People Impact Myanmar
Nearby schools & colleges
Bangkok
Myanmar Plaza
People Impact provides a holistic play-based education to nurture children's IQ and EQ.
"အသက် ၆ လ အရွယ်ဆိုတာ IQEQ Train ဖို့အတွက် အကောင်းဆုံးအရွယ်လို့သိထားလို့ People Impact Myanmar မှာထားဖို့ရွေးချယ်ဖြစ်တာပါ။ သဘောကျတာလေးက ကျောင်းမှာသင်တဲ့အကြောင်းအရာတွေက အပြင်မှာ အလွယ်တကူဝယ်လို့ရတဲ့ ပစ္စည်းလေးတွေဆိုတော့ အိမ်မှာလဲ ပြန်လုပ်ပေးဖြစ်တယ်။ တစ်ပတ်တစ်ရက်ပေမယ့် သင်ခန်းစာတွေနဲ့ ကလေးနဲ့ သိပ်မစိမ်းတော့ဘူး။
-ဟန်နာလေး မေမေ ဒေါ် လဲ့သန္တာစိုး
COVID-19 ကာလမှာ ကလေးငယ်တို့ရဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ်လေ့လာသင်ယူနိုင်ရေးကို ရှေးရှုပြီး People Impact Myanmar က 𝐇𝐨𝐦𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦 ကို စီစဉ်ပေးထားပါတယ်။
𝐇𝐨𝐦𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦 နှင့် ပတ်သက်၍ အသေးစိတ်သိလိုသည်များကို People Impact Yangon 📞 Hot Line: 09404229869 (သို့မဟုတ်) Messenger တွင် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
People Impact IQEQ Training Center
Myanmar Plaza 2nd Floor.
အရင်ကထက်စာရင် အရမ်းသွက်လာပါတယ်
"သမီးလေးက အရင်က ကြောက်တတ်တယ်။ ကျောင်းထားပြီးနောက်ပိုင်း လူလည်းမကြောက်တတ်တော့ဘူး။ လူကြီးတစ်ယောက်က တစ်ခုခုလုပ်ပြနေရင် လိုက်လုပ်ရမှန်းသိတယ်။ ။ သူ့ဘာသာသူ ထမင်းစားတတ်လာတယ်။ အရင်ကထက်စာရင် အရမ်းသွက်လာပါတယ်"
"People Impact က ဆရာမတွေက အရမ်း Familiar ဖြစ်ပြီး ကလေးကိုကိုင်တာတွယ်တာတွေဆို အရမ်းကို သဘောကျပါတယ်"
Fei Fei လေး မေမေ Daw Wyne Phu Ngohn Maung ရဲ့ စကားသံ
ကလေးတွေအတွက်တင်မကဘူး မိဘတွေအတွက်ပါ သင်ခန်းစာတွေရပါတယ်
"ဆရာမတွေက ကျောင်းမှာ သင်လိုက်တဲ့ သင်ခန်းစာတွေကို အမေတွေကို ပြန်ရှင်းပြပေးပါတယ်။ ကလေးရဲ့စိတ်ခံစားချက်ကို နားလည်အောင် အမေတွေအနေနဲ့ ဘယ်လိုဆက်ဆံသင့်တယ်ဆိုတာကိုလည်း ဆွေးနွေးပေးတယ်။ အကြံဉာဏ်တွေလည်းပေးတော့ ကလေးတွေအတွက်တင်မကဘူး မိဘတွေအတွက်ပါ သင်ခန်းစာတွေရပါတယ်။"
Yoon လေး မေမေ Daw Nawarat Kywe ရဲ့ စကားသံ
COVID-19 ကာလတွင် ကလေးငယ်တို့၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ်လေ့လာသင်ယူနိုင်ရေးကို ရှေးရှုပြီး People Impact Myanmar က 𝐇𝐨𝐦𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦 ကို စီစဉ်ပေးထားပါသည်။
𝐇𝐨𝐦𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦 နှင့် ပတ်သက်၍ အသေးစိတ်သိလိုသည်များကို People Impact Yangon 📞 Hot Line: 09404229869 (သို့မဟုတ်) Messenger တွင် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
People Impact IQEQ Training Center
Myanmar Plaza 2nd Floor.
ကလေးငယ်တွေ မိုးရာသီမှာ အစားတစ်လုတ်ကြောင့် ဝမ်းမပျက်စေဖို့
မိုးရာသီ...
မိုးပေါက်လေးတွေကြား ပြေးလွှားဆော့ကစားရတာ ကြိုက်တဲ့ သားသားမီးမီးလေးတွေရှိလား?
မိုးရာသီကို ချစ်တဲ့ သားသားမီးမီးလေးတွေအတွက် မိုးရာသီနဲ့ဒွန်တွဲပြီး ပါလာနိုင်တဲ့ ရောဂါပိုးမွှားတွေကိုလည်း ဖေဖေမေမေတို့က ကြိုတင်ကာကွယ်ပေးထားရမယ့် အချိန်ပေါ့။ ကလေးကို အာဟာရပြည့်ဝအောင် ဖြည့်စွက်ကျွေးသင့်တာ မှန်ပေမဲ့ ဒီလို မိုးတွင်းမှာ အဖြစ်အများဆုံးက ရာသီတုပ်ကွေး၊ ဝမ်းပျက် ဝမ်းလျှော ရောဂါတွေဖြစ်လို့ ဝမ်းနူးစာ (ဝမ်းပျက်စေတတ်တဲ့အစားအသောက်) တွေ မကျွေးမိအောင်လည်း သတိပြုသင့်ပါတယ်။
ကလေးတွေအတွက် မိုးတွင်းမှာ မကျွေးသင့်တဲ့ အစားအသောက်တွေကတော့
ဟင်းသီးဟင်းရွက် အစိမ်းများ
အစိမ်းလေးတွေက အာဟာရမပျက် စားကောင်းတယ် ဆိုပေမယ့် မိုးရာသီမှာတော့ ပူပူနွေးနွေး ဟင်းပူပူလေးပဲ ကျွေးပေးပါ။ အသီးအရွက်တွေ ဘယ်လောက်စင်အောင်ဆေးဆေး နေရာအနှံ့က ရောဂါပိုးတွေ ကပ်ပါနိုင်ခြေများပါတယ်။
နို့ထွက်ပစ္စည်းများ - လတ်လတ်ဆတ်ဆတ် နွားနို့ဆိုရင်တော့ အားဖြစ်ပေမဲ့ ဓာတ်ပြယ်နှုန်းမြင့်တဲ့ ဒီလိုမိုးတွင်းကာလမှာ နို့ထွက်ပစ္စည်းတွေကို အတတ်နိုင်ဆုံးရှောင်ပေးပါ။ မလတ်ဆတ်တဲ့အခါ ဝမ်းလျှော၊ ဝမ်းကိုက်စေတဲ့အပြင် အခန့်မသင့်ရင် အစာအဆိပ်သင့်တဲ့အထိ ဖြစ်ပွားစေပါတယ်။
အသုပ်စုံ - ဟင်းရည်ပူပူလေး နဲ့ လိုက်ဖက်လွန်းတဲ့ အသုပ်စုံလေးတွေက မိုးရာသီအတွက် အဆိုးဆုံး ရန်သူပါ။ သိပ်ကြိုက်တယ်ဆိုရင်တော့ ကိုယ့်အိမ်မှာပဲ လတ်လတ်ဆတ်ဆတ် ပြင်ဆင်ပြီး ကိုယ်တိုင် သုပ်ကျွေးပါ။ အသုပ်တွေက ဝမ်းနူးစေတယ်ဆိုတာတော့ မမေ့ပါနဲ့။
ပင်လယ်စာ - အေးခဲ ပင်လယ်စာတွေ၊ ရေခဲသေတ္တာထဲ ထည့်သိမ်းထားတဲ့ ပင်လယ်စာမျိုး မကျွေးမိပါစေနဲ့။
အခုလို မိုးရာသီမှာ အထူးသဖြင့် ကလေးတွေအတွက် လတ်ဆတ်မှုနဲ့ သန့်ရှင်းမှုကို ဦးစားပေးပြီး အာဟာရပြည့်ဝအောင် ကျွေးမွေးဖို့ အကြုံပြု တိုက်တွန်းလိုက်ရပါတယ်နော်။
📢 📢 📢
ပြီးတော့ သတင်းကောင်းတစ်ခုလည်း ပါးချင်ပါသေးတယ်။
COVID-19 ကာလအတွင်း ရင်သွေးလေးတွေရဲ့ IQEQ ဖွံ့ဖြိုးတိုးတက်ရေး ရတက်မအေးရတဲ့ ဖေဖေမေမေတို့အတွက် People Impact Myanmar ရဲ့ 𝐇𝐨𝐦𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦 လာပါပြီနော်!
𝐇𝐨𝐦𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦 နှင့် ပတ်သက်၍ အသေးစိတ်သိလိုသည်များကို People Impact Yangon Hot Line: 09404229869 သို့ Messenger တွင် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
People Impact IQEQ Training Center
Myanmar Plaza 2nd Floor.
