SSA - A-Level Education Center

Teacher Su Su Aye
A Place for A Level Students

27/10/2023

ပျော်ရွှင်ဖွယ်ရာ သီတင်းကျွတ်အခါသမယ ဖြစ်ပါစေကြောင်း ဆုတောင်း‌မေတ္တာ ပို့သအပ်ပါတယ်။

SSA - A-Level Education Center
A Place for A Level Students
အောင်မြင်ဝင့်ထည် A Level
09965111471

05/10/2023

🅰️ The teachers we need for the education we want: The global imperative to reverse the teacher shortage.
World Teachers' Day
5th October 2023

🅰️ ကျွန်မတို့ လိုချင်သော ပညာရေးအတွက် ဖြည့်ဆည်းပေးစွမ်းနိုင်သော ဆရာများကို လိုအပ်ပါတယ် - ဆရာရှားပါးမှုကို နောက်ပြန်လှည့်နိုင်ဖို့အတွက် တကမ္ဘာလုံးက မဖြစ်မနေလုပ်ဆောင်ရပါလိမ့်မယ်။
ကမ္ဘာ့ဆရာများနေ့
အောက်တိုဘာလ ၅ ရက် ၊ ၂၀၂၃

🅰️ SSA - A-Level Education Center
A Place for A Level Students
အောင်မြင်ဝင့်ထည် A Level
09965111471

03/10/2023

A Level တက်ရောက်ဖို့ ပြင်ဆင်နေတဲ့ ပညာလိုလားသူများအတွက် A Level Preparation Class 2023 November / December Intake ကို ကျောင်းအပ်စတင်လက်ခံနေပါပြီ။ International Education နယ်ပယ်တွင် နာမည်ရအတွေ့အကြုံရှိ ဆရာမ တီချယ်စုစုအေး ဦးစီးတဲ့ SSA - A-Level Education Center ဖြစ်တဲ့အတွက် သင့်ပညာရေးနှင့် ဘဝအနာဂတ် အောင်မြင်မှုများအတွက် ယုံကြည်စွာ အပ်နှံနိုင်ပါပြီ။

သင်ယူနိုင်သော ဘာသာရပ်များ
🎓 Biology
🎓 Chemistry
🎓 ICT / CS
🎓 Maths
🎓 Physics

🅰️ သင်ကြားမည့်ပုံစံ
- online zoom class (all subjects)
- in person class (only for Biology)
(ပြည်တွင်း ပြည်ပမှ ကျောင်းသား ကျောင်းသူများလည်း တက်ရောက်နိုင်ရန် စီစဉ်ထားသည်။)
🅰️ သင်တန်းအချိန်စာရင်း
- Every Saturday and Sunday

⭐ SSA - A Level မှာ ဘာကြောင့်တက်သင့်သလဲ? ⭐
🅰️ အတွေ့အကြုံရှိသော ဝါရင့်ဆရာမ တီချယ်စုစုအေးမှ သင်တန်းအား ဦးစီးပေးခြင်း။
🅰️ နိုင်ငံခြားဘွဲ့ရ ဆရာ၊ဆရာမများ ၊ အရည်အချင်းပြည့်ဝပြီး သင်ကြားရေးအ‌တွေ့အကြုံရင့်ကျက်သော ဆရာ၊ဆရာမများမှ သင်ကြားပေးခြင်း။
🅰️ O Level အပြီး နိုင်ငံခြားထွက်ခွင့် စောင့်ဆိုင်းနေသူများ အချိန်ကုန်မနေသင့်ဘဲ A Level ပြီးစီးအောင်တက်ထားပါက ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များသို့ လွယ်ကူချောမွေ့စွာ တက်ရောက်နိုင်သဖြင့် အချိန်ကို အကျိုးရှိစွာအသုံးချနိုင်ခြင်း။
🅰️ နိုင်ငံတကာ A Level သင်တန်းများတွင်တက်လျှင် ၁နှစ် သိန်း(၅၀၀)ခန့်ကုန်နိုင်သော်လည်း ယခုသင်တန်းမှာ ၁နှစ်လျှင် သိန်း(၆၀ - ၈၀)ခန့်သာ ကျသင့်သဖြင့် များစွာသက်သာခြင်း။ (Early Bird Discount ရပါက ပိုမိုသက်သာနိုင်ပါသည်)

🅰️ မေးခွန်းဟောင်းများ လေ့ကျင့်ပေးခြင်း။
🅰️ စာမေးပွဲများ စစ်ပေးခြင်း။
🅰️ စာမေးပွဲကြေးသွင်းရန် အခက်အခဲရှိပါက ကူညီဆောင်ရွက်ပေးခြင်း။
🅰️ ကျောင်းလျှောက် Visa လျှောက်ရာတွင် လွယ်ကူအောင် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း။

ထိုသို့သောအချက်များကြောင့် SSA - A-Level Education Center တွင် တက်ရောက်ရန် ရွေးချယ်သင့်ပါသည်။

A Level (First Batch) သင်တန်းကို တက်ရောက်ဖို့စိတ်ဝင်စားသူများအနေဖြင့် SSA - A-Level Education Center page ရဲ့ chat box ကိုဆက်သွယ်ပြီး admission form ကိုရယူကာ ကျောင်းအပ်နိုင်ပါပြီ။

အသေးစိတ် အချက်အလက်များကို ထပ်မံသိရှိလိုပါက Page ကို ဆက်သွယ်ပြီး မေးမြန်းနိုင်ပါတယ်။

SSA - A-Level Education Center
A Place for A Level Students
အောင်မြင်ဝင့်ထည် A Level
09965111471

10/07/2023

SSA A Level Education Center
International Connection

Teacher Su Su Aye ဦးစီးသော SSA A Level Education Center သည် ပြည်တွင်းပြည်ပရှိ A Level ကျောင်းသားကျောင်းသူများကို Biology, Chemistry, Mathematics and Physics ဘာသာရပ်များ လက်ခံသင်ကြားပေးလျက်ရှိပါသည်။

လက်ရှိတွင် အင်္ဂလန် ၊ ဩစတြေးလျ ၊ မလေးရှား ၊ ထိုင်း နှင့် စင်္ကာပူနိုင်ငံများတွင် ပညာဆည်းပူးနေသော ကျောင်းသားကျောင်းသူများကိုလည်း သင်ထောက်ကူ အပိုဆောင်းမွမ်းမံသင်ကြားပေးလျက်ရှိပါသည်။ ပြည်ပတွင် ပညာဆည်းပူးနေပြီး အကြောင်းအမျိုးမျိုးကြောင့် ထပ်မံမွမ်းမံ လေ့လာလိုသူ ကျောင်းသားကျောင်းသူများကို အကူအညီပေးလျက်ရှိနေပါသည်။

သားတို့သမီးတို့ရဲ့ အနာဂတ်ပညာရေးလမ်းကြောင်း ဖြောင့်ဖြူး အဆင်ပြေချောမွေ့ဖို့ တီချယ်စုက ဆုတောင်းပေးပါတယ်။
မင်္ဂလာရှိတဲ့ နေ့သစ်လေး ဖြစ်ပါစေ။

သားတို့သမီးတို့ရဲ့ တီချယ်စု
၁၀.၇.၂၀၂၃

SSA - A - Level Education Centre
A Place for A Level Students
တောက်ပဝင့်ထည် A Level


☎️ 09965111471
📧 [email protected]

03/07/2023

အောင်မြင် . ပညာ . မင်္ဂလာ . တနင်္လာ

အပတ်စဉ် တနင်္လာနေ့တိုင်းမှာ ပညာနဲ့ပတ်သက်တဲ့ တွေးတောဉာဏ်ကွန့်မြူးနိုင်ဖွယ် ကိုးကားစကား Education Quotes များကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။

အောင်မြင်ဝင့်ထည် A Level
A Place for A Level Students
SSA A Level Education Centre

“If a man empties his purse into his head, no man can take it away from him. An investment in knowledge always pays the best interest.”

