Learn4U

Learn4U

You may also like

Elecomm
Elecomm

Online Learning Hub

15/12/2022

USB Stick တွေကို အထားကျကျ သုံးနိင်မယ့် နည်းလမ်း ၅သွယ်
==================

ပုံမှန်ဆိုရင်တော့ USB Stick တွေကို ဖိုင်တွေ ကူးတယ်၊ သိမ်းတယ် စတာတွေကို အသုံးပြုလေ့ရှိပါတယ်။

သို့ပေမယ့် USB Stick တွေဟာ ဒီထက်မက အသုံးပြုနိင်ပါသေးတယ်။

ဘာ‌တွေ ဖြစ်မလဲ ဆက်ကြည့်လိုက်ကြရအောင်ဗျာ။

၁။ PC ကို USB stick သုံးပြီး lock/unlock ပြုလုပ်နိုင်ခြင်း

PREDATOR ဆိုတဲ့ software ကိုသုံးပြီးတော့ USB Stick တွေကို PC ရဲ့ security key အနေနဲ့ အသုံးပြုလို့ရပါတယ်။ အသုံးပြုပုံကတော့ရိုးရှင်းပါတယ်။ PC မှာတပ်ထားတဲ့ USB stick ကိုဖြုတ်လိုက်တာနဲ့တပြိုင်နက် သင့် PC lock ကျသွားမှာဖြစ်ပါတယ်။ Keyboard နဲ့ Mouse ပါအလုပ်မလုပ်တော့မယ့်အပြင် screen ကလဲ black screen ဖြစ်သွားမှာမို့ PC အနားမှာ သင်မရှိတုန်း တခြားလူသုံးမှာကို စိတ်ပူစရာမလိုတော့ပါဘူး။ USB Stick ကိုနောက်တကြိမ်ပြန်တပ်မှသာလျှင် unlock ဖြစ်ပြီး ပြန်သုံးလို့ရမှာဖြစ်ပါတယ်။
www.predator-usb.com သို့ဝင်ရောက် download ဆွဲနိုင်ပါတယ်။

၂။ USB stick ထဲမှာ portable application တွေထည့်ထားပြီး ဘယ် PC မှာ ဖြစ်ဖြစ်အသုံးပြုနိုင်ခြင်း

Portable application တွေရဲ့ အားသာချက်ကတော့ software တွေကို install လုပ်စရာမလိုပဲ အသုံးပြုနိုင်ခြင်းဖြစ်ပါတယ်။ သင်အသုံးများတဲ့ software တွေရဲ့ portable version တွေကို USB Stick ထဲထည့်ထားပြီး PC တိုင်းလိုလိုမှာ အသုံးပြုလို့ရပါတယ်။
Portable application တွေကို download ဆွဲလိုပါက www.portableapps.com မှာဝင်ရောက်ရှာဖွေနိုင်ပါတယ်။

၃။ ReadyBoost feature ကိုသုံးပြီး PC ရဲ့ performance ကို မြှင့်တင်နိုင်ခြင်း

PC တစ်လုံးမှာ speed နှေးတဲ့ hard disk သာရှိနေခဲ့မယ်ဆိုရင် ReadyBoost feature ကို သုံးပြီး performance ကို မြှင့်တင်နိုင်ပါတယ်။ အကျဉ်းချုပ်နဲ့လွယ်လွယ်ပြောရရင် ReadyBoost က hard disk ရဲ့ cache memory အနေနဲ့ လုပ်ဆောင်ပေးမှာဖြစ်တဲ့အတွက် PC ရဲ့ read/write performance ကိုပုံမှန်ထက် ပိုကောင်းပိုမြန်လာမှာဖြစ်ပါတယ်။ အကယ်၍ PC ရဲ့ hard disk က 7200 RPM (သို့) အဲ့ဒီထက်မြန်တဲ့ hard disk ဖြစ်ဖြစ်၊ PC မှာ Solid State Drive(SSD) ကိုဖြစ်ဖြစ် တပ်ထားမယ်ဆိုရင်တော့ ReadyBoost ကို သုံးလို့ရမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ReadyBoost ရဲ့ cache ထပ် SSD က ပိုမြန်နေလို့ပဲဖြစ်ပါတယ်။

၄။ Win32 Disk Imager ကိုသုံးပြီး backup ပြုလုပ်နိုင်ခြင်း

USB Stick ကို backup လုပ်ဖို့အတွက် အသုံးပြုမယ်ဆိုရင်တော့ Win32 Disk Imager က သင့်အတွက်ဖြစ်မှာပါ။ လွယ်လွယ်ကူကူ ရိုးရိုးရှင်းရှင်းနဲ့ backup ပြုလုပ်နိုင်ပါတယ်။
www.sourceforge.net/projects/win32diskimager သို့ဝင်ရောက် download ဆွဲယူနိုင်ပါတယ်။

၅။ USB Stick ကိုသုံးပြီး Operating System တိုင်းနီးပါးကို install ပြုလုပ်နိုင်ခြင်း

USB stick ကို bootable disk image တွေထည့်သွင်းပြီး အခွေမလိုပဲ PC မှာ OS အသစ်တွေထည့်သွင်းနိုင်ပါတယ်။ Universal USB Installer ကိုသုံးပြီး Windows OS၊ Linux OS တွေကိုပါ USB stick နဲ့ install လုပ်နိုင်ပါတယ်။
www.pendrivelinux.com/universal-usb-installer-easy-as-1-2-3/ သို့ဝင်ရောက် download ဆွဲယူနိုင်ပါတယ်။

၆။ Tails Live Operating System ကိုသုံးပြီး security နဲ့ privacy ရှိရှိ online အသုံးပြုနိုင်ခြင်း

Online သုံးတဲ့အခါမှာ လုံလုံခြုံခြုံ security ရှိရှိနဲ့အသုံးပြုချင်ကြတာ လူတိုင်းရဲ့ ဆန္ဒပါပဲ။ Tails က သင်တို့ online သုံးတဲ့အချိန်မှာ security ကောင်းဖို့အတွက်နဲ့privacy လုံခြုံစေဖို့အတွက်ပါလုပ်ဆောင်ပေးမှာပါ။ Tails မှာပါတဲ့ Tor ဆိုတဲ့ software ကနေတဆင့် သင်တို့ရဲ့ file တွေ၊ email တွေ၊ chat message တွေကို encryption ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ Tails OS ကို USB stick ထဲ bootable အနေနဲ့ထည့်ထားပြီး အသုံးပြုရုံပါပဲ။
www.tails.boum.org သို့ဝင်ရောက် download ဆွဲနိုင်ပါတယ်။

ကဲ ဒီလောက်ဆိုရင် USB Stick တွေကို အထာကျကျ ဘယ်လို သုံးလို့ရလဲ ဆိုတာကို သိသွားမယ် ထင်ပါတယ်။

ဒီဆောင်းပါးလေးက မိတ်ဆွေအတွက် အသုံးဝင်တယ်ဆိုရင် Like & Share လေး လုပ်ခဲ့လိုက်ပါဦးနော်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါတယ်ခင်ဗျာ။

12/12/2022

ဟုတ်တယ်မလား၊ အားတီတို့ 😄

12/12/2022

ဂိုထောင်လေးက စခဲ့တဲ့ Google
===================

နောက်ထပ်လည်း ကွန်ပျုတာနှင့် ပတ်သတ်သော နည်းပညာတွေကို လေ့လာဖို့ Page ထဲကို အလည်လာဖို့ ဖိတ်ခေါ်ပါတယ်။ 🎉

Google သည် ၁၉၉၅ ခုနှစ်တွင် Larry Page နှင့် Sergey Brin တို့ ကယ်လီဖိုးနီးယားရှိ စတန်းဖို့ဒ် တက္ကသိုလ်မှ PhD ကျောင်းသားများဖြစ်စဉ်ကတည်းက သုတေသန ပရောဂျက်တစ်ခု ဖြစ်သည့် BackRue မှ စတင်ခဲ့ပါတယ်။

Google သည် Googol ၏ စာလုံးပေါင်းအမှားဖြစ်ပါတယ်။
Larry Page နှင့် Sergey Brin တို့သည် Googol ဆိုတဲ့ အမည်ကို သုံးဖို့ပါ။

(Googol သည် သုည 100 ဖြင့် နောက်တွင် ရှာဖွေရေးအင်ဂျင်သည် သတင်းအမြောက်အမြားကို ပေးဆောင်ရန် ရည်ရွယ်ထားကြောင်း ညွှန်ပြရန်အတွက် ရွေးချယ်ထားသော နံပါတ် 1 ဖြစ်သည်။)

Larry နဲ့ Sergey တို့ရဲ့ Mission ဖြစ်တဲ့ ကမ္ဘာပေါ်က သတင်းအချက်အလက်တွေကို အနစ်တကျ စုစည်းပြီး လူတိုင်း လွယ်လယ်ကူကူ ရှာဖွေအသုံးပြုနိုင်ရေး ကို ထင်ဟပ်စေဖို့ googol ဆိုတဲ့ ဝေါဟာရကို သုံးဖို့ပါ။
စာလုံးပေါင်းမှားပြီး Google လို့ ရေးဖြစ်ရင်း ဒီနာမည်ကိုပဲ ဆက်သုံး ဖြစ်ခဲ့ပါတယ်တဲ့။

