HAGL Myanmar

HAGL Myanmar Centre is a major Vietnamese investment in Myanmar, featuring mixed-use development.

05/10/2024

စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက ရေဘေးဒဏ်ခံပြည်သူများအတွက် ပြင်းပြတဲ့စိတ်နဲ့အရောက်သွားခဲ့တဲ့ “𝐖𝐞 𝐂𝐚𝐫𝐞, 𝐖𝐞 𝐒𝐡𝐚𝐫𝐞” ရဲ့ ရေဘေးအလှု

ဗီယက်နမ် ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီ HAGL Myanmar ရဲ့ လူမှုအကျိုးပြုအစီအစဥ် “𝐖𝐞 𝐂𝐚𝐫𝐞, 𝐖𝐞 𝐒𝐡𝐚𝐫𝐞” မှ ရေဘေးအလှူအဖြစ် ငွေကျပ် သိန်း(၂၅၀) ကို ကနဦး မတည်ခဲ့ပြီး ၊ မိတ်ဘက်လုပ်ငန်းများဖြစ်သည့် မြန်မာစင်တာရုံးခန်းတာဝါမှကုမ္ပဏီများ၊ မြန်မာပလာဇာမှဆိုင်ခန်းများ၊ HAGL Myanmar ကုမ္ပဏီမှဝန်ထမ်းများက သဒ္ဒါတရားထက်သန်စွာဖြင့် ပါဝင်လှူဒါန်းပေးမှုကြောင့် ပစ္စည်း + ငွေသား တန်ဖိုး စုစုပေါင်း ကျပ်သိန်း လေးရာ့လေးဆယ့်ကိုးသိန်း ခြောက်ရာ(၄၄,၉၀၀,၆၀၀)တန်ဖိုးရှိ အစားအသောက်ဆေးဝါး၊ရေသန့်၊အသုံးအဆောင်များကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းဖြစ်ခဲ့တဲ့ ကုသိုလ်ဒါနအစုစုကို အားလုံးထပ်တူထပ်မျှရရှိနိုင်ရန် ယခု ဗီဒီယိုလေးမှ တဆင့် မျှဝေပေးလိုက်ရပါတယ်။

"We Care, We Share" by HAGL Myanmar has generously provided support to the individuals affected by the recent flooding along the eastern bank of the Sittaung River. 🌷

In response to the ongoing floods in Myanmar, HAGL Myanmar's social welfare program, "𝐖𝐞 𝐂𝐚𝐫𝐞, 𝐖𝐞 𝐒𝐡𝐚𝐫𝐞," has committed to donating 25,000,000 MMK to swiftly relieve flood-related disasters in Taungoo.

Thanks to the enthusiastic participation of partners, including shops from Myanmar Plaza, businesses in the Myanmar Center Office Tower, and devoted colleagues at HAGL Myanmar, the total donations also came to 44,900,600 MMK (cash +in-kind donations). For the enjoyment of all donors, we are sharing the video of the "We Care We Share" team personally delivering flood relief supplies to the flood victims. May pain and suffering be released as a result of this goodness.🌷

Photos from HAGL Myanmar's post 26/09/2024

🌷🌷သွားကူရန်မလွယ်လှတဲ့ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက ရေဘေးဒဏ်ခံပြည်သူများဆီ “𝐖𝐞 𝐂𝐚𝐫𝐞, 𝐖𝐞 𝐒𝐡𝐚𝐫𝐞” အရောက်သွားခဲ့ပါတယ်…

🛶🛶တောင်ငူမြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းတစ်လျောက်ရှိ စက်လှေနဲ့မှ သွားရောက်နိုင်သော ပဒဲ၊ ကမ်းပါးနီ၊ အရှေ့ဆင်ရွာ၊ သဲတာရွာ၊ အင်းဝင်းရွာ၊ နောင်ဘိုရွာ စတဲ့ကျေးရွာတွေမှာ အိမ်ခြေ ၂,၀၀၀ ခန့် ရေဘေးဒဏ်ခံခဲ့ရပြီး ရေဘေးအကူအညီများလိုအပ်နေတယ်လို့ သိရတဲ့အတွက် သွားရောက်လှုဒါန်းနိုင်ဖို့ “𝐖𝐞 𝐂𝐚𝐫𝐞, 𝐖𝐞 𝐒𝐡𝐚𝐫𝐞” မှ စီစဥ်ခဲ့ပါတယ်။

🤩🤩ဗီယက်နမ် ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီ HAGL Myanmar ရဲ့ လူမှုအကျိုးပြုအစီအစဥ် “𝐖𝐞 𝐂𝐚𝐫𝐞, 𝐖𝐞 𝐒𝐡𝐚𝐫𝐞” မှ ရေဘေးအလှူအဖြစ် ငွေကျပ် သိန်း(၂၅၀) ကို ကနဦး မတည်ခဲ့ပြီး ၊ မိတ်ဘက်လုပ်ငန်းများဖြစ်သည့် မြန်မာစင်တာရုံးခန်းတာဝါမှကုမ္ပဏီများ၊ မြန်မာပလာဇာမှဆိုင်ခန်းများ၊ HAGL Myanmar ကုမ္ပဏီမှဝန်ထမ်းများက သဒ္ဒါတရားထက်သန်စွာဖြင့် ပါဝင်လှူဒါန်းပေးမှုကြောင့် စုစုပေါင်း ပစ္စည်း + ငွေသား တန်ဖိုး ကျပ်သိန်း လေးရာ့လေးဆယ့်ကိုးသိန်း ခြောက်ရာ(၄၄,၉၀၀,၆၀၀)ကျပ်တိတိကိုရရှိခဲ့ပါတယ်။

