MCDC - Myanmar Child Development Centre
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MCDC - Myanmar Child Development Centre, Education, Yangon.
12/08/2023
13th August ကို ''International Left Handers Day'' အဖြစ် သတ်မှတ်ထားကြပါတယ်။
ကျွန်မရော ၊ James ဖေဖေရော ညာသန်ကြသူတွေပါ။
ဒါပေမယ့် James ကတော့ ဘယ်သန်လေးပါ။
စာပေတစ်ချို့မှာတော့ ကလေးက ဘယ်သန်လား ညာသန်လားဆိုတာကို အသက် ၁ နှစ်ကျော် ၂ နှစ် လောက်မှာ သိကြတယ်လို့ ဆိုပါတယ်။ ကျွန်မတော့ James အသက် ၆လ လောက် ကတည်းက သိခဲ့ပါတယ်။ ဘယ်လိုသိလဲဆိုရင် ကလေးကို ပစ္စည်းလေးတွေပေးရင် သူသန်တဲ့ဘက်နဲ့ စယူပါတယ်။ ပစ္စည်းကို လက်နဲ့ပြလဲ သူသန်ရာဘက်နဲ့ပဲ ပြတာပါ။
ဘယ်သန် ဖြစ်လာရတာက မျိုးရိုးဗီဇ (Genes) ကြောင့်လဲ မဟုတ်ပါဘူး။
တစ်ချို့ကတော့ မိခင် ကိုယ်ဝန်ဆောင်ချိန် စိတ်ကျရောဂါနဲ့ ဆက်စပ်တယ်လို့လဲ ပြောကြပါတယ်။
ဒါပေမယ့် ကျွန်မ James ကို ကိုယ်ဝန်ဆောင်ချိန်ကာလ က ယောကျ်ားရဲ့ ဖူးဖူးမှုတ် ထားခြင်းခံရပြီး စိတ်ချမ်းသာမှု အပြည့်အဝ ရရှိတဲ့ အချိန်တွေပဲ ဆိုတော့ စိတ်ဓာတ်ကျလို့ ဖြစ်တာ ဆိုတာလဲ ကျွန်မ အမြင် ဖြစ်နိုင်ချေ နည်းပါးပါတယ်။
ကမ္ဘာ့လူဦးရေရဲ့ 10% သို့မဟုတ် 12% က ဘယ်သန်လေးတွေပါ။ ဘယ်သန်ဖြစ်စေ ညာသန်ဖြစ်စေ ဦးနှောက်ဖွံ့ဖြိုးမှု အပိုင်းမှာ ဘာမှကွာခြားမှု မရှိပေမယ့် ညာသန် ကြီးစိုးတဲ့ လူ့အဖွဲ့အစည်းကြီးထဲမှာ ဘယ်သန်လေးတွေကို ဘယ်လို ကြိုဆိုလဲ အပေါ်မှာပဲ မူတည်ပါတယ်။
ကျွန်မတို့ နိုင်ငံမှာက ရိုးရာယဥ်ကျေးမှုအရ ဘယ်သန်ဆို ''ဘယ်သန်ကြီးလား'' ''ဘယ်နဲ့ မစားနဲ့'' ဘယ်နဲ့စာမရေးနဲ့'' ''မိန်းမဘယ်သုံး အိမ်ထောင်ဖြုန်း'' ဆိုပြီး ဘယ်လက်ဟာ မကောင်းဘူးလို့ အယူအဆတွေရှိကြပါတယ်။
အဲ့တော့ ဘယ်သန်တဲ့ ကလေးတွေကို ညာသန်ဖြစ်အောင် အတင်းအကြပ်ဖိအားပေး ပြောင်းလဲမှုတွေကြောင့် ဘယ်သန်ကလေးများဟာ စိတ်ပိုင်းဆိုင်ရာရော ၊ ရုပ်ပိုင်းဆိုင်ရာပါ မလုံခြုံမှုတွေကို ခံစားကြရပါတယ်။ ကလေးတစ်ယောက်က လိုအပ်တဲ့ ဖွံဖြိုးမှုတွေကို လွတ်လပ်စွာ လေ့လာသင်ကြားရမယ့်အချိန်မှာ မိဘ အုပ်ထိန်းသူတွေရဲ့ တားမြစ်မှုကြားမှာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ဖွံ့ဖြိုးမှုတွေ နောက်ကျရပါတော့တယ်။
အဲ့အကျိုးဆက်က အိပ်ယာထဲ ရူးရူးပေါက်ချတာ၊ စကားထစ်တာ၊ အာရုံံစူးစိုက်မှု အားနည်းတာ၊ လက်သည်းကိုက်တာ၊ ပုံမှန်ထက်် ပိုပြီး အရှက်အကြောက်လွန်တာ၊ စာဖတ်ခြင်းမှာ အခက်အခဲဖြစ်စေတာ၊ စာလုံးတွေပေါင်းဖို့ အခက်အခဲ ဖြစ်စေတာ စသည့် အခက်အခဲတွေ ကြုံတွေ့ရပါတယ်။
အဲ့ဒါတွေက ဘယ်သန်ကို ညာသန်ဖြစ်အောင် အတင်းအကြပ် ပြောင်းလဲစေလို့သာ ဖြစ်ရတဲ့ အကျိုးဆက်တွေပါ။
ဘယ်သန်လေးတွေမှာလဲ သူတို့အခက်အခဲတွေရှိကြပါတယ်။ ဘာလို့လဲဆို ကျွန်မတို့လူ့အသိုင်းအဝိုင်းက ဘယ်သန်လေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ ပစ္စည်းတွေ ရှိ မနေလို့ပါပဲ။ ဥပမာ။ အင်္ကျီကြယ်သီးတပ်တာ၊ ကတ်ကြေးသုံးတာ၊ ဘောင်းဘီဇစ် စသည်ဖြင့်ပေါ့။
Napoleon, Picasso, Isaac Newton, Barack Obama စသည်တို့ဟာ ကျော်ကြားတဲ့ ဘယ်သန်တွေထဲက တစ်ချို့ပါ။ ဘယ်သန်လေးတွေက Writing မှာပဲ different ဖြစ်တာ မဟုတ်ပါဘူး။ Thinking မှာလဲ မတူ ထူးခြားတဲ့ စမ်းသစ်တဲ့ အမြင်တွေ အတွေးတွေ ရှိကြတာတော့ Left-handed မေမေတိုင်း သတိပြုမိကြမှာပါ။
ဘယ်လိုပဲဖြစ်ဖြစ် ဘယ်သန်ဖြစ်စေ ညာသန်ဖြစ်စေ လွတ်လပ် ပျော်ရွှင်စွာနဲဲ့ လေ့လာသင်ယူ ကြီးပြင်းဖို့က အဓိကပါပဲ။
ဒါကြောင့် မေမေ ဖေဖေတို့မှာ ဘယ်သန်လေးတွေ ရှိခဲ့ရင် သူတို့ အားသန်ရာကို ဟန့်တားခြင်း မလုပ်ပဲ အားပေးကူညီပေးကြပါစို့နော်။
Photo Crd:
Ngu Wah (MCDC)
Photos from MCDC - Myanmar Child Development Centre's post 20/05/2023
Positive Discipline
အပြုသဘောဆောင်သော စည်းကမ်းပေးခြင်း
Photos from MCDC - Myanmar Child Development Centre's post 08/05/2023
Psychosocial Development
(လူမှုစိတ်ပညာ ဖွံ့ဖြိုးမှု)
22/04/2023
Happy Earth Day 2023.
