Mingalar JLS

.

17/06/2024

🥰🥰🥰

30/05/2024

သားရီး ဘာလို့ စာလုပ်ရင်းငိုနေတာလဲ။
Me - 😭😭😭

* FA နဲ့ စာမရသူတွေ နားမလည်နိုင်တဲ့ ခံစားချက်ကွား 🤣

Photos from Mingalar JLS's post 02/05/2024

ဟိုင်း 👋👋👋

ကျောင်းရဲ့ ‌annual CSR activity လေးအနေနဲ့
7 လပိုင်း JLPT ဖြေဖို့ပြင်ဆင်နေကြသူတွေအတွက်
“10hr FOC” အတန်းလေးတွေဖွင့်သွားပါမယ်။
(FOC အတန်းလေးတွေဆိုတာ သင်တန်းကြေးမယူပဲ ကျောင်းရဲ့ CSR activity တခုအနေနဲ့ လုပ်တဲ့ အတန်းလေးတွေလို့မှတ်လည်းရပါတယ်၊ ပိုကောင်းတဲ့ society တခုဖြစ်လာဖို့ဆိုတာ မင်မင်တို့ ရည်မှန်းချက်ပဲဖြစ်ပါတယ်။)

ပုံလေးတွေအောက်မှာ အသေးစိတ်ရေးပေးထားပါတယ်။
(ပုံလေးတွေကတော့ အတန်းမှာ သုံးမယ့်စာအုပ်လေးတွေပါ။)

ဒီ စနေ၊ တနင်္ဂနွေစမှာမို့
CB မှာ အပ်ပေးကြပါ 🙆‍♂️

21/04/2024

N1 တွေ révision ပြန်ကြမယ် 😅

11/04/2024

N1 တွေအတွက် 😅

N1 Q4 【By Mingalar JLS】 1
https://docs.google.com/forms/d/e/1FAIpQLSeDX01NShRBTc_APOupXttNYezGzGm_ZS2mnwlNtaYxKHtpIA/viewform

N1 Q4 【By Mingalar JLS】 2
https://docs.google.com/forms/d/e/1FAIpQLSdplNjwsyOGxneg18o_6LJFGNfnWC9pC7XJqebitpu1i-W3mg/viewform

N1 Q4 【By Mingalar JLS】 3
https://docs.google.com/forms/d/e/1FAIpQLSeMVBpq1KulMwkTmjiLvTQdWLluUqUrFHfh7QlEY2TyyKv2TQ/viewform

N1 Q4 【By Mingalar JLS】 4
https://docs.google.com/forms/d/e/1FAIpQLSfVvqXlWKmWf7iqJsa5MPQdQInwmqDfCJekamjkuJOyFx5cQg/viewform

N1 Q4 【By Mingalar JLS】 5
https://docs.google.com/forms/d/e/1FAIpQLSfvfZAS1KnYABgkjfftQthYz_3_Fr0-AJLMAu7nAreyqqxhrw/viewform

N1 Q4 【By Mingalar JLS】 6
https://docs.google.com/forms/d/e/1FAIpQLSdejD_m-MvvRMGvavA9Pde46RJFHqVNsEwhUYYMBS9w8aCzsA/viewform

N1 Q4 【By Mingalar JLS】 7
https://docs.google.com/forms/d/e/1FAIpQLSfjTsjB5r4DjebXdPICn45j4F-TFstoDpBf2PoD9g2QQLc8DA/viewform

N1 Q4 【By Mingalar JLS】 8
https://docs.google.com/forms/d/e/1FAIpQLSdBGkavqecfhWp_g7VOre_LyJA1ALY0SpmzN_fUNdS7HvI1SQ/viewform

N1 Q4 【By Mingalar JLS】 9
https://docs.google.com/forms/d/e/1FAIpQLSd1UkuZMPodr9efhVlxuxpoYQmetQhG_tU7EvI9UU0rsMXjIw/viewform

N1 Q4 【By Mingalar JLS】 10
https://docs.google.com/forms/d/e/1FAIpQLSd3wGOKa9px_m6QjMHFip-l3D_IKxUcaKMnfaWiUvhHo7drgw/viewform

N1 Q4 【By Mingalar JLS】 11
https://docs.google.com/forms/d/e/1FAIpQLSfQet5SXFsHt9hGFSC8NvFvIleb0YFFCglyb9qjuWEXb1u50g/viewform

N1 Q4 【By Mingalar JLS】 12
https://docs.google.com/forms/d/e/1FAIpQLSeLcqJPNwWLnSIGKj8GjZx8Pw-6bVWOJq__f6r0rCQ9OMTWpA/viewform

N1 Q4 【By Mingalar JLS】 13
https://docs.google.com/forms/d/e/1FAIpQLSd_Y_lfckl8dX2DGkwTX9TVUFo5uIKO9_lLwwfjaVqE4q8e2A/viewform

