LUMOS Builders

LUMOS Builders

You may also like

Dini Design Studio's
Dini Design Studio's

Construction Company, Interior Decoration, Property Developer

Photos from LUMOS Builders's post 14/12/2023

"Future Foundations, Present Progress."

Project Name : Autoverse Service
Site/Bldg: 4000 Sq.ft
Location: North Okkalapa Tsp, Yangon
Scope of Work: Fencing work
Date : 14.12.2023

ကျွန်တော်တို့ Lumos Builder ကို ယုံကြည်စွာ လုပ်ငန်းအပ်နှံခဲ့သည်အတွက် အထူးပင် ကျေးဇူးတင်ရှိပါတယ်…🙏🏻🙏🏻🙏🏻


&management

Photos from LUMOS Builders's post 07/12/2023

ကျွန်တော်တို့ Lumos Builder ရဲ့….
Site installation နဲ့ပတ်သက်ပြီး Office progress လေးကို ပြန်လည်မျှဝေလိုက်ပါတယ်…

We are proud to unveil our latest masterpiece in the heart of innovation,
the Still Progress Office Space Project.

Project Name : Office Space
Site/Bldg: 1980 Sq.ft
Location: Mayangon Tsp, Yangon
Scope of Work: partition work
Status : Still in progress
Date : 07.12.2023

ကျွန်တော်တို့ Lumos Builder ကို ယုံကြည်စွာ လုပ်ငန်းအပ်နှံခဲ့သည်အတွက် အထူးပင် ကျေးဇူးတင်ရှိပါတယ်…🙏🏻🙏🏻🙏🏻


&management

01/08/2023

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာ အခါတော်နေ့)

ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ နေ့ထူးနေ့မြတ်ဖြစ်သည့်
ဝါဆိုလပြည့်နေ့တွင် (၇) ရက် သား၊သမီး အပေါင်း
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံကြပြီး
ကောင်းကျိုးလိုရာဆန္ဒများလည်း ပြည့်ဝကြပါစေလို့ 𝗟𝘂𝗺𝗼𝘀 𝗕𝘂𝗶𝗹𝗱𝗲𝗿 မိသားစုမှ ဆုမွန်ကောင်း တောင်းပေးအပ်ပါသည်။ 🙏🏻🙏🏻🙏🏻

ကမ္ဘာသူ ကမ္ဘာသားများအားလုံး ကျန်းမာချမ်းသာကြပါစေ…🙏🏻🙏🏻🙏🏻




#ဝါဆိုလပြည့်နေ့

28/06/2023

“အိဒုလ်ဖိသွိရ်ပွဲ​တော်​နေ့”

29.06.2023 တွင်ကျရောက်သော
အိဒုလ်ဖိသွိရ်နေ့ အခါသမယမှစပြီး
အစ္စလာမ်ဘာသာဝင် ညီအစ်ကို မောင်နှမများ
သူငယ်ချင်းများနှင့် မိသားစုများ အားလုံးကို
LUMOS Builder Company Limited မှ
Eid Mubarak ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်......🙏🙏🙏

Photos from LUMOS Builders's post 13/06/2023

New Autoverse Car Lab

Choose us, we are the right
builder company for you.

Project Name : Autoverse Car Lab
Site/Bldg: 2400 Sq.ft
Location: South Okkalapa Tsp, Yangon
Scope of Work: Design, Construction, Decoration, Planning & Management
Date : 12.06.2023




&management

06/06/2023

အဆင်ပြေတယ်မလား 🎵မင်းမို့မေးရက်တယ်…🎶🎶
ပေါက်ကရလေးဆယ်….🎶🥹🥹🙂

31/05/2023

Why Choose Lumos Builder?

အိမ်တစ်အိမ်ဆောက်တော့မယ်ဆိုတာနဲ့
➡️ ပန္နတ်ရိုက်
➡️ အုတ်မြစ်ချ
➡️ Foundation လုပ်၊ တိုင်ထောင်
➡️ အမိုးမိုး၊ အုတ်စီ
➡️ ရေ/မီး အဖွဲ့တွေဝင်
➡️ မျက်နှာကြက်လုပ်၊ ဆေးအချောသတ်ဝင်
➡️ အိမ်အလှဆင်လုပ်ငန်း၊ ဘာညာတွေအကုန် စိတ်ရှိတိုင်းသာလုပ်မယ်ဆိုရင် Lumos Builders ကိုလက်တွဲဖို့ မစဉ်စားထားပါနဲ့...

