Aung Floral Design & Event Decoration

ခန့်ညားထည်ဝါ ဂုဏ်တင့်ဖို့ Aung Wedding & Event Renta


ခရမ်းရောင်ကိုမြတ်နိုးလွန်းတဲ့သူမအတွက်💜💜💜
☎️-095394415

Photos from Aung Floral Design & Event Decoration's post 12/01/2023

သတို့သမီးလေးပေးတဲ့အားဆေး💝
Floral Service - Aung Floral Design & Event Decoration ⭐️⭐️⭐️⭐️⭐️
ကိုယ်တွေရဲ့ အဓိက supporter ကြီးလာပါပီ
အဓိကဇာတ်လိုက်မင်းသားကြီးမို့
နောက်ဆုံးမှရေးရတာပါလို့
တော်ကြာ ထော်နေမှာဆိုးလို့ 🤪
ဖြစ်နိုင်ရင် ⭐️ ဆယ်လုံးလောက်ပေးချင်တာပါ
ပွဲတစ်ပွဲလုံးရဲ့ planner လို့ ပြောရလောက်အောင်
ပိုက်ဆံလည်း တစ်ပြားမှမယူပဲ
ကိုယ့်အပူကို သူ့အပူအဖြစ် ပြောင်းပြီး
အားတက်သရော ကူညီပေးခဲ့သူကြီးပါ
ကိုယ်လုပ်ချင်တဲ့ အရာမှန်သမျှ
မဖြစ်ဖြစ်အောင် လုပ်ပေးခဲ့သူကြီးပါ
သူ့အလုပ်နဲ့မဆိုင်တဲ့ ပူဆာသမျှပစ္စည်းတိုင်းလည်း
အကုန်လိုက်ဝယ်ပေးသူကြီးပါ 😂
သဇင်ပန်းရှာပေးပါဆိုလည်း အင်း
လက်ကိုင်ပန်းကို ကျူးလစ်နဲ့သစ်ခွ
အစစ်မှ လိုချင်တယ်ဆိုလည်း အင်းပဲ
လျှောက်လမ်းကို အမြင့်လျှောက်ချင်တယ်ပြောလည်း
သုံးထပ်အမြင့်ကို သစ်သားပေါင်းများစွာ
အခေါက်ခေါက်အခါခါ ထမ်းသယ်ပီး
ရအောင်လုပ်ပေးခဲ့တာ 😔
ကိုယ်တင်မကဘူး ကိုယ့်မေမေ
ပူဆာသမျှလည်း အကုန် အင်းပဲ
သူများလို ဘူးတစ်လုံးဆောင်တာမဟုတ်ပဲ
သူက အင်းတစ်လုံးပဲ ပြောတတ်တာ😂
သတိုးသမီးလေးတွေ ပျော်ရင်
သူစိတ်ချမ်းသာနေရသလို စေတနာကော
စိတ်သဘောထား အလွန်ကောင်းတဲ့သူပါ
ကိုယ်ပွဲထဲကိုရောက်သွားတော့လည်း
ကိုယ်ပေးရတဲ့ စျေးနဲ့ မတန်လောက်အောင်
ပြင်ဆင်ပေးထားတော့ ပိုက်ဆံတောင်
ထပ်တောင်းမလားလို့ ဇဝေဇဝါ
ဖြစ်ရလောက်တဲ့ထိ ပွဲတိုင်းကို
စေတနာအပြည့်နဲ့ ပြင်ဆင်ပေးတဲ့သူမို့
လုံးဝကို highly highly recommend ပါလို့
Ko Aung Ko Min ရေ အကို့ကို ဒီကနေပဲ
ထပ်ပြီး ကျေးဇူးအထူးထပ်တင်ပါရစေ 🙏

Photos from Aung Floral Design & Event Decoration's post 11/01/2023

ရက်မရတော့ပါဘူးခင်ဗျ ရက်မရတော့ပါဘူးခင်ဗျ ခဏခဏငြင်းရလွန်းလို့ မျက်နှာတွေလည်းပူမိပါတယ် 😥

