MAPAL Myanmar
Myanmar Association of Persons Affected by Leprosy Official Page
"ခြေလက်များ အာရုံခံစားမှု ပျက်စီးဆုံးရှုံးခြင်း"
အနာကြီးရောဂါကူးစက်ခံရသူသည် အာရုံကြောပျက်စီးခြင်းအကျိုးဆက်အနေဖြင့် ၎င်းတို့၏ ခြေ နှင့်/သို့မဟုတ် လက်များမှာ အမြဲတစေ ခံစားမှု ဆုံးရှုံးနိုင်ပါသည်။ ရောဂါ ကုသမှု ပြီးဆုံးပြီဖြစ်ကြောင်း ထိုသူ့ကို တရားဝင်ပြောကြား ပြီးနောက်တွင်ပင် အာရုံခံစားမှုဆုံးရှုံးခြင်းမှာ ဆက်လက် ဖြစ်နိုင်ပါသည်။ အာရုံခံပျက်ဆီးရှုံးဆုံးသောသူသည် နေ့စဉ် လှုပ်ရှားဆောင်ရွက်မှုများတွင် ပုံမှန်ထက်ပို၍ ဂရုစိုက်ရန် အရေးကြီးသော ဒဏ်ရာအနာတရဖြစ်မှုနှင့် အနာ-ဒဏ်ရာများ ဖြစ်ပေါ်နိုင်ခြေအလားအလာများ ရှိပါသည်။
လက္ခဏာများ
လူတစ်ယောက်သည် သူ၏နေ့စဉ်လှုပ်ရှားဆောင်ရွက်မှုများကိုပြုလုပ်နေစဉ်အတွင်း အနာတရဖြစ်လေ့မရှိသည့် ခြေ၊ လက်များပေါ်တွင် အရည်ကြည်ဖုများ၊ ဒဏ်ရာအနာတရများ၊ မီးလောင်အကွက်များ၊ အနာ-ဒဏ်ရာများ ပေါ်ထွက်လာနိုင်ပါသည်။
ခြေထောက်များကို အကာအကွယ်ဖြစ်စေသည့် အာရုံခံစားနိုင်စွမ်းဆုံးရှုံးသော လူတစ်ယောက်သည် ဆူးများ၊ ဖန်စများ သို့မဟုတ် အံဝင်ခွင်ကျ မဖြစ်သော သို့မဟုတ် တင်းကြပ်သောဖိနပ် သို့မဟုတ် ရှူးဖိနပ် အတွင်းမှသံများ သို့မဟုတ် အရာဝတ္တုများကြောင့် ဖြစ်ပေါ်သည့် ထိခိုက်ဒဏ်ရာများကို အာရုံမခံစားနိုင်ပါ။
ဆောင်ရွက်ရမည့် လုပ်ဆောင်ချက်များ
အာရုံခံစားနိုင်စွမ်းဆုံးရှုံးသွားသူများကို ၎င်းတို့၏ မျက်စိများ လက်များ ခြေများကို ကောင်းကောင်းမွန်မွန် ဂရုစိုက်ရန် သင်ကြားပေးပါ။
ထပ်တိုးသတင်းအချက်အလက်များကို သိရှိစေရန်အတွက် Play Store တွင် MMRehapp ဟုရိုက်ရှာပြီး လေ့လာနိုင်ပါသည်။
"ခြေလက်များ အာရုံခံစားမှု ပျက်စီးဆုံးရှုံးခြင်း"
အနာကြီးရောဂါကူးစက်ခံရသူသည် အာရုံကြောပျက်စီးခြင်းအကျိုးဆက်အနေဖြင့် ၎င်းတို့၏ ခြေ နှင့်/သို့မဟုတ် လက်များမှာ အမြဲတစေ ခံစားမှု ဆုံးရှုံးနိုင်ပါသည်။ ရောဂါ ကုသမှု ပြီးဆုံးပြီဖြစ်ကြောင်း ထိုသူ့ကို တရားဝင်ပြောကြား ပြီးနောက်တွင်ပင် အာရုံခံစားမှုဆုံးရှုံးခြင်းမှာ ဆက်လက် ဖြစ်နိုင်ပါသည်။ အာရုံခံပျက်ဆီးရှုံးဆုံးသောသူသည် နေ့စဉ် လှုပ်ရှားဆောင်ရွက်မှုများတွင် ပုံမှန်ထက်ပို၍ ဂရုစိုက်ရန် အရေးကြီးသော ဒဏ်ရာအနာတရဖြစ်မှုနှင့် အနာ-ဒဏ်ရာများ ဖြစ်ပေါ်နိုင်ခြေအလားအလာများ ရှိပါသည်။