၁၉၉၈ ခုနှစ် တွင် Sun co-founder Andy Bechtolsheim သည် larry နှင့် Sergey တို့အား $100,000 ချက်လက်မှတ် တစ်စောင်ပေးခဲ့ပြီး Google Inc. ကို စတင်တည်ထောင်ခဲ့ပါတယ်။

ထို ရင်းနှီးမြှုပ်နှံမှုဖြင့် Larry Page နှင့် Sergey Brin တို့၏ ပထမဆုံး ရုံးခန်းမှာ ကယ်လီဖိုးနီးယားမြို့ ဆင်ခြေဖုံး နေရာလေး တစ်ခုဖြစ်တဲ့ Menlo Park ရှိ ကားဂိုဒေါင်လေး တစ်ခုမှာ ဖြစ်ပါတယ်။

ပိုင်ရှင်မှာ Susan Wojcicki (ယခု YouTube ၏ CEO) ဖြစ်ပြီး ရုံးခန်းထဲမှာတော့ ရှုပ်ပွနေသော ဒက်စတော့ ကွန်ပျူတာများ၊ ပင်ပေါင်စားပွဲနှင့် တောက်ပသော အပြာရောင်ကော်ဇောများကို ခင်ထားပါတယ်။

ကုမ္ပဏီရဲ့ အမြတ်အစွန်း တိုးတက်မှုနဲ့ ကြီးထွားလာမှု တွေကြောင့် Google သည် ကားဂိုဒေါင်ကို ကျော်လွန်ကာ နောက်ဆုံးတွင် ကယ်လီဖိုးနီးယားပြည်နယ် Mountain View (a.k.a. The Googleplex) သို့ ပြောင်းရွှေ့ ခဲ့ပါတယ်။ (ယခု လက်ရှိ ဌာနချုပ်)

Googleplex ဟာ Square Feet ၃သန်းခွဲ (ဘောလုံးကွင်း ၆၀ စာလောက်) ကျယ်ဝန်းပါတယ်။
Googleplex ထဲမှာ ရုံးခန်းတင်မကပါဘူး ပန်းခြံလေးတွေ၊ အပန်းဖြေစရာနေရာလေးတွေ (ဘိလိယက်ခုံ၊ ရေကူးကန်၊ Golf ကွင်းလေးတွေ.) ရှိပါတယ်။

2015 ခုနှစ်တွင် Page နှင့် Brin သည် Google နှင့် အခြားသော လုပ်ငန်းခွဲများကို ကြီးကြပ်ရန်အတွက် Google၊ Nest၊ Calisco နှင့် အခြားအရာများပါဝင်သည့် Alphabet ကို ဖန်တီးခဲ့ပါတယ်။

၁၉၉၅ က လူငယ်လေး ၂ ယောက် ကားဂိုထောင်လေးမှာစခဲ့တဲ့ Google ဟာ ၂၅နှစ်အကြာ လက်ရှိအချိန်မှာ Product များနှင့် ကုမ္ပဏီခွဲပေါင်း ရာထောင်ချီရှိနေပြီး ကမ္ဘာ့ထိပ်တန်းကုမ္ပဏီကြီး တစ်ခုဖြစ်နေပြီ ဖြစ်ပါတယ်

မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါတယ်ခင်ဗျာ။

11/12/2022

💥Linux ဆိုတာ ဘာလဲ? သိသူလည်း ရှိမယ်။

မသိသူလည်း ရှိမယ်။ သိချင်နေသူတွေလည်း ရှိမယ်။

ဟုတ်ကဲ့။ ကျနော် သိသလောက် မျှဝေပါရစေ။

Linux ဆိုတာဘာလဲ?
================

Linux ကို စိတ်ဝင်စားတဲ့သူများအတွက် ဝေမျှပေးလိုက်ပါတယ်။

ခု office လုပ်ငန်းတွေ တော်တော်များများက computer တွေမှာ သုံးနေတဲ့၊ computer တွေမှာ install လုပ် ထည့်သွင်းထားတဲ့၊ operating system ကို Windows လို့ ခေါ်ပါတယ်။ windows xp, windows 7, windows 8, windows 10 စသည်ဖြင့်ပေါ့။ windows OS ရဲ့ ထုတ်လုပ်သူက microsoft ပါ။

အလားတူစွာပဲ၊ linux ဆိုတာသည်လည်း ဘက်စုံ သုံးလို့ရတဲ့ operating system platform တစ်ခုပါ။ ဒီ linux platform ပေါ်မှာမှ linux အသွင်ကွဲတွေ အများကြီး ရှိပါတယ်။ ဒါတွေကို linux distro တွေလို့ ခေါ်ပါတယ်။

🗯️linux ကို ဘယ်နေရာမှာ မြင်နိုင်မလဲဆိုတော့၊ အကောင်းဆုံး ဥပမာပေးရရင်၊ ကျနော်တို့ mobile phone တွေမှာ အသုံးပြုထားတဲ့ Android ဆိုတာသည်လည်း linux OS တစ်ခုပါပဲ။

linux ရဲ့ ဦးဆုံး ဖန်တီးရှင်ကတော့ Linus Torvalds ပါ။ 1991 ခုနှစ်မှာ စတင် ဖန်တီးခဲ့ပါတယ်။ linux ကို ပင်ဂွင်းငှက်လေးနဲ့ ကိုယ်စားပြုလေ့ရှိပါတယ်။

ဒါပေမယ့် Linux Torvalds ၁ ယောက်တည်းကြောင့်တော့ ပြောမယ်ဆို မပြည့်စုံသေးပါဘူး။ GNU is Not Unix ဆိုပြီး 1984 ခုနှစ် ကတည်းက GNU Project ကို စတင်ခဲ့တဲ့ Richard Stallman ရဲ့ ကြိုးပမ်းအားထုတ်မှုတွေလည်း အများကြီး ပါပါတယ်။

💥ဒါ့ကြောင့် GNU/Linux လို့ ခေါ်မှ ပိုပြီး ပြည့်စုံမှာပါ။

***[ ဒီနေရာမှာ တစ်ခု ပြောချင်တာက linux သည် os မဟုတ်ဘူး kernel သာ ဖြစ်တယ် ဆိုတဲ့ ကိစ္စပါ။ ငြင်းခုံနေကြတဲ့ ပြသနာပါ။

ဟုတ်ပါတယ် linux သည် os မဟုတ်ပါဘူး kernel ပါ။ GNU Project အတွက် ဖန်တီးလိုက်တဲ့ kernel ပါ။ kernel ဆိုတာ software နဲ့ hardware တွေကြား ထိန်းညှိပေးတဲ့ ကောင်ပါ။ operating system ရဲ့ core ဆိုပါတော့။

ဒါကြောင့် GNU/Linux လို့ ပြောမှသာ operating system ကို ကိုယ်စားပြုပါလိမ့်မယ်။

သို့သော် field ထဲမှာ linux os လို့သာ သုံးနှုံးကြပါတယ်။ ခေါ်ရလွယ်လို့ပါ။ ဘယ်လိုပင် ဖြစ်စေ၊ GNU/Linux လို့ပဲ သုံးသုံး၊ Linux OS လို့ပဲ သုံးသုံး၊ Linux သည် kernel ဆိုတာ သိထားရင် ရပါပြီ။ ငြင်းခုံနေဖို့ မလိုပါဘူးနော်။ ]***

👉ဆက်ရရင်၊

ဒီလိုနဲ့ နောက်ပိုင်းမှာ linux ဟာ hacker တွေ ကြားမှာ ရေပန်းစားသွားတာကြောင့်၊ အရှိန်အဟုန်နဲ့ develope ဖြစ်လာပြီး၊ နယ်ပယ်အသီးသီးရဲ့ လိုအပ်ချက်အရ ဖြည့်စွက် ပြင်ဆင် ရေးသားထားတဲ့ linux distro တွေ အမြောက်အများ ပေါ်ထွက်လာပါတယ်။

linux ဟာ နည်းပညာလောကမှာ အရမ်း ပေါက်သွားတယ်လို့ ဆိုရမှာပါ။ linux distro ထောင်နဲ့ ချီပြီး ရှိပါတယ်။ အဲဒီထဲကမှ လူသိများ ထင်ရှားတာတွေကတော့ Debian, redhat, centOS, fedora, ubuntu, suse, kali, Arch,.. စသည်ဖြင့်ပေါ့။

👉linux ကို အသုံးပြုရာမှာ မိမိ လိုအပ်ချက်နဲ့ ကိုက်ညီမယ့် distro ကို ရွေးချယ် အသုံးပြုရုံပါပဲ။ linux ဟာ windows တို့ mac OS တို့လို အခကြေးငွေ နဲ့ ဝယ်ယူရတာ မဟုတ်ပဲ၊ free အနေနဲ့ လွတ်လပ်စွာ ဖြန့်ချီတဲ့ OS တစ်ခုပါ။ linux OS တွေကို internet ကနေ အလွယ်တကူ download လုပ် ရယူနိုင်ပါတယ်။

linux OS နဲ့ အတူ သူ့ကို ဖန်တီးထားတဲ့ source code တွေကိုပါ တစ်ပါတည်း ထည့်ပေးထားတာကြောင့်၊ နည်းပညာရှင်တွေ developer တွေ အတွက် အများကြီး အကျိုး ရှိစေပါတယ်။

