်မယ်....သူ့မျက်နှာရဲ့အခြေနေကို ပုဂံထဲမှာ သူကိုယ်တိုင်မြင်ရလိမ့်မယ်...သို့ပေမယ့်လည်း အဲ့ဒီရေကို မသောက်လို့ကိုမရတာ..သောက်ကို သောက်ရလိမ့်မယ်...အဲ့ဒီအချိန်ကျရင် သေခြင်းတရားကိုတမ်းတလိမ့်မယ်...သေခြင်းတရားကိုယ်တိုင်ကတောင် သေဖို့အတွက်တောင်းခံလိမ့်မယ်...
يامالك ليقض علينا ربك. ..
သေခြင်တရားကပြောလိမ့်မယ်...အိုးသေခြင်းတရားရေ သင့်ရဲ့အရှင်ထံကနေ သေဖို့အတွက်တောင်းခံပေးပါ....
إنكم ماكثون. .
သေခြင်းတရားတောင်မှ သေချင်နေပြီးမေ့သွားလိမ့်မယ်...ဒါပေမယ့် မသေနိုင်တော့ဘူး...ပြောလိမ့်မယ်အဲ့အချိန်ကျရင်....
ادعوا ربكم. .يخفف عنا يوما من العذاب...سوره مؤمن. .آيت 49..پارہ23
သေလို့မရတော့ဘူးဆိုရင်လဲ အဇားဗ်ကို နည်းနည်းပေါ့အောင်လုပ်ပေးပါလို့ပြောကြလိမ့်မယ်...အဲ့ဒီအချိန်မှာ ဒီအဖြေလာလိမ့်မယ်...
أولم تك تأتيكم رسلكم بالبينت. .(.سوره اعراف..8پارہ)
ဒွန်ယာမှာ သင်တို့ကို ဒါနဲ့ပါတ်သက်ပြီး ပြောပြတဲ့ပုဂ္ဂိုလ်မလာခဲ့ဘူးလား????...
သူတို့တွေဖြေလိမ့်မယ်...قالوا بلى. ... ဘာကြောင့်မလာရမှာလဲ လာပါတယ်လို့ဖြေလိမ့်မယ်...ပြောပြဖို့လာတဲ့ပုဂ္ဂိုလ်ကို ကျွန်တော်တို့တွေ စနောက်ခဲ့တယ်လို့ပြောကြလိမ့်မယ်...ذوقو مس سقر....ယခုသင်တို့တွေ ခံစားပြီးနေလိုက်တော့ ဒီအဇားဗ်က လျော့သွားဖို့မရှိဘူး...သူတို့တွေဘာလုပ်ကြမလဲအခု..သူတို့တွေအလ္လာဟ်အမိန့်ကိုဖီဆန်ကြပြီတော့ ခွင့်လွတ်ပေးပါဆိုပြီး တောင်းခံကြလိမ့်မယ်...
غلبت علينا شقوتنا وكنا قوما ضالين. .
သူတို့တွေကိုအလ္လာဟ်ကပြောလိမ့်မယ်...
اخشءو فيها ولاتكلمون. ...سوره مؤمن. .آيت 108..پارہ 18۔۔۔
အသင်တို့တွေအပိုစကားတွေပြောမနေနဲ့တော့...ဂျဟန္နမ်ထဲကသူတွေအတွက် ဒါအလ္လာဟ်ရဲ့နောက်ဆုံးစကားပဲဖြစ်ပါတယ် ....အဲ့ဒီနောက်အလ္လာဟ်က ဂျဟန္နမ်ကို သော့ခတ်လိုက်လိမ့်မယ်...ဒီနေ့ကစပြီး ဘယ်အရာမှ အထဲကိုဝင်လို့မရသလို ဘယ်အရာကမှလည်း အပြင်ကိုထွက်လာလို့ရမှာမဟုတ်တော့ဘူးဆိုပြီး အမြဲတစေအတွက် ဂျဟန္နမ်ရဲ့တံခါးကို ပိတ်လိုက်မှာဖြစ်ပါတယ်....စာတွေအရမ်းများသွားပါပြီ....ယားအလ္လာဟ် ကျွန်တော်မျိုး တို့အားလုံးကို ဂျဟန္နမ်မီးရဲ့အဇားဗ်မှ ထိန်းသိန်းစောင့်ရှောက်တော်မူပါ......