📌လက္ခဏာများ
🔹လူတစ်ယောက်သည် သူ၏နေ့စဉ်လှုပ်ရှားဆောင်ရွက်မှုများကိုပြုလုပ်နေစဉ်အတွင်း အနာတရဖြစ်လေ့မရှိသည့် ခြေ၊ လက်များပေါ်တွင် အရည်ကြည်ဖုများ၊ ဒဏ်ရာအနာတရများ၊ မီးလောင်အကွက်များ၊ အနာ-ဒဏ်ရာများ ပေါ်ထွက်လာနိုင်ပါသည်။
🔹ခြေထောက်များကို အကာအကွယ်ဖြစ်စေသည့် အာရုံခံစားနိုင်စွမ်းဆုံးရှုံးသော လူတစ်ယောက်သည် ဆူးများ၊ ဖန်စများ သို့မဟုတ် အံဝင်ခွင်ကျ မဖြစ်သော သို့မဟုတ် တင်းကြပ်သောဖိနပ် သို့မဟုတ် ရှူးဖိနပ် အတွင်းမှသံများ သို့မဟုတ် အရာဝတ္တုများကြောင့် ဖြစ်ပေါ်သည့် ထိခိုက်ဒဏ်ရာများကို အာရုံမခံစားနိုင်ပါ။
📌ဆောင်ရွက်ရမည့် လုပ်ဆောင်ချက်များ
အာရုံခံစားနိုင်စွမ်းဆုံးရှုံးသွားသူများကို ၎င်းတို့၏ မျက်စိများ လက်များ ခြေများကို ကောင်းကောင်းမွန်မွန် ဂရုစိုက်ရန် သင်ကြားပေးပါ။
ထပ်တိုးသတင်းအချက်အလက်များကို သိရှိစေရန်အတွက် Play Store တွင် MMRehapp ဟုရိုက်ရှာပြီး လေ့လာနိုင်ပါသည်။
06
“အမေ့မြေးလေးတွေကို ကူးမှာစိုးလို့ သူတို့အမေ့ကို ဒီမှာလာထားကြတာ”
(ယခင် ဆေးမပေါ်သေးတာကြောင့်လည်းကောင်း၊ အသိပညာ မကြွယ်သေးတာကြောင့်တစ်ကြောင်း အနာကြီးရောဂါဖြစ်လာပြီဆိုရင် ရွာပြင်ထုတ်ကြ၊ လူ့အသိုင်းအဝိုင်းက ပယ်ကြ ပြုလုပ်ကြပါတယ်)
#လူနဲ့လူ
အနာကြီးရောဂါကြောင့် ခန္ဓာကိုယ် ချို့ယွင်းချက်များကို ကာကွယ်တားဆီးရန်
"အနာကြီးရောဂါကြောင့်ခန္ဓာကိုယ်ချို့ယွင်းမှုများကိုကာကွယ်တားဆီးရန်"
အနာကြီးရောဂါကြောင့်ခန္ဓာကိုယ်ချို့ယွင်းမှုများကိုကာကွယ်တားဆီးရန်အကောင်းဆုံးနည်းလမ်းများမှာအောက်ပါတို့ဖြစ်ပါသည်။
🔹စောစီးစွာ သတင်းပေးပို့မှုကို ဆောင်ရွက်စေသည့် လူထုအသိပေးလှုံ့ဆော်မှုကို မြှင့်တင်ပါ။
🔹အချိန်မီ ရောဂါ တွေ့ရှိရန် ရောဂါရှာဖွေမှုကို စောစီးစွာ သေသေချာချာ ပြုလုပ်ပါ။
🔹အာရုံကြောများ၊ မျက်စိ၊ ခြေ နှင့်/သို့မဟုတ် လက်များကို မထိခိုက်မီ (MDT)ဖြင့် အနာကြီးရောဂါကို ကုသပါ။
