Sticker Printing Services

Sports Printing Services

အားကစား အသင်းဝတ်စုံများနှင့် အသင်းအဖွဲ့ များ အတွက် Sticker ရိုက်နှိပ် ပေးသော ၀င်ဆောင်မှုပေးနေပါတယ်။ တစ်ထည်ခြင်းလည်း Sticker ရိုက်လို့ ရပါတယ်။ အကောင်းဆုံးနှင့် အမြန်ဆုံးဝန်ဆောင်မှုတို့ဖြင့် ဆောင်ရွက်ပေးနေပါ
သည်။
ဖုန်း - 09780555562, 09780555561

04/11/2016

04/11/2016

Myanmar Football Federation

International Friendly Match
Myanmar vs Indonesia
[Second Half]

04/11/2016

Myanmar Football Federation

05/09/2016

Photos from Sticker Printing Services's post

10/08/2016

General Aung San Shield 2016 ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်
ရတနာပုံ - ရန်ကုန်
(၁၀-၈-၂၀၁၆ - ညနေ ၄း၀၀ - မန္တလာသီရိ)

10/08/2016

ဆူဇူကီးဖလားတွင် အုပ်စုမှ လွတ်မြောက်နိုင်ရန် အခွင့်အရေးကောင်းများ ရှိဟု နည်းပြချုပ် သုံးသပ်
--/--

ဆူဇူကီးဖလား ပြိုင်ပွဲ အုပ်စုခွဲဝေမှုတွင် မြန်မာ့ လက်ရွေးစင် အသင်း အနေဖြင့် အုပ်စု(ခ)၌ ဗီယက်နမ်၊ မလေးရှား၊ ခြေစစ်ပွဲအောင် အသင်းများဖြင့် တစ်အုပ်စုတည်း ကျရောက်လျှက် ရှိရာ မြန်မာအသင်း နည်းပြချုပ် မစ္စတာ ဂတ်ဆီဇီက ဆူဇူကီးဖလား ပြိုင်ပွဲတွင် မြန်မာအသင်း အနေဖြင့် အုပ်စုအဆင့်ကို ကျော်ဖြတ်ကာ ဆီမီးဖိုင်နယ်သို့ တက်ရောက် နိုင်ရန် အခွင့်အရေးကောင်များ ရှိနေကြောင်း ဆိုခဲ့သည်။

မြန်မာ အသင်း နည်းပြချုပ် ဂတ်ဆီဇီ အနေဖြင့် မိသားစု ကိစ္စရပ်များကြောင့် ဂျာမနီ နိုင်ငံသို့ ပြန်သွားခဲ့ရာ ဆူဇူကီးဖလား မဲခွဲပွဲသို့ တက်ရောက် နိုင်ခဲ့ခြင်း မရှိပေ။ “ဒီအုပ်စုဟာ ကျွန်တော်တို့ အတွက်တော့ တစ်ကယ့်စိန်ခေါ်မှု ပါပဲ။ အုပ်စုတွင်းက အသင်းတွေက အသင်းကောင်းတွေပါ။ ပြိုင်ပွဲ မတိုင်မီမှာ ကျွန်တော်တို့ အတွက် သုံးလထိ လေ့ကျင့်ချိန် ရပါတယ်။ ဒီသုံးလ အတွင်းမှာ ဥရောပကိုလည်း ၆ ပတ်ကြာ သွားလေ့ကျင့် ဦးမှာပါ။ ကျွန်တော်တို့မှာ အုပ်စုအဆင့်ကို ကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ်ကို တက်ရောက် နိုင်ဖို့ အခွင့်အရေးကောင်းတွေ ရှိနေပါတယ်”ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဆက်လက်၍ အုပ်စုတွင်းတွင် ရေပန်းအစားဆုံး အသင်းမှာ ဗီယက်နမ် ဖြစ်ကြောင်း နည်းပြချုပ်က ဆိုသည်။ “ကျွန်တော်တို့ အုပ်စုမှာ နောက်တစ်ဆင့် တက်ဖို့ ရေပန်းအစားဆုံးက ဗီယက်နမ်ပါ။ ဗီယက်နမ်ဟာ အကောင်းဆုံး တိုးတက်နေတဲ့ အသင်းဖြစ်ပြီး နည်းစနစ်ပိုင်း ပြောင်မြောက်တဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားသလို နည်းဗျူဟာပိုင်းမှာလည်း အရမ်းကောင်းပါတယ်”ဟု နည်းပြချုပ်က ပြောကြားခဲ့သည်။ ထို့အပြင် ၎င်းက မလေးရှား အသင်းသည်လည်း ကစားရခက်သည့် အသင်းဖြစ်ပြီး မိမိတို့ အနေဖြင့် အုပ်စု အဆင့်မှ လွန်မြောက်လိုပါက မလေးရှားအသင်းကို အနိုင်ကစားရန် လိုအပ်ကြောင်း ဆိုခဲ့သည်။