Benjamin Franklin
1706 - 1790
Founding Father of United States
Discovered Electricity

“လူတစ်ယောက်က သူ့ပိုက်ဆံအိတ်ကို ဗလာကျင်းထားပြီး သူ့ခေါင်းထဲကို ထည့်ထားရင် ခေါင်းထဲက အသိပညာကို ဘယ်သူမှ မယူသွားနိုင်ဘူး။ အသိပညာအတွက် ရင်းနှီးမြုပ်နှံခြင်းသည် အကောင်းဆုံးအကျိုးကို အမြဲပေးပါသည်။”

ဘင်ဂျမင် ဖရန်ကလင်
၁၇၀၆ - ၁၇၉၀
အမေရိကန် ပြည်ထောင်စု တည်ထောင်သူ ဖခင်ကြီး
လျှပ်စစ်ကို ရှာဖွေတွေ့ရှိခဲ့သည်

(ဘင်ဂျမင် ဖရန်ကလင်သည် သူ၏ နိုင်ငံရေး ၊ သံတမန်ရေး နှင့် သိပ္ပံပညာရပ်ဆိုင်ရာ ကိစ္စရပ်များကြောင့် နာမည်ကြီး ထင်ရှားသူ ဖြစ်သည်။ အမေရိကန် လွတ်လပ်ရေး ကြေညာစာတမ်းတွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သူတစ်ဦးဖြစ်ပြီး အမေရိကန်၏ ဥရောပနိုင်ငံများဆိုင်ရာ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။ သူ၏ သိပ္ပံဆိုင်ရာလေ့လာမှုများတွင် လျှပ်စစ်ကို ရှာဖွေတွေ့ရှိမှုသည် ထင်ရှားပြီး မိုးကြိုးလွှဲကို ပထမဆုံး တီထွင်အသုံးချနိုင်ခဲ့သူလည်း ဖြစ်သည်။ သူ၏ အမေရိကန်ပြည်ထောင်စုအပေါ်တွင် အကျိုးများသော ကျေးဇူးများကြောင့် ဘင်ဂျမင် ဖရန်ကလင်၏ ပုံကို အမေရိကန် ငွေစက္ကူ ဒေါ်လာ ၁၀၀ တန်တွင် ဂုဏ်ပြု၍ ပုံနှိပ်သုံးစွဲကြသည်။)

နိုင်ငံတကာ A Level ပညာရေးကို စနစ်တကျ လေ့ကျင့်သင်ကြားပို့ချပေးလျက် ရှိနေပါသည်။

29/06/2023

Happy Eid Mubarak
May Allah bless you with peace and good health.
Wishing you a blessed ...

SSA A Level Education
29.6.2023

Photos from SSA - A-Level Education Center's post 27/06/2023

27 JUNE
HELEN KELLER DAY

ဟယ်လင်ကဲလားကို ၂၇.၆.၁၈၈၀ တွင် အမေရိကန်ပြည်ထောင်စု ၊ အယ်လ်ဘားမား ပြည်နယ် ၊ တက်စ်ကမ်းဘီးယားမြို့တွင် မွေးဖွားခဲ့သည်။ မွေးဖွားစဉ်က ကျန်းမာသော ကိုယ်လက်အင်္ဂါပြည့်စုံကောင်းမွန်သော ကလေးငယ်တစ်ဦးအဖြစ် မွေးဖွားခဲ့သော်လည်း အသက် ၁၉ လ အရွယ်တွင် မမျှော်လင့်သော ကြမ္မာဆိုးကြောင့် ပြင်းထန်သောအဖျားရောဂါ ကူးစက်ခံစားရပြီး မျက်မမြင် နားမကြားဘဝသို့ ငယ်စဉ်ကတည်းကစ၍ ကျရောက်ခဲ့ရလေသည်။

ဟယ်လင်ကဲလား၏ ဘဝသည် အံ့မခန်းထူးခြားမှုများနှင့် ပြည့်နေသည်ဟု ယူဆ၍ရနိုင်သည်။ မျက်မမြင်နားမကြား၍ အမှောင်ကမ္ဘာတွင် တိတ်ဆိတ်ခြောက်ခြားစွာ ရှင်သန်နေရသော ဟယ်လင်သည် သူမကို မျက်မမြင်နားမကြား ဘာသာစကားဆက်သွယ်နည်းကို သင်ကြားပေးမည့် ဆရာမဖြစ်သူ အန်နီဆူလီဗင် ဖြင့် ဆုံဆည်းခွင့်ရခဲ့သည်။ အန်နီဆူလီဗင် သည် ဟယ်လင်ကို အမှောင်ကမ္ဘာမှနေ၍ ဖေးမလက်တွဲ‌ခေါ်ယူနိုင်ခဲ့သည်။

ဟယ်ဟင်၏ ပညာရေးခရီးလမ်းသည် သာမန်မဟုတ်သော ထူးခြားသော အနေအထားဟု ဆိုရမည်ဖြစ်သည်။ ဟယ်လင်သည် သူမ၏ အသက် ၂၄ နှစ်အရွယ် ၁၉၀၄ ခုနှစ်တွင် အမေရိကန် ဟားဗတ် ရက်ဒ်ကလစ်ဖ် အင်စတီကျုမှ ဝိဇ္ဇာဘွဲ့ B.A ကို ဂုဏ်ထူးဖြင့် ပြီးမြောက်ခဲ့သည်။ သူမသည် ထိုဘွဲ့ရရှိရန် မျက်မမြင်နားမကြားသူများ သုံးစွဲသော ဘာသာစကား ကူးလူးဆက်ဆံနည်းများ ၊ လက်ဖြင့်စမ်း၍ဖတ်ရသော မျက်မမြင်စာဖတ်နည်း ၊ လက်ဖဝါးပေါ်တွင် လက်ညှိုးဖြင့်ဖိ၍ ဆက်သွယ်နည်း ၊ ပြောဆိုသူ၏ နှုတ်ခမ်းနှင့် လည်ချောင်းပေါ်တွင် သူမ၏ လက်များကိုတင်၍ သူတစ်ပါး၏ နှုတ်ခမ်းလှုပ်ရှားမှုကို ဖတ်တတ်ရန်သင်ယူခြင်း အစရှိသည့် ပညာရပ်များကို တတ်မြောက်ပြီးမှ ဘွဲ့ရခဲ့ခြင်းဖြစ်သည်။

ထို့နောက်တွင် ကမ္ဘာကျော် စာရေးဆရာမဖြစ်လာကာ စာအုပ်ပေါင်းများစွာ ရေးသားခဲ့သည်။ ကမ္ဘာ့နိုင်ငံအနှံ့အပြားသို့ သွားရောက်ခဲ့ပြီး မိမိကဲ့သို့ ဘဝတူ မသန်စွမ်းများအတွက် စိတ်ခွန်အားပေးခဲ့ပြီး မသန်စွမ်းအခွင့်အရေးများအတွက် တိုက်တွန်းနှိုးဆော်ခဲ့သည်။ မြန်မာနိုင်ငံသို့လည်း ၁၉၅၅ တွင် လာရောက်လည်ပတ်ခဲ့လေသည်။

ဟယ်လင်ကဲလား၏
၁။ မဖြစ်နိုင်ဘူး ထင်ရသည်များကို ဖြစ်အောင်လုပ်ပြခြင်း
Unrealistic to Realistic

၂။ အန္တရာယ်ကို မရှောင်လွှဲဘဲ တည့်တည့်ရင်ဆိုင်ခြင်း
Avoiding Danger is Impossible

၃။ ကြီးမားသော အမြော်အမြင်ရှိခြင်း
Visionary

၄။ အတွေ့အကြုံ၏ အရေးကြီးပုံကို နားလည်ခြင်း
Experience is what's important

၅။ အကောင်းမြင်စိတ်ဖြင့် ပိုမိုပျော်ရွှင်နိုင်ခြင်း
Focus on Positive and become Happier

၆။ ကိုယ့်အနာဂတ်ကို ကိုယ်တိုင်ပိုင်စိုး ပုံဖော်နိုင်သည် ၊ ကိုယ့်အနာဂတ်ဟာ ကိုယ့်ပေါ်မှာပဲ မူတည်သည်ဟု ယုံကြည်ခြင်း
Your future is up to you

စသည့်အချက်များကြောင့် ယနေ့ထက်တိုင် ပညာနှင့်ပတ်သက်၍ လေးစားအသိအမှတ်ပြုရသူတစ်ဦးအဖြစ် ကမ္ဘာက လက်ခံထားကြပါသည်။

ကလေးများကို ကျောင်းထားခြင်းနှင့် ပတ်သက်၍ သူမလက်ခံထားသော သဘောထားခံယူချက်ကို ဖော်ပြရင်း မြန်မာနိုင်ငံသို့ ဟယ်လင်ကဲလား လာရောက်ခဲ့စဉ်က ဓာတ်ပုံမှတ်တမ်းများကို ယခုကဲ့သို့ ၂၀၂၃ ဟယ်လင်ကဲလား မွေးနေ့တွင် မိမိတို့ SSA A Level Education Centre မှ ပြန်လည်စုစည်း ဖော်ပြပေးအပ်ပါသည်။

"Education should train the child to use his brains, to make for himself a place in the world and maintain his rights even when it seems that society would shove him into the scrap-heap."