ကြီးမားတဲ့မိုးတိမ်ထဲကနေ မပြောပါးလောက်တဲ့ မိုးစက်လေးက ရွာချတယ်...ဒီမိုးစက်လေးက ပင်လယ်သမုဒ္ဒရာကြီးကိုမြင်တော့ ရှက်မိရင်းနဲ့ စိတ်ထဲကနေပြောတယ် ကြီးမားလှတဲ့ ပင်လယ်သမုဒ္ဒရာရဲ့ရှေ့မှာ ငါက မပြောပါးလောက်လေးပါပဲ...ပင်လယ်ကြီးရှိနေမှတော့ ငါတို့လိုမိုးရေစက်လေးက မရှိသလိုပါပဲ...ဒီမိုးရေစက်လေးက မိမိကိုယ်ကို သေးတိမ်တဲ့အမြင်နဲ့ကြည့်နေတုန်းမှာပဲ မုတ်ကောင်ကလာပြီး မိုးစက်လေးကို မိမိရဲ့ပါးစပ်ထဲမှာထည့်ပြီး ထိန်းသိမ်းစောင့်ရှောက်ထားလိုက်တယ်...ရက်အနည်းငယ်အတွင်းမှာပဲ မိုးရေစက်ကနေ တန်ဖိုးကြီးလှတဲ့ ပုလဲလုံးအဖြစ်သို့ပြောင်းလဲသွားတယ်...အဲ့ဒီတန်ဖိုးကြီးလှတဲ့ပုလဲလုံးကို ဘုရင်ရဲ့ခေါင်းပေါ်က သရဖူမှာ အလှဆင်ဖို့အတွက် ဖြစ်သွားတယ်...
ဒွန်ယာမှာမြောက်များစွာသောလူတွေထဲကနေ အလ္လာဟ်က ကျွန်တော်တို့တွေကိုရွေးချယ်ပြီး တန်ဖိုးဖြတ်လို့မရတဲ့ အီမာန်ဆိုတဲ့ရတနာကိုချီးမြှင့်ခဲ့ပါတယ်..အပေါ်မှာပြောသလို တန်ဖိုးရှိလှတဲ့ပုလဲလုံးကနေ ဘုရင့်ရဲ့ခေါ်ပေါ်မှာတပ်ဆင်တဲ့သရဖူမှာ အလှဆင်တပ်တဲ့နေရာကိုရောက်ရှိသွားတယ်...အဲ့လိုပဲ မြောက်များစွာသော လူတွေထဲကနေ ကျွန်တော်တို့တွေက မပြောပါးလောက်တဲ့လူသားဖြစ်ရင်ဖြစ်လိမ့်မယ် သို့ပေမယ့် အလ္လာဟ်ချီးမြှင့်ထားတဲ့ တန်ဖိုးဖြတ်လို့မရတဲ့ အီမာန်ဆိုတဲ့ရတနာကို ရရှိထားခြင်းဖြင့် နမ်းစေ့လောက်အီမာန်ပါသွားမယ်ဆိုရင်အချိန်တန်ရင် သင်နေရမယ့်နေရာက ဂျန္နသ်ပါပဲ...ဟဒီးစ်တော်မှာလာရှိပါတယ်...
الدنيا سجن المؤمن وجنة الكا فر..
ဒွန်ယာက မိုအ်မင်န်အတွက် အကျဉ်းထောင်ဖြစ်ပြီး ကာဖိရ်အတွက် ဂျန္နသ်ဖြစ်ပါတယ်...သူတို့အတွက် ဒွန်ယာကြီးက ဂျန္နသ်ဆိုတော့ ကြိုက်သလိုနေ ကြိုက်တာလုပ် ဘာမှမထူးဘူး...ဟရှရ်နေ့ကိုရောက်လာပြီးဆိုရင် အဲ့မှာ စတွေ့ပြီ...ဟရှရ်နေ့မှာ ကာဖိရ်တွေက ဒီလိုပြောကြလိမ့်မယ်...ကျမ်းတော်မြတ်ကုရ်အာန်ထဲက မိန့်ချွေထားပါတယ်...
ويقول الكافر يليتني كنت ترابا..
ကာဖိရ်တွေက ပြောလိမ့်မယ်...ငါတို့တွေမြေကြီးဖြစ်ခဲ့ရင် ကောင်းလေစွ ဆိုပြီး နောင်တရကြလိမ့်မယ်...ငါတို့တွေမြေကြီးဖြစ်ရင် ဘယ်လောက်ကောင်းမလဲဆိုပြီးပြောကြလိမ့်မယ်...ဒါကြောင့် သင်က အီမာန်ရှင်ဖြစ်တယ်...ဒွန်ယာမှာ အခက်ခဲပေါင်းများစွာနဲ့ ကြုံတွေ့ရမှာပဲ သင့်အတွက်ဒွန်ယာကထောင်လိုပါပဲ...ဒါကြောင့် ဆွဗရ်လုပ်ရင်းနဲ့ အလ္လာဟ့်အမိန့်ကိုနာခံပြီးနေထိုင်သွားမယ်ဆိုရင် သင့်ရဲ့စံမြန်းရာဌာနက အကောင်းဆုံးနေရာမှာရှိနေမှာပါ...
အီမာန်ရှင်တိုင်း ကောင်းမှုအမလ်လုပ်ပြီး အလ္လာဟ်နဲ့အလ္လာဟ့်ရစူလ်ရဲ့အမိန့်ကိုနာခံရင်းနဲ့ သက်တမ်းကိုကုန်ဆုံးနိုင်ကြပါစေ...