N1 Q4 【By Mingalar JLS】 14
https://docs.google.com/forms/d/e/1FAIpQLSfQu8R6uIbD19-_ow6GRZxRzYGroWLWHcWThgL3oe_jNO6bXQ/viewform

N1 Q4 【By Mingalar JLS】 15
https://docs.google.com/forms/d/e/1FAIpQLScDHjw2roReL2TNSz82yPqTmrF0fVhCRuTsIux1eU333X-nOQ/viewform

N1 Q4 【By Mingalar JLS】 16
https://docs.google.com/forms/d/e/1FAIpQLScu5QaW4sJYFr5X5ko41_CyzFWfz9PfRK0vPSFC-gNaglBLQg/viewform

N1 Q4 【By Mingalar JLS】 17
https://docs.google.com/forms/d/e/1FAIpQLSfCWU6bjMCl3arYBjIITNYLYIwoQKbaJyUvcfLJxF5J7Kl_3g/viewform

N1 Q4 【By Mingalar JLS】 18
https://docs.google.com/forms/d/e/1FAIpQLSdFUsnVxjqLnwWxAcnW1I7yr5uCL353QA7GJzoAZUlcRj6EUg/viewform

N1 Q4 【By Mingalar JLS】 19
https://docs.google.com/forms/d/e/1FAIpQLScLscHL6Pq7RldSn8hMLI2eQMXKUqELq6kuw5vxJ9Qcv4o2ig/viewform

N1 Q4 【By Mingalar JLS】 20
https://docs.google.com/forms/d/e/1FAIpQLSfwVRQCNjAx787GdWG4EEG05bsV9uCBrSARgsFIBvvSNpVQtQ/viewform

Photos from Mingalar JLS's post 21/03/2024

N5+N4 အတန်းကို
နာရီ ၃၆၀ အတန်းတခုအတွက်
အတန်ဆုံး သင်တန်းကြေးနဲ့တက်ကြမလား... 🥰

အလုပ်မှ အလုပ်ဆိုရင်လည်း
စာကြိုးစားလုပ်တဲ့သူတွေအတွက်
အကောင်းဆုံး စီစဥ်ပေးသွားမှာမို့

ယူတို့ဘက်က ကြိုးစားမှုတခုပဲ ပြပေးပါ
ကျန်တာ ကိုယ်တွေတာဝန်ထား 😅

20/03/2024

အဲ့လို ဘော်ဒါတွေရှိကြလား 😅😂🤣

20/03/2024

ကျောင်းရဲ့ website မှာ လုပ်ဖြစ်ထားတဲ့
ဖိုင်တွေအကုန်စုပြီး တင်ပေးသွားမှာမို့
နောက်ပိုင်း ကျောင်း website ထဲမှာ
ဖိုင်လေးတွေ တစုတစည်းထဲ ဒေါင်းလို့ရပါပြီ 🥰

ဘယ်လို ဖိုင်မျိုးလေးတွေ ထုတ်ပေးရင်
လေ့လာသူတွေအတွက် အဆင်ပြေလောက်မလဲဆိုတဲ့
အကြံပေးချက်တွေလည်း
cb မှာလာပေးကြလို့ရပါတယ်။ 🤗

ကျေးဇူးပါ.... 😇

https://mingalarjls.com

14/03/2024

Am I a joke to you? 🥹 🥹 🥹

11/03/2024

ဘာသာစကားတခုကို အဆင့်မြင့်အထိရောက်အောင်
ဘယ်လိုလေ့လာကြမလဲ.... 🤔

တချက် ပြန်စဥ်းစားကြည့်ရအောင်။
ငယ်ငယ်ကတည်းကသုံးနေတဲ့ မိခင်မြန်မာဘာသာစကားကိုရော.
အဆင့်မြင့်မြင့် နားလည်နေပြီလား... 🤔

ဥပမာတခုပြရရင်တော့...

"ထိုး" ဆိုတဲ့စကားလုံးကို ဘယ်လောက်နားလည်ထားလဲ စဥ်းစားကြည့်ပါမယ်။

မြန်မာအဘိဓာန်ထဲမှာ "ထိုး" ဆိုတဲ့ စာလုံးအတွက်
အနက် ၁၈ ခုရှိပါတယ်။ ဘယ်နှခုလောက်ကို သင်ပြန်ရှင်းပြနိုင်မယ်ထင်ပါလဲ။ 🤔

အောက်က စာလေးတွေလိုက်ဖတ်ကြည့်ပါ။

ထိုး
၁၊ တစ်စုံတစ်ရာကို အရှိန်ဖြင့် တိုက်ခိုက်မိအောင် လုပ်သည်။ တိုက်ခိုက်သည်။
ဥပမာ - "လက်သီးဖြင့်ထိုး၊ တုတ်ဖြင့်ထိုး၊ စီးချင်းထိုး စသည်။”

၂၊ စူးဝင်အောင်လုပ်သည်။ စူးသည်။
ဥပမာ - "ဓားဖြင့်ထိုး၊ လေကျင့် ထိုး စသည်။”