ခြေစစ်ပွဲအဆင့်မှ တက်ရောက်လာမည့် အသင်းနှင့် ပတ်သက်၍မူ မစ္စတာဂတ်က ခြေစစ်ပွဲဝင် အသင်းများ အနက် ဘောလုံး အကစားတတ်ဆုံး အသင်းဖြစ်သည့် ကမ္ဘောဒီးယား အသင်းသာ ခြေစစ်ပွဲ အောင်မြင်လာမည်ဟု ထင်မြင်မိကြောင်း ဆိုသည်။ ဆူဇူကီးဖလား ပြိုင်ပွဲ၏ ခြေစစ်ပွဲများကို အောက်တိုဘာလ အတွင်း ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင် မြို့တွင် ကျင်းပသွားမည် ဖြစ်ပြီး ကမ္ဘောဒီးယား၊ လာအို၊ တီမောနှင့် ဘရူနိုင်းတို့ ဝင်ရောက် ယှဉ်ပြိုင် ကြမည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အသင်းကို လက်ရှိတွင် အနားပေးထားပြီး မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲများ ပြီးဆုံးချိန် သြဂုတ် (၂၃) မှ စကာ စခန်းသွင်း လေ့ကျင့်မှုများ ပြုလုပ်ပြီး ဆူဇူကီးဖလား ပြိုင်ပွဲအတွက် ပြင်ဆင်သွားမည် ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အသင်းအတွက် အတွေ့အကြုံကောင်းများ ရရှိရန် ရည်ရွယ်ကာ စက်တင်ဘာ ၁၁ တွင် ဥရောပ နိုင်ငံများသို့ သွားရောက် လေ့ကျင့်မည် ဖြစ်သည်။

Credit: MFF
Photo: Ye Hein

08/08/2016

လေးနိုင်ငံ ယူ-၁၉ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ မန္တလေးမြို့တွင် ကျင်းပသွားမည်
========================================
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်(MFF)သည် လေးနိုင်ငံ ပါဝင်ယှဉ်ပြိုင်မည့် ယူ၁၉ ဘောလုံးပြိုင်ပွဲ တစ်ရပ်ကို ယခုလ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ မန္တလေးမြို့ မန္တလာသီရိ ဘောလုံးကွင်းကြီးတွင် ကျင်းပသွားမည် ဖြစ်သည်။ မြန်မာ့ လက်ရွေးစင် ယူ-၁၉ အသင်း အနေဖြင့် ဗီယက်နမ် နိုင်ငံတွင် စက်တင်ဘာလ အတွင်းကျင်းပမည့် အာဆီယံ ယူ၁၉ ချန်ပီယံရှစ် ၂၀၁၆ ပြိုင်ပွဲ အား ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ရာ ယင်းပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲ ကျင်းပရခြင်း ဖြစ်သည်။

လေးနိုင်ငံ ယူ၁၉ ဖိတ်ခေါ်ပြိုင်ပွဲတွင် အိမ်ရှင် မြန်မာ ယူ၁၉၊ ထိုင်း ယူ၁၉၊ ဗီယက်နမ် ယူ၁၉ နှင့် ဂျေလိပ် ဆာပေါ်ရို ယူ၁၈ ကလပ်တို့ ပါဝင်ယှဉ်ပြိုင်ကြ မည်ဖြစ်သည်။ ပြိုင်ပွဲတွင် ချန်ပီယံအသင်းအား ဆုဖလား၊ ဆုတံဆိပ်နှင့် ကန်ဒေါ်လာ ၁၅၀၀၀၊ ဒုတိယဆုရ အသင်းအား ဆုတံဆိပ်နှင့် ကန်ဒေါ်လာ ၁၀၀၀၀၊ တတိယဆုရ အသင်းအား ဆုတံဆိပ်နှင့် ကန်ဒေါ်လာ ၅၀၀၀ ချီးမြှင့်သွားမည်ဖြစ်သည်။ ပွဲစဉ်ဇယားနှင့် ကွင်းဝင်ကြေးအား မကြာမီ ဆက်လက်ထုတ်ပြန်ပေးသွားပါမည်။

Credit: MFF

08/08/2016

Ooredoo MNL 2016
Week 20 ပွဲစဉ်များအပြီး ရပ်တည်မှု

Credit: MNL

08/08/2016

မြန်မာပရိသတ်ဟာ ချစ်ဖို့ကောင်းပါတယ်
ဝိုင်းဝန်း Share လုပ်ပေးကြပါ

"ပရိသတ်အချင်းချင်း ဝိုင်းဝန်း ထိန်းသိမ်းခြင်းဖြင့် ကူညီပါ။"

"မူးယစ်သောက်စားပြီး ကွင်းအတွင်းသို့ ဝင်ခွင့်မပြုပါ။"

