AL- SAFA MEDIA HOUSE

ဓမ္မသတ်မေးမြန်းရန် - 09944078666 (Viber)

Photos from AL- SAFA MEDIA HOUSE's post 13/06/2024

အရဖဟ် ဘယ်နေ့လဲ။

AL-SAFA DARULIFTA
SPECIAL ISSUE #47

PDF Download Link-

https://drive.google.com/file/d/1OQfgg2-NfvL0Ytq5CkE1oN0unbwn0l-v/view?usp=drivesdk

Telegram Link-

https://t.me/alsafamediahouse/115

Photos from AL- SAFA MEDIA HOUSE's post 11/06/2024

ကုရ်ဘာနီနိဆားဗ်နှင့်
သိထားသင့်သည့် မတ်စ်အလဟ်အချို့
(2024)

AL-SAFA DARULIFTA
SPECIAL ISSUE #22

PDF Download Link-

https://drive.google.com/file/d/1JowKSPoChQQ-Uou4hagYOQpcf-l8YMUB/view?usp=drivesdk

Telegram Link-

https://t.me/alsafamediahouse/114

06/06/2024

မြန်မာနိုင်ငံမှထွက်ခွာနေသည့် ဟာဂျီ/ဟာဂျီမများအနေဖြင့် လေယာဉ်အခြေအနေပေါ်မူတည်၍ Hand Carry အိတ်များကို မိမိတို့နှင့်အတူ တစ်ပါတည်း သယ်ဆောင်ခွင့်မရဘဲ လေယာဉ်ပေါ်ရောက်ပြီးနောက်မှ Luggage အပ်လိုက်ရသည့် အခြေအနေအချို့ပေါ်ပေါက်ခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့မမျှော်လင့်ထားသည့် အခြေအနေကြောင့် Transit ဝင်ရောက်မည့်နိုင်ငံတွင် လဲလှယ်ဝတ်ဆင်ရန်ရည်ရွယ်၍ Hand Carry တွင်ထည့်ထားသည့် အဲဟ်ရာမ်ဝတ်စုံများ ပါဝင်သွားသောကြောင့် လမ်းခရီးတွင် ဟာဂျီအချို့အဲဟ်ရာမ်အခက်အခဲကြုံတွေ့ခဲ့ရပါသည်။

ထို့ကြောင့် ရှေ့လာမည့်ရက်များတွင် ဆက်လက်ထွက်ခွာမည့် ဟာဂျီများအနေဖြင့် Hand Carry အိတ်ကို ပြင်ဆင်ရာ၌ အဆိုပါအခက်အခဲကိုလည်း ထည့်တွက်၍ ပြင်ဆင်ကြပါရန်နှင့် ဖြစ်နိုင်လျှင် ခရီးဆောင်ဘေးလွယ်အိတ်ဖြစ်စေ၊ ကျောပိုးအိတ်ဖြစ်စေ အတူဆောင်ထား၍ အဲဟ်ရာမ်နှင့်အတူ လမ်းခရီးတွင်လိုအပ်နိုင်မည့် ဆေးဝါးနှင့်အသုံးအဆောင်များကို ကျစ်ကျစ်လျစ်လျစ်ထုတ်ပိုး၍ တစ်ပါတည်းဆောင်ထားကြပါရန် အကြံပြုတိုက်တွန်းအပ်ပါသည်။

01/06/2024

AL-SAFA ZULHAJJ SPECIAL
အထူးကြေညာချက်
စာအမှတ် (ifta/၀၃/၂၀၂၄)

အစ္စလာမ်သာသနာဝင် ညီအစ်ကို မောင်နှမအပေါင်းတို့ခင်ဗျာ …..

ဇွလ်ဟဂျ်လ၌ အကောင်အထည်ဖော်ရမည့် အိဗာဒသ်များနှင့် မကြာမီ ကြုံဆုံရတော့မည် ဖြစ်ပါသည်။ အများမွတ်စ်လင်မ်အနေဖြင့် တစ်နှစ်လျှင် တစ်ကြိမ်သာ ဆောင်ရွက်ရသော အိဗာဒသ်ကဏ္ဍများကို တရားတော်နှင့်အညီ စည်းစနစ်တကျ ဆောက်တည်နိုင်စေရန် ရည်ရွယ်၍ ကျွန်ုပ်တို့ AL-SAFA ဓမ္မသတ်ဌာန၏ စာတိုဖြေကြားမှုအစီအစဉ်ကို ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။

