Phyo Auto Services
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Phyo Auto Services, Auto Detailing Service, ၁၆ ရပ်ကွက်၊ အမှတ် (၂) လမ်းမကြီး ၊ တောင်မြောက်လမ်းဆုံမှတ်တိုင်အနီး, Yangon.
Toyota Townace ကားလေး ခရီးသွားလာနေရင်း ဟက်ဘောထဲက မီးခိုးတွေထွက်လာလို့တဲ့ စစ်ကြည့်လိုက်တော့ ဟက်ဘောတွေက မရှိတော့ဘူး၊အပေါ်ဘောဂျိုင့်ကလဲ ကျွံထွက်နေတာတွေ့ရတာနဲ့ လဲသင့်လဲ ပြုပြင်သင့်တာ ပြုပြင်ပေးလိုက်တော့ ကားလေးလဲအဆင်ပြေသွားပါတယ်။
ချစ်မိတ်ဆွေများအား အသိပေး အကြောင်းကြားအပ်ပါသည် ခင်ဗျာ။
Suzuki carry ကားလေး တစ်ချက်တစ်ချက် အညှော်နံ့တွေရလို့ လာစစ်တာတဲ့ စစ်ကြည့်လိုက်တော့ Tappet Cover Seal ကနေ ဆီတွေယိုပြီး အိတ်ဇောပေါ် ဆီတွေကျနေတာတွေ့ရတယ်။၊Plug Coilတွေမှာလဲ Engine Oil တွေ စိုနေတာတွေ့ရတာနဲ့ Tappet Cover Sealလဲလှယ် ပြုပြင်ပေးလိုက်တော့ ကားလေးလဲ အဆင်ပြေသွားပါတယ်။
Toyota Townace ကားလေး ခရီးသွားလာနေရင်း ဘရိတ်မမိတော့လို့ လာပြတာတဲ့ စစ်ကြည့်လိုက်တော့ Pistion တစ်လုံးက အပြင်ထွက်နေပြီး brake ဆီတွေကလဲ မရှိတော့ဘူး၊အပေါ် ခြေနင်းကလပ်ဆုံကလဲ ဆီတွေယိုစိမ့်နေတာ တွေ့ရတာနဲ့ လဲသင့်တာလဲ ပြုပြင်သင့်တာ ပြုပြင်ပေးလိုက်တော့ ကားလေးလဲ အဆင်ပြေသွားပါတယ်။
မီးသံနှင့် ဂျမ်းသံ
များသောအားဖြင့် ဓာတ်ဆီကားအများစုတွင်မီးသံ အခေါက်များကြသည်။မီးသံခေါက်ရခြင်းအကြောင်းမှာ pisition ထိပ်တွင် ကာဗွန်ဂျိုးများ အများအပြား ထူထပ်နေသောကြောင့် အဖြစ်များကြသည်။အခြားသော အကြောင်းအရာများကြောင့်လဲ ရှိတတ်ပေသည်။ဥပမာ-လေတံခါးချေးပိတ်ခြင်း၊အိတ်ဇော ကျောက်ဇကာ ချေးပိတ်ခြင်း Plug များ လောင်ကျွမ်းထားခြင်း စသည့်အကြောင်းအရာများကြောင့် လဲ မီးသံခေါက်တတ်ပေသည်။ထိုမီးသံခေါက်သံနှင့်အလားတူ တူညီသောအသံတစ်ခုမှာ ဂျမ်းသံ ဖြစ်သည်။ထိုဂျမ်းသံ ဖြစ်ရခြင်းအကြောင်းမှာ Plug ကြောင့်အဖြစ်များကြသည်။ကျွန်တော်တို့အများစု အသုံးပြုကြသည့် Plug များသည် မီးကျွမ်းအသုံးများထားပါက Plug အသစ်ပြန်လည် လဲလှယ်သည့်အခါ ဂရုတစိုက်နှင့် ဖြုတ်တပ်မှုပြုလုပ်ရပါမည်။မိမိ ဖြုတ်လိုက်သော Plug တစ်လုံးချင်းစီတွင် ပစ္စည်းအစုံ ပါမပါ သတိထားပြီး စစ်ဆေးသင့်သည်။များသောအားဖြင့် Plug ဖြုတ်ချိန်တွင် Plug ထိပ်၌ပါသည့် အကောက်လေးများ ကျိုးကျံ နေတတ်သည်။တစ်ချို့သော ကားများတွင် နတ်အရစ်ထိုင် ကျိုးကျံနေခဲ့သည်။ထိုကဲ့သို့ ကြုံတွေ့လာခဲ့ရပြီဆိုလျှင် ဂျမ်းသံမဖြစ်စေဖို့ ဂရုစိုက်ရတော့ပေမည်။ဂျမ်းသံဟူသည် Piston ထိပ်တွင်Plug များဆွေးမြေ့ပြီး Plug မှသံတိုသံစလေးများ Pistion ထိပ်တွင် ကျန်ရစ်နေခဲ့ပြီး ထို သံတိုသံစများကို သတိမထားမိဘဲ Plug များအသစ်ပြန်လည် တပ်ဆင်ပြီး စက်နှိုးလိုက်သောအခါ သံစများသည် ဟက်အသားတွင် စိုက်ဝင်ပြီး ပြန်မထွက်လာနှိုင်တော့ပါ။ထို သံစသည် ဟက်နှင့် Pistion ကြားတွင် ဂျမ်းဖြစ်နေပြီးPistion တစ်ချက် ဟက်မျက်နှာပြင်သို့ ရောက်ရှိတိုင်း အသံတစ်ချက်ထွက်နေတော့သည်။ထိုကဲ့သို့ ကြုံတွေ့ရပြီဆိုလျှင် ဟက်ဖွင့်ရန် အတွက် 100%သေချာသွားပါသည်။ဟက်ဖွင့်၍ ထို အတိုအစလေးများကို သန့်ရှင်းရေးလုပ်မှသာ ထိုအသံဟာ ပျောက်ကွယ်သွားမှာ ဖြစ်ပါသည် ။ထို့ကြောင့် ဟက်ထဲမှ အသံစူးစူးကြားနေရပြီဆိုလျှင် မီးသံနှင့် ဂျမ်းသံ သေချာ ကွဲပြားအောင် နားထောင်ပြီး ဆုံးဖြတ်ချက် မှန်ကန်အောင် ဆုံးဖြတ်သင့်သည်။ကျွမ်းကျင်သော ဆရားသမားများသည် ထိုအသံဟာ ကွဲပြားမှု ရှိသည့်အတွက် ဝေခွဲရန် အလွန် လွယ်ကူပေသည်။ထို့ကြောင့် မိမိ၏ကားတွင် ထိုသို့ အသံကြားလာရပြီဆိုပါက Phyo Auto Services ကိုသာ အမြန်ဆုံး ပြေးလာကြပါလို့ ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။Thank you
>>> ကား အင်ဂျင်အောက်ပိုင်းကျွမ်းကျင် (၁ ဦး )
>>> အင်ဂျင် အောက်ပိုင်း စက်ပြင် အလုပ်သင် ဝန်ထမ်း များအလိုရှိသည်။
>>> လစာ + နေစားငြိမ်း
>>> ရန်ကုန်တွင်လုပ်ကိုင်ရမည်
>>> အကျင့်စာရိတ္တအထူးကောင်းမွန်ပြီး ကြိုးစားချင်စိတ်ရှိသူဖြစ်ရမည်။
>>> အလုပ်သင်များအား နယ်မှ လာသူ ဦးစားပေးမည်။
ဆက်သွယ်ရန် - 09267737205
Toyota Probox ကားလေး ခရီးသွားလာနေရင်း Brake oilတွေ ယိုနေတာတွေ့လို့ လာပြတာတဲ့ ဘီးဖြုတ်စစ်ကြည့်လိုက်တော့ brake pistionက oil sealရဲ့ အပြင်ကို ကျွံနေတာတွေ့ရတယ်။ဘာကြောင့် အဲ့လိုဖြစ်ရတာလဲ ထပ်စစ်ကြည့်တော့ အဓိကဖြစ်တဲ့ brake shoeက တစ်ခြမ်းကုန်နေတာတွေ့ရတာနဲ့ လဲသင့်တာလဲ ပြုပြင်သင့်တာ ပြုပြင်ပေးပြီး brakeဆီ ပြန်ချူပေးလိုက်တော့ ကားလေးလဲ အဆင်ပြေသွားပါတယ်။
Toyota Townace ကားလေး ဘရိတ်ဆီတွေ လျော့လျော့နေပြီး brake နင်းရင် သိပ်မမိသလို ဖြစ်နေလို့ လာစစ်တာတဲ့ စစ်ကြည့်လိုက်တော့ Club အပေါ်ဆုံက ဆီတွေယိုနေတာ တွေ့ရတယ်၊နောက် brake shoeတွေကလဲ ချော်နေတယ်၊brake pipe ကလဲပေါက်နေတယ်၊ ရှေ့ brake pistionတစ်လုံးကလဲ ဗျောက်တွေထနေတာတွေ့ရတာနဲ့ လဲသင့်တာလဲ ပြုပြင်သင့်တာ ပြုပြင်ပေးလိုက်တော့ ကားလေးလဲ အဆင်ပြေသွားပါတယ်။ပဲခူးကနေ တကူးတက လာပြင်တာမို့ custromer ကလဲ ပဲခူးရေကြီးတုန်းက ပဲခူးပြည်သူပြည်သားတွေကို ကူညီခဲ့တာရယ်ကြောင့် ကိုယ်လဲသူ့ကိုပြန်ကူညီတဲ့အနေနဲ့ service freeစေတနာအပြည့်နဲ့ ကူညီပြုပြင်ပေးလိုက်ပါတယ်ခင်ဗျ။ကားလာပြင်တဲ့အစ်ကိုကလဲ အားနာလို့ ဆိုပြီး မုန့်တွေ အအေးတွေ ပြန်လည် ဝယ်ပေးသွားလို့ ကျေးဇူးအထူးပင် တင်ရှိပါတယ်ခင်ဗျ။ပဲခူးက အစ်ကို၊အစ်မများတို့ရေ 10လပိုင်း လကုန်အထိ Phyo Auto Services မှာ လက်ခfree စေတနာ အပြည့်နဲ့ service ပေးနေပါတယ်နော်။