ကဗရ်မှာအကျိုးရှိစေမယ့်အမလ်(7)မျိုး
တမန်တော်မြတ်(ဆွ)မိန့်တော်မူသည်မှာ လူသားဟာကွယ်လွန်သွားပြီးနောက်ပိုင်းမှာလဲ သူ့ရဲ့အမလ်လုပ်ရပ်တွေက ကျန်ရှိနေအုံးမည် (ဆိုလိုတာက ဒီလုပ်ရပ်များဖြင့် စ၀ါးဗ်ရရှိနေမည်ဖြစ်သည်)
၁။တစ်ဦးတယောက်ကို သာသနာရဲ့အသိပညာသင်ပေးခဲ့သော်လည်းကောင်း
၂။မြောင်းတူးပြီး ရေတွေစီးဆင်းအောင်လုပ်ခဲ့သော်လည်းကောင်း...ဆိုလိုတာက ဒီရေကိုအကြောင်းခံပြီးဒီမြောင်းကိုအကြောင်းခံပြီး သူတပါးအကျိုးဖြစ်စေခြင်းကို ဆိုလိုတာပါ
၃။ရေတွင်းတူခဲ့သော်လည်းကောင်း
၎။သစ်ပင်စိုက်ခဲ့သော်လည်းကောင်း...ဆိုလိုတာက ဒီအပင်ရဲ့အရိပ် အသီးစသည်တို့ဖြင့် အခြားသူတပါးအကျိုးခံစားခွင့်ရခြင်းကိုဆိုလိုခြင်းဖြစ်ပါသည်...
၅။ဗလီတည်ဆောက်ခဲ့သော်လည်းကောင်း...
၆။ကျမ်းတော်မြတ်ကုရ်အာန်ကို ထားရှိခဲ့သော်လည်းကောင်း...ဆိုလိုတာက ကျမ်းတော်မြတ်ကုရ်အာန်ကိုဝယ်ယူပြီး လှူခဲ့ခြင်း သို့မဟုတ် တဦးတယောက်ကို ကျမ်းတော်မြတ်ကုရ်အာန်သင်ပေးခဲ့ခြင်း စသဖြင့်
၇။မွန်မြတ်ကောင်းမွန်တဲ့သားသမီးများကို ထားရှိခဲ့သော်လည်းကောင်း...၄င်းသားသမီးများက သင်ကွယ်လွန်ပြီးနောက် သင့်အတွက် မဂ်ဖွေရသ်ရဲ့ဒိုအာကိုတောင်းပေးခြင်း...သင့်နဲ့ပါတ်သက်ပြီး ကောင်းမှုများလုပ်ပေးသောသားသမီးများ...
( الجامع الكبير لجلال الدين سيوطى...13054...حديث حسن)
ဟဒီးစ်ရဲ့ဆိုလိုရင်းနဲ့အတူ တင်ပြထားခြင်းဖြစ်ပါတယ်..သင့်နဲ့အတူ ကဗရ်မှာ ရရှိမယ့် စ၀ါးဗ်များဖြစ်ပါတယ်...ဆွဒကဟ်ဂျာရီယဟ်ဖြစ်ပါတယ်...အမလ်လုပ်နိုင်ကြပါစေ...
Islamic University
#ဟဇရသ်အိုမရ်နောက်ဆုံးချိန်ဝဆွီယတ် #
ဟဇရသ်အိုမရ် ဓားထိုးခံလိုက်ရချိန် သောက်လိုက်တဲ့ နို့ဟာ ခါးနေရာကနေ ယိုစီးကျလာခဲ့တယ်။
ဆရာဝန်က. ""ခေါင်းဆောင်ကြီးခင်များ ရှင်သန်ရပ်တည်ဖို့ မဖြစ်နိုင်တော့ဘူး သေတမ်းစာ များမှာကြားတော်မူပါတော့""
ဟဇရသ်အိုမရ်သခင်ကြီးက သားတော် အဗ္ဗသုလ္လာကို ခေါ်၍ ""ဟိုဇိုင်ဖဟ်ဘင်န်ယမာန်းကို ငါ့ဆီခေါ်လာခဲ့..""လို့ ပြောလိုက်တယ်။ (ဟဇရသ်ဟိုင်ဇိုင်ဖဟ်ဘင်န်ယမာန်းဆိုတာ ကိုယ်တော်သခင် လျှိဝှက်စွာထားရှိတဲ့ မိုနာဖိက်(သာသနာ့အရေခြုံ)တို့ရဲ့ စာအင်းရရှိတဲ့တစ်ဦးတည်းသော ဆွဟာဗာဖြစ်တယ်)
ဟဇရသ်ဟိုဇိုင်ဖဟ်ရောက် လာတော့ အိုမရ်သခင်ကြီး ဓားဒဏ်ရာကနေသွေး ယိုစီးနေလျက် "" ဟိုဇိုင်ဖဟ် ငါအလာဟ် ကို့ တိုင်တည်ပြီး မေးမယ်. ကိုယ်တော်ပြောပြခဲ့တဲ့ မိုနာဖိက် (အရေ ခြုံ)ထဲ ငါပါလား...?""
