Mr.Tony - love house

If you are looking for a nice cozy place with rooftop view, aesthetic music and rare outta country fo Restaurant

25/10/2023

ဒီနေ့တော့
Authentic Kachin Food တွေ လုပ်ပေးထားတယ်နော်..
Every Wednesday လေ..
Come over...

Photos from Mr.Tony - love house's post 22/10/2023

Hotel Vista ..Rooftop က Tony Bar ရဲ့ မနက်စာ Buffet Breakdast ကို 5000 နဲ့ဘဲ ဆက်ထားပေးထားပါတယ်..
ဒီလိုဒီအချိန်မှာ Economy ကျကျလေး သုံးဆောင်နိုင်အောင်ပါ။
Food Quality ..ပါဝင်မှု ..သုံးစွဲ ပစ္စည်းတွေ ဘာမှ လျှော့ချ မထားပါဘူး။
ဘေးထွက်ဆိုးကျိုးတွေ ပါဝင်တဲ့ ဟင်းခတ်မှုန့်တွေ လုံးဝမသုံးပါ။..

ဟိုးတုန်းက ခေါတ်စားခဲတဲ့ ရေဒီယို သီချင်းတွေနားဆင်ပြီး ရွှေဒဂုံ ဘုရားကြီး ကို အဝေးကဖူးမျှော်ရအောင်လေ။

Photos from Mr.Tony - love house's post 22/10/2023

The Night with Shaggy 's Songs

21/10/2023

လည်​ချောင်းသံ ​​အြော်...​သြော်..ကြီးနဲ့ ဘယ်သူနဲ့မှ မတူတဲ့ အသံရှင် ပါရမီရှင်ကို ​ရှာပါဆိုရင်​တော့ Shaggy ဘဲရှိပါတယ်...
သူ့ဟာ Rhode Island ပြည်နယ်က Brown University က ဂုဏ်ပြုတဲ့ ထူးချွန် အနုပညာရှင် ​ဒေါက်တာဘွဲ့ကို ဒီနှစ် ၂၀၂၂ မှာ ရရှိခဲ့ပါတယ်...
ရက်​ဂေး ​တေးဂီတ စတင် ​မွေးဖွားရာ ဂျ​မေကန် နိုင်ငံရဲ့ အ​ရှေ့​တောင်ပိုင်းက အင်မတန် သာယာတဲ့ Kingston Town မြို့ ​လေးက သူ ကြီးပြင်းလာတဲ့ ​နေရာ​လေးပါ။
Shaggy ဆိုပြီးဖြစ်လာမဲ့ Orville Richard Burrell ကာ အဆိုပညာကို လမ်း​​ဘေး​တွေမှာ သီချင်းဆိုရင်း အဆိုပညာကို ဆည်းပူး​ခဲ့ပါ သတဲ့..
အသက် ၂၀ မှာ​တော့ အ​မေရိကန် မရိမ်းတပ်ထဲဝင်ပြီး ပင်လယ်​ကွေ့ စစ်ပွဲမှာ တာဝန်ထမ်း​​ဆောင်ခဲ့ပါတယ်..အဲဒီမှာသူ့ရဲ့ Signature Voice အသံ​​သြော်ကြီးကို ​လေ့ကျင့်ခဲ့ပါတယ်..
ပထမဆုံး ​အောင်မြင်တဲ့ ​တေး အယ်လဘမ် က​တော့ Oh Carolina..ဆိုတဲ့ စီးရီးပါ..
သူ့မှတ်တိုင်စိုက်ခဲ့တဲ့ ​တေး​တွေထဲက ရိုက်ခတ်မှု အပြင်းဆုံး သီချင်း​တွေ ​ပြောပါဆိုရင်..
It wasn"t me.. . Boombastic...Yor are my Angel....Hey Sexy Lady တို့ပါ..
အနုပညာ မျိုးဆက်သစ်ဖြစ်တဲ့ Rap အဆိုရှင် Robb Banks က သူ့ရဲ့ သား အကြီး​ကောင်​လေးပါ

အခု Oct 22 Sumday က Shaggy ရဲ့ ​မွေး​နေ့​လေ..

Photos from Mr.Tony - love house's post 20/10/2023

Hero behind the door.

ဇာတ်ပွဲ တစ်ပွဲမှာ မင်းသား မင်းသမီး..နဲ့ စင်ပေါ်မှာ မြင်ရတဲ့သူတွေကိုဘဲ လူတွေက ချစ်ခင်ကြ ၊ အားပေးကြပါတယ်..
သူတို့ကို ပံ့ပိုးပေးကြရတဲ့ မီးဆလိုက်ထိုးသူတွေ ..နောက်ခံတီးလုံး တီးပေးသူတွေ ..မိတ်ကပ်လိမ်းပေးသူတွေ..ဇတ်ညွန်းရေးပေးသူတွေ ကတော့ လူမသိသူမသိနဲ့ ဖြည့်ဆည်းပေးခဲ့ရတာပါ။
သူတို့တွေ မပါဘဲ ပြဇတ်တစ်ပုဒ် ကောင်းကောင်းထွက်လာမှာ မဟုတ်ပါ။

ခန္ဓာကိုယ်ကြီး မတ်တပ်ရပ်နေတာဟာ..မြင်နေရတဲ့ မျက်လုံး မျက်ခုံး အရေပြားတွေကြောင့် မဟုတ်ပါဘူး...
မမြင်ရတဲ့ Skeleton အရိုးတွေကြောင့်ပါ။
အရိုးမရှိရင် ခန္ဓာကိုယ် ခွေယိုင်လဲပါမယ်...