Photos from Aung Floral Design & Event Decoration's post 07/01/2023

သတို့သမီးလေးအလိုကျ ကိုယ့်စိတ်တိုင်းကျ😍
☎️ 095394415

Photos from Aung Floral Design & Event Decoration's post 05/01/2023

မဟာဆန်လွန်းလှတဲ့ သတို့သမီးလေးရဲ့ ဖြစ်ချင်တဲ့အိမ်မက်တွေကို ပါရမီဖြည့်ပေးခွင့်ရတဲ့ပွဲ
Congratulations Waiyan & Phyo
မဂ်လာရက်မြတ်မှသည် စိန်ရတုတိုင်မခွဲအတူ ပေါင်းဖက်နိုင်ကြပါစေခင်ဗျ
MUA - May Oo Maung
MC- Lin Khit
Photo - Ko Nay Min Tun (AG)
☎️ - 095394415

02/01/2023

နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာကကျေးဇူးတင်ပါတယ်ခင်ဗျ 💝💝💝

01/01/2023

🙏ယနေ့ကျရောက်သော မင်္ဂလာရှိသော နှစ်သစ်မှစလို့ ၇ ရက်သားသမီးအပေါင်းတို့သည် စက္ကန့်တိုင်းမှာ ကောင်းသတင်းမင်္ဂလာ အဖြာဖြာနဲ့ပြည့်စုံနိုင်ကြပါစေ ❤️
🙏မရှိစကားမကြားရ၍ အရာခပ်သိမ်းသောကောင်းကျိုးလိုအင်ဆန္ဒတို့ပြည့်ဝပြီး စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် လှုပ်ရှားသွားလာနိုင်ကြပါစေလို့ တောင်းဆုမွန်မြတ် မေတ္တာပို့အပ်ပါတယ်ခင်ဗျာ❤️

Photos from Aung Floral Design & Event Decoration's post 30/12/2022

လောကမှာသူချော့ခဲ့ဖူးတာဆိုလို့ မိကော်(သတို့သမီး)တစ်ယောက်ပဲရှိဖူးသေးတယ်လို့ သူ(သတို့သား)ပြောလိုက်ချိန်မှာ ကံကောင်းလွန်းလှတဲ့သတို့သမီးလေးအတွက်တွေးပြီးပီတိ​ဖြစ်မိတဲ့ပွဲလေး💞
Congratulations Htun & Khine
မင်္ဂလာရက်မြတ်မှသည်သက်ဆုံးတိုင် အောင်မြင်ပျော်ရွှင်ခြင်းတွေနဲ့အတူ သာယာတဲ့မိသားစုဘဝလေးပိုင်ဆိုင်နိုင်ပါစေခင်ဗျာ
☎️ 095394415

30/12/2022

ကိုယ့်အတွက် တန်ဖို့ဖြတ်မရတဲ့အားဆေးလေးပါပဲ 💝💝💝

Photos from Aung Floral Design & Event Decoration's post 27/12/2022

သက်ဆုံးတိုင် တစ်ဦးတည်းချစ်နေကြမယ့် ကြင်သူနှစ်ဦးရဲ့ ရွှေလက်တွဲတဲ့ပွဲလေးမှာ ပါရမီဖြည့်ခွင့်ရဖို့ဆိုတာ ရှေးကုသိုလ်လို့ဆိုရမလိုပါပဲခင်ဗျာ
📸 STUDIO G
Aung Floral Design & Event Decoration
Royal couches - OK Hire
Venue - Taikkyi

Photos from Aung Floral Design & Event Decoration's post 24/12/2022

မဟာဆန်ဆန်လှလွန်းလှတဲ့ သတို့သမီးလေးအတွက်ပြင်ပေးဖြစ်ခဲ့တာလေး
☎️ 095394415

Photos from Aung Floral Design & Event Decoration's post 20/12/2022

Congratulations ညီညီ 💞 ချမ်းချမ်း
ညီနဲ့ချမ်း တို့ရဲ့မင်္ဂလာရက်မြတ်မှသည် ချစ်သက် ၁၂၀ တိုင်ပါစေခင်ဗျာ
☎️ 095394415