၆ လနှင့် အထက်ကလေးများအတွက် Baby Impact ပရိုဂရမ်
Baby Impact သည် အသက် ၆ လ မှ ၃၆ လ အတွင်း ကလေးငယ်များ၏ ဘက်စုံဖွံ့ဖြိုးရေးအတွက် သင်ရိုးညွှန်းတမ်းများအား နည်းစနစ်ကျကျ ကျွမ်းကျင်စွာ ရေးဆွဲဖန်တီးထားသော ပရိုဂရမ်ဖြစ်ပါသည်။
ကလေးငယ် တစ်ဦးချင်းစီတိုင်း၏ ပင်ကိုစွမ်းရည်များအား လက်လှမ်းမီသည်အထိ အကောင်းဆုံးဖြစ်အောင် လေ့ကျင့်သင်ကြားပေးရန် People Impact မှ တာဝန်ယူပါသည်။
ထို့အပြင် အမျိုးမျိုးသော ပျော်ရွှင်တက်ကြွစေသည့် လှုံ့ဆော်သင်ကြားရေး နည်းလမ်းများကြောင့် ကလေးငယ်တိုင်းအတွက် ပြီးပြည့်စုံသော ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေမည်ဖြစ်ပါသည်။
ဤပရိုဂရမ်တွင် ကလေးငယ်များ၏
✔️ အာရုံခံစားမှုကို ကောင်းမွန်စွာဖော်ထုတ်ပေးနိုင်စွမ်း
✔️ အကျိုးအကြောင်း အမှားအမှန်အား သိမှတ်ခံစားနိုင်စွမ်းနှင့်သင်ယူနိုင်စွမ်း
✔️ လူမှုပေါင်းသင်းဆက်ဆံရေး နှင့်
✔️ ခန္ဓာကိုယ်ကြွက်သားများ လျင်မြန်သွက်လက်စွာ လုပ်ဆောင်နိုင်စွမ်း စသည့် စွမ်းရည်များကို အဓိကထား၍ လေ့ကျင့်ပျိုးထောင်ပေးသွားမည် ဖြစ်ပါသည်။
COVID-19 ကာလတွင် ကလေးငယ်တို့၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ်လေ့လာသင်ယူနိုင်ရေးကို ရှေးရှုပြီး People Impact Myanmar က 𝐇𝐨𝐦𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦 ကို စီစဉ်ပေးထားပါသည်။
𝐇𝐨𝐦𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦 နှင့် ပတ်သက်၍ အသေးစိတ်သိလိုသည်များကို People Impact Yangon 📞 Hot Line: 09404229869 (သို့မဟုတ်) Messenger တွင် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
People Impact IQEQ Training Center
Myanmar Plaza 2nd Floor.
သိထားသင့်တဲ့ ကလေးတစ်ယောက်ရဲ့ ဦးနှောက်ကြီးထွားဖွံ့ဖြိုးမှု လုပ်ငန်းစဉ်
မွေးစမှ အသက် ၃ နှစ်အရွယ်အတွင်း ကလေးငယ်တစ်ယောက်ရဲ့ ပုံမှန် ဦးနှောက်ကြီးထွားဖွံ့ဖြိုးမှုအကြောင်း သိရှိထားမယ်ဆိုရင် မိဘတွေအနေနဲ့ မိမိကလေးကို အသက်အရွယ်အပိုင်းအခြားအလိုက် ဘယ်လို ပြုစုပျိုးထောင်ပေးရမလဲဆိုတာ နားလည်သဘောပေါက်နိုင်မှာဖြစ်ပါတယ်။
မွေးကင်းစ မှ ၂ လအတွင်း - အိပ်ခြင်း၊ ဆာလောင်ခြင်း၊ ငိုခြင်း၊ အမြင်အာရုံ၊အကြားအာရုံ စတဲ့ လုပ်ငန်းစဉ်တွေအတွက် ဦးနှောက်ကစပြီး တာဝန်ယူပါပြီ။
မိဘတွေအနေနဲ့ ကလေး အမူအရာကိုပဲ နားလည်အောင်လုပ်ရမယ့် အချိန်ဖြစ်ပါတယ်။ ကလေးရဲ့ အမူအရာကိုကြည့်ပြီး ဗိုက်ဆာတာလား အိပ်ချင်တာလားဆိုတာ မျက်ခြည်မပြတ် လေ့လာရင်း သူတို့လေးတွေ သက်သောင့်သက်သာရှိအောင် ဂရုစိုက်ပေးရပါမယ်။
၂ လ မှ ၆ လအတွင်း - အမြင်အာရုံကောင်းကောင်းရပြီဖြစ်လို့ မြင်ရာ၊တွေ့ရာကို စူးစမ်းချင်ပါပြီ။ အသံတွေ ထွက်ပြီး သူတို့ဘာသာစကားနဲ့ အဆက်အသွယ်လုပ်နေတာ သတိထားမိမှာပါ။
ဖေဖေမေမေတို့ရဲ့အဓိကတာဝန်က ကလေးနဲ့ အတူ အပြုံးလေးနဲ့ စကားတွေပြောနေဖို့ပါပဲ။
၆ လ မှ ၁၂ လအတွင်း - ပတ်ဝန်းကျင် နဲ့ စိတ်ခံစားချက် တုံ့ပြန်မှုတွေ မြန်မြန်ဆန်ဆန်တိုးတက်လာချိန်ပါ။ ဦးနှောက်ရဲ့ အာရုံခံစားနိုင်မှု အစိတ်အပိုင်းတွေက လျင်လျင်မြန်မြန်ကို ထောက်ပံ့ပေးနေပါပြီ။
သူတို့ကြိုက်တတ်တဲ့ဓာတ်ပုံလေးတွေ၊ အရောင်လင်းလင်းလေးတွေကို မှတ်မိအောင် ပြပေးပါ။
အသက် ၁ နှစ် မှ ၂ နှစ် ကြား -လမ်းစလျှောက်ပါပြီ။ ဝေါဟာရလေးတွေ သင်ယူတတ်လာပါပြီ။ သိချင်တာလေးတွေ များနေသလို ကိုယ်တိုင် လုပ်ချင် ကိုင်ချင်စိတ်လည်း များလာပါပြီ။
ဖေဖေမေမေတို့အနေနဲ့ ကလေးရှေ့မှာ အပြုအမှုလေးတွေ ဂရုစိုက်ပေးပါနော်။ ကလေးနဲ့ အပြန်အလှန် စကားတွေပြောရင်း ဝေါဟာရလေးတွေ တွဲသင်ပေးပါ။
အသက် ၂ နှစ် မှ ၃ နှစ် ကြား - လမ်းကောင်းကောင်းလျှောက်နိုင်တဲ့အရွယ်မှာ ကလေးတွေဟာ အရာဝတ္တုတွေရဲ့ပုံစံကို မှတ်သားနိုင်ပါပြီ။ ဘာလုပ်ရင် ဘာဖြစ်မယ်ဆိုတဲ့ အကြောင်း အကျိုးကို နားလည်လာသလို ခံစားမျှဝေတတ်ပါပြီ။
စကားတွေပြောပြီး မေးခွန်းတွေ တရစပ်မေးလာရင် စိတ်မညစ်ပါနဲ့။ သူတို့လေးတွေ စူးစမ်း လေ့လာနေတာမို့ တတ်နိုင်သမျှ ရှင်းပြပေးပါ။
အသက် ၃ နှစ် နဲ့ အထက် - သူတို့လေးတွေ ပြသာနာဖြေရှင်းနည်းကိုလေ့လာဖို့ အဆင့်သင့်ဖြစ်နေပါပြီ။ ပတ်ဝန်းကျင်က အသစ်အဆန်းလေးတွေနဲ့ ပတ်သက်ပြီး စပ်စပ်စုစု နဲ့ "Why" ဆိုတဲ့ အမေးတွေနဲ့ သင်ယူမှုကို စတင်နေပါပြီ။ သူငယ်ချင်းတွေနဲ့ မိတ်ဖွဲ့တတ်လာသလို အသစ်အဆန်းလေးတွေအတွက် စိတ်အားအထက်သန်ဆုံးအရွယ် ဖြစ်လာပါပြီ။
စည်းကမ်းလေးတွေ ထုတ် ဆုပေး၊ မုန့်ပေး စနစ်လေးတွေ စလို့ရပါပြီ။ သင်ယူလေ့လာမှုအတွက် ပြင်ဆင်ထားပြီဆိုရင် Preschool စထားလို့ ရနေပါပြီ။
မြန်ဆန်တဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် မှန်ကန်တဲ့ ထောက်ပံ့မှုနဲ့အတူ အနာဂတ်ရဲ့ Genious လေးတွေပိုင်ဆိုင်ကြပါစေနော်...