🔹အာရုံကြောရောင်ရမ်းခြင်းကို စောစီးစွာ ဖော်ထုတ်ပြီး ကုသရန် အသိပေး ပြောကြားပါ။ ကြွက်သားများ အားနည်းခြင်း၊ ခြေ နှင့်/သို့မဟုတ် လက် ၏အာရုံခံစားနိုင်စွမ်း မရှိခြင်း၊ နာကျင်ခြင်းတို့ကို ကုသရန်အသိပေးပြောကြားရမည့်အခြေအနေများအဖြစ် ယေဘုယျအားဖြင့် အသိအမှတ်ပြု ထားပါသည်။
ထပ်တိုးသတင်းအချက်အလက်များကို သိရှိစေရန်အတွက် Play Store တွင် MMRehapp ဟုရိုက်ရှာပြီး လေ့လာနိုင်ပါသည်။
05
“အနာကြီးရောဂါဝေဒနာသည် ကုရာနတ္ထိဆေးမရှိပြီဟု အရင်ကဖြင့်ဆိုခဲ့သည်.. ♫♪♪ အခုတော့မဟုတ်ပါပြီ ♫♪♪ အခုတော့မမှန်ပါပြီ ♫♪♪ MDT ဆေးကိုတိုက်ကျွေး ရောဂါကင်းဝေးစေရမည် ♫♪♪”
#လူနဲ့လူ
04
"အနာကြီးရောဂါကျတော့ အသက်အန္တရာယ်မရှိဘူး။ သေချာပေါက်လည်း ပျောက်တယ်။ ငွေလုံးဝမကုန်ဘဲ ဆေးလည်း အခမဲ့ရရုံတင်မကဘူး သားဖွားဆရာမ အချောအလှလေးတွေကိုယ်တိုင် အိမ်တိုင်ရာရောက် ဆေးပေးတိုက်ကျွေးကျတာဆိုတော့”
(အနာကြီးရောဂါပျောက်ကင်းစေသည့် MDT (အမ်ဒီတီ ဆေးပေါင်း) ကို နီးစပ်ရာ ကျန်းမာရေးဌါနများတွင် အခမဲ့ရရှိနိုင်ပါသည်။)
" #လူနဲ့လူ
ထပ်တိုးသတင်းအချက်အလက်များကို သိရှိစေရန်အတွက် Play Store တွင် MMRehapp ဟုရိုက်ရှာပြီး လေ့လာနိုင်ပါသည်။
အောက်ပါလင့်ခ်တွင်လည်း Download ရယူနိုင်ပါသည်။
https://play.google.com/store/apps/details?id=com.mmrehapp.tlmmrehapp
"အနာကြီးရောဂါ မိတ်ဆက်"
အနာကြီးရောဂါဆိုသည်မှာ အသက်အရွယ်၊ ကျားမ၊ လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာမရွေးကူးစက်နိုင်သော (Mycobacterium leprae) အနာကြီးရောဂါ ဘက်တီးရီးယားပိုးက ဖြစ်စေသည့် ကူးစက်ရောဂါဖြစ်ပါသည်။ ထိုရောဂါသည် အနာကြီးရောဂါရှိပြီး ကုသမှုကိုမခံယူရသေးသောလူတစ်ဦးတစ်ယောက်မှ စကားပြောခြင်း၊ ချောင်းဆိုးခြင်း သို့မဟုတ် နှာချေစဉ်အတွင်းလေထဲတွင် ဖြတ်သန်းသွားသော အစက်အမှုန် လေးများမှတစ်ဆင့် ကူးစက်ပျံ့နှံ့နိုင်ခြေ အများဆုံး ဖြစ်ပါသည်။