ဆိုင်တစ်ဆိုင် လာရောက်စားသုံးကြသူတွေရဲ့ ပျော်ရွှင်သာယာမှုကို ဖော်ညွန်းကြတဲ့ အခါ..Unplugged တီးသူတွေ .တေးသံရှင်တွေ..ဆိုင်အခင်းအကျင်းတွေ Decor တွေ ဝန်ဆောင်မှုတွေကို ဘဲ အသားပေးကြပြီး ဘယ်သူမှ သတိမထားမိကြတဲ့ အမေ့ခံ လူတန်းစား တစ်ရပ် ရှိပါတယ်

သူတို့တွေကတာ့ အပြင်မှာ သူများတွေ အဲကွန်းလေး တေးသံလေးနဲ့သာယာ နေချိန်မှာ ချွေးတလုံးလုံးနဲ့ ပူပြင်းတဲ့မီးတောက်တွေကြားမှာ ပေးဆပ်နေရတဲ့ လူတစ်စုပါ။

They are" Heroes behind the door"..

ဒီနေ့ အောက်တိုဘာ ၂၀ ရက်နေ့က အပြည်ပြည်ဆိုင်ရာ Chef Day ပါ။

သူတို့တွေကို ဂုဏ်ပြုတဲ့ အနေနဲ့
ဒီ Bar ကို လာတဲ့ Chef တိုင်းကို Tiger Beer တစ်ခွက် Free ဧည့်ခံပါ့မယ်

စမ်းချောင်း ဘားကရာလမ်း Hotel Vista Rooftop က The Love House မှာပါ..

Chef are more than welcome..

Photos from Mr.Tony - love house's post 14/10/2023

စနေနေ့တိုင်း
အထောင်းတွေ ထည့်ပေးထားပါတယ်။

Photos from Mr.Tony - love house's post 08/10/2023

Super Sunday ရဲ့ Happy Hour ကို မွန်းတည့် 12 Noon ကနေ ညနေ 6pm အထိတိုးထားတယ် ခမျ..
Complementary Vegetable Stick လဲ ခင်းထားပါတယ်။

အဲဒီနေ့ရဲ့ ဆိုင် Music ကတော့ 1970 ကျော် 80 လောက်က Pop Songs တွေဖြစ်တဲ့ Motown, Funk , Disco တို့ ဖွင့်ထားပေးပါတယ်..

Photos from Mr.Tony - love house's post 07/10/2023

Saturday at Tony

Photos from Mr.Tony - love house's post 07/10/2023

Hotel Vista အပေါ်ထပ် က Tony Bar မှာ စနေနေ့ နဲ့ ဗုဒ္ဓဟူးနေ့ မနက်တိုင်း အုန်းနို့ ခေါက်ဆွဲ တည်ခင်းပါတယ်၊
အုန်းနို့ဟာ ပိုတက်စီယမ် ကြွယ်တဲ့ သဘာဝ အသီးအနှံက လာလို့ သွေးကို ကျစေပါတယ်။
ဝမ်းနည်းစရာ ကောင်းတာ က သဘာဝ သီးနှံ အုန်းနို့ကို သွေးတိုးတယ်ယုံကြည်ပြီး နို့စိမ်းတွေ အစားထိုးလာကြတော့..အရသာရှိတဲ့ မြန်မာ အစားအစာတစ်ခု လူကြိုက်များမှု ကျဆင်းလာတာပါဘဲ။..
သီရိလင်္ကာ လို မဆလာ အသုံးကြမ်းတဲ့ နိုင်ငံ မှာ အုန်းနို့ဟာ အဓိကဟင်းလျာပါ။
အရာသာရှိတဲ့ အုန်းနို့ ဟင်းလျာတွေ စားပြီး မနက်ခင်းကိုစတင်ရအောင်လေ။

06/10/2023

နက်ဖြန် စနေနေ့ မနက်စာမှာ အိန္ဒိယ မြောက်ပိုင်း ပန်ဂျပ်ပြည်က မနက်စာ အစားအစာ..Chole Bthure ပူရီနဲ့ ပဲလုံးကို မူရင်း အိန္ဒိယ အရသာ အတိုင်း Authentic ချက်ထားပါတယ်..

အဲတာ အပြင်..
အုန်းနို့ခေါက်ဆွဲ၊ ပဲပြုတ်ထမင်းဆီဆမ်း ၊ နန်းကြီးသုပ်..
အသီး ၊ လက်ဖက်ရည် ကော်ဖီ ၊ ပေါင်မုန့်..Jam..နံ့ Butter ခင်းထားပါတယ်..