"ကွင်းထဲတွင် ကလေးငယ်များ မိသားစုများ အတူရှိနေသည်။ ကြမ်းတမ်းရိုင်းပြမှုများအား မျိုးဆက်သစ်များသို့ မကူးစက်ပါစေနှင့်။ ကိုယ်ချင်းစာပါ။"
--/--
ကွင်းအတွင်း အရာဝတ္ထုများဖြင့် မပစ်ရ။
ခုံများနှင့် ကစားကွင်းအား ဖျက်စီးခြင်း မပြုရ။
မူးယစ်ရမ်းကားပြီး ပြိုင်ပွဲအား မဖျက်ဆီးရ။

အများသိရလေအောင် ကူညီပြီး Share လုပ်ပေးရင်ကျေးဇူးအများကြီးတင်မိမှာပါ မြန်မာ့ ၁၂ ယောက်မြောက်ကစားသမားများ ခင်ဗျ

Credit: Myanmar Football 12th Players

03/08/2016

ဆူဇူကီးဖလား အုပ်စုခွဲဝေမှုတွင် မြန်မာအသင်း အုပ်စုကျပ်အတွင်း ကျရောက်~အဖွင့်ပွဲတွင် မြန်မာအသင်း ဗီယက်နမ်နှင့် ကစားရမည်

၂၀၁၆ ဆူဇူကီးဖလား ပြိုင်ပွဲအတွက် အုပ်စု ခွဲဝေမှုကို ယနေ့ည ၇း၀၀ နာရီက ရန်ကုန်မြို့ ပြည်လမ်းရှိ နိုဗိုတယ် ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာအသင်းမှာ အုပ်စု(ခ)တွင် မလေးရှား၊ ဗီယက်နမ်၊ ခြေစစ်ပွဲအောင် အသင်းတို့နှင့် အတူ အုပ်စုကျပ်အတွင်း ကျရောက်သွား ခဲ့သည်။

၂၀၁၆ ဆူဇူကီးဖလား ပြိုင်ပွဲကို ခြေစစ်ပွဲအောင် အသင်း တစ်သင်း အပါအဝင် အသင်းပေါင်း ၈ သင်း ပါဝင် ယှဉ်ပြိုင်မည် ဖြစ်ပြီး ယင်းအသင်းများကို လေးသင်းစီ နှစ်အုပ်စု ခွဲခြားကာ အုပ်စု တစ်ခုစီကို နိုင်ငံတစ်နိုင်ငံ စီတွင် ကျင်းပသွားမည် ဖြစ်သည်။ မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင် နိုင်ငံများက အုပ်စုတစ်ခုစီကို အိမ်ရှင်အဖြစ် လက်ခံရန် စီစဉ်ထားရာ အုပ်စု(က)ကို ဖိလစ်ပိုင်က အိမ်ရှင်၊ အုပ်စု(ခ)ကို မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပသွားမည် ဖြစ်သည်။ ဆီမီးဖိုင်နယ်နှင့် ဖိုင်နယ် ပွဲများကိုမူ ဆူဇူကီးဖလား ပြိုင်ပွဲ၏ ထုံးစံအတိုင်း တက်ရောက်သည့် အသင်းများ၏ အိမ်ကွင်းများတွင် နှစ်ကျော့ စနစ်ဖြင့် ကျင်းပသွားမည် ဖြစ်သည်။

မြန်မာ အသင်းသည် အုပ်စု(ခ)တွင် ဗီယက်နမ်၊ မလေးရှား၊ ခြေစစ်ပွဲအောင် အသင်း များနှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့သည် ဖြစ်ရာ အုပ်စု (က)တွင် ဖိလစ်ပိုင်၊ ထိုင်း၊ စင်ကာပူနှင့် အင်ဒိုနီးရှားတို့ ကျရောက်ခဲ့သည်။

ဆူဇူကီးဖလား ပြိုင်ပွဲကို နိုဝင်ဘာလ ၁၉ ရက်တွင် စတင် ကျင်းပမည် ဖြစ်ကာ ဒီဇင်ဘာလ ၁၇ ရက်တွင် ပြီးဆုံးမည် ဖြစ်သည်။ မြန်မာအသင်း ပါဝင်သည့် အုပ်စု(ခ) ပွဲစဉ်များကို နိုဝင်ဘာ ၂၀ တွင် စတင်ကျင်းပမည် ဖြစ်ပြီး မြန်မာ အသင်းအနေဖြင့် အဖွင့်ပွဲတွင် ဗီယက်နမ် အသင်းနှင့် ကစားရမည် ဖြစ်သည်။

မြန်မာအသင်း၏ အုပ်စုပွဲစဉ်များ

နိုဝင်ဘာ ၂၀ မြန်မာ – ဗီယက်နမ်
နိုဝင်ဘာ ၂၃ ခြေစစ်ပွဲအောင် အသင်း – မြန်မာ
နိုဝင်ဘာ ၂၆ မြန်မာ – မလေးရှား

