Tun Tun Latt

Tun Tun Latt

You may also like

muhsinmusimk996
muhsinmusimk996

မသန်စွမ်းများအတွက် ခြေတုလက်တုများ?

29/11/2023

ခါတခြမ်းစောင်းကွေးကောက်ခြင်း Scoliosisကိုတည့်မတ်ပေးပုံအဆင့်ဆင့်..........................................................
👉Scoliosis သည်အများအားဖြင့် idiopathic (ဖြစ်ရသည့်အကြောင်းရင်းအတိအကျမသိ)ကြောင့်ဖြစ်ရပြီးမွေးရာပါ၊ ကြွက်သားနှင့်အကြောရောဂါများကြောင့်လည်းဖြစ်ရသည်။
👉ကမ္ဘာတဝမ်းလူဦးရေ၏ 2.52% (လူတရာလျင် ၃ဦးခန့်) ဖြစ်ပွားပြီး US တွင်ဖြစ်ပွါးသူ၉သန်းခန့်ရှိသည်။ မြန်မာနိုင်ငံတွင် Data collection စာရင်းအတိအကျကောက်ခံခြင်းမရှိသော်လည်းအလွန်များသည်ဟုသိရပါသည်။
👉စောစောသိရှိလျင်(၉-၁၇နှစ်အတွင်း)ထိရောက်စွာကွေး​ကောက်ခြင်းကိုလျော့ချကုသနိုင်ပြီး၊နောက်ကျမှသိရှိပါက(၁၇နှစ်အထက်) ကွေးကောက်ခြင်းကိုပို၍မဆိုးသွားအောင်သာထိန်းထားနိုင်ပါသည်။
👉ကွေးကောက်ခြင်း (Cobb Angle) 25 degree အောက်ကို ကုသရန်မလိုဘဲပုံမှန်ပြန်ဖြစ်နိုင်ပါသည်။
👉 ကွေးကောက်ခြင်း (Cobb Angle) 25-45 degree အကြားကို အထိန်းကရိယာ Braceနှင့် လေ့ကျင့်ခန်း Physiotherapist exercise နှစ်ခုတွဲ၍ကုသပါကအလွန်ထိရောက်ပါသည်။
👉ကွေးကောက်ခြင်း Copp Angle 50degree နှင့်အထက်အတွက် Surgery ခွဲစိတ်ကုသခြင်းသာအသင့်လျော်ဆုံးဖြစ်သည်။ (ကျောရိုးခွဲစိတ်ခြင်းသည် ငွေကုန်ကြေးကျအလွန်များပြီး (Thai , Singaporeတို့တွင်ခွဲစိတ်ပါကကျပ် သိန်း၅၀၀ မှ သိန်း၁၀၀၀ကုန်ကျနိုင်) အန္တရယ်ကြီးလွန်းသောကိစ္စဖြစ်သည်)
👉မကုသဘဲထားရှိပါက ခါးသိသာစွာစောင်းလာပြီးခါးနာလာမည်၊ နောက်ပိုင်းတွင်ပိုဆိူးလာနိုင်ပီးinternal organs အဆုတ်နှင့်နှလုံးစသည်တို့ကိုထိခိုက်ပျက်စီးစေသဖြင့်အသက်ကိုဒုက္ခပေးနိုင်သည်။
👉 multidisciplinary ခေါ်သည့် Doctor , PT , PO အားလုံးအတူတကွteam work ဖြင့်ပူးပေါင်းလုပ်ဆောင်ရသည့်အတွက်အလွန်ရလဒ်ကောင်းထွက်ရှိပါသည်။
👉အောက်မှvideo လေးမှာ Copp Angle 35degree နှင့်အသက် ၁၃နှစ်ခန့်ရှိသောသမီးလေးအားကုသပေးပုံအဆင့်ဆင့်ကို ဗဟုသုတအလို့ဌာဝေငလိုက်ပါသည်။ပညာပေးဗဟုသုတဖြစ်သဖြင့် Scoliosis ဖြစ်နေသောသားသမီးများ၏မိဘများအတွက်အသုံးဝင်မည်ဟုမျော်လင့်မိပါသည်။

Scoliosis Angle35degree Sign grade3 # Bostom brace&Physio treatment team work

Photos from Tun Tun Latt's post 09/11/2023

လုပ်​ပေးခဲ့သမျှခြေတုတွေထဲအခက်ခဲဆုံးနဲ့အတန်ဆုံးတခုပါဘဲ….
အသက်၁၂နှစ်အရွယ်ကင်ဆာကြောင့်ပေါင်အရင်းမှဆုံးရှုံးခဲ့သော်လည်း လောကဓံကိုဒီလိုရင်ဆိုင်ကျော်လွားနေသူလေး…
ဒီမနက်တက်လာတဲ့သူ့comment လေးကအသက်😍


လင်းလက်တောက်ပ-နည်းပညာမြင့် ခြေတုလက်တု Lab & showroom

Photos from Tun Tun Latt's post 08/11/2023

လက်အနုပညာ😍
၉တန်းကျောင်းသူဒီသမီးလေးရဲ့မွေးရာပါလက်လေးကသိပ်အဆင်မပြေတော့လက်လှလှလေးတခုစီစဉ်ပေးလိုက်ပါတယ်


လင်းလက်တောက်ပ-နည်းပညာမြင့် ခြေတုလက်တု Lab & showroom

05/11/2023

လက်ဆုံးရှုံးသွားတဲ့လူငယ်လေးတယောက်အတွက်ကျောင်းတက်ဖို့ဘောပင်ကိုင်ရမယ်၊ ဆိုင်ကယ်စီးလဲအဆင်ပြေရမယ်၊လှပဖို့လဲလိုတဲ့ စက်ရုပ်လက်လေးတခုပြုလုပ်ပေးခဲ့ပါတယ်💪


လင်းလက်တောက်ပ-နည်းပညာမြင့် ခြေတုလက်တု Lab & showroom

03/11/2023

ပြီးခဲ့တဲ့အပတ်Yangzhou မြို့တွင်ကျင်းပခဲ့တဲ့အာရှAsian gamesတွင်
ကယားတိုင်းရင်းသူလေးလော်ရာဝင်းမှတတိယကြေးဆုရယူနိုင်ခဲ့💪

Photos from Tun Tun Latt's post 19/10/2023

Regular Customer ဆိုတာ😊

လွန်ခဲ့တဲ့၁၇နှစ်တုံးကဒီကလေး၂ယောက်လုံးကိုကိုယ်တိုင်ခြေတုလုပ်ပေးခဲ့ဖူးတယ် အဲဒီတုံးကသူတို့အသက်၁၃နှစ်ဘဲရှိကြသေးတယ်
ခုတော့သူတို့အသက်၃၀ မှာခြေတုထပ်လုပ်ပေးရပြန်ပီ
တွေ့ကြ ဆုံကြ ဘဝသံသရာခရီးသွားတွေပါဘဲ😊

လင်းလက်တောက်ပ-နည်းပညာမြင့် ခြေတုလက်တု Lab & showroom

28/09/2023

ကယားတိုင်းရင်းသူလေးလော်ရာဝင်းအတွက်နိုင်ငံတကာမှာဝင်ရောက်ယှဉ်နိုင်ဖို့လွန်ခဲ့တဲ့၅နှစ်တည်းကအပြေးခြေတုလုပ်ပေးခဲ့တာခုတော့နိုင်ငံအတွက်ငွေ၄ဆုရယူခဲ့ပြီး ရွှေဆုရဖို့ကြိုးစားရုန်းကန်နေသူလေး…
Fighting လော်ရာ💪

Photos from Tun Tun Latt's post 22/09/2023

စီလီကွန်ခြေတုနှင့်ကုန်ကျစရိတ်များ
…………………………………………………
မိမိလက်ရှိပြုလုပ်ပေးနေသည့်နည်းပညာမြင့် စီလီကွန်/Gel ခြေတုများအကြောင်းနှင့် ခြေတုတခုရဲ့ကုန်ကျငွေသိလိုသူများအတွက်အသေးစိတ်အကြောင်းအရာများသိရှိနိုင်စေရန်ဗဟုသုတဝေငလိုက်ပါတယ်👇