မနက် ၇နာရီကနေ ဆယ်နာရီ အထိပါ။ ..
စျေးမတက်သေးပါ...5000 Ks ထဲပါ

Photos from Mr.Tony - love house's post 05/10/2023

Global James Bond Day လေးပါ။
၁၉၆၀ Dr.No ကနေ အခု ၂၀၂၁ .No Time to Die အထိ ခေါတ်အဆက်ဆက်က hit ဖြစ်ခံ့တဲ့ တေးတွေ ဖွင့်ပေးထားပါတယ်..
လာခဲ့ကြလေ။
ဒီည Food က
Gold Fingers
Thunder Ball

Drink က
Skyyfall
From Russian with Love

03/10/2023

Jerk Chicken available tonight

We got Cocktail named " Buffalo Soldier"
That is really "WOW"!..
,ဘီယာ အမဲနဲ့ ဖျော်စပ်ထားတဲ့ ကော့တေး
ကောင်းတယ်..ပြင်းတယ်..အမြန်ရောက်မယ်..

Photos from Mr.Tony - love house's post 02/10/2023

Global James Bond Day is coming in 2 days

Photos from Mr.Tony - love house's post 02/10/2023

Menu အသစ်လေး လာပါတော့မယ်..
လူတိုင်းလျှာဖျားနဲ့ အဆင်ပြေအောင်..

30/09/2023

အိန္ဒိယမြောက်ပိုင်းက လာတဲ့ မနက်စာ အစားအစာပါ။
Chole Bhature....လို့ ခေါ်ပါတယ်။
ကုလားပဲလုံး အဖြူကို မဆလာနဲ့ ချက်ထားပြီး ပူရီ နဲ့ စားရပါတယ်။
စနေနေ့ မနက်ခင်းတိုင်းရပါတယ်။

29/09/2023

James Bond ဇတ်ကောင်ကို ဖန်တီးခဲ့တဲ့ စာရေးဆရာကြီး Ian Fleming ဟာ ဝီစကီ တနေ့ တပြားသောက်ပြီး ကမ္ဘာကျော် ရုပ်ရှင်ကားတွေ ဖြစ်လာမဲ့ ဝတ္ထု ဇတ်လမ်းတွေ ဖန်တီးခဲ့ပါတယ်။
သူသာ Cheese Burger ထိုင်စားနေရင် ဘာဇတ်လမ်းကောင်းမှ ဖြစ်လာမယ် မထင်ပါ။

Great Story never start with someone who eat Salad.

Mr.Tony - love house If you are looking for a nice cozy place with rooftop view, aesthetic music and rare outta country food like tacos and tostada to enjoy your drink with. This is THE bar for you!

Photos from Mr.Tony - love house's post 22/09/2023

( ကြယ်ရောင်တွေ ပျောက်တဲ့ညမှာ
အပြင်လောကထဲ ထွက်လာသူ.......အဆူအပူခံရာ မှိခိုရာ ဌာန ..
အိမ်ဆိုပေမဲ့ အိမ်ရယ် မမြည်ခဲ့ဘူး.)

လမ်းဘေးက ဂျလေဘီ တွေရဲ့ ဘဝ ကို ဖော်ကျူးတဲ့ စာလေးတွေ.....Home ကို တင်စားထားတာ " အဆူ အပူ ခံရာ မှီခို ဌာနတဲ့။
တင်စားချက် လန်ထွက်......

( မာကျူရီ မီလုံးအောက်မှာ
ကိုယ်အိပ်ထဲ လက်နိုက်ရှာကြည့် .
ငွေရယ်ဆိုလို့ ဆယ်တန်နဲ့ အကြွေတချို့ ..
ရင်ခွင်မှာတော့ မျှော်လင့်ချက်ကြီး တစ်ခု ...)

အခုခေါတ်ဆိုရင်တော့ ဆယ်တန်ဆို ဗိုလ်ချုပ်စျေးက ရှေးဟောင်းပစ္စည်း ဆိုင်မှာ သွားကြည့်ရမယ်..
Cover ပြန်ဆိုကြရင်တော့ ငွေရယ်ဆိုလို့ ငါးထောင်တန်နဲ့ ဘာတစ်ချို့ညာတစ်ချို့တို့ ပြောင်းဆို ကြလိမ့်မယ်..

အကြိုက်ဆုံးစာသားက
( ကြိုက်တာရမယ်..သူ့တန်ရာတန်ကြေး...ဘရားသားရေ ..ဇေပါတယ်...ငွေသာ အရင်မစပါ) တဲ့ ...
အချစ်ပွဲစား လုပ်ခဲ့ပုံရတယ်...

တစ်ချိန် ရန်ကုန်မြို့က ရုပ်ရှင် လက်မှတ် မှောင်ခိုခေါတ်က လမ်းဘေး နေသူတွေ ရဲ့ စရိုက်ကို ဂီတ ဂုရုကြီး စိုင်းခမ်းလိတ် က ရေးသားပြီး ..စတီရီယို ခေါတ်ဦးရဲ့ လူကြိုက်အများဆုံး တေးသံရှင် စိုင်းထီးဆိုင် ဆိုထားတဲ့သီချင်းလေးပါ။