👉linux ကို personal သုံး desktop version အနေနဲ့ရော လုပ်ငန်းသုံး server version အနေနဲ့ပါ ရရှိနိုင်ပါတယ်။

security အားကောင်းတာ၊ ပေါ့ပါးမြန်ဆန်တာတွေကြောင့်၊ linux ကို bank တွေ telecom တွေ ISP (Internet Service Provider) တွေမှာ server အဖြစ် သုံးစွဲကြပါတယ်။

👉server အတွက် ထင်ရှားတဲ့ distro တွေကတော့၊
1.Red Hat Enterprise Linux
2.Ubuntu Server
3.CentOS
4.SUSE Enterprise Linux
5.Fedora server
စသည်ဖြင့် ရှိပါတယ်။

linux ကို personal အနေနဲ့လည်း အသုံးပြုနိုင်ပြီး၊ ရုံးလုပ်ငန်း အတွက် Open office, photo editing အတွက် GIMP, design ဆွဲဖို့အတွက် Open CAD စတဲ့ application တွေ ရှိပါတယ်။ နောက်ပြီး linux ပေါ်မှာ windows application တွေကို wine ကနေ တစ်ဆင့် ထည့်သွင်း အသုံးပြုတာ၊ DOTA II game ကစားတာတွေကိုလည်း ပြုလုပ်နိုင်ပါသေးတယ်။

👀personal အတွက် လူသုံး များတဲ့ distro တွေကတော့၊
1.Ubuntu
2.Fedora
3.Linux Mint
4.openSUSE
6.Deepin
စသည်ဖြင့် ရှိပါတယ်။

ဒါ့အပြင်၊ Hacking အတွက် အထူးပြုထားတဲ့ linux distro တွေလည်း ရှိပါသေးတယ်။

Hacking အတွက် လူသုံး များတဲ့ distro တွေကတော့၊
1.Debian
2.Kali
3.Arch
4.Parrot
စသည်ဖြင့် ရှိပါတယ်။

နောက်ပြီး linux ကို သုံးစွဲရင် virus အန္တရာယ် အတွက် ကြောက်စရာ မလိုပါဘူး။ error များ နည်းပါးပြီး system crash ဖြစ်ခြင်းမှလည်း ကင်းဝေးပါတယ်။

ဒါ့ကြောင့် linux ဟာ ရွေးချယ် အသုံးပြုသင့်တဲ့ operating system platform တစ်ခုပါ။ နိုင်ငံတကာမှာတော့ linux ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပါပြီ။

ကျနော်တို့ Myanmar နိုင်ငံမှာလည်း linux ကို စတင် အသုံးပြုနေကြပါပြီ။ linux ကို စိတ်ဝင်စားနေကြပါပြီ။

ဒါ့ကြောင့် မိမိ လိုအပ်ချက်နဲ့ ကိုက်ညီမယ့် linux distro တစ်ခုကို ရွေးချယ် အသုံးပြုကြပါလို့ ဒီကနေ အဆိုပြုလိုက်ပါရစေ။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါတယ်ခင်ဗျာ။

09/12/2022

Laptop အကြောင်း စုံလင်စွာ သိဖို့💻
------------------

လက်တော့ အကြောင်းတွေကို စုံစုံလေး သိစေချင်လို့ လိုင်းပေါ်က ပြန့်ကြဲနေတဲ့ အပိုင်းအစတွေကို စုစည်းပြီး ပို့စ်တစ်ခု အဖြစ် ဖန်တီးတင်ပြလိုက်တာပါ ဒီပို့စ်ကိုဖတ်ပြီးရင်လဲ အားလုံးအဟုတ်တောင် တော်တော်လေး နားလည် သွားမယ်လို့ ယုံကြည့်ပါတယ်

ကျွန်တော် Laptop တလုံးကို စတင်၀ယ်ယူတော့မယ်ဆိုရင် ဘာတွေ သိထားသင့်တယ် ဘယ်အမျိုးအစားတွေက ဘာအတွက် ပါ၀င်လာတယ် နောက်ထပ် ဘယ်အပိုင်းလေးတွေကို ဂရုစိုက်ပြီး ၀ယ်ယူရမယ်ဆိုတာကို ပြောပြချင်ပါတယ်။ ခုနောက်ပိုင်းမှာ Laptop တွေ ခေတ်စားလာတာနဲ့ အတူ ထွက်လာတဲ့ အမှားများစွာကို ကျွန်တော်တို့ တွေ့ပီးရင်ဆိုင်နေရသူတွေ ရှိသလို ကျွန်တော်တို့ ဘယ် အမျိုးအစားက ဘာအတွက် သုံးတယ်ဆိုတာကို သိဖို့တွက်ကို ပြောပြချင်ပါတယ်။ ကျွန်တော် နားလည်သလောက်ကို လူတိုင်းနားလည်အောင် တက်နိင်သလောက် အသေးစိတ် ဆန်ဆန် ရေးပေးချင်မိပါတယ်။
တပိုစ့်ချင်းဆီကို စောင့်ဖတ်ပေးပါလို့ ပဲ့ တောင်းဆိုပါရစေ။ကျွန်တော် ပိုစ့်ခေါင်းစဉ်တွေကို အောက်က လို အပိုင်း ၃ ပိုင်း ခွဲထားပါတယ်။ 🔰အပိုင်း (၁) ပါ၀င်မူ အစိတ်အပိုင်းများနှင့် စွမ်းဆောင်ရည်များ။
🔰အပိုင်း (၂) Notebook , Laptop , Netbook and Desktop ရဲ့ ကွာခြားချက်များ။
🔰အပိုင်း (၃) Laptop တလုံး၀ယ်ရန် ဘယ်အပိုင်းတွေကို ကြည့်ရူလေ့လာရမလဲ❓