(1) ခြေတုတစ်ချောင်း ဘယ်လောက်လဲ
ကမ္ဘာပေါ်တွင်ခြေတုလက်တုအမျိုးအစားရာနှင့်ချီပြီးအမျိုးမျိုးရှိပါတယ်၊ ခြေတုပြုလုပ်ကုန်ကျစရိတ်များလဲ တမျိုးနှင့်တမျိုး ဘယ်လိုမှ မတူညီကြပါ။ ကျပ် ၁၀သိန်းမှစ၍ ကုန်ကျသောခြေတုများရှိသလို ကျပ်သိန်း ရာနှင့် ထောင်နှင့်ချီပြီး ကုန်ကျသောခြေတုများလည်း အများကြီးရှိပါသည်။ ခြေဖဝါးတဖက်ထဲ၁သိန်းကျော်ရှိသလို သိန်း၁၀မှ ရာကျော်သော Ottobockခြေဖဝါးအမျိုးမျိုးရှိသည်။ Germany made Ottobock brand Genium X3 Knee ဒူးဆစ်သုံးခြေတု ဆိုလျှင် $100000ကျော် ငွေကျပ် သိန်း ၃၀၀၀ အထက်ရှိပါသည်။
(ကုန်ကျစရိတ်များအကြောင်းနောက်မှအလျင်းသင့်သလိုထပ်မံရှင်းပြပေးပါအုံးမည်။)

- ဘာအကြောင်းကြောင့် ခြေထောက်ဖြတ်ရလဲ၊
ဆုံးရှုံးသွားတဲ့ခြေလက်အတိုအရှည်အနေထားစသဖြင့်ပေါ်မူတည်ပြီးပညာရှင်များကအသင့်တော်ဆုံးdesign ခြေတုလက်တုမျိုးလုပ်ဖို့အကြံပေးရပါတယ်။ခြေတုအသုံးပြမဲ့သူက ခြေတုဖြစ်ရင်ပီးရောဆိုတာမျိုးထက် ကိုယ်တတ်နိုင်သောငွေကြေးအနေအထား(ကိုယ်တတ်နိုင်တတ်နိုင်သလောက်၊မတတ်နိုင်လည်းမတတ်နိုင်သလောက်)၊မိမိခြေတောက်အနေအထား၊ ကျမ်းမာရေးအနေအထားအပေါ်မူတည်ပီးဘယ်လိုခြေတုမျိုးအသုံးပြုသင့်လဲစသဖြင့်ပညာရှင်များနှင့်တိုင်ပင်ပြီးရွှေးချယ်ပါက မနာမကျဉ် သက်တောင့်သက်သာရှိပြီးရေရှည်အသုံးပြုနိုင်သောခြေတုမျိုးရရှိမှာဖြစ်ပါတယ်။

(2) ဆီလီကွန်ခြေတုအကြောင်း
အထက်တွင်ရှင်းပြခဲ့သလို ခြေတုအမျိုးအစားအများကြီးရှိသည့်အနက် စီလီကွန်ခြေတုသည်နည်းပညာမြင့်ပီးကုန်ကျစရိတ်ပုံမှန်ထက်ပိုများသောခြေတုမျိုးဖြစ်သည်။ အသုံးပြုသည့်အခါပေါ့ပါးမှု သက်တောင့်သက်သာအလွန်ရှိမှုများကြောင့်လူကြိုက်များပီး ဆီးချို၊ သွေးကြောပိတ်၊ ကင်ဆာ၊ သက်ကြီးရွယ်အိုများ၊ခြေဖြတ်ပိုင်းမကောင်းသဖြင့်နာကျင်သောသူများအတွက်အလွန်သင့်လျော်သည်။
ခြေတုတခုတွင်အစိတ်ပိုင်းအများကြီးရှိသည့်အနက် ဆီလီကွန်သည် မိမိ၏ခြေပြတ်ပိုင်းနှင့်ခြေတုခွက်(socket)အကြားသက်တောင့်သက်သာရှိစေရန် cushion သဖွယ်ခံပေးထားသည့်အတွင်းလိုင်နာဖြစ်ပါသည်။ပုံတွင်ကြည့်ပါ👇

ဆီလီကွန်လား? Gel လား?
ခြေတုအတွင်းလိုင်နာအမျိူးစားများစွာရှိသည့်အနက် လွန်ခဲ့သည့်၁၀နှစ်ခန့်ကဆီလီကွန်ကို တွင်ကျယ်စွာအသုံးပြုခဲ့ကြသည်၊ သို့သော်ဆီလီကွန်သည်အားသာချက်များရှိသလိုအားနဲချက်များလဲရှိခဲ့ပါတယ်
အဓိကအကြောင်းရင်းမှာ အရေပြားဓာတ်မတည့်မှူ၊ချွေးထွက်များပြီးပူခြင်းများကြောင့် သက်တောင့်သက်သာ မရှိမှူ၊ အနံ့အသက်မကောင်းမှူတို့ ဖြစ်ပေါ်စေသည်။ ထိုအကြောင်းများကြောင့် နောက်ပိုင်းတွင်ဆီလီကွန်ထက်ပို၍ပျော့ပြောင်းပြီး ၊ အရေပြားဓာတ်မတည့်မှူလဲအလွန်နဲပီး ၊ ဆီလီကွန်ကဲ့သို့လဲမပူသဖြင့် ချွေးထွက်အလွန်နည်းပါးသော Gel linerကိုအစားထိုးအသုံးပြုလာခဲ့ကြပါသည်။
အမျိုးစားတူသည်ဟုထင်ရသော်လည်း ဆီလီကွန်သည် Gel linerထက် အနည်းငယ်ပိုမာ၍ပိုထူပြီး၊ အရေပြားဓာတ်မတည့်မှုပိုဖြစ်ပေါ်တတ်သည်။

Gel Liner သုံးထားသည့် ခြေတုအမျိုးမျိုးရှိသည့်အနက် မိမိကိုယ်တိုင်ပြုလုပ်ပေးခဲ့သော၊ အဓိကအားဖြင့်အသုံးပြုကြသည့်အမျိုးစား၃မျိုးကိုပုံနှင့်တကွရှင်းပြထားပေးပါတယ်👇

1.Gel Sock
2.Pin lock Gel liner
3.Valve Gel liner

Gel Liner အမျိုးစားများသည် Gel ပါဝင်မှူအနဲအများ ၊ Gel၏ အရည်အသွေး ထုတ်လုပ်သည့် နိုင်ငံ နှင့် brand ပေါ်မူတည်၍ကုန်ကျစရိတ်အစားစားကွဲပြားပါသည်။

Gel Sock
ဤအမျိုးစားသည် ခြေအိတ်အနေဖြင့်သုံးရသောအမျိုးစားဖြစ်သည်။ ဒူးခါးပတ်မလိုပါ။
ခြေတုခွက်နှင့်တိုက်ရိုက်မစွပ်ခင်အပျော့သားလိုင်နာ( EVA) ခွက်ဖြင့်အရင်စွပ်ရပါသည်
အပေါ်တွင်ဖော်ပြထားသော liner အမျိူးစားများကဲ့သို့မထူပဲ gel ပါဝင်မှု ပမာဏ အနဲငယ်လျော့သောကြောင့် အပျော့သားတစ်ထပ်ခံရခြင်းဖြစ်ပါသည်
ကုန်ကျစရိတ်မှာChina made ၅သောင်း၊တစ်သ်ိန်းမှစ၍ brand ၊ ထုတ်လုပ်သည့်နိုင်ငံပေါ်မူတည်၍ ၁၄သိန်းခန့်ကုန်ကျနိုင်ပါသည်။ ဂျာမနီ Ottobock brand မှာ ၁၄ သိန်းခန့်ရှိပါသည်။
အောက်မှပုံများတွင်လေ့လာပါ။👇