ရရှိခဲ့သောအလှူငွေများထဲမှ ရေဘေးဒဏ်ကြောင့် လတ်တလောအရေးပေါ်လိုအပ်နေတဲ့ အစားအသောက်၊ ရေသန့်၊ ဆန်ဆီဆေးဝါးနဲ့ စောင်၊ ခြင်ထောင်၊ ဖိနပ်၊ ဆပ်ပြာမှုန့်တို့ ပါဝင်တဲ့ ရေဘေးအလှူပစ္စည်းများကို အိမ်ထောင်စု (၇၀၀) စာအတွက်လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် ချက်ပြုတ်စားသောက်ရန် အိုးခွက်ပန်းကန်စုံ အစုံ (၁၅၀)၊ လျှပ်စစ်မီးပြတ်တောက်နေတဲ့အတွက် အရေးပေါ်အသုံးပြုနိုင်ရန် ဆိုလာအားသွင်းဓာတ်မီးအလုံး (၁၅၀)၊ဖယောင်းတိုင်ဆိုဒ်လတ်အထုပ်(၁၀၀) ၊ပါဝါဘန့် (၁၁) စုံတို့ကို လိုအပ်တဲ့နေရာများတွင် ‌မျှ‌‌‌‌‌‌ဝေအသုံးပြုနိုင်ရန်လည်း လိုရာမကျန်ပြည့်စုံအောင် စီစဥ်လှူဒါန်းဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် တောင်ငူဒေသအတွင်း ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသော မြန်မာနိုင်ငံလူမှုကူညီရေးအဖွဲ့ (ပဲခူးတိုင်းဒေသကြီး ကေတုမတီ တောင်ငူမြို့) သို့လည်း လတ်တလောတွင် စားရေးသောက်ရေး အခက်အခဲဖြစ်နေတဲ့ ရေဘေးဒဏ်ခံပြည်သူများအတွက် လိုအပ်တဲ့ဆန်ဆီစတဲ့ စားနပ်ရိက္ခာများ၀ယ်ယူနိုင်ရန်နဲ့ အသင်းသုံးမော်တော်ယာဥ်နဲ့ စက်လှေများတွင် စက်သုံးဆီဖြည့်တင်းပေးနိုင်ရန် အလှူငွေကျပ် (၂၅) သိန်းကိုလည်း ပေးအပ်လှူဒါန်းဖြစ်ခဲ့ပါတယ်။

ရေဘေးသင့်ပြည်သူများ ၏အခက်အခဲကိုစာနာသောအားဖြင့် ပါဝင်လှုဒါန်းကြပါသောအလှုရှင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းများနဲ့ ကုသိုလ်ရှင်၊စေတနာရှင်များ အားလုံးကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ရှိပါတယ်။

🙏🙏ဤကောင်းမှုအစုစုကြောင့်သောကတွေ ဒုက္ခတွေကင်းငြိမ်းကြပါစေ။

"𝐖𝐞 𝐂𝐚𝐫𝐞, 𝐖𝐞 𝐒𝐡𝐚𝐫𝐞" recently extended a helping hand to the flood-affected people residing on the east bank of the Sittaung River. This area is quite challenging to access, which made our efforts even more essential.
In Taungoo Township along the East Bank of the Sittaung River, approximately 2,000 households in Pade, Kampa Ni, A Shae Sin, Thel Taw, Inn Win, and Naung Bo Village were severely impacted by the floods and were in desperate need of assistance. In light of this, "𝐖𝐞 𝐂𝐚𝐫𝐞, 𝐖𝐞 𝐒𝐡𝐚𝐫𝐞" coordinated donations to provide the necessary aid.

In response to the ongoing floods in Myanmar, HAGL Myanmar's social welfare program, "𝐖𝐞 𝐂𝐚𝐫𝐞, 𝐖𝐞 𝐒𝐡𝐚𝐫𝐞," has committed to donating 25,000,000 MMK for the swift relief of flood-related disasters in Taungoo. Moreover, the total donations amounted to 44,900,600 MMK as a result of the enthusiastic participation of partners, including businesses in the Myanmar Center Office Tower, retailers from Myanmar Plaza, and dedicated colleagues at HAGL Myanmar.
Thanks to generous donations, supplies such as food, clean water, rice, oil, blankets, mosquito nets, shoes, and detergent powder were distributed to 700 households grappling with urgent needs. Additionally, we provided 150 sets of pots, pans, and plates for cooking and eating, 150 solar-charged flashlights, 100 packs of medium-sized candles, and 11 sets of power banks to address emergency requirements arising from power outages.

Furthermore, a donation of 2,500,000 MMK was made to the Myanmar Rescue Organization (Bago Division, Kaytumati, Taungoo City) to procure food supplies such as rice and oil for the flood-affected individuals who are currently facing food shortages, as well as to refuel the team's vehicles and boats.

We express our heartfelt gratitude to all the social relief organizations and benefactors who have contributed out of compassion for the plight of the flood-affected people.

14/09/2024

💗💗 မြန်မာပြည်သူများခံစားနေရသော ရေဘေးအတွက် ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ HAGL Myanmar ၏လူမှုအကျိုးပြုအစီအစဥ် "𝐖𝐞 𝐂𝐚𝐫𝐞, 𝐖𝐞 𝐒𝐡𝐚𝐫𝐞“ မှအလှုငွေကျပ် သိန်းနှစ်ရာငါးဆယ် (၂၅,၀၀၀,၀၀၀) ကို အမှန်တကယ်လိုအပ်လျက်ရှိသောနေရာများတွင် မတည်လှူဒါန်းသွားမည်ဖြစ်ပါသည်။
🙏🙏ရေဘေးဒုက္ခများ အမြန်ဆုံးကင်းဝေးပြီး သောကတွေ ဒုက္ခတွေငြိမ်းအေးပါစေကြောင်း “𝐖𝐞 𝐂𝐚𝐫𝐞, 𝐖𝐞 𝐒𝐡𝐚𝐫𝐞“မှဆုတောင်းပေးအပ်ပါသည်။
💗💗"In response to the current floods affecting Myanmar, the Vietnamese investment company HAGL Myanmar's social welfare program, "𝐖𝐞 𝐂𝐚𝐫𝐞, 𝐖𝐞 𝐒𝐡𝐚𝐫𝐞" will donate 25 million MMK to the affected areas.
🙏🙏"𝐖𝐞 𝐂𝐚𝐫𝐞, 𝐖𝐞 𝐒𝐡𝐚𝐫𝐞" wishes for the quick elimination of flood disasters as well as the end to people's grief and suffering."

Photos from HAGL Myanmar's post 10/09/2024

🏆HAGL Myanmar ရဲ့ ဒုတိယအကြိမ်မြောက် အားကစားပွဲတော် "𝐂𝐨𝐧𝐧𝐞𝐜𝐭𝐢𝐧𝐠 𝐒𝐭𝐫𝐞𝐧𝐠𝐭𝐡, 𝐂𝐨𝐧𝐧𝐞𝐜𝐭𝐢𝐧𝐠 𝐒𝐮𝐜𝐜𝐞𝐬𝐬"

ဝန်ထမ်းအချင်းချင်း လေးစားချစ်ခင်မှု၊ ညီညွတ်မှု၊ လက်တွဲညီမှုတို့ကို ပြသရန်ရည်ရွယ်ချက်ဖြင့် ပြုလုပ်ကျင်းပတဲ့ "Connecting Strength, Connecting Success" အားကစားပွဲတော်ကို ဝန်ထမ်းအားလုံးစုံစုံညီညီ သိုက်သိုက်၀န်း၀န်းဖြင့် စက်တင်ဘာလ ၇ရက်နေ့က ပြုလုပ်ကျင်းပပြီးစီးခဲ့ပါတယ်..🏆 စိတ်ကိုကျန်းမာစေပြီး ကိုယ်ခန္ဓာကို ကြံ့ခိုင်စေရုံသာမက စည်းလုံး ညီညွတ်ခြင်းနဲ့ အဖွဲ့အစည်းအတွင်း စုပေါင်းစိတ်ဓာတ်ကို ပိုမိုမြင့်တင်ပေးနိုင်ရန်အတွက် ရည်ရွယ်ပြီးပြုလုပ်ခဲ့တဲ့ အဆိုပါအားကစားပွဲတော်မှာ ဖူဆယ်လ်ဘောလုံးအားကစား ၊ လွန်ဆွဲပြိုင်ပွဲနဲ့ အခြားစိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းကစားနည်းများနဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ပြုလုပ်ကျင်းပခဲ့ပါတယ်