၃၊ စစ်တုရင်ရုပ် စသည်ကို တိုးရွှေ့ ကစား သည်။
ဥပမာ - "ကျား ထိုးသည်။”

၄၊ ရှေ့သို့ ဆန့်ထုတ်သည်။
ဥပမာ - "မေးထိုး၊ ခြေထိုး စသည်။”

၅၊ ပိုးကောင် ကိုက်ခဲသည်။
ဥပမာ - "ပိုးထိုး၊ လောက်ထိုး၊ ကြမ်းပိုးထိုး စသည်။”

၆၊ အကြား၌ထည့်သည်။“သေနတ် ခါးကြား ထိုး၊ သွားကြား ထိုး စသည်။”
၇၊ အတွင်းသို့ ရောက်အောင် ထည့်သည်၊ ဖြည့်သည်။
ဥပမာ - "ရေထိုး၊လေထိုး စသည်။”

၈၊ တိုးဝင်နေ သည်
ဥပမာ - "ရေစွယ်ထိုး၊ အရပ်မိုးထိုး စသည်။”

၉၊ ဖိတွန်းပွတ်ဆွဲသည်။
ဥပမာ - "ရွေပေါ်ထိုး၊ မီးပူထိုး စသည်။”

၁ဝ၊ ထိခတ်ခြင်းဖြင့် အသံ မြည်စေ သည်။
ဥပမာ - "တယောထိုး၊ ခေါင်းလောင်းထိုး စသည်။”

၁၁၊ တစ်စုံ တစ်ခုသော အချိန်နာရီသို့ ဆိုက်ရောက်သည်။
၁၃၊ စိုက်သွင်းသည်။ စိုက်ဆောက်သည်။
ဥပမာ - "ဆံထိုးထိုး၊ တဲထိုး၊ ကျွမ်းထိုး စသည်။”

၁၄၊ လျှိုသွင်းဖွဲ့ယှက်သည်။
ဥပမာ - "ကြိမ်ထိုး၊ ဖွတ်မြီးထိုး၊ ပန်းထိုး စသည်။”

၁၅၊ ရေးသား စွဲထင်စေ သည်။
ဥပမာ - "ကမ္ပည်းထိုး၊ လက်မှတ်ထိုး၊ မင်ကြောင်ထိုး စသည်။”

၁၆၊ မွှေနှောက် ကော်လှန်သည်။
ဥပမာ - "ယိုထိုး၊ ထမနဲထိုး၊ ထယ်ထိုး၊ မြက်ထိုးစသည်။”

၁၇၊ ကံစမ်းကြေး၊ လောင်းကြေးပေး၍ ကံစမ်း သည်၊ လောင်းကစားသည်။
ဥပမာ - "ထီထိုး၊ လေးကောင်ဂျင်ထိုး စသည်။”

၁၈၊ တံစိုးလက်ဆောင်အဖြစ် ငွေကြေး ပစ္စည်းပေးသည်။
ဥပမာ - "ငွေထိုး၊ လာဘ်ထိုး စသည်။”

အပေါ်က စာတွေဖတ်ပြီးရင်တော့
ဖတ်စာအုပ် နဲ့ အဘိဓာန် ဘာကွာလဲ နည်းနည်းသဘောပေါက်လောက်မယ်ထင်ပါတယ်။

ဖတ်စာအုပ်ဆိုတာ သက်ဆိုင်ရာအဆင့်အတွက် သိသင့်တဲ့စကားလုံးတွေရဲ့ ဥပမာတွေကိုသာစုထားတဲ့စာအုပ်ဖြစ်ပြီး
အဘိဓာန်ဆိုတာ အဲ့စကားလုံးတွေကို သေချာရှင်းပြပေးတဲ့ စာအုပ်ဖြစ်ပါတယ်။

ဖတ်စာအုပ်တွေ မျိုးစုံအောင်ကျက်ထားပေမယ့်
အဘိဓာန်တအုပ်တောင် မရှိဘူးဆိုတာတော့ နည်းနည်းဂွမ်းပါတယ်။

ဘာသာစကားတခုရဲ့ ဒေသခံတွေအတွက်ထုတ်ထားတဲ့
မိခင်ဘာသာစကားနဲ့ပြန်ရှင်းတဲ့အဘိဓာန်တခုကို မသုံးဖူးပဲနဲ့
အဆင့်မြင့်ပိုင်းရောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ဖတ်စာအုပ်တွေ စုံနေအောင် ဝယ်ထားပြီး ကျက်တာထက်
အဘိဓာန်ကောင်းကောင်းလေးတအုပ်ဝယ်ပြီး လေ့လာလိုက်ပါ။

ဘာသာစကားတခုဟာ သင်ခံစားတတ်သွားတဲ့အချိန်မှာ
သင်နဲ့ တသားတည်း ဖြစ်သွားပါလိမ့်မယ်...။
စာကို ကျက်တာထက် ခံစားတတ်အောင် လေ့လာကြပါစို့...။ 🥰