🎯အပိုင်း (၁) ပါ၀င်မူ အစိတ်အပိုင်းများနှင့် စွမ်းဆောင်ရည်များ။ အပိုင်း(က)
(က)Laptop တလုံးမှာ များသောအားဖြင့် ပါ၀င်တဲ့ အစိတ်အပိုင်းတော်တော် များများကို တွေ့သာ တွေ့နေပေ့မယ် မသုံးဖြစ်တာတွေ အသုံးမတည့်တာတွေနဲ့ ပဲ့ ပါလာတဲ့ အပိုင်းတွေကို သေသေချာချာ ဂဂဏဏ သိဖို့ ဘယ်သူမှ တော်ယုံ မကြိုးစားကြည့်ကြဘူး။ ဒီလိုပဲ့ ထားထားမိကြတယ် ကျွန်တော်ကိုယ်တိုင်လည်း အပါအ၀င်ဖြစ်ခဲ့ ဘူးပါတယ်။ နောက်ပိုင်း ကိုယ်ကိုတိုင် သတိထားမိလာမှ လေ့လာဖြစ်တာပါ။ ကဲ့ထားပါတော့ ကိုယ်မြန်မာလူမျိုးတွေ မြန်မာလို ဖတ်ချင်သူတွေ အကြမ်းဖျင်းတော့ အနည်းဆုံးနားလည်သွားနိင်အောင် ကြိုးစားရေးပါမယ်။
Tochpad
Tochpad ကိုတော့ လူတိုင်း သိပီးသားပါ အခေါ်အဝေါ်ကို ရင်းနှီးသူလည်း ရှိသလို မရင်နီးသူလည်း ရှိမယ်ထင်ပါတယ်။ သူကို နောက်တမျိုးtrackpad လို့လည်းခေါ်သေးသလို pointing device လို့လည်းခေါ်ပါတယ်။ သူကတော့ Mouse နေရာမှာ အစားထိုးသုံးဖို့ ဖန်တီးထားတာပါ။.သူနဲ့ သဘောတရား ဆင်တူတာတွေ ထပ်ရှိပါသေးတယ်။ သူတိုကတော့ ခု ကျွန်တော်တို့ ပတ်၀န်းကျင်တွေမှာ တွေ့နေရတဲ့ Multi-touch screen , Touchscreen, tablet တို့မှာ ထိတွေ့့မိကြဦးမှာပါ။Touchpad ကို (The touch pad is a built-in substitute for a mouse on laptops.) ဒီလို အဓိပါယ် ဖွင့်ဆိုထားတာတွေကို ဖတ်ဖူးကြမယ်ထင်ပါတယ်။
fingerprintreader reader
Fingerprintreader ကိုတော့ Laptop တိုင်းမှာတော့ မပါ၀င်ပါဘူး။ ပါ၀င်တဲ့ Laptop တွေလည်း ရှိသလို မပါတာတွေလည်းရှိပါတယ်။သူကတော့ လက်ဗွေရာကို Scan ဖတ်ပီးတော့ စက်ကို Password ပေးလို့ ရပါတယ်။ fingerprintreader ကို touchpad ရဲ့ ညာဘက်ဘေးလေးနားမှာ တွေ့နိင်ပါတယ်။
Wirelessswitch (on / off)
ဒီ wirelessswitch ရဲ့ အားသာချက်ကတော့ သူကို Off လုပ်ထားမယ် ( အင်တာနက်မသုံးတဲ့ အချိန်) ဆိုရင် battery life ကို သက်သာစေမှာပါ။ မိမိ ပတ်၀န်းကျင်မှာ Wireless လွှင့်ထားတာတွေ ရှိမယ်ဆိုရင် အလွယ်တကူ ဖမ်းယူနိင်ပါတယ်။ ဘယ်လို ဖမ်းယူရမလည်း ဆိုတာကို ဒီလင့်မှာ MS က ရှင်းပြထားတာ ရှိပါတယ်။ သွားဖတ်ကြည့်ဖို့ တိုက်တွန်းလိုပါတယ်။ဒီထက်ပိုပီး အကျယ်တ၀င့် သိချင်တယ်ဆိုရင်တော့ ဒီလင့်မှာဖတ်နိင်ပါတယ်။
USB Port (USB=Universal Serial Bus)
USB port ကိုတော့ လူတိုင်းရင်းနီးပီးသားပါ ။ keyboards, mice(mouse), printers, scanners တွေကို ချိတ်ဆက် အသုံးပြုနိင်ပါတယ်။ နောက်ထပ် Extra HDD တွေကိုပါ တွဲသုံးနိင်ပါသေးတယ်။HDD တို့ Stick တို့ ထဲ့မှာ ရှိတဲ့ Data တွေကို Transfer လုပ်နိင်သလို နောက်ထပ် Yota လို အင်တာနက် ချိတ်တဲ့ ပစ္စည်းတွေနဲ့လည်း တွဲဖက် အသုံးပြုနိင်ပါတယ်။
SD (Secure Digital) Card reader
Secure Digital card reader ကို ကျွန်တော်တို့ အသုံးပြု နဲကျပါတယ်။ သူကို ဘယ်လိုချိန်တွေမှာ သုံးလည်းဆိုရင် ကင်မရာမှာ ပါတဲ့ SD card တို့ Mobile Phone တို့ကို တိုက်ရိုက်ချိတ်ဆက်ပီး အသုံးပြုနိင်သလို သူကို Laptop ၀ယ်တဲ့ချိန်မှာ မပါလာခဲ့ဘူးဆိုရင် USB Port ကနေ တွဲသုံးလို့တော့ ရပါတယ်။ ဗဟုသုတ အဖြစ်ထည့်ရေးလိုက်တာပါ။ အဲ့လိုမှ မဟုတ်ဘူး SD Card reader(မပါလာခဲ့ရင်) ကို သုံးချင်တယ်ဆိုရင်တော့ External Media reader ကို ၀ယ်ပီး အသုံးပြုနိင်ပါတယ်။
ပါ၀င်မူ အစိတ်အပိုင်းများနှင့် စွမ်းဆောင်ရည်များ
ExpressCard slot:
ဒီကောင်လေးကိုတော့ အများအားဖြင့် Peripheral Device တွေနဲ့ ချိတ်စက်ပီး အသုံးပြုတဲ့ အခါမှာ ဒီ Slot ကို သုံးပါတယ်။ Peripheral Device ဆိုတာဘာတွေလည်းဆိုတော့ ကျွန်တော်တို့ computer printers, image scanners, tape drives , microphones, loudspeakers, webcams, and digital cameras တွေကိုဆိုလိုတာပါ။ ဒီ Slot တွေက ခုနောက်ပိုင်းထွက်လာတဲ့ Slot တွေနဲ့ အရင်က Slot တွေတောင် မတူတော့ပါဘူး။ ဘာလို့လည်းဆိုရင် အရင်က ထွက်လာတဲ့ Slot တွေမှာPeripheral Device နဲ့ ချိတ်ပီးအလုပ်လုပ်တဲ့ အချိန်မှာ စက်ကို လေးသွားတာတို့ ဟန်းသွားတာတို့တွေ နဲ့ နောက်ထပ် Volt အားတွေကိုပါ ချွေတာ အသုံးပြုနိင်အောင်လို့ digital demands တွေနဲ့ ခု ဒီ Slot တွေမှာ ဖွဲ့စည်းပီး တည်ဆောက်ထားပါတယ်။
HDMI connector: (HDMI (High-Definition Multimedia Interface)
HTMI လို့ ပြောလိုက်ရင်တော်ယုံမသိကြဘူး။ သူ့ကို ဘယ်လို အသုံးပြုတယ်ဆိုတာကိုတော်ယုံ မသိကြဘူး။ ဒီ HTMI ကို ကျွန်တော်တို့ Home Therater တွေမှာ ချိတ်ပီး အသုံးပြုနိင်ပါတယ်။ ဥပမာ ကျွန်တော်တို့ အိမ်တွေမှာ ၆၄ လက်မလောက် TV ကြီးရှိတယ်ဆိုရင် ဒီ HTMI slot နဲ့ TV ကို ချိတ်ဆက်ပီး Therater လိုပဲ့ အိမ်မှာ ကွန်ပျူတာနဲ့ ချိတ်ပီး အေးဆေး ကြည့်နိင်ပါတယ်။ မိသားစုလိုက်ပျော်ပျော်ပါးပါး တခုခု လုပ်စားတဲ့ချိန်တွေမျိုးမှာစို TV အကြီးကြီး ရှိမယ်ဆိုရင် ချိတ်ဆက်ပီး မိသားစုလိုက်ကြည့်လို့ ရပါတယ်။ သူကတော့ Single Cable ပေါ်မှာပဲ့ အလုပ်လုပ်ပီးတော့ Video Format တွေကို ထုတ်ပေးနိင်ပါတယ်။ နောက်ထပ် HDD . Blu-ray , PC တို့နဲ့ တိုက်ရိုက်ချိတ်ဆက်ပီးလည်း အသုံးပြုလို့ ရပါသေးတယ်။
DVI connector:
Digital video connector ကို ကျွန်တော်တို့ Monitor ( LCD) နဲ့ HD TV တွေနဲ့ ချိတ်ဆက်ပီး အသုံးပြုနိင်ပါတယ်။ တကယ်လို့ သူကို အသုံးပြုချင်တယ်ဆိုရင်တော့ ဒီတိုင် VGA Card မှာ တပ်ပီး သုံးသလို သုံးလို့ မရပါဘူး။ ကြားတည်းမှာ Swich ခေါင်းတခု ခံပီးမှ အသုံးပြုလို့ ရပါမယ်။
VGA connector:
VGA ခေါင်းကိုတော့ အထွေအထူးပြောစရာမရှိပါဘူး။ Laptop ဘေးမှာ LCD တခု ရှိတယ်ဆိုရင် ကျွန်တော်တို့ Laptop က ကြည့်ရတာသေးနေတယ် အနေကျဉ်းကျပ်နေတယ်ဆိုတဲ့ချိန်မျ
ိုးမှာ ဒီခေါင်းနဲ့ VGA connector နဲ့ ချိတ်ပီး Desktop မှာပါ Laptop က လုပ်ဆောင်နေတာတွေကို ၂ နေရာမှာ တပြိုင်တည်းကြည့်နေနိင်ပါတယ်။
RJ-45/Network jack: with (RJ-11/Phone jack)
ဒီ Port လေးကိုတော့ တွေ့ဘူးမှာပါ။သုံးလည်း လက်ရှိသုံးနေကြတာပါ။ သူ့ကတော့ အင်တာနက်နဲ့ Network ကို အဓိကထားပီး အလုပ်လုပ်ပါတယ်။ ကွန်ပျုတာတိုင်းမှာ ပါပီးသားပါ။ မပါတာက RJ 11 ခေါင်းပဲ့ ..သူကတော့ ကျွန်တော်တို့ အိမ်က ကြိုးဖုန်းတွေမှာ အသုံးပြုပါတယ်။ ဖုန်းခေါင်းပေါက်ကို ၀င်ပီး Phone တွေကို ချိတ်ဆက် အသုံးပြုတာတော့ ဟုတ်ပါတယ်။ ဒီမှာ ဘာလို့ပါလာတာလည်းဆိုရင် ကျွန်တော်တို့ ဒီ RJ 11 ခေါင်းကလည်း တကယ်တော့ Network ချိတ်ဆက်ပီး အသုံးပြုလို့ ရတာတွေကြောင့်ပါ။ သူ့ကို Wide area networkထိ အသုံးပြုလို့ ရနိင်ပါတယ်လို့ ကကကွန်က ထုတ်တဲ့ စာအုပ်ထဲ့မှာ ဖတ်ဘူးပါတယ်။ အဲ့စာအုပ်ကို ဖတ်ကြည်ချင်တယ်ဆိုရင် Networkစာအုပ်များထဲ့မှာပါပါတယ်။
Laptop ဘက်ထရီသုံးစွဲမှု အကြောင်း
ဒီခေတ်မှာ လူတော်တော်များများဟာ Desktop ထက် Laptop ကိုပိုသုံးစွဲလာကျပါတယ်။
အဲဒီအခါမှာ Laptop ဘက်ထရီသုံးစွဲမှု အကြောင်းသိဖို့လိုပါတယ်။ Laptop သုံးစွဲသူများ
အနေဖြင့် ဘက်ထရီလုံး၀အားကုန်သွားသည်အထိ အသုံးမပြုဘဲ အားအနည်းငယ်ကျန်သော
အချိန်တွင် မဖြစ်မနေအားပြန်သွင်းဖို့လိုပါတယ်။ ဘက်ထရီ ၅ ရာခိုင်နှုန်းလောက်ကျန်တဲ့
အချိန်မှာ အားပြန်သွင့်သင့်ပါတယ်။ ဘက်ထရီ လုံး၀ကုန်သွားတဲ့အထိသုံးရင်
RAM၊ Mother Board တို့ကို ထိခိုက်နိုင်တဲ့ အပြင် ဘက်ထရီလည်းကျသွားတတ်တယ်။
နောက်ပြီး
ဘက်ထရီကို အားအပြည့်သွင်းပြီးမှ အသုံးပြုသင့်ပါတယ်။ ယေဘုယျအားဖြင့် ဘက်ထရီ ၁၀ရာခိုင်နှုန်းခန့်ကျန်သော အချိန်တွင် အားပြန်သွင်းပါက သင့်လျော်ပြီး လုံး၀အားကုန်
သွားပြီးမှ ပြန်သွင်းလျှင် အားပြန်ပြည့်ရန် အချိန်ကြာတတ်ပါတယ်။ Laptop များ၏
ဘက်ထရီမှာ Cells အပေါ်မူတည်ပြီး 4 Cells ဆိုပါက တစ်နာရီခန့်၊ 6 Cells ဆိုပါက
နှစ်နာရီ၊ သုံးနာရီ၊ 9 Cells ဆိုလျှင် ရှစ်နာရီခန့် သုံးလို့ရပါတယ်။ Laptop ၀ယ်ပြီးပြီးချင်း ရှစ်နာရီလောက်ကြာတဲ့အထိ သွင်းရပါတယ်။ နောက်ပိုင်းကျရင် အဲဒီလောက်
သွင်းစရာမလိုတော့ဘူး။ သုံးနာရီလောက် သွင်းရင်ရပြီ။ Toshiba Laptop
မှာသုံးထားတဲ့ ဘက်ထရီတွေက အနည်းဆုံး 6 Cells ရှိတယ်။ အားပြန်သွင်းသင့်တဲ့
အချိန်ရောက်ရင် Warning ပေးတဲ့ စနစ်ပါတယ်။ အဲဒီအချိန်မှာ အားသွင်းဖို့လိုပါတယ်။
နောက်ပြီး မသုံးဘဲ ဒီအတိုင်းထားရင် ဘက်ထရီရဲ့ Capacity ကလျော့သွားတတ်ပါတယ်။