သို့ပါ၍ ဇွလ်ဟဂျ်လနှင့် စပ်လျဉ်းသည့် အိဗာဒသ်များဖြစ်သော ဟဂျ်၊ အွမ်ရဟ်၊ ဇိယာရသ်၊ အီးဒ်၊ ကုရ်ဘာနီနှင့် သတ်က်ဗီးရေသရှ်ရီးက် အစရှိသည့် မတ်စ်အလဟ်များအနက် လူကြီးမင်းတို့သိလိုသည့် မတ်စ်အလဟ်ရှိလျှင် ဇွလ်ဟဂျ်လ တစ်လတာအတွင်း ကျွန်ုပ်တို့ဓမ္မသတ်ဌာန၏ Viber နံပါတ် 09944078666 သို့ စာတိုပေးပို့၍ အချိန်မရွေး မေးမြန်းနိုင်ပါသည်။

တာဝန်ကျမုဖ်သီများက လတ်တလောတွင် လူကြီးမင်းတို့ အမလ်လုပ်ကျင့်သုံးနိုင်ရန်အတွက် စာတို Message ပေးပို့၍ အမြန်ဆုံးပြန်လည်ဖြေကြားပေးသွားမည်ဖြစ်ပါကြောင်း အစ္စလာမ်ဘာသာဝင်သူတော်စင်အပေါင်းတို့အား သတင်းကောင်းပါးအပ်ပါသည်။

ဖဿဝါဘုတ်အဖွဲ့
AL-SAFA DARULIFTA

22/05/2024

“ဟာဂျီများ အလွယ်တကူသယ်ဆောင်နိုင်မည့် ဟဂျ်နှင့်အွမ်ရဟ်လမ်းညွှန် Digital Handbook”

AL-SAFA MEDIA HOUSE က စီစဉ်တင်ဆက်သည့် “ဟဂျ်အွမ်ရဟ်လမ်းညွှန်” Digital Handbook (2024 Edition) အား အောက်ပါ Link မှ Download လုပ်၍ အလွယ်တကူလေ့လာနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

https://drive.google.com/file/d/1MEMFDAjyK1AoQzwFvvdy090pDb19c7w6/view?usp=drivesdk

Telegram Link - https://t.me/alsafamediahouse/113

(Download လုပ်ရန် အခက်အခဲရှိသူများအနေဖြင့် 0931061082 နံပါတ်သို့ Viber / WhatsApp မှ ဆက်သွယ်ရယူနိုင်ပါသည်။)

Photos from AL- SAFA MEDIA HOUSE's post 20/04/2024

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ရန်မျိုးလုံရပ်၊ ကုလားပျိုတောင်ဂျာမေဗလီကြီး၌ ခရစ်နှစ် ၂၀၂၄၊ ဧပြီလ(၂၀/၂၁) နှစ်ရက်တာ ကျင်းပပြုလုပ်ခဲ့သည့် AL-SAFA Educational Network ကွန်ရက်ဝင်ကျောင်းများ၏ ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် အလုပ်ရုံဆွေးနွေးပွဲနှင့် သင်ရိုးမိတ်ဆက်ခြင်း အခမ်းအနား မှတ်တမ်းပုံရိပ်များ။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောင်းပေါင်း(၂၇)ကျောင်းမှ ဆရာအရေအတွက် (၁၄၅)ပါး တက်ရောက်ပါဝင်ဆွေးနွေးခဲ့ပါသည်။

Photos from AL- SAFA MEDIA HOUSE's post 06/04/2024

AL-SAFA Educational Network က ကြီးမှူးကျင်းပသည့် လမြတ်ရမ်ဇာန်တစ်လတာ ဆရာမွမ်းမံသင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲ (အပတ်စဉ်-၂) သင်တန်းဆင်းအခမ်းအနား မှတ်တမ်းပုံရိပ်များ။

အလုပ်ရုံဆွေးနွေးပွဲသို့ တိုင်း/ပြည်နယ်အသီးသီးရှိ AL-SAFA ကွန်ရက်ဝင်ကျောင်းများမှ ဆရာဦးရေ (၁၂၀)ကျော် တက်ရောက်ပါဝင်ခဲ့ပြီး သက်ဆိုင်ရာပညာရှင်များက ကဏ္ဍအလိုက် သင်တန်းပို့ချမှုများ၊ ဆွေးနွေးမှုများကို တစ်လတာနီးပါး ကျင်းပပြုလုပ်ခဲ့ကြပါသည်။ သင်တန်းများပြီးဆုံးပြီးနောက် သင်တန်းသားများ၏အရည်အချင်းစစ် စာမေးပွဲကို ၂-၄-၂၀၂၄ (အင်္ဂါနေ့) တွင် တာဝန်ရှိသူများက စစ်ဆေးခဲ့ပြီး ၃.၄.၂၀၂၄ (ဗုဒ္ဓဟူးနေ့) တွင် သင်တန်းဆင်းအခမ်းအနားကို MM . ရောင်နက်အစ္စလာမ်ဂျာမေဗလီကြီး၏ တတိယထပ်အဆောင်၌ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

04/04/2024

ဝမ်းနည်းကြေကွဲခြင်း

01/04/2024

ဖိသ်ရဟ်ကြေညာချက်
စာအမှတ် (ifta/၀၃/၂၀၂၄)