05/03/2024

N5 လေးတွေ ဂျပန်ရောက်ကြပြီလား 🥹🥹🥹

ငါလည်း ဆင်းရတော့မယ်
(အိမ်ပေါ်ကနေ...😅 စာမေးပွဲကျလို့ 😁)

Photos from 調べる君's post 05/03/2024

🥰🥰🥰

04/03/2024

သဒ္ဒါစာအုပ်လေးတွေ လိုအပ်လောက်မယ့်သူတွေအတွက်
ပြန် share ပါရစေ... 🥰

N1 Grammar စာအုပ်လည်း မကြာခင် ရတော့မှာမို့
ပြီးရင် တင်ပေးပါ့မယ်... 😍

Photos from Mingalar JLS's post 03/03/2024

N3 Kanji ကို 総まとめ စာအုပ်နဲ့ လေ့လာနေသူတွေအတွက် 🥰

ရေးကျင့်ရင် Kanji တခုချင်းလိုက်ရှာစရာမလိုတော့အောင် Stroke လေးတွေ ဖြည့်ပေးထားပါတယ်။ 😍

Photos from Mingalar JLS's post 03/03/2024

N2 Kanji ကို 総まとめ စာအုပ်နဲ့ လေ့လာနေသူတွေအတွက် 🥰

ရေးကျင့်ရင် Kanji တခုချင်းလိုက်ရှာစရာမလိုတော့အောင် Stroke လေးတွေ ဖြည့်ပေးထားပါတယ်။ 😍

Photos from Mingalar JLS's post 03/03/2024

N1 Kanji ကို 新完全マスター စာအုပ်နဲ့ လေ့လာနေသူတွေအတွက် 🥰

အပိုင်း ၁ ကိုရေးကျင့်ရင် Kanji တခုချင်းလိုက်ရှာစရာမလိုတော့အောင် Stroke လေးနဲ့ အင်္ဂလိပ်လို အဓိပ္ပာယ်လေးတွေ ဖြည့်ပေးထားပါတယ်။ 😍

03/03/2024
Photos from Mingalar JLS's post 01/03/2024

N3 အတွက်
Kanji + Vocab တခုတည်းပေါင်းထားတဲ့စာအုပ်လေး
MJLS မှာ စာအုပ်လေးတွေဝယ်လို့ရပြီနော... 😍

စာမျက်နှာ ၂၅၃ မျက်နှာပါပြီး
ဆိုင်ရာ category အလိုက် Kanji လေးတွေစုပေးထားတဲ့အပြင်
N3 Kanji အကုန်လုံးနဲ့ N2 Kanji လေးတွေပါ တစိတ်တပိုင်းပါတာမို့
N3 ဖြေမယ့်သူတွေအတွက် Kanji လေ့လာရင်း စိတ်ပါရင် Vocab တွေပါ ကျက်လို့ရပြီနော... 🥰

စာအုပ်ရဲ့ ၃ ပုံ ၁ ပုံကို လေ့လာလို့ရအောင်
ပုံလေးတွေနဲ့ တင်ပေးလိုက်ပါတယ်။

စာအုပ်ဝယ်ချင်သူတွေကတော့
CB မှာစုံစမ်းပေးကြပါ 😇

27/02/2024

အတူတူကြိုးစားကြရအောင် ☺️

🙋Japanese Teacher
🙋Japanese Interpreter

လမ်းမတော် မြို့နယ်တွင်တာဝန်ထမ်းဆောင်ရန် Japan စာအသင်ပြကောင်းသူ ဆရာ /ဆရာမများခန့်ထားလိုသည်။

🙋Office Location - LanMaDaw Township.
🙋Working Hours - 9 AM to 5:00 PM (Mon to Fri)

🙋Job Requirement

🙋N3 passed ရှိသူများလျှောက်ထားနိုင်သည်။

🙋 ပေါင်းသင်းဆက်ဆံရေး communication ကောင်းမွန်ရမည်။

🙋 ရိုးသားကြိုးစား၍ ရေရှည်လုပ်ကိုင်နိုင်သူဖြစ်ရမည်

**mail ပို့သည့်အခါ subject တွင် Japanese Teacher ဟုရေးပေးရန်**

**CV ပို့သည့်အခါမျှော်မှန်းလစာပါရေးပေးရန်**

စိတ်ဝင်စား၍လျှောက်ထားလိုပါက [email protected] သို့ cvပေးပို့လျှောက်ထားနိုင်ပါသည်။

-----------------------------------

🙋လမ်းမတော်မြို့နယ် Japanese Interpreter (Education Report ရေးရန်) အောက်ပါ အရည်ချင်းရှိသူများလျှောက်ထားနိုင်ပါသည်။

🙋Office Location - LanMaDaw Township.
🙋Working Hours - 9 AM to 5:00 PM (Mon to Fri)