Photos from Aung Floral Design & Event Decoration's post 19/12/2022

အိမ်မှာပဲပွဲလုပ်ချင်တယ် မဏ္ဍပ်လည်းမထိုးချင်ဘူးကိုကြီးရယ် ပြီးတော့တစ်ပွဲလုံးကိုကြီးသဘောကျစီစဉ်ပေးပါ​ေနာ်ဆိုလို့ Pre Wedding၊ဖိတ်စာ ကနေ စားဝိုင်းတွေထိစီစဉ်ပေးရတဲ့မှော်ဘီပွဲလေး
တစ်မိသားစုလုံးကသဘောကောင်းပြီး Team တစ်ခုလုံးကိုလိုလေသေးမရှိအောင်ပြုစုတဲ့အပြင် ညဘက်အိမ်အထိလိုက်ပို့ပေးတဲ့အထိ ဧည့်ဝတ်ကျေလွန်းလှတဲ့မိသားစုလေး 💞

☎️ 095394415

15/12/2022

"ကျေးဇူးပါမောင်တို့ရာ"
ပွဲတစ်ပွဲပြီးတိုင်း ပွဲရှင်မောင်နှံတွေ မိတ်ဖက် ဓါတ်ဆရာ မိတ်ကပ်ဆရာ မီးဆရာ အပြင် ဟော်တယ် ခန်းမတာဝန်ခံတွေကို ခါးလေးကိုင်း လက်လေးဆွဲလို့ ကျေးဇူးပါလို့တတွင်တွင်ပြောမိတာ အကြိမ်ပင်ရေမရ၊ တကယ်လည်းကျေးဇူးရှိတာကိုး ပွဲရှင်မောင်နှံလေးတွေပွဲအပ်လို့သာ အလုပ်မပြတ်တာမဟုတ်လား။
မိတ်ဖက်အနေနဲ့ ပညာရှင်တွေအကုန်ပူးပေါင်းလို့လည်း ကိုယ်ပြင်တာလေးကပိုပြီးရုပ်လုံးကြွတာမို့ သူတို့ကျေးဇူးလည်းမကင်းပေးဘူးလေ။
ခါကိုင်းပြီးလက်မဆွဲမိတာကမောင်တို့ကိုပေါ့။
ခုလိုပွဲတွေတင့်တယ်ပြီး မောင်နှံလေးတွေလှသထက်လှ ကြွသထက်ကြွအောင် ဆရာ(ကျွန်တော်)လိုချင်တဲ့ဒီဇိုင်းမှန်သမျှကို ငြိုငြင်ခြင်းအလျင်းမရှိ စိတ်ရှည်ရှည်နဲ့ နောက်ကွယ်ကနေရော ပွဲချိန်မှာပါ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားပေးကြလို့ကျေးဇူးအထူးပါမောင်တို့ရာ ရှေ့ဆက်ပြီး လက်တွဲညီညီကြိုးစားကြရင်း တို့သုညကစခဲ့ကြတဲ့လုပ်ငန်းကို ယခုထက်ပိုပြီးရုပ်လုံးကြွအောင်ကြိုးစားကြတာပေါ့ မောင်တို့ရာ ။
အားလုံးကို ဆရာ့ရင်ဘတ်ကြီးရဲ့အနက်ရှိုင်းဆုံးနေရာကနေကျေးဇူးတင်ပါတယ်လို့ပြောကြားရင်းမှတ်တမ်းတင်ပါတယ်မောင်တို့ရာ။
ဆရာအောင် (၁၅.၁၂.၂၀၂၂)

Photos from Aung Floral Design & Event Decoration's post 14/12/2022

🎼ချစ်သူ့ဆီကို တောင်ပံဖြန့်ကျက်လို့သွားချင်တယ် 🎼
✈️လေယာဉ်မှူး "ကိုသောင်နဲ့ ညီမလေး သုံ " တို့အတွက်ပြင်ပေးဖြစ်တဲ့ မိုးကုတ်စက်ဝိုင်း(အာကာသ)ထဲမှာ တောင်ပံဖြန့်ချိန်တောင် သုံ့ကို ချစ်နေမယ့် Themed Decoration လေး ✈️
📸 Amazing Grace
Lighting - NINE Audio&Lighting Myanmar
☎️ 095394415