“ဖိသ်ရဟ်အလှူဒါန နှုန်းထားသတ်မှတ်ချက်”

ဆွဒကသုလ်ဖိသ်ွရ်ပေးလှူရမည့် ရှရီအသ်တရားတော်လာ အလေးချိန်စံသတ်မှတ်ချက်မှာ တစ်ဆွာအ် (သို့) ဆွာအ်တစ်ဝက် ဖြစ်ပါသည်။ ဂျုံ၊ ဂျုံစေ့တို့ဖြင့်ပေးလှူလျှင် ဆွာအ်တစ်ဝက် (သို့) ၎င်း၏တန်ဖိုးငွေနှင့် ပေးလှူရမည်ဖြစ်ပြီး စွန်ပလွံ၊ စပျစ်ခြောက်၊ မုယောစပါးတို့ဖြင့် ပေးလှူလျှင် တစ်ဆွာအ် (သို့) ၎င်း၏တန်ဖိုးငွေကို ပေးလှူရ၏။

“ဆွာအ်တစ်ဝက်” (135 Tola) သည် နိုင်ငံတကာအလေးချိန် 1.57664kg နှင့်ညီမျှ၍ မြန်မာအလေးချိန် ၉၆ ကျပ်သားခန့်နှင့် ညီမျှပါသည်။ “တစ်ဆွာအ်” (270 Tola) သည် နိုင်ငံတကာအလေးချိန် 3.14928kg နှင့်ညီမျှ၍ မြန်မာအလေးချိန်အရ ၁ ပိဿာ ၉၂ ကျပ်သား ခန့်နှင့်ညီမျှပါသည်။

ကျွန်ုပ်တို့ဓမ္မသတ်ဌာန၏ ထုတ်ပြန်ချက်အရ တစ်ဆွာအ် (နှစ်ပိဿာ) နှင့် ဆွာအ်တစ်ဝက် (တစ်ပိဿာ) မှာ ပိုမိုစိတ်ချရစေရန် အလေးချိန်ကို သာသာပိုပိုယူထားခြင်း ဖြစ်ပါသည်။ ထိုနည်းတူစွာ နိုင်ငံတကာအလေးချိန်ကိုလည်း မြန်မာအလေးချိန်နှင့်ကိုက်ညီစေရန် ၁ ပိဿာ နှင့်ညီမျှသော 1.633 kg နှင့် နှစ်ပိဿာနှင့်ညီမျှသော 3.266 kg ကိုအတည်ယူထားပါသည်။

အဆိုပါပစ္စည်းများ၏ တန်ဖိုးငွေသတ်မှတ်ရာ၌လည်း စျေးကွက်အတွင်းရရှိနိုင်မည့် အလယ်အလတ်တန်းစားပစ္စည်းများ၏ တန်ဖိုးကိုအတည်ယူထားခြင်း ဖြစ်ပါသည်။

မုယောစပါးစျေးနှုန်း စုံစမ်း၍မရသည့်အတွက် အလေးချိန်ကိုသာ ဖော်ပြပေးထားပါသည်။

AL-SAFA DARULIFTA
ဖဿဝါဘုတ်အဖွဲ့

Photos from AL- SAFA MEDIA HOUSE's post 11/03/2024

ဇကားသ်နိဆားဗ်ကြေညာချက်
စာအမှတ် (ifta/၀၂/၂၀၂၄)

AL-SAFA DARULIFTA
ဖဿဝါဘုတ်အဖွဲ့

09/03/2024

AL-SAFA DARULIFTA
RAMAZAN SPECIAL
အထူးကြေညာချက်
စာအမှတ် (ifta/၀၁/၂၀၂၄)

အစ္စလာမ်သာသနာဝင် ညီအစ်ကိုမောင်နှမအပေါင်းတို့ခင်ဗျား -

လမြတ်ရမ်ဇာန်နှင့် မကြာမီ ကြုံဆုံရတော့မည် ဖြစ်ပါသည်။ အများမွတ်စ်လင်မ်အနေဖြင့် အဆိုပါလမြတ်၌ ဆောင်ရွက်ရသော အိဗာဒသ်ကဏ္ဍများကို တရားတော်နှင့်အညီ စည်းစနစ်တကျ ဆောက်တည်နိုင်စေရန် ရည်ရွယ်၍ ကျွန်ုပ်တို့ AL-SAFA ဓမ္မသတ်ဌာန၏ လမြတ်ရမ်ဇာန် စာတိုဖဿဝါဖြေကြားမှုအစီစဉ်ကို ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။

