MYAN DECO Construction & Decoration

MYAN DECO Construction & Decoration

You may also like

Decorable Pakistan
Decorable Pakistan

Design, Construction & Decoration

09/12/2023

အခွန်ဆောင်မည့်သူများအတွက် ၂၀၂၃/၂၄ ခုနှစ် တန်ဖိုးဖြတ် (ရာပြတ်နှုန်းထား) အသစ်ထွက်တဲ့အတွက် အိမ်မြေ ဝယ်ခွန်အတွက် ရာဖြတ်တင်ပုံ တင်နည်းကိုပါဖော်ပြပေးလိုက်ပါတယ်။

ကျွန်တော်တို့တွေဟာ အခွန်ဆောင်တဲ့ နေရာမှာ ရာဖြတ်တန်ဖိုး မသိပဲ အခွန်ဆောင်လို့ မရပါဘူး။ ဒါကြောင့် ကျွန်တော် ဒီနေ့မှာ အိမ်မြေ ဝယ်ခွန်အတွက် ရာဖြတ်တင်ပုံ တင်နည်းလေးကို ပြောပြပေးပါ့မယ်ဗျ။

(၁) ၄လအတွင်း ချုပ်ဆိုထားသော အရောင်း အဝယ်စာချုပ် (မူရင်းနှင့်မိတ္တူ)

(၂) ၁နှစ်အတွင်း ရေးဆွဲထားသော ရောင်း/ဝယ်အတွက် မြေပုံမြေရာဇဝင်(၁၀၅/၁၀၆)။

(၃)အမည်ပေါက်မှ ရောင်းချခြင်း (သို့) မှတ်ပုံတင် ဆက်စပ်စာချုပ်များ။

(၄)ရှေ့/နောက်/ညာ မြေကွက်ဓာတ်ပုံ(၁)စုံ။

(၅)ဝယ်ယူသူ၏ အိမ်ထောင်စုစာရင်း (မူရင်းနှင့် မိတ္တူ )။

(၆)ဝယ်ယူသူက အိမ်မြေ လက်ခံရရှိပြီးကြောင်း ဝန်ခံချက်။

(၇)တင်ပြချက်အားလုံး မှန်ကန်ကြောင်းဝန်ခံချက်စတဲ့ ကာလတန်ဖိုး စီစစ်ရေးအဖွဲသို့ တင်ပြလျှောက်ထားရမှာ ဖြစ်ပါတယ်။

အိမ်ခြံမြေကို တရားဝင် ဝယ်ယူဖို့အတွက် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ စာချုပ်မှတ်ပုံတင်ရပြီး အခွန်တံဆိပ်ခေါင်း များစွာကို ကပ်ရပါတယ်။

ရာဖြတ်လို့ခေါ်တဲ့ “ကာလတန်ဖိုး စိစစ်ရေးအဖွဲ့က သတ်မှတ်ပေးတဲ့ တန်ဖိုးရဲ့ ၄ % ဖိုးဝယ်ယူပြီး ကပ်ရပါတယ်။ အိမ်ခြံမြေဝယ်ရင် ဝယ်ယူမည့်ပစ္စည်းအတွက် “ရာဖြတ်” သတ်မှတ်ဈေးအတိုင်း ကိုယ့်မှာ “ငွေဖြူ” ရှိရင် ပိုပြီးသက်သာပါတယ်။ ငွေဖြူဆိုတာက ဝင်ငွေရလမ်းဖော်ပြနိုင်သောငွေ (သို့) အခွန်စည်းကြပ်ပြီးဖြစ်သောငွေကို ပြောတာပါ။ ငွေဖြူမရှိရင် သိန်း ၁၀၀၀ အောက်- ၃%၊ သိန်း ၁၀၀၀-၃၀၀၀ အထိ- ၅%၊ သိန်း ၃၀၀၀-၃၀၀၀၀ အထိ- ၁၀%၊ သိန်း ၃၀၀၀၀ အထက်- ၃၀% တို့ကို “ဝယ်ခွန်” အဖြစ်ပေးဆောင်ရမည်လို့ အခွန်ဥပဒေမှာလဲ ပြဌာန်းထားပါတယ်။

ရောင်းသူက
ဂရံအမည်ပေါက်ဖစ်ရပါမယ်
အခွန်10%ဆောင်ရပါမယ်

08/12/2023

ပါကေးခင်းခြင်းနှင့် ပေါ်လစ်တင်ခြင်းလုပ်ငန်းများအတွက် ကျွန်တော်တို့ 𝐌𝐘𝐀𝐍 𝐃𝐄𝐂𝐎 မှ အချိန်မြန်ဆန်ပြီး ဈေးနှုန်းချိုသာစွာ ဖြင့်ဆောင်ရွက်ပေးနေပါပြီ

ပေါ်လစ်အကြောင်း သိကောင်းစရာ
*•*•*•*•*•*•*•*•*•*•*•*•*•*•*•*•*•*•*

ပထမဆုံးအနေနဲ့ ပေါ်လစ်ပုံးတွေရဲ့ အောက်ခြေက စာတွေရေးထားတာကိုကြည့်ပါ။ အမျိုးအစားတူမှသာ အသုံးပြုရတာ လွယ်ကူမှာ ဖြစ်ပါတယ်။

နိုင်ငံခြားပေါလစ်ဆေးတွေမှာတော့ လုပ်ငန်း (၃) ရပ်ရှိတယ်လို့ လေ့လာမိပါတယ်။

1️⃣ ဖေလ်လာ (Filler)

ဖီလာကတော့ အရောင်အတွက်ဖြစ်ပြီးတော့ အရောင်‌အတော်များများ ရှိတတ်ပါတယ်။ သူ့ကို အသုံးပြုမယ်ဆိုရင် သင်နာ (Thinner) နဲ့ ဖျော်ရပါတယ်။

2️⃣ ဆီလာ (Sealer)

ဆီလာမှာလည်း အများကြီး သိဖို့တော့ မလိုပါဘူး လေးမျိုးလောက် သိထားရင်ကို အဆင်ပြေနေပါပြီ။

(၁) NC ဆီလာ နဲ့ PC ဆီလာ
=====================

ဒီနှစ်မျိုးကတော့ အသုံးပြုပုံနဲ့ ဆေးအာနိသင် သိပ်မကွဲလှပါဘူး။

NC/PC ၁ဆ+သင်နာ၂ဆ
ဒီအချိုးအတိုင်း ဖျော်စပ်သုတ်ရပါတယ်။

ဒါမှ သစ်ကြော ပိတ်တာ မပိတ်တာကို သုတ်ကြည့်ရင်းနဲ့ သိနိုင်မှာပါ။ အရည်အသွေး နည်းနည်းနိမ့်တဲ့ ဆီလာထဲမှာ ပါပါတယ်။

(၂) AC ဆီလာ
==========

AC ဆီလာကတော့ အက်စစ်ပါတဲ့ ဆီလာအကြည်ဖြစ်ပါတယ်။ ရုပ်ထွက်ကောင်းတယ်၊ ကြည်လင်တယ်၊ ရှင်းသန့်တယ်၊ အလယ်အလတ် တန်းစားဆီလာ လို့သိထားရင်ရပါတယ်။

AC ဆီလာမှာတော့ ဟာဒနာ Hardenerပါဝင်လာပါတယ်။ ဟာဒနာဆိုတာကတော့ ခြောက်သွေ့မြန်‌စေတဲ့ ဆေးဖြစ်ပါတယ်။ ဆီလာတွေက သူပါမှသာ ခြောက်သွေ့မှာဖြစ်ပါတယ်။

ဒါပေမယ့် ဒီမှာ အချိုးအစား အများကြီး မသုံးထားပါဘူး။ AC ဆီလာ ၁၀ဆ+ ACဟာဒနာ ၁ဆ + AC သင်နာ ၅ ဆ ပေါင်းစပ်ဖျော်ရပါတယ်။ သုံးမျိုးပေါင်း ဆီလာတွေပါ။ ပရိဘောဂအတွက် အသုံးပြုတာပိုအဆင်ပြေပါတယ်။

(၃) PU ဆီလာ
==========
PU ဆီလာက‌ သစ်ဆီအများဆုံး ပါဝင်တဲ့ ဆီလာဖြစ်ပါတယ်။ ဆီလာသား နည်းနည်းနောက်တယ်၊ အိတယ်၊ ချောမွေ့တယ်၊ ပြောင်တင်းတယ်။

ဆီလာတွေထဲ အမြင့် စာရင်းဝင်သလို
ကြမ်းခင်းပိုင်း၊ လှေခါးပိုင်းလို အနင်းပိုင်းတွေအတွက် သင့်တော်ပါတယ်။
ဈေးလည်း မြင့်ပါတယ်။ ဆေးအချိုးအစားမှာ ဟာဒနာ အသုံးပြု့မှုပိုများလာပါတယ်။

PU ဆီလာ ၁၀ဆ+PU ဟာဒနာ၅ဆ+PU သင်နာ ၅ဆ သုံးမျိုးပေါင်းစပ် ဖျော်သုတ်ရပါတယ်။

3️⃣ Lacquer နဲ့ Topcoat

တတိယ လုပ်ငန်း ဖြစ်တဲ့ ... Lacquer နဲ့ Topcoat ရဲ့ တူမလိုလိုနဲ့ မတူတဲ့ အကြောင်းလေးကို ပြောပြပေးပါမယ်။