Pin lock liner
ခြေတုကိုကျွတ်မကျစေရန် Pinဖြင့်ထိန်းပေးသော အမျိုးစားဖြစ်ပါသည်
ခြေထောက်တွင်တိုက်ရိုက်စွပ်ပြီး သည်နှင့် ခြေတုခွက်စွပ်၍စီးရသောအမျိုးစားဖြစ်ပါသည်။ ဒူးခါးပတ်မလိုပါ။
Pinlock Gel Liner တစ်ခု၏ကုန်ကျစရိတ်သည် ၁၄သိန်းမှ ၂၈သိန်းချန့်ကုန်ကျနိုင်ပါသည်။ ဂျာမနီ Ottobock brand မှာ ၂၈သိန်းခန့် ကုန်ကျသည်။

Valve Liner
ခြေတုကိုကျွတ်မကျစေရန်လေစုပ်အားဖြင့်ထိန်းပေးသောအမျိုးစားဖြစ်ပါသည်။ ဒူးခါးပတ်မလိုပါ။
ခြေထောက်တွင်တိုက်ရိုက်စွပ်ပြီး သည်နှင့် ခြေတုခွက်စွပ်၍စီးရသောအမျိုးစားဖြစ်ပါသည်။
ကုန်ကျစရိတ်မှာ Pin lock linerနဲ့စျေးအတူတူနီးပါးဖြစ်ပါတယ်
Valve Gel Liner တစ်ခု၏ ကုန်ကျစရိတ်သည် ၁၄သိန်းမှ ၂၈သိန်းခန့်ကုန်ကျနိုင်ပါသည်။ ဂျာမနီ Ottobock brand မှာ ၂၈သိန်းခန့် ကုန်ကျသည်။

ခြေတုအသုံးပြုသူများအဆင့်မြင့်ခြေတုများအကြောင်းပိုပြီးဗဟုသုတတိုးပွါးစေရန်ရည်ရွယ်ပါသည်။🤗
Tun Tun Latt(Prosthetist&Orthotist)

Address
လင်းလက်တောက်ပခြေတုလက်တု
တိုင်းစီတီ ၊ တိုင်းမောလ် ၅လွှာ ဓါတ်လှေကားရှေ့တည့်တည့်၊ဟံသာဝတီအဝိုင်းအနီး၊ ကျွန်းတောလမ်း ၊ကမာရွတ်
09780377877, 09779772270


လင်းလက်တောက်ပ-နည်းပညာမြင့် ခြေတုလက်တု Lab

15/09/2023

လူငယ်လေးတယောက်အတွက်စီလီကွန်အလှလက်လေးလုပ်ပေးခဲ့ပါတယ်
အများသူငှါနည်းတူအမြန်ဆုံးပြန်ပြီးကျင်လည်လုပ်ကိုင်နိုင်ပါစေလိုဆုတောင်းပေးရင်း😊


လင်းလက်တောက်ပ-နည်းပညာမြင့် ခြေတုလက်တု Lab & showroom

Photos from Tun Tun Latt's post 01/09/2023

နိုင်ငံခြားတိုင်းပြည်များတွင်ခြေတုအရောင်အသွေး(cosmetic)ထက်လမ်းလျောက်သောအခါမနာမကျဉ်ဘဲသက်တောင့်သက်သာဖြစ်​စေသော(Functional)ခြေတုမျိုးကိုဦးစားပေးလုပ်ပေးလေ့ရှိသည်

သို့သော်ကိုယ့်တိုင်းပြည်မှာတော့ဘုရားသွားကျောင်းတက်စသည့်ကိစ္စများကအရေးကြီးလေတော့သုံးစွဲသူစိတ်ကျေနပ်တဲ့အထိအရောင်အသွေးတူအောင်လုပ်ပေးဖို့ကကိုယ်တွေမြန်မာပညာရှင်များရဲ့ခံယူချက်တခုဖြစ်ပါကြောင်း😊
လူဆိုတာကတယောက်နဲ့တယောက်အရောင်အသွေးမှမတူကြတာကိုး

👇အောက်မှခြေတုများသည်မိမိတို့ကိုယ်တိုင်ပြုလုပ်ထားသောခြေတုများဖြစ်ပြီးinternet မှကူးယူဖေါ်ပြထားမျိုးခြင်းမဟုတ်ပါ

လင်းလက်တောက်ပ-နည်းပညာမြင့် ခြေတုလက်တု Lab & showroom

15/08/2023

ကိုယ်မိတ်ဆွေတချို့ကလမ်းလျောက်ကောင်းဖို့သာလိုလားပေမဲ့ တချို့အတွက်ကတော့
လှပဖို့လဲလိုတယ်လေ😍


လင်းလက်တောက်ပ-နည်းပညာမြင့် ခြေတုလက်တု Lab & showroom

04/08/2023

ရွှေခြေတောက်တခုထုဆစ်ခြင်း

👉လွန်ခဲ့တဲ့၅နှစ်ကမောင်လင်းဆိုတဲ့လူငယ်တဦးမျော်လင့်ချက်အပြည့်နဲ့ကိုယ့်ဆီရောက်လာပြီး
“ဆရာကျွန်တော့ကိုပြေးဖို့ခြေထောက်ကောင်းကောင်းတခုလုပ်ပေးပါ၊ နိုင်ငံ့ကိုယ်စား ပြုပြီး နိုင်ငံတကာပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ချင်လို့ပါဆရာ” လို့ဆိုပါတယ်
လူရဲ့အပေါ်ယံရုပ်ရည်ကိုကြည့်ပီးအရည်အချင်းဆုံးဖြတ်လေ့မရှိတဲ့ ကိုယ်ကတောင် “မင်းပုံနဲ့ဖြစ်ပါ့မလားကွာ” လို့ပြောလိုက်မိတဲ့အထိ မောင်လင်းကိုယ်ခန္ဓာ အဖွဲ့အစည်းတည်ဆောက်ပုံက ပိန်ပါးနေပုံကနိုင်ငံတကာပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့မဖြစ်နိုင်ပါ
ကိုယ့်မျက်စိထဲမှာတော့ ကမ္ဘာ့မိီတာ ၁၀၀၊ ၂၀၀ ချန်ပီယံတေဖြစ်တဲ့ Carl Lewis ကားလ်လူးဝစ်တို့ ၊ ဟူစိန်ဘော့တို့ရဲ့ ကြွက်သားတည်ဆောက်ပုံတွေက ပြေးတဲ့အခါ ညစ်အားအလွန်ကောင်း စေမယ်လို့ ယုံကြည်မိတော့ မောင်လင်းရဲ့ အိမ်မက်ကိုပိုပီးမှေးမိန်စေတယ်😢
တဖက်ကလည်းပြန်စဉ်းစားမိတာ က အီသီယိုးပီးယား က ကမ္ဘာ့တာဝေးအပြေးချန်ပီယံတွေရဲ့ ပိန်ပါးကျစ်လစ်တဲ့body structure ကမောင်လင်းနဲ့သိပ်မကွာလေတော့ တဖန်မောင်လင်းအတွက် အားတက်မိပြန်တယ်😊
အဲ့ဒိီတော့ကိုယ်က “မောင်လင်းတကယ်ကြိုးစားမှာလား ၊ဇွဲရှိမှမင်းအောင်မြင်မှာနော်”ဆိုတော့
မောင်လင်းက “ကျွန်တော်ဖြစ်အောင်ကြိုးစားမယ်ဆရာ” …….