"ပညာရေးက ကလေးကို သူ့ဦးနှောက်သုံးတတ်အောင် ၊ သူ့ကိုယ်သူ ကမ္ဘာကြီးမှာ နေရာတစ်ခုဖြစ်အောင် လေ့ကျင့်ပေးသင့်တယ် ၊ လူ့အဖွဲ့အစည်းက သူ့ကို အမှိုက်ပုံထဲ တွန်းပို့လိုက်သလိုမျိုး ဖြစ်သွားရင်တောင်မှ ကလေးတစ်ယောက်ဟာ သူ့အခွင့်အရေးတွေကို ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့ လေ့ကျင့်ပေးသင့်တယ်။"

Helen Keller
27.6.1880 - 1.6.1968
(87 years)
American Author
Disability Rights Advocate

နိုင်ငံတကာ A Level ပညာရေးမှတဆင့် ပိုမိုမြင့်မားသော ဘဝအနာဂတ်များကို ရယူပိုင်ဆိုင်နိုင်ပါပြီ။

အောင်မြင်ဝင့်ထည် A Level
A Place for A Level Students
SSA A Level Education Centre


☎️ 09965111471
📧 [email protected]

26/06/2023

JUNE 23 သည် International Women in Engineering Day ဖြစ်ပါသည်။ နိုင်ငံတကာရှိ အင်ဂျင်နီယာဆိုင်ရာ အခန်းကဏ္ဍတွင် ဝင်ရောက်လုပ်ကိုင်ဆောင်ရွက်နေကြသော အမျိုးသမီးများ၏ စွမ်းပကားကို ဂုဏ်ပြု အသိအမှတ်ပြုသည့် အနေဖြင့် နှစ်စဉ်နှစ်တိုင်း ဇွန်လ ၂၃ ရက်နေ့ ရောက်တိုင်း " အင်ဂျင်နီယာ ပညာရပ်တွင်နိုင်ငံတကာ အမျိုးသမီးများနေ့" အဖြစ် ပြုလုပ်ကျင်းပကြပါသည်။

ယနေ့ခေတ်တွင် အင်ဂျင်နီယာ ဘာသာရပ်အမျိုးအစားပေါင်းများစွာရှိပါသည်။
- ဆောက်လုပ်ရေး အင်ဂျင်နီယာ
- မြို့ပြ အင်ဂျင်နီယာ
- ရေကြောင်း အင်ဂျင်နီယာ
- အာကာသနှင့် လေကြောင်း အင်ဂျင်နီယာ
- ဇီဝ အင်ဂျင်နီယာ
- ဓာတု အင်ဂျင်နီယာ
- စက်မှု အင်ဂျင်နီယာ
- လျှပ်စစ် အင်ဂျင်နီယာ
- နျူကလီးယား အင်ဂျင်နီယာ
- ဒေတာ အင်ဂျင်နီယာ
အစရှိသည့် နယ်ပယ်အစုံတွင် အင်ဂျင်နီယာ ပညာရပ်၏ အခန်းကဏ္ဍသည် အရေးပါလျက်ရှိပါသည်။ ထို့အတူ ထိုများစွာသော အင်ဂျင်နီယာ ပညာရပ်များတွင် အမျိုးသမီးများလည်း မြင့်မားသောလစာဖြင့် တာဝန်ယူ လုပ်ကိုင်နေလျက်ရှိပါသည်။

ထိုသို့ နိုင်ငံတကာ အင်ဂျင်နီယာ ပညာရပ်များ၏ အခြေခံဖြစ်သည့် နိုင်ငံတကာ A Level ပညာရေးတွင် သင်္ချာ ၊ ဓာတုဗေဒ ၊ ရူပဗေဒ ဘာသာရပ်များကို SSA A Level Education Centre မှ ကျွမ်းကျင်၍ အတွေ့အကြုံရှိသော ဆရာ ဆရာမများ၏ ကြီးကြပ်မှုဖြင့် တာဝန်ယူ သင်ကြားပေးလျက်ရှိပါသည်။

နိုင်ငံတကာ A Level ပညာရေးမှတဆင့် ပိုမိုမြင့်မားသော ဘဝအနာဂတ်များကို ရယူပိုင်ဆိုင်နိုင်ပါပြီ။

အောင်မြင်ဝင့်ထည် A Level
A Place for A Level Students
SSA A Level Education Centre


☎️ 09965111471
📧 [email protected]

26/06/2023

အောင်မြင် . ပညာ . မင်္ဂလာ . တနင်္လာ

အပတ်စဉ် တနင်္လာနေ့တိုင်းမှာ ပညာနဲ့ပတ်သက်တဲ့ တွေးတောဉာဏ်ကွန့်မြူးနိုင်ဖွယ် ကိုးကားစကား Education Quotes များကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။

အောင်မြင်ဝင့်ထည် A Level
A Place for A Level Students
SSA A Level Education Centre

"True teaching cannot be learned from text-books any more than a surgeon can acquire his skill by reading about surgery."

Helen Keller
1880 - 1968
American Author
Disability Rights Advocate

စစ်မှန်သော သင်ကြားမှုကို ပုံနှိပ်စာအုပ်များမှ ရတယ်ဆိုတာ ခွဲစိတ်ဆရာဝန်တစ်ယောက်က သူ့ခွဲစိတ်တဲ့ အရည်အချင်းကို ခွဲစိတ်စာအုပ်တွေ ဖတ်ပြီးရတာထက် မပိုဘူး။
(ပုံနှိပ်စာအုပ် ဖတ်တာထက် လက်တွေ့လည်း လေ့ကျင့်ဖို့ လိုအပ်သည်ဟု ဆိုလိုသည်)

ဟယ်လင်ကဲလား
၁၈၈၀ - ၁၉၆၈
အမေရိကန် စာရေးဆရာမ
မသန်စွမ်း အခွင့်အရေး ဆော်ဩသူ

(ဟယ်လင်ကဲလားသည် မွေးပြီး ၁၉ လ အကြာတွင် ပြင်းထန်သော ရောဂါကြောင့် မျက်စိမမြင် ၊ နားမကြား ၊ စကားမပြောနိုင်သော ဘဝသို့ရောက်ခဲ့ရပြီး မဆုတ်မနစ်သော ကြိုးစားမှုကြောင့် အမှောင်ကမ္ဘာမှနေ၍ တိုးထွက်ကာ စာပေလေ့လာခဲ့သည် ၊ ဘွဲ့ရခဲ့သည် ၊ ထို့နောက်တွင် ကမ္ဘာကျော် စာရေးဆရာမဖြစ်လာကာ ကမ္ဘာ့နိုင်ငံအနှံ့အပြားသို့ သွားရောက်ခဲ့ပြီး မိမိကဲ့သို့ ဘဝတူ မသန်စွမ်းများအတွက် စိတ်ခွန်အားပေးခဲ့ပြီး မသန်စွမ်းအခွင့်အရေးများအတွက် တိုက်တွန်းနှိုးဆော်ခဲ့သူဖြစ်လေသည်။ မနက်ဖြန် ဇွန်လ ၂၇ ရက်နေ့သည် ဟယ်လင်ကဲလား၏ မွေးနေ့လည်း ဖြစ်လေသည်။)

နိုင်ငံတကာ A Level ပညာရေးကို စနစ်တကျ လေ့ကျင့်သင်ကြားပို့ချပေးလျက် ရှိနေပါသည်။

19/06/2023

အောင်မြင် . ပညာ . မင်္ဂလာ . တနင်္လာ

အပတ်စဉ် တနင်္လာနေ့တိုင်းမှာ ပညာနဲ့ပတ်သက်တဲ့ တွေးတောဉာဏ်ကွန့်မြူးနိုင်ဖွယ် ကိုးကားစကား Education Quotes များကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။

အောင်မြင်ဝင့်ထည် A Level
A Place for A Level Students
SSA A Level Education Centre

"Teachers can open the door, but you must enter it yourself."

Chinese Proverb

ဆရာတွေကတော့ တံခါးပဲ ဖွင့်ပေးနိုင်မယ် ၊ မင်းကိုယ်တိုင် တံခါးပေါက်ကနေ ဝင်သွားဖို့ လိုတယ်။

တရုတ်စကားပုံ

နိုင်ငံတကာ A Level ပညာရေး တံခါးကို ဖွင့်ပေးထားပါတယ်။ ဆက်လက်လျှောက်လှမ်းပြီး လူအများအားကျရတဲ့ ဘဝကို တည်ဆောက်နိုင်ခွင့် ရှိနေပါတယ်။

12/06/2023

အောင်မြင် . ပညာ . မင်္ဂလာ . တနင်္လာ

အပတ်စဉ် တနင်္လာနေ့တိုင်းမှာ ပညာနဲ့ပတ်သက်တဲ့ တွေးတောဉာဏ်ကွန့်မြူးနိုင်ဖွယ် ကိုးကားစကား Education Quotes များကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။

အောင်မြင်ဝင့်ထည် A Level
A Place for A Level Students
SSA A Level Education Centre

"People don't care about what someone says about you in a movie - or even what you say, right? They care about what you build. And if you can make something that makes people's life better, then that's something that's really good."