📢 📢 📢
ပြီးတော့ သတင်းကောင်းတစ်ခုလည်း ပါးချင်ပါသေးတယ်။
COVID-19 ကာလမှာ မိမိရင်သွေးငယ်တွေကို အပြင်လွှတ်ရမှာ စိတ်မချဖြစ်နေတဲ့ ဖေဖေမေမေတို့အတွက် 𝐇𝐨𝐦𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦 𝐢𝐬 𝐚𝐯𝐚𝐢𝐥𝐚𝐛𝐥𝐞 𝐧𝐨𝐰!
𝐇𝐨𝐦𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦 နှင့် ပတ်သက်၍ အသေးစိတ်သိလိုသည်များကို People Impact Yangon 📞 Hot Line: 09404229869 သို့ Messenger တွင် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
People Impact IQEQ Training Center
Myanmar Plaza 2nd Floor.
သားသားမီးမီးလေးတွေရဲ့ အပြုံးလှလှလေးတွေဆိုတာ
ဖေဖေ မေမေတို့ဆီက သင်ယူတတ်မြောက်ခြင်းဖြစ်ပါတယ်။
သည်းတုန်လေးတွေရဲ့ထူးခြားတဲ့ အာရုံခံစားနိုင်စွမ်းကို
People Impact ရဲ့
Home Service Program လေးနဲ့ မြှင့်တင်ပေးလိုက်ရအောင်
People impact Myanmar ဆိုတာ Singapore People Impact ကနေ franchise ယူထားတာဖြစ်ပြီး ကလေးတွေရဲ့ IQ EQ ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကို စနစ်တကျလေ့ကျင့် ပျိုးထောင်ပေးနေတဲ့ International Training Center တစ်ခုပဲဖြစ်ပါတယ်။
ကလေးတို့အတွက်
✔️ အာရုံခံစားမှုကို ကောင်းမွန်စွာဖော်ထုတ်ပေးနိုင်စွမ်း
✔️ အကျိုးအကြောင်း အမှားအမှန်အား သိမှတ်ခံစားနိုင်စွမ်းနှင့်သင်ယူနိုင်စွမ်း
✔️ လူမှုပေါင်းသင်းဆက်ဆံရေး နဲ့
✔️ ခန္ဓာကိုယ်ကြွက်သားများ လျင်မြန်သွက်လက်စွာ လုပ်ဆောင်နိုင်စွမ်းဆိုတဲ့
စွမ်းရည် ၄ မျိုးကို အဓိကထားပြီး လေ့ကျင့်ပျိုးထောင်ပေးသွားမှာဖြစ်လို့
ဒီလိုအချိန်မျိုးမှာလည်း သားသားမီးမီးတို့ရဲ့ IQEQ အရေး Home Service Program လေးနဲ့ စိတ်အေးရအောင် အခုပဲ ဆက်သွယ်စာရင်းပေးနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်နော်။
𝐇𝐨𝐦𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦 နှင့် ပတ်သက်၍ အသေးစိတ်သိလိုသည်များကို People Impact Yangon 📞 Hot Line: 09404229869 သို့မဟုတ် Messenger တွင် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
People Impact IQEQ Training Center
Myanmar Plaza 2nd Floor.
၆ လနှင့် အထက်ကလေးများအတွက် Baby Impact ပရိုဂရမ်
Baby Impact သည် အသက် ၆ လ မှ ၃၆ လ အတွင်း ကလေးငယ်များ၏ ဘက်စုံဖွံ့ဖြိုးရေးအတွက် သင်ရိုးညွှန်းတမ်းများအား နည်းစနစ်ကျကျ ကျွမ်းကျင်စွာ ရေးဆွဲဖန်တီးထားသော ပရိုဂရမ်ဖြစ်ပါသည်။
ကလေးငယ် တစ်ဦးချင်းစီတိုင်း၏ ပင်ကိုစွမ်းရည်များအား လက်လှမ်းမီသည်အထိ အကောင်းဆုံးဖြစ်အောင် လေ့ကျင့်သင်ကြားပေးရန် People Impact မှ တာဝန်ယူပါသည်။
ထို့အပြင် အမျိုးမျိုးသော ပျော်ရွှင်တက်ကြွစေသည့် လှုံ့ဆော်သင်ကြားရေး နည်းလမ်းများကြောင့် ကလေးငယ်တိုင်းအတွက် ပြီးပြည့်စုံသော ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေမည်ဖြစ်ပါသည်။
ဤပရိုဂရမ်တွင် ကလေးငယ်များ၏
✔️ အာရုံခံစားမှုကို ကောင်းမွန်စွာဖော်ထုတ်ပေးနိုင်စွမ်း
✔️ အကျိုးအကြောင်း အမှားအမှန်အား သိမှတ်ခံစားနိုင်စွမ်းနှင့်သင်ယူနိုင်စွမ်း
✔️ လူမှုပေါင်းသင်းဆက်ဆံရေး နှင့်
✔️ ခန္ဓာကိုယ်ကြွက်သားများ လျင်မြန်သွက်လက်စွာ လုပ်ဆောင်နိုင်စွမ်း စသည့် စွမ်းရည်များကို အဓိကထား၍ လေ့ကျင့်ပျိုးထောင်ပေးသွားမည် ဖြစ်ပါသည်။
အခုကာလက
နေ့စဉ်ဘဝမှာ ခပ်ခွာခွာနေပါဆိုတဲ့ကာလလေး ဖြစ်နေတော့ အခုလိုချိန်မျိုးမှာ ကျောင်းသားမိဘတွေအနေနဲ့
❌ ကလေးကို ကျောင်းလွှတ်ဖို့လည်း အဆင်မပြေ
❌ Online Lessons တွေနဲ့ သင်ပေးဖို့လည်း ကလေးရဲ့ Screen Time နဲ့ အဆင်မပြေဖြစ်နေရသလို
❌ ကလေးရဲ့ဖွံ့ဖြိုးမှုအတွက် သင်ယူလေ့လာမှုတွေကိုလည်း ရပ်တန့်ထားလို့ မရသေးတဲ့ အခြေအနေမျိုးဖြစ်နေပါတယ်။
ဒီကိစ္စရပ်တွေ အားလုံး ✔️ အဆင်ပြေသွားစေဖို့ People Impact ရဲ့ Home Service Program လေးနဲ့ မိတ်ဆက်ပေးပါရစေ။
ဒီ Program လေးဟာ အခုလိုအခြေအနေမျိုးမှာ အခက်ကြုံနေရတဲ့ ကျောင်းသားမိဘတွေအတွက် သေချာစဉ်းစားပြီး စီစဉ်ပေးထားတဲ့ Program လေးတစ်ခုဖြစ်ပြီး သားသားမီးမီးလေးတွေရဲ့IQEQ ဖွံ့ဖြိုးမှုကို ဆက်လက်ပံ့ပိုးပေးနိုင်စေဖို့ ရည်ရွယ်ပါတယ်။
Home Service Program ဖြစ်တာကြောင့်
People Impact ရဲ့ Teacher တွေကိုယ်တိုင် သားသားမီးမီးလေးတွေရဲ့IQEQ ဖွံ့ဖြိုးမှုဆိုင်ရာများကို သားသားမီးမီးတို့ရှိတဲ့နေရာအထိ အိမ်တိုင်ရာရောက် လေ့ကျင့်သင်ကြားပေးမှာဖြစ်ပါတယ်။
People Impact ရဲ့ Home Service Program လေးကို
👉 People Impact Myanmar ရဲ့ ကျောင်းသားဟောင်းတွေရော၊
👉 ကျောင်းသားအသစ်တွေကိုပါ လက်ခံသင်ကြားပေးမှာ ဖြစ်လို့
ဒီလိုအချိန်မျိုးမှာလည်း သားသားမီးမီးတို့ရဲ့ IQEQ အရေး စိတ်အေးရအောင် အခုပဲ ဆက်သွယ်စာရင်းပေးနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်နော်။
ချစ်သော ကျောင်းသားမိဘများနှင့် သားသားမီးမီးလေးတွေအားလုံး ဘေးကင်းရန်ကွာပြီး စိတ်အေးချမ်းသာရှိကြပါစေ။
Home Service Program နှင့် ပတ်သတ်ပြီး အသေးစိတ်သိလိုသည်များကို People Impact Yangon 📞 Hot Line: 09404229869 (သို့) Messenger တွင် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
People Impact IQEQ Training Center
Myanmarplaza 2nd Floor.
နွေးနွေးထွေးထွေး ပွေ့ဖက်ပေးခြင်းရဲ့ အကျိုးကျေးဇူးများ။
စက္ကန့် ၂၀ လောက် ကြင်ကြင်နာနာ နဲ့ ပွေ့ဖက်ထားခြင်းက ကလေးလေးတွေအတွက် ဒီလို အကျိုးကျေးဇူးရှိတယ်ဆိုတာ သိပြီးပြီလား?
