Improvia Education Tower

Maximise achievements in life with minimised investment in education. Maximise achievements in life with minimised investments in education

Photos from Improvia Education Tower's post 06/12/2023

၂ ခုလုံးကိုပေါင်းစပ်သင်ပြီး speaking ကျွမ်းကျင်လာအောင် သင်ကြားပေးနေတဲ့ သင်တန်းမျိုးရှိတယ်ဆိုရင်ရော?? 📌📌
=====================================

သင်ကြားပုံအသေးစိတ်

Listening + Speaking

✅ Listening ကို native speaker ရဲ့ အသံကို ဖွင့်ပြ၊ နားထောင်ခိုင်းပြီး exercises လေးလုပ်ခိုင်းတဲ့ပုံစံမျိုးနဲ့သင်ပါတယ်။

✅ Exercise မှာ အခက်ခဲရှိတယ်ဆို ထပ်ခါထပ်ခါပြန်ဖွင့်ပြ ပေးတယ်။

✅ Listening နားမထောင်ခင်နဲ့ နားထောင်အပြီးမှာ နားထောင်ရမဲ့အကြောင်းရာကို speaking ပြောပြီး ပြန်ဆွေးနွေးရတာမျိုးရှိတယ်။

✅ Speaking ကတော့ နေ့စဥ်သုံး useful language တွေနဲ့ conversation တွေကို အဓိကသင်ပေးပါတယ်။

✅ Discussion လုပ်နေချိန်မှာ ဆရာမက တစ်ဖွဲ့ချင်းကို လိုက်နားထောင်ပြီး မှားနေတာ၊ လိုအပ်တာတွေကို feedback ပေးပါတယ်။ အဲ့လိုပုံစံနဲ့ reading ရော speaking ပါတိုးတက်လာပါတယ်။

🟡🟡🟡🟡🟡🟡🟡🟡🟡🟡🟡🟡🟡🟡🟡🟡

Reading + Speaking

✅ Reading က နေ့စဥ်ဘဝနဲ့ဆိုင်တဲ့ အကြောင်းရာတွေ ဖတ်ရပါတယ်။

✅ ဖတ်တဲ့အခါ စာချည်းဖတ်ရတာမျိုးမဟုတ်ပါဘူး။ လေ့ကျင့်ခန်းလေးတွေ လုပ်ရင်းဖတ်ရတာပါ။ ပြီးရင် အင်္ဂလိပ်လို အဖြေတိုက်ရပါတယ်။

✅ စာမဖတ်ခင်မှာလည်း အကြောင်းရာကို ခန့်မှန်းမိအောင် ပေးထားတဲ့ မေးခွန်းလေးတွေကို အချင်းချင်းအင်္ဂလိပ်လို ဆွေးနွေးရပါတယ်။

✅ စာဖတ်ပြီးတဲ့အခါလည်း ဖတ်ခဲ့တဲ့ထဲကနေ ကိုယ်သာဆိုရင်ရော ဘယ်လိုလုပ်မလဲ၊ ဘယ်အချက်ကို ရွေးချယ်မလဲဆိုတဲ့မေးခွန်းမျိုးလေးတွေကို အချင်းချင်း အင်္ဂလိပ်လိုပဲဆွေးနွေးရပါတယ်။

✅ Discussion လုပ်တဲ့အခါ ဆရာမက တစ်ဖွဲ့ချင်းကို လိုက်နားထောင်ပြီး မှားနေတာ၊ လိုအပ်တာတွေကို feedback ပေးပါတယ်။ အဲ့လိုပုံစံနဲ့ reading ရော speaking ပါတိုးတက်လာပါတယ်။

🟡🟡🟡🟡🟡🟡🟡🟡🟡🟡🟡🟡🟡🟡🟡🟡

Writing

✅ Writing မရေးခင်မှာ Native Speaker တွေရေးထားတဲ့ ဆောင်းပါး၊ social media post၊ Email စတာတွေကို reading သင်ကြားနည်းမှာပါဝင်တဲ့အတိုင်း အဆင့်ဆင့် ဖတ်ရပါတယ်။

✅ ပြီးရင် ရေးရမဲ့စာမှာ သတိထားရမှာလေးတွေကို လေ့ကျင့်ခန်းအနေနဲ့ဖြေရပါတယ်။ အင်္ဂလိပ်လို အဖြေတိုက်ပြီးဆွေးနွေးရပါတယ်။

✅ ပြီးမှကိုယ်တိုင် Writing ရေးရပါတယ်။

✅ ရေးပြီးတဲ့အခါ အချင်းချင်း feedback ပေးတာ၊ အမှားမှန်စစ်တာလေးတွေလုပ်ရပါတယ်။

✅ အဲ့လိုလုပ်နေချိန်မှာ ဆရာမက တစ်ယောက်ချင်းရဲ့ writing ကိုလိုက်စစ်ပြီး လိုအပ်တာတွေကို feedback ပေးပါတယ်။

🟡🟡🟡🟡🟡🟡🟡🟡🟡🟡🟡🟡🟡🟡🟡🟡

Vocab & Grammar + Speaking

✅ ပထမအဆင့်အနေနဲ့ကျောင်းသားက လေ့ကျင့်ခန်းလေးအရင်လုပ်ရပါတယ်။

✅ အဲ့လေ့ကျင့်ခန်းမှာ မှားတာတွေ နားမလည်တာတွေကို ဆရာမက မေးခွန်းလေးတွေ မေးပြီး အဖြေမှန်မြင် လာအောင် ဆွဲခေါ်သင်ပြပေးပါတယ်။

✅ သင်ကြားရာမှာ Grammar နဲ့ Vocab သင်ခန်းစာတိုင်းအတွက် meaning (အဓိပ္ပါယ်), form (အသုံးပြုပုံ) နဲ့ pronunciation (အသံထွက်) ဆိုတဲ့ ကဏ္ဍ ၃ ခုလုံးပါအောင် လေ့ကျင့် သင်ကြားပေးပါတယ်။

✅ သင်ကြားပြီးတဲ့အခါ အပေါ်မှာလုပ်ရတဲ့ လေ့ကျင့်ခန်းထပ် အနည်းငယ် ပိုခက်တဲ့ လေ့ကျင့်ခန်းလေးလုပ်ရပါတယ်။

✅ အဲ့လေ့ကျင့်ခန်းကို မှန်ကန်အောင်မြင်သွားတဲ့အခါ နောက်ဆုံးအဆင့်အနေနဲ့ လက်တွေ့ဘဝ အကြောင်းရာတွေနဲ့ချိတ်ဆက်ပြီး သင်ကြားထားတဲ့ Grammar နဲ့ Vocab တွေပါဝင်အောင် speaking ပြောဆို လေ့ကျင့်ရပါတယ်။

🟡🟡🟡🟡🟡🟡🟡🟡🟡🟡🟡🟡🟡🟡🟡🟡

အရည်သွေးကောင်းတဲ့ အင်္ဂလိပ်စာ သင်တန်း တစ်ခုရဲ့ လက္ခဏာရပ်တွေက
✅ English to English ပြောသင်ရမယ်
✅အင်္ဂလိပ်လိုသင်ပေမဲ့ ကျောင်းသားနားလည်ရမယ်
✅ သင်တန်းသားနည်းရမယ်
✅ စာသင်ချိန်၊ လေ့ကျင့်ချိန် များရမယ်
✅ စာလိုမသင်ဘဲ လက်တွေ့ဘဝထဲက အကြောင်းရာတွေနဲ့ ချိတ်ဆက်ပြီး သင်နိုင်ရမယ်
✅ သင်တန်းသားတွေရဲ့ တတ်မြောက်မှု၊ တိုးတက်မှုကို စစ်ဆေးပေးရမယ်၊ အာမခံနိုင်ရမယ်
✅ အင်္ဂလိပ်လိုပြောဖို့ကြောက်တဲ့ ကျောင်းသားတွေကို
လက်တွဲခေါ်ရမယ်။

ဒီလိုအချက်တွေ အားလုံးပြည့်စုံတဲ့ အင်္ဂလိပ်စာ သင်တန်းမျိုးရှာနေရင် Improvia မှာရှိပါတယ်။

🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨

💸 Level ၃ ခုစာ အပြီးစီး သင်တန်းကြေး

👉 ယခင် ၃ သိန်းတန် သင်တန်းကို ခရစ္စမတ်နဲ့ New Year အထူးပရိုမိုးရှင်း အနေနဲ့ ၂ သိန်း ၁ သောင်းအထိ discount ချပေးထားပါတယ်။
👉 အရစ်ကျသွင်းမယ်ဆိုရင် ပထမလ ၅၀၀၀၀ သွင်းပြီး ကျန်လတွေမှာ ၄၀၀၀၀ ကျပ်သာသွင်းရပါမယ်။
👉 အပြည့်သွင်းမယ်ဆိုရင် ၁၀၀၀၀ ကျပ် cash back ရှိတာမို့ ၂ သိန်း ကျပ်သာ ကျသင့်မှာ ဖြစ်ပါတယ်။

🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨

ဒီ သင်တန်းကြေးနဲ့က ဒီဇင်ဘာလ ၁၅ ရက်နေ့ထိပဲ လက်ခံတာမို့ နောက်လမှ သင်တန်းအပ်မဲ့ သူတွေလည်း
နိုဝင်ဘာ batch ရော၊ ဒီဇင်ဘာ batch အတွက်ပါ ကြိုတင် အပ်နှံထားနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

သင်တန်းစုံစမ်းအပ်နှံလိုပါက
💬 Page Chat Box ( သို့မဟုတ်)
☎️ 09781875569 ကို ဆက်သွယ်စုံစမ်း အပ်နှံနိုင်ပါတယ်။

သင်တန်း အချိန်၊ သင်တန်းစရက် တွေကို ပုံမှာကြည့်ပေးပါ။ 👇

သင်တန်းသားဦးရေ ၁၂ ယောက်ပဲလက်ခံတဲ့အတွက် အမြန်ဆုံးသင်တန်း အပ်ထားမှ စိတ်ချရပါမယ်။ 📌📌

05/12/2023

အဖြေမှန်ကဘာဖြစ်မလဲဆိုတာ တူတူခန့်မှန်းကြည့်ကြရအောင် ⁉️

" အဖြေမှန်ကိုတော့ ဒီ 𝚙𝚘𝚜𝚝 ရဲ့ 𝚌𝚘𝚖𝚖𝚎𝚗𝚝 မှာပဲဖြေပေးသွားမို့ အဖြေမန့်ခဲ့ပေးနော်။ 🙆‍♀️🤍 "