🙋Job Requirement

🙋Japanese level N2 ရှိရမည်။(အနည်းဆုံး N2 တက်ရောက်နေဆဲဖြစ်ရမည်)

🙋Japan ကျောင်းတွင် Education reportကို Japan လိုရေးနိုင်သူဖြစ်ရမည်။

🙋 Microsoft Word , Excel , Internet & Email ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ ဖြစ်ရမည်။

🙋အမျိုးသား/အမျိုးသမီး လျှောက်ထားနိုင်သည်။

🙋 ပေါင်းသင်းဆက်ဆံရေး communication ကောင်းမွန်ရမည်။

🙋 ရိုးသားကြိုးစား၍ ရေရှည်လုပ်ကိုင်နိုင်သူဖြစ်ရမည်။

**mail ပို့သည့်အခါ subjectတွင် Education report ဟုရေးပေးရန်**
**CV ပို့သည့်အခါမျှော်မှန်းလစာပါရေးပေးရန်**
စိတ်ဝင်စား၍လျှောက်ထားလိုပါက [email protected] သို့ cvပေးပို့လျှောက်ထားနိုင်ပါသည်

24/02/2024

N1, N2, N3 အတွက်
ကျောင်းက grammar textbook နဲ့လေ့လာနေသူတွေအတွက် 🥰
နားထောင်ရင်း လေ့လာနိုင်ဖို့
Audio file လေးတွေရတော့မယ်နော်. 😍

Photos from Mingalar JLS's post 05/02/2024

N1 Mimikara Vocab နဲ့ လေ့လာနေသူတွေအတွက်... 🥰

31/01/2024

ည ၁ နာရီကျော်ကြီး shiraberukun လေးမှာ
search count တွေတက်ရင်
ကိုယ့်ကျောင်းသားတွေများလားလို့တွေးရင်း
ပြုံးမိလိုက်တာမျိုး 😅

ဒင်းတို့ကတော့ ဟောက်ပြီး
ဂျပန်ရောက်နေလောက်ပြီ
အိပ်မက်ထဲမှာ 🤣

28/12/2023

1:N.......

ဘာသာစကားမှ မဟုတ်ပါဘူး။
ဘယ်ပညာကိုပဲလေ့လာ၊ လေ့လာ
1:N သဘောတရားကို သိထားဖို့လိုပါတယ်။

1:N ဆိုတာက
လေ့လာချိန်အချိုးကို ဆိုလိုချင်တာပါ။

သင်ပေးတဲ့ဘက်က တနာရီသင်တိုင်း၊ သင်တိုင်းမှာ
သင်ယူသူဘက်က ကံ၊ ဉာဏ်၊ ဝီရိယပေါ်မူတည်ပြီး
N နာရီလေ့လာဖို့လိုပါတယ်။

N နာရီဆုိတာက
ကြိုလေ့လာထားတဲ့ နာရီစုစု‌ေပါင်းရော၊
ပြန်လေ့ကျင့်တဲ့ နာရီစုစုပေါင်းရော၊
အကုန်ပါပါတယ်။

ဒါက သင်ယူသူဘက်က ကြည့်တာပါ။
သင်ပေးတဲ့ဘက်ကလည်း ထပ်တူပါပဲ။

အတန်းမှာ တစ်နာရီပြန်သင်ဖို့
သင်ပေးသူရဲ့ ကံ၊ ဉာဏ်၊ ဝီရိယပေါ်မူတည်ပြီး
N နာရီ ပြန်လေ့လာရပါတယ်။

ဒီ N နာရီမှာ
ကိုယ်တိုင်အတွက်လေ့လာရသလို၊
ပြန်ရှင်းပြဖို့အတွက်လည်း လေ့လာရပါတယ်။

1:N သဘောတရားကို သိထားရင်
စာသင်ချိန်နည်းတာ၊ များတာထက်

ဘယ်ပညာရပ်မဆို
သင်ယူသူနဲ့၊ သင်ပေးသူရဲ့
ကံ၊ ဉာဏ်၊ ဝီရိယပေါ် မူတည်တယ်ဆိုတာ
နားလည်လာပါလိမ့်မယ်။

22/12/2023

Shiraberukun လေးကိုသုံးရင်း
ဘယ်လိုတွေလေ့လာလို့ရမလဲ....😎

ဒါကတော့ အခုတလော
မင်မင်စာပြန်လေ့လာဖြစ်‌ေနတဲ့ပုံစံလေးပါ။

同義語、対義語 လေးတွေကိုလိုက်ရှာဖတ်ရင်း
မိခင်ဘာသာစကားန‌ဲ့ ပြန်ဖလှယ်ကြည့်ရတာ
မင်မင့်အတွက်တော့ ရသတခုပါပဲ 🥰

N3 လောက်ရောက်ရင်
ကျက်ဖို့ထက်၊ ဖတ်ဖို့ကိုလေ့ကျင့်ကြပါနော 💪

ဖတ်ပြီး တွေးယူတတ်တဲ့အကျင့်မရ‌ှိထားရင်
နောက် level တွေမှာ
ကျက်ဖို့ဆိုတာ ခက်လာမ‌ှာမို့လို့ပါ။