Credit : Myanmar Football Federation

03/08/2016

FBT SportsWear

မြန်မာ : ဗီယက်နမ် ( Panelties)
Credit : Myanmar Football 12th Players

03/08/2016

ပရိတ်သတ်အသံ
Ko Htut Htake FB မှကူးယူဖေါ်ပြသည်။
--/---

ကျွန်တော် တကယ်ကို နားမလည်လို့ပါ။

ဘောလုံးကွင်းထဲကို အမှိုက်တွေ၊ ပစ္စည်းတွေနဲ့ ပေါက်ထည့်ရင် ဘာအကျိုးကျေးဇူးတွေ ရှိပါသလဲ။

- အနီထိထားတဲ့ ကိုယ့်ကစားသမားလေး ပြန်ဝင်ကစားခွင့်ရမှာလား?
- ပေးလိုက်ရတဲ့ ပင်နယ်တီကို ပြန်ပယ်ဖျက်ပေးမှာလား ?
- အမှိုက်တွေကိုကြည့်ပြီး ကိုယ့်ကစားသမားလေးတွေ ပြိုင်ဘက်ကစားသမားအရှေ့မှာ မျက်နှာပွင့်လန်းပြီး စိတ်ဓါတ်ခွန်အားတွေ ရလာမှာလား ?
- ကိုယ့်အသင်းအတွက် ဂိုးတွေ တိုးပေးမှာလား?
- အရှုံးအနိုင်ရလဒ်ကို ပြောင်းလဲပေးမှာလား?
- ကမ္ဘာ့အလယ်မှာ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ဂုဏ်ရှိန်တင့်တယ်စေမှာလား?

အချက်အားလုံး မဟုတ်ပါဘူး၊ အဲဒီထဲက တစ်ချက်ချက်နဲ့ ကိုက်ညီမယ်ဆိုရင်တောင် ကွင်းထဲကို ပစ္စည်းတွေ ပစ်ပေါက်ကြစမ်းပါဗျာ။ အားပေးပါတယ်။

ခေတ်တွေလည်း ပြောင်းကုန်ပြီ၊ စဉ်းစဉ်းစားစား လုပ်ကြပါ။ လုပ်သင့် မလုပ်သင့်ရယ်၊ ကိုယ့်လုပ်ရပ်ကြောင့် နောက်ဆက်တွဲ ပြသနာတွေရယ်ကို ချင့်ချင့်ချိန်ချိန် စဉ်းစားတတ်စေချင်တယ်။

ဒိုင်လူကြီးဖြစ်ဖြစ် တဖက်အသင်း ကစားသမားဖြစ်ဖြစ် ကိုယ်ပစ်လိုက်တဲ့ ပစ္စည်းထိပြီး ဒဏ်ရာ ရသွားမယ်ဆိုရင်.. ဒါဟာ ရှက်စရာလား ဂုဏ်ယူစရာလား မစဉ်းစားတတ်ကြတော့ဘူးလား။

ငါတို့ကတော့ မရဘူးကွာ။ ငါအားပေးတဲ့အသင်း ရှုံးတာတွေ့ရင် ခုံတွေချိုးမယ်၊ ပစ္စည်းတွေ ကွင်းထဲ ပစ်မယ်ဆိုတဲ့ သူတွေကို တစ်ခုမေးချင်ပါတယ်။ ကိုယ့်အိမ်မှာ ကိုယ် TV ကနေ အားပေးတဲ့အခါမှာရော ဒီလိုပဲ ထိုင်ခုံတွေ ရိုက်ချိုးပစ်လား၊ တီဗွီကို ပစ္စည်းတွေနဲ့ ပစ်ပေါက်လား။ အိမ်မှာ လုပ်တယ်ဆိုရင်တောင် ကွင်းထဲမှာ မလုပ်ကြပါနဲ့။ ကိုယ့်အိမ်မှာ လုပ်ရင် ကိုယ့်ပစ္စည်းပဲ ပျက်တာ။ အခုလို ကွင်းထဲမှာ လုပ်တော့ နိုင်ငံပိုင်ပစ္စည်းဖျက်ဆီးပစ်တာနဲ့ အတူတူပဲ။ ကိုယ့်လုပ်ရပ်ရဲ့နောက်ကွယ်မှာ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရဲ့ ဂုဏ်သိက္ခာရှိနေတယ်ဆိုတာ မမေ့ကြပါနဲ့။

အခန့်မသင့်ရင် အိမ်ကွင်းအပိတ်ခံရမယ်၊ ဒဏ်ကြေးတွေအများကြီး ပေးဆောင်ရမယ်။ ကိုယ်တွေရဲ့ ဘောလုံးအဖွဲ့ချုပ်လည်း Fifa ကိုတောင်းပန်ရ၊ ဟိုလူ့တောင်းပန်ရ၊ ဒီလူ့တောင်းပန်ရနဲ့ မျက်နှာငယ်ရမယ်။