သို့ပါ၍ လမြတ်ရမ်ဇာန်နှင့် သက်ဆိုင်သည့် အိဗာဒသ်များဖြစ်သော ရိုဇဟ်၊ ဇကားသ်၊ ဖိသ်ရဟ်၊ သရာဝီးဟ်၊ အေ့အ်သိကားဖ်၊ အီးဒ်၊ အွမ်ရဟ် အစရှိသည့် မတ်စ်အလဟ်များအနက် လူကြီးမင်းတို့သိလိုသည့် မတ်စ်အလဟ်များကို လမြတ်ရမ်ဇာန် တစ်လတာအတွင်း ကျွန်ုပ်တို့ဓမ္မသတ်ဌာန၏ Viber နံပါတ် (09944078666) သို့ အချိန်မရွေး စာတိုပေးပို့၍ မေးမြန်းနိုင်ပါသည်။

တာဝန်ကျမုဖ်သီများက လတ်တလောတွင် လူကြီးမင်းတို့ အမလ်လုပ်ကျင့်သုံးနိုင်ရန်အတွက် အချိန်နှင့်တစ်ပြေးညီ စာတို Message ပေးပို့၍ အမြန်ဆုံးပြန်လည်ဖြေကြားပေးသွားမည်ဖြစ်ပါကြောင်း အစ္စလာမ်ဘာသာဝင်သူတော်စင်အပေါင်းတို့အား သတင်းကောင်းပါးအပ်ပါသည်။

လမြတ်ရမ်ဇာန်နှင့် မသက်ဆိုင်သည့် မေးခွန်းများကို ရမ်ဇာန် (၁) ရက်နေ့မှ ရှောက်ဝါလ် (၂၀) ရက်နေ့အထိ အဝင်လက်ခံမှု ယာယီရပ်ဆိုင်းထားမည်ဖြစ်ပါသည်။ ရမ်ဇာန် (၁) ရက်နေ့မတိုင်မီ ဝင်ရောက်ထားသော မေးခွန်းများ၏ အဖြေလွှာများကို အဆိုပါကာလအတွင်း ပြန်လည်ပေးပို့နိုင်ရန် စီစဉ်ပေးသွားမည် ဖြစ်ပါကြောင်း လေးစားစွာအသိပေးအပ်ပါသည်။

ဖဿဝါဘုတ်အဖွဲ့
AL-SAFA DARULIFTA

Photos from AL- SAFA MEDIA HOUSE's post 03/03/2024

AL-SAFA Educational Network ဗဟိုပညာရေးကော်မတီက ကြီးမှူးကျင်းပသည့် ဟိဂျ်ရီ ၁၄၄၄ - ၄၅၊ ခရစ်နှစ် ၂၀၂၃ - ၂၄ ပညာသင်နှစ် ကွန်ရက်ဝင်ကျောင်းပေါင်းစုံ သူငယ်တန်းလေး၊ သူငယ်တန်းကြီး၊ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်းနှင့် စတုတ္ထတန်းကျောင်းသား၊ ကျောင်းသူများ၏ တစ်ပြေးညီ တိုင်း/ပြည်နယ်အဆင့် ဘာသာစုံထူးချွန်ပြိုင်ပွဲ မှတ်တမ်းပုံရိပ်များ။

01/03/2024

အထူးဝမ်းနည်းကြေကွဲခြင်း

Photos from AL- SAFA MEDIA HOUSE's post 13/02/2024

AL-SAFA Educational Network ဗဟိုပညာရေးကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် M.M. ရောင်နက်အစ္စလာမ် ဂျာမေဗလီ၌ ဖွင့်လှစ်ထားသည့် အစ္စလာမ့်အခြေခံဘာသာရေး အမျိုးသားသက်ကြီးသင်တန်း (BATCH 001) (ဟိဂ်ျရီ ၁၄၄၄-၄၅၊ ခရစ်နှစ် ၂၀၂၃-၂၄ ပညာသင်နှစ်) ၏ သင်တန်းသားများ နှစ်ပတ်လည်စာမေးပွဲဖြေဆိုခြင်း အမှတ်တရ မှတ်တမ်းပုံရိပ်များ။

အလ္လာဟ်အရှင်မြတ်သခင် တက်ရောက်သင်ကြားခဲ့သည့် သင်တန်းသားများ၊ သင်ကြားပေးခဲ့သည့် Trainers ဆရာများအားလုံးကို လက်ခံကဗူးလ်ပြုတော်မူပါစေ။ (အာမီန်း)

11/02/2024

ရှအ်ဗာန်လ နှင့် ဘရာအသ်ညမြတ်

တမန်တော်မြတ် ﷺ သည် ရှအ်ဗာန်လ၌ မြားမြောင်စွာ ရိုဇဟ်ဥပုသ်စောင့်ထိန်းလေ့ရှိကြောင်း ဟဒီးဆ်တော်များ၌ လာရှိသည်။ (ဗုခါရီကျမ်း၊ ၁၉၆၉)