Lacquer ‌လိုက်ကာ တွေဟာ NC/PC (ဆီလာ) နဲ့ မျိုးနွယ် နေသလိုရှိပါတယ်။

သူ့ကို သင်နာ နဲ့ ပေါင်းစပ် ပြီး နှစ်မျိုးထဲ သုံးလာတာ တွေ့ရပါတယ်။ 2k တစ်ချို့မှာ ဟာဒနာပါတယ်။ UT လို့ရေထားရင် လက်ဆွဲသုတ်လို့ကောင်းပါတယ်။

ခြောက်ချိန်နှေးတယ်၊ သင်နာ အမျိုးအစားရွေးတယ်၊ ကြည်လင်တယ်၊ အသန့်ကြိုက်တယ်၊ ရုပ်ထွက်ကောင်းတယ်၊ %ရာခိုင်နုန်းနဲ့ပြောရင် 90%လောက် ထိကြည်လင်တယ်၊ ပြောင်တယ်။

T အမျိုးအစားတွေကတော့ စုတ်ဆွဲအား သိပ်မကောင်းချင်ဘူး၊ ခြောက်သွေ့မြန်တယ်၊ သင်နာ အချိုး လိုက်ကာနဲ့ ဆတူလောက်ထိ သုံးခွင့်ရှိတယ်။ 80% နှုန်း လောက်ထိပြောင်လက်ပါတယ်။

ဒီအမျိုးအစားထဲမှာ အမှိန်တွေ လာတတ်ပါတယ်။
အမှိန်လိုက်ကာတွေက ပိုပြီးဆေးပျစ်တယ် သင်နာအချိုးပိုသုံးရတတ်ပါတယ်။
ဒါတွေကတော့ Lacquer လိုက်ကာ အပိုင်းဖြစ်ပါတယ်။

Topcoat ကို‌တော့ ဆီလာတွေနဲ့ သီးသန့် တွဲဖက်အသုံးပြုရတဲ့ လိုက်ကာများလို့ပဲ နားလည်ထားပါတယ်။

NC /PC Topcoat
AC / Topcoat
PU / Topcoat
စသဖြင့် မူလ ဆီလာတွေရဲ့ ဆေးအချိုး
အစားအတိုင်း အသုံးပြုပေးရမှာဖြစ်ပါတယ်။

နိုင်ငံခြားပေါ်လစ်ရဲ့ အခြေခံအချက်အားလုံးက အတူတူပဲမို့ ဒီနည်းအတိုင်း ဖျော်စပ် အသုံးပြုလို့ ရပါတယ်။

𝐌𝐘𝐀𝐍 𝐃𝐄𝐂𝐎 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 & 𝐃𝐞𝐜𝐨𝐫𝐚𝐭𝐢𝐨𝐧
📞09 750 109 000 , 09 799 566 656
🏠 No.535, Shwe War Tun Street, 45 Quarter, North Dagon Township, Yangon.

# Parquet

01/12/2023

Plaster Cracking - နံရံအက်ကွဲခြင်းအကြောင်း
•••••••••••••••••••••••••••••••••••••••••••

ချောသားနံရံပြင်တွေမှာ
Plaster Crack တွေဘယ်အချိန်မှာစပြီး
မြင်ရနိုင်မလည်းဆိုလျင်တော့
ဆေးပိုင်းအချောဝင် အိမ်အပ်ပြီးနောက်
နှစ်လနဲ့သုံးလအတွင်းမှာပေါ်လာနိုင်ပါတယ်
အိမ်အပ်ပြီးတစ်လလောက်အတွင်းမှာတော့
မပေါ်နိုင်သေးပါဘူး
နံရံပြင်အတွင်းပိုင်းမှာ အစိုဓာတ်(moisture)တွေ
ကျန်နေသေးတဲ့အတွက် မကွဲသေးတာပါ

တစ်လကျော်လောက်​ကြာပြီးတဲ့နောက်မှာတော့
ပြင်ပအပူချိန်ကြောင့်
နံရံအတွင်းပိုင်းအစိုဓာတ်တွေနည်းလာပြီး
နံရံပြင်ခြောက်သွေ့လာတဲ့အခါမှာတော့
Plaster Crack တွေစဖြစ်လာပါပြီ

Column crack / Beam crack တွေ
ဖြစ်ပေါ်လာခဲ့လျင် စိုးရိမ်နိုင်စရာရှိပေမယ့်
အပူအအေးမမျှလို့ / ရောစာတွေမသန့်လို့ဖြစ်
ပေါ်လာတဲ့
Plaster Crack တွေကတော့ သိပ်ပြီး
စိုးရိမ်လောက်စရာမရှိပါဘူး

(Structure fail ဖြစ်လို့ပေါ်လာတဲ့
Crack မျိုးဆိုရင်တော့စိုးရိမ်ရပါတယ်

Plaster crack တွေဘာကြောင့်ဖြစ်ပေါ်စေသလည်း
(1)အချောကိုင်ရန်ဖျော်စပ်တဲ့သဲအတွင်း
နှုန်း / အမှိုက် တွေရောပါနေခြင်း

(2)အချောကိုင်မည့်အုတ်ရိုးများအားသန့်ရှင်းရေးမ
လုပ်မိခြင်း

(3)ခြောက်သွေ့နေတဲ့အိုတ်ရိုးများအားရေမပေးပဲ
အချောကိုင်မိခြင်း

(4)Plaster အတွင်းရေမစစ်သေးတဲ့အချိန်ပျော့တွဲ
နေစဥ်အချိန်မှာပဲ
လက်ပွတ်စားအချောကိုင်မိခြင်း

(5)အုတ်စီရာတွင် Joint များမမိခြင်း

(6)Formwork အထပ်သားပြောင်ချောမှုကြောင့်
အဆီတက်နေတဲ့တိုင်တွေအား ဗြုတ်မရိုက်ပဲ
အချောကိုင်မိခြင်း

(7)ဘိလပ်မြေအတွင်း Chemical ပါဝင်မှုများပြား
နေခြင်း
5:2:5 class ကိုအချောကိုင်တဲ့နေရမှာမသုံးသင့်ပါ
4:2:5: class လောက်ကိုသာအသုံးပြုသင့်ပါတယ်

(8)အချောကိုင်ပြီးသားနံရံပြင်အား ရေမလောင်းမိ
ခြင်း
Current setting မလုပ်ခြင်း

(9)အချောကိုင်ပြီစနံရံအတွင်း စိုထိုင်းစရှိနေချိန်
ရေဓာတ်မကုန်သေးသည့်အချိန်
အပေါ်မှပတ်တီးရိုက်ဆေးသုတ်မိခြင်း
စတဲ့အချက်တစ်ချို့ကြောင့်
နံရံပြင်တွေမှာ plaster cracking တွေဖြစ်ပေါ်လာရ
ပါတယ်

အက်ကွဲကြောင်းသေးသေးလေးတစ်ခုလောက်တွေ့
ရုံနဲ့ စိုးရိမ်စိတ်မဝင်မိကြဖို့ အသိပေးချင်ပါတယ်

မသိသေးတဲ့သူတွေအတွက်ဗဟုသုတဖြစ်အောင်
တင်ပေးရခြင်းပဲဖြစ်ပါတယ် ခင်ဗျာ Crd

𝐌𝐘𝐀𝐍 𝐃𝐄𝐂𝐎 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 & 𝐃𝐞𝐜𝐨𝐫𝐚𝐭𝐢𝐨𝐧
📞+959 750 109 000 , +959 799 566 656
🏠 No.535, Shwe War Tun Street, 45 Quarter, North Dagon Township, Yangon.

🏠 မိသားစုနွေးထွေးတဲ့🏠အိမ်လေးတစ်လုံးပိုင်ဆိုင်
နိုင်ကြပါစေ ခင်ဗျာ 🙏🙏🙏

14/11/2023

“Living the Dream Together, Soon our time will Come” 🤍

19/10/2023

𝐏𝐫𝐨𝐣𝐞𝐜𝐭 𝐒𝐚𝐥𝐞𝐬 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫 (𝐌/𝐅 - 𝟐𝐏𝐨𝐬𝐭)

• Engineering ဘွဲ့ရရှိပြီးသူဖြစ်ရမည်။
• Auto CAD အသုံးပြုနိုင်ရမည်။
• Customer Service, Sales & Marketing ပိုင်းအတွေ့အကြုံရှိသူ ဦးစားပေးမည်။
• အသက် ၃၅နှစ်အောက် ဖြစ်ရမည်။

တစ်ပတ်တစ်ရက်ရုံးပိတ်ရက် နှင့်အစိုးရရုံးပိတ်ရက်များပိတ်သည်။

လစာအပြင် Allowance; Phone bill နှင့် Commission များလည်း ခံစားခွင့်ရှိသည်။

မျှော်မှန်းလစာနှင့်အတူ CV form များကို [email protected] သို့လည်းကောင်း +959750109000 ( Viber ) သို့လည်းကောင်းပေးပို့လျှောက်ထားနိုင်ပါသည်။

Photos from MYAN DECO Construction & Decoration's post 21/09/2023

နံရံဆေးကို တစ်ရောင်တည်းရွေးတုန်းလား?