Photos from Aung Floral Design & Event Decoration's post 13/12/2022

Event ပုံလေးတွေမတင်ခင် beauty photo လေးတွေအရင်တင်လို့ရလား 😍
📸 Amazing Grace (Ko Nay)
MUA -Kelvin Waiyan
Florist - Aung floral design & Event Decoration
☎️095394415

13/12/2022

😍😍😍

Photos from Aung Floral Design & Event Decoration's post 13/12/2022

ဆရာ့ကိုယုံကြည်ပြီးသားမို့ ဆရာ့စိတ်တိုင်းကျပြင်ပေးနော်ဆိုတဲ့သတို့သမီးလေးကို ကိုယ်ပြင်ပေးချင်တဲ့ပုံလေးဆွဲပြလိုက်တယ် 😍 နှလုံးသားနဲ့ဆွဲတဲ့ပုံမို့ထင်တယ် သတို့သမီးလေးက ပုံလေးလှတယ်ဆရာတဲ့ 😘(ကျိတ်ငိုနေတာလည်းဖြစ်နိုင်ပါတယ်😝😁)
📠095394415

11/12/2022

ရွှေ‌ဝါရောင်သတို့သမီးလေးအတွက်💝💝💝

📠095394415

Photos from Aung Floral Design & Event Decoration's post 08/12/2022

Congratulations Zaw Ko 💝 Shwe Yi
ချစ်ရတဲ့မောင်နှံလေးတို့ရဲ့ မဂ်လာဦးရက်မြတ်မှသည် စိန်ရတုတိုင်ပျော်ရွှင်သာယာတဲ့မိသားစုဘဝလေးတည်ဆောက်နိုင်ပြီး လိုအင်ဆန္ဒပြည့်ဝပါစေခင်ဗျ
📠095394415

Photos from Aung Floral Design & Event Decoration's post 07/12/2022

Before & After
ညီ့စိတ်ကြိုက်သာပြင်ပေး ကျန်တာဘာမှမပူနဲ့ဆိုတဲ့ သတို့သားလေးရဲ့သဘောအတိုငိး ခုံတွေပါလဲပေးလိုက်တယ်

☎️ 095394415

Photos from Aung Floral Design & Event Decoration's post 07/12/2022

ချစ်ရတဲ့မောင်နှံလေးရဲ့ ဤစကားကြောင့် ကြားရသူပန်းဆရာရဲ့ ဘယ်ဘက်ရင်အုံ ထိန်းမရအောင် တုန်ခါလျှက်ရှိ ❤️❤️❤️

04/12/2022

ရွာမှာမဏ္ဍပ်နဲ့ဆောင်တဲ့ပွဲလေးရဲ့ Before & After
☎️ 095394415

Photos from Aung Floral Design & Event Decoration's post 04/12/2022

ရွာမှာမဏ္ဍပ်ထိုးပြီးဆောင်တဲ့ Outdoorပွဲလေး
☎️095394415

Photos from Aung Floral Design & Event Decoration's post 22/11/2022

Congratulations T&S
နေအိမ်မင်္ဂလာအတွင်းမှာပဲ ပြုလုပ်ကျင်းပတဲ့ ထူးခြားပြည့်စုံလှတဲ့ စေ့စပ်မင်္ဂလာရက်မြတ်မှသည် သက်ဆုံးတိုင်ပေါင်းဖက်နိုင်ပါစေခင်ဗျ 💞
☎️095394415

Photos from Aung Floral Design & Event Decoration's post 15/11/2022

ကိုယ်ချစ်ရသော သူတို့စကား 😍

Photos from Aung Floral Design & Event Decoration's post 13/11/2022

ကိုယ်ပြင်ပေးထားတဲ့ပွဲလေးတွေက ကိုယ်ပြန်ရလိုက်တဲ့ခွန်အားလေးတွေ 😍😍😍
သတိတရနဲ့ Mentioned လုပ်ပေးလို့ နှလုံးသားရဲ့တစ်နေရာကနေ ကျေးဇူးအထူးတင်ရပါတယ်အမတို့ခင်ဗျာ 💕💕💕