ဒီလိုဗဟုသုတတွေအများကြီးရဖို့ 𝚙𝚊𝚐𝚎 လေးကို 𝙻𝚒𝚔𝚎 & 𝚜𝚑𝚊𝚛𝚎 လုပ်ပေးသွားဖို့လည်းမမေ့နဲ့ဦးနော် 💫🫶

Photos from Improvia Education Tower's post 14/11/2023

တစ်လ 35000 ကျော်ကစတက်လို့ရတဲ့ one on two package တွေလာပါပြီ

🐌 Snail (slow but consistent) package
Budget နည်းနည်းနဲ့ ဖြည်းဖြည်းမှန်မှန်လေး level up သွားချင်သူတွေ အတွက်ပါ။
ကျောင်းသား ၁ ယောက် ၁ လစာ- 38600 ကျပ်
၁ ပတ် - ၅ ရက် (weekdays)
၁ ရက် - 45 မိနစ်
Level ၁ ခု - ကြာချိန် ၆ လ

🐝 Bee (busy but prepared) package
တစ်ပတ်လုံးမအားတာတောင် အားတဲ့ စနေ တနင်္ဂနွေ လေးကို သင်တန်းလေး အပြေး တက်လိုက်ချင်သူတွေ အတွက် ဖြစ်ပါတယ်။
၁ ပတ် - ၂ ရက် (weekend - Sat, Sun)
ကျောင်းသားတစ်ယောက် ၁ လစာ - 46500 ကျပ်
၁ ရက် - ၃ နာရီ
Level ၁ ခု - ကြာချိန် ၄ လခွဲ

🦉Owl (relax but focused) package
မနှေးမမြန် သေချာ အာရုံစိုက်ပြီး level up ချင်သူတွေအတွက် သင့်လျော်ပါတယ်။
ကျောင်းသား ၁ ယောက် ၁ လစာ - 77200 ကျပ်
၁ ပတ် - ၅ ရက် (weekdays)
၁ ရက် - ၁ နာရီခွဲ
Level ၁ ခုကြာချိန် - ၃ လ

🐇 Rabbit (rush but passionate) package
အချိန်သိပ်မပေးဘဲ မြန်မြန်ဆန်ဆန်နဲ့ တစ်ဟုန်ထိုး တိုးတက်ချင်သူတွေ အတွက်ဖြစ်ပါတယ်။
ကျောင်းသား ၁ ယောက် ၁ လစာ - 115800 ကျပ်
၁ ပတ် - ၅ ရက် (weekdays)
၁ ရက် - ၃ နာရီ
Level ၁ ခု - ကြာချိန် ၁ လခွဲ

🟨 အပေါ်က package လေးတွေက အများနဲ့လည်း မသင်ချင်, ဆရာမနဲ့ တစ်ယောက်ချင်းလည်း မသင်ချင်သူ တွေအတွက် ကျောင်းသား ၂ ယောက်စာ package လေးတွေဖြစ်ပါတယ်။

🟨 ဒီ package တွေကိုပဲ ၂ ယောက်စာပေးပြီး ၁ ယောက်ချင်း one on one သင်ချင်တာမျိုး ဆိုလည်း ရပါတယ်။ ၂ ယောက်သင်မယ် ဆိုရင်တော့ သူငယ်ချင်းနဲ့ သင်လို့ရသလို အတူသင်မဲ့သူ မရှိရင်လည်း သင်တန်းဘက်က သင့်တော်မဲ့ study buddy လေးကို ချိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။

🟨 Private group class အနေနဲ့ သူငယ်ချင်းတွေ အဖွဲ့လိုက်စုတက်ချင်တယ်ဆိုရင် ၁ ယောက်တိုးတိုင်း အပေါ်က package ၁ ခုလုံးအတွက်ကို ၁ သောင်းစီ တိုးပြီး ကျသင့်မှာ ဖြစ်ပါတယ်။

ကုန်စျေးနှုန်းတွေကြောင့် လတိုင်း သင်တန်းကြေး အပြောင်းလဲ ရှိမှာမို့ တက်ချင်တယ်ဆို တွေဝေမနေ ခုပဲ သင်တန်း အပ်ထားလိုက်တော့နော်။ 📌📌📌

01/11/2023

သင်တန်းမတက်ဘဲ အချိန်ဆွဲနေသူတွေ၊ self study ပဲလုပ်မယ် ဆုံးဖြတ်ထားသူတွေအတွက် ဘယ်အရာက အကျိုးကျေးဇူးပိုများမလဲ ချိန်ဆကြည့်နိုင်ဖို့

Self-study လုပ်တဲ့အတွက်ရလာမဲ့ အကျိုးကျေးဇူး
✅သင်တန်းကြေး မကုန်ဘူး
✅အချိန်ရတဲ့ သူတွေအတွက် ဖြည်းဖြည်းမှန်မှန်နဲ့ တိုးတက်သွားနိုင်ပါတယ်။

ဆိုးကျိုး

❌ကိုယ်လုပ်နေတာမှန်လား၊ မှားလား သေချာမသိဘဲ စမ်းတဝါးဝါး လုပ်နေရတဲ့အတွက် အချိန်ပိုကုန်ပါတယ်။

❌လက်ရှိ elementary ရောက်နေသူက သင်တန်းတက်လိုက်ရင် ၄ လခွဲလောက်နဲ့ intermediate level ‌ရောက်နိုင်ပေမဲ့ self-study လုပ်တဲ့အခါ Elementary level တစ်ခုတည်းကို ၆ လ, ၁ နှစ်လောက်လည်း ကြာသွားနိုင်ပါတယ်။

❌ဒီ ၆ လ, ၁ နှစ်အတွင်း လက်လွတ်သွားမဲ့ အခွင့်လမ်းတွေက ၁ လ သင်တန်းကြေး ၈ သောင်းလောက်ထက် အများကြီးတန်ဖိုးရှိပါတယ်။

❌self-study လုပ်တဲ့အခါ သင်တန်းတက်တဲ့သူတွေလောက် စနစ်တကျမတိုးတက်ပါဘူး။ လက်တွေ့မှာ ဘယ် အသုံးနှုန်းတွေကို သုံးနေလဲ သေချာမသိတဲ့အတွက် သဘာဝကျကျစကားပြောတာ၊ စာရေးတာတွေ မလုပ်နိုင်ပါဘူး။

❌ဘာသာစကားလေ့လာခြင်းရဲ့ အဓိက အနှစ်သာရဖြစ်တဲ့ communication (ပြောဆိုဆက်သွယ်ခြင်း) ကို တစ်ယောက်တည်း လုပ်လို့ အဆင်မပြေနိုင်ပါဘူး။

‼️အခုခေတ်မှာ အချိန်ဟာရွှေဖြစ်တာကြောင့် ဘယ်နည်းလမ်းက ကိုယ့်အတွက် ပိုအဆင်ပြေမလဲ သေချာ စဥ်းစားပြီးရွေးချယ်နိုင်ကြပါစေ။ 💛

30/10/2023

English စာသင်တန်းတွေဟာ ဘာကြောင့် သင်တန်းကြေး ကွာခြားချက် ကြီးမားရသလဲ ဆိုတဲ့ အချက် ၁ ချက်ကို ရွေးပါ။

(a) ဝန်ဆောင်မှု နဲ့ ကြော်ညာစရိတ်ကွာခြားလို့
(b) ဆရာ/ မ အရည်ချင်းနဲ့ သင်ကြားမှုပုံစံ ကွာခြားလို့
(c) သင်တန်းကာလနဲ့ သင်တန်းအပြီး ရလဒ်ကွာခြားခြင်း
(c) အပေါ် ကအဖြေအားလုံး

သင်တန်းရွေးချယ်မှု မှန်ကန်ပြီး တကယ်တိုးတက်မဲ့ လမ်းကြောင်းပေါ် ရောက်သွားဖို့ ဖြေသွားကြည့်ပါ။

အဖြေမှန်ကို comment မှာတင်ပေးထားပါမယ်။

28/10/2023

မင်္ဂလာရှိတဲ့ သီတင်းကျွတ် အခါသမယမှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းတွေနဲ့ ပြည့်စုံကြပါစေ။ 🙏🙏🙏

27/10/2023

English စာသင်တန်းတွေဟာ ဘာကြောင့် သင်တန်းကြေး ကွာခြားချက် ကြီးမားရသလဲ?

1. ဆရာ၊ ဆရာမ အရည်ချင်းကွာခြားခြင်း

အင်္ဂလိပ်စာ သင်နေတဲ့ ဆရာ၊ ဆရာမ အမျိုးမျိုး ရှိတဲ့အလျောက် အရည်အချင်းကို ၅ မျိုးခွဲပြီး တိုင်းတာနိုင်ပါတယ်။ သင်တန်းကြေးက (i) ကနေ (v) ထိ အစဥ် တိုင်းသွားပါတယ်။

(i) ဘာသာစကားကျွမ်းကျင်မှုရှိပြီး နိုင်ငံတကာ အသိမှတ်ပြု လက်မှတ် (CELTA, TESOL, TKT, etc.,) ရထားတဲ့ဆရာ/ ဆရာမ တွေချည်း သင်ကြားတဲ့ သင်တန်း - သင်တန်းကြေး အမြင့်ဆုံး

(ii) ဘာသာစကားကျွမ်းကျင်မှုရှိပြီး နိုင်ငံတကာ အသိမှတ်ပြု လက်မှတ်ရရှိထားတဲ့ ဆရာ/ ဆရာမ တစ်ယောက် (သို့) အဖွဲ့က ဦးဆောင်ဖွင့်လှစ်ပြီး နိုင်ငံတွင်း ဆရာ၊ ဆရာမတွေကို သင်တန်းနဲ့ local certification ပြန်ပေးကာ အဆိုပါ ဆရာ/မ တွေနဲ့ ပြန်လည် သင်ကြားစေတဲ့ သင်တန်း

(iiI) ဘာသာစကားကျွမ်းကျင်မှု ရှိပြီး ပြည်တွင်းက အရည်သွေးကောင်းတဲ့ သင်တန်းကျောင်းတွေမှာ သင်ကြားရေး သင်တန်းတွေတက်ပြီး Local certification ရရှိထားတဲ့ ဆရာ/မ တွေ သင်ကြားတဲ့ သင်တန်း (Improvia မှာသင်ကြားနေကြတဲ့ ဆရာ/မ တွေက ဒီ group ထဲပါပါတယ်။)