Special Colour လေးတွေနဲ့ တွဲပြီးသုတ်တော့
ရှင်းရှင်းလေးနဲ့ မရိုးတဲ့ အခန်းလေးမှာ အမြဲစိတ်ကျေနပ်မှုကို ရစေတယ်နော်

နံရံဆေးနဲ့ပတ်သက်ပြီး စိတ်ကျေနပ်မှုရချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ 𝐌𝐘𝐀𝐍 𝐃𝐄𝐂𝐎 ကအပြည့်အဝ တာဝန်ယူပေးနေပါပြီ။

𝐃𝐞𝐜𝐨𝐫𝐚𝐭𝐢𝐨𝐧 & 𝐑𝐞𝐧𝐨𝐯𝐚𝐭𝐢𝐨𝐧
- Clinic
- Office
- Housing
- Apartment
- Showroom
- Hotel & Shop
- Bar & Restaurant
- Spa & Beauty Salon

𝐌𝐘𝐀𝐍 𝐃𝐄𝐂𝐎 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 & 𝐃𝐞𝐜𝐨𝐫𝐚𝐭𝐢𝐨𝐧
📞 09750109000 , 09799566656
🏠 No.535, Shwe War Tun Street, 45 Quarter, North Dagon Township, Yangon.

19/09/2023

Sales & Marketing (M/F - 1Post)

• Sales & Marketing or Related Field ဘွဲ့ရရှိပြီးသူဖြစ်ရမည်။
• MS office ကျွမ်းကျင်စွာအသုံးပြုနိုင်ရမည်။
• Construction & Decoration ပိုင်းအတွေ့အကြုံရှိသူ ဦးစားပေးမည်။
• အသက် ၃၅နှစ်အောက် ဖြစ်ရမည်။

တစ်ပတ်တစ်ရက်ရုံးပိတ်ရက် နှင့်အစိုးရရုံးပိတ်ရက်များပိတ်သည်။

လစာအပြင် Allowance; Ph bill နှင့် Commission များလည်း ခံစားခွင့်ရှိသည်။

မျှော်မှန်းလစာနှင့်အတူ CV form များကို [email protected] သို့လည်းကောင်း +959750109000 ( Viber ) သို့လည်းကောင်းပေးပို့လျှောက်ထားနိုင်ပါသည်။

20/08/2023

𝐒𝐢𝐭𝐞 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫 (𝐌/𝐅 - 𝟐𝐏𝐨𝐬𝐭)

1. AGTI / B.Tech / B.E Civil ဘွဲ့ရရှိပြီးသူဖြစ်ရမည်။
2. Site ပိုင်းတွင် လုပ်သက် (2) နှစ်အထက် ရှိရမည်။
3. Site Management / Labour Management ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်သူဖြစ်ရမည်။
4. Auto CAD, MS Office ကောင်းစွာ အသုံးပြုတတ်သူဖြစ်ရမည်။
5. Steel Structure (or) Interior ပိုင်းအတွေ့အကြုံရှိသူ ဦးစားပေးပါမည်။
6. အသက် ၃၅နှစ်အောက် ဖြစ်ရမည်။

တစ်ပတ်တစ်ရက်ရုံးပိတ်ရက် နှင့်အစိုးရရုံးပိတ်ရက်များပိတ်သည်။

Salary : Nego

OT & Bonus ရှိသည်

အထက်ပါ position အတွက် -
1) လုပ်ငန်းအား အရည်အသွေးကောင်းမွန်စွာ နှင့် အချိန်မှီ ပြီးစီးနိုင်ရန် တာဝန်ယူဆောင်ရွက်နိုင်ရမည် ။
2) လုပ်ငန်းခွင် Materials နှင့် အလုပ်သမားများအား စနစ်တကျစီစဉ် နိုင်ရမည်။
3) လုပ်ငန်းခွင်ရှိ အခက်အခဲများအား ဖြေရှင်းနိုင်ရမည် ။
4) အများနှင့်အဆင်ပြေစွာ လုပ်ဆောင်နိုင်ပြီး မိမိအဖွဲ့ကို ဦးဆောင်နိုင်ရမည် ။
5) သတ်မှတ်ထားသော အချိန်ဇယားအတိုင်း ကိုက်ညီမှုရှိမရှိ လိုအပ်သလို ဆိုက်အတွင်း လိုက်လံစစ်ဆေးဆောင်ရွက်ရမည်။

CV form များကို [email protected] သို့လည်းကောင်း +959750109000 ( Viber ) သို့လည်းကောင်းပေးပို့လျှောက်ထားနိုင်ပါသည်။

18/07/2023

19 July မမေ့နိုင် 🥀

၇၆ နှစ်မြောက် အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်များအားလုံးကို 𝐌𝐘𝐀𝐍 𝐃𝐄𝐂𝐎 မိသားစုမှ ရိုသေလေးစားစွာ ဦးညွှတ်ဂါရဝပြုပါတယ်။

𝐌𝐘𝐀𝐍 𝐃𝐄𝐂𝐎 𝐂𝐨., 𝐋𝐭𝐝

14/07/2023

Site Engineer (M/F - 2Post)
1. B.E Civil / B.Tech Civil ဘွဲ့ရရှိပြီးသူဖြစ်ရမည်။
2. Site ပိုင်းတွင် လုပ်သက် (2) နှစ်အထက် ရှိရမည်။
3. Site Management / Labour Management ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်သူဖြစ်ရမည်။
4. Auto CAD, MS Office ကောင်းစွာ အသုံးပြုတတ်သူဖြစ်ရမည်။
5. Steel Structure (or) Interior ပိုင်းအတွေ့အကြုံရှိသူ ဦးစားပေးပါမည်။
6. အသက် ၃၅နှစ်အောက် ဖြစ်ရမည်။

တစ်ပတ်တစ်ရက်ရုံးပိတ်ရက် နှင့်အစိုးရရုံးပိတ်ရက်များပိတ်သည်။

Salary : Nego

OT & Bonus ရှိသည်

အထက်ပါ position အတွက် -
1) လုပ်ငန်းအား အရည်အသွေးကောင်းမွန်စွာ နှင့် အချိန်မှီ ပြီးစီးနိုင်ရန် တာဝန်ယူဆောင်ရွက်နိုင်ရမည် ။
2) လုပ်ငန်းခွင် Materials နှင့် အလုပ်သမားများအား စနစ်တကျစီစဉ် နိုင်ရမည်။
3) လုပ်ငန်းခွင်ရှိ အခက်အခဲများအား ဖြေရှင်းနိုင်ရမည် ။
4) အများနှင့်အဆင်ပြေစွာ လုပ်ဆောင်နိုင်ပြီး မိမိအဖွဲ့ကို ဦးဆောင်နိုင်ရမည် ။
5) သတ်မှတ်ထားသော အချိန်ဇယားအတိုင်း ကိုက်ညီမှုရှိမရှိ လိုအပ်သလို ဆိုက်အတွင်း လိုက်လံစစ်ဆေးဆောင်ရွက်ရမည်။

CV form များကို [email protected] သို့လည်းကောင်း +959750109000 ( Viber ) သို့လည်းကောင်းပေးပို့လျှောက်ထားနိုင်ပါသည်။

04/07/2023

ပုံစံ (၇) ၊ ၁၀၅ နဲ့ လယ်မြေပေါ်မှာ အဆောက်အဦးဆောက်လုပ်ခြင်းများအတွက် ကျွန်တော်တို့ 𝐌𝐘𝐀𝐍 𝐃𝐄𝐂𝐎 မှ သည် Post လေးကို ကူးယူဖော်ပြပေးလိုက်ပါတယ်။

📜ပုံစံ(၇) မဖြစ်မနေ လျှောက်ကြပါ📜
ပုံစံ (၇) ၊ ၁၀၅ ရှိရုံနဲ့ မိမိမြေ ပိုင်ဖြစ်ပြီလား

HL- 222

ပုံစံ (၇) ၊ ၁၀၅ ရှိရုံနဲ့ လယ်ယာမြေပေါ်မှာ အိမ် ဆောက်ခြင်း၊ ဆိုင်ဆောက်ခြင်း၊ ဓါတ်ဆီဆိုင်ဖွင့်ခြင်း၊ စားသောက်ဆိုင်ဖွင့်ခြင်း၊ အကွက်ရိုက်ခြင်း စတဲ့အခြားနည်းလမ်းများ အသုံးပြုခွင့်မရှိပါဘူး။ အခြားနည်း အသုံးပြုရင် လယ်ယာမြေ ဥပဒေပုဒ်မ ၁၂(ဆ) ပါ စည်းကမ်းကို ဖေါက်ဖျက်ရာ ကျရောက်တဲ့အတွက် ပုဒ်မ ၁၉ ပါ စီမံခန့်ခွဲရေးပြစ်ဒက်များ၊ ပုဒ်မ ၃၅ ပါ တရားရုံး ပြစ်ဒဏ်များ ချမှတ်ခံရနိုင်တယ်လို့ ဥပဒေပညာရှင်တွေက သတိပေးထားပါတယ် ။

" အခုလက်ရှိဖြစ်နေတာက ဝယ်တုန်းက ပုံစံ (၇) ရှိတယ် ၊ ၁၀၅ ပေါက်တယ် ဆိုပြီး နားမလည်ပဲ လယ် ယာမြေမှာ အိမ်တွေဆောက် ၊ ဆိုင်တွေဆောက်လုပ်နေကြတာပေါ့ အစိုးရက နို့တစ် စာလာကပ်တော့မှ ပြဿနာတွေတက် နေ ကြတာကိုတွေ့နေရပါတယ်၊ ဒါတွေက ဖြေရှင်းလို့ရပါတယ် ။ ဥပဒေကြောင်းအရသွားရင် မိမိမြေလဲ ဆုံးရှုံးစရာမရှိပါဘူး " လို့ ဥပဒေပညာရှင်တစ်ဦးကပြောပါတယ် ။