🥰ပြိုင်ပွဲအသီးသီးမှာ ထိုက်တန်စွာအနိုင်ရရှိသွားတဲ့ အဖွဲ့များအားလုံးအတွက်လည်း ကျေနပ်ဝမ်းမြောက်ရသလို ပါဝင်ယှဉ်ပြိုင်ပေးကြသူများရဲ့ စွမ်းရည်နဲ့ စိတ်အားထက်သန်မှုများ ကိုလည်း အထူးပင် ကျေးဇူးတင်ဂုဏ်ယူရပါတယ်။ HAGL Sports Day 2024 ဖြစ်မြောက်ရေးအတွက် ပူးပေါင်းပါဝင်ပေးခဲ့ကြတဲ့ အားကစားမောင်မယ်များနဲ့ ဌာနအသီးသီးက ဝန်ထမ်းများအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိကြောင်းပြောကြားပါရစေ။🥰

𝗛𝗔𝗚𝗟 𝗠𝘆𝗮𝗻𝗺𝗮𝗿 Sport Event ရဲ့ပြိုင်ပွဲပုံရိပ်များကို အတူတူပြန်လည်ကြည့်ရှု ခံစားနိုင်ဖို့အတွက် မျှဝေလိုက်ရပါတယ်နော်။ 🎖️🏅

🏆 HAGL Myanmar Sports Day 2024 Recap🏆

On September 7th, our employees gathered for the HAGL Myanmar Sports Day 2024. The event, with the theme "𝐂𝐨𝐧𝐧𝐞𝐜𝐭𝐢𝐧𝐠 𝐒𝐭𝐫𝐞𝐧𝐠𝐭𝐡, 𝐂𝐨𝐧𝐧𝐞𝐜𝐭𝐢𝐧𝐠 𝐒𝐮𝐜𝐜𝐞𝐬𝐬" featured a day of thrilling sports events. Throughout intense team challenges, the energy and enthusiasm were truly contagious. We witnessed relentless determination and strong teamwork as everyone pushed their limits in an exciting event with 𝐟𝐮𝐭𝐬𝐚𝐥, 𝐭𝐮𝐠 𝐨𝐟 𝐰𝐚𝐫, 𝐚𝐧𝐝 𝐨𝐭𝐡𝐞𝐫 𝐟𝐮𝐧 𝐠𝐚𝐦𝐞𝐬.

Congratulations to all the winners and participants; your dedication is both inspiring and commendable.

A special thank you to every athlete and employee who participated in making Our Sports Day happen!

We are sharing this memorable moment from the event to enjoy together.
Here's to another successful Sports Day! 🎖️🏅

19/08/2024

"Looking for the perfect office space for your growing business?𝐓𝐡𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐞𝐧𝐭𝐫𝐞 𝐎𝐟𝐟𝐢𝐜𝐞 𝐓𝐨𝐰𝐞𝐫 awaits you, ideally situated within the esteemed 𝐇𝐀𝐆𝐋 𝐌𝐲𝐚𝐧𝐦𝐚𝐫 project, where you can benefit from excellent networking opportunities for your business."

With natural sunlight and a soothing view of Inya Lake and Yangon City, it offers a pleasant atmosphere for work that enhances employee performance.
Convenient for everything, close to Myanmar Plaza shopping mall, Meliá Yangon Hotel, and leading banks.
Myanmar Centre can help you find the perfect office solution for businesses of any size, regardless of the number of employees, from one to over 1,000.
We offer:
Commercial Office
Our commercial office spaces in a prime corporate location with easy access to amenities are ideal for businesses looking to build a strong brand presence.
Serviced Office
With its fully equipped and furnished workstation, our serviced office will provide a seamless work environment and portray a professional business image.
Co-working Space
With private workspaces, easy access to amenities, and total privacy, you will experience complete comfort.
Meeting Room
Our fully equipped private meeting rooms offer the perfect environment for enabling effective collaboration and decision-making.
Virtual Office
Establish a professional business image with our virtual office, which offers a prestigious business address, phone number, mail handling, and administrative support.
Boost your business with international high-standard offices at 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗖𝗲𝗻𝘁𝗿𝗲 office tower.
𝗦𝗮𝗹𝗲𝘀 𝗛𝗼𝘁 𝗟𝗶𝗻𝗲: 09- 785 559 678
https://www.myanmarcentretower.com/

11/08/2024

HAGL Myanmar က တာဝန်ယူတည်ဆောက်ထားတဲ့ Myanmar Centre Residence ကို ဘာကြောင့်ရွေးချယ်သင့်တယ်ဆိုတာ ယခု Video Vlog ကနေ လေ့လာကြည့်ရှုလိုက်ရအောင်!
"Let's find out why you should choose the Myanmar Centre Residence, developed by HAGL Myanmar, by watching this video vlog!"

Photos from HAGL Myanmar's post 30/07/2024

မြန်မာတို့၏ အထွဋ်အမြတ်ထားရာ "ဝါဆိုမြတ်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း” ကို အလေးအမြတ်ထားသောအားဖြင့် HAGL Myanmar ကုမ္ပဏီမိသားစုမှလည်း ဘုရားအမှုးပြုသောသံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်း၊ နေ့ဆွမ်း နှင့် အခြားလှူဖွယ်ဝတ္ထု အစုစုတို့ကို ဆပ်ကပ်လှူဒါန်းဖြစ်ခဲ့ပါတယ်။
နှစ်စဥ်လှုဒါန်းနေကျဖြစ်သော အဆိုပါ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ဇူလိုင်လ ၂၄ ရက်နေ့၊ ဗုဒ္ဓဟူးနေ့က HAGL Myanmar ကုမ္ပဏီ ရုံးတည်ရှိရာ မြန်မာစင်တာ တာ၀ါ(၂)၊ ၁၄ လွှာတွင် ပြုလုပ်ခဲ့ပါတယ်။
ဤကုသိုလ်ကြောင့် အားလုံးပဲအေးချမ်းမှုတွေရရှိကြပါစေ 🙏🙏🙏