Lumos Builders က "အိမ်ဖြစ်ရင်ပြီးရော" ဆောက်တဲ့အဖွဲ့ထဲမှာမပါပါဘူး...😎

နည်းစနစ်တကျနဲ့ Step by Step process အားလုံးကို Quality အကောင်းဆုံးပေးစွမ်းနိုင်ဖို့ အကောင်းဆုံး ကြိုးစားနေလို့ပါ....😊😊

တကယ်လို့ လူကြီးမင်းဟာ အဆောက်အဦးတစ်ခုဆောက်လုပ်ဖို့ Lumos Builders နဲ့ လုပ်ရင်ကောင်းမလားဆိုပြီး ချိတုံချတုံဖြစ်နေပြီဆိုရင်တော့
➡️"ဘာကြောင့်ကျွန်ပ်တို့နဲ့ လက်တွဲသင့်ကြောင်း" ⬅️ကို တချက်ခြင်းစီရှင်းပြပါ့မယ်...

☑️ Plan Drawing State ကတည်းက Site Survey လုပ်ငန်းများလုပ်ဆောင်ခြင်း
☑️ ငလျင်၊ သဘာဝဘေးအန္တရာယ်ဒဏ်မှ ရှောင်ရှားနိုင်စေရန် Soil test Result ပေါ်အခြေခံပြီး Archi Layout နဲ့ ကိုက်ညီသော Structure Drawing များဆွဲသားပေးခြင်း
☑️ Construction ကာလအတွင်း Site Engineer၊ Site Supervisor များ၏ ကြီးကြပ်မှုဖြင့် Schedule အမှီပြီးစီးနိုင်စေဖို့ အမြဲ စစ်ဆေးလုပ်ဆောင်ခြင်း
☑️ စစ်ဆေးခြင်းအဆင့်တိုင်း (Site Inspection) အတွက်လည်း In house Quality Controller (QC) များထားရှိကာ အရည်အသွေးတွေ၊ Material အများအစားတွေကို Client နဲ့ သဘောတူထားသည့် အတိုင်းပေးစွမ်းနိုင်ဖို့ လုပ်ဆောင်ပေးခြင်း။
☑️ ဆောက်လုပ်ပြီးစီးတဲ့နောက်ပိုင်း Defect Liability period (DLP) ကာလ "1" နှစ်အတွင်း Structure, Archi, M&E နှင့် သက်ဆိုင်တဲ့ လုပ်ငန်းများတွင် ဆောက်လုပ်သူ Contractor ရဲ့ Error များဖြစ်လာပါက ပစ္စည်းဖိုး၊ လက်ခ အခမဲ့ဖြင့် အပြည့်အဝ အာမခံဆောင်ရွက်ပေးခြင်း...

စတဲ့ တိတိကျကျ လုပ်ပေးတတ်တဲ့ အချက်တွေကြောင့် Lumos Builders ကိုသာအမြန်ဆုံးရွေးချယ်လိုက်ကြစို့နော်...😊😊

Photos from LUMOS Builders's post 29/05/2023

New Autoverse Car Lab

The future is coming, and it's almost here.

Project Name : Autoverse Car Lab
Site/Bldg: 2400 Sq.ft
Location: South Okkalapa Tsp, Yangon
Scope of Work: Design, Construction, Decoration, Planning & Management
Date : 28.05.2023

26/05/2023

ဆောက်လုပ်ရေးလောကမှာ
Value Engineering ဆိုတာ ဘယ်လိုမျိုးကိုဆိုလိုတာလဲ?

ဒီအပတ်မှာတော့ အင်ဂျင်နီယာမောင်မယ်လူငယ်လေးတွေကို ရည်ရွယ်ပြီး ကြားဖူးနားဝ အနည်းငယ်စိမ်းနေသေးတဲ့ 'စကားလေး တစ်လုံး' နဲ့ မိတ်ဆက်ရှင်းပြပါရစေရှင်........

စကားလေးတစ်လုံးဆိုပေမယ့် Client ကော Contractor ကော အတွက် အဓိကအကျဆုံး Critical point လို့ သတ်မှတ်ရင်လည်း လွဲနိုင်စရာမရှိပါဘူး......

