𝘗𝘭𝘢𝘯𝘵𝘢𝘴𝘵𝘪𝘤 𝘝𝘪𝘣𝘦

𝘗𝘭𝘢𝘯𝘵𝘢𝘴𝘵𝘪𝘤 𝘝𝘪𝘣𝘦

You may also like

The Charmed Life
The Charmed Life

Best shop for indoor plants and gifts with the best customer caring service you'll ever find in town

Photos from 𝘗𝘭𝘢𝘯𝘵𝘢𝘴𝘵𝘪𝘤 𝘝𝘪𝘣𝘦's post 08/01/2023

" Happy 9 th Monthsary ပါ ချစ်ဆုံးခင်ဗျ 💖😇
နေကြာပန်းလေးတွေ ကြိုက်လို့ အမှတ်တရအနေနဲ့ ၀ယ်ပေးတာပါနော်👀✨🌻 " တဲ့.. နေကြာပင်လေးကို Anniversary လက်ဆောင်အနေနဲ့ မှာပေးသွားပါတယ်ခင်ဗျာ.. ပျော်စရာ Monthsary လေးဖြစ်ပါစေနော်

Photos from 𝘗𝘭𝘢𝘯𝘵𝘢𝘴𝘵𝘪𝘤 𝘝𝘪𝘣𝘦's post 05/01/2023

"Sunflower" လေးတွေရဲ့ရည်ညွှန်းချက်က
သစ္စာရှိခြင်း ၊
ကြင်နာမြတ်နိုးခြင်း ၊
ငယ်လေးကိုပဲထာဝရချစ်ခြင်း 👻🌻 ပါတဲ့ ကောင်မလေးအတွက် ချစ်ခြင်းမေတ္တာကိုရည်ညွှန်းတဲ့ နေကြာပင်လေး လက်ဆောင်မှာပေးသွားပါတယ်ဗျ..မင်မင်တို့စီကနေကြာပင်လေးကိုစိုက်ပျိုးရင်း ချစ်ခြင်းမေတ္တာတွေ ထာဝရရှင်သန်ပါစေ ညီမလေးရေ 🥰

Photos from 𝘗𝘭𝘢𝘯𝘵𝘢𝘴𝘵𝘪𝘤 𝘝𝘪𝘣𝘦's post 04/01/2023

အမြဲမေးကြတဲ့ နေကြာပင်လေးတွေ မင်မင်တို့စီပြန်ရပါပြီ 🌻 အပင်အရေအတွက်ကတော့အများကြီးမပါတာမို့အမြန်လေးယူထားကြနော် 💕

Photos from 𝘗𝘭𝘢𝘯𝘵𝘢𝘴𝘵𝘪𝘤 𝘝𝘪𝘣𝘦's post 09/12/2022

" Happy Birthday ခရုငယ် 🐌 " ဆိုပြီး ညီမလေး Ei Hmue Khin အတွက် အပင်လေးမှာပေးသွားပါတယ်ခင်ဗျ။ အပင်ပုကျိလေးကိုကြည့်ရင်း မွေးနေ့မှာ ပျော်ရွှင်ပါစေ လို့ ကျွန်တော်တို့ Plantastic Vibe ကနေ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ 🪴

01/12/2022

မင်မင်တို့ Deli ပို့တာ 80% လောက်တော့ပြီးပါပြီ။ ကျားလက်ဝါးလေး တစ်ချို့က ကားအကြီးနဲ့မှပို့လို့ရတာဖြစ်လို့ အနည်းငယ် ပို့ဖို့ကျန်ပါသေးတယ်။ မနက်ဖန်တစ်ရက် မင်မင် ဘုန်းကြီးကျောင်းသွားစရာလေးရှိလို့ deli လေးတစ်ရက် နောက်ကျပါရစေခင်ဗျာ။ နောက်ကျတဲ့အတွက်လဲ အနူးအညွန့်တောင်းပန်အပ်ပါတယ်။ ပစ္စည်းလေးတွေကို သန်ဘက်ခါမှာ အပြီး ပို့ပေးမှာဖြစ်လို့ တစ်ရက်လောက်သည်းခံပေးပါဦးလို့ တောင်းပန်ပါရစေခင်ဗျာ 😣

Photos from 𝘗𝘭𝘢𝘯𝘵𝘢𝘴𝘵𝘪𝘤 𝘝𝘪𝘣𝘦's post 29/11/2022

ဒါလေး တစ်မျိုးကို တစ်အိုးစီပဲကျန်လို့ စျေးလျှော့ပေးမယ်နော် 🙆🏻 သာမန် မင်မင်ရောင်းစျေး 12500 ks ကို လက်ကျန်ဖြတ်စျေး 9500 ks နဲ့သာယူပါခင်ဗျ 💜 ဒါကုန်ရင် ထပ်မရတော့ပါဖူးဗျ

Photos from 𝘗𝘭𝘢𝘯𝘵𝘢𝘴𝘵𝘪𝘤 𝘝𝘪𝘣𝘦's post 29/11/2022

( 2 ) အိုးသာကျန်
Customer Review Photo လေးပါ။ အိုးအဖြူလေးနဲ့ ရှယ်လှသော 🫢🤍 မင်မင်တို့ရဲ့ ကျားလက်ဝါးလေးတွေ ပို့ပြီးသူတိုင်း သဘောကျကြတယ်ဆိုလို့အများကြီးဝမ်းသာရပါတယ် 💕 ကျားလက်ဝါးလေးတွေက Instock 2 ပင်ပဲကျန်ပါတော့မယ်ဗျ ဒါပြီးရင်ထပ်ဝင်ဖို့ကြာပါဦးမယ်ခင်ဗျာ 🙆🏻