ထိုသို့ မြားမြောင်စွာ ရိုဇဟ်ဥပုသ်စောင့်ထိန်းရသည့် အကြောင်းအရင်းကို တမန်တော်မြတ် ﷺ က ဤသို့မိန့်တော်မူခဲ့သည်။ “ဤရှအ်ဗာန်လသည် ရဂျဗ်လနှင့် ရမဒွါန်လ၏ ကြား၌ရှိပြီး လူတို့မေ့လျော့ပေါ့ဆစွာနေတတ်သောလဖြစ်သည်။ ဤလ၌ လောကအပေါင်း၏အရှင်သခင် အလ္လာဟ်အရှင်မြတ်ထံတော်ပါးသို့ လူတို့ပြုကျင့်ဆောင်ရွက်သောအမလ်များ တင်ပြခြင်းခံရသည်။ သို့ရှိရာ ငါကိုယ်တော်သည် ဥပုသ်စောင့်ထားသည့်အခြေအနေတွင် ငါ၏အမလ်များတင်ပြခံရမည်ကို နှစ်သက်ပါသည်။ (နစာအီကျမ်း၊ ၂၃၅၇)

ထိုနည်းတူစွာ ရှအ်ဗာန်လမြတ်၏ (၁၅) ရက်မြောက်ညနှင့် စပ်လျဉ်း၍လည်း မြောက်မြားစွာသော ဟဒီးဆ်တော်များ၌ ထူးကဲမွန်မြတ်မှုများ လာရှိထားပါသည်။ အွမ္မသ်၏ ရှေးယခင်ပညာရှင်အကြီးအကဲများကလည်း ၎င်းည၏ မြင့်မြတ်ထူးကဲမှုကို လက်ခံခဲ့ကြသည်။ (မဂျ်မူအုလ်ဖသာဝါကျမ်း၊ ၂၃/၁၃၁၊ ၁၃၂)

ယင်းည၌ မရေမတွက်နိုင်သော လူသားများသည် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်ဖြင့် ဂျဟန္နမ်မှကင်းလွတ်ခွင့်ရကြသည့်အတွက် ၎င်းညကို “ဘရာအသ်” လွတ်ငြိမ်းခွင့်ရသောညဟု ခေါ်ပါသည်။ (ရှုအဘုလ်အီမာန်-ဗိုင်ဟကီကျမ်း၊ ၃၅၅၆)

သို့ရှိရာ ၎င်းမွန်မြတ်သည့် ဘရာအသ်ညမြတ်၌ မိမိတို့ တတ်စွမ်းနိုင်သလောက် ကိုယ်စီကိုယ်စီ အိဗာဒသ်ကောင်းမှုကုသိုလ်များ ကျင့်ကြံပွါးများသင့်ပါသည်။ သို့သော် ၎င်းညတွင် အိဗာဒသ်ပြုရာ၌ သီးခြားပုံစံတစ်ခုခုဖြင့် ပြုလုပ်ရန် ရှရီအသ်တရားတော်က သတ်မှတ်ထားခြင်းမရှိပါ။ လူအများစုရုံးခြင်းမပြုဘဲ တစ်ကိုယ်တည်း နဖ်လ်ဆွလားသ်များဝတ်ပြုခြင်း၊ ကုရ်အာန်သိလာဝသ်ပြုလုပ်ခြင်း၊ ဇိက်ရ် သတ်စ်ဗီးဟ်များ ရွတ်ဖတ်ခြင်း စသည်ဖြင့် မိမိစိတ်ပါသလို နဖ်လ်အိဗာဒသ်များ ဆောင်ရွက်နိုင်ပါသည်။ (အိဆွ်လာဟီးခုသ်ဘားသ်၊ မုဖ်သီသကီးအုစ်မာနီ၊ ၄/၂၅၉)

အလ္လာဟ်အရှင်မြတ်ကိုယ်တော်တိုင်က ထိုည၌ မိုးကောင်းကင်ပထမထပ်သို့ အထူးအာရုံပြုတော်မူကာ နေဝင်ချိန်မှစ၍ ဖဂျ်ရ်အချိန်အထိ “ဤည၌ အိစ်သိဂ်ဖာရ်ပြုသူများရှိလျှင် ငါအရှင်မြတ်ခွင့်လွှတ်တော်မူမည်ဖြစ်ကြောင်း၊ ရိုဇီရိက္ခာတောင်းခံသူများအား ရိုဇီရိက္ခာချီးမြှင့်တော်မူမည်ဖြစ်ကြောင်း” စသည်ဖြင့် တစ်ညတာလုံး အထူးကြေညာတော်မူသည်ဟု ဟဒီးဆ်တော်မြတ်၌ လာရှိထားသည်။ ထို့ကြောင့် အစ္စလာမ်ဘာသာဝင်များအနေဖြင့် ထိုည၌ မိမိအိမ်၌ပင် နိုးနိုးကြားကြားနေထိုင်ကာ ယခင်ကျူးလွန်မိခဲ့သော အပြစ်ဂိုနာဟ်များမှ သောင်ဗဟ် အိစ်သိဂ်ဖာရ်ပြုလုပ်ရင်း မိမိတို့၏ ဒွန်ယာအာခိရသ်ရေးရာလိုအပ်ချက်များအတွက် အလ္လာဟ်အရှင်မြတ်ထံတော်ပါး၌ လိုလိုလားလားဖြင့် အထူးဒုအာတောင်းခံသင့်ပါသည်။ ထိုနည်းတူစွာ နေ့ဘက်တွင်လည်း ရိုဇဟ်ဥပုသ် စောင့်ထိန်းသင့်ပါသည်။ (အိဗ်နေမာဂျဟ်ကျမ်း၊ ၁၃၈၈)