စာမေးပွဲပြီးသွားလည်းပဲ
shiraberukun လေးကို မမေ့လိုက်ကြနဲ့ဦးနော 😅

19/12/2023

N1 (တခါတည်း) အောင်သွားရင်…
--------------------------------
အရင်ဆုံး
JLPT ဆိုတာ MCQ စာမေးပွဲဖြစ်တဲ့အတွက် ဖြေတတ်ရင် အောင်ဖို့အခွင့်အလမ်းများတဲ့ စာမေးပွဲပုံစံဖြစ်ပါတယ်။

ဒါပေမယ့် တခါတည်းအောင်သွားရင်
အောင်ပြီးပြီလို့ စိတ်ထဲပေါ့ပြီး
ဘာသာစကားလေ့လာခြင်းရဲ့ အနှစ်သာရ၊ ပျော်ရွှင်မှုကို မေ့သွားတတ်ပါတယ်။

ကိုယ်တိုင်လည်း ဒီခံစားချက်မျိုးဖြစ်ခဲ့ဖူးလို့ပါ။

N1 အောင်ပြီး နှစ်တော်တော်ကြာ
ဒီဘာသာစကားလေ့လာမှုနဲ့ ဝေးကွာခဲ့တဲ့ကာလတွေရှိခဲ့ပါတယ်။

ဘာသာစကားလေ့လာခြင်းဆိုတာ
လေယာဥ်ပျံစီးသလိုပါပဲတဲ့…
တက်ပြီးသွားရင် လမ်းတဝက်မှာဆင်းလို့မရပဲ
ခရီးစဥ်ပြီးလို့ လေယာဥ်ရပ်မှသာ ဆင်းလို့ရသလိုမျိုးပေါ့နော်

အမြဲပြောင်းလဲနေတဲ့ ဘာသာစကားတွေဖြစ်တဲ့အတွက်
ဘဝတလျှောက်လုံး လေ့လာလို့မကုန်တာကို သတိချပ်စေချင်ပါတယ်။

စာမေးပွဲဆိုတာ အတိုင်းအတာ
ဘောင်တခုအတွင်းမှာပဲစစ်လို့ရတာမို့
N-level တွေထက်
စဥ်ဆက်မပြတ်တဲ့ လေ့လာမှုတွေ ဆက်လုပ်သွားနိုင်ကြပါစေ။

Photos from Mingalar JLS's post 11/12/2023

ဟိုင်း 👋
နှစ်သစ်မှာ level အသစ်အတွက်
ကြိုးစားဖို့ အဆင်သင့်ဖြစ်ပြီလား... 🥰

ကျောင်းလေး ၇ နှစ်ပြည့်တဲ့ အထိမ်းအမှတ်နဲ့
ဒီ တခေါက် Zoom Batch လေးတွေအကုန်လုံးကို
20% off ပေးထားပါတယ်... ☺️

MJLS ရဲ့ အတန်းလေးတွေက ဘာတွေထူးခြားလဲ....
----
- စာမေးပွဲအောင်ဖို့တခုတည်းမဟုတ်ပဲ၊ ဆက်သွယ်နိုင်မှုစွမ်းရည်အတွက်ပါရည်ရွယ်ပြီး အတန်းတခုချင်းစီအတွက် မြန်မာဆရာအပြင်၊ မြန်မာလူမျိုးနီးပါး မြန်မာဘာသာစကားကိုနားလည်ပြောဆိုနိုင်တဲ့ ဂျပန်လူမျိုးဆရာမရဲ့ စကားပြောအတန်းလေးတွေလည်း တပတ်တချိန်ထည့်ပေးထားတာမို့ စကားပြောအတန်းတွေ သီးသန့်တက်ဖို့မလိုတော့အောင်စီစဥ်ပေးထားပါတယ်။

- စာမေးပွဲနီးရင် ကျောင်းရဲ့ library ကနေ စာအုပ်တွေ ငှားလေ့လာလို့ရမယ်၊ စာအုပ်တွေတင်မကပဲ လိုအပ်ရင် လေ့လာ၊ လေ့ကျင့်သင့်တဲ့ e-books လေးတွေပါ ပြောပြပေးသွားမှာမို့ လိုအပ်တဲ့ resource တွေအတွက်က ကျောင်းဘက်က တာဝန်ယူပါတယ်။ (ကျောင်းသားတွေဘက်က ဘာသာစကားအပေါ်ထားတဲ့ passion တခုပဲယူလာပေးပါ)

- N3 နဲ့ အထက်အတန်းတွေအတွက်က ဂျပန်စာလေ့လာရာမှာ လိုအပ်တဲ့ tools တွေ၊ အသုံးပြုပုံတွေနဲ့ ဒေတာတွေကျောင်းမှာလာယူလို့ရပါတယ်။ သင်တဲ့အပိုင်းထက် ကိုယ့်ဘာသာလေ့လာပြီးမေးကြတဲ့အပိုင်းကို ပိုအားပေးတာမို့၊ နောက်ပိုင်းလိုအပ်မယ့် resources တွေပါ စီစဥ်ပေးထားပါတယ်။