♦️"Value Engineering" တဲ့

✅အရပ်စကားအနေနဲ့ ပြောရမယ်ဆိုရင် စရိတ်စက ကာမိအောင်လုပ်ခြင်းပါပဲ.......

✅Clientရဲ့ Estimated budget ( အဆောက်ဦးဆောက်လုပ်ရန် လျာထားငွေ) ထဲဝင်စေဖို့ နဂိုရှိရင်းစွဲ Design ကနေ အကိုက်ညီဆုံး Design တစ်ခုကို ပြန်လည်ပြင်ဆင်ခြင်း......

✅Clientရဲ့ လိုအပ်တဲ့ purpose of usage ပေါ်မူတည်ပြီး Product (Material) များ ပြန်လည်ရွေးချယ်သုံးစွဲရန် တိုင်ပင်လုပ်ဆောင်ခြင်း.....

အထက်ပါ အချက် (၂) ချက်ပေါ် မူတည်ပြီး Client လက်ခံစေနိုင်မယ့် Budget တစ်ခု ပြန်လည်ရေးဆွဲကာ Contract Amount အဖြစ် purpose ပြုလုပ်ခြင်းတို့ အဓိကပါဝင်ပါတယ်......

♦️ဘယ်သူတွေက Value Engineering ကို အဓိကလုပ်ဆောင်ကြပါသလဲ?

Client ဘက်မှ ခန့်အပ်ထားတဲ့ Third party (Consultant) တွေနဲ့ ရွေးချယ်ခြင်းခံထားရတဲ့ (သို့) ရွေးချယ်ဖို့ရာခိုင်နှုန်းများတဲ့ Contractor တွေက အဓိက ပူပေါင်းလုပ်ဆောင်ကြရပါတယ်......

ဒါကြောင့် လျာထား Budget အတွင်း လိုအပ်တဲ့ Scope of work အကုန်လုံးကို တိတိကျကျ လုပ်နိုင်ဖို့ဆိုတာ Value Engineering ဆိုတဲ့ State တစ်ခုကို Construction လုပ်ငန်းတိုင်းမှာ သတ်သတ်မှတ်မှတ် လုပ်ဆောင်ကြဖို့ စေတနာနဲ့တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါရစေရှင်...🙏🙏🙏

22/05/2023

ကျွန်တော်တို့ Lumos Builders ကို ယုံကြည်စွာ လုပ်ငန်း အပ်နှံခဲ့သည့်

Autoverse Car Lab အား အထူးပင် ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ....🙏🏽🙏🏽

Address - South Okkalapa Tsp, Yangon.

- Construction,
- building services and
- Interior design by LUMOS Builders

☑️ Thank you for trusting and having confidence in us. We are very thankful to have you as our client.

19/05/2023

မင်မင် ကိုယ်တိုင်က "FA" ဖြစ်နေတော့🥺🥺

ဒါလေးတစ်ခုတော့ ခွင့်လွတ်.....🥲

Photos from LUMOS Builders's post 17/05/2023

Great progress coming along at the Imperial Crown Clinic

Location: Shwe Pyi Thar Tsp, Yangon

Scope of Work: Smart Board & 4 Angle Partition Work, Plain Ceiling Work

Date : 10.05.2023

13/05/2023

What is Construction Contract?

လုပ်ငန်းခွင်ထဲ၊ အရပ်ထဲစတဲ့ လူသားတို့ နေထိုင်ရာရပ်ဝန်းထဲမှာ "စာချုပ်" ဆိုတဲ့ စကားလုံးက နားရည်ဝပြီးသား ဖြစ်နေမှာပါ....

➡️ တစ်ကယ်တော့ စာချုပ် (Contract) ဆိုတာ အကြောင်းအရာတစ်ခုပေါ်မူတည်ပြီးတော့

"ပြုလုပ်ရန်၊
မပြုလုပ်ရန်"

ဆိုပြီး နှစ်ဦးနှစ်ဖက်သဘောတူညီမှု (Agreement) ပြုလုပ်ထားခြင်း ဖြစ်ပါတယ်...

➡️ ဆောက်လုပ်ရေးလောကမှာတော့ စာချုပ်တွေ "ချုပ်ဆို" တဲ့အခါ Construction Law တွေထိပါ အကျွမ်းတဝင်ရှိထားသင့်ပါတယ်...