(iv) ဘာသာစကားကျွမ်းကျင်မှုရှိသော်လည်း သင်ကြားရေးသင်တန်းတွေ မတက်ဖူး၊ မလေ့လာဖူးဘဲ (သို့) လေ့လာဖူးသော် လည်း စနစ်တကျလေ့လာဖူးတာမျိုး မရှိတဲ့ ဆရာ၊ ဆရာမတွေ သင်ကြားတဲ့ သင်တန်း

(v) ဘာသာစကားကျွမ်းကျင်မှုအားနည်းပြီး သင်ကြား‌ရေးနည်းစနစ်တွေလည်း မသိတဲ့ ဆရာ၊ ဆရာမတွေ သင်ကြားတဲ့ သင်တန်း - သင်တန်းကြေး အနိမ့်ဆုံး

တို့ပဲဖြစ်ပါတယ်။ ချွင်းချက်အနေနဲ့ ဆရာ၊ ဆရာမတွေက အရည်ချင်းရှိပြီး သင်ကြား‌ရေး နည်းစနစ်တွေ သေချာ သိပေမဲ့လည်း ပညာဒါနပြုချင်လို့ သင်တန်းကြေး နည်းနည်းလေးနဲ့ ပဲ သင်ကြားပေးတာတွေ၊ ဆရာ/မ တွေက နံပါတ် (iv) နဲ့ (v) ကလို ဖြစ်နေပေမဲ့လည်း အောက်က စရိတ်တွေများလို့ သင်တန်းကြေး ကြီးနေတာတွေလည်း ရှိပါတယ်။

🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨

2. သင်ကြားမှု ပုံစံ ကွာခြားခြင်း

သင်ကြားမှု ပုံစံကို အဓိက အားဖြင့် student center နဲ့ teacher center ဆိုပြီး ၂ မျိုး ခွဲခြားနိုင်ပါတယ်။

အဓိက ကွာခြားချက်ကတော့

👉Student centered သင်တန်းတွေမှာ ဆရာမက instruction တိုတိုပဲပေးရပြီး ကျောင်းသားဘက်က တွေးတောရ၊ အားစိုက်ရ၊ စကားပြောရတဲ့ အချိန် ပိုများအောင် lesson plan စနစ်တကျဆွဲပြီးသင်ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျောင်းသားတစ်ယောက်ချင်းစီရဲ့ အားနည်းချက်၊ အားသာချက်၊ သင်ယူမှုပုံစံတွေကို လေ့လာရပြီး အဲ့ဒါနဲ့ကိုက်ညီတဲ့ သင်ခန်းစာတွေ ဖန်တီးရပါတယ်။ ဒါကြောင့် သင်တန်းသေချာတက်ထားတဲ့/ လေ့လာထားတဲ့ ဆရာ၊ ဆရာမ တွေသာ သင်ကြားနိုင်ပါတယ်။ (Improvia မှာတော့ အင်္ဂလိပ်လိုပဲ သင်ကြားပြီး student center နည်းလမ်းကိုသာ အသုံးပြု သင်ကြားတာဖြစ်ပါတယ်။)

👉Teacher centered ကတော့ ကျောင်းသားတွေကို စာရှင်းပြတဲ့ အပိုင်း၊ ဆရာမ စကားပြောတဲ့ အပိုင်းက ပိုများတာကြောင့် speaking ဆိုရင်လည်း ပိုတိုးတက်လာတဲ့သူက ကျောင်းသားမဟုတ်ဘဲ ဆရာ၊ ဆရာမသာ ဖြစ်လာပါတယ်။ အဆိုပါ ဆရာ၊ ဆရာမတွေက သင်တန်းတွေ စနစ်တကျ မတက်ထားလည်း English proficiency ကောင်းရုံ (အချိုက proficiency လည်း မကောင်းပါဘူး)၊ စာရှင်းပြတတ်ရုံနဲ့ သင်လိုရတာကြောင့် သင်တန်းကြေးလည်း နည်းကြတာဖြစ်ပါတယ်။

🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨

3. သင်တန်းကာလနှင့် သင်တန်းအပြီးထွက်လာတဲ့ ရလဒ်ကွာခြားခြင်း

👉သင်တန်းကာလ ၂ လပြတ်, ၃ လပြတ် သင်တာမျိုးတွေ ကြုံဖူးကြမှာပါ။ အဲ့လို သင်တန်းတွေက level ၁ ခုကို ၂ လ၊ ၃ လပြတ် သင်တယ်ဆိုရင် total teaching hour ဘယ်လောက်ရှိလဲ ကြည့်ရပါမယ်။ ၁ ပတ် ကို ၂ ရက် ၁ ရက်ကို ၂ နာရီလောက် သင်မယ်ဆို ၂ လလောက်နဲ့ level တစ်ခု မပြီးနိုင်ပါဘူး။ တကယ်ထိရောက်ဖို့ level တစ်ခုကို နာရီပေါင်း ၉၀ ~ ၁၀၀ ပေးသင့်ပါတယ်။ ဒါကြောင့် ၁ ပတ်ကို သင်တန်းရက်များရင်များ မများရင် အချိန်များရပါမယ်။

👉ရလဒ်ကတော့ သင်တန်းတက်လိုက်တယ်။ သင်တာတွေတော့ သိလိုက်တယ်။ ဘယ်လို ပြန်အသုံးချရမယ်မသိဘူး။ ဘာဆက်လုပ်ရမယ် မသိဘူး ဆိုတာလောက်နဲ့ ပြီးသွားတဲ့ သင်တန်းတွေ ရှိပါတယ်။ ရလဒ်ကို သေချာသိပြီး ဘာဆက်လုပ်ရမလဲ ဆိုတာကို guideline ပေးတဲ့ သင်တန်းကတော့ တော်တော်ကို ရှားပါတယ်။

အဲ့ဒီ့အပေါ် မှာ လိုက်ပြီး သင်တန်းကြေး ကွာဟမှုတွေ ဖြစ်လာပါတယ်။

Improvia ကတော့ အဲ့လိုရှားပါးတဲ့သင်တန်းကျောင်းထဲပါပါတယ်။ သင်တန်းပြီးသွားတဲ့အခါ လုပ်ငန်းခွင်ဝင်နိုင်ဖို့ (သို့မဟုတ်) ပြည်ပမှာ ဆက်လက်ပညာသင်ကြားနိုင်ဖို့ အကြံဉာဏ်ပေးခြင်း၊ လိုအပ်တဲ့ ‌agency တွေနဲ့ ချိတ်ဆက်ပေးခြင်းတွေ လုပ်ပေးတဲ့အပြင် ရထားတဲ့ပညာကို မေ့မသွားအောင် continuous learning community ဖြစ်တဲ့ Social Corner ကိုထားရှိပေးထားပါတယ်။
🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨

4. ဝန်ဆောင်မှု ကွာခြားခြင်း

👉အချို့သင်တန်းတွေက သင်တန်းအကြောင်းမေးလိုက်ရင် စိတ်ရှည်ရှည် ရှင်းပြပေးတယ်၊ ပြည့်ပြည့်စုံစုံ ပြန်ဖြေပေးတယ်။ အဲ့လို ဖြေပေးနိုင်အောင် customer service provider admin တွေကို သေချာ‌ရွေးချယ်ခန့်ထားပြီး training တွေလည်း ပေးရပါတယ်။

👉အချို့သင်တန်းတွေက သင်တန်းအကြောင်းမေးလိုက်ရင် ဖြေချင်သလိုလို မဖြေချင်သလိုလို လုပ်မယ်။ ရေရေရာရာလည်း မရှင်းပြနိုင်ဘူး။ ဒါကြောင့် သင်တန်းအပ်ပြီးကာမှ အဆင်မပြေဖြစ်၊ သင်တန်းကြေးကလည်း ပြန်ထုတ်လို့မရနဲ့ သည်းခံပြီး ဆက်တက်ရတာမျိုးဖြစ်ကြတော့ သင်တန်းကြေး သက်သာရင်တောင် ပေးရတာနဲ့ မတန်ဘဲ စိတ်ဆင်းရဲကြရပါတယ်။

အဲ့လို ဝန်ထမ်းရွေးချယ်ခန့်ထားခြင်း၊ ဝန်ထမ်းကို ဝန်ဆောင်မှု သင်တန်းပေးရခြင်း အ‌‌ပေါ်လိုက်ပြီးတော့လည်း သင်တန်းကြေး ကွာခြားမှု ဖြစ်လာပါတယ်။

Improvia မှာတော့ သင်တန်းအကြောင်းသိလိုသမျှကို သေချာရှင်းပြနိုင်ဖို့ ဝန်ထမ်းရွေးချယ်ခန့်ထားပြီး ဝန်ထမ်းကို ဝန်ဆောင်မှု သင်တန်းပေးထားတယ်ဆိုပေမဲ့ အချိန်အပိုင်းခြားအလိုက်သာအလုပ်လုပ်ရပြီး လစာပေးရတာဖြစ်ပါတယ်။ Batch 1 ခု လူပြည့်ပြီဆိုရင် အဲ့ batch အတွက်အလုပ်ဆက်လုပ်စရာ မလိုတော့တဲ့ အတွက် သင်တန်းစောစော အပ်သူတွေကို သင်တန်းကြေး လျှော့ပေး နိုင်တာဖြစ်ပါတယ်။

🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨

5. သင်တန်းကြော်ညာစရိတ်ကွာခြားခြင်း

သင်တန်းတော်တော် များများက သင်တန်းကို လူသိများပြီး သင်တန်းလာတက်သူများနိုင်ဖို့ social media content နဲ့ design post တွေကို staff ငှားပြီးဆွဲခိုင်းတာ၊ ‌agency အပ်တာမျိုးလုပ်ကြပြီး Boost လုပ်ကြပါတယ်။ အဲ့ဒီ့ စရိတ်အနည်းအများအပေါ် လိုက်ပြီးတော့လည်း သင်တန်းကြေး ကွာခြားတာဖြစ်ပါတယ်။

Improvia မှာ သင်တန်းကြော်ညာစရိတ်သိပ်မသုံးဘဲ သင်ကြားမှု အရည်သွေးကောင်းအောင် ပိုမို အားထုတ်ပြီး သင်တန်းသားဟောင်း referral နဲ့တက်သူတွေကို discount ပေးတဲ့ အစီစဥ်မျိုးထားရှိပေးထားပါတယ်။

🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨

အချုပ်ဆိုရရင် Improvia က

1. ဘာသာစကားကျွမ်းကျင်မှု ရှိပြီး ပြည်တွင်းက အရည်သွေးကောင်းတဲ့ သင်တန်းကျောင်းတွေမှာ သင်ကြားရေး သင်တန်းတွေတက်ပြီး Local certification ရရှိထားတဲ့ ဆရာ/မ တွေ သင်ကြားတဲ့ သင်တန်း ဖြစ်ပါတယ်။

2. အင်္ဂလိပ်လိုပဲ သင်ကြားပြီး student center နည်းလမ်းကိုသာ အသုံးပြု သင်ကြားတာဖြစ်ပါတယ်။

3. သင်တန်းပြီးသွားတဲ့အခါ လုပ်ငန်းခွင်ဝင်နိုင်ဖို့ (သို့မဟုတ်) ပြည်ပမှာ ဆက်လက်ပညာသင်ကြားနိုင်ဖို့ အကြံဉာဏ်ပေးခြင်း၊ လိုအပ်တဲ့ ‌agency တွေနဲ့ ချိတ်ဆက်ပေးခြင်းတွေ လုပ်ပေးတဲ့အပြင် ရထားတဲ့ပညာကို မေ့မသွားအောင် continuous learning community ဖြစ်တဲ့ Social Corner ကိုထားရှိပေးထားပါတယ်။

4. သင်တန်းအကြောင်းသိလိုသမျှကို သေချာရှင်းပြနိုင်ဖို့ ဝန်ထမ်းရွေးချယ်ခန့်ထားပြီး ဝန်ထမ်းကို ဝန်ဆောင်မှု သင်တန်းပေးထားတယ်ဆိုပေမဲ့ အချိန်အပိုင်းခြားအလိုက်သာအလုပ်လုပ်ရပြီး လစာပေးရတာဖြစ်ပါတယ်။ Batch 1 ခု လူပြည့်ပြီဆိုရင် အဲ့ batch အတွက်အလုပ်ဆက်လုပ်စရာ မလိုတော့တဲ့ အတွက် သင်တန်းစောစော အပ်သူတွေကို သင်တန်းကြေး လျှော့ပေး နိုင်တာဖြစ်ပါတယ်။

5. သင်တန်းကြော်ညာစရိတ်သိပ်မသုံးဘဲ သင်ကြားမှု အရည်သွေးကောင်းအောင် ပိုမို အားထုတ်ပြီး သင်တန်းသားဟောင်း referral နဲ့တက်သူတွေကို discount ပေးတဲ့ အစီစဥ်မျိုးထားရှိပေးထားပါတယ်။

ဒါကြောင့် Improvia ရဲ့ သင်တန်းကြေးဟာ လူတိုင်းနီးပါးတတ်နိုင်တဲ့ ပမာဏဖြစ်ပြီး တစ်လကို ၈ သောင်းကျပ် အရစ်ကျပေးသွင်းရုံနဲ့ သင်တန်းပြီးတဲ့အခါ အလျင်မြန်တိုးတက်မှုနဲ့ တစ်သက်တာ တက်မြောက်မှုဆိုတဲ့ ရလဒ်တွေကို ပိုင်ဆိုင်သွားမှာ ဖြစ်ပါတယ်။ သင်တန်းအကြောင်း အသေးစိတ် 👇
https://m.facebook.com/story.php?story_fbid=710296961117528&id=100064116906641&mibextid=Nif5oz

Photos from Improvia Education Tower's post 25/10/2023

၁ လ ၄၀၀၀၀ ကျပ်တည်းနဲ့ အရည်သွေးကောင်းတဲ့ အင်္ဂလိပ်စာ သင်တန်းတစ်ခု ရှာနေပါသလား?

အရည်သွေးကောင်းတဲ့ အင်္ဂလိပ်စာ သင်တန်း တစ်ခုရဲ့ လက္ခဏာရပ်တွေက
✅ English to English ပြောသင်ရမယ်
✅အင်္ဂလိပ်လိုသင်ပေမဲ့ ကျောင်းသားနားလည်ရမယ်
✅ သင်တန်းသားနည်းရမယ်
✅ စာသင်ချိန်၊ လေ့ကျင့်ချိန် များရမယ်
✅ စာလိုမသင်ဘဲ လက်တွေ့ဘဝထဲက အကြောင်းရာတွေနဲ့ ချိတ်ဆက်ပြီး သင်နိုင်ရမယ်
✅ သင်တန်းသားတွေရဲ့ တတ်မြောက်မှု၊ တိုးတက်မှုကို စစ်ဆေးပေးရမယ်၊ အာမခံနိုင်ရမယ်
✅ အင်္ဂလိပ်လိုပြောဖို့ကြောက်တဲ့ ကျောင်းသားတွေကို
လက်တွဲခေါ်ရမယ်။

ဒီလိုအချက်တွေ အားလုံးပြည့်စုံတဲ့ အင်္ဂလိပ်စာ သင်တန်းမျိုးရှာနေရင် Improvia မှာရှိပါတယ်။

🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨

Level ၃ ခုစာ အပြီးစီး သင်တန်းကြေး
👉 ယခင် ၃ သိန်းတန် သင်တန်းကို သတင်းကျွတ်ပရိုမိုးရှင်း အနေနဲ့ ၂ သိန်း ၁ သောင်းအထိ discount ချပေးထားပါတယ်။
👉 အရစ်ကျသွင်းမယ်ဆိုရင် ပထမလ ၅၀၀၀၀ သွင်းပြီး ကျန်လတွေမှာ ၄၀၀၀၀ ကျပ်သာသွင်းရပါမယ်။
👉 အပြည့်သွင်းမယ်ဆိုရင် ၁၀၀၀၀ ကျပ် cash back ရှိတာမို့ ၂ သိန်း ကျပ်သာ ကျသင့်မှာ ဖြစ်ပါတယ်။

🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨

ဒီ သင်တန်းကြေးနဲ့က နိုဝင်ဘာလ ၁၁ ရက်နေ့ထိပဲ လက်ခံတာမို့ နောက်လမှ သင်တန်းအပ်မဲ့ သူတွေလည်း
နိုဝင်ဘာ batch ရော၊ ဒီဇင်ဘာ batch အတွက်ပါ ကြိုတင် အပ်နှံထားနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

သင်တန်း အချိန်၊ သင်တန်းစရက် တွေကို ပုံမှာကြည့်ပေးပါ။ 👇

သင်တန်းသားဦးရေ ၁၂ ယောက်ပဲလက်ခံတဲ့အတွက် အမြန်ဆုံးသင်တန်း အပ်ထားမှ စိတ်ချရပါမယ်။ 📌📌

21/10/2023

Improvia မှာ မနေ့က တင်ခဲ့တဲ့ post အရ အင်္ဂလိပ်လို တွေးတတ်ဖို့ လုပ်ရမဲ့ အချက် တစ်ချက်ကိုရွေးပါ။

✅ ခေါင်းထဲပေါ် လာတဲ့ အင်္ဂလိပ်စကားပြောကနေ စပြောမယ်။

✅အင်္ဂလိပ်ဇာတ်ကားများများ ကြည့်မယ်။

✅ England က Native speaker တွေနဲ့ စကားများများပြောမယ်။

တကယ်တိုးတက်မဲ့ လမ်းကြောင်းပေါ် ရောက်သွားဖို့ ဖြေသွားကြည့်ပါ။

အဖြေမှန်ကို comment မှာတင်ပေးထားပါမယ်။

18/10/2023

English လိုမပြောတတ်ခင် English လိုတွေးတတ်အောင် ဒီလို အလေ့ထလေးတွေ မွေးမြူပါ….

(အသေးစိတ် ဥပမာနဲ့တကွ ရှင်းပြထားတာကို comment မှာ ကြည့်‌ပါ။)

🚫 ဘာသာမပြန်ပါနဲ့။ မြင်သမျှကို ရသလောက် အင်္ဂလိပ်လိုတွေးပါ။

💭 ခေါင်းထဲပေါ်လာတဲ့ အင်္ဂလိပ်စကားလုံး ကစပြောပါ။

📈 Grammar မှားမှာ မကြောက်ဘဲ ဖြည်းဖြည်းချင်းပြုပြင်ယူပါ။

🔁 Vocab မသိပါက သိတဲ့စာလုံးနဲ့ အစားထိုးပြောပါ။

🗣 Pronunciation အတွက် Native speaker တွေ ပြောတာကို ရပ်လိုက် နောက်ကလိုက်ပြောလိုက် လုပ်ပြီး
လေ့ကျင့်ပါ။

💡 4 skills အတွက် နားထောင်၊ ပြော၊ ရေး၊ ဖတ်လေ့ကျင့်မှုများများလုပ်ပါ။

🔍 စကားလုံးအသစ်တွေ ရှာချင်ပါက English to English dictionary သာကြည့်ပါ။

✅ ဝေါဟာရအသစ်တွေမှတ်တဲ့ အခါ တစ်လုံးချင်းမမှတ်ဘဲ Collocation အတွဲလိုက်လေးတွေမှတ်ပါ။

အချိန်တိုအတွင်း စနစ်တကျနဲ့ ထိထိရောက်ရောက် သင်ယူချင်တယ်ဆိုရင်တော့ အင်္ဂလိပ်စာကို ၄ လခွဲအတွင်း တိုးတက်စေပြီး ရာသက်ပန် တတ်မြောက်မှု ရရှိအောင် သင်ကြားပေးနေတဲ့ Improvia မှာ ၁ လသင်တန်းကြေး ၈၀၀၀၀ ကျပ်ဖြင့် level ၃ ခုဆက်တိုက်တက်ရောက်လိုက်ပါ။ သင်တန်းအကြောင်း အသေးစိတ်
https://m.facebook.com/story.php?story_fbid=710296961117528&id=100064116906641&mibextid=Nif5oz

15/10/2023

အင်္ဂလိပ်စာ သင်တန်းတွေ တက်ပြီးတဲ့အခါ ဘာဆက်ဖြစ်ကြလဲ?

သင်တန်းမှာ သင်ခဲ့တဲ့ စကားလုံးအသစ်တွေ၊ grammar အသစ်တွေကို ၁၀၀% အသုံးချဖြစ်ကြရဲ့လား?

