Counselling Corner

Your trusted and experienced counsellor. Counselling for individual, group, family and corporate.

19/06/2022

❇️MNTV ရုပ်သံလိုင်းကနေ ညစဉ် ထုတ်လွှင့် နေပြီး ANDY : The Trainer နဲ့ Counselling Corner တို့ ပူးပေါင်းဖန်တီးထားတဲ့ Mind Body Reset Challenge ရဲ့ Happiness Phase : Facebook Live 🤩🤩🤩

19/06/2022

MNTV ရုပ်သံလိုင်းကနေ ညစဉ် ၉:၃၀ မှာထုတ်လွှင့် နေပြီး ANDY : The Trainer နဲ့ Counselling Corner တို့ ပူးပေါင်းဖန်တီးထားတဲ့ Mind Body Reset Challenge ရဲ့ Happiness Phase ကို
နေ့စဉ်မတူညီတဲ့ စိန်ခေါ်မှုတွေနဲ့ ကျော်ဖြတ်ခဲ့ကြရာမှာ

🔘ကိုယ့်အတွက် ဘယ်လိုမျိုးအကျိုးကျေးဇူးတွေရလိုက်သလဲ?
🔘စိန်ခေါ်မှုတွေကျော်ဖြတ်ရတာ ဘယ်လိုခံစားရသလဲ?
🔘နောက်ထပ် Phaseအတွက် Challenge အသစ်တွေအတွက်ကဘာလိုမျိုးဖြစ်မလဲ?

စတဲ့မေးခွန်းတွေကိုဆွေးနွေးပေးသွားမယ့် Facebook Live ကို ဒီကနေ့ည (၈) နာရီမှာ စတင်ပါမယ် ဗျ ။

Mind Body Reset Challenge ကို စိတ်အား
ထက်သန်စွာ နေ့စဉ့်မပြတ်ပါဝင်ပေးကြတဲ့
အားလုံးနဲ့တွေ့ချင်ပါတယ်။

ည၈နာရီမှာတွေ့ကြပါမယ် ခင်ဗျာ..

Photos from Counselling Corner's post 18/06/2022

မင်္ဂလာပါ..

Mind Body Reset Challenge မှ Happiness Phase ရဲ့ နောက်ဆုံး challenge ကို ပြုလုပ်ပြီးကြပြီလား ခင်ဗျာ..

ဒီနေ့ challenge ကို ဖြတ်ကျော်ခြင်းအားဖြင့် -

(၁) မိမိကိုယ်ကို တန်ဖိုးထားတတ်လာခြင်း
(၂) Self Confidence မြင့်တက်လာခြင်း
(၃) ဦးနှောက်ရဲ့ မှတ်ညဏ်စွမ်းရည်တိုးတက်ခြင်း
(၄) မျှော်လင့်ချက်နဲ့ ဘဝအဓိပ္ပါယ် တိုးပွားခြင်း

စတဲ့ အကျိုးကျေးဇူးတွေကိုရရှိမှာပဲ ဖြစ်ပါတယ်။

Mind Body Reset Challege မှာ ပါဝင်ပေးကြတဲ့ တစ်ယောက်ချင်းစီကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်..

18/06/2022

❇️ပျော်ရွင်မှု ဆိုတာ စိတ်ဓာတ် ကျနေသူတွေ ၊ တက်ကြွမှု မရှိသူတွေအတွက်ဆိုရင် ရနိုင်ဖို့ခက်ခဲပါတယ် ။ ပျော်ရွင်မှုကို ရနိုင်တဲ့နည်းလမ်းတွေကတော့ လူတဦးချင်းစီအတွက်မတူညီနိုင်ပါဘူး ။

ဒီနေ့ Mind Body Reset Challenge ရဲ့ Happiness Phase ရဲ့ နောက်ဆုံး Mental Challenge မှာ Counselling Corner ရဲ့ Founder ဖြစ်သူ
ကိုအောင်မင်းသိန်းက အားလုံးအတွက်အကျိုးရှိစေမယ့် ၊ ဦးနှောက်ဖွံဖြိုးမှုကို အထောက်အကူတွေပေးနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုလေးတခု လုပ်ထားပေးပါတယ် ။

ဒီChallenge လေးကို ပါဝင်ချင်တယ်ဆိုရင်တော့

(၁) ဒီ Video ကို like & share လုပ်ပေးပါ။

(၂) ဒီနေ့ challenge ကိုလုပ်ရတဲ့ ကိုယ်ရဲ့ခံစားချက်နဲ့အတူ Challenge လုပ်နေတဲ့ photo ကို မိမိရဲ့ Wall မှာ ဖြင့်တွဲပြီး Post တင်ပေးပါ။

(၃) မိမိတင်ထားတဲ့ post ကို Screen Shot ရိုက်ပြီး ယခု Video အောက်မှာ comment မန့်ပေးပါ။

Photos from Counselling Corner's post 17/06/2022

မင်္ဂလာပါ..

Mind Body Reset Challenge ရဲ့Spell Your Name Challenge ကိုပြုလုပ်ပြီးပါလား ခင်ဗျာ..

ဒီနေ့အတွက် challenge လေးကို အောက်က Linkလေးမှာ နောက်တစ်ခေါက် သွားရောက်ကြည့်ရှုနိုင်ပါတယ်

https://www.facebook.com/AndyTheTrainer/videos/1184566199009959/

ဒီနေ့စိန်ခေါ်မှုကိုလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ အကောင်းဆုံးဖြတ်ကျော်နိုင်မယ်လို့ ယုံကြည်ပါတယ်

မနက်ဖြန်မှာတော့ Counselling Corner ရဲ့ Mental Challenge အလှည့်ပဲဖြစ်ပါတယ်။

♥️

Photos from Counselling Corner's post 17/06/2022

ဒီနေ့မှာတော့ ကျွန်တော်တို့ရဲ့ စိတ်ခွန်အားတွေကို ယုတ်လျော့စေပြီး ကျန်းမာရေးထိခိုက်စေမယ့် အဆိပ်အတောက် ဆက်ဆံရေးအကြောင်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

