Pyae Sone Aung
Nearby computer & electronics services
33rd Street (Upper Block)
Street Upper Block Kyauktada Township Yangon
No. 162, 34 Street (upper block), Kyauk Tada Township
No. 174, 33 Street (upper block), Kyauktada Township
34 Street Upper Block
No. 138, 34th Street (middle block), Kyauktada Township
No. 205, 32 street(upper block), Pabedan Township
You may also like
Offset Printing Service, Vinyl, Sticker, One Stop Printing Solution
👉ဆယ် မှသည် အသင်္ချေ👈
👉သတ္တဝါရယ်လို့ ဖြစ်လာလျှင်
လောကဓံတရားသည် ကပ်လျှက်ပါလာပြီးဖြစ်သည်။
အချို့သည် လောကဓံကို ကြောက်လန့်ကြ၍
ရှောင်လွှဲနိုင်ရန် အမျိုးမျိုးကြိုးစားကြသည်။
👉လောကဓံဟူသည် ရှောင်လွှဲ၍ မရနိုင်သည့်အရာဖြစ်သဖြင့် ထိုသို့ လောကဓံကို ရှောင်လွှဲနိုင်ရန် ကြိုးပမ်းနေခြင်းသည် ဘဝအားအင်ကို ဖြုန်းတီးခြင်းသာဖြစ်သည်။
👉အမှန်မှာကား-
မိမိ၏ အလုပ်ကို အကောင်းဆုံးလုပ်ဆောင်နေခြင်းသည်ပင် လောကဓံကို အထိရောက်ဆုံး ရင်ဆိုင် အောင်နိုင်ခြင်းပင်ဖြစ်ပါသည်။။
(ခုခိတာဟောထ ဒုက္ခာ မုစ္စထ)
"ဓမ္မဝီရ ဒေါက်တာအရှင်တေဇနိယ"🙏
လူငယ်တစ်ဦး ဖြစ်နေလျက်နဲ့
အယူသီး လွန်းနေရင်
အတွေးအခေါ် နည်းရာ ရောက်တယ်။
လူငယ်တစ်ဦး ဖြစ်နေလျက်နဲ့
အတ္တတွေ ကြီး လွန်းနေရင်
အသိဉာဏ်နည်းရာ ရောက်တယ်။
လူငယ် တစ်ဦး ဖြစ်နေလျက်နဲ့
အာဃာတတွေ များလွန်းနေရင်
သဘောထား မပြည့်ရာ ရောက်တယ်။
လူငယ်တစ်ဦး ဖြစ်နေလျက်နဲ့
ငါ့ကျမှ ကံဆိုးလေခြင်း ဆိုပြီး
တညည်းညည်း တညူညူ အတွေးတွေနဲ့
လက်လျှော့ အရှုံးပေးနေရင်
စိတ်ဓါတ် ပျော့ညံ့ရာ ရောက်တယ်။
လူငယ်တစ်ဦး ဖြစ်နေလျက်နဲ့
ဖြစ်သမျှ အကြောင်း အကောင်းပေါ့လေ ဆိုပြီး
ကံကြမ္မာရဲ့ အမိန့်အောက်မှာ ဒူးထောက်ပေးနေခဲ့ရင်
ကိုယ့် ဇွဲ လုံ့လကို မယုံကြည်ရာ ရောက်တယ်။
ပုစွန်လုံးမှာ ဦးခေါင်း မပါဘူး။
သို့ပေမယ့်..ချမ်းချမ်းသာသာ နေဖို့အတွက်
ကိုယ့်တွင်းကိုယ် တူးတတ်တယ်။
ဦးခေါင်း ပါတဲ့ လူ က
နေရာတကာ ဟိုလူ့ မှီခို..ဒီလူ့ မှီခို လိုက်လုပ်နေရင်
ပုစွန်လုံးကို အားနာဖို့ ကောင်းတယ်။
ဘဝ ဆုတ်ယုတ်နေတဲ့
လူငယ်တွေကို အကဲခတ်ကြည့်။