Photos from 𝘗𝘭𝘢𝘯𝘵𝘢𝘴𝘵𝘪𝘤 𝘝𝘪𝘣𝘦's post 25/11/2022

" အပင်လေးတွေက ရှင်သန်ခြင်းကို ကိုယ်စားပြုတာဖြစ်လို့ ကိုယ်တို့လဲအတူတူရှင်သန်သွားချင်ပါတယ်။ အမြဲ ဘေးကနေရှိနေပေးပါ့မယ် " ဆိုပြီး My Mini Garden set လေးက်ို ချစ်ရသူကလက်ဆောင်မှာပေးသွားပါတယ်ညီမလေးရေ… ဘဝမှာ ကိုယ်ချစ်ရတဲ့သူနဲ့တစ်သက်လုံး ရှင်သန်သွားရပါစေခင်ဗျာ 🪴💚

Photos from 𝘗𝘭𝘢𝘯𝘵𝘢𝘴𝘵𝘪𝘤 𝘝𝘪𝘣𝘦's post 25/11/2022

" 4 years friendship ပါ " ဆိုတဲ့ simple message လေးနဲ့ အတူ ညီမလေး Ei Khine Soe အတွက် Hoya Heart အပင်လေး လက်ဆောင်မှာပေးသွားပါတယ်ခင်ဗျ 🤎 အပင်လေးနဲ့တကွ ပျော်ရွှင်ရပါစေညီမလေးရေ 🙆🏻‍♀️

Photos from 𝘗𝘭𝘢𝘯𝘵𝘢𝘴𝘵𝘪𝘤 𝘝𝘪𝘣𝘦's post 25/11/2022

" Air တော့ မ Jordan နိုင်သေးဘူး🦁 ဒီ ပိစိလေး အရင်ယူ✨ " ဆိုပြီး ညီမလေးတစ်ယောက်က လက်ဆောင်မှာပေးသွားပါတယ်ခင်ဗျ 🧡 အပင်ပိစိလေးတွေက်ိုကြည့်ပြီး ပီတိဖြာနိုင်ပါစေခင်ဗျာ 🙆🏻

Photos from 𝘗𝘭𝘢𝘯𝘵𝘢𝘴𝘵𝘪𝘤 𝘝𝘪𝘣𝘦's post 25/11/2022

" ချစ်လွန်းလို့အနားမှာအမြဲအတူရှိ​နေမဲ့သက်ရှိ​လေးတစ်ခုခုအမြဲ​​ပေးချင်​နေခဲ့တာ ဒါ​လေးကကိုကို့အတွက်pre birthday gift​လေး​​ပေါ့ (ထပ်​ပေးဦးမှာ🤭 keke) " ဆိုပြီး Cactus အပင်လေးကို ကောင်မလေးကလက်ဆောင်မှာပေးသွားပါတယ်ခင်ဗျ 🪴 အပင်လေးကိုလဲ ယုယသလို ကောင်မလေးကိုလဲ အများကြီးပိုချစ်ပေးနိုင်ပါစေဗျ

Photos from 𝘗𝘭𝘢𝘯𝘵𝘢𝘴𝘵𝘪𝘤 𝘝𝘪𝘣𝘦's post 21/11/2022

Buy 1 Get 1 Promotion is back ‼️

" စိတ်ချမ်းသာချင်ရင် အပင်စ်ိုက်ပါ " တဲ့။ ယခုလိုကာလကြီးမှာ ကိုယ့်ရဲ့စိတ်ကိုအပန်းဖြေဖို့အကောင်းဆုံးအရာကတော့ ပန်းပင်လေးတွေပါပဲ။ ဒါ့အပြင် ချစ်ရတဲ့သူတွေ သူငယ်ချင်း မိဘတွေကို နွေးထွေးမှုတွေအပြည့်ပါတဲ့လက်ဆောင်လေးတွေဖန်တီးပေးချင်ရင်တော့ အပင်လေးတွေလက်ဆောင်ပေးပါ။ ဘာလို့လဲဆိုတော့ Succulent လေးတွေက်ို လက်ဆောင်ပေးခြင်းရဲ့အဓ်ိပ္ပာယ်က ချစ်ခြင်းမေတ္တာ နဲ့ နွေးထွေးခြင်းကို ကိုယ်စားပြုတာဖြစ်လို့ ဒီအပင်လေးတွေက လက်ဆောင်ပေးလို့အကောင်းဆုံးလေးတွေဖြစ်နေတာပါ 💛

ငွေစျေးကြောင့် ဆက်တိုက် အပင်လေးတွေစျေးတက်ပေမယ့်လဲ အခုတစ်ခါမှာတော့ ကျွန်တော်တို့ရဲ့ Buy 1 Get 1 Promo လေးက်ို အရင်လိုပြန်လုပ်န်ိုင်အောင်ကြိုးစားပေးထားပါတယ်။ အရေအတွက်ကတော့ ကန့်သတ်ထားတာဖြစ်လို့ အမြန်ဆုံးလက်ဦးထားဖို့တော့လိုပါမယ်နော် 🪴