- စာလုပ်ရင်း အချိန်မရွေးစာမေးနိုင်ဖို့ messenger group လေးလည်းထားပေးမှာဖြစ်ပြီးတော့၊ စာမေးမှဆိုတဲ့ သူတွေအတွက်လည်း တပတ်စာသင်သွားတာတွေအတွက် Google form နဲ့ quiz လေးတွေစီစဥ်ပေးထားပါတယ်။

အတန်းလေးတွေအကုန်လုံးက ဇန်နဝါရီလ
ပထမအပတ် မှာ စမယ့်အတန်းလေးတွေဖြစ်ပါတယ်... 🥰

ဆိုတော့...
အတန်းလေးတွေအတွက်က တပုံချင်းစီထောက်ပြီး ကြည့်ပေးကြနော... 🥰

* ပထမအတန်းလူပြည့်သွားလို့ ထပ်ဖွင့်တဲ့ N1 ဒုတိယအတန်းနဲ့
N2 အတန်းက ၅ ယောက်လောက်ပဲ ထပ်လက်ခံလို့ရပါတော့မယ်။

04/12/2023

ယူတို့တွေ N1 တက်ဖို့
လိုက်ရှာနေကြတာလား 😅
Popular Now ကိုဖြစ်လို့ 😁

N1 အတန်းလေး ၄ ယောက်ပဲလိုတော့တာမို့
တက်မယ်ဆို စာရင်းပေးထားကြဦးနော ☺️

04/12/2023

စာမေးပွဲပြီးတာနဲ့
နောက် level တခုကို ချက်ချင်းလေ့လာဖို့
ပြင်ဆင်နေသူတွေအတွက်...

ဒီဇင်ဘာလထဲ ဖွင့်မယ့်
N2 အပြင်တန်းလေးရှိမယ်နော.. 🥰

MJLS ရဲ့ အတန်းတွေက ဘာတွေထူးခြားလဲ....
----
- စာမေးပွဲအောင်ဖို့တခုတည်းမဟုတ်ပဲ၊ ဆက်သွယ်နိုင်မှုစွမ်းရည်အတွက်ပါရည်ရွယ်ပြီး အတန်းတခုချင်းစီအတွက် မြန်မာဆရာအပြင်၊ မြန်မာလူမျိုးနီးပါး မြန်မာဘာသာစကားကိုနားလည်ပြောဆိုနိုင်တဲ့ ဂျပန်လူမျိုးဆရာမရဲ့ စကားပြော Zoom အတန်းလေးတွေလည်း တပတ်တချိန်ထည့်ပေးထားတာမို့ စကားပြောအတန်းတွေ သီးသန့်တက်ဖို့မလိုတော့အောင်စီစဥ်ပေးထားပါတယ်။
- စာမေးပွဲနီးရင် ကျောင်းရဲ့ library ကနေ စာအုပ်တွေ ငှားလေ့လာလို့ရမယ်၊ စာအုပ်တွေတင်မကပဲ လိုအပ်ရင် လေ့လာ၊ လေ့ကျင့်သင့်တဲ့ ebooks လေးတွေပါ ပြောပြပေးသွားမှာမို့ လိုအပ်တဲ့ resource တွေအတွက်က ကျောင်းဘက်က တာဝန်ယူပါတယ်။ (ကျောင်းသားတွေဘက်က ဘာသာစကားအပေါ်ထားတဲ့ passion တခုပဲယူလာပေးပါ)
- N3 နဲ့ အထက်အတန်းတွေအတွက်က ဂျပန်စာလေ့လာရာမှာ လိုအပ်တဲ့ tools တွေ၊ အသုံးပြုပုံတွေနဲ့ ဒေတာတွေကျောင်းမှာလာယူလို့ရပါတယ်။ သင်တဲ့အပိုင်းထက် ကိုယ့်ဘာသာလေ့လာပြီးမေးကြတဲ့အပိုင်းကို ပိုအားပေးတာမို့၊ နောက်ပိုင်းလိုအပ်မယ့် resources တွေပါ စီစဥ်ပေးထားပါတယ်။
- စာလုပ်ရင်း အချိန်မရွေးစာမေးနိုင်ဖို့ messenger group လေးလည်းထားပေးမှာဖြစ်ပြီးတော့၊ စာမေးမှဆိုတဲ့ သူတွေအတွက်လည်း တပတ်စာသင်သွားတာတွေအတွက် Google form နဲ့ quiz လေးတွေစီစဥ်ပေးထားပါတယ်။

* သင်ရိုးနှင့် သင်တန်းအသေးစိတ်အချက်အလက်များပိုမိုသိရှိလိုပါက https://m.me/mingalarjls