လူအများစုသည် အနာကြီးရောဂါကို သဘာဝအရ ခံနိုင်ရည်စွမ်းရှိသည်ဟု ယူဆနိုင်ပါသည်။ အနာကြီးရောဂါဖြစ်ပွားမှု ရှိနေသေးသည့် နိုင်ငံများတွင် (ဝ.၀၁)ရာခိုင်နှုန်းအောက် လျော့နည်းသည့်) အနည်းငယ်သောလူများမှာ အနာကြီးရောဂါ ကူးစက်ပြန့်ပွားမှု ရှိမြဲရှိနေပါသည်။ အခြားကူးစက် ရောဂါများ ကဲ့သို့အနာကြီးရောဂါသည် ပဋိဇီဝဆေးများဖြင့်ကုသနိုင်ပါသည်။
အနာကြီးရောဂါသည် အပူ၊ အအေး၊ အထိအတွေ့နှင့် နာကျင်မှုဝေဒနာတို့ကို အာရုံခံစားနိုင်စွမ်း ဆုံးရှုံးခြင်းနှင့်အတူ အရေပြားအကွက်တစ်ခုအနေဖြင့် အမြဲလို စတင်လေ့ရှိပါသည်။ ထိုရောဂါသည် အာရုံကြောများကို ထိခိုက်၊ ပျက်စီး စေနိုင်ပါသည်။ အနာကြီးရောဂါကို မကုသလျှင် ထိုအာရုံကြော ပျက်စီးမှုသည် အာရုံခံစားမှု နှင့် မျက်စိ၊ ခြေ၊ လက် တို့၏ လှုပ်ရှားမှုများတွင် ပြဿနာများ ဖြစ်ပေါ်လာစေနိုင်ပါသည်။ သို့သော် အနာကြီးရောဂါရှိသူ တစ်ဦးသည် မှန်မှန်ကန်ကန် နှင့် အချိန်မီကုသမှု ရယူလျှင် အာရုံကြောအများစု ထာဝရပျက်စီးမှုကို ကာကွယ်တားဆီး နိုင်ပါသည်။
ထပ်တိုးသတင်းအချက်အလက်များကို သိရှိစေရန်အတွက် Play Store တွင် MMRehapp ဟုရိုက်ရှာပြီး လေ့လာနိုင်ပါသည်။
“အနာကြီးရောဂါမှ ကူးတာမဟုတ်ပါဘူး။ အဆုတ်ရောဂါ၊ အသည်းရောင်အသားဝါရောဂါ၊ AIDS ရောဂါတွေလည်း ကူးစက်ရောဂါတွေပဲ။ အားလုံးကြောက်စရာကောင်းတာချည်းပဲ။ ဆရာဝန်ဆိုတာက ရောဂါကူးမှာကြောက်ပြီး မကုလို့တော့ ဘယ်ဖြစ်ပါ့မလဲ”
#လူနဲ့လူ
'မိဘဆွေမျိုးထဲမှာရော ဒီရောဂါဖြစ်တဲ့သူ ရှိလား'
(အနာကြီးရောဂါသည် ဆေးမသောက်ရသေးသောလူနာမှ ကူးစက်နိုင်သောကြောင့် မေးခြင်းဖြစ်သည်။
မျိုးရိုးလိုက်တတ်သောကြောင့် မေးခြင်းမဟုတ်ပါ)
#လူနဲ့လူ
"ဒါ့ကြောင့်မို့လည်း မြန်မာပြည်က အနာကြီးရောဂါတိုက်ဖျက်ရေးမှာ ဝင်ရောက်လုပ်ကိုင်နေကြတဲ့ သားဖွားဆရာမလေးတွေကို Red Angel (အနီရောင်ဝတ် နတ်မိမယ်လေးတွေ) လို့ နိုင်ငံတကာက တင်စားခေါ်ကြတာပေါ့ဗျာ"
#လူနဲ့လူ
လူနဲ့လူ ဆိုတဲ့ အနာကြီးရောဂါ အသိပညာပေးဇာတ်ကားလေးကို မကြာမီ တင်ပေးပါမယ်ခင်ဗျာ။
ဇာတ်ကားဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းပုံဖော် ကူညီခဲ့ကြသူအားလုံးကို လေးစားစွာဖြင့် credit ပေးပါသည်ခင်ဗျာ။
#လူနဲ့လူ