ပုံစံ (၇) နဲ့ မြေပိုင်ဆိုင်ခွင့် ။

၂၀၁၂ လယ်ယာမြေ ဥပဒေပုဒ်မ ၃(ဃ) အရ လယ်ယာမြေသည် နိုင်ငံတော်ပိုင် ဖြစ်ပြီးတနည်းအားဖြင့် အစိုးရပိုင် ဖြစ်ပါတယ် ။ လယ်ယာမြေလုပ်ပိုင်ခွင့် လျောက်ထားသော တောင်သူကို လယ်ယာမြေ ဥပဒေနှင့်အညီ လုပ်ပိုင်ခွင့်ပေးခြင်းသာ ဖြစ်ပါတယ် ။

ပုံစံ (၇) တရားဝင် ဝယ်ယူလွဲပြောင်းခွင့်ရရှိထားပေမယ့် လယ် ယာမြေကို ပိုင်ဆိုင်ခွင့် (Legal Title) မရပါဘူး ။ လက်ရှိထား စိုက်ပျိုးလုပ်ကိုင်ခွင့် (Possessory Title) သာရရှိပြီး ထိုမြေပေါ်မှာ ပုံစံ ၇ ပါ သတ်မှတ်ထားတဲ့ နည်းလမ်းပါ သီးနှံကို စိုက်ပျိုးခွင့်ရှိတာဖြစ်ပါတယ် ။ နည်းလမ်းပြောင်း စိုက်ပျိုးခွင့်တောင်မရှိပါဘူး ၊ သီးနှံပြောင်းလဲ စိုက်ပျိုးလိုရင် လယ်ယာမြေဥပဒေ နည်း ဥပဒေအရ ခွင့်ပြုချက် တင်ပြပြီး ခွင့်ပြုမှသာ စိုက် ပျိုးရမှာဖြစ်ပါတယ် ။

"ဆိုလိုတာက ပုံစံ ၇ ရှိပြီးသားမြေကို ဝယ်ယူထားတဲ့သူတွေ ဆိုတာကလည်း အဲ့ဒီမြေကို ပိုင်ဆိုင်ခွင့် ရသွားတာမဟုတ်ဘူး ၊ အဲ့မြေက အစိုးရမြေ ၊လယ်ယာမြေ ဖြစ်နေသေးတဲ့အတွက် ပိုင်ဆိုင်ခွင့်မရသေးပဲ လုပ်ပိုင်ခွင့်ကိုသာ ဆက်လက်ရရှိခြင်းဖြစ်ပါတယ် "

လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ ၇) မှာသတ်မှတ်ပေးထားတဲ့ သီးနှံစိုက်ပျိုးခွင့် ကို ဆက် လက် လုပ်ကိုင်ခွင့်ရှိတယ်လို့ဆိုလိုတာပါ ၊ လယ်ယာမြေကို လက်ရှိထား စိုက်ပျိုးခွင့် (Possessory Title) ရရှိပါမယ် ။ ပိုင်ဆိုင်ခွင့် မဟုတ်သေးပါဘူး ။

ပုံစံ (၇) ရရှိသူ တစ်ဦးအနေနဲ့ လယ်ယာစိုက်ပျိုးခြင်း မလုပ်လိုတော့ဘဲ လယ်မြေပေါ်မှာ အိမ်ဆောက် ဆိုင်ဆောက် စသဖြင့် အခြားနည်းသုံးစွဲလိုပါက ပုံစံ(၇)ရရှိသူသည် သက်သေခံမြေပုံ (၂)ပုံ ကူးယူ၍ လယ်ယာမြေ ဥပဒေပါ ပုံစံ(၁၄)ဖြင့် မြိုနယ်မြေစာရင်း ဦးစီးဌာနကို လျှောက်ထားရပါတယ် ။

အထက်အဖွဲ့အစည်းအဆင့်ဆင့်တင်ပြ စီစစ်ပြီးနောက် အခြားနည်းသုံးစွဲခွင့်အမိန့်ကို လယ်မြေအတွက်ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က ပုံစံ(၁၅)နဲ့ လည်းကောင်း ၊ လယ်မြေမဟုတ်သော လယ်ယာမြေ(ဥယဥ်စသည်) အတွက် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ က ပုံစံ(၁၅-က)ဖြင့် ခွင့်ပြုမိန့်ထုတ်ပေးပါတယ် ။

ထိုပုံစံများဟာ လက်ရှိ အသုံးပြုခွင့် အမိန့်များသာ ဖြစ်တဲ့အတွက် မြေပိုင်ဆိုင်ခွင့်( Title Deed) မဟုတ်သေးပါဘူး။ ထိုမြေကို လယ်ယာမြေမှတစ်ပါး သတ်မှတ်ပေးတဲ့အခြားနည်း လုပ်ကိုင်ခွင့်သာ ဖြစ်ပါသည်။ ပုံစံ (၁၅)၊ ပုံစံ ၁၅(က)ဖြင့် မြေငှားဂရန် ဆက်လက် လျှောက်ထားရ ပါတယ် ၊ လျောက်ထားပါက ခရိုင်အုပ်ချုပ်ရေးမှူး (ကော်လိတ္တော်အရာရှိ) များမှ လယ်မြေအခြေခံဖြစ်၍ စက်မှု/စီးပွါးဂရန် (မြေငှားစာချုပ်)များနဲ့ ချပေးပါတယ် ။

မြို့မြေမဟုတ်ရင်တော့ လူနေအိမ်ယာဂရန်လိုမျိုး ချပေးမှာတော့မဟုတ်ဘူး ။ စက်မှု/စီးပွါးဂရန်လိုမျိုးချပေးတာတွေရှိပါတယ် ။ အဲ့ဒါတွေရရှိပြီးရင် အမည်ပေါက် မြေပိုင်ဆိုင်မှု (Title Deed) ဖြစ်လာပြီး မြေငှားဂရန် ရရှိမှသာ မြေကိုပိုင်ဆိုင်ခွင့် ဖြစ်လာတာပါ ။

ပုံစံ (၇) မရှိသေးတဲ့ သူကတော့လယ်ယာမြေ လုပ်ပိုင်ခွင့်ပင်တရားဝင် မရသေးသူ ဖြစ်ပါတယ် ၊ တရားဝင် လုပ်ပိုင်ခွင့် မရှိသူက လယ်ယာမြေကို အရောင်းအဝယ် ပြုလုပ်ခွင့် မရှိပါ။ ပြုလုပ်လျှင် ရောင်းချပိုင်ခွင့် မရှိသောသူထံမှ ရောင်းချခွင့် မရှိသောမြေကို ဝယ်ယူဖြင်းဖြစ်သည့်အတွက်ထိုအ ရောင်းအဝယ်စာချုပ်သည် ပဋိညာဉ် ဥပဒေပုဒ်မ ၂၃ အရ ပျက်ပြယ်ပါတယ် ၊ ဥပဒေကြောင်းအရ အ တည်မဖြစ်ပါ။ ပုံစံ ၁၀၅ ရှိနေတာဘဲဆိုသော် လည်း မြေစာရင်းပုံစံ ၁၀၅ (မြေပုံ)သည် မြေပိုင် ဆိုင်ခွင့် မဟုတ်ပါ။

ပုံစံ ၁၀၅ ဆိုတာ ။

" အခုမြေအရောင်းအဝယ် လုပ်နေကြတာတွေက ရှင်း ရှင်းပြောရရင် တရားမဝင်ဘူး ဘာလို့လဲဆိုရင် လယ်ယာမြေတွေကိုတရားဝင် လုပ်ပိုင်ခွင့် လျောက် ထားရယူခြင်း မရှိပဲ မြေခွန်ပြေစာနဲ့ မြေစာရင်းပုံစံ ၁၀၅ တွေပြပြီရောင်း ချနေတာတွေကိုတွေ့နေရတယ် အဲ့ဒီလိုလုပ်ပြီး လယ် ယာမြေတွေအရောင်း ဝယ်လုပ်လို့ မရပါဘူး တရား မဝင်ပါဘူး " လို့ဥပဒေပညာရှင် တွေကပြောပါတယ် ။

ပုံစံ ၁၀၅ ဆိုတာ “မြေစာရင်းဌာန” ကထုတ်ပေးတဲ့ ပုံစံ တစ်ခုသာဖြစ်ပါတယ်။အဲဒီ ပုံစံက လယ်ယာမြေပဲဖြစ် ဖြစ်၊ရွာမြေ၊ ဥယျာဉ်ခြံမြေပဲ ဖြစ်ဖြစ်၊ဂရန်မြေပဲ ဖြစ်ဖြစ် သက်ဆိုင်ရာမြေစာရင်း ဦးစီး ဌာနအပိုင်နယ်နိမိတ်အတွင်း မှာရှိတဲ့မြေတို့ရဲ့အ ကျယ်အဝန်းနဲ့အမျိုးအစားကို ဖော်ပြပေးတဲ့ပုံစံစာရွက်သာဖြစ်ပါတယ်။

လယ်ယာမြေကိုတရားဝင်အရောင်းအဝယ်လုပ်နိုင်ဖို့

၂၀၁၂ လယ်ယာမြေဥပဒေပုဒ်မ ၃(ဃ)အရ လယ် ယာမြေလုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ ၇) ကို ဥပဒေနှင့်အညီ လုပ်ပိုင်ခွင့်ရသူက ရောင်းချခွင့်ရှိပါတယ် ။