အဆိပ်အတောက်ဆက်ဆံရေး Toxic relationship ဆိုရင်များသောအားဖြင့် ချစ်သူရည်းစားအိမ်ထောင်ဘက် ဆက်ဆံရေး ကို မြင်လေ့ရှိကြပါတယ်။ တကယ်က ချစ်သူအိမ်ထောင်ဘက်အပြင် မိသားစု၊ မိတ်ဆွေ၊ လုပ်ငန်းခွင်တွေမှာလည်း Toxic relationship တွေရှိကြပါတယ်။ များသောအားဖြင့် အဲ့ဒီ အခြေအနေတွေက ကိုယ်တိုင်ကြုံနေရပေမယ့် သတိမထားမိတတ်ကြပါဘူး။ Toxic relationship က
ကိုယ့်ကိုယ်ကိုတန်ဖိုးထားတာကိုလျော့စေတယ်။ ယုံကြည်ချက်ပျောက်ဆုံးစေတယ်။

အကြောက်တရား/စိုးရိမ်စိတ်တွေကိုမြင့်လာစေတယ်။
စိတ်မလုံခြုံတာတွေ/စိတ်ဖိစီးတာတွေကို အမြဲခံစားစေတယ်။
အကူအညီမဲ့သလိုခံစားရတယ်။

တဖြည်းဖြည်းနဲ့ စိတ်ဓါတ်ကျလာပြီး သက်တမ်းတိုစေတဲ့ထိ အရောက်ပို့နိုင်တာမို့ စောစော သတိထားမိဖို့ အရေးကြီးပါတယ်။

ဘယ် Toxic Relationship ဖြစ်ဖြစ် တူညီတဲ့အချက်တွေရှိပါတယ်။ အဲ့ဒါတွေကတော့…
🔻Lack of support or communication: လိုအပ်တဲ့ အကူအညီအထောက်အပံ့မရရှိခြင်း၊ သေချာဆွေးနွေး ဆက်ဆံမှုမပြုခြင်း။
🔻Manipulative: စိတ်ပိုင်းဆိုင်ရာ ခြယ်လှယ်ချုပ်ကိုင်ခြင်း။
🔻Abusive/bully: စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ နိုင်ထက်စီးနင်းပြုခြင်း၊ အနိုင်ကျင့်ခြင်း။
🔻Aggressive: ကြမ်းကြမ်းတမ်းတမ်း ပြုမူပြောဆိုဆက်ဆံခြင်း။
🔻Dishonesty/Untrustworthy: ရိုးသားပွင့်လင်းမှုမရှိခြင်း၊ လိမ်ညာပြောဆိုခြင်း။
🔻Disrespect: လေးစားမှုမရှိခြင်း။
🔻Constant stress: အမြဲစိတ်ဖိစီးမှုကိုခံစားရခြင်း။
🔻Lack of self-care: မိမိကိုယ်ကို ဂရုစိုက်ဖို့အခွင့်အလမ်းမရရှိခြင်း။
🔻Hoping for change: သူများမဖြစ်ချင်တဲ့အပြောင်းအလဲကို ဖြစ်လာဖို့ကြိုးစားခြင်း။
🔻Walking on eggshell: အစစအရာရာ အပြောအဆို အပြုအမူ အနေအထိုင် သတိကြီးစွာ ပြုမူနေရခြင်း။ စတာတွေပဲဖြစ်ပါတယ်။

Toxic Relationship က Anxiety, Depression နဲ့ mental disorder တွေဖြစ်တဲ့ထိ တွန်းပို့ နိုင်ပါတယ်။ လုပ်ငန်းခွင်မှာလည်း productivity, creativity လျော့ကျစေပြီး မိသားစုတွင်းမှာလည်း အဲ့ဒီ အပြုအမူတွေဟာ ကလေးတွေရဲ့ ဘဝရှေ့ရေးအတွက်ပါ ထိခိုက်တဲ့ထိ အကျိုး သက်ရောက်မှုရှိပါတယ်။

❕အခြေအနေ အကြောင်းကြောင်းကြောင့် တခါတရံ အချင်းချင်းToxic behavior နဲ့ဆက်ဆံမိတာမျိုး ရှိပါတယ်။ နေ့စဉ်ဘဝပုံစံ ဖြစ်လာရင်တော့ သတိထားပြုပြင်ရမယ့် အခြေအနေကို ရောက်သွားပါပြီ။

✅ဒီလို Relationship ပုံစံထဲရောက်နေပြီဆိုရင် တတ်နိုင်သလောက် Communicate လုပ်ပါ။
✅စိတ်အေးလက်အေးနဲ့ ဘယ်သူမှမထိခိုက်စေမယ့် ပုံစံနဲ့ ထုတ်ဖော်ပါ။ ✅ကိုယ်လုံခြုံဖို့ အန္တရာယ်ကင်းဖို့ ဦးစားပေး စဉ်းစားပါ။
✅ရုန်းထွက်ဖို့ကြိုးစားပါ။
✅အကူအညီတောင်းဖို့ မရှက်ပါနဲ့။
✅တစ်သက်လုံးစိတ်ဆင်းရဲ ကိုယ်ဆင်းရဲ နဲ့ ရှင်သန်သွားရမယ့်အစား အခုခဏ ရုန်းကန်ပြီး စိတ်ချမ်းသာရမယ့် ရွေးချယ်မှုကိုပြုလုပ်ပါ။
✅လိုအပ်ပါက တတ်ကျွမ်းသူများရဲ့ အကူအညီကိုယူပါ။

အားလုံးပဲ အဆိပ်အတောက် ဆက်ဆံရေးများကနေ ကင်းဝေးကြပါစေ။ ရုန်းထွက်နိုင်ကြပါစေခင်ဗျာ။

Photos from Counselling Corner's post 16/06/2022

မင်္ဂလာပါ..

Mind Body Reset Challenge ရဲ့Day 10 Challenge ကိုပြုလုပ်ပြီးပါလား ခင်ဗျာ..

ကိယ့်ကိုပျော်ရွှင်စေတဲ့အချက်(၅)ချက်ကို ရေးသားပေးခဲ့တဲ့ တစ်ယောက်ချင်းစီကို Counselling Corner မှ အထူးကျေးဇူးတင်ပါတယ်..

အားလုံးပဲ ဒီနေ့ challenge ကို အကောင်းဆုံး
ဖြတ်ကျော်ရင်း စိတ်ခွန်အားတွေဖြစ်မိမယ်လို့ ယုံကြည်မိပါတယ်။

မနကဖြန်မှာတော့ Andy the Trainer ရဲ့ Physical Challenge အလှည့်ပဲဖြစ်ပါတယ်။

♥️

15/06/2022

မင်္ဂလာပါ..