To honour the significant practice of Waso Robe offering in Myanmar Tradition, HAGL Myanmar company offered alms food, Waso Holy Robes, and necessary Sangha supplies to the monks. An annual ceremony was held at the company office at 14 F, Myanmar Centre Tower 2, on July 24, 2024, in the presence of HAGL Myanmar employees. May these good deeds result in the release of all suffering! 🙏🙏🙏

20/07/2024

🙏🏻ယနေ့ကျရောက်သော ဝါဆိုလပြည့်နေ့၊ မင်္ဂလာရှိသောနေ့ အခါသမယ၌ အေးငြိမ်းချမ်းသာခြင်းနှင့်အတူ ချစ်ခြင်းမေတ္တာတရားများနှင့် တိုးပွားပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏🏻

🙏 On the auspicious day, we wish everyone a happy and blissful Full Moon Day of Waso! 🙏

27/06/2024

🏢သင့်လုပ်ငန်းရဲ့ပုံရိပ်နဲ့ ပရော်ဖက်ရှင်နယ်ကိုပြသဖို့ အကိုက်ညီဆုံးရုံးခန်းတစ်ခုကို ဗီယက်နမ်နိုင်ငံအခြေစိုက် HAGL Myanmar ရဲ့ Mixed-Used Development Project ထဲက Myanmar Centre Office Tower မှာ တည်‌ဆောက်နိုင်ဖို့ ယခု Office Tour ကနေ လေ့လာရွေးချယ်ကြည့်လိုက်ရအောင်…..✔️

🏢Let's choose the suitable office for your business in Myanmar Center Office Tower, one of the mixed-used development project by HAGL Myanmar, which is a Vietnam- based company, to strongly highlight your business image and professionalism.✔️

Photos from HAGL Myanmar's post 01/06/2024

👯𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐡𝐢𝐥𝐝𝐫𝐞𝐧'𝐬 𝐃𝐚𝐲 အမှတ်တရအဖြစ် HAGL Myanmar မှ ဝန်ထမ်းများရဲ့ အသက်(၁၄) နှစ်အောက် သားသားမီးမီးတိုင်းကို Gift Voucher များလက်ဆောင်ပေးအပ်ခဲ့ပါတယ်။🥳🥰
မြန်မာပလာဇာမှာ တပျော်တပါး ဆော့ကစားခဲ့ကြ၊ မုန့်တွေစားခဲ့ကြတဲ့ သားသားမီးမီးလေးတွေရဲ့ပုံရိပ်များကို မျှဝေပေးလိုက်ပါတယ်။ 😍😍
ကမ္ဘာပေါ်မှာရှိတဲ့ကလေးတိုင်း အပူအပင်ကင်းစွာ ပျော်ရွှင်ကျန်းမာကြပါစေ။

👯HAGL Myanmar gave gift vouchers to every child of the employees under the age of 14 as a joyous celebration of 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐡𝐢𝐥𝐝𝐫𝐞𝐧'𝐬 𝐃𝐚𝐲.
Let us share the pictures of the children playing and eating happily together at Myanmar Plaza today. 😍😍
May every child in the world be happy and healthy without worry and anxiety. 🫶

Photos from HAGL Myanmar's post 20/05/2024

JOB VACANCY ANNOUNCEMENT 📣📣📣
Communication Executive ရာထူးကို လျှောက်ထားလိုသူများအနေဖြင့် [email protected] ကို CV ပေးပို့ပြီးလျှောက်ထားနိုင်ပါ သည်။

Photos from HAGL Myanmar's post 20/05/2024

JOB VACANCY ANNOUNCEMENT 📣📣📣
Public Relations Executive ရာထူးကို လျှောက်ထားလိုသူများအနေဖြင့် [email protected] ကို CV ပေးပို့ပြီးလျှောက်ထားနိုင်ပါ သည်။

Photos from HAGL Myanmar's post 07/05/2024

JOB VACANCY ANNOUNCEMENT 📣📣📣
Digital Marketing Executive ရာထူးကို လျှောက်ထားလိုသူများအနေဖြင့် [email protected] ကို CV ပေးပို့ပြီးလျှောက်ထားနိုင်ပါ သည်။

Photos from HAGL Myanmar's post 24/04/2024

JOB VACANCY ANNOUNCEMENT 📣📣📣
Senior Graphic Designer ရာထူးကို လျှောက်ထားလိုသူများအနေဖြင့် [email protected] ကို CV ပေးပို့ပြီးလျှောက်ထားနိုင်ပါ သည်။

12/04/2024

"အလှူရှင်မရှိရင် ဆန်စက်တွေမှာ အကြွေးသွားယူရတယ်။ အလှူရှင်တွေလှူမှသာ အကြွေးပြန်ဆပ်ရပါတယ်။"

ရန်ကုန်တိုင်းဒေသကြီး ၊သန်လျင်မြို့နယ် ပုဂံတောင်ကျေးရွာမှာတည်ရှိတဲ့ "ဓမ္မိကာရာမပျိုးဥယျာဉ် ပရိယတ္တိ - ရွှေကျင်စာသင်တိုက်"ဟာ မြန်မာပြည်အရပ်ရပ်က မိဘမဲ့ကလေးငယ် ၂၅၀ ကျော်ကို စားသောက်နေထိုင်ရေးအတွက်သာမက၊ပညာပါသင်ကြားပို့ချပေးကာ ပျိုးဥယျာဉ်သဖွယ်စောင့်ရှောက်ပေးလျက်ရှိနေပါတယ်။

𝐖𝐞 𝐂𝐚𝐫𝐞,𝐖𝐞 𝐒𝐡𝐚𝐫𝐞 𝐛𝐲 𝐇𝐀𝐆𝐋 𝐌𝐲𝐚𝐧𝐦𝐚𝐫 ရဲ့ ယခုလှုဒါန်းမှုမှသည် ကလေးငယ်များရဲ့အနာဂါတ်အတွက်အထောက်အပံ့ြဖစ်ပါစေသားဟု ဆန္ဒပြုလျက် ဆက်လက်ကြိုးစားသွားပါဦးမယ်။

"We can survive when there is a donor; if not, we lend from Rice Mill owner," said the chief monk.

"Dhamika Yama Parirati-Shwe Kyin Monastic School," located in Bagan Taung Village, Thanlyn Township, Yangon Region, is home to over 250 underprivileged and orphaned children from all over Myanmar.

We will keep working in the hopes that our contribution to the children will be helpful to their success in the future.