ပွေ့ဖက်ခြင်းက ဖေဖေမေမေ တို့ရဲ့ ကလေးအတွက်-
💕ခန္ဓာကိုယ်ကြီးထွားမှုကို အကူအညီပေးတယ်။
မိဘတွေရဲ့ အထိအတွေ့နည်းတဲ့ ကလေးတွေဟာ အာဟာရပြည့်ဝနေရင်တောင် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုနောက်ကျခြင်း Faliure to thrive အခြေအနေကို ကြုံတွေ့နိုင်တယ်လို့ သုတေသနတွေကဖော်ပြထားပါတယ်။ ဒါကြောင့် ကျန်းမာပြီး အာဟာရပြည့်ဝဖို့လိုအပ်တဲ့အပြင် ပွေ့ဖက်ခြင်းကတဆင့် ခန္ဓာကိုယ်ကြီးထွားမှုအတွက် အထောက်အပံ့ကောင်းကို ရယူသင့်ပါတယ်။
💕စိတ်တို ဒေါသထွက်ခြင်းကို ရပ်တန့်ပေးပါတယ်။
ကလေးတစ်ယောက် စိတ်အလိုမကျ စိတ်ကောက်ပြီး ငိုနေပြီဆိုရင် ကြင်ကြင်နာနာနဲ့ ပွေ့ဖက်ထားပေးပါ။ လုံခြုံနွေးထွေးတဲ့ ရင်ခွင်ရဲ့ဂရုစိုက်ခြင်းကိုခံရတဲ့အခါ ကလေးဆီက ပျော်ရွင်ခြင်း ဟော်မုန်းလို့ခေါ်တဲ့ Oxytocin က ဒေါသတွေ၊ ဖိစီးမှုတွေကို တည်ငြိမ်သွားအောင် ပြုလုပ်ပေးပါတယ်။
💕မိဘတွေနဲ့ ရင်းနှီးမှု ပိုရစေတယ်။
ပွေ့ဖက်ခြင်းက ယုံကြည်ခြင်းပါပဲ။ ကြင်ကြင်နာနာ ပွေ့ဖက်ထားခြင်းက လုံခြုံမှု၊ နှစ်သိမ့်မှု၊ နွေးထွေးမှု၊ ယုံကြည်မှုကို ဖြစ်စေလို့ ဖေဖေ မေမေ တို့ရေ.. ကိုယ့်ရဲ့ ရင်နှစ်သည်းချာလေးတွေကို ခဏခဏ ပွေ့ဖက်ပေးဖို့ မမေ့ပါနဲ့နော်။
💕ဦးနှောက် ကြီးထွားမှုအတွက် အထောက်အပံ့ကောင်းပါ။
မွေးစအရွယ်တွေမှာ မေမေတို့နဲ့ ထိတွေ့ပြီး နို့တိုက်ခြင်းက ကလေးတွေအတွက် ဘာကြောင့်အရေးတကြီးလိုအပ်တယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ပုံမှန်ကြီးထွားဖွံ့ဖြိုးမှုအတွက် အာရုံခံစနစ်အမျိုးမျိုးဖွံ့ဖြိုးဖို့လိုအပ်တဲ့အထဲမှာ ထိတွေ့ခြင်း တနည်းအားဖြင့် ပွေ့ဖက်ခြင်း က ကလေးငယ်ရဲ့ ဦးနှောက်နဲ့ ခန္ဓာကိုယ် ကြီးထွားဖို့ရာ အကောင်းဆုံး အထောက်အပံ့ကောင်းတစ်ခုဖြစ်လို့ပါပဲ။
ဒါကြောင့် ဖေဖေမေမေ တို့ရေ..
သားသားမီးမီးလေးတွေကို သတိရတဲ့အချိန်တိုင်း နွေးနွေးထွေးထွေး ပွေ့ဖက်ပေးဖို့ မမေ့ပါနဲ့နော်
📢 📢 📢
ပြီးတော့ သတင်းကောင်းတစ်ခုလည်း ပါးချင်ပါသေးတယ်။
COVID-19 ကာလမှာ ရင်သွေးလေးတွေကို အပြင်လွှတ်ဖို့ စိတ်မချဖြစ်နေတဲ့ ဖေဖေမေမေတို့အတွက် People Impact Myanamr က 𝐇𝐨𝐦𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦 လေး စီစဉ်ပေးထားပါတယ်နော်။
𝐇𝐨𝐦𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦 နှင့် ပတ်သက်၍ အသေးစိတ်သိလိုသည်များကို People Impact Yangon 📞 Hot Line: 09404229869 သို့ Messenger တွင် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
People Impact IQEQ Training Center
Myanmar Plaza 2nd Floor.
ပျော်ပျော်ပါးပါး လက်ချောင်း လေ့ကျင့်ခန်းလေးများ
Electronic gadgets တွေနဲ့ ထိတွေ့မှုများနေတဲ့ ကလေးလေးတွေ၊ ပုံမှန်ထက် လက်လှုပ်ရှားမှုနှေးကွေးနေသေးတဲ့ ကလေးတွေအတွက် လက်ချောင်း ကြွက်သား၊ လက်ချောင်းတစ်ချောင်းချင်းစီ သန်စွမ်းစေဖို့ ဒီလိုလေ့ကျင့်ခန်းလေးတွေ လုပ်ကြည့်ကြရအောင်...
👋စက္ကူ ဘောလုံး သေးသေးလေးတွေလုံးမယ်။ သတင်းစာစက္ကူ၊ စာရွက် ဘာပဲဖြစ်ဖြစ် အသုံးမလိုတဲ့စက္ကူတွေကို လုံးပြီး ဘောလုံးပုံစံရအောင် ကျစ်ကျစ်လျစ်လျစ်လေးလုံးခိုင်းပါ။
👋Slime or Sponges - အိအိပျော့ပျော့ Slime ကိုပဲဖြစ်ဖြစ်၊ Sponge ရေမြှုပ် တုံးကြီးကိုပဲဖြစ်ဖြစ် လက်နဲ့ဖျစ်ညှစ်ပြီး စိတ်ကြိုက်ဆော့ခိုင်းပါ။ ဂျုံလုံးဆိုရင်လည်း ရပါတယ်။
👋Spray Bottle- အားအနည်းငယ်သုံးရတဲ့ Spray Bottle ကိုသုံးပြီး အပင်ရေဖျန်းတာ၊ သန့်ရှင်းရေးတူတူလုပ်ခိုင်းတာမျိုးကလည်း လက်ချောင်းကြွက်သားလေးတွေအတွက် ကောင်းမွန်တဲ့ လှုပ်ရှားမှုဖြစ်စေမှာပါ။
👋Origami စာရွက်လှလှခေါက်မယ်။ ရောင်စုံ စာရွက်လှလှလေးတွေအသုံးပြုရတဲ့ စာရွက်ခေါက်လေ့ကျင်ခန်းက ပျော်စရာလည်းကောင်း၊၊ လက်ချောင်းသန်စွမ်းမှုအတွက်လည်း အထောက်အကူဖြစ်စေလို့ ကလေးတွေသဘောကျမယ် ထင်ပါတယ်နော်...
ဖေဖေမေမေတို့ သိထားတဲ့ သားသားမီးမီးလေးတွေ အကြိုက်ဆုံး လက်ချောင်းလေ့ကျင့်ခန်းလေးတွေရှိရင်လည်း မျှဝေပေးခဲ့ပါဦး။
📢 📢 📢
ပြီးတော့ သတင်းကောင်းတစ်ခုလည်း ပါးချင်ပါသေးတယ်။
COVID-19 ကာလအတွင်း ရင်သွေးလေးတွေရဲ့ IQEQ ဖွံ့ဖြိုးတိုးတက်ရေး ရတက်မအေးရတဲ့ ဖေဖေမေမေတို့အတွက် People Impact Myanmar ရဲ့ 𝐇𝐨𝐦𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦 လာပါပြီနော်!
𝐇𝐨𝐦𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦 နှင့် ပတ်သက်၍ အသေးစိတ်သိလိုသည်များကို People Impact Yangon 📞 Hot Line: 09404229869 သို့မဟုတ် Messenger တွင် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
People Impact IQEQ Training Center
Myanmar Plaza 2nd Floor.