ကျွန်တော်တို့အပင်လေးတွေအကုန်လုံးက မြေလဲပြီး ပိုးသတ်ပြီးသားဖြစ်တဲ့အပြင် မြေက်ိုလဲ Plantastic Vibe ရဲ့ Premium Soil Mix ကိုအသုံးပြုပေးထားတာဖြစ်လို့ အပင်နဲ့ပက်သက်ပြီး စိတ်ချလို့ရပါတယ်ခင်ဗျာ။ အပင်လေးတွေကလဲအရေအတွက် အကန့်အသတ်ရှိတာဖြစ်လို့အမြန်ဆုံးမှာယူပေးဖို့ တောင်းဆိုပါရစေခင်ဗျာ 💁🏻

* စျေးနှုန်းလေးတွေနဲ့ Promotion ကိုတော့ တစ်ပုံချင်းစီမှာအသေးစိတ်ဖော်ပြထားပါ့မယ်ခင်ဗျာ။ ရန်ကုန်မြို့တွင်း အိမ်ရောက်ငွေချေဖြစ်ပြီး မှာယူပြီး ၃ ရက်အတွင်းပ်ို့ဆောင်ပေးပါတယ်ခင်ဗျ။

#နှလုံးသားနဲ့စိုက်တော့ပိုရှင်တာပေါ့ #ဂရုစိုက်မှုလေးပဲလိုတာပါ

Photos from 𝘗𝘭𝘢𝘯𝘵𝘢𝘴𝘵𝘪𝘤 𝘝𝘪𝘣𝘦's post 14/11/2022

Just wanted to give a little taste of our stocks!! If you’re thinking about gifting someone, choose our beautiful plants 🫢💗

#နှလုံးသားနဲ့စိုက်တော့ပိုရှင်တာပေါ့

14/11/2022

သင့်ရဲ့ ရုံးခန်း အိပ်ခန်းက ငြီးငွေ့စရာကောင်းတယ်လို့ ခံစားနေရပြီဆိုရင်တော့ သေချာပါတယ် Indoor Plant လေးတွေ ထည့်ပေးဖို့လိုအပ်နေပါပြီ 🌲 Indoor Plant တွေထဲမှာ အတင့်တယ်ဆုံးနဲ့ ပြုစုပျိုးထောင်ရအလွယ်ဆုံးဖြစ်တဲ့ Monstera ( ခေါ် ) ကျားလက်ဝါး အပင်လေးတွေကတော့ Plantastic Vibe မှာ ပိုင်ရှင်အသစ်တွေစီသွားဖို့ အသင့်ရှိနေပါပြီနော် ❤️❤️ Thailand import 🇹🇭 စစ်စစ်ဖြစ်ပြီး အပင်တိုင်းမှာရွက်ပေါက်ပါပြီးသား မျိုးကောင်းလေးတွေမို့ မင်မင့်အခန်းမှာလဲ တစ်ပင်ယူထားလိုက်ပါပြီ 😛

Limited stock ‼️
Price - 20000 ks ( with changed pot )
Instock / Cash on deli ✨

#နှလုံးသားနဲ့စိုက်တော့ပိုရှင်တာပေါ့

13/11/2022

Pants are becoming pets for Human Beings 🪴 Are you looking for a pet plant too ? Come look at our shop 💚

Photos from 𝘗𝘭𝘢𝘯𝘵𝘢𝘴𝘵𝘪𝘤 𝘝𝘪𝘣𝘦's post 05/09/2022

ဓာတ်ပုံကောင်းကောင်းလေးရဖို့ ဝေးဝေးလံလံ café တွေဆီသွားဖို့မလိုဖူး🤞🏼 ချစ်စရာအပင်လေးတွေ သုံးလေးအိုးလောက်သာ အခန်းနံရံထောင့်လေးမှာသာထားလိုက်ရင် ပုံမိုက်မိုက်လေးတွေ ထွက်ဖို့ perfect👌🏼ပဲ
စမ်းကြည့်ကြဦးနော် သူငယ်ချငိးတို့🙉
Photo inspiration from IG model

Photos from 𝘗𝘭𝘢𝘯𝘵𝘢𝘴𝘵𝘪𝘤 𝘝𝘪𝘣𝘦's post 14/02/2022

" လိုချင်တယ်လို့ ပြောဖူးတာလေး သတိရလို့
Vday လက်ဆောင်အနေနဲ့ပေးလိုက်ပါတယ်
စာရေးခုံပေါ်တင်ထားပေး စာလုပ်လို့ ပင်ပန်းရင် baby ကိုလွမ်းရင် ကြည့်ရင်းအလွမ်းဖြေနော်
မင်မင်က Vday လက်ဆောင်အနေနဲ့မို့ Chocolate Succulent လေးပေးတာ အဓိပ္ပာယ်ပိုလှတယ်လို့ အကြံပေးလို့ baby အာ့လေးရွေးပေးလိုက်တယ်နော် 😘😘😘
အရမ်းချစ်တယ်နော် My boo 🥰🥰 " ဆိုပြီး လာမှာပေးသွားပါတယ်ရှင့် ❤️
Happy Valentines Day လေးဖြစ်ပါစေရှင့် ✨