ရှေ့မဆက်နိုင်ဘဲ စိတ်ပျက်နေသူတွေ ရှိတယ်။
အဆိုး လောကဓံ နှိပ်စက်ခံရလို့
လက်လျှော့ အရှုံးပေး နေသူတွေ ရှိတယ်။
တစ်ခါရှုံးရုံ နဲ့ လုံးဝ ရှုံးသွားပြီလို့ သတ်မှတ်လိုက်ရင်
တိုးတက်ဖို့ အခွင့်ဆိုတာ ပျောက်ကွယ် သွားမှာပေါ့။
အတောင်ပံ မခတ်တဲ့ ပိုးစုံးကြူးမှာ
အရောင် ထွက်ဖို့ ခက်တယ်။
ရည်မှန်းချက် နဲ့ ကြိုးစားမှု မရှိတဲ့ လူငယ်မှာလည်း
တိုးတက်လာဖို့ ခက်မှာပါပဲ။
လူငယ် တစ်ယောက် ရဲ့
အနှစ် အမြူတေ ဆိုတာ မျှော်လင့်ချက်နဲ့ အိပ်မက်ပါ။
ဘဝမှာ မော့ကြည့်ရတဲ့ အိပ်မက်မျိုးတော့
လူငယ်မှန်သမျှ မက်သင့်ကြတာပေ့ါ။
ထူးချွန်ထက်မြတ်တဲ့ လူငယ်ဆိုတာ
ကိုယ့်ဘဝကိုလည်း မြှင့်တင်နိုင်သလို
သူတစ်ပါးတို့ရဲ့ ဘဝကိုလည်း
မြှင့်တင် ပေးနိုင်စွမ်း ရှိတယ်။
စာနာစိတ် ရှိတဲ့ လူငယ်ဆိုတာ
တစ်ကိုယ်ကောင်းဆန်စိတ် နည်းပါးသလို
တစ်ပါးသူတို့ရဲ့ စိတ်ပင်ပန်းမှုတွေကိုလည်း
မျှဝေခံစား ပေးနိုင်တတ်ကြတယ်။
အသားဖြူခြင်း ..မဖြူခြင်း
ရုပ်ရည်လှခြင်း..မလှခြင်းတွေက
လူငယ်တစ်ယောက်ရဲ့ တန်ဖိုး မဟုတ်ဘူး။
ဘယ်လောက် အစွမ်းအစ ရှိ.. မရှိ
ဘာတွေ လုပ်နိုင်.. မလုပ်နိုင် ဆိုတာကမှ
လူငယ်တစ်ယောက်ရဲ့ တန်ဖိုးပါ။
#ဆရာအောင်သင်း
လပြည့်ကဆုန် နေ့မြတ်ကြုံ
မေတ္တာခြုံကာလွှမ်း🙏🙏🙏
ရိုးသားမှု ဂုဏ်ဆိုတာ တစ်သက်စားလို့ မကုန်ပါဘူး..
ဘာဘဲ လုပ်လုပ် ရိုးရိုးသားနဲ့ ကြိုးကြိုးစားစားလုပ်ပါ..
ကိုယ်ရသင့်တာ မဟုတ်တဲ့ အရာတွေကို
မရိုးသားတဲ့နည်းနဲ့ အရမယူချင်ပါနဲ့...
မိမိတို့ရဲ့ ပိုင်ဆိုင်မှုတိုင်းဟာ ရိုးသားမှုကို အခြေခံပြီး
ရလာတဲ့ အရာမျိုးဘဲ ဖြစ်ပါစေ...
🙏🙏🙏
🙏သာသနာ့ရံသီစေတီတော်မြတ်ကြီး🙏
ဌာပနာတော် ထည့်သွင်းပူဇော်ခြင်း
မဟာမင်္ဂလာနှင့် ဆရာတော် အရှင်ဆန္ဒသိရီ ၏
၆၂-နှစ်ပြည့် ဝိဇာတပူဇာမင်္ဂလာ ပွဲအတွက် . . .
အမှတ်တရ စာစောင်အုပ်ရေ [1000]နှင့် ဗီနိုင်း တို့ကို
လှူဒါန်းခွင့်ရခဲ့ပါသည် . .
🙏🙏🙏ဆရာတော်ဘုရားလည်း
သက်ရှည်ကျန်းမာ စိတ်ချမ်းသာ၍
ခန္ဓာ့ဝန် သာသာနာ့ဝန်ကို
ဆောင်ရွက်နိုင်ပါစေ ဘုရား🙏🙏🙏
ကျေးဇူးရှင် ၇-ရက်သားသမီးတို့အား
ကျေးဇူးအထူးတင်ရှိပါကြောင်း🙏🙏🙏
🙏ပြည့်စုံအောင် ပုံနှိပ်လုပ်ငန်းမိသာစု🙏 . . . . . . . . . . . . . . . . . . . . . . . . . . . . .