13/04/2023
18/03/2023
မိဘတွေရဲ့ အုပ်ထိန်းမှုဟာ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သားသမီးတွေရဲ့ဘဝတစ်ခုလုံးကို အရိပ်လို အမြဲလိုက်နေတတ်ပါတယ်။
မေတ္တာတရားတွေ၊ ပျော်ရွှင်မှုတွေနဲ့ ပြည့်နေတဲ့မိသားစုက ကလေးတွေဟာ သူတို့ကိုယ်သူတို့ အရေးပါအရာရောက်တယ်လို့ ခံစားရပြီး လုံခြုံမှုရှိရှိ ကြီးပြင်းခွင့်ရကြတယ်။
ဒါပေမယ့် ဒီလို ပျော်စရာကောင်းပြီး နွေးထွေးမှုရှိတဲ့မိသားစုမျိုး ကလေးတိုင်း မရနိုင်ကြပါဘူး။
မိဘတွေက ရုပ်ပိုင်းဆိုင်ရာ (သို့) စိတ်ပိုင်းဆိုင်ရာတွေကို ဒဏ်ရာရအောင် ပြုလုပ်ခံရတဲ့ ကလေးတွေလဲ ရှိကြပါတယ်။ ထိုအပြုအမူတွေကို ရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ မရည်ရွယ်ဘဲ (သို့) မိဘကိုယ်တိုင် သတိမမူမိဘဲ ပြုလုပ်မိသည်ဖြစ်စေ ကလေးတွေမှာရရှိသွားတဲ့ စိတ်ဒဏ်ရာက ကြီးပြင်းလာတဲ့အထိ ကျိန်စာတစ်ခုလို စွဲကပ်သွားတတ်ကြပါတယ်။ အဲ့ဒီစိတ်ဒဏ်ရာမျိုးပေးတဲ့ (သို့) ပြုလုပ်မိတဲ့မိဘကို Toxic Parents (အဆိပ်သင့်မိဘ) လို့ ပြောဆိုထားတယ်။
Toxic Parents တွေရဲ့ ကလေးတွေဟာ သူတို့ရဲ့ဖြစ်တည်မှု နဲ့ ကိုယ်ပိုင်စရိုက်လက္ခဏာ (identity) တွေကို အကြီးအကျယ် ထိခိုက်သွားစေတတ်ပါတယ်။
ကိုယ်ကိုယ်တိုင်ရော သားသမီးအပေါ်မှာရော Toxic Parents ဖြစ်နေပြီလားဆိုတာ လေ့လာကြည့်ရအောင်.......
# လောကမှာ Perfect (ပြီးပြည့်စုံတဲ့) ဖြစ်တဲ့ မိဘမျိုးဆိုတာတော့ မရှိနိုင်ပါဘူး။ မိဘတိုင်းဟာ အားနည်းချက်ရှိတဲ့ လူသားတွေဖြစ်တာကြောင့် တစ်ခါတစ်ရံမှာတော့ အမှားပြုလုပ်မိတတ်ကြပါတယ်။ ရံဖန်ရံခါ ပြုလုပ်မိလိုက်တဲ့ အမှားလေးတွေကြောင့် မိမိကိုယ်မိမိ Toxic Parents လို့တော့ မထင်မြင် မယူဆစေလိုပါ။ မသင့်လျှော်တဲ့အပြုအမူတွေကို ထပ်ခါထပ်ခါနဲ့ ကာလရှည်ကြာစွာ အမြဲပြု လုပ်နေမှသာ ထိုမိဘကို Toxic Parents လို့ သတ်မှတ်တာ ဖြစ်ပါတယ်။
# Toxic Parents ကို အမျိုးအစား (6) မျိုး ခွဲခြားထားပါတယ်။
(1) အရည်အချင်း မပြည့်မှီသူ (Inadequate Parents)
(2) ကြိုးကိုင်ချယ်လှယ်သူ (Controllers)
(3) အရက်သမား (Alcoholics)
(4) နှုတ်အားဖြင့်စော်ကားနှိပ်စက်သူ (Verbal Abusers)
(5) ကိုယ်အားဖြင့် စော်ကားနှိပ်စက်သူ (Physical Abusers)
(6) လိင်ပိုင်းဆိုင်ရာ စော်ကားနှိပ်စက်သူ (S*xual Abusers)
တို့ပဲဖြစ်ပါတယ်။
အဲဒီ့ (6) မျိုးကို အကျဉ်းချုံးလိုက်ရင်တော့....