ဟိုဇိုင်ဖဟ်သခင် မျက်ရည်များဖြိုင်ဖြိုင်ကျ၍ "" အို.....အိုမရ် ဒီလျှိဝှက်ချက်ကိုသစ္စာရှိရှိ စောင့်ထိန်းရမှာ ကျွန်တော့်တာဝန်ပါ. ကျွန်တော်ပြောနိုင်စွမ်း မရှိပါဘူး""အိုမရ်သခင် ထပ်မေးတယ်""အလာဟ့်ကစမ် ပြောကိုပြောရမယ် ငါ့နာမည်ပါလား ဟိုဇိုင်ဖဟ်...ပြောပါ ......"""ဟိုဇိုင် ဖာဟ်သခင် ငိုကာယိုကာနဲ့""အလာဟ်ကစမ် ခင်များအပြင်တခြားသူကို ကျွန်တော်မပြောနိုင်တော့ပါဘူး ခင်များနာမည် မပါဘူး""
အိုမရ်သခင်ကြီး သားတော်အဗ္ဗသုလ္လာကိုပြောတယ်."" လောကမှာ ဖြစ်ချင်တာ တစ်ခုကျန်သေးတယ်""သားတော်."ပါပါ.... ဘာဖြစ်ချင်တာလဲ ပြောပါ""
အိုမရ်သခင်ကြီး ""ကိုယ်တော်သခင်ရဲ့ဘေးမှာ မြုပ်နှံခံရချင်တယ် သား မင်း.......မုအ်မင် န်တွေရဲ့မိခင်မွန်ကြီး ဟဇရသ် အာအေရှာဟ်ထံ...သွား..သူ့ ထံရောက်ရင် မုအ်မင်န်တွေရဲ့ခေါင်းဆောင်လို့မပြောနဲ့နော် အိုမရ်လို့ပြော...အသင်မက အိမ်ပိုင်ရှင်ဖြစ်တယ်
အသင်မ ခွင့်ပြုမယ်ဆို အိုမရ်က သူ့မိတ်ဆွေနှစ်ဦးရဲ့ ခြေတော်ရင်းမှာ မြုပ်နှံခွင့် လိုချင်ပါတယ်""လို့ သခင်မကြီးထံ တောင်းခံပါ....
(ကိုယ်တော်မြတ်ကြီးနဲ့ဟဇရသ်အဘူဘကရ်၏ဂူဗိမ္မာန်သည် ဟဇရသ်အာအေရှာဟ်ပိုင် အိမ်ထဲ၌ရှိသောကြောင့် အသင်မသည် အိမ်ပိုင်ရှင်လို့ ပြောဆိုခြင်းဖြစ်ပါသည်)
အာအေရှာဟ်သခင်မက"ကျွန်မ အစကတော့ ဤနေရာကို ကျွန်မအဖို့ ထားတာဖြစ်တယ် ဒီနေ့ အိုမရ်အတွက် ပေးပါတယ်""ဝမ်းမြောက်စွာနဲ့ သားတော်မောင် အပြေးတပိုင်းပြန် လာခဲ့တယ်။ ""ပါပါ.....သခင်မကြီး ပါပါအတွက် ခွင့်ပေးပါတယ် ပါပါ...""
အနည်းငယ်ကြာပြီးနောက် အိုမရ်သခင်ကြီး မိမိပါးပြင်ကို မြေပေါ်ကပ်ထားတော့ သားတေ ာ်က အသာတကြည်မ၍ မိမိပေါင်ပေါ်တင်လိုက်တယ်။
အိုမရ်သခင်"" သား....ပါပါ့ပါးကို မြေပေါ်မှာ ချထားပါ မကိုင် ပါနဲ့ မြေနဲ့လူးထိလို့အောင် ..ယနေ့ အလာဟ်ရဲ့ ခွင့်လွတ်မူသာ မရရင် မနက်ဖြန် အိုမရ် ငရဲသို့သွားရမှာ""
ဟဇရသ်အိုမရ် သားတော်အဗ္ဗသုလ္လာကို မှာတမ်းခဲ့သည် မှာ""ငါသေရင် မစ်ဂျေဒေ့န်နဗဝီမှာ ဂျနာဇာဟ်ဖတ်ပေး။ ဂျနာဇာဟ်မှာ ဟိုဇိုင်ဖဟ်ပါဝင်လား ကြည့်ပါ။ ဟိုဇိုင်ဖဟ်လာရင် ငါ့ကို ကိုယ်တော့်အိမ်တော်ဆီသို့ သယ်သွားပါ။ ကိုယ်တော့်အိမ်ရောက်ရင် ဟဇရသ်အာအေရှာဟ်သခင်မကြီးကိုမေးပါ. ""
အို...အမေ........ အမေ့ရဲ့သားအိုမရ်လို့ပြောနော်. မုအ်မင်န်တို့ရဲ့ခေါင်းဆောင်လို့ မပြောနဲ့ ""သခင်မကြီးရှက်လို့ ခွင့်ပြုတာမျိုးမလိုချင်ဘူး။ခွင့်မပြုရင်လည်း အများမွတ်စ်လ်မာန်းတွေရဲ့ကဗရ်စတာန်မှာ မြုပ်နှံပေးပါ။""
ဆုံးပါးသွားတဲ့ချိန် ဂျနာဇဟ်မှာ ဟဇရသ် ဟိုဇိုင်ဖဟ် ပါဝင်ခဲ့တယ်။ ဟဇရသ်အာအေရှာဟ်သခင်မကြီးလည်း ကြည်ဖြူစွာနဲ့ ခွင့်ပေးခဲ့တယ်။
#ဟဇရသ်အိုမရ်ဆိုတာ ဂျန္နသ်ရဲ့သတင်း ကောင်းရထားတဲ့ ဆွဟာဗဟ် #ဟဇရသ်အိုမရ်ဆိုတာ တရားမျှတမူမှာ စံထားရတဲ့ အစ္စလာမ်ရဲ့ ဒုတိယမြောက် ခလီဖာကြီး ဒီလိုပုဂ္ဂိုလ်ကြီးတောင်မှ အာခေရသ်နဲ့ပတ်သက်၍ ဤမျှလောက် သောကဗျာဒပွားများနေတာ......