Leprosy Sunday (အနာကြီးရောဂါ ဥပုသ်နေ့) အစီအစဉ်ကို TLM Myanmar နှင့် မြန်မာနိုင်ငံ အနာကြီးရောဂါခံစားရသူများ အသင်း MAPAL Myanmar ( လွိုင်လင်) တို့ ပူးပေါင်းဦးဆောင်ပြီး ဦးဆောင်ပြီး Hokhai Leprosy Colony ရှိ ကက်သလစ်ခရစ်ယာန်ဘုရားကျောင်း, လွိုင်လင်မြို့တွင် ပြုလုပ်ခဲ့ပါသည်။ အစီအစဉ်ကို စက်တင်ဘာလ (၁၀) ရက်နေ့တွင်ပြုလုပ်ခဲ့ပြီး တက်ရောက်သူစုစုပေါင်း ၃၅၀ ဝန်းကျင်ခန့်ပါဝင်တက်ရောက်ခဲ့ပါသည်။ တက်ရောက်သူများတွင် အနာကြီးရောဂါခံစားနေရသူများနှင့် မိသားစုဝင်များ၊ မသန်စွမ်းသူများနှင့် မိသားစုဝင်များ၊ အသင်းတော်မှ တာဝန်ရှိသူများနှင့် အခြားမိတ်ဖက်အဖွဲ့အစည်းများ ပါဝင်တက်ရောက်ခဲ့ပါသည်။
အနာကြီးရောဂါဥပုသ်နေ့ အစီအစဉ်တွင် TLM Myanmar မှ တာဝန်ရှိသူများမှ အစီအစဉ်ပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင် အဖွင့်စကားကို ပြောကြားခဲ့ပြီး ဒေါက်တာမြတ်သီတာက အနာကြီးရောဂါ ဗဟုသုတများဝေမျှပေးကာ ဉာဏ်စမ်းမေးခွန်းများ မေးမြန်းခဲ့ပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။ ထို့အပြင် MAPAL လွိုင်လင်မှ ဘဏ္ဍာရေးမှူး ဒေါ်စေးမြာ၏ ဘဝအတွေ့အကြုံများကို သူမကိုယ်တိုင် ဝေမျှခဲ့ပါသည်။ ဖျော်ဖြေရေးအစီအစဉ်အနေဖြင့် MAPAL အဖွဲ့ဝင်များက အနာကြီးရောဂါဥပုသ်နေ့နှင့်သက်ဆိုင်သည့် ပြဇာတ်အား တင်ဆက်ပေးခဲ့ပါသည်။
ထို့နောက် TLM Myanmar မှလုပ်ဆောင်နေသည့် ဝန်ဆောင်မှုများအကြောင်းနှင့် Hokhai Leprosy Colony ရှိ အထူးဖိနပ်ဝန်ဆောင်မှုအကြောင်းကိုလည်း မိတ်ဆက်ပေးခဲ့ပါသည်။ နောက်ဆုံးအစီအစဉ်အဖြစ် အနာကြီးရောဂါခံစားရသူများကို ဆုတောင်းမေတ္တာများ ပို့သပေးခဲ့ပါသည်။
Basic Leprosy and Self-care Training
အနာကြီးရောဂါသည် မျိုးရိုးလိုက်သောရောဂါမဟုတ်ပါ။
ရောဂါဖြစ်ဖူးသူ၏ သားသမီး သို့ ဆွေမျိုး ဖြစ်သည်ကို တွေ့ရလေ့ရှိသောကြောင့် ကောက်ချက်ချထားသော စကားသာဖြစ်ပါသည်။ အမှန်မှာ ကလေးဘဝကစ၍ ကာလကြာရှည် အတူနေခဲ့ကြသောကြောင့် ရောဂါကူးစက်ခံရခြင်းသာ ဖြစ်ပါသည်။ ကလေးမမွေးခင် ဆေးကုထားပါက မကူးစက်နိုင်တော့ပါ။
အနာကြီးရောဂါသည် မျိုးရိုးလိုက်သော ရောဂါမဟုတ်ပါ....