Mark Zuckerberg
(1984 - present)
American Entrepreneur
Facebook and Meta Founder

တစ်ယောက်‌ယောက်က ရုပ်ရှင်ထဲမှာ မင်းအကြောင်းပြောတာကို လူတွေက ဂရုမစိုက်ကြဘူး - ဒါမှမဟုတ် မင်းဘာပြောလဲဆိုတာကိုတောင် ဂရုမစိုက်ဘူး။ သူတို့က မင်းဘာကို တည်ဆောက်တာလဲ ဆိုတာကိုပဲ ဂရုစိုက်တယ်။ အကယ်၍ မင်းက လူတွေရဲ့ဘဝကို ပိုကောင်းအောင်လုပ်နိုင်တဲ့ အရာကိုသာ တည်ဆောက် / ဖန်တီးနိုင်တယ် ဆိုရင် အဲဒါက တကယ်ကောင်းတဲ့အရာပါ။

မာ့ခ်ဇူကာဘက်
(၁၉၈၄ - လက်ရှိ)
အမေရိကန် စွန့်ဦးတီထွင် လုပ်ငန်းရှင်
ဖေ့စ်ဘွတ်ခ် နှင့် မေတာ ကုမ္ပဏီ ထူထောင်သူ

နိုင်ငံတကာ A Level ပညာရေးကို ဆက်လက်လျှောက်လှမ်းပြီး လူအများအားကျရတဲ့ ဘဝကို တည်ဆောက်နိုင်ခွင့် ရှိနေပါတယ်။

05/06/2023

အောင်မြင် . ပညာ . မင်္ဂလာ . တနင်္လာ

အပတ်စဉ် တနင်္လာနေ့တိုင်းမှာ ပညာနဲ့ပတ်သက်တဲ့ တွေးတောဉာဏ်ကွန့်မြူးနိုင်ဖွယ် ကိုးကားစကား Education Quotes များကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။

အောင်မြင်ဝင့်ထည် A Level
A Place for A Level Students
SSA A Level Education Centre

"Intelligence plus Character - that is the goal of true education."

Martin Luther King Junior
(1929 - 1968)
American Activist
American Civil Rights Movement

အသိဉာဏ်နဲ့ စာရိတ္တကို ပေါင်းစပ်တာဟာ စစ်မှန်တဲ့ပညာရေးရဲ့ ပန်းတိုင်ပဲ။

မာတင်လူသာကင်း ဂျူနီယာ
(၁၉၂၉ - ၁၉၆၈)
အမေရိကန် လူမည်းအခွင့်အရေး တက်ကြွလှုပ်ရှားသူ

01/06/2023

ကျောင်းပြန်ဖွင့်ချိန်

ဒီနေ့ သမီးလေး ကျောင်းပြန်ဖွင့်တယ်။ ဒီနေ့ ကျောင်းတက်ဖို့အတွက် အစောတည်းကတော့ ကြိုတင်ပြင်ဆင်နေခဲ့တယ်။ ထမင်းဘူးတွေ ၊ ရေဘူးတွေ ၊ ကျောင်းသုံးစာအုပ်တွေ ၊ စာရေးကိရိယာတွေပေါ့။ ကြိုတင်ပြင်ဆင်ထားပေမယ့်လည်း တကယ်တမ်း ကျောင်းတက်ရမယ့်ရက်မှာ အဆင်ပြေပါ့မလား ၊ တစ်ခုခု အဆင်မပြေများ ဖြစ်သွားမလားကို မေမေတစ်ယောက်အနေနဲ့ စိတ်ပူမိတာ အမှန်ပါပဲ။

ကိုယ်တိုင်လည်း ပညာရေးလောကနဲ့ သက်ဆိုင်နေတဲ့သူဆိုတော့ တခြားသော မေမေတွေလည်း ဒီလိုမျိုးတွေ ကြုံတွေ့နိုင်တာပဲလို့ တွေးမိလို့ ဒီစာလေး ရေးဖြစ်တာပါ။

သားသမီးဆိုတာ အသက်ဘယ်အရွယ်ပဲရောက်နေနေ မိဘတွေအတွက် သားသမီးက သားသမီးပဲလေ။ သားသမီး‌တွေ ကျောင်းတက်တဲ့ ပထမဆုံးနေ့မှာ မိဘတွေဟာ ဝမ်းနည်းဝမ်းသာ ရောထွေးနေ‌တဲ့ ခံစားချက်ကို ခံစားကြရပါတယ်။

ဝမ်းသာတာက ပညာတတ်ကြီးဖြစ်ဖို့ ကျောင်းသွားတက်မယ့် သားသမီးတွေကိုကြည့်ပြီး ကြည်နူးပီတိဖြစ်တာ။ ဝမ်းနည်းရတာက သူတို့လေးတွေ မရှိတဲ့ အိမ်ဟာ ဘယ်လောက်တိတ်ဆိတ်သွားလဲဆိုတာ ကြုံတွေ့ရလို့ပါ။ တချို့တွေလည်း ကျောင်းသွားတော့မှပဲ အိမ်မှာ ခဏအနားရတော့တယ်လို့ တွေးမိကြပါလိမ့်မယ်။ မှားတော့လည်း မမှားပါဘူး။ ကလေးတစ်ယောက်ထိန်းရတာ လွယ်တာမဟုတ်ဘူးလေ။

သမီးလေးကျောင်းတက်တဲ့ ပထမဆုံးနေ့ကို သမီးလေးဖေဖေက ကိုယ်တိုင်ကျောင်းလိုက်ပို့ချင်တာ။ အဖေဆိုတာ သမီးတွေကို ပိုချစ်တယ်လို့ ပြောကြတာလည်း မလွန်လောက်ပါဘူး။ ဒါပေမယ့် သူ့အလုပ်က ခွင့်ယူဖို့ကလည်း အဆင်မပြေ ၊ သမီးကျောင်းထက် ၁ နာရီစောပြီး အလုပ်တက်ရတော့ မေမေကပဲ အစစ အရာရာ အဆင်ပြေအောင် စီစဉ်ရတာပါပဲ။

ကျောင်းပို့လိုက်ပြီဆိုတာ တစ်နေ့တည်းနဲ့ ပြီးတဲ့ကိစ္စ မဟုတ်ဘူးလေ။ ပညာသင်နှစ်တစ်ခု မပြီးမချင်း နေ့စဉ်နဲ့အမျှ ကျောင်းချိန်မီဖို့ ၊ ထမင်းဘူးမီဖို့ ၊ ကျောင်းမှာ ထမင်းမှစားရဲ့လား ၊ စာလိုက်နိုင်ရဲ့လား ၊ ကျောင်းပျော်ရဲ့လား ၊ သူငယ်ချင်းတွေ ဆရာဆရာမတွေနဲ့ အဆင်မှပြေရဲ့လား စတဲ့ ကိစ္စကြီးငယ်တွေကိုလည်း ရင်ဆိုင်ကျော်ဖြတ်နေရတာလေ။ မျက်စိရှေ့တင် စိတ်မချတတ်တဲ့ မိဘတွေဆိုရင် ကိုယ့်မျက်စိအောင်နေထွက်ပြီး ကျောင်းသွားတက်ရတဲ့အခါ ပိုတောင်စိတ်ပူပန်မှုတွေများကြမယ်ဆိုတာ ခံစားမိပါတယ်။

ဒါကြောင့် ကလေးကျောင်းသွားနေတုန်း
- အိမ်အလုပ်လုပ်တာ
- အလုပ်တဖက်နဲ့ Working Mom တွေဆိုရင် ပုံမှန်အတိုင်း အလုပ်လုပ်တာ ရုံးတက်တာ
- ကိုယ့်အတွက်အချိန်ခဏ Me Time ပေးတာ
- မဆုံတာကြာတဲ့ သူငယ်ချင်းတွေဆုံတာ
- ဆွေမျိုးမိဘတွေနဲ့ ဆုံတွေ့တာ
- စိတ်ပြေလက်ပျောက် စာအုပ်ဖတ် သီချင်းနားထောင်တာ
စတာတွေကို လုပ်ဖို့ အကြံပြုလိုပါတယ်။ ကျွန်မကတော့ Working Mom မို့လို့ သမီးလေးကို ကျောင်းပို့ပြီးတာနဲ့ စာဆက်သင်ရတာပေါ့။

သမီးအတွက် စိတ်ပူပန်စရာ သိပ်မရှိအောင်
- သမီး ဆရာမတွေရဲ့ ဖုန်းနံပါတ်ယူထားတယ်
- အကြောင်းကိစ္စတစ်ခုခုဆိုရင် ဖုန်းဆက်ဖို့
- ကိုယ့်ဆီဆက်လို့ မရရင် နောက်ထပ်ဆက်သွယ်ရမယ့်ဖုန်းတွေ
- အရေးပေါ်ကြုံလာရင် လုပ်ရမှာတွေကို မိသားစုနဲ့ တိုင်ပင်ထားတာတွေ လုပ်ထားပါတယ်။

အင်တာနက်ပေါ်က အားပေးစကား တချို့ကတော့ အများကြီး အားတက်ရပါတယ်။ ကလေးတွေက ကျောင်းမှာ မိဘတွေထင်ထားတာထက် ကိုယ့်ကိုကိုယ် ရပ်တည်နိုင် ရင်ဆိုင်ဖြေရှင်းနိုင်ကြတာကြောင့် စိတ်ပူပန်မှု မဖြစ်ကြပါနဲ့လို့ အားပေးထားပါတယ်။ ဒီလိုဆိုတော့လည်း စိတ်အေးရတာပါပဲ။