(1) လျစ်လျူရှုသူ (Neglectors)
(2) ကြိုးကိုင်ချယ်လှယ်သူ (Controllers)
(3) စော်ကားနှိပ်စက်သူ (Abusers)
ဆိုပြီး (3) မျိုးပဲရရှိမှာ ဖြစ်ပါတယ်။
🔹 (1) လျစ်လျူရှုသူ (Neglectors)
Alcoholics (အမြဲမူးနေတဲ့) မိဘတွေ၊ Depression (စိတ်ဓာတ်ကျနေတဲ့) မိဘတွေ ၊ Detached (ချစ်ခြင်း မေတ္တာနဲ့ဂရုစိုက်မှု မပေးတဲ့) မိဘတွေဟာ အရည်အချင်း မပြည့်မှီတဲ့ မိဘတွေဖြစ်ပြီး Neglectors မိဘတွေထဲမှာ ပါဝင်ပါတယ်။
အဲ့လိုမိဘတွေဟာ သူတို့ပြဿနာနဲ့သူတို့ ရှုပ်နေကြတာကြောင့် ကလေးတွေရဲ့ စိတ်ခံစားချက်ကို ဂရုမစိုက်တတ်ကြပါဘူး။ ကိုယ့်အတ္တကိုပဲ ရှေ့တန်းတင်နေတာကြောင့် ကလေးတွေ ဘယ်လိုခံစားသွားလိမ့်မယ်ဆိုတာကို လုံးဝ ထည့်မတွေးတတ်ကြပါဘူး။
Neglectors အမျိုးအစား မိဘတွေရဲ့ သားသမီးတွေဟာ ချစ်ခြင်းမေတ္တာလဲ မခံစားကြရသလို စိတ်အလိုမကျမှုတွေ၊ စိတ်ဖိစီးမှုတွေ ဖြစ်ပေါ်ကြရပါတယ်။ အထူးသဖြင့် ထိုကလေးတွေရဲ့ ကောင်းမွန်တဲ့ ပင်ကိုယ်စရိုက်လက္ခဏာ (identity) ပြိုလဲ ပျက်စီးသွားပါတယ်။
🔹 (2) ကြိုးကိုင်ချယ်လှယ်သူ (Controllers)
သားသမီးတွေကို ပေါ်ပေါ်ထင်ထင် သိသာမြင်လွယ်အောင် လွှမ်းမိုးချုပ်ကိုင်တဲ့ မိဘတွေရှိသလို သိမ်မွေ့ပြီး တိုက်ရိုက်မဟုတ်တဲ့ လွှမ်းမိုးချုပ်ကိုင်နည်းတွေနဲ့ ချုပ်ကိုင်ကြတဲ့ မိဘတွေလဲ ရှိကြပါတယ်။ဥပမာ။ ခြိမ်းခြောက်တာ၊ အပြစ်ရှိသလိုခံစားရအောင်လုပ်တာ၊ အရှက်ခွဲတာ စတဲ့နည်းစနစ်တွေပဲ ဖြစ်ပါတယ်။
ကြိုးကိုင်ချယ်လှယ်တတ်တဲ့မိဘတွေရဲ့ နောက်ထပ်သိမ်မွေ့တဲ့ နည်းစနစ်တစ်ခုက ''အကူအညီပေးတဲ့ နည်းစနစ်'' ပဲ ဖြစ်ပါတယ်။ သားသမီးအပေါ် သြဇာညောင်းဖို့အတွက် ကိစ္စကြီးငယ်မှန်သမျှကို ဝင်ရောက်စွက်ဖက်ပြီး ကူညီလုပ်ကိုင်ဆောင်ရွက်ပေးတတ်ကြပါတယ်။ ထို့အပြင် မိဘတွေက သူတို့ရဲ့အမိန့်တွေကို တစ်သွေမတိမ်း နာခံတတ်အောင် ကြိုးကိုင်တတ်ကြပါတယ်။
Controllers အမျိုးအစားမိဘတွေရဲ့သားသမီးတွေဟာ သူတို့ရဲ့ (identity) ပင်ကိုယ်စရိုက်လက္ခဏာတွေ ပျောက်ဆုံးပြီး ရုပ်သေးရုပ်လေးလိုပဲ မိဘအလိုကျ ပြုမူနေထိုင်ကြရပြီး မိမိရဲ့ဆန္ဒအတိုင်း လုပ်ကိုင်ခွင့် မရရှိကြပါဘူး။ ဥပမာ။ သူငယ်ချင်းတွေနဲ့ချိန်းဆိုတာ၊ ခရီးတစ်ခုခုသွားတာ စတဲ့ ကိစ္စတွေမှာ မိဘကခွင့်ပြုပါ့မလားဆိုပြီး စိတ်ပူနေရတာမျိုး၊ ကိုယ်ဝါသနာပါတဲ့အလုပ် (သို့) ကိုယ်စိတ်ဝင်စားတဲ့ဘာသာရပ်ကိုရွေးပြီး တက္ကသိုလ်တက်မယ် ကြံပြီးကာမှ မိဘဆုံးဖြတ်တဲ့ဘာသာရပ်ကို ပြောင်းလုပ်/ပြောင်းတက်ရတာမျိုးတွေ ဖြစ်ပါတယ်။
ထိုကလေးမျိုးတွေဟာ ကြီးလာတဲ့အခါ တစ်ပါးသူကို မမှီခိုဘဲ မရပ်တည်နိုင်ကြတော့ပါဘူး။ ထို့အပြင် အခြားသူရဲ့ အသိအမှတ်ပြုမှုရရှိမှသာ စိတ်လုံခြုံမှုနဲ့ အရေးပါမှုကို ခံစားရရှိမှာ ဖြစ်ပါတယ်။
အဓိက ကတော့ မိမိကိုယ်မိမိ ယုံကြည်မှုတွေ ပျက်စီး ပျောက်ဆုံးသွားစေပါတယ်။
🔹 (3) စော်ကားနှိပ်စက်သူ (Abusers)
Toxic Parentsအမျိုးအစားထဲမှာ အဆိုးရွားဆုံးပါပဲ။ စော်ကားနှိပ်စက်မှုတွေမှာ လိင်ပိုင်းဆိုင်ရာစော်ကားခြင်း (S*xual abuse)၊ ရိုက်နှက်ခြင်း (Physical abuse) နဲ့ နှုတ်ဖြင့်စော်ကားခြင်း (Verbal abuse) တို့ပဲ ဖြစ်ပါတယ်။
Physical abuse နဲ့ S*xual abuse တို့က သိသာထင်ရှားပေမယ့် Verbal abuse ကတော့ ကောင်းမွန်တဲ့ မိဘတွေဆီမှာတောင် သတိမမူမိတဲ့အတွက် တွေ့ရှိရတတ်ပါတယ်။
ကလေးကို ကောင်းစေချင်လို့ အပြစ်ပြဆုံးမတာ၊ ထောက်ပြဝေဖန်တာမျိုးတွေက စော်ကားနှိပ်စက်တာ မဟုတ်ပေမယ့် ကလေးရဲ့ ဥာဏ်ရည်ဥာဏ်သွေး နဲ့ လုပ်ကိုင်နိုင်စွမ်းတွေကို ပျက်ရယ်ပြုတာတွေ၊ နှိမ့်ချပြောဆိုတာတွေက အရှက်ခွဲစော်ကားတဲ့အဆင့်ကို ရောက်ရှိသွားပါတယ်။
✳ နှုတ်ဖြင့်စော်ကားခြင်း (Verbal abuse) ကို အဓိကအားဖြင့် (2) မျိုး ခွဲခြားထားပါတယ်။
ပထမတစ်မျိုးက သိသာထင်ရှားတဲ့ တိုက်ရိုက် စော်ကားခြင်းတွေပါ။ ဥပမာ။ ရုပ်ဆိုးတယ်။ ဥာဏ်တုံးတယ်။ အသုံးမကျဘူး။ အဆိုးဆုံးကတော့...နင့်လိုကလေးမျိုး မွေးမလာသင့်ဘူး။ နင့်ကို မွေးမိတာ မှားတာပဲ စသည်ဖြင့် ပြောဆိုတာတွေ ဖြစ်ပါတယ်။
ဒုတိယတစ်မျိုးက နောက်သလိုလို ပြောင်သလိုလိုနဲ့ သွယ်ဝိုက် စော်ကားခြင်းတွေပါ။ ဥပမာ။ ဆေးရုံကနေ ကလေးခြင်းမှားလာခဲ့တာ။ အမှိုက်ပုံက ကောက်လာတာ။ မွေးစားထားတာ စသည်ဖြင့် ပြောဆိုတာတွေ ဖြစ်ပါတယ်။