ဘာမှဆက်မဖြစ်ဘူး, အသုံးလည်းမချဖြစ်ပါဘူး ဆိုတဲ့သူတွေအတွက် သင်တန်းပြီးသွားတဲ့နောက် ရာသက်ပန် တတ်မြောက်မှုရရှိအောင် Improvia ရဲ့ continuous learning community program ဖြစ်တဲ့ Social Corner မှာဆက်လက်ပြီး သင်ယူလေ့လာရင်း တိုးတက်နိုင်အောင် ဖန်တီးပေးသွားမှာ ဖြစ်ပါတယ်။

သင်တန်းတက်ပြီးလို့တတ်မြောက်သွားတယ်ဆိုရင်တောင် အဲ့ဒီ့တတ် မြောက်မှုက ရေတိုသာဖြစ်ပြီး ရာသက်ပန် မခံပါဘူး။ ရာသက်ပန် (lifelong permanently)ကျွမ်းကျင် တတ်မြောက်ဖို့ အတွက် သင်ယူထားတာတွေကို နာရီပေါင်း များစွာ (အနည်းဆုံး ၆ လမှ အများဆုံး ၂ နှစ်အထိ) ထပ်ခါထပ်ခါ အသုံးချပေးနေဖို့ လိုအပ်ပါတယ်။

အဲ့ဒီ့အတွက် Improvia ရဲ့ Social Corner ထဲမှာ English Intermediate level နှင့်အထက် ရှိသူတွေကို စုစည်းပေးထားပြီး
- Level အသစ်တက်ဖို့ နေ့စဥ် ၁၅ မိနစ်စာသင်ယူခြင်းနဲ့
- ရထားပြီးသားတွေ ပိုမိုကျွမ်းကျင်လာဖို့ ၁၅ မိနစ်စာပြန်နွှေးခြင်း
တို့ကို ပြုလုပ်ပေးပါတယ်။

တစ်ပတ်တစ်နာရီခွဲ Zoom Club ရှိပြီး တစ်ပတ်စာ အသစ်လေ့လာခဲ့တာတွေနဲ့ ပြန်‌နွှေးခဲ့တဲ့ usage တွေကို topic အဖြစ်ဖန်တီးပေးကာ Speaking practice (သို့မဟုတ်) Writing practice လုပ်ရတာဖြစ်ပါတယ်။

ဒီ program ကို အနိမ့်ဆုံး ၆ လစာ (subscription fees - ၅ သောင်းကျပ်) မှ အမြင့်ဆုံး lifetime (subscription fees - ၂ သိန်းကျပ်) ဖြင့် member ဝင်ထားနိုင်ပါတယ်။

Improvia မှာ speaking focused 4 skill class တက်ခဲ့သူတွေက ၁ လ free join ခွင့်ရရှိမှာ ဖြစ်ပါတယ်။

Social Corner ကိုတော့ လက်ရှိသင်ကြားနေတဲ့ speaking focused 4 skill class - Batch 1 ပြီးဆုံးမဲ့ February လမှာ စတင်သွားမှာ ဖြစ်ပါတယ်။

ဒီ program မှာပါဝင်ဖို့ intermediate level အထိ ready ဖြစ်ထားချင်တယ်ဆိုရင် Speaking focused 4 skills class ကို join ထားနော်။ Class အကြောင်း အသေးစိတ် 👇
https://m.facebook.com/story.php?story_fbid=710296961117528&id=100064116906641&mibextid=Nif5oz

12/10/2023

အချိန်တိုအတွင်း အင်္ဂလိပ်စာ တကယ် တိုးတက်မှုရှိရဲ့လား ဘယ်လိုတိုင်းတာပေးလဲ?

Speaking specialized 4 skills class မှာ unit တစ်ခုပြီးတိုင်း ကျွမ်းကျင်မှုကို တိုင်းတာတဲ့အနေနဲ့ unit end test ကို ဖြေဆိုရပါတယ်။

အချို့လွယ်တဲ့ unit တွေလောက်ပဲ unit end test မဖြေရတာပါ။

Unit end test မှာဖြေရတာတွေက unit တစ်ခုချင်းစီရဲ့
Speaking
Listening
Reading
Writing
Grammar
Vocabulary တို့ကို ဖြေရတာဖြစ်ပါတယ်။ Speaking test မှာ ဆိုရင် ဆရာမနဲ့ တစ်ယောက်ချင်းစစ်ဆေးပေးပြီး လိုအပ်ချက်တွေကို တစ်ဦးချင်းသီးသန့် အကြံပြုပေးပါတယ်။

Unit end test ဖြေဆိုပေးတဲ့အတွက် ဘာတွေသိနိုင်မလဲ?
skill တစ်ခုချင်းအလိုက် ဘယ်လောက် တိုးတက်ပြောင်းလဲမှုရှိလာလဲ သိနိုင်တယ်။
တစ်ယောက်ချင်းစစ်ပေးတဲ့အတွက် တစ်ယောက်ချင်းစီရဲ့ ဘယ် skill ကအားနည်းနေလဲ သိနိုင်ပြီး အားနည်းတဲ့အပိုင်းကို တိုးတက်လာအောင် ဆွဲခေါ် ပေးနိုင်တယ်။
Result ကို report card နဲ့ ထုတ်ပေးတာကြောင့် အချိန်မရွေးပြန်ကြည့်နိုင်တယ်။

သင်တန်းအကြောင်း အသေးစိတ်
https://m.facebook.com/story.php?story_fbid=710296961117528&id=100064116906641&mibextid=Nif5oz

09/10/2023

Improvia မှာ Listening ကို speaking နဲ့ ချိတ်ဆက်ပြီး ဘယ်လိုသင်လဲဆိုတာ ဒီ sample video လေးမှာ ကြည့်ကြည့်ပါ 💛

05/10/2023

ဘာကြောင့် Improvia က speaking အထူးပြု 4 skills သင်တန်းဖြစ်နေတာလဲ?

‌a) Speaking ကို ဦးစားပေးသင်ပြီး ကျန်တဲ့ skill တွေသိပ်မသင်လို့
b) Speaking နဲ့ ကျန်တဲ့ skill တွေ ချိတ်ဆက်ပြီးသင်လို့
c) Speaking သင်ရင်းနဲ့ ကျန်တဲ့ skill တွေပါရသွားလို့

တကယ်တိုးတက်မဲ့ လမ်းကြောင်းပေါ် ရောက်သွားဖို့ ဖြေသွားကြည့်ပါ။

အဖြေမှန်ကို comment မှာတင်ပေးထားပါမယ်။

02/10/2023

ဘာကြောင့် Speaking အထူးပြု 4 skills အင်္ဂလိပ်စာသင်တန်းလို့ သတ်မှတ်လဲ ⁉️

👉 4 skills ဆိုတာနဲ့ speaking က အလိုအလျောက် ပါဝင်ပြီး ဖြစ်တာကြောင့် ဘယ်သင်တန်းမှာပဲဖြစ်ဖြစ် 4 skills တက်ပြီးပြီ ဆိုတာနဲ့ speaking ကိုလည်း ရပြီးသားဖြစ်နေသင့်ပါတယ်။ အကယ်၍ မရဘူး ဆိုရင်တော့ သင်ကြားပုံမှာ အားနည်းချက် ရှိနေလို့ဖြစ်ပါတယ်။

👉 4 skills ကို တကယ်ခိုင်မှာတဲ့ သင်ရိုးတွေကိုသာ အသုံးပြုပြီး သင်ကြားမယ်၊ မြန်မာလို လုံးဝမပြောဘဲ English to English ပဲ သင်ကြားမယ်ဆိုရင် 4 skills level တစ်ခု တက်ပြီးပြီဆိုတာနဲ့ speaking ဟာ အားအကောင်းဆုံး ဖြစ်နေမှာ အသေချာပါပဲ။ Improvia မှာအဲ့လို speaking ကို အလျင်မြန်တိုးတက်လာစေမဲ့ ခိုင်မာတဲ့ သင်ရိုးတွေကို အသုံးပြုပြီးသင်ကြားတာကြောင့် 4 skills တက်ပြီးတာနဲ့ speaking skill သပ်သပ်ထပ်တက်ဖို့ မလိုဘဲ speaking ဟာ skill အားလုံးထဲ အကောင်းဆုံး ဖြစ်လာမယ်ဆိုတာ အခိုင်မာပြောနိုင်ပါတယ်။

👉 အဲ့လိုဆိုပြီး speaking ကိုချည်း ဖိပြီးသင်လို့ speaking ချည်းကောင်းတယ်လို့ မထင်ပါနဲ့။ Speaking ကို ဖိသင်တာမဟုတ်ဘဲနဲ့ ကျန်တဲ့ skill တွေကိုပါ speaking နဲ့ ချိတ်ဆက်ပြီး သင်ကြားတာကြောင့် ကျန် skill တွေလည်း သိသိသာသာတိုးတက်လာမှာ ဖြစ်ပြီး speaking ကအဲ့ထဲမှာ အကောင်းဆုံး ဖြစ်လာမယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။

ဘယ်လို ချိတ်ဆက်ပြီး သင်ကြားလဲ အသေးစိတ် သိချင်တယ် ဆိုရင်တော့
💁Comment (သို့မဟုတ်) Page chat box မှာ 3 levels in 1 class လို့ရိုက်နှိပ်၍ ဖြစ်စေ၊
💁‍♂️ဖုန်းနံပါတ် 09781875569 ကို ခေါ်ဆို၍ဖြစ်စေ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။

သင်တန်းအကြောင်း အသေးစိတ် 👇
https://m.facebook.com/story.php?story_fbid=710296961117528&id=100064116906641&mibextid=Nif5oz

29/09/2023

ဒီလိုအတိအကျ ဘာသာပြန်နိုင်တဲ့ translator မျိုး ဘယ်နား သွားရှာရမလဲ 🤣🤣

26/09/2023

အင်္ဂလိပ်စကားပြော အမြန်တိုးတက်ဖို့ လုပ်ဆောင့်သင့်တဲ့ အချက် တစ်ချက်ကိုရွေးပါ။

1. အင်္ဂလိပ်စကားကို မြန်မာလို သင်သင့်တယ်။
2. အင်္ဂလိပ်လိုပြောရဲဖို့ထက် grammar မှန်ဖို့ အရင်ကြိုးစားရမယ်။
3. ဝေါဟာရ တွေကို အင်္ဂလိပ်လိုပဲ မှတ်ရမယ်။

တကယ်တိုးတက်မဲ့ လမ်းပေါ်ရောက်ဖို့ ဖြေသွားကြည့်ပါ။
အဖြေမှန်လေးကို comment မှာ တင်ထားပေးမယ်နော်။ 💛

22/09/2023

English စကားကို မြန်မာလိုသင်ရင် မြန်မာစကားပဲ ပိုတတ်လာပါလိမ့်မယ်

ဘာကြောင့်လဲဆိုတဲ့ အကြောင်းရင်း ၃ ချက် နဲ့ ဘယ်လိုပြုပြင်ရမလဲဆိုတာကို ၁ ချက်ချင်း ရှင်းပြပေးထားပါတယ်။ 👇

1. ဘာသာပြန်ချိန်ကြောင့် မကြန့်ကြာရန်

ဥပမာ - ကျွန်တော် ခုံပေါ်မှာ ထိုင်နေတယ်။
ဒါကို ဘာသာပြန်ဖို့ဆို
ကျွန်တော် = I
ခုံ = seat/ chair
Article = a or the မှာ ပြောသူရော နားထောင်သူရော သိတဲ့ နာမ်အနေနဲ့ သုံးချင်လို့ the ကိုရွေး
အပေါ်မှာ = on
ထိုင်နေတယ် = sitting
နေတယ်ဆိုတော့ အကူကြိယာ = am, is, are မှာ I နဲ့သုံးဖို့ am ကို ရွေး
အကုန်လုံးကို sentence structure ( Subject + Verb + Object) အတိုင်း စီချလိုက်တော့မှ

I am sitting on the seat.