Honda Fit ကားလေး ခရီးသွားလာနေရင်း လီဗာ နင်းတာ မတက်တော့လို့ လာပြတာတဲ့ စစ်ကြည့်လိုက်တော့ Plug coilတွေက ပေါက်နေတယ်၊plug တွေကလဲ မီးကျွမ်းနေတယ်၊လေတံခါးမှာလဲ ချေးရှိနေတာတွေ့ရတယ်၊Oxygen sensor ကလဲ မကောင်းတော့ဘူး၊VVTI ဗားစီးကလဲ ဆီတွေယိုစိမ့်နေတာနဲ့ လဲသင့်တာလဲ ပြုပြင်သင့်တာ ပြုပြင်ပေးလိုက်တော့ ကားလေးလဲလီဗာနင်းရတာပေါ့သွားလို့ custromer လဲ သဘောကျသွားပါတယ်။
Coolant၊Engine oil ၊ Auto oil၊ Plug ၊Air filter၊ Air-Con filter၊ Brake shoe ၊ တိုက်ရော့၊ မိန်းလုံး၊ ဒူးစ်သဲကာ အစရှိသည့် အရာများကို Phyo Auto Services မှာ ရရှိနှိုင်ပါပြီခင်ဗျ။
ကားလေးတွေ လူကြီးမင်းတို့ စိတ်တိုင်းကျ ရေဆေးပေးနေပါတယ်ခင်ဗျ။
သန်လျင်ကနေ တကူးတက လာရောက်အားပေးသွားတဲ့ CR-V ကျေးဇူး အထူးတင်ရှိပါတယ်ခင်ဗျ။
ယနေ့အလှူ
17.10.2023 နေ့ရက်မှာ ပဲခူးမြို့ရေဘေးသင့်အလှူ လှူဒါန်းခဲ့ပါတယ်ခင်ဗျာ။
ဤအလှူဖြစ်မြောက်ရေးအတွက် Phyo Auto Services မိသားစုအား ဝိုင်းဝန်းကူညီဖေးမကြသော အလှူရှင်များကို ကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ။
#ကားအင်ဂျင် #ကားအောက်ပိုင်း #ကားရေဆေးဆီထိုး
#အလိုင်းမန့်
ဖုန်း - 09267737205
Toyota Mark 2ကားလေး လမ်းမညီတဲ့ နေရာတွေရောက်ရင် တကျွီကျွီ မြည်နေလို့ ရှော့ဘားတွေဖြုတ်စစ်ကြည့်တော့ ရှော့ဘားတွေ သေနေတာ တွေ့ရတာနဲ့ အသစ်လဲလှယ် ပြုပြင်ပေးလိုက်တော့ ကားလေးလဲ အသံပျောက်သွားပြီးအဆင်ပြေသွားပါတယ်။
#ကားအင်ဂျင် #ကားအောက်ပိုင်း #ကားရေဆေးဆီထိုး
#အလိုင်းမန့်
09267737205
ပဲခူးမြို့မှ ရေဘေးဒဏ်သင့်ပြီး ထိခိုက်ပျက်စီးသွားသော ကားများ နှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် အားဖြည့်ပေးခဲ့ကြသည့် မော်တော်ယာဉ် များအတွက် တတ်နိုင်သည့်ဘက်ကကူညီပြီး Phyo Auto Services မှ အထူးအစီအစဉ်တစ်ရပ်အနေဖြင့် လူကြီးမင်းတို့ကားများ၏ ထိခိုက်ပျက်စီးသွားသည့် အစိတ်အပိုင်းတို့ကို ၁၆.၁၀.၂၀၂၃ ရက်နေ့မှ ၃၁.၁၀.၂၀၂၃ ရက်နေ့အထိ လက်ခ ⭐️အခမဲ့⭐️ဖြင့် ပြုပြင်ပေးမည်ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါတယ်ခင်ဗျာ။ 🔔🔔
အောက်ပါလိပ်စာနှင့် ဖုန်းနံပါတ်တို့အားဆက်သွယ်နိုင်ပါကြောင်းနှင့် ကျွန်တော်တို့ ပဲခူးသားများနဲ့ ဖွဲ့စည်း တည်ထောင်ထားသည့် Phyo Auto Services မှ နွေးထွေးစွာ ကြိုဆိုပါကြောင်း မိမိတို့ပဲခူးသူ၊ ပဲခူးသားများအား အသိပေးအပ်ပါသည်။
#ကားအင်ဂျင် #ကားအောက်ပိုင်း #ကားရေဆေးဆီထိုး
#အလိုင်းမန့်
ဖုန်း - 09267737205
Mazda Titan ကားကြီး ခရီးသွားခါနီးမို့ brake တွေလာစစ်တာတဲ့ စစ်ကြည့်လိုက်တော့ brake pistion တွေကလဲ သေနေတာတွေ့ရတယ်၊brake sealတွေကလဲပေါက်နေတာတွေ့ရတာနဲ့ လဲသင့်တာလဲ၊ပြင်သင့်တာတွေ ပြုပြင်ပေးလိုက်တော့ ကားကြီးလဲ အဆင်ပြေသွားပါတယ်။