ပုံစံ ၇ ကို အရောင်းအဝယ်ပြုလုပ်ရာမှာ ရောင်းသူဝယ်သူကြည်ဖြူပြီး နှစ်ဦးသဘောတူ အရပ်ကတိ စာချုပ် ချုပ်ဆိုယုံဖြင့် မလုံလောက်ပါဘူး။ လယ် ယာမြေ ဥပဒေပါ နည်းလမ်းများအတိုင်း ဆောင် ရွက်မှ တရားဝင်ပြီး အမည်ပြောင်းလဲခွင့် ရရှိပါတယ် ။ လယ်ယာမြေဥပဒေ ပုဒ်မ ၁၈ နှင့် နည်း ဥပဒေ ၂၄(က) နှင့် (ခ) အရ လယ်ယာမြေ အရောင်း အဝယ် ပြုလုပ်ရာမှာ ရပ်ကွက်နဲ့ ကျေးရွာ အုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ရှေ့မှောက်မှာ သတ် မှတ်ထားတဲ့ မြေတန်ဘိုးအတိုင်း တံဆိပ်ခေါင်းကပ်ပြီးအခွန်ဆောင် စာချုပ်ချုပ်ဆိုရပါတယ် ။ စာချုပ်ချုပ်ဆိုတဲ့နေ့မှစပြီးရက်ပေါင်း (၁၂၀) အတွင်း မြိုနယ် မြေစာ ရင်းဦးစီးဌာနမှာ မှတ်ပုံတင်ပြီးမှသာဥပဒေနဲ့ အညီ တရားဝင် လွှဲပြောင်းခွင့် ရရှိမှာဖြစ်ပါတယ် ။

လယ်ယာမြေကို ဥပဒေနှင့်အညီ မဟုတ်ဘဲ ဝယ်ယူသူများ၊ အကွက်ရိုက်ရောင်းသူများ၊ အခြားနည်း သုံးသူများ၊ အိမ်ဆောက်သူများသည် အရေးယူခံရနိုင်ခြင်း၊ မြေယာပြဿနာများ ရင်ဆိုင်ရခြင်း၊ မြေနှင့်အိမ်ကို သိမ်းဆည်းခံရနိုင်ခြင်း၊ ဖယ်ရှားခံရနိုင်ခြင်းတို့အပြင် တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ အရေးယူခံရနိုင်ခြင်းများဖြစ်လာနိုင်ပါတယ် ။

ဒါ့ကြောင့် လယ်ယာမြေကို ဥပဒေနဲ့အညီ အသုံးပြု ရောင်းဝယ်ကြစေလိုပါတယ် ။ တောင်သူများအနေနဲ့လယ်ယာမြေ ရှိရင်၊ အသုံးပြုနေရင် တရားဝင်ဖြစ်စေရေးအတွက် လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံ ၇ လျောက်ထား ရယူကြစေလိုပါတယ် ။ တရားဝင် လုပ်ပိုင်ခွင့် ရရှိထားတဲ့ လယ်ယာမြေများကိုသာ ဥပဒေနဲ့အညီ ရောင်း ဝယ်လုပ်ကိုင်ခြင်းအားဖြင့် အရှုပ် အရှင်းပြဿနာများနဲ့အရေးယူခံရခြင်းများမှ လွတ်ကင်းနိုင်မှာဖြစ်တယ်လို့ ဥပဒေ ပညာရှင်တွေက အကြံပြုထားပါတယ် ။

Credit to original writer

ကျွန်တော်တို့ 𝐌𝐘𝐀𝐍 𝐃𝐄𝐂𝐎 အနေနဲ့ အိမ်ဆောက်လုပ်ခွင့်ပါမစ်၊ လူနေထိုင်ခွင့်ပါမစ်နှင့် လုပ်ငန်းလိုင်စင်များ လွယ်ကူမြန်ဆန်စွာ ရရှိစေရန် ကူညီဆောင်ရွက်ပေးပါတယ်ခင်ဗျာ။

ကျွန်တော်တို့ 𝐌𝐘𝐀𝐍 𝐃𝐄𝐂𝐎 အား အခကြေးငွေ တစုံတရာ
ပေးစရာမလိုပဲ မေတ္တာဖြင့် လိုက်လံကူညီဆောင်ရွက်ပေးပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ။

𝐌𝐘𝐀𝐍 𝐃𝐄𝐂𝐎 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 & 𝐃𝐞𝐜𝐨𝐫𝐚𝐭𝐢𝐨𝐧
📞09 750 109 000 , 09 799 566 656
🏠 No.535, Shwe War Tun Street, 45 Quarter, North Dagon Township, Yangon.

04/07/2023

မင်္ဂလာပါ . . .

အခုရက်ထဲ မန္တလေးက နန်းဦးလွင် သတင်းကြားရတော့ အိမ်ကြီးအိမ်ကောင်းဆောက်ထားတဲ့သူတွေအတွက် စိတ်မကောင်းလို့ ကျွန်တော်တို့ 𝐌𝐘𝐀𝐍 𝐃𝐄𝐂𝐎 မှ သည် Post လေးကို ကူးယူဖော်ပြပေးလိုက်ပါတယ်။

စည်ပင်သာယာနယ်နိမိတ်ထဲ ဆောက်မယ်ဆိုရင် မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ ခွင့်ပြုမိန့်လိုအပ်ပြီး

စည်ပင်သာယာနယ်နိမိတ်မဟုတ်ရင် မြေယာစီမံခန့်ခွဲရေးကော်မတီရဲ့ ခွင့်ပြုမိန့်ရှိမှသာလျှင် အဆောက်အဦးဆောက်တာ မြေဝယ်တာမျိုးလုပ်သင့်ပါတယ်ခင်ဗျာ။

💢💢💢💢💢 မမြဲဦးပိုင် 💢💢💢💢💢
အခုတလော မြေကွက်ပေါချောင်ကောင်းလေးတွေ လိုင်းပေါ်ကနေ ရှာပြီး ဝယ်ဖို့ စိတ်ကူးယဉ်တဲ့သူအများသား။
ပေါချောင်ကောင်းလေးဝယ်ပြီး ရင်းနှီးထားလိုက်မယ်ဆိုတဲ့အတွေးပေါ့ ၊ ပိုက်ဆံက အများကြီးလည်းမတတ်နိုင် ၁ဧက သိန်း ၁၀၀ လောက်ရှာ ၊ တွေ့တော့ စျေးတန်သားဟ ၁ဧက ဆိုတော့ ကျယ်ကလည်းကျယ် နောက်လူတွေနေလာရင် ထောပြီဆိုတဲ့အတွေးပေါ့။ ပွဲစားက အပြောကောင်း ဝယ်တဲ့သူကလည်း ရှေ့နေခ မပေးချင် ဝယ်လိုက်ကြတာ ဝယ်ပြီးတော့မှ မှားမှန်းသိမယ်။
အခုပြောချင်တာ ရှေ့နေမှ မဟုတ်ဘူး အပြင်ကလူတွေလည်း မြင်တာနဲ့ သိဖို့ ဗဟုသုတ မျှဝေခြင်းပါ။
⏩ ဝယ်မယ်ဆို ဘာပိုင်ဆိုင်မှုရှိလဲ အရင်တောင်းကြည့်ပါ။

အခုတင်ထားတဲ့ မြေခွန်ပြေစာ ပြတယ်ဆိုပါစို့။
ဦးပိုင်အမှတ်မှာ (N) လို့ ရေးသားထားတာတွေ့ရင် မဝယ်သင့်ပါဘူး။ (N)ဆိုတဲ့ အခေါ်အဝေါ်က 💢 မမြဲဦးပိုင်💢 လို့ ခေါ်ပါတယ်။
မမြဲဦးပိုင် မှ ➡️ အမြဲဦးပိုင် လျှောက်ပြီးမှ ပုံစံ ၇ လျှောက်လို့ရတာပါ။ မမြဲဦးပိုင်က ပုံစံ၇ တန်းလျှောက်လို့မရပါဘူး။
မမြဲဦးပိုင်ကနေ အမြဲဦးပိုင်လျှောက်ဖို့ အဲဒီမြေမှာ ၄/၅နှစ် အပင်စိုက်ရမှာပါ။ အဲဒါမှ လုပ်ကွက်ဟာ တည်ငြိမ်ခိုင်မြဲပြီး ဌာနရဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ လျှောက်မှ အမြဲဦးပိုင်မှတ်ပုံတင်စာရင်းမှာ သွင်းပေးတာပါ။
ဥပဒေနားလည်တဲ့သူခေါ်မသွားတော့ ပွဲစားက ဝယ်ပြီး လူနေအိမ်ဆောက် လို့ရတယ် ပြောလို့ပြော မွေးမြူရေးလုပ်လို့ရတယ်ပြောလို့ပြော ယုံပြီး ဝယ်မိမှာစိုးလို့။
တချို့တွေ မြေကွက်ရောင်းရင် ပိုင်ဆိုင်မှုအနေနဲ့ 💢ပုံစံ ၁၀၅ 💢 ရှိတယ်ပြောလေ့ရှိတယ်။ ၁၀၅ ဆိုတာ ပိုင်ဆိုင်မှုမဟုတ်ပါဘူး။ ၁၀၅ ဆိုတာ တည်နေရာသတ်မှတ်ထားတဲ့ မြေပုံပါ။ မြေပိုင်ကြောင်း အာမခံချက်အဖြစ် ထုတ်ပေးထားတဲ့စာရွက်မဟုတ်ပါဘူး ။
💢 ပုံစံ ၇ 💢ကလည်း စျေးဆိုင်က ဝယ်တဲ့စာချုပ် နဲ့ ချုပ်ရတာမဟုတ်ပါဘူး။ ပုံစံ ၇ က လယ်စိုက်ဖို့ပါ။ အိမ်ဆောက်နေလို့မရဘူး ၊ တိရစ္ဆာန်မွေးမရဘူး၊ လုပ်ချင်ရင် ပုံစံ ၇ ကနေ အခြားနည်းအသုံးပြုခွင့်လျှောက်ပါ။
(အခု အခြားနည်းလျှောက်တာတွေ ပိတ်ထားဆဲပါ)