ဘာလိုလိုနဲ့ နေ့လယ်တောင် ရောက်ပြီ။ ဒီအချိန် ကျောင်းမှာ ထမင်းစားချိန်။ ဟော ... စာရေးနေရင်းနဲ့တောင် သမီးဆီ စိတ်ကရောက်သွားသေးတယ်။ မကြာမီ ကျောင်းဆင်းတော့မယ်။ ဒီနေ့ သမီးကျောင်းကပြန်လာရင် ကျောင်းက "မာမီးသိလား ဒီနေ့ကျောင်းမှာလေ .... " ဆိုပြီး အတွေ့အကြုံအသစ်တွေကို နားထောင်ပေးဖို့ စိတ်စောနေမိတာ အမှန်ပါပဲ။ မိဘတွေလည်း သားသားမီးမီးတို့ရဲ့ ဒီနေ့ကျောင်းဖွင့် အတွေ့အကြုံလေးတွေကို သေသေချာချာလေး နားထောင်ပေးကြပါနော်။ ဒါဟာ သူတို့လေးတွေရဲ့ ပညာရေးမှာ တကယ့်ကို အားတစ်ခု ဖြစ်စေပါတယ်။

သားတို့သမီးတို့ရဲ့ အနာဂတ်ပညာရေးလမ်းကြောင်း ဖြောင့်ဖြူး အဆင်ပြေချောမွေ့ဖို့ တီချယ်စုက ဆုတောင်းပေးပါတယ်။
မင်္ဂလာရှိတဲ့ နေ့သစ်လေး ဖြစ်ပါစေ။

သားတို့သမီးတို့ရဲ့ တီချယ်စု
၁.၆.၂၀၂၃

SSA - A - Level Education Centre
A Place for A Level Students
တောက်ပဝင့်ထည် A Level
A Place for A Level Student


☎️ 09965111471
📧 [email protected]

29/05/2023

အောင်မြင် . ပညာ . မင်္ဂလာ . တနင်္လာ

အပတ်စဉ် တနင်္လာနေ့တိုင်းမှာ ပညာနဲ့ပတ်သက်တဲ့ တွေးတောဉာဏ်ကွန့်မြူးနိုင်ဖွယ် ကိုးကားစကား Education Quotes များကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။

အောင်မြင်ဝင့်ထည် A Level
A Place for A Level Students
SSA A Level Education Centre

"Education levels the playing field, allowing everyone to compete."

Joyce Meyer
(1943 - present)
American Author
New York Times Bestselling Author

ပညာရေးက ကစားကွင်းကို ညှိပေးတယ် ၊ လူတိုင်းဝင်ပြိုင်လို့ရအောင် ခွင့်ပြုပေးတယ်။

ဂျွိုက်စ်မေယာ
(၁၉၄၃ - လက်ရှိ)
အမေရိကန် စာရေးဆရာမ
နယူယောက်တိုင်းမ် ရောင်းအားအကောင်းဆုံး စာရေးဆရာမ

15/05/2023

A Level Biology Discussion Topic: Cyclone Mocha

A Level အတန်းတွေမှာ ပါဝင်တဲ့ သင်ခန်းစာတွေမှာ Subject Knowledge ဘာသာရပ်ဆိုင်ရာ အသိဉာဏ်ပညာကို နေ့စဉ်လက်တွေ့ဘဝ Daily Practice မှာ လက်တွေ့အသုံးချနိုင်ရန် ချိတ်ဆက်စဉ်းစား ဖြေဆိုရတာမျိုးတွေ မေးမြန်းတတ်ပါတယ်။

ယခုဆိုရင် မြန်မာနိုင်ငံရခိုင်ကမ်းရိုးတန်းနဲ့ ချင်း ၊ စစ်ကိုင်း ၊ ကချင်ဒေသတွေကို မိုခါ ဆိုင်ကလုန်းမုန်တိုင်း ဖြတ်ကျော်ဝင်ရောက်တိုက်ခတ်နေတာ ဖြစ်ပါတယ်။ ဒီလို သဘာဝဘေး Natural Disasters တွေဟာ ကမ္ဘာမှာ နေ့စဉ်နဲ့အမျှ ရင်ဆိုင်ကြုံတွေ့နေရတာပါ။ ဒီအတွက် မုန်တိုင်း ၊ ငလျင် ၊ ဆူနာမီ ၊ မီးတောင်ပေါက် ၊ တောမီးလောင် ၊ ရာသီဥတုဖောက်ပြန်ခြင်းနဲ့ ပတ်သက်တာတွေကို ကျောင်းသားကျောင်းသူတွေ သိရှိနားလည်လက်တွေ့အသုံးချနိုင်စေဖို့ ရည်ရွယ်ပြီး စာမေးပွဲမှာ ထည့်မေးတတ်ပါတယ်။

ဘယ်လိုဆက်စပ်ပြီး မေးနိုင်လဲ?
Q: Effects of Natural Disasters on ecosystem. ဆိုတဲ့ မေးခွန်းခေါင်းစဉ်အောက်ကနေ အဓိက မေးလို့ရပါတယ်။

အကျဉ်းချုပ်ဖြေဆိုရမယ်ဆိုရင် -
🅰️✅ Ecosystem မှာ Biotic ဆိုတဲ့ သက်ရှိတွေပါမယ် ၊ Abiotic ဆိုတဲ့ ရေ မြေ တော တောင် သဘာဝ သက်မဲ့တွေပါမယ်။ သဘာဝဘေးဟာ ဒီလို သက်ရှိသက်မဲ့တွေ အကုန်လုံးပေါ်မှာ သက်ရောက်တယ် ဆိုတာ ဖြေပေးဖို့လိုပါတယ်။
🅰️✅ သက်ရှိတွေရဲ့ နေထိုင်ရာ Habitat ပြောင်းလဲ ပျက်စီးသွားတာတွေ ၊ ခိုလှုံစရာ နေရာမရှိတော့လို့ သားရဲတွေရဲ့ ရန်ပြုခံရမှု ပိုများလာတာတွေ ဖြေလို့ရပါတယ်။
🅰️✅ Biodiversity တွေ မတူညီတဲ့မျိုးစိတ်တွေ လျော့ပါး ပျက်သုန်းကုန်တာတွေ ဖြေလို့ရပါတယ်။
🅰️✅ အစာကွင်းဆက် Food Chain / Food Web တွေ အပေါ်မှာ သက်ရောက်တာတွေ ၊ စားစရာ မရှိတော့တာတွေ ဖြေရပါမယ်။
🅰️✅ ဒီကနေ ထပ်ဆင့်မေးခွန်းတည်ဆောက်မယ် ဆိုရင် Natural Selection and Adaptation သဘာဝဘေးကြောင့် ပြောင်းလဲပျက်စီးသွားတဲ့ ပတ်ဝန်းကျင်မှာ လိုက်လျောညီထွေရှင်သန်နိုင်အောင် ဘယ်လိုအမူအကျင့်တွေ ဖြစ်ပေါ်လာမလဲ။ သဘာဝတရားကြီးက ဘယ်လိုအမျိုးအစားတွေကို ရှင်ကျန်စေမှာလဲ။ Survival for the fittest နဲ့ Natural Disasters ချိတ်ဆက်မေးမြန်းလို့ ရပါသေးတယ်။

နောက်ထပ်မေးခွန်းတစ်မျိုး ထပ်လေ့ကျင့်ချင်တယ် ဆိုရင်တော့
Q: How human influence causes Man made Disasters
ဆိုတာပဲ ဖြစ်ပါတယ်။

A Level အဆင့် မေးခွန်းတွေဟာ ကျက်ဖြေရတဲ့ စာမေးပွဲတွေ မဟုတ်ပါဘူး။ စဉ်းစားချိတ်ဆက်တွေးခေါ်နိုင်မှုကို အခြေခံပါတယ်။ ကျောင်းသား ကျောင်းသူတွေဟာ A Level အဆင့်နဲ့အညီ ထိုက်သင့်တဲ့ တွေးခေါ်ဆင်ခြင်နိုင်စွမ်း ရှိပါတယ်ဆိုတာ စာစစ်သူတွေသိအောင် ဖြေပြနိုင်ဖို့ လိုပါတယ်။

ပညာကိုကြိုးစားသင်ယူနေတဲ့ သားတို့သမီးတို့တွေ ကျန်းမာဘေးကင်းပြီး အဆင်ပြေချောမွေ့ကြပါစေ။

သားတို့သမီးတို့ရဲ့ တီချယ်စု
SSA - A - Level Education Centre
A Place for A Level Students
တောက်ပဝင့်ထည် A Level
A Place for A Level Student

15/05/2023

အောင်မြင် . ပညာ . မင်္ဂလာ . တနင်္လာ

အပတ်စဉ် တနင်္လာနေ့တိုင်းမှာ ပညာနဲ့ပတ်သက်တဲ့ တွေးတောဉာဏ်ကွန့်မြူးနိုင်ဖွယ် ကိုးကားစကား Education Quotes များကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။

အောင်မြင်ဝင့်ထည် A Level
A Place for A Level Students
SSA A Level Education Centre

"I never teach my pupils, I only attempt to provide the conditions in which they can learn."