#ကားအင်ဂျင် #ကားအောက်ပိုင်း #ကားရေဆေးဆီထိုး
#အလိုင်းမန့်
ဖုန်း - 09267737205
Mazda Bongo ကားလေး ခရီးသွားလာနေရင်း အင်ဂျင် heatတက်လို့တဲ့ ရေတိုင်ကီ ဖွင့်ကြည့်တော့ ရေမရှိဘူးဖြစ်နေတယ် ရေထပ်ဖြည့်တော့လဲ ရေတွေက ပျောက်ပျောက်သွားလို့လာပြတာတဲ့ စစ်ကြည့်လိုက်တော့ ရေတိုင်ကီက ကောင်းတယ် ဒိုင်နမို အောက်နားမှာရှိတဲ့ ရေပိုက်လိုင်းတစ်ခုက ကြာလာတော့ သံချေးတွေစားပြီး သံပိုက်ကပေါက်နေတာနဲ့ လဲလှယ်ပြုပြင်ပေးလိုက်တော့ ကားလေးလဲအဆင်ပြေသွားပါတယ်။
မိုးချုပ်နေလဲ ဆိုင်ခန်းထဲ ကားပြည့်နေတုန်းပဲ
Engine oil, Auto Oil, Air filter, Air-con filter, Oil Filter, Coolant, Plug တွေ Phyo Auto Services မှာ ရရှိနှိုင်ပါပြီခင်ဗျ။
#ကားအင်ဂျင် #ကားအောက်ပိုင်း #ကားရေဆေးဆီထိုး
#အလိုင်းမန့်
ဖုန်း - 09267737205
Toyota Townace ကားလေး ခရီးသွားလာနေရင်း Steering က မောင်းရတာ အဆင်မပြေလို့ အလိုင်းမန့် ဝင်ချိန်ရင်း အောက်ပိုင်းစစ်ပေးပါဆိုတာနဲ့ စစ်ကြည့်လိုက်တော့ မိန်းလုံးက မတအားချောင်နေတာနဲ့ လဲလှယ်ပြုပြင်ပေးလိုက်တယ်။တစ်လက်စတည်း အောက်ကိုင်း စောင့်တုံးတွေကလဲ ကွဲကြေနေတာနဲ့ လဲလှယ်ပြုပြင်ပေးလိုက်တော့ ကားလေးလဲ အဆင်ပြေသွားပါတယ်။
#ကားအင်ဂျင် #ကားအောက်ပိုင်း #ကားရေဆေးဆီထိုး
#အလိုင်းမန့်
ဖုန်း - 09267737205
ချစ်ရပါသော ချစ်မိတ်ဆွေများခင်ဗျာ
ကျွန်တော်တို့ဆိုင်မှာ
အင်ဂျင်ဝိုင်လဲခြင်း၊
အော်တိုဝိုင်လဲခြင်း၊
အင်ဂျင်/အောက်ပိုင်း အလိုင်းမန့် ပြုပြင်ခြင်းလုပ်ငန်း၊
ရေဆေး၊ ဆီထိုး ဝန်ဆောင်မှုလုပ်ငန်းများကို
ချစ်မိတ်ဆွေတို့စိတ်တိုင်းကျ ဝန်ဆောင်မှု့ပေးနေပါပြီလို့
သတင်းကောင်းပါးအပ်ပါတယ်
Phone : 09267737205
Toyota Vitz ကားလေး အင်ဂျင်ဝိုင် လာလဲရင်းနဲ့ လီဗာနင်းရတာ အဆင်မပြေလို့ စစ်ကြည့်ပေးပါဆိုတာနဲ့ စစ်ကြည့်လိုက်တော့ ပင်စတင်ထိပ်မှာ ကာဗွန်ဂျိုးတွေ၊လေတံခါးမှာလဲ ချေးတွေ၊အင်ဂျက်တာမှာလဲ ချေးတွေ အများကြီးပဲမို့ အင်ဂျင်ကျူးနင်းလေး လုပ်ပေးလိုက်တော့ ကားလေးလဲ ပေါ့သွားပြီး မောင်းရတာအဆင်ပြေသွားပါတယ်။
#ကားအင်ဂျင် #ကားအောက်ပိုင်း #ကားရေဆေးဆီထိုး
#အလိုင်းမန့်
09267737205
Mazda bongo ကားလေး စတီယာရင် ဘယ်ညာလှည့်တဲ့အခါ စတီယာရင်ဂန်းထဲက တဂီးဂီးမြည်နေလို့ လာစစ်တာတဲ့။စစ်ကြည့်လိုက်တော့ ဂန်းဘွတ်တွေကဆီယိုစိမ့်နေတာတွေ့ရတယ်။Power ဆီဗူးထဲမှာလဲ ဆီတွေခန်းနေတာတွေ့ရပြန်တယ်။အဲ့ဒါနဲ့ ဂန်းဖြုတ်ပြီး ဂန်းဘွတ်အသစ်ပြန်လည် လဲလှယ်ပြီး ပြုပြင်ပေးလိုက်တော့ ကားလေးလဲ အဆင်ပြေသွားပါတယ်။တစ်လက်စတည်း မိန်းလုံးတွေက ဆီခန်းပြီး ချောင်နေတာနဲ့ လဲလှယ် ပြုပြင်ပေးလိုက်တော့ ကားလေးလဲ အဆင်ပြေသွားပါတယ်။