ကဲသတိပြုနိုင်ကြပါစေဗျာ
Laptop တွေအတွက် အကြောက်ဆုံး အရာကတော့ အပူချိန် မြင့်မားမှုပါပဲ။
- အပူချိန်မြင့်မားလာလျှင် ဘယ် electronic device တွေမှ ခံနိုင်မှု မရှိပါဘူး။တချို့ သော Laptop တွေဟာ အထူနဲ့ ထုပ်လုပ်ပြီး တချို့ Laptop တွေကို ပါးလွှာအောင် ထုတ်လုပ်ကြပါတယ်။ အပူပိုင်းနိုင်ငံ အသုံးပြုမှုနဲ့ အအေးပိုင်းနိုင်ငံတွေ အသုံးပြုမှုဆိုပြီး ကွဲပြားခြားနားမှုတွေ ရှိပါတယ်။ အထူပဲဖြစ်ဖြစ်၊ အပါးပဲဖြစ်ဖြစ်၊ အပူချိန်ညှိမှုကိုတော့ အားလုံး လုပ်ထားပြီးသား ဖြစ်ပါတယ်။ အထူးသဖြင့် ပန်ကာ (fan) တွေနဲ့ အောက်ဘက်၊ ဘေးဘက်တွေမှာတပ်ထားပြီး ဖြစ်ပါတယ်။ ဒါတွေကို အသုံးပြုသူတွေဟာ သတိထားကြ ရပါတယ်။ ဒီ function တွေဟာ power management တွေမှာ ပါဝင်ပါတယ်။ အဓိက အပူချိန်ကို ထိန်းဖို့ လုပ်ခြင်းဖြစ်ပါတယ်။
- - Laptop တွေကို မျက်နှာပြင်ညီညာတဲ့ နေရာတွေမှာ အသုံးပြုပါ။ မျက်နှာပြင် မညီညာတဲ့ နေရာတွေမှာ အသုံးပြုပါက အောက်လက်မှာရှိတဲ့ လေဝင်လေထွက်ပေါက်တွေ ပိတ်ပြီး အပူချိန် တက်ပါလိမ့်မယ်။
- Laptop ဝယ်လာတဲ့အခါမှာ display screen နဲ့ keyboard ကြားမှာ ခံထားတဲ့ keyboard protector တွေကို ဖယ်ရှားပြီး သုံးပါ။ အောက်ဘက်က fan တွေအတွက် အပေါ်ဘက်ကနေပြီး လေဝင်၊ လေထွက်တွေကို ပိတ်ထားသလိုဖြစ်နေပါလိမ့်မယ်။
- - Laptop fan တွေရဲ့ ဆူညံသံကို နားထောင်ပါ။ Rpm မြင့်လာလေ အသံကျယ် လာလေ ပါပဲ။ Rpm ဘာကြောင့် မြင့်သလဲဆိုရင် အပူချိန် တက်ပြီး fan တွေပို အလုပ်လုပ်လို့ ဖြစ်ပါတယ်။
- Fan တွေမှာ ဖုန်တွေ အမှိုက် တွေကို ၆လ တစ်ခါ၊ ၁နှစ်တစ်ခါ maintain လုပ်ပေးပါ။ Rpm ကျလာပါက အအေးပေးစနစ် ချွတ်ယွင်းလာပြီး Laptop ကို အပူချိန် တက်လာပါလိမ့်မယ်။
- - အရေးအကြီးဆုံး အချက်ဖြစ်တဲ့ Laptop ဝယ်တဲ့အခါမှာ Laptop ကို တပ်မယ့် သို့မဟုတ် ထည့်သွင်းထားမယ့် အိတ်ကို ဝယ်ယူဖို့ပါပဲ။ ဒီအိတ်ဟာ သယ်ယူမှုအတွက် အသုံးဝင်ခြင်း တစ်ခုတည်း မဟုတ်ပါဘူး။ Laptop တစ်ခုလုံးအတွက် အလေးချိန် ဖိမှု၊ ပြုတ်ကျမှု၊ အပူချိန် ထိန်းညှိမှု၊ ESD (ElectroStatic Discharge), EMI (Elictromagnetic Interfrence) သို့မဟုတ် RFI (Radio Frequency Interferce) စတဲ့ ဘေးပြင်ပ နှောက်ယှက်မှု တွေကိုပါ ဝန်ဆောင်မှု တွေ ပေးပါတယ်။ မိမိဝယ်လိုက်တဲ့ Laptop အတွက် တစ်ပါတည်း ထုတ်လုပ်ထားတဲ့ Laptop ကို ဝယ်တာ အကောင်းဆုံး ဖြစ်ပါတယ်။

နောက်ထပ်လည်း Computer နဲ့ ပတ်သတ်တဲ့ Knowledge တွေ သိရဖို့ Page ထဲကို ဝင်ရောက်လေ့လာဖို့ ဖိတ်ခေါ်ပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါတယ်ခင်ဗျာ။

08/12/2022

Mother - ကျမ သားက စာအရမ်းကြိုးစားတယ်။

Me -

08/12/2022

Printer ဝယ်တော့မလ်ဆိုရင် …

Printer နှင့် ပတ်သက်ပြီး မေးထား၊ မြန်းထား၊ ဖတ်ထား၊ မှတ်ထား တာ၊ လေ့လာထားသမျှလေးတွေ ပြန်လည်ဝေမျှလိုက်ပါတယ်။

📍Page လေးကိုလည်း Like & Follow လုပ်ထားဖို့ မမေ့နဲ့ဦးနော်။

Printer အမျိုးအစားတွေကို အဓိကအားဖြင့်

1️⃣ Dot Matrix Printer
2️⃣ Laser Printer
3️⃣ Inkjet Printer

ဆိုပီးတော့ (၃) မျိုးခွဲခြားထားပါတလ်....

1️⃣ Dot Matrix Printer

°°°°°°°°°°°°
သူက Dot လို့ ခေါ်တဲ့ အစက်သေးသေးလေးတွေ ပေါင်းပြီး ပုံဖော်ပေးတဲ့ Printer ပါ။ စာရွက်ပေါ်မှာ Ribbon ခံပြီး ရိုက်သွားတာပါပဲ။ Dot Matrix Printer တွေဟာ Print ထုတ်တဲ့အချိန် ကြာတာရယ်၊ အသံ ဆူညံတာကလွဲရင် သုံးလို့ အဆင်ပြေပါတယ်။ Ribbon ဈေးသက်သာတယ်၊ စစ်တောင်းစက္ကူနဲ့ သုံး လို့ရတယ်။ ကျောင်းသုံး/ရုံးသုံး နဲ့ ဖယောင်းစာရွက် ဖောက်တဲ့ နေရာတွေမှာ အသုံးပြုကြပါတယ်။

2️⃣ Laser️ Printer

°°°°°°°°°°°°

Laser Printer တွေမှာတော့ ပုံရိပ်ဖော်ဖို့အတွက် မင်မှုန့် (ကာဗွန်မှုန့်) ကို အသုံးပြုပါတယ်။ စာရွက်ကို Cartridge ထဲက ကာဗွန်မှုန့်တွေနဲ့ တွေ့အောင် Drum က လှည့်ပေးလိုက်လို့ ကာဗွန်မှုန့်တွေက စာရွက်ပေါ်မှာ Laser Beam က ပုံရိပ်ဖော်ပေးထားတဲ့အတိုင်း ကပ်သွား၊ စာရွက်က Fuser ကို ဖြတ်တဲ့ အချိန်မှာ Fuser က အပူပေးလိုက်တော့ မင်မှုန့် တွေက စာရွက်ပေါ်မှာ အသေကပ်သွားတဲ့ နည်းနဲ့ ပုံဖော်ပေးပါတယ်။ Fuser ပျက်နေရင် စာရွက်ပေါ်က စာလုံးတွေဟာ လက်နဲ့ပွတ်လိုက်တာနဲ့ ပျက်သွားမှာပါပဲ။