မန္တလေးရောက် ရှမ်းတစ်ယောက်ဟာ အကြောင်းအမျိုးမျိုးနဲ့ ရန်ကုန် ကိုရောက်..ပြီးတော့ အင်းစိန်ရောက် ..
အင်းစိန်က ပြန် အထွက်မှာ သီဆိုတဲ့ တေးစီးရီး Title က " ပလက်ဖောင်းမင်းသား"..
ကျောင်းစာကို အလွတ်မကျက်နိုင်တဲ့ လူငယ်တွေက ဒီစီးရီးက သီချင်းတွေကိုတော့ အာဂုံဆောင်နိုင်ခဲ့ကြပါတယ်..
လူမရှိတော့ပေမဲ့ နာမည်ကျန်ခဲ့တဲ့တဲ့ သူတွေထဲက လူကြိုက်အများဆုံး လူတစ်ယောက်ရဲ့ တေးသီချင်းတွေကို
နက်ဖြန် စက်တင်ဘာ ၂၃ စနေရဲ့ မနက်စာ စားချိန်နဲ့ နေ့ခင်းပိုင်း အချိန်လေးတွေမှာ ဖွင့်ထားမယ်လေ..
လာခံစားကြပါလား..
Free အမြည်း တစ်ခု ပေးမယ်..လေ

Photos from Mr.Tony - love house's post 19/09/2023

မနက်စာ Buffet သုံးဆောင်ရင်း စမ်းချာင်း တဝှိက်က ရန်ကုန်မြို့ ရဲ့ Skyline ကို ငေးမော တွေးတောရင်း မနက်ခင်းကို စတင်ကြည့်ပါလား..
တချိန်တုန်း က သီချင်းလေးတွေ ဖွင့်ထားတယ်..
အတိတ်ကို Old Days တွေကို ပြန်အမှတ်ရစေတာပေါ့။
၅ထောင် ကျပ်ထဲပါ

Photos from Mr.Tony - love house's post 18/09/2023

Oldies are always Goldies..
It is always coming back..
ဟောင်းတာတွေဘဲ ထပ်ခါ တလဲလဲ ပြန်လာနေတဲ့ အချိန်မှာ စာဖတ်အား..လေ့လာအားကောင်းတဲ့ "ပိုပို" ရဲ့ သီချင်းတွေ က ကြာလေလေ ကိုယ်နဲ့ တိုက်ဆိုင် လာသလို ဖြစ်လာလေဆိုတာ ခံစားရလိမ့်မယ်...
လာခဲ့လေ
Monday Night

အမဲခေါက်သုပ် free ပေးထားမယ်။

Photos from Mr.Tony - love house's post 17/09/2023

ငယ်သူမို့
အချစ်လူမိုက်
မောင့်မျက်ရည်ဝိုင်း
ကိုယ်ချင်းစာ နာခဲ့ရပြီ
ကိုယ်ချစ်
လာမယ်ဆို ကြိုမှာလား

Photos from Mr.Tony - love house's post 17/09/2023

မနက်စာနဲ့ စိုးလွင်လွင် သီချင်းလေးတွေလေ..
How perfect..?..

Photos from Mr.Tony - love house's post 16/09/2023

" Guacamole " ဆိုတာ ထောပတ်သီးကို ငရုပ်၊ကြက်သွန်၊ နံနံပင် ၊ သံပုရာရည်..ဆား တို့နဲ့ ရောချေပြီး Mash လုပ်ထားတဲ့ ကျန်းမာရေးနဲ့ ညီတဲ့ အမျှင်ဓါတ်ပါတဲ့ အစားအစာပါ။
Nacho ဆိုတာ Tortilla ( Mexican flat bread) ကို ကြွပ်နေအောင်ခကြော်ထားတဲ့ အကြွပ်ကြော်..
အဲဒီ ၂ခု တွဲ ဖက်စားရင် ဘီယာ..ရမ်နဲ့ အရမ်းလိုက်ဖက်..
ကဲ အခု ထောပတ်သီး ရာသီစပါပြီ။..

ဒီနေ့ စက်တင်ဘာ ၁၆ တစ်ရက်ထဲ ဝိုင်းတိုင်းကို free တစ်ပွဲ ပေးမယ်နော်..
ရောင်းရင်တော့ ၄ ထောင်ထဲပါ။

Photos from Mr.Tony - love house's post 13/09/2023

"လိပ်ပြာ" ဆိုတာ အရမ်းလှပြီး သက်တမ်းတိုတဲ့ ငှက်လိုလို..ဘာလိုလို ..သတ္တလောကသားလေး
E လို လိပ်ပြာကို Butterfly တဲ့.......E စလေ့လာစ ခလေး ကို Butterfly ဆိုတာ ဘာလဲ ဆိုပြီး လမ်းဘေး စာမေးပွဲ စစ်လိုက်တော့..
သူက "ထောပတ်.တွေ ပျံတာ"တဲ့။
ထောပတ် ဆိုတာက နွားနို့ က လာတဲ့ ထုတ်ကုန် တစ်ခုလေ..တောင်ပံလဲ မရှိ..
"ထောပတ်သီး" ဆိုတာတွေ ..အခု ပေါ်ပေါ်နေတယ်။ ရာသီစာ လေးတွေ ..
ဘာလို့ " Butter Fruit" လို့မခေါ်လဲ....