#၁၃၈၄ခုနှစ်တပေါင်းလပြည့်နေ့
🙏🙏🙏
#မေတ္တာအခါတော်နေ့
(ဝါခေါင်လပြည့်)နေ့မှာ ......
ရတနာမြတ်သုံးပါးတို့၏
ဂုဏ်တော်အစွမ်းကြောင့်
မိတ်ဟောင်း မိတ်သစ်များနှင့်
မြန်မာနိုင်ငံသူ/သား
ကမ္ဘာသူ/သားအားလုံး-
🙏🙏🙏
❤️မေတ္တာစစ်နဲ့ ချစ်ကြပါစေ
❤️မေတ္တာခြုံ၍ လုံကြပါစေ
❤️မေတ္တာဖျန်း၍ လန်းကြပါစေ
❤️မေတ္တာကိန်း၍ ငြိမ်းကြပါစေ
❤️မေတ္တာဆောင်၍ အောင်ကြပါစေ🙏🙏🙏 လို့
🌳🌻🌼🌷🌹
#ပြည့်စုံအောင်ပုံနှိပ်လုပ်ငန်းမိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါသည်🙏🙏🙏
#ဝါဆိုလပြည့်နေ့... -
ဝါဆိုလပြည့်နေ့ အကြောင်း သိကောင်းစရာ
ဝါဆိုလပြည့်နေ့ နဲ့ ပတ်သက်လို့ ဗုဒ္ဓဝင်မှာ
သန္ဓေ တောထွက် ဓမ္မစက်
မိန့်မြွက်သံချို လဝါဆို တဲ့
ဘုရားဖြစ်စဉ် ဗုဒ္ဓဝင်မှာ ထူးခြားသော
ဝါဆိုလပြည့်နေ့
( ၁ ) ဘုရားလောင်းသိဒ္ဓတ္တမင်းသား
ပဋိသန္ဓေ နေသောနေ့
( ၂ ) ဘုရားလောင်း တောထွက်
တော်မူသောနေ့
( ၃ ) ဂေါတမမြတ်စွာဘုရား ဓမ္မစကြာ
စတင်ဟောတော်မူသောနေ့
( ၄ ) ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို
ပြတော်မူသောနေ့
( ၅ ) ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့
( ၆ ) တရားရတနာ စတင်ပေါ်သောနေ့
( ၇ ) သံဃာရတနာ စတင်ပေါ်သောနေ့
( ၈ ) ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်
ကူးပြောင်းခွင့်ကြုံသောနေ့
( ၉ ) ဧဟိဘိက္ခု ဟူသောစကားကို
စတင်ကြားရသောနေ့
ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်
~~~~~~~~~~~~~~~~~~~~~
ဂေါတမဘုရားလောင်းတော်သည် ပဉ္စဝဂ္ဂိ ၅ ဦးတို့
စွန့်ခွာထွက်သွားပြီးသည်နောက် တစ်ကိုယ်တည်း
တရားကျင့်တော်မူခဲ့ရာ မဟာသက္ကရာဇ် ၁၀၃ ခု
ကဆုန်လပြည့်နေ့ သောကြာနေ့ တွင် သဗ္ဗညုတ
ဉာဏ်တော်ကိုရရှိကာ ဘုရားအဖြစ်သို့ရောက်တော်
မူလေသည်။ ထိုအခါ သဟမ္ပတိဗြဟ္မာမင်း၏
လျှောက်ထားတောင်းပန် ချက်အရ အဘယ်သူ့ကို
တရားဦးဟောကြားအံ့နည်းဟု ဆင်ခြင်တော်မူ၏။
ဗုဒ္ဓမြတ်စွာ၏ အာသယာနုသယဉာဏ် ဣန္ဒြိယပ
ရောပရိယဉာဏ်တော်တို့ဖြင့် ဆင်ခြင်သည်။
ပထမဦးစွာဈာန်လမ်းပြခဲ့ဖူးသော အာဠာရရသေ့
ဆရာကိုမြင်၏ ထိုရသေ့ကား ကွယ်လွန်ခဲ့ပြီး
ဖြစ်သည် ထိုမှတစ်ဆင့် ဥဒကရသေ့ဆရာကို
မြင်တော်မူလေသည် ဥဒကရသေ့လည်း ကွယ်
လွန်ခဲ့ပြီဖြစ်၏။
ထို့နောက် အခြားသော ကျေးဇူးရှိခဲ့ဖူးသူများအား
တရားဦးဟောကြားရန် ကြည့်တော်မူပြန်သည်။