ထို့ပြင် ဂိုနာဟ်အကုသိုလ်များ၊ သာသနာကလမ်းညွှန်ထားခြင်းမရှိသော ဗိဒ်အသ်တရားသစ်တီထွင်မှုများ၊ ပွဲလမ်းသဘင်များနှင့် အချင်းချင်းအချည်းနှီးအငြင်းအခုံပြုခြင်းများမှလည်း အထူးတလည် ရှောင်ရှားကာ မိမိတို့၏ အဖိုးတန်အချိန်များကို အကျိုးရှိစွာအသုံးချရမည်ဖြစ်ပါကြောင်း ကုသိုလ်အကျိုးမျှော်၍ တိုက်တွန်းနှိုးဆော်အပ်ပါသည်။ (ကျမ်းမြတ်ကုရ်အာန်၊ ၇၄:၅)

12/01/2024

ရဂျဗ်လမြတ်

ဟဇရသ် အနတ်စ် رضي الله تعالى عنه ၏ဆင့်ပြန်ချက်တစ်ရပ် လာရှိသည်။ “တမန်တော်မြတ် ﷺ သည် ရဂျဗ်လဆန်းသောအခါ အောက်ပါဒုအာကို တောင်းခံလေ့ရှိသည်။”

‎اللَّهُمَّ بَارِكْ لَنَا فِي رَجَبَ وَشَعْبَانَ وَبَلِّغْنَا رَمَضَانَ

အဓိပ္ပါယ် ။ ။ အို အလ္လာဟ်အရှင်မြတ်! ကျွန်တော်မျိုးတို့အား ရဂျဗ်လနှင့် ရှအ်ဗာန်လတွင် ဘရကသ်မင်္ဂလာများ ချီးမြှင့်တော်မူပါ။ ထို့ပြင် လမြတ်ရမဇာန်နှင့် (လည်း) ဆုံစည်းခွင့်ပေးသနားတော်မူပါ။”

(မိရှ်ကားသ်ကျမ်း၊ ၁၃၆၉)

ရဂျဗ်လသည် အစ္စလာမ်သာသနာတော်၌ အလွန်ထူးကဲမြင့်မြတ်သည့် လကြီးလေးလအနက် တစ်လအပါအဝင် ဖြစ်ပါသည်။ မွန်မြတ်သော ရက်ကြီးအခါကြီးများ၊ နေ့ထူးနေ့မြတ်များ၌ ကောင်းမှုကုသိုလ်များ လုပ်ဆောင်ခြင်းဖြင့် စဝါးဗ်ကုသိုလ်များ ဆတက်ထမ်းပိုးတိုးပွါး၍ ရရှိသလို ထိုနေ့ရက်များ၌ အလ္လာဟ်အရှင်မြတ်၏ အမိန့်ဖီဆန်ခြင်း၊ ဂိုနာဟ်အကုသိုလ်ကျူးလွန်ခြင်းဖြင့်လည်း သာမန်နေ့များထက် အဆမတန် ပိုမိုဆိုးရွားပါသည်။ (ဂျာမိအုလ်အုလူးမ်ဝလ်ဟိကမ်ကျမ်း၊ ၃/၁၀၄၀)

ဤကဲ့သို့မြင့်မြတ်သော လမြတ်အခါများ၌ အိဗာဒသ်ကောင်းမှုကုသိုလ်များ ပွါးများ၍ ဂိုနာဟ်အကုသိုလ်များမှ ရှောင်ကြဉ်နိုင်သူသည် ကျန်လများ၌လည်း ကောင်းမှုကုသိုလ်များ ကျင့်ကြံအားထုတ်ရန်နှင့် ဂိုနာဟ်အကုသိုလ်များမှ ရှောင်ရှားရန် သောင်ဖီးက်စွမ်းအင်များ အလွယ်တကူရရှိကြောင်း ပညာရှင်များက တင်ပြထားပါသည်။” (မအာရိဖုလ်ကုရ်အာန်ကျမ်း၊ ၄/၃၇၂)