ဟင်းလေးအိုးတွေကို မေးကြည့်တော့ ထောပတ်သီး ဆိုတဲ့ စပိန်ဆန်ဆန် Avocado ဆိုတာ Seasonal Fruit တစ်ခုပါတဲ့၊
Potassium ကြွယ်ဝလို့ သွေးတိုး သမားတွေ အတွက်အေးဆေးပါ..
Nutrition fact တွေ လိုက်ခေါက်ကြည့် လိုက်တော့ Very Healthy ပါတဲ့။

Fruit အသီး ဆိုပေမဲ့ ယမကာ ချစ်သူတွေ အတွက် အမြည်း ဆိုတာ တစ်ချို့သိမှာ မဟုတ်..

Guacamole တဲ့ Google မှာ ခေါက်ကြည့်..ထောပတ်သီး အသားကို ဆား ၊ သံပုရာရည်၊ ကြက်သွန်၊ ငရုပ်၊ နံနံပင် တို့နဲ့ ရောကြိတ် ( Mush) ပြီး ..ရှပ်ကီနဲ့ တွဲမြီးဘို့ အရမ်း လိုက်ဖက် ။
September 16 က မက်ဆီကိုတွေ လွတ်လပ်ရေးနေ့
မက်ဆီကန်တွေ စတင်ခဲ့ တဲ့ အဲ့ဒီ အစားအစာလေး..
ဂူ အာ ကာ မိုး လီ .......တဲ့
Guacamole..

12/09/2023

Wednesday.
Breakfast
on the Rooftop of Hotel Vista

12/09/2023

ရီးစားရှိပြီး တစ်ခြားတစ်ယောက်နဲ့ ဖောက်ပြန်တဲ့ ဇတ်လမ်းတွေ စိတ်ဝင်စားကြလား။
စော်ရှိရဲ့သားနဲ့ ဘေးအိမ်က ကောင်မလေးကို ခိုးစား တာ သူ့စော်ဝင်လာတာနဲ့ တည့်တည့်တိုးရော..
သူမှားတာက အိမ်သော့ကို သူ့ကောင်မလေးကို တစ်စုံ ပေးထားတာလေ။

သူငယ်ချင်း ဆီသွားတိုင်ပင်တော့ ဒါ ငါ မဟုတ်ဖူး..တခြားလူဆိုပြီး ဗြောင်ငြင်းခိုင်းတယ် .

It wasn't me..တဲ့
သက္ကရာဇ် ၂၀၀၀ မှာ top hit ဖြစ်သွားတဲ့ Dancehall Reggae Song
Shaggy နဲ့ Rik Rok တို့ တွဲဆိုထားတာပါ။
လူတွေရဲ့ ဖြစ်တတ်တဲ့ သဘာဝ လေးတွေလေ။

10/09/2023

ကာရစ်ဘီယံ ပင်လယ်ထဲ က ရက်ဂေး တေးဂီတ စတင် မွေးဖွားခဲ့တဲ့ ဂျမေကား က နာမည်ကြီး ကြက်ကင်လေးနဲ့ မိတ်ဆက် ပေးချင်ပါတယ်။
ကြက်သားကို Thymes ..All Spice ..အပါအဝင် တခြား ဒေသတွင်း အမွှေးအကြိုင်တွေနဲ့ ရောနှယ်ပြီး ကင်ထားတဲ့ Jerk Chicken..ပါ..
သူတို့ရိုးရာကတော့ ပဲနဲ့ချက်ထားတဲ့ အုန်းထမင်းနဲ့ တွဲ စားကြပါတယ်။
ဒီမှာ စားနေကြ အကင် အရသာတွေကနေ နဲနဲလေးခွဲထွက်ပါတယ်..
ဒေသထွက် အစားအစာ က ဒေသထွက် အသောက်နဲ့ လိုက်ဖက်တယ်ဆို Spice နဲ့ သင်းသင်းလေး နဲ့ သောက်လိုကောင်းတဲ့ Captain Morgan နဲ့ဆို Perfect!
Regular Menu မှာ မရှိပါဘူး
Tuesday Reggae Night မှာဘဲ ရနိုင်ပါမယ်..
လာ..အားပေးနော်

07/09/2023

Free Feijoada Today..