Photos from 𝘗𝘭𝘢𝘯𝘵𝘢𝘴𝘵𝘪𝘤 𝘝𝘪𝘣𝘦's post 13/02/2022

" Bd giftမပေးရသေးလို့ ဆင်တူဖြစ်အောင် ဝယ်ပေးလိုက်တယ် 💕" ဆိုပြီး Succulents လေးတွေလက်ဆောင်ရထားလို့ပါရှင့် ✨

လိပ်စာလေးပါပေးထားပြီးသားမို့ မင်မင်တို့ ၂ ရက်အတွင်း လာပ်ို့ပေးမယ်နော် 🥳

Photos from 𝘗𝘭𝘢𝘯𝘵𝘢𝘴𝘵𝘪𝘤 𝘝𝘪𝘣𝘦's post 12/02/2022

" Succlents လေးတွေရဲ့ Flower Language က ထာဝရတည်မြဲတဲ့ အဆုံးအစမဲ့တဲ့ အချစ်ပါတဲ့ " ဆိုပြီး အပင်လေးမှာပေးထားပါတယ်ရှင့် 🥳 အပင်လေးကိုသေချာရွေးပြီး ညတွင်းချင်းကိုမှာပေးသွားတာ 😛 မင်မင်တို့ ၂ ရက်အတွင်း လာပို့ပေးပါ့မယ်နော် ✨

Photos from 𝘗𝘭𝘢𝘯𝘵𝘢𝘴𝘵𝘪𝘤 𝘝𝘪𝘣𝘦's post 12/02/2022

Mother of Thousands ( ရွက်ကျပင်ပေါက် )
Price - 1500 ks

မင်ရေ Succulent မစိုက်ဖူးလို့ ဘာလေးစစိုက်ရမလဲဆိုရင် Mother of thousands စိုက်ပါ 👀 ကတ်ကြေးနဲ့တစ်ရွက်စီညှပ်ပစ်ရင်တောင် မသေတဲ့အပင်မို့ ဘယ်လိုထားမလဲ ကြိုက်သလိုထား တော်တော်အကြမ်းခံတဲ့အပင်လေးတွေပါ။ Succulent မျိုးနွယ်ဖြစ်ပြီး သူ့ထူးခြားချက်က အပင်ရဲ့အရွက်ကနေ ပထမပုံထဲကလို အပွါးလေးတွေထွက်တာပါ။ အဲ့အပွါးလေးတွေကိုမြေပေါ်တင်ထားရင် ၂ ပါတ်အတွင်း အပင်ထပ်ဖြစ်တယ်နော် 😛 ပွါးလွန်းလို့ မနိုင်တဲ့အထိဖြစ်စေရမယ် 😖 ဒါလေးကို မြေအိုးလေးနဲ့ပြောင်းစိုက်လိုက်ရင်လဲ လက်ဆောင်ပေးလို့လှတယ်နော် ❤️

Mother of Thousands အကြောင်း - https://www.facebook.com/113813350525212/posts/384889930084218/?d=n

#ရွက်ကျပင်ပေါက်

Photos from 𝘗𝘭𝘢𝘯𝘵𝘢𝘴𝘵𝘪𝘤 𝘝𝘪𝘣𝘦's post 11/02/2022

V-Day နီးရင် လျှောက်လျှောက် မရွပါနဲ့လို့ပြောထားရဲ့သားနဲ့ ခုတော့ ဂျိုပေါက်နေပြီမလား 😒 မအေကတော့ချစ်လို့ဦးထုပ်ဆောင်းပေးထားတာကို မအေစကားနားမထောင်တဲ့အကောင်လေး 😑

Photos from 𝘗𝘭𝘢𝘯𝘵𝘢𝘴𝘵𝘪𝘤 𝘝𝘪𝘣𝘦's post 11/02/2022

Valentines Day မှာ ဘာလက်ဆောင်ပေးရမလဲမသိသေးရင် အပင်လေးတွေပေးလို့ရပါတယ် ✨

ခဏလေးနဲ့ညှိုးသွားမယ့် ပန်းအစစ်တွေကို သောင်းကျော်ပေးဝယ်မယ့်အစား 1 သောင်းဝန်းကျင်ထဲနဲ့ အချိန်အကြာကြီး အနားမှာထားလို့ရတဲ့အပင်လေးတွေကို ကိုယ့်ချစ်ရသူတွေစီပို့ပေးလို့ရပါပြီရှင့် 💕 သာမာန်ဆို Succulent Bowl လေးတွေက သောင်းကျော်ပေမယ့် အခု တစ်သောင်းအောက်နဲ့တင်ရနိုင်ပြီနော်။ Succulent ပင်လေးတွေက နွေးထွေးမှုကိုဖော်ညွှန်းပြီး Valentines Day ကချစ်ခြင်းမေတ္တာကိုကိုယ်စားပြုတာဆိုတော့ လက်ဆောင်ပေးမယ်ဆို လုံးဝ ကွက်တိပဲပေါ့။

Succulent လေးတွေအကုန် မြေလဲပြီး ရန်ကုန်ရာသီဥတုနဲ့အသားကျပြီးသားလေးတွေဖြစ်လို့ ပြုစုစောင့်ရှောက်ရ လွယ်ကူပါတယ်။ ပုံလေးတွေမှာစျေးနှုန်းလေးတွေ ဖော်ပြပေးထားပါတယ်ရှင့် 🧡