မိတ်ဆွေများနဲ့ကျွန်တော် မနက်ဖြန် အလာဟ့်ကျေနပ်မူ ရမလား မရဘူးလား မသိပေမယ့် ပျော်နေကြတာ စဉ်းစားသင့်ပြီး......
အို......အရှင်မြတ်သခင်...... ကျွန်တော်တို့နဲ့ တကွ မွတ်စလ်မာန်းထုတစ်ရပ်လုံးကို
ဘယ်သောခါမှ လမ်းမှားခြင်းမရှိသော ကံဆိုးမူကင်းသောလမ်းစဉ်(ဟေဒါယသ်)ဟူသောလမ်းအား ချီးမြှင့်တော်မူပါ......
🤲အာမီးန်
#ဝေယံ
မဇွာဟိရ်အုလူးမ် စဟာရန်ပူရ်ကျောင်းမှ
လစဥ်ထုတ်ဝေသည့် ဖေဖော်ဝါရီလ
စာစောင်တွင်
ဟဇရသ်မော်လာနာမုဖ်သီရှမ်စုဒ်ဒုဟာဆွာဟိဗ်
{မဇွာဟိရီ }
အလ္လာဟ်အရှင်မြတ်အမိန့်တော်ခံယူခြင်းနှင့် ပတ်သက်သည့်
သအ်ဇီယသ် ဆောင်းပါး......
လူတယောက်ငိုနေတာကိုမြင်ပြီး နောက်တယောက်က၄င်းငိုနေတဲ့သူကိုမေးတယ်...
ဘာကြောင့်ငိုနေရတာလဲ???...ထိုသူကဖြေတယ်...
ကျွန်တော့မှာ သားလေးတယောက်ထဲပဲရှိတယ်
သူ့ကို ပညာကောင်းကောင်းသင်ပေးခဲ့တယ်...ပညာရှင် ပညာတတ်လူကြီးလူကောင်းဖြစ်ဖို့ရည်ရွယ်ချက်နဲ့သင်ပေးတယ်...အဆင့်မြင့်မြင့်နဲ့ ဘွဲ့ထူးလက်မှတ်အောင်ချက်တွေရရှိပြီးနောက် တခြားနေရာတွေကိုပါ စေလွတ်ဖို့လုပ်ခဲ့တယ်...သို့ပေမယ့် ရုတ်တရက် သားလေးက နေမကောင်း နာမကျန်းဖြစ်တော့ ဆရာဝန်ကပြောတယ် သားလေးက သူ့ဘဝရဲ့ နောက်ဆုံးအသက်ရှုရှိုက်နူန်းကို ရည်တွက်နေရတဲ့အခြေကိုရောက်သွားပါပြီ...
ဒီလိုအခြေနေမရောက်ခင်လေးမှာ သားလေးက အဖေကိုပြောတယ် အဖေရေ သားရဲ့ ဘွဲ့လက်မှတ် ရာထူး certificatesတွေကိုယူလာပေးပါ...ဖခင်ဖြစ်သူကယူလာပေးတယ်...သားလေးကပြောရှာတယ် အဖေရေ ဒါတွေအားလုံးက သားအတွက်အဖေကြိုးပမ်းပေးခဲ့တဲ့ ဘွဲ့လက်မှတ်တွေပါ...ဒါပေမယ့်အဖေက သားကို ကုရ်အာန်မသင်ကြားပေးခဲ့ဘူး...ဒီန်ကိုမသင်ကြားပေးခဲ့ဘူး နမားဇ်ဖက်ကို မတိုက်တွန်းခဲ့ဘူး နမားဇ်နဲ့သက်ဆိုင်တာတွေကို မသင်ကြားပေးခဲ့ဘူး...မဆ်အလဟ်တွေ မသင်ပေးခဲ့ဘူး...အခု သားရဲ့အရှင်ရဲ့ရှေ့မှောက်မှာ သားဘယ်လိုလုပ်ပြီး မျက်နှာသွားပြမှာလဲ???...
မိတ်ဆွေ ဒီကနေ့ သင်တို့ကျွန်တော်တို့ရဲ့လုပ်ရပ်က ဒီလိုဖြစ်နေမလား???...