ဒီတပါတ်မှာတော့ Construction Contract ထဲကမှအသုံးအများဆုံးဖြစ်တဲ့ "ပုဒ်ပြတ်လုပ်ငန်းသဘောတူစာချုပ်" အကြောင်းလေးကို Sharing လုပ်ပေးချင်ပါတယ်....

➡️ပုဒ်ပြတ်လုပ်ငန်းသဘောတူစာချုပ်⬅️

ပုဒ်ပြတ်လုပ်ငန်းသဘောတူစာချုပ်ကို Lump Sum Contract/ Fixed price contract လို့ဆောက်လုပ်ရေးလောကမှာ အသုံးပြုခေါ်ဆိုကြပါတယ်...

☑️ Scope of work များကို သေချာစွာသတ်မှတ်ကာ "နှုန်းသေ" တစ်ခုသတ်မှတ်ပြီးတော့ project Schedule အတွင်း လုပ်ငန်းအားလုံးကို ပြီးမြောက်အောင်ဆောင်ရွက်ဖို့အတွက် သဘောတူညီချက်ပြုထားတဲ့ Contract အမျိုးအစားပဲဖြစ်ပါတယ်...

Lump Sum Contract ကို သုံးမယ်ဆိုရင်တော့ Project ရဲ့ Scope of work နဲ့ Project Schedule ကို အတိအကျသတ်မှတ်ထားဖို့တော့ လိုပါလိမ့်မယ်...

ဒါကြောင့် Contract ချုပ်တဲ့အခါ Project ရဲ့ လုပ်ငန်းဆောင်တာတွေဟာ

(၁) ဘယ်အချိန်မှာ စမလဲ
(၂) ဘယ်အချိန်မှာပြီးဆုံးရမလဲ
(၃) ဘယ်အချိန်မှာ ဘယ်လုပ်ငန်းတွေ လုပ်ဖို့ လိုလဲ
(၄) ဘာတွေလုပ်ရမယ် ဆိုတာတွေ၊
(အတိအကျ မရှိရင်) Lump Sum Contract ကို အသုံးမပြုသင့်ပါဘူး၊

Lump Sum Contract မှာလည်း ကောင်းကျိုးရှိသလို ဆိုးကျိုးတွေလည်း ရှိပါတယ်။

➡️Advantages of Lump Sum Contract⬅️

☑️-Item တစ်ခုခြင်းစီရဲ့ (Detail Measurement) တွေထည့်ရန်မလိုတဲ့အတွက် Client နဲ့ Contractor ကြား Quantity နဲ့ ပတ်သက်ပြီး အငြင်းပွားနေစရာ မလိုအပ်ပါဘူး...

☑️-ပုဒ်ပြတ်ပေးလိုက်တဲ့အတွက် မမျှော်မှန်းထားနိုင်တဲ့ risk တွေအတွက် ကုန်ကျနိုင်မယ့် cost တွေ လည်း Client အနေနဲ့ လျော့ချနိုင်ပါတယ်...

☑️-Client တွေအနေနဲ့ Budget control လုပ်ရန်လွယ်ကူပြီး (Profit margin) ကိုကြိုတင်ခန့်မှန်းထားနိုင်ပါတယ်၊

➡️Disadvantages of Lump Sum Contract⬅️

☑️-Contractor တွေအနေနဲ့ Lump sum cost တွေ တွက်ချက်တဲ့အခါ ဖြစ်လာနိုင်မယ့် ကုန်ကျစရိတ်တွေကို သေချာတွက်ချက်ဖို့လိုပါတယ်၊ တစ်ခုခုတွက်ချက်လိုက်လို့ လိုသွားခဲ့ရင် "Additional" အနေနဲ့ ထပ်တောင်းဖို့မလွယ်ပါဘူး...

☑️-Client တွေအတွက်ကလည်း Projectရဲ့ costကို ကျသင့်တာထက် ပိုမိုပေးရလေ့ရှိပါတယ်၊ ပြီးတော့ Clientတွေအနေနဲ့ contract ချုပ်ဆိုတဲ့အချိန်မှာ Quality အပိုင်းသေချာ မချုပ်ဆိုခဲ့ဘူးဆိုရင် project စတင်ပြီးနောက်ပိုင်း Quality control လုပ်ဖို့ခက်ခဲ့ပါလိမ့်မယ်၊

ဒါဆိုရင်တော့ Construction Contractခေါင်းစဉ်အောက်က Lump Sum Contract နဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တဲ့အကြောင်းအရာလေးတွေကို သိလောက်ပြီလို့ ယူဆလိုက်ပါရစေ…

နောက်အပတ်တွေမှာလည်း ဗဟုသုတရဖွယ် အကြောင်းအရာများကို ပြန်လည်မျှဝေပေးသွားမှာဖြစ်လို့ Like and Sharing လုပ်သွားကြဖို့ အကြံပြုလိုပါတယ်ခင်ဗျာ.....