ရန်ကုန်မြို့တွင်း ပို့ခ ၂၀၀၀-၂၅၀၀ ဖြင့်ပို့ဆောင်ပေးပြီး နယ်မြို့များကိုဂိတ်တင်ပေးပါတယ်။ တစ်မျိုးတစ်အိုးပဲပါတာဖြစ်လို့ အမြန်ဆုံးရွေးထားတော့နော်

07/02/2022

Roadkill cactus လေး Surprise Gift လေးရထားလို့ပါရှင့် 🥳 မနက်ဖန်အတွက် အားဖြစ်အောင်ဆိုပြီး ညတွင်းချင်းကိုလာမှာပေးသွားတာ 🥺 မင်မင်တို့ အပင်လေးပို့ပေးဖို့အတွက် ဖုန်းနံပါတ် လိပ်စာလေး Cb ကနေ ပို့ပေးပါဦးနော် 👻 မနက်ဖန်ဘာကိစ္စလဲမသိပေမယ့်အဆင်ပြေပါစေလို့ဆုတောငိးပေးပါတယ်ရှင် 🤒

06/02/2022

သူကသဘောကျတယ်လို့ပြောမိရုံနဲ့ ကိုယ့်ဘက်ကဖြည့်ဆည်းပေးချင်တာလဲ ချစ်ခြင်းမေတ္တာတစ်မျိုးပါပဲ 💕

ကိုကိုသဘောကျတယ်ပြောဖူးလို့...
မနှစ်က v-day မှာ လက်ဆောင်မပေးလိုက်ရလို့ ဒီနှစ်တော့အမှတ်တရဖြစ်အောင်ပေးတာပါ
သေချာလေးစိုက်ပေးပါနော်..🦋 ကျေးဇူးပြုပြီး အရင်ကထက်ပိုပြီးဂရုစိုက်ပေးပါ ကျေးဇူးပြုပြီးလေနော်❣️

ဆိုပြီး ကောင်မလေးက အပင်လေးတွေ သေချာလေးရွေးပေးသွားပါတယ်။ ကောင်မလေးက အပင်လေးကိုလက်ဆောင်ပေးချင်လွန်းလို့ မင်မင်တို့စီ လာပူဆာနေတာကြာပြီ မင်မင့်အလုပ်များနေလို့ ခုမှအပင်ရတာစောတီးပါနော် 🥺 အများကြီး အချစ်ခံနေရတဲ့ Lucky boy လေးရေ အပင်လေးအတွက် လိပ်စာလေး လာပေးပါဦးနော် ✌🏻

Photos from 𝘗𝘭𝘢𝘯𝘵𝘢𝘴𝘵𝘪𝘤 𝘝𝘪𝘣𝘦's post 06/02/2022

Buy 1 Get 1 Promo is Backkk 🪴💛
Price - 3800 ks ( B1G1 )

Feb လမှာ ဘာလက်ဆောင်ပေးရမလဲမသိတဲ့သူလေးတွေအတွက် Budget Saving လဲဖြစ် Unique လဲဖြစ်တဲ့လက်ဆောင်လေးပေးချင်ရင် အပင်လေးတွေပေးပါ 🥰 Succulents လေးတွေရဲ့အဓိပ္ပာယ်က နွေးထွေးမှုကို ဖော်ညွှန်းတာပါတဲ့။ အရင်ကဆို တစ်အိုး 3800 ..ခုဆို ၂ အိုးကိုမှ 3800 ဆိုတော့ အရမ်းတန်ပါတယ်နော်

Feb တစ်လလုံး ပစ္စည်းလက်ကျန်ရှိသရွေ့ Buy 1 Get 1 ပေးပါတယ်နော် 🥰 အပင်လေးတွေကအကုန် မြေလဲပြီး အမြစ်သစ်ထွက်နေပါပြီ 💕 Buy 1 လေးကိုတော့ရွေးယူလို့ရပြီး Get 1 လေးကတော့ ပြထားတဲ့ထဲကလှလှလေးထည့်ပေးမှာနော် 😛 Stock ကုန်တာအရမ်းမြန်လို့ မြန်မြန်လေး ရွေးထားလိုက်တော့

စိုက်ပျိုးနည်း 🌱

- succulent လေးတွေက မနက်ခင်းနေရောင်ကိုသဘောကျတာမို့ မနက်ခင်းနေရောင်ရတဲ့နေရာလေးမှာထားပေးပါ။
- ရေမကြိုက်တဲ့အပင်လေးတွေဖြစ်တဲ့အတွက် ရေကို ၁ လမှ ၁ ခါ ၂ ခါပဲပေးပါ။
- အရမ်းကြီး ပူတဲ့နေရာမှာထားဖို့အဆင်မပြေတဲ့အတွက် အေးတဲ့နေရာလေးထားပေးပါ ❤️

05/02/2022

နေရောင်ရလို့ အရောင်တက်လာတဲ့ baby လေး 🥰 သူကအရောက်ဆက်တက်လာဦးမှာနော် အပြင်မှာပိုတောင်လှသေးတာ ထိပ်လေးတွေဆို Glitter လေးတွေတင်ထားသလားအောက်မေ့ရ 💕 ဒါလေးမရောင်းဖူးလုပ်ထားပေမယ့် အရမ်းလိုချင်တဲ့သူရှိရင်တော့ ရောင်းပေးပါမယ်နော် စီဘီကိုတိတ်တိတ်လေးလာခဲ့ 👀