#ကားအင်ဂျင် #ကားအောက်ပိုင်း
#ကားရေဆေးဆီထိုး
#အလိုင်းမန့်
09267737205
KIA bongo 3 ကားလေး လမ်းမှာ မောင်းနေရင်း စက်ထိုးသေသွားလို့ ဆိုင်ကို ဆွဲလာပြီး လာပြတာတဲ့ စစ်ကြည့်လိုက်တော့ Timing ချိန်းပျက်နေတာတွေ့ရတယ်။ကမ်ရှပ်တွေကို လှည့်ကြည့်တော့ မလည်တော့တာနဲ့ တိုက်ပစ်အဖုံးဖွင့်စစ်ကြည့်တော့ ဗားဘိလေးတွေက ကွဲတဲ့အရာကကွဲ ကြေတဲ့အရာက ကြေနေတာ ထပ်တွေ့ရပြန်တယ်။ကမ်ရှမ်တွေကို ဖြုတ်စစ်ကြည့်တော့ ကမ်ရှပ်တွေရော အထိုင်တွေရော ဆီငတ်ပြီး လိုင်းတွေပေါ်နေတာ တွေ့ရပြန်တယ်။Engine oil ကန် ဖြုတ်စစ်ကြည့်တော့ အင်ဂျင်ဝိုင်ဆီစစ်မှာ ချေးတွေပိတ်နေတာတွေ့ရပြန်တယ်။သူ့ရဲ့ ဖြစ်စဉ်ကတော့ ဆီစစ်မှာချေးပိတ်ပြီး အင်ဂျင်ဝိုင်က အပေါ်မတက်နှိုင်တော့ ကမ်ရှပ် အထိုင်တွေကဆီငတ်ပြီး ဂျန့်ဖြစ်သွားတယ်။အင်ဂျင်က ရုန်းနေတော့ Timing ချိန်းကို ဖြတ်ပစ်လိုက်တာပါပဲ။အဲ့ဒါနဲ့ လဲသင့်တာလဲ ပြင်သင့်တာပြင် ဆေးသင့်တာဆေးပြီး ပြုပြင်ပေးလိုက်တော့ ကားလေးလဲ အဆင်ပြေသွားပါတယ်။
#ကားအင်ဂျင် #ကားအောက်ပိုင်း #ရေဆေးဆီထိုး
#အလိုင်းမန့်
09267737205
Suzuki Carry ကားလေး Engine oil လာလဲရင်း plug စစ်ပေးပါဆိုတာနဲ့ စစ်ပေးလိုက်တော့ plug တွေက မကောင်းတော့တာကြောင့်လဲပေးလိုက်ပြီး၊မောင်းနှင်တဲ့အခါ နဲနဲလူးနေသလို ခံစားရလို့ အောက်ပိုင်းရောစစ်ပေးပါဆိုတာနဲ့ စစ်ကြည့်ပေးလိုက်တော့ မောင်းထိန်းတစ်လုံးက ပျက်နေတယ်၊အောက်ဘောဂျိုင်းတွေကလဲ ဆီငတ်ပြီးချောင်နေတာကြောင့် လဲလှယ်ပြုပြင်ပေးလိုက်တော့ ကားလေးလဲ အဆင်ပြေသွားပါတယ်။
Toyota Caldina ကားလေး ခရီးသွားနေရင်း လမ်းမှာ စက်ထိုးရပ်သွားလို့တဲ့။အဲ့ဒါနဲ့ ကားကို စက်နှိုးကြည့်တော့ မော်တာအသံပဲ ကြားရပြီး Timing အသံပျောက်နေတာနဲ့ Timing belt ကြိုးကိုစစ်ကြည့်တော့ ထင်ထားတဲ့ အတိုင်းပါပဲ။Timing belt ကြိုးက ပျက်နေတာ တွေ့ရတာနဲ့ belt ကြိုးလဲ ပြုပြင်ပေးလိုက်တော့ ကားလေးလဲအဆင်ပြေသွားပါတယ်။
Toyota Wish ကားလေး မောင်းရတာ အဆင်မပြေလို့ လာစစ်တာတဲ့ အောက်ပိုင်းတွေ စစ်ကြည့်လိုက်တော့ တိုက်ရော့၊မိန်းလုံး၊လင့်၊ရှေ့ရှော့ဘားတွေက မကောင်းတော့ဘဲ ချောင်တဲ့အရာတွေကချောင်၊ဆီပေါက်တဲ့အရာတွေက ပေါက် ဖြစ်နေတာတွေ့ရတယ်။ရှေ့ ဘရိတ်ရှူးတွေကလဲ တော်တော်လေးပါးနေပြီး ဒရမ်တွေက အဆင်းရာတွေနဲ့ တွေ့ရတယ်။အောက်မောင်းထိန်းတစ်လုံးကလဲ ပျက်နေပြန်တယ်။Plug တွေ ဖြုတ်စစ်ကြည့်တော့ plug တွေက မီးကျွမ်းနေပြီး ငုတ်တွေက တိုဝင်နေပြီ။လေတံခါး ဖြုတ်စစ်ကြည့်တော့ ချေးတွေရှိနေတာနဲ့ လဲသင့်တာလဲ၊ဆေးသင့်တာဆေး၊ပြင်သင့်တာပြင်၊သသင့်တာသပြီး ပြန်လည်ပြုပြင်ပေးလိုက်တော့ ကားလေးလဲ အဆင်ပြေသွားပါတယ်။တကူးတက လာရောက်အားပေးသွားသော custromersများကိုလဲ Phyo Auto Services မှ အထူးပင် ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။