photo crd: NLCP
အနာကြီးရောဂါ၏ ကနဦးလက္ခဏာများ
‘ယက္ကန်းထည်ရှိတယ် ဝယ်မယ်တဲ့လား’
မြန်မာနိုင်ငံအနာကြီးရောဂါခံစားရသူများအသင်း(လှိုင်သာယာ) ၏ ဥက္ကဋ္ဌဖြစ်သူ ဦးပေတိုးသည် ဒီနေ့(၁၅-၅-၂၀၂၃)တွင် ဘဝတစ်ပါးသို့ ကူးပြောင်းသွားပါသဖြင့် မိသားစုနှင့်အတူ ထပ်တူဝမ်းနည်းရပါသည်။
We are deeply saddened by the loss of U Pay Toe (Chairperson of MAPAL-Hlaingtharyar). May his soul Rest in Peace.
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ မရမ်းချောင်ကျေးရွာရှိ မေတ္တာဂေဟာ၌ မြန်မာနိုင်ငံအနာကြီးရောဂါခံစားရသူများအသင်း (လှည်းကူး) ကို ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် အသင်းဝင်စုစုပေါင်း (၄၇)ဖြင့် ဖွဲ့စည်းခဲ့သည်။ အသင်းဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ကူညီပံ့ပိုးပေးကြသူအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။
MAPAL-Hlegu was formed on 20th February 2023 with 47 members at Myitta Center , Ma Yan Chaung village, Hlegu Township, Yangon. Thank you very much to everyone who has supported to become MAPAL-Hlegu.
မြန်မာနိုင်ငံအနာကြီးရောဂါခံစားရသူများအသင်း (မော်လမြိုင်ကျွန်း) ပြန်လည်ဖွဲ့စည်းခြင်း ကို မတ်လ ၁၀ ရက်နေ့မှာ မော်လမြိုင်ကျွန်းမြို့၊ သစ်ဖြူချောင်းအသင်းတော်၌ ပြုလုပ်ခဲ့ပါသည်။ ကျေးရွာအသီးသီးမှ အသင်းဝင်အဟောင်းများ၊ အနာကြီးခံစားရသူများ၊ အသင်းတော်များမှ ဦးဆောင်သူများ တက်ရောက်ခဲ့ကြပါသည်။ တက်ရောက်ကြသူများ၊ ကူညီပံ့ပိုးကြသူများအားလုံးကို ကျေးဇူးတင်ရှိပါသည်။
Re-formation of MAPAL-Mawlamyinegyun was conducted on 10 March 2023 at Thit Phyu Chaung Church, Mawlamyinegyun Township. Members of MAPAL-Mawlamyinegyun, persons affected by leprosy and Church leaders were attended. We would like to say special thank to all those who participated.
သင်တန်းတွင် ဗီဒီယိုပြကွက်များနှင့် လက်တွေ့လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် သင်ကြားရသည်ကို နှစ်သက်ပါသည်။ မိမိကိုယ်တိုင် လိုအပ်တဲ့လေ့ကျင့်ခန်းများကို လုပ်ပါသည်။ MAPAL အဖွဲ့သူ၊သားများသို့ မျှဝေပါမည်။ နီးစပ်ရာ၊ ပတ်သက်ရာ လိုအပ်သူတိုင်းကို ပြောပြပေးပါမည်။ လူအများကိုအသိပညာပေးဖို့ တိကျမှန်ကန်သော အချက်အလက်များကို ဒီသင်တန်းက ရရှိခဲ့ပါသည်။
I like teaching though video shows and practical exercises. Teacher taught me how to do exercises necessary for my deformities. I’ll share those exercises with MAPAL members and anyone who needs those. This training also provided accurate information to educate people in the community.