ကလေးတစ်ယောက် သိထားသင့်တဲ့ အကြောင်းအရာလေးတွေ
သားသားမီးမီးလေးတွေ လူလားမြောက်တဲ့အချိန်မှာ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ နေထိုင်တတ်ပါ့မလားလို့ စိုးရိမ်ပူပန်တတ်တာ မိဘတိုင်းရဲ့သဘာဝပါ။
ဒီလိုမဖြစ်ရလေအောင် သူတို့အရွယ်ရောက်တဲ့အခါ ကြုံတွေ့လာနိုင်တဲ့ ပတ်ဝန်းကျင်နဲ့ လူ့သဘာဝအကြောင်းကို သိရှိစေဖို့ ကလေးတွေသိတတ်စအရွယ်မှာကတည်းက သူတို့နားလည်နိုင်တဲ့ စကားလုံးလေးတွေသုံးပြီး ဒီလိုအကြောင်းအရာတွေကို ရွေးချယ်ပြောပြသင့်ပါတယ်။
✔️အချင်းချင်း မျှဝေခံစားတတ်စေဖို့Sharingအကြောင်း ပြောပြပေးပါ
✔️ကိုယ့်ကိုယ်ကိုတန်ဖိုးထားတတ်အောင် သင်ကြားပေးပါ
✔️အကောင်းမြင်တတ်ဖို့ လမ်းညွှန်ပေးပါ
✔️အနိုင်၊အရှုံးကို လက်ခံတတ်လာအောင်
✔️တာဝန်ယူစိတ်ရှိအောင်
✔️သူတစ်ပါးအပေါ် စာနာ နားလည်မှု ထားတတ်အောင် စတဲ့ လူ့ကျင့်ဝတ်တွေကို ကလေးတွေ ဖြည်းဖြည်းချင်းနားဝင်အောင် ပြောပြထားသင့်ပါတယ်နော်။
လူတစ်ယောက်ဟာ ထူးချွန်အောင်မြင်ပျော်ရွှင်တဲ့ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ IQ နဲ့ EQ နှစ်ခုလုံးမြင့်မားဖို့လိုပါတယ်။
ရင်သွေးလေးတွေရဲ့ IQ EQ ဖွံ့ဖြိုးတိုးတက်ရေးအတွက် People Impact Myanmar မှ တာဝန်ယူပါရစေ။
COVID-19 ကာလမှာ ကလေးငယ်တို့ရဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ်လေ့လာသင်ယူနိုင်ရေးကို ရှေးရှုပြီး People Impact Myanmar က 𝐇𝐨𝐦𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦 ကို စီစဉ်ပေးထားပါတယ်။
𝐇𝐨𝐦𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦 နှင့် ပတ်သက်၍ အသေးစိတ်သိလိုသည်များကို People Impact Yangon 📞 Hot Line: 09404229869 သို့ Messenger တွင် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
People Impact IQEQ Training Center
Myanmar Plaza 2nd Floor.
ကလေးတို့ရဲ့ ခန္ဓာကိုယ်ဖွံဖြိုးရေးအတွက် ပျော်စရာကိုယ်လက်လှုပ်ရှားကစားနည်းလေးများ
ရင်သွေးလေးတွေ လမ်းလျှောက်တတ်ခါစအရွယ်မှာ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်စေဖို့ ဒီလိုပျော်စရာကောင်းတဲ့ ကိုယ်လက်လှုပ်ရှားမှုလေးတွေ အတူတူပြုလုပ်ပေးသင့်ပါတယ်။
အသက် ၂ နှစ် မှ ၃ နှစ် ကြား လမ်းကောင်းကောင်းလျှောက်တတ်စ အရွယ်မျိုးမှာ
❤️ ခြံထဲမှာ ဒါမှမဟုတ် မြေသားရှိတဲ့ နေရာ၊ သဲသောင်ရှိတဲ့ နေရာမျိုးတွေမှာ ကလေးတွေကို လွတ်လွတ်လပ်လပ်ပြေးလွှားဆော့ကစားခွင့်ပေးပါ။
❤️ ဖြုတ် ဆက် တပ် လုပ်ရတဲ့ ကစားနည်းတွေပေးဆော့ပါ။ အိမ်ထဲမှာ ပျော်စရာ ကစားကွင်းလေးဖြစ်အောင် ဖန်တီးပေးပါ။
❤️ မနက်စောစော ဒါမှမဟုတ် ညနေခင်းမှာ မိသားစုနဲ့တူတူ လမ်းလျှောက်ထွက်ပေးပါ။ လမ်းမှာတွေ့သမျှ မေးတတ်တဲ့၊ စူစမ်းချင်တဲ့စိတ်လေးကို ပျိုးထောင်ပေးပါ။
❤️ သစ်ပင်လေးတွေ ရေလောင်းတဲ့အခါ၊ ဥယျာဉ်စိုက်ပျိုးရေးလုပ်တဲ့အခါ၊ ကားရေဆေးတဲ့အခါ သားသားမီးမီးလေးတွေကို ကူညီခိုင်းခြင်းက သူတို့အတွက် ပျော်စရာအချိန်လေးတွေဖြစ်စေမှာပါ။
❤️ ကလေးလေးတွေက စက်ဘီးစီးရတာကို သိပ်သဘောကျလို့ စက်ဘီး၊ စကူတာလိုမျိုး သုံးဘီးထောက် ပစ္စည်းလေးတွေနဲ့ အကျွမ်းတဝင်ရှိအောင် ဖေဖေမေမေတို့က ကိုယ်တိုင်သင်ပေးပါ။ ဂီတနဲ့ ထိတွေ့ပေးခြင်းကလည်း လှုပ်ရှားနိုင်မှုစွမ်းအားကို မြှင့်တင်ပေးပါတယ်။
❤️ ပန်းချီဆွဲခြင်း အပြင် လက်ချောင်းလေးတွေ သန်မာစေဖို့ ဂျုံလုံးလေးတွေနဲ့ အရုပ်ပုံဖော်တာမျိုး၊ လက်ချောင်းပန်းချီဆွဲတာမျိုးလေးတွေ သင်ကြားပေးပါ။
❤️ ပစ္စည်းလေးတွေ ဖမ်းတတ်အောင်၊ ပစ်ပေးတတ်အောင် သင်ကြားပေးပါ။
ဒီလိုလှုပ်ရှားမှုတွေမှာ ပျော်မွေ့လာတာနဲ့ အမျှ ကလေးလေးတွေရဲ့ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှု၊ ကြွက်သားဖွံ့ဖြိုးမှုကလည်း မြန်မြန်ဆန်ဆန် တိုးတက်လာနိုင်တာမို့
ကလေးတွေဆော့ကစားတဲ့အခါ ဒီလိုကိုယ်လက်လှုပ်ရှားမှုလေးတွေကို ထည့်သွင်းသင်ကြားပေးထားမယ်ဆိုရင် ကျန်းမာသန်စွမ်းတဲ့ သားသားမီးမီးလေးတွေ ဖြစ်လာမှာပါ။
ရင်သွေးလေးတွေရဲ့ IQ EQ ဖွံ့ဖြိုးတိုးတက်ရေးအတွက် People Impact Myanmar မှ တာဝန်ယူပါရစေနော်။
COVID-19 ကာလမှာ ကလေးငယ်တို့ရဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ်လေ့လာသင်ယူနိုင်ရေးကို ရှေးရှုပြီး People Impact Myanmar က 𝐇𝐨𝐦𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦 ကို စီစဉ်ပေးထားပါတယ်။
𝐇𝐨𝐦𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦 နှင့် ပတ်သက်၍ အသေးစိတ်သိလိုသည်များကို People Impact Yangon 📞 Hot Line: 09404229869 (သို့မဟုတ်) Messenger တွင် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
People Impact IQEQ Training Center
Myanmar Plaza 2nd Floor.