#ကားအင်ဂျင်၊ #အောက်ပိုင်း #အလိုင်းမန့် #ရေဆေး
Ph-09267737205
လူကြီးမင်းတို့ရဲ့ ကားလေးများ ရွှံ့တွေ၊သဲတွေကြောင့် ညစ်ပေနေလို့ စိတ်ညစ်နေပါသလား....? Phyo Auto Services ကိုသာ ကြွလှမ်းခဲ့ပါခင်ဗျာ။ဆယ်ကြိမ် ပြည့်လျှင် တစ်ကြိမ် Freeဖြင့် လူကြီးမင်းတို့ စိတ်တိုင်းကျဖြစ်အောင် ဆေးကြော သန့်စင်ပေးနေပါပြီခင်ဗျ။အမြန်ဆုံးသာ ကြွလှမ်းခဲ့ကြပါတော့ခင်ဗျာ။
Phyo Auto Services မှာ စစ်လို့ရသလို၊ Engine oil Change Service လဲရပါတယ်ခင်ဗျ☺️☺️။
Engine Oil မစစ်ဘဲ ခရီးသွားတတ်သွားတတ်တဲ့ သူငယ်ချင်း ငပျင်းလေးတွေကို mention လိုက်ကြဦး 🤭
Toyota Succeed ကားလေး အင်ဂျင်တုန်နေသလို ခံစားရပြီး လေဘာနင်းတဲ့အခါ နင်းရင် နင်းသလောက်မပါသလို ဖြစ်နေလို့ စစ်ကြည့်ပေးပြီး ပြုပြင်ပေးပါဆိုတာနဲ့ စစ်ကြည့်လိုက်တော့ ဂီယာဘောက် မောင်းထိန်း ပျက်နေတာကို တွေ့ရတယ်။ပင်စတင်ထိတ်တွေမှာလဲ ကာဗွန်ဂျိုးတွေ တက်နေတာတွေ့ရတယ်။Plug coil တစ်လုံးကလဲ ပေါက်နေတာတွေ့ရတယ်။Fuel filter ထဲမှာလဲ ချေးတွေတွေ့ရတာနဲ့ အင်ဂျင်ကျူးနင်း လုပ်ပေးပြီး၊လဲသင့်တာလဲ၊ပြုပြင်သင့်တာ ပြုပြင်ပေးလိုက်တော့ ကားလေးလဲ အဆင်ပြေသွားပါတယ်။Custromer လဲ ကားလေးငြိမ်သွားပြီး လေဘာနင်းရတာ ပေါ့သွားလို့ သဘောကျသွားပါတယ်။တကူးတက လာရောက်အားပေးသွားတဲ့ အစ်ကို Phyo Auto Services မှ အထူးပင် ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။
(၁၆)ရပ်ကွက်၊အမှတ်(၂)လမ်းမကြီးဘေး၊တောင်/မြောက်လမ်းဆုံ မှတ်တိုင်အနီး၊မြောက်ဒဂုံ မြို့နယ်။
Ph 09267737205
Toyota Probox ကားလေး အင်ဂျင်တုန်နေပြီး တစ်ချက်တစ်ချက် မီးသံခေါက်နေလို့ လာစစ်တာတဲ့ စစ်ကြည့်လိုက်တော့ ဂီယာဘောက်မောင်းထိန်း၊အောက်မောင်းထိန်းတွေက ပျက်နေတာတွေ့ရတယ်၊လေတံခါးမှာလဲ ချေးတွေ တွေ့ရပြန်တယ်၊ကာဗွန်ဂျိုးတွေကလဲ ပင်စတင်ထိပ်မှာ ရှိနေတာကြောင့် မောင်းထိန်းလဲ၊လေတံခါးဆေး၊ကာဗွန်ဂျိုးဆေးပြီး ပြုပြင်ပေးလိုက်တော့ ကားလေးလဲ အဆင်ပြေသွားပါတယ်။Engine oil ပါတစ်ခါတည်းလဲမယ်ဆိုတာနဲ့ custromerစိတ်တိုင်းကျဖြစ်အောင် တစ်ခါတည်း လဲလှယ်ပေးလိုက်ပါတယ်။ လာရောက်အားပေးကြသော customers များကိုလဲ အထူးပင် Phyo Auto Services မှကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။
ယနေ့ ကားရေဆေး၊Polishတိုက် လာရောက်အားပေးသွားကြသော customers များအား Phyo Auto Services မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။