တကယ်တော့ ငယ်ရွယ်နုနယ်တဲ့ ကလေးတွေဟာ ထေ့လုံးငေါ့လုံးတွေ၊ ရယ်စရာဟာသတွေ နဲ့ ချဲ့ကားပြောဆိုမှုတွေကို အရှိအတိုင်း အဓိပ္ပါယ်ဖွင့်ပြီး အမှန်လို့ပဲ ထင်တတ်ကြပါတယ်။ ဘာမှအပြစ်မရှိဘူးလို့ထင်ရတဲ့ မိဘတွေရဲ့ အပြောင်အပျက်စကားတွေဟာ ကလေးတွေရဲ့ယုံကြည်ချက်ကို အကြီးအကျယ် ပျက်စီးသွားစေနိုင်ပြီး အထီးကျန်မှု နဲ့ ကြောက်ရွံ့မှုတွေကို ခံစားရလေ့ရှိပါတယ်။
✳ ရိုက်နှက်ခြင်း (Physical abuse) တွေ အမြဲလိုလို လုပ်တတ်တဲ့ မိဘတွေရဲ့သားသမီးတွေက အကြောက်တရားနဲ့သာ ကြီးပြင်းခဲ့ကြရတယ်။
အဲ့ဒီ့အတွေ့အကြုံတွေကြောင့် ထိုကလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာတွေဟာ အမြဲကြောက်ရွံ့ထိပ်လန့်နေကြပြီး ဘယ်သူ့ကိုမှ မယုံကြည်တတ်ကြတော့ပါဘူး။
ထို့ကြောင့် ပေါင်းသင်းဆက်ဆံရေးတွေမှာ အမြဲအဆိုးဆုံး အခြေအနေတွေပဲ ရင်ဆိုင်ကြရပြီး တခြားသူတွေနဲ့ နီးနီးကပ်ကပ် မဆက်ဆံတတ်ကြတော့ပါဘူး။
# မိဘနဲ့သားသမီး ဆက်ဆံရေးဟာ ဘဝတစ်လျှောက်လုံး ကြုံတွေ့ရမယ့် ပေါင်းသင်းဆက်ဆံရေးအတွက် အခြေခံအုတ်မြစ်ပဲ ဖြစ်ပါတယ်။
ငယ်ဘဝမှာ စော်ကားမှုတွေ၊ ဖိနှိပ်ကြိုးကိုင် ချုပ်ချယ်မှုတွေ နဲ့ လျစ်လျူရှုမှုတွေကို ခံစားရတဲ့ ကလေးတွေဟာ စိတ်ဒဏ်ရာ အကြီးအကျယ်ရရှိသွားတတ်ကြပါတယ်။
ငယ်ဘဝမှာ စိတ်ဒဏ်ရာရရှိတဲ့ ကလေးတွေဟာ သူတို့ကိုသူတို့ ဘာမှမဖြစ်သလို ထင်ရပေမယ့် သူတို့စိတ်ထဲမှာတော့ ဒီဒဏ်ရာတွေဟာ ပြည်တည်နေတာကို တွေ့ရပါတယ်။
ထို့အပြင် ကလေးတွေဟာ သူတို့ရဲ့ဒေါသကို တိုက်ရိုက် ထုတ်မပြတတ်ဘဲ ခံစားချက်တွေကို ကျိတ်မှိတ်မြိုသိပ်ထားလေ့ရှိကြပါတယ်။
ဒီလိုနဲ့ အချိန်ကြာလာပြီး အရွယ်ရောက်လာတဲ့အခါ ဒီခံစားချက်တွေက ပုပ်ပွလာပြီး စိတ်ဓာတ်ကျခြင်းတွေ၊ ဒေါသပေါက်ကွဲခြင်းတွေ ဖြစ်ပေါ်လာတတ်ကြပါတယ်။
အဲ့လိုဖြစ်လာတဲ့အခါ နေ့စဥ် လူမှုဘဝဆက်ဆံရေးရော အလုပ်ခွင်ဆက်ဆံရေးတွေပါ ထိခိုက်လာကြပြီး အဆိုးဆုံး သံသရာလည်သွားတတ်ကြပါတယ်။
# ကလေးဘဝရဲ့ စိတ်ဒဏ်ရာတွေဟာ အရမ်းအမြစ်ခိုင်ပြီး ပယ်ဖျက်ဖို့ ခက်ခဲလှပါတယ်။ သို့သော်လည်း ဒီစိတ်ဒဏ်ရာတွေကို ကုသဖို့ နည်းလမ်းတွေလဲ ရှိပါသေးတယ်။
သို့ပေမယ့် ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းက ပိုမိုထိရောက်စေပါတယ်။
# သားသမီး မကောင်းခဲ့ရင် မိဘက သွန်သင်ဆုံးမမှု ညံ့ဖျင်းတယ်လို့ တစ်ကြိမ်သာ အပြစ်တင်ခံရနိုင်ပါတယ်။ မိဘကောင်း မဖြစ်ခဲ့ရင်တော့ သားသမီးရဲ့ဘဝတစ်လျှောက်လုံးမှာ ကြုံတွေ့ရမယ့် စီးပွားရေး၊ ပေါင်းသင်းဆက်ဆံရေး နဲ့ စိတ်ပိုင်းဆိုင်ရာတွေကို ထိခိုက်သွားစေနိုင်တယ်ဆိုတာကို မိဘတိုင်း သတိပြု ဆင်ခြင်နိုင်စေရန် ရေးသားဖော်ပြလိုက်ပါတယ်။
(အမေရိကန် စိတ်ရောဂါကုထုံး Susan Forward ရဲ့ Toxic Parents စာအုပ်ကို မိဘတွေ လေ့လာနိုင်ရန် အကျဥ်းချုံး ဘာသာပြန် ရေးသားထားပါတယ်)
❤ လွတ်လပ်စွာ credit ပေး၍ share ယူနိုင်ပါတယ်။❤
Ngu Wah
18.03.2023
20/11/2020
Every child is a miracle with each having their own ways that make this world a beautiful place for us.
Happy children’s day to every child.
(MCDC)
Photos from MCDC - Myanmar Child Development Centre's post 10/10/2020
Professions Flash cards
*** NOT FOR SALE ***
💗💗 Sharing is Caring 💗💗
(MCDC)
Photos from MCDC - Myanmar Child Development Centre's post 06/10/2020
Weather Flash cards
*** NOT FOR SALE ***
💗💗 Sharing is Caring 💗💗
(MCDC)
Photos from MCDC - Myanmar Child Development Centre's post 05/10/2020
Household Appliances Flash cards
*** NOT FOR SALE ***
💗💗 Sharing is Caring 💗💗
(MCDC)
05/10/2020
We appreciate all teachers for your hard work and playing such an important role in shaping children's education.
Happy Teacher's Day !!!
(MCDC)
Photos from MCDC - Myanmar Child Development Centre's post 28/09/2020
Photos from MCDC - Myanmar Child Development Centre's post 21/06/2020
ဆေးရောင်လှလှခြယ်ရအောင် 🎨🎨
Father's day colouring sheets
(MCDC)
21/06/2020
Happy Father’s Day to You and Your Dad.