မေ့ရင်သွေးလေး တစ်ချက်အငိုမှာ အခက်မပိုစေဖို့
မေမေ ဖေဖေတို့ရေ
ဒီတစ်ပတ်မှာတော့ ကလေးငယ်တွေ ဘာကြောင့်ငိုရလဲဆိုတဲ့အကြောင်း ဆွေးနွေးပေးချင်ပါတယ်။
ကလေးငယ်လေးတွေကို ပိုင်ဆိုင်ထားတဲ့ မိဘတိုင်းအတွက် တစ်ရက်တာဖြတ်သန်းမှုဟာ လွယ်ကူလှတယ် မရှိပါဘူး။ ကလေးကငယ်လေ ပိုပြီး ဂရုစိုက်ရလေ အိပ်ရေးပျက်ရလေ ဖြစ်တာကြောင့် မေမေဖေဖေတို့အနေနဲ့ ပိုပြီးပင်ပန်းတတ်ကြပါတယ်။ ဒါ့ကြောင့် ကလေးငိုတဲ့အခါ စိုးရိမ်လွန်တတ်တဲ့ မိဘတွေအတွက် ကလေးငိုရတဲ့ အဓိကအကြောင်းလေးတွေကို နားလည်သဘောပေါက်ထားမယ်ဆိုရင် အတော်အသင့် စိတ်အေးနိုင်မယ်လို့ထင်ပါတယ်…
လိုချင်တာမရလို့ - လိုချင်တာမရရင် ငိုတတ်တာ ကလေးသဘာဝပဲဆိုတော့ အထွေအထူး ပြောနေစရာ မလိုတော့ဘူး ထင်ပါတယ်နော်။
ဗိုက်ဆာလို့ - မွေးကင်းစအရွယ်မှာ ၂ နာရီခြား တစ်ခါ နို့်ထတိုက်ရတဲ့အတွက် နို့တိုက်ချိန်ကျော်သွားတဲ့အခါ ဗိုက်ဆာလို့ ငိုတတ်ပါတယ်။
အိပ်ရေးမဝလို့ - ကလေးငယ်တွေအတွက် အိပ်စက်ချိန်အများကြီးလိုအပ်ပါတယ်။ အိပ်ရေးမဝတဲ့အခါမှာလည်း သူတို့လေးတွေ စိတ်မကြည်မလင်ဖြစ်ပြီး ငိုတတ်ပါတယ်။
ကြောက်လို့ - ကလေးငယ်တွေဟာ မှောင်တဲ့အခါ၊ ဆူညံသံတွေကြားတဲ့အခါ ဒါမှမဟုတ် တစ်ခုခုကို ကြောက်တဲ့အခါမျိုးတွေမှာလည်း ငိုတတ်ပါတယ်။
ပူလို့(သို့မဟုတ်) အေးလို့ - ပူလွန်း အေးလွန်းတဲ့အခါမှာလည်း ဘေဘီလေးတွေ မအီမသာဖြစ်ပြီး ငိုတတ်ပါတယ်။ ဝတ်ပေးထားတဲ့ အင်္ကျီလေးတွေ သက်တောင့်သက်သာ ရှိမရှိ ပြန်ကြည့်ပေးပါ။ Diaper သုံးတဲ့မိဘတွေဆိုရင်လည်း diaper လဲဖို့ လိုပြီလားဆိုတာ မကြာခဏစစ်ဆေးပေးသင့်ပါတယ်။
နေမကောင်းလို့ - တစ်ခုခုကြောင့် ကိုယ်လက်မအီမသာဖြစ်တဲ့အခါ ကိုယ်ပူနေတဲ့အခါ အာခေါင်ခြစ်ပြီး ငိုနေပြီဆိုရင်တော့ နေမကောင်းလို့ပဲဆိုတာ သေချာပါတယ်။
လေအောင့်လို့ - ဒီအခြေအနေက ကလေးအတွက် ခံရအခက်ဆုံးပါ။ လက်သီးကို ကျစ်နေအောင် ဆုပ်ထားပြီး ချွေးစေးလေးတွေပြန်နေတာ၊ ဗိုက်ကလေး ပိန်လိုက် ဖောင်းလိုက် မြန်နေတာ၊ ၂ နာရီခြားတစ်ခါလောက် ဆက်တိုက်ငိုနေတာ၊ ကိုယ်လေးပါ တုန်နေတာဆိုရင်တော့ လေအောင့်နေလို့ပါ။
ယေဘုယျအားဖြင့် ဒီလိုအမူအကျင့်လေးတွေကို သတိထားမိမယ်ဆိုရင် ကလေးအငိုတိတ်အောင် လုပ်ဖို့ နည်းလမ်းနဲ့အဖြေကို သိနိုင်မှာပါ။
ဖေဖေမေမေတို့လည်း ကျန်းမာပျော်ရွှင်တဲ့ သားသားမီးမီးလေးတွေနဲ့အတူ သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေနော်
📢📢📢
ပြီးတော့ သတင်းကောင်းတစ်ခုလည်း ပါးချင်ပါသေးတယ်။
COVID-19 ကာလမှာ မိမိရင်သွေးငယ်တွေကို အပြင်လွှတ်ရမှာ စိတ်မချဖြစ်နေတဲ့ ဖေဖေမေမေတို့အတွက် 𝐇𝐨𝐦𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦 𝐢𝐬 𝐚𝐯𝐚𝐢𝐥𝐚𝐛𝐥𝐞 𝐧𝐨𝐰!
𝐇𝐨𝐦𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦 နှင့် ပတ်သက်၍ အသေးစိတ်သိလိုသည်များကို People Impact Yangon Hot Line: 09404229869 (သို့) Messenger တွင် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
People Impact IQEQ Training Center
Myanmar Plaza 2nd Floor.
" ထိတွေ့မှုပိုင်း Sensory Awareness ပိုင်း သင်ကြားပေးမှုကို တော်တော်လေးသဘောကျတယ်။ သားသားက သူ့အသားနာနိုင်လားဆိုတာကို ပစ္စည်းလေးတွေ ထိကြည့်၊ ရိုက်ကြည့်ပြီး ကိုယ့်ကိုကိုယ် Control လုပ်လာနိုင်ပြီ"
"ဒီလိုမျိုးသင်ပေးတာက ကလေးတွေ သူတို့ကိုယ် သူတို့ ဘယ်လိုကာကွယ်ရမယ်ဆိုတာ သိလာပါတယ်။"
Austin လေးရဲ့ မေမေ Daw Ei Ei Tun စကားသံ
"Issue တစ်ခုကို နည်းတစ်မျိုးထဲကမဟုတ်ပဲ နောက်ထပ်ဘယ်နည်းလမ်းနဲ့လုပ်လို့ရလဲဆိုတဲ့ thinking မျိုးရလာတယ်။
"People Impact သင်တန်းကမူကြိုမတတ်ခင် ကလေးတွေနဲ့အတူ ဘာတွေသင်တယ်ဆိုတာကို မိဘနဲ့အတူ Learn Together လုပ်ရင်း ကလေးရဲ့ အားသာချက်၊အားနည်းချက်တွေ manner,behaviour,attitude ကိုလည်း မျက်ဝါးထင်ထင် မြင်လာရပါတယ်။"
Harry လေးရဲ့ မေမေ Daw San San Yu စကားသံ
ကလေးရဲ့ဖွံ့ဖြိုးမှုအတွက် အသက် ၆ လ ကနေစလို့ သင်ယူလေ့လာမှုတွေကို စတင်သင့်ပါပြီ။ ဒါပေမယ့် အခုကာလက
နေ့စဉ်ဘဝမှာ ခပ်ခွာခွာနေပါဆိုတဲ့ကာလလေး ဖြစ်နေတော့ အခုလိုချိန်မျိုးမှာ ကျောင်းသားမိဘတွေအနေနဲ့
❌ ကလေးကို ကျောင်းလွှတ်ဖို့လည်း အဆင်မပြေ
❌ Online Lessons တွေနဲ့ သင်ပေးဖို့လည်း ကလေးရဲ့ Screen Time နဲ့ အဆင်မပြေဖြစ်နေရသလို
❌ ကလေးရဲ့ဖွံ့ဖြိုးမှုအတွက် သင်ယူလေ့လာမှုတွေကိုလည်း ရပ်တန့်ထားလို့ မရသေးတဲ့ အခြေအနေမျိုးဖြစ်နေပါတယ်။
ဒီကိစ္စရပ်တွေ အားလုံး ✔️ အဆင်ပြေသွားစေဖို့ People Impact ရဲ့ Home Service Program လေးနဲ့ မိတ်ဆက်ပေးပါရစေ။
ဒီ Program လေးဟာ အခုလိုအခြေအနေမျိုးမှာ အခက်ကြုံနေရတဲ့ ကျောင်းသားမိဘတွေအတွက် သေချာစဉ်းစားပြီး စီစဉ်ပေးထားတဲ့ Program လေးတစ်ခုဖြစ်ပြီး သားသားမီးမီးလေးတွေရဲ့IQEQ ဖွံ့ဖြိုးမှုကို ဆက်လက်ပံ့ပိုးပေးနိုင်စေဖို့ ရည်ရွယ်ပါတယ်။
Home Service Program ဖြစ်တာကြောင့်
People Impact ရဲ့ Teacher တွေကိုယ်တိုင် သားသားမီးမီးလေးတွေရဲ့IQEQ ဖွံ့ဖြိုးမှုဆိုင်ရာများကို သားသားမီးမီးတို့ရှိတဲ့နေရာအထိ အိမ်တိုင်ရာရောက် လေ့ကျင့်သင်ကြားပေးမှာဖြစ်ပါတယ်။
People Impact ရဲ့ Home Service Program လေးကို
👉 People Impact Myanmar ရဲ့ ကျောင်းသားဟောင်းတွေရော၊
👉 ကျောင်းသားအသစ်တွေကိုပါ လက်ခံသင်ကြားပေးမှာ ဖြစ်လို့
ဒီလိုအချိန်မျိုးမှာလည်း သားသားမီးမီးတို့ရဲ့ IQEQ အရေး စိတ်အေးရအောင် အခုပဲ ဆက်သွယ်စာရင်းပေးနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်နော်။
ချစ်သော ကျောင်းသားမိဘများနှင့် သားသားမီးမီးလေးတွေအားလုံး ဘေးကင်းရန်ကွာပြီး စိတ်အေးချမ်းသာရှိကြပါစေ။
Home Service Program နှင့် ပတ်သက်၍ အသေးစိတ်သိလိုသည်များကို People Impact Yangon 📞 Hot Line: 09404229869 (သို့) Messenger တွင် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
People Impact IQEQ Training Center
Myanmarplaza 2nd Floor.
ကလေးတွေရဲ့ ပထမ (၅) နှစ်က ဘာကြောင့် အရေးကြီးသလဲ?