Photos from HAGL Myanmar's post 12/04/2024

🌿မြန်မာ့ရိုးရာအစဉ်အလာတစ်ခုဖြစ်တဲ့ အတာသင်္ကြန်ပွဲတော်ကို ကြိုဆိုသောအားဖြင့် HAGL Myanmar ရဲ့ သင်္ကြန်အကြိုပွဲတော်ကို 9.4.2024 နေ့ရက်မှာ ဝန်ထမ်းများစုံညီစွာနဲ့ ကျင်းပခဲ့ပါတယ်။
မြန်မာ့ရိုးရာယဉ်ကျေးမှုများကို တန်ဖိုးထားမြတ်နိုးသောပြယုဂ်တစ်ခုအနေဖြင့်ကျင်းပတဲ့ ဗီယက်နမ်အခြေစိုက် ကျွန်ုပ်တို့ HAGL Myanmar ကုမ္ပဏီရဲ့ သင်္ကြန်ပွဲတော်ကို မြန်မာ၀န်ထမ်းများအပြင် ၊ နိုင်ငံခြားသား၀န်ထမ်းများပါ ပါ၀င်ဆင်နွှဲကြိုဆိုခဲ့ကြပါသည်။

🌿HAGL Myanmar's Pre-Thingyan Festival was held on 9.4.2024 with our employees as a welcoming of the Myanmar Traditional Thingyan Festival.

As a Vietnam-based company, we held the Pre-Thingyan Festival as a symbol of appreciation for Myanmar's traditional culture, and both the Myanmar employees and expats participated with joy and affection.

Photos from HAGL Myanmar's post 21/03/2024

🥀ဆင်းရဲမွဲတေမှုနဲ့ ခိုလှုံရာကင်းမဲ့မှုပြဿနာတွေကြောင့် ..ပညာသင်ကြားခွင့်မရတဲ့ ကလေးငယ်တွေ...ငတ်မွတ်ခေါင်းပါးမှုဒါဏ်ကို ခံစားနေကြရတဲ့ကလေးငယ်တွေ များစွာ ရှိနေပါတယ်။

👫ကလေးငယ်တွေဟာ နောင်အနာဂါတ်ရဲ့ လူ့စွမ်းအားအရင်းအမြစ်တွေဖြစ်တာနဲ့အညီ ခုတစ်ခေါက်မှာ
𝐖𝐞 𝐂𝐚𝐫𝐞, 𝐖𝐞 𝐒𝐡𝐚𝐫𝐞 က ကလေးငယ်ပေါင်း ၂၅၀ ကျော်ကိုပညာတွေသင်ကြားပျိုးထောင်ပေးနေတဲ့ "ဓမ္မိကာရာမပျိုးဥယျာဉ် ပရိရတ္တိ - ရွှေကျင်စာသင်တိုက်" ကို သွားရောက်လှူဒါန်းဖြစ်ခဲ့ပါတယ်။

"ဓမ္မိကာရာမပျိုးဥယျာဉ် ပရိရတ္တိ - ရွှေကျင်စာသင်တိုက်"ဟာ ရန်ကုန်တိုင်းဒေသကြီး ၊သန်လျင်မြို့နယ် ပုဂံတောင်ကျေးရွာမှာတည်ရှိတာဖြစ်ပြီး ၊ မြန်မာပြည်အရပ်ရပ်မှ မိဘမဲ့နဲ့ ချို့တဲ့ကလေးငယ် (၂၅၀) ကျော်ကို ပညာရေးနဲ့စားသောက်နေထိုင်ရေးအတွက် ပျိုးဥယျာဉ်သဖွယ်စောင့်ရှောက်ပေးလျက်ရှိနေပါတယ်။ တစ်ရက်တာစားရေးသောက်ရေးအတွက် ဆန်(၂)အိတ်ချက်ရပြီး၊ ပုံမှန်ဟင်းစားတစ်မယ်နဲ့ပင်ကို နေ့စဥ်ကုန်ကျစားရိတ်က ငွေကျပ် (၃)သိန်းရှိတယ်လို့လည်းသိရပါတယ်။ အဆိုပါနေ့စဥ်စားရိတ်အတွက် အလှုရှင်များရဲ့အပေါ်မှီတည်နေရပြီး၊ပုံမှန်အလှူရှင်များပေါ်ပေါက်လာဖို့အတွက်လည်း မျှော်လင့်စောင့်စားနေရပါတယ်။

𝐖𝐞 𝐂𝐚𝐫𝐞, 𝐖𝐞 𝐒𝐡𝐚𝐫𝐞 အနေနဲ့ ပညာသင်ကြားရေးကို အထောက်အကူဖြစ်စေဖို့ ကျောင်းသုံးစာအုပ်နဲ့ စာရေးကိရိယာများ၊ အာဟာရအတွက် နေ့စဉ်ချက်ပြုတ်ကျွေးမွေးနိုင်ရန် ဆန် (၁၀) အိတ်၊ ဆီ (၁၀) ပိဿာ၊ အခြားသောရိက္ခာခြောက်နဲ့ မုန့်ပဲသားရည်စာများ၊ တစ်နေ့တာအာဟာရဒါနအလှုနဲ့အတူ ကလေးများပညာရေးကိုဆက်လက်ပံ့ပိုးပေးနိုင်ရန် န၀ကမ္မအလှုငွေများပေးအပ်လှုဒါန်းဖြစ်ခဲ့ပါတယ်။✨

𝐖𝐞 𝐂𝐚𝐫𝐞, 𝐖𝐞 𝐒𝐡𝐚𝐫𝐞 ရဲ့အလှူက ကလေးငယ်များအတွက် လုံခြုံတဲ့အနာဂတ်ကိုဖန်တီးပေးနိုင်ပါစေလို့ ဆန္ဒပြုလျက် ဆက်လက်ကြိုးစားသွားပါဦးမယ်။🫶

🥀Many children are experiencing malnutrition and lack access to education as a result of poverty and a lack of protection.

👫Children are our future's greatest resource; thus, We 𝐖𝐞 𝐂𝐚𝐫𝐞, 𝐖𝐞 𝐒𝐡𝐚𝐫𝐞 donated to the "Dhamika Yama Parirati-Shwe Kyin Monastic School," which is educating and fostering more than 250 children.

It is situated in Bagan Taung Village, Thanlyn Township, Yangon Region. More than 250 underprivileged and orphaned children from all over Myanmar are receiving food and education under the care of the monk. The daily cost for a meal is 300,000 kyats, and two bags of cooked rice last for a day. As it depends on donors for the daily expenses, they are hoping for regular donors.