တချို့လယ်မြေတွေက အခြားနည်းလျှောက်ထားတယ် မကျသေးဘူးပေါ့ ၊ ဒါပေမဲ့ အခြားနည်းလျှောက်ထားတော့ အားသာတယ်ဆိုပြီး ပြောရောင်းပါတယ် ။ မကျသေးသရွေ့ လယ်ယာမြေထဲမှာပဲ အကျုံးဝင်တုန်းမလို့ အလိမ်မခံရဖို့ ဗဟုသုတအဖြစ် မျှဝေရေးသားခြင်းပါ။
Credit to ✍️ဒေါ်စန်းစန်းမော်၊ ဒေါ်နိုင်နိုင်ဝင်း

ကျွန်တော်တို့ 𝐌𝐘𝐀𝐍 𝐃𝐄𝐂𝐎 အနေနဲ့ မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ ခွင့်ပြုမိန့်ရရှိအောင် ၊
မြေယာစီမံခန့်ခွဲရေးကော်မတီရဲ့ ခွင့်ပြုမိန့်ရရှိအောင် မြေရှင်၊ အိမ်ရှင်တို့နှင့်အတူ ခွင့်ပြုမိန့်ရသည်အထိ လိုက်လံကူညီဆောင်ရွက်ပေးပါတယ်ခင်ဗျာ။

ကျွန်တော်တို့ 𝐌𝐘𝐀𝐍 𝐃𝐄𝐂𝐎 အား အခကြေးငွေ တစုံတရာ
ပေးစရာမလိုပဲ မေတ္တာဖြင့် လိုက်လံကူညီဆောင်ရွက်ပေးပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ။

𝐌𝐘𝐀𝐍 𝐃𝐄𝐂𝐎 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 & 𝐃𝐞𝐜𝐨𝐫𝐚𝐭𝐢𝐨𝐧
📞09 750 109 000 , 09 799 566 656
🏠 No.535, Shwe War Tun Street, 45 Quarter, North Dagon Township, Yangon.

16/06/2023

💯Soil Test ကို FOC စစ်ဆေးပေးနေပါပြီ 💯

𝐌𝐘𝐀𝐍 𝐃𝐄𝐂𝐎 မှဆောက်လုပ်မည့် အဆောက်အဦးများအတွက် Soil Test ကို အခမဲ့ စစ်ဆေးပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါးပါရစေခင်ဗျာ။

𝐌𝐘𝐀𝐍 𝐃𝐄𝐂𝐎 နဲ့အဆောက်အဦးတည်ဆောက်ချင်တဲ့ လူကြီးမင်းတို့အတွက် PAE နှုန်းထားများကတော့

🏗️ Steel Structure (Standard Package)
အကြမ်းထည် 1sqft - 33000ks မှ 34000ks နှုန်း
အချောထည် 1sqft - 43000ks မှ 50000ks နှုန်း

🏗️ Steel Structure (Premium Package)
အကြမ်းထည် 1sqft - 35000ks မှ 37000ks နှုန်း
အချောထည် 1sqft - 50000ks မှ 70000ks နှုန်း

🧱 RC (Standard Package)
အကြမ်းထည် 1sqft - 34000ks မှ 35000ks နှုန်း
အချောထည် 1sqft - 43000ks မှ 50000ks နှုန်း

🧱 RC (Premium Package)
အကြမ်းထည် 1sqft - 36000ks မှ 38000ks နှုန်း
အချောထည် 1sqft - 50000ks မှ 70000ks နှုန်းဖြင့်

တာဝန်ယူဆောက်လုပ်ပေးနေပါတယ်ခင်ဗျာ။

𝐌𝐘𝐀𝐍 𝐃𝐄𝐂𝐎 𝐂𝐨., 𝐋𝐭𝐝 ရဲ့ ဝန်ဆောင်မှုများကတော့

🔺 ရန်ကုန်မြို့တွင်း Site Survey ဆင်းပေးခြင်း
🔺 Soil Test စစ်ဆေးပေးခြင်း
🔺 Architecture Drawing ဆွဲပေးခြင်း
🔺 Structure Drawing ဆွဲပေးခြင်း
🔺 M&E Drawing ဆွဲပေးခြင်း
🔺 စည်ပင်ဆောက်လုပ်ခွင့်ပါမစ်အတွက် လိုက်ပါဆောင်ရွက်ပေးခြင်း
🔺 လူနေထိုင်ခွင့် BCC ရရှိအောင် ဆောင်ရွက်ပေးခြင်း
🔺 Schedule ဖြင့်သတ်မှတ်ရက်အတွင်းပြီးစီးအောင်ဆောင်ရွက်ပေးခြင်း
🔺 Quality ပြည့်မှီသော ပစ္စည်းများသာအသုံးပြုပေးခြင်း
🔺 Construction Method များအတိုင်း မှန်ကန်တိကျစွာ ဆောင်ရွက်ပေးခြင်း
🔺 Site Engineer မှနေ့စဉ်အနီးကပ်ကြီးကြပ်ပေးခြင်း
🔺 Project Engineer မှ နေ့စဉ် စစ်ဆေးကြီးကြပ်ခြင်း
🔺 Company QC ဖြင့် အမြဲစစ်ဆေးခြင်း
🔺 Third-Party QC စနစ်ကိုလက်ခံစစ်ဆေးစေခြင်း တို့အပြင်

ငွေပေးချေမှုကိုလည်း ပြီးစီးသော လုပ်ငန်းပမာဏအတိုင်း အရစ်အလိုက် ပေးချေနိုင်ရန် ညှိနှိုင်းပေးခြင်း တို့ကြောင့် 𝐌𝐘𝐀𝐍 𝐃𝐄𝐂𝐎 𝐢𝐬 𝐭𝐡𝐞 𝐛𝐞𝐬𝐭 𝐭𝐨 𝐛𝐮𝐢𝐥𝐝 𝐲𝐨𝐮𝐫 𝐝𝐫𝐞𝐚𝐦 𝐇𝐎𝐌𝐄 ပါပဲခင်ဗျာ။

ကျွန်တော်တို့ 𝐌𝐘𝐀𝐍 𝐃𝐄𝐂𝐎 ကိုစိတ်ချယုံကြည်စွာအပ်နှံပေးတဲ့ အိမ်ရှင်မိသားစုများလည်း ယခုထက်မက စီးပွားလာဘ်လာဘများ တရှိန်ထိုး တိုးတက်ပြီး အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေ •••

𝘖𝘶𝘳 𝘚𝘦𝘳𝘷𝘪𝘤𝘦𝘴 ...
𝐃𝐞𝐬𝐢𝐠𝐧
- Interior Design
- Facade Design
- Exterior Design
- Hotel & Shop Design
- Steel Structure Design
- Hospital & Clinic Design
- Bar & Restaurant Design
- Office & Showroom Design
- Housing & Apartment Design

𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧
- Hotel & Shop
- Hospital & Clinic
- Bar & Restaurant
- High-Rise Building
- Factory & Warehouse
- Housing & Apartment
- Steel Structure Building

𝐃𝐞𝐜𝐨𝐫𝐚𝐭𝐢𝐨𝐧 & 𝐑𝐞𝐧𝐨𝐯𝐚𝐭𝐢𝐨𝐧
- Clinic
- Office
- Housing
- Apartment
- Showroom
- Hotel & Shop
- Bar & Restaurant
- Spa & Beauty Salon

𝐌𝐘𝐀𝐍 𝐃𝐄𝐂𝐎 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 & 𝐃𝐞𝐜𝐨𝐫𝐚𝐭𝐢𝐨𝐧
📞 09750109000 , 09799566656
🏠 No.535, Shwe War Tun Street, 45 Quarter, North Dagon Township, Yangon.

09/06/2023

Drafter (Engineer)

• Civil / Architect ဘွဲ့ရရှိပြီးသူဖြစ်ရမည်။
• Auto CAD & 3D Software တခုခုကျွမ်းကျင်ရမည်။
• Photoshop & Render ပိုင်းကျွမ်းကျင်သူ ဦးစားပေးမည်။
• Portfolio ပြနိုင်သူဦးစားပေးမည်။
• အသက် ၃၅နှစ်အောက် ဖြစ်ရမည်။

တစ်ပတ်တစ်ရက်ရုံးပိတ်ရက် နှင့်အစိုးရရုံးပိတ်ရက်များပိတ်သည်

မျှော်မှန်းလစာနှင့်အတူ CV form များကို [email protected] သို့လည်းကောင်း +959750109000 ( Viber ) သို့လည်းကောင်းပေးပို့လျှောက်ထားနိုင်ပါသည်။

Photos from MYAN DECO Construction & Decoration's post 06/06/2023

ရန်ကုန်၊ မြောက်ဒဂုံ ၄ထပ် Site လေးရဲ့ Retaining Wall ပုံလေးတွေပဲဖြစ်ပါတယ်ခင်ဗျာ။

𝐌𝐘𝐀𝐍 𝐃𝐄𝐂𝐎 နဲ့အဆောက်အဦးတည်ဆောက်ချင်တဲ့ လူကြီးမင်းတို့အတွက် PAE နှုန်းထားများကတော့

🏗️ Steel Structure (Standard Package)
အကြမ်းထည် 1sqft - 33000ks မှ 34000ks နှုန်း
အချောထည် 1sqft - 43000ks မှ 50000ks နှုန်း