Project စတင်ခြင်း 💪
Blade Runner လို့ခေါ်တဲ့ကမ္ဘာ့နည်းပညာမြင့် အပြေးခြေတုမျိုးက Carbon Fiber ခေါ်တဲ့အလွန်မာကျောပေါ့ပါးသောအသားဖြင့်ပြုလုပ်ထားပြီး ကုန်ကျစရိတ်အလွန်များပြားပါတယ်
ခြေတုအလိုင်းမန့်နှင့် ပြေးသည့်အခါ ခြေတောက်တွန်းကန်အားများ ချိန်ညှိတပ်ဆင်မှု တိကျသေချာရန်အလွန်လိုအပ်ပါသည်
ခြေတုတပ်ဆင်ပြီး လေ့ကျင့်မှုအနည်းဆုံးတနှစ်ခန့်ပြင်းပြင်းထန်ထန်လေ့ကျင့်ပီးမှသာ ခြေတုနှင့် အကျွမ်းတဝင်ရှိလှပြီး ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။

👉ကုန်ကျစရိတ်(ဗဟုသုတအတွက်သာရည်ရွယ်သည်)
လွန်ခဲ့တဲ့၆နှစ်ဘန်ကောက်မှာဤခြေတုမျိုး အခြားအပြေးသမားတဦးကိုသွားရောက်လုပ်ပေးခဲ့တော့ထိုင်းဘတ်ငွေ၄သိန်းကျော်(ကျပ်သိန်း၄ရာကျော်) ကုန်ကျပါတယ်။ ခရီးစရိတ် စားစရိတ်နေထိုင်စရိတ်မပါဝင်ပါ။
(ခြေတုပစ္စည်းကုန်ကျငွေသိန်း၁၀၀ကျော်+ ပညာရှင်နှင့်တခြားကုန်ကျငွေသိန်း ၃၀၀ကျော်)
ဒါပေမဲ့မောင်လင်းရဲ့ခြေတုအတွက်ပညာရှင်ကြေးနှင့်တခြားကုန်ကျစရိတ်တပြားတချပ်မှမယူပဲအားလုံးအခမဲ့ရအောင်မိမိတို့မှလုပ်ဆောင်ပေးခဲ့ပြီး HORCဘားအံခြေတုဌာနနှင့် ICRC မှခြေတုပစ္စည်းများထောက်ပံ့ပေးခဲ့ပါတယ်။

မောင်လင်းရွှေယူပီ 💪
မလျော့သောဇွဲ့လုံ့လနှင့် ကြိုးစားအားထုတ်မှုကြောင့် ပြီးခဲ့သည့်လCambodia နိုင်ငံPhnom Penhမြို့တွင်ကျင်းပခဲ့သော 2023 ASEAN Para Games ပြီးခဲ့သောအရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်
အပြေး မီတာ၈၀၀ ၊၁၅၀၀တွင် ဤခြေတုဖြင့်ရွှေ၂ခု ယူခဲ့ပြီး မီတာ ၈၀၀၊၈၀၀ rely မှာ ငွေနှင့် ကျေး စုစုပေါင်း၄စုရယူနိုင်ခဲ့ပါသည်။
အဖိုးတန်ရွှေဆုများရယူပေးခဲ့တဲ့ဤ ခြေတုလေးပြုလုပ်ခဲ့ပုံ အဆင့်ဆင့်နှင့် မောင်လင်းကြိုးစားရုန်းကန်ခဲ့တဲ့ ပုံများကို ဗဟုသုတအဖြစ် အောက်မှ video လေးကိုကြည့်ရှူအားပေးနိုင်ရန်ဝေငပေးခြင်းဖြစ်ပါကြောင်း….

လင်းလက်တောက်ပ-နည်းပညာမြင့် ခြေတုလက်တု Lab & showroom


*** ဤခြေတု project ကိုအတူတကွကူညီလုပ်ဆောင်ပေးခဲ့ကြသော HORCမှ လုပ်ဖော်ကိုင်ဖက်များအားလုံးကို ဤဆောင်းပါးလေးဖြင့်သတိတယဂုဏ်ပြုရင်း***

26/07/2023

နည်းပညာမြင့်ခြေတုဆိုတာ

သာမန်လူတယောက်လမ်းပြန်လျောက်သလိုပါပဲ
👉လမ်းလျောက်တဲ့အခါ မနာမကျဉ် သက်တောင့်သက်သာရှိရမယ်
👉ဝတ်ဆင်ရချွတ်ရလွယ်ကူပီးပေါ့ပါးခိုင်ခံ့ရမယ်
👉ဒါမှခြေတုကိုအသုံးပြုသူက ယုံကြည်မှုအပြည့်အဝနဲ့လမ်းပြန်လျောက်ပီး ပုံမှန်လူကောင်းတယောက်ကဲ့သို့ပတ်ဝန်းကျင်မှာနေထိုင်လှုပ်ရှားနိုင်ရမယ်

ဒီစီလီကွန်ခြေတုရဲ့ပြုလုပ်ကုန်ကျစရိတ်က
န်ိုင်ငံခြားတိုင်းပြည်တွေမှာမှာဆိုသိန်း၂၀၀အထက်ကုန်ကျစရီတ်ရှိပါတယ် ကိုယ့်တိုင်းပြည်မှာတော့ထက်ဝက်သာသာသောကုန်ကျစရိတ်သက်သာစေရန်လုပ်ဆောင်ပေးလျက်ရှိသည်ကိုဝေငခြင်းဖြစ်ပါကြောင်း😊


လင်းလက်တောက်ပ-နည်းပညာမြင့် ခြေတုလက်တု Lab & showroom

07/07/2023

ကင်ဆာ၊ဆီးချို၊သွေးကြောပိတ်များအတွက်အထူးခြေတု
…………………………………………………………………………….

ကင်ဆာကြောင့်ခြေတဖက်ဆုံးရှုံးသွားတဲ့ညီမတစ်ဦးကို အဆင့်မြင့်ခြေတုတခု လုပ်ပေးခဲ့ပါတယ် စိတ်ဓါတ်ခိုင်မာသောသူတဦးဖြစ်လို့အချိန်တိုလေးအတွင်းသာမန်လူတဦးကဲ့သို့လမ်းပြန်လျောက်နေနိုင်ပါပီ😊

လမ်းလျောက်လေ့ကျင့်ချိန်၄ရက်ထဲနဲ့ဒီလိုလက်လွတ်ပီးလမ်းပြန်လျောက်နိုင်ဖို့ဆိုတာ အလွန်ရှားပါးပါတယ်။ ဒီလိုရဖို့ဆိုတာလည်းခြေတု၏နည်းပညာနှင့်အရည်အသွေးကောင်းမွန်ရုံတခုထဲမရပါ၊လမ်းပြန်လျောက်မဲ့သူ၏ဇွဲနဲ့ ငါလမ်းပြန်လျောက်ကိုလျောက်နိုင်ရမယ်ဆိုတဲ့စိတ်ဓာတ်မျိုးလဲလိုအပ်ပါတယ်။ video👇

ဒီခြေတု၏အားသာချက်များကတော့👇
-ခြေတုကိုဝတ်ဆင်ရ၊ဖြုတ်ရတပ်ရအလွန်လွယ်ကူမြန်ဆန်သောနည်းပညာသုံးထားပါတယ်
-ခြေတုကအလေးချိန်ပေါ့ပါးပြီး၊ အတွင်းသားပျော့အိသော Gel Linerဖြင့် ပြုလုပ်ထားသဖြင့် လမ်းလျောက်သည့်အခါ မနာကျဉ်ဘဲ သက်တောင့်သက်သာသဖြင့်ဆီးချို၊သွေးကြောပိတ်၊ ကင်ဆာ များအတွက် အလွန်သင့်လျော်သောခြေတုဖြစ်ပါတယ်
-ခြေတုကကောင်းသောခြေထောက်တဖက်နှင့်အနီးစပ်ဆုံးတူအောင်ပျော့ပြီးခိုင်ခံ့သောခြေသလုံးအသားဖြင့်ပြုလုပ်ထားသဖြင့်လှပပြီးရေရှည်ခံပါတယ်။
-အာမခံ၅နှစ်ပေးထားပြီး ၅နှစ်အတွင်း တခုခုဖြစ်ပါက ပစ္စည်းအခမဲ့အစားထိုးပြင်ဆင်ပေးပြီး ၊ ၅နှစ်နောက်ပိုင်းတွင်လည်း ခြေတုချို့ယွင်းပါကအခမဲ့ပြင်ဆင်ပေးပါတယ်။

အားနည်းချက်ကတော့
-ကုန်ကျငွေများပါတယ်။
နိုင်ငံခြားတိုင်းပြည်များတွင်ပြုလုပ်ပါက ဤခြေတုမျိုးကို အနည်းဆုံး ကျပ် သိန်း၁၀၀ ကျော်ကုန်ကျပါတယ်။
-ကိုယ်ဆီမှာတော့ မဖြစ်မနေသိန်း၅၀ခန့် ကုန်ကျပါတယ်🥲

ကုန်ကျသွားသောငွေကြေးနဲ့ ပြန်လည်ရရှ်ိမဲ့ခြေတုရဲ့အကျိုးအမြတ်များက်ိုနှိုင်းယှဉ်ကာ ကိုယ်တတ်နိုင်သောငွေကြေးအနေအထား၊ ကိုယ့်ရဲ့ခြေထောက် အခြေနေများကို ချိန်ဆပြီး ပညာရှင်များနှင့် ညှိနိုင်းတိုင်ပင်ပီးလုပ်ဆောင်ကြပါလို့ပဲ အကြံပေးရင်း ….