We donated ten sacks of rice, 20 litres of oil, other dried food, snacks for daily meals, along with books and stationery to help the children's education. In addition, a one-day meal is provided for the children's nutrition, and financial donations are made to support the children's future education.✨

We shall keep working in the hopes that our support will help to maintain a safe environment for the children.🫶

09/03/2024

🩸"သွေးသည်အသက်၊ အသက်သည်သွေး" ဆိုတဲ့အတိုင်း သင့်သွေးနဲ့ အခြားသူရဲ့အသက်ကိုဆက်ပေးလိုက်ခြင်းဟာ ကြည်နူးစရာအလှူဒါနတစ်ခုပါ။

အများပြည်သူ‌တွေ အဓိကအားကိုးနေရတဲ့ ပြည်သူ့ဆေးရုံကြီးတွေက သွေးလိုအပ်နေသူလူနာများအတွက်..
HAGL Myanmar ရဲ့လူမှုအကျိုးပြုအဖွဲ့အစည်း We Care, We Share နဲ့ Meliá Yangon Hotel တို့ပူးပေါင်းကာ "Donate Blood , Save Lives! -" သွေးလှူဒါန်းပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။

We Care, We Share မှ အဖွဲ့ဝင်များ၊HAGL Myanmar မှ ဝန်ထမ်းများ၊ Meliá Yangon Hotel မှ ဝန်ထမ်းများနဲ့ အခြားသော စေတနာရှင် သွေးလှူရှင်များအပါအဝင် စုစုပေါင်း 175 ယောက် ပါဝင်ခဲ့ပြီး အမျိုးသားသွေးလှူဘဏ်နဲ့ချိတ်ဆက်ကာ လှူဒါန်းဖြစ်ခဲ့ပါတယ်။

ဤကောင်းမှုကြောင့် သောကတွေ၊ ဒုက္ခတွေ ကင်းဝေးကြပါစေ။🌷

🩸As there is a saying: "Blood is Life , Life is Blood", it is highly pleased to donate our blood to save one's life.

In order to help this blood need, in General Hospitals, We Care, We Share by HAGL Myanmar and Meliá Yangon Hotel joined together for a blood campaign: "Donate Blood, Save Lives!

A total of 175 donors, including team members from We Care, We Share, employees from HAGL Myanmar and Meliá Yangon Hotel, and other volunteers, donated blood through the National Blood Bank.

May pain and suffering be released as a result of this goodness.🌷

Photos from HAGL Myanmar's post 08/03/2024

ယနေ့ကျရောက်တဲ့ 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐖𝐨𝐦𝐞𝐧 𝐃𝐚𝐲 ကို HAGL Myanmar ရဲ့ အမျိုးသမီးဝန်ထမ်းများနဲ့အတူ ဂုဏ်ပြုကြိုဆိုခဲ့ပါတယ်။

ရဲရင့်တက်ကြွပြီး ကိုယ်စီစွမ်းဆောင်ရည်မြင့်မားကြတဲ့ HAGL ရဲ့အမျိုးသမီးဝန်ထမ်းများအပါအဝင် မတူညီတဲ့ အလှအပ၊ အရည်အချင်းများနဲ့ ကမ္ဘာကို ပြောင်မြောက်စွာအလှဆင်နေကြတဲ့ အမျိုးသမီးတစ်ဦးချင်းစီတိုင်းHAGL Myanmar က ချစ်ခင်လေးစားစွာ ဂုဏ်ပြုလိုက်ရပါတယ်။💐

We, HAGL Myanmar, celebrated the 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐖𝐨𝐦𝐞𝐧 𝐃𝐚𝐲 with our beloved and respected female employees.

✨ We honour with love and respect to highly capable of every female employee from HAGL Myanmar, who are brave and energetic and also to all the women, the brilliant decorators of our world.

Photos from HAGL Myanmar's post 08/03/2024

📢HAGL Myanmar ရဲ့နှစ်စဉ်ကျင်းပနေကျ "Annual Fire and Evacuation Drill 2024 " ကို ယနေ့ မတ်လ (၈) ရက်နေ့၊ မနက် (၉) ခွဲကနေ (၁၁) နာရီအတွင်း၊ Myanmar Centre နဲ့ Myanmar Plaza နှစ်ခုလုံးမှာ အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီး ....
အထပ်မြင့်အဆောက်အဦးများတွင် နေထိုင်သူ၊ ရုံးထိုင်သူများအတွက် မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ဘေးကင်းရာအရပ်သို့ ပြောင်းရွှေ့နိုင်ရန်သိထားသင့်တဲ့အချက်များကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ပါတယ်။

HAGL Myanmar's "Annual Fire and Evacuation Drill 2024" was successfully concluded today, March 8, between 9:30 and 11:00 a.m. at Myanmar Plaza and Myanmar Center.
The information and details that everyone should be aware of to evacuate high-rise buildings in the event of a fire were demonstrated practically.

05/03/2024

📣အသိပေးကြေညာခြင်း

HAGL Myanmar မှ အများပြည်သူတို့ရဲ့ လုံခြုံရေးအတွက် နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ "Annual Fire and Evacuation Drill 2024 မီးဘေးအန္တရာယ်နှင့် ဘေးကင်းရာအရပ်သို့ ပြောင်းရွှေ့နိုင်ရန်သိထားသင့်သည့်အချက်များ သရုပ်ပြပွဲ" ကို မတ်လ (၈) ရက်နေ့ မနက် (၉) နာရီမှ (၁၁) နာရီအတွင်း ကျင်းပသွားမှာ ဖြစ်ပါတယ်။

မြန်မာစင်တာနဲ့ မြန်မာပလာဇာတို့ကို လာရောက်ကြတဲ့ အများပြည်သူတို့ရဲ့ ဘေးကင်းလုံခြုံမှုဟာ အရေးအကြီးဆုံးဖြစ်တဲ့အတွက် ကျွန်ုပ်တို့အနေနဲ့ အရေးပေါ်လုံခြုံရေးစနစ်တွေကို စဉ်ဆက်မပြတ်အဆင့်မြှင့်တင်ပေးလျက်ရှိနေပါတယ်။ မကြာခင်ကာလအတွင်း မီးဘေးအန္တရာယ်နှင့် ဘေးကင်းရာအရပ်သို့ ပြောင်းရွှေ့ခြင်းဆိုင်ရာ သရုပ်ပြပွဲရှိကြောင်းကို အသိပေးကြေငြာရင်းအတူတကွပူးပေါင်းဆောင်ရွက်ပေးနိုင်ပါရန်လည်း ပန်ကြားအပ်ပါတယ်။
မီးဘေးသရုပ်ပြနေစဉ်အတွင်း ကားပါကင်များကို ခေတ္တပိတ်ထားမှာဖြစ်ကြောင်း လေးစားစွာနဲ့ အသိပေးကြေငြာအပ်ပါတယ်။

📿"Announcement to the Public"

The "Annual Fire and Evacuation Drill 2024" is scheduled by HAGL Myanmar for March 8, 2024, between 9:00 and 11:00 a.m.

We regularly conduct fire and evacuation drills since ensuring customers' safety and security is our top priority when they visit Myanmar Plaza and Myanmar Center.
We are grateful for your cooperation and have notified you of the upcoming fire and evacuation drill. Please be informed that the car parking will be closed during this time.