Photos from Mr.Tony - love house's post 07/09/2023

ဥရောပရဲ့ နိုင်ငံအသေးလေး တစ်ခုကနေ ဟိုးသမုဒ္ဒယာ ခြားတဲ့ ကုန်းမြေကြီးပေါ်က အမေဇုံ တောကြီးတဝိုက်..လာရောက် အခြေစိုက်ကြပါတယ်။
အဲဒီလူမျိုးတွေဘဲ မြန်မာပြည်ကို ပထမဆုံး ဝင်ရောက်လာပြီး..ရန်ကုန်တဖက်ကမ်း သံလျင်မှာ မြို့တည်ပြီး နေဖူးကြပါသေးတယ်။
သူတို့ရဲ့မျိုးဆက်တွေက ရွှေဘို ဘက်မှာ ဘရင်ဂျီရွာဆိုပြီး ခေါတ် အဆက်ဆက် နေလာခဲ့ကြပါတယ်။
သူတို့ကတော့ လူကြိုက်များတဲ့ ကမ္ဘာ့အကောင်းဆုံး ဘော်လုံးသမား ဒိုလေး..ရဲ့ မွေးဌာနီ ပေါ်တူဂီပါ။..
ဒိုလေးတို့ရဲ့ ဘိုးဘွားဘီဘင်တွေ သွားအခြေချခဲ့ကြတဲ့ အမေဇုံတောတဝိုက် ကုန်းမြေကျယ်ကြီးကတော့ အခု ဒိုကြီးတို့ နေမာ တို့ရဲ့မွေးရပ်မြေ ဘရာဇီး ပါ။
ပေါ်တူဂီတွေကြီးဘဲတော့ မဟုတ်ကြတော့ပါဘူး။ ဖြတ်သန်းလာတဲ့ ရာစုနှစ်တွေမှာ ဥရောပ နိုင်ငံ ပေါင်းစုံ က..ရော..အာဖရိက...အရှေ့အလယ်ပိုင်း..ဂျပန်..ဒေသခံ တွေအားလုံး ပေါင်းစပ်ပြီး Brazilians တွေ ဖြစ်လာတာပါ။
ဂျပန်ပြည်ပြင်ပ က ဂျပန် အများဆုံးနေရာကို ပြောပြဆို ဘရာဇီး ပါဘဲ..
သို့သော် ဘရာဇီးတွေကတော့ ဘယ်တော့မှ..ဂျပန်မျိုးနွယ်၊ ဂျာမန်မျိုးနွယ်၊ ပေါ်တူဂီမျိုးနွယ်ဆိုပြီး ဖော်ပြပြီး မျိုးရိုးဂုဏ် မတက်ကြပါဘူး။
သူတို့ပြောရင် We are Brazilians ပါပဲ။
ခွဲခြားဆက်ဆံမှု လုံးဝမရှိတဲ့ ဒီမြေပေါ်ကလူတေ့ဟာ သဘောကောင်း ဖော်ရွေပြီး တေးဂီတလည်း အင်မတန် နှစ်သက်ကြပါတယ်..
Drum ရိုက်သံပြင်းပြင်းနဲ့ နာမည်ကြီး Samba ,တေးဂီတ ကတော့ ကမ္ဘာကျော်ပါတယ်...
ဘောလုံး မှော်အောင်ထားတဲ့သူတွေအများဆုံးစုဝေးရာဖြစ်ပြီး ကမ္ဘာ့ဖလားကို ၅ကြိမ် တိတိ သိမ်းပိုက်ခဲ့တဲ့ တစ်နိုင်ငံထဲသော် တိုင်းပြည်ပါ။

သူတို့ရဲ့ နာမည်ကြီးအစားအစာ ..ဝက်သားနဲ့ ပဲ Black Bean ရောချက်တဲ့ Feijoada ကိုဒီနေ့ 7 September..မှာ ဆိုင်မှာ ခင်းထားတယ်လေ။..

06/09/2023

ဒီနေ့တော့ စပိန် တေးသွားလေးတွေနဲ့ အတူ ..
ဗုဒ္ဓဟူး ညလေးကို ဖြတ်သန်းကြရအောင်လေ။

Lady ဆို One Pink Lady ..free ပါ။

Come over..!

Photos from Mr.Tony - love house's post 03/09/2023

Stay Update with Tony

Photos from Mr.Tony - love house's post 31/08/2023

Tony Bar ..Today
The biggest and most attractive Sport Tournament on Earth will be drawn tonight..
It is so.......excited..
5 Spainish Teams
4 each from English, Germany and Italy
3 from Portugal
2 each from France and Netherland
1 each from Belgium, Switzerland, Austria, Turkey, Denmark, Scotland, Ukraine and Serbia will take part..

Stay Update with Tony Bar.

Photos from Mr.Tony - love house's post 30/08/2023

Gin with Orange Curaçao.. and Fresh Lime..Grenadine..
Pink Lady Cocktail
Free for Every Ladies..come today

Photos from Mr.Tony - love house's post 28/08/2023

Cover Songs တွေ က ဘာပဲပြောပြော sound effect တွေ နည်းပညာတွေပိုကောင်းလာတော့ နားထောင်လို့ ကောင်းလာပါတယ်။
မျိုးဆက်သစ်တွေရဲ့ talent တွေလည်းပါတာပေါ့။
အခုခေါတ် Unplugged တွေမှာ ဆိုကြပြီဆို အရင့်အရင်..က မှတ်တိုင်ထူခဲ့တဲ့သီချင်းတွေဘဲ ဆိုကြပါတယ်။
တစ်ချို့ဆို ..Cover ဆိုသူတွေကို မူရင်းလို့တောင် ထင်ကြတယ်။
အက်စကဲနက် ဆိုခဲ့တဲ့ " ယုံပါရင်သို့ တိုးဝှေ့ဆဲပါခိုင်" ဆိုရင် မာရဇ္စ ...
လွမ်းမိုးရဲ့ .."မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး" ဆို မာရဇ္စ..
ဗဒင်ရဲ့ "နေရာ" ဆို Rဇာနည်
ဗလ ရဲ့ "မင်းလေးကို ချစ်လွန်းလို့" ဆို လေးဖြူ
အဲ့လို ထင်ကြပါတယ်..