တစ်ချို့သူတွေ အကြမ်းထုတ်ရင် စစ်တောင်းစက္ကူ (သို့) တွန့်ကြေနေတဲ့ စက္ကူတွေနဲ့ ထုတ်တာတွေ့ရပါ တယ်။ စက္ကူမကောင်းရင် Drum ပျက်နဲ့အထိ ဖြစ်သွားနိုင်ပါတယ်။
Laser Printer တွေမှာလည်း

▪️Monochrome ( အဖြူ/အမည်း )
▪️Color ( ရောင်စုံ ) ဆိုပီးတော့ နှစ်မျိုး ရှိပါတယ်။

Laser Printer တွေဟာ အခြား Printer အမျိုးအစားတွေထက် လျင်မြန်စွာ ပုံ (Print) ထုတ်ပေးနိုင်ပါတယ်။

3️⃣ Inkjet Printer

°°°°°°°°°°°°

Dot Matrix ရဲ့ နည်းပညာကိုပဲ အခြေခံထားတာပါ၊ သူကတော့ ရောင်စုံရတာပေါ့။ Inkjet Printer တွေက မင်ရည်ထည့်ထားတဲ့ Ink Cartridge တွေနဲ့ အလုပ်လုပ်ပါတယ်။ Printer က Command ပေးလိုက်တဲ့အခါ Cartridge ရဲ့ Nozzle ခေါင်းလေးတွေကနေ တစ်ဆင့် မင်ရည်တွေကို စာရွက်ပေါ် ဖျန်းပေးလိုက်တာပါပဲ။

တစ်ချို့ Printer တွေမှာ မူရင်း Cartridge ကို မသုံးပဲ အပြင်ဘက်ကနေ Ink Tank ချိတ်ဆက်ပြီး မင်ရည်ကို ဖြည့်သုံးကြပါတယ်။
(ဥပမာ - Epson Printer အများစုမှာတွေ့နိုင်ပါတလ်)

Inkjet Printer တွေဟာ မသုံးတာကြာရင် Nozzle ခေါင်းတွေ ပိတ်ကုန်တက်ပါတယ်။ ဒါကြောင့် မကြာမကြာ အသုံးပြုပေးရပါတယ်။

Print ထုတ်တဲ့ Speed က Laser Printer တွေ လောက် မမြန်ပါဘူး။

×××××××××××××××××

Printer တစ်လုံးရဲ့ စွမ်းဆောင်ရည်မှာ dpi, ppm, gppm စတာတွေဟာ အရေးကြီး ပါတယ်။

dpi (Dot Per Inch)

••••••••••••••

dpi ဆိုတာကတော့ တစ်လက်မအတွင်း ပုံနှိပ်နိုင်စွမ်းရှိတဲ့ အစက်အရေအတွက်ကို ပြောတာပါ၊ တစ်လက်မအတွင်း အစက်များများပါနိုင်လေ resolution ကောင်းလေ ဖြစ်ပါတယ်။

(resolution ဆိုတာက ပုံရိပ်ဖော်ပြမှု/ ပြတ်သားမှုကို ပြောတာ ဖြစ်ပါတလ်)
ppm (Page Per Minute)

••••••••••••••••••

နောက်တစ်ခုက ppm (Page Per Minute) ပါ။ တစ်မိနစ်ကို စာမျက်နှာ ဘယ်လောက်ရိုက်ထုတ်နိုင် လည်းဆိုတာကို ပြောတာပါ။

gppm (Graphic Page Per Minute)

•••••••••••••••••••••••

gppm (graphic page per minute) ဆိုတာ text မပါပဲ graphics တွေကို ရိုက်ထုတ်နိုင်တဲ့နှုန်း ကို ဆိုလိုတာပါ။

×××××××××××××××××

Printer နဲ့ Computer ကို ချိတ်ဆက်ဖို့အတွက်

USB port ကို အသုံးပြုပါတယ်။ တချို့ Printer တွေမှာ Network Cable ဖြင့် ချိတ်ဆက်သုံးလို့ရအောင် Ethernet port နှင့် ကြိုးမဲ့ချိတ်ဆက်လို့ရအောင် 802.11 (Wi-Fi) စနစ် တို့ကိုလည်း ထည့်သွင်းပေးထားပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါတယ်ခင်ဗျာ။

05/12/2022

အောင်မြင်သော အိုင်တီ ပရော်ဖက်ရှင်နယ် တစ်ယောက် ဖြစ်ဖို့ဆိုရင်

ကျွမ်းကျင်ပြီး အရည်အချင်းပြည့်ဝသော အိုင်တီ ပညာရှင်တစ်ယောက်အဖြစ် တက်လှမ်းနိုင်ဖို့ ပထမဦးဆုံး မှန်ကန်တဲ့ အိုင်တီခေတ် အလုပ်အကိုင် အခွင့်အလမ်းတွေ နဲ့ လမ်းကြောင်းတွေ ရွေးချယ်ဖို့ လိုပါတယ်။

အိုင်တီ အလုပ်အကိုင်တွေအနေနဲ့

- Professional Level,
- Management Level,
- Executive Level
ဆိုပြီး အဆင့် ၃ ဆင့် ရှိပါတယ်။

ပုံမှန်အားဖြင့်တော့ အခြေခံ အဆင့်ဖြစ်တဲ့ Professional Level အဆင့် အလုပ် အတွေ့အကြုံ အရည်အချင်းနဲ့ ကျွမ်းကျင်မှု လက်မှတ်တွေ အဆင့်ဆင့် ရရှိလာပြီဆိုမှ အထက် အဆင့်တွေကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

Professional / Technical Level

Programmer/ Software Developer
Systems Analyst/ Analyst Programmer
Web Developer/ Multimedia Specialist
Database Administrator
Network Technician/ Network Administrator
Systems Technician/ System Administrator
Instructor/ Lecture
စသည်ဖြင့်် သက်ဆိုင်ရာ ကျွမ်းကျင်မှုအလိုက် လုပ်ငန်းတာဝန်တွေ ကွဲပြားသွားပါတယ်။

Management Level

IS Manager
IT Manager
EDP Manager
Project Manager
Systems Manager
Network System Manager
Training Manager
ဆိုတဲ့ လုပ်ငန်း အသီးသီးမွာ တာဝန္ခံ မန်နေဂျာများအဖြစ် တာဝန်ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။

Executive Level ဖြစ်တဲ့ အမှုဆောင် အရာရွိ အဆင့် များမှာတော့

Vice President (IT)
Vice President (Information Service)
Chief Information Officer ( CIO )
Chief Technical Officer ( CTO )
Chief Security Officer ( CSO )
Technical Director
IT/IS Director
IT Project Director
စတဲ့ ရာထူးတာဝန်တွေကို ထမ်းဆောင်ခွင့် ရမွာ ဖြစ်ပါတယ်။

အဆင့်မြင့် ရာထူးများဖြစ်တဲ့ စီမံခန့်ခွဲမှုဆိုင်ရာနှင့် အမှုဆောင်အရာရှိ အဆင့်ရာထူးများကို မထမ်းဆောင်မီ Technical အဆင့်မှာ သက်ဆိုင်ရာ ကျွမ်းကျင်မှု လမ်းကြောင်းတစ်ခုခုကို ရွေးချယ်ပြီးမှ အဆင့်မြင့်ရာထူး တာဝန္မ်ားကို ထမ်းဆောင်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။

ဥပမာအားဖြင့် Software Development ပိုင်း မွာ Junior programmer, Senior Programmer, System
Analyst, Project Manager စသဖြင့် တစ်ဆင့်ပြီး တစ်ဆင့် တက်လှမ်းရမှာ ဖြစ်ပါတယ်။

Network Professional အနေနဲ့ဆိုရင်တော့ Network Technician, Network Engineer, Network System Manager, CTO (Network and Security) စသဖြင့် ရာထူး အဆင့်ဆင့်ကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

ဘယ်ကျွမ်းကျင်မှု လမ်းကြောင်းကိုပဲ ရွေးချယ်ရွေးချယ် Industry ready လို့ ခေါ်တဲ့ လုပ်ငန်းခွင် အသင့် ၀ငျရောကျနိုငျဖို့ကိုတော့ ဦးစားပေး စဉ်းစားရမှာ ဖြစ်ပြီး အလုပ် အတှေ့အကွုံ ကျွမ်းကျင်မှုများအပြင် အိုင်တီနဲ့ သက်ဆိုင်တဲ့ အရည်အချင်း အသိအမှတ်ပြု လက်မှတ်တွေကို ရရှိနိုင်ဖို့ ကြိုးစားဖို့ လိုပါတယ်။ ဒါမွ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ လုပ်ငန်းအဖွဲ့အစည်းကြီးတွေမှာ ထိုက်တန်တဲ့ ရာထူးတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