Photos from HAGL Myanmar's post 05/03/2024

ပြည်သူတွေ အားကိုးအားထားပြုနေရတဲ့ ပြည်သူ့ဆေးရုံကြီးတွေမှာ နေ့စဉ် အရေးတကြီးသွေးလိုအပ်နေတဲ့ လူနာရာပေါင်းများစွာက သင့်ရဲ့သွေးနဲ့အသက်ဆက်ဖို့ မျှော်လင့်နေကြရပါတယ်။🩸

ဒီလိုအပ်ချက်ကို ကူညီဖြည့်ဆည်းပေးနိုင်ဖို့ရည်ရွယ်ပြီး HAGL Myanmar ရဲ့ လူမှုအကျိုးပြုအဖွဲ့အစည်း We Care, We Share နဲ့ Meliá Yangon Hotel တို့ပူးပေါင်းကာ "Donate Blood , Save Lives! -" သွေးလှူဒါန်းပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။

HAGL Myanmar မှ ဝန်ထမ်းများ၊ Meliá Yangon Hotel မှ ဝန်ထမ်းများနဲ့ အခြားသော စေတနာ့ အလှူရှင်များအပါအဝင် စုစုပေါင်း 175 ယောက် ပါဝင်ခဲ့ပြီး အရေးပေါ်သွေးလိုအပ်လျက်ရှိတဲ့လူနာများအတွက် သွေးအိတ်များကို အမျိုးသားသွေးလှူဘဏ်ကနေတဆင့် လှူဒါန်းဖြစ်ခဲ့ပါတယ်။

ကျွန်ုပ်တို့ရဲ့ လှူဒါန်းမှုက အမှန်တကယ်သွေးလိုအပ်နေကြသူတိုင်းအတွက် အားအင်တစ်ခုဖြစ်ပါစေလို့ မျှော်လင့်မိပါတယ်။

ဤကောင်းမှုကြောင့် သောကတွေ၊ ဒုက္ခတွေ ကင်းဝေးကြပါစေ။🌷

In General Hospitals, more than hundreds of patients urgently need blood every day and are waiting for your blood donation to live on.

In order to help this blood need, We Care, We Share by HAGL Myanmar and Meliá Yangon Hotel joined together for a blood campaign: "Donate Blood, Save Lives!

A total of 175 donors, including employees from HAGL Myanmar , employees from Meliá Yangon Hotel, and other volunteers, donated blood through the National Blood Bank.

We are hoping that our donation will be a source of strength for everyone who is in need of blood.

May pain and suffering be released as a result of this goodness.🌷

Photos from HAGL Myanmar's post 06/02/2024

JOB VACANCY ANNOUNCEMENT 📣📣📣
Customer Service Assistant ရာထူးကို လျှောက်ထားလိုသူများအနေဖြင့် [email protected] ကို CV ပေးပို့ပြီးလျှောက်ထားနိုင်ပါ သည်။

Photos from HAGL Myanmar's post 02/02/2024

အမျိုးသမီးငယ်လေးတွေရဲ့ဘ၀မှာ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်ဖို့ အသက်မွေး၀မ်းကြောင်းပညာရပ်တစ်ခုခု တက်မြောက်ဖို့က အရမ်းအရေးကြီးပါတယ်။
🥀ငွေရေးကြေးရေးအခက်အခဲတွေကြောင့် ပညာဆုံးခန်းတိုင်အောင်မသင်ကြားနိုင်ခဲ့တဲ့ အမျိုးသမီးတွေ၊
မပြည့်စုံတဲ့ မိသားစုအခြေအနေတွေကြောင့် ဖိနှိပ်ခံနေရတဲ့ အမျိုးသမီးတွေ၊ လမ်းမှားရောက်သွားတဲ့အမျိုးသမီးတွေ ကျွန်ုပ်တို့ပတ်ဝန်းကျင်မှာ များစွာရှိနေပါတယ်။
𝗪𝗲 𝗖𝗮𝗿𝗲, 𝗪𝗲 𝗦𝗵𝗮𝗿𝗲 by HAGL Myanmar အနေနဲ့ လူမှုအကျိုးပြုလုပ်ငန်းများစွာကို ကြိုးစားဆောင်ရွက်လျက်ရှိရာမှာ အမျိုးသမီးတွေရဲ့ဘဝတိုးတက်မြင့်မားရေးအတွက် အသက်မွေးဝမ်းကြောင်းပညာသင်ကြားရေးမှာ အထောက်အကူပြုနိုင်ရန်လည်း ထည့်သွင်းစဥ်းစားဖြစ်ခဲ့ပါတယ်။
ဒါကြောင့် ဒီတခေါက်မှာတော့ အမျိုးသမီးငယ်လေးတွေရဲ့ဘ၀တိုးတက်မြင့်မားရေးအတွက် အသက်မွေး၀မ်းကြောင်းဆိုင်ရာပညာရပ်တွေကို အခမဲ့သင်ကြားပို့ချပေးနေတဲ့ "ရွှေယမင်းဖောင်ဒေးရှင်း"နဲ့ ဆက်သွယ်လှူဒါန်းဖြစ်ခဲ့ပါတယ် ။
"ရွှေယမင်း ဖောင်ဒေးရှင်း" ဟာ မြန်မာပြည်ဒေသအနှံ့အပြားက ချို့တဲ့နွမ်းပါးပြီး ရည်မှန်းချက်ကိုယ်စီရှိပေမဲ့ အကောင်အထည်ဖော်ဖို့ရာ ခက်ခဲနေကြသူ အသက် (၁၄) နှစ်ကနေ (၂၂) နှစ်အရွယ် အမျိုးသမီးငယ်လေးတွေအတွက် သင်တန်းကာလ (၆)လအတွင်း-
၁။ စက်ချုပ်သင်တန်း
၂။မိတ်ကပ်သင်တန်း
၃။ဆံပင် အလှပြုပြင်သင်တန်း
၄။အချက်အပြုတ်သင်တန်း
၅။မုန့်လုပ်နည်းသင်တန်း
၆။အင်္ဂလိပ်စာသင်တန်း
၇။ကွန်ပြူတာသင်တန်း
၈။လူမှုပေါင်းသင်းဆက်ဆံရေးပညာသင်တန်း
၉။လက်မှုပညာသင်တန်း
၁၀။မျိုးဆက်ပွားခြင်းဆိုင်ရာအသိပညာပေးသင်တန်း စတဲ့ဘာသာရပ်များကိုအခမဲ့ သင်ကြားပေးလျက်ရှိပါတယ်။
"ရွှေယမင်း ဖောင်ဒေးရှင်း" ရဲ့ ကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့ ဆောင်ရွက်မှုတွေကို လေးစားသောအားဖြင့် 𝗪𝗲 𝗖𝗮𝗿𝗲, 𝗪𝗲 𝗦𝗵𝗮𝗿𝗲 by HAGL Myanmar က အမျိုးသမီးငယ်လေးတွေ စက်ချုပ်နဲ့လက်မှုပညာသင်ကြားရာမှာ လိုအပ်တဲ့ သင်ထောက်ကူပစ္စည်းများ၊ တစ်လစာ စားနပ်ရိက္ခာအတွက် ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ ပဲ၊အာလူး၊ ကြာဇံ၊ ခေါက်ဆွဲ၊ငါးခြောက်၊ မီးသွေး၊ဆပ်ပြာမှုန့် ၊ဆပ်ပြာဆီ အစရှိတဲ့ အခြေခံလိုအပ်ချပ်တွေကို တန်ဖိုးငွေကျပ် ၂,၀၀၀,၀၀၀ သိန်းနှစ်ဆယ်ဖိုး သွားရောက်ထောက်ပံ့ လှူဒါန်းဖြစ်ခဲ့ပါတယ်။
𝗪𝗲 𝗖𝗮𝗿𝗲, 𝗪𝗲 𝗦𝗵𝗮𝗿𝗲 by HAGL Myanmar ရဲ့အကူအညီဟာ အမျိုးသမီးလေးတွေရဲ့ တောက်ပတဲ့အနာဂတ်အတွက် တစိတ်တပိုင်းဖြစ်ပါစေလို့ ဆန္ဒပြုလျက် ဆက်လက်ကြိုးစားသွားပါဦးမယ်။☺️☺️
It is crucial for women to pursue careers that will enable them to support themselves.
🥀We surround ourselves with women who have chosen the wrong career path because of various circumstances, who are oppressed, and who were unable to complete their degree due to financial difficulties.
In our constant efforts to better the community, we at 𝗪𝗲 𝗖𝗮𝗿𝗲, 𝗪𝗲 𝗦𝗵𝗮𝗿𝗲 by HAGL Myanmar also considered helping women improve their careers through vocational education.
We contributed to the "Shwe Yamin Foundation" this time, which offers free vocational training to help young women improve their careers.
"Shwe Yamin Foundation" provides training for young women across Myanmar, aged 14 to 22, who are underprivileged and have their own goals but find it difficult to achieve them.
Within six months, they have to learn
1. Sewing
2. Make-up
3. Hairdressing
4. Cooking
5. Bakery
6. English
7. Computer training
8. Social communication
9. Handmade, crafts, and
10. Reproductive health
Honoring the good intentions and deeds of the "Shwe Yamin Foundation," 𝗪𝗲 𝗖𝗮𝗿𝗲, 𝗪𝗲 𝗦𝗵𝗮𝗿𝗲 by HAGL Myanmar donated teaching materials for sewing and handicrafts subjects, as well as rice, oil, pepper, onion, beans, potatoes, vermicelli, dried fish, and basic necessities like charcoal, soap powder, liquid soap, and so forth, valued at a total of two million kyats .
We shall keep working in the hopes that our assistance will contribute to women's bright futures.