Albert Einstein
(1879 - 1955)
German Theoretical Physicist
one of the fathers of Modern Physics
famous for Relativity Theory

ကျုပ်တပည့်တွေကို ဘယ်တော့မှ မသင်‌ပါဘူး ၊ သူတို့ကိုယ်တိုင် လေ့လာသင်ယူလို့ရမယ့် အခြေအနေဖြစ်အောင်ပဲ အားထုတ်ပါတယ်။

အဲလဘတ် အိုင်းစတိုင်း
(၁၈၇၉ - ၁၉၅၅)
ဂျာမန် ရူပဗေဒပညာရှင်
ခေတ်သစ်ရူပဗေဒပညာရပ်၏ ဖခင်တစ်ဦး
နှိုင်းရသီအိုရီဖြင့် ထင်ရှားကျော်ကြားသည်

12/05/2023

✌️TGIF🎉
🌧️🌧️🌧️ မိုးတွေရွာနေပြီနော် 🌧️🌧️🌧️
ကျန်းမာရေး ဂရုစိုက်ကြပါ
‌တပတ်တာ စာကြိုးစားထားလို့
ပင်ပန်းခဲ့သမျှ
☕ ကော်ဖီပူပူလေးနဲ့ ☕
မိုးစက်လေးတွေကို
ခံစားလိုက်ပါ။ 🌧️🌧️🌧️

Keep Calm
and
Enjoy Raining

SSA A Level Education Centre

09/05/2023

အိုင်ဂျီ (IG / IGCSE) ပြီးရင် ဘာလုပ်ကြမလဲ?

မကြာမီကာလမှာ ကမ္ဘာတလွှားကကျောင်းသားကျောင်းသူတွေ IGCSE စာမေးပွဲကို ဖြေဆိုပြီးမြောက်ကြတော့မှာပါ။ IGCSE ဆိုတာ International General Certificate of Secondary Education နိုင်ငံတကာအသိအမှတ်ပြု အထက်တန်းအောင်လက်မှတ်ဖြစ်ပါတယ်။ ဒီတော့ IGCSE အောင်ပြီးသွားပြီဆိုရင် အထက်တန်းပြီးသွားပြီလို့ ပြောလို့ရပါတယ်။

အိုင်ဂျီ ပြီးသွားတဲ့ ကျောင်းသားကျောင်းသူတွေဟာ လျှောက်လှမ်းရွေးချယ်စရာလမ်းကြောင်းတွေ များပါတယ်။ တချို့လည်း
➡️ မိဘလုပ်ငန်းကို ဝင်ရောက်ဦးစီးကြမယ်
➡️ ပြည်ပထွက်ပြီး အလုပ်လုပ်ကြမယ်
➡️ ပြည်ပထွက် အလုပ်လုပ်ရင်း ကျောင်းဆက်တက်ကြမယ်
➡️ ပုဂ္ဂလိက တက္ကသိုလ်တွေမှာ ပညာဆက်သင်ကြမယ်
➡️ ပြည်ပတက္ကသိုလ်တွေမှာ အဆင့်မြင့်ပညာ ဆက်လက်သင်ယူကြမယ်
စတဲ့ မိမိတို့ ဝါသနာပါရာအလျောက် ရည်မှန်းချက်နဲ့ အိပ်မက်တွေအလျောက် ဆက်လက်ရွေးချယ် လျှောက်လှမ်းလို့ ရကြပါတယ်။

ဒီလမ်းတွေထဲမှာ တီချယ်အခု ပြောပြမှာကတော့ ပြည်ပထွက်ပြီး ပညာဆက်လက်သင်ယူမယ့်သူတွေအတွက် ဖြစ်ပါတယ်။ ပြည်ပထွက်ပြီး ပညာသင်ယူမယ့် ကျောင်းသားကျောင်းသူတွေဟာ ရွေးချယ်စရာ ၂ လမ်း ရှိပါတယ်။

➡️ ပထမလမ်းက မိမိတက်လိုတဲ့ တက္ကသိုလ်မှာ Foundation Year ကနေ စတက်ရတာ ဖြစ်ပါတယ်။ ပြည်တွင်း ပြည်ပ တက္ကသိုလ်အများစုဟာ IGCSE အောင်မြင်ပြီးတဲ့ ကျောင်းသားကျောင်းသူတွေကို University First Year တန်းပြီး ပေးမတက်ကြပါဘူး။ ပထမနှစ် First Year မတက်မီ Foundation Year ကို အရင်ပေးတက်စေလေ့ရှိကြပါတယ်။ အကြောင်းကတော့ IGCSE မှာ မတူညီတဲ့ ဘာသာတွဲတွေကို ယူခဲ့ကြတဲ့ နိုင်ငံတကာကျောင်းသားတွေ နေရာအနှံ့က ကျောင်းသားတွေအတွက် သူတို့ဆက်တက်ရမယ့် တက္ကသိုလ် မေဂျာအလိုက် ရင်းနှီးကျွမ်းဝင်မှု ပိုရှိအောင် အခြေခံ Foundation Year ၁ နှစ် ခံပြီးမှ တက္ကသိုလ်ပထမနှစ်ကို ပေးတက်တာပဲ ဖြစ်ပါတယ်။ ပြည်ပကို စောစောသွားချင်တယ်။ တက်ချင်တဲ့ တက္ကသိုလ်က တန်းလက်ခံတယ် ဆိုတဲ့သူတွေ ရွေးချယ်သင့်ပါတယ်။

➡️ နောက်တစ်လမ်းကတော့ A Level လမ်းကြောင်းပါ။ IGCSE ပြီးဆုံးအောင်မြင်ထားတဲ့ ကျောင်းသားကျောင်းသူအများစုဟာ အသက် ၁၆ နှစ် ၁၇ နှစ် အရွယ်လေးတွေများပါတယ်။ ဒီအရွယ်ဆိုတာ တီချယ်တို့တုန်းကတော့ အိမ်ကနေ အဆင်သင့် ကျောင်းတက်ရတဲ့ အရွယ်လေးတွေပေါ့လေ။ ဒီအရွယ်လေးတွေကို ပြည်ပလွှတ်ပြီး တစ်ကိုယ်တည်း ကျောင်းဆက်တက်ဖို့ ဆိုတာကို မိဘတွေ အများစုက သားသမီးကို ချစ်တဲ့စိတ်နဲ့ ခွဲခွာဖို့ ခက်ကြတာတွေ ရှိတတ်တယ်။ ဒါ့အပြင် ကျောင်းသားကျောင်းသူများကိုယ်တိုင်ကလည်း အသက် ၁၈ နှစ် မပြည့်သေးတဲ့အချိန်မှာ ပြည်ပမှာ တစ်ယောက်တည်း ရပ်တည်ရတဲ့အခါ လိုအပ်တဲ့ ရင့်ကျက်မှုနဲ့ ခံနိုင်ရည်ရှိမှုတွေ အဆင်သင့်မဖြစ်သေးတာတွေ ရှိတတ်ကြပါတယ်။ နိုင်ငံတကာ ဥပဒေတွေအရ အသက် ၁၈ နှစ် မပြည့်သေးတဲ့ ကျောင်းသားအတွက် မိဘအုပ်ထိန်းသူတစ်ယောက် ပြည်ပကို အတူလိုက်နေပေးဖို့ ဆိုတာကလည်း စိန်ခေါ်မှုတစ်ခု ဖြစ်နေပါသေးတယ်။

ပြည်ပအဆင့်မြင့်ပညာရေးကို ဆက်သွားချင်တယ် အခုလတ်တလော အသက်မပြည့်သေးလို့ မသွားနိုင်သေးဘူး ၊ လက်မလွှတ်နိုင်ရက်သေးဘူး ဆိုရင် A Level လမ်းကြောင်းကို ရွေးချယ်လို့ရပါတယ်။

A Level တက်တဲ့ အားသာချက်တွေက
✅ ဆရာဝန် ၊ အင်ဂျင်နီယာ ၊ ဆေးဘက်သုတေသန စတဲ့ အဆင့်မြင့်ပညာများအတွက် အခွင့်အလမ်းပိုသာပါတယ်
✅ AS နဲ့ A Level ကို ပြည်တွင်းမှာပဲ သင်ယူမယ်ဆိုရင် ပြည်ပမှာ ကုန်ကျမယ့် နေစရိတ် စားစရိတ် ကျောင်းစရိတ်တွေ ထက်ဝက်မက အကုန်အကျသက်သာပါတယ်
✅ A Level ဆက်တက်နေရင်း အသက် ၁၈ နှစ်ပြည့်သွားမှာ ဖြစ်တဲ့အတွက် အချိန် အလဟဿ မကုန်တော့ပါဘူး
✅ မိမိတက်လိုသော တက္ကသိုလ်ပေါ်မူတည်၍ University Second Year အထိ အတန်းခုန်ခွင့် ကင်းလွတ်ခွင့် ရနိုင်ပါတယ်

ဒီလိုအားသာချက်တွေများတဲ့ A Level လမ်းကြောင်းကို တီချယ်တို့ SSA A Level Education Centre က ကူညီပံ့ပိုးပေးနေပါတယ်။ A Level နဲ့ ပတ်သက်လို့ ဒီ့ထက်ပိုပြီး သိချင်တယ် ၊ ဆွေးနွေးချင်တယ် ဆိုရင် Page ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

သားတို့သမီးတို့ရဲ့ အနာဂတ်ပညာရေးလမ်းကြောင်း ဖြောင့်ဖြူး အဆင်ပြေချောမွေ့ဖို့ တီချယ်စုက ဆုတောင်းပေးပါတယ်။

သားတို့သမီးတို့ရဲ့ တီချယ်စု
၉.၅.၂၀၂၃

အောင်မြင်ဝင့်ထည် A Level
SSA A Level Education Centre
☎️ 09965111471
📧 [email protected]

08/05/2023

အောင်မြင် . ပညာ . မင်္ဂလာ . တနင်္လာ

အပတ်စဉ် တနင်္လာနေ့တိုင်းမှာ ပညာနဲ့ပတ်သက်တဲ့ တွေးတောဉာဏ်ကွန့်မြူးနိုင်ဖွယ် ကိုးကားစကား Education Quotes များကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။

အောင်မြင်ဝင့်ထည် A Level
SSA A Level Education Centre

"The only person who is educated is the one who has learned how to learn and change."

Carl Rogers
(1902 - 1987)
American Psychologist
one of the founders of humanistic psychology

ပညာတကယ်တတ်တဲ့သူဆိုတာ ဘယ်လိုသင်ယူရမလဲနဲ့ ဘယ်လိုပြောင်းလဲယူရမလဲ ဆိုတာကို သင်ယူတတ်မြောက်ပြီးတဲ့သူပဲ ဖြစ်တယ်။

ကားလ်ရော်ဂျာ
(၁၉၀၂ - ၁၉၈၇)
အမေရိကန် စိတ်ပညာရှင်
လူသားစိတ်ပညာဗေဒ၏ ဦးဆုံး တည်ထောင်သူများထဲမှ တစ်ဦးဖြစ်သည်။

06/05/2023

အားလုံးပဲ မင်္ဂလာပါ။
ကျွန်မနဲ့ ကျွန်မရဲ့ ပညာရေးလုပ်ငန်းလေးကို မိတ်ဆက်ပေးပါရစေနော်။ ကျွန်မက Dr. စုစုအေး ပါ။ ပညာရေးမှာ စာသင်လာတာ ၁၅ နှစ်ကျော် ရှိခဲ့ပါပြီ။ တပည့်တွေနဲ့ တပည့်မိဘတွေကတော့ ရင်းရင်းနှီးနှီးနဲ့ တီချယ်စု လို့ပဲ ခေါ်ကြပါတယ်။

ဆရာဆိုတာ တပည့်တွေကို ရွေးချယ်ခွင့် မရှိပါဘူး။ ကိုယ့်ဆီကို ယုံကြည်လို့ ရောက်လာသမျှကို သင်ကြားလမ်းညွှန်ပေးဖို့ တာဝန်ရှိပါတယ်။ ဒီလို ၁၅ နှစ်ကျော် ပညာသင်ကြားပေးလာတဲ့ ခရီးတလျှောက်မှာ တပည့်အမျိုးမျိုး ကြုံတွေ့ခဲ့ရပါတယ်။ တပည့်တိုင်း တပည့်တိုင်းဟာ ရောက်ရာနေရာမှာ အဖိုးတန်တဲ့ အကျိုးရှိတဲ့ဘဝတွေကို ဖြတ်သန်းကြပါတယ်။

တချို့တပည့်တွေက ရည်မှန်းချက်ကြီးကြပါတယ်။ ပြည်ပမှာ ပညာဆည်းပူးချင်ကြပါတယ်။ ပြည်ပမှာ ပညာဆည်းပူးဖို့အတွက်ကျတော့ ကျောင်းသားကိုယ်တိုင် ရည်မှန်းချက်ကြီးရုံ ကြိုးစားချင်စိတ်ရှိရုံ ပညာထူးချွန်ရုံနဲ့ မရတော့ပါဘူး။ မိဘရဲ့ ပံ့ပိုးပေးမှုကလည်း အားတစ်ခုပါပဲ။ ဒါ့အပြင် ပြည်ပပညာရေးနဲ့ အဆင်ပြေစေမယ့် သင်ကြားလေ့ကျင့်ပေးမှု ရရှိထားဖို့ကလည်း နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ခုပါပဲ။

ဒါ့ကြောင့် ကျွန်မရဲ့ ၁၅ နှစ်ကျော် ပညာသင်ကြားပေးလာတဲ့ အတွေ့အကြုံတွေနဲ့ ပြည်ပမှာ ပညာကြိုးစားသင်ယူဆည်းပူးလိုတဲ့ ကျောင်းသားကျောင်းသူတွေ ၊ မိမိတို့ရဲ့ သားသမီး‌တွေကို ပြည်ပမှာ ပညာသင်ယူစေချင်တဲ့ မိဘတွေကို ကူညီပေးချင်တဲ့အတွက် အခုလို SSA A Level Education Centre လေးကို စတင်ဖြစ်လိုက်ပါတယ်။

ကျွန်မကို ချစ်ခင်ယုံကြည်ကြတဲ့ မိဘများ တပည့်များအနေနဲ့ A Level ပညာရေးနဲ့ ပတ်သက်လို့ဖြစ်စေ ပြည်ပမှာ ပညာဆက်လက်သင်ယူဖို့နဲ့ ပတ်သက်လို့ဖြစ်စေ အကြံဉာဏ်ရယူတာ ၊ စာသင်ပေးတာတွေကို ကျွန်မဘက်က ကူညီပံ့ပိုးပေးနိုင်ပါတယ်။ ယုံကြည်စိတ်ချရတဲ့ အရည်အချင်းပြည့်ဝတဲ့ ဘာသာရပ်ဆိုင်ရာ ဆရာဆရာမတွေကိုလည်း ချိတ်ဆက်ပေးနိုင်ပါတယ်။

ကျောင်းသားကျောင်းသူ မိဘပြည်သူတွေလည်း မင်္ဂလာရှိတဲ့ ထွန်းတောက်တဲ့အနာဂတ်တွေ ဖန်တီးပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးပါရစေရှင့်။

သားတို့ သမီးတို့ရဲ့
တီချယ်စု
SSA A Level Education Centre



☎️ - 09965111471
📧 - [email protected]

05/05/2023

2023 May/June မှာ ဖြေမယ့် တပည့်တွေ အတွက်
အကျိုးရှိမယ် လို့ ယုံကြည်ပါတယ်။

Best of Luck to you ALL 💗

Edexcel 2023 January Past Papers A level and O level စုစည်းပြီး drive မှာတင်ပေးထားပါတယ်

https://drive.google.com/drive/folders/1FoH8wF064mQwXMTm_bcweC4RxQuaDsGV?usp=sharing

03/05/2023

"မြတ်ဗုဒ္ဓအခါတော်နေ့"
ယနေ့ သာသနာသက္ကရာဇ် ၂၅၆၇ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်ပေသည်။

"ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန်မှတ်ရန် ဗုဒ္ဓနေ့"
ဗျာ-ကဆုန်လပြည့်နေ့မှာ ဗျာဒိတ်တော်ကိုခံယူတော်မူပါသည်။
ဖွား-က‌ဆုန်လပြည့်နေ့မှာ ဖွားမြင်တော်မူပါသည်။
ပွင့်-က‌ဆုန်လပြည့်နေ့မှာ ဘုရားပွင့်တော်မူပါသည်။
စံ-က‌ဆုန်လပြည့်နေ့မှာ ပရိနိဗ္ဗာန်စံဝင်တော်မူပါသည်။

ကဆုန်လပြည့်နေ့ မြတ်ဗုဒ္ဓအခါတော်‌နေ့မှာ မြန်မာပြည်သူပြည်သားအပေါင်း တရားဓမ္မများနှင့် ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပြီး ကုသိုလ်တရားများ ပွားများဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်... 🙏🙏🙏

01/05/2023

၂၀၂၃ ခုနှစ် မေလ(၁)ရက်နေ့တွင်ကျရောက်သော "ကမ္ဘာ့အလုပ်သမားနေ့" အား ဂုဏ်ပြုကြိုဆိုပါသည်။

28/03/2023

နိုင်ငံခြားမှာ ကျောင်းတက်ဖို့ ကိုယ်တိုင်ခေါင်းရှုပ်ခံစဉ်းစားစရာမလိုဘဲ Thymes Education Consulting မှာ တိုင်ပင်ဆွေးနွေးနိုင်ပြီနော်✨

🅰️ Thymes Education Consulting က SSA A-Level Education Center ၏ မိတ်ဖက်အဖွဲ့အစည်းဖြစ်ပါတယ်။

ဒါကြောင့်မလို့ SSA A-Level Education Center တွင်တက်နေသောကျောင်းသားအားလုံးက Thymes Education Consulting မှာ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်မှာပါ။

🅰️ Thymes Education Consulting မှာ ရရှိနိုင်တဲ့ ဝန်ဆောင်မှုတွေက

✅ မှန်ကန်သော ပညာရေးလမ်းကြောင်းအတွက် လမ်းညွှန်ပေးမှု၊

✅ တိကျသေချာသော စာရွက်စာတမ်းနှင့် အချက်အလက် ပြင်ဆင်မှု၊

✅ ပြည်ပသို့ လွယ်ကူချောမွေ့စာ ထွက်ခွာနိုင်ရန် ပြင်ဆင်ပေးမှု နှင့်

✅ ပြည်ပတွင် လုံခြုံစိတ်ချစွာ နေထိုင်နိုင်ရန် စီစဉ်ပေးမှု

🅰️ UK, USA, Europe နှင့် Southeast Asia စသည့်နိုင်ငံများမှ ထိပ်တန်းတက္ကသိုလ်ပေါင်း 600 ကျော်နှင့် ချိတ်ဆက်ထားတဲ့အတွက် ကျောင်းသားများအ‌‌နေနှင့်မိမိနှင့်သင့်လျော်သော အကောင်းဆုံးတက္ကသိုလ်ကို ရွေးချယ်နိုင်မှာပါ။

တိုင်ပင်ဆွေးနွေးလိုပါက Thymes Education Consulting page ရဲ့ Facebook messenger (သို့) tel:+959408949922 ကိုဆက်သွယ်ပြီး appointment ယူနိုင်ပါပြီ။

🅰️ ကျောင်းစာသင်ခန်းစာများအတွက် စိတ်ပူစရာမလိုအောင် SSA A-Level Education Center မှတာဝန်ယူသင်ကြား‌ပေးနေသည့်အပြင် မိမိနှင့်သင့်လျော်သော အကောင်းဆုံးတက္ကသိုလ်ရွေးချယ်မှုအတွက် စိတ်ပူစရာမလိုအောင် Thymes Education Consulting နှင့် လက်တွဲကာ ဝန်ဆောင်မှုပေးနေပြီ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

16/03/2023

A Level ဖြေဆိုဖို့ပြင်ဆင်နေသော ကျောင်းသူကျောင်းသားများအတွက် Edexcel A Level Preparation Class

၅ယောက်ပြည့်ရင် အတန်းစပါမည်။
စုံစမ်းရန် - 09965111471 or page chat box

https://www.facebook.com/100089305478486/posts/115967194723463/

SSA - A-Level Education Center
A Place for A Level Students

A Level တက်ရောက်ဖို့ ပြင်ဆင်နေတဲ့ ပညာလိုလားသူများအတွက် A Level Preparation Class (First Batch) ကို ကျောင်းအပ်စတင်လက်ခံနေပါပြီ။ International Education နယ်ပယ်တွင် နာမည်ရအတွေ့အကြုံရှိ ဆရာမ တီချယ်စုစုအေး ဦးစီးတဲ့ SSA - A-Level Education Center ဖြစ်တဲ့အတွက် သင့်ပညာရေးနှင့် ဘဝအနာဂတ် အောင်မြင်မှုများအတွက် ယုံကြည်စွာ အပ်နှံနိုင်ပါပြီ။

February 20ရက်‌‌နေ့ မတိုင်ခင်အပ်နှံသူများအတွက် Early Bird Discount အပြင် ဘာသာရပ်များများတက်ရင်လည်း discount ပေးနေပြီဆိုတော့ ပညာလိုလားလေ သက်သာခွင့်ပိုရလေပါပဲ။ ပညာရေးအတွက် လက်မနှေးဘဲ အတန်းအပ်နှံပြီး "Upto 35% " များ ရယူလိုက်ပါ။

သင်ယူနိုင်သော ဘာသာရပ်များ
🏆 Maths
🏆 Chemistry
🏆 Physics
🏆 Biology
🏆 IT

🅰️သင်တန်းစမည့်ရက် - 18.3.2023 (2023 March intake)

🅰️ သင်တန်းကြာချိန် - 2 years (9 months for AS Level, 15 months for A Level)

🅰️ သင်ကြားမည့်ပုံစံ - online zoom class
(ပြည်တွင်း ပြည်ပမှ ကျောင်းသား ကျောင်းသူများလည်း တက်ရောက်နိုင်ရန် စီစဉ်ထားသည်။)

🅰️ သင်တန်းအချိန်စာရင်း အသေးစိတ် ကြည့်ရှုရန်
https://www.facebook.com/100089305478486/posts/114243574895825/

⭐ SSA - A Level မှာ ဘာကြောင့်တက်သင့်သလဲ? ⭐

🅰️ အတွေ့အကြုံရှိသော ဝါရင့်ဆရာမ တီချယ်စုစုအေးမှ သင်တန်းအား ဦးစီးပေးခြင်း။

🅰️ နိုင်ငံခြားဘွဲ့ရ ဆရာ၊ဆရာမများ ၊ အရည်အချင်းပြည့်ဝပြီး သင်ကြားရေးအ‌တွေ့အကြုံရင့်ကျက်သော ဆရာ၊ဆရာမများမှ သင်ကြားပေးခြင်း။

🅰️ O Level အပြီး နိုင်ငံခြားထွက်ခွင့် စောင့်ဆိုင်းနေသူများ အချိန်ကုန်မနေသင့်ဘဲ A Level ပြီးစီးအောင်တက်ထားပါက ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များသို့ လွယ်ကူချောမွေ့စွာ တက်ရောက်နိုင်သဖြင့် အချိန်ကို အကျိုးရှိစွာအသုံးချနိုင်ခြင်း။

🅰️ နိုင်ငံတကာ A Level သင်တန်းများတွင်တက်လျှင် ၁နှစ် သိန်း(၅၀၀)ခန့်ကုန်နိုင်သော်လည်း ယခုသင်တန်းမှာ ၁နှစ်လျှင် သိန်း(၆၀)ခန့်သာ ကျသင့်သဖြင့် များစွာသက်သာခြင်း။ (Early Bird Discount ရပါက ပိုမိုသက်သာနိုင်ပါသည်)

🅰️ မေးခွန်းဟောင်းများ လေ့ကျင့်ပေးခြင်း။

🅰️ စာမေးပွဲများ စစ်ပေးခြင်း။

🅰️ စာမေးပွဲကြေးသွင်းရန် အခက်အခဲရှိပါက ကူညီဆောင်ရွက်ပေးခြင်း။

🅰️ ကျောင်းလျှောက် Visa လျှောက်ရာတွင် လွယ်ကူအောင် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း။

ထိုသို့သောအချက်များကြောင့် SSA - A-Level Education Center တွင် တက်ရောက်ရန် ရွေးချယ်သင့်ပါသည်။

A Level (First Batch) သင်တန်းကို တက်ရောက်ဖို့စိတ်ဝင်စားသူများအနေဖြင့် SSA - A-Level Education Center page ရဲ့ chat box ကိုဆက်သွယ်ပြီး admission form ကိုရယူကာ ကျောင်းအပ်နိုင်ပါပြီ။

အသေးစိတ် အချက်အလက်များကို ထပ်မံသိရှိလိုပါက Page ကို ဆက်သွယ်ပြီး မေးမြန်းနိုင်ပါတယ်။

SSA - A-Level Education Center
A Place for A Level Students

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon

Other Yangon schools & colleges (show all)
CROWN Education CROWN Education
No 275, Pyay Road, Red Hill Tower, 3rd Floor
Yangon, 11111

First Myanmar Education Consultancy awarded British Council Education UK Agents Training Certificate (Distinction). Most trusted overseas Education Consultancy for providing the ri...

Smile Excel Learning Smile Excel Learning
Yangon

Excel Learning & Data Analysis Service

Dots English Dots English
Wai Bargi Road
Yangon, 11031

BA Class Myanmar BA Class Myanmar
Yangon

မီဒီယာ၊ နည်းပညာနှင့် အင်ဂျင်နီယာ အတတ်ပညာများ သင်ယူရာ စာမျက်နှာတစ်ခု။

WHEC - IGCSE WHEC - IGCSE
No. 411, Balika ( Zaya 10th )Street, 10th Qtr, South Okkalapa Tsp
Yangon, 11091

We will unlock your capabilities.

Yangon Grasp Academy Yangon Grasp Academy
No. 26/201, Nguwar Street (B), Yuzana Garden City
Yangon, 11441

Dedicated to Excellence.

Upgrade Upgrade
No 1140, 1st Floor, Ya-tha-wa-ti Street South-Oakkalar Township
Yangon

Let's upgrade & update your mathematics level

DataLearn DataLearn
No. 902, Dagon Thiri Street, 43 Ward, North Dagaon Township
Yangon

Change Your Life with Data

G - 7 Academy G - 7 Academy
Yangon

Decent It and Technical School Decent It and Technical School
U Chit Maung Road Bahan Township
Yangon

To Promote Our Knowledge,