ဖေဖေတို့ရဲ့ အချစ်တွေက သားသားမီးမီးတို့ရဲ့ လူစွမ်းကောင်းတွေ၊ စွန့်စားသူတွေ၊ တီထွင်သူတွေ၊ ဂီတပညာရှင်တွေအဖြစ် ပြောင်းလဲပေးသွားကြတယ်။
(MCDC)
Photos from MCDC - Myanmar Child Development Centre's post 20/06/2020
Let's learn the Solar System
⭐ 🌙 🌍 🌞 🌘 🚀 🛸 🛰️ 💫☄️
(MCDC)
source: https://solarsystem.nasa.gov
Photos from MCDC - Myanmar Child Development Centre's post 14/06/2020
Hello Boys and Girls !!!
Let's learn the colors....
(MCDC)
14/06/2020
"ရေသံသရာ”
ကောင်းကင်တခို၊ ပြိုမလို
တိမ်ညိုဘာကြောင့် မှိုင်းပါတယ်။
မိုးရွာလို့ မှိုင်းပါတယ်။
မြည်ဟည်းထစ်ကြိုး၊ မာန်ဟုန်ဖြိုး
ရွှေမိုးဘာကြောင့်ရွာရတယ်
ရေခိုးပါလို့ ရွာရတယ်။
တစိမ့်စိမ့်မိုး၊ ရွာသွန်းဖြိုး
ရေခိုးဘယ်က ရပါတယ်။
ပင်လယ်ရေက ရပါတယ်။
အပြောဝန်းကျယ်၊ ငွေပင်လယ်
သင်ရေဘယ်က ရပါတယ်။
ချောင်းရေတွေက ရပါတယ်။
စီးကျတွေတွေ၊ ရဂုံတွေ
ချောင်းရေဘယ်က ရပါတယ်။
မိုးရေကျလို့ ရပါတယ်။
ရွာသွန်းဖြိုးစွေ၊ လျှပ်ပန်းဝေ
မိုးရေဘာကြောင့် ကျရတယ်၊
တိမ်ညိုမှိုင်းလို့ ကျပါတယ်။
Credit: ယခင် ဒုတိယတန်း ကျောင်းသုံး ဖတ်စာ
Photo credit: internet
18/05/2020
သင်ရိုးသစ် life skills မှာ sexuality education ထည့်သင်တာ ကြိုက်တဲ့သူလဲ ရှိသလို မကြိုက်တဲ့သူလဲ ရှိကြတာတွေ့ရတယ်။
ကလေးတွေကို S*x education ပေးဖို့ Victoria လေးကိစ္စဖြစ်မှ မိဘတွေနည်းနည်း alert ဖြစ်လာကြတာပါ။
Europe မှာ Primary ကတည်းက Social Personal and Health Education (SPHE) ဆိုတာကို သင်ပါတယ်။
- စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး
- ကျား/မ ကွဲပြားမှု
- ကိုယ်ခန္ဓာ အသုံးပြုပုံ
- လူမှုဆက်ဆံရေးနှင့် ဖိုမ လက္ခဏာများ
- ကိုယ်ခန္ဓာလှုပ်ရှားမှုနှင့် အစာအာဟာရ တွေ စပြီးသင်ရပါတယ်။
Secondary မှာ Relationship and S*xuality Education (RSE) ကို သင်ရပါတယ်။
- လူ့ခန္ဓာကိုယ်နဲ့ ဖွံ့ဖြိုးပုံ
- မျိုးပွားခြင်းနှင့် မျိုးပွားမှုဖြစ်စဉ်
- လိင်ဆက်ဆံမှုနှင့် ကျန်းမာရေး
- စိတ်ခံစားမှု
- လူမှုဆက်ဆံရေးနှင့် နေထိုင်မှုပုံစံ
တွေအပြင် how to kiss ဆိုတဲ့ ဘယ်လို နမ်းရမလဲဆိုတာပါ သင်ပါတယ်။
အသက် ၆ နှစ်ကလေးတစ်ယောက်ဟာ (ကလေးသိသင့်တဲ့ အတိုင်းအတာအရ) baby လေး ဘယ်လိုဖြစ်လာလဲဆိုတာ သိနေပါပြီ။
ဆက်ကျော်သက်အရွယ်တွေဟာ လိင်ဆက်ဆံရင် အကာအကွယ် ယူရမယ်၊ ဘယ်လိုရောဂါတွေ ရနိုင်တယ် ဆိုတဲ့ ကျန်းမာရေး ဗဟုသုတတွေ ရှိနေပါပြီ။
S*xuality Education ဆိုတာ အသက်အရွယ်အရ သိသင့်တဲ့ ဗဟုသုတတွေကို စောစောသိထားလေ ကောင်းလေပါပဲ။ ဒါဟာ ရှက်စရာကိစ္စ မဟုတ်ပါဘူး။
ဒါပေမယ့်....