ထိုအခါ ပဉ္စဝဂ္ဂီငါးဦးတို့ကိုမြင်တော်မူလေသည်
သို့သော်လည်း ထိုရသေ့များထံ ချက်ချင်းမကြွပေ
သုံးရက် သီတင်းသုံး စောင့်ဆိုင်းတော်မူ၏။
ထို့နောက် ဗာရာဏသီအနီးရှိ မိဂဒါဝုန်တောသို့
ခရီးဆက်တော်မူလေသည်။
အစားနည်းသောအကျင့်မှ များသောအကျင့်သို့
ပြောင်းခဲ့သောကြောင့် ဘုရားမဖြစ်နိုင်တော့ဟု
ပဉ္စဝဂ္ဂီတို့ ယူဆခဲ့ကြ၏။ ထိုကြောင့် ဘုရားလောင်း
အား စွန့်ခွာပြီးဗာရာဏသီ မိဂဒါဝုန်တောသို့
ရောက်ခဲ့ ကြလေသည်။
မြတ်စွာဘုရားကြွလာသည်ကိုပဉ္စဂ္ဂီတို့မြင်ကြ၏
ခရီးဦးမကြို ဝတ်မပြုလိုကြတော့ပေ သို့ရာတွင်
အရှင်မြတ်သည် ဖန်ရည်ဆိုးသင်္ကန်းဝတ်ရုံလျက်
ပင်ဝင်လာတော်မူ၏။
ကိလေသာ ကင်းစင်သဖြင့် အေးချမ်းတင့်တယ်
ကြည်ညိုဖွယ်ရှိ၏ သို့ဖြစ်ရာ ပဉ္စဂ္ဂီတို့သည် ခရီး
ဦးကြိုကြ၏ ရှိခိုးပူဇော်ကြ၏ နှုတ်ခွန်းဆက်ကြ၏။
အချိန်ကား နေမင်းကြီးဝင်လုဝင်ဆဲအချိန်
လမင်းကြီးမှာ ပြူလစ်စ အခါသမယဖြစ်၏
ဆည်းဆာညချမ်း ဖြစ်သည်။
သူတော်မြတ်ဓာတ်ကြောင့် သာယာဖွယ်ကောင်းပေ၏။
မိဂဒါဝုန်တောကား ရွှင်ပျအေးမြနေ၏ ဆိတ်ငြိမ်မှုဖြင့်
ပြီးလျက်ရှိ၏ ထိုအခိုက်တွင် မြတ်စွာဘုရားရှင်သည်
ပဉ္စဂ္ဂီတို့၏ ရှေ့တွင်ထက်ဝယ်ဖွဲ့ခွေနေတော်မူသည်
ထို့နောက် ရဟန်းတို့ ဟု ခေါ်ဝေါ်ကာနှုတ်ခွန်းဆက်
တောျမူုလိုကျ၏။ ဤကား တရားဦးဟောရန်ဖိတ်ခေါ်
သံ အစတည်း။
ပဉ္စဂ္ဂီတို့သည် သီလစင်ကြယ်ပြီးသူများဖြစ်ကြသည်
ထို့ပြင် သဒ်ဓါ ဆန္ဒ ဝီရိယ စိတ်ထားပြည့်စုံနေပြီး သူများ
ဖြစ်ကြလေရာ မြတ်စွာဘုရား၏ စကားအစသည် သူတို့၏
နှလုံးသားဝယ် တရား တည်၍တည်၍ လာလေသည်။
ထိုအချိန်တွင် မြတ်စွာဘုရားက မိမိဘုရား ဖြစ်တော်မူ
ကြောင်းမိန့်ကြား၏ တရားနာယူကြရန်လည်း တစ်ဆက်
တည်းတိုက်တွန်း၏ သို့သော်မယုံကြည်နိုင်ကြသဖြင့်
သုံးကြိမ်သုံးခါ ငြင်းဆန်ကာနေကြ၏ မြတ်စွာဘုရားသည်
ထိုငြင်းဆန်မှုကို ဘုရားဖြစ်ကြောင်း ထပ်မံသိစေပြန်၏။
ပြီးမှ တရားဦး ခေါ်ဓမ္မစက္က ပဝတ္တန သုတ္တ ကို
ဟောကြားတော်မူလေသည် ထိုတရားတော်၏
အဆုံးဝယ် အရှင်ကောဏ္ဍညသည် လူသားများ
အနက် ပထမဦးဆုံး သောတာပတ္တိဖိုလ်၌
တည်လေ၏ ထိုနေ့သည် ဝါဆိုလပြည့်နေ့ ဖြစ်၏။
ထို့နောက်တဖန် ဒေသနာကိုဟောပြတော်မူရာ
ဝါဆိုလပြည့်ကျော် ( ၁ ) ရက်နေ့၌ အရှင်ဝပ္ပ
( ၂ ) ရက်နေ့၌ အရှင်ဘဒ္ဒိယ ( ၃ ) ရက်နေ၌
အရှင်မဟာနာမ် ( ၄ ) ရက်နေ့၌ အရှင်အဿဇိ
တို့သည် အသီးသီး သောတာပန်တည်ကြလေကုန်၏။
ပဉ္စဝဂ္ဂီအားလုံးပင် ဧဟိဘိက္ခု ရဟန်း အဖြစ်ရောက်