Tony Bar ရဲ့ Monday ညလေးကို မူရင်းအဆိုရှင်ရဲ့ အသံတွေနဲ့ ဆိုထားတဲ့ တေးသီချင်းတွေနဲ့ ဖန်တီးထားတယ်လေ..
ဟိုးတုန်းက..နည်းပညာပိုင်း စက်မှုပိုင်း အားနဲတဲ့ အချိန်က မို့လို့ အသံပိုင်း အရည်အသွေးတွေ အားနဲမှု ရှိတာပေါ့။
သို့သော် အဲတာက အရသာ တစ်မျိုး.လေ...ဟုတ်..

ဘော်ဒါတို့ အတွက် ရခိုင်စတိုင် ခပ်စပ်စပ် အမဲခေါက်သုပ် free ခင်းပေးထားတယ်..

Let s go

27/08/2023

Hotel နဲ့ Motel ဘာကွာလဲတဲ့။
၂ခုလုံး က ညအိပ်ထည်းခိုတဲ့ နေရာတွေပါဘဲ။
မိုတယ်..ဆိုတာက Motor+Hotel ကို ပေါင်းစပ်ပြီး Motel လို့ခေါ်တာပါ။
မော်တော်ကားနဲ့ ခရီးသွားသူတွေ ညအိပ်ရပ်နား အပန်းဖြေ ခရီးဆက်ဖို့ အတွက် ရည်ရွယ်တာပါ။

Motown ဆိုတာကရော ဘာလဲတဲ့။
သူကလည်း Motor + Town ပေါင်းစပ်ထားတဲ့ စကားရပ်ပါ။
အမေရိကန် မက်ချီဂန် ပြည်နယ်..Detriot မြို့က မော်တော်ကားထုတ်လုပ်တဲ့ မြို့လေ။ ၁၉၅၉ မှာ အဲဒီမြို့က စတင်ခဲ့တဲ့ တေးဂီတကိုလဲ Motown လို့ အမည်တပ်ခဲ့ကြတာပါ။
ဒီ Music က အမေရိကန် လူမည်းတွေ ကနေစတင်ခဲ့ပါတယ်။..အဲဒီကနေတဆင့် Disco တေးဂီတလဲ ပေါ်ပေါက်လာပါတယ်။
လူကြိုက်များတဲ့ Motown အဆိုတော်တွေက
Marvin Gaye
Diana Ross
Smokey Robinson
Lionel Richie
Steve Wonder
Jackson 5 ( Michaek Jackson)
Temptation
Supreme တို့ပါ။
တစ်ချိန် က ဇော်ဝမ်းတို့ မြန်မာပြည်သိန်းတန် တို့ခေါတ်က ခေါတ်စားခဲ့တဲ့ ခေါင်းလောင်း ဘောင်းဘီတွေက အဲဒီ စတိုင်ကနေ စခဲ့တာလို့ ယူဆရပါတယ်။

Tony Bar မှာ Super Sunday တိုင်း Motown တေးဂီတတွေ ဖွင့်ထားပေးပါတယ်။
အဲ့နေ့မှာ Free Vegetable Stick လဲ ရပါတယ်.

26/08/2023

Tony Bar Experience ...in this week

Photos from Mr.Tony - love house's post 26/08/2023

စျေးသက်သာပြီး လူတိုင်းနဲ့ အဆင်ပြေမဲ့ Happy Hour အမြည်းတွေ လုပ်ထားပေးတယ်လေ..
Happy Hour က 3pm ကနေ 6 pm အထိ ပါ
စည်ဘီယာ ခွက်ကြီးကို ရောင်း နေကျ price ကနေ တစ်ထောင် လျှော့ပေးထားပြီး ခွက်သေးကို ငါးရာ လျှော့ပေးထားပါတယ်။
Happy Hour အမြည်းတွေကို Economy ကျကျ ပေးထားပါတယ်..တစ်ပွဲ 3000 ထဲပါ။
ဒွေးကေ ဆိုတဲ့ လက်ဖက်ရယ် ကြက်သွန်ဖြူရယ်..ပုဇွန်ခြောက် ရယ် ပေါင်းထားတဲ့ ပွဲလေးကတော့ ဗိုလ်တထောင် လမ်း ၅၀ တစ်ဝိုက် လူကြိုက်များတဲ့ အမြည်းလေးပါ။
သီးသန့် Free Snack ကို လဲ တစ်နေ့ တစ်မျိုး မထပ်အောင် ထားပေးထားပါတယ်..

Tony Bar မှာ ပျော်ရွှင်နိုင်ကြပါစေ...

25/08/2023

Sometime people do wrong thing unintentionally
But Do not step on that..
Give them another chance .
Do not kill young talent with your words...