Mind Body Reset Challengeမှ Happiness Phase ရဲ့Day 3 Challenge ကိုပြုလုပ်ပြီးပါလား ခင်ဗျာ..

အားကစားနည်းအသစ်တစ်မျိုးမျိုးကို ဆော့ကစားပေးခြင်းဖြင့် ဦးနှောက်အနေနဲ့ ပိုပြီးအလုပ်လုပ်ခဲ့ရသလို အတွေ့အကြုံအသစ်၊ နေရာအသစ် နဲ့ စည်းမျဉ်းအသစ်တွေကြောင့်လည်း စိတ်အပြောင်းအလဲ ဖြစ်ခဲ့ပါတယ်။

ဒါကြောက့်မို့လို့ ​နောင်အခွင့်အရေးကြုံတဲ့အခါ
မှာ ဒိီအားကစားနည်းအသစ်ကို ဆော့ဖြစ်ဦးမှာပါ။

အားလုံးပဲ ဒီနေ့ challenge ကို အကောင်းဆုံး
ဖြတ်ကျော်နိုင်ကြမယ်လို့ ယုံကြည်မိပါတယ်။

မနကဖြန်မှာတော့ Counselling Corner ရဲ့ Mental Challenge အလှည့်ပဲဖြစ်ပါတယ်။

♥️

15/06/2022

မင်္ဂလာပါ..

ဇွန်လ (၂၆) ရက်နေ့ ညနေ (၁)နာရီကနေ (၃)နာရီ အတွင်းမှာ ပညာရေးလောကမှာ သင်ကြားပြသပေး နေသူများအတွက် Workshop တစ်ခုကို Counselling Corner မှ Junior Counsellor: Nora
မှ ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်..

တက်ရောက်လိုသူများအနေဖြင့် (၁၉) ရက်
နေ့နောက်ဆုံးထားပြီး စာရင်းပေးသွင်းပါရန်***

Workshop Detail........
Date- 26.June.2022
Time- 1:00PM-3:00PM
Fees - 10,000 Ks
Location-Zoom
Language-Myanmar
Registration Deadline - 19.June.2022
Registration Link-
https://forms.gle/2MSWrEf8PDea5X3B7

Reminder 🚨
Counselling Corner အနေဖြင့် အကောင်းဆုံးသော Counselling ဝန်ဆောင်မှုများပေးအပ်နိုင်ရန် အစဉ်ကြိုးစားလျက်ရှိပါသည်။ register ပြုလုပ်သူများ၏ objectives များပြည့်ဝစေရန် ရည်ရွယ်ပါသဖြင့် register ပြုလုပ်သူများအနေဖြင့် June (25) ညနေ (၆) နာရီအချိန်တွင် (၁၅)မိနစ်ကြာမြင့်မည့် interview session အား မပျက်မကွက်
တက်ရောက်ရန်လိုပါသည်။

15/06/2022

မင်္ဂလာပါ..

ဒီနေ့အတွက် ကျော်ဖြတ်ရမဲ့ challenge ကတော့ Physical Challenge ပါ။

Physical Exercise တွေလုပ်တဲ့နေရာမှာ
အလေ့အကျင့်တစ်ခုလို ဖြစ်အောင်လုပ်နိုင်မှသာ ကိုယ်လိုချင်တဲ့ Fitness Goal တစ်ခုကိုရောက်
အောင်သွားလို့ရပါတယ် ။ ဒါပေမယ့်
လမ်းခုလတ်မှာ ရပ်တန့်သွားကြသူတွေကအများကြီးပါ ။

ဒီနေ့ Challenge မှာတော့ လေ့ကျင့်ခန်းတွေကို စိတ်ဝင်စားစရာကောင်းလာအောင် ၊ လေ့ကျင့်ခန်းတွေကနေ ပျော်ရွင်မှု တွေ ရလာနိုင်ဖို့အတွက်စိန်ခေါ်မှု တမျိုးကို ANDY : The Trainer ကရွေးချယ်ပေးထားပါတယ် ။

ဒီ Challenge ကို ပါဝင်စိန်ခေါ်ချင်တယ်ဆိုရင်တော့

(၁) ဒီ Video ကို like & share လုပ်ပေးပါ။

(၂) ဒီနေ့ challenge ကိုလုပ်ရတဲ့ ကိုယ်ရဲ့ခံစားချက်နဲ့အတူ challenge လုပ်နေတဲ့ video (သို့) photo ကို မိမိရဲ့ Wall မှာ ဖြင့်တွဲပြီး Post တင်ပေးပါ။

(၃) မိမိတင်ထားတဲ့ post ကို Screen Shot ရိုက်ပြီး ယခု Video အောက်မှာ comment မန့်ပေးပါ။

14/06/2022

မင်္ဂလာပါ..

Mind Body Reset Challengeမှ Happiness Phase ရဲ့Day 2 Challenge ကိုပြုလုပ်ပြီးပါလား ခင်ဗျာ..

မိုးအုံ့တဲ့ ညနေခင်းအချိန်မှာ မိတ်ဆွေ အသစ်တွေနဲ့ စကားစမြည်ပြောခွင့်ရတာကြောင့်

(၁)စိတ်ဖိစီးမှုကို လျော့ပါးသက်သာခြင်း
(၂)မိတ်ဆွေအပေါင်းအသင်း တိုးပွားခြင်း
(၃) Self-esteem နှင့် confidence တိုးတက်လာ
ခြင်း စတဲ့ အဓိက အကျိုးကျေးဇူးတွေကို ရရှိခဲ့ပါတယ်..

အားလုံးပဲ ဒီနေ့ challenge ကို အကောင်းဆုံး
ဖြတ်ကျော်နိုင်ကြမယ်လို့ ယုံကြည်မိပါတယ်။

မနကဖြန်မှာတော့ Andy the Trainer ရဲ့ Physical Challenge အလှည့်ပဲဖြစ်ပါတယ်။

♥️

14/06/2022

Current Situation & Anxiety

Photos from Counselling Corner's post 14/06/2022

Clay Workshop Memory ☺️

ပြီးခဲ့တဲ့ Sunday မနက်ခင်းမှာ Counselling Corner မှာ Clay (ရွှံ့စေး)ကို အသုံးပြုပြီး Workshop တစိခုပြုလုပ်ခဲ့ပါတယ်။

ဒီ အစီအစဉ်ကနေတစ်ဆင့် စိတ်ပိုင်းဆိုင်ရာ ခွန်အားသတ္တိတွေ ရရှိမယ်လို့လည်း ယုံကြည်မိပါတယ်..