သင်ကြားပေးမယ့် ဆရာ/ဆရာမ မှာ barriers တွေရှိနေရင်တော့ ဥပမာ။
- သင်ကြားပေးဖို့ အချိန်မလောက်ငှခြင်း။
- လုံလောက်တဲ့ training မရရှိထားခြင်း။
- သင်ကြားပေးရန် မိမိကိုယ်မိမိ ယုံကြည်မှု မရှိခြင်း။
စသည် စသည်တွေကြောင့် သင်ကြားမှု နည်းလမ်း မမှန်တော့ပဲ လမ်းလွဲသွားမှာပဲ စိတ်ပူမိတယ်။
life skills မှာ sexuality education ထည့်သင်တာက ကလေးတွေဟာ မိမိတို့ရဲ့ စိတ်ခံစားမှုတွေကို ထိန်းချုပ်လာနိုင်သလို သူတစ်ပါးအပေါ် လေးစားမှုတွေလဲ ရှိလာနိုင်ပါတယ်။
သက်ငယ် မုဒိမ်းမှုတွေ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်ဝန်ရရှိလာမှုတွေ၊ HIV/ AIDS ဖြစ်မှုနှုန်းတွေလျော့ကျသွားနိုင်တာတော့ အမှန်ပါပဲ။
(MCDC)
Photos from MCDC - Myanmar Child Development Centre's post 17/05/2020
ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်ကို ပြန်လည်စတင်မည့်အကြောင်းနှင့် ပတ်သက်၍ ပြည်သူလူထုကို အသိပေးအကြောင်းကြားခြင်း။
မေလ (၁၈)ရက်နေ့မှ စတင်၍ ဗဟိုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဆေးရုံများ တွင်လည်းကောင်း၊
ဇွန်လ(၁)ရက်နေ့မှစတင်၍ မြို့နယ်အဆင့်အောက် တိုက်နယ်/ မိခင်ကလေး/ ဒေသန္တရ/ မြို့မ/ ကျေးလက်ကျန်းမာရေးဌာနများနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ/ ရပ်ကွက်/ ကျေးရွာများတွင်လည်းကောင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။
credit: Ministry of Health and Sports
(MCDC)
Photos from MCDC - Myanmar Child Development Centre's post 16/05/2020
Transportation Flash cards
*** NOT FOR SALE ***
(MCDC)
Photos from MCDC - Myanmar Child Development Centre's post 13/05/2020
Pets and Farm Animals Flash cards
*** not for sale ***
(MCDC)
မြန်မာဗျည်းများဖြင့် ပုံအလွယ်ရေးဆွဲနည်း 13/05/2020
ဗျည်းအက္ခရာများဖြင့် ရုပ်ပုံ ရေးဆွဲနည်း
(MCDC)
https://youtu.be/ZGiv3gT8rU4
မြန်မာဗျည်းများဖြင့် ပုံအလွယ်ရေးဆွဲနည်း For children
09/05/2020
"The hand that rocks the cradle is The hand that rules THE WORLD"
Happy Mother's Day
(MCDC)
Easy Mother's Day Card🌷| Handmade Mother's Day Card | Simple Mother's Day Card #mothersdaydiy 09/05/2020
သားသား မီးမီးတို့နဲ့အတူ မနက်ဖြန်မှာကျရောက်မယ့် Mother's Day အတွက် အရမ်းလွယ်ကူတဲ့ card လေး လုပ်ကြည့်ရအောင်နော် 😊
(MCDC)
https://youtu.be/xCKKUR0UPj4
Easy Mother's Day Card🌷| Handmade Mother's Day Card | Simple Mother's Day Card #mothersdaydiy Mother's day card making ideas | easy Origami tulip card | DIY mother's day card |
Photos from MCDC - Myanmar Child Development Centre's post 27/04/2020
ရုပ်ပုံလေးတွေ ရေတွက်ပြီး ရုပ်ပုံနဲ့ကိန်းဂဏန်းတူရာလေးတွေ ယှဉ်တွဲရအောင်။
(MCDC)
*** NOT FOR SALE ***
photo credit: internet
26/04/2020
COVID-19 ရောဂါဟာ အခုဆိုရင် တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေတဲ့ ကပ်ရောဂါဆိုးကြီးဖြစ်နေပါတယ်။
ဒါကြောင့် ကလေးတွေနဲ့ ကလေးပြုစုစောင့်ရှောက်သူတွေရဲ့ စိတ်ကျန်းမာရေးနဲ့ လူမှုစိတ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုအတွက် ယူနီဆက်အနေနဲ့ Helpline တခုကို တနင်္လာနေ့က စတင် အကောင်အထည် ဖော်ခဲ့ပါတယ်။
စာသင်ကျောင်းတွေ ပိတ်ထားခြင်းနဲ့ လူတစ်ဦးနှင့်တစ်ဦးဝေးကွာစွာနေရခြင်းကြောင့် ကလေးငယ်လေးတွေအနေနဲ့လည်း သီးခြား အထီးကျန်ဆန်ခြင်းတွေ ကြုံတွေ့ရလာနိုင်ပါတယ်။
ဒီလိုအခက်အခဲတွေကြုံနေကြရတဲ့ အချိန်အတွင်း “ခံစားချက်လေးများ ဖုန်းလိုင်း” ဖြစ်တဲ့ ၀၉ ၉၆၁၁ ၄၀၀၀၀ ကို ဆက်သွယ်ခေါ်ဆိုနိုင်ကြောင်း ဖော်ပြလိုပါတယ်။
Credit: Unicef Myanmar
(MCDC)
COVID-19 ရောဂါဟာ အခုဆိုရင် တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေတဲ့ ကပ်ရောဂါဆိုးကြီးဖြစ်နေပါတယ်။
ဒါကြောင့် ကလေးတွေနဲ့ ကလေးပြုစုစောင့်ရှောက်သူတွေရဲ့ စိတ်ကျန်းမာရေးနဲ့ လူမှုစိတ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုအတွက် ယူနီဆက်အနေနဲ့ helpline တခုကို တနင်္လာနေ့က စတင် အကောင်အထည်ဖော်ခဲ့ပါတယ်။ စာသင်ကျောင်းတွေ ပိတ်ထားခြင်းနဲ့ လူတစ်ဦးနှင့် တစ်ဦးဝေကွာစွာနေရခြင်းကြောင့် ကလေးငယ်လေးတွေအနေနဲ့လည်း သီးခြား အထီးကျန်ဆန်ခြင်းတွေ ကြုံတွေ့ရလာနိုင်ပါတယ်။
လားရှိုးမြို့မှ ကလေးပြုစုစောင့်ရှောက်သူတစ်ဦးဖြစ်တဲ့ Yaw Ying က helpline ကို ဖုန်းခေါ်ဆိုပြီး “ကျွန်တော့ရဲ့တူလေးကို ကျွန်တော်ထိန်းပေးနေတာပါ။ သူက ကျွန်တော်တို့နဲ့အတူ နေနေပြီး အပြင်မထွက်ရလို့ အိမ်မှာ အတော်ပျင်းနေတာပါ။ ဒီ helpline ကို ခေါ်ဆိုလိုက်တာ တော်တော် အကျိုးရှိပါတယ်။ ပြန်လည်ဖြေကြားပေးတဲ့ သူတွေကလည်း သေသေချာချာ ကျွမ်းကျင်တက်မြောက်ပြီးသား သူတွေဖြစ်မယ်ထင်ပါတယ်။” လို့ သူ့ရဲ့အတွေ့အကြုံကို ဝေမျှခဲ့ပါတယ်။
ဒီလိုအခက်အခဲတွေကြုံနေကြရတဲ့ အချိန်အတွင်း “ခံစားချက်လေးများ ဖုန်းလိုင်း” ဖြစ်တဲ့ ၀၉ ၉၆၁၁ ၄၀၀၀၀ ကို ဆက်သွယ်ခေါ်ဆိုနိုင်ကြောင်း ဖော်ပြလိုပါတယ်။
COVID-19 and the restrictions it places on our lives can create stressful and difficult situations.
On Monday, UNICEF launched a helpline for children and caregivers which provides mental health and psychosocial support services. With school closures and social distancing measures in place, some children may be feeling isolated in their confinement.
Yaw Ying, a caregiver from Lashio called the hotline yesterday, “I am taking care of my nephew – who is staying with us, very bored at home due to restrictions to go outside.
My experience was good, seemed the operators were trained well”.
If you feel you need support during this difficult time, call the 09 9611 40000 to speak to a trained professional.
Check out the flyer below for more information about the helpline.