အိမ်ကွင်းအပိတ်ခံရတော့ ဘောလုံးပွဲကောင်းကောင်းတွေ အရေးရယ် အကြောင်းရယ်ဆို အားပေးခွင့်မရဘူး၊ ကိုယ်တွေပဲ နစ်နာတာပဲ မဟုတ်ဘူးလား။ ထိုင်ခုံတွေချိုးတော့ရော ဘာထူးလဲ၊ ပြန်ပြင်ရတဲ့အခါ နောက်ဆုံး ပြည်သူ့ဘဏ္ဍာတွေပဲ ထပ်ကုန်တာပဲ မဟုတ်လား။ ဘာမှ အကျိုးမရှိတဲ့ လုပ်ရပ်ကြီးမို့ နောက်ဘယ်တော့မှ ကွင်းထဲမှာ ဆိုးဆိုးသွမ်းသွမ်း အမူအကျင့်တွေ မလုပ်ကြပါနဲ့တော့ဗျာ။

တချို့နိုင်ငံကြီးတွေမှာလည်း ဒါမျိုးရှိတာပဲလို့ မဖြေတွေးစေချင်ဘူး။ နိုင်ငံကြီးတွေဆီက မကောင်းတာတွေ အတုခိုးဖို့မှ မလိုတာ။ သူတို့ ဘာကြောင့် တိုးတက်လဲ ဘာကြောင့် အောင်မြင်လဲ၊ အလုပ်လုပ်တာ ဘယ်လို စနစ်ကျလဲစတာတွေကိုပဲ အတုယူဖို့ လိုတာပါ။

ပြောင်းလဲချိန်တန်ပြီ ပြောင်းလဲချိန်တန်ပြီလို့ ကျွန်တော်တို့တတွေ အော်ခဲ့ကြတယ်။ အခုလည်း စတင် ပြောင်းလဲခါစပြုနေပါပြီ။ ဒီလိုအချိန်မျိုးမှာ ပြည်သူတချို့ရဲ့ အမူအကျင့်ဆိုးတွေလည်း ပြောင်းလဲသင့်ပြီလို့ ထင်ပါတယ်။

ဘောလုံးအဖွဲ့ချုပ်အနေနဲ့လည်း ဆိုးသွမ်းပရိသတ်တွေကို ထိထိရောက်ရောက် အရေးယူသင့်ပါပြီ။ ဒီလိုလူတွေကို အရေးယူလို့ ဘယ်သူ့မှ ဝေဖန်ကြမယ် မထင်ပါဘူး။

ကိုထွဋ်ထိပ်

Photo Credits : Original Uploader

02/08/2016

မြန်မာ နှင့် သြစတေးလျပွဲ ပုံရိပ်များ

Credit: MFF & MWNT

02/08/2016

AFF MYANMAR Women's Championship 2016
ဆီမီးဖိုင်နယ် ပွဲစဉ်များ
သြဂုတ်လ ၂ ရက် ၊ မန္တလာသီရိကွင်း

လက်မှတ်တွေကို ဗထူးကွင်း၊ မြန်မာဘောလုံး အကယ်ဒမီ၊ မန္တလာသီရိ ကွင်းတို့မှာ ရောင်းချပေးလျက် ရှိပါပြီ။

ပထမပွဲ (ညနေ-၃း၀၀ နာရီ)-သြစတြေးလျ ယူ၂၀ - ထိုင်း
ဒုတိယပွဲ(ညနေ-၆၀၀ နာရီ)- ဗီယက်နမ်နှင့် မြန်မာ
(မြန်မာအသင်း အဖြူရောင် ၀တ်ဆင်ကစားမည်၊ ဗီယက်နမ် အနီရောင် ဖြစ်ပါသည်။)

Credit : Myanmar Football 12th Players

02/08/2016

ပွဲနေ့ (ဆီမီးဖိုင်နယ်)

မြန်မာ နှင့် ဗီယက်နမ်
ညနေ ၆နာရီ, မန္တလာသီရိကွင်း
--/--
Match Day !!
AFF Women's Championship 2016, Semi Final
Myanmar Vs Vietnam
6pm (MYA), Mandalarthiri Stadium, Mandalay, Myanmar, Live on MRTV
--/--
ရေကုန်ရေခမ်း ဗီယက်နမ်ကို အမုန်းဝုန်းရမဲ့နေဗျာ, မန္တလေးပရိသတ်ကြီး ကွင်းလုံးပြည့် အားပေးကြမယ်လို့မျှော်လင့်ပါတယ်,
MRTV မှလဲတိုက်ရိုက်ပြသပါမည်
ပရိသတ်များ မသိလိုက် မကြည့် လိုက်ရ မဖြစ်ရလေအောင်
မသိသေးတဲ့လူတွေအတွက် Share လုပ်ပြီးလက်တို့ဝေငှပေးပါခင်ဗျ..
--/--
MRTV မှလာသောဘောလုံးပွဲများကို တိုက်ရိုက်ကြည့်ရှုရန်
--/--