ထို့ပြင် ရဂျဗ်လသည် လမြတ်ရမဇာန်အတွက် ကြိုတင်ပြင်ဆင်ရမည့် ရှေ့ပြေးကာလ ဖြစ်ပါသည်။ ရှေးသူတော်မွန်များသည် လမြတ်ရမဇာန်ကို ခြောက်လကြိုတင်၍ စောင့်မျှော်လေ့ရှိကြပြီး ခြောက်လအလျင်ကတည်းက လမြတ်ရမ်ဇာန်နှင့်ကြုံဆုံခွင့်ရရန်နှင့် အိဗာဒသ်ပြုလုပ်နိုင်စွမ်းများ ရရှိစေရန် အလ္လာဟ်အရှင်မြတ်ထံတော်ပါး၌ ဒုအာတောင်းခံ​လေ့ရှိပါသည်။ ထို့ပြင် လမြတ်ရမဇာန်ကုန်ဆုံးပြီးနောက်တွင်လည်း ထိုလ၌ ပြုကျင့်ဆောက်တည်ခဲ့ကြသည့် အမလ်အိဗာဒသ်များကို အလ္လာဟ်အရှင်မြတ် လက်ခံကဗူးလ်ပြုရန် ခြောက်လတိုင်တိုင် ဆက်လက်ဒုအာပြုလေ့ရှိကြောင်း ဆင့်ပြန်ချက်များ၌ လာရှိထားပါသည်။ (သရ်ဂီးဗ်သရ်ဟီးဗ်ကျမ်း၊ ၁၇၆၁)

သို့ရှိရာ အစ္စလာမ်ဘာသာဝင်များအနေဖြင့် ဤကဲ့သို့မြင့်မြတ်၍ အဖိုးထိုက်သော လထူးလမြတ်များကို ကောင်းမှုကုသိုလ်များကျင့်ကြံရင်း လမြတ်ရမဇာန်အတွက် ကြိုတင်ပြင်ဆင်ရာ၌ အကျိုးရှိစွာအသုံးချရမည်ဖြစ်သလို ဂိုနာဟ်အကုသိုလ်များမှလည်း အထူးတလည် သတိထား၍ ရှောင်ရှားနေထိုင်ကြပါရန် ကုသိုလ်အကျိုးမျှော်၍ တိုက်တွန်းနှိုးဆော်အပ်ပါသည်။ (ကျမ်းမြတ်ကုရ်အာန်၊ ၉:၃၆)

19/11/2023

AL-SAFA MEDIA HOUSE က တင်ဆက်သည့် အတ်က်ဆွာဗလီဝတ်ကျောင်းတော်နှင့် ပါလက်စတိုင်းမြေ၏ နောက်ခံသမိုင်းကြောင်း

“မြေမြတ်မဟာ တို့အတ်က်ဆွာ”

(Special Issue)

PDF ရယူရန် -

https://www.mediafire.com/file/0vy2zecu60y9rec/Al_Aqsa.pdf/file

Telegram Link-

https://t.me/alsafamediahouse/109

(Download လုပ်ရန် အခက်အခဲရှိသူများ 0931061082 နံပါတ်သို့ Viber / WhatsApp မှ ဆက်သွယ်ရယူနိုင်ပါသည်။)

Photos from AL- SAFA MEDIA HOUSE's post 09/09/2023

ဖန်ပြွန်သန္ဓေနည်းလမ်းဖြင့်
သားသမီးရယူခြင်း

AL-SAFA DARULIFTA

SPECIAL ISSUE #46
_____________

PDF Download Link-

https://drive.google.com/file/d/12AKHtBQPsqHZ6THA_iThKyQnCK8DMYmt/view?usp=drivesdk

Photos from AL- SAFA MEDIA HOUSE's post 10/08/2023

သားဆက်ခြားခြင်းနှင့်အစ္စလာမ်

AL-SAFA DARULIFTA

SPECIAL ISSUE #45
_____________

PDF Download Link-

https://drive.google.com/file/d/1i_VioM0UemVzZtL6oZpODjPNOV4ATe9u/view?usp=drivesdk

Photos from AL- SAFA MEDIA HOUSE's post 02/08/2023

ကွမ်းစားဆေးနှင့် ဆေးရွက်ကြီးသုံးစွဲမှု

AL-SAFA DARULIFTA

SPECIAL ISSUE #44
_____________

PDF Download Link-

https://drive.google.com/file/d/1gOLNOqJasYYi8WJ7ljJqUVKvOMuARPqu/view?usp=drivesdk

Photos from AL- SAFA MEDIA HOUSE's post 24/07/2023

အာရှူရာအ်နေ့မြတ်

AL-SAFA DARULIFTA

SPECIAL ISSUE #43
_____________

PDF Download Link-

https://drive.google.com/file/d/1Azf9kO-9UfsOEtgAhJhikfLlJgt_vXK4/view?usp=drivesdk

(၂၉.၀၇.၂၀၂၃) စနေနေ့သည် မုဟရ်ရမ်လမြတ် (၁၀)ရက် အာရှူရာအ်နေ့မြတ်ဖြစ်ပါသည်။

Photos from AL- SAFA MEDIA HOUSE's post 15/07/2023

ပရ်ဒဟ်ဟိဂျားဗ်နှင့် Online Shop

AL-SAFA DARULIFTA

SPECIAL ISSUE #42
_____________

PDF Download Link-

https://drive.google.com/file/d/1QUz_f6pnyxMOnjWWY0Idc_OIsxCojTn0/view?usp=drivesdk