Mazda Bongo ကားလေး ရေတိုင်ကီထဲကရေတွေ ပျောက်ပျောက်နေပြီး မကြာမကြာ heat တက်နေလို့ လာပြတာတဲ့ စစ်ကြည့်လိုက်တော့ ရေတိုင်ကီကလဲ ကြာပြီဆိုတော့ ဆွေးနေပြီး ရေတွေယိုစိမ့်နေတာတွေ့ရတယ်၊နောက်ပြီး ရေပြန်ဘူးဆီကို ရေပြန်ပို့ပေးတဲ့ ရေပြန်ငုတ်အတက်လေးကလဲ ကျိုးနေတာ တွေ့ရတာနဲ့ ရေတိုင်ကီလဲလှယ် ပြုပြင်ပေးလိုက်တော့ ကားလေးလဲ အဆင်ပြေသွားပါတယ်။မေတ္တာလက်ဆောင်အနေနဲ့ ကားရေဆေး၊polish တိုက်ပြီး သန့်ရှင်းရေးလေးပါ လုပ်ပေးလိုက်တော့ Custromers လဲ သဘောကျသွားပါတယ်။
ကား အင်ဂျင်၊အောက်ပိုင်း၊ရေဆေး၊polishတိုက်၊အလိုင်းမန့်ချိန်၊အင်ဂျင်ဝိုင်လဲ၊Auto oilလဲ၊Plug လဲ၊အင်ဂျင်ကျူးနင်း စသည့်အရာများကိုလဲ Phyo Auto Services မှာ တစ်ချိန်တည်း၊တစ်နေရာတည်း လုပ်ဆောင်နှိုင်ပါပြီခင်ဗျာ။
Ph- 09267737205
Location-အမှတ်(2)လမ်းမကြီးဘေး၊တောင်မြောက်လမ်းဆုံ ကားမှတ်တိုင်အနီး၊မြောက်ဒဂုံမြို့နယ်၊ရန်ကုန်မြို့။
သင့်ကား မီးသံခေါက်ပြီး အင်ဂျင်အဆွဲအရုန်းကျလို့ စိတ်ညစ်နေပါသလား Phyo Auto Services ကိုသာ ကြွလှမ်းခဲ့ပါခင်ဗျာ။ကာဗွန်ဂျိုးဆေး၊လေတံခါးဆေး၊ဆီပန့် ဆီfilter ဖြုတ်စစ်၊အင်ဂျင်ကျူးနင်း၊ကားအင်ဂျင်၊အောက်ပိုင်းပြုပြင်လိုခြင်း၊ကားရေဆေးခြင်း၊အလိုင်းမန့် ချိန်ခြင်းများကို ပိတ်ရက်မရှိ ဝန်ဆောင်မှု ပေးနေပါပြီခင်ဗျ။
အမှတ်၂လမ်းမကြီးဘေး၊တောင်မြောက်လမ်းဆုံ ကားဂိတ်အနီး၊မြောက်ဒဂုံမြို့နယ်၊ရန်ကုန်မြို့။
Ph-09267737205
Phyo Auto Services ဆိုင်ဖွင့်ပွဲသို့ တကူးတကလာတက်ရောက်ပြီး ချီးမြှင့်အားပေးကြသော အသိမိတ်ဆွေ၊Custromers များအား Phyo Auto Services မှအထူးပင် ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။
မကြာမှီအချိန်အတောအတွင်းလေးမှာ စတင် ဖွင့်လှစ်တော့မယ့် Car auto services လေးပါ မြန်မြန်လေး ဖွင့်လှစ်နှိုင်အောင်တော့ ကြိုးစားနေပါတယ်။နေရာကတော့ တောင်ဒဂုံ တောင်မြောက်လမ်းဆုံနားမှာပါ။ကားတစ်စီးအတွက် ဘယ်အရာတွေကို ဦးစားပေးဖွင့်လှစ်မယ်ဆိုတာကတော့ အနားနီးမှ ဆက်ပြောပြမယ်နော်☺️☺️☺️။
ဓာတ်ဆီကား အများစုတွင် ဖြစ်လေ့ဖြစ်ထအများဆုံးရှိတဲ့အပိုင်းကတော့ ဆီပန့်၊ဆီဖစ်တာ ချေးပိတ်ခြင်း၊ကာဗွန်ချိုးတက်ခြင်း၊လေတံခါးချေးပိတ်ခြင်း၊plugများတွင် ကာဗွန်တက်ခြင်း၊အိတ်ဇောကျောက်ဇကာ ချေးပိတ်ခြင်း စသည့်အရာများ ဖြစ်ပေါ်လေ့ရှိကြပါတယ်။ထိုကဲ့သို့အရာများ ဖြစ်ပေါ်လာပြီဆိုပါက ဆီလိုင်း၊မီးလိုင်းများ ပြန်လည်စစ်ဆေးသင့်ပါပြီ။ချေးများပိတ်ဆို့နေပြီဆိုလျှင် မီးသံခေါက်ခြင်း၊အင်ဂျင်တွန့်ဆုတ်တွန့်ဆုတ်ဖြစ်ခြင်း၊လီဗာနင်းလျှင် နင်းသလောက်မပါတော့ခြင်း စသည့်ဆိုးကျိုးများဖြစ်ပေါ်လာပါပြီ။ထိုအခက်ခဲများနှင့်ကြုံတွေ့လာကြရပြီဆိုလျှင် အင်ဂျင်ကျူးနင်းအမြန်ဆုံး ပြုလုပ်ပြုပြင်သင့်ပါပြီ။
☎️ ဖုန်း။ ။ 09 445 070 241 , 09 793 233 860
🏠 လိပ်စာ ။ ။ ရတနာသုခလမ်း၊ ဘုရားလမ်းမှတ်တိုင်အနီး သဃ်န်းကျွန်း မြို့နယ်။
#ကားကာဗွန်ဂျိုးဆေး