ကိုးကား





#ပုဒ်ပြတ်
#ပုဒ်ပြတ်လုပ်ငန်းသဘောတူစာချုပ်

Photos from LUMOS Builders's post 12/05/2023

"လိုချင်တာအစုံရပြီး
စိတ်ကျေနပ်ဖို့ဆိုရင်....."☺️

"ရွှေပြည်သာရောက်တိုင်း
4U Mart မှာ ဈေးဝယ်ပါ....."❤❤❤

♦️Next Chapter of Lumos Builder.

Project Name : 4U Convenience Store (Renovation Project)
Site/Bldg: 1312 Sq.ft
Address : Kyaw Swar Bus stop, Shwe Pyi Thar, Yangon.
Scope of work : Design & Renovate
Status: Completed April 2023

06/05/2023

အိမ်ဝယ်ပြီးရင် ဘာတွေပြင်ဆင်ထားဖို့လိုမလဲ???
လတ်တလောအခြေအနေကို လေ့လာကြည့်မယ်ဆိုရင်တော့…

✔️မြေဝယ်ပြီး ၂ထပ်/၃ထပ်လုံးချင်းတိုက်မျိုးတွေဆောက်လုပ်လာကြတာများသလို

✔️ Condo, တိုက်ခန်း, Villa housing တွေနဲ့ ရှိပြီးသား လုံးချင်းတိုက်လေးတွေပါ

အရောင်းအဝယ်တော်တော်လေး ဖြစ်နေကြတာကို လူကြီးမင်းတို့အနေနဲ့လည်း သိပြီးသားဖြစ်မှာပါ…

ဒီတပါတ်မှာတော့ ရှိပြီးသား/အသင့်ဆောက်လုပ်ပြီးသား အိမ်ခန်းကို ဝယ်ပြီး ပြင်ဆင်နေထိုင်ဖို့ plan ရှိတဲ့သူတွေ၊ ဒါမှမဟုတ် ဝယ်ပြီး ပြင်ဆင် ပြန်ရောင်းလုပ်ငန်း လုပ်ကိုင်ဖို့ကြံဆနေတဲ့ မိတ်ဆွေတွေအတွက် “အိမ်ဝယ်ပြီးတာနဲ့ ဘာတွေဆက်လုပ်ဖို့ ပြင်ဆင်ထားသင့်သလဲ” ဆိုတာလေးကို sharing လုပ်ပေးပါရစေ…

🏚️အသင့်ပါရှိသော အိမ်ကို အသေးစိတ်လေ့လာခြင်း

လူကြီးမင်းဟာ အိမ်တအိမ်ကို ဝယ်ယူလိုက်ပြီဆိုတာနဲ့ အိမ်တွင်းအဆောင်အယောင်ပစ္စည်းများကို အသေးစိတ်စစ်ဆေးလေ့လာဖို့ ဦးဆုံးလုပ်ပါ (ဥပမာ- ကြမ်းခင်းတွေ၊ နံရံတွေ၊ မျက်နှာကျက်တွေ၊ အခန်း partitionတွေ၊ အဝတ်ဗီဒို၊ TV စင်တွေ၊ ဘုရားခန်း၊ Bath and Toilet ၊ kitchen အစရှိတာတွေပါ)

အသေးစိတ်စစ်ဆေးပြီးမှသာ renovation လုပ်တဲ့အခါ

✔️ 100% နီးပါး ပြန်လည်ပြင်ဆင်ရမှာတွေ၊

✔️ရှိပြီးသား ပစ္စည်းများကို အနည်းငယ်ပြင်ဆင်လိုက်တာနဲ့ လူကြီးမင်းလိုချင်တဲ့ အနေအထားတစ်ခုအထိ ရောက်နိုင်၊ မရောက်နိုင်တာတွေကို အသေးစိတ်လေ့လာပြီး လုပ်ငန်းအုပ်စုများ ခွဲခြမ်းစိပ်ဖြာထားသင့်ပါတယ်…