ပထမဆုံးအနေနဲ့ မင်မင်တို့စီက အမြဲအားပေးတဲ့ ကာကာလေးတွေကို ကျေးဇူးအများကြီးတင်ပါတယ်..ကာကာလေးတို့ကြောင့် ခုထိ ဒီ Page လေးရပ်တည်နိုင်နေတာပါ အဆင်မပြေမှုလေးတွေရှိတဲ့အခါ အားမနာပဲမင်မင်တို့ကို လာပြောပေးပါနော် ဒါမှမင်မင်တို့လဲ ပြုပြင်ပြီးပိုကောင်းအောင်ကြိုးစားနိုင်မှာပါ။ မကြာခင်ရက်ပိုင်းထဲမှာတင် Valentines Day Special လေးတွေရော Buy 1 Get 1 လေးတွေရောပြန်လုပ်ပေးမှာမို့ မင့်ကိုမျှော်နေပေးနော် 🧡

22/01/2022

Purple Coleus Plant ( ကတ္တီပါရွက်လှ )
Price - 2500 ks ( 2 ပေကျော် )

ကတ္တီပါရွက်လှထဲမှာမှ တွေ့နေကျမဟုတ်ပဲ ခရမ်းရင့်လေးတွေကို မင်မင် Stock ဖြတ်ချင်လို့ 2500 နဲ့ ထားပေးထားပါတယ်။ အိမ်မှာ အလှစိုက်စိုက် အိုးပဲပြောင်းစိုက်စိုက် အရမ်းလှတဲ့အပင်လေးပါ။ မင့်စီမှာတော့ ၇ ပင်ပဲကျန်ပါတယ်ရှင့် 💜💜

#ကတ္တီပါရွက်လှ

Photos from 𝘗𝘭𝘢𝘯𝘵𝘢𝘴𝘵𝘪𝘤 𝘝𝘪𝘣𝘦's post 22/01/2022

Succulent Mini Set 🪴
Price - 5500 ks

Succulent တစ်အိုးမှာ ၆ ပင်အနည်းဆုံးပါပြီး အကုန်လုံးက အလှလေးတွေချည်းပဲ 😛 မြင်တာနဲ့ကိုက်စားချင်စရာလေးနော် ❤️❤️ လက်ဆောင်ပေးမယ်ဆိုရင်လဲ Budget saving ဖြစ်တဲ့အပြင် အမြင်အရလဲ အရမ်းလှတာလေးတွေ။

စိုက်ပျိုးနည်း

သာမာန် Succulent စိုက်ပျိုးနည်းအတိုင်းစိုက်ပေးရုံပါပဲရှင့် ။ နေရောင်ကို မနက်ခင်းနေရောင် သို့မဟုတ် Bright indirect Sunlight ပြပေးဖို့လိုပါတယ်။ ရေကိုတော့ ၁ လမှ ၂ ခါပဲလောင်းပေးရပါမယ်ရှင့် 💕

18/01/2022

Succulent လေးတွေ ဒီရက်ပိုင်း ပြန်ဝင်မယ်နော်… 72 ပင်ပါပျိုးဗန်းလေးတွေလဲရပါတယ် 1 ဗန်း 42000 ks ပါ။ဒီတစ်သုတ်ပြီးရင် ၂ လပိုင်းအလယ်လောက်ထိ ထပ်မဝင်တော့ဖူးဆိုလို့ မင်မင် များကြီးယူထားပေးတယ် 💓 အိမ်မှာနေရင်း ပျင်းတဲ့အခါ အပင်လေးတွေစိုက်ကြည့်။ Succulent & Cactus လေးတွေတဲ့လိုအပ်တဲ့ Accessories အကုန် Plantastic Vibe မှာရနေပါပြီနော် ✨

Photos from 𝘗𝘭𝘢𝘯𝘵𝘢𝘴𝘵𝘪𝘤 𝘝𝘪𝘣𝘦's post 18/01/2022

Cactus လေးတွေကပန်းလေးတွေ ပွင့်တတ်တယ်ဆိုတာ သိကြရဲ့လား ❓

Cactus အမျိုးစားတိုင်းမဟုတ်ပေမယ့် အများစုကတော့ ခုလိုဆောင်းရာသီဆို ပန်းလေးတွေပွင့်တတ်ကြတယ်။ ပန်းအရောင်ကတော့ မတူကြဖူး လိမ္မော်လေးတွေ ပန်းရောင်လေးတွေ အနီလေးတွေ ပွင့်တတ်ကြတယ်။ မင်မင့်ကလေးတွေလဲ အခုပန်းလေးတွေပွင့်နေကြပြီ။ သူတို့လေးတွေက အကြမ်းခံတဲ့အပြင် ပြုစုရလွယ်ကူပြီး ရေလဲ တစ်လမှ တစ်ခါပဲလောင်းပေးရတာလေးတွေဆိုတော့ အရမ်းဝန်ပေါ့တဲ့အပင်လေးတွေ။ စျေးနှုန်းလေးတွေကို ပုံအောက်မှာ ရေးပေးထားပါတယ်ဗျ 💕