လင်းလက်တောက်ပ-နည်းပညာမြင့် ခြေတုလက်တု Lab & showroom

05/07/2023

အလုပ်လုပ်တယ်ဆိုတာ…

🤑ငွေရဖို့တခုထဲမဟုတ်🤑

စိတ်ချမ်းသာဖို့…
မိတ်ဆွေကောင်းများဖို့…
ကိုယ့်အလုပ်နဲ့လူ့အသိုင်းအဝိုင်းကိုအကျိုးပြုဖို့…😊

30/06/2023

Spider Man တယောက်ကိုခြေတုတပ်ပေးလိုက်တော့😁

#လင်းလက်တောက်ပနည်းပညာမြင့်ခြေတုလက်တု09780377877

28/06/2023

ကင်ဆာကိုကြံ့ကြံ့မည့်သူ…

ကျနော်တို့အလွန်ခက်ခဲတဲ့ ခြေတုအတော်များများလုပ်ခဲ့ဖူးပြီး အခုဒီအကိုအတွက် လုပ်ပေးခဲ့တဲ့ခြေတုကလဲ အခက်ခဲဆုံးတခုဖြစ်ပါတယ်။ကင်ဆာကြောင့်ခြေထောက်ကို ပေါင်မှဖြတ်ရပြီး လုံးပတ်အလွန်ကြီးပါတယ်။ အခက်ခဲဆုံးကတော့ Flexion contracture ခေါ်တဲ့ခြေပြတ်ပိုင်းကအရှေ့ဘက်ကွေးကောက်ပြီး ပေါင်ကိုပုံမှန်ပြန်ဆန့်လို့ မရတဲ့ အနေအထားမျိုးဖြစ်လို့ ဒါမျိုးကပုံမှန်လမ်းပြန်လျှောက်ဖို့ အလွန်ခက်ခဲပါတယ် အလွန်ဆုံးခြေတုနှင့် ချိုင်းထောက်တွဲ၍ သာသွားလာနိုင်မည်ဟု မျှော်လင့်ထားခဲ့မိပါတယ်။
သို့သော်…
ဒီအကိုရဲ့မလျော့သောဇွဲနဲ့ကြိုးစားအားထုတ်မှုတို့ကြောင့် အချိန်တိုအတွင်း ချိုင်းထောက်မကူ လက်လွတ်ပြီး အိမ်ပြန်လမ်းလျှောက်သွားတာကိုတွေ့ရတော့စိတ်ထဲမှာ…

အားလုံးဟာကြိုးစာရင်ဖြစ်နိုင်ပါတယ်💪

သူလက်လွတ်လမ်းလျောက်ပီးအိမ်ပြန်သွားတဲ့video လေးအားပေးပါ👇
#လင်းလက်တောက်ပနည်းပညာမြင့်ခြေတုလက်တု09780377877

23/06/2023

ဒီနေ့အထူးဧည့်သည်🤟
နံရံမှာကပ်ထားတဲ့သူ့ပုံကိုလာရောက်ကြည့်ရှုအားပေးရင်း
ခြေနှစ်ဖက်ဘဲဆုံးရှုံးတာ၊ဘဝတခုလုံးမဟုတ်ကြောင်းလက်တွေ့လာရောက်ပြသရင်းဘဝတူတွေကိုခွန်အားမျှဝေခဲ့သူ😊

16/06/2023

Cerebral Palsy ဆိုတာမွေးရာပါ သူငယ်နာအကြောတင်းလို့ခေါ်ပါတယ် ခြေဖဝါးအပြားလိုက်မကျလို့လမ်းလျောက်တဲ့အခါခက်ခဲလှပါတယ်
Ankle Foot Orthosis (AFO)ကတော့ခြေဖဝါးတခုလုံးအပြားလိုက်ကျအောင်ထိန်းပေးလို့ လမ်းလျောက်နိုင်ဖို့ထိရောက်စွာကူညီပေးပါတယ်

Photos from Tun Tun Latt's post 14/06/2023

ဒီနေ့ရဲ့အထူးဧည့်သည်တယောက်😍
ဧရာဝတီတိုင်းရွာလေးတရွာကဒီမိဘမဲ့သမီးလေးကို မိဘမဲ့ဂေဟာကကျောင်းထားပေးပါတယ် ကိုယ်ကတော့ခြေတောက်လေးတခုတာဝန်ယူလှူပေးပါတယ် အတန်းထဲမှာပထမအမြဲရပီးစာကြိုးစားသူလေးဖြစ်ကြောင်း ကြားသိရပြန်တယ်
ခြေတဖက်ကမွေးရာပါဖြစ်တော့၁၂နှစ်လုံးလုံးဂျိုင်းထောက်နဲ့သွားလာနေခဲ့ရာက ခုတော့ကိုယ့်ခြေတုလေးနဲ့လွတ်လွတ်လပ်လပ်သွားလာလှုပ်ရှားနိုင်တာတွေ့ရတော့ကြည်နူးမိရပါတော့၏

လာတုံးကဂျိုင်းထောက် အိမ်ပြန်တော့ခြေတောက်နဲ့ပေါ့😊

12/06/2023

ဆံသဆရာတဦးကိုခြေတုလုပ်ပေးမိလိုက်တော့😇

Photos from Tun Tun Latt's post 09/06/2023

အလွန်ချစ်ရတဲ့တူလေးစောGiven Seeလာရောက်လည်ပတ်ပါတယ်
သူကမွေးရာပါအကြောတောက် Cerebral Palsy(CP)ဖြစ်လို့သူ့အတွက် ခြေတုထောက်ကူကိရိယာများ ၁၀ခုထက်မနည်းငယ်ငယ်ကတည်းကခုအထိလုပ်ပေးခဲ့ပြီးသူလမ်းလျောက်လို့ရအောင်အစွမ်းကုန်ကြိုးစားပေးခဲ့ပါတယ်
Wheelchair တလှည့် ခြေတောက်တလှည့်နေ့တဓူဝအတွက်ရုန်းကန်လှုပ်ရှားရင်း 💪မသန်စွမ်းဖြစ်ရခြင်းကိုအားမလျော့သောဇွဲနဲ့လောကကြီးကိုကြံကြံ့ခံရင်ဆိုင်နေတဲ့လူငယ်လေးဖြစ်ပါတယ်😍
ဘဝမှာတခါတရံစိတ်ဓါတ်တွေကျနေခဲ့ရင်ဒီလူငယ်လေးတွေကိုကြည့်ပီးခွန်အားယူဖို့💪

09/06/2023

အဲဒီ jumping လေးကိုတွေ့ချင်တာ😊

မိတ်ဆွေတဦးကမျက်စိလည်လမ်းမှားပြီးကိုယ့်ဆီရောက်လာတော့ ခြေတုသုံးနေတာအနှစ်၂၀ရှိပြီးဖြစ်တဲ့အကြောင်း၊ ခြေတုကောင်းလေးတခုရဖို့လိုက်ရှာဖွေနေတာကြာပီးဖြစ်တဲ့အကြောင်း၊ လက်ရှိသုံးနေတဲ့ခြေတုကနှင်းချလိုက်တိုင်းခြေတောက်ကိုဆွဲဖြဲသလိုဖြစ်လို့လမ်းလျောက်ဖို့တောင်ကြောက်နေရတဲ့အကြောင်းပြောပြပါတယ်
ဒါကြောင့်သူ့ကိုလမ်းလျောက်ဖို့မပြောနဲ့jumping ပါလုပ်လို့ရတဲ့ခြေတုလုပ်ပေးပါမယ်လို့ကတိပေးပြီးတဲ့အခါ👇
အောက်မှVideo လေးကိုအားပေးပါ