💰💵ပြင်ဆင်ဖို့ လျာထားရမည့် ငွေပမာဏ

လူကြီးမင်းလုပ်ဆောင်မယ့် လုပ်ငန်းတစ်ခုချင်းစီရဲ့ ခန့်မှန်းကုန်ကျငွေပမာဏကို ကြိုတင်တွက်ချက်ထားပါ…

ဒါမှသာ လျာထားငွေပမာဏထက်ကျော်လွန်နေခဲ့မယ်ဆိုရင်

✔️ဦးစားပေးပြင်ဆင်ရမယ့် scope of work နဲ့

✔️ ဖြည်းဖြည်းချင်း လုပ်ဆောင်သွားလို့ရမယ့် scope of work ဆိုပြီး ထပ်မံခွဲခြားပြီး လုပ်ဆောင်နိုင်မှာပါ…

🏆 ပြင်ဆင်လုပ်ဆောင်ပေးမည့် အဖွဲ့အစည်းရွေးချယ်ခြင်း

လူကြီးမင်းတို့လိုချင်တဲ့ quality ကိုပြည့်မှီစွာပေးနိုင်ပြီး လုပ်ငန်းလုပ်တဲ့အခါ အခိုအကပ် မရှိတဲ့ Interior Decoration အဖွဲ့ကို ရွေးချယ်ပါ….

📑✍️ လုပ်ငန်းသဘောတူ စာချုပ်

“နှုတ်တစ်ရာ၊ စာတစ်လုံး” ဆိုတဲ့အတိုင်း ရွေးချယ်ထားတဲ့ company နဲ့ လုပ်ငန်းစာချုပ် ချုပ်ဆိုတဲ့အခါ

✔️ ( ပစ္စည်း+လုပ်အားခ) နဲ့ စာချုပ်ချုပ်မလား????

✔️ လုပ်အားခချည်းသီးသန့်စာချုပ် ချုပ်ဆိုမလားဆိုပြီး ကြိုတင်တွေးတောထားရမှာပါ…

📆📆လုပ်ငန်းလုပ်ဆောင်ကာလ (working schedule)

✔️လျော့တိလျော့ရဲ schedule မျိုးကိုသုံးမိတာပဲဖြစ်ဖြစ်

✔️ schedule တိတိကျကျမချမှတ်ပဲလုပ်ငန်းလုပ်ဆောင်တာမျိုးပဲဖြစ်ဖြစ်

နှစ်ဦးနှစ်ဖက်လုံးအတွက်နစ်နာစရာတွေကြီးပါပဲ

ဒါကြောင့် working schedule ဟာလည်းပြင်ဆင်ထားဖို့လိုအပ်တဲ့အရေးကြီးအချက်တစ်ချက်အဖြစ် ရပ်တည်နေပါတယ်….

🧐Quality Assurance/ Quality Control လုပ်ခြင်း

လုပ်ငန်းတစ်ခုချင်းစီတိုင်းကို Client အနေနဲ့ Standard Quality အတိုင်းရဖို့ဆိုလျှင် Interior decoration work အဖွဲ့ဘက်ချည်းသက်သက်လွှတ်ထားတာမျိုးထက်စာရင် လူကြီးမင်းတို့ဘက် မှလည်း သိနားလည်တဲ့အဖွဲ့ (ဥပမာ-Third pasty လိုမျိုး) ကို အကူအညီတောင်းစစ်ဆေးတာမျိုးဖြစ်ဖြစ် ၊ လူကြီးမင်းကိုယ်တိုင်နားလည်လို့ကိုယ်တိုင်စစ်ဆေးတာမျိုးပဲဖြစ်ဖြစ် ပြုလုပ်သင့်ပါတယ်…

ဒါမျိုးတွေ တစ်ခုမှ မစဉ်းစားချင်တော့ဘူးဆိုရင်တော့ LUMOS Builders ကိုပဲဆက်သွယ်လ်ုက်ပါ…

အစစအရာရာ တာဝန်ယူပေးပါရစေ..🙏

03/05/2023

ဗျာ၊ ဖွား၊ ပွင့်၊ စံ
ဤလေးတန် မှတ်ရန် ဗုဒ္ဓနေ့.....🙏🙏🙏

ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် ဘေးရန်ကင်းကွာ စိတ်ချမ်းသာ ငြိမ်းချမ်းသာယာနိုင်ကြပါစေ......