Photos from 𝘗𝘭𝘢𝘯𝘵𝘢𝘴𝘵𝘪𝘤 𝘝𝘪𝘣𝘦's post 18/01/2022

ဒီအချိန်မှာ အရမ်းရှားနေတဲ့ Venus Flytrap လေးတွေ ရအောင် ရှာပေးထားပါတယ်။ Auto ရေလောင်းပေးတဲ့ခွက်ကလေးနဲ့မို့ အရင်ထက်တော့ စျေးပိုများပါတယ်။ Stock အများကြီးမရှိလို့ ဦးသူယူပါ။ ချန်မထားပေးပါနော် 😿 VFT လေးတွေအတွက် လိုအပ်တဲ့ Sphagnum moss လေးတွေပါ တစ်တွဲထဲရောင်းပေးပါတယ် ❣️

Price : VFT - 10500 ks
: Moss - 4000 ks ( Half pack )
8000 ks ( Whole pack )

ရန်ကုန်မြို့တွင်းအိမ်ရောက်ငွေချေပါ နယ်မြို့များကိုလဲသေချာထုပ်ပိုးပြီး ပို့ပေးပါမယ်နော် 🏠

#နတ်သမီးထောင်ချောက်ပင်

Photos from 𝘗𝘭𝘢𝘯𝘵𝘢𝘴𝘵𝘪𝘤 𝘝𝘪𝘣𝘦's post 16/01/2022

Succulent တွေကို ကြော်စားမယ်တဲ့😂
VFTရော မုန့်လက်ဆောင်းရော stockရှိတယ်နော့😋

Instergram - biesowicz

Photos from 𝘗𝘭𝘢𝘯𝘵𝘢𝘴𝘵𝘪𝘤 𝘝𝘪𝘣𝘦's post 12/01/2022

မုန့်လက်ဆောင်းဖတ် မကြိုက်ဖူးဆိုပြီး ခုကျတော့ချစ်စရာလေးတဲ့လား 🌚🤌🏼

အရင်ထဲက ခဏခဏ မေးကြတဲ့မုန့်လက်ဆောင်းပင်လေးတွေပြန်ရပါပြီ 🪴 ဒီအပင်လေးကတော့ Burro’s Tail လို့လဲခေါ်သလ်ို Donkey’s Tail လေးလို့လဲခေါ်တဲ့အပင်လေးပါ။ မြန်မာအခေါ်ကတော့ မုန့်လက်ဆောင်းလို့ခေါ်ကြတယ်။ သူ့အဖတ်လေးတွေက ပိစိလုံးလုံးလေးတွေဖြစ်ပြီး ထ်ိပ်ဖူးလေးတွေက ဖြူဖြူပြောင်ပြောင်လေးမို့ လူကြိုက်များကြတဲ့အပင်လေးပါ။

သူတို့လေးတွေက ရေမကြိုက်ပါဖူးနော် ၁ လမှ တစ်ခါလောက်ပဲ ရေပေးရပါတယ်ဗျ။ နေရောင်ကိုတော့ မနက်ခင်းနေရောင်လေး ပြပြပေးရပါမယ် 🌻

အိုးခွဲစိုက်မယ်ဆိုရင် အနည်းဆုံး ၄ အ်ိုးရတယ်နော်။ အုံအကြီးကြီးနဲ့ အများကြီးပါတဲ့တစ်အိုးကိုမှ 11000 ks ပါခင်ဗျ 💕 အရေအတွက်အများကြီးမပါလို့ မြန်မြန်လေးတော့ မှာပေးနော်။

#မုန့်လက်ဆောင်း

12/01/2022

Does anyone know where we can get?😂

Photos from 𝘗𝘭𝘢𝘯𝘵𝘢𝘴𝘵𝘪𝘤 𝘝𝘪𝘣𝘦's post 09/01/2022

ယိုးဒယား ကော်အိုးအထူ
Price - 2 လက်မ 350 ks / 3 လက်မ 500 ks
Colour - brown , white

Succulent နဲ့ Cactus လေးတွေအတွက် စျေးသင့်ပြီးလှပတဲ့ကော်အိုးအထူလေးတွေရပါပြီနော်။ ရေဆင်းပေါက်အများကြီးပါပြီး လေပေါက်လေးတွေပါ ပါလို့အပင်အတွက်အရမ်းအဆင်ပြေပါတယ် 🤎

#ကော်အိုး ိုး #၂လက်မအိုး #၃လက်မအိုး

09/01/2022

Angelina Bush Succulent ( ပြည်လုံးချမ်းသာ )
Price - 4500 ks ( ကော်အိုး )

Succulent လဲစိုက်ချင်တယ် သေမှာကြောက်တယ်ဆိုရင် ဒါလေးစိုက် ❤️ ဒီအပင်လေးကတော့ ပြည်လုံးချမ်းသာလို့ခေါ်ပြီး သူ့အားသာချက်က အကြမ်းခံတာနဲ့ အရမ်းပွါးတာပါ။ နွေရာသီဆိုအပွင့်လေးတွေပွင့်တတ်ပြီး နေကြိုက် ရေကြိုက်တဲ့ Succulent လေးလဲဖြစ်တယ်။ ချုံပုတ်လေးလို ပုပုဝိုင်းဝိုင်းလေးပေါက်တတ်ပြီး အကြီးလဲမြန်လို့ သူ့ကို လူကြိုက်များကြတယ်ဗျ။