မသီတာမြင့်
မြန်မာနိုင်ငံအနာကြီးရောဂါခံစားရသူများအသင်း (တောင်ငူမြို့)
သင်တန်းတွင် အနာကြီးရောဂါခံစားသူများ အချင်းချင်းအသိအမြင် ဖလှယ်ခြင်း၊ အနာကြီးရောဂါအကြောင်း ဆွေးနွေးခြင်း လှုပ်ရှားမှုများပြုလုပ်ခဲ့ပြီး အနာကြီးရောဂါခံစားရသူများသည်လည်း လူ့အခွင့်အရေးအပြည့်ရှိသောကြောင့် ခွဲခြားမှုများပပျောက်သင့်ကြောင်း အတွေးအခေါ်ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ပါသည်။
We got opportunities to exchange life experiences gained among fellow persons affected by leprosy, to discuss about leprosy as a disease through teachings, role plays during training. We learned persons affected by leprosy should also receive full human rights and therefore it needs to change views towards persons affected by leprosy and discrimination against them.
ဦးဉာဏ်မြင့်
မြန်မာနိုင်ငံအနာကြီးရောဂါခံစားရသူများအသင်း (ပြည်မြို့)
သင်တန်းမှာ မိမိကိုယ်ကို စောင့်ရှောက်ခြင်း (Self care) အကြိုက်ဆုံးပါ။ မိမိရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းများသည် တန်ဖိုးကြီးပါသည်။ အနာကြီးပိုးရဲ့ တိုက်ခိုက်ခြင်းကိုကာကွယ်နိုင်စွမ်းရှိတဲ့ သင်ခန်းစာမို့ပါ။ မြန်မာနိုင်ငံတွင် အနာကြီးကင်းဝေးသွားသည်အထိ အစွမ်းကုန်လုပ်ဆောင်ရမည်ဟု တွေးခေါ်ယူဆခြင်းများ ခံယူမိပါတယ်။
I like ”self-care” session the most during training. I realize how precious our body parts are. Because this session could help prevention ourselves from damages caused by leprosy bacteria. And I realized I need to do all what I can to make Myanmar leprosy free.
ဦးထင်ကျော်ဦး
မြန်မာနိုင်ငံအနာကြီးရောဂါခံစားရသူများအသင်း (မကွေးမြို့)
Voices of Thaw Tar Min (MAPAL-Shwebo) who attended Leprosy Refresher Training.
Leprosy refresher training and MAPAL strategic plan workshop were conducted on 15 to 19 December 2022.
Ma Thida Myint, Secretary of Myanmar Association of Persons Affected by Leprosy (MAPAL) attended the 2nd Global Forum of People's Organizations on Hansen's Disease.
Many people around the world showed their commitment and goodwill to join the journey of towards zero leprosy.
What is Leprosy?
It's only mildly infectious and can be cured with a course of medication.
ဒီနေ့ (Jan 30, 2022)ရက်နေ့ဟာ ကမ္ဘာ့အနာကြီးရောဂါနေ့ (World Leprosy Day) ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် ကမ္ဘာ့အနာကြီးရောဂါနေ့ အထိမ်းအမှတ်အခမ်းအနားကိုတော့ မန္တလေးမြို့မှာ ခမ်းခမ်းနားနား ကျင်းပနိုင်ခဲ့ပါတယ်။
ဒီနှစ်မှာတော့ အထိမ်းအမှတ် အခမ်းအနား မကျင်းပနိုင်တဲ့အတွက် ကျွန်တော့်တို့ မြန်မာနိုင်ငံအနာကြီးရောဂါ ခံစားရသူများအသင်း (MAPAL) အဖွဲ့သားများကနေပြီး အနာကြီးရောဂါနဲ့ ပတ်သက်တဲ့ သိကောင်းစရာများကို လက်ဆင့်ကမ်းဝေမျှလိုက်ပါတယ်။
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the organization
Telephone
Website
Address
No. 12k, Pyi Thu Street, 7miles, Mayangone
Yangon
11061
Opening Hours
Monday | 09:00 - 18:00 |
Tuesday | 09:00 - 18:00 |
Wednesday | 09:00 - 18:00 |
Thursday | 09:00 - 18:00 |
Friday | 09:00 - 18:00 |