#ကဆုန်လပြည်နေ့

Photos from LUMOS Builders's post 24/04/2023

Autoverse Car Lab

Site: 1200 Sq.ft
Mayangone, Yangon
Construction Status: Completed September 2022

Design and Build by Lumos builders

23/03/2023

#𝐁𝐮𝐢𝐥𝐝𝐞𝐫 𝐂𝐨𝐦𝐩𝐚𝐧𝐲 တစ်ခုဟာ အဆောက်အဦးတည်ဆောက်ခြင်းဆိုတဲ့ လုပ်ငန်းတစ်ခုတည်းကိုပဲ လုပ်ဆောင်ရတာမျိုးမဟုတ်ပါဘူး....

“အောင်မြင်တဲ့ အဆောက်အဦးတည်ဆောက်ရေး” ဖြစ်လာစေဖို့အတွက် 𝐏𝐫𝐨𝐣𝐞𝐜𝐭 ရဲ့ လုပ်ငန်းဆောင်တာတွေကို 𝐏𝐥𝐚𝐧𝐧𝐢𝐧𝐠, 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐢𝐧𝐠 & 𝐂𝐨𝐨𝐫𝐝𝐢𝐧𝐚𝐭𝐢𝐨𝐧 လုပ်ခြင်းစတဲ့ 𝐓𝐚𝐬𝐤 များစွာကို အသေးစိတ်လုပ်ဆောင်ပေးဖို့အတွက် 𝐋𝐔𝐌𝐎𝐒 𝐁𝐮𝐢𝐥𝐝𝐞𝐫 မှ အသင့်ရှိနေပါပြီ......

𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 လုပ်ငန်းများနဲ့ ပတ်သက်ပြီး အတွေ့အကြုံရှိ အတတ်ပညာရှင်များမှ ကိုယ်တိုင်ကြီးကြပ်ပြီး

🏗️📝𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 𝐏𝐥𝐚𝐧 𝐈𝐦𝐩𝐥𝐞𝐦𝐞𝐧𝐭𝐚𝐭𝐢𝐨𝐧

ဆောက်လုပ်ရေးစီမံကိန်းများအား အချိန်နဲ့ တပြေးညီ 𝐒𝐭𝐞𝐩 𝐁𝐲 𝐒𝐭𝐞𝐩 အကောင်အထည်ဖော်ပေးခြင်း

🏗️👷♀️𝐒𝐮𝐩𝐞𝐫𝐯𝐢𝐬𝐢𝐧𝐠 & 𝐐𝐮𝐚𝐥𝐢𝐭𝐲 𝐂𝐨𝐧𝐭𝐫𝐨𝐥

𝐏𝐫𝐨𝐣𝐞𝐜𝐭 ကို သတ်မှတ်အရည်အသွေးရရှိစေရန် 𝐒𝐲𝐬𝐭𝐞𝐦𝐚𝐭𝐢𝐜 ကျကျကြီးကြပ်ဆောင်ရွက်ပေးခြင်း

🧾 𝐏𝐫𝐨𝐜𝐮𝐫𝐢𝐧𝐠 𝐌𝐚𝐭𝐞𝐫𝐢𝐚𝐥

𝐐𝐮𝐚𝐥𝐢𝐭𝐲 ပြည့်စုံတဲ့ 𝐏𝐫𝐨𝐣𝐞𝐜𝐭 တစ်ခုဖြစ်လာစေဖို့အတွက် အကိုက်ညီဆုံး 𝐌𝐚𝐭𝐞𝐫𝐢𝐚𝐥 များကို ပြည်တွင်း/ ပြည်ပ 𝐒𝐮𝐩𝐩𝐥𝐢𝐞𝐫 များနှင့် စေ့စပ်ညှိနှိုင်းဆွေးနွေးကာ အချိန်မီ ရောက်ရှိစေဖို့အတွက် မှာယူခြင်း)

🏬🏬𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 𝐏𝐞𝐫𝐦𝐢𝐭 & 𝐑𝐞𝐠𝐮𝐥𝐚𝐭𝐢𝐨𝐧 𝐑𝐞𝐬𝐞𝐚𝐫𝐜𝐡