🏗️ Steel Structure (Premium Package)
အကြမ်းထည် 1sqft - 35000ks မှ 37000ks နှုန်း
အချောထည် 1sqft - 50000ks မှ 70000ks နှုန်း

🧱 RC (Standard Package)
အကြမ်းထည် 1sqft - 34000ks မှ 35000ks နှုန်း
အချောထည် 1sqft - 43000ks မှ 50000ks နှုန်း

🧱 RC (Premium Package)
အကြမ်းထည် 1sqft - 36000ks မှ 38000ks နှုန်း
အချောထည် 1sqft - 50000ks မှ 70000ks နှုန်းဖြင့်

တာဝန်ယူဆောက်လုပ်ပေးနေပါတယ်ခင်ဗျာ။

𝐌𝐘𝐀𝐍 𝐃𝐄𝐂𝐎 𝐂𝐨., 𝐋𝐭𝐝 ရဲ့ ဝန်ဆောင်မှုများကတော့

🔺 ရန်ကုန်မြို့တွင်း Site Survey ဆင်းပေးခြင်း
🔺 Soil Test စစ်ဆေးပေးခြင်း
🔺 Architecture Drawing ဆွဲပေးခြင်း
🔺 Structure Drawing ဆွဲပေးခြင်း
🔺 M&E Drawing ဆွဲပေးခြင်း
🔺 စည်ပင်ဆောက်လုပ်ခွင့်ပါမစ်အတွက် လိုက်ပါဆောင်ရွက်ပေးခြင်း
🔺 လူနေထိုင်ခွင့် BCC ရရှိအောင် ဆောင်ရွက်ပေးခြင်း
🔺 Schedule ဖြင့်သတ်မှတ်ရက်အတွင်းပြီးစီးအောင်ဆောင်ရွက်ပေးခြင်း
🔺 Quality ပြည့်မှီသော ပစ္စည်းများသာအသုံးပြုပေးခြင်း
🔺 Construction Method များအတိုင်း မှန်ကန်တိကျစွာ ဆောင်ရွက်ပေးခြင်း
🔺 Site Engineer မှနေ့စဉ်အနီးကပ်ကြီးကြပ်ပေးခြင်း
🔺 Project Engineer မှ နေ့စဉ် စစ်ဆေးကြီးကြပ်ခြင်း
🔺 Company QC ဖြင့် အမြဲစစ်ဆေးခြင်း
🔺 Third-Party QC စနစ်ကိုလက်ခံစစ်ဆေးစေခြင်း တို့အပြင်

ငွေပေးချေမှုကိုလည်း ပြီးစီးသော လုပ်ငန်းပမာဏအတိုင်း အရစ်အလိုက် ပေးချေနိုင်ရန် ညှိနှိုင်းပေးခြင်း တို့ကြောင့် 𝐌𝐘𝐀𝐍 𝐃𝐄𝐂𝐎 𝐢𝐬 𝐭𝐡𝐞 𝐛𝐞𝐬𝐭 𝐭𝐨 𝐛𝐮𝐢𝐥𝐝 𝐲𝐨𝐮𝐫 𝐝𝐫𝐞𝐚𝐦 𝐇𝐎𝐌𝐄 ပါပဲခင်ဗျာ။

ကျွန်တော်တို့ 𝐌𝐘𝐀𝐍 𝐃𝐄𝐂𝐎 ကိုစိတ်ချယုံကြည်စွာအပ်နှံပေးတဲ့ အိမ်ရှင်မိသားစုများလည်း ယခုထက်မက စီးပွားလာဘ်လာဘများ တရှိန်ထိုး တိုးတက်ပြီး သာယာချမ်းမြေ့တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေ •••

𝘖𝘶𝘳 𝘚𝘦𝘳𝘷𝘪𝘤𝘦𝘴 ...
𝐃𝐞𝐬𝐢𝐠𝐧
- Interior Design
- Facade Design
- Exterior Design
- Hotel & Shop Design
- Steel Structure Design
- Hospital & Clinic Design
- Bar & Restaurant Design
- Office & Showroom Design
- Housing & Apartment Design

𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧
- Hotel & Shop
- Hospital & Clinic
- Bar & Restaurant
- High-Rise Building
- Factory & Warehouse
- Housing & Apartment
- Steel Structure Building

𝐃𝐞𝐜𝐨𝐫𝐚𝐭𝐢𝐨𝐧 & 𝐑𝐞𝐧𝐨𝐯𝐚𝐭𝐢𝐨𝐧
- Clinic
- Office
- Housing
- Apartment
- Showroom
- Hotel & Shop
- Bar & Restaurant
- Spa & Beauty Salon

𝐌𝐘𝐀𝐍 𝐃𝐄𝐂𝐎 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 & 𝐃𝐞𝐜𝐨𝐫𝐚𝐭𝐢𝐨𝐧
📞 09750109000 , 09799566656
🏠 No.535, Shwe War Tun Street, 45 Quarter, North Dagon Township, Yangon.

16/05/2023

ရေမြောင်းတွေတောင် ဆိုင်ထဲ ကျူးကုန်ကြပြီ

03/05/2023

ကဆုန်လပြည့် (ဗုဒ္ဓနေ့) မှာ ညောင်ရေသွန်းရင်း မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံး အေးငြိမ်းချမ်းသာစွာဖြင့် လိုရာဆန္ဒတွေ ပြည့်ကြပါစေလို့ ကျွန်တော်တို့ 𝐌𝐘𝐀𝐍 𝐃𝐄𝐂𝐎 မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။

ကဆုန်လပြည့်နေ့အကြောင်း သိကောင်းစရာ
****************************************

#ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ ကဆုန်လပြည့်နေ့

ကဆုန်လပြည့် (၅)နေ့။

(၁) ဗျာဒိတ်ခံယူသည့်နေ့ = လေး အသင်္ချေကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့။

(၂) ဘုရားမွေးသည့်နေ့ = မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့် (သောကြာနေ့)။ (ဘီစီ ၆၂၃)

(၃) ဘုရားဖြစ်သည့်နေ့ = မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ = မဟာသက္ကရာဇ် (၁၀၄)ခု၊ ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

(၅) ပရိနိဗ္ဗာန်စံသည့်နေ့ = မဟာသက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

****

#ကဆုန်လပြည့် #ဗုဒ္ဓနေ့အကြောင်းသိကောင်းစရာများ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
၁။ ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။ ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ (ဗျာဒိတ်, ဖွားမြင်, ဗောဓိပင်, စံဝင် နိဗ္ဗာန်နန်း) ဆိုသည်နှင့်အညီ သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားနှင့်စပ်၍....

#ဗျာဒိတ်ခံယူသောနေ့
#ဖွားမြင်တော်မူသောနေ့
#ဘုရားဖြစ်တော်မူသောနေ့
#ပရိနိဗ္ဗာန်စံတော်မူသောနေ့
ဤထူးခြားချက်လေးမျိုးတို့နှင့် တိုက်ဆိုက်နေပါသည်။ ဤကဲ့သို့ ထူးခြားချက်လေးမျိုးနှင့် ပြည့်စုံသောကြောင့် ဤနေ့ကို ` #ကဆုန်လပြည့်ဗုဒ္ဓနေ့´ ဟု အမွှန်းတင် ခေါ်ဆိုကြပါသည်။

၂။ ဤကဆုန်လပြည့်နေ့တွင် မာရ်နတ်ရန်ကို အောင်မြင်တော်မူသောကြောင့် ဤနေ့ဤရက်ကို `ကဆုန်လပြည့် မာရ်အောင်နေ့´အဖြစ် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်အစဉ်တွင် စွဲမြဲ၍နေကြပါသည်။

၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍ ဖွားမြင်တော်မူခြင်း၊ ပရိနိဗ္ဗာန်စံတော်မူခြင်းများကို အကြောင်းပြု၍ ကဆုန်လပြည့်နေ့ကို `ဝိဆခ်ဒေး´ဟု ခေါ်ဆိုကြပါသည်။ ဝိသာခါဒေးဟု ဆိုလိုပါသည်။

၄။ ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို အာရုံပြု၍ ကဆုန်လပြည့်နေ့၌ ပရိဘောဂစေတီထိုက်သော ဗောဓိပင်ကို ရေသွန်းလောင်းလေ့ ရှိကြပါသည်။

၅။ ဗောဓိပင်သည် သဗ္ဗုညုတဉာဏ်တော်ကိုရ၍ ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊ ဖွားဖက်တော် ၇ ပါးတွင် စာရင်းဝင်ဖြစ်ခြင်းတို့ကြောင့် ထူးခြားသော သစ်ပင်တစ်မျိုး ဖြစ်ပါသည်။ ဤကဲ့သို့ မြတ်စွာဘုရားနှင့် တိုက်ရိုက်ဆက်စပ်၍ ဗောဓိပင်၌ ရေသွန်းလောင်းခြင်းအစဉ်အလာကို ခေတ်အဆက်ဆက် ပြုလုပ်လာခဲ့ကြပါသည်။

၆။ မြန်မာ့ရိုးရာ ၁၂ ရာသီပွဲတော်များအနက် ကဆုန်လ၌ ညောင်ရေသွန်းပွဲတော်ကို ရိုးရာပွဲတော်အဖြစ် အစဉ်အလာ သတ်မှတ်ခဲ့ကြပါသည်။