🤝
USAID - US Agency for International Development
Japan - The Government of Japan
Metanoia
Photos from MCDC - Myanmar Child Development Centre's post 24/04/2020
1️⃣ 2️⃣ 3️⃣ 4️⃣ ရေးကြမယ်
(MCDC)
*** NOT FOR SALE ***
photo credit: internet
Photos from MCDC - Myanmar Child Development Centre's post 23/04/2020
Uppercase letter နဲ့ Lowercase letter လေးတွေ ယှဉ်တွဲသိရှိနိုင်ဖို့ worksheet လေးပါ။ print out ထုတ်ပြီး လေ့ကျင့်ပေးနိုင်ပါတယ်။
(MCDC)
***NOT FOR SALE***
photo credit: internet
Photos from MCDC - Myanmar Child Development Centre's post 23/04/2020
သားတို့ သမီးတို့ရေ...
A B C D tracing လေးတွေ ရေးကြည့်ရအောင်နော်။
***NOT FOR SALE***
photo credit: internet
(MCDC)
Photos from MCDC - Myanmar Child Development Centre's post 22/04/2020
Counting Numbers 1️⃣ 2️⃣ 3️⃣
Photo credit: internet
(MCDC)
13/04/2020
ဖျားနာနေပါက အခမဲ့ပြသနိုင်သည့်
ရန်ကုန်မြို့တွင်း ဖျားနာဆေးကုခန်းများ
credit : drmyanmar
(MCDC)
Audible Stories | Audible.com 29/03/2020
Amazon company ကြီးက
တစ်ကမ္ဘာလုံးမှာ အိမ်တွင်းအောင်းနေကြရတဲ့ ကလေးများအတွက် အခမဲ့ ဖတ်နိုင်အောင်လို့ Audio Book (အသံထွက် ဖတ်ပြထားတဲ့ စာအုပ်) များစွာကို အောက်ပါ Link မှာ ဖတ်နိုင်အောင် Free ပေးထားပါတယ်။
သားသား မီးမီးတို့အတွက် မျှဝေပါတယ်။
https://stories.audible.com/discovery
(MCDC)
Audible Stories | Audible.com Free stories for kids of all ages. Audible Stories is a free website where kids of all ages can listen to hundreds of Audible audio titles across six different languages—English, Spanish, French, German, Italian and Japanese—for free, so they can keep learning, dreaming and just being kids.
Photos from MCDC - Myanmar Child Development Centre's post 16/03/2020
#သတင်းထုတ်ပြန်ချက်
#လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
#ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်း၊
#ဗဟိုကြီးကြပ်ရေးအဖွဲ့ မှ ၂၀၂၀ပြည့်နှစ်မတ်လ(၁၆)ရက်တွင်ထုတ်ပြန်သော #ညွှန်ကြားချက်အမှတ်(၁/၂၀၂၀)အရ
လူမှုဝန်ထမ်းဦးစီးဌာနကဖွင့်လှစ်ထားသော
မူလတန်းကြိုကျောင်းများ၊နေ့ကလေးထိန်းဌာနများ၊မိခင်ဝိုင်းများနှင့်
လူမှုဝန်ထမ်းဦးစီးဌာနက ကြီးကြပ်ဆောင်ရွက်လျက်ရှိသော
ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများ၊
ပုဂ္ဂလိကနေ့ကလေးထိန်းဌာနများအားလုံးသည် အသက်(၆)လမှ(၅)နှစ်အရွယ်ကလေးသူငယ်များကိုအစုအဝေးဖြင့် နေ့ပိုင်းလက်ခံစောင့်ရှောက်သည့် နေရာများဖြစ်၍ #အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-2019) ကိုကြိုတင်ကာကွယ်သည့်အနေဖြင့် (၁၆.၃.၂၀၂၀) ရက်နေ့မှစတင်၍ အဆိုပါကျောင်းဌာနများကို ခေတ္တပိတ်ထားရမည်ဖြစ်ပါကြောင်း နှင့် ဖော်ပြပါကျောင်းများပြန်ဖွင့်နိုင်မည့်နေ့ရက်ကို ကြိုတင်အကြောင်းကြားမည်ဖြစ်ပါကြောင်းသတင်းထုတ်ပြန်အပ်ပါသည်။
Credit: ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး
Photos from MCDC - Myanmar Child Development Centre's post 28/01/2020
Mask ကို ဘယ်လို တပ်ကြမလဲ?
-----------------------------
Mask တွေကို ပုံမှန်အားဖြင့် အလွှာသုံးလွှာနဲ့ ပြုလုပ်ထားပါတယ်။
အပြင်ဘက်ဆုံး အလွှာက အရောင်နဲ့ပါ။ အများအားဖြင့် အစိမ်းရောင် ဒါမှမဟုတ် အပြာရောင် ဖြစ်ပါတယ်။
အဲဒီ အလွှာက polypropylene လို့ခေါ်တဲ့ ဓါတုဒြပ်ပေါင်း တစ်မျိုးနဲ့ ပြုလုပ်ထားပါတယ်။ ရေမတင်ပါဘူး။ သွေး၊ နှပ်၊ မျက်ရည် အပါအဝင် ခန္ဓာကိုယ်က ဘယ်အရည်အမျိုးအစားမှ ဖြတ်မသွားနိုင်ပါဘူး။
အလယ် အလွှာကတော့ အရေးအကြီးဆုံးပါ။ အလယ်အလွှာက ပိုးမွှားများနဲ့ သေးငယ်တဲ့ အမှုန်အမွှားတွေကို အတွင်းကနေ အပြင်ကိုရော၊ အပြင်ကနေ အတွင်းကိုရော မဖြတ်နိုင်အောင် တားဆီးပေးပါတယ်။
အတွင်းဆုံး အဖြူရောင် အလွှာကတော့ အပြင်က အစိမ်း (သို့) အပြာရောင် အလွှာနဲ့ ထပ်တူနီးပါး တူပါတယ်။ ကွာခြားတာ တစ်ခုတည်းကတော့ အတွင်းဆုံး အဖြူလွှာက အသက်ရှုထုတ်လိုက်တဲ့ စွတ်ထိုင်းမှုကို စုပ်ယူပေးပြီးတဲ့ အပြင် အရေပြားနဲ့ ထိတွေ့တဲ့ အလွှာဖြစ်တဲ့ အတွက် ပိုမို နူးညံ့ပါတယ်။
ဒါကြောင့် Mask ဝတ်တော့မယ် ဆိုရင် အစိမ်း (သို့) အပြာရောင်ကို အပြင်ဖက်က ဝတ်ပြီး အဖြူရောင်ကို အတွင်းက ဝတ်တာသာ အမှန်ဖြစ်ပါတယ်။
အရေးအကြီးဆုံးကတော့ Mask တွေဟာ တစ်ခါသုံးတွေ (disposable mask) အဖြစ်ထုတ်ထားတာ ဖြစ်တဲ့အတွက် Mask တွေကို အကြိမ်ကြိမ် သုံးစွဲခြင်းဟာ ရောဂါပိုးမွှားတွေကို ဖိတ်ခေါ်တာနဲ့ အတူတူပါပဲ။ ဒါကြောင့် Mask တွေကို တစ်ခေါက်သာ သုံးဖို့ အရေးကြီးပါတယ်။
Credit: orginal uploader
zawgyi:
-----------------------------
31/12/2019
2020 နှစ်သစ်မှာ အောင်မြင် ပျော်ရွှင်ကြပါစေလို့ MCDC မှ ဆုမွန်ကောင်း ပို့သလိုက်ပါတယ်။