(Prosthetist&Orthotist)
#လင်းလက်တောက်ပနည်းပညာမြင့်ခြေတုလက်တု09780377877

31/05/2023

ခြေနှစ်ဖက်ခြေတုဆိုတာ☝️

ဒီညီမလေးခြေတောက်၂ဖက်လုံးအတွက်လုပ်ပေးတဲ့ခြေတုလေးကလမ်းလျောက်တော့ထိရောက်မှုဘယ်လောက်ရှိလဲဆိုတာအောက်မှvideo လေးမှာတွေ့နိုင်ပါတယ်၊
အိမ်အပြန်လှသွားတဲ့သူကလေး😊

👉ခြေတု၂ခုနဲ့တောင်ဒီလိုလမ်းလျောက်နိုင်သေးရင်ခြေတဖက်ဆုံးရှုံးသူများအားငယ်စရာမလို ခွန်အားယူနိုင်ဖို့💪
👉တကယ်တော့သူ့ခြေတောက်တွေကထင်သလောက်မလွယ်ကူပါ ညာဖက်ကအလွန်တိုလွန်းပြီးဘယ်ဖက်ကအလွန်ရှည်ပါတယ် ဒူးကောင်းရှိကြွက်သားအရွတ် (knee ligaments) များကအားနည်းပြီးလျော့နေသဖြင့်ခြေတုထိန်းပြီးလမ်းလျောက်ရန်ပုံမှန်ခြေတုဖြင့်အဆင်မပြေနိုင်၊
👉လမ်းလျောက်တဲ့အခါလုံးဝမနာကျဉ်စေရဘဲ ပုံမှန်လူကောင်းတယောက်ကဲ့သို့လမ်းပြန်လျောက်နိုင်ဖို့ဆိုတာခြေတုလုပ်ပေးတဲ့ပညာရှင်များရဲ့ကဓိကပန်းတိုင်ဖြစ်ပါတယ်

(Prosthetist&Orthotist)
#လင်းလက်တောက်ပနည်းပညာမြင့်ခြေတုလက်တု

24/05/2023

ဒူးအထက်ပိုင်းခြေတုဆိုတာ☝️

၁၀တန်းကျောင်းသားလေးကျော်ကျော်ကဆိုင်ကယ်မတော်တဆကြောင့်ခြေတောက်ကိုပေါင်အထိဆုံးရှုံးခဲ့ရပါတယ်။😢
မိဘများကသူတို့သားလေးအကောင်းဆုံးလမ်းပြန်လျှောက်ရအောင် ဘယ်လောက်ကုန်ကျပါစေ ရှိသမျှရောင်းချပေါင်နှံပြီး အကောင်းဆုံးခြေတုလေးတခုလုပ်ပေးပါဆိုပြီး အကူအညီတောင်းလာတော့ ကျွန်တော်တို့သူ့အတွက် ခြေတုကောင်းလေးတခုပြုလုပ်ပေးကြပါတယ်။
👇👇
အောက်မှသူလမ်းလျှောက်တဲ့ video လေးက်ိုကြည့်ခြင်းအားဖြင့် ဒီခြေတုလေးကသူ့ရဲ့ဘဝကိုထိရောက်စွာ ဤသို့စွမ်းဆောင်မှုများပေးတာတွေတွေ့မြင်နိုင်ပါတယ်။ video အစပိုင်းတွင်ခြေတုအကြမ်းပုံစံမျိုး ဖြင့်လေ့ကျင့်ပေးပြီး အဆုံးသတ်၌ခြေသလုံးအလှအချောသတ်ထားတာတွေ့ရမည်ဖြစ်သည်၊ လမ်းလျောက်လေ့ကျင့်ချိန်တရက်အတွင်းဤသို့လမ်းလျောက်နိုင်ပြီဖြစ်သည်။
👉သူ့ခြေတုကိုOttobock Brand 3R 15 knee (ဒူးဆစ်)သုံးထားပေးပါတယ်။ လမ်းလျှောက်တိုင်း ဒူးထိန်းအားကောင်းပြီးတချက်မှမခွေမညွတ်မလဲကျပါ ။
( ပေါင်ပြတ်ပိုင်း လမ်းလျှောက်သူများသည်မိမိတို့ဒူးခေါင်းကိုဆုံရှုံးသွားရသဖြင့် ဒူးခွေညွတ်လဲကျမှာအလွန်ကြောက်ကြသည်။ဒူးခွေညွတ်ကျခြင်းကလည်း သူတို့အမြဲလိုလိုကြုံတွေ့ရသည့်အဓိကပြသနာဖြစ်သည်။)
👉လမ်းလျှောက်တိုင်းလွယ်ကူပေါ့ပါးစွာ (Swing Phare)လွှဲလျှောက်နိုင်သဖြင့် energy consumption အားအင်သုံးစွဲမှု အနဲဆုံးလျှောက်နိုင်သဖြင့် ခရီးဝေး ရေရှည်သွားလာနိုင်သည်။
👉ခါးပတ်မလို စီလီကွန်သုံးခြေတုမျိုးဖြစ်သဖြင့် အလွန်သက်တောင့်သက်သာရှိပြီး ဝတ်ဆင်ရလွယ်ကူသည်။ ဖြုတ်ရတပ်ရ အလွန်မြန်ဆန်လွယ်ကူသည်။ပေါ့ပါးသဖြင့်အသုံးပြုသည့်အခါ ယုံကြည်မှုတိုးစေသည်။
👉ပိုပြီးထူးခြားချက်မှာ ခြေတုဖြင့် တင်မလင်ခွေထိုင်ခြင်း၊ ဒူးထောက်ခြင်း များပြုလုပ်နိုင်ပါသဖြင့် မြန်မာလူမျိုးများအတွက် ဘုရားဝတ်ပြုခြင်း ၊ ဖိနပ်ကိုထိုင်၍ချွတ်ခြင်း တပ်ခြင်းများပြုလုပ်နိုင်သည်။
အောက်မှvideo ကြည့်ရှုလေ့လာနိုင်ပါတယ်၊👇
………