၇။ အသနဗောဓိယမထေရ်၏ အလောင်းသည် တိဿဘုရားရှင်၏ ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရသော ကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊ စကြာမင်းဖြစ်ရခြင်း၊ အပါယ်ဘေးမှလွတ်ကင်းရခြင်းအကျိုးများကို ခံစားရကြောင်း (ထေရာပဒါန်) ကျမ်းဂန်၌ ဟောကြားထားပါသည်။

၈။ ဂန္ဓောဒကတိဿမထေရ်၏ အလောင်းသည် ပဒုမုတ္တရဘုရားရှင်၏ ဗောဓိပင်ကို နံ့သာရေဖြင့် သွန်းလောင်းသောကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊ အနာရောဂါမရှိခြင်း၊ သောကကင်းဝေးခြင်း စသောအကျိုးများကို ခံစားရပါသည်။

၉။ အထက်ပါအကြောင်းအရာများကို နှလုံးသွင်း၍ ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့် နှစ်စဉ်နှစ်စဉ် ကဆုန်လပြည့်နေ့ရောက်တိုင်း ဗုဒ္ဓရုပ်ပွား ဥဒ္ဒိဿစေတီတော်များကို အနေကဇာတင် ဗုဒ္ဓအဘိသေက မင်္ဂလာသဘင် ဆင်ယင်ကျင်းပ၍ ကုသိုလ်အထူးကို ဆည်းပူးလေ့ရှိကြပါသည်။ ကျောင်းကန်ဘုရားသို့သွား၍ ဒါန သီလ ဘာဝနာအမှုကို ပြုလုပ်၍ ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အမှတ်တရ ဆင်နွှဲကြပါသည်။

#မာဂဓီ (သာစည်)၏ [အခါတော်နေ့များ စာအုပ်မှ] ပြန်လည်
ထုတ်နှုတ်မျှဝေ ပူဇော်ပါသည်။

ကဆုန်လပြည့် (ဗုဒ္ဓနေ့

01/05/2023

👷‍♀️ International Labor Day 👷

"ဆန်ပေးမှ ဆီရတယ်" ဆိုတဲ့စကားပုံထက်
"ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ" ဆိုတဲ့စကားပုံအတိုင်းသာ
ကျင့်ကြံမှတ်ယူထားတာဖြစ်လို့ . . .

ကျွန်တော်တို့ 𝐌𝐘𝐀𝐍 𝐃𝐄𝐂𝐎 နှင့် အတူလက်တွဲခဲ့ကြတဲ့

👤ဝန်ထမ်းများ၊
👤Labor များ၊
👤အကျိုးဆောင်များနှင့်
👤Supplier များအားလုံးကို 𝐌𝐘𝐀𝐍 𝐃𝐄𝐂𝐎 မှ အစဉ်အမြဲတန်ဖိုးထားလေးစားပါကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့မှာ ဂုဏ်ပြုပါရစေ။

18/04/2023

🙏 နှစ်သစ်ဆုတောင်း 🙏

မိတ်​ဟောင်း မိတ်သစ် (၇)ရက်သားသမီးများအားလုံး နှစ်သစ်မှစ၍

နေကောင်းကျန်းမာ စိတ်ချမ်းသာ

လိုအင်ဆန္ဒဟူသမျှ ပြည့်ဝကြပါစေ

ဘေးအန္တရာယ်ခပ်သိမ်းကင်းရှင်း၍

ကြောင့်ကြ စိုးရိမ်မှုမှန်သမျှမှ ကင်းဝေးကြပြီး

စီးပွားဥစ္စာ ဒီရေအလားတိုးတက်ကြပါစေ လို့

MYAN DECO မိသားစုမှ

ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်

16/02/2023

Site Engineer (2Post)

1. B.E Civil / B.Tech Civil ဘွဲ့ရရှိပြီးသူဖြစ်ရမည်။
2. Site ပိုင်းတွင် လုပ်သက် (2) နှစ်အထက် ရှိရမည်။
3. Site Management / Labour Management ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်သူဖြစ်ရမည်။
4. လိုအပ်ပါက နယ်မြို့များသို့လည်း သွားရောက်တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
5.Auto CAD, MS Office ကောင်းစွာ အသုံးပြုတတ်သူဖြစ်ရမည်။
6. Steel Structure (or) Interior ပိုင်းအတွေ့အကြုံရှိသူ ဦးစားပေးပါမည်။

တစ်ပတ်တစ်ရက်ရုံးပိတ်ရက် နှင့်အစိုးရရုံးပိတ်ရက်များပိတ်သည်

Salary : Nego
OT & Bonus ရှိသည်

အထက်ပါ position အတွက်

1) လုပ်ငန်းအား အရည်အသွေးကောင်းမွန်စွာ နှင့် အချိန်မှီ ပြီးစီးနိုင်ရန် တာဝန်ယူဆောင်ရွက်နိုင်ရမည် ။

2) လုပ်ငန်းခွင် နှင့် အလုပ်သမားများအား စနစ်တကျစီစဉ် နိုင်ရမည်။

3) လုပ်ငန်းခွင်ရှိ အခက်အခဲများအား ဖြေရှင်းနိုင်ရမည် ။

4) အများနှင့်အဆင်ပြေစွာ လုပ်ဆောင်နိုင်ပြီး မိမိအဖွဲ့ကို ဦးဆောင်နိုင်ရမည် ။

5) သတ်မှတ်ထားသော အချိန်ဇယားအတိုင်း ကိုက်ညီမှုရှိမရှိ လိုအပ်သလို ဆိုက်အတွင်း လိုက်လံစစ်ဆေးဆောင်ရွက်ရမည်။

CV form များကို [email protected] သို့လည်းကောင်း +959750109000 ( Viber ) သို့လည်းကောင်းပေးပို့လျှောက်ထားနိုင်ပါသည်။

16/02/2023

QUANTITY SURVEYOR (QS)

• B.E Civil ဘွဲ့ရရှိပြီးသူဖြစ်ရမည်။
• QS ပိုင်းတွင် လုပ်သက် (2) နှစ်အထက်ရှိရမည်။
• Interior ပိုင်းအတွေ့အကြုံရှိသူ ဦးစားပေးမည်။
• အသက် (၂၅ မှ ၃၅) ကြားရှိရမည်။
• Auto CAD, SketchUp, Excel ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။

တစ်ပတ်တစ်ရက်ရုံးပိတ်ရက် နှင့်အစိုးရရုံးပိတ်ရက်များပိတ်သည်

မျှော်မှန်းလစာနှင့်အတူ CV form များကို [email protected] သို့လည်းကောင်း +959750109000 ( Viber ) သို့လည်းကောင်းပေးပို့လျှောက်ထားနိုင်ပါသည်။

Want your business to be the top-listed Home Improvement Business in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

" အလေးပြုပါတယ် "တေးရေး - ဂီတာတင်အုန်းတေးဆို - မေလှမြိုင် ၁၉ ဇူလိုင်မမေ့နိုင် • • • ကျဆုံးသွားသော ဗိုလ်ချုပ်အောင်ဆန်းနှင့...
ရွှေမှုန်တွေကြဲ . . .
Rejoice on this blessed occasion by spreading joy with your friends and loved ones. Happy Diwali to Everyone!
အရင်ကထက်ပိုလွယ်သွားပြီ

Category

Telephone

Website

Address


No(535), Shwe War Htun Street, 45 Quarter, North Dagon Township
Yangon

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 12:00

Other Home decor in Yangon (show all)
Natmauk Construction - Since 1985 Natmauk Construction - Since 1985
Yangon, 11191

Construction

Cham Myae Tha Luxury Furniture Cham Myae Tha Luxury Furniture
No. 10/A, Kabaraye Pagoda Road, Mayangone Township
Yangon, 11061

CMT provides lavish interior decoration experiences. We specialize in production and more.

CLINE Design & Furniture CLINE Design & Furniture
Dhamayone Street
Yangon, 11017

CLINE for you to create your home , apartment , office and shop be modernized and updated in 21st Century. We develop all updated designs, Structures and material every seconds an...

The A-Z Shop The A-Z Shop
Yangon

Everything is beautiful with best quality.

Aspdin Construction & Decoration Group Aspdin Construction & Decoration Group
No. 69F, Zizawa Street, 10 Quarter, Chan Thar Shwe Pyi Housing, East Dagon Township
Yangon, 11451

Aspdin Construction is a commercial construction company located in Yangon, Myanmar, that provides general contracting and project management services. Aspdin Construction has focu...

Bright Future Home Decoration Bright Future Home Decoration
No. 29, 89st
Yangon, 11221

Vertor Vertor
Yangon, 11091

Welcome to our Page One-stop service for furniture lovers Currently available for local clients.

Aesthetic Gift Shop by DM Aesthetic Gift Shop by DM
Thazinpan Street, Thingangyun
Yangon, 11071

Aesthetic Room Decor & Household Items

Myint Myat Pyae Sone - Flooring & Home Decoration Myint Myat Pyae Sone - Flooring & Home Decoration
Sel Myaung Street
Yangon

Flooring & Home Decoration.

Aung TK Home 𝙙𝙚𝙨𝙞𝙜𝙣 𝙞𝙙𝙚𝙖𝙨 Aung TK Home 𝙙𝙚𝙨𝙞𝙜𝙣 𝙞𝙙𝙚𝙖𝙨
Yangon

design & home decoration service

Royal Golden Mascot Construction & Decoration Co., Ltd Royal Golden Mascot Construction & Decoration Co., Ltd
E11, Ngu Wah Street, Chanthar Shwepyi Housing, East Dagon Township,Yangon
Yangon, 11451

Improving standard of living by creating international quality housing and commercial developments