Photos from MCDC - Myanmar Child Development Centre's post 14/12/2019
သားသား မီးမီးတို့ကို စာတွေ စ မရေးခိုင်းခင် fine motor skills တွေကောင်းအောင်အရင်လေ့ကျင့်ပေးရပါမယ်။
(ဥပမာ။ ဂျုံနယ်ခိုင်းတာ၊ ပန်းချီဆေးခြယ်တာ၊ စာရွက်ဖြဲခိုင်းတာ)
ပြီးမှ Tracing lines တွေပေါ် ထပ်ရေးခိုင်းရပါမယ်။
ဒီအဆင့်တွေပြီးမှ A to Z စ ရေးတဲ့ အဆင့်ကို ရောက်ရပါမယ်။
သားသား မီးမီးတို့ Pre writing အဆင့်အတွက် tracing lines လေးတွေကို print out ထုတ် အသုံးပြုနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။
(MCDC)
14/12/2019
သားသားမီးမီးတို့တွေ Shapes အခေါ်အဝေါ်လေးတွေ လေ့လာနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။
(MCDC)
Photos from MCDC - Myanmar Child Development Centre's post 25/11/2019
ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး
(အသက် ၉ လ မှ ၅ နှစ်ခွဲ အထိ)
နိုဝင်ဘာလ (၂၆) ကနေ (၂၈) ရက်နေ့အထိ မြို့နယ် (၂၃၄) မြို့နယ်မှာ ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေးကို အပိုဆောင်းထိုးနှံပေးမှာဖြစ်ပါတယ်။
မိမိမြို့နယ် ပါ/မပါ အလွယ်တကူကြည့်နိုင်အောင်လို့ နိုဝင်ဘာလ ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေးထိုးအစီအစဉ်မှာပါဝင်တဲ့ မြို့နယ်စာရင်းကိုလည်း မျှဝေလိုက်ပါတယ်။
ဝက်သက်ရောဂါနဲ့ ဂျိုက်သိုး ရောဂါကနေ ကလေးတွေအားလုံးကို ကာကွယ်ပေးဖို့ရည်ရွယ်တာကြောင့် “အပိုဆောင်း” ထိုးနှံပေးတာ ဖြစ်ပါတယ်။
ဒါကြောင့် အသက် (၉) လကနေ (၅) နှစ်ခွဲအရွယ် ကလေးလေးတွေကို ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး ထိုးဖူးသည်ဖြစ်စေ၊ မထိုးဖူးသည်ဖြစ်စေ မိမိတို့နေထိုင်ရာ ရပ်ကွက်၊ကျေးရွာရှိ ကာကွယ်ဆေးထိုးစုရပ်တွေမှာ သွားရောက်ပြီး အပိုဆောင်း ထိုးနှံပေးဖို့ နှိုးဆော်လိုက်ပါတယ်။
Credit: ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း
(MCDC)
20/11/2019
ယနေ့ကျရောက်တဲ့ "ကမ္ဘာ့ကလေးများနေ့" မှာ ချစ်ရတဲ့ ကလေးတွေ ပျော်ရွှင်ချမ်းမြေ့ပါစေနော်။
Myanmar Child Development Centre (MCDC)
Photos from MCDC - Myanmar Child Development Centre's post 14/11/2019
"လူမှုဆက်ဆံရေးဆိုင်ရာ ကစားခြင်း အဆင့်များ"
ကလေးများအတွက် ကစားခြင်းမှတစ်ဆင့် လေ့လာသင်ယူစေခြင်းသည် အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။
ကလေးများ
- အတူတကွ ပူးပေါင်းပါဝင်တတ်စေရန်
- အခြားသူများနှင့် လိုက်လျောညီထွေ နေတတ်စေရန်
- မျှဝေသုံးစွဲတတ်စေရန်
- အလှည့်စောင့်ဆိုင်းတတ်စေရန်
- ဆုံးဖြတ်ချက်များ ချမှတ်နိုင်စေရန်
- ပြဿနာများကို ဖြေရှင်းတတ်စေရန်
စသည်တို့ကို သင်ယူတတ်မြောက်တတ်စေရန် ကစားခြင်းက အကောင်းဆုံး လေ့ကျင့်ပေးမှုပဲ ဖြစ်ပါတယ်။
အမေရိကန် လူမှုဗေဒပညာရှင် Mildred Parten (1902-1970) ဆိုသူက ကလေးများရဲ့ လူမှုဆက်ဆံရေးနှင့်သက်ဆိုင်သော အောက်ပါအဆင့် (၆) ဆင့်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ထို့ကြောင့် ကလေးတွေရဲ့ ဘဝအစကတည်းက အချင်းချင်း အပြန်အလှန် ဆက်ဆံရေးတွေ ကောင်းမွန်စေရန် ကစားဖို့ အခွင့်အရေးများ ပေးခြင်းဖြင့် နောင်သူတို့ဘဝရဲ့ လူမှုဆက်ဆံရေးနယ်ပယ်တွေမှာ အဆင်ပြေ ချောမွေ့နေစေဖို့ ကူညီပေးကြပါစို့နော်။
Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
Other Education in Yangon (show all)
Taung Nyunt 3 Students Taung Nyunt 3 Students
BEHS (3) Mingalar Taung Nyunt, Upper Pansodan Street
Yangon
Welcome to our reunion Taung Nyunt 3 students page and I hope all of our friends who are from BEHS 3
Kant Kaw Kant Kaw
No. 9 Kan Street, Hlaing Township
Yangon, 11012
Enhancing educational and career opportunities for Myanmar youth since 2009.
CK တရုတ်စကားပြော CK တရုတ်စကားပြော
Yangon
တရုတ်စကားကို မြန်မြန်နဲ့လွယ်လွယ် တတ်လိုပါက ဒီပေ့ချ်က သင့်အတွက်နေရာမှန်ပါပဲခင်ဗျာ
Alfred English Yangon Alfred English Yangon
Anormar 19 Street ( West )
Yangon
English can't stop you life.
Zwe Htet Education Center Zwe Htet Education Center
No. 94, 93 Street, Kandawkalay, MingalarTaungNyunt Township
Yangon
KME Japanese Language School KME Japanese Language School
No. 876, 2nd Floors, Nga Moe Yeik Ward, Lay Daunt Kan Road, Thingangyun Township
Yangon
Education
Pro English language Pro English language
Thaketa
Yangon
Your choice is your sense.
Students' Choice Students' Choice
Yangon
Education
Learn Deutsch with Nuel Learn Deutsch with Nuel
Yangon
education
Brilliant Education Center Brilliant Education Center
Yangon
We aim to teach subjects relating to the business world at affordable prices.