နောက်လတွေမှာလည်း ဒီလိုမျိုး Workshop တွေကို ပြုလုပ်ဖို့ အစီအစဉ်ရှိတာကြောင့် ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်။

အခုလိုမျိုး Photo ရိုက်ခွင့်ပေးပြီး ပြန်လည် ဝေမျှခွင့်ပေးခဲ့တဲ့ Participants တစ်ယောက်ချင်းစီကို Counselling Corner မှ အလေးအနက် ကျေးဇူးတင်ပါတယ်..

14/06/2022

❇️Mind Body Reset Challenge : Happiness Phase ရဲ့ ပထမဆုံး Mental Challenge မှာ Counselling Corner ရဲ့ ဆရာ အောင်မင်းသိန်းကကျွန်တော်တို့တွေရဲ့နေ့စဉ်ဘဝတွေမှာ ဖြစ်လေ့ရှိတဲ့ အထီးကျန်ဆန်ခြင်း ၊ စိုးရိမ်ကြောင့်ကြမှုများခြင်း နဲ့ စိတ်ကျခြင်းတွေကိုတိုးတက်ကောင်းမွန်စေဖို့ အတွက် Activity လေးတစ်ခုနဲ့ စိန်ခေါ်မှုလုပ်ထားပေးပါတယ် ။

❇️ကျွန်တော်တို့ဘဝ မှာ အရေးကြီးတဲ့ ပျော်ရွင်ခြင်း ကို ရနိုင်တဲ့ Activity လေးက ဘာဖြစ်နိင်လဲဆိုတာကို Video ထဲမှာ ဆိုတာ အဖြေရှာရင်း ကျွန်တော်တို့အတူ ဒီChallenge လေးကို ပါဝင်ချင်တယ်ဆိုရင်တော့

(၁) ဒီ Video ကို like & share လုပ်ပေးပါ။

(၂) ဒီနေ့ challenge ကိုလုပ်ရတဲ့ ကိုယ်ရဲ့ခံစားချက်နဲ့အတူ Challenge လုပ်နေတဲ့ photo ကို မိမိရဲ့ Wall မှာ 2022 ဖြင့်တွဲပြီး Post တင်ပေးပါ။

(၃) မိမိတင်ထားတဲ့ post ကို Screen Shot ရိုက်ပြီး ယခု Video အောက်မှာ comment မန့်ပေးပါ။

❇️ Challengers တွေအတွက် စိတ်ဝင်စားစရာ Reward အစီအစဉ်တွေလည်း ပါဝင်တာမို့ ပါဝင်စိန်ခေါ်နိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ဗျာ ။

ဝေမျှခြင်းဖြင့်ကူညီနိုင်ပါတယ် ။ 🤩🤩🤩

13/06/2022

မင်္ဂလာပါ..

Mind Body Reset Challenge မှ Happiness Phase ရဲ့ Day 1 Challenge ကိုပြုလုပ်ပြီးကြပြိီလား ခင်ဗျာ..

ကျွန်တော်ကတော့ ဒီနေ့မနက်ခင်းကို Workout partner နှင့်အတူ လေ့ကျင့်ခန်းလုပ်ရင်း ဖြတ်သန်းခဲ့ပါတယ်။

အားလုံးပဲ ဒီနေ့ challenge ကို အကောင်းဆုံးဖြတ်ကျော်နိုင်မယ်လို့ ယုံကြည်ပါတယ်။

မနက်ဖြန်မှာတော့ Counselling Corner ရဲ့
Mental Challenge အလှည့်ပဲဖြစ်ပါတယ်။

Photos from Counselling Corner's post 13/06/2022

အပါတ်စဉ်ကျင်းပနေတဲ့ Webinar နဲ့ Emotional Well-being Workshop တို့ကို ကျင်းပမဲ့ အချိန်ရောက်လာပါပြီ။ အစီအစဉ်နှစ်ခုလုံးကို Zoom ဖြင့် အခမဲ့ ကျင်းပသွားမှာဖြစ်ပြီး အချိန်ကတော့ ညနေ (၆)နာရီ မှ (၈)နာရီ ထိ ဖြစ်ပါတယ်။

JUNE (15) ရက်နေ့မှာ Current Situation & Anxiety ဆိုတဲ့ ခေါင်းစီးနဲ့ Webinar ကို ကျင်းပမှာဖြစ်ပြီး
JUNE (18) မှာတော့ Emotional Well-being Workshop ကို ကျင်းပမှာဖြစ်ပါတယ်။

တက်ရောက်လိုပါက အောက်က link လေးတွေမှာ စာရင်းပေးသွင်းနိုင်ပါပြီ။

Current Situation & Anxiety
(15 June Wednesday)
https://forms.gle/LmK68rDAhtjNMtYw7

Emotional Well-being Workshop
(18 June Saturday )
https://forms.gle/CUAys6e6Yy7TGjUBA

13/06/2022

❇️Physical Exercise လုပ်ခြင်းဟာ ခန္ဓာကိုယ်အတွက်အကျိုးကျေးဇူးတွေအများကြီးရှိတယ်ဆိုတာအားလုံးအသိပါ။

❇️ ပေါင်းသင်းဆက်ဆံခြင်းလို့ခေါ်တဲ့ Socializing က လည်း Mental Well-being ကိုအထောက်အကူတွေအများကြီးပေးနိုင်ပါတယ် ။

❇️ Mind Body Reset Challenge မှ
ပျော်ရွှင်ခြင်း Happiness Phaseရဲ့ပထမဆုံးနေ့မှာတော့ Exercise နဲ့ Socializingကိုပေါင်းစပ်ထားတဲ့စိန်ခေါ်မှု တမျိုးကို ANDY : The Trainer ကရွေးချယ်ပေးထားပါတယ် ။

ဒီ Challenge ကို ပါဝင်စိန်ခေါ်ချင်တယ်ဆို
ရင်တော့

(၁) ဒီ Video ကို like & share လုပ်ပေးပါ။

(၂) ဒီနေ့ challenge ကိုလုပ်ရတဲ့ ကိုယ်ရဲ့ခံစားချက်နဲ့အတူ challenge လုပ်နေတဲ့ video (သို့) photo ကို မိမိရဲ့ Wall မှာ ဖြင့်တွဲပြီး Post တင်ပေးပါ။