Sufiyah Islamic University
ဒုတိယနေ့ ဂျလ်စဟ်အခမ်းအနားတွင်
အလ်ဟားဂ်ျ မောင်လာနာ မွဖ်သီ မိုဟမ္မဒ် အစ္စမာအီးလ် ဆွာဟိဗ်ရဲ့
ကျောင်းသားများကို အတိုချုံး နဆွီဟသ်
5.2.2204..တနင်္လာနေ့
ကြေကွဲ မှတ်တမ်း
တစ်ခေတ်တစ်ခါ ထွက်ပေါ်လာ
ထွန်းလင်းပေးခဲ့ ကျွန်တော်တို့အတွက်
တပည့်နေရာ ရှိစဥ်အခါ
ဆရာတို့အတွက် ဂုဏ်တင့်ခဲ့
ဆရာနေရာ ရောက်ပြန်လာ
တပည့်များအတွက် စံထားခဲ့
တာဝန်ကျရာ နေရာမှာ
ကျေပွန်ခဲ့တယ် ဆရာကြီးရယ်
သက်တမ်း တစ်လျှောက်
လမ်းဖြောင့်ဖြောင့်
လျှောက်လှမ်းခဲ့တယ် တို့ဆရာရယ်
ထိုသို့လမ်းစဥ် လျှောက်လှမ်းရင်း
တပည့်သားတွေမွေးခဲ့တယ်
တပည့်သာချင်းလက်တွဲရင်း
သာသနာ့ဝန်တွေထမ်းခဲ့တယ်
အမြဲအစဥ်ပြုံးပြုံးရွှင်
ဆရာကြီး ရုပ်သွင်ထာဝစဥ်
အွမ္မသ်အရေး အမြဲတွေး
သောကရှိလှ ဆရာကြီးက
ဆူဖီယဟ် ဂုဏ်အင် ဆရာကြီးပင်
ထိန်းသိမ်းကြပေ တို့တစ်တွေလေ
ဆရာကြီး ခြေလှမ်း မပျက်တမ်း
လျှောက်လှမ်းကြမယ် တို့တစ်တွေလေ
နောက်ဆုံးနေ့ရက် တို့နှုတ်ဆက်
ဖြေဆည်မနိုင်ခဲ့ ထိုနေ့ရက်
အမှတ်တရ မိုးပါ ရွာသွန်းလာ
မိုးလည်းငိုခဲ့ ထိုနေ့ရက်
မိုးရေနဲ့အတူ မျက်ရည်ပူ
စီးကျလာခဲ့ ထိုနေ့ရက်
ဖြေမဆည်နိုင် ရင်ထဲမှိုင်
တမ်းတကြေကွဲ မျက်ရည်ရွှဲ
ဒီနှစ် ဂျလ်စဟ် ဆရာကြီးမပါ
ရင်ထဲလှိုက်ကာ ဝမ်းနည်းစရာ
ရှမ်စုဒ္ဒုဟာ နာမည်ဟာ
အမြဲအစဥ် ကျန်ရစ်မှာ
ဆရာကြီးရုပ်သွင် ထာဝစဥ်
တမ်းတကြေကွဲ လွမ်းနေဆဲ
မော်လဝီမိုဟမ္မဒ်ယူစွတ်ဖ်(အဇီဇီ..ရေနီ)
ရွှေကြာပင်ဗလီရှေ့ဆောင်ဆရာ(ပြည်မြို့)
ကျမ်းတော်မြတ်ကုရ်အာန်ထဲမှာ အလ္လာဟ်(الله)ရဲ့နာမတော် ဘယ်နှကြိမ်လာရှိပါသလဲ????...
အကြိမ်ပေါင်း 2690ကြိမ်လာရှိပါတယ်...
ကျမ်းတော်မြတ်ကုရ်အာန်ထဲမှာ (ကေသားဗ်)ဆိုတဲ့စာလုံး ဘယ်နှကြိမ်လာသလဲ?...
256ကြိမ်လာရှိပါတယ်...
ကျမ်းတော်မြတ်ကုရ်အာန်ထဲမှာ (ဖုရ်ကားန်)ဆိုတဲ့စာလုံးအကြောင်း ဘယ်နှစ်ကြိမ်လာရှိသလဲ?...
81ကြိမ်လာရှိပါတယ်...
ကျမ်းတော်မြတ်ကုရ်အာန်ထဲမှာ (နာဇိလ်)ဆိုတဲ့စာလုံး ဘယ်နှကြိမ်လာရှိသလဲ?...
123ကြိမ်...
ကျမ်းတော်မြတ်ကုရ်အာန်ထဲမှာ မက္ကဟ်ရွှေမြို့တော်မှာကျရောက်တဲ့ စူရဟ် ဘယ်နှပုဒ်ရှိပါသလဲ?
86ပုဒ်...
ကျမ်းတော်မြတ်ကုရ်အာန်ထဲမှာ မဒီနဟ်ရွှေမြို့တော်မှာ ကျရောက်တဲ့စူရဟ် ဘယ်နှပုဒ်ရှိပါသလဲ?
28ပုဒ်...
ကျမ်းတော်မြတ်ကုရ်အာန်ထဲမှာ ဘိုင်သွလ္လာဟ်ရှရီးဖ်နဲ့ပါတ်သက်ပြီး ဘယ်နှကြိမ်လာရှိပါသလဲ?
9ကြိမ်...