ဒူးအထက်ပိုင်းခြေတုတခု၏ကုန်ကျစရိတ် ( cost ) (ဗဟုသုတဖြစ်စေရန်သာရည်ရွယ်သည် )
-ကမ္ဘာပေါ်တွင် ခြေတုပညာရှင်များ ခေါင်းအစားဆုံးခြေတုမျိုးမှာ ပေါင်ပြတ်ပိုင်းအတွက် ဒူးဆစ်ရွေးချယ်ပေးရသည့်ကိစ္စဖြစ်သည်။ ပေါင်ပြတ်သူများကသူတို့၏ knee joint ( ဒူးဆစ် )မရှိတော့သဖြင့် ဒူးဆစ်ကိုပြန်အစားထိုးရာတွင် မိမိအသုံးပြုနိုင်သောငွေကြေးပမာနများလေလေ ပို၍ အဆင့်မြင့်ပြီးလူကောင်းတယောက်၏ ဒူးဆစ်နီးပါး လမ်းပြန်လျှောက်နိုင်အောင်စွမ်းဆောင်နိုင်လေဖြစ်သည်။
ဉပမာ ဂျာမနီနိုင်ငံထုတ် Ottobock brandရဲ့ Genium X3 knee ဒူးဆစ်က လက်ရှိကမ္ဘာပေါ်စျေးအများဆုံးခြေတုမျိုးဖြစ်ပြီး $100000 အထက် မြန်မာကျပ်သိန်း ၃၀၀၀ ခန့်ကုန်ကျပါသည်။ Genius X3ပုံကိုcomment တွင်ကြည့်ပါ( ဘယ်လောက်ဘဲ ကုန်ကျပါစေ အမေမွေးထားပေးတဲ့ ခြေထောက်ကိုတော့ ဘယ်လိုမှ မယှဉ်သာနိုင်တော့တာကတော့သခ်ါရတရားပါ )
-ဉရောပနဲ့ US ၊ ဂျပန်လိုနိုင်ငံမျိုးတွင် သာမန်စျေးအပေါဆုံး ဒူးအထက်ခြေတုကို $ ၃၀၀၀ဝ မြန်မာငွေ သိန်း ၆၀၀ခန့် ကုန်ကျပြီး ၊ စင်ကာပူ ၊ ထိုင်း စသည့်နိုင်ငံများတွင် Ottobock. brand စျေးအချိုဆုံး Knee ဒူးဆစ်ဖြင့်ပြုလုပ်သည့်ခြေတုမျိုးဖြစ်ပါက အနည်းဆုံး ဒေါ်လာ ၁၀၀၀၀ အထက် သိန်း၃၀၀ ခန့်ရှိပါသည်။ ကိုယ်ကပစ္စည်းကောင်းကောင်း လုပ်ဆောင်မှုကောင်းကောင်း လိုချင်ပါက ငွေကုန်ခံရပါတော့မည်။
-ကျော်ကျော်အတွက်လုပ်ပေးခဲ့သည့်ခြေတုမှာ Ottobock Knee 3R 15ဒူးဆစ် ၃၆၀°လှည့်၍ရသည်။ ဆီလီကွန်သုံးခြေတုဖြစ်သဖြင့်ကမ္ဘာ့အဆင့်အတန်းမှီသော ခြေတုတခုဖြစ်ပြီး ကုန်ကျငွေကျပ်သိန်း ၈၇ ဖြစ်သည်။သူ့အတွက် ပညာရှင်စရိတ်၊လမ်းလျှောက်လေ့ကျင့်ပေးခြင်း စရိတ်များကိုပညာဒါနအခမဲ့ဖြင့်ပြုလုပ်ပေးထားခြင်းဖြစ်သည်ကိုတော့ပြောရန်မလိုအပ်ပါ။( နိုင်ငံခြားမှာ ထိုခြေတုမျိုးလုပ်ခဲ့လျှင် ၈၇သိန်းကို ၃ ဖြင့်မြှောက်ပါလေ )
ကိုယ့်တိုင်းပြည်တွင် ကိုယ်မသန်စွမ်းလူမျိုးများအတွက် အဆင့်မြင့်မြင့်ခြေတုများကိုစျေးအသက်သာဆုံးရစေရန်အတတ်နိုင်ဆုံးကူညီလုပ်ဆောင်ပေးခြင်းဖြစ်ပြီး ဗဟုသုတများလည်းဝေငခြင်းဖြစ်သည်၊ နောက်ဆို ဆရာထွန်းထွန်းလတ်လုပ်တဲ့ ခြေတုလက်တုက စျေးများတယ်ဆိုရင် အပေါ်ကစာကို ၂ခါပြန်ဖတ်ပေးပါလို့မေတ္တာရပ်ခံရင်း😊

Tun Latt ( prosthetist and Orthotist )
#လင်းလက်တောက်ပနည်းပညာမြင့်ခြေတုလက်တု

Photos from Tun Tun Latt's post 16/03/2023

တချို့လူငယ်တွေအတွက်ဆို
ပေါ့ပါးပြီးသက်တောင့်သက်ရှိရုံနဲ့မလုံလောက်သေးဘူး
လန်းဆန်းဖို့ကအဓိကတောင်းဆိုလို့😊

#ဒူးအထက်ပိုင်းခြေတု
#လင်းလက်တောက်ပနည်းပညာမြင့်ခြေတုလက်တု
#တိုင်းစီတီ၅လွှာကျွန်းတောလမ်းကမာရွတ်09780377877

11/03/2023

လွန်ခဲ့တဲ့၁၀နှစ်တိတိကကျနော်တို့ကိုအောင်ကြီးအတွက်ဒီလိုခေတ်မှီဆန်းသစ်တဲ့ခြေတုတစုံတပ်ဆင်ပေးခဲ့ဖူးပါတယ်
ဒီခြေတုနဲ့နိုင်ငံ့အတွက်ရွှေတံဆိပ်တွေလည်းရယူပေးခဲ့ဖူးတယ်😊

#နိုင်ငံ့ဂုဏ်ဆောင်ရွှေတံဆိပ်များပိုင်ရှင်ကိုအောင်ကြီးအမှတ်တရ

09/03/2023

ဂမ်မော်လေးလမ်းပြန်လျောက်ပြီ😍

ကချင်လေးဂမ်မော်က ၇ လနဲ့မွေးဖွားခဲ့ပြီး Cerebral Palsy(moderate CP)ခေါ်သူငယ်နာ အကြောတင်းရောဂါကြောင့် ပုံမှန် လမ်းလျောက်ဖို့အလွန် ရုံးကန်ရပါတယ် လမ်းလျောက်ခြင်းကသာခက်ခဲသော်လည်း သူ၏ ဦးဏှောက်စွမ်းရည် ( intelligent)မှာ သာမန်ကလေးအများနည်းတူ ပုံမှန်ပင်ဖြစ်ပြီး အလွန်ဖော်ရွေပြီး ချစ်ဘို့ကောင်းသော ကလေးတစ်ယောက်ဖြစ်သည်။
👉သူ၏ ဘယ်ခြေထောက်ဘက်တွင် ဒူးဆစ်အနောက်ဖက်ပြန်ကော့နေ (Knee Hyper extension) နှင့် ခြေဖဝါးအတွင်းဘက်ဝင်နေခြင်း (Internal rotation of the foot) များကို လမ်းလျောက်သည့်အခါတွင်တွေ့ရသည်။
👉ညာခြေထောက်ဘက်တွင် ခြေဖဝါးတွဲလောင်းကျ (Foot drop) ခြင်းကြောင့် လမ်းလျောက်လိုက်တိုင်း ခြေဖျားနှင့်သာထောက်ပြီး ၊ခြေဖမိုးထိပ်ဖျားဖြင့် မြေကြီးကို ဒရွတ်တိုက်ဆွဲ(Toe drag)နေသဖြင့် ခြေဖမိုးထိပ်ပိုင်း ဒဏ်ရာရပြီး နာကျဉ်ခြင်းဒဏ်ခံစားရသည်။ (ဤခြေထောက်ပုံစံမျိုးသည် stroke (လေဖြတ်သူ) များတွင် အတွေ့များသည်။ )
အထက်ပါအကြောင်းများကြောင့် လမ်းလျောက်ရ ခက်ခဲပြီး သွားလာဘို့ကြောက်ရွံ့နေရရှာသည်။

👉AFO Posterior Leg Splint ၏အစွမ်း
- ဤထောက်ကူကိရိယာလေးက သူ၏ ကောက် ကွေး၍တိမ်းစောင်းနေသော ခြေထောက်အစိတ်အပိုင်းများကို(Neutral Alignment)ခေါ်တည့်မတ်သောအနေအထားတွင်ထိန်းထားပေးပြီး ခြေမျက်စိအဆစ် (Ankle Joint) ကို Spring Action လုပ်ပေးသဖြင့် လမ်းလျောက်လိုက်တိုင်း လွယ်ကူပေါ့ပါးသွားပြီး သာမန်လူများနီးပါး မနာမကျဉ် လမ်းပြန်လျောက်နိုင်ပါပြီ။
👉မိမိပတ်ဝန်းကျင်တွင်ဒါမျိုးလေးတွေတွေ့ရှိပါကဒီလိုလုပ်ရနိုင်ကြောင်းဝေငရင်းကုသိုလ်ယူနိုင်ဖို့😊


#လင်းလက်တောက်ပနည်းပညာမြင့်ခြေတုလက်တု

28/02/2023

ကဗျာဆန်တဲ့လက်လေးတခု👍

Photos from Tun Tun Latt's post 24/02/2023

သမီးလေးရဲ့အလှူ😊
…………………………..
သမီးလေးကစုထားတဲ့မုံ့ဖိုးလေးနဲ့ဧရာဝတီတိုင်းရွာလေးတရွာကချို့တဲ့ရှာတဲ့ ကလေးတယောက်ကိုခြေတုလေးလှလှလေးတခုလှူပေးချင်လို့ဆိုတော့ ကိုယ်ကပညာဒါနပြုပြီးသမီးလေးနဲ့အတူကုသိုလ်ယူပါတယ်😍