(၃) မိမိတင်ထားတဲ့ post ကို Screen Shot ရိုက်ပြီး ယခု Video အောက်မှာ comment မန့်ပေးပါ။

Challenger တွေအတွက် စိတ်ဝင်စားစရာ Reward အစီအစဉ်တွေလည်း ပါဝင်တာမို့ ပါဝင်စိန်ခေါ်နိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ဗျာ ။

12/06/2022

MNTV ရုပ်သံလိုင်းကနေ ညစဉ် ထုတ်လွှင့် နေပြီး ANDY : The Trainer နဲ့ Counselling Corner တို့ ပူးပေါင်းဖန်တီးထားတဲ့ Mind Body Reset Challenge ရဲ့ Calm Phase : Facebook Live 🤩🤩🤩

12/06/2022

MNTV ရုပ်သံလိုင်းကနေ ညစဉ် ထုတ်လွှင့် နေတပြီး ANDY : The Trainer နဲ့ Counselling Corner တို့ ပူးပေါင်းဖန်တီးထားတဲ့ Mind Body Reset Challenge ရဲ့ Calm Phase ကိုတော့ နေ့စဉ်မတူညီတဲ့ စိန်ခေါ်မှုတွေနဲ့ ကျော်ဖြတ်ခဲ့ကြပါပြီ။

ကနေ့ည (၈) နာရီမှာ တော့ တစ်ပါတ်တာပြုလုပ် ဖြစ်ခဲ့တဲ့ challenge တွေက

🔘ကိုယ့်အတွက် ဘယ်လိုမျိုးအကျိုးကျေးဇူးတွေရလိုက်သလဲ?
🔘စိန်ခေါ်မှုတွေကျော်ဖြတ်ရတာ ဘယ်လိုခံစားရသလဲ?
🔘နောက်ထပ်ကြုံရမဲ့ စိန်ခေါ်မှု အသစ်တွေ
အတွက်ကော အဆင်သင့်ဖြစ်ပြီလား?

စတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းတွေနဲ့အတူ Facebook Live မှာဆွေးနွေးပေးသွားပါမယ် ။

❇️Mind Body Reset Challenge ကို စိတ်အားထက်သန်စွာ ပါဝင်ပေးကြတဲ့ တစ်ယောက်ချင်းစီကို အထူးကျေးဇူးတင်ရှိပါတယ်။

11/06/2022

မင်္ဂလာပါ..

Mind Body Reset Challengeမှ Calm Phase ရဲ့ နောက်ဆုံး Challenge ကိုပြုလုပ်ပြီးပါလား ခင်ဗျာ..

ကျွန်တော်ကတော့ စိတ်တည်ငြိမ် အေးချမ်းခြင်းအတွက် ကိုယ်အနှစ်သက်ဆုံး သီချင်းတစ်ပုဒ်နှင့်အတူ ဒီနေ့ရဲ့ စိန်ခေါ်မှုကို ဖြတ်ကျော်နိုင်ခဲ့ပါတယ်။

မနက်က ပြောပြခဲ့သလိုပါပဲ ... ကိုယ်ကြိုက်နှစ်
သက်တဲ့ တေးသီချင်း တစ်ပုဒ်ကို နားဆင်ပေး
မယ်ဆိုရင်-

(၁) အကောင်းမြင်စိတ်တိုးပွားခြင်း
(၂)စိတ်အတက်အကျကို ထိန်းချုပ်နိုင်ခြင်း
(၃) စိတ်သွားတိုင်းကိုယ်ပါခြင်း
(၄) သက်သောင့်သက်သာဖြစ်ခြင်း
(၅) Anxiety နှင့် Depression တို့ကို လျော့ပါး
သက်သာစေခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ခံစားရမှာပါ။

အားလုံးပဲ ဒီနေ့ challenge ကို အကောင်းဆုံး
ဖြတ်ကျော်နိုင်ကြမယ်လို့ ယုံကြည်မိပါတယ်။

♥️

11/06/2022

ဒီနေ့ကတော့ Mind Body Reset Challenge ရဲ့ Calm Phase ရဲ့ နောက်ဆုံးchallengပဲဖြစ်ပါတယ်။ ဒီနေ့မှာ Counselling Cornerရဲ့ founder ဖြစ်သူ ကိုအောင်မင်းသိန်းက နေ့စဉ်ဘဝတွေမှာ မပါမဖြစ်တဲ့ Activity လေးတစ်ခုနဲ့ စိန်ခေါ်မှုလုပ်ထားပေးပါ
တယ် ။

အာရုံစူးစိုက်မှုတွေကိုပိုမိုကောင်းမွန်စေပြီး အတွေးအခေါ်နဲ့ တီထွင်ဖန်တီးနိုင်စွမ်းက်ုတိုးတက်စေ
နိုင်တဲ့ Activity လေးက ဘာဖြစ်နိင်လဲဆိုတာကို
ဗီဒီယိုထဲမှာ ကြည့်ရှုနိုင်ပါတယ်။

ဒီChallenge လေးကို ပါဝင်ချင်တယ်ဆိုရင်တော့

(၁) ဒီ Video ကို like & share လုပ်ပေးပါ။

(၂) ဒီနေ့ challenge ကိုလုပ်ရတဲ့ ကိုယ်ရဲ့ခံစား
ချက်နဲ့အတူ Challenge လုပ်နေတဲ့ photo ကို မိမိရဲ့ Wall မှာ ဖြင့်တွဲပြီး Post တင်ပေးပါ။

(၃) မိမိတင်ထားတဲ့ post ကို Screen Shot ရိုက်ပြီး ယခု Video အောက်မှာ comment မန့်ပေးပါ။

10/06/2022

မင်္ဂလာပါ..

Mind Body Reset Challenge ရဲ့ Day 5 Challenge ကိုပြုလုပ်ပြီးပါလား ခင်ဗျာ..