29/06/2023

၂၀၂၃ ခုနှစ် ဇွန်လ ၂၉ ရက် ကြာသပတေးနေ့၌ ကျရောက်သော အီးဒုလ်အဒွ်ဟာ (ကုရ်ဘာနီအီးဒ်) အခါသမယတွင် အစ္စလာမ်ဘာသာဝင်များနှင့် မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးအပေါ်သို့ အလ္လာဟ်အရှင်မြတ်သခင်ထံမှ ကောင်းချီးမင်္ဂလာများ ကျရောက်ပါစေကြောင်းနှင့် အလ္လာဟ်အရှင်မြတ်သခင် ကျေနပ်နှစ်သက်ရန် ရည်စူး၍ ပြုကျင့်ခဲ့ကြသည့် ကုရ်ဘာနီ စွန့်လွှတ်စတေးမှုများကို အရှင်အမြတ်သခင် လက်ခံကဗူလ်ပြုတော်မူပါစေကြောင်း AL-SAFA MEDIA HOUSE မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ခင်မင်လေးစားစွာဖြင့်
အယ်ဒီတာအဖွဲ့
AL-SAFA MEDIA HOUSE

Photos from AL- SAFA MEDIA HOUSE's post 22/06/2023

ကုရ်ဘာနီနိဆားဗ်နှင့်
သိထားသင့်သည့် မတ်စ်အလဟ်အချို့

AL-SAFA DARULIFTA

SPECIAL ISSUE #22
_____________

PDF Download Link-

https://drive.google.com/file/d/133hCaSK7ikPk-_SQIVujSiAyg59p_cQc/view?usp=drivesdk

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

သဖ်စီးရ် (၂၀) - ဇနီးသည်များကို ကောင်းမွန်စွာဆက်ဆံပါ
သဖ်စီးရ် (၁၅) - မိဘနှင့် သားသမီး အမွေရပိုင်ခွင့်
သဖ်စီးရ် (၉) - အစ္စလာမ်နှင့်မဟရ်ကညာကြေး
သဖ်စီးရ် (၇) - မြတ်တမန်တော် ‎(ဆွ) နှင့် ကြင်ယာတော်များဆိုင်ရာ
သဖ်စီးရ် (၅) - မွတ်စ်လင်မ်နှင့် ဇနီးသည်များဆိုင်ရာ

Category

Telephone

Website

Address

Yangon

Other Education in Yangon (show all)
Taung Nyunt 3 Students Taung Nyunt 3 Students
BEHS (3) Mingalar Taung Nyunt, Upper Pansodan Street
Yangon

Welcome to our reunion Taung Nyunt 3 students page and I hope all of our friends who are from BEHS 3

Kant Kaw Kant Kaw
No. 9 Kan Street, Hlaing Township
Yangon, 11012

Enhancing educational and career opportunities for Myanmar youth since 2009.

Internet Journal Internet Journal
Yangon, 1

The Official Page of Myanmar Internet Journal, which is the leading IT journal in Myanmar, focusing o

CK တရုတ်စကားပြော CK တရုတ်စကားပြော
Yangon

တရုတ်စကားကို မြန်မြန်နဲ့လွယ်လွယ် တတ်လိုပါက ဒီပေ့ချ်က သင့်အတွက်နေရာမှန်ပါပဲခင်ဗျာ

Rangoon International Higher Education Academy - RIHEA   Yangon Branch Rangoon International Higher Education Academy - RIHEA Yangon Branch
Pansodan Road (Middle Block)
Yangon, 11182

ရန်ကုန်ကျောင်းခွဲများကို ဆက်သွယ်ရန် ဖုန်းနံပါတ် - 09942000120 09942000130 မော်လမြိုင်ကျောင်းခွဲကို ဆက်သွယ်ရန် ဖုန်းနံပါတ် - 09768148233 09978391056 ဘားအံကျောင်းခွဲကို ဆက်သွယ်...

Alfred English Yangon Alfred English Yangon
Anormar 19 Street ( West )
Yangon

English can't stop you life.

Zwe Htet Education Center Zwe Htet Education Center
No. 94, 93 Street, Kandawkalay, MingalarTaungNyunt Township
Yangon

KME Japanese Language School KME Japanese Language School
No. 876, 2nd Floors, Nga Moe Yeik Ward, Lay Daunt Kan Road, Thingangyun Township
Yangon

Education

Pro English language Pro English language
Thaketa
Yangon

Your choice is your sense.

Students' Choice Students' Choice
Yangon

Education

Learn Deutsch with Nuel Learn Deutsch with Nuel
Yangon

education