𝐏𝐫𝐨𝐣𝐞𝐜𝐭 မစတင်မီ အခြေအနေများတွင် သက်ဆိုင်ရာအဖွဲ့အစည်းများထံမှ ခွင့်ပြုမိန့်များတောင်းခံကာ ဆောက်လုပ်ခြင်းနှင့် ဆောက်လုပ်ဆဲ၊ ဆောက်လုပ်ပြီး အခြေအနေများတွင် အဖွဲ့အစည်းအာဏာပိုင်များနှင့် ချိတ်ဆက်ကာ စစ်ဆေးပေးခြင်း။

💰💸𝐁𝐮𝐝𝐠𝐞𝐭𝐢𝐧𝐠 & 𝐂𝐨𝐧𝐭𝐫𝐨𝐥𝐥𝐢𝐧𝐠
𝐏𝐫𝐨𝐣𝐞𝐜𝐭 နဲ့အကိုက်ညီဆုံး 𝐁𝐮𝐝𝐠𝐞𝐭 ငွေတွက်ချက်သတ်မှတ်ခြင်းနှင့် မျှော်မှန်း 𝐁𝐮𝐝𝐠𝐞𝐭 ကျော်လွန်မှု မဖြစ်စေရန် 𝐂𝐨𝐧𝐭𝐫𝐨𝐥 လုပ်ခြင်း

🧐 𝐄𝐯𝐚𝐥𝐮𝐚𝐭𝐢𝐨𝐧

သတ်မှတ်ထားသည့် 𝐓𝐢𝐦𝐞𝐥𝐢𝐧𝐞 အတွက် 𝐏𝐫𝐨𝐠𝐫𝐞𝐬𝐬 နဲ့ ပတ်သက်၍ 𝐑𝐞𝐯𝐢𝐞𝐰 လုပ်ခြင်း
စတဲ့ အနုစိတ်လုပ်ငန်းများစွာအတွက် ကျွန်တော်တို့ 𝐋𝐔𝐌𝐎𝐒 𝐁𝐮𝐢𝐥𝐝𝐞𝐫 မှ တာဝန်ယူပါတယ်.....

𝐋𝐔𝐌𝐎𝐒 𝐁𝐮𝐢𝐥𝐝𝐞𝐫 𝐢𝐬 𝐫𝐞𝐚𝐝𝐲 𝐟𝐨𝐫 𝐲𝐨𝐮!!!!

Want your business to be the top-listed Home Improvement Business in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 984, Shwe Hnin Si Street, Mayangone Township
Yangon
11061

Other Home decor in Yangon (show all)
Natmauk Construction - Since 1985 Natmauk Construction - Since 1985
Yangon, 11191

Construction

Cham Myae Tha Luxury Furniture Cham Myae Tha Luxury Furniture
No. 10/A, Kabaraye Pagoda Road, Mayangone Township
Yangon, 11061

CMT provides lavish interior decoration experiences. We specialize in production and more.

Khant htet Khant htet
Yangon

khant htet

CLINE Design & Furniture CLINE Design & Furniture
Dhamayone Street
Yangon, 11017

CLINE for you to create your home , apartment , office and shop be modernized and updated in 21st Century. We develop all updated designs, Structures and material every seconds an...

The A-Z Shop The A-Z Shop
Yangon

Everything is beautiful with best quality.

Aspdin Construction & Decoration Group Aspdin Construction & Decoration Group
No. 69F, Zizawa Street, 10 Quarter, Chan Thar Shwe Pyi Housing, East Dagon Township
Yangon, 11451

Aspdin Construction is a commercial construction company located in Yangon, Myanmar, that provides general contracting and project management services. Aspdin Construction has focu...

Bright Future Home Decoration Bright Future Home Decoration
No. 29, 89st
Yangon, 11221

Vertor Vertor
Yangon, 11091

Welcome to our Page One-stop service for furniture lovers Currently available for local clients.

Aesthetic Gift Shop by DM Aesthetic Gift Shop by DM
Thazinpan Street, Thingangyun
Yangon, 11071

Aesthetic Room Decor & Household Items

Myint Myat Pyae Sone - Flooring & Home Decoration Myint Myat Pyae Sone - Flooring & Home Decoration
Sel Myaung Street
Yangon

Flooring & Home Decoration.

Aung TK Home 𝙙𝙚𝙨𝙞𝙜𝙣 𝙞𝙙𝙚𝙖𝙨 Aung TK Home 𝙙𝙚𝙨𝙞𝙜𝙣 𝙞𝙙𝙚𝙖𝙨
Yangon

design & home decoration service