ဒီလိုမျိုး အချိန်(၁၅)မိနစ်ပေးပြီး Yoga လေ့ကျင့်ခန်း နဲ့ မနက်ခင်းရဲ့အစကို ဖြတ်သန်းလိုက်ခြင်းဖြင့် Physical ပိုင်းအရ Flexibility ဖြစ်ခြင်းကို ခံစားခဲ့ရတဲ့အပြင် စိတ်ပိုင်းဆိုင်ရာအရလည်း Calm and Mindfulness တို့ကို ခံစားမိခဲ့ပါတယ်။

အားလုံးပဲ ဒီနေ့ challenge ကို အကောင်းဆုံးဖြတ်သန်းနိုင်မယ်လို့ ယုံကြည်ပါတယ်။

မနက်ဖြန်မှာတော့ Counselling Corner ရဲ့
Mental Challenge အလှည့်ပဲဖြစ်ပါတယ်။

Photos from Counselling Corner's post 10/06/2022

ဒီနေ့မှာတော ကျွန်တော်တို့ရဲ့ စိတ်အခြေအနေကို ကျွန်တော်တို့ပတ်ဝန်းကျင်က အကြောင်းအရာတွေက ဘယ်လိုလွှမ်းမိုးစေလဲ ဘယ်အရာတွေက စိုးရိမ်စိတ်ကိုဖြစ်စေလဲဆိုတာနဲ့ပတ်သက်ပြီး မျှဝေသွားမှာဖြစ်ပါတယ်။

ပထမဆုံးပြောပြချင်တာ လူတိုင်းကြားနေကြ Anxiety ဆိုတဲ့စိုးရိမ်စိတ်ပါပဲ။ စိတ်ကျန်းမာရေးကိုထိခိုက်စေတဲ့ Anxiety ဆိုတာက တွေးလိုက်တာနဲ့ ခေါင်းတွေရှုပ်လာတာ စိတ်တွေညစ်ပြီး ဆက်မစဉ်းစားချင်တာ အသက်ရှု မဝတာ ရင်ခုန်သံတွေမြန်ပြီး သွေးပေါင်ချိန်တက်လာတာမျိုး ဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ တစ်နေ့မဟုတ်တစ်နေ့ ကျွန်တော်တို့ စိုးရိမ်နေတဲ့ အကြောင်းအရာတွေကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်အတွက် စိုးရိမ်စိတ်ဖြစ်စေတဲ့အချက်တွေ မတူကြသလို ခံနိုင်ရည်ခြင်းလည်း မတူကြပါဘူး။

အခု လက်ရှိ အခြေအနေတွေအရ ကိုယ့်သားသမီးရဲ့ ပညာရေး၊ ကိုယ့်ရဲ့ငွေရေးကြေးရေး၊ ကိုယ့်တိုးတက်ရေး၊ မိသားစုဘဝတက်လမ်းခိုင်မာမှု ဒါတွေကို အနည်းနဲ့အများတော့ စိုးရိမ်ပူပန်ကြသူတွေ များပါတယ်။ ဒါတွေနဲ့ ပတ်သက်တဲ့ဆုံးဖြတ်ချက်တွေကို ကိုယ့်ပတ်ဝန်းကျင် တုံ့ပြန်မှုတွေ အယူအဆတွေ လူမှုကွန်ယက်ပေါ်မှာ တွေ့နေ မြင်နေရတဲ့ သတင်းတွေ က လွှမ်းမိုးနိုင်ပါတယ်။ ကိုယ့်ဆုံးဖြတ်ချက်ပေါ် တခါတလေ အပြစ်ရှိသလို ခံစားရမယ်။ တခါတလေ ယုံမှားသံသယတွေ ဖြစ်မယ်။ “အကယ်၍” “ဖြစ်ခဲ့ရင်” “လုပ်သင့်လား” စတဲ့ သေချာရေရာမှုမရှိတဲ့ မဆုံးနိုင်တဲ့ အတွေးတွေက ကျွန်တော်တို့ရဲ့ ပုံမှန်စဉ်းစားဆုံးဖြတ်နိုင်စွမ်းတွေကို ဖုံးလွှမ်း သွားပါတယ်။

Anxiety ဆိုတာ ချက်ချင်းဖြစ် ချက်ချင်းပေါ်တာမျိုးထက် သေးသေးလေးတွေစုပြီး ကိုယ်မသိလိုက်ခင်မှာပဲ ကိုယ့်ရဲ့အတွေးတွေကို တိမ်ဖုံးသလိုဖုံးသွားတာများပါတယ်။

အခုလို အပြောင်းအလဲတွေ အများကြီးဖြစ်နေတဲ့ ကာလမှာ တတ်နိုင်ရင် အတွေးတွေထက် စိုးရိမ်စိတ်ကိုဖြစ်စေတဲ့ အကြောင်းအရင်း/ပြဿနာကို အဓိကဖြေရှင်းဖို့ ကြိုးစားပါ။ Self-care လုပ်ပေးပါ။ စိတ်ကျန်းမာပြီး ခွန်အားဖြစ်စေမယ့် အပြုအမူတွေ အလေ့အကျင့်တွေကို ကျင့်သုံးပါ။ အစားအသောက် အအိပ်အနေမှန်အောင်နေပါ။ Social Media ကို Limit လုပ်ပါ။ ကိုယ်တစ်ယောက်တည်းတွေးလို့ ဘယ်လိုမှမရဘူးဆို ကိုယ်ယုံကြည်ရသူတွေနဲ့ ဆွေးနွေးတိုင်ပင်ပါ။ ကိုယ့်ဆုံးဖြတ်ချက်အတွက် ဖြစ်လာမယ့် အကျိုးဆက်တွေအတွက် တတ်နိုင်သလောက် ပြင်ဆင်ပါ။ ဖြစ်လာတာတွေအတွက် လက်ခံဖို့ စိတ်ကိုပြင်ပါ။ လိုအပ်ပါက စိတ်ကုထုံးပညာရှင်များနဲ့ဆွေးနွေးတိုင်ပင်ပါ။

09/06/2022

မင်္ဂလာပါ..

Mind Body Reset Challenge ရဲ့ Day 4 Challenge ကိုပြုလုပ်ပြီးပါလား ခင်ဗျာ..