ကွန်ပြူတာနှင့် အောက်ပါလင့်တွင် တိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်

http://www.myanmartvchannel.com/mrtv.html

Android ဖုန်းများအတွက် MRTV အပလီကေးရှင်း

https://play.google.com/store/apps/details…

IOS Apple ဖုန်းအတွက် MRTV အပလီကေးရှင်း
https://appsto.re/sg/yAilD.i

IOS သမားများအတွက် ဖုန်းဖြင့် ကြည့်ရန် အညွှန်း
https://www.facebook.com/MF12P/posts/1071376062932543:0

http://tv.truelife.com/live/2800320

Credit : Myanmar Football 12th Players

27/07/2016

ပြိုင်ဘက်အသင်းတွေက ခြေစွမ်းကောင်းမွန်ပြီး တောင့်တင်းကြပါတယ်။ မြန်မာအသင်းအနေနဲ့ ပရိသတ်တွေ ကျေနပ်တဲ့ ရလဒ်ကောင်းရမယ်လို့ ယုံကြည်ထားပြီး ဒီအောင်မြင်မှုကို ပရိသတ်တွေနဲ့အတူ ရယူသွားချင်ပါတယ်။ အိမ်ရှင်လုပ်တဲ့ပွဲဖြစ်တာကြောင့်လည်း ပရိသတ်တွေ များပြားမယ်လို့ မျှော်လင့်ပါတယ်။ တီမောအသင်းအကြောင်းကို သိထားခြင်းမရှိပါဘူး။ မလေးရှားအသင်းကတော့ လွန်ခဲ့တဲ့ ၂နှစ် ၃နှစ်ကတည်းက ပြိုင်ပွဲတွေကစားနေပြီဖြစ်လို့ ပိုပြီးကောင်းလာပါတယ်။ ကျွန်တော့်အနေနဲ့ မြန်မာပရိသတ်တွေအများကြီး ကွင်းထဲ လာရောက်အားပေးဖို့ တိုက်တွန်းချင်ပါတယ်။

ရော်ဂျာ ( မြန်မာ့လက်ရွေးစင်အသင်းနည်းပြ)

Credit : Myanmar Football 12th Players

27/07/2016

မန္တလေးက ၁၂ယောက်မြောက် ကစားသမားတွေရေ မန္တလာသီရိကွင်း မှာ ဧရာမအလံကြီး ဖြန့်ချီပြီး အားပေးမယ်တဲ့ဗျို့ အလံတော်ကြီးအောက်မှာ နိုင်ငံတော်သီချင်း ညီတူဟစ်ကြွေးပြီး မြန်မာအမျိုးသမီး အသင်းကို ကွင်းလုံးပြည့်အားပေးကြပါစို့,
အလံတော်ကြီးသယ်ဆောင်ဖြန့်ချီရာမှာတတ်နိုင်တဲ့ဘက်ကနေ ဝိုင်းဝန်းကူညီကြပါစို့

ဒုန်းဒုန်း မြန်မာ ဒုန်းဒုန်း ဘင်ခရာသံ မြိုင်ဆိုင်စွာနဲ့ အားပေးဖို့ အားမွေးထားကြတယ်ဟုတ်
မြန်မာအိမ်ကွင်းပရိသတ်အရောင် ဂျာစီအနီတွေနဲ့ဆို ပိုလှမှာဗျ
မန်းလေးမှာလဲ FBT ဂျာစီတွေရောင်းပေးနေတယ်တဲ့ဗျို့

27/07/2016

AFF Women's Championship 2016

MRTV မှ မြန်မာပွဲများကို တိုက်ရိုက်ထုတ်လွှင့်ပြသပါမည်။


Unicode:
AFF Women's Championship 2016
ပွဲစဉ်များအား ForSports Channel မှတိုက်ရိုက်ထုတ်လွှင့်ပြသမည်။

ဘောလုံးပရိသတ်တွေချင်း မသိလိုက်ရ မရှိအောင် လက်တို့ပြီး share လိုက်ကြပါဦး

Photo Credit: ForSports Channel

27/07/2016

မြန်မာ့လက်ရွေးစင်အသင်း လူစာရင်း အပြောင်းလဲ ရှိနိုင်
------

မြန်မာ့လက်ရွေးစင်အသင်း လူစာရင်း အပြောင်းလဲ ရှိနိုင်
------
လက်ရှိရွေးချယ်ထားသော မြန်မာ့လက်ရွေးစင်အသင်းပဏာမ (၂၉)ဦးစာရင်းမှာ ပုံသေမဟုတ်ဘဲ အပြောင်းအလဲ ရှိမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနေရှင်နယ်လိဂ်-၂၌ ဂိုးသွင်းနှုန်းအမြင့်ဆုံး ဖြစ်နေသည့် မြ၀တီတိုက်စစ်မှူး ရဲဝေယံစိုးနှင့် နေ ပြည်တော်အသင်းတိုက်စစ်မှူး ရန်ခတို့၏ ခြေစွမ်း များကို လက်ရွေးစင်အသင်းအတွက် လေ့လာစောင့်ကြည့်လျက်ရှိကြောင်းလည်း သိရှိရသည်။

Credit : Myanmar Football 12th Players

27/07/2016

ပွဲနေ့ !!!
AFF Women's Championship 2016
--/--
မြန်မာ နှင့် တီမော
ဇူလိုင် ၂၇, ညနေ ၆:၀၀
မန္တလာသီရိကွင်း