ကျမ်းတော်မြတ်ကုရ်အာန်ထဲမှာ (မပ်စ်ဂျေဒေဟရာမ်)ကအ်ဗဟ်ကျောင်းတော်ကြီးနဲ့ပါတ်သက်ပြီး ဘယ်နှကြိမ်လာရှိပါသလဲ?
အကြိမ် 20...
ကျမ်းတော်မြတ်ကုရ်အာန်ထဲမှာ (မပ်စ်ဂျိဒ်)ဗလီနဲ့ပါတ်သက်ပြီး ဘယ်နှကြိမ်လာရှိပါသလဲ?
12ကြိမ်...
ကျမ်းတော်မြတ်ကုရ်အာန်ထဲမှာ (နူရ်)နဲ့ပါတ်သက်ပြီး ဘယ်နှကြိမ်လာရှိပါသလဲ?
42ကြိမ်...
ကျမ်းတော်မြတ်ကုရ်အာန်ထဲမှာ ဟဂ်ျနဲ့ပါတ်သက်ပြီး ဘယ်နှကြိမ်လာရှိပါသလဲ?
11ကြိမ်...
ကျမ်းတော်မြတ်ကုရ်အာန်ထဲမှာ သောင်ဝ်ရားသ်ကျမ်းနဲ့ပါတ်သက်ပြီး ဘယ်နှကြိမ်လာရှိပါသလဲ?..
18ကြိမ်..
ကျမ်းတော်မြတ်ကုရ်အာန်ထဲမှာ အင်န်ဂျီလ်ကျမ်းနဲ့ပါတ်သက်ပြီး ဘယ်နှကြိမ်လာရှိပါသလဲ?
12ကြိမ်...
ကျမ်းတော်မြတ်ကုရ်အာန်ထဲမှာ ဇဘူရ်ကျမ်းနဲ့ပါတ်သက်ပြီး ဘယ်နှကြိမ်လာရှိပါသလဲ?
3ကြိမ်...
ကျမ်းတော်မြတ်ကုရ်အာန်ထဲမှာ ဟဇရသ်မရ်ယမ်သခင်မနဲ့ပါတ်သက်ပြီး ဘယ်နှကြိမ်လာရှိပါသလဲ?
34ကြိမ်...
ကျမ်းတော်မြတ်ကုရ်အာန်ထဲမှာ (အရ်ဒွန်)မြေကြီးနဲ့ပါတ်သက်ပြီး ဘယ်နှကြိမ်လာရှိပါသလဲ?
453ကြိမ်...
ကျမ်းတော်မြတ်ကုရ်အာန်ထဲမှာ မိုးကောင်းကင်နဲ့ပါတ်သက်ပြီး ဘယ်နှကြိမ်လာရှိပါသလဲ?
123ကြိမ်...
ကျမ်းတော်မြတ်ကုရ်အာန်ထဲမှာ မိုးကောင်းကင်များနဲ့ပါတ်သက်ပြီး ဘယ်နှကြိမ်လာရှိပါသလဲ?
184ကြိမ်...
ကျမ်းတော်မြတ်ကုရ်အာန်ထဲမှာ မိဘနှစ်ပါးနဲ့ပါတ်သက်ပြီး ဘယ်နှကြိမ်လာရှိပါသလဲ?
24ကြိမ်...
လက်လှမ်းမှီသလောက်တင်ပေးလိုက်ခြင်းဖြစ်ပါတယ်...မသိသေးသော အချို့သောမောင်နှမများသည်လဲ သင့်ရဲ့ shareလိုက်ခြင်းဖြင့် သိသင့်သိထိုက်တဲ့အရာကို သိရှိရပြီး သင့်အတွက်လဲစဝါးဗ်လျော့မသွားပါဘူး..အလ္လာဟ်အစားပေးပါစေ...
Sufiyah Islamic University
54 ကြိမ်မြောက်
ဂျာမေအဟ်အစ္စလာမီယဟ်
ဆူဖီယဟ် သာသနာ့တက္ကသိုလ်
ကျောင်း၏ဂျလ်စဟ်အခမ်းအနား
4-2-2024 တနင်္ဂနွေ
Sufiyah Islamic University
ရှမ်စွဒ်ဒုဟာ(သို့)ရောင်နီဦး၏နေမင်းကြီး
တက်နေလင်းသို့တမ်းခြင်း.........