အို်င်တီဆိုင်ရာ အရည်အချင်း အသိအမှတ်ပြု လက်မှတ်တွေကတော့ သက်ဆိုင်ရာ Level အသီးသီးအလိုက် မိမိရဲ့ လိုအပ်ချက်အပေါ် မူတည်ပြီး ရယူ လေ့လာရမှာ ဖြစ်ပါတယ်။

အထက်ဖော်ပြပါ လက်မှတ်တွေထဲမှာ ဒီပလိုမာနဲ့ ဒီဂရီ လက်မှတ်တွေကတော့ Academic Oriented ဖြစ်တယ်လို့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီလက်မှတ်တွေ ရဖို့ ပြည်တွင်းပြည်ပ ပညာရေး အဖွဲ့အစည်းတစ်ခုခုမှာ အနည်းဆုံး (၁) နှစ်ခန့် လေ့လာ
သင်ယူရမှာ ဖြစ်ပြီး Certificate Levelကေတာ့ ၃ လ ဒါမှမဟုတ် ၆ လ စသဖြင့် လေ့လာသင်ယူရမှာ ဖြစ်ပါတယ်။

အခုပြည်တွင်းမှာဆိုရင် National Exam တွေဖြစ်တဲ့ MCPAနဲ့ ITPEC တွေကို ဖြေဆိုနို်င်ပါတယ်။ နိုင်ငံတကာ အသိအမှတ်ပြု စာမေးပွဲ တွေအနေနဲ့ဆိုရင် Online ကေန တိုက်ရိုက် ဖြေဆိုနိုင်တဲ့ Microsoft, CISCO နဲ့ Sun Java Examတွေကိုလည်း အသိအမှတ်ပြု စာစစ္ဌာနေတြမွာ ဖြေဆိုနိုင်ကြပြီ ဖြစ်ပါတယ်။ လုပ္ခ လစာ မြင့်မားတဲ့ အဖွဲ့အစည်းကြီးတွေမှာ အိုင်တီ ပညာရှင်အဆင့်နဲ့
၀ငျရောကျ လုပ်ကိုင်ဖို့အတွက် ဆိုရင်တော့ ခုနပြောထားတဲ့ အချက်တွေနဲ့ ကိုက်ညီပြီး ပြီးပြည့်စုံမှု ရှိနေရပါမယ်။

အခြားအရေးကြီးတဲ့ အချက်တွေကတော့

(1) MCPA ( Myanmar Computer Professional Association )
မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း ကဲ့သို့ အဖွဲ့အစည်းတွေမှာ အသင်းဝင် လျှောက်ထားခြင်း

(2) Office Procedure/HR Regulations
ရုံးလုပ်ငန်း အဖွဲ့အစည်း အသီးသီးရဲ့ လုပ္ထုံး လုပ်နည်းတွေကို နားလည်အောင် လေ့လာထားခြင်း

(3) Knowledge of Business / Domain Knowledge
စီးပွားရေးလုပ်ငန်းအသီးသီး၏ သေဘာတရားမ်ားကို နားလည်အောင် လေ့လာထားခြင်း

(4) Communication Skills
လူမှုဆက်ဆံရေး ကောင်းမွန်ခြင်းနှင့် ဘာသာစကား ကျွမ်းကျင်စွာ တတ်မြောက်ထားခြင်း

(5) Social Networking
မိမိဘဝ တိုးတက်ရာကို လမ်းညွှန်ပေးနိုင်မည့် မိတ်ဆွေ အပေါင်းအသင်းများ ရှာဖွေ ဆက်သွယ်ထားခြင်း

(6) Global Outlook
မိမိဒေသ တစ်ခုတည်း မဟုတ်ဘဲ နိုင်ငံတကာ ဗဟုသုတမ်ား သိသင့်သည်များ ကြိုတင် လေ့လာထားခြင်း

(7) Role Model
မိမိဘဝ တိုးတက်ရာ တိုးတက်ကြောင်းကို ဦးဆောင် လမ်းပြပေးနိုင်မည့် စံပြုထိုက်သူ တစ်ဦးဦး သတ်မှတ်ထားခြင်း (ဥပမာ ဘီဂိတ်လ်၊ အိုဘားမား)

(8) Efforts
ကြီးမားသော ဇြဲ လုံ့လ ၀ိရိယဖြင့် ကြိုးစား အားထုတ်ခြင်း

(9) Ethic
ပညာရှင် တစ်ယောက်အဖြစ် ရပ်တည်နိုင်မယ့် ကောင်းမွန်သော ကျင့်ဝတ်သိက္ခာများ ရှိခြင်းတို့ကို ပိုင်နိုင် ရရှိနေမယ်ဆိုရင် အောင်မြင်တဲ့ အိုင်တီ ပရော်ဖက်ရှင် တစ်ယောက် ဖြစ်လာမှာ အမှန်အကန် ပါပဲ။

MCF ရဲ့ ၁၀ နှစ်မြောက်ပွဲမှာ ဦးငြိမ်းဦး (အတွင်းရေးမှူး - မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း)က ပြောကြားပေးခဲ့တာဖြစ်ပြီး အိုင်တီပညာရှင်
လူငယ္မ်ား ဗဟုသုတ ရစေရန် ပြန်လည် ကောက်နုတ် တင်ပြရခြင်း ဖြစ်ပါတယ်။

🏷️မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါတယ်ခင်ဗျာ

နောက်ထပ်လည်း ဗဟုသုတရဖွယ်ကောင်းတဲ့ အကြောင်းအရာတွေကို ဖတ်ရူ့နိင်အောင် Page ကို Like & Share လုပ်ထားလိုက်ပါဦးနော်။

04/12/2022

အခမဲ့ ဒေါင်းပါ။
≈≈≈≈≈≈≈≈≈≈≈≈
မဂ်လာပါ 🙏။ ကျနော် ဒီနေ့မှာတော့ Photoshop လေ့လာနေသူများအတွက် စာအုပ်ကောင်းလေးတစ်အုပ်ရလို့ ဝေမျှပေးချင်ပါတယ်။

🏷️ လိုအပ်သူများအနေနဲ့ ဒီပိုစ့်ရဲ့ Comments Box မှာ Yes လို့ ရေးခဲ့ပါ။

Edit

မူရင်းပိုစ့် အောက်မှာ လင့်ပေးထားပါတယ်။

03/12/2022

ကွန်ပျူတာဗိုင်းရပ်(စ်)များအကြောင်း

Computer virus ဆိုတာ
သူ့ကိုသူ attach လုပ်ထားတဲ့ program
(သို့) file တစ်ခုဖြစ်ပြီး
ကွန်ပျူတာ တစ်ခုကနေတစ်ခုကို ပြန်ှ့နှံ့ကူးစက်နိုင်ပါတယ်

လူတွေမှာ Virus ကူးသလိုပဲ
ပြန့်နှံ့ပြီးတော့ ကွန်ပျူတာရဲ့ System ကိုပုံမှန်အလုပ်မလုပ်အောင် နှောက်ယှက်မယ်၊
Windows ကို Error တွေများလာအောင်လုပ်မယ်၊
user data တွေကို ဖျက်ဆီးမယ်၊
Hardware တွေ Software တွေ
အရေးကြီးတဲ့ File တွေကို ဖျက်ဆီးမယ်
စတာတွေကို လုပ်ဆောင်ပါတယ်..

ဒါပေမယ့် Virus အများစုဟာ
executable fileတွေဖြစ်ကြပါတယ်
ဥပမာ.. chrome.exe, system.bat,
flashy.com စသဖြင့်ပေါ့

သူတို့ဟာ
ကွန်ပျူတာထဲမှာ ရှိနေရင်တောင်မှ
သင်ကိုယ်တိုင်မှ သွားမဖွင့်ရင်/ သွားမ run မိရင်
ကွန်ပျူတာကို ဘာမှ မထိခိုက်နိုင်ပါဘူး
ဒါကြောင့် မှတ်ထားရမှာက လူ၏ လုပ်ဆောင်ချက်မပါ၀င်ပဲ

Computer Virus သည် မပျံ့နှံ့ မကူးစက်နိုင်ပါ
Virus ပျံ့နှံ့နိုင်တဲ့ နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်...

forward E-mail က attached file တွေ၊
memory stick (flash/thumb drives) တွေ၊
Full sharing ကနေ
virus infected file ထည့်တာတွေ၊
အချင်းချင်း မသိပဲနဲ့ Virus infected file ကို
share လုပ်မိတာတွေစသဖြင့်ပေါ့…

Malware

Malware ဆိုတာ အင်္ဂလိပ်စကား ၂ လုံး
Malicious Software ကိုပေါင်းစပ်ပြီး
ကွန်ပျူတာပညာရှင်တွေက အလွယ်ခေါ်ကြတဲ့virus လို
program တွေပါပဲ..

အဲ့ဒီ Malware ကကွန်ပျူတာပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရပဲ ၊
မသိစေပဲ single computer / server / computer network ထဲ ၀င်ပြီး
ကွန်ပျူတာ System ပျက်ဆီးစေနိုင်အောင် ၊ အနှောက်အယှက်ဖြစ်အောင်ရေးလေ့ရှိကြပါတယ်..
Malware တစ်ခုမှာ Computer Virus , Worms, Trojan Horses, Most Rootkits, Spyware, Dishonest Adware,
Crimeware and Other Malicious and Unwanted Software တွေပါ၀င်လေ့ရှိပါတယ်..