ကြလေသည်။ ဝါဆိုလပြည့်ကျော် ( ၅ ) ရက်နေ့တွင်
မြတ်စွာဘုရားသည် အနတ္တလက္ခဏသုတ္တ ကို
ဟောကြားတော်မူခဲ့သည်။
ဤတွင် ငါးဦးလုံး ရဟန္တာ ဖြစ်တော်မူကြလေသည်
ထိုနေ့ကို လည်း '' ရဟန္တာ '' ဟု ဗုဒ္ဓဘာသာဝင်တို့
သတ်မှတ်ယူကြကုန်သည်။
ဝါဆိုလပြည့်နေ့ကို တရားဦး '' ဓမ္မစကြာ '' ဟောကြား
သောနေ့ဖြစ်၍ '' ဓမ္မစကြာနေ '' ဟု ယနေ့အထိ
ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုခဲ့ကြပေသည်။
ဗုဒ္ဓသာသနံ စိရံ တိဋ္ဌာတု
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
164, 33 Street
Yangon
11181
Opening Hours
Monday | 09:00 - 18:00 |
Tuesday | 09:00 - 18:00 |
Wednesday | 09:00 - 18:00 |
Thursday | 09:00 - 18:00 |
Friday | 09:00 - 18:00 |
Saturday | 09:00 - 18:00 |
အမှတ် ၃၅ ၊ မြေညီထပ် ၊ ဇေယျဝတီ (ဗဟိုလမ်း) ၊ AYA Bank ဘေးချင်းကပ် ၊ စမ်းချောင်း
Yangon, 11111
We sell DTF Printer, ink , film , powder and accessories. And also we are giving DTF-modified service.
70/A, Koh Min Koh Chin Road, Bahan
Yangon
လူကြီးမင်းတို့ စိတ်တိုင်းကျ ၀န်ဆောင်မူပေးတဲ့ Chit Sein Silk Screen Printing ကိုလာခဲ့ဖို့ဖိတ်ခေါ်ပါရစ
Bldg 2, Room 1, Hledan Road, Kamayut Tsp
Yangon, 11041
We offer THREE KINDS of service : Good / Cheap / Fast You can pick ANY TWO Good & Cheap –> won’t be Fast Good & Fast –> won’t be Cheap Fast & Cheap –> won’t be Good
Nyaung Yan Road
Yangon, 11181
Our company prints best quality logos on all kinds of food and consumer plastic bags from the whole
No. 12, Room No. 204, Aye Yeik Mon 4th Street, Hlaing Township
Yangon, MYANMAR
Design and Printing
Yangon
KYAW အဆင့်မြင့်ကြော်ငြာတံဆိပ်ရိုက်လုပ်ငန်း 09-425552353 ရန်ကုန်မြို့
No. 15 Nawaday Min Gyi Street , Zone (3) Hlaing Thar Yar Township
Yangon, 11401
ဝန်ဆောင်မှုမြန် Quality မှန်တဲ့ Hua Tian
Yangon
စတီး သစ်သား သံပြားပေါ်တွင်လေစာထွင်းခြင်း၊ Flyer, Name Card, Diary Book, Paper Bag များပုံနှိပ်ခြင်း၊
Kamarkyi Road, Thingangyun Township
Yangon, 11072
Potato Customized T-Shirt Printing Service.