ဆိုပြီး ထွက်လာတယ်။ ဒီလို အဆင့်ဆင့်သွားနေရင် အင်္ဂလိပ်လို ကောင်းကောင်း ပြောတတ်ဖို့က အရမ်းအရမ်း ကြာမဲ့အပြင် သဘာဝကျကျလည်း ပြောထွက်တော့မှာ မဟုတ်ပါဘူး။

ဒါကို ဘယ်လိုပြုပြင်လို့ရလဲ?
- ဝေါဟာရ (vocabulary) အသစ်တစ်ခု တွေ့တာနဲ့ ပုံရိပ်ကိုကြည့်ပြီး အင်္ဂလိပ်လိုပဲမှတ်ရမယ်။
ဥပမာ -
ခုံကိုတွေ့ရင် seat လို့သာတန်းမှတ်ပါ။
seat = ခုံလို့မမှတ်ပါနဲ့။

- ကိုယ် မှတ်ချင်တဲ့ vocabulary က verb ဆိုရင် ပြုလုပ်နေတဲ့ပုံရိပ်ကို ကြည့်ပြီးမှတ်ပါ။
ဥပမာ - ကားမောင်းနေတဲ့ပုံကိုကြည့်ပြီး drive လို့ပဲမှတ်ပါ။ drive = ကားမောင်သည်လို့ မမှတ်ပါနဲ့။

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

2. သဘာဝကျကျ ပြောထွက်ရန်

အချို့သော အင်္ဂလိပ်စာလုံးတွေကို အတိအကျဘာသာ လိုက်ပြန်ဖို့မဖြစ်နိုင်ဘူး။

ဥပမာ -

ပန်းပန်တယ်။
I wear a flower.

ဖိနပ်စီးတယ်။
I wear shoes.

အင်္ကျီဝတ်တယ်။
I wear a shirt.

အပေါ်က စာကြောင်းတွေမှာ မြန်မာလိုသာ ပန်တယ်၊ စီးတယ်၊ ဝတ်တယ် စသဖြင့် အမျိုးမျိုး ပြောင်းသွားပေမဲ့ အင်္ဂလိပ်လို့ပြောတဲ့အခါ မပြောင်းလဲပါဘူး။

အင်္ဂလိပ်လို ဝေါဟာရကွဲပေမဲ့ မြန်မာလို တစ်မျိုးတည်း ဘာသာပြန်လို့ရတာမျိုးလည်း ရှိပါသေးတယ်။

ဥပမာ
I have many shirts.
ကျွန်တော့်မှာ အင်္ကျီအများကြီးရှိတယ်။

I have a lot of shirts.
ကျွန်တော့်မှာ အင်္ကျီအများကြီးရှိတယ်။

အချို့က အများကြီးဆိုရင် many ပဲသုံးမှ ရမယ်လို့ တရားသေ မှတ်ထားတော့ ဒီစကားလုံးကို ခေါင်းထဲကထွက်မလာမချင်း လိုက်ရှာနေရတဲ့ အခါ သဘာဝကျကျ မပြောနိုင်တော့ဘူး။

ဒါကို ဘယ်လိုပြုပြင်လို့ရမလဲ?
- အင်္ဂလိပ်စာကြောင်းတွေကို မကျက်ပါနဲ့။ တရားသေ မမှတ်ပါနဲ့။
- အင်္ဂလိပ်စကားပြောတွေကို များများ နားထောင်ပေးပါ။
- မှားမှာ မကြောက်ပါနဲ့။ မရှက်ပါနဲ့။
- များများ လေ့ကျင့်ပါ။
- လေ့ကျင့်တဲ့အခါမှာတောင် တကယ့် လက်တွေ့ ပတ်ဝန်းကျင်မှာ ပြောနေသလို သဘောထားပြီး ပေါ့ပေါ့ပါးပါး လေ့ကျင့်ပါ။

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

3. မှန်မှန်ကန်ကန်ပြောထွက်ရန်

- မှန်ဖို့နဲ့ ရဲဖို့မှာ ရဲဖို့ကို ဦးစားပေးပါ။

- မရှက်မကြောက် ပြောရဲလာတဲ့ အခါမှ မှန်မှန်ကန်ကန်ပြောနိုင်ဖို့ အဆင့်ကို ဆက်သွားပါ။ အမှန်ပြင်ပေးမဲ့သူရှိတယ်ဆို ပိုကောင်းပါတယ်။

- အမှန်ပြင်ပေးမဲ့သူမရှိရင်တော့ ကိုယ်ပြောတဲ့စကားကို သတိကပ်ပြီး ပြောပါ။ သတိကပ်ရမဲ့ အချက် ၂ ချက်ရှိပါတယ်။ pronunciation နဲ့ grammar ပါ။

ဥပမာ
- I go to the clinic yesterday. လို့ပြောမိတယ်ဆိုပါစို့။ ကိုယ်က အတိတ်ကာလ yesterday ကိုသုံးထားတဲ့အတွက် go အစား past tense - went ကို သုံးရမယ်မှန်း သတိရလိုက်တယ်။

- ဒါဆို သတိရလိုက်တာနဲ့ အမှန်ပြင်လိုက်ပါ။
I went to the clinic yesterday.

Grammar ကို အရင် ဦးစားပေးပြီး မှန်အောင် ကြိုးစားပါ။ Grammar တွေတော်တော် မှန်လာပြီဆို pronunciation ကိုပြုပြင်ပါ။

ဥပမာ
I am a student. လို့ပြောမိတယ်။ Native speaker တွေက I am လို့မပြောဘဲ I'm လို့သာ contraction တွေသုံးပြီး ပြောကြတယ်။ ဒါကို သတိရမိတာနဲ့
I'm a student. လို့ပြင်ပြောလိုက်ပါ။

နှုတ်စွဲအောင် ၅ ခါလောက် စာကြောင်းအမှန်ကို ပြန်ပြောပါ။

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

အပေါ်က အချက်တွေ အားလုံးနဲ့ အဲ့ဝင်ခွင်ကျဖြစ်အောင် သင်ပေးနေတဲ့ သင်တန်းမျိုးရှာနေရင်တော့ အင်္ဂလိပ် ဘာသာစကားကို အခြေခံ Elementary level မှစတင်ကာ ၄ လခွဲအတွင်း တစ်ဟုန်ထိုး တိုးတက်လာအောင် စနစ်တကျသင်ကြားပေးနေပါတဲ့ Improvia ရှိပါတယ်။ သင်တန်းအကြောင်း အသေးစိတ် 👇

https://m.facebook.com/story.php?story_fbid=710296961117528&id=100064116906641&mibextid=Nif5oz

ပရိုမိုးရှင်း price နဲ့ တက်ရဖို့ သင်တန်းကြေးစရံ ၅၀၀၀၀ ကျပ်ကြိုသွင်းပြီး သင်တန်း အပ်ထားလိုက်ပါ။ ‼️‼️

Photos from Improvia Education Tower's post 19/09/2023

တန်းခွဲ တစ်ခုအပ်ထားရုံနဲ့ ကျန်တဲ့တန်းခွဲတွေပါ ဝင်တက်လို့ရမဲ့ speaking အထူးပြု 4 skills Zoom class

Improvia ရဲ့ speaking အထူးပြု 4 skills အင်္ဂလိပ်စာသင်တန်းက certificate သက်သက်မဟုတ်ဘဲ လက်တွေ့ဘဝ ပညာရေးနဲ့ လုပ်ငန်းခွင်အထိ အောက်ပါ အောင်မြင်မှုတွေကို သယ်ဆောင်လာပေးနိုင်ပါတယ်။ 👇

♦️ Improvia မှာ အင်္ဂလိပ်စကားပြောကို အရမ်းလည်း အခြေခံမကျဘဲ မြန်မာကျောင်းသား အများစုနဲ့ကိုက်ညီတဲ့ elementary level မှစတင်ကာ အခြေခံပိုင်နိုင်အောင် သင်ကြားပေးပါတယ်။ ဒါကြောင့် ဘာသာစကားကို အခြေခံကနေစပြီး စနစ်တကျ တက်မြောက်သွားမှာဖြစ်ပါတယ်။ (အခြေခံရပြီးသားဆိုရင်တောင် speaking ကို ကောင်းကောင်းမပြောနိုင်သေးဘူးဆိုရင် ပြန်တက်သင့်တဲ့ level ဖြစ်ပါတယ်။)

♦️ အခြေခံအဆင့်ဖြစ်တဲ့ elementary level ပြီးတဲ့အခါ အလယ်အဆင့်ဖြစ်တဲ့ pre-intermediate level ကိုဆက်တိုက် သင်ယူရပါတယ်။ Pre-inter ပြီးတဲ့အခါလုပ်ငန်းခွင် ဝင်လို့လည်းရပြီး native speaker တွေနဲ့ပါပြောဆိုဆက်သွယ်နိုင်တဲ့ intermediate level ထိ ကျွမ်းကျင်အောင် သင်ကြားပေးပါတယ်။ ဒါကြောင့် သင်တန်းပြီးတာနဲ့ Native Speaker တွေနဲ့ပါ ယုံကြည်မှုရှိရှိ စကားပြောနိုင်မှာ ဖြစ်ပါတယ်။