Photos from Mr.Tony - love house's post 22/08/2023

အမဲသားစားကြပြီး နွား အရေခွံကိုတော့ စားသုံးကြတာ သိပ်မတွေ့ရပါဘူး.. Healthy food နောက်လိုက်တဲ့သူတွေကိုတော့ သိပ်မတိုက်တွန်းချင်ပါဘူး။
ကိုလက်စတရော ပါဝင်မှုတော့မြင့်ပါတယ်။
သို့သော် လူ့ဘဝ တိုတိုလေးမှာ ဟိုဟာ ဆင်ခြင်.ရ ဒီဟာ ဆင်ခြင် ရ..နဲ့..စားချင်တာစားမယ်ကွာ။............ဖြစ်လားဆိုသူတွေ အတွက် ဒီ အစားအစာလေး ကို Recommend လုပ်ချင်လို့ပါ။
နွားသားရေ ( အမဲခေါက်) ကို ငရုပ်သီး..ငရုပ်ကောင်း..မျှင်ငါးပိ..ကြက်သွန်ဖြူ ..ကြက်သွန်နီ..နံနံပင်..မန်ကျဥ်းရည်..တို့နဲ့ ရောနှယ်ထားတဲ့ " သနံပြင်သုပ်" လို့ခေါ်တဲ့ ရခိုင်ရိုးရာ အစားအစာ တစ်မျိုးအကြောင်း ပြောပြချင်လို့ပါ။

နေတိုး ဆိုတာ အမေရိကန်ဦးဆောင်တဲ့ စစ်ရေးအုပ်စု တစ်ခုလို့ အင်တာနေရှင်နယ် ကြွယ်သူတွေ သိကြပါမယ်။
လူတွေအရမ်းသိတဲ့ မြန်မာပြည် က မင်းသားချော နေတိုး ကတော့ လူတွေ အရမ်းမသိကြသေးတဲ့ ရခိုင်ပြည် မာန်အောင်ကျွန်း ကနေလာတာပါ။...
လူတွေအရမ်း မသိကြသေးတဲ့ "သနံပြင်သုပ်" ကလည်း အဲဒီ မာန်အောင်ကျွန်းရဲ့ အစားအစာလေးပါခမျ။
ထမင်းနဲ့စားလို့ ရသလို ဘီယာ..အရက်နဲ့မြည်းမယ်ဆိုလဲ လိုက်ဖက်ပါတယ်။...ရခိုင်မုန့်တီထဲ ထည့်စားမယ်ဆိုရင်တော့...WOW....!
မြည်းကြည့်ချင်လား
TONY ကို တနင်္လာ..နေ့လာလေ။
မရောင်းဘူးနော်...၅နာရီလောက်. Free ခင်းပေးထားတယ်...
တစ်ခုတော့ပြောမယ်..
အရမ်းစပ်ပါတယ်

Photos from Mr.Tony - love house's post 15/08/2023

Do you know how Gin and Indian Spice combination good together...

Photos from Mr.Tony - love house's post 15/08/2023

Masalar Gin Tonic
Simply add Honey, Kalar Lay Masala, Basil and Lime to Gin Tonic

Want your establishment to be the top-listed Bar/pub in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


172 Bar-Gayar Road, Sanchaung Township, 8Floor Vista Hotel
Yangon

Other Bars in Yangon (show all)
Levitate - Suniram Park Levitate - Suniram Park
20, Thukhawaddy Street
Yangon, 11081

Levitate-Bar & Social Space မှာအရာရာကိုလွှတ်ချပြီးလွင့်မြောရင်း၊ All you've gotta do is, LEVITATE!

TG Bar, Restaurant & Entertainment TG Bar, Restaurant & Entertainment
No. 30, Kabaraye Pagoda Road, Bahan Township
Yangon

BLVCK Cafe & Bar BLVCK Cafe & Bar
Strand Road/Yangon Night Market
Yangon

Food / Drink & Beer

DIVINE DIVINE
No. 1/5 A, Sayarsan Road, Bahan Yangon
Yangon, 11201

DIVINE is a bar in Yangon with live DJ music. You can walk in and enjoy at DIVINE bar anytime between 3PM-11PM. We have signature cocktails and variety of choices of beverages and ...

The King Dining & Restaurant The King Dining & Restaurant
No. (300), M-2/4, 1st Floor, The Secretariat Office Building, Anawrahta Road, Bo
Yangon, 11161

🏛Historical Place in Town ♨️The Best Dining & Restaurant ✅Center of Yangon

YORK - Bar.Bbq.Restaurant YORK - Bar.Bbq.Restaurant
No(20), Yaw Min Gyi Street, Dagon Township
Yangon, 11191

Hangover Bar & Eatery Hangover Bar & Eatery
No. 23, Padonmar Street, Sanchaung Township
Yangon, 11111

Enjoy a drink in our spacious bar, is a truly enjoyable experience (Every night DJ & Dragqueen Show.)

Eagles_Bar & Restaurant Eagles_Bar & Restaurant
12ရပ်ကွက်/တပင်ရွှေထီးလမ်းမကြီး အရှေ့ဒဂုံမြို့နယ်။
Yangon

Flamingo Bar Flamingo Bar
No. 276/A, 3rd Floor, Waizayantar Road, 6 Ward, SouthOkkalapa Tsp, Myanmar (Burma)
Yangon, 11091

PIGGY Stick Bar PIGGY Stick Bar
Pyay Road
Yangon

အရှေ့သို့ အရှေ့သို့
No. 448 Min Nandar Road, Thinbwkyinn Bus Stop, Dawbon Township
Yangon, 11241

Barbecue Restaurant

The Village Bar The Village Bar
No. G02 Soho Tower, Bo Myat Tun Road, Botahtaung Township
Yangon, 11161

Bar & Restaurant