MRTV နှင့် ForSports Channel တို့မှတိုက်ရိုက်ပြသမည်။
-/-
ပရိသတ်များ မသိလိုက် မကြည့် လိုက်ရ မဖြစ်ရလေအောင်
မသိသေးတဲ့လူတွေအတွက် Share လုပ်ပြီးလက်တို့ဝေငှပေးပါခင်ဗျ..
-/-
MRTV မှလာသောဘောလုံးပွဲများကို တိုက်ရိုက်ကြည့်ရှုရန်
--/--

ကွန်ပြူတာနှင့် အောက်ပါလင့်တွင် တိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်

http://www.myanmartvchannel.com/mrtv.html

Android ဖုန်းများအတွက် MRTV အပလီကေးရှင်း

https://play.google.com/store/apps/details…

IOS Apple ဖုန်းအတွက် MRTV အပလီကေးရှင်း
https://appsto.re/sg/yAilD.i

IOS သမားများအတွက် ဖုန်းဖြင့် ကြည့်ရန် အညွှန်း
https://www.facebook.com/MF12P/posts/1071376062932543:0

Credit : Myanmar Football 12th Players

27/07/2016

Are You Ready for AFF MYANMAR Women's Championship 2016..!! ?

ကျတော်တို့ သမိုင်း ကျတော်တို့ ရေးရမှာ... .
မန္တလေးက ၁၂ယောက်မြောက် ကစားသမားတို့ရေ မန္တလာသီရိကွင်း မှာ ဧရာမအလံကြီး ဖြန့်ချီပြီး အားပေးမယ်တဲ့ဗျို့ အလံတော်ကြီးအောက်မှာ နိုင်ငံတော်သီချင်း ညီတူဟစ်ကြွေးပြီး မြန်မာအမျိုးသမီး အသင်းကို ကွင်းလုံးပြည့်အားပေးကြပါစို့, ....
မန္တာသီရိကွင်းက မန္တလေးပရိသတ် ထုံးစံအတိုင်း Phone Flashlight တွေလဲ ထွန်းမယ်တဲ့ဗျာ..
ချစ်ဖို့ကောင်းလွန်းတဲ့ မြန်မာ့ ၁၂ယောက်မြောက် ကစားသမားများရဲ့ အင်အား ကိုတူညီမှု ညီညွတ်မှုတွေနဲ့ ပြကြပါစို့ဗျာ

မန်းလေးကအမျိုးတွေကို လက်တို့ဝေမျှပေးပါဦးဗျို့

■■ AFF MYANMAR Women's Championship 2016 ■■

■ Myanmar Vs Timor Leste
27.7.2016
6:00 PM
Mandalarthiri Stadium , Mandalay

■ Myanmar Vs Malaysia
29.7.2016
6:00 PM
Mandalarthiri Stadium , Mandalay

■ Myanmar Vs Australia
31.7.2016
6:00 PM
Mandalarthiri Stadium , Mandalay

Credit & Thanks to Myat Hein Khant

22/07/2016

နက်ပြာ ရောင်ကို အဖြူရောင်လေးနဲ့ ရိုက်ပေးထားပါတယ်

21/07/2016

စင်ကာပူမေခဝတီအသင်းအတွက်

18/07/2016

FBT SportsWear

အနောက်မြင်းပြိုင်ကွင်းလမ်း၊ ဦးချစ်မောင်အိမ်ရာ ၊ဗဟန်းမြို့ နယ်။
09780555562, 09455554444

18/07/2016

AFF Smart U16 Championship 2016

Myanmar U16 3-0 Philippines U16 (FT)

18/07/2016

လှလိုက်တာ။ကိုယ့်ဘာသာရိုက် ကိုယ့်ဘာသာကြိုက်😜😁😁

18/07/2016

Myanmar Football Federation

MFF 100 PLus U14 Super Cup 2016 တိုင်းနှင့်ပြည်နယ် အသက်(၁၄)နှစ်အောက် ဗိုလ်လုပွဲ
ရန်ကုန် (1-1) မန္တလေး (အချိန်ပို ဒုတိယပိုင်း)

18/07/2016

မြန်မာအသင်းဟာ ဖိလပိုင်အသင်းကို ကစားကွက်အသာဖြင့် ဖိကစားနေသော်လည်း ပိထမပိုင်းအပြီး ဂိုးအဖြစ်ဖန်တီးနိုင်မှုမရှိသေးပါဘူး

18/07/2016

မြန်မာ အမျိုးသမီးအသင်းကိုလဲ အားပေးကျပါစို့ဗျာ

18/07/2016

Match Day!!!
--/--
မြန်မာယူ၁၆ နှင့် ဖိလပိုင်ယူ၁၆
၁၈-၀၇-၂၀၁၆ (ယနေ့), ညနေ ၃:၀၀နာရီ(မြန်မာ)
MWD မှတိုက်ရိုက်ထုတ်လွှင့်ပြသမည်။
တိုက်ရိုက်ကြည့်ရှုရန်လင့်
https://youtu.be/uDqbgDkuSeE