ကလေးတစ်ယောက်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်စွမ်းမှု၊ စိတ်ခံစားချက်နဲ့ ပတ်ဝန်းကျင်ပေါ်မှာ မှီခိုလေ့ရှိပါတယ်။ ဒါကြောင့် သူတို့လေးတွေရဲ့ ပထမ (၅) နှစ်ကာလက ယေဘုယျအားဖြင့် ဦးနှောက်ဖွံ့ဖြိုးမှု၊ ကိုယ်ခန္ဓာဖွံ့ဖြိုးတိုးတက်မှု အခြေခံကောင်းတွေကို စတင်ဖို့ အရေးအကြီးဆုံး ကာလဖြစ်ပါတယ်။
ဒီပထမ (၅) နှစ်တာ အချိန်ဟာ တခြားအချိန်တွေထက် သင်ယူလေ့လာနိုင်စွမ်းပိုမိုမြင့်မားပါတယ်။ဦးနှောက်ဖွံ့ဖြိုးမှု၊ သင်ယူလေ့လာမှုအတွက် အကောင်းဆုံးအရွယ်ဖြစ်လို့ အာဟာရကောင်းကောင်း၊ ချစ်ခြင်းမေတ္တာ၊ ဂရုတစိုက်နဲ့ ကောင်းမွန်တဲ့ ပျိုးထောင်မှုမျိုးကိုသာ ရရှိမယ်ဆိုရင် အညွန့်တလူလူနဲ့ ယုံကြည်မှု အပြည့်အဝရှိတဲ့ အနာဂါတ် သားကောင်း သမီးကောင်းလေးတွေ အဖြစ် ပုံဖော်ပေးနိုင်မှာပါ။ မိဘတွေစီက ချစ်ခြင်းမေတ္တာရရှိထားတဲ့ ကလေးတွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့၊ ခံစားနားလည်တတ်တဲ့၊ လူသားချင်း စာနာနားလည်တတ်တဲ့ အနာဂါတ် လူငယ်လေးတွေအဖြစ် ရပ်တည်နိုင်ကြောင်း လေ့လာတွေ့ရှိချက်တွေမှာ ဖော်ပြထားပါတယ်။
ပထမ (၅) နှစ်တာအတွင်း အတွင်းမှာ ကလေးတွေဟာ လူတွေနဲ့ ဆက်သွယ်ဖို့ ပတ်ဝန်းကျင်က အသံတွေ၊ အမြင် အာရုံတွေ၊ နားမလည်သေးတဲ့ ဘာသာစကားတွေ၊ သူတို့သိချင်တာတွေ အားလုံးကို စပ်စပ်စုစုနဲ့ လေ့လာနေပြီမို့ သူတို့လေးတွေရဲ့ အနာဂါတ်ဘဝလှပရေးအတွက် အဓိက ဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေး၊ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်စေဖို့အတွက် မေမေဖေဖေတို့အနေနဲ့ ဖြည်းဖြည်းချင်းလေ့ကျင့်သင်ကြားပေးသင့်ပါပြီ။
မိဘတွေအနေနဲ့ ကလေးတစ်ယောက်ရဲ့ တိုးတက်မှုအဆင့်တွေကို သိထားပြီဆိုရင် ဘယ်လိုထောက်ပံ့မှုမျိုးလိုအပ်တယ်၊ ဘယ်လို ဖြည့်စွက်ပေးရမယ် ဆိုတာကို ကောင်းကောင်းနားလည်သွားမယ်လို့မျှော်လင့်ပါတယ်။ အားလုံးပဲ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေး ပိုင်ဆိုင်နိုင်ပါစေနော်....
📢 📢 📢
ပြီးတော့ သတင်းကောင်းတစ်ခုလည်း ပါးချင်ပါသေးတယ်။
COVID-19 ကာလမှာ မိမိရင်သွေးငယ်တွေကို အပြင်လွှတ်ရမှာ စိတ်မချဖြစ်နေတဲ့ ဖေဖေမေမေတို့အတွက် 𝐇𝐨𝐦𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦 𝐢𝐬 𝐚𝐯𝐚𝐢𝐥𝐚𝐛𝐥𝐞 𝐧𝐨𝐰!
𝐇𝐨𝐦𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦 နှင့် ပတ်သက်၍ အသေးစိတ်သိလိုသည်များကို People Impact Yangon 📞 Hot Line: 09404229869 (သို့) Messenger တွင် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
People Impact IQEQ Training Center
Myanmar Plaza 2nd Floor.
ရင်သွေးလေးတွေကို အသက်အရွယ်အလိုက် စကားပြောသင်နည်း
စကားပြောခြင်းဟာ သားသားမီးမီးလေးတို့ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် ပထမခြေလှမ်းပါပဲ။ မွေးစကနေ အသက် ၃ နှစ်အရွယ်အတွင်း ဦးနှောက်ဟာ တဖြည်းဖြည်းနဲ့ ဖွံ့ဖြိုးလာပါပြီ။ အသက် ၃ လအရွယ်မှာကတည်းက ဝူးဝူးဝါးဝါးနဲ့ စပြောနေပါပြီ။ သူတို့လေးတွေ ကြားနေရတဲ့ ဘာသာစကားတွေကို နားထောင်ပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ မိဘတွေကို စကားပြောနေပါပြီ။
စကားပြောတတ်ဖို့အတွက် သူတို့လေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ ဖေဖေမေမေတို့ဘက်ကလည်း စကားပြောသင်ပေးဖို့ လိုအပ်ပါတယ်။ သားသားမီးမီးလေးတွေ စကားပြောတတ်လာအောင်၊ ဝေါဟာရတွေ သိလာအောင် ဘယ်လို သင်ပေးရမလဲ?
✔️ကလေးကို မြှူပေးပါ။
အသက် ၃ လဝန်းကျင်မှာ စကားမပြောတတ်သေးပေမယ့် အသံလေးတွေကို မှတ်ထားတတ်ပြီး ဝူးဝူးဝါးဝါး နဲ့ ဆက်သွယ်မှုကို စတင်နေပါပြီ။
✔️စကားလုံးလေးတွေ ပြောပေးပါ။
၁ နှစ်ဝန်းကျင်လောက်ဆို သူတို့တစ်ခုခု လိုချင်တဲ့အခါ စားချင်တဲ့အခါ သူတို့လိုချင်တာလေးတွေကိုပြပြီး "မုန့်မုန့်" "ဆာဆာ" " ကျွေးကျွေး" " မေမေ" " ဖေဖေ" စသဖြင့် စကားလုံး ၂ လုံးတွဲလေးတွေနဲ့ မိတ်ဆက်ပေးပါ။
✔️စာဖတ်ပြပါ။
အသက် ၂ နှစ်နဲ့ ၃ နှစ်ဝန်းကျင်လောက်ဆိုရင် ဘာသာစကားတွေနဲ့ ရင်းနှီးကျွမ်းဝင်နေပြီမို့ စကားလုံးတွေ မပီကလာ ပီကလာနဲ့ စကားစုလေးတွေကို သင်ယူနိုင်တဲ့အထိ ဦးနှောက်ဖွံ့ဖြိုးနေပါပြီ။ သံနေသံထား မှန်မှန်နဲ့ ကလေးနားလည်နိုင်တဲ့စကားလုံးတွေသုံးပြီး စာဖတ်ပြပေးပါ။ ကလေးသီချင်းလေးတွေ ဖွင့်ပေးပြီး စကားလုံးလေးတွေ မှတ်သားတတ်အောင် လေ့ကျင့်ပေးပါ။
✔️ပတ်ဝန်းကျင်နဲ့ ထိတွေ့ပေးပါ။
အပြင်မှာတွေ့ရတတ်တဲ့ အရာဝတ္ထုလေးတွေကို ပြလည်းပြ ပြောလည်းပြောပြီး သဘာဝပတ်ဝန်းကျင်ကြီးနဲ့ မိတ်ဆက်ပေးပါ။ ဒီလိုပြုလုပ်ပေးခြင်းဟာ ကလေးငယ်ရဲ့ စူးစမ်းချင်စိတ်ကိုပါ ပြုစုပျိုးထောင်ပြီးသားဖြစ်စေမှာပါ။
ဖေဖေမေမေတို့ရဲ့ ရင်နှစ်သည်းချာလေးတွေ ဝေါဟာရကြွယ်ဝစေဖို့ ပြုစုပျိုးထောင်ပေးရာမှာ ဒီနည်းလမ်းလေးတွေက အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်နော်။
📢📢📢
ပြီးတော့ သတင်းကောင်းတစ်ခုလည်း ပါးချင်ပါသေးတယ်။
COVID-19 ကာလမှာ မိမိရင်သွေးငယ်တွေကို အပြင်လွှတ်ရမှာ စိတ်မချဖြစ်နေတဲ့ ဖေဖေမေမေတို့အတွက် 𝐇𝐨𝐦𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦 𝐢𝐬 𝐚𝐯𝐚𝐢𝐥𝐚𝐛𝐥𝐞 𝐧𝐨𝐰!