ကျွန်တော်ကတော့ သဘာဝတရားထဲက မေ့ထားလို့မရတဲ့ သစ်ပင်ပန်းမန်လေးတွေနဲ့အတူ ဒီ စိန်ခေါ်မှုကို ဖြတ်ကျော်နိုင်ခဲ့ပါတယ်။

ဒီအပင်လေးတွေကြောင့် စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်အေးချမ်းမှုကို ခံစားမိခဲ့သလို ရှေ့ဆက်ရမဲ့ နေ့ရက်အတွက်လည်း ခွန်အားတွေရရှိခဲ့ပါတယ်။

အားလုံးပဲ စိတ်ကောကိုယ်ပါ ကျန်းမာတဲ့
နေ့ရက်လေးဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

မနက်ဖြန်မှာတော့ Andy the Trainer ရဲ့
Physical Challenge အလှည့်ပဲဖြစ်ပါတယ်။

09/06/2022

Counselling Corner ရဲ့ အပါတ်စဉ် Saturday
တိုင်းမှာ ပြုလုပ်ပေးနေတဲ့ Emotional Wellbeing Workshop For All (Free) အတွက် စာရင်းပေးသွင်းလို့ရပါပြီ။

Registration Link-
https://forms.gle/oUd6FwiGRNiUHXZF8

မိမိကိုယ်ကို Healing လုပ်ရင်း စိတ်ပိုင်းဆိုင်ရာ ကျန်းမာသန်စွမ်းဖို့ အထောက်အကူပြုတဲ့ workshopလေး ဖြစ်တာကြောင့်
တက်ရောက်ဖို့ တိုက်တွန်းအပ်ပါတယ်..

Title- “Emotional Wellbeing Workshop for All”
Date - 11 June 2022 (Saturday)
Time - 10:00 AM-12:00 PM
Fees - Free

*Workshop ကို Online Zoom ဖြင့်ပြုလုပ်သွားမှာဖြစ်ပြီး တက်ရောက်ဖို့ Zoom Link လေးကိုတော့
မလုပ်ခင်တစ်ရက်အလိုမှာ လူကြီးမင်းတို့ရဲ့ email ထဲကိုပို့ပေးမှာ ဖြစ်ပါတယ်ခင်ဗျ

09/06/2022

Mind Body Reset Challenge: Calm Phase ရဲ့ ဒီနေ့အတွက်အလှည့်ကျတာကတော့ Counselling Corner ရဲ့ Mental Challenge ပါ။ Counselling Corner ရဲ့ founder ဖြစ်သူ ကိုအောင်မင်းသိန်းက သဘာဝတရားနဲ့ပတ်သက်တဲ့ စိန်ခေါ်မှုတစ်မျိုးကို ဒီနေ့အတွက် ရွေးချယ်ထားပါတယ် ။

လူတွေအနေနဲ့ ဘာကြောင့် သဘာဝတရားနဲ့ ထိတွေ့ပေးသင့်သလဲ။ ဒီလိုထိတွေ့ခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ အကျိုးဆက် တွေက ဘာတွေဖြစ်နိင်လဲဆိုတာကို ဗီဒီယိုထဲမှာ ကြည့်ရှုနိုင်ပါတယ်။

ဒီChallenge လေးကို ပါဝင်ချင်တယ်ဆိုရင်တော့

(၁) ဒီ Video ကို like & share လုပ်ပေးပါ။

(၂) ဒီနေ့ challenge ကိုလုပ်ရတဲ့ ကိုယ်ရဲ့ခံစား
ချက်နဲ့အတူ Challenge လုပ်နေတဲ့ photo ကို မိမိရဲ့ Wall မှာ ဖြင့်တွဲပြီး Post တင်ပေးပါ။

(၃) မိမိတင်ထားတဲ့ post ကို Screen Shot ရိုက်ပြီး ယခု Video အောက်မှာ comment မန့်ပေးပါ။

❇️ Challengers တွေအတွက် စိတ်ဝင်စားစရာ Reward အစီအစဉ်တွေလည်း ပါဝင်တာမို့ ပါဝင်စိန်ခေါ်နိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ဗျာ ။

ဝေမျှခြင်းဖြင့်ကူညီနိုင်ပါတယ် ။ 🤩🤩🤩

08/06/2022

မင်္ဂလာပါ..

Mind Body Reset Challenge ရဲ့ Day 3 Challenge ကိုပြုလုပ်ပြီးပါလား ခင်ဗျာ..

ဒီနေ့မနက်ခင်းမှာ ကောင်းကင်ကြီးတစ်ခုလုံး ကြည်ကြည်လင်လင်ရှိနေတာကြောင့် ကန်တော်ကြီးဥယျာဉ်ထဲမှာ လမ်းလျှောက်ဖြစ်ခဲ့ပါတယ်။

လမ်းလျှောက်တဲ့အခါမှာလည်း tracking app လုံးဝ မသုံးပဲနဲ့ စိတ်ထဲကနေ ခြေလှမ်းအရေအတွက်ကိုသာ မှတ်သားခဲ့ပါတယ်။ ကျွန်တော်ကတော့ မိနစ်(၂၀)အတွင်းမှာ ခြေလှမ်းပေါင်း (၂၀၀၀) နီးပါး လှမ်းဖြစ်ခဲ့ပါတယ်။

မနက်ဖြန်မှာတော့ Counselling Corner ရဲ့
Mental Challenge အလှည့်ပဲဖြစ်ပါတယ်။

08/06/2022

Clay Workshop for Parents

လာမဲ့ ဇွန်လ (၁၂) ရက်နေ့ တနင်္ဂနွေနေ့ မနက် (၉) နာရီမှ (၁၁)နာရီ မှာ Clay (ရွှံစေး) ကို အသုံးပြုတဲ့ Therapeutic Workshop တစ်ခုကို ကျင်းပမှာဖြစ်ပါတယ် ..

အကျ်ိုးကျေးဇူးအနေနဲ့ ဖေဖေမေမေတို့ ရင်ဆိုင်နေရတဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေ၊ ပူပင်သောကတွေ၊ ရင်ဖွင့်ဆွေးနွေးလိုတဲ့ အကြောင်းအရာတွေကို အကောင်းဆုံး Healing လုပ်နိုင်မှာ ဖြစ်ပါတယ် ..