#လေတံခါးဆေး
#ကားပစ္စည်းဂျပန်ကျရောင်းဝယ်ရေး
#သင်္ဃန်းကျွန်းကားပြုပြင်ရေး
Honda Civic Hybrid ကားလေး ဂီယာထိုးတဲ့အခါ ဂီယာစောင့်နေလို့ စစ်ကြည့်လိုက်တော့ ဂီယာဘောက်မောင်းထိန်းကလဲပျက်နေတယ် အောက်မောင်းထိန်းကလဲ ပျက်နေတာ တွေ့ရတာနဲ့ အသစ်ပြန်လည် လဲလှယ်ပြုပြင်ပေးလိုက်တော့ ကားလေး ဂီယာစောင့်တာ မရှိတော့ပဲ အဆင်ပြေသွားပါတယ်။
Honda Airwave ကားလေး နောက်ဘယ် ဟက်ဘောမကောင်းလို့ ဟက်ဘောဖြုတ်လဲ။
Toyota succeed ကားလေး မီးသံခေါက်လို့ ကာဗွန်ဂျိုးဆေး
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
၁၆ ရပ်ကွက်၊ အမှတ် (၂) လမ်းမကြီး ၊ တောင်မြောက်လမ်းဆုံမှတ်တိုင်အနီး
Yangon
အမှတ် ၃၃(A)၊ ဗိုလ်မှူးဗထူးလမ်း ၊ မြောက်ဒဂုံ, ( ၄၆ လမ်းဆုံ ၊ ပြည်ထောင်စုလမ်းအကျော်)
Yangon
Quality is our priority
No. (725/B), 12 Qtr, Mingalar Street, South Okkalapa Tsp
Yangon, 11091
Car Coating, Polish, Wash and Detailing Service
7th Street, Lanmadaw Township
Yangon, 11131
The products in our company include car polisher, velcro backing pad,sponge pads, wool pads, sn- ow foam gun, brushes and other items related to auto detailing.
No(7), (001), Yadanar Street, Sittaung Yieakmon, Yuzana Garden City
Yangon, 11441
Nine Eight One Mobile Auto Detailing is focused on providing world class auto care and detailing services.We are located in Yangon and we will come to any residential or business l...
No(3) Waizayandar Road, Thingangyun Township
Yangon, 11071
Auto Film , Coating & Detailing
No. 196, Mingalar Street, 13 Ward, South Oakkalapa Tsp
Yangon, 11091
We, Hexa Detailing Garage, are located in Yangon and we specialise in auto detailing. Auto detailing is the systematic performance of operations and procedures of your car’s inte...
Kyaw Min Car Services/Shwe Pyi Thar
Yangon, 11411
KYAW MIN Car Spa & Services (ရွှေပြည်သာ)
No. 71, Lay Daung Kan Road, Lay Daung Kan Quarter, Thingengyun Township
Yangon, 11071
Autoglym UK Brand. Premium Car Care Products
Yazadirit 25th Street, Byamaso Road, Okkalapa (south)
Yangon, 11091
Welcome from Glossy Car Wash & Detailing Service
No. 303, Waizayantar Road, Thingangyun Tsp, Yangon. (Between Yadanar Road And Pyi Thar Yar Road)
Yangon, 11071
Auto Detailing နဲ့ပက်သက်တဲ့ အသိပညာတွေ ရချင်တယ်ဆိုရင် ကျွန်တော်တို့ Page ကို Like လုပ်ထားပါ