ပြည်လုံးချမ်းသာဆိုလို့ ငွေဝင်လားမသိပေမယ့် စိတ်တော့ချမ်းသာရမှာ အသေချာပဲဗျ။ ဒီလောက်ပုပုလုံးလုံးလေးနဲ့ စိမ်းစိမ်းစိုစိုလေးကိုနေ့တိုင်းမြင်ရရင် စိတ်မချမ်းသာတဲ့သူရှိမလားနော် 🥰

#ပြည်လုံးချမ်းသာ

08/01/2022

Succulent လေးတွေစိုက်ဖို့ 3 လက်မ မြေအိုးလေးတွေကို 500 တောင်မရှိတဲ့စျေးနဲ့ရပါမယ်ဗျ။ ၁၀ ရက်နေ့ထိရပါမယ်နော် 👀❤️

#မြေအိုး

Photos from 𝘗𝘭𝘢𝘯𝘵𝘢𝘴𝘵𝘪𝘤 𝘝𝘪𝘣𝘦's post 07/01/2022

နွေးထွေးမှုကိုဖော်ညွှန်းတဲ့ Succulent လေးတွေ 10 ရက်နေ့ထိ Buy 1 Get 1 ရပါမယ် ✨

Price - 3500 ks ( အိုး+ Topping ကျောက်အပါ မြေလဲပြီး )

အပင်လေးတွေအကုန် သေချာမှိုဆေးဖြန်းပြီး စပ်မြေအကောင်းစားနဲ့ မြေလဲစိုက်ပြီးသားလေးတွေပါ။ သာမာန်အပြင်ဆိုင်မှာ 1 ပင် 3500 လောက်ရှိတာကို မင်မင်တို့က Buy 1 Get 1 ပါပေးထားတော့ အရမ်းတန်နေပြီနော် ❤️

Suprise gift ပေးချင်တဲ့သူလေးတွေအတွက် post card လေးပါ Free ထည့်ပေးပါတယ်ခမျ 🙆🏻 Buy 1 ကရွေးလို့ရပါတယ် Get 1 ကတော့ ပြထားတဲ့ထဲကပဲ လှတာလေးထည့်ပေးမယ်နော် 🥰

Photos from 𝘗𝘭𝘢𝘯𝘵𝘢𝘴𝘵𝘪𝘤 𝘝𝘪𝘣𝘦's post 05/01/2022

ညီမလေးအတွက် မွေးနေ့လက်ဆောင် Surprise Gift လေးပါ " မွေးဖွားလာပေးလို့ကျေးဇူးတင်ပါတယ် “ ဆိုတဲ့စာသားလေးနဲ့အတူ ချစ်စရာ Succulent လေးတွေ လာမှာပေးသွားပါတယ် 🥳 ပျော်ရွှငိစရာမွေးနေ့လေးဖြစ်ပါစေညီမလေးရေ 💕💕

Want your business to be the top-listed Home Improvement Business in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Plantastic Vibe စပ်မြေက ရေဆင်းကောင်းရဲ့လား ?

Website

Address

Yangon

Other Nurseries & Gardening Stores in Yangon (show all)
Wuuw's garden Wuuw's garden
N. O(561), Loke Thar Street, (35) Quater, North Dagon
Yangon, 11111

Save the plant & luv the world

Z&C Garden Z&C Garden
Hninsi (1st) Street
Yangon

Indoor Plants & Accessories

Le Petit Pot Le Petit Pot
Yangon
Yangon

A place where we love sharing the healthy plants with reasonable price, also the tips how to take care of plants

Plants plant by Kindness Plants plant by Kindness
Bo Yar Nyunt Street
Yangon

It takes COURAGE to be KIND !

Mya Myet Chel Mya Myet Chel
Yangon

Make the world with greens

Colorful Pot ရောင်စုံပန်းအိုးလေး Colorful Pot ရောင်စုံပန်းအိုးလေး
406 Bagan Road, Shwe Paukkan
Yangon

For happy gardeners - We are here to supply gardening accessories only at affordable prices.

Ever Green Plant Shop Ever Green Plant Shop
Yangon

အိမ်တွင်းအလှစိုက်ပန်းပင်လက်ကား

M.T.D Nursery & Landscape M.T.D Nursery & Landscape
No(3), Main Road, Pyinmabin Industrial Zone, Mingalardon Township
Yangon

Green Era Green Era
အမှတ်(၈၁၉)၊ ရွာမကျောင်းလမ်း နှင့် ဗဟိုလမ်းထောင့်၊ လှိုင်မြို့နယ်၊ ရန်ကု
Yangon, 11051

Gardening supplies shop - မြေဆွေး၊ သဘာဝမြေသြဇာ နှင့် အပင်ဆက်စပ်ပစ္စည်းများ ရရှိနိုင်ပါသည်။

TK Garden Myanmar TK Garden Myanmar
Yangon, 11111

Shwe Lar အလှပန်းပင်မျိုးစုံရောင်းဝယ်ရေး Shwe Lar အလှပန်းပင်မျိုးစုံရောင်းဝယ်ရေး
Yangon

အလှစိုက်ပန်းပင်ရောင်းဝယ်ရေး

Myanmar Tropical Garden Myanmar Tropical Garden
Hlegu
Yangon

You can buy any tropical plants ďż˝ in MTG .