03/12/2023

ဟိုင်း 👋

စာမေးပွဲလည်း ပြီးပြီဆိုတော့
မင်မင်တို့ Shiraberukun လေးက စာမေးပွဲအတွက် အထောက်အကူဖြစ်ခဲ့ရဲ့လား ☺️

ဒီ့ထက်ပိုကောင်းတဲ့ လုပ်ဆောင်ချက်မျိုးလေးတွေအတွက် အကြံပေးချင်တာမျိုးရှိခဲ့ရင်
စာလေးချန်ပြီး ပြောပေးခဲ့ကြနော 😇

https://www.shiraberukun.com/

02/12/2023

ဘယ်အဖွဲ့ကလဲ ပြောပေးခဲ့ကြပါဦး 😅
(ကိုယ်တွေကတော့ ၂ အဖွဲ့ပါ)

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

N1 တွေ révision ပြန်ကြမယ် 😅
N1, N2, N3 အတွက်ကျောင်းက grammar textbook နဲ့လေ့လာနေသူတွေအတွက် 🥰နားထောင်ရင်း လေ့လာနိုင်ဖို့Audio file လေးတွေရတော့မယ်နော်...
Shiraberukun လေးကိုသုံးရင်းဘယ်လိုတွေလေ့လာလို့ရမလဲ....😎ဒါကတော့ အခုတလောမင်မင်စာပြန်လေ့လာဖြစ်‌ေနတဲ့ပုံစံလေးပါ။同義語、対義語 လေးတွ...
ဂျပန်မှာ ရေဗူးပစ်တဲ့အခါ ပလက်စတစ်အခွံကို ချွတ်ပြီးတော့သေချာပစ်ကြပါတယ်။ တစ်ချို့နေရာတွေကတော့ဒီတိုင်းပစ်တတ်ကြပါတယ်။
What event?
#Toden_Arakawa_Line #Tokyo_Sakura_Tram
Listening အတွက်သတင်းလေးတွေနားထောင်ကြမယ်…ဒီနေ့တော့ Listening အတွက် လေ့ကျင့်နိုင်ဖို့ youtube က သတင်းချန်နယ်လေးတွေကို မျှဝ...
漢字 ဆယ်လုံးပဲ သင်ရသေးတယ်မင်းက ဂျပန်မသွားတော့ဘူးတဲ့လား 🤣🤣🤣
JQB အတန်းလေးတွေမှာဒီလို‌ေလ့ကျင့်ကြလို့ရမယ်နော 😎😎😎
N1 Grammar စာအုပ်လေး စလုပ်နေပါပြီ...မြန်မာလို ရှင်းပြချက်တွေထည့်ရမှာမို့သေချာလေးပြန်ဖတ်ရင်းဘယ်တော့ပြီးမလဲ မသိပေမယ့်ပြီးရ...

Category

Telephone

Address


30, Aung Taw Mu Street , Sanchaung Tsp
Yangon

Opening Hours

Saturday 09:00 - 17:00
Sunday 09:00 - 17:00

Other Schools in Yangon (show all)
CROWN Education CROWN Education
No 275, Pyay Road, Red Hill Tower, 3rd Floor
Yangon, 11111

First Myanmar Education Consultancy awarded British Council Education UK Agents Training Certificate (Distinction). Most trusted overseas Education Consultancy for providing the ri...

Smile Excel Learning Smile Excel Learning
Yangon

Excel Learning & Data Analysis Service

BA Class Myanmar BA Class Myanmar
Yangon

မီဒီယာ၊ နည်းပညာနှင့် အင်ဂျင်နီယာ အတတ်ပညာများ သင်ယူရာ စာမျက်နှာတစ်ခု။

WHEC - IGCSE WHEC - IGCSE
No. 411, Balika ( Zaya 10th )Street, 10th Qtr, South Okkalapa Tsp
Yangon, 11091

We will unlock your capabilities.

G - 7 Academy G - 7 Academy
Yangon

Decent It and Technical School Decent It and Technical School
U Chit Maung Road Bahan Township
Yangon

To Promote Our Knowledge,

SN-Art Class SN-Art Class
Jewellry Mall, Level/3 , No-301 , Times City
Yangon

Art of Drawing & Painting Class

G Y O - Grab Your Opportunity G Y O - Grab Your Opportunity
Kamayut Township
Yangon

If there’s a will, there’s a way

MFX Trades Myanmar MFX Trades Myanmar
No. 62, Room(704-B), Maharbandula Road, Ocean East Point, Pazuntaung Township
Yangon, 11171

To unlock the potential of the world’s financial markets for everyone. Everyone with an interest i

Shourai 将来Japanese Language School Shourai 将来Japanese Language School
Yangon

Japanese Language School

Polaris Maritime Training Center Polaris Maritime Training Center
အမှတ်၈၉ သုတ ၃လမ်း ၄ရပ်ကွက်, တောင်ဥက္ကလာ
Yangon