♦️ သင်တန်းတွေသာပြီးသွားတယ်၊ ဘာဆက်လုပ်ရမယ် မသိသူ တစ်ဦးချင်းအတွက် personal coaching for education and career pathways ဆိုပြီး စီစဥ်ပေးတာကြောင့် သင်တန်းတွေတက်ပြီး လမ်းပျောက်နေတာမျိုး ရှိတော့မှာ မဟုတ်ပါဘူး။

♦️ အလုပ်မလုပ်ဘဲ ပညာရေးဘက်ဆက်လျှောက်မဲ့သူတွေအတွက်လည်း နိုင်ငံခြား ပညာတော်သင်ဆု လျှောက်ရာမှာ အရေးပါတဲ့ IELTS foundation knowledge ကို အခမဲ့ဝေမျှပေးသွားမှာဖြစ်လို့ IELTS စာမေးပွဲအတွက် ပြင်ဆင်ဖို့ပါ အများကြီး အထောက်ကူရမှာဖြစ်ပါတယ်။

♦️အလုပ်လုပ်ချင်သူတွေအတွက်လည်း အလုပ်ရဖို့လိုအပ်တဲ့ job hunting and interview skills, 21st century practical workplace skills for English Language Learners စတာတွေကို အင်္ဂလိပ်၊ မြန်မာ ဘာသာစကား ၂ ခုလုံးအတွက် သင်ကြားပေးသွားမှာ ဖြစ်တဲ့အတွက် လုပ်ငန်းခွင်ဖို့လည်း အဆင်သင့်ဖြစ်သွားစေပါတယ်။

♦️ နောက်ဆုံးအနေနဲ့ English Language teaching career ထဲဝင်ရောက်ချင်သူတွေအတွက် special consulting အစီစဥ်တွေပါပါတာကြောင့် Professional English Language Teacher ဖြစ်ချင်သူတွေရဲ့ အိပ်မက်ကိုလည်း အကောင်ထည် ဖော်နိုင်မှာ ဖြစ်ပါတယ်။

Improvia မှသင်တန်းသားများရဲ့ feedback တွေသိချင်တယ်ဆိုရင်
👉ကျောင်းသား ၅၀ ကျော်ရဲ့ Feedback တွေကို Page ရဲ့review box မှာကြည့်နိုင်သလို
👉အချို့ feedback တွေကို highlight လုပ်စုစည်းပေးထားတဲ့ page ရဲ့ feature post မှာလည်းကြည့်နိုင်ပါတယ်။

ဒါကတော့ မကြာသေးခင်ကမှ သင်တန်းပြီးထားတဲ့ သင်တန်းသားတစ်ယောက်ရဲ့ ပူပူနွေးနွေး review ဖြစ်ပါတယ်။ 👇
https://m.facebook.com/story.php?story_fbid=707420948071796&id=100064116906641&mibextid=Nif5oz

🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨

လအလိုက် သင်တန်းချိန်နဲ့ သင်တန်းကြေးတွေကို ပုံမှာကြည့်နိုင်ပါတယ်။ လူပြည့်မြန်တဲ့အတွက် သင်တန်းကြေး စရံ ၅၀၀၀၀ သွင်းပြီး သင်တန်း အပ်ထားနိုင်ပါတယ်။

October, November, December လများအတွက် အချိန်စာရင်းထွက်ပါပြီရှင်။

သင်တန်းအပ်နှံပုံနဲ့ သင်တန်းကြေး အရစ်ကျပေးသွင်းပုံက အပြောင်းလဲရှိပါတယ်ရှင်။

တန်းခွဲ ၁ ခုချင်းအလိုက်
- ပထမဆုံး အပ်နှံသူ ၃ ဦးအတွက် သင်တန်းကြေး 260000
- ဒုတိယ အပ်နှံသူ ၄ ဦးအတွက် သင်တန်းကြေး 270000
- နောက်ဆုံးအပ်နှံသူ ၅ ဦးအတွက် သင်တန်းကြေး 280000 ဖြစ်ပါတယ်ရှင့်။

သင်တန်းကြေးက သင်တန်းအပ်တဲ့ လူဦးရေ အလိုက် ပရိုးမိုးရှင်းမှာ အနည်းငယ် အပြောင်းလဲရှိတာကြောင့် ပရိုမိုးရှင်း အပြည့်လိုချင်ပါက သင်တန်းကြေး ၅၀၀၀၀ ကျပ်ပေးသွင်းထားပြီး ကြိုတင် အပ်နှံ ထားနိုင်ပါတယ်ရှင်။

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

သင်တန်းကြေး အရစ်ကျသွင်းတဲ့ပုံစံက
ပထမလ - 80000 ကျပ်
ဒုတိယလ - 80000 ကျပ်
တတိယလ - 80000 ကျပ်
စတုတ္ထလ - 20000/ 30000/ 40000 ကျပ် ဖြစ်ပါတယ်။

သင်တန်းကြေးခွဲမသွင်းဘဲ အပြည့်သွင်းသူတိုင်း အတွက် ၁၀၀၀၀ ကျပ်ထပ်မံလျှော့ပေးပါတယ်ရှင့်။

ပရိုမိုးရှင်း အပြည့်လိုချင်လို့ သင်တန်းကြေး ၅ သောင်း အရင်သွင်းပြီး သင်တန်းအပ်ထားတယ်ဆိုရင် ပထမလ သွင်းရန် ၈ သောင်းကျပ်အတွက် ကျန်ငွေ ၃ သောင်းကို သင်တန်းစရန် ၅ ရက်အလိုမှသာ ပေးသွင်းရမှာ ဖြစ်ပါတယ်ရှင့်။

လစဥ် ၂၅ ရက်နေ့တိုင်း နောက်လအတွက် အရစ်ကျသင်တန်းကြေးကို လာရောက် ကောက်ခံပေးမှာ ဖြစ်ပါတယ်ရှင်။

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

ဖော်ပြပါ promotion အစီစဥ်က လတိုင်းအတွက် အကျုံးဝင်ပါတယ်။ level ၃ ခုစာ စာအုပ် ၃ အုပ်ဖိုး၊ စာအုပ်ပို့ခ ၃၀၀၀ ကျပ်အပါဝင် အခြား အထွေထွေ ကုန်ကျစရိတ်များ အတွက် ထပ်ဆောင်းပေးသွင်းရန် မလိုပါ။

🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨

သင်တန်း စုံစမ်းမယ်၊ သင်တန်းအပ်မယ်ဆိုရင် Page chat box (သို့မဟုတ်) comment box ကနေ "1 class 3 levels" လို့ ပို့ထားလိုက်ပါ။ Improvia ရဲ့ customer service manager မှ သိလိုသမျှကို အမြန်ဆုံး ဖြေကြားပေးသွားပါမယ်။

တန်းခွဲတစ်ခုမှာ သင်တန်းသား ၁၂ ဦးပြည့်သွားပါက ကိုယ်တက်ချင်တဲ့အချိန်၊ တက်ချင်တဲ့လတွေမှာ မတက်ရဘဲ ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် နောက်မကျချင်သူတွေက စရံသွင်းပြီး သင်တန်း အမြန်အပ်ထားဖို့ လိုပါတယ်နော်။ ‼️

15/09/2023

Certificate ယူရုံမဟုတ်ဘဲ လက်တွေ့ဘဝထိ အသုံးတည့်မဲ့ သင်တန်းမျိုး တက်ရောက်ချင်ပါသလား?

Improvia ရဲ့ speaking အထူးပြု 4 skills အင်္ဂလိပ်စာသင်တန်းက certificate သက်သက်မဟုတ်ဘဲ လက်တွေ့ဘဝ ပညာရေးနဲ့ လုပ်ငန်းခွင်အထိ အောက်ပါ အောင်မြင်မှုတွေကို သယ်ဆောင်လာပေးနိုင်ပါတယ်။ 👇

♦️ Improvia မှာ အင်္ဂလိပ်စကားပြောကို အရမ်းလည်း အခြေခံမကျဘဲ မြန်မာကျောင်းသား အများစုနဲ့ကိုက်ညီတဲ့ elementary level မှစတင်ကာ အခြေခံပိုင်နိုင်အောင် သင်ကြားပေးပါတယ်။ ဒါကြောင့် ဘာသာစကားကို အခြေခံကနေစပြီး စနစ်တကျ တက်မြောက်သွားမှာဖြစ်ပါတယ်။ (အခြေခံရပြီးသားဆိုရင်တောင် speaking ကို ကောင်းကောင်းမပြောနိုင်သေးဘူးဆိုရင် ပြန်တက်သင့်တဲ့ level ဖြစ်ပါတယ်။)

♦️ အခြေခံအဆင့်ဖြစ်တဲ့ elementary level ပြီးတဲ့အခါ အလယ်အဆင့်ဖြစ်တဲ့ pre-intermediate level ကိုဆက်တိုက် သင်ယူရပါတယ်။ Pre-inter ပြီးတဲ့အခါလုပ်ငန်းခွင် ဝင်လို့လည်းရပြီး native speaker တွေနဲ့ပါပြောဆိုဆက်သွယ်နိုင်တဲ့ intermediate level ထိ ကျွမ်းကျင်အောင် သင်ကြားပေးပါတယ်။ ဒါကြောင့် သင်တန်းပြီးတာနဲ့ Native Speaker တွေနဲ့ပါ ယုံကြည်မှုရှိရှိ စကားပြောနိုင်မှာ ဖြစ်ပါတယ်။

♦️ သင်တန်းတွေသာပြီးသွားတယ်၊ ဘာဆက်လုပ်ရမယ် မသိသူ တစ်ဦးချင်းအတွက် personal coaching for education and career pathways ဆိုပြီး စီစဥ်ပေးတာကြောင့် သင်တန်းတွေတက်ပြီး လမ်းပျောက်နေတာမျိုး ရှိတော့မှာ မဟုတ်ပါဘူး။

♦️ အလုပ်မလုပ်ဘဲ ပညာရေးဘက်ဆက်လျှောက်မဲ့သူတွေအတွက်လည်း နိုင်ငံခြား ပညာတော်သင်ဆု လျှောက်ရာမှာ အရေးပါတဲ့ IELTS foundation knowledge ကို အခမဲ့ဝေမျှပေးသွားမှာဖြစ်လို့ IELTS စာမေးပွဲအတွက် ပြင်ဆင်ဖို့ပါ အများကြီး အထောက်ကူရမှာဖြစ်ပါတယ်။