Worm

Worm ဆိုတာက virus နဲ့ဆင်တူအောင်ရေးထားကြတာပါပဲ.. virus တစ်ခုရဲ့
Sub-class လို့လည်းခေါ်လို့ ရပါတယ် သူကတော့ Virus လို လူကဖြန့်မှ ပျံ့တာမျိူးမဟုတ်ပဲ
သူပါသူ Computer network ထဲမှာရှိတဲ့ အခြား ကွန်ပျူတာတွေကို လူရဲ့လုပ်ဆောင်ချက် လုံး၀မပါပဲနဲ့ ပျံ့နှံ့စေတာဖြစ်ပါတယ်

အကြီးမားဆုံး အန္တရာယ်ကတော့ သူက သူ့ပါသူ System file တစ်ခုလို အယောင်ဆောင်ပြီး သူ့ကိုယ်သူ သန်းပေါင်း ၁၀၀ လောက် copy ပွားနိုင်ပါတယ်၊

Hard disk ရဲ့ used space ကို များလာစေတယ်..Computer ရဲ့ System memory usage တွေ များလာစေတယ်..

network bandwidth တွေကိုတက်လာစေတယ်... Run ထားတဲ့ program တွေကို Not Responding ခဏခဏဖြစ်လာစေတယ်..

လူသိများတဲ့ Worm ကတော့ Blaster worm ပါ.. Blaster worm က Computer System ထဲမှာ ရှိနေပြီဆိုတာနဲ့
Cracker တွေက ကွန်ပျူတာကို Remote လုပ်ပြီး ထိန်းချုပ်နိုင်အောင် ရေးထားပါတယ်..

Trojan Horse

Trojan horse ကို Trojan လို့လည်းခေါ်ပါတယ်.. ပုံမှန်အားဖြင့် အသုံး၀င်တဲ့ Software တွေမှာ ထည့်ထားတတ်ကြပါတယ်...

ဥပမာပေါ့... Game တစ်ခုကို Install ပြီးဆော့နေပေမယ့် အခြားတစ်ဖက်မှာ Hacker တွေ Cracker တွေက
ကွန်ပျူတာထဲကို ၀င်မွှေနေလို့ရအောင်လုပ်ပေးနေတယ်.. အဲဒီတော့ အဲဒီ Game ကို Trojan horse လို့ခေါ်တာပေါ့ ..
တစ်ကယ်တော့ Game က တရား၀င်ထုတ်ထားတဲ့ Game ပဲ.. ဒါပေမယ့် Virus infected ဖြစ်နေတဲ့ Game လို့ပြောရလိုဖြစ်နေတာပေါ့..

Trojan horse တစ်ခုဟာ အောက်ပါအချက်များကို လုပ်ဆောင်ပေးနိုင်ပါတယ်..

♦ Remote Access
♦ Data Destruction
♦ Downloader/dropper
♦ Server Trojan (Proxy, FTP , IRC, Email, HTTP/HTTPS, etc.)
♦ Disable security software
♦ Denial-of-serviceattack(Dos)

Spyware

သူကတော့ သူခိုးပေါ့နော်.. သူက ကွန်ပျူတာကို ထိခိုက်ဖျက်ဆီးချင်မှ ဖျက်ဆီးမယ်..

ဒါပေမယ့် ကွန်ပျူတာမှာသုံးနေတဲ့ user ရဲ့ အမျိုးမျိုးသော အချက်အလက်တွေ၊ အရေးကြီးတဲ့ Data တွေကို
သူ့ရဲ့ Main server တစ်ခုခုကို နေ့စဉ် သတင်းပို့ပေးနေတယ်... Spyware တွေက များသောအားဖြင့် Web browser တွေကနေ ၀င်နိုင်ပါတယ်...

ပြီးရင် သူက Browser home page ကိုပြောင်းထားတတ်ပါတယ်..သင့်ကို Error message တွေ အမျိုးမျိုးပြမယ်..
(ဥပမာ- သင့်ကွန်ပျူတာမှာ problems တွေများနေပြီ..အဲဒါတွေပြင်ချင်ရင် အောက်ကခလုတ်ကို နှိပ်ပါ) စသဖြင့် ဆွဲဆောင်မယ်၊
သင်က link တစ်ခုကို click လိုက်ပေမယ့် သင်မဖွင့်ပဲနဲ့ အခြား P**n Site တွေ အလိုလိုပွင့်လာမယ် စသဖြင့်ပေါ့...

တစ်ချို့ လူတွေက http cookie တွေကို Spyware တွေလို့ ထင်ကြပါတယ်.. တကယ်တော့မဟုတ်ပါဘူး
ဒါပေမယ့် အဲဒိ cookie ထဲမှာ Spyware က track လုပ်နိုင်တဲ့ Data တွေပါလာတတ်တာကြောင့်
Spyware Remover တော်တော်များများက Cookie တွေကို ဖျက်ပစ်ကြတာပါ …
Spyware ကိုကာကွယ်ချင်ရင်တော့ pop-ups ကျလာတဲ့linkတွေကိုရှောင်တာကောင်းပါတယ်...

Adware

Adware ဆိုတာကတော့ Advertising-supported software (သို့) software package တစ်ခုဖြစ်ပါတယ်....
သူကတော့ Screen မှာ Automatic ပေါ်လာအောင်ဖန်တီးထားပြီး Download အတင်းလုပ်ခိုင်းပါတယ်...
အချို့သော Adware များဟာ Spyware များဖြစ်တတ်ကြပါတယ်...

Crimeware

Crimeware ဆိုတာကေတာ့
Spyware, Adware,
hMalware အမျိုးအစားတွေထဲမှာပါပါတယ်..
သူ့ရဲ့ရည်ရွယ်ချက်ကတော့ financial crime တွေအတွက်ရည်ရွယ်ပြီးရေး ကြတာများပါတယ်..
သူက user password တွေ၊ links တွေ၊
အချက်အလက်တွေ ကို မှတ်သားထားနိုင်ပြီး
သူ့ကို Run ထားတဲ့လူက ပြန်ဖွင့်ကြည့်ပြီး user data တွေကို ခိုးယူနိုင်တာပေါ့....
ဥပမာပြောရရင်.. ခုခေတ်စားနေတဲ့ key logger တို့ ..
keystroke logging software တို့ဟာ
Crimeware အမျိုးအစားတွေပဲ ဖြစ်ပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါတယ်ခင်ဗျာ။

မိတ်ဆွေ သူငယ်ချင်းတွေလည်း သိသွ‌ားအောင် Like & Share လေးလုပ်ခဲ့လိုက်ဦးနော်။

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Our Vision

Online Learning Hub!!!

Videos (show all)

Hard Disk ဝယ်ရင် သိထားသင့်သော အချက် ၅ချက်
FB မှာရှိတဲ့ Videos တွေကို ဘယ်လို Download လုပ်မလဲ?
#Computer တွင် Zapya Download & Install လုပ်နည်း
Computer Basic စတင်လေ့လာနေသူများ အတွက် အကျိုးရှိစေမယ့် Tutorial Series (Tutorial 3)
Computer Basic စတင်လေ့လာနေသူများ အတွက် အကျိုးရှိစေမယ့် Tutorial Series

Telephone

Website

Address

Yangon

Other Yangon computer & electronics services (show all)
MTK Computer Training Center MTK Computer Training Center
North Dagon
Yangon

Hein Computer Service Hein Computer Service
Yangon, 11221

�အိမ်၊ရုံး အရောက် Computer Service ဝန်ဆောင်မူပေးခြင်း

Code Champs Coding School Code Champs Coding School
Yangon

The School of Computer Science where kids, teens and professionals can learn coding/programming for

High Tech-IT High Tech-IT
16street
Yangon

No-302, Building A,Highway Complex Housing,Yangon.

MWBiz MWBiz
Yangon, 11211

Trust The Power of MWBiz

Programming Learning Center PLC Programming Learning Center PLC
PaDuMar Street, MinGaLarDon
Yangon

free online programming class in Myanmar

Star Award Star Award
San Chaung
Yangon

IT-Hub Myanmar IT-Hub Myanmar
အမှတ်(A+B) ရတနာလမ်းမ မေဥယျာဉ်အိမ်ရာ သင်္ဃန်းကျွန်း။Yangon Ambience မျက်နှာချင်းဆိုင်
Yangon

“ IT ပတ်သက်တဲ့ အခြေခံကောင်းတွေသာမက လုပ်ငန်းခွင် Level အထိပါ ရောက်ရှိဖို့ IT Hub မှာ လေ့လာစို့ ”

Next Gen Computer Training Next Gen Computer Training
အမှတ်(၁၀၅)၊စံပြ(၅)လမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်။
Yangon, 11071

Computer Education

Grate Marvel Tech 4 U Grate Marvel Tech 4 U
No. 163, 38th Street, Middle Block, Kyauktada
Yangon, 11182

Desktop, Laptop Computer System Spare Parts, Casing, Power supply, Cables,Toner and Accessories

Hledan KING Laptop Hledan KING Laptop
No. (121) Hledan/Insein Road Kamayut Township Yangon
Yangon, 11012

ကမ္ဘာ့အနှံ့နှံ့မှ Showroom Display Laptop များကို ဈေးနှုန်းချိုသာစွာဖြင့် ရရှိနိုင်ပါပြီ~!

WZ Tech Store WZ Tech Store
No. 16, 152street, Tarmwe
Yangon, 11211

wizart computer shop ရဲ့ official new page လေး ပါ ဗျ။