Credit : MF12thPlayers

18/07/2016

အားကစား အသင်းဝတ်စုံများနှင့် အသင်းအဖွဲ့ များ အတွက် Sticker ရိုက်နှိပ် ပေးသော ၀င်ဆောင်မှုပေးနေပါတယ်။ တစ်ထည်ခြင်းလည်း Sticker ရိုက်လို့ ရပါတယ်။ အကောင်းဆုံးနှင့် အမြန်ဆုံးဝန်ဆောင်မှုတို့ဖြင့် ဆောင်ရွက်ပေးနေပါ
သည်။
ဖုန်း - 09780555562, 09780555561

16/07/2016

FOR VIP

16/07/2016

မြန်မာ့လက်ရွေးစင် အသင်းလေ့ကျင့်ရေး ဝတ်စုံအတွက် ရိုက်ထားတာလေးပါ။

16/07/2016

စင်ကာပူက တသင်းစာ ရိုက်ထားတာလေးပါ။

16/07/2016

တပ်မတော် ကာကွယ်ရေးအသင်း ချစ်ကြည်ရေးပွဲအတွက်တုန်းက ရိုက်ထားတာလေးပါ။

16/07/2016

MISY က ကလေးတွေအတွက် ရိုက်ထားပေးတာပါ

16/07/2016

အဆင်သင့်ပဲလား ပရိသတ်ကြီး

Credit : Myanmar Football 12th Players

15/07/2016

Sticker Printing Services's cover photo

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


U Chit Maung Street
Yangon
11211

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Other Printing Services in Yangon (show all)
DTF Myanmar DTF Myanmar
အမှတ် ၃၅ ၊ မြေညီထပ် ၊ ဇေယျဝတီ (ဗဟိုလမ်း) ၊ AYA Bank ဘေးချင်းကပ် ၊ စမ်းချောင်း
Yangon, 11111

We sell DTF Printer, ink , film , powder and accessories. And also we are giving DTF-modified service.

Aung Si Aung Si
No. 98/A, Bawgabala Street, North Okkalapa Industry, North Okkalapa Tsp
Yangon, 11031

GARMENT, PRINTING , EMBROIDERY

ချစ်စိန် ကြော်ငြာအမျိုးမျိုးနှင့်တံဆိပ်ရိုက်လုပ်ငန်း ချစ်စိန် ကြော်ငြာအမျိုးမျိုးနှင့်တံဆိပ်ရိုက်လုပ်ငန်း
70/A, Koh Min Koh Chin Road, Bahan
Yangon

လူကြီးမင်းတို့ စိတ်တိုင်းကျ ၀န်ဆောင်မူပေးတဲ့ Chit Sein Silk Screen Printing ကိုလာခဲ့ဖို့ဖိတ်ခေါ်ပါရစ

NAING HTOO AUNG NAING HTOO AUNG
Bldg 2, Room 1, Hledan Road, Kamayut Tsp
Yangon, 11041

We offer THREE KINDS of service : Good / Cheap / Fast You can pick ANY TWO Good & Cheap –> won’t be Fast Good & Fast –> won’t be Cheap Fast & Cheap –> won’t be Good

The Hive Studio Myanmar The Hive Studio Myanmar
Yangon, 11231

We provide superior quality 3D Design and 3D Printing services for all Prototyping, Engineering, Cra

Shwe Nan Daw Plastic Printing Company Shwe Nan Daw Plastic Printing Company
Nyaung Yan Road
Yangon, 11181

Our company prints best quality logos on all kinds of food and consumer plastic bags from the whole

MEGA Printing MEGA Printing
No. 12, Room No. 204, Aye Yeik Mon 4th Street, Hlaing Township
Yangon, MYANMAR

Design and Printing

Your Gallery Your Gallery
Yangon

Bag & Box Packaging Bag & Box Packaging
No. 251, 2nd Fl, Seikkanthar Street
Yangon, 11182

ကုန်ထုပ်ပိုးမှု Paper Box & Bag Packaging များကို တစ်နေရာထဲမှာ One Stop Services ရရှိနိုင်ပါတယ်။

Say Yaung Chal - ဆေးရောင်ခြယ် Say Yaung Chal - ဆေးရောင်ခြယ်
Banyardala Road
Yangon

Paper & Plastic Bags printing service

KYAW အဆင့်မြင့်တံဆိပ်ရိုက်လုပ်ငန်း KYAW အဆင့်မြင့်တံဆိပ်ရိုက်လုပ်ငန်း
Yangon

KYAW အဆင့်မြင့်ကြော်ငြာတံဆိပ်ရိုက်လုပ်ငန်း 09-425552353 ရန်ကုန်မြို့

Swal Sone Sann Printing Services Swal Sone Sann Printing Services
Yangon, 11171

ဓါးဘောင်၊စက္ကူဘူးချိုးနှင့်ပုံနှိပ?