Photos from Tun Tun Latt's post 03/02/2023

သူပြုံးကိုယ်ပြုံး😊

သူကခြေတုရလို့ပြုံးတယ်
ကိုယ်ကငှက်ပျောသီးရလို့ပြုံးတယ်
သူ့ခြံကခုတ်လာတဲ့organic စစ်စစ်တဲ့
ကိုယ်ကငှက်ပျောသီး crazy လေ😁😇

#ဆီးချိုကြောင့်ခြေတဖက်ဆုံးရှုံးရရှာတဲ့ညီမတယောက်ကိုလမ်းအမြန်ဆုံးပြန်လျောက်ရအောင်လုပ်ပေးခဲ့တဲ့ခြေတု

23/01/2023

အခမဲ့ခြေတုအကြောင်း

အခမဲ့ခြေတုဆိုတာ ဘယ်လိုမျိုးလဲ၊ ဘယ်လိုလူတွေကလုပ်တာလဲ၊ ဘယ်နေရာမှာရနိုင်လဲ စသဖြင့်ကိုယ်သိသလောက်ဝေငပေးလိုက်ပါတယ်

About free of Charge prosthetics
What is a free prosthesis like? Who manufactures it? I shared as much as I know where to get it

အခမဲ့နဲ့အဆင်မပြေလို့Ottobock ခြေတုမျိုးတွေလုပ်ချင်ရင်လင်းလက်တောက်ပနည်းပညာမြင့်ခြေတုလက်တုတွင်လာရောက်လေ့လာဆွေးနွေးနိုင်ပါတယ်
လိပ်စာက👇
တိုင်းမ်စီတီ ၊ တိုင်းမောလ် ၅လွှာ ၊ ကျွန်းတောလမ်း၊ ကမာရွတ် ၊ 09 780377877, 09779772270

25/12/2022

Christmas အမှီ🎄🎄…

👉ဒီဉီးလေးကဆီးချိုကြောင့်ခြေတုနဲ့လမ်းပြန်မလျောက် နိုင်ဘဲ wheelchair ပေါ်မှာဘဲနေလာရတာ၃နှစ်ရှိပါပြီ၊
Christmas အမှီလမ်းပြန်လျောက်ချင်ပါတယ်ဆိုလို့နည်းပညာမြင့်ခြေတုလေးနဲ့လမ်းပြန်လျောက်နိုင်အောင်လုပ်ပေးခဲ့ပါတယ်
👉လမ်းလျောက်လေ့ကျင့်ချိန်တစ်ရက်ထဲနဲ့ဒီလိုလမ်းပြန်လျောက်နိုင်တာကနည်းပညာမြင့်ခြင်းနဲ့သုံးဆွဲသောခြေတုပစ္စည်းများကောင်းခြင်းတို့ကြောင့်ဖြစ်ပါတယ်
👉ဘယ်လိုအခြေအနေဘဲဖြစ်နေပါစေလုပ်ချင်တဲ့ဆန္ဒရှိပါကသင်လမ်းပြန်လျောက်ကိုလျောက်နိုင်ရမယ်💪💪
Tun Latt
#လင်းလက်တောက်ပနည်းပညာမြင့်ခြေတုလက်တု

မေတ္တာရပ်ခံချက်။ ။ခြေတုလက်တုနှင့်ပတ်သက်ပြီးကုန်ကျငွေများကိုမိမိကိုယ်တိုင်ရဲ့ခံယူချက် Ethic အရ public တွင်မဖော်ပြပါ ထိုအကြောင်းများကိုသိလိုပါက message chat box ထဲသာမေးပေးပါ၊ အသေးစိတ်ပြန်လည်ရှင်းပြပေးပါမည်ဖြစ်ပါသည် Thank you.

05/12/2022

Myoelectric hand (စက်ရုပ်လက်တု)ဆိုတာက ဦးနှောက်စေခိုင်းတဲ့အတိုင်း ဆင်ဆာကနေတဆင့်လက်ကိုစေခိုင်းလုပ်ဆောင်စေပါတယ်

Myoelectric Prosthesis

02/12/2022

👉ပေါင်ပြတ်ပိုင်းအတွက်ဆို ဒူးဆစ်(knee joint) ကောင်းကောင်းသုံးနိုင်လေလမ်းလျောက်ရတာပိုအဆင်ပြေလေပါဘဲ
👉အောက်ကညီမလေးရဲ့ခြေတုက Ottobock ရဲ့hydraulic knee 3R60 ဒူးဆစ်ကိုသုံးထားပါတယ် ဒါကြောင့်လမ်းလျောက်ရတာဒူးညွတ်ကျဖို့စိတ်မပူရတဲ့အတွက်သက်တောင့်သက်သာနဲ့ယုံကြည်မှုပိုတိုးစေပါတယ်👇

20/11/2022

ဘယ်အခြေအနေမျိုးမှာဘယ်လိုခြေတုမျိုးသုံးသင့်လဲ စသည်တို့ကိုအနည်းငယ်ဝေငခြင်း

Want your practice to be the top-listed Dentist in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Scoliosis ခါးကွေးကောက်ခြင်းကိုတည့်မတ်ကုသပေးခြင်း
လူငယ်လေးတယောက်အတွက်စက်ရုပ်လက်
လော်ရာFighting 💪
Blade Runner အပြေးခြေတု
ပွဲရှိပီဆိုသူရောက်လာပီ😊
လူငယ်လေးတယောက်အတွက်စီလီကွန်အလှလက်လေးလုပ်ပေးခဲ့ပါတယ်အများသူငှါနည်းတူအမြန်ဆုံးပြန်ပြီးကျင်လည်လုပ်ကိုင်နိုင်ပါစေလိုဆုတောင်း...
ရွှေခြေတောက်တခုထုဆစ်ခြင်း👉လွန်ခဲ့တဲ့၅နှစ်ကမောင်လင်းဆိုတဲ့လူငယ်တဦးမျော်လင့်ချက်အပြည့်နဲ့ကိုယ့်ဆီရောက်လာပြီး“ဆရာကျွန်တော့က...
နည်းပညာမြင့်ခြေတုဆိုတာသာမန်လူတယောက်လမ်းပြန်လျောက်သလိုပါပဲ👉လမ်းလျောက်တဲ့အခါ မနာမကျဉ် သက်တောင့်သက်သာရှိရမယ်👉ဝတ်ဆင်ရချွတ်ရလ...
ကင်ဆာ၊ဆီးချို၊သွေးကြောပိတ်များအတွက်အထူးခြေတု……………………………………………………………………………. ကင်ဆာကြောင့်ခြေတဖက်ဆုံးရှုံးသွားတဲ့ညီမတစ်ဦးကိ...
Spider Man တယောက်ကိုခြေတုတပ်ပေးလိုက်တော့😁 #လင်းလက်တောက်ပနည်းပညာမြင့်ခြေတုလက်တု09780377877
ကင်ဆာကိုကြံ့ကြံ့မည့်သူ…       ကျနော်တို့အလွန်ခက်ခဲတဲ့ ခြေတုအတော်များများလုပ်ခဲ့ဖူးပြီး အခုဒီအကိုအတွက် လုပ်ပေးခဲ့တဲ့ခြေတု...
Cerebral Palsy ဆိုတာမွေးရာပါ သူငယ်နာအကြောတင်းလို့ခေါ်ပါတယ် ခြေဖဝါးအပြားလိုက်မကျလို့လမ်းလျောက်တဲ့အခါခက်ခဲလှပါတယ်Ankle Foo...

Telephone

Website

Address


Times City ကျွန်းတောလမ်း၊ကမာရွတ်
Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Sunday 09:00 - 21:00

Other Orthotics & Prosthetics Services in Yangon (show all)
Pyae-Sone Prosthetics Technologies Pyae-Sone Prosthetics Technologies
28/29-58/59, No. 3 Main Road , Mingalardon Township
Yangon, 11021

Orthotics & Prosthetics Services

I-Smile Dental Clinic I-Smile Dental Clinic
No. 143/B, Baho Road, Kamayut Township, , ( In Front Of Amazing Mark )
Yangon

Ortho-Implant-Aesthetic Dental clinic