♦️အလုပ်လုပ်ချင်သူတွေအတွက်လည်း အလုပ်ရဖို့လိုအပ်တဲ့ job hunting and interview skills, 21st century practical workplace skills for English Language Learners စတာတွေကို အင်္ဂလိပ်၊ မြန်မာ ဘာသာစကား ၂ ခုလုံးအတွက် သင်ကြားပေးသွားမှာ ဖြစ်တဲ့အတွက် လုပ်ငန်းခွင်ဖို့လည်း အဆင်သင့်ဖြစ်သွားစေပါတယ်။

♦️ နောက်ဆုံးအနေနဲ့ English Language teaching career ထဲဝင်ရောက်ချင်သူတွေအတွက် special consulting အစီစဥ်တွေပါပါတာကြောင့် Professional English Language Teacher ဖြစ်ချင်သူတွေရဲ့ အိပ်မက်ကိုလည်း အကောင်ထည် ဖော်နိုင်မှာ ဖြစ်ပါတယ်။

Improvia မှသင်တန်းသားများရဲ့ feedback တွေသိချင်တယ်ဆိုရင်
👉ကျောင်းသား ၅၀ ကျော်ရဲ့ Feedback တွေကို Page ရဲ့review box မှာကြည့်နိုင်သလို
👉အချို့ feedback တွေကို highlight လုပ်စုစည်းပေးထားတဲ့ page ရဲ့ feature post မှာလည်းကြည့်နိုင်ပါတယ်။

ဒါကတော့ မကြာသေးခင်ကမှ သင်တန်းပြီးထားတဲ့ သင်တန်းသားတစ်ယောက်ရဲ့ ပူပူနွေးနွေး review ဖြစ်ပါတယ်။ 👇
https://m.facebook.com/story.php?story_fbid=707420948071796&id=100064116906641&mibextid=Nif5oz

‼️သင်တန်း လူပြည့်ဖို့ကလည်း ၃ ဦးသာလိုပါတော့တယ်။ ‼️

သင်တန်းအချိန်နှင့် သင်တန်းကြေး 👇

🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨

📅 သင်တန်းအပ်လက်ခံသည့်ကာလ - ၁ လ နှင့် ၁ ပတ်

🚩 သင်တန်းစအပ်နိုင်သည့်ရက် - 8.8.2023

🚩 သင်တန်းစမည့်ရက် - 18.9..2023

🚩 သင်တန်းပြီးဆုံးမည့်ရက် - 19.1.2024

🚩သင်တန်းရက် - တနင်္လာမှ သောကြာ

⏲️ သင်တန်းချိန် - ရုံးချိန်လွတ် ( ည ၆ နာရီခွဲမှ ၉ နာရီခွဲ )

🏡 သင်တန်းတက်ရမည့်ပုံစံ - Zoom ဖြင့် Face to Face သင်ရမည်။ (Live record ရှိသည်။)

⏳ သင်တန်းကာလ - ၄ လခွဲ (18 weeks), 270 hrs

📈 သင်ယူရမည့် level - 3 ခု (elementary, pre-intermediate, intermediate)

💸 သင်တန်းကြေး - အပြီးစီး ၄ သိန်း (သင်တန်းကြေး အရစ်ကျသွင်းနိုင်တဲ့အပြင် ပရိုမိုးရှင်းဖြင့် အပ်ပါက - ၂ သိန်းခွဲသာကုန်ကျပါမယ်။)

🎯အလုပ်ကိုင်နှင့် ပညာရေးအတွက် သင်တန်းသား ၁ ဦးချင်းရဲ့ လိုအပ်ချက်အလိုက် စနစ်တကျ free coaching ပြုလုပ်ပေးမည့် အစီစဥ် - ၁၀ ရက်

🚩 သင်တန်းအပ်နောက်ဆုံးလက်ခံမည့်ရက် - 18.9.2023

Improvia မှသင်တန်းသားများရဲ့ feedback တွေသိချင်တယ်ဆိုရင်
👉ကျောင်းသား ၅၀ ကျော်ရဲ့ Feedback တွေကို Page ရဲ့review box မှာကြည့်နိုင်သလို
👉အချို့ feedback တွေကို highlight လုပ်စုစည်းပေးထားတဲ့ page ရဲ့ feature post မှာလည်းကြည့်နိုင်ပါတယ်။

🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨🟨

18.9.2023 စမဲ့အတန်း သင်တန်းသား ၁၂ ဦးပြည့်သွားပါက ၁ လအကြာ (23.10.2023) မှသာ သင်တန်းအသစ်စမှာ ဖြစ်ပါတယ်။

ဒါကြောင့် အချိန် ၁ လ နောက်မကျချင်သူတွေက သင်တန်း အမြန်အပ်ထားဖို့ လိုပါတယ်နော်။ ‼️

သင်တန်း စုံစမ်းမယ်၊ သင်တန်းအပ်မယ်ဆိုရင် Page chat box (သို့မဟုတ်) comment box ကနေ "1 class 3 levels" လို့ ပို့ထားလိုက်ပါ။ Improvia ရဲ့ customer service manager မှ သိလိုသမျှကို အမြန်ဆုံး ဖြေကြားပေးသွားပါမယ်။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Study+Practice= Improve+Experience

Improvia English Together သည် အင်္ဂလိပ်စာကိုစိတ်ဝင်စားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် သင်တန်းတွေမတက်ဖြစ်သူများ၊ self-study ကိုတစ်စိုက်မတ်မတ်လုပ်ချင်သူများကို စုစည်း၍ ပျော်ရွှင်တက်ကြွစွာ အတူတကွလေ့လာကြသော learning platform တစ်ခုဖြစ်ပါသည်။

ကျွန်ုပ်တို့အဖွဲ့စည်းနှင့်ချိတ်ဆက်လေ့လာခြင်းဖြင့်ရရှိနိုင်သောအကျိုးကျေးဇူးများမှာ


  • အင်္ဂလိပ်စာ နှင့်ပတ်သက်သော 4 skills, ဝေါဟာရအသုံးနှုန်း, အသံထွက်, grammar စသည်တို့တိုးတက်သည့်အပြင်

  • လူအများနှင့်ပေါင်းသင်းဆက်ဆံရသည့်အတွက် communication skill
  • Videos (show all)

    British English Vs American English #improvia_education_tower #English #Elementary
    Improvia မှာ Listening ကို speaking နဲ့ ချိတ်ဆက်ပြီး ဘယ်လိုသင်လဲဆိုတာ ဒီ sample video လေးမှာ ကြည့်ကြည့်ပါ 💛
    ဒီလိုအတိအကျ ဘာသာပြန်နိုင်တဲ့ translator မျိုး ဘယ်နား သွားရှာရမလဲ 🤣🤣
    ဘာသာစကားလေ့လာနေသူတို့အတွက် တက်ကျမ်း          ယနေ့ခေတ်မှာ အများစုဟာ ဘာသာစကားအသစ်တွေကို သင်ယူဖို့ ကြိုးစားလာကြပြီး ရွေးချယ...
    ပွဲရှာနေတာလား.....လူငယ်ဘဝ အမှတ်တရတွေထဲမှာ Free workshop နဲ့ Event လေးတွေ club လေးတွေကို join ပြီး စိတ်တူဝါသနာတူသူလေးတွေန...
    Give away🎉
    English စာကိုလက်တွေ့စကားပြောလေ့ကျင့်ချင်တဲ့သူလေးတွေအတွက် IET ရဲ့ Speaking Class လေးရှိတယ်နော် 🤩 Speaking Class လေးမှာ စက...
    Native Speaker တစ်ယောက်လို ပြောပြီး ဆုငွေ ၁၀၀၀၀ ရမဲ့ challenge😎🙋‍♀️ European Week ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီနေ့မှာတ...
    Quiz Live မှာပါဝင်ပြီး Asian Week အတွက်မုန့်ဖိုးယူကြမယ် 🥳💛
    IET ရဲ့ 1 month intensive training class မှာ Speaking ကိုဘယ်လို နည်းအမျိုးမျိုးနဲ့ practice လုပ်ပေးလဲဆိုတာတော့ video ထဲသ...
    Germany သွားချင်သူတွေ လက်ထောင် 🙋‍♀️🙋🙋‍♂️ခုနောက်ပိုင်းဂျာမနီ နိုင်ငံ က ကျောင်းတွေက စရိတ်သက်သာပြီး ဂျာမနီနိုင်ငံမှာ အလုပ်ပ...

    Category

    Telephone

    Address

    No. 59/A, ၄ လွှာ၊ ဗိုလ်သူရလမ်း၊ ကြည့်မြင်တိုင်။
    Yangon

    Opening Hours

    Monday 08:00 - 20:00
    Tuesday 08:00 - 22:00
    Wednesday 08:00 - 22:00
    Thursday 08:00 - 22:00
    Friday 08:00 - 22:00
    Saturday 08:00 - 22:00
    Sunday 08:00 - 22:00

    Other Education in Yangon (show all)
    Taung Nyunt 3 Students Taung Nyunt 3 Students
    BEHS (3) Mingalar Taung Nyunt, Upper Pansodan Street
    Yangon

    Welcome to our reunion Taung Nyunt 3 students page and I hope all of our friends who are from BEHS 3

    Kant Kaw Kant Kaw
    No. 9 Kan Street, Hlaing Township
    Yangon, 11012

    Enhancing educational and career opportunities for Myanmar youth since 2009.

    CK တရုတ်စကားပြော CK တရုတ်စကားပြော
    Yangon

    တရုတ်စကားကို မြန်မြန်နဲ့လွယ်လွယ် တတ်လိုပါက ဒီပေ့ချ်က သင့်အတွက်နေရာမှန်ပါပဲခင်ဗျာ

    Alfred English Yangon Alfred English Yangon
    Anormar 19 Street ( West )
    Yangon

    English can't stop you life.

    Zwe Htet Education Center Zwe Htet Education Center
    No. 94, 93 Street, Kandawkalay, MingalarTaungNyunt Township
    Yangon

    KME Japanese Language School KME Japanese Language School
    No. 876, 2nd Floors, Nga Moe Yeik Ward, Lay Daunt Kan Road, Thingangyun Township
    Yangon

    Education

    Pro English language Pro English language
    Thaketa
    Yangon

    Your choice is your sense.

    Students' Choice Students' Choice
    Yangon

    Education

    Learn Deutsch with Nuel Learn Deutsch with Nuel
    Yangon

    education

    Brilliant Education Center Brilliant Education Center
    Yangon

    We aim to teach subjects relating to the business world at affordable prices.