25/01/2022

Interested applicants may also submit CVs by emailing to [email protected]

Main Responsibilities
'• Generating new leads by identifying prospects and evaluating their position in the industry; researching and developing client data base
• Developing strategies to establish contact and developing relationships with prospects; cold calls and visits
• Maintains relationships with prospects by providing support, information, and guidance; researching and recommending upon their requirements; creating the best package to ensure secure the deal
• Recommend appropriate preference and lead prospects to selections
• Coordinating with many different departments at all times to ensure all structured deals and terms can be satisfied as well establishing and enforcing organization standards.
• Manage entire leasing process from cold calls/introduction to contract signing stage
• Analyzed current market trend, condition, competitor information and creating customized report for Leasing Manager
• Identify, develop and maintain real estate industry contacts by attending different types of social networking events and press conferences in order to build professional network
• Contributes to team effort by accomplishing related results as needed

'Requirements
'• Any graduated from university
• 3-5 years experiences with equivalent position
• knowledgeable about the operation of shopping centers
• enthusiastic to learn
• Proficient in English communication skills
• Mastering writing skills in English

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

We Care, We Share Taungoo Flood Donation
Myanmar Center Residence " The ideal place to live a luxurious lifestyle.
Myanmar Centre Office Tower Tour
မိဘမဲ့ကလေးငယ်များအတွက် နွေးထွေးစရာ ခိုလှုံရာနေရာ
We Care, We Share by Myanmar Plaza ရဲ့ သွေးလှူဒါန်းပွဲ
𝗪𝗲 𝗖𝗮𝗿𝗲, 𝗪𝗲 𝗦𝗵𝗮𝗿𝗲” by Myanmar Plaza ရဲ့  နှစ်ဦးဇီဝိတဒါနအလှူ
HAGL Myanmar: A Decade of Amazing Adventures From 2013 to 2023
We Care, We Share by Myanmar Plaza ရဲ့ ရေဘေးအလှူ🌷
𝐖𝐞 𝐂𝐚𝐫𝐞, 𝐖𝐞 𝐒𝐡𝐚𝐫𝐞 Donation to cleaners and sweepers
ရခိုင်လေဘေးသင့်ဒေသများသို့ မြန်မာပလာဇာနှင့်ဈေးဝယ်သူပြည်သူများရဲ့ လှူဒါန်းမှု

Telephone

Address


192, Kabar Aye Pagoda Road, Bahan Tsp
Yangon

Other Shopping & Retail in Yangon (show all)
Phyu Lay Onlineshop Phyu Lay Onlineshop
Yangon

လက်လီလက်ကား အားပေးနိုင်ပါတယ်

U KYAW GYI U KYAW GYI
23/146 Thandar Street
Yangon, 528638

Bram new. You may like this.

Eaint Collection Eaint Collection
No 469 , Yarzadrit Street, 7 Quarter , South Okkalapa
Yangon

Magic Jelly Magic Jelly
Yangon, HELLO

📱09427849878📱

Phue Phue Phue Phue
Yangon

Online Shop

Yone Online Shop Yone Online Shop
Yangon

ပစ္စည်းမှန် ဈေးနှုန်းမှန်ဖြင့် စိတ?

Double H Electric Accessories Double H Electric Accessories
Yangon, 11071

Box Mod, Mech Mod,Pod System,USA E-Juice, Malay E-Juice,Saltnic,Vape Accessories

Golden Pin Branded Collections Golden Pin Branded Collections
Yangon

100% Authentic

SH Bkk Cosmetic Online Shop SH Bkk Cosmetic Online Shop
AungThapyay Road; Thingangyun
Yangon, 11071;11072

Tgirl Tgirl
Tharkayta
Yangon