𝐇𝐨𝐦𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦 နှင့် ပတ်သက်၍ အသေးစိတ်သိလိုသည်များကို People Impact Yangon Hot Line: 09404229869 (သို့) Messenger တွင် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
People Impact IQEQ Training Center
Myanmar Plaza 2nd Floor.
ညဘက်ဆို
ကလေးလေးတွေ ငိုတတ်တာ ဘာကြောင့်များလဲ?
ဖေဖေမေမေတို့ရေ ကလေးလေးတွေ ညဘက်ငိုတတ်တာ ဘာလို့များပါလိမ့်? သူတို့လေးတွေ ဘာလိုချင်လို့လဲ? ဘာများဖြစ်လို့လဲ?
(A) ဗိုက်ဆာလို့
(B) ပူလို့ (or) အေးလို့
(C) မေမေ့ကိုရှာတာ
(D) နေမကောင်းဖြစ်နေလို့
(E) လေနာလို့
(F) တစ်ခုခုကိုကြောက်လို့ စသဖြင့် အကြောင်းအမျိုးမျိုးရှိပါတယ်။
ကလေးတွေရဲ့ အမူအရာကိုကြည့်ပြီး သူတို့လေးတွေ အငိုတိတ်အောင် မေမေဖေဖေတို့ ဘယ်လောက်တောင် ကြိုးစားရုန်းကန်နေရလဲ?
ဘာမှမပူပါနဲ့...
ကလေးငိုပြီဆိုတာနဲ့ စိုးရိမ်လွန်တတ်ကြတဲ့ မေမေဖေဖေတို့အတွက် နောက်တစ်ပတ်မှာ ကလေးတွေရဲ့အမူအရာကိုလေ့လာပြီး သူတို့လေးတွေ ငိုရတဲ့အကြောင်းရင်းကို ဘယ်လို ခွဲခြားသိနိုင်မလဲဆိုတာ ဝေမျှပေးသွားမှာမို့ တူတူရှိနေပေးပါဦးနော်…
📢 📢 📢
ပြီးတော့ သတင်းကောင်းတစ်ခုလည်း ပါးချင်ပါသေးတယ်။
COVID-19 ကာလမှာ မိမိရင်သွေးငယ်တွေကို အပြင်လွှတ်ရမှာ စိတ်မချဖြစ်နေတဲ့ ဖေဖေမေမေတို့အတွက် 𝐇𝐨𝐦𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦 𝐢𝐬 𝐚𝐯𝐚𝐢𝐥𝐚𝐛𝐥𝐞 𝐧𝐨𝐰!
𝐇𝐨𝐦𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦 နှင့် ပတ်သက်၍ အသေးစိတ်သိလိုသည်များကို People Impact Yangon 📞 Hot Line: 09404229869 (သို့) Messenger တွင် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
People Impact IQEQ Training Center
Myanmar plaza 2nd Floor.
ငယ်ငယ်လေးကတည်းက
လုပ်ငန်းတာဝန်လေးတွေခွဲပေးထားပါ။
ရင်နဲ့အမျှချစ်ရတဲ့ သားဦး၊ သမီးဦးလေးတွေကို ဖူးဖူးမှုတ်ထားချင်တာ မိဘတိုင်းရဲ့ ချစ်မေတ္တာပါ။ ဒါပေမဲ့ ကလေးတွေကို ငယ်ငယ်လေးကတည်းက ဘာမှမခိုင်းပဲ ဘာလုပ်လုပ်မိဘတွေ မပါမဖြစ်ဆိုရင်တော့ ကလေးရဲ့ အနာဂါတ်အတွေးထဲမှာ သူ့အတွက် မှီခိုအားထားစရာအမြဲရှိနေတယ်ဆိုတဲ့ အတွေးမျိုးဝင်သွားတတ်ပါတယ်။
အကျိုးဆက်အနေနဲ့ ကလေးဟာ ဘာပဲလုပ်လုပ် တစ်ယောက်ယောက်ကူညီပေးမှာကို စောင့်ဆိုင်းနေတတ်တဲ့ သူများအားကိုးတတ်တဲ့ သူမျိုးဖြစ်လာပါလိမ့်မယ်။
ဒါကြောင့် ငယ်ငယ်ကတည်းက အသက်အရွယ်နဲ့မျှတတဲ့ နေ့စဉ်လုပ်ငန်းဆောင်တာလေးတွေကို မိဘတွေနဲ့အတူ မျှဝေလုပ်ဆောင်တတ်စေဖို့ သင်ကြားပေးသင့်ပါတယ်။
ကလေးတွေရဲ့ အသက်အရွယ်အပိုင်းအခြားပေါ်မူတည်ပြီး -
အသက် ၁ နှစ် နဲ့ ၃ နှစ် ကြား
- အရုပ်လေးတွေ၊ စာအုပ်လေးတွေသိမ်းမယ်။
- အမှိုက်သေးသေးလေးတွေကို အမှိုက်ပုံးထဲထည့်မယ်။
- သူတို့ရဲ့ အကျီလေးတွေကို သိမ်းခိုင်းမယ်။ လျှော်မယ့်ခြင်းထဲထည့်ခိုင်းမယ်။
- ဖုန်လေးတွေ သုတ်ခိုင်းမယ်။
အသက် ၄ နှစ် နဲ့ ၆ နှစ်ကြား
- အပေါ်က လုပ်ငန်းလေးတွေအကုန်လုပ်တတ်လာမယ်။
- တိရစ္ဆာန်လေးတွေကို ဂရုစိုက်တတ်လာတယ်။
- စာကြည့်စားပွဲကို သပ်သပ်ရပ်ရပ်ရှင်းမယ်။
- အမှိုက်ထုပ်သိမ်းမယ်။
- တံမြတ်စည်းသေးသေးလေးနဲ့ သန့်ရှင်းရေးလုပ်မယ်။
- အိပ်ရာပြင်မယ်။
အသက် ၇ နှစ် နဲ့ ၁၁ နှစ်ကြား
- အပေါ်က လုပ်ငန်းလေးတွေအပြင်
- မီးဖိုချောင်ကိစ္စလေးတွေကူညီတတ်လာမယ်။
- မီးပူတိုက်မယ်။ အကျီခေါက်မယ်။
- အခန်းသန့်ရှင်းရေးတူတူလုပ်တတ်လာမယ်။
- ကိုယ်ပိုင်အခန်းလေးကို သပ်သပ်ရပ်ရပ်ပြင်ဆင်တတ်လာမယ်။
- အပင်လေးတွေစိုက်တာ၊ ဥယျာဉ်နဲ့ပတ်သတ်တာလေးတွေ စိတ်ဝင်စားလာမယ်။
အသက် ၁၂ နှစ်နဲ့အထက်
- အပေါ်က လုပ်ငန်းလေးတွေအပြင်
- မောင်လေး ညီမလေးတွေကို ကူထိန်းပေးတတ်နေပြီ။
- အချက်အပြုတ်အတွက်လည်း အဆင်သင့်ဖြစ်နေပြီ။
- သန့်ရှင်းရေးလည်း ကောင်းကောင်းလုပ်တတ်သွားပြီ။
- အဝတ်လျှော်တာ၊ ကားရေဆေးတာ၊ သံရိုက်တာက အစ ကောင်းကောင်းလုပ်နိုင်ပါပြီ။
ကလေးတွေကို သူတို့အသက်လေးတွေအလိုက် လုပ်တတ်မယ့် လုပ်ငန်းတာဝန်လေးတွေခွဲဝေပေးထားတတ်မယ်ဆိုရင် နောင်တစ်ချိန်မှာ ကူညီတတ်တဲ့၊ မှီခိုချင်စိတ်နည်းပြီး ကိုယ်ကိုယ်ကို အားကိုးတတ်တဲ့ အနာဂါတ်ရတနာလေးတွေ ပိုင်ဆိုင်ရမှာပါ။ တာဝန်ယူစိတ်အပြည့်ရှိတဲ့ ရတနာလေးတွေ ပျိုးထောင်နိုင်ကြပါစေ။
People Impact ရဲ့
Home Service Program is available now!
Home Service Program နှင့် ပတ်သတ်ပြီး အသေးစိတ်သိလိုသည်များကို People Impact Yangon 📞 Hot Line: 09404229869 (သို့) Messenger တွင် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
People Impact IQEQ Training Center
Myanmarplaza 2nd Floor.
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the school
Telephone
Address
212-D, 2nd Floor, Myanmar Plaza, Kabar Aye Pagoda Road, Bahan Tsp
Yangon
No 275, Pyay Road, Red Hill Tower, 3rd Floor
Yangon, 11111
First Myanmar Education Consultancy awarded British Council Education UK Agents Training Certificate (Distinction). Most trusted overseas Education Consultancy for providing the ri...
No. 411, Balika ( Zaya 10th )Street, 10th Qtr, South Okkalapa Tsp
Yangon, 11091
We will unlock your capabilities.
No. 62, Room(704-B), Maharbandula Road, Ocean East Point, Pazuntaung Township
Yangon, 11171
To unlock the potential of the world’s financial markets for everyone. Everyone with an interest i