ရောင်နီဦးရဲ့နေမင်းရယ် ရာစုမကထွန်းလင်းတယ်
ဝေနေယျကိုအလင်းပေး နွေးနွေးထွေးထွေးလေး
ဘသိန်းဆိုပြီးဘဝင်မပြ ကျိုးနွံခယလှ
နှလုံးစုံကိုသိမ်းနိုင်တယ် မိတ္တဗလကြွယ်လှတယ်
သံယောဇဥ်သူကြီးမား သားသမီးများအလား
ကျောသားရင်သားတန်းတူထား
သူရဲ့စိတ်ရင်းသဘောထား
နှလုံးလှလို့စိတ်ထားဖြူ သူဆက်ဆံတတ်သူ
သူ့ရုပ်သွင်အနေထား ခန့်ညားထယ်ဝါသား
ဥပတိရုပ်ကတည်ကြည်တယ် ကြည်ညိုချင်စဖွယ်
အလွှာစုံကသူ့လေးစား မြင့်မြတ်သဘောထား
သူ့ဆရာများကိုသူကြည်ညို တုယူစံပြသဖွယ်
ဦးထိပ်ပန်လို့သူအမြဲထား
အမှန်တရားဘက်တော်သား
ကောင်းကင်ငိုလို့မျက်ရည်ရွှဲ
မြေကြီးကလဲသူဝမ်းနည်း
တံခါးပေါက်ကြီးနှစ်ချပ်ဆို ကောင်းကင်ထပ်မာငို
သူ့သီလနဲ့သူ့စကား မိုးထက်ယံသို့သွား
ရိက္ခာတံခါးနဲ့နမားဇ်တံခါး အမြဲပိတ်ခါသွား
ကျမ်းအစုံလည်းပြုခဲ့တယ် အများဖတ်ဖို့ကွယ်
သလ်ခီဆွလ်ဗုခါရီ ကျမ်းတစ်ဆူအဖြစ်သူပြုခဲ့တယ်
စာဖတ်သူများလက်ကိုင်ထား သူ့ရဲ့ကျမ်းစာများ
သုတစုံတဲ့သူ့ကျမ်းများ အများစိတ်ဝင်စား
အိမ်ထောင်ရေးကျမ်းပြုခဲ့တယ်
သူ့ကျမ်းတစ်ဆူကွယ်
မြတ်နဗီရဲ့စာရိတ္တ သူ့ကျမ်းပြုစုပြ
သူဟောကြားတိုင်းအမြဲပါ နမားဇ်အကြောင်းပါ
ကိုယ်တိုင်လိုက်နာဝတ်ပြုသွားစံပြအပ်ပေတကား
ကျန်းမာစဥ်ကဟဂျ်သွားတယ် နှစ်တိုင်းလိုလိုကွယ်
နောက်ဆုံးအွမ်ရဟ်လဲရောက်သွားတယ်
မကွယ်လွန်မီတစ်နှစ်က ကွယ်
ကြက်ပျံမကျစည်းကားတယ် သူ့ရဲ့စျာပနာဝယ်
သူ့စျာပနာသတင်းရယ် ပဟေဋ္ဌိ ဆန်လွန်းတယ်
ဖုန်းများဆက်ကာအခါခါမေး
သိချင်သူတစ်စုတစ်ဝေး
နယ်ပယ်စုံကသူများရယ် သတင်းနားစွင့်တယ်
သတ်မှတ်ချိန်ကြီးစေ့တော့ကွယ်
ကုန်း.ရေ.လေ.နဲ့လာကြတယ်
စုပေါင်းဒိုအာပြုပေးကြ အားကျလောက်ပေစွ
မိသားစုတပည့်သားမြေး လွမ်းမပြေနိုင်ရှိသေး
အလ္လာဟ် ထံမာပန်ကြားမယ်
ထာဝရထိန်းသိမ်းစေသားကွယ်
အဓွန်ရှည်တည်တံ့စေသား
ရှမ်စီနွယ်တော်များ...
ရေးသားသူ...........
မောင်လာနာ ရှိုင်ခ်အီဆာ(ပဲနွယ်ကုန်း)
30.1.2024......12:55PM
#ဆူဖီယဟ်ကျောင်းတော်ကြီးရဲ့သရာနဟ်
🎤 ရွတ်ဆိုသူ -
မောဝ်လာနာ မုဟမ္မဒ် ဟမ္မားဒ် ( အဇီဇီ )
📹 Video
Abu Adeebah ( အဇီဇီ ၊ ရှမ်စီ ၊ မုဟမ္မဒီ )
ယနေ့ (1-2-2024) ကြာသပတေးနေ့ မနက်
ကျောင်းမှ ဆရာများ/ကျောင်းသားများ စုပေါင်း
ဇေယာရသ်
Click here to claim your Sponsored Listing.
Videos (show all)
Category
Website
Address
No, 25. 54 Th Street
Yangon
Thilawa, Thanlyin, Yangon, Syriam
Yangon, 95
Myanmar Maritime University (MMU) ( မြန်မာနိုင်ငံရေကြောင်?
No. 731, Zarga Street, 4th Ward
Yangon, 11201
Join NIC, Shape Your Life With Us!
No. (504/506), Room No. 5/A , Corner Of 39th Street & Merchant Road , Kyauktada Township
Yangon, 11182
Japanese Nursing Care school
University Of Medicine 2 Yangon
Yangon, 011123
This is the official page of Department of Physiology, University of Medicine-2.
No. 16, 2F, ThiriAyyer Street, Tingangyun Tsp, Zawana Bus Stop
Yangon, 11071
LCCI ACCA UK SYLLABUS
Yangon
TTTI is to develop capacity for TVET teachers in Yangon, Myanmar. It has GTI, teacher training, and
Yangon
The Best & Most Efficient Pharmacy is within Our Own System!
26 Aung Zeya Road, South Dagon
Yangon
အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတ?
East Yangon University
Yangon, 1234
This page is for poetry inbox me diffrents poetrys thanx..