Registration Link 👇🏽
https://forms.gle/6FoksJhLu3bga5ye9

Detail:
Date: 12 June 2022
Time : 9:00 AM -11:00 AM
Location-Counselling Corner
Fees - 10,000 MMK

08/06/2022

ဒီနေ့အတွက် အလှည့်ကျတဲ့ challenge ကတော့ ANDY : The Trainer ကရွေးချယ်ပေးထားတဲ့ physical challenge ပါ။

ဒီနေ့အတွက်ရွေးချယ်ထားတဲ့ Exercise နဲ့ Mind Bidy Reaet Challenge ရဲ့ phase goal ဖြစ်တဲ့
ငြိမ်သက်ခြင်း တို့ကို ဘယ်လိုပူးပေါင်းထားသလဲဆိုတာကို Video ထဲမှာ ပြောပြထားပါတယ်။

မိနစ် ၂၀ လောက်ဘဲအချိန်ပေးရမယ့် ဒီ Challenge လေးကို ပါဝင်ချင်တယ်ဆိုရင်တော့

(၁) ဒီ Video ကို like & share လုပ်ပေးပါ။

(၂) ဒီနေ့ challenge ကိုလုပ်ရတဲ့ ကိုယ်ရဲ့ခံစားချက်နဲ့အတူ exercise လုပ်နေတဲ့ photo ကို မိမိရဲ့ Wall မှာ ဖြင့်တွဲပြီး Post တင်ပေးပါ။

(၃) မိမိတင်ထားတဲ့ post ကို Screen Shot ရိုက်ပြီး ယခု Video အောက်မှာ comment မန့်ပေးပါ။

❇️ Challenger တွေအတွက် စိတ်ဝင်စားစရာ Reward အစီအစဉ်တွေလည်း ပါဝင်တာမို့ ပါဝင်စိန်ခေါ်နိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ဗျာ ။

07/06/2022

မင်္ဂလာပါ..

Mind Body Reset Challenge ရဲ့ Day2 Challenge ကိုပြုလုပ်ပြီးပါလား ခင်ဗျာ..

ကျွန်တော်ကတော့ မြို့ပြအဆောက်အဦးဒီဇိုင်းတွေ အကြောင်း စိတ်ဝင်စားစရာရေးသားထားတဲ့ စာမျက်နှာ (၃၀)ကိုဖတ်ခဲ့ပြီး ဒီနေ့ challenge ကိုအောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ခဲ့ပါပြီ။

အားလုံးရဲ့ တက်ကြွတဲ့ လှုပ်ရှားမှုတွေကိုမြင်ရဖို့ စိတ်လှုပ်ရှားနေပါပြီ။

မနက်ဖြန်မှာတော့ Andy the Trainer ရဲ့ Physical Challenge အလှည့်ပဲဖြစ်ပါတယ်။

07/06/2022

Volunteers Week Special Live

Photos from Counselling Corner's post 07/06/2022

မင်္ဂလာပါ

မကြာမီအချိန်အတွင်းမှာ Basic Counselling Skills Training နှင့် Intermediate Counselling Skills Training အတန်းကို စတင်ဖွင့်လှစ်ပါတော့မယ်..

အတန်းတစ်ခုချင်းစီရဲ့ အသေးစိတ်အချက်အလက်၊ ဘယ်သူတွေတက်ရောက်သင့်သလဲ နှင့် စာ
င်းပေးသွင်းရမဲ့ Link တို့ကို ပုံတစ်ပုံချင်းစီအောက်မှာ အသေးစိတ်ရေးပေးထားပါတယ်။

သင်တန်းနှစ်ခုလုံးကို online Zoom ကနေဘဲ သင်ကြားပေးသွားမှာ ဖြစ်ပြီး အကောင်းဆုံးနဲ့ထိရောက်မှု အရှိဆုံး ဖြစ်စေဖို့ လူဦးရေကို ကန့်သတ်ထားမှာ ဖြစ်သည့်အတွက် စိတ်ပါဝင်စားသူများ အမြန်စုံစမ်း အပ်နှံထားကြပါရန် တိုက်တွန်းလိုက်ပါတယ်။

♥️

07/06/2022

Mind Body Reset Challenge ရဲ့ Calm Phase ရဲ့ ပထမဆုံး Mental Challenge Day 2 ကနေကြိုဆိုလိုက်ပါတယ် ။

ဒီနေ့တော့ စိတ်ပိုင်း ဆိုင်ရာ ကျန်းမာသန်စွမ်း
ခြင်းက်ုတိုးတက်ကောင်းမွန်စေပြီး ငြိမ်သက်ခြင်းဆိုတဲ့ခံစားချက်ကိုရနိုင်တဲ့ Activity တစ်ခုကို Counselling Corner ရဲ့ Founder ဖြစ်သူ
ကိုအောင်မင်းသိန်းကရွေးချယ်ပေးထားပါတယ် ။

ဒီနေ့ Mental Challenge လေးကဘာဖြစ်မလဲ ဆိုတာ Video ထဲမှာအဖြေရှာကြည့်ရအောင် ။

ဒီChallenge လေးကို ပါဝင်ချင်တယ်ဆိုရင်တော့

(၁) ဒီ Video ကို like & share လုပ်ပေးပါ။

(၂) ဒီနေ့ challenge ကိုလုပ်ရတဲ့ ကိုယ်ရဲ့ခံစားချက်နဲ့အတူ exercise လုပ်နေတဲ့ photo ကို မိမိရဲ့ Wall မှာ 2022 ဖြင့်တွဲပြီး Post တင်ပေးပါ။

(၃) မိမိတင်ထားတဲ့ post ကို Screen Shot ရိုက်ပြီး ယခု Video အောက်မှာ comment မန့်ပေးပါ။

❇️ Challengers တွေအတွက် စိတ်ဝင်စားစရာ Reward အစီအစဉ်တွေလည်း ပါဝင်တာမို့ ပါဝင်စိန်ခေါ်နိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ဗျာ ။

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Mind Body Reset Challenge ရဲ့ Happiness Phase ရဲ့ Physical Challenge II

Category

Products

Counselling and Psychotherapy

Telephone

Address


No. 5/9, 1st Floor, Bogalay Zay Street (Lower Block), Botahtaung Township
Yangon

Other Psychotherapists in Yangon (show all)
Types of people : Rich & Poor Types of people : Rich & Poor
Yangon

Mindset is everything.... Never stop your dream .....

Play Therapy Myanmar Play Therapy Myanmar
7 Mile
Yangon

This first international course of Play Therapy offers key skills to everyone working or intending t

Reach Out Myanmar - လူတိုင်းအတွက် စိတ်ပညာ Reach Out Myanmar - လူတိုင်းအတွက် စိတ်ပညာ
Building 31, Room 16, 3rd Floor, Uwisara Housing, Dagon Township
Yangon, 11191

Psychological and Consultancy Services စိတ်ကျန်းမာရေးဆိုင်ရာ တိုင်ပင်ဆွေးနွေး၊ ကုသမှုများနှင့် သင်တန်