Photos from Aung Floral Design & Event Decoration's post 05/11/2022

ရွှေရောင်နေ့ရက်တို့ရဲ့အစ 💛🧡

Photos from Aung Floral Design & Event Decoration's post 04/11/2022

ဘယ်လောက်ပင်ပန်းခဲ့ ပင်ပန်းခဲ့ ခုလိုလေးတွေကြားရရင် အားသစ်လေးရလာပြီး စိတ်သစ်လူသစ်ဖြစ်လာပြန်ရော ကျေးဇူးပါချစ်သော မောင်နှံတို့ခင်ဗျာ 😍🥰😍

Photos from Aung Floral Design & Event Decoration's post 26/10/2022

Congratulations Aung & Zar
ကျက်သရေရှိလှပါသောမင်္ဂလာနေ့မြတ်လေးမှစ သက်ဆုံးတိုင်ပျော်စရာမိသားစုလေးပိုင်ဆိုင်နိုင်ပါစေခင်ဗျာ
🏡 နေအိမ်ရှေ့လေးမှာပဲ မင်္ဂလာယူချင်တယ်ဆရာရယ် ဆရာ့သဘောကျလေးပြင်ပေးပါဆိုတဲ့သတို့သမီးလေးအတွက် ပြင်ပေးဖြစ်တဲ့ Theme လေး 😍😍😍
📸 Ko Nay
Floral - Aung Floral Design & Event Decoration
☎️ -095394415

Photos from Aung Floral Design & Event Decoration's post 26/10/2022

နေအိမ်မင်္ဂလာရှေ့လေးမှာပဲ မဏ္ဍပ်ထိုးပြီးဆောင်တဲ့ မင်္ဂလာပွဲအတွက်ပြင်ပေးဖြစ်တဲ့ပွဲလေး

Photos from Aung Floral Design & Event Decoration's post 23/10/2022

ရွှေရောင် သတို့သမီးလေးအတွက် 😍😍😍

Photos from Aung Floral Design & Event Decoration's post 22/10/2022

ငွေဆောင်ကို ခရီးသွားရင်း ဖူးစာဆုံတဲ့ တိုက်ကြီးသူလေးနဲ့ ရခိုင်သားလေး တို့နှင့် သူတို့ရဲ့ ပါရမီဖြည့်ဖက်​များ 🥰🥰🥰

Photos from Aung Floral Design & Event Decoration's post 22/10/2022

Congratulations Zin Bo & Nan Lai 💕
ချစ်ရတဲ့ ညီလေးဇင်ဘိုနဲ့ ညီမလေးနန်းလဲ့တို့ဧ။် ထူးမြတ်တဲ့ မင်္ဂလာရက်မြတ်မှစလို့ နှစ်​ပေါင်းတစ်ရာ့နှစ်ဆယ်တိုင် သာယာပျော်ရွှင်တဲ့မိသားစုလေးတည်ဆောက်နိုင်ပါစေခင်ဗျာ 🙏💗🙏
📸 AG
💄 Shel (Taikkyi)
MC ထွဋ်မြတ်စည်သူ
Floral Aung Floral Design & Event Decoration
☎️ 095394415

Photos from Aung Floral Design & Event Decoration's post 17/10/2022

Tayza 💞 Zarchi
"Couldn't be happier for you!” “Wishing you every happiness together!” “Congratulations on your marriage and best wishes always!” “Here's to the love that brought you together!” “I knew the love you had was something special.
☎️ 095394415

Photos from Aung Floral Design & Event Decoration's post 16/10/2022

အမြဲတမ်းပြုံးရယ်နေတတ်တဲ့ ကိုတေဇ နဲ့ ညီမလေး ဇာခြည် 😍😍😍
☎️-095394415

Photos from Aung Floral Design & Event Decoration's post 12/10/2022

နတ်ဖက်တဲ့ဖူးစာ💞

Photos from Aung Floral Design & Event Decoration's post 08/10/2022

ကျော်💕မျိုး
ချစ်ရပါသောမင်္ဂလာစုံတွဲလေးရဲ့ မင်္ဂလာမော်ကွန်းတင်လက်မှတ်​ရေးထိုးတဲ့ရက်မြတ်(5.10.2022)မှစ စိန်ရတုတိုင် ပျော်ရွှင်တဲ့ မိသားစုလေးပိုင်ဆိုင်နိုင်ပါစေခင်ဗျာ
☎️095394415

Photos from Aung Floral Design & Event Decoration's post 06/10/2022

မြန်မာ့ရှေးဟောင်းအမွေအနှစ်တွေကြားက ရိုးရာမပျက်တဲ့ လက်မှတ်ထိုးပွဲလေး
☎️ 095394415

Photos from Aung Floral Design & Event Decoration's post 05/10/2022

နတ်သက်ကြွေတဲ့နတ်သမီးလေးတွေ 🥰
☎️-095394415

Want your business to be the top-listed Event Planning Service in Yangon?
Click here to claim your Sponsored Listing.

Our Store

This is an

Category

Telephone

Address


No/14, Aung Mingalar ( 10 ) Street, Shan Su Qtr, Taik Kyi
Yangon
130105

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Other Wedding planning in Yangon (show all)
Aung လက်ထပ်စာချုပ်ဖြန့်ချီရေး Aung လက်ထပ်စာချုပ်ဖြန့်ချီရေး
Tarmwe
Yangon

လက်ထပ်စာချုပ်အမျိုးမျိုး၊ နိုတြီ ၊ ကျမ်းကျိန် နှင့်ဘာသာပြန်ဝန်ဆောင်မှု

Cupid လက်ထပ်စာချုပ်ဖြန့်ချီရေး Cupid လက်ထပ်စာချုပ်ဖြန့်ချီရေး
Yangon, 11171

Wedding card and Wedding contract card service

ပိုင်ဟိန်းနှင့်သားများ ပန်းမဏ္ဍပ်နှင့်ပန်အလှဆင်sound boxဌားရန်ရေလုပ်ငန်း ပိုင်ဟိန်းနှင့်သားများ ပန်းမဏ္ဍပ်နှင့်ပန်အလှဆင်sound boxဌားရန်ရေလုပ်ငန်း
တောင်ဒဂုံ/54ရက်ကွက်/ကျွန်းရွှေးဝါလမ်း/အိမ်အမှတ်901ခ
Yangon, ပိုင်ဟိန်း

Naing Group-NG Naing Group-NG
No28 ဒေါနလမ်း
Yangon, ပုဇွန်တောင်

ပန်းသင်တန်း နှင့် ပန်းအလှဆင်ပွဲမျာ?

Everly Everly
Yangon, 1111

We are "Lighting Up Your Beautiful Days". Provide quality service that you will be statisfed in the

My Angel My Angel
No 22 , 44 Street
Yangon

Wedding Florists & Event Planning

MHK Photography MHK Photography
35th Street , Kyauktadar Township
Yangon, 11181

Floral Bee Floral Bee
Yangon

Wedding and Event Floral Service

La Sposa Wedding House La Sposa Wedding House
𝗡𝗼. 11𝗕, 𝗞𝗮𝗻𝗯𝗮𝘄𝘇𝗮 𝗦𝘁, 𝗚𝗼𝗹𝗱𝗲𝗻 𝗩𝗮𝗹𝗹𝗲𝘆 𝗤𝘂𝗮𝗿𝘁𝗲𝗿, 𝗕𝗮𝗵𝗮𝗻 𝗧𝗼𝘄𝗻𝘀𝗵𝗶𝗽, 𝗬𝗮𝗻𝗴𝗼𝗻
Yangon, 11211

We provide a ready-made and custom-made product that will satisfy every customer's need. We will continue to produce the best products for years to come and become a role model ...

Roman Wedding Service Roman Wedding Service
No. 289, Khaymar Thi Road, North Oakkalapa Township
Yangon, 11111

Sweet & Scent - wedding planning & floral decoration Sweet & Scent - wedding planning & floral decoration
အမှတ်၅၁၅/၆ ၊ ဧရာဝတီဝင်း ၊ အောက်ကြည့်